Array
(
[text] =>
<Unicode>
ငါက သရုပ်ဆောင်ဖြစ်နိုင်တယ်လို့ ထင်လား?
ရန်ဆန်း နဲ့အတူ နေ့လည်စာ စားပြီးနောက်တွင် ထိုအဖွဲ့က ကားပြိုင်ပွဲဆီကို ဦးတည်သွားခဲ့ကြသည်။
“ဒါက ေလ့လာဖို့ အရမ်းလွယ်တာ။ ငါမင်းကို သင်ေပးမယ်” ရန်ဆန်း ပြောလိုက်သည်။
ဇောင်ယုဟွမ် ကအရင်တုန်းက သူမ တစ်ခါမှ မလုပ်ဖူးတဲ့ အရာတွေကို စိတ်ဝင်စားသည်။သူမရဲ့ ကားလိုင်စင်ကလည်း နိုင်ငံခြားက ရထားတာဖြစ်သည်။ ဒါက တရားဝင်မဟုတ်ရင်တောင် သူမက အခြေခံအချက်ေတွကို နားလည်သည်။ ကားကို ဘယ်လိုမောင်းရလဲဆိုတာကို သူမ သိလိုက်ချိန်ကတည်းက ကားပြိုင်ပွဲတွေကို စိတ်ဝင်စားခဲ့သည်။
ကလပ်က ဝန်ထမ်းတွေက ထိုအဖွဲ့အား တွေ့လိုက်ကတည်းက သူတို့က ဟိုက်မြို့တော်ရဲ့ ချမ်းသာပြီး နောက်ခံကောင်းသည့် အမျိုးသား၊ အမျိုးသမီးတွေ ဖြစ်ကြောင်း ချက်ချင်း သိလိုက်ကြသည်။ သူတို့က ကားမောင်းရန် ဝတ်စုံတွေကို လဲလှယ်ရန် ေဇာင်ယုဟွမ် အားခေါ်သွားကြသည်။ ထို့နောက်တွင် ကလပ်ရှိ ဝန်ထမ်းအကုန်လံုး အလုပ်ရှုပ်သွားကြသည်။
သင်ခန်းစာက ညနေ ၇ နာရီအထိ ဖြစ်ခဲ့သည်။
လူတိုင်းက ဆာလောင်နေကြပြီး ညစာအတွက် ဘယ်နေရာကို သွားသင့်ကြောင်း ပြောနေကြသည်။ သူတို့ ဘာစားရမလဲဆိုတာကို တွေးတောရင်း ခေါင်းကိုက်လာခဲ့သည်။ သူမအဝတ်တွေကို လဲလှယ်ရန် ထွက်လာခဲ့သည်။
သူမအပြင်ကို လမ်းလျောက်လာရင်း အိတ်ထဲက ဖုန်းကို ထုတ်လိုက်ချိန်တွင် မစ်ကောလ် ၂၈ ကောကို တွေ့လိုက်ရသည်။
ဇောင်ယုဟွမ် ကအသေးစိတ်ကိုသိရန် နှိပ်လိုက်သည်။ ၁၃ ကောက လီဂျင်းယွမ် ဆီကဖြစ်ပြီး ၁၅ ကောက ဟုန်ချန်းမင်း ဆီကဖြစ်သည်။
“ဘာဖြစ်လို့လဲ? ဘာလို့ အဲ့မှာပဲ ရပ်နေတာလဲ?” လူအုပ်ကြီးက ဇောင်ယုဟွမ် ကိုလှည့်ကြည့်လာကြသည်။
“လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း ကငါ့ဆီ ဖုန်းခေါ်ခဲ့တယ်။ ငါ့ဖုန်းက လော့ကာ(locker) ထဲမှာဆိုတော့ မသိလိုက်ဘူး။ သူတို့က အကြိမ်အများကြီး ခေါ်ထားကြတယ်။ သူတို့ ဘာဖြစ်လို့လဲဆိုတာ ကြည့်ရအောင်” ဇောင်ယုဟွမ် ကသူတို့ဆီကို လျှောက်သွားလိုက်ရင်း ပြောလိုက်သည်။
ရန်ဆန်း ကရယ်လိုက်သည်။ “ဘာကိုဆိုလိုတာလဲ? မင်းတို့ သုံးယောက်နဲ့တင် ရှိုးပဲွက လုံလောက်နေပြီ… အတော်လေး ပျော်ဖို့ကောင်းမှာ!”
ဟန်ယင်ယင် ကလည်း ရယ်လိုက်သည်။ “မင်းက အရွယ်ရောက်နေပြီလေ။ အဲ့ဒါကို သူတို့က မင်းပျောက်မှာကို စိုးရိမ်နေကြတာလား? သူတို့က ဘာလို့ဒီေလာက် အကြိမ်အများကြီး ဖုန်းခေါ်ထားကြတာလဲ?”
“သူတို့က ဘာလို့ မင်းကို အဲ့လောက်တောင် စစ်ဆေးနေကြရတာလဲ?” ဟန်ယင်ယင် ကမထိန်းချုပ်နိုင်စွာဖြင့် ထပ်ေပါင်းမေးလိုက်သည်။
“ပံုမှန်ဆိုရင် ငါတို့က ဖုန်းမှာပဲ စကားပြောကြတာ။ သူတို့ဖုန်းခေါ်ချိန်မှာ ငါက ဖုန်းမကိုင်လိုက်လို့ သူတို့က ငါတစ်ခုခု ဖြစ်နေတယ်လို့ ထင်သွားကြပြီး စိတ်ပူလို့ ဖုန်းဆက်တိုက် ခေါ်နေကြတာ နေလိမ့်မယ်…” ဇောင်ယုဟွမ် ကပြောလိုက်ရင်း သူတို့ဆီကို ပြန်ခေါ်လိုက်သည်။
နှစ်ယောက်လုံးက အတော်လေး အလုပ်များတာကြောင့် သူတို့တွေ အခုချိန်မှာ အားမအားဆိုတာကို ဇောင်ယုဟွမ် မသိပေ။ ဇောင်ယုဟွမ် ကနောက်ဆုံးဝင်ထားသည့် ဖုန်းကောကို နှိပ်လိုက်ကာ ပြန်ခေါ်လိုက်သည်။
ဖုန်းသံတစ်ချက် မြည်ပြီးနောက် ချက်ချင်း ကောက်ကိုင်လာပြီး ပြောလာခဲ့သည်။ “ဟယ်လို၊ ဟွမ်ဟွမ်? ဟွမ်ဟွမ် ဘယ်မှာလဲ? အစောက ဖုန်းခေါ်တုန်းက ဘာလို့မကိုင်တာလဲ? အလုပ်များနေလို့လား?”
