ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] – 53❇️ ရှိုးပွဲသို့
// qc

ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] - 53❇️ ရှိုးပွဲသို့

Array
(
[text] =>

<Unicode>

ရှိုးပွဲသို့

Group chat ဖွင့်ပြီးနောက် ဇောင်ယုဟွမ် ကဖုန်းကို ဘေးဖယ်ထားလိုက်ပြီး ထပ်မကြည့်‌ေတာ့‌ေပ။ တူကို ကောက်ယူလိုက်ပြီး သူမရှေ့မှ ချိုမြိန်ဖွယ် အစားအစာတွေကို စားလိုက်သည်။

ရန်ဆန်း ရဲ့အစ်မသည် group chat ကနေလျင်မြန်စွာဖြင့် လီဂျင်းယွမ် ကိုစကားပြောလာခဲ့သည်။ အစ်မရန် စပြောသည့် စကားကတော့ ရင်းနှီးဖော်ရွေသည့် စကားဖြစ်သည်။

[ရန်ဆန်း လုပ်ခဲ့တာကို အစ်မ မသိခဲ့ဘူး၊ အစ်မတို့က ရှိုးပွဲမှာ လီဂျင်းယွမ် တစ်ယောက်တည်းကိုပဲ မဖိတ်ချင်ခဲ့ဘူး။ လီဂျင်းယွမ် နဲ့အတူ ဇောင်ယုဟွမ် ကိုလည်း ဖိတ်ချင်ခဲ့တာ။ ရှိုးပွဲမှာ ဖျော်ဖြေရေးက လူတွေထက် တခြားအပိုင်းက လူတွေပါ ဖိတ်ခေါ်ဖို့ စီစဉ်ထားခဲ့တယ်]

အစ်မရန်သည် ရှည်လျားသော စာကိုပို့လိုက်ပေမဲ့ လီဂျင်းယွမ် ကတော့ အကြောင်းအရာတစ်ခုလုံးကို ပြီးအောင် မဖတ်နိုင်‌ေပ။

ဇောင်ယုဟွမ် တင်ထားသည့်ပုံကို အချိန်အနည်းငယ် စိုက်ကြည့်လိုက်ပြီး ပြန်ဖြေလိုက်သည်။ [အဲ့လို အကြံဉာဏ်မျိုးကို ကျွန်တော် သဘောကျတယ်။ အဲ့ဒါက စိတ်ဝင်စားဖို့ ကောင်းလိမ့်မယ်]

အခြားတစ်ဖက်မှ စာရိုက်နေတာက အချိန်အနည်းငယ် ရပ်သွားသည်။ ထို့နောက် ပြန်ပို့လာခဲ့သည်။ [ကျေးဇူးအများကြီးတင်ပါတယ်! လီဂျင်းယွမ် နဲ့ ဇောင်ယုဟွမ် တို့ဆီကို အနီရောင် လက်ဆောင်ကြီးတွေကြိ ပို့ပေးလိုက်မယ်! ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်!]

လီဂျင်းယွမ် နဲ့အစ်မရန် တို့စကားပြောတာ အနည်းငယ် ကြာပြီးနောက် သူ့ဖုန်းအား ဘေးကိုချလိုက်သည်။ ရန်ဆန်း အစ်မနဲ့ စကားပြောတာ ပြီးသွားပြီးနောက် ဇောင်ယုဟွမ် မော့ကြည့်လိုက်ပြီး သူ့ကိုမေးလိုက်သည်။ “ဘယ်လိုလဲ?”

လီဂျင်းယွမ် ကသူလုပ်နေတာတွေကို ရပ်လိုက်ပြီး ပြောလိုက်သည်။ “ကောင်းပါတယ်”

“ကောင်းတယ်။ ဒါပေမဲ့ သူတို့ရဲ့ ဖိတ်ကြားချက်တွေကို ဂျင်းယွမ် စိတ်မဝင်စားရင် လက်မခံနဲ့”

“ဘယ်ဟုတ်မလဲ။ ဒါက တကယ်‌ေကာင်းတဲ့ ရှိုးပွဲတစ်ခုပါ” လီဂျင်းယွမ် ပြောလိုက်သည်။ ဒါကို ဇောင်ယုဟွမ် ရဲ့မျက်နှာထောက်ပြီး သူလုပ်နေတာ ဖြစ်သည်။ ဒါက ဇောင်ယုဟွမ် ပြောတာနဲ့ နည်းနည်းတော့ ကွာခြားနေသည်။

တစ်ဖက်တွင် ဟုန်ချန်းမင်း ကတိတ်ဆိတ်စွာ စားသောက်နေရင်း ရုတ်တရက်ကြီး အထီးကျန်ဆန်မှုကို ခံစားလိုက်ရသည်။ ဟုန်ချန်းမင်း နဲ့စကားအနည်းငယ် ပြောပြီးနောက် အခုတော့ ဇောင်ယုဟွမ် က လီဂျင်းယွမ် နဲ့အတူ သူ့ရဲ့နိုင်ငံခြား ခရီးစဉ်အကြောင်းကို ပြောနေခဲ့သည်။

လီဂျင်းယွမ် ကပြုံးကာ ပြောလိုက်သည်။ “ဗီွဒီယိုကို ဟွမ်ဟွမ် ကြည့်ပြီးပြီ မလား? အဲ့ဒါကို ပြန်ပြောပြဖို့ကို‌ေတာင် အတော်လေး ရှက်မိတယ်”

“လူကိုယ်တိုင် ပြောတာက ဗွီဒီယို ကြည့်‌ေနတာနဲ့ လုံးဝမတူဘူး”

“ကောင်းပြီ၊ သိပ်မများဘူး…” ထိုစကားကို ပြောလိုက်ရင်း လီဂျင်းယွမ် ကရှိုးပွဲမှ အသေးစိတ် အချက်အလက်တွေအား ဇောင်ယုဟွမ် ကိုပြောလိုက်သည်။ အစာအိမ်နာလာသလို ဟုန်ချန်းမင်း ခံစားလိုက်ရသည်။

လီဂျင်းယွမ် ရဲ့ပုံပြင်နှင့်ယှဉ်ရင် အစောပိုင်းက သူပြောပြတဲ့ အရာတွေက ခြောက်ကပ်ပြီး ငြီးငွေ့ဖွယ်‌ေကာင်းသည်ဟု ခံစားလိုက်ရသည်။ အဲ့ဒါက သူက စာပေသင်ခန်းစာတွေမှာ ညံ့ဖျင်းတာကြောင့်လား?

သူတို့သည် တစ်ချိန်တည်းမှာ စားရင်းသောက်ရင်းနဲ့ စကားပြောခဲ့ကြသည်။ နောက်သုံးနာရီလောက် အကြာတွင် ဟင်းလျာတစ်ဝက်‌ေလာက် ရှင်းလင်းသွားခဲ့သည်။ ဇောင်ယုဟွမ် တွင်အချိန်ကောင်း ရှိသည်။ သူမက ဘယ်ညာကို ကြည့်လိုက်ပြီး လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့လည်း ပျော်ရွှင်နေတာကို တွေ့လိုက်တာကြောင့် ပိုက်ဆံအိတ်ကိုဆွဲပြီး သူတို့နဲ့အတူ အပြင်ကို ထွက်လိုက်သည်။

ဝေ့ကျဲ နှင့်အဖွဲ့သားတွေက စားသောက်ပြီးတာကြောင့် သူတို့ဘာသာ ပြန်သွားကြပြီဖြစ်သည်။ လီဂျင်းယွမ် က ဇောင်ယုဟွမ် နဲ့အတူ အိမ်တော်ကို ပြန်လာခဲ့သည်။

အိမ်‌ေတာ်တွင် တစ်ညတည်းခိုပြီးနောက် နောက်တစ်နေ့တွင် လီဂျင်းယွမ် သည်သူနှင့်အတူ စာချုပ်ကို ယူသွားခဲ့သည်။ ဟုန်ချန်းမင်း လည်းပုံမှန်အတိုင်း အလုပ်ကို ပြန်လာခဲ့သည်။

တစ်ဖက်တွင် ရန်ဆန်း သည် သူ့အစ်မနဲ့ စကားပြောနေဆဲ ဖြစ်သည်။ “တကယ်၊ အစ်မ၊ ကျွန်တော် အလေးအနက် ပြောတာ။ ဟုန်ချန်းမင်း လည်းအရမ်းစိတ်ဝင်စားဖို့‌ေကာင်းတယ်။ သူတို့သုံးယောက် အတူတူဆိုရင် ပိုပြီးတောင် စိတ်ဝင်စားဖို့ ကောင်းသေးတယ်။ နောက်ပြီး ဟုန်ချန်းမင်း ကအာရုံစူးစိုက်မှု အများကြီး ရလိမ့်မယ်။ မကြာခင်က သူတို့သုံးယောက်လုံး ရှာဖွေမှုမှာ ထိပ်ဆုံးဖြစ်ခဲ့တာကို မှတ်မိလား? သူတို့တွေက သရုပ်ဆောင်တွေထက်တောင် ပိုပြီးဆွဲဆောင်မှုရှိတယ်”

သူ့စကား‌ေတွက သူမခေါင်းထဲတွင် အကြံဉာဏ်များစွာ ထွက်လာစေသည်။ တခြားအရာတွေကို စိတ်ထဲမထားပဲ ဟုန်ချန်းမင်း ကထိပ်တန်းစာရင်းတွင် ပါဝင်ခဲ့တာကြောင့် သူက တကယ့်ဘဝမှာ ငယ်ရွယ်ပြီး ခန့်ညားသည့် လွှမ်းမိုးချုပ်ကိုင်နိုင်သည့် CEO သေချာပေါက် ဖြစ်လိမ့်မယ်!

သူက ဆွဲဆောင်မှုရှိတာကြောင့် ဖန်အများကြီး ရှိလိမ့်မယ်!

ဒီလိုမျိုး တစ်ယောက်ယောက်က စာအုပ်ထဲက ထွက်လာမယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲ?

ဒီအချက်ကြောင့် ရှိုးပွဲကို လူအများအပြားက စိတ်ဝင်စားကြမှာ အသေအချာပဲ!

အစ်မရန်သည် ချက်ချင်းပင် သူမဝန်ထမ်းအား ဟုန်ချန်းမင်း ဆီဆက်သွယ်ရန် ပြောလိုက်သည်။ သူတို့က စာချုပ်ကို ပို့ဆောင်ရန် သွားခဲ့ကြပေမဲ့ ဟုန်ချန်းမင်း ရဲ့အတွင်းရေးမှူးက နေ့တိုင်း စာချုပ်ပေါင်းများစွာကို လက်ခံခဲ့သည်။ ဒီလိုစာချုပ်မျိုးက အမြင်တစ်ခုသာ ဖြစ်ပြီး ဟုန်ချန်းမင်း ဆီသို့ ရောက်လိမ့်မည် မဟုတ်ပေ။

ထိုအချက်ကို ရန်ကုမ္ပဏီမှလူ‌ေတွက မသိခဲ့ကြပေ။ သူတို့က စာချုပ်အား အသေအချာ ဟုန်ချန်းမင်း ဆီကို ပို့ခဲ့ကြသည်။ သူတုန့်ပြန်မဲ့အချိန်ကိုသာ စောင့်နေခဲ့ကြသည်။

တစ်ဖက်တွင် လီဂျင်းယွမ် က ဇောင်ယုဟွမ် အားဖုန်းခေါ်လိုက်ပြီး ရှိုးပွဲအစီအစဉ်တွင် ပါဝင်ရန် တောင်းဆိုခဲ့သည်။ ဇောင်ယုဟွမ် ကထိုအကြောင်းအား သိပ်ဂရုမစိုက်ပဲ သဘောတူလိုက်သည်။ တခြားသူတွေကတော့ ငွေကြေးအတွက် ဂရုစိုက်ချင် စိုက်လိမ့်မည်။ သို့သော် သူမတော့ မပါပေ။

သူမ တစ်ဘဝလံုးအတွက် ငွေအလုံအလောက် ရှိသည်။ ဇာတ်လိုက်မက သူမကို မနှောင့်ယှက်သ၍ အရာအားလုံးက ပြီးပြည့်စုံ‌ေနလိမ့်မည်။ ရှိုးပွဲတွင် ပါဝင်ခြင်းက သူမအတွက် ‌အတွေ့အကြုံတစ်ခုသာ ဖြစ်သည်။

