ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] – 52❇️ အိပ်စက်ခြင်း
// qc

ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] - 52❇️ အိပ်စက်ခြင်း

Array
(
[text] =>

<Unicode>

အိပ်စက်ခြင်း

ဟုန်ချန်းမင်း ဇောင်အိမ်တော်ကို ပြန်ရောက်ချိန်တွင် ဇောင်ယုဟွမ် ကဆိုဖာ‌ေပါ်တွင် စောင်အထူကိုခြုံပြီး အိပ်ပျော်နေပြီဖြစ်သည်။

အခုတော့ ဟုန်ချန်းမင်း ရဲ့အတွေးတွေက ရှင်းလင်းနေသည်။ ဆိုဖာနားကို လျှောက်သွားလိုက်သည်။ ဇောင်ယုဟွမ် ရဲ့မျက်လုံုးတွေက တင်းကျပ်စွာ ပိတ်ထားသည်။ လက်တစ်ဖက်က စောင်စကို တင်းကျပ်စွာ ကိုင်ထားပြီး သူမရဲ့ကိုယ်က ပိုသေးငယ်ပုံ ပေါ်နေသည်။ 

ဟုန်ချန်းမင်း ကသူ့ခေါင်းကို နည်းနည်းခါလိုက်သည်။ ရုတ်တရက် သူ့စိတ်တွေက မရှင်းလင်းတော့သလို ခံစားလိုက်ရသည်။ ကိုယ်ကို ကွေးလိုက်ပြီး သူမကို သယ်လိုက်ပြီး အပေါ်ထပ်ကို ဦးတည်သွားလိုက်သည်။

ကံကောင်းတာက သူ့ခြေလှမ်း‌ေတွက တည်ငြိမ်နေတုန်းပင်။ တတိယထပ်ကို သူမအား သယ်သွားပြီးနောက် အိမ်တော်ထဲတွင် ဓာတ်လှေကားရှိတာကို သတိရသွားသည်။

သူက မိုက်မဲတာပဲ။

ဟုန်ချန်းမင်း သည်မျက်မှောင်ကြုတ်လိုက်ရင်း ဇောင်ယုဟွမ် အားသူမအိပ်ရာပေါ်သို့ ချလိုက်ကာ သူမကိုယ်ပေါ်သို့ စောင်ကိုဆွဲတင်လိုက်ပြီး သူ့အခန်းထဲကို ပြန်သွားလိုက်သည်။

ရေတောင်မချိုးနိုင်တော့ပဲ အိပ်ရာပေါ်သို့ လှဲချလိုက်သည်။ အနားယူလိုက်ချိန်တွင် သူ့စိတ်တွေက ရှင်းလင်းသွားမှာ သေချာသည်။ ဟုန်ချန်းမင်း သူ့မျက်လုံးတွေအား မှိတ်လိုက်သည်။

*****

ရန်ဆန်း ဆီမှဖုန်းဝင်လာပြီး ဇောင်ယုဟွမ် နိုးလာခဲ့သည်။ နောက်တစ်ကြိမ် ကားပြိုင်ပွဲ သင်ခန်းစာကို ဘယ်နေရာမှာ လုပ်ချင်ခဲဆိုတာကို လှမ်းမေးခြင်းဖြစ်သည်။

ထိုအချက်ကို ကြည့်ခြင်းဖြင့် ရန်ဆန်း ကသူမကို အရမ်းသင်ပေးချင်နေတာ သိသာသည်။ သူမအား သူသိသမျှ ကားပြိုင်နည်းတွေကို နေ့ကောညပါ သင်ကြားပေးဖို့ကိုသည ဆန္ဒရှိနေသည်။

ကားပြိုင်ပွဲက ပျော်စရာကောင်းပေမဲ့ သူမအိမ်ကို ပြန်ရောက်ပြီး အနားယူပြီးနောက် သူမငြီးငွေ့သွားခဲ့သည်။ သူမတွေးတောလိုက်ပြီး နောက်ဆယ်ရက်မှသာ လုပ်ရန်စီစဉ်လိုက်သည်။

ရန်ဆန်း က၀မ်းသာစွာဖြင့် အသိအမှတ်ပြုပြီး သူမအား သတိပေးလိုက်သည်။ “စာချုပ်ကို မမေ့နဲ့နော်!”

“စိတ်မပူပါနဲ့။ ငါမမေ့ပါဘူး”

သူမ ဖုန်းချပြီး‌ေနာက် ဖုန်းကိုဘေးဘက်သို့ ပစ်ချလိုက်ပြီး အိပ်ရာမှထဖို့ ပြင်လိုက်သည်။ အဝတ်အစားလဲပြီး မှန်ရှေ့တွင် သူမကိုယ်အား ကြည့်ပြီးနောက် ညက ဆိုဖာပေါ်တွင် သူမ အိပ်ပျော်သွားတာကို ရုတ်တရက် မှတ်မိသွားခဲ့သည်။ ဘယ်သူက အပေါ်ထပ်ကို သယ်လာခဲ့တာလဲ?

ဇောင်ယုဟွမ် သည်အိပ်ခန်းတံခါးအား ဖွင့်လိုက်ကာ ဟုန်ချန်းမင်း ရဲ့အိပ်ခန်းဘက်ကို လျှောက်သွားပြီး အထဲကို ဝင်လိုက်သည်။ အိမ်တော်က အခုသူမ ပိုင်တာဖြစ်တာတောင် ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့က ခေါင်းမာစွာနဲ့ တတိယထပ်က သူတို့အခန်းတွင်သာ နေခဲ့ကြသည်။

သူမ ခြေလှမ်း‌ေတွက ပိုမိုနီးကပ်လာပေမဲ့ အိပ်ရာပေါ်မှ လူကတော့ မနိုးပေ။ အိပ်ပျော်နေတုန်းပင်။

ဇောင်ဟွမ် ကသူ့အား နူးညံ့စွာ ခေါ်လိုက်သည်။ “ဟုန်ချန်းမင်း?”

အိပ်ရာပေါ်ရှိ လူက‌ မတုံ့ပြန်ပေ။

အိပ်ရာရဲ့ ထောင့်စွန်းတွင် ဇောင်ယုဟွမ် ဝင်ထိုင်လိုက်ပြီး သူ့နှာခေါင်းကို ထိလိုက်သည်။ ဟုန်ချန်းမင်း ရဲ့မျက်လုံးတွေက ချက်ချင်း ဖွင့်လာခဲ့ပြီး ဇောင်ယုဟွမ် ရဲ့လက်ကောက်ဝတ်ကို ဖမ်းကိုင်လိုက်သည်။

သူ့အမြင်တွေက ရှင်းလင်းသွားချိန်တွင် သူ့အိပ်ရာအစွန်းတွင် ထိုင်နေတာ ဘယ်သူဆိုတာကို သိသွားခဲ့သည်။ သူ့လက်တွေကို ပြန်ရုတ်လိုက်ပေမဲ့ သူ့လက်ကနေ ဇောင်ယုဟွမ် လက်ကောက်ဝတ်ရဲ့ နူးညံ့မှုနဲ့ ချောမွေ့‌ေနသည့် အသားအရည်‌ေပါ်တွင်သာ ခံစားမိနေခဲ့သည်။

“ညက ဘယ်အချိန်ရောက်တာလဲ?” ဇောင်ယုဟွမ် မေးလိုက်သည်။ သူကလှဲလျောင်းနေပြီး သူမက အိပ်ရာစွန်းတွင် ထိုင်နေရင်းနှင့် သူမက ပိုမြင့်သည့် နေရာကနေ ငုံ့ကြည့်နေခဲ့သည်။

ဟုန်ချန်းမင်း ရဲ့ဘက်က ကြည့်ရင် သူမလည်ပင်းရဲ့ ဖြူဖွေးပြီး သေးသွယ်နေပုံ၊ မေးစေ့က လှပေနပုံနဲ့ သူမမျက်နှာက အပြုံးကလဲ ကျက်သရေရှိနေသည်…

သူမသည် အမြဲတမ်း လှပသည့်မိန်းကလေး ဖြစ်သည်။

သူမ လူမှုဖူလုံရေးစင်တာကို ပထမဆုံး လမ်းလျှောက်ဝင်လာကတည်းက ထိုနေရာမှ  ကလေးငယ်တွေအားလံုးက သူမရဲ့ လှပမှုကြောင့် အံ့အားသင့်သွားကြသည်။

ထိုအချိန်က သူမကို သူလဲကြည့်နေခဲ့ပေမဲ့ အခုအချိန်တော့ သူမျက်နျာလွှဲလိုက်သည်။ သူဘာလုပ်လို့ လုပ်မိမှန်းမသိ‌‌ေပ။ ဇောင်ယုဟွမ် ကိုအကြာကြီး စိုက်ကြည့်ဖို့ မဖြစ်ဘူးလို့ တစ်ခုခုက ပြောနေတာနဲ့တူနေသည်။

ဟုန်ချန်းမင်း ရဲ့ထူးဆန်းသည့် တုန့်ပြန်မှုကို သတိမပြုမိသော ဇောင်ယုဟွမ် ကထပ်မေစလိုက်သည်။ “ကိုကိုချန်းမင်း၊ ညက ဘယ်အချိန်ပြန်ရောက်တာလဲ?”

သူမက သူ့ကို အစ်ကိုကြီး တစ်ယောက်လို မပြုမူလို့ သူမကို ပြန်မဖြေတာလား? ဟုန်ချန်းမင်း ကသူ့ဘာသာ စိတ်ကိုစုစည်းလိုက်ပြီး ပြောလိုက်သည်။ “၁ နာရီခွဲ‌ေကျာ်လောက်လို့ ထင်တယ်”

အိမ်‌ေတာ်ထဲကို လျှောက်ဝင်သည့် အချိန်၊ သူ့အိပ်ခန်းထဲကို ဝင်တဲ့အချိန်တွေကို သူ မမှတ်မိ‌ေ‌ပ။ သူအိမ်ပြန်လာချိန် ဇောင်ယုဟွမ် က လီဂျင်းယွမ် ရဲ့ဗွီဒီယို ကွန့်မန့်တွေကို ဖတ်ပြနေတုန်းက ၁ နာရီခွဲရှိနေပြီ။

“အဲ့လောက်တောင် နောက်ကျတာလား?” ဇောင်ယုဟွမ် ကနံရံပေါ်ရှိ နာရီကိုကြည့်လိုက်သည်။ “၁၀:၄၃ ပဲရှိသေးတယ်၊ အဲ့ဒါကြောင့် မထနိုင်သေးတာကို။ နည်းနည်းလောက် ပိုအိပ်သင့်တယ်”

ဟုန်ချန်းမင်း နှုတ်ကို အနည်းငယ် ဖွင့်လိုက်ပြီး ပြောလိုက်သည်။ “အိုကေ” သူအရမ်း ပင်ပန်းနေတယ်။ လူတစ်ယောက်ရဲ့ ဘဝက ကန့်သတ်ချက်တွေများတယ်လို့ သူခံစားခဲ့ရသည်။ ထို့နောက် သူ့အလုပ်တွေကို ကန့်သတ်တဲ့ ဘဝမှာ တတ်နိုင်သလောက် ပြီးဆုံးစေချင်သည်။ နောက်ပြီး သူမနဲ့ အချိန်ပိုဖြုန်းနိုင်ရင်လည်း အကောင်းဆုံးဖြစ်သည်။ ဟုန်ချန်းမင်း သည်သူမနဲ့ အချိန်ဖြုန်းခြင်းမှ ဘာတွေရမလဲ မသိပေ။

နှစ်သိမ့်မှုဖြစ်နိုင်လား? ဒါမဟုတ် စိတ်ကျေနပ်မှုလား?