“ငါ ရန်ဆန်း နဲ့အတူတူ နေ့လည်စာ စားပြီးတော့ ငါတို့အဖွဲ့လိုက် ကားပြိုင်ပွဲကို သွားကြတာ။ ငါ့ဖုန်းကို လော့ခ်ကာထဲမှာ ထားခဲ့တာ၊ အဲ့ဒါကြောင့် ဂျင်းယွမ် ဖုန်းခေါ်တဲ့အချိန် မကြားလိုက်တာ” ဇောင်ယုဟွမ် ကထပ်ပြောလိုက်သည်။ “ဂျင်းယွမ် ကိုစိုးရိမ်အောင်လုပ်မိလို့ တောင်းပန်ပါတယ်”
“မင်းအဆင်ေပြလို့ ဝမ်းသာပါတယ်” ခနရပ်သွားပြီးမှ သူက တစ်ခုခုကို တွေးမိသွားကာ ပြောလိုက်သည်။ “ဟုန်ချန်းမင်း ကောဖုန်းခေါ်သေးလား”
“အင်း၊ ပြီးရင် သူ့ကိုခေါ်လိုက်မယ်”
“…. ဒါဆို ကိုယ့်ကို အရင်ဆံုးေခါ်တာေပါ့”
“အင်း”
ထို့နောက် ဇောင်ယုဟွမ် ဖုန်းချလိုက်ပြီး ဟုန်းချန်းမင်း ဆီကို ချက်ချင်း ခေါ်လိုက်ပေမဲ့ ကိုင်မဲ့သူ မရှိပေ။ ထို့ကြောင့် ဇောင်ယုဟွမ် သူ့ဆီကို စာပို့လိုက်သည်။
သူ့ဆီ စာပို့ပြီးနောက်တွင် ဇောင်ယုဟွမ် ဖုန်းကိုချလိုက်ပြီး ရန်ဆန်း နဲ့အတူ သီးသန့်တောင်က ဗီလာဆီကို ထွက်သွားခဲ့သည်။
“ေဆာင်းရာသီ ပြီးပြီ၊ နွေဦးရာသီက အရမကောင်းတာပဲ!” ဟန်ယင်ယင် ကထိုနေရာရှိ မြင်ကွင်းအား ကောင်းမွန်ကြောင်း ထောက်ခံလိုက်သည်။ “ဂဏန်းဟင်းလျာ ကလည်း အကောင်ဆံုးပဲ! ကမ္ဘာပေါ်မှာ အကောင်းဆုံးပဲ…”
အစောပိုင်းက ဖုန်းပြောပြီး တစ်ဖက်တွင်
စိတ်သက်သာစွာဖြင့် လီဂျင်းယွမ် သက်ပြင်းချလိုက်သည်။
“မှန်တယ်မလား? အားလုံးအဆင်ပြေတယ်။ မိန်းကလေးေဇာင်က လုပ်ရည်ကိုင်ရည်ရှိပြီး သူမဇာတိဖြစ်တဲ့ ဟိုက်မြို့တော်မှာလည်း ရှိနေတော့ သူမ အဆင်ပြေမယ်လို့ ငါပြောသားပဲ” ဝေ့ကျဲ ပြောလိုက်သည်။
လီဂျင်းယွမ် ကနူးညံ့စွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။ “အင်း၊ ကျွန်တော် သိတယ်။ကျွန်တော် ဟွမ်ဟွမ် ကိုအရမ်းလွမ်းနေလို့ စိတ်ပူသွားရုံပါ”
ထိုစကားကို ကြားလိုက်ပြီး ထူးဆန်းနေသလို ဝေ့ကျဲ ခံစားလိုက်ရသည်။ “အင်း၊ မင်းရဲ့ အချိန်ဇယားတွေကလည်း နောက်ပိုင်းကျရင် ပိုများလာတော့မှာ။ ဒီကြားထဲ အားလပ်ချိန်ရအောင် ငါစီစဉ်ပေးထားမယ်”
လုပ်ဆောင်ချက်တွေအား နောက်ပိုင်းလုပ်ဖို့အတွက် ပြင်ဆင်ထားပြီးသား ဖြစ်သည်။ သူတို့က သူ့ကိုယ်စားလှယ်၊ လက်ထောက်ေတွ ဖြစ်ရင်တောင် စိတ်ထဲမထားပဲ အနားယူဖို့ အချိန်ကို ညစ်ထုတ်ယူဖို့ ကြိုးစားမှာပဲ။ တစ်ခါတစ်ရံ လီဂျင်းယွမ် ကအဝတ်လဲခန်းတွင် နှစ်မိနစ်လောက် အိပ်တတ်သည်။ တစ်ခါတစ်လေဆို ထိုအချိန်တွင် ရှိုးပွဲအတွက် စာသားတွေကို မှတ်သားတတ်သည်။
ဒါက အရမ်းပင်ပန်းတာပဲ။
ဝေ့ကျဲ ကတော့ နိုင်ငံခြားမှာထက် ဒီနေရာက ပိုသန်မာလာစေတယ်လို့ ခံစားနေရသည်။
နိုင်ငံခြားမှာထက် အိမ်သုံးဈေးကွက်က ပိုကောင်းတယ်! ဒီမှာ ကျေနပ်စေလောက်တဲ့ အလုပ်တွေ အများကြီးပဲ!
လီဂျင်းယွမ် ကတခြားအရာကို တွေးနေချိန်တံင် ဗန်ကားက ရှေ့ဆက်သွားနေခဲ့သည်။ သူ့အရောင်က ပြောင်းလဲသွားပြီး မေးလိုက်သည်။ “ရန်ဆန်းကဘယ်သူလဲ?”
ဝေ့ကျဲ : “ဟမ်?”
ရန်ဆန်း… ? ရန်ဆန်း ကဘယ်သူလဲဆိုတာကို သူမသိေပ။
ဇောင်ယုဟွမ် နဲ့အဖွဲ့က ဗီလာကို ရောက်ချိန်တွင် လီဂျင်းယွမ် ဆီကနေ နောက်ထပ်ဖုန်းတစ်ကောကို လက်ခံရရှိခဲ့သည်။
“ဘာဖြစ်လို့လဲ?” ဇောင်ယုဟွမ် မေးလိုက်ကာ ဖုန်းကို ကိုင်လိုက်သည်။
ဇောင်ယုဟွမ် မော့ကြည့်လိုက်ချိန်တွင် လူတိုင်းက သူမကို စူးစမ်းစွာ ကြည့်နေကြတာကို မြင်လိုက်ရသည်။ ချက်ချင်းပင် သူမ ငိုရမလား၊ ရယ်ရမလားဆိုတာကို မသိတော့ပေ။
“ရန်ဆန်း ကဘယ်သူလဲ?” တစ်ဖက်မှ လီဂျင်းယွမ် ကမေးလိုက်သည်။
“ဂျင်းယွမ် သူ့ကို မမှတ်မိဘူးလား?” ဇောင်ယုဟွမ် မေးလိုက်သည်။ “မာဖီေကျာင်းက အတန်းဖော်လေ၊ ငါတို့ နိုင်ငံခြားသွားထဲက သူနဲ့မတွေ့ခဲ့တာ တော်တော်ကြာနေပြီ…”
ထို့နောက်တွင် ဂျူနီယာ အထက်တန်းက ဝဖောင်းပြီး အရေးမပါတဲ့ ရန်ဆန်း ကစိတ်ထဲပေါ်လာခဲ့သည်။ “အို၊ အခုမှတ်မိပြီ။ အခုနောက်ကျနေပြီ၊ မှောင်မဲနေပြီ။ ပျော်ရွှင်ပါစေ”
“အင်း။ ဘိုင်ဘိုင်”
ဇောင်ယုဟွမ် ဖုန်းချပြီးနောက် ဟန်ယင်ယင် ကချက်ချင်း မေးလာခဲ့သည်။ “အခုေခါ်တာ ဘယ်သူလဲ?”
“အို၊ ဂျင်းယွမ် လေ”
ဟန်ယင်ယင် ခေါင်းခါလိုက်သည်။ “သူက အွန်လိုင်းမှာ နာမည်ကြီးနေပြီဆိုတော့ ပြောင်းလဲသွားပြီလို့ ထင်နေတာ။ သူက အရင်အတိုင်းပဲလို့ ငါထင်တယ်”
“ဘာေတွ ကွာခြားသွားမှာလဲ? အရင်အတိုင်း မျက်လံုးတစ်စုံ၊ နှာခေါင်းနဲ့ ပါးစပ်နဲ့ပဲေလ” ဇောင်ယုဟွမ် ပြောလိုက်သည်။
ရန်ဆန်း ကအချိန်ကိုက် ပြောလိုက်သည်။ “ငါတို့သာ ဒါကို မှတ်တမ်းတင်ထားရင် မင်းက လီဂျင်းယွမ် ရဲ့ဘဝမှာ အစ်မကြီးဖန် ဖြစ်လာလိမ့်မယ်…”
ဟန်ယင်ယင် ကလည်း စနောက်လိုက်သည်။ “ေနာက်ပြီး ဟုန်ချန်းမင်း ကောပဲ၊ သူ့ရဲ့ ညီမလေးဖန် ဖြစ်လာလိမ့်မယ်…”
ဇောင်ယုဟွမ် ကသူမ မျက်လုံးကို လှိမ့်လိုက်သည်။ “ငါ့ကို စနေတာပဲ။ လီဂျင်းယွမ် နဲ့စာချုပ်ချုပ်ဖို့ ပြောလိုက်မယ်”
“အင်း။ အင်း။ အင်း။ မင်းက ဘော့စ်ပဲ။ ငါ့အမှား။ ငါ့အမှား” ရန်ဆန်း ကသူ့လက်ကို မြှောက်လိုက်ပြီး ပါးစပ်အား ဇစ်ပိတ်သလို ပိတ်ပြလိုက်သည်။ ထို့နောက် သူက ထပ်လုပ်ပြကာ ပြောလိုက်သည်။ “ဒီလမ်းပါ၊ ကျေးဇူးပြုပြီး”
ဇောင်ယုဟွမ် ကသူ့ကို တစ်ချက်ကန်လျုက်ပြီး လှေကားအပေါ်ကို ဦးတည်သွားလိုက်သည်။
ဗီလာအထဲကို လျှောက်ဝင်သွားရင်း ညစာစားဖို့ အချိန်ကောင်း ဖြစ်သည်။ ေနာက်ဆံုးတွင် ဟုန်ချန်းမင်း ဆီမှ ဖုန်းကောကို ရလိုက်သည်။
“မင်းအခုဘယ်မှာလဲ?”
“ရန်ဆန်း နဲ့တခြားသူတွေနဲ့အတူတူ ညစာစားမလို့”
ရန်ဆန်း ကဘယ်သူဆိုတာကို ဟုန်ချန်းမင်း မှတ်မိနေသည်။ သူက တခြားဘာမှ မပြောတော့ပဲ အသံနိမ့်လေးနဲ့ ပြောလိုက်သည်။ “ဒင်နာမှာ ပျော်ရွှင်ပါစေ”
ထို့နောက် ဖုန်းချသွားခဲ့သည်။
လီဂျင်းယွမ် နဲ့ပြောသလောက်တောင် မပြော ခဲ့ပေ။ ဒါတောင်မှ ဟန်ယင်ယင် ကမေးလိုက်သည်။ “သူတို့က မင်းဆီကို ဘယ်နှကြိမ်တောင် ခေါ်နေကြမှာလဲ? ဒါက သူတို့နောက်ကွယ်မှာ မဟုတ်တာ မလုပ်ဖို့ကို စစ်ဆေးနေကြတာနဲ့ မတူဘူးလား!”