လီဂျင်းယွမ် ရဲ့လက်ရှိ ရှိုးပွဲမပြီးခင် TV ရှိုးပွဲအတွက် ပြင်ဆင်ခြင်းက စတင်ခဲ့သည်။ အဆုံးသတ်အနေဖြင့် အရည်အချင်း ရှိုးပွဲပြီးနောက် ထို TV ရှိုးပွဲသည် အကောင်းဆုံးဖြစ်သည်။ ထိုနည်းလမ်းဖြင့် သူတို့သည် လူကြိုက်များသော လှိုင်းကို စီးနိုင်ခဲ့ကြသည်။

ရန်ကုမ္ပဏီက ဟုန်ချန်းမင်း ဆီမှ တုန့်ပြန်ချက်ကို မရခဲ့‌ေပ။ တခြားရွေးချယ်စရာ နည်းလမ်းမရှိသောကြောင့် သူတို့သည် အခြားကိုယ်စားလှယ်လောင်းများကို စတင်စဉ်းစားလာခဲ့ကြသည်။ သို့သော် ငယ်ရွယ်၊ ချမ်းသာပြီး ခန့်ညားသည့် ရှုထောင့်မှ ကြည့်လျှင် ရွေးချယ်စရာများစွာမရှိပေ။

ထိုအချက်ကြောင့် ရန်ကုမ္ပဏီသည် အတော်လေး အခက်တွေ့နေခဲ့ကြသည်။

*****

စနေ၊ တနင်္ဂနွေက အလျင်အမြန် ရောက်လာခဲ့ပြီး ဟုန်ချန်းမင်း သည်ခရီးမှ အိမ်‌ေတာ်သို့ ပြန်လာခဲ့သည်။ ဇောင်ယုဟွမ် ဘေးတွင် အိမ်ဖော်တွေက ဝိုင်းနေကာ သူမက ညွှန်ကြားနေတာကုိ တွေ့လိုက်ရသည်။

ဟုန်ချန်းမင်း ရပ်ကာ မေးလိုက်သည်။ “ဘာဖြစ်လို့လဲ? မင်း တစ်နေရာရာကို ပြောင်းနေတာလား?”

“မဟုတ်ဘူး။ မပြောင်းဘူး။ ဒါပေမဲ့ ဒီမှာ အချိန်နည်းနည်းလောက်တော့ ရှိမှာမဟုတ်ဘူး” ဇောင်ယုဟွမ် ကခေါင်းခါပြီး ပြောလိုက်သည်။

“မင်းဘယ်သွားမလို့လဲ?”

“ထိုင်း”

“ပျော်ဖို့လား?” စိတ်ရှုပ်ထွေးစွာဖြင့် ဟုန်ချန်းမင်း မေးလိုက်သည်။ လွန်ခဲ့သော တစ်နှစ်လောက်က အဲ့‌ေနရာက ပျော်စရာ‌မကောင်းကြောင်း သူမ ပြောခဲ့တာကို သူမှတ်မိနေသေးသည်။

ဇောင်ယုဟွမ် ကဆိုဖာပေါ်တွင် ထိုင်လိုက်ရင်း ပျင်းရိနေသည့် အသံဖြင့် ပြောလိုက်သည်။ “အတိအကျတော့ မဟုတ်ဘူး။ အဲ့နေရာကိုသွားတာက ရိုက်ကူးဖို့အတွက်”

“ရိုက်ကူးရေး?” ဒီနေ့တွင် ဟုန်ချန်းမင်း သည်ဂိမ်းထိပ်ဆံုးတွင် မဟုတ်ပါ။

“အင်း”

နောက်ဆုံးတော့ သူမ‌ ပြောခဲ့တာတွေကို ပေါင်းစပ်လိုက်သည်။ “ဘာကြောင့်… ဘာကြောင့် ရုတ်တရက်ကြီး ရိုက်ကူးရေးလဲ?”

“အိုး၊ အဲ့ဒါက နောက်ဆုံးအကြိမ်တုန်းက လီဂျင်းယွမ် ကိုပေးခဲ့တဲ့ စာချုပ်က။ TV ရှိုးပွဲလေ။ အဲ့နေရာမှာ သာမာန်လူတွေကိုလဲ သူတို့က ဖိတ်ချင်ခဲ့ကြတာ။ ရန်ဆန်း က ဟွမ်ဟွမ့် ကိုတောင်းဆိုခဲ့လို့ ဟွမ်ဟွမ် လည်းအရေးကြီးတာ လုပ်စရာမရှိတာနဲ့ လက်ခံလိုက်တာ”

နောက်ဆုံးအချိန်က စာချုပ်!

TV show!

ဟွမ်ဟွမ် သာအဲ့ရှိုးပွဲကို သွားရင် လီရဂျင်းယွမ် နဲ့နှစ်ယောက်တည်း ခရီးအတူတူ သွားရတာ မဟုတ်ဘူးလား?

ဟုန်ချန်းမင်း သည်သူထိုးနှက်ခံလိုက်သလို ခံစားလိုက်ရသည်။

“အိုး … အဲ့လိုလား … ” အသံနိမ့်ဖြင့် ပြောလိုက်သည်။

ထိုသို့ပြောလိုက်ပြီး သူစိတ်မကောင်း ဖြစ်နေပုံ‌ေပါ်‌ေနသည်။ ‘အို၊ အဲ့ဒါကောင်းတယ်!’လို့ ပြောပြီး အားပေးနိုင်စွမ်း မရှိပေ။ ထိုအကြောင်းကို မပြောပြတဲ့အတွက်ကြောင့် စိတ်ထဲတွင် လီဂျင်းယွမ် ကိုအကြိမ်တစ်ရာလောက် သတ်ပစ်လိုက်သည်။

ဇောင်ယုဟွမ် ကသူမဘေးကို ပုတ်ပြလိုက်ပြီး ပြောလိုက်သည်။ “ဒီနေ့ ပင်ပန်းလား? စကားပြောချင်လား?”

ဟုန်ချန်းမင်း ကသူမအနားကို လျှောက်သွားလိုက်သည်။ ဆိုဖာဆီကို လျှောက်နေချိန်မှာ သူ‌့ခြေတွေ လက်တွေက မခိုင်တော့သလို ခံစားလိုက်ရသည်။

ဆိုဖာတွင် ဝင်ထိုင်လိုက်ပြီး မေးလိုက်သည်။ “… အဲ့ရှိုးပွဲမှာ သူတို့က ဘယ်လိုသာမာန်လူ‌ေတွကို ဖိတ်တာလဲ?”

“အမ်? ဟွမ်ဟွမ် မသိဘူး၊ မမေးလိုက်မိဘူး” ထိုကိစ္စအား ဇောင်ယုဟွမ် ကအလေးအနက် မထားခဲ့ပေ။ ရင်းနှီးသည့် အခြေအနေကိုသာ သူမ စဉ်းစားခဲ့သည်။ ရှိုးပွဲသွားပုံ၊ တခြားသူတွေ ဘယ်လိုလုပ်ကိုင်မလဲ၊ စတာတွေကို သူမ စိတ်မဝင်စားခဲ့ပေ။

ဟုန်ချန်းမင်း : “အို”

ဇောင်ယုဟွမ် ထုပ်ပိုးတာ သိပ်မကြာခဲ့‌ေပ။

အိမ်ရှေ့တံခါးမှ စုထားသည့် ခရီးဆောင်အိတ်ကို ကြည့်လိုက်ပြီး သူ့နှလုံးသားမှ တစ်ခုခု ပျောက်ဆုံးသွားသလို ခံစားလိုက်ရသည်။

အရင်က သူမအတွက် အထုပ်အပိုးကို သူနဲ့ လီဂျင်းယွမ် တို့က ထုပ်ပိုးပေးခဲ့ကြသည်။ အခုတော့ ဒီတာဝန်ကို တခြားတစ်ယောက်က လွှဲပြောင်းယူလိုက်သည်။ စိတ်သက်သာ‌ေစမဲ့အစား သူ့စိတ်ထဲတွင် တစ်ခုခု ပျောက်ဆုံးသွားသလို ဟုန်ချန်းမင်း ပိုပြီးစိတ်ပျက် အားလျော့သွားခဲ့သည်။ ဇောင်ယုဟွမ် ကသူ့ကို သိပ်မလိုအပ်တော့သလို ခံစားလိုက်ရသည်။

ရူးသွပ်သည့် အကြံက ဟုန်ချန်းမင်း ခေါင်းထဲကို ရောက်လာခဲ့သည်။ သူ့နှုတ်ခမ်းကို လျှာနဲ့သပ်လိုက်ပြီး စိတ်ပျက်စရာများကို ဖယ်ရှားရန် ကြိုးစားလိုက်သည်။ ဇောင်ယုဟွမ် ကိုပြုံးပြလိုက်ပြီး ပြောလိုက်သည်။ “ကိုယ့်မှာ လုပ်စရာ အလုပ်တွေ ရှိသေးတာကို အခုမှ သတိရတယ်။ ကိုယ့်ကို အလုပ် အရင်သွားလုပ်ခွင့်ပေးဦး။ အဲ့ဒါပြီးရင် အတူတူ ညစာစားပြီး ထိုင်းကို လိုက်ပို့ပေးမယ်”

ဇောင်ယုဟွမ် ခေါင်းညိတ်လိုက်သည်။ “အိုကေ၊ သတိထားမောင်းပါ”

ဟုန်ချန်းမင်း ကထို‌ေနရာတွင် ကြာကြာမနေတော့ပဲ ပြန်လှည့်သွားခဲ့သည်။ ဇောင်ယုဟွမ် ကတဖြည်းဖြည်း လှဲချလိုက်ပြီး ဆိုဖာတွင် လှဲလိုက်ကာ သူမဖုန်းကိုထုတ်ကာ ဂိမ်းကစားလိုက်သည်။ မကြာခင်တွင် မြို့တော်ကနေ ထွက်ရမှာကို တွေးလိုက်ပြီး ထိုညတွင် ညစာစားရန် အဖိုးဒင်အား ဖုန်းခေါ်လိုက်သည်။

ဟုန်ချန်းမင်း သည်သူ့ရုံးခန်းကို ပြန်ရောက်သောအခါ သူ့အတွင်းရေးမှူးအား ရန်ကုမ္ပဏီကို ချက်ချင်း ဆက်သွယ်ခိုင်းလိုက်သည်။ အတွင်းရေးမှူးက ရန်ကုမ္ပဏီရဲ့ အနေအထကို ကြည့်လိုက်ကာ မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်သည်။ “… ဒီကုမ္ပဏီနဲ့ အလုပ်လုပ်ဖို့ ကိစ္စရှိနေလို့လား?”

အတွင်းရေးမှူးက စိတ်ရှုပ်ထွေးစွာဖြင့် ရေရွတ်လိုက်သည်။ ရန်ကုမ္ပဏီက မီဒီယာ အေဂျင်စီဖြစ်ပြီး သူတို့ ကိုယ်ပိုင်ကုမ္ပဏီသည် စက်မှုဇံု ဧရိယာတွင် တည်ရှိသည်။ သူတို့ ကုမ္ပဏီ နှစ်ခုက ဆက်စပ်လို့ရပုံမပေါ်ပေ။ နောက်ပြီး အတူတူ လုပ်ကိုင်ဖို့ အလုပ်ရှိတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? အရင်က သူတို့က သရုပ်ဆောင် တစ်ယောက်ကိုပဲ ငှားရမ်းလာခဲ့တာလေ?

