ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓] – 54❇️ ငါတို့အခုရိုက်ကူး‌‌ေ‌ရးမှာ။ လီဂျင်းယွမ်၊သတိထားဦး!
// qc
ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓] - 54❇️ ငါတို့အခုရိုက်ကူး‌‌ေ‌ရးမှာ။ လီဂျင်းယွမ်၊သတိထားဦး!
Array
(
[text] =>
<Unicode>
ငါတို့ အခုရိုက်ကူး‌‌ေ‌ရးမှာ။ လီဂျင်းယွမ်၊ သတိထားဦး!
ဇောင်ယုဟွမ် အံ့ဩနေစဉ် ဟုန်ချန်းမင်း ကသူမအား သူ့လက်မောင်းထဲသို့ ‌ဆွဲသွင်းပြီးဖြစ်သည်။
ဒါရိုက်တာက တစ်ဖက်မှ အဆင်မပြေစွာဖြင့် သတိပေးလိုက်သည်။ “ကိုယ့်ကိုကိုယ် မိတ်ဆက်ပေးပါ၊ သူဌေးဟုန်၊ ကိုယ့်ကိုကိုယ် မိတ်ဆက်ပေးပါ!”
နောက်ဆုံးတော့ ဟုန်ချန်းမင်း က ဇောင်ယုဟွမ် ကိုလွှတ်လိုက်ပြီး စက္ကန့်ပိုင်းအတွင်း သူ့မျက်နှာမှ အပြုံးက ပျောက်ကွယ်သွားခဲ့သည်။ ရေရွတ်‌ေပြာလိုက်သည်။ “လူတိုင်း မင်္ဂလာပါ။ ငါက ဟုန်ချန်းမင်း ပါ”
ယင်ချီချီ ကအရင်ဆုံး မေးလိုက်သည်။ “ဟုန်ကော ကဘာလုပ်တာလဲ?”
ထိုစကားပဲ ကြားလိုက်တာကြောင့် ယင်ချီချီ ကစိတ်ပျက်သွားခဲ့သည်။ မကြာသေးခင်က အိမ်ခြံမြေ၊ အိုင်တီနှင့် ရုပ်ရှင်ရင်းနှီးမြှုပ်နှံမှု နယ်ပယ်‌ေတွကိုသာ သူမ သိသည်။ အရင်က စက်မှုလုပ်ငန်း အကြောင်းကို မကြားဖူးခဲ့‌ေပ။ အရင်က စွန့်ဦးတီထွင်သည့် လုပ်ငန်းရှင်တွေသာ စက်မှုလုပ်ငန်းထဲကို ၀င်လိမ့်မည်။
ဟုန်ချန်းမင်း ကသူမကို တစ်ချက်ကြည့်လိုက်ပြီး အရင်လေသံအတိုင်း ပြောလိုက်သည်။ “ငါက စက်မှုလုပ်ငန်းကပဲ”
စိတ်ပျက်သွားသည့် တစ်ဖက်ခြမ်းတွင် သူမက ဟုန်ချန်းမင်း အားကြည့်နေဆဲပင်။ သူက တကယ့်ကို ခန့်ညားတဲ့သူပဲ၊ အခုခေတ် သရုပ်ဆောင်တွေထက်တောင် အများကြီးသာနေသေးတယ်။ သူက စီးပွားရေး လုပ်ငန်းစုရဲ့ အဖွဲ့ဝင်ဖြစ်တယ်ဆိုတာ ထည့်ပြောစရာမလိုဘူး။ သူက နတ်သမီး ပုံပြင်ထဲကလို အရမ်းချမ်းသာတဲ့သူ ဖြစ်နိုင်တယ်?
တခြားသူတွေ အကုန်လုံးကလည်း ဧည့်သည်အသစ်အား လျှို့ဝှက်စွာ စစ်ဆေးနေကြသည်။ ကင်မရာရှေ့တွင် လီဂျင်းယွမ် ကလည်း ပြောလိုက်သည်။ “ကြိုဆိုပါတယ်၊ ဟုန်ကော”
မီဒီယာများသည် သူတို့ရဲ့ ဆက်ဆံရေးနှင့် ပတ်သက်ပြီး သိချင်‌ေနကြသည်။ TV ရှိုးမှာ သူစိမ်းတွေအဖြစ် ဟန်ဆောင်ရတာ အတော်လေးကို ထူးဆန်းသည်။ ထပ်ပြောရရင်…. အဲ့လိုမျိုးလုပ်ရင် ဟွမ်ဟွမ် စိတ်မကောင်းဖြစ်သွားလိမ့်မယ်။
လီဂျင်းယွမ် စကားပြောပြီးနောက် တခြားသူတွေအားလုံး ပိုပြီးအံ့သြသွားသည်။ ဆိုတော့ သူ‌တို့တွေက တစ်ယောက်နဲ့ တစ်ယောက် သိပြီးသားလား?