“ပံုမှန်ဆို သူတို့က ငါ့ဆီကို ခနခန မဆက်တတ်ပါဘူး။ အစောပိုင်းက ငါဖုန်းမကိုင်ခဲ့လို့သာ သူတို့က ခေါ်နေကြတာ” ဇောင်ယုဟွမ် ကသူမ ပုခုံးကိုတွန့်ကာ ပြောလိုက်သည်။
“ဒီလိုမျိုး ကြီးပြင်းလာရတာ မပင်ပန်းဘူးလား?” ဟန်ယင်ယင် ကမေးလိုက်သည်။
“ဘာလို့ ပင်ပန်းရမှာလဲ?” ဇောင်ယုဟွမ် ကမေးလိုက်ကာ တူအား သူမနှုတ်ခမ်းနား ကပ်လိုက်သည်။
ဇောင်ယုဟွမ် ကတူအား သူမနှုတ်ခမ်းနားကို ကပ်လိုက်ပြီး ဟန်ယင်ယင် ကိုမော့ကြည့်လိုက်သည်။ အလင်းက ရောင်ပြန်နေပြီး ပြီးပြည့်စုံနေခဲ့သည်။ သူမ နှုတ်ခမ်းတွေက ပန်းရောင်သန်းနေပြီး မျက်လုံးေတွက အရည်ရွှမ်းကာ တောက်ပနေသည်။
ဟန်ယင်ယင် မထိန်းချုပ်နိုင်စွာဖြင့် သူမမျက်လုံးတွေကို လက်နဲ့ကာလိုက်သည်။ “အို…… င့ါကို ဒီလိုမျိုး မကြည့်ပါနဲ့။ ငါမခံနိုင်ဘူး…”
သူမ ဆက်ပြောလိုက်သည်။ “သူတို့က မင်းကို မပင်ပန်းေစတာကို ငါတို့သိပေမဲ့ သူတို့ကြောင့် ဘာလို့မင်းက မပင်ပန်းတာလဲ? သူတို့က ဒီနေ့တစ်နေ့လုံး မင်းကိုခေါ်နေကြတာ။ အဲ့ဒါက အနှောင့်အယှက် မဖြစ်ဘူးလား? မင်းအခု အသက်ဘယ်ေလာက်ရှိပြီလဲ? မင်းရဲ့လွတ်လပ်ခွင့်နဲ့ ကိုယ်ပိုင်ဘဝကို ပိုင်ဆိုင်သင့်တယ်မလား?”
“ကောင်းပြီ၊ မင်းအွန်လိုင်းပေါ်က လီဂျင်းယွမ် ရဲ့ပုံတွေကို ကြည့်ဖို့လိုတယ်။ တစ်နေ့လုံး သူ့ဖန်ေတွက ‘အို…….၊ ကောကော ကအရမ်းချောတာပဲ’ ဆိုတာပဲ ပြောနေကြတာ။ သူ့ကို ကြည့်ပြီး တစ်ယောက်ယောက်တော့ သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေမှာပဲ” ရန်ဆန်း ပြောလိုက်သည်။
ဇောင်ယုဟွမ် က လီဂျင်းယွမ် ရဲ့ပုံပန်းသွင်ပြင်ကို တွေးတောလိုက်ပြီး ဟုန်ချန်းမင်း ကိုပါ တွေးတောမိသွားသည်။ ထို့နောက် သူမ ပြုံးကာ ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်! သူက အရမ်းကို စားချင်စရာေကာင်းတဲ့ ပုံလေးပဲ။ ငါက ဘယ်လိုလုပ်ပြီး ငြီးငွေ့နိုင်မှာလဲ?”
ဟန်ယင်ယင် ကသူမအသံအားဆွဲကာ ပြောလိုက်သည်။ “အိုး…. ငါနင့်ကို အရမ်းမနာလိုတာပဲ… ငါ့အစ်ကိုက ကြည့်မကောင်းဘူး၊ နောက်ပြီး အရမ်းလဲ ချွေတာတယ်။ ပိုက်ဆံအိတ် တစ်အိတ်ဝယ်မလို့ သူ့ဆီက မုန့်ဖိုးတောင်းတာကို ငါ့ကို အော်ေငါက်ေတာ့တာပဲ”
“ငါ မင်းအတွက် ၀ယ်ေပးမယ်” ဇောင်ယုဟွမ် ကအပြုံးလေးနဲ့ ပြောလိုက်သည်။
“Darn! ငါ့အချစ်ဆုံး ဟွမ်ဟွမ်လေး! အရမ်းချစ်တယ်!” ဟန်ယင်ယင် ကသူမ ထိုင်နေသည့် ခုံကိုဆွဲပြီး ဇောင်ယုဟွမ် အနားတိုးသွားကာ မှီလိုက်သည်။ ပင်ပန်း၊ ငြီးငွေ့တဲ့ အကြောင်း စစ်ဆေးနေတာအားလုံးကို မေ့သွားပုံရသည်။
သို့သော် ဇောင်ယုဟွမ် ကတော့ ထိုအကြောင်း စဉ်းစားတာကို မရပ်နိုင်ခဲ့ပေ။
သူမက လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့အနားမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရပြီး သူတို့ကကော သူမကို ငြီးငွေ့ေနမလား?
ဇာတ်လိုက်မ ပေါ်လာရင်တော့ ဖြစ်နိုင်လိမ့်မယ်။
အင်း…..
သူမ စိတ်မကျေနပ်သလိုမျိုး နည်းနည်းေတာ့ ခံစားရသည်။
ဇောင်ယုဟွမ် မျက်မှောင်ကြုတ်လိုက်ပေမဲ့ ဘာမှမပြောပေ။
စုေဝးမှုအပြီးတွင် ဇောင်ယုဟွမ် သည်စာချုပ်ကို သူမနှင့်အတူ အိမ်ေတာ်သို့ သယ်လာခဲ့သည်။
ဘယ်သူမှ မသိခင်မှာပဲ ပါရမီရှင်ပြပွဲသည် ၇ ပိုင်းမြောက်ကို ထုတ်လွှင့်ခဲ့သည်။
လီဂျင်းယွမ် သည်နိုင်ငံခြားမှ ပြန်လာပြီးဖြစ်သည်။ ရှိုးပွဲရလဒ်ကြောင့် ကြော်ငြာအတွက် သူ့အား ခေါ်ကြရန် တချို့ချန်နယ် ပိုင်ရှင်တွေက အနားတွင် ဝိုင်းလာခဲ့ကြသည်။
လီဂျင်းယွမ် သည်အင်္ဂလန်တွင် အထက်တန်းကျသည့် မော်ဒယ်ဖြစ်ေကြာင်း အင်တာနက်မှတဆင့် များစွာသော လူများက သိခဲ့ကြပြီး ဖြစ်သော်လည်း သူတို့တို့အနက်မှ တချို့ကတော့ အစစ်အမှန်လို့ မမြင်ကြပေ။
နောက်ဆုံးေတာ့ သူတို့ကိုယ်တိုင် ဗွီဒီယိုကို မြင်လိုက်ချိန်မှသာ သူတို့ထင်နေတာ တလွဲဖြစ်ကြောင်း သိသွားခဲ့ကြသည်။
“အိုး… သေးစမ်း! ငါ့ဖုန်းစခရင်ကို လျက်နေတာ မရပ်နိုင်တော့ဘူး။ သူက အရမ်းကို ဆွဲဆောင်မှုရှိတာပဲသည်!!!!! အိုး…. ဂျင်းယွမ်၊ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ဆွဲဆောင်မှု ရှိနေရတာလဲ?!”
“သူက ပြပွဲမှာ နူးညံ့တဲ့ လူငယ်လေး၊ MV မှာကျက်သရေရှိတဲ့ မင်းသားလေး၊ နောက်ပြီး အခုတော့ သူက ပြေးလမ်းပေါ်မှာ ကြီးစိုးနေတာပဲ! အို… ဘုရားသခင်… ဘယ်ဖျော်ဖြေသူက ဒီလောက်များပြားတဲ့ အရည်အချင်းတွေ ရှိနေမှာလဲ? တားဆီးနိုင်မှာလား?”
“ကောင်းပြီ၊ ကောင်းပြီ။ အခုတော့ ငါက သူ့ဖန်ဖြစ်သွားပြီ။ ကျေးဇူးပြုပြီး နောက်ထပ် ရှိုးပွဲတွေကို ပြောပြပေးပါ။ ကျေးဇူးပြုပြီး!”
***
ဇောင်ယုဟွမ် ရဲ့လက်တစ်ဖက်တွင် သူမဖုန်းက ရှိနေပြီး တခြားတစ်ဖက်တွင် အိမ်တော်ရဲ့ ဖုန်းကရှိနေပြီး အင်တာနက်ပေါ်မှ လီဂျင်းယွမ် အကြောင်း ကွန့်မန့်များကို ဖတ်နေခဲ့သည်။
သူမပြောလိုက်ချိန်တွင် လီဂျင်းယွမ် ရယ်လိုက်သည်။
သူမ ဖတ်ပြီးနောက် သူက ပြုံးလိုက်ပြီး မေးလိုက်သည်။ “ကောင်းပြီ၊ ဟွမ်ဟွမ် ဘယ်လိုထင်လဲ?”