နောက်ပြီး … မဖြစ်နိုင်ဘူး၊ အဲ့ဒါက ဘယ်လိုမှ မဖြစ်နိုင်ဘူး။ သို့သော် သူတို့နာမည်တွေက အရမ်းတူနေတယ်လို့ အတွင်းရေးမှူး ခံစားလိုက်ရသည်။

“ခနလေး။ စာရွက်စာတမ်းတွေကို အတွင်းရေးမှူး ဌာနမှာ တစ်ချက်သွားစစ်ကြည့်လိုက်မယ်”

“အင်း” ဟုန်ချန်းမင်း ပြောလိုက်သည်။

၁၀ မိနစ်ခန့်အကြာတွင် အတွင်းရေးမှူးသည် စာချုပ်ကိုကိုင်ကာ ပြန်လာခဲ့သည်။

“ဒီစာချုပ်ကို သူတို့ပို့လိုက်တဲ့ အချိန်တုန်းက သူဌေးက အစည်းအဝေးတတ်နေခဲ့လို့ ဒါတွေကို အတွင်းရေးမှူး ဌာနကို ပို့လိုက်တာ။ သူတို့က စာချုပ်ကို ပို့လိုက်ပြီးကတည်းက ရန်ကုမ္ပဏီက နောက်ထပ်ပြီး မဆက်သွယ်ခဲ့ဘူး။ အဲ့ဒါကြောင့် သူတို့အစီစဉ်က မလုပ်တော့ဘူးထင်လို့ သူဌေးဆီမပို့‌တော့တာ…” ဖြစ်ပျက်ခဲ့တာတွေကို အတွင်းရေးမှူးက ဆက်ပြီး ရှင်းပြခဲ့သည်။

ဟုန်ချန်းမင်း ကတော့ သူမစကားကို နားမထောင်တော့ပေ။ စာချုပ်ကို ဖွင့်လိုက်ပြီး “အချိန်ခရီးသွား ပရောဂျက်”ဆိုပြီး ကာဗာကို မြင်လိုက်ရသည်။ ဒါက သူရှာနေတဲ့ စာချုပ်ပဲ…

ဟုန်ချန်းမင်း ကဆက်သွယ်ရန် ဖုန်းနံပါတ်ဆီကို ချက်ချင်း လှန်လိုက်ပြီး နံပါတ်ကို ခေါ်လိုက်သည်။

ရန်ကုမ္ပဏီက ရန်ဆန်း ရဲ့သူငယ်ချင်းဖြစ်သည့် တခြားဒုတိယ ချမ်းသာသည့် မျိုးဆက်ကိုလည်း ဆက်သွယ်ခဲ့သည်။ သို့သော် သူတို့က တခြားသူအား ညိှနှိုင်းမဆက်သွယ်ခင် ဟုန်ချန်းမင်း ဆီမှဆက်သွယ်ချက်ကို ရရှိခဲ့သည်။

ရန်ဆန်း ရဲ့အစ်မသည် သူမဆံပင်တွေကို ဆွဲနှုတ်ပစ်ချင်သွားခဲ့သည်။ ရန်ဆန်း ရဲ့မိုက်မဲသည့် စိတ်ကူးကို သူမ မယုံကြည်ခဲ့သင့်ဘူး။ ဟုန်ချန်းမင်း ဆီမှ ဖုန်းမဝင်လာခင် စိတ်တိုစွာဖြင့် ခုံကိုထုလိုက်သည်။

“ဒီရှိုးပွဲပျက်ရင် ငါ့ခေါင်းလဲ ပြုတ်လိမ့်မယ်! ဒါက ပိုကောင်းတဲ့ အာရုံဖြစ်လာဖို့ပဲ!

ဟုန်ချန်းမင်း သည်ထုတ်လုပ်မှုအဖွဲ့နှင့်စာချုပ်ကို လျင်မြန်စွာ လက်မှတ်ထိုးခဲ့သည်။ ထိုအကြောင်းကို ခဏစဉ်းစားလိုက်ပြီး ဇောင်ယုဟွမ် အားမပြောဖို့ ဆုံးဖြတ်လိုက်သည်။ သူမကို ဖုန်းခေါ်လိုက်ပြီး နိုင်ငံခြားသို့ ပလာပ်ကိစ္စနဲ့ ခရီးသွားရမယ်လို့သာ ပြောလိုက်သည်။ ထို့နောက် ထုတ်လုပ်မှုအဖွဲ့ရဲ့ ခရီးစဉ်နှင့်အတူ သူသည် တခြားလေယာဉ်ဖြင့် လိုက်သွားခဲ့သည်။

ပါရမီရှင် ပြပွဲရဲ့ အပိုင်း ၈ တွင်ဧည့်သည်အားလုံး လေယာဉ်ပေါ်တက်ပြီး ဘန်ကောက်သို့ ဦးတည်ခဲ့ကြသည်။ လီဂျင်းယွမ် ကတခြားရိုက်ကူးရေးမှ သွားခဲ့တာကြောင့် ဇောင်ယုဟွမ် ကသူနဲ့အတူ ထိုနေရာသို့ မသွားခဲ့ပေ။

ဇောင်ယုဟွမ် သည်မင်းသမီး မဟုတ်တာကြောင့် အတွင်းရေးမှူးနဲ့ ကိုယ်ရံတော် နှစ်ယောက်သာ သူမနှင့်အတူ ပါသည်။ ထိုအချိန်တွင် ဇောင်ယုဟွမ် သည်မိုက်ခရိုဖုန်းကို ဖွင့်လိုက်ပြီး ရိုက်ကူးမှုကို စတင်ခဲ့သည်။

ဘန်ကောက်တွင် လီဂျင်းယွမ် ရဲ့ဖန်တွေက စောင့်နေကြမယ်လို့ မမျှော်လင့်မိခဲ့ကြပေ။ လီဂျင်းယွမ် သည်သူလေယာဉ်ပေါ်မှ ဆင်းချိန်တွင် ဇောင်ယုဟွမ် ဆီကိုဖုန်းခေါ်လိုက်သည်။ ဝေ့ကျဲ နဲ့တခြားသူတွေနဲ့အတူ ထွက်ပေါက်တွင် စောင့်နေခဲ့သည်။ သူတို့စောင့်နေခဲ့တာက ဇောင်ယုဟွမ် နဲ့တွေ့ဆုံဖို့သာဖြစ်သည်။

အစောင့်‌ေတွက တွေ့သွားတာကြောင့် လမ်းလွှဲကနေ တခြားထွက်ပေါက်ဆီကို အမြန်သွားလိုက်ကြရသည်။ ရိုက်ကူးရေး ကားပေါ်ကို သူတို့ရောက်ချိန်တွင် သူတို့ပုံတွေက အွန်လိုင်းပေါ် ရောက်နေပြီဖြစ်သည်။

[ဖရဲသီး မိန်းကလေး : ပရိသတ်တွေထဲက တစ်ယောက် @လီဂျင်းယွမ် ကိုထိုင်းနိုင်ငံ လေဆိပ်မှာ သူမ စောင့်နေချိန်မှာ သူက မိန်းကလေး တစ်ယောက်နဲ့ ပျော်ပျော်ရွှင်ရွှင် လမ်းလျှောက်သွားတာကို တွေ့လိုက်ရတယ်။ သူတို့နှစ်ယောက်လုံးက ပုံစံတူ နေကာမျက်မှန်ကို ဝတ်ထားကြပြီး ရယ်မောပြီး စကားပြောနေကြတယ်။ သူတို့အနားမှာ ကိုယ်ရံတော်တွေနဲ့ တခြားဝန်ထမ်းတွေလည်း ရှိတယ်။ လီဂျင်းယွမ် ကသူ့ရဲ့တခြားအသစ် ရိုက်ကူးရေးအတွက် ထိုင်းနိုင်ငံကို သွားတာမဟုတ်ဘူးလား? ဘာလို့သူနဲ့အတူတူ တခြားတစ်ယောက်ကို ခေါ်လာရတာလဲ? သူနဲ့အတူ သူ့ကောင်မလေးကို ခေါ်လာခဲ့တာလား? ငါမှန်တယ်ဆိုရင် လီဂျင်းယွမ် ကတော်တော်‌ေ ငယ်သေးတယ်၊ မဟုတ်လား? [ရုပ်ပုံ] [ရုပ်ပုံ] …]

ထိုမှတ်ချက်က ချက်ချင်းပင် ပြန့်နှံ့သွားသည်။

[သူက ဒီနေရာကို ရိုက်ကူးရေးအတွက် ရည်ရွယ်ချက်ပြီး ရောက်လာတာကို မင်းသိရင် ဒါက သိသာ‌ေနတယ် မဟုတ်ဘူးလား?သေချာပေါက်ကို အဲ့မိန်းကလေးက ရှိုးပွဲရဲ့ တခြားဧည့်သည် ဖြစ်လိမ့်မယ်။ အဲ့ဒါက မင်းရဲ့စိတ်ကူးတွေပဲ! ငါ့’သား’မှာ ရည်းစားရှိ‌ေနတယ်လို့ ပြောချင်‌ေနတာလား?”

(T/N: တရုတ်နိုင်ငံတွင် မတူညီသော ပရိသတ်များရှိသည်။ နာမည်ကြီးတွေကို သူတို့’က‌ေလး’လို့‌ေခါ်သည့် ‘မိခင်ဖန်တွေ’ ရယ် နာမည်ကြီးတွေကို ချစ်သူအဖြစ် မြင်ကြသည့် ‘ဇနီးဖန်’ နဲ့ ‘ချစ်သူဖန်’ ဆိုပြီးရှိကြတယ်)

[အဲ့ဒါက မိန်းကလေး သီးသန့်ကောလိပ်ကဆိုတာ သေချာတယ်။ ကောလဟာလတွေ ဖန်တီးနေတာလား? စလာမဲ့ ရှိုးပွဲအသစ်ကိုသာ စောင့်ကြည့်ထားရုံပဲ မလား? အားလပ်ချိန်တွေ အရမ်းများနေရင် ‘ကြယ်ပွင့်ရဲ့ သားတော်များ’ အပိုင်း ၈ ကိုသွားကြည့်မနေတာလဲ? လီဂျင်းယွမ် ကအရမ်းတော်တဲ့ ကောင်လေးပဲ!]

[ … အင်း….။ ဒီလောကမှာ အချိန်အတော်ကြာ ရှိနေခဲ့တဲ့ လီဂျင်းယွမ် ကိုဘာပြောဖို့ ကြိုးစားနေတာလဲ? ရှိုးပွဲမှာ သိခဲ့ကြတာကော မဖြစ်နိုင်ဘူးလား? သူတို့အချင်းချင်း ရယ်မောပြီး စကား‌ေပြာတာ၊ တစ်ယောက်နဲ့ တစ်ယောက် ဝတ်ထားတာတွေက တူနေတော့ကော ဘာဖြစ်လို့လဲ? ရှိုးပွဲမှာ တစ်ယောက်နဲ့ တစ်ယောက် သိခဲ့ကြရင် ရင်းနှီးသွားကြမှာ သေချာတာပဲလေ။ လီဂျင်းယွမ် ကတစ်ယောက်‌ေယာက်နဲ့ အမြန်ရင်းနှီးနိုင်တဲ့ သူပဲလေ၊ အဲ့ဒါကိုလည်း လူတိုင်း သိကြတယ် မဟုတ်လား?]

*****

အွန်လိုင်းတွင် ဆွေးနွေးချက်‌ေတွက ဘယ်လိုပဲရှိနေပါစေ၊ ရိုက်ကူးရေး သွားနေသည့် ဗန်ကားကတော့ ဟိုတယ်ကို ရောက်သွားပြီဖြစ်သည်။

သူတို့က ခရီးသွားတဲ့ရှိုးကို ရိုက်ကူးနေခဲ့သည်။ မတူညီတဲ့ အသက်မွေးဝမ်းကျောင်းများနဲ့ အသက်အရွယ် အသီးသီးရှိ ပုဂ္ဂိုလ်များကလည်း အဖွဲ့တွင် လက်မှတ်ထိုးထားတာ သူတို့ဘာသာ အေးဆေးစွာ‌ေနရန် ခွင့်ပြုထားကြပြီး တစ်ယောက်နဲ့ တစ်ယောက် ဘယ်လိုဆက်ဆံရမည်ကို ကြည့်‌ေနခဲ့ကြသည်။

ဟိုတယ်ကို ရောက်ချိန်တွင် ဧည့်သည်အားလုံးက တစ်ယောက်နဲ့ တစ်ယောက် မိတ်ဆက်ကြရန် လော်ဘီတွင် စုခဲ့ကြသည်။ လီဂျင်းယွမ် နဲ့ ဇောင်ယုဟွမ် တို့က ရပ်နေခဲ့ကြသည်။ မကြာခင်ပဲ နောက်ထပ် ဧည့်သည် ငါးယောက်လဲ ‌လှေကားမှ ဆင်းလာခဲ့ကြသည်။

သူတို့ထဲတွင် အရမ်းရင်းနှီး ကျွမ်းဝင်သော လူတစ်ယောက်ရှိသည်။ သူမကို တွေ့လိုက်ချိန်တွင် ဇောင်ယုဟွမ် ရဲ့အာရုံတွေ စုစည်းသွားခဲ့သည်။