ဟုန်ချန်းမင်း ကသူ့မျက်လုံးကို ပြန်မှိတ်လိုက်သည်။

သို့သော် ဇောင်ယုယွမ် ကသူ့ကို ကြည့်နေသည့် ပုံစံက သူ့ခေါင်းထဲတွင် ပျောက်မသွားပေ။ ဇောင်ယုဟွမ် သည်ထလိုက်ပြီး အခန်းထဲမှ ထွက်သွားလိုက်သည်။ လီဂျင်းယွမ် ဆီကိုဖုန်းခေါ်လိုက်သည်။ လီဂျင်းယွမ် သည်လေယာဉ်ပေါ်မှ ဆင်းလာခဲ့ပြီး ဖြစ်သည်။

ဇောင်ယုဟွမ် မေးလိုက်သည်။ “ဂျင်းယွမ်၊ ဒီနေ့ အချိန်ရလား?”

လီဂျင်းယွမ် ပြုံးကာ ပြောလိုက်သည်။ “အင်း၊ ရတယ်။ ဘာဖြစ်လို့လဲ? ကိုယ့်ကို တစ်ခုခု ကူညီစေချင်တာလား?”

“အင်း။ ဆန်းဝေရွမ် စားသောက်ဆိုင်မှာ ညစာစားဖို့ ည ၇ နာရီမှာ ဟုန်ချန်းမင်း ရယ် ဟွမ်ဟွမ် ရယ်၊ ဂျင်းယွမ် လဲလိုက်ဖို့လိုတယ်။ စာချုပ်ကို ဂျင်းယွမ် ဆီပို့ပေးဖို့ ရန်ဆန်း ကတောင်းဆိုထားတယ်။ အဲ့ဒါအဆင်‌ေပြလား? ဝေ့ကောက စိတ်ဆိုးမလား?”

“ဟင့်အင်း၊ ဟွမ်ဟွမ့် ဆီက စာချုပ်ဆုိရင် အဆင်ပြေမှာပါ။ ဒီည ကိုယ့်ကိုပေးပေါ့”

“အဲ့ဒါ ကောင်းတယ်။ See you tonight!”

“See you tonight!” လီဂျင်းယွမ် ကနူးညံ့စွာ ပြောလိုက်သည်။

ဖုန်းချပြီးနောက်တွင် လီဂျင်းယွမ် ကသူ့လက်ထောက်အား အချိန်ဇယားကို စစ်ဆေးခိုင်းလိုက်သည်။

“ဒီည သူဌေးဂျင်း နဲ့အတူ ညစာစားဖို့ရှိတယ်” လက်ထောက်က ပြောလိုက်သည်။

“သူဌေးဂျင်း ကဘယ်သူလဲ?”

လက်ထောက်က ထိတ်လန့်သွားသည်။ “ရက်အနည်းငယ်တုန်းက သူ‌ဌေးဂျင်း နဲ့ဖုန်းပြောခဲ့တာကို မမှတ်မိဘူးလား? သူကရှိုးပွဲရဲ့ အဓိကပရိုဂျူဆာ‌ေလ!”

“အိုး” လီဂျင်းယွမ် ကအေးဆေးစွာ ပြောလိုက်သည်။ “ငါ့အချိန်ဇယားကို ပြန်ပြင်ဖို့ လိုလိမ့်မယ်။ သူ့ကို ငါကိုယ်တိုင် ဖုန်းခေါ်လိုက်မယ်”

“အင်း၊ အဲဒါအဆင်ပြေရဲ့လား?”

“ဘာလို့မဖြစ်ရမလဲ?” လီဂျင်းယွမ် ပြုံးလိုက်သည်။ သူက စိတ်အနှောင့်အယှက်ဖြစ်ပံု မပေါ်ပေ။

လီဂျင်းယွမ် အားနေ့ကောညပါ မြင်တွေ့လာချိန်တွင် သူ့ပုံစံက အစစ်အမှန်မဟုတ်ကြောင်း လက်ထောက်က နားလည်လာခဲ့သည်။ လီဂျင်းယွမ် ကဒီဖျော်ဖြေရေး လောကထဲကို ဝင်လိုက်တာတောင် လူ့အသိုင်းအဝိုင်း ဆက်ဆံရေးက ကောင်းမွန်နေတုန်းပင်။ ဘယ်သူကမှ သူ့အမှားနည်းနည်းလေးကိုတောင် ရှာမတွေ့ရပေ။

သခင်‌ေလးလီ နဲ့စာချုပ်ချုပ်ချင်ကြသည့် သူဌေးဂျင်း၊ သူဌေးဝမ်၊ သူဌေးကျောင်… အများကြီးရှိကြသည်။ သခင်‌ေလးလီသည် လူတိုင်းနှင့်အမြဲတမ်း အတူတူရှိနေသည်။

သခင်လေးလီ ကထိုသူဌေးများအား ဂရုမစိုက်ဘူးဆိုတာကို လက်ထောက်က အခုတော့ သိသွားခဲ့သည်။ တခြားအသစ်တွေက ရေခဲပါးလေးပေါ်ရှိနေသော်လည်း ထိုအရာတွေက သူ့့ကို အနှောင့်အယှက် ဖြစ်စေပုံမပေါ်ပေ။ လီဂျင်းယွမ် ကပထမဆုံး လှုပ်ရှားမှုကိုသာ သွားခဲ့သည်။

ထိုအချိန်အတွင်း သူဌေးဂျင်း ဆီကိုဖုန်းခေါ်ခဲ့သည်။ ထိုအချက်ကြောင့် သူဌေးဂျင်း ကစိတ်အနှောင့်အယှက် မဖြစ်ခဲ့ပဲ မတော်တဆတောင် ဂရုစိုက်ခြင်းကို ရရှိလိုက်သည်။ လက်ထောက်ကတော့ အနှောင့်အယှက် ဖြစ်ခဲ့သည်။

အဲ့ဒါက တကယ်တန်လို့လား?

သူအစ်မနဲ့ ညစာစားရန် တခြားသူများနှင့် သတင်းထောက်တွေ လာရောက်ကြမည့် အခွင့်အလမ်းတွေကို ငြင်းပယ်ထားခဲ့သည်။ လှုပ်ရှားမှုအပြီးတွင် လီဂျင်းယွမ် ကသုံးနာရီလောက် အနားယူလိုက်ပြီး ညနေ ၆ နာရီမှ နိုးလာခဲ့သည်။

စီစဉ်သူသည် အလွန်ရက်ရောကာ သူ့ကို အနှောင့်အယှက်မပေးပဲ နားနေခန်းတွင် အနားယူစေခဲ့သည်။ အနားယူပြီးနောက် ပိုပြီးတက်ကြွတဲ့ပုံပေါ်စေသည့် ဝတ်စုံကို ပြောင်းလိုက်တယ်။

“သွားကြရအောင်” လီဂျင်းယွမ် ပြောလိုက်သည်။ “စားသောက်ဆိုင်ကို”

လက်ထောက် ကပိုပြီးရှုပ်ထွေးသွားခဲ့သည်။

သူ အ၀တ်အစား ၀တ်ထားပုံက သူ့အစ်မနှင့် ညစာစားရန် သွားတာနဲ့ မတူပေ။ စားသောက်ပွဲများကို တက်ရောက်သည့် အချိန်ထက် ပိုပြီးပံုမှန်ဖြစ်သည့် အဝတ်ကို ဝတ်စားထားခဲ့သည်။

*****

ဟုန်ချန်းမင်း သည်သူ့ဖုန်းကို အသံပိတ်ထားတာ‌ေကြာင့် ဇောင်ယုဟွမ် ကသူ့အခန်းကို ပြန်လာပြီး သူ့နှာခေါင်းအား ထိလိုက်သည့်အချိန် ၆ နာရီလောက်မှ ပြန်နိုးလာခဲ့သည်။

သူက လန်းဆန်းပြီး ပြောင်းလဲသွားခဲ့သည်။

သူ့ဝတ်စုံကို ချွတ်လိုက်ပြီး ရိုးရှင်းသည့် အဖြူရောင် ဆွယ်တာ၊ ဂျက်ကပ် အဝတ်အစား‌ေတွကို လဲလှယ်လိုက်ပြီး စီးပွားရေးလုပ်ငန်းရှင်မှ ငယ်ရွယ်သည့် ဝံပုလွေလေးအဖြစ် ချက်ချင်း ပြောင်းလဲသွားသည်။

ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] - 52❇️ အိပ်စက်ခြင်း

ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] - 52❇️ အိပ်စက်ခြင်း

(ဟုန်ချန်းမင်း ဝတ်တဲ့အဝတ်အစား ပုံစံတွေပါ)

တစ်ဖက်ရှိ ဇောင်ယုဟွမ် ကတော့ အပြင်ဝတ်ဖို့အတွက် အားစိုက်ထုတ်ခဲ့သည်။ အနီရောင် ကုတ်အင်္ကျီနဲ့ အဖြူရောင် ဂါဝန်အရှည်ကို ဝတ်ဆင်ထားခဲ့သည်။ သူမက ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့လောက် အရပ်မရှည်ပေမဲ့ သူမက အရပ်ပုသည့်အထဲတော့ မပါပေ။

ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] - 52❇️ အိပ်စက်ခြင်း

၅ စင်တီမီတာရှိသည့် ဒေါက်ဖိနပ်နှင့် သူမပုံစံက အရပ်ပိုရှည်ပြီး ပိုသေးသွယ်ပုံပေါ်ကာ သူမအဝတ်က ကြမ်းနှင့်ထိနေမှာကို စိုးရိမ်စရာ မရှိပေ။ အနီရောင်ကုတ်က သူမ မျက်နှာအသွင်အား အရင်ကထက် ပိုကြည့်ကောင်းစေသည်။ သူမသည် ငယ်ရွယ်သည့် မိန်းကလေးများကြားတွင် ပွင့်လန်းနေသည့် မက်မွန်ပန်း‌ေလးလို ဖြစ်နေသည်။

သူမ အခန်းထဲမှ ထွက်လာပြီး အောက်ထပ်ကို ဆင်းသွားခဲ့သည်။ ဟုန်ချန်းမင်း ကိုမြင်လိုက်ချိန်တွင် သူမ ရယ်လိုက်သည်။ သူမ ကိုယ်ကို လက်ညိုးပြန်ထိုးလိုက်ပြီး “ဟွမ်ဟွမ် တို့က ချမ်းသာတဲ့ အမျိုးသမီးနဲ့ သူမရဲ့ အပျော်တွဲ ကောင်လေးတို့နဲ့ တူနေတယ်မလား?”

ဟုန်ချန်းမင်း ကသူ့နှုတ်ခမ်းတွေကို လှုပ်ရှားလိုက်ပြီး ပြောလိုက်သည်။ “အင်း”

ထိုစကားကို ပြောပြီးနောက် ဇောင်ယုဟွမ် ကတံခါးအပြင်ကို လျှောက်သွားခဲ့သည်။ အရှေ့ကားပါကင်ကို ထွက်လိုက်ပြီး သူတို့ရဲ့ ကိုယ်ရံတော်တွေက တံခါးကို ဖွင့်ပေးလိုက်သည်။ ဇောင်ယုဟွမ် ကလက်ထဲတွင် ပိုက်ဆံအိတ်ကို ကိုင်ထားပြီး ကားထဲဝင်လိုက်သည်။

ဟုန်ချန်းမင်း ကအနောက်တွင် ကျန်နေခဲ့သည်။ သူမပြောလိုက်သည့် ရိုးရှင်းသည့် ဟာသက သူ့အား အများကြီး တွေးတောနေမိစေသည်။ သူမအနောက်ကနေ လိုက်လာရင်း ကားထဲကို ဝင်လိုက်ပြီး‌ေနာက် ကိုယ်ရံတော်‌ေတွက သူတို့အတွက် တံခါးကို ပိတ်‌ေပးလိုက်သည်။

“ညစာစားပြီး အိမ်ပြန်ရောက်ရင် ကိုကိုချန်းမင်း ပိုပြီးအနားယူလို့ရတယ်။ ဒါဆို နောက်နေ့ကြရင် လန်းဆန်းနေလိမ့်မယ်” ဇောင်ယုဟွမ် ပြောလိုက်သည်။ ဟုန်ချန်းမင်း ကခေါင်းညိတ်လိုက်ပြီး သူမ ပြောတာတွေကို ကန့်ကွက်ခြင်း မရှိပေ။

ဇောင်ယုဟွမ် ရဲ့ကားက ဆန်းဝေရွမ် ကိုရောက်ချိန်တွင် လီဂျင်းယွမ် လဲတစ်ချိန်တည်း ရောက်လာခဲ့သည်။ လမ်းဘေးဘက်နှင့် နီးသည့်နေရာတွင် ထိုင်နေသည့် ဟုန်ချန်းမင်း ကအရင်ဆုံး တံခါးဖွင့်လိုက်ပြီး ကားထဲမှ ထွက်လိုက်သည်။

ထိုအချိန်တွင် ဇောင်ယုဟွမ် ရဲ့ဖုန်းက ချက်ချင်းပင် မြည်လာခဲ့သည်။ သူမ ဖုန်းကိုကြည့်လိုက်ပြီး လီဂျင်းယွမ် ဆီမှဆိုတာကို မြင်လိုက်ပြီး ကိုင်လိုက်သည်။

“ဟွမ်ဟွမ်၊ မင်းအခု ဘယ်မှာလဲ? မင်းထွက်လာပြီလား?”