“ငါလား?” ဇောင်ယုဟွမ် ခဏရပ်လိုက်ကာ သူမကြည့်ထားသည့် ဗီွဒီယိုကို ပြန်တွေးလိုက်သည်သူမခေါင်းထဲမှပြန်ဖွင့်လိုက်သည်။ “အင်း၊ အရမ်းကောင်းတယ်”
လီဂျင်းယွမ် ကနည်းနည်း စိတ်ပျက်သည့် အသံလုပ်လိုက်သည်။ “ဟွမ်ဟွမ် ပြောချင်တာက ဒါပဲလား?”
ဇောင်ယုဟွမ် သူမဘာသာ တွေးတောလိုက်သည်။ အခုတော့ ဂျင်းယွမ် ကအသက်ကြီးလာပြီဆိုေတာ့ ကိုယ့်ကိုကိုယ် ကျေနပ်အောင် လုပ်ဖို့ကလဲ ပိုခက်ခဲလာတယ်ေပါ့။ ရှင့်ဖန်အုပ်စုကြီးနဲ့ ငါ့ရဲ့သက်တန့် ဖျော့ဖျော့ေလးလို အနုပညာမျက်စိဆီက ကြားချင်နေတာလား?
“အင်း၊ ဂျင်းယွမ် ဘာကိုကြားချင်တာလဲ?”
“မင်းကြိုက်လား?”
ဇောင်ယုဟွမ် ကထိုအကြောင်းကို တွေးလိုက်ပြီး ပြောလိုက်သည်။ “အင်း၊ ငါကြိုက်တယ်”
လီဂျင်းယွမ် ကပြုံးလိုက်ပြီး ပြောလိုက်သည်။ “အိုကေ၊ ငါမနက်ဖြန် ပြန်ရောက်လိမ့်မယ်”
ထို့ေနာက် ဖုန်းပြောခြင်းက အဆုံးသတ်သွားခဲ့သည်။
သိပ်မကြာခင်မှာပဲ ဟုန်ချန်းမင်း ဆီမှဖုန်းဝင်လာခဲ့သည်။
သူလည်း နိုင်ငံခြားက ပြန်လာပြီး အိမ်အပြန်လမ်းကို ရောက်နေပြီ။
ဇောင်ယုဟွမ် ကနံရံပေါ်ရှိ နာရီကို မော့ကြည့်လိုက်ပြီး ပြောလိုက်သည်။ “အခုတော်တော် နောက်ကျနေပြီပဲ။ ကိုကိုချန်းမင်း ပင်ပန်းလား? အနားက ဟိုတယ်မှာ အခန်းငှားပြီး မနားချင်ဘူးလား?”
“သိပ်မဆိုးပါဘူး” သူဘာပြောနေတာလဲ? သူ့အသံတောင်မှ အက်ရှနေသည်။ သူပြုံးလိုက်ပြီး ပြောလိုက်သည်။ “ဟွမ်ဟွမ်၊ ကိုယ်နိုးနေဖို့ တစ်ခုခုကို ဘာလို့မပြောတာလဲ?”
ရုတ်တရက် မေးမြန်းခံလိုက်ရချိန်တွင် ဘာပြောရမှန်း သူမ မသိပေ။
ဇောင်ယုဟွမ် ကသူမ ဦးနှောက်ကို အလုပ်မပေးတော့ပဲ နောက်ဆုံးတွင် လီဂျင်းယွမ် ရဲ့ဖန်ေတွဆီမှ ကွန့်မန့်တွေကို ဖတ်ပြရန်သာ ဆုံးဖြတ်လိုက်သည်။ “လီဂျင်းယွမ် ကနိုင်ငံခြားက ဖျော်ဖြေရေး လမ်းပေါ်ေရာက်ေနတာကို သိလား? ကိုကိုချန်းမင်း အဲ့ဗွီဒီယိုကိုတောင် ရှာကြည့်လို့ရတယ်။ ကောင်လေးက အရမ်းပျော်နေတာ… သူက အရင်ကထက်ေတာင် ပိုပြီးလူကြိုက်များလာတယ်… သူ့ဖန်ေတွက သူ့ဗွီဒီယိုအောက်မှာ နေ့တိုင်း ကွန့်မန့်တွေပေးကြတာ အရင်ကထက်ေတာင် စိတ်ရင်းမှန်နဲ့ ပြောကြသေးတယ်။ ခနလေး၊ ကိုကိုချန်းမင်း ကိုဖတ်ပြမယ်… အဲ့စာတွေက ကိုကိုချန်းမင်း ကိုကြက်သီးထပြီး သေချာပေါက်ကို အိပ်ငိုက်မှာ မဟုတ်ဘူး”
ဇောင်ယုဟွမ် ကစာကြောင်း တစ်ခုစီကို စိတ်အားထက်သန်စွာ ဖတ်ပြခဲ့သည်။
တစ်ဖက်မှ တုန့်ပြန်သံကို မကြားရပေ။
သူအိပ်ပျော်သွားတာလား?
ဇောင်ယုဟွမ် သိချင်သွားသည်။
ဖုန်းတစ်ဖက်မှ ဟုန်ချန်းမင်း ကတော့ ချက်ချင်းပင် အိပ်ငိုက်ပြေသွားခဲ့သည်။
သူ ထပ်ပြီး အိပ်မငိုက်နိုင်တော့ဘူး။
ငယ်ရွယ်တဲ့ ကောင်လေး? ကျက်သရေရှိတဲ့ မင်းသားလေး? အပေါ်ဆုံးမှာရှိတာ? တားဆီးနိုင်တာ?
ဟုန်ချန်းမင်း ကသူ့လက်ကို မြှောက်ပြီး ခေါင်းကိုရိုကိလိုက်သည်။ ဖုန်းမှ မိုက်ကိုပိတ်လိုက်ပြီး လှည့်ကာ အတွင်းရေးမှူးအား မေးလိုက်သည်။ “ငါက သရုပ်ဆောင်ဖြစ်နိုင်မယ်လို့ ထင်လား?”
အတွင်းရေးမှူး : ?
အမ်၊ သူဌေးက ဘာတွေပြောနေတာလဲ၊ ဘာတေွဖြစ်နေတာလဲ?
သူက အရက်လွှမ်းမိုးမှုအောက် ရောက်နေသော်လည်း သူ့အသံအား ချက်ချင်းပြောင်းလိုက်ကာ ပြောလိုက်သည်။ “အာ၊ ဖန်မရှိရင် ဖျော်ဖြေသူ မဖြစ်နိုင်ဘူး”
အတွင်းရေးမှူး : “ဟုတ်တယ်၊ အဲ့ဒါက အမှန်ပဲမလား?”
“ငါ သရုပ်ဆောင်ဖြစ်နိုင်မယ်လို့ မင်းထင်လား?”
အတွင်းရေးမှူး : ?
နောက်ထပ် ဒါပဲလား?
အတွင်းရေးမှူး : “အင်း၊ သေချာတာပေါ့။ သူဌေးက ရှာဖွေမှုရလဒ်မှာ ထိပ်ဆုံးကို ရောက်နေမှာ။ သူဌေးက အရမ်းကြည့်ကောင်းတာပဲလို့တောင် ပြောကြလိမ့်မယ်…”
ဟုန်ချန်းမင်း ပြုံးကာ ပြောလိုက်သည်။ “အင်း၊ ဖန်မရှိရင် ကြယ်တစ်ပွင့် မဖြစ်နိုင်ဘူး”
ဟုန်ချန်းမင်း ကဖုန်းကို ပြန်ကိုင်လိုက်ပြီး ပြောလိုက်သည်။ “ဟွမ်ဟွမ်၊ ကိုယ် အိမ်ရောက်ခါနီးပြီ”
အတွင်းရေးမှူး : ?
သူမ သူဌေးက အရက်မူးနေတဲ့ပုံစံက ဘယ်လိုမျိုးလဲ?
6.10.2020 (Tue)
……………………..
<Zawgyi>
ငါက သ႐ုပ္ေဆာင္ျဖစ္ႏိုင္တယ္လို႔ ထင္လား?