ကျန်ရှိသော လူလေးဦးအနက် ဖျော်ဖြေရေး လောကတွင် နာမည်ကြီးသည့် အသက် ၄၀ နီးပါး ကောမိုင်၊ မကြာခင်ကမှ အရမ်းနာမည်ကြီးလာသည့် အသက် ၃၀ နီးပါးရှိသည့် ဝမ်ယွန်ချန်း၊ ဖော်လိုဝါများစွာ ရှိသည့် ငယ်ရွယ်သည့် ဂူယူလင်း တို့ဖြစ်သည်။

လင်းဇီလန်၊ မူလဇာတ်လိုက်မရဲ့ ဇာတ်လမ်း။ သူမလည်း သာမာန်သူ တစ်ယောက်အနေနဲ့ ဖိတ်ကြားခံခဲ့ကြသည်။ အရင်က သူတို့အားလုံးကို TV တွင် ဇောင်ယုဟွမ် မြင်ဖူးခဲ့ပြီး သူတို့ရဲ့ နာမည်တွေကို သိနေခဲ့သည်။

နောက်ဆုံး‌ေပါ် မျက်ခုံး၊ ကိုရီးယားစတိုင် ဖြောင့်တန်းနေတဲ့ နှာခေါင်း၊ ဘဲဉပုံစံ မျက်နှာ၊ မေးစေ့ချွန်တို့နဲ့ သူမမျက်လုံးမှ မျက်တောင်တေွက သူမကို ချစ်ဖို့ကောင်းပြီး ကျက်သရေရှိစေပေမဲ့ ထိုအချက်တွေက ခွဲစိတ်ထားမှန်းတော့ သိသာသည်။

သူမလည်း သာမာန်လူတစ်ယောက်ဆုိတာ ဇောင်ယုဟွမ် ခန့်မှန်းမိသည်။ ထိုအတိုင်းပင် တစ်ဝက်‌ေလာက်က ပုံမှန်လူတွေဖြစ်သည်။

Boy, oh boy!

ဇောင်ယုဟွမ် မညည်းညူပဲ မနေနိုင်ပေ။ကောမိုင်၊ ဝမ်ယွန်ချန်း၊ ဂူယူလင်း နဲ့ လီဂျင်းယွမ် တို့ကအရင်ဆုံး သူတို့ဘာသာ မိတ်ဆက်ခဲ့ကြသည်။

“အားလုံးမင်္ဂလာပါ၊ ငါက ယွဲ့လီကုမ္ပဏီနဲ့ စာချုပ်ချုပ်ထားတဲ့ ယင်ချီချီ ပါ” ဘဲဉပုံစံ မျက်နှာနှင့်သူက ပြောလိုက်သည်။ ယင်ချီချီ သည်နာမည်ကြီး သရုပ်ဆောင်တွေရှေ့တွင် နည်းနည်းလေးတောင် ကြောက်ရွံ့ပုံ မပေါ်ပေ။ ဒါတောင် သူမရဲ့စိတ်ကို အနည်းငယ်သာ ထုတ်ဖော်ထားြခင်းပင်။ သူမထက် လင်းဇီလန် ကတောင် ပိုပြီး အဆင်သင့် ဖြစ်နေသည်။

လင်းဇီလန် ရောက်လာချိန်တွင် သူမက ပိုအဆင်သင့် ဖြစ်‌ေနခဲ့သည်။ အလှဆင်ရန် ရည်ရွယ်ထားခြင်း မရှိဘဲ သူမက ပြောလိုက်သည်။ “မင်္ဂလာပါ၊ ကျွန်မက ဒွန်ရဲ့တီဗီ ရဲ့မာစတာ ချန်နယ်နဲ့ စာချုပ်ချုပ်ထားတဲ့ လင်းလန် ပါ”

သေချာတာပေါ့၊ သူမက ပါရမီရှင် ရှိုးပွဲတွင် ရှုံးနိမ့်သွားပြီးနောက် သူမသည် အင်တာနက်တွင် လွှမ်းမိုးလာပြီး သူမနာမည်ကို ဖန်တီးလာနိုင်ခဲ့သည်။ သူမ နာမည်ကိုပင် လင်းဇီလန် မှ လင်းလန် အဖြစ် ပြောင်းလိုက်သည်။ သူမနာမည်အသစ်က မူလနာမည်ထက် အများကြီး ပိုခေတ်မီသည်။

နောက်ဆုံးတော့ လူတိုင်းက ဇောင်ယုဟွမ် ကိုကြည့်လိုက်ကြသည်။

ဇောင်ယုဟွမ် ကအနည်းငယ် ပြုံးလိုက်ပြီး ပြောလိုက်သည်။ “အားလုံးမင်္ဂလာပါ။ ကျွန်မက ဇောင်ယုဟွမ် ပါ”

အချိန်အနည်းငယ်ကတည်းက ကောမိုင်၊ ဂူယူလင်း နဲ့တခြားသူတွေက ဇောင်ယုဟွမ် ကိုသတိထားမိခဲ့ကြသည်။ ဇောင်ယုဟွမ် ဆီမှ ထွက်လာသော စိတ်သဘောထားသည် အရမ်းကို ထူးခြားသည်။ သူတို့ကို တစ်ချိန်တည်းမှာ ရင်းနှီးပြီး ထူးဆန်းမှု နှစ်ခုလုံးကို ခံစားမိစေသည်။

သူမအကြောင်းကို သူတို့က အရမ်းသိချင်‌ေနကြသည်။ ထိုအထဲတွင် ယင်ချီချီ လည်းပါသည်။ ဇောင်ယုဟွမ် ကမိတ်ဆက်ပြီးသည်နှင့် ယင်ချီချီ ကအရင်ဆုံး မေးလိုက်သည်။ “ဇောင်ကျဲကျဲ၊ ဘာလုပ်လဲ?”

(ကျဲကျဲ – အစ်မ)

ရယ်စရာဖြစ်နေတာကို ဇောင်ယုဟွမ် တွေးမိလိုက်သည်။

ယင်ချီချီ ကသူမထက် အသက်ပိုကြီးတာ သိသာသည်။ သူမကို ‘ကျဲကျဲ’လို့ ခေါ်တယ်လား? သို့သော် ဇောင်ယုဟွမ် ကအမှန်ပြင်ပေးခြင်း မရှိပေ။ ဘာပဲဖြစ်ဖြစ် “အစ်မကြီး” ဖြစ်တာက ပိုကောင်းတယ် မဟုတ်လား?

ဇောင်ယုဟွမ် ကပြုံးကာ ပြောလိုကိသည်။ “အို၊ သိပ်မများပါဘူး။ ဟိုဟိုဒီဒီလောက်ပါပဲ”

သူမက ရိုးရိုးရှင်းရှင်း‌ေလး ပြောလိုက်‌ေပမဲ့ တချို့သူတွေကတော့ ဒုတိယ ခန့်မှန်းတွက်ချက်မှုကို စတင်ခဲ့ပြီး သူမပြောချင်တာထက် တခြားအရာတွေ ပိုရှိမယ်လို့ ‌ေတွးနေကြသည်။ တစ်ချိန်တည်းပင် သူမ မပြောတာက သူမက သာမာန်မိသားစု၊ သာမာန်အလုပ်က ဖြစ်ပေမဲ့ သူမက ချောမောတာကြောင့် ခေါ်ယူခဲ့တာလို့ တွေးမိနေကြသည်။

“ကျွန်မတို့ အရင်ဆုံး သွားစားသင့်လား၊ အနားယူသင့်လား?” ယင်ချီချီ မေးလိုက်သည်။ ရုတ်တရက် ရိုက်ကူးရေးမှ တစ်ယောက်က ဖြတ်ကာ ဝင်ပြောလိုက်သည်။ “ခနလေး၊ ဧည့်သည့် တစ်ယောက်လာဖို့ ကျန်သေးတယ်”

“ထပ်ပြီးလား?” ကောမိုင် ကအံ့ဩသံ ထွက်သွားခဲ့သည်။

ယင်ချီချီ လည်းသိချင်နေပုံပေါ်သည်။ “ဘယ်သူလဲ?”

သူတို့ပြောနေကြစဉ် ဟိုတယ် အရှေ့တံခါးက ပွင့်လိုက်ပြီး ကုတ်အင်္ကျီဝတ်ကာ ဝင်လာသည့် လူငယ်လေး တစ်ယောက်က ဝင်လာခဲ့သည်။ ခရီးဆောင်အိတ်ကို အနောက်မှဆွဲပြီး သူ့ခရီးစဉ်မှ ပင်ပန်းနေပုံပေါက်သည်။ လူတိုင်းက သူ့ဆီကို ကြည့်လိုက်ကြသည်။

ယင်ချီချီ ကကျယ်လောင်စွာ ပြောလိုက်သည်။ “အိုး! သူ့ကို ကျွန်မ သိတယ်! … ရှာဖွေမှု ရလဒ်မှာ ထိပ်ဆုံးဖြစ်နေတာကို ကျွန်မ မြင်ဖူးတယ်။ သူက အဲ့အရမ်းငယ်ပြီး အရမ်းခန့်ညားတဲ့ CEO မဟုတ်ဘူးလား?”

သူမ စကားပြောနေ‌ေပမဲ့ ဘယ်သူကမှ ပြန်မပြောကြပေ။

ဟုန်ချန်းမင်း ကသူ့ခရီးဆောင်အိတ်ကို အတွင်းရေးမှူးကို ပေးလိုက်ပြီး လျင်မြန်စွာ လျှောက်သွားလိုက်သည်။ “ဟွမ်ဟွမ်”

ဇောင်ယုဟွမ် : “???”

အင်း… ဒါက မိသားစု/ မောင်နှမအချင်းချင်း ချစ်ခင်ကြတာကို ပြမဲ့ရှိုးပွဲအဖြစ် ပြောင်းလဲသွားတာလား?

13.10.2020 (Tue)
…………………………

<Zawgyi>

ရႈိးပြဲသို႔

Group chat ဖြင့္ၿပီးေနာက္ ေဇာင္ယုဟြမ္ ကဖုန္းကို ေဘးဖယ္ထားလိုက္ၿပီး ထပ္မၾကည့္‌ေတာ့‌ေပ။ တူကို ေကာက္ယူလိုက္ၿပီး သူမေရွ႕မွ ခ်ိဳၿမိန္ဖြယ္ အစားအစာေတြကို စားလိုက္သည္။

ရန္ဆန္း ရဲ႕အစ္မသည္ group chat ကေနလ်င္ျမန္စြာျဖင့္ လီဂ်င္းယြမ္ ကိုစကားေျပာလာခဲ့သည္။ အစ္မရန္ စေျပာသည့္ စကားကေတာ့ ရင္းႏွီးေဖာ္ေ႐ြသည့္ စကားျဖစ္သည္။

[ရန္ဆန္း လုပ္ခဲ့တာကို အစ္မ မသိခဲ့ဘူး၊ အစ္မတို႔က ရႈိးပြဲမွာ လီဂ်င္းယြမ္ တစ္ေယာက္တည္းကိုပဲ မဖိတ္ခ်င္ခဲ့ဘူး။ လီဂ်င္းယြမ္ နဲ႔အတူ ေဇာင္ယုဟြမ္ ကိုလည္း ဖိတ္ခ်င္ခဲ့တာ။ ရႈိးပြဲမွာ ေဖ်ာ္ေျဖေရးက လူေတြထက္ တျခားအပိုင္းက လူေတြပါ ဖိတ္ေခၚဖို႔ စီစဥ္ထားခဲ့တယ္]

အစ္မရန္သည္ ရွည္လ်ားေသာ စာကိုပို႔လိုက္ေပမဲ့ လီဂ်င္းယြမ္ ကေတာ့ အေၾကာင္းအရာတစ္ခုလုံးကို ၿပီးေအာင္ မဖတ္ႏိုင္‌ေပ။

ေဇာင္ယုဟြမ္ တင္ထားသည့္ပုံကို အခ်ိန္အနည္းငယ္ စိုက္ၾကည့္လိုက္ၿပီး ျပန္ေျဖလိုက္သည္။ [အဲ့လို အႀကံဉာဏ္မ်ိဳးကို ကြၽန္ေတာ္ သေဘာက်တယ္။ အဲ့ဒါက စိတ္ဝင္စားဖို႔ ေကာင္းလိမ့္မယ္]

အျခားတစ္ဖက္မွ စာ႐ိုက္ေနတာက အခ်ိန္အနည္းငယ္ ရပ္သြားသည္။ ထို႔ေနာက္ ျပန္ပို႔လာခဲ့သည္။ [ေက်းဇူးအမ်ားႀကီးတင္ပါတယ္! လီဂ်င္းယြမ္ နဲ႔ ေဇာင္ယုဟြမ္ တို႔ဆီကို အနီေရာင္ လက္ေဆာင္ႀကီးေတြႀကိ ပို႔ေပးလိုက္မယ္! ေက်းဇူးတင္ပါတယ္၊ ေက်းဇူးတင္ပါတယ္!]