“ဟွမ်ဟွမ် စားသောက်ဆိုင်ရှေ့ ရောက်နေပြီ”

“ကိုယ်ကောပဲ” လီဂျင်းယွမ် ကပြောလိုက်သည်။ ထို့နောက် ခနရပ်လိုက်ကာ ပြောလိုက်သည်။ “အိုကေ အခု မင်းရဲ့ကားကို ကိုယ်တွေ့ပြီ”

“အို၊ ဟုတ်လား?” ဇောင်ယုဟွမ် က ဟုန်ချန်းမင်း ဘေးတွင်ရပ်နေရင်း လှည့်ပတ်ကြည့်လိုက်သည်။ စားသောက်ဆိုင်ရဲ့ ညာဘက်ခြမ်းနားမှာ ရပ်ထားတဲ့ အနက်ရောင် ဗန်ကားတစ်စီးကို သူမ တွေ့လိုက်သည်။ ကားဘေးမှာ ရပ်နေကြသည့် လီဂျင်းယွမ်၊ ဝေ့ကျဲ နဲ့လက်ထောက်ဖြစ်ပုံရသည့် အမျိုးသမီးတို့ကို တွေ့လိုက်သည်။

ဟုန်ချန်းမင်း ကကြည့်လိုက်ပြီး လီဂျင်းယွမ် နဲ့သူတို့ကို ‌ေတွ့လိုက်သည်။ သူတို့မျက်လုံးတွေက လမ်းတစ်ဝက်မှာတင် အကြည့်ချင်းဆုံသွားပြီး တစ်ယောက်နဲ့ တစ်ယောက် ဝတ်စားထားပုံတွေကို စစ်ဆေးနေခဲ့ကြသည်။

လီဂျင်းယွမ် က ဟုန်ချန်းမင်း သည်ရယ်စရာကောင်းသည့် အဝတ်အစားတွေကို ဝတါထားတာကို မြင်လိုက်သည်။ ဟုန်ချန်းမင်း သည် ချန်းမင်းရီ နှင့်တစ်နှစ်‌ေကျာ်‌ေလာက် နေခဲ့ဖူးပြီး ဗီလိန်ဆန်သည့် အသွင်အပြင်က နည်းနည်းတော့ ရှိနေခဲ့သည်။ အခု‌ေတာ့ သူက ရုံးကနေ ထွက်လာတာ‌‌ေကြာင့် ရိုးသားသည့် လူငယ်လေးပုံစံ ဝတ်စားထားပြီး ထိုအကြောင်းကို သတိမထားမိပဲ လူတိုင်းက တွေးတောနေမိကြသည်။

လီဂျင်းယွမ် ဝတ်ထားသည့် ပုံစံကလဲ ရယ်စရာကောင်းနေတာကို ဟုန်ချန်းမင်း မြင်လိုက်ရသည်။ သူက လူငယ်လေးဖြစ်ပေမဲ့ ဟွမ်ဟွမ့် ရှေ့တွင် အရွယ်ရောက်သည့်ပုံစံ ဟန်ဆောင်ကာ ဝတ်စုံအား ဝတ်ထားခဲ့သည်။ ကောင်းပြီ၊ ဒါတောင်မှ လီဂျင်းယွမ် ကသူ့အစ်ကိုပံုစံ ပေါ်မလာပေ။

ထို့နောက် လီဂျင်းယွမ် ကသူတို့ဆီကို လျှောက်လာခဲ့သည်။

“ဟွမ်ဟွမ်” သူမအရှေ့ကို ရောက်လာချိန်တွင် လီဂျင်းယွမ် ကညင်သာစွာ ခေါ်လိုက်ပြီး သူမအား သူ့လက်မောင်းထဲ ဆွဲသွင်းလိုက်သည်။ သူက အရပ်ရှည်သည်။ သူ့ဆီမှ မြန်မြန် ပွေ့ဖက်ခံလိုက်ရတာကြောင့် ဇောင်ယုဟွမ် ရဲ့ခေါင်းက သူ့ရင်ဘတ်တွင် မြုပ်နေခဲ့သည်။

“ကောင်းပြီ၊ ကောင်းပြီ။ လုံလောက်ပြီ။ ငါအသက်ရှူလို့ မရတော့ဘူး” ဇောင်ယုဟွမ် ကတွန်းထုတ်ရင်း ပြောလိုက်သည်။ နောက်ဆုံးတော့ လီဂျင်းယွမ် ကသူမကို လွှတ်လိုက်သည်။ သူမကို လွှတ်လိုက်သည်နှင့် ဝေ့ကျဲ နဲ့ လီဂျင်းယွမ် ရဲ့လက်ထောက်တို့က သူတို့ဆီကို လျှောက်လာခဲ့ကြသည်။

ဝေ့ကျဲ သည် ဇောင်ယုဟွမ် ကိုမတွေ့ခဲ့တာ အချိန်အနည်းငယ် ကြာသွားခဲ့သည်။ အခုတော့ သုမကို ထပ်မြင်လိုက်ချိန်တွင် ပျော်ရွှင်သွားခဲ့သည်။ ထိုအချိန်တွင် သူမအလှကို မြင်လိုက်ရပြီး အံ့ဩသွားခဲ့သည်။ “မိန်းကလေးဇောင်၊ မတွေ့တာကြာပြီပဲ။ မင်းက ပိုပိုပြီး လှလှလာတာပဲ!”

“ဟိုင်း၊ ဝေ့ကော ကောဘယ်လိုလဲ?”

“အရင်အတိုင်းပါပဲ” ဝေ့ကျဲ ကပြောလိုက်ကာ လက်ဆွဲနှုတ်ဆက်လိုက်သည်။

လီဂျင်းယွမ် ရဲ့လက်ထောက်သည် နောက်ဆုံးတော့ လီဂျင်းယွမ် အစ်မကို မြင်လိုက်သည်။ သူမပုံစံက လီဂျင်းယွမ် ထက်တောင် ငယ်ရွယ်နေပုံပေါ်သည်။ နောက်ပြီး သူမက ဝေ့ကျဲ ပြောသလို လှပသည်။ အရမ်းကို ပြည့်စုံသည့် အလှအပပင်။ လှပသည်ဆိုတာက သူမရဲ့အလှကို လုံေလာက်အောင် မဖော်ပြနိုင်ပေ။

သူမ အရှေ့တွင် ရပ်နေသည့် မိန်းကလေးသည် အလွန်လှပပြီး ဆွဲဆောင်နိုင်သည်။ သူမက များစွာသော သရုပ်ဆောင်တွေထက်တောင် ပိုလှပသေးသည်။

“ညစာ ဝင်စားပါလား၊ ဝေ့‌ေကာ?” ဇောင်ယုဟွမ် ကအပြုံးလေးနဲ့ မေးလိုက်သည်။ ဝေ့ကျဲ ကလက်ခါလိုက်ပြီး “အာ၊ ငါတခြား ဝန်ထမ်းတွေနဲ့ပဲ သွားစားလိုက်မယ်”

ဇောင်ယုဟွမ် ကထိုအကြောင်းကို ထပ်ပြီး တွန်းအားပေးလိုက်သည်။ “ဒါလဲ အလုပ်ပါပဲ။ ဘာပဲဖြစ်ဖြစ် လာခဲ့ပါ။ ဝေ့ကော အတွက် သီးသန့်စားပွဲ ပြင်ပေးမယ်။ ကျွန်မ ကျွေးမှာပါ။ ဘာပဲဖြစ်ဖြစ် ဝေ့ကောကို ညစာကျွေးမှာပဲလေ။ ဒီတစ်ချိန်လုံး လီဂျင်းယွမ် ကိုစောင့်ရှောက်ပေးခဲ့လို့ ကျေးဇူးတင်နေတာ”

တစ်ဖက်တွင် ရပ်နေသည့် လီဂျင်းယွမ် ကပြုံးလိုက်သည်။ သူက အရမ်းပြုံးနေတာကြောင့် သူ့မျက်လံုးတွေကိုတောင် မမြင်နိုင်ပေ။ ဇောင်ယုဟွမ် ကသူ့အား ဂရုစိုက်တာကို မြင်လိုက်ပြီး အတော်လေး ပျော်ရွှင်နေသည်။ သူ့ကို ချစ်ပြီး ဂရုစိုက်ပေးတဲ့ ခံစားချက်ကို သူသဘောကျသည်။ ထိုခံစားချက်တွေက မူးယစ်ဆေးဝါးလိုမျိုး တားဆီးရန် ခက်ခဲလှသည်။

ဝေ့ကျဲ ကခေါင်းညိတ်ကာ ပြောလိုက်သည်။ “အိုကေ၊ ငါတို့ နည်းနည်း‌ေတာ့ ပါဝင်မယ်။ ငါတို့ မင်းရဲ့နာမည်နဲ့ အမှီပြုရမှာပေါ့” ဇောင်ယုဟွမ် ကတခြားဘာမှ ထပ်မပြောတော့ပဲ လှည့်လိုက်ကာ သူမအနောက်ရှိ ဟုန်ချန်းမင်း ရယ် လီဂျင်းယွမ် တို့နဲ့အတူ အထဲကို လျှောက်သွားလိုက်သည်။

လက်ထောက်က မထိန်းချုပ်နိုင်စွာဖြင့် ဟုန်ချန်းမင်း ဘက်ကိုကြည့်လိုက်ပြီး သူလည်း အရမ်းကြည့်ကောင်းတာပဲလို့ သူမဘာသာ တွေးလိုက်သည်။ သူက အစ်ကိုကြီးမလား? တစ်မိသားစုလုံးက အရမ်းဆွဲဆောင်မှုရှိတာပဲ!

သူတို့လို လူမျိုးတွေသာ ဖျော်ဖြေရေး လောကထဲကို မဝင်ရင် ဘယ်သူတွေက ဖျော်ဖြေရေး လောကထဲကို ဝင်သင့်တော့မလဲ?

သူတို့အားလုံး ထွက်သွားပြီးမှသာ လက်ထောက်က ဝေ့ကျဲ အားမေးရဲလေသည်။ “ဝေ့ကော၊ သခင်လေးလီရဲ့ အစ်မကုိ အရင်က သိလား?”

ဝေ့ကျဲ ကပြုံးကာ ပြောလိုက်သည်။ “အင်း၊ တစ်နှစ်လောက်ရှိပြီ။ မိန်းကလေးဇောင်က အရမ်းသဘောကောင်းတာ။ ကောင်းမွန်တဲ့ မိသားစုက မွေးဖွားလာခဲ့တာ။ သူမက လှပပြီး စိတ်ထားလဲ‌ ကောင်းတယ်၊ သူမအနားက လူတွေအပေါ်လဲ ကောင်းတယ်”

လက်ထောက်က သူမဘာသာ မညည်းညူပဲ မနေနိုင်ခဲ့ပေ။ တစ်စုံတစ်ယောက်က အဲဒီလို ပြည့်စုံနိုင်ပါ့မလား?