ရန္ဆန္း နဲ႔အတူ ေန႔လည္စာ စားၿပီးေနာက္တြင္ ထိုအဖြဲ႕က ကားၿပိဳင္ပြဲဆီကို ဦးတည္သြားခဲ့ၾကသည္။
“ဒါက ေလ့လာဖို႔ အရမ္းလြယ္တာ။ ငါမင္းကို သင္ေပးမယ္” ရန္ဆန္း ေျပာလိုက္သည္။
ေဇာင္ယုဟြမ္ ကအရင္တုန္းက သူမ တစ္ခါမွ မလုပ္ဖူးတဲ့ အရာေတြကို စိတ္ဝင္စားသည္။သူမရဲ႕ ကားလိုင္စင္ကလည္း ႏိုင္ငံျခားက ရထားတာျဖစ္သည္။ ဒါက တရားဝင္မဟုတ္ရင္ေတာင္ သူမက အေျခခံအခ်က္ေတြကို နားလည္သည္။ ကားကို ဘယ္လိုေမာင္းရလဲဆိုတာကို သူမ သိလိုက္ခ်ိန္ကတည္းက ကားၿပိဳင္ပြဲေတြကို စိတ္ဝင္စားခဲ့သည္။
ကလပ္က ဝန္ထမ္းေတြက ထိုအဖြဲ႕အား ေတြ႕လိုက္ကတည္းက သူတို႔က ဟိုက္ၿမိဳ႕ေတာ္ရဲ႕ ခ်မ္းသာၿပီး ေနာက္ခံေကာင္းသည့္ အမ်ိဳးသား၊ အမ်ိဳးသမီးေတြ ျဖစ္ေၾကာင္း ခ်က္ခ်င္း သိလိုက္ၾကသည္။ သူတို႔က ကားေမာင္းရန္ ဝတ္စုံေတြကို လဲလွယ္ရန္ ေဇာင္ယုဟြမ္ အားေခၚသြားၾကသည္။ ထို႔ေနာက္တြင္ ကလပ္ရွိ ဝန္ထမ္းအကုန္လံုး အလုပ္ရႈပ္သြားၾကသည္။
သင္ခန္းစာက ညေန ၇ နာရီအထိ ျဖစ္ခဲ့သည္။
လူတိုင္းက ဆာေလာင္ေနၾကၿပီး ညစာအတြက္ ဘယ္ေနရာကို သြားသင့္ေၾကာင္း ေျပာေနၾကသည္။ သူတို႔ ဘာစားရမလဲဆိုတာကို ေတြးေတာရင္း ေခါင္းကိုက္လာခဲ့သည္။ သူမအဝတ္ေတြကို လဲလွယ္ရန္ ထြက္လာခဲ့သည္။
သူမအျပင္ကို လမ္းေလ်ာက္လာရင္း အိတ္ထဲက ဖုန္းကို ထုတ္လိုက္ခ်ိန္တြင္ မစ္ေကာလ္ ၂၈ ေကာကို ေတြ႕လိုက္ရသည္။
ေဇာင္ယုဟြမ္ ကအေသးစိတ္ကိုသိရန္ ႏွိပ္လိုက္သည္။ ၁၃ ေကာက လီဂ်င္းယြမ္ ဆီကျဖစ္ၿပီး ၁၅ ေကာက ဟုန္ခ်န္းမင္း ဆီကျဖစ္သည္။
“ဘာျဖစ္လို႔လဲ? ဘာလို႔ အဲ့မွာပဲ ရပ္ေနတာလဲ?” လူအုပ္ႀကီးက ေဇာင္ယုဟြမ္ ကိုလွည့္ၾကည့္လာၾကသည္။
“လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း ကငါ့ဆီ ဖုန္းေခၚခဲ့တယ္။ ငါ့ဖုန္းက ေလာ့ကာ(locker) ထဲမွာဆိုေတာ့ မသိလိုက္ဘူး။ သူတို႔က အႀကိမ္အမ်ားႀကီး ေခၚထားၾကတယ္။ သူတို႔ ဘာျဖစ္လို႔လဲဆိုတာ ၾကည့္ရေအာင္” ေဇာင္ယုဟြမ္ ကသူတို႔ဆီကို ေလွ်ာက္သြားလိုက္ရင္း ေျပာလိုက္သည္။
ရန္ဆန္း ကရယ္လိုက္သည္။ “ဘာကိုဆိုလိုတာလဲ? မင္းတို႔ သုံးေယာက္နဲ႔တင္ ရႈိးပဲြက လုံေလာက္ေနၿပီ… အေတာ္ေလး ေပ်ာ္ဖို႔ေကာင္းမွာ!”
ဟန္ယင္ယင္ ကလည္း ရယ္လိုက္သည္။ “မင္းက အ႐ြယ္ေရာက္ေနၿပီေလ။ အဲ့ဒါကို သူတို႔က မင္းေပ်ာက္မွာကို စိုးရိမ္ေနၾကတာလား? သူတို႔က ဘာလို႔ဒီေလာက္ အႀကိမ္အမ်ားႀကီး ဖုန္းေခၚထားၾကတာလဲ?”
“သူတို႔က ဘာလို႔ မင္းကို အဲ့ေလာက္ေတာင္ စစ္ေဆးေနၾကရတာလဲ?” ဟန္ယင္ယင္ ကမထိန္းခ်ဳပ္ႏိုင္စြာျဖင့္ ထပ္ေပါင္းေမးလိုက္သည္။
“ပံုမွန္ဆိုရင္ ငါတို႔က ဖုန္းမွာပဲ စကားေျပာၾကတာ။ သူတို႔ဖုန္းေခၚခ်ိန္မွာ ငါက ဖုန္းမကိုင္လိုက္လို႔ သူတို႔က ငါတစ္ခုခု ျဖစ္ေနတယ္လို႔ ထင္သြားၾကၿပီး စိတ္ပူလို႔ ဖုန္းဆက္တိုက္ ေခၚေနၾကတာ ေနလိမ့္မယ္…” ေဇာင္ယုဟြမ္ ကေျပာလိုက္ရင္း သူတို႔ဆီကို ျပန္ေခၚလိုက္သည္။
ႏွစ္ေယာက္လုံးက အေတာ္ေလး အလုပ္မ်ားတာေၾကာင့္ သူတို႔ေတြ အခုခ်ိန္မွာ အားမအားဆိုတာကို ေဇာင္ယုဟြမ္ မသိေပ။ ေဇာင္ယုဟြမ္ ကေနာက္ဆုံးဝင္ထားသည့္ ဖုန္းေကာကို ႏွိပ္လိုက္ကာ ျပန္ေခၚလိုက္သည္။
ဖုန္းသံတစ္ခ်က္ ျမည္ၿပီးေနာက္ ခ်က္ခ်င္း ေကာက္ကိုင္လာၿပီး ေျပာလာခဲ့သည္။ “ဟယ္လို၊ ဟြမ္ဟြမ္? ဟြမ္ဟြမ္ ဘယ္မွာလဲ? အေစာက ဖုန္းေခၚတုန္းက ဘာလို႔မကိုင္တာလဲ? အလုပ္မ်ားေနလို႔လား?”
“ငါ ရန္ဆန္း နဲ႔အတူတူ ေန႔လည္စာ စားၿပီးေတာ့ ငါတို႔အဖြဲ႕လိုက္ ကားၿပိဳင္ပြဲကို သြားၾကတာ။ ငါ့ဖုန္းကို ေလာ့ခ္ကာထဲမွာ ထားခဲ့တာ၊ အဲ့ဒါေၾကာင့္ ဂ်င္းယြမ္ ဖုန္းေခၚတဲ့အခ်ိန္ မၾကားလိုက္တာ” ေဇာင္ယုဟြမ္ ကထပ္ေျပာလိုက္သည္။ “ဂ်င္းယြမ္ ကိုစိုးရိမ္ေအာင္လုပ္မိလို႔ ေတာင္းပန္ပါတယ္”
“မင္းအဆင္ေျပလို႔ ဝမ္းသာပါတယ္” ခနရပ္သြားၿပီးမွ သူက တစ္ခုခုကို ေတြးမိသြားကာ ေျပာလိုက္သည္။ “ဟုန္ခ်န္းမင္း ေကာဖုန္းေခၚေသးလား”
“အင္း၊ ၿပီးရင္ သူ႔ကိုေခၚလိုက္မယ္”
“…. ဒါဆို ကိုယ့္ကို အရင္ဆံုးေခၚတာေပါ့”
“အင္း”
ထို႔ေနာက္ ေဇာင္ယုဟြမ္ ဖုန္းခ်လိုက္ၿပီး ဟုန္းခ်န္းမင္း ဆီကို ခ်က္ခ်င္း ေခၚလိုက္ေပမဲ့ ကိုင္မဲ့သူ မရွိေပ။ ထို႔ေၾကာင့္ ေဇာင္ယုဟြမ္ သူ႔ဆီကို စာပို႔လိုက္သည္။
သူ႔ဆီ စာပို႔ၿပီးေနာက္တြင္ ေဇာင္ယုဟြမ္ ဖုန္းကိုခ်လိုက္ၿပီး ရန္ဆန္း နဲ႔အတူ သီးသန႔္ေတာင္က ဗီလာဆီကို ထြက္သြားခဲ့သည္။
“ေဆာင္းရာသီ ၿပီးၿပီ၊ ေႏြဦးရာသီက အရမေကာင္းတာပဲ!” ဟန္ယင္ယင္ ကထိုေနရာရွိ ျမင္ကြင္းအား ေကာင္းမြန္ေၾကာင္း ေထာက္ခံလိုက္သည္။ “ဂဏန္းဟင္းလ်ာ ကလည္း အေကာင္ဆံုးပဲ! ကမၻာေပၚမွာ အေကာင္းဆုံးပဲ…”
အေစာပိုင္းက ဖုန္းေျပာၿပီး တစ္ဖက္တြင္
စိတ္သက္သာစြာျဖင့္ လီဂ်င္းယြမ္ သက္ျပင္းခ်လိုက္သည္။
“မွန္တယ္မလား? အားလုံးအဆင္ေျပတယ္။ မိန္းကေလးေဇာင္က လုပ္ရည္ကိုင္ရည္ရွိၿပီး သူမဇာတိျဖစ္တဲ့ ဟိုက္ၿမိဳ႕ေတာ္မွာလည္း ရွိေနေတာ့ သူမ အဆင္ေျပမယ္လို႔ ငါေျပာသားပဲ” ေဝ့က်ဲ ေျပာလိုက္သည္။
လီဂ်င္းယြမ္ ကႏူးညံ့စြာ ၿပဳံးလိုက္ၿပီး ေျပာလိုက္သည္။ “အင္း၊ ကြၽန္ေတာ္ သိတယ္။ကြၽန္ေတာ္ ဟြမ္ဟြမ္ ကိုအရမ္းလြမ္းေနလို႔ စိတ္ပူသြား႐ုံပါ”
ထိုစကားကို ၾကားလိုက္ၿပီး ထူးဆန္းေနသလို ေဝ့က်ဲ ခံစားလိုက္ရသည္။ “အင္း၊ မင္းရဲ႕ အခ်ိန္ဇယားေတြကလည္း ေနာက္ပိုင္းက်ရင္ ပိုမ်ားလာေတာ့မွာ။ ဒီၾကားထဲ အားလပ္ခ်ိန္ရေအာင္ ငါစီစဥ္ေပးထားမယ္”
လုပ္ေဆာင္ခ်က္ေတြအား ေနာက္ပိုင္းလုပ္ဖို႔အတြက္ ျပင္ဆင္ထားၿပီးသား ျဖစ္သည္။ သူတို႔က သူ႔ကိုယ္စားလွယ္၊ လက္ေထာက္ေတြ ျဖစ္ရင္ေတာင္ စိတ္ထဲမထားပဲ အနားယူဖို႔ အခ်ိန္ကို ညစ္ထုတ္ယူဖို႔ ႀကိဳးစားမွာပဲ။ တစ္ခါတစ္ရံ လီဂ်င္းယြမ္ ကအဝတ္လဲခန္းတြင္ ႏွစ္မိနစ္ေလာက္ အိပ္တတ္သည္။ တစ္ခါတစ္ေလဆို ထိုအခ်ိန္တြင္ ရႈိးပြဲအတြက္ စာသားေတြကို မွတ္သားတတ္သည္။
ဒါက အရမ္းပင္ပန္းတာပဲ။
ေဝ့က်ဲ ကေတာ့ ႏိုင္ငံျခားမွာထက္ ဒီေနရာက ပိုသန္မာလာေစတယ္လို႔ ခံစားေနရသည္။
ႏိုင္ငံျခားမွာထက္ အိမ္သုံးေဈးကြက္က ပိုေကာင္းတယ္! ဒီမွာ ေက်နပ္ေစေလာက္တဲ့ အလုပ္ေတြ အမ်ားႀကီးပဲ!