လီဂ်င္းယြမ္ နဲ႔အစ္မရန္ တို႔စကားေျပာတာ အနည္းငယ္ ၾကာၿပီးေနာက္ သူ႔ဖုန္းအား ေဘးကိုခ်လိုက္သည္။ ရန္ဆန္း အစ္မနဲ႔ စကားေျပာတာ ၿပီးသြားၿပီးေနာက္ ေဇာင္ယုဟြမ္ ေမာ့ၾကည့္လိုက္ၿပီး သူ႔ကိုေမးလိုက္သည္။ “ဘယ္လိုလဲ?”

လီဂ်င္းယြမ္ ကသူလုပ္ေနတာေတြကို ရပ္လိုက္ၿပီး ေျပာလိုက္သည္။ “ေကာင္းပါတယ္”

“ေကာင္းတယ္။ ဒါေပမဲ့ သူတို႔ရဲ႕ ဖိတ္ၾကားခ်က္ေတြကို ဂ်င္းယြမ္ စိတ္မဝင္စားရင္ လက္မခံနဲ႔”

“ဘယ္ဟုတ္မလဲ။ ဒါက တကယ္‌ေကာင္းတဲ့ ရႈိးပြဲတစ္ခုပါ” လီဂ်င္းယြမ္ ေျပာလိုက္သည္။ ဒါကို ေဇာင္ယုဟြမ္ ရဲ႕မ်က္ႏွာေထာက္ၿပီး သူလုပ္ေနတာ ျဖစ္သည္။ ဒါက ေဇာင္ယုဟြမ္ ေျပာတာနဲ႔ နည္းနည္းေတာ့ ကြာျခားေနသည္။

တစ္ဖက္တြင္ ဟုန္ခ်န္းမင္း ကတိတ္ဆိတ္စြာ စားေသာက္ေနရင္း ႐ုတ္တရက္ႀကီး အထီးက်န္ဆန္မႈကို ခံစားလိုက္ရသည္။ ဟုန္ခ်န္းမင္း နဲ႔စကားအနည္းငယ္ ေျပာၿပီးေနာက္ အခုေတာ့ ေဇာင္ယုဟြမ္ က လီဂ်င္းယြမ္ နဲ႔အတူ သူ႔ရဲ႕ႏိုင္ငံျခား ခရီးစဥ္အေၾကာင္းကို ေျပာေနခဲ့သည္။

လီဂ်င္းယြမ္ ကၿပဳံးကာ ေျပာလိုက္သည္။ “ဗီြဒီယိုကို ဟြမ္ဟြမ္ ၾကည့္ၿပီးၿပီ မလား? အဲ့ဒါကို ျပန္ေျပာျပဖို႔ကို‌ေတာင္ အေတာ္ေလး ရွက္မိတယ္”

“လူကိုယ္တိုင္ ေျပာတာက ဗြီဒီယို ၾကည့္‌ေနတာနဲ႔ လုံးဝမတူဘူး”

“ေကာင္းၿပီ၊ သိပ္မမ်ားဘူး…” ထိုစကားကို ေျပာလိုက္ရင္း လီဂ်င္းယြမ္ ကရႈိးပြဲမွ အေသးစိတ္ အခ်က္အလက္ေတြအား ေဇာင္ယုဟြမ္ ကိုေျပာလိုက္သည္။ အစာအိမ္နာလာသလို ဟုန္ခ်န္းမင္း ခံစားလိုက္ရသည္။

လီဂ်င္းယြမ္ ရဲ႕ပုံျပင္ႏွင့္ယွဥ္ရင္ အေစာပိုင္းက သူေျပာျပတဲ့ အရာေတြက ေျခာက္ကပ္ၿပီး ၿငီးေငြ႕ဖြယ္‌ေကာင္းသည္ဟု ခံစားလိုက္ရသည္။ အဲ့ဒါက သူက စာေပသင္ခန္းစာေတြမွာ ညံ့ဖ်င္းတာေၾကာင့္လား?

သူတို႔သည္ တစ္ခ်ိန္တည္းမွာ စားရင္းေသာက္ရင္းနဲ႔ စကားေျပာခဲ့ၾကသည္။ ေနာက္သုံးနာရီေလာက္ အၾကာတြင္ ဟင္းလ်ာတစ္ဝက္‌ေလာက္ ရွင္းလင္းသြားခဲ့သည္။ ေဇာင္ယုဟြမ္ တြင္အခ်ိန္ေကာင္း ရွိသည္။ သူမက ဘယ္ညာကို ၾကည့္လိုက္ၿပီး လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔လည္း ေပ်ာ္႐ႊင္ေနတာကို ေတြ႕လိုက္တာေၾကာင့္ ပိုက္ဆံအိတ္ကိုဆြဲၿပီး သူတို႔နဲ႔အတူ အျပင္ကို ထြက္လိုက္သည္။

ေဝ့က်ဲ ႏွင့္အဖြဲ႕သားေတြက စားေသာက္ၿပီးတာေၾကာင့္ သူတို႔ဘာသာ ျပန္သြားၾကၿပီျဖစ္သည္။ လီဂ်င္းယြမ္ က ေဇာင္ယုဟြမ္ နဲ႔အတူ အိမ္ေတာ္ကို ျပန္လာခဲ့သည္။

အိမ္‌ေတာ္တြင္ တစ္ညတည္းခိုၿပီးေနာက္ ေနာက္တစ္ေန႔တြင္ လီဂ်င္းယြမ္ သည္သူႏွင့္အတူ စာခ်ဳပ္ကို ယူသြားခဲ့သည္။ ဟုန္ခ်န္းမင္း လည္းပုံမွန္အတိုင္း အလုပ္ကို ျပန္လာခဲ့သည္။

တစ္ဖက္တြင္ ရန္ဆန္း သည္ သူ႔အစ္မနဲ႔ စကားေျပာေနဆဲ ျဖစ္သည္။ “တကယ္၊ အစ္မ၊ ကြၽန္ေတာ္ အေလးအနက္ ေျပာတာ။ ဟုန္ခ်န္းမင္း လည္းအရမ္းစိတ္ဝင္စားဖို႔‌ေကာင္းတယ္။ သူတို႔သုံးေယာက္ အတူတူဆိုရင္ ပိုၿပီးေတာင္ စိတ္ဝင္စားဖို႔ ေကာင္းေသးတယ္။ ေနာက္ၿပီး ဟုန္ခ်န္းမင္း ကအာ႐ုံစူးစိုက္မႈ အမ်ားႀကီး ရလိမ့္မယ္။ မၾကာခင္က သူတို႔သုံးေယာက္လုံး ရွာေဖြမႈမွာ ထိပ္ဆုံးျဖစ္ခဲ့တာကို မွတ္မိလား? သူတို႔ေတြက သ႐ုပ္ေဆာင္ေတြထက္ေတာင္ ပိုၿပီးဆြဲေဆာင္မႈရွိတယ္”

သူ႔စကား‌ေတြက သူမေခါင္းထဲတြင္ အႀကံဉာဏ္မ်ားစြာ ထြက္လာေစသည္။ တျခားအရာေတြကို စိတ္ထဲမထားပဲ ဟုန္ခ်န္းမင္း ကထိပ္တန္းစာရင္းတြင္ ပါဝင္ခဲ့တာေၾကာင့္ သူက တကယ့္ဘဝမွာ ငယ္႐ြယ္ၿပီး ခန႔္ညားသည့္ လႊမ္းမိုးခ်ဳပ္ကိုင္ႏိုင္သည့္ CEO ေသခ်ာေပါက္ ျဖစ္လိမ့္မယ္!

သူက ဆြဲေဆာင္မႈရွိတာေၾကာင့္ ဖန္အမ်ားႀကီး ရွိလိမ့္မယ္!

ဒီလိုမ်ိဳး တစ္ေယာက္ေယာက္က စာအုပ္ထဲက ထြက္လာမယ္လို႔ ဘယ္သူက ထင္ခဲ့မွာလဲ?

ဒီအခ်က္ေၾကာင့္ ရႈိးပြဲကို လူအမ်ားအျပားက စိတ္ဝင္စားၾကမွာ အေသအခ်ာပဲ!

အစ္မရန္သည္ ခ်က္ခ်င္းပင္ သူမဝန္ထမ္းအား ဟုန္ခ်န္းမင္း ဆီဆက္သြယ္ရန္ ေျပာလိုက္သည္။ သူတို႔က စာခ်ဳပ္ကို ပို႔ေဆာင္ရန္ သြားခဲ့ၾကေပမဲ့ ဟုန္ခ်န္းမင္း ရဲ႕အတြင္းေရးမႉးက ေန႔တိုင္း စာခ်ဳပ္ေပါင္းမ်ားစြာကို လက္ခံခဲ့သည္။ ဒီလိုစာခ်ဳပ္မ်ိဳးက အျမင္တစ္ခုသာ ျဖစ္ၿပီး ဟုန္ခ်န္းမင္း ဆီသို႔ ေရာက္လိမ့္မည္ မဟုတ္ေပ။

ထိုအခ်က္ကို ရန္ကုမၸဏီမွလူ‌ေတြက မသိခဲ့ၾကေပ။ သူတို႔က စာခ်ဳပ္အား အေသအခ်ာ ဟုန္ခ်န္းမင္း ဆီကို ပို႔ခဲ့ၾကသည္။ သူတုန္႔ျပန္မဲ့အခ်ိန္ကိုသာ ေစာင့္ေနခဲ့ၾကသည္။

တစ္ဖက္တြင္ လီဂ်င္းယြမ္ က ေဇာင္ယုဟြမ္ အားဖုန္းေခၚလိုက္ၿပီး ရႈိးပြဲအစီအစဥ္တြင္ ပါဝင္ရန္ ေတာင္းဆိုခဲ့သည္။ ေဇာင္ယုဟြမ္ ကထိုအေၾကာင္းအား သိပ္ဂ႐ုမစိုက္ပဲ သေဘာတူလိုက္သည္။ တျခားသူေတြကေတာ့ ေငြေၾကးအတြက္ ဂ႐ုစိုက္ခ်င္ စိုက္လိမ့္မည္။ သို႔ေသာ္ သူမေတာ့ မပါေပ။

သူမ တစ္ဘဝလံုးအတြက္ ေငြအလုံအေလာက္ ရွိသည္။ ဇာတ္လိုက္မက သူမကို မေႏွာင့္ယွက္သ၍ အရာအားလုံးက ၿပီးျပည့္စုံ‌ေနလိမ့္မည္။ ရႈိးပြဲတြင္ ပါဝင္ျခင္းက သူမအတြက္ ‌အေတြ႕အႀကဳံတစ္ခုသာ ျဖစ္သည္။

လီဂ်င္းယြမ္ ရဲ႕လက္ရွိ ရႈိးပြဲမၿပီးခင္ TV ရႈိးပြဲအတြက္ ျပင္ဆင္ျခင္းက စတင္ခဲ့သည္။ အဆုံးသတ္အေနျဖင့္ အရည္အခ်င္း ရႈိးပြဲၿပီးေနာက္ ထို TV ရႈိးပြဲသည္ အေကာင္းဆုံးျဖစ္သည္။ ထိုနည္းလမ္းျဖင့္ သူတို႔သည္ လူႀကိဳက္မ်ားေသာ လႈိင္းကို စီးႏိုင္ခဲ့ၾကသည္။

ရန္ကုမၸဏီက ဟုန္ခ်န္းမင္း ဆီမွ တုန႔္ျပန္ခ်က္ကို မရခဲ့‌ေပ။ တျခားေ႐ြးခ်ယ္စရာ နည္းလမ္းမရွိေသာေၾကာင့္ သူတို႔သည္ အျခားကိုယ္စားလွယ္ေလာင္းမ်ားကို စတင္စဥ္းစားလာခဲ့ၾကသည္။ သို႔ေသာ္ ငယ္႐ြယ္၊ ခ်မ္းသာၿပီး ခန႔္ညားသည့္ ရႈေထာင့္မွ ၾကည့္လွ်င္ ေ႐ြးခ်ယ္စရာမ်ားစြာမရွိေပ။

ထိုအခ်က္ေၾကာင့္ ရန္ကုမၸဏီသည္ အေတာ္ေလး အခက္ေတြ႕ေနခဲ့ၾကသည္။

*****

စေန၊ တနဂၤေႏြက အလ်င္အျမန္ ေရာက္လာခဲ့ၿပီး ဟုန္ခ်န္းမင္း သည္ခရီးမွ အိမ္‌ေတာ္သို႔ ျပန္လာခဲ့သည္။ ေဇာင္ယုဟြမ္ ေဘးတြင္ အိမ္ေဖာ္ေတြက ဝိုင္းေနကာ သူမက ၫႊန္ၾကားေနတာကုိ ေတြ႕လိုက္ရသည္။

ဟုန္ခ်န္းမင္း ရပ္ကာ ေမးလိုက္သည္။ “ဘာျဖစ္လို႔လဲ? မင္း တစ္ေနရာရာကို ေျပာင္းေနတာလား?”