ဒါရိုက်တာက သူတို့ရဲ့ စိတ်အာရုံတွေကို လွှဲပြောင်းဖို့ အချိန်သိပ်မယူလိုက်‌ေပ။ သူက အလျင်အမြန် ပြောလိုက်သည်။ “အခုအားလုံး လုပ်ရမှာတော့ မင်းတို့ရဲ့ ဦးတည်ရာ ခရီးအတွက် ဧည့်လမ်းညွှန်ကို မဲပေးရန်ဖြစ်ပါတယ်။ ဒီမှာ မဲဗူးပါ”
ဒီတီဗီရှိုးတွင် ဇာတ်ညွှန်းပေးထားခြင်း မရှိပါ။ ဒါကလည်း အစ်မရန်ရဲ့ အစီအစဉ် အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ အခု‌ခေတ်တွင် ရှိုးပွဲများတွင် ဇာတ်ညွှန်းများ ရှိသည်။ သူတို့က ဖန်တရာထေနေသည့် စာသားတွေကို သုံးထားကြသည်။ သူမကတော့ အခုလို ဇာတ်ညွှန်းမပေးတာက တစ်ခုခု ထင်ပေါ်လိမ့်မယ်လို့ ထင်သည်။
မဲသေတ္တာကို ကင်မရာအောက်မှာ ထားပြီး လူတိုင်းဆီကို စာရွက်နဲ့ ဘောပင်အား ကမ်းပေးလိုက်သည်။ လောဘီထောင့်တွင် လူတိုင်းက စုဝေးနေကြပြီး ဆိုဖာတွင် ထိုင်နေကြကာ သူတို့လက်ထဲရှိ စာရွက်ထဲတွင် နာမည်များကို ရေးသားနေကြသည်။ ကင်မရာကို လူတိုင်းနဲ့ နီးကပ်အောင် လုပ်ထားခဲ့သည်။
ကင်မရာက လှည့်လာတိုင်း ဧည့်သည် နှစ်ယောက်က တစ်ခုခုပြောနိုင်သည်။ ဥပမာ – ယဉ်ယဉ်က “ဒါက ရွေးချယ်ဖို့ အရမ်းခက်တယ်။ ကျွန်မ လူတိုင်းကို သဘောကျတယ်!” လို့ပြောလိုက်ပြီးနောက် လူတိုင်းက ချက်ချင်း ဖြည့်စွက်ပြီး မဲ‌ေသတ္တာတွင် ထည့်ကြမည်။ ထို့နောက် သူတို့က လမ်းညွှန်အဖြစ် ရွေးချယ်ခံရမည့်သူကို ရွေးချယ်မည့် အပိုင်းကိုရိုက်ကူးလိမ့်မည်။
“ကောမိုင်ကျဲ လို့ထင်တယ်? အရင်တုန်းက ကောမိုင်ကျဲရဲ့ အင်တာဗျူးကို ကျွန်မ တွေ့ခဲ့တယ်။ သူမက ခရီးစဉ်တွေမှာ အရမ်းတော်တယ်” နာမည်ကြီး ကြယ်တစ်ပွင့်ဖြစ်သည့် ဂူယူလင်း ကအပြုံးဘေးနဲ့ ပြောလိုက်သည်။
ယင်ချီချီ ကပြောလိုက်သည်။ “ချန်းကော ကော? ‌ေယာင်္ကျား‌ေလး လမ်းညွှန်ဆို ပိုကောင်းမယ်။ နောက်ပြီး ချန်းကောက အရမ်းလည်းကြည့်ကောင်းတယ်! ကောင်းပြီ၊ ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ သူ့ကို မဲပေးမှာ…”
“အိုကေ၊ ဧည့်လမ်းညွှန်အတွက် မဲတွေကို စစ်ဆေးကြမယ်” ဒါရိုက်တာက ပြောလိုက်သည်။ ကောမိုင် ကသူတို့ထဲတွင် အသက်ကြီးတာကြောင့် သူမရှေ့မှ မဲ‌ေသတ္တာထဲမှမဲအား အသံထွက်ပြီး ဖတ်ပြလိုက်သည်။