လီဂ်င္းယြမ္ ကတျခားအရာကို ေတြးေနခ်ိန္တံင္ ဗန္ကားက ေရွ႕ဆက္သြားေနခဲ့သည္။ သူ႔အေရာင္က ေျပာင္းလဲသြားၿပီး ေမးလိုက္သည္။ “ရန္ဆန္းကဘယ္သူလဲ?”
ေဝ့က်ဲ : “ဟမ္?”
ရန္ဆန္း… ? ရန္ဆန္း ကဘယ္သူလဲဆိုတာကို သူမသိေပ။
ေဇာင္ယုဟြမ္ နဲ႔အဖြဲ႕က ဗီလာကို ေရာက္ခ်ိန္တြင္ လီဂ်င္းယြမ္ ဆီကေန ေနာက္ထပ္ဖုန္းတစ္ေကာကို လက္ခံရရွိခဲ့သည္။
“ဘာျဖစ္လို႔လဲ?” ေဇာင္ယုဟြမ္ ေမးလိုက္ကာ ဖုန္းကို ကိုင္လိုက္သည္။
ေဇာင္ယုဟြမ္ ေမာ့ၾကည့္လိုက္ခ်ိန္တြင္ လူတိုင္းက သူမကို စူးစမ္းစြာ ၾကည့္ေနၾကတာကို ျမင္လိုက္ရသည္။ ခ်က္ခ်င္းပင္ သူမ ငိုရမလား၊ ရယ္ရမလားဆိုတာကို မသိေတာ့ေပ။
“ရန္ဆန္း ကဘယ္သူလဲ?” တစ္ဖက္မွ လီဂ်င္းယြမ္ ကေမးလိုက္သည္။
“ဂ်င္းယြမ္ သူ႔ကို မမွတ္မိဘူးလား?” ေဇာင္ယုဟြမ္ ေမးလိုက္သည္။ “မာဖီေက်ာင္းက အတန္းေဖာ္ေလ၊ ငါတို႔ ႏိုင္ငံျခားသြားထဲက သူနဲ႔မေတြ႕ခဲ့တာ ေတာ္ေတာ္ၾကာေနၿပီ…”
ထို႔ေနာက္တြင္ ဂ်ဴနီယာ အထက္တန္းက ဝေဖာင္းၿပီး အေရးမပါတဲ့ ရန္ဆန္း ကစိတ္ထဲေပၚလာခဲ့သည္။ “အို၊ အခုမွတ္မိၿပီ။ အခုေနာက္က်ေနၿပီ၊ ေမွာင္မဲေနၿပီ။ ေပ်ာ္႐ႊင္ပါေစ”
“အင္း။ ဘိုင္ဘိုင္”
ေဇာင္ယုဟြမ္ ဖုန္းခ်ၿပီးေနာက္ ဟန္ယင္ယင္ ကခ်က္ခ်င္း ေမးလာခဲ့သည္။ “အခုေခၚတာ ဘယ္သူလဲ?”
“အို၊ ဂ်င္းယြမ္ ေလ”
ဟန္ယင္ယင္ ေခါင္းခါလိုက္သည္။ “သူက အြန္လိုင္းမွာ နာမည္ႀကီးေနၿပီဆိုေတာ့ ေျပာင္းလဲသြားၿပီလို႔ ထင္ေနတာ။ သူက အရင္အတိုင္းပဲလို႔ ငါထင္တယ္”
“ဘာေတြ ကြာျခားသြားမွာလဲ? အရင္အတိုင္း မ်က္လံုးတစ္စုံ၊ ႏွာေခါင္းနဲ႔ ပါးစပ္နဲ႔ပဲေလ” ေဇာင္ယုဟြမ္ ေျပာလိုက္သည္။
ရန္ဆန္း ကအခ်ိန္ကိုက္ ေျပာလိုက္သည္။ “ငါတို႔သာ ဒါကို မွတ္တမ္းတင္ထားရင္ မင္းက လီဂ်င္းယြမ္ ရဲ႕ဘဝမွာ အစ္မႀကီးဖန္ ျဖစ္လာလိမ့္မယ္…”
ဟန္ယင္ယင္ ကလည္း စေနာက္လိုက္သည္။ “ေနာက္ၿပီး ဟုန္ခ်န္းမင္း ေကာပဲ၊ သူ႔ရဲ႕ ညီမေလးဖန္ ျဖစ္လာလိမ့္မယ္…”
ေဇာင္ယုဟြမ္ ကသူမ မ်က္လုံးကို လွိမ့္လိုက္သည္။ “ငါ့ကို စေနတာပဲ။ လီဂ်င္းယြမ္ နဲ႔စာခ်ဳပ္ခ်ဳပ္ဖို႔ ေျပာလိုက္မယ္”
“အင္း။ အင္း။ အင္း။ မင္းက ေဘာ့စ္ပဲ။ ငါ့အမွား။ ငါ့အမွား” ရန္ဆန္း ကသူ႔လက္ကို ေျမႇာက္လိုက္ၿပီး ပါးစပ္အား ဇစ္ပိတ္သလို ပိတ္ျပလိုက္သည္။ ထို႔ေနာက္ သူက ထပ္လုပ္ျပကာ ေျပာလိုက္သည္။ “ဒီလမ္းပါ၊ ေက်းဇူးျပဳၿပီး”
ေဇာင္ယုဟြမ္ ကသူ႔ကို တစ္ခ်က္ကန္လ်ဳက္ၿပီး ေလွကားအေပၚကို ဦးတည္သြားလိုက္သည္။
ဗီလာအထဲကို ေလွ်ာက္ဝင္သြားရင္း ညစာစားဖို႔ အခ်ိန္ေကာင္း ျဖစ္သည္။ ေနာက္ဆံုးတြင္ ဟုန္ခ်န္းမင္း ဆီမွ ဖုန္းေကာကို ရလိုက္သည္။
“မင္းအခုဘယ္မွာလဲ?”
“ရန္ဆန္း နဲ႔တျခားသူေတြနဲ႔အတူတူ ညစာစားမလို႔”
ရန္ဆန္း ကဘယ္သူဆိုတာကို ဟုန္ခ်န္းမင္း မွတ္မိေနသည္။ သူက တျခားဘာမွ မေျပာေတာ့ပဲ အသံနိမ့္ေလးနဲ႔ ေျပာလိုက္သည္။ “ဒင္နာမွာ ေပ်ာ္႐ႊင္ပါေစ”
ထို႔ေနာက္ ဖုန္းခ်သြားခဲ့သည္။
လီဂ်င္းယြမ္ နဲ႔ေျပာသေလာက္ေတာင္ မေျပာ ခဲ့ေပ။ ဒါေတာင္မွ ဟန္ယင္ယင္ ကေမးလိုက္သည္။ “သူတို႔က မင္းဆီကို ဘယ္ႏွႀကိမ္ေတာင္ ေခၚေနၾကမွာလဲ? ဒါက သူတို႔ေနာက္ကြယ္မွာ မဟုတ္တာ မလုပ္ဖို႔ကို စစ္ေဆးေနၾကတာနဲ႔ မတူဘူးလား!”