“ဒါဆို မိန်းကလေးဇောင် ဘေးကသူက ဘယ်သူလဲ?” လက်ထောက်က ထပ်မေးလိုက်သည်။

“အိုး၊ အဲ့ဒါက သခင်လေးဟုန်လေ။ မိန်းကလေးဇောင်ရဲ့ အစ်ကိုကြီး”

အခုတော့ လက်ထောက်က ပိုရှုပ်ထွေးသွားသည်။ “အင်း…ဘာကြောင့် သူတို့ရဲ့ နောက်ဆုံးနာမည်တွေက မတူကြတာလဲ? သူတို့က ဝမ်းကွဲတွေလား?”

ဝေ့ကျဲ ကသူ့နှုတ်ခမ်းအား တင်းတင်းစေ့ကာ ပြုံးလိုက်သည်။ “မိန်းကလေးဇောင် မိသားစုက သခင်လေးဟုန်နဲ့ သခင်လေးလီတိုကို မွေးစားခဲ့တာ”

လက်ထောက်ရဲ့ ပါးစပ်က အနည်းငယ် ဟသွားသည်။ ဝေ့ကျဲ ကသိပ်မပျော်တော့တာကို သူမ ပြောနိုင်သည်။ သူမမေးခွန်းတွေ အများကြီး မေးလိုက်မိလို့ ဖြစ်နိုင်သည်။ သူမပါးစပ်အား ပိတ်ထားဖို့ ဆုံးဖြတ်လိုက်သည်။

ထိုအကြောင်းအား သူမဘာသာ တွေးတောလိုက်သည်… သူတို့က မွေးစားခံခဲ့ရတာဆိုရင် သူတို့က သွေးသားမတော်စပ်ကြဘူးမလား? ဆိုလိုတာက…. သူတို့က စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ ဆက်ဆံရေးဖြစ်နိုင်တယ်မလား?

သို့သော် လက်ထောက်စိတ်ထဲမှ အတွေးတွေ‌ကို ဘယ်သူမှ မဖတ်နိုင်ကြပေ။

*****

ဇောင်ယုဟွမ် က ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့နဲ့အတူ သီးသန့်ခန်းထဲကို ဝင်လိုက်ပြီး ဟုန်ချန်းမင်း ကပြောလိုက်သည်။ “မင်းကို ငါနဲ့အတူစားဖို့ ဟွမ်ဟွမ် ကပြောခဲ့တာ ငါသိတယ်”

လီဂျင်းယွမ် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။ “အင်း၊ ငါအလုပ်ပြီးလို့ အားတာနဲ့ ဟွမ်ဟွမ် နဲ့အတူ ညစာစားဖို့ လာခဲ့တာ”

ထိုစကားကို ပြောလိုက်ပြီး ‌ဇောင်ယုဟွမ် ကိုလှမ်းကြည့်ကာ ပြောလိုက်သည်။ “ဟွမ်ဟွမ်ပြောခဲ့တဲ့ စာချုပ်ကို မင်းယူလာတာလား? မင်းဦးဆောင်ပြီး လုပ်သင့်တယ်။ ပြီးရင် ငါစာချုပ်ကို ကြည့်လိုက်မယ်”

“ဘာစာချုပ်လဲ?” ဟုန်ချန်းမင်း ကဖြတ်မေးလိုက်သည်။ သူစာချုပ်အကြောင်းကို မကြားခဲ့‌ေပ။ သူဖယ်ထုတ်ခံလိုက်ရသလို ခံစားလိုက်ရတယ်။ ထိုအရာက ဟုန်ချန်းမင်း ကိုအတော်လေး မပျော်မရွှင်ဖြစ်သွားစေသည်။

“ရန်ဆန်း က လီဂျင်းယွမ် အတွက် စာချုပ်ယူသွားပေဖို့ ဟွမ်ဟွမ့် ကိုတောင်းဆိုခဲ့တာ” ဇောင်ယုဟွမ် ပြောလိုက်သည်။ “ဒီမှာ PDF ကိုအရင်ကြည့်ပါ။ မိတ္တူကို အိမ်မှာထားခဲ့တယ်” ဒီနေ့ အမြန်ထွက်လာခဲ့ပြီး အပြင်မထွက်ခင် စာချုပ်နှင့်ကိုက်ညီမည့် ပိုက်ဆံအိတ်ကို ရှာမတွေ့ခဲ့‌ေပ။

ထို့ကြောင့် စာရွက်စာတမ်းအစား ‌ဇောင်ယုဟွမ် ရဲ့ဖုန်းဖြင့်သာ စာချုပ်ကို လီဂျင်းယွမ် ဖတ်နိုင်လိမ့်မည်။ သူက ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။ “အိုကေ၊ ပြဿနာမရှိပါဘူး။ အဆင်ပြေတယ်”

ဇောင်ယုဟွမ် ကလက်ထဲတွင် မီနူးကို ကိုင်ထားပြီး ဟုန်ချန်းမင်း ဘက်ကိုမှီလိုက်ပြီး မေးလိုက်သည်။ “ကိုကိုချန်းမင်း ဘာစားချင်လဲ?”

ဟုန်ချန်းမင်း ကသူတုိ့ နှစ်ယောက်ကြားက အကွာအဝေးကို ကြည့်လိုက်ပြီး သူ့ခံစားချက်တွေက ပိုကောင်းမွန်သွားခဲ့သည်။ မီနူးကို လက်တစ်ဖက်ဖြင့် ကိုင်လိုက်ပြီး ပြောလိုက်သည်။ “ကြည့်ဦးမယ်”

သူတို့ နှစ်‌ေယာက်က မတူဘီသည့် အမျိုးအစား ဆယ်မျိုးကို မှာလိုက်သည်။ ဒီစားသောက်ဆိုင်တွင် ထည့်သည့် ဟင်းလျာပန်းကန်တွင် အစားအသောက်က သိပ်မပါတာကြောင့် နည်းနည်းပိုမှာလိုက်သည်။ပါရှိသည့် ခုတစ်ဝှမ်းကွဲပြားခြားနားသောပစ္စည်းများလှည့်ပတ်တက်အဆုံးသတ်ခဲ့သည်။

မီနူးမှ အစားအသောက်တွေကို မှာပြီးနောက် မီနူးအား ဝန်ထမ်းဆီပြန်ပေးလိုက်ပြီး ဇောင်ယုဟွမ် က ဟုန်ချန်းမင်း အားသူ့ရဲ့ ဒူဘိုင်း ခရီးစဉ်အကြောင်းကို မေးလိုက်သည်။

လီဂျင်းယွမ် က ဇောင်ယုဟွမ် ရဲ့ဖုန်းကို ကိုင်ထားပြီး စိတ်အနှောင့်အယှက် အနည်းငယ် ဖြစ်သွားခဲ့သည်။ သူလည်း စကားဝိုင်းထဲ ဝင်ချင်တယ်။

သို့သော် သူ့အတွက် စာချုပ်ကို အဆုံးထိဖတ်တာက ပိုအရေးကြီးကြောင်း သိသည်။ သူ့ကိုယ်သူ စာချုပ်အား အာရုံစိုက်ပြီး ဖတ်ရန် တွန်းအားပေးလိုက်သည်။ သိပ်မကြာခင် ဝန်ထမ်းက တံခါးခေါက်လာပြီး အစားအသောက်တွေ သယ်လာချိန်တွင် လီဂျင်းယွမ် လည်းစာချုပ်ကို ဖတ်ပြီးသွားခဲ့သည်။

ဖုန်းကို ဇောင်ယုဟွမ် ဆီပြန်ပေးပြီး ပြောလိုက်သည်။ “ကောင်းပါတယ်။ ကိုယ်လုပ်နိုင်တယ်။ ရန်ဆန်း ရဲ့ WeChat အကောင့်ရှိလား? ငါတို့ အဖွဲ့လိုက် စကားပြောချင်လား?”

ဇောင်ယုဟွမ် ခေါင်းညိတ်လိုက်ပြီး ဖုန်းကိုယူလိုက်ကာ လျင်မြန်စွာ လုပ်ကိုင်လိုက်သည်။ “အိုကေ၊ အုပ်စုဖွဲ့စကားပြောဖို့ group ဖွဲ့လိုက်မယ်။ သူ့အစ်မကိုလည်း ထည့်ခိုင်းလိုက်မယ်”

“အိုကေ”

ဟုန်ချန်းမင်း ထပ်ပြီး မပျော်မရွှင်ဖြစ်သွားသည်။ ထွက်သွားသည့် ထိုခံစားချက်တွေက ပြန်ရောက်လာခဲ့သည်။

#အရင်လို daily မအပ်နိုင်တော့ဘူးနော်။ ၂ ရက်၊ ၃ ရက်လောက်မှ တစ်ပိုင်းတင်ဖြစ်ပါလိမ့်မယ်။ အရင်တုန်း ၂ နာရီလောက် အချိန်ပေးပြီး တစ်ပိုင်း ဘာသာပြန်ပြီးတဲ့ ဘဝလေးကို သတိရလိုက်တာ 😭😭၊ အိမ်ပြန်လာတာ laptop မပါလာတာနဲ့ ဖုန်းနဲ့ပဲ စာရိုက်ရတော့ တော်တော်လေး ကြာပါတယ်။ နောက်ပြီး ကိုယ်က Gamer ပါ။ ဘာသာပြန်ဖို့လုပ်လိုက်ရင် ဂိမ်းထဲပဲရောက်ရောက်သွားလို့ 😁😁

9.10.2020 (Fri)
……………………

<Zawgyi>

အိပ္စက္ျခင္း

ဟုန္ခ်န္းမင္း ေဇာင္အိမ္ေတာ္ကို ျပန္ေရာက္ခ်ိန္တြင္ ေဇာင္ယုဟြမ္ ကဆိုဖာ‌ေပၚတြင္ ေစာင္အထူကိုၿခဳံၿပီး အိပ္ေပ်ာ္ေနၿပီျဖစ္သည္။

အခုေတာ့ ဟုန္ခ်န္းမင္း ရဲ႕အေတြးေတြက ရွင္းလင္းေနသည္။ ဆိုဖာနားကို ေလွ်ာက္သြားလိုက္သည္။ ေဇာင္ယုဟြမ္ ရဲ႕မ်က္လုံုးေတြက တင္းက်ပ္စြာ ပိတ္ထားသည္။ လက္တစ္ဖက္က ေစာင္စကို တင္းက်ပ္စြာ ကိုင္ထားၿပီး သူမရဲ႕ကိုယ္က ပိုေသးငယ္ပုံ ေပၚေနသည္။ 

ဟုန္ခ်န္းမင္း ကသူ႔ေခါင္းကို နည္းနည္းခါလိုက္သည္။ ႐ုတ္တရက္ သူ႔စိတ္ေတြက မရွင္းလင္းေတာ့သလို ခံစားလိုက္ရသည္။ ကိုယ္ကို ေကြးလိုက္ၿပီး သူမကို သယ္လိုက္ၿပီး အေပၚထပ္ကို ဦးတည္သြားလိုက္သည္။

ကံေကာင္းတာက သူ႔ေျခလွမ္း‌ေတြက တည္ၿငိမ္ေနတုန္းပင္။ တတိယထပ္ကို သူမအား သယ္သြားၿပီးေနာက္ အိမ္ေတာ္ထဲတြင္ ဓာတ္ေလွကားရွိတာကို သတိရသြားသည္။

သူက မိုက္မဲတာပဲ။

ဟုန္ခ်န္းမင္း သည္မ်က္ေမွာင္ၾကဳတ္လိုက္ရင္း ေဇာင္ယုဟြမ္ အားသူမအိပ္ရာေပၚသို႔ ခ်လိုက္ကာ သူမကိုယ္ေပၚသို႔ ေစာင္ကိုဆြဲတင္လိုက္ၿပီး သူ႔အခန္းထဲကို ျပန္သြားလိုက္သည္။