ပထမဆုံး စာရွက်ကို ဖွင့်လိုက်ပြီး ဖတ်လိုက်သည်။ “ဝမ်ယွန်ချန်း”
ယင်ချီချီ ကချက်ချင်း ပြုံးလိုက်ပြီး “အဲ့ဒါ ကျွန်မမဲ”
ဒုတိယ တစ်ခုမှာ “လီဂျင်းယွမ်”
ဂူယူလင်း ကပြုံးကာ ပြောလိုက်သည်။ “အဲ့ဒါက ကျွန်မပဲ။ အရင်က ဂျင်းယွမ် ရဲ့ရှိုးပွဲကို ကျွန်မ အမြဲတမ်း အားပေးခဲ့ပြီး သူ့ဖန်တွေက သူ့ကို စံချစ်သူအဖြစ် သတ်မှတ်ခဲ့ကြတယ်။ အခုချိန် သူက ကျွန်မတို့ရဲ့ လမ်းညွှန်ဖြစ်လာရင် သူ့ရဲ့စံချစ်သူပံုစံကုိ ကျွန်မ မြင်ဖူးချင်တယ်”
ကောမိုင် လည်းပြုံးလိုက်သည်။ “ကျွန်မလည်း စောင့်မျှော်နေပါတယ်။ ဟားဟား”
အချိန်အနည်းငယ်အတွင်း ကောမိုင် သည် လီဂျင်းယွမ် အားအတော်လေး မျှော်လင့်ထားကြောင်း ထင်ရှားသည်။ ဂူယူလင်း ကပိုပြီးတောင် တိုက်ရိုက်ဆန်သည်။ သူမသည် လီဂျင်းယွမ် နှင့်ကောင်းမွန်သော ဆက်ဆံရေး ရရှိချင်ခဲ့သည်။ နောက်ပိုင်း မကြာခင် ရှိုးပွဲအား ပြင်ဆင်ရန်ပြီး ထုတ်လွှင့်ချိန်တွင် လီဂျင်းယွမ် နှင့်အတူ စုံတွဲအဖြစ် ကောလဟာလ သတင်း‌ေတာင် ထွက်ချင်နေခဲ့သည်။
ကောမိုင် ကချက်ချင်းပင် တတိယမဲအား ဖွင့်လိုက်ပြီး အံ့အားသင့်သွားတာကို အကောင်းဆုံးဖိနှိပ်လိုက်ကာ မော့လိုက်ပြီး နာမည်ကို ဖတ်လိုက်သည်။ “…ဇောင်ယုဟွမ်”
ရုတ်တရက် အားလုံးရဲ့ သံသယ အကြည့်ကို ရလိုက်သည့် ဇောင်ယုဟွမ် : “???”
အခုတော့ လူတိုင်းက သူမကို လှည့်ကာ ကြည့်လာခဲ့ကြသည်။ ဇောင်ယုဟွမ် က ဟုန်ချန်းမင်း ခြေထောက်အား ခိုးကန်လိုက်ရုံသာ ပြုလုပ်နိုင်ခဲ့သည်။
သူပဲဖြစ်လိမ့်မယ်။
ကောမိုင် ကနောက်ထပ်မဲအား ဖွင့်လိုက်သည်။ “ဟမ်? ဒါက ဗလာကြီး?”
ဝမ်ယွန်ချန်း ကပြုံးကာ ပြောလိုက်သည်။ “ကျွန်တော် ဘာမှချမရေးလိုက်ဘူး။ ဘယ်သူ့ကို ရွေးရမှန်းမသိလို့”
“ချန်းကော ကိုယ့်ဘာသာ ပြန်ရွေးလို့ရတယ်” ဂူယူလင်း ပြောလိုက်သည်။
ဝမ်ယွန်ချန်း ကပြုံးကာ ခေါင်းခါလိုက်သည်။ “ဒါက အတော်လေး ရှက်ဖို့‌ေကာင်းလိမ့်မယ်”
သူတို့ထဲမှ တချို့က သူ့ကို စနောက်ကျပြီးနောက် ငါးခုမြောက် စာရွက်ကို ဆွဲထုတ်လိုက်သည်။ ကောမိုင် ရဲ့အပြုအမူက သိသိသာသာပင် ရပ်သွားကာ ဖတ်လိုက်သည်။ “ဇောင်ယုဟွမ်”
ဇောင်ယုဟွမ် : “???”