“ပံုမွန္ဆို သူတို႔က ငါ့ဆီကို ခနခန မဆက္တတ္ပါဘူး။ အေစာပိုင္းက ငါဖုန္းမကိုင္ခဲ့လို႔သာ သူတို႔က ေခၚေနၾကတာ” ေဇာင္ယုဟြမ္ ကသူမ ပုခုံးကိုတြန႔္ကာ ေျပာလိုက္သည္။
“ဒီလိုမ်ိဳး ႀကီးျပင္းလာရတာ မပင္ပန္းဘူးလား?” ဟန္ယင္ယင္ ကေမးလိုက္သည္။
“ဘာလို႔ ပင္ပန္းရမွာလဲ?” ေဇာင္ယုဟြမ္ ကေမးလိုက္ကာ တူအား သူမႏႈတ္ခမ္းနား ကပ္လိုက္သည္။
ေဇာင္ယုဟြမ္ ကတူအား သူမႏႈတ္ခမ္းနားကို ကပ္လိုက္ၿပီး ဟန္ယင္ယင္ ကိုေမာ့ၾကည့္လိုက္သည္။ အလင္းက ေရာင္ျပန္ေနၿပီး ၿပီးျပည့္စုံေနခဲ့သည္။ သူမ ႏႈတ္ခမ္းေတြက ပန္းေရာင္သန္းေနၿပီး မ်က္လုံးေတြက အရည္႐ႊမ္းကာ ေတာက္ပေနသည္။
ဟန္ယင္ယင္ မထိန္းခ်ဳပ္ႏိုင္စြာျဖင့္ သူမမ်က္လုံးေတြကို လက္နဲ႔ကာလိုက္သည္။ “အို…… င့ါကို ဒီလိုမ်ိဳး မၾကည့္ပါနဲ႔။ ငါမခံႏိုင္ဘူး…”
သူမ ဆက္ေျပာလိုက္သည္။ “သူတို႔က မင္းကို မပင္ပန္းေစတာကို ငါတို႔သိေပမဲ့ သူတို႔ေၾကာင့္ ဘာလို႔မင္းက မပင္ပန္းတာလဲ? သူတို႔က ဒီေန႔တစ္ေန႔လုံး မင္းကိုေခၚေနၾကတာ။ အဲ့ဒါက အေႏွာင့္အယွက္ မျဖစ္ဘူးလား? မင္းအခု အသက္ဘယ္ေလာက္ရွိၿပီလဲ? မင္းရဲ႕လြတ္လပ္ခြင့္နဲ႔ ကိုယ္ပိုင္ဘဝကို ပိုင္ဆိုင္သင့္တယ္မလား?”
“ေကာင္းၿပီ၊ မင္းအြန္လိုင္းေပၚက လီဂ်င္းယြမ္ ရဲ႕ပုံေတြကို ၾကည့္ဖို႔လိုတယ္။ တစ္ေန႔လုံး သူ႔ဖန္ေတြက ‘အို…….၊ ေကာေကာ ကအရမ္းေခ်ာတာပဲ’ ဆိုတာပဲ ေျပာေနၾကတာ။ သူ႔ကို ၾကည့္ၿပီး တစ္ေယာက္ေယာက္ေတာ့ သူ႔ကို စိတ္အေႏွာင့္အယွက္ ျဖစ္ေစမွာပဲ” ရန္ဆန္း ေျပာလိုက္သည္။
ေဇာင္ယုဟြမ္ က လီဂ်င္းယြမ္ ရဲ႕ပုံပန္းသြင္ျပင္ကို ေတြးေတာလိုက္ၿပီး ဟုန္ခ်န္းမင္း ကိုပါ ေတြးေတာမိသြားသည္။ ထို႔ေနာက္ သူမ ၿပဳံးကာ ေခါင္းညိတ္လိုက္သည္။ “ဟုတ္တယ္! သူက အရမ္းကို စားခ်င္စရာေကာင္းတဲ့ ပုံေလးပဲ။ ငါက ဘယ္လိုလုပ္ၿပီး ၿငီးေငြ႕ႏိုင္မွာလဲ?”
ဟန္ယင္ယင္ ကသူမအသံအားဆြဲကာ ေျပာလိုက္သည္။ “အိုး…. ငါနင့္ကို အရမ္းမနာလိုတာပဲ… ငါ့အစ္ကိုက ၾကည့္မေကာင္းဘူး၊ ေနာက္ၿပီး အရမ္းလဲ ေခြၽတာတယ္။ ပိုက္ဆံအိတ္ တစ္အိတ္ဝယ္မလို႔ သူ႔ဆီက မုန႔္ဖိုးေတာင္းတာကို ငါ့ကို ေအာ္ေငါက္ေတာ့တာပဲ”
“ငါ မင္းအတြက္ ၀ယ္ေပးမယ္” ေဇာင္ယုဟြမ္ ကအၿပဳံးေလးနဲ႔ ေျပာလိုက္သည္။
“Darn! ငါ့အခ်စ္ဆုံး ဟြမ္ဟြမ္ေလး! အရမ္းခ်စ္တယ္!” ဟန္ယင္ယင္ ကသူမ ထိုင္ေနသည့္ ခုံကိုဆြဲၿပီး ေဇာင္ယုဟြမ္ အနားတိုးသြားကာ မွီလိုက္သည္။ ပင္ပန္း၊ ၿငီးေငြ႕တဲ့ အေၾကာင္း စစ္ေဆးေနတာအားလုံးကို ေမ့သြားပုံရသည္။
သို႔ေသာ္ ေဇာင္ယုဟြမ္ ကေတာ့ ထိုအေၾကာင္း စဥ္းစားတာကို မရပ္ႏိုင္ခဲ့ေပ။
သူမက လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔အနားမွာ ႏွစ္ေပါင္းမ်ားစြာ ေနထိုင္ခဲ့ရၿပီး သူတို႔ကေကာ သူမကို ၿငီးေငြ႕ေနမလား?
ဇာတ္လိုက္မ ေပၚလာရင္ေတာ့ ျဖစ္ႏိုင္လိမ့္မယ္။
အင္း…..
သူမ စိတ္မေက်နပ္သလိုမ်ိဳး နည္းနည္းေတာ့ ခံစားရသည္။
ေဇာင္ယုဟြမ္ မ်က္ေမွာင္ၾကဳတ္လိုက္ေပမဲ့ ဘာမွမေျပာေပ။
စုေဝးမႈအၿပီးတြင္ ေဇာင္ယုဟြမ္ သည္စာခ်ဳပ္ကို သူမႏွင့္အတူ အိမ္ေတာ္သို႔ သယ္လာခဲ့သည္။
ဘယ္သူမွ မသိခင္မွာပဲ ပါရမီရွင္ျပပြဲသည္ ၇ ပိုင္းေျမာက္ကို ထုတ္လႊင့္ခဲ့သည္။
လီဂ်င္းယြမ္ သည္ႏိုင္ငံျခားမွ ျပန္လာၿပီးျဖစ္သည္။ ရႈိးပြဲရလဒ္ေၾကာင့္ ေၾကာ္ျငာအတြက္ သူ႔အား ေခၚၾကရန္ တခ်ိဳ႕ခ်န္နယ္ ပိုင္ရွင္ေတြက အနားတြင္ ဝိုင္းလာခဲ့ၾကသည္။
လီဂ်င္းယြမ္ သည္အဂၤလန္တြင္ အထက္တန္းက်သည့္ ေမာ္ဒယ္ျဖစ္ေၾကာင္း အင္တာနက္မွတဆင့္ မ်ားစြာေသာ လူမ်ားက သိခဲ့ၾကၿပီး ျဖစ္ေသာ္လည္း သူတို႔တို႔အနက္မွ တခ်ိဳ႕ကေတာ့ အစစ္အမွန္လို႔ မျမင္ၾကေပ။
ေနာက္ဆုံးေတာ့ သူတို႔ကိုယ္တိုင္ ဗြီဒီယိုကို ျမင္လိုက္ခ်ိန္မွသာ သူတို႔ထင္ေနတာ တလြဲျဖစ္ေၾကာင္း သိသြားခဲ့ၾကသည္။
“အိုး… ေသးစမ္း! ငါ့ဖုန္းစခရင္ကို လ်က္ေနတာ မရပ္ႏိုင္ေတာ့ဘူး။ သူက အရမ္းကို ဆြဲေဆာင္မႈရွိတာပဲသည္!!!!! အိုး…. ဂ်င္းယြမ္၊ ဘယ္လိုလုပ္ၿပီး ဒီေလာက္ေတာင္ ဆြဲေဆာင္မႈ ရွိေနရတာလဲ?!”