ေရေတာင္မခ်ိဳးႏိုင္ေတာ့ပဲ အိပ္ရာေပၚသို႔ လွဲခ်လိုက္သည္။ အနားယူလိုက္ခ်ိန္တြင္ သူ႔စိတ္ေတြက ရွင္းလင္းသြားမွာ ေသခ်ာသည္။ ဟုန္ခ်န္းမင္း သူ႔မ်က္လုံးေတြအား မွိတ္လိုက္သည္။

*****

ရန္ဆန္း ဆီမွဖုန္းဝင္လာၿပီး ေဇာင္ယုဟြမ္ ႏိုးလာခဲ့သည္။ ေနာက္တစ္ႀကိမ္ ကားၿပိဳင္ပြဲ သင္ခန္းစာကို ဘယ္ေနရာမွာ လုပ္ခ်င္ခဲဆိုတာကို လွမ္းေမးျခင္းျဖစ္သည္။

ထိုအခ်က္ကို ၾကည့္ျခင္းျဖင့္ ရန္ဆန္း ကသူမကို အရမ္းသင္ေပးခ်င္ေနတာ သိသာသည္။ သူမအား သူသိသမွ် ကားၿပိဳင္နည္းေတြကို ေန႔ေကာညပါ သင္ၾကားေပးဖို႔ကိုသည ဆႏၵရွိေနသည္။

ကားၿပိဳင္ပြဲက ေပ်ာ္စရာေကာင္းေပမဲ့ သူမအိမ္ကို ျပန္ေရာက္ၿပီး အနားယူၿပီးေနာက္ သူမၿငီးေငြ႕သြားခဲ့သည္။ သူမေတြးေတာလိုက္ၿပီး ေနာက္ဆယ္ရက္မွသာ လုပ္ရန္စီစဥ္လိုက္သည္။

ရန္ဆန္း က၀မ္းသာစြာျဖင့္ အသိအမွတ္ျပဳၿပီး သူမအား သတိေပးလိုက္သည္။ “စာခ်ဳပ္ကို မေမ့နဲ႔ေနာ္!”

“စိတ္မပူပါနဲ႔။ ငါမေမ့ပါဘူး”

သူမ ဖုန္းခ်ၿပီး‌ေနာက္ ဖုန္းကိုေဘးဘက္သို႔ ပစ္ခ်လိုက္ၿပီး အိပ္ရာမွထဖို႔ ျပင္လိုက္သည္။ အဝတ္အစားလဲၿပီး မွန္ေရွ႕တြင္ သူမကိုယ္အား ၾကည့္ၿပီးေနာက္ ညက ဆိုဖာေပၚတြင္ သူမ အိပ္ေပ်ာ္သြားတာကို ႐ုတ္တရက္ မွတ္မိသြားခဲ့သည္။ ဘယ္သူက အေပၚထပ္ကို သယ္လာခဲ့တာလဲ?

ေဇာင္ယုဟြမ္ သည္အိပ္ခန္းတံခါးအား ဖြင့္လိုက္ကာ ဟုန္ခ်န္းမင္း ရဲ႕အိပ္ခန္းဘက္ကို ေလွ်ာက္သြားၿပီး အထဲကို ဝင္လိုက္သည္။ အိမ္ေတာ္က အခုသူမ ပိုင္တာျဖစ္တာေတာင္ ဟုန္ခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ တို႔က ေခါင္းမာစြာနဲ႔ တတိယထပ္က သူတို႔အခန္းတြင္သာ ေနခဲ့ၾကသည္။

သူမ ေျခလွမ္း‌ေတြက ပိုမိုနီးကပ္လာေပမဲ့ အိပ္ရာေပၚမွ လူကေတာ့ မႏိုးေပ။ အိပ္ေပ်ာ္ေနတုန္းပင္။

ေဇာင္ဟြမ္ ကသူ႔အား ႏူးညံ့စြာ ေခၚလိုက္သည္။ “ဟုန္ခ်န္းမင္း?”

အိပ္ရာေပၚရွိ လူက‌ မတုံ႔ျပန္ေပ။

အိပ္ရာရဲ႕ ေထာင့္စြန္းတြင္ ေဇာင္ယုဟြမ္ ဝင္ထိုင္လိုက္ၿပီး သူ႔ႏွာေခါင္းကို ထိလိုက္သည္။ ဟုန္ခ်န္းမင္း ရဲ႕မ်က္လုံးေတြက ခ်က္ခ်င္း ဖြင့္လာခဲ့ၿပီး ေဇာင္ယုဟြမ္ ရဲ႕လက္ေကာက္ဝတ္ကို ဖမ္းကိုင္လိုက္သည္။

သူ႔အျမင္ေတြက ရွင္းလင္းသြားခ်ိန္တြင္ သူ႔အိပ္ရာအစြန္းတြင္ ထိုင္ေနတာ ဘယ္သူဆိုတာကို သိသြားခဲ့သည္။ သူ႔လက္ေတြကို ျပန္႐ုတ္လိုက္ေပမဲ့ သူ႔လက္ကေန ေဇာင္ယုဟြမ္ လက္ေကာက္ဝတ္ရဲ႕ ႏူးညံ့မႈနဲ႔ ေခ်ာေမြ႕‌ေနသည့္ အသားအရည္‌ေပၚတြင္သာ ခံစားမိေနခဲ့သည္။

“ညက ဘယ္အခ်ိန္ေရာက္တာလဲ?” ေဇာင္ယုဟြမ္ ေမးလိုက္သည္။ သူကလွဲေလ်ာင္းေနၿပီး သူမက အိပ္ရာစြန္းတြင္ ထိုင္ေနရင္းႏွင့္ သူမက ပိုျမင့္သည့္ ေနရာကေန ငုံ႔ၾကည့္ေနခဲ့သည္။

ဟုန္ခ်န္းမင္း ရဲ႕ဘက္က ၾကည့္ရင္ သူမလည္ပင္းရဲ႕ ျဖဴေဖြးၿပီး ေသးသြယ္ေနပုံ၊ ေမးေစ့က လွေပနပုံနဲ႔ သူမမ်က္ႏွာက အၿပဳံးကလဲ က်က္သေရရွိေနသည္…

သူမသည္ အၿမဲတမ္း လွပသည့္မိန္းကေလး ျဖစ္သည္။

သူမ လူမႈဖူလုံေရးစင္တာကို ပထမဆုံး လမ္းေလွ်ာက္ဝင္လာကတည္းက ထိုေနရာမွ  ကေလးငယ္ေတြအားလံုးက သူမရဲ႕ လွပမႈေၾကာင့္ အံ့အားသင့္သြားၾကသည္။

ထိုအခ်ိန္က သူမကို သူလဲၾကည့္ေနခဲ့ေပမဲ့ အခုအခ်ိန္ေတာ့ သူမ်က္န်ာလႊဲလိုက္သည္။ သူဘာလုပ္လို႔ လုပ္မိမွန္းမသိ‌‌ေပ။ ေဇာင္ယုဟြမ္ ကိုအၾကာႀကီး စိုက္ၾကည့္ဖို႔ မျဖစ္ဘူးလို႔ တစ္ခုခုက ေျပာေနတာနဲ႔တူေနသည္။

ဟုန္ခ်န္းမင္း ရဲ႕ထူးဆန္းသည့္ တုန႔္ျပန္မႈကို သတိမျပဳမိေသာ ေဇာင္ယုဟြမ္ ကထပ္ေမစလိုက္သည္။ “ကိုကိုခ်န္းမင္း၊ ညက ဘယ္အခ်ိန္ျပန္ေရာက္တာလဲ?”

သူမက သူ႔ကို အစ္ကိုႀကီး တစ္ေယာက္လို မျပဳမူလို႔ သူမကို ျပန္မေျဖတာလား? ဟုန္ခ်န္းမင္း ကသူ႔ဘာသာ စိတ္ကိုစုစည္းလိုက္ၿပီး ေျပာလိုက္သည္။ “၁ နာရီခြဲ‌ေက်ာ္ေလာက္လို႔ ထင္တယ္”

အိမ္‌ေတာ္ထဲကို ေလွ်ာက္ဝင္သည့္ အခ်ိန္၊ သူ႔အိပ္ခန္းထဲကို ဝင္တဲ့အခ်ိန္ေတြကို သူ မမွတ္မိ‌ေ‌ပ။ သူအိမ္ျပန္လာခ်ိန္ ေဇာင္ယုဟြမ္ က လီဂ်င္းယြမ္ ရဲ႕ဗြီဒီယို ကြန္႔မန္႔ေတြကို ဖတ္ျပေနတုန္းက ၁ နာရီခြဲရွိေနၿပီ။

“အဲ့ေလာက္ေတာင္ ေနာက္က်တာလား?” ေဇာင္ယုဟြမ္ ကနံရံေပၚရွိ နာရီကိုၾကည့္လိုက္သည္။ “၁၀:၄၃ ပဲရွိေသးတယ္၊ အဲ့ဒါေၾကာင့္ မထႏိုင္ေသးတာကို။ နည္းနည္းေလာက္ ပိုအိပ္သင့္တယ္”

ဟုန္ခ်န္းမင္း ႏႈတ္ကို အနည္းငယ္ ဖြင့္လိုက္ၿပီး ေျပာလိုက္သည္။ “အိုေက” သူအရမ္း ပင္ပန္းေနတယ္။ လူတစ္ေယာက္ရဲ႕ ဘဝက ကန႔္သတ္ခ်က္ေတြမ်ားတယ္လို႔ သူခံစားခဲ့ရသည္။ ထို႔ေနာက္ သူ႔အလုပ္ေတြကို ကန႔္သတ္တဲ့ ဘဝမွာ တတ္ႏိုင္သေလာက္ ၿပီးဆုံးေစခ်င္သည္။ ေနာက္ၿပီး သူမနဲ႔ အခ်ိန္ပိုျဖဳန္းႏိုင္ရင္လည္း အေကာင္းဆုံးျဖစ္သည္။ ဟုန္ခ်န္းမင္း သည္သူမနဲ႔ အခ်ိန္ျဖဳန္းျခင္းမွ ဘာေတြရမလဲ မသိေပ။

ႏွစ္သိမ့္မႈျဖစ္ႏိုင္လား? ဒါမဟုတ္ စိတ္ေက်နပ္မႈလား?

ဟုန္ခ်န္းမင္း ကသူ႔မ်က္လုံးကို ျပန္မွိတ္လိုက္သည္။

သို႔ေသာ္ ေဇာင္ယုယြမ္ ကသူ႔ကို ၾကည့္ေနသည့္ ပုံစံက သူ႔ေခါင္းထဲတြင္ ေပ်ာက္မသြားေပ။ ေဇာင္ယုဟြမ္ သည္ထလိုက္ၿပီး အခန္းထဲမွ ထြက္သြားလိုက္သည္။ လီဂ်င္းယြမ္ ဆီကိုဖုန္းေခၚလိုက္သည္။ လီဂ်င္းယြမ္ သည္ေလယာဥ္ေပၚမွ ဆင္းလာခဲ့ၿပီး ျဖစ္သည္။

ေဇာင္ယုဟြမ္ ေမးလိုက္သည္။ “ဂ်င္းယြမ္၊ ဒီေန႔ အခ်ိန္ရလား?”

လီဂ်င္းယြမ္ ၿပဳံးကာ ေျပာလိုက္သည္။ “အင္း၊ ရတယ္။ ဘာျဖစ္လို႔လဲ? ကိုယ့္ကို တစ္ခုခု ကူညီေစခ်င္တာလား?”

“အင္း။ ဆန္းေဝ႐ြမ္ စားေသာက္ဆိုင္မွာ ညစာစားဖို႔ ည ၇ နာရီမွာ ဟုန္ခ်န္းမင္း ရယ္ ဟြမ္ဟြမ္ ရယ္၊ ဂ်င္းယြမ္ လဲလိုက္ဖို႔လိုတယ္။ စာခ်ဳပ္ကို ဂ်င္းယြမ္ ဆီပို႔ေပးဖို႔ ရန္ဆန္း ကေတာင္းဆိုထားတယ္။ အဲ့ဒါအဆင္‌ေျပလား? ေဝ့ေကာက စိတ္ဆိုးမလား?”