အဲ့ဒါက လီဂျင်းယွမ် ဆိုတာ သေချာတယ်။
ဇောင်ယုဟွမ် အံကြိတ်လိုက်ပြီး လီဂျင်းယွမ် ကိုကန်လိုက်သည်။ ကောမိုင် က ဇောင်ယုဟွမ် ကိုလှမ်းကြည့်လိုက်ပြီး ပြုံးလိုက်သည်။ “ဇောင်ယုဟွမ် အတွက် မဲပေးမဲ့သူတွေ များပုံပဲ”
ဇောင်ယုဟွမ် ကအံ့သြတကြီး ကြည့်လိုက်သည်။ “ဟမ်?”
ကောမိုင် ကလျင်မြန်စွာဖြင့် ခြောက်ခုမြောက်စာကို ထုတ်ကာ ဖတ်လိုက်သည်။ “လင်းလန်”
သူမသည် ‌အစောပိုင်းက ဇောင်ယုဟွမ် ရဲ့နာမည်ကို ဖတ်ခဲ့ပြီးတာကြောင့် သာမန်သူက မဲရတာကို အံ့ဩပုံမပေါ်တော့ပဲ ဒီတစ်ကြိမ်တော့ တည်ငြိမ်နေတာ ဖြစ်နိုင်သည်။
ကင်မရာက ပြုံးကာ စကားပြော‌ေနသည့် ဇာတ်လိုက်မဆီကို လှည့်လိုက်သည်။ “ကျေးဇူးတင်ပါတယ်။ ကျွန်မကို ဘယ်သူက မဲပေးလဲဆိုတာ မသိပေမဲ့ မဲတစ်မဲရခဲ့လို့ တကယ်ပဲ ဝမ်းသာပါတယ်”
ဇောင်ယုဟွမ် ကဘာမှမပြောခဲ့ပေ။
သူမအတွက် ဇောင်ယုဟွမ် ကမဲ‌ေပးခဲ့တာဖြစ်သည်။ သူမက ဘယ်နာမည်ကြီးသူကိုမှ မဲမပေးချင်တာကြောင့်ပင်။ မဲပေးလိုက်တာနဲ့ သူတို့ဖန်တွေက စတင်တိုက်ခိုက်လာကြလိမ့်မည်။ ယင်ချီချီ အပေါ်တွင်လည်း ခံစားချက်တွေ အများကြီး မရှိတာကြောင့် ဇာတ်လိုက်မကိုသာ မဲပေးရန် ဆုံးဖြတ်လိုက်သည်။
ထို့နောက် ၇ ခုမြောက်မဲ၊ ၈ ခုမြောက် မဲတွေကို ဖတ်ခဲ့ကြသည်။
တတိယ တစ်ခုကတော့ လင်းလန် မှ ဝမ်ယွန်ချန်း၊ ထို့နောက် ၈ ခုမြောက်ကတော့ ကောမိုင် မှ ဂူယူလင်း။ ကောမိုင် ကသူမဖန်တွေရဲ့ အတင်းအဖျင်းတွေကို မလိုချင်တာကြောင့် ဇာတ်လိုက်မအား မဲမပေးခဲ့ပေ။
သူမက ဖျော်ဖြေရေးတွင် လူသိများနေပြီးသား ဖြစ်တာကြောင့် တိုးတက်လာအောင် အတင်းအဖျင်း‌ေတွကို ဖန်တီးစရာ မလို‌ေပ။ ပြောရရင် သူမကို အဆိုးမြင်ကြမှာကို အတော်လေး စိုးရိမ်နေခဲ့သည်။ သူမရဲ့ ဂျူနီယာ သရုပ်ဆောင်လေးကိုသာ မဲပေးတာက အလုံခြုံဆုံး ဖြစ်သည်။
မဲအားလုံးကို ရေတွက်ပြီးနောက် အခြေအနေက နည်းနည်း‌ေလး‌ေတာ့ အဆင်မပြေ‌ေပ။ ထိုအရာက ဇာတ်ညွှန်းကြောင့် မဟုတ်ပေ။ လူတိုင်းတွင် ကိုယ်ပိုင်အစီစဉ်တွေ ရှိတာကြောင့် မဲတွေအားလုံးက ပျံ့ကျဲနေသည်။ ဟုန်ချန်းမင်း နဲ့ ယင်ချီချီ ကမဲမရပေ။ တခြားသူတွေက တစ်မဲစီရခဲ့ကြသည်။ ဇောင်ယုဟွမ် ကတော့ နှစ်မဲရခဲ့သည်။
ဇောင်ယုဟွမ် : အဆင်မ‌ပြေဘူး.jpg
ဒီရှိုးပွဲကို သူမ လာခဲ့တာက ဆက်ဆံရေးကိုသာ ရည်ရွယ်ခဲ့ပြီး စားဖို့ သောက်ဖို့နဲ့ ခရီးမှာ ပျော်ရွှင်ဖို့ကိုသာ စီစဉ်ထားခဲ့သည်။ တကယ်ပဲ ရှုခင်းက ပြောင်းလဲသွားခဲ့သည်။
တီဗီမှာ ပါလာဖို့ကို သူမ တကယ်ကို ဂရုမစိုက်ပါဘူး‌ေနာ်!