“သူက ျပပြဲမွာ ႏူးညံ့တဲ့ လူငယ္ေလး၊ MV မွာက်က္သေရရွိတဲ့ မင္းသားေလး၊ ေနာက္ၿပီး အခုေတာ့ သူက ေျပးလမ္းေပၚမွာ ႀကီးစိုးေနတာပဲ! အို… ဘုရားသခင္… ဘယ္ေဖ်ာ္ေျဖသူက ဒီေလာက္မ်ားျပားတဲ့ အရည္အခ်င္းေတြ ရွိေနမွာလဲ? တားဆီးႏိုင္မွာလား?”
“ေကာင္းၿပီ၊ ေကာင္းၿပီ။ အခုေတာ့ ငါက သူ႔ဖန္ျဖစ္သြားၿပီ။ ေက်းဇူးျပဳၿပီး ေနာက္ထပ္ ရႈိးပြဲေတြကို ေျပာျပေပးပါ။ ေက်းဇူးျပဳၿပီး!”
***
ေဇာင္ယုဟြမ္ ရဲ႕လက္တစ္ဖက္တြင္ သူမဖုန္းက ရွိေနၿပီး တျခားတစ္ဖက္တြင္ အိမ္ေတာ္ရဲ႕ ဖုန္းကရွိေနၿပီး အင္တာနက္ေပၚမွ လီဂ်င္းယြမ္ အေၾကာင္း ကြန႔္မန႔္မ်ားကို ဖတ္ေနခဲ့သည္။
သူမေျပာလိုက္ခ်ိန္တြင္ လီဂ်င္းယြမ္ ရယ္လိုက္သည္။
သူမ ဖတ္ၿပီးေနာက္ သူက ၿပဳံးလိုက္ၿပီး ေမးလိုက္သည္။ “ေကာင္းၿပီ၊ ဟြမ္ဟြမ္ ဘယ္လိုထင္လဲ?”
“ငါလား?” ေဇာင္ယုဟြမ္ ခဏရပ္လိုက္ကာ သူမၾကည့္ထားသည့္ ဗီြဒီယိုကို ျပန္ေတြးလိုက္သည္သူမေခါင္းထဲမွျပန္ဖြင့္လိုက္သည္။ “အင္း၊ အရမ္းေကာင္းတယ္”
လီဂ်င္းယြမ္ ကနည္းနည္း စိတ္ပ်က္သည့္ အသံလုပ္လိုက္သည္။ “ဟြမ္ဟြမ္ ေျပာခ်င္တာက ဒါပဲလား?”
ေဇာင္ယုဟြမ္ သူမဘာသာ ေတြးေတာလိုက္သည္။ အခုေတာ့ ဂ်င္းယြမ္ ကအသက္ႀကီးလာၿပီဆိုေတာ့ ကိုယ့္ကိုကိုယ္ ေက်နပ္ေအာင္ လုပ္ဖို႔ကလဲ ပိုခက္ခဲလာတယ္ေပါ့။ ရွင့္ဖန္အုပ္စုႀကီးနဲ႔ ငါ့ရဲ႕သက္တန႔္ ေဖ်ာ့ေဖ်ာ့ေလးလို အႏုပညာမ်က္စိဆီက ၾကားခ်င္ေနတာလား?
“အင္း၊ ဂ်င္းယြမ္ ဘာကိုၾကားခ်င္တာလဲ?”
“မင္းႀကိဳက္လား?”
ေဇာင္ယုဟြမ္ ကထိုအေၾကာင္းကို ေတြးလိုက္ၿပီး ေျပာလိုက္သည္။ “အင္း၊ ငါႀကိဳက္တယ္”
လီဂ်င္းယြမ္ ကၿပဳံးလိုက္ၿပီး ေျပာလိုက္သည္။ “အိုေက၊ ငါမနက္ျဖန္ ျပန္ေရာက္လိမ့္မယ္”
ထို႔ေနာက္ ဖုန္းေျပာျခင္းက အဆုံးသတ္သြားခဲ့သည္။
သိပ္မၾကာခင္မွာပဲ ဟုန္ခ်န္းမင္း ဆီမွဖုန္းဝင္လာခဲ့သည္။
သူလည္း ႏိုင္ငံျခားက ျပန္လာၿပီး အိမ္အျပန္လမ္းကို ေရာက္ေနၿပီ။
ေဇာင္ယုဟြမ္ ကနံရံေပၚရွိ နာရီကို ေမာ့ၾကည့္လိုက္ၿပီး ေျပာလိုက္သည္။ “အခုေတာ္ေတာ္ ေနာက္က်ေနၿပီပဲ။ ကိုကိုခ်န္းမင္း ပင္ပန္းလား? အနားက ဟိုတယ္မွာ အခန္းငွားၿပီး မနားခ်င္ဘူးလား?”
“သိပ္မဆိုးပါဘူး” သူဘာေျပာေနတာလဲ? သူ႔အသံေတာင္မွ အက္ရွေနသည္။ သူၿပဳံးလိုက္ၿပီး ေျပာလိုက္သည္။ “ဟြမ္ဟြမ္၊ ကိုယ္ႏိုးေနဖို႔ တစ္ခုခုကို ဘာလို႔မေျပာတာလဲ?”
႐ုတ္တရက္ ေမးျမန္းခံလိုက္ရခ်ိန္တြင္ ဘာေျပာရမွန္း သူမ မသိေပ။
ေဇာင္ယုဟြမ္ ကသူမ ဦးေႏွာက္ကို အလုပ္မေပးေတာ့ပဲ ေနာက္ဆုံးတြင္ လီဂ်င္းယြမ္ ရဲ႕ဖန္ေတြဆီမွ ကြန႔္မန႔္ေတြကို ဖတ္ျပရန္သာ ဆုံးျဖတ္လိုက္သည္။ “လီဂ်င္းယြမ္ ကႏိုင္ငံျခားက ေဖ်ာ္ေျဖေရး လမ္းေပၚေရာက္ေနတာကို သိလား? ကိုကိုခ်န္းမင္း အဲ့ဗြီဒီယိုကိုေတာင္ ရွာၾကည့္လို႔ရတယ္။ ေကာင္ေလးက အရမ္းေပ်ာ္ေနတာ… သူက အရင္ကထက္ေတာင္ ပိုၿပီးလူႀကိဳက္မ်ားလာတယ္… သူ႔ဖန္ေတြက သူ႔ဗြီဒီယိုေအာက္မွာ ေန႔တိုင္း ကြန္႔မန႔္ေတြေပးၾကတာ အရင္ကထက္ေတာင္ စိတ္ရင္းမွန္နဲ႔ ေျပာၾကေသးတယ္။ ခနေလး၊ ကိုကိုခ်န္းမင္း ကိုဖတ္ျပမယ္… အဲ့စာေတြက ကိုကိုခ်န္းမင္း ကိုၾကက္သီးထၿပီး ေသခ်ာေပါက္ကို အိပ္ငိုက္မွာ မဟုတ္ဘူး”
ေဇာင္ယုဟြမ္ ကစာေၾကာင္း တစ္ခုစီကို စိတ္အားထက္သန္စြာ ဖတ္ျပခဲ့သည္။
တစ္ဖက္မွ တုန႔္ျပန္သံကို မၾကားရေပ။
သူအိပ္ေပ်ာ္သြားတာလား?
ေဇာင္ယုဟြမ္ သိခ်င္သြားသည္။
ဖုန္းတစ္ဖက္မွ ဟုန္ခ်န္းမင္း ကေတာ့ ခ်က္ခ်င္းပင္ အိပ္ငိုက္ေျပသြားခဲ့သည္။
သူ ထပ္ၿပီး အိပ္မငိုက္ႏိုင္ေတာ့ဘူး။
ငယ္႐ြယ္တဲ့ ေကာင္ေလး? က်က္သေရရွိတဲ့ မင္းသားေလး? အေပၚဆုံးမွာရွိတာ? တားဆီးႏိုင္တာ?
ဟုန္ခ်န္းမင္း ကသူ႔လက္ကို ေျမႇာက္ၿပီး ေခါင္းကို႐ိုကိလိုက္သည္။ ဖုန္းမွ မိုက္ကိုပိတ္လိုက္ၿပီး လွည့္ကာ အတြင္းေရးမႉးအား ေမးလိုက္သည္။ “ငါက သ႐ုပ္ေဆာင္ျဖစ္ႏိုင္မယ္လို႔ ထင္လား?”
အတြင္းေရးမႉး : ?
အမ္၊ သူေဌးက ဘာေတြေျပာေနတာလဲ၊ ဘာေတြျဖစ္ေနတာလဲ?
သူက အရက္လႊမ္းမိုးမႈေအာက္ ေရာက္ေနေသာ္လည္း သူ႔အသံအား ခ်က္ခ်င္းေျပာင္းလိုက္ကာ ေျပာလိုက္သည္။ “အာ၊ ဖန္မရွိရင္ ေဖ်ာ္ေျဖသူ မျဖစ္ႏိုင္ဘူး”
အတြင္းေရးမႉး : “ဟုတ္တယ္၊ အဲ့ဒါက အမွန္ပဲမလား?”
“ငါ သ႐ုပ္ေဆာင္ျဖစ္ႏိုင္မယ္လို႔ မင္းထင္လား?”
အတြင္းေရးမႉး : ?
ေနာက္ထပ္ ဒါပဲလား?
အတြင္းေရးမႉး : “အင္း၊ ေသခ်