“မဟုတ္ဘူး။ မေျပာင္းဘူး။ ဒါေပမဲ့ ဒီမွာ အခ်ိန္နည္းနည္းေလာက္ေတာ့ ရွိမွာမဟုတ္ဘူး” ေဇာင္ယုဟြမ္ ကေခါင္းခါၿပီး ေျပာလိုက္သည္။

“မင္းဘယ္သြားမလို႔လဲ?”

“ထိုင္း”

“ေပ်ာ္ဖို႔လား?” စိတ္ရႈပ္ေထြးစြာျဖင့္ ဟုန္ခ်န္းမင္း ေမးလိုက္သည္။ လြန္ခဲ့ေသာ တစ္ႏွစ္ေလာက္က အဲ့‌ေနရာက ေပ်ာ္စရာ‌မေကာင္းေၾကာင္း သူမ ေျပာခဲ့တာကို သူမွတ္မိေနေသးသည္။

ေဇာင္ယုဟြမ္ ကဆိုဖာေပၚတြင္ ထိုင္လိုက္ရင္း ပ်င္းရိေနသည့္ အသံျဖင့္ ေျပာလိုက္သည္။ “အတိအက်ေတာ့ မဟုတ္ဘူး။ အဲ့ေနရာကိုသြားတာက ႐ိုက္ကူးဖို႔အတြက္”

“႐ိုက္ကူးေရး?” ဒီေန႔တြင္ ဟုန္ခ်န္းမင္း သည္ဂိမ္းထိပ္ဆံုးတြင္ မဟုတ္ပါ။

“အင္း”

ေနာက္ဆုံးေတာ့ သူမ‌ ေျပာခဲ့တာေတြကို ေပါင္းစပ္လိုက္သည္။ “ဘာေၾကာင့္… ဘာေၾကာင့္ ႐ုတ္တရက္ႀကီး ႐ိုက္ကူးေရးလဲ?”

“အိုး၊ အဲ့ဒါက ေနာက္ဆုံးအႀကိမ္တုန္းက လီဂ်င္းယြမ္ ကိုေပးခဲ့တဲ့ စာခ်ဳပ္က။ TV ရႈိးပြဲေလ။ အဲ့ေနရာမွာ သာမာန္လူေတြကိုလဲ သူတို႔က ဖိတ္ခ်င္ခဲ့ၾကတာ။ ရန္ဆန္း က ဟြမ္ဟြမ့္ ကိုေတာင္းဆိုခဲ့လို႔ ဟြမ္ဟြမ္ လည္းအေရးႀကီးတာ လုပ္စရာမရွိတာနဲ႔ လက္ခံလိုက္တာ”

ေနာက္ဆုံးအခ်ိန္က စာခ်ဳပ္!

TV show!

ဟြမ္ဟြမ္ သာအဲ့ရႈိးပြဲကို သြားရင္ လီရဂ်င္းယြမ္ နဲ႔ႏွစ္ေယာက္တည္း ခရီးအတူတူ သြားရတာ မဟုတ္ဘူးလား?

ဟုန္ခ်န္းမင္း သည္သူထိုးႏွက္ခံလိုက္သလို ခံစားလိုက္ရသည္။

“အိုး … အဲ့လိုလား … ” အသံနိမ့္ျဖင့္ ေျပာလိုက္သည္။

ထိုသို႔ေျပာလိုက္ၿပီး သူစိတ္မေကာင္း ျဖစ္ေနပုံ‌ေပၚ‌ေနသည္။ ‘အို၊ အဲ့ဒါေကာင္းတယ္!’လို႔ ေျပာၿပီး အားေပးႏိုင္စြမ္း မရွိေပ။ ထိုအေၾကာင္းကို မေျပာျပတဲ့အတြက္ေၾကာင့္ စိတ္ထဲတြင္ လီဂ်င္းယြမ္ ကိုအႀကိမ္တစ္ရာေလာက္ သတ္ပစ္လိုက္သည္။

ေဇာင္ယုဟြမ္ ကသူမေဘးကို ပုတ္ျပလိုက္ၿပီး ေျပာလိုက္သည္။ “ဒီေန႔ ပင္ပန္းလား? စကားေျပာခ်င္လား?”

ဟုန္ခ်န္းမင္း ကသူမအနားကို ေလွ်ာက္သြားလိုက္သည္။ ဆိုဖာဆီကို ေလွ်ာက္ေနခ်ိန္မွာ သူ‌့ေျခေတြ လက္ေတြက မခိုင္ေတာ့သလို ခံစားလိုက္ရသည္။

ဆိုဖာတြင္ ဝင္ထိုင္လိုက္ၿပီး ေမးလိုက္သည္။ “… အဲ့ရႈိးပြဲမွာ သူတို႔က ဘယ္လိုသာမာန္လူ‌ေတြကို ဖိတ္တာလဲ?”

“အမ္? ဟြမ္ဟြမ္ မသိဘူး၊ မေမးလိုက္မိဘူး” ထိုကိစၥအား ေဇာင္ယုဟြမ္ ကအေလးအနက္ မထားခဲ့ေပ။ ရင္းႏွီးသည့္ အေျခအေနကိုသာ သူမ စဥ္းစားခဲ့သည္။ ရႈိးပြဲသြားပုံ၊ တျခားသူေတြ ဘယ္လိုလုပ္ကိုင္မလဲ၊ စတာေတြကို သူမ စိတ္မဝင္စားခဲ့ေပ။

ဟုန္ခ်န္းမင္း : “အို”

ေဇာင္ယုဟြမ္ ထုပ္ပိုးတာ သိပ္မၾကာခဲ့‌ေပ။

အိမ္ေရွ႕တံခါးမွ စုထားသည့္ ခရီးေဆာင္အိတ္ကို ၾကည့္လိုက္ၿပီး သူ႔ႏွလုံးသားမွ တစ္ခုခု ေပ်ာက္ဆုံးသြားသလို ခံစားလိုက္ရသည္။

အရင္က သူမအတြက္ အထုပ္အပိုးကို သူနဲ႔ လီဂ်င္းယြမ္ တို႔က ထုပ္ပိုးေပးခဲ့ၾကသည္။ အခုေတာ့ ဒီတာဝန္ကို တျခားတစ္ေယာက္က လႊဲေျပာင္းယူလိုက္သည္။ စိတ္သက္သာ‌ေစမဲ့အစား သူ႔စိတ္ထဲတြင္ တစ္ခုခု ေပ်ာက္ဆုံးသြားသလို ဟုန္ခ်န္းမင္း ပိုၿပီးစိတ္ပ်က္ အားေလ်ာ့သြားခဲ့သည္။ ေဇာင္ယုဟြမ္ ကသူ႔ကို သိပ္မလိုအပ္ေတာ့သလို ခံစားလိုက္ရသည္။

႐ူးသြပ္သည့္ အႀကံက ဟုန္ခ်န္းမင္း ေခါင္းထဲကို ေရာက္လာခဲ့သည္။ သူ႔ႏႈတ္ခမ္းကို လွ်ာနဲ႔သပ္လိုက္ၿပီး စိတ္ပ်က္စရာမ်ားကို ဖယ္ရွားရန္ ႀကိဳးစားလိုက္သည္။ ေဇာင္ယုဟြမ္ ကိုၿပဳံးျပလိုက္ၿပီး ေျပာလိုက္သည္။ “ကိုယ့္မွာ လုပ္စရာ အလုပ္ေတြ ရွိေသးတာကို အခုမွ သတိရတယ္။ ကိုယ့္ကို အလုပ္ အရင္သြားလုပ္ခြင့္ေပးဦး။ အဲ့ဒါၿပီးရင္ အတူတူ ညစာစားၿပီး ထိုင္းကို လိုက္ပို႔ေပးမယ္”

ေဇာင္ယုဟြမ္ ေခါင္းညိတ္လိုက္သည္။ “အိုေက၊ သတိထားေမာင္းပါ”

ဟုန္ခ်န္းမင္း ကထို‌ေနရာတြင္ ၾကာၾကာမေနေတာ့ပဲ ျပန္လွည့္သြားခဲ့သည္။ ေဇာင္ယုဟြမ္ ကတျဖည္းျဖည္း လွဲခ်လိုက္ၿပီး ဆိုဖာတြင္ လွဲလိုက္ကာ သူမဖုန္းကိုထုတ္ကာ ဂိမ္းကစားလိုက္သည္။ မၾကာခင္တြင္ ၿမိဳ႕ေတာ္ကေန ထြက္ရမွာကို ေတြးလိုက္ၿပီး ထိုညတြင္ ညစာစားရန္ အဖိုးဒင္အား ဖုန္းေခၚလိုက္သည္။

ဟုန္ခ်န္းမင္း သည္သူ႔႐ုံးခန္းကို ျပန္ေရာက္ေသာအခါ သူ႔အတြင္းေရးမႉးအား ရန္ကုမၸဏီကို ခ်က္ခ်င္း ဆက္သြယ္ခိုင္းလိုက္သည္။ အတြင္းေရးမႉးက ရန္ကုမၸဏီရဲ႕ အေနအထကို ၾကည့္လိုက္ကာ မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး ေျပာလိုက္သည္။ “… ဒီကုမၸဏီနဲ႔ အလုပ္လုပ္ဖို႔ ကိစၥရွိေနလို႔လား?”

အတြင္းေရးမႉးက စိတ္ရႈပ္ေထြးစြာျဖင့္ ေရ႐ြတ္လိုက္သည္။ ရန္ကုမၸဏီက မီဒီယာ ေအဂ်င္စီျဖစ္ၿပီး သူတို႔ ကိုယ္ပိုင္ကုမၸဏီသည္ စက္မႈဇံု ဧရိယာတြင္ တည္ရွိသည္။ သူတို႔ ကုမၸဏီ ႏွစ္ခုက ဆက္စပ္လို႔ရပုံမေပၚေပ။ ေနာက္ၿပီး အတူတူ လုပ္ကိုင္ဖို႔ အလုပ္ရွိတာ ဘယ္လိုလုပ္ ျဖစ္ႏိုင္မွာလဲ? အရင္က သူတို႔က သ႐ုပ္ေဆာင္ တစ္ေယာက္ကိုပဲ ငွားရမ္းလာခဲ့တာေလ?