ယင်ချီချီ ကသူမ အပြုံးကို ဆက်ပြီး ထိန်းမထားနိုင်တော့ပေ။
ဒီနေရာတွင် သာမန်လူ လေးဦးရှိတာကို သူမ တွေ့ခဲ့တာကြောင့် အများစုကတော့ ကြယ်တစ်ပွင့်အတွက်သာ မဲပေးကြလိမ့်မည်။ ထိုနည်းဖြင့် သာမန်လူ ဘယ်သူမှ မဲမရသည့်တိုင် ရှက်စရာကိစ္စ ရှိမလာနိုင်ပေ။ လင်းလန် ကမဲတစ်မဲ ရလာလိမ့်မယ်လို့ သူမ မတွေးထားခဲ့ပေ။ ဇောင်ယုဟွမ် ကမဲနှစ်မဲရတာကိုတော့ ထည့်ပြောစရာတောင် မလိုဘူး။
ထိုအကြောင်းအား ယံုကြည်ဖို့အတွက် ကောမိုင် လည်းခက်ခဲပေမဲ့ ဇောင်ယုဟွမ် ဆီကို ပုံမှန်အကြည့်နဲ့သာ လှမ်းကြည့်ပြီး ပြုံးကာ ပြောလိုက်သည်။ “ကောင်းပြီ၊ ကျွန်မတို့အတွက် လမ်းညွှန်ကို ရွေးချယ်လိုက်ရအောငါ!” ထိုစကားကို ပြောလိုက်ပြီး သူမက လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း ကိုကြည့်လိုက်ပြီး မေးလိုက်သည်။ “အဲ့ဒါက မင်းတို့မဲတွေလား?”
လီဂျင်းယွမ် ကပြုံးပြီး ပြောလိုက်သည်။ “ဟုတ်တယ်”
“အင်း” ဟုန်ချန်းမင်း ပြောလိုက်သည်။
ဇောင်ယုဟွမ် ငိုချင်သွားသည်။
မင်းတို့ ကြိုက်တဲ့သူကို မဲပေးပြီး မထောက်ခံဖို့လေ အိုကေ? ဒါက လမ်းညွှန်အတွက် ရည်ရွယ်ထားတာလေ! ခရီးစဉ်အတွက် တာဝန်အရှိဆံုးသူ ဖြစ်လာမှာလေ!