“ဟင့္အင္း၊ ဟြမ္ဟြမ့္ ဆီက စာခ်ဳပ္ဆုိရင္ အဆင္ေျပမွာပါ။ ဒီည ကိုယ့္ကိုေပးေပါ့”

“အဲ့ဒါ ေကာင္းတယ္။ See you tonight!”

“See you tonight!” လီဂ်င္းယြမ္ ကႏူးညံ့စြာ ေျပာလိုက္သည္။

ဖုန္းခ်ၿပီးေနာက္တြင္ လီဂ်င္းယြမ္ ကသူ႔လက္ေထာက္အား အခ်ိန္ဇယားကို စစ္ေဆးခိုင္းလိုက္သည္။

“ဒီည သူေဌးဂ်င္း နဲ႔အတူ ညစာစားဖို႔ရွိတယ္” လက္ေထာက္က ေျပာလိုက္သည္။

“သူေဌးဂ်င္း ကဘယ္သူလဲ?”

လက္ေထာက္က ထိတ္လန႔္သြားသည္။ “ရက္အနည္းငယ္တုန္းက သူ‌ေဌးဂ်င္း နဲ႔ဖုန္းေျပာခဲ့တာကို မမွတ္မိဘူးလား? သူကရႈိးပြဲရဲ႕ အဓိကပ႐ိုဂ်ဴဆာ‌ေလ!”

“အိုး” လီဂ်င္းယြမ္ ကေအးေဆးစြာ ေျပာလိုက္သည္။ “ငါ့အခ်ိန္ဇယားကို ျပန္ျပင္ဖို႔ လိုလိမ့္မယ္။ သူ႔ကို ငါကိုယ္တိုင္ ဖုန္းေခၚလိုက္မယ္”

“အင္း၊ အဲဒါအဆင္ေျပရဲ႕လား?”

“ဘာလို႔မျဖစ္ရမလဲ?” လီဂ်င္းယြမ္ ၿပဳံးလိုက္သည္။ သူက စိတ္အေႏွာင့္အယွက္ျဖစ္ပံု မေပၚေပ။

လီဂ်င္းယြမ္ အားေန႔ေကာညပါ ျမင္ေတြ႕လာခ်ိန္တြင္ သူ႔ပုံစံက အစစ္အမွန္မဟုတ္ေၾကာင္း လက္ေထာက္က နားလည္လာခဲ့သည္။ လီဂ်င္းယြမ္ ကဒီေဖ်ာ္ေျဖေရး ေလာကထဲကို ဝင္လိုက္တာေတာင္ လူ႔အသိုင္းအဝိုင္း ဆက္ဆံေရးက ေကာင္းမြန္ေနတုန္းပင္။ ဘယ္သူကမွ သူ႔အမွားနည္းနည္းေလးကိုေတာင္ ရွာမေတြ႕ရေပ။

သခင္‌ေလးလီ နဲ႔စာခ်ဳပ္ခ်ဳပ္ခ်င္ၾကသည့္ သူေဌးဂ်င္း၊ သူေဌးဝမ္၊ သူေဌးေက်ာင္… အမ်ားႀကီးရွိၾကသည္။ သခင္‌ေလးလီသည္ လူတိုင္းႏွင့္အၿမဲတမ္း အတူတူရွိေနသည္။

သခင္ေလးလီ ကထိုသူေဌးမ်ားအား ဂ႐ုမစိုက္ဘူးဆိုတာကို လက္ေထာက္က အခုေတာ့ သိသြားခဲ့သည္။ တျခားအသစ္ေတြက ေရခဲပါးေလးေပၚရွိေနေသာ္လည္း ထိုအရာေတြက သူ႔့ကို အေႏွာင့္အယွက္ ျဖစ္ေစပုံမေပၚေပ။ လီဂ်င္းယြမ္ ကပထမဆုံး လႈပ္ရွားမႈကိုသာ သြားခဲ့သည္။

ထိုအခ်ိန္အတြင္း သူေဌးဂ်င္း ဆီကိုဖုန္းေခၚခဲ့သည္။ ထိုအခ်က္ေၾကာင့္ သူေဌးဂ်င္း ကစိတ္အေႏွာင့္အယွက္ မျဖစ္ခဲ့ပဲ မေတာ္တဆေတာင္ ဂ႐ုစိုက္ျခင္းကို ရရွိလိုက္သည္။ လက္ေထာက္ကေတာ့ အေႏွာင့္အယွက္ ျဖစ္ခဲ့သည္။

အဲ့ဒါက တကယ္တန္လို႔လား?

သူအစ္မနဲ႔ ညစာစားရန္ တျခားသူမ်ားႏွင့္ သတင္းေထာက္ေတြ လာေရာက္ၾကမည့္ အခြင့္အလမ္းေတြကို ျငင္းပယ္ထားခဲ့သည္။ လႈပ္ရွားမႈအၿပီးတြင္ လီဂ်င္းယြမ္ ကသုံးနာရီေလာက္ အနားယူလိုက္ၿပီး ညေန ၆ နာရီမွ ႏိုးလာခဲ့သည္။

စီစဥ္သူသည္ အလြန္ရက္ေရာကာ သူ႔ကို အေႏွာင့္အယွက္မေပးပဲ နားေနခန္းတြင္ အနားယူေစခဲ့သည္။ အနားယူၿပီးေနာက္ ပိုၿပီးတက္ႂကြတဲ့ပုံေပၚေစသည့္ ဝတ္စုံကို ေျပာင္းလိုက္တယ္။

“သြားၾကရေအာင္” လီဂ်င္းယြမ္ ေျပာလိုက္သည္။ “စားေသာက္ဆိုင္ကို”

လက္ေထာက္ ကပိုၿပီးရႈပ္ေထြးသြားခဲ့သည္။

သူ အ၀တ္အစား ၀တ္ထားပုံက သူ႔အစ္မႏွင့္ ညစာစားရန္ သြားတာနဲ႔ မတူေပ။ စားေသာက္ပြဲမ်ားကို တက္ေရာက္သည့္ အခ်ိန္ထက္ ပိုၿပီးပံုမွန္ျဖစ္သည့္ အဝတ္ကို ဝတ္စားထားခဲ့သည္။

*****

ဟုန္ခ်န္းမင္း သည္သူ႔ဖုန္းကို အသံပိတ္ထားတာ‌ေၾကာင့္ ေဇာင္ယုဟြမ္ ကသူ႔အခန္းကို ျပန္လာၿပီး သူ႔ႏွာေခါင္းအား ထိလိုက္သည့္အခ်ိန္ ၆ နာရီေလာက္မွ ျပန္ႏိုးလာခဲ့သည္။

သူက လန္းဆန္းၿပီး ေျပာင္းလဲသြားခဲ့သည္။

သူ႔ဝတ္စုံကို ခြၽတ္လိုက္ၿပီး ႐ိုးရွင္းသည့္ အျဖဴေရာင္ ဆြယ္တာ၊ ဂ်က္ကပ္ အဝတ္အစား‌ေတြကို လဲလွယ္လိုက္ၿပီး စီးပြားေရးလုပ္ငန္းရွင္မွ ငယ္႐ြယ္သည့္ ဝံပုေလြေလးအျဖစ္ ခ်က္ခ်င္း ေျပာင္းလဲသြားသည္။

ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] - 52❇️ အိပ်စက်ခြင်း

ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] - 52❇️ အိပ်စက်ခြင်း

(ဟုန္ခ်န္းမင္း ဝတ္တဲ့အဝတ္အစား ပုံစံေတြပါ)

တစ္ဖက္ရွိ ေဇာင္ယုဟြမ္ ကေတာ့ အျပင္ဝတ္ဖို႔အတြက္ အားစိုက္ထုတ္ခဲ့သည္။ အနီေရာင္ ကုတ္အက်ႌနဲ႔ အျဖဴေရာင္ ဂါဝန္အရွည္ကို ဝတ္ဆင္ထားခဲ့သည္။ သူမက ဟုန္ခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ တို႔ေလာက္ အရပ္မရွည္ေပမဲ့ သူမက အရပ္ပုသည့္အထဲေတာ့ မပါေပ။

ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] - 52❇️ အိပ်စက်ခြင်း

၅ စင္တီမီတာရွိသည့္ ေဒါက္ဖိနပ္ႏွင့္ သူမပုံစံက အရပ္ပိုရွည္ၿပီး ပိုေသးသြယ္ပုံေပၚကာ သူမအဝတ္က ၾကမ္းႏွင့္ထိေနမွာကို စိုးရိမ္စရာ မရွိေပ။ အနီေရာင္ကုတ္က သူမ မ်က္ႏွာအသြင္အား အရင္ကထက္ ပိုၾကည့္ေကာင္းေစသည္။ သူမသည္ ငယ္႐ြယ္သည့္ မိန္းကေလးမ်ားၾကားတြင္ ပြင့္လန္းေနသည့္ မက္မြန္ပန္း‌ေလးလို ျဖစ္ေနသည္။

သူမ အခန္းထဲမွ ထြက္လာၿပီး ေအာက္ထပ္ကို ဆင္းသြားခဲ့သည္။ ဟုန္ခ်န္းမင္း ကိုျမင္လိုက္ခ်ိန္တြင္ သူမ ရယ္လိုက္သည္။ သူမ ကိုယ္ကို လက္ညိဳးျပန္ထိုးလိုက္ၿပီး “ဟြမ္ဟြမ္ တို႔က ခ်မ္းသာတဲ့ အမ်ိဳးသမီးနဲ႔ သူမရဲ႕ အေပ်ာ္တြဲ ေကာင္ေလးတို႔နဲ႔ တူေနတယ္မလား?”

ဟုန္ခ်န္းမင္း ကသူ႔ႏႈတ္ခမ္းေတြကို လႈပ္ရွားလိုက္ၿပီး ေျပာလိုက္သည္။ “အင္း”

ထိုစကားကို ေျပာၿပီးေနာက္ ေဇာင္ယုဟြမ္ ကတံခါးအျပင္ကို ေလွ်ာက္သြားခဲ့သည္။ အေရွ႕ကားပါကင္ကို ထြက္လိုက္ၿပီး သူတို႔ရဲ႕ ကိုယ္ရံေတာ္ေတြက တံခါးကို ဖြင့္ေပးလိုက္သည္။ ေဇာင္ယုဟြမ္ ကလက္ထဲတြင္ ပိုက္ဆံအိတ္ကို ကိုင္ထားၿပီး ကားထဲဝင္လိုက္သည္။

ဟုန္ခ်န္းမင္း ကအေနာက္တြင္ က်န္ေနခဲ့သည္။ သူမေျပာလိုက္သည့္ ႐ိုးရွင္းသည့္ ဟာသက သူ႔အား အမ်ားႀကီး ေတြးေတာေနမိေစသည္။ သူမအေနာက္ကေန လိုက္လာရင္း ကားထဲကို ဝင္လိုက္ၿပီး‌ေနာက္ ကိုယ္ရံေတာ္‌ေတြက သူတို႔အတြက္ တံခါးကို ပိတ္‌ေပးလိုက္သည္။

“ညစာစားၿပီး အိမ္ျပန္ေရာက္ရင္ ကိုကိုခ်န္းမင္း ပိုၿပီးအနားယူလို႔ရတယ္။ ဒါဆို ေနာက္ေန႔ၾကရင္ လန္းဆန္းေနလိမ့္မယ္” ေဇာင္ယုဟြမ္ ေျပာလိုက္သည္။ ဟုန္ခ်န္းမင္း ကေခါင္းညိတ္လိုက္ၿပီး သူမ ေျပာတာေတြကို ကန႔္ကြက္ျခင္း မရွိေပ။

ေဇာင္ယုဟြမ္ ရဲ႕ကားက ဆန္းေဝ႐ြမ္ ကိုေရာက္ခ်ိန္တြင္ လီဂ်င္းယြမ္ လဲတစ္ခ်ိန္တည္း ေရာက္လာခဲ့သည္။ လမ္းေဘးဘက္ႏွင့္ နီးသည့္ေနရာတြင္ ထိုင္ေနသည့္ ဟုန္ခ်န္းမင္း ကအရင္ဆုံး တံခါးဖြင့္လိုက္ၿပီး ကားထဲမွ ထြက္လိုက္သည္။

ထိုအခ်ိန္တြင္ ေဇာင္ယုဟြမ္ ရဲ႕ဖုန္းက ခ်က္ခ်င္းပင္ ျမည္လာခဲ့သည္။ သူမ ဖုန္းကိုၾကည့္လိုက္ၿပီး လီဂ်င္းယြမ္ ဆီမွဆိုတာကို ျမင္လိုက္ၿပီး ကိုင္လိုက္သည္။

“ဟြမ္ဟြမ္၊ မင္းအခု ဘယ္မွာလဲ? မင္းထြက္လာၿပီလား?”