ေနာက္ၿပီး … မျဖစ္ႏိုင္ဘူး၊ အဲ့ဒါက ဘယ္လိုမွ မျဖစ္ႏိုင္ဘူး။ သို႔ေသာ္ သူတို႔နာမည္ေတြက အရမ္းတူေနတယ္လို႔ အတြင္းေရးမႉး ခံစားလိုက္ရသည္။

“ခနေလး။ စာ႐ြက္စာတမ္းေတြကို အတြင္းေရးမႉး ဌာနမွာ တစ္ခ်က္သြားစစ္ၾကည့္လိုက္မယ္”

“အင္း” ဟုန္ခ်န္းမင္း ေျပာလိုက္သည္။

၁၀ မိနစ္ခန႔္အၾကာတြင္ အတြင္းေရးမႉးသည္ စာခ်ဳပ္ကိုကိုင္ကာ ျပန္လာခဲ့သည္။

“ဒီစာခ်ဳပ္ကို သူတို႔ပို႔လိုက္တဲ့ အခ်ိန္တုန္းက သူေဌးက အစည္းအေဝးတတ္ေနခဲ့လို႔ ဒါေတြကို အတြင္းေရးမႉး ဌာနကို ပို႔လိုက္တာ။ သူတို႔က စာခ်ဳပ္ကို ပို႔လိုက္ၿပီးကတည္းက ရန္ကုမၸဏီက ေနာက္ထပ္ၿပီး မဆက္သြယ္ခဲ့ဘူး။ အဲ့ဒါေၾကာင့္ သူတို႔အစီစဥ္က မလုပ္ေတာ့ဘူးထင္လို႔ သူေဌးဆီမပို႔‌ေတာ့တာ…” ျဖစ္ပ်က္ခဲ့တာေတြကို အတြင္းေရးမႉးက ဆက္ၿပီး ရွင္းျပခဲ့သည္။

ဟုန္ခ်န္းမင္း ကေတာ့ သူမစကားကို နားမေထာင္ေတာ့ေပ။ စာခ်ဳပ္ကို ဖြင့္လိုက္ၿပီး “အခ်ိန္ခရီးသြား ပေရာဂ်က္”ဆိုၿပီး ကာဗာကို ျမင္လိုက္ရသည္။ ဒါက သူရွာေနတဲ့ စာခ်ဳပ္ပဲ…

ဟုန္ခ်န္းမင္း ကဆက္သြယ္ရန္ ဖုန္းနံပါတ္ဆီကို ခ်က္ခ်င္း လွန္လိုက္ၿပီး နံပါတ္ကို ေခၚလိုက္သည္။

ရန္ကုမၸဏီက ရန္ဆန္း ရဲ႕သူငယ္ခ်င္းျဖစ္သည့္ တျခားဒုတိယ ခ်မ္းသာသည့္ မ်ိဳးဆက္ကိုလည္း ဆက္သြယ္ခဲ့သည္။ သို႔ေသာ္ သူတို႔က တျခားသူအား ညိွႏႈိင္းမဆက္သြယ္ခင္ ဟုန္ခ်န္းမင္း ဆီမွဆက္သြယ္ခ်က္ကို ရရွိခဲ့သည္။

ရန္ဆန္း ရဲ႕အစ္မသည္ သူမဆံပင္ေတြကို ဆြဲႏႈတ္ပစ္ခ်င္သြားခဲ့သည္။ ရန္ဆန္း ရဲ႕မိုက္မဲသည့္ စိတ္ကူးကို သူမ မယုံၾကည္ခဲ့သင့္ဘူး။ ဟုန္ခ်န္းမင္း ဆီမွ ဖုန္းမဝင္လာခင္ စိတ္တိုစြာျဖင့္ ခုံကိုထုလိုက္သည္။

“ဒီရႈိးပြဲပ်က္ရင္ ငါ့ေခါင္းလဲ ျပဳတ္လိမ့္မယ္! ဒါက ပိုေကာင္းတဲ့ အာ႐ုံျဖစ္လာဖို႔ပဲ!

ဟုန္ခ်န္းမင္း သည္ထုတ္လုပ္မႈအဖြဲ႕ႏွင့္စာခ်ဳပ္ကို လ်င္ျမန္စြာ လက္မွတ္ထိုးခဲ့သည္။ ထိုအေၾကာင္းကို ခဏစဥ္းစားလိုက္ၿပီး ေဇာင္ယုဟြမ္ အားမေျပာဖို႔ ဆုံးျဖတ္လိုက္သည္။ သူမကို ဖုန္းေခၚလိုက္ၿပီး ႏိုင္ငံျခားသို႔ ပလာပ္ကိစၥနဲ႔ ခရီးသြားရမယ္လို႔သာ ေျပာလိုက္သည္။ ထို႔ေနာက္ ထုတ္လုပ္မႈအဖြဲ႕ရဲ႕ ခရီးစဥ္ႏွင့္အတူ သူသည္ တျခားေလယာဥ္ျဖင့္ လိုက္သြားခဲ့သည္။

ပါရမီရွင္ ျပပြဲရဲ႕ အပိုင္း ၈ တြင္ဧည့္သည္အားလုံး ေလယာဥ္ေပၚတက္ၿပီး ဘန္ေကာက္သို႔ ဦးတည္ခဲ့ၾကသည္။ လီဂ်င္းယြမ္ ကတျခား႐ိုက္ကူးေရးမွ သြားခဲ့တာေၾကာင့္ ေဇာင္ယုဟြမ္ ကသူနဲ႔အတူ ထိုေနရာသို႔ မသြားခဲ့ေပ။

ေဇာင္ယုဟြမ္ သည္မင္းသမီး မဟုတ္တာေၾကာင့္ အတြင္းေရးမႉးနဲ႔ ကိုယ္ရံေတာ္ ႏွစ္ေယာက္သာ သူမႏွင့္အတူ ပါသည္။ ထိုအခ်ိန္တြင္ ေဇာင္ယုဟြမ္ သည္မိုက္ခ႐ိုဖုန္းကို ဖြင့္လိုက္ၿပီး ႐ိုက္ကူးမႈကို စတင္ခဲ့သည္။

ဘန္ေကာက္တြင္ လီဂ်င္းယြမ္ ရဲ႕ဖန္ေတြက ေစာင့္ေနၾကမယ္လို႔ မေမွ်ာ္လင့္မိခဲ့ၾကေပ။ လီဂ်င္းယြမ္ သည္သူေလယာဥ္ေပၚမွ ဆင္းခ်ိန္တြင္ ေဇာင္ယုဟြမ္ ဆီကိုဖုန္းေခၚလိုက္သည္။ ေဝ့က်ဲ နဲ႔တျခားသူေတြနဲ႔အတူ ထြက္ေပါက္တြင္ ေစာင့္ေနခဲ့သည္။ သူတို႔ေစာင့္ေနခဲ့တာက ေဇာင္ယုဟြမ္ နဲ႔ေတြ႕ဆုံဖို႔သာျဖစ္သည္။

အေစာင့္‌ေတြက ေတြ႕သြားတာေၾကာင့္ လမ္းလႊဲကေန တျခားထြက္ေပါက္ဆီကို အျမန္သြားလိုက္ၾကရသည္။ ႐ိုက္ကူးေရး ကားေပၚကို သူတို႔ေရာက္ခ်ိန္တြင္ သူတို႔ပုံေတြက အြန္လိုင္းေပၚ ေရာက္ေနၿပီျဖစ္သည္။

[ဖရဲသီး မိန္းကေလး : ပရိသတ္ေတြထဲက တစ္ေယာက္ @လီဂ်င္းယြမ္ ကိုထိုင္းႏိုင္ငံ ေလဆိပ္မွာ သူမ ေစာင့္ေနခ်ိန္မွာ သူက မိန္းကေလး တစ္ေယာက္နဲ႔ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ လမ္းေလွ်ာက္သြားတာကို ေတြ႕လိုက္ရတယ္။ သူတို႔ႏွစ္ေယာက္လုံးက ပုံစံတူ ေနကာမ်က္မွန္ကို ဝတ္ထားၾကၿပီး ရယ္ေမာၿပီး စကားေျပာေနၾကတယ္။ သူတို႔အနားမွာ ကိုယ္ရံေတာ္ေတြနဲ႔ တျခားဝန္ထမ္းေတြလည္း ရွိတယ္။ လီဂ်င္းယြမ္ ကသူ႔ရဲ႕တျခားအသစ္ ႐ိုက္ကူးေရးအတြက္ ထိုင္းႏိုင္ငံကို သြားတာမဟုတ္ဘူးလား? ဘာလို႔သူနဲ႔အတူတူ တျခားတစ္ေယာက္ကို ေခၚလာရတာလဲ? သူနဲ႔အတူ သူ႔ေကာင္မေလးကို ေခၚလာခဲ့တာလား? ငါမွန္တယ္ဆိုရင္ လီဂ်င္းယြမ္ ကေတာ္ေတာ္‌ေ ငယ္ေသးတယ္၊ မဟုတ္လား? [႐ုပ္ပုံ] [႐ုပ္ပုံ] …]

ထိုမွတ္ခ်က္က ခ်က္ခ်င္းပင္ ျပန႔္ႏွံ႔သြားသည္။

[သူက ဒီေနရာကို ႐ိုက္ကူးေရးအတြက္ ရည္႐ြယ္ခ်က္ၿပီး ေရာက္လာတာကို မင္းသိရင္ ဒါက သိသာ‌ေနတယ္ မဟုတ္ဘူးလား?ေသခ်ာေပါက္ကို အဲ့မိန္းကေလးက ရႈိးပြဲရဲ႕ တျခားဧည့္သည္ ျဖစ္လိမ့္မယ္။ အဲ့ဒါက မင္းရဲ႕စိတ္ကူးေတြပဲ! ငါ့’သား’မွာ ရည္းစားရွိ‌ေနတယ္လို႔ ေျပာခ်င္‌ေနတာလား?”

(T/N: တ႐ုတ္ႏိုင္ငံတြင္ မတူညီေသာ ပရိသတ္မ်ားရွိသည္။ နာမည္ႀကီးေတြကို သူတို႔’က‌ေလး’လို႔‌ေခၚသည့္ ‘မိခင္ဖန္ေတြ’ ရယ္ နာမည္ႀကီးေတြကို ခ်စ္သူအျဖစ္ ျမင္ၾကသည့္ ‘ဇနီးဖန္’ နဲ႔ ‘ခ်စ္သူဖန္’ ဆိုၿပီးရွိၾကတယ္)

[အဲ့ဒါက မိန္းကေလး သီးသန႔္ေကာလိပ္ကဆိုတာ ေသခ်ာတယ္။ ေကာလဟာလေတြ ဖန္တီးေနတာလား? စလာမဲ့ ရႈိးပြဲအသစ္ကိုသာ ေစာင့္ၾကည့္ထား႐ုံပဲ မလား? အားလပ္ခ်ိန္ေတြ အရမ္းမ်ားေနရင္ ‘ၾကယ္ပြင့္ရဲ႕ သားေတာ္မ်ား’ အပိုင္း ၈ ကိုသြားၾကည့္မေနတာလဲ? လီဂ်င္းယြမ္ ကအရမ္းေတာ္တဲ့ ေကာင္ေလးပဲ!]

[ … အင္း….။ ဒီေလာကမွာ အခ်ိန္အေတာ္ၾကာ ရွိေနခဲ့တဲ့ လီဂ်င္းယြမ္ ကိုဘာေျပာဖို႔ ႀကိဳးစားေနတာလဲ? ရႈိးပြဲမွာ သိခဲ့ၾကတာေကာ မျဖစ္ႏိုင္ဘူးလား? သူတို႔အခ်င္းခ်င္း ရယ္ေမာၿပီး စကား‌ေျပာတာ၊ တစ္ေယာက္နဲ႔ တစ္ေယာက္ ဝတ္ထားတာေတြက တူေနေတာ့ေကာ ဘာျဖစ္လို႔လဲ? ရႈိးပြဲမွာ တစ္ေယာက္နဲ႔ တစ္ေယာက္ သိခဲ့ၾကရင္ ရင္းႏွီးသြားၾကမွာ ေသခ်ာတာပဲေလ။ လီဂ်င္းယြမ္ ကတစ္ေယာက္‌ေယာက္နဲ႔ အျမန္ရင္းႏွီးႏိုင္တဲ့ သူပဲေလ၊ အဲ့ဒါကိုလည္း လူတိုင္း သိၾကတယ္ မဟုတ္လား?]