ကောမိုင် ကလှည့်လိုက်ပြီး ဒါရိုက်တာကို ကြည့်လိုက်သည်။ ဒါရိုက်တာက ရပ်ဖို့မရည်ရွယ်တာကို မြင်လိုက်ပြီး ရိုက်ကူး‌ေရးက ဆက်လုပ်နေတယ်ဆိုတာကို သူမ သိလိုက်သည်။
TV ရှိုးမှာ ရှားပါးဖြစ်ရပ် ဖြစ်လာပြီး အရောင်းရဆုံးလည်း ဖြစ်လာနိုင်သည်။ ထုတ်လုပ်ရေးအဖွဲ့ရဲ့ ရည်ရွယ်ချက်ဖြစ်မည်ဟု တွက်ဆပြီး ကောမိုင် ပြောဖို့ တွန့်ဆုတ်နေခဲ့သည်။ သူမသည် အစောပိုင်းက ခရီးစဉ်အတွက် ငွေပေးခဲ့ပြီး အခုတော့ ဇောင်ယုဟွမ် ဆီကို လွှဲ‌ေပးခဲ့ရသည်။ “ယုဟွမ် အစီစဉ်အတွက် ငါတို့‌ေငွကြေးတွေကို သူမဆီ လွှဲပြောင်းပေးမည်”
ဇောင်ယုဟွမ် ကစိတ်ထဲတွင် ငိုနေပေမဲ့ အများရှေ့တွင် အနည်းငယ် ရှက်ရွံ့သည့်ပံုဖြင့် ပြောလိုက်သည်။ “အိုကေ၊ ကျွန်မ အကောင်းဆုံး လုပ်မှာပါ”
အကောင်းဆုံး… သေလိုက်! ဇောင်ယုဟွမ် ကစိတ်ထဲ ငို‌ေကြွ‌း‌ေနခဲ့သည်။
“ကောင်းပြီ၊ အခုကစပြီး ငါတို့ လမ်းညွှန်ရဲ့
အစီအစဉ်ကို လိုက်နာရမယ်” ဝမ်ယွန်ချန်း ကအပြုံးလေးနဲ့ ပြောလိုက်သည်။
ဂူယူလင်း ကလည်း ဇောင်ယုဟွမ် ကိုကြည့်ကာ ခေါင်းညိတ်လိုက်သည်။ “အင်း၊ ဟုတ်တယ်၊ ဧည့်လမ်းညွှန်ရဲ့ အစီစဉ်ကို ကျွန်မတို့ စောင့်နေမယ်!” ထိုစကားကို ပြောလိုက်ပြီး သူမအား ငွေကိုလှမ်းပေးလိုက်သည်။
ကျန်တဲ့သူတွေကလည်း ငွေကိုထုတ်လိုက်ကြသည်။ မကြာခင်မှာပဲ ဇောင်ယုဟွမ် အရှေ့တွင် ငွေပုံ‌ေလး ရှိလာခဲ့သည်။
ဇောင်ယုဟွမ် : ငါအရမ်းပျော်နေတယ်လို့ မခံစားရဘူးနော်။
ငါလေးက ချမ်းသာပြီးသားပါနော်!
ဒါတွေမလိုအပ်ဘူး!
ကံမကောင်းစွာဖြင့် သူမ ဒီရှိုးပွဲကိုလာရင် မိမိကိုယ်ကို ရိုက်ကူးနိုင်မည် မဟုတ်တာ‌ေကြာင့် လာခဲ့ခြင်းဖြစ်သည်။ အခုတော့ ဧည့်လမ်းညွှန်အနေနဲ့ ပါဝင်ရန် သူမဘာသာ စိတ်တည်ငြိမ်အောင် ပြုလုပ်ပြီး ရွေးချယ်လိုက်ရသည်။
လက်ထဲမှဖုန်းအား ကြည့်လိုက်ပြီး ပြောလိုက်သည်။ “နောက်ကျနေပြီပဲ။ လူတိုင်း ပင်ပန်းပြီး ဗိုက်ဆာနေကြပြီလို့ထင်တယ်။ ညစာအရင်ဆ‌ံုး သွားစားကြရအောင်။ ညစာစားမဲ့ အစီစဉ်ကို ကျွန်မ စီစဉ်လိုက်မယ်”
“ဒါဆို ဟိုတယ်မှာ စားရအောင်” ယင်ချီချီ ကပင်ပန်းနေတာကို ပြလိုက်ရင်း ပြောလိုက်သည်။ “ကျွန်မ ပင်လည်း ပင်ပန်းတယ်၊ ဗိုက်လည်းဆာနေပြီ”
ဇောင်ယုဟွမ် ကငွေကို လျင်မြန်စွာ တွက်ချက်လိုက်သည်။ “ကျွန်မတို့မှာ ဒေါ်လာ ၄၀၀၀ ရှိတယ်… ထိုင်းမှာ ၇ ရက်နေဖို့ဆိုရင် သိပ်တော့မလောက်ဘူး” သူမအနောက်မှာ ဟိုတယ်ရဲ့ စားသောက်ဆိုင်ကို ကြည့်လိုက်သည်။ “ဒီမှာရှိတဲ့ အစားအစာ‌ေတွက သာမန်ပဲ။ ဒီနဲ့သိပ်‌မဝေးတဲ့နေရာမှာ တရုတ်စားသောက်ဆိုင်ရှိတယ်၊ အဲ့ဆိုင်က အတော်လေး‌ ကောင်းတယ်။ ကျွန်မတို့ အဲ့နေရာကိုပဲ သွားကြမလား?”