“ဟြမ္ဟြမ္ စားေသာက္ဆိုင္ေရွ႕ ေရာက္ေနၿပီ”

“ကိုယ္ေကာပဲ” လီဂ်င္းယြမ္ ကေျပာလိုက္သည္။ ထို႔ေနာက္ ခနရပ္လိုက္ကာ ေျပာလိုက္သည္။ “အိုေက အခု မင္းရဲ႕ကားကို ကိုယ္ေတြ႕ၿပီ”

“အို၊ ဟုတ္လား?” ေဇာင္ယုဟြမ္ က ဟုန္ခ်န္းမင္း ေဘးတြင္ရပ္ေနရင္း လွည့္ပတ္ၾကည့္လိုက္သည္။ စားေသာက္ဆိုင္ရဲ႕ ညာဘက္ျခမ္းနားမွာ ရပ္ထားတဲ့ အနက္ေရာင္ ဗန္ကားတစ္စီးကို သူမ ေတြ႕လိုက္သည္။ ကားေဘးမွာ ရပ္ေနၾကသည့္ လီဂ်င္းယြမ္၊ ေဝ့က်ဲ နဲ႔လက္ေထာက္ျဖစ္ပုံရသည့္ အမ်ိဳးသမီးတို႔ကို ေတြ႕လိုက္သည္။

ဟုန္ခ်န္းမင္း ကၾကည့္လိုက္ၿပီး လီဂ်င္းယြမ္ နဲ႔သူတို႔ကို ‌ေတြ႕လိုက္သည္။ သူတို႔မ်က္လုံးေတြက လမ္းတစ္ဝက္မွာတင္ အၾကည့္ခ်င္းဆုံသြားၿပီး တစ္ေယာက္နဲ႔ တစ္ေယာက္ ဝတ္စားထားပုံေတြကို စစ္ေဆးေနခဲ့ၾကသည္။

လီဂ်င္းယြမ္ က ဟုန္ခ်န္းမင္း သည္ရယ္စရာေကာင္းသည့္ အဝတ္အစားေတြကို ဝတါထားတာကို ျမင္လိုက္သည္။ ဟုန္ခ်န္းမင္း သည္ ခ်န္းမင္းရီ ႏွင့္တစ္ႏွစ္‌ေက်ာ္‌ေလာက္ ေနခဲ့ဖူးၿပီး ဗီလိန္ဆန္သည့္ အသြင္အျပင္က နည္းနည္းေတာ့ ရွိေနခဲ့သည္။ အခု‌ေတာ့ သူက ႐ုံးကေန ထြက္လာတာ‌‌ေၾကာင့္ ႐ိုးသားသည့္ လူငယ္ေလးပုံစံ ဝတ္စားထားၿပီး ထိုအေၾကာင္းကို သတိမထားမိပဲ လူတိုင္းက ေတြးေတာေနမိၾကသည္။

လီဂ်င္းယြမ္ ဝတ္ထားသည့္ ပုံစံကလဲ ရယ္စရာေကာင္းေနတာကို ဟုန္ခ်န္းမင္း ျမင္လိုက္ရသည္။ သူက လူငယ္ေလးျဖစ္ေပမဲ့ ဟြမ္ဟြမ့္ ေရွ႕တြင္ အ႐ြယ္ေရာက္သည့္ပုံစံ ဟန္ေဆာင္ကာ ဝတ္စုံအား ဝတ္ထားခဲ့သည္။ ေကာင္းၿပီ၊ ဒါေတာင္မွ လီဂ်င္းယြမ္ ကသူ႔အစ္ကိုပံုစံ ေပၚမလာေပ။

ထို႔ေနာက္ လီဂ်င္းယြမ္ ကသူတို႔ဆီကို ေလွ်ာက္လာခဲ့သည္။

“ဟြမ္ဟြမ္” သူမအေရွ႕ကို ေရာက္လာခ်ိန္တြင္ လီဂ်င္းယြမ္ ကညင္သာစြာ ေခၚလိုက္ၿပီး သူမအား သူ႔လက္ေမာင္းထဲ ဆြဲသြင္းလိုက္သည္။ သူက အရပ္ရွည္သည္။ သူ႔ဆီမွ ျမန္ျမန္ ေပြ႕ဖက္ခံလိုက္ရတာေၾကာင့္ ေဇာင္ယုဟြမ္ ရဲ႕ေခါင္းက သူ႔ရင္ဘတ္တြင္ ျမဳပ္ေနခဲ့သည္။

“ေကာင္းၿပီ၊ ေကာင္းၿပီ။ လုံေလာက္ၿပီ။ ငါအသက္ရႉလို႔ မရေတာ့ဘူး” ေဇာင္ယုဟြမ္ ကတြန္းထုတ္ရင္း ေျပာလိုက္သည္။ ေနာက္ဆုံးေတာ့ လီဂ်င္းယြမ္ ကသူမကို လႊတ္လိုက္သည္။ သူမကို လႊတ္လိုက္သည္ႏွင့္ ေဝ့က်ဲ နဲ႔ လီဂ်င္းယြမ္ ရဲ႕လက္ေထာက္တို႔က သူတို႔ဆီကို ေလွ်ာက္လာခဲ့ၾကသည္။

ေဝ့က်ဲ သည္ ေဇာင္ယုဟြမ္ ကိုမေတြ႕ခဲ့တာ အခ်ိန္အနည္းငယ္ ၾကာသြားခဲ့သည္။ အခုေတာ့ သုမကို ထပ္ျမင္လိုက္ခ်ိန္တြင္ ေပ်ာ္႐ႊင္သြားခဲ့သည္။ ထိုအခ်ိန္တြင္ သူမအလွကို ျမင္လိုက္ရၿပီး အံ့ဩသြားခဲ့သည္။ “မိန္းကေလးေဇာင္၊ မေတြ႕တာၾကာၿပီပဲ။ မင္းက ပိုပိုၿပီး လွလွလာတာပဲ!”

“ဟိုင္း၊ ေဝ့ေကာ ေကာဘယ္လိုလဲ?”

“အရင္အတိုင္းပါပဲ” ေဝ့က်ဲ ကေျပာလိုက္ကာ လက္ဆြဲႏႈတ္ဆက္လိုက္သည္။

လီဂ်င္းယြမ္ ရဲ႕လက္ေထာက္သည္ ေနာက္ဆုံးေတာ့ လီဂ်င္းယြမ္ အစ္မကို ျမင္လိုက္သည္။ သူမပုံစံက လီဂ်င္းယြမ္ ထက္ေတာင္ ငယ္႐ြယ္ေနပုံေပၚသည္။ ေနာက္ၿပီး သူမက ေဝ့က်ဲ ေျပာသလို လွပသည္။ အရမ္းကို ျပည့္စုံသည့္ အလွအပပင္။ လွပသည္ဆိုတာက သူမရဲ႕အလွကို လုံေလာက္ေအာင္ မေဖာ္ျပႏိုင္ေပ။

သူမ အေရွ႕တြင္ ရပ္ေနသည့္ မိန္းကေလးသည္ အလြန္လွပၿပီး ဆြဲေဆာင္ႏိုင္သည္။ သူမက မ်ားစြာေသာ သ႐ုပ္ေဆာင္ေတြထက္ေတာင္ ပိုလွပေသးသည္။

“ညစာ ဝင္စားပါလား၊ ေဝ့‌ေကာ?” ေဇာင္ယုဟြမ္ ကအၿပဳံးေလးနဲ႔ ေမးလိုက္သည္။ ေဝ့က်ဲ ကလက္ခါလိုက္ၿပီး “အာ၊ ငါတျခား ဝန္ထမ္းေတြနဲ႔ပဲ သြားစားလိုက္မယ္”

ေဇာင္ယုဟြမ္ ကထိုအေၾကာင္းကို ထပ္ၿပီး တြန္းအားေပးလိုက္သည္။ “ဒါလဲ အလုပ္ပါပဲ။ ဘာပဲျဖစ္ျဖစ္ လာခဲ့ပါ။ ေဝ့ေကာ အတြက္ သီးသန႔္စားပြဲ ျပင္ေပးမယ္။ ကြၽန္မ ေကြၽးမွာပါ။ ဘာပဲျဖစ္ျဖစ္ ေဝ့ေကာကို ညစာေကြၽးမွာပဲေလ။ ဒီတစ္ခ်ိန္လုံး လီဂ်င္းယြမ္ ကိုေစာင့္ေရွာက္ေပးခဲ့လို႔ ေက်းဇူးတင္ေနတာ”

တစ္ဖက္တြင္ ရပ္ေနသည့္ လီဂ်င္းယြမ္ ကၿပဳံးလိုက္သည္။ သူက အရမ္းၿပဳံးေနတာေၾကာင့္ သူ႔မ်က္လံုးေတြကိုေတာင္ မျမင္ႏိုင္ေပ။ ေဇာင္ယုဟြမ္ ကသူ႔အား ဂ႐ုစိုက္တာကို ျမင္လိုက္ၿပီး အေတာ္ေလး ေပ်ာ္႐ႊင္ေနသည္။ သူ႔ကို ခ်စ္ၿပီး ဂ႐ုစိုက္ေပးတဲ့ ခံစားခ်က္ကို သူသေဘာက်သည္။ ထိုခံစားခ်က္ေတြက မူးယစ္ေဆးဝါးလိုမ်ိဳး တားဆီးရန္ ခက္ခဲလွသည္။

ေဝ့က်ဲ ကေခါင္းညိတ္ကာ ေျပာလိုက္သည္။ “အိုေက၊ ငါတို႔ နည္းနည္း‌ေတာ့ ပါဝင္မယ္။ ငါတို႔ မင္းရဲ႕နာမည္နဲ႔ အမွီျပဳရမွာေပါ့” ေဇာင္ယုဟြမ္ ကတျခားဘာမွ ထပ္မေျပာေတာ့ပဲ လွည့္လိုက္ကာ သူမအေနာက္ရွိ ဟုန္ခ်န္းမင္း ရယ္ လီဂ်င္းယြမ္ တို႔နဲ႔အတူ အထဲကို ေလွ်ာက္သြားလိုက္သည္။

လက္ေထာက္က မထိန္းခ်ဳပ္ႏိုင္စြာျဖင့္ ဟုန္ခ်န္းမင္း ဘက္ကိုၾကည့္လိုက္ၿပီး သူလည္း အရမ္းၾကည့္ေကာင္းတာပဲလို႔ သူမဘာသာ ေတြးလိုက္သည္။ သူက အစ္ကိုႀကီးမလား? တစ္မိသားစုလုံးက အရမ္းဆြဲေဆာင္မႈရွိတာပဲ!

သူတို႔လို လူမ်ိဳးေတြသာ ေဖ်ာ္ေျဖေရး ေလာကထဲကို မဝင္ရင္ ဘယ္သူေတြက ေဖ်ာ္ေျဖေရး ေလာကထဲကို ဝင္သင့္ေတာ့မလဲ?