*****

အြန္လိုင္းတြင္ ေဆြးေႏြးခ်က္‌ေတြက ဘယ္လိုပဲရွိေနပါေစ၊ ႐ိုက္ကူးေရး သြားေနသည့္ ဗန္ကားကေတာ့ ဟိုတယ္ကို ေရာက္သြားၿပီျဖစ္သည္။

သူတို႔က ခရီးသြားတဲ့ရႈိးကို ႐ိုက္ကူးေနခဲ့သည္။ မတူညီတဲ့ အသက္ေမြးဝမ္းေက်ာင္းမ်ားနဲ႔ အသက္အ႐ြယ္ အသီးသီးရွိ ပုဂၢိဳလ္မ်ားကလည္း အဖြဲ႕တြင္ လက္မွတ္ထိုးထားတာ သူတို႔ဘာသာ ေအးေဆးစြာ‌ေနရန္ ခြင့္ျပဳထားၾကၿပီး တစ္ေယာက္နဲ႔ တစ္ေယာက္ ဘယ္လိုဆက္ဆံရမည္ကို ၾကည့္‌ေနခဲ့ၾကသည္။

ဟိုတယ္ကို ေရာက္ခ်ိန္တြင္ ဧည့္သည္အားလုံးက တစ္ေယာက္နဲ႔ တစ္ေယာက္ မိတ္ဆက္ၾကရန္ ေလာ္ဘီတြင္ စုခဲ့ၾကသည္။ လီဂ်င္းယြမ္ နဲ႔ ေဇာင္ယုဟြမ္ တို႔က ရပ္ေနခဲ့ၾကသည္။ မၾကာခင္ပဲ ေနာက္ထပ္ ဧည့္သည္ ငါးေယာက္လဲ ‌ေလွကားမွ ဆင္းလာခဲ့ၾကသည္။

သူတို႔ထဲတြင္ အရမ္းရင္းႏွီး ကြၽမ္းဝင္ေသာ လူတစ္ေယာက္ရွိသည္။ သူမကို ေတြ႕လိုက္ခ်ိန္တြင္ ေဇာင္ယုဟြမ္ ရဲ႕အာ႐ုံေတြ စုစည္းသြားခဲ့သည္။

က်န္ရွိေသာ လူေလးဦးအနက္ ေဖ်ာ္ေျဖေရး ေလာကတြင္ နာမည္ႀကီးသည့္ အသက္ ၄၀ နီးပါး ေကာမိုင္၊ မၾကာခင္ကမွ အရမ္းနာမည္ႀကီးလာသည့္ အသက္ ၃၀ နီးပါးရွိသည့္ ဝမ္ယြန္ခ်န္း၊ ေဖာ္လိုဝါမ်ားစြာ ရွိသည့္ ငယ္႐ြယ္သည့္ ဂူယူလင္း တို႔ျဖစ္သည္။

လင္းဇီလန္၊ မူလဇာတ္လိုက္မရဲ႕ ဇာတ္လမ္း။ သူမလည္း သာမာန္သူ တစ္ေယာက္အေနနဲ႔ ဖိတ္ၾကားခံခဲ့ၾကသည္။ အရင္က သူတို႔အားလုံးကို TV တြင္ ေဇာင္ယုဟြမ္ ျမင္ဖူးခဲ့ၿပီး သူတို႔ရဲ႕ နာမည္ေတြကို သိေနခဲ့သည္။

ေနာက္ဆုံး‌ေပၚ မ်က္ခုံး၊ ကိုရီးယားစတိုင္ ေျဖာင့္တန္းေနတဲ့ ႏွာေခါင္း၊ ဘဲဉပုံစံ မ်က္ႏွာ၊ ေမးေစ့ခြၽန္တို႔နဲ႔ သူမမ်က္လုံးမွ မ်က္ေတာင္ေတြက သူမကို ခ်စ္ဖို႔ေကာင္းၿပီး က်က္သေရရွိေစေပမဲ့ ထိုအခ်က္ေတြက ခြဲစိတ္ထားမွန္းေတာ့ သိသာသည္။

သူမလည္း သာမာန္လူတစ္ေယာက္ဆုိတာ ေဇာင္ယုဟြမ္ ခန႔္မွန္းမိသည္။ ထိုအတိုင္းပင္ တစ္ဝက္‌ေလာက္က ပုံမွန္လူေတြျဖစ္သည္။

Boy, oh boy!

ေဇာင္ယုဟြမ္ မညည္းညဴပဲ မေနႏိုင္ေပ။ေကာမိုင္၊ ဝမ္ယြန္ခ်န္း၊ ဂူယူလင္း နဲ႔ လီဂ်င္းယြမ္ တို႔ကအရင္ဆုံး သူတို႔ဘာသာ မိတ္ဆက္ခဲ့ၾကသည္။

“အားလုံးမဂၤလာပါ၊ ငါက ယြဲ႕လီကုမၸဏီနဲ႔ စာခ်ဳပ္ခ်ဳပ္ထားတဲ့ ယင္ခ်ီခ်ီ ပါ” ဘဲဉပုံစံ မ်က္ႏွာႏွင့္သူက ေျပာလိုက္သည္။ ယင္ခ်ီခ်ီ သည္နာမည္ႀကီး သ႐ုပ္ေဆာင္ေတြေရွ႕တြင္ နည္းနည္းေလးေတာင္ ေၾကာက္႐ြံ႕ပုံ မေပၚေပ။ ဒါေတာင္ သူမရဲ႕စိတ္ကို အနည္းငယ္သာ ထုတ္ေဖာ္ထားျခင္းပင္။ သူမထက္ လင္းဇီလန္ ကေတာင္ ပိုၿပီး အဆင္သင့္ ျဖစ္ေနသည္။

လင္းဇီလန္ ေရာက္လာခ်ိန္တြင္ သူမက ပိုအဆင္သင့္ ျဖစ္‌ေနခဲ့သည္။ အလွဆင္ရန္ ရည္႐ြယ္ထားျခင္း မရွိဘဲ သူမက ေျပာလိုက္သည္။ “မဂၤလာပါ၊ ကြၽန္မက ဒြန္ရဲ႕တီဗီ ရဲ႕မာစတာ ခ်န္နယ္နဲ႔ စာခ်ဳပ္ခ်ဳပ္ထားတဲ့ လင္းလန္ ပါ”

ေသခ်ာတာေပါ့၊ သူမက ပါရမီရွင္ ရႈိးပြဲတြင္ ရႈံးနိမ့္သြားၿပီးေနာက္ သူမသည္ အင္တာနက္တြင္ လႊမ္းမိုးလာၿပီး သူမနာမည္ကို ဖန္တီးလာႏိုင္ခဲ့သည္။ သူမ နာမည္ကိုပင္ လင္းဇီလန္ မွ လင္းလန္ အျဖစ္ ေျပာင္းလိုက္သည္။ သူမနာမည္အသစ္က မူလနာမည္ထက္ အမ်ားႀကီး ပိုေခတ္မီသည္။

ေနာက္ဆုံးေတာ့ လူတိုင္းက ေဇာင္ယုဟြမ္ ကိုၾကည့္လိုက္ၾကသည္။

ေဇာင္ယုဟြမ္ ကအနည္းငယ္ ၿပဳံးလိုက္ၿပီး ေျပာလိုက္သည္။ “အားလုံးမဂၤလာပါ။ ကြၽန္မက ေဇာင္ယုဟြမ္ ပါ”

အခ်ိန္အနည္းငယ္ကတည္းက ေကာမိုင္၊ ဂူယူလင္း နဲ႔တျခားသူေတြက ေဇာင္ယုဟြမ္ ကိုသတိထားမိခဲ့ၾကသည္။ ေဇာင္ယုဟြမ္ ဆီမွ ထြက္လာေသာ စိတ္သေဘာထားသည္ အရမ္းကို ထူးျခားသည္။ သူတို႔ကို တစ္ခ်ိန္တည္းမွာ ရင္းႏွီးၿပီး ထူးဆန္းမႈ ႏွစ္ခုလုံးကို ခံစားမိေစသည္။

သူမအေၾကာင္းကို သူတို႔က အရမ္းသိခ်င္‌ေနၾကသည္။ ထိုအထဲတြင္ ယင္ခ်ီခ်ီ လည္းပါသည္။ ေဇာင္ယုဟြမ္ ကမိတ္ဆက္ၿပီးသည္ႏွင့္ ယင္ခ်ီခ်ီ ကအရင္ဆုံး ေမးလိုက္သည္။ “ေဇာင္က်ဲက်ဲ၊ ဘာလုပ္လဲ?”

(က်ဲက်ဲ – အစ္မ)

ရယ္စရာျဖစ္ေနတာကို ေဇာင္ယုဟြမ္ ေတြးမိလိုက္သည္။

ယင္ခ်ီခ်ီ ကသူမထက္ အသက္ပိုႀကီးတာ သိသာသည္။ သူမကို ‘က်ဲက်ဲ’လို႔ ေခၚတယ္လား? သို႔ေသာ္ ေဇာင္ယုဟြမ္ ကအမွန္ျပင္ေပးျခင္း မရွိေပ။ ဘာပဲျဖစ္ျဖစ္ “အစ္မႀကီး” ျဖစ္တာက ပိုေကာင္းတယ္ မဟုတ္လား?

ေဇာင္ယုဟြမ္ ကၿပဳံးကာ ေျပာလိုကိသည္။ “အို၊ သိပ္မမ်ားပါဘူး။ ဟိုဟိုဒီဒီေလာက္ပါပဲ”

သူမက ႐ိုး႐ိုးရွင္းရွင္း‌ေလး ေျပာလိုက္‌ေပမဲ့ တခ်ိဳ႕သူေတြကေတာ့ ဒုတိယ ခန႔္မွန္းတြက္ခ်က္မႈကို စတင္ခဲ့ၿပီး သူမေျပာခ်င္တာထက္ တျခားအရာေတြ ပိုရွိမယ္လို႔ ‌ေတြးေနၾကသည္။ တစ္ခ်ိန္တည္းပင္ သူမ မေျပာတာက သူမက သာမာန္မိသားစု၊ သာမာန္အလုပ္က ျဖစ္ေပမဲ့ သူမက ေခ်ာေမာတာေၾကာင့္ ေခၚယူခဲ့တာလို႔ ေတြးမိေနၾကသည္။

“ကြၽန္မတို႔ အရင္ဆုံး သြားစားသင့္လား၊ အနားယူသင့္လား?” ယင္ခ်ီခ်ီ ေမးလိုက္သည္။ ႐ုတ္တရက္ ႐ိုက္ကူးေရးမွ တစ္ေယာက္က ျဖတ္ကာ ဝင္ေျပာလိုက္သည္။ “ခနေလး၊ ဧည့္သည့္ တစ္ေယာက္လာဖို႔ က်န္ေသးတယ္”

“ထပ္ၿပီးလား?” ေကာမိုင္ ကအံ့ဩသံ ထြက္သြားခဲ့သည္။

ယင္ခ်ီခ်ီ လည္းသိခ်င္ေနပုံေပၚသည္။ “ဘယ္သူလဲ?”

သူတို႔ေျပာေနၾကစဥ္ ဟိုတယ္ အေရွ႕တံခါးက ပြင့္လိုက္ၿပီး ကုတ္အက်ႌဝတ္ကာ ဝင္လာသည့္ လူငယ္ေလး တစ္ေယာက္က ဝင္လာခဲ့သည္။ ခရီးေဆာင္အိတ္ကို အေနာက္မွဆြဲၿပီး သူ႔ခရီးစဥ္မွ ပင္ပန္းေနပုံေပါက္သည္။ လူတိုင္းက သူ႔ဆီကို ၾကည့္လိုက္ၾကသည္။

ယင္ခ်ီခ်ီ ကက်ယ္ေလာင္စြာ ေျပာလိုက္သည္။ “အိုး! သူ႔ကို ကြၽန္မ သိတယ္! … ရွာေဖြမႈ ရလဒ္မွာ ထိပ္ဆုံးျဖစ္ေနတာကို ကြၽန္မ ျမင္ဖူးတယ္။ သူက အဲ့အရမ္းငယ္ၿပီး အရမ္းခန႔္ညားတဲ့ CEO မဟုတ္ဘူးလား?”

သူမ စကားေျပာေန‌ေပမဲ့ ဘယ္သူကမွ ျပန္မေျပာၾကေပ။

ဟုန္ခ်န္းမင္း ကသူ႔ခရီးေဆာင္အိတ္ကို အတြင္းေရးမႉးကို ေပးလိုက္ၿပီး လ်င္ျမန္စြာ ေလွ်ာက္သြားလိုက္သည္။ “ဟြမ္ဟြမ္”

ေဇာင္ယုဟြမ္ : “???”

အင္း… ဒါက မိသားစု/ ေမာင္ႏွမအခ်င္းခ်င္း ခ်စ္ခင္ၾကတာကို ျပမဲ့ရႈိးပြဲအျဖစ္ ေျပာင္းလဲသြားတာလား?

13.10.2020 (Tue)
…………………………

[text_hash] => a2ea8cc5
)

//qc
//QC2