“ကျွန်မတို့ ဒီကထိုင်းစာပဲ စားကြရင် မကောင်းဘူးလား?” ယင်ချီချီ ကငြင်းလိုက်သည်။
“လာမဲ့ရက်အနည်းငယ်မှာ ငါတို့အတွက် ထိုင်းအစားအစာ အစီစဉ်‌ေတွ အများကြီးရှိလာလိမ့်မယ်။ အဲ့ဒါဆို မင်းငြီးငွေ့လာလိမ့်မယ်” လီဂျင်းယွမ် ပြောလိုက်သည်။
ဂူယူလင်း ခေါင်းညိတ်လိုက်သည်။ “တရုတ်စားသောက်ဆိုင်ရှိရင် ကောင်းတာ‌ေပါ့။ ထိုင်းစာ‌ေတ‌ွကို ငြီးငွေ့လာမှာကို စိုးရိမ်နေတာ၊ အဲ့ဒါကြောင့် ကျွန်မ ဟော့ပေါ့စွတ်ပြုတ်နဲ့ မုန့်တွေတောင် သယ်လာခဲ့တယ်….”
တခြားသူတေွက သဘောတူနေတာကို မြင်လိုက်တာကြောင့် ယင်ချီချီ ပြောနေတာကို ရပ်လိုက်သည်။ လူတိုင်းက ဇောင်ယုဟွမ် ပြောတာကို လက်ခံကြပြီး တရုတ်စာပဲ သွားစားချင်ကြသည်။
အမှန်အတိုင်း ပြောရရင် သူတို့က ရောက်ရုံသာရှိသေးတာကြောင့် ပင်ပန်းပြီး ဆာနေကြပြီ။ အိမ်ချက်လို အစားအသောက်တွေက စိတ်ကျေနပ်မှုရရန် ပိုလွယ်ကူပြီး သူတို့ရဲ့ အစာအိမ်ကိုလည်း ပိုအဆင်‌ေပြစေသည်။ အစားအစာ ပြောင်းလဲ‌ေကြာင့် အစာအိမ်အောင့်မှာကိုလည်း စိုးရိမ်နေစရာ လိုမှာမဟုတ်ပေ။
ညစာစားပြီးနောက် ဇောင်ယုဟွမ် သည်ထုတ်လုပ်‌ေရး အဖွဲ့မှ ပြင်ဆင်ထားသည့် WeChat group chat မှတစ်ဆင့် ခရီးစဉ်ကို အကုန်လုံးထံသို့ ပို့လိုက်သည်။
“မင်းအစီစဉ်ကို တစ်ချက်လောက် ကြည့်ရအောင်”
ကောမိုင် ကပြုံးပြီး ပြောလိုက်သည်။ “ဒါက တကယ်ကောင်းတာပဲ၊ ယုဟွမ်”
ယင်ချီချီ ကမေးလိုက်သည်။ “ကျဲကျဲလေးက ဒီအပိုင်းမှာ အလုပ်လုပ်တာလား?”
ဇောင်ယုဟွမ် ကသူမကို ကြည့်လိုက်ပြီး ပြောလိုက်သည်။ “အရင်တုန်းက ကျွန်မ တစ်ယောက်တည်း ခရီ‌းတွေသွားဖူးတယ်”
နောက်ဆုံးတော့ ယင်ချီချီ ကပါးစပ်ကို ပိတ်ထားလိုက်သည်။ ဘယ်သူကမှ ‌ဇောင်ယုဟွမ် စီစဉ်ထားတာကို မငြင်းပယ်ကြတာကြောင့် အနားယူဖို့သာ ဟိုတယ်ကို ပြန်လာခဲ့ကြ‌သည်။
တည်းခိုနေထိုင်မှုသည် ဒုတိယနေ့အထိ မစတင်ခဲ့ပါ။ အခန်းများစွာရှိတာ‌ေကြာင့် အခနအတွက် အခက်ခဲမရှိပေ။ ဇောင်ယုဟွမ် ကအရမ်းကြင်နာတတ်တဲ့သူ မဟုတ်ပေ။ အခုတော့ သူမက လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့နဲ့အတူ ရှိနေခဲ့သည်။ သိပ်တော့အရေးမကြီးပါဘူး။