သူတို႔အားလုံး ထြက္သြားၿပီးမွသာ လက္ေထာက္က ေဝ့က်ဲ အားေမးရဲေလသည္။ “ေဝ့ေကာ၊ သခင္ေလးလီရဲ႕ အစ္မကုိ အရင္က သိလား?”

ေဝ့က်ဲ ကၿပဳံးကာ ေျပာလိုက္သည္။ “အင္း၊ တစ္ႏွစ္ေလာက္ရွိၿပီ။ မိန္းကေလးေဇာင္က အရမ္းသေဘာေကာင္းတာ။ ေကာင္းမြန္တဲ့ မိသားစုက ေမြးဖြားလာခဲ့တာ။ သူမက လွပၿပီး စိတ္ထားလဲ‌ ေကာင္းတယ္၊ သူမအနားက လူေတြအေပၚလဲ ေကာင္းတယ္”

လက္ေထာက္က သူမဘာသာ မညည္းညဴပဲ မေနႏိုင္ခဲ့ေပ။ တစ္စုံတစ္ေယာက္က အဲဒီလို ျပည့္စုံႏိုင္ပါ့မလား?

“ဒါဆို မိန္းကေလးေဇာင္ ေဘးကသူက ဘယ္သူလဲ?” လက္ေထာက္က ထပ္ေမးလိုက္သည္။

“အိုး၊ အဲ့ဒါက သခင္ေလးဟုန္ေလ။ မိန္းကေလးေဇာင္ရဲ႕ အစ္ကိုႀကီး”

အခုေတာ့ လက္ေထာက္က ပိုရႈပ္ေထြးသြားသည္။ “အင္း…ဘာေၾကာင့္ သူတို႔ရဲ႕ ေနာက္ဆုံးနာမည္ေတြက မတူၾကတာလဲ? သူတို႔က ဝမ္းကြဲေတြလား?”

ေဝ့က်ဲ ကသူ႔ႏႈတ္ခမ္းအား တင္းတင္းေစ့ကာ ၿပဳံးလိုက္သည္။ “မိန္းကေလးေဇာင္ မိသားစုက သခင္ေလးဟုန္နဲ႔ သခင္ေလးလီတိုကို ေမြးစားခဲ့တာ”

လက္ေထာက္ရဲ႕ ပါးစပ္က အနည္းငယ္ ဟသြားသည္။ ေဝ့က်ဲ ကသိပ္မေပ်ာ္ေတာ့တာကို သူမ ေျပာႏိုင္သည္။ သူမေမးခြန္းေတြ အမ်ားႀကီး ေမးလိုက္မိလို႔ ျဖစ္ႏိုင္သည္။ သူမပါးစပ္အား ပိတ္ထားဖို႔ ဆုံးျဖတ္လိုက္သည္။

ထိုအေၾကာင္းအား သူမဘာသာ ေတြးေတာလိုက္သည္… သူတို႔က ေမြးစားခံခဲ့ရတာဆိုရင္ သူတို႔က ေသြးသားမေတာ္စပ္ၾကဘူးမလား? ဆိုလိုတာက…. သူတို႔က စိတ္လႈပ္ရွားဖြယ္ေကာင္းတဲ့ ဆက္ဆံေရးျဖစ္ႏိုင္တယ္မလား?

သို႔ေသာ္ လက္ေထာက္စိတ္ထဲမွ အေတြးေတြ‌ကို ဘယ္သူမွ မဖတ္ႏိုင္ၾကေပ။

*****

ေဇာင္ယုဟြမ္ က ဟုန္ခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ တို႔နဲ႔အတူ သီးသန္႔ခန္းထဲကို ဝင္လိုက္ၿပီး ဟုန္ခ်န္းမင္း ကေျပာလိုက္သည္။ “မင္းကို ငါနဲ႔အတူစားဖို႔ ဟြမ္ဟြမ္ ကေျပာခဲ့တာ ငါသိတယ္”

လီဂ်င္းယြမ္ ေခါင္းညိတ္လိုက္ၿပီး ေျပာလိုက္သည္။ “အင္း၊ ငါအလုပ္ၿပီးလို႔ အားတာနဲ႔ ဟြမ္ဟြမ္ နဲ႔အတူ ညစာစားဖို႔ လာခဲ့တာ”

ထိုစကားကို ေျပာလိုက္ၿပီး ‌ေဇာင္ယုဟြမ္ ကိုလွမ္းၾကည့္ကာ ေျပာလိုက္သည္။ “ဟြမ္ဟြမ္ေျပာခဲ့တဲ့ စာခ်ဳပ္ကို မင္းယူလာတာလား? မင္းဦးေဆာင္ၿပီး လုပ္သင့္တယ္။ ၿပီးရင္ ငါစာခ်ဳပ္ကို ၾကည့္လိုက္မယ္”

“ဘာစာခ်ဳပ္လဲ?” ဟုန္ခ်န္းမင္း ကျဖတ္ေမးလိုက္သည္။ သူစာခ်ဳပ္အေၾကာင္းကို မၾကားခဲ့‌ေပ။ သူဖယ္ထုတ္ခံလိုက္ရသလို ခံစားလိုက္ရတယ္။ ထိုအရာက ဟုန္ခ်န္းမင္း ကိုအေတာ္ေလး မေပ်ာ္မ႐ႊင္ျဖစ္သြားေစသည္။

“ရန္ဆန္း က လီဂ်င္းယြမ္ အတြက္ စာခ်ဳပ္ယူသြားေပဖို႔ ဟြမ္ဟြမ့္ ကိုေတာင္းဆိုခဲ့တာ” ေဇာင္ယုဟြမ္ ေျပာလိုက္သည္။ “ဒီမွာ PDF ကိုအရင္ၾကည့္ပါ။ မိတၱဴကို အိမ္မွာထားခဲ့တယ္” ဒီေန႔ အျမန္ထြက္လာခဲ့ၿပီး အျပင္မထြက္ခင္ စာခ်ဳပ္ႏွင့္ကိုက္ညီမည့္ ပိုက္ဆံအိတ္ကို ရွာမေတြ႕ခဲ့‌ေပ။

ထို႔ေၾကာင့္ စာ႐ြက္စာတမ္းအစား ‌ေဇာင္ယုဟြမ္ ရဲ႕ဖုန္းျဖင့္သာ စာခ်ဳပ္ကို လီဂ်င္းယြမ္ ဖတ္ႏိုင္လိမ့္မည္။ သူက ၿပဳံးကာ ေခါင္းညိတ္ျပလိုက္သည္။ “အိုေက၊ ျပႆနာမရွိပါဘူး။ အဆင္ေျပတယ္”

ေဇာင္ယုဟြမ္ ကလက္ထဲတြင္ မီႏူးကို ကိုင္ထားၿပီး ဟုန္ခ်န္းမင္း ဘက္ကိုမွီလိုက္ၿပီး ေမးလိုက္သည္။ “ကိုကိုခ်န္းမင္း ဘာစားခ်င္လဲ?”

ဟုန္ခ်န္းမင္း ကသူတုိ႔ ႏွစ္ေယာက္ၾကားက အကြာအေဝးကို ၾကည့္လိုက္ၿပီး သူ႔ခံစားခ်က္ေတြက ပိုေကာင္းမြန္သြားခဲ့သည္။ မီႏူးကို လက္တစ္ဖက္ျဖင့္ ကိုင္လိုက္ၿပီး ေျပာလိုက္သည္။ “ၾကည့္ဦးမယ္”

သူတို႔ ႏွစ္‌ေယာက္က မတူဘီသည့္ အမ်ိဳးအစား ဆယ္မ်ိဳးကို မွာလိုက္သည္။ ဒီစားေသာက္ဆိုင္တြင္ ထည့္သည့္ ဟင္းလ်ာပန္းကန္တြင္ အစားအေသာက္က သိပ္မပါတာေၾကာင့္ နည္းနည္းပိုမွာလိုက္သည္။ပါရွိသည့္ ခုတစ္ဝွမ္းကြဲျပားျခားနားေသာပစၥည္းမ်ားလွည့္ပတ္တက္အဆုံးသတ္ခဲ့သည္။

မီႏူးမွ အစားအေသာက္ေတြကို မွာၿပီးေနာက္ မီႏူးအား ဝန္ထမ္းဆီျပန္ေပးလိုက္ၿပီး ေဇာင္ယုဟြမ္ က ဟုန္ခ်န္းမင္း အားသူ႔ရဲ႕ ဒူဘိုင္း ခရီးစဥ္အေၾကာင္းကို ေမးလိုက္သည္။

လီဂ်င္းယြမ္ က ေဇာင္ယုဟြမ္ ရဲ႕ဖုန္းကို ကိုင္ထားၿပီး စိတ္အေႏွာင့္အယွက္ အနည္းငယ္ ျဖစ္သြားခဲ့သည္။ သူလည္း စကားဝိုင္းထဲ ဝင္ခ်င္တယ္။

သို႔ေသာ္ သူ႔အတြက္ စာခ်ဳပ္ကို အဆုံးထိဖတ္တာက ပိုအေရးႀကီးေၾကာင္း သိသည္။ သူ႔ကိုယ္သူ စာခ်ဳပ္အား အာ႐ုံစိုက္ၿပီး ဖတ္ရန္ တြန္းအားေပးလိုက္သည္။ သိပ္မၾကာခင္ ဝန္ထမ္းက တံခါးေခါက္လာၿပီး အစားအေသာက္ေတြ သယ္လာခ်ိန္တြင္ လီဂ်င္းယြမ္ လည္းစာခ်ဳပ္ကို ဖတ္ၿပီးသြားခဲ့သည္။

ဖုန္းကို ေဇာင္ယုဟြမ္ ဆီျပန္ေပးၿပီး ေျပာလိုက္သည္။ “ေကာင္းပါတယ္။ ကိုယ္လုပ္ႏိုင္တယ္။ ရန္ဆန္း ရဲ႕ WeChat အေကာင့္ရွိလား? ငါတို႔ အဖြဲ႕လိုက္ စကားေျပာခ်င္လား?”

ေဇာင္ယုဟြမ္ ေခါင္းညိတ္လိုက္ၿပီး ဖုန္းကိုယူလိုက္ကာ လ်င္ျမန္စြာ လုပ္ကိုင္လိုက္သည္။ “အိုေက၊ အုပ္စုဖြဲ႕စကားေျပာဖို႔ group ဖြဲ႕လိုက္မယ္။ သူ႔အစ္မကိုလည္း ထည့္ခိုင္းလိုက္မယ္”

“အိုေက”

ဟုန္ခ်န္းမင္း ထပ္ၿပီး မေပ်ာ္မ႐ႊင္ျဖစ္သြားသည္။ ထြက္သြားသည့္ ထိုခံစားခ်က္ေတြက ျပန္ေရာက္လာခဲ့သည္။

#အရင္လို daily မအပ္ႏိုင္ေတာ့ဘူးေနာ္။ ၂ ရက္၊ ၃ ရက္ေလာက္မွ တစ္ပိုင္းတင္ျဖစ္ပါလိမ့္မယ္။ အရင္တုန္း ၂ နာရီေလာက္ အခ်ိန္ေပးၿပီး တစ္ပိုင္း ဘာသာျပန္ၿပီးတဲ့ ဘဝေလးကို သတိရလိုက္တာ 😭😭၊ အိမ္ျပန္လာတာ laptop မပါလာတာနဲ႔ ဖုန္းနဲ႔ပဲ စာ႐ိုက္ရေတာ့ ေတာ္ေတာ္ေလး ၾကာပါတယ္။ ေနာက္ၿပီး ကိုယ္က Gamer ပါ။ ဘာသာျပန္ဖို႔လုပ္လိုက္ရင္ ဂိမ္းထဲပဲေရာက္ေရာက္သြားလို႔ 😁😁

9.10.2020 (Fri)
……………………

[text_hash] => 43e4347b
)

//qc
//QC2