သူမက ချမ်းသာတယ်။ သူမလိုချင်တာ ရှိလာခဲ့ရင် ဖုန်းဆက်လိုက်ရုံပဲ။ ဇောင်ယုဟွမ် သည်ပျော်ရွှင်နေသည့် မျက်နှာဖုံးကို တပ်ဆင်ထားခဲ့တာကြောင့် သူမအခန်းကို ရောက်ချိန်တွင် အိပ်ရာပေါ်ကို ပင်ပန်းစ‌ွာဖြင့် တွားသွားကာ တက်လိုက်ပြီး အိပ်ပျော်သွားခဲ့သည်။
*****
နောက်မနက်တွင် လူတိုင်းက နံနက်စောစော ထခဲ့ကြသည်။
ဇောင်ယုဟွမ် သည်မနက်‌ေစာ‌ေစာ မထခဲ့တာ အချိန်အတော်ကြာနေခဲ့ပြီ။ အောက်ထပ်ကို ဆင်းနေရင်း အဆက်မပြတ် သမ်းဝေနေတာကို သူမ မရပ်တန့်နိုင်ပေ။
ယောက်ျား‌ေလးများက ခရီးဆောင်အိတ်များကို ကားထဲသို့ထည့်ရန် ကူညီပေးခဲ့ကြသည်။ ထို့နောက် တစ်နာရီကျော်ဝေးသော နောက်တည်းခိုခန်းသို့ မောင်းခဲ့ကြသည်။ ဇောင်ယုဟွမ်၊ လီဂျင်းယွမ်၊ ဟုန်ချန်းမင်း နဲ့ ကောမိုင် တို့က ကားတစ်စီးထဲ ဖြစ်ကြသည်။
ဟုန်ချန်းမင်း ကကားမောင်း‌ေနပြီး ကောမိုင် ကခရီးသည်ခုံတွင် ထိုင်နေကာ ဇောင်ယုဟွမ် နဲ့ လီဂျင်းယွမ် တို့က အနောက်ခုံတွင် ထိုင်နေခဲ့ကြသည်။
ဇောင်ယုဟွမ် ကအဆက်မပြတ် သမ်းဝေနေတာကို မြင်လိုက်ပြီး လီဂျင်းယွမ် ကနူးညံ့စွာ ပြောလိုက်သည်။ “ကိုယ့်ကို မှီထားပြီး ခနလောက် အိပ်မလား?”
ဇောင်ယုဟွမ် ချက်ချင်း နိုးသွားခဲ့သည်။
မဟုတ်သေးဘူး၊ ခနလေး၊ ငါတို့ အခုရိုက်ကူး‌ေရးမှာ။ လီဂျင်းယွမ် သတိထားဦး!
18.10.2020 (Sun)
……………………….
<Zawgyi>
သူပဲဖြစ်လိမ့်မယ်။
ဇောင်ယုဟွမ် : “???”
တီဗီမှာ ပါလာဖို့ကို သူမ တကယ်ကို ဂရုမစိုက်ပါဘူး‌နော်!
မင်းတို့ ကြိုက်တဲ့သူကို မဲပေးပြီး မထောက်ခံဖို့လေ အိုကေ? ဒါက လမ်းညွှန်အတွက် ရည်ရွယ်ထားတာလေ! ခရီးစဉ်အတွက် တာဝန်အရှိဆုံးသူ ဖြစ်လာမှာလေ!
အကောင်းဆုံး… သေလိုက်! ဇောင်ယုဟွမ် ကစိတ်ထဲ ငို‌ကြွေး‌နေခဲ့သည်။
ဒါတွေမလိုအပ်ဘူး!
ညစာစားပြီးနောက် ဇောင်ယုဟွမ် သည်ထုတ်လုပ်‌ရေး အဖွဲ့မှ ပြင်ဆင်ထားသည့် WeChat group chat မှတစ်ဆင့် ခရီးစဉ်ကို အကုန်လုံးထံသို့ ပို့လိုက်သည်။
*****
ဟုန်ချန်းမင်း ကကားမောင်း‌နေပြီး ကောမိုင် ကခရီးသည်ခုံတွင် ထိုင်နေကာ ဇောင်ယုဟွမ် နဲ့ လီဂျင်းယွမ် တို့က အနောက်ခုံတွင် ထိုင်နေခဲ့ကြသည်။
မဟုတ်သေးဘူး၊ ခနလေး၊ ငါတို့ အခုရိုက်ကူး‌ရေးမှာ။ လီဂျင်းယွမ် သတိထားဦး!
18.10.2020 (Sun)
……………………….
[text_hash] => 76e3bbbb
)
//qc
//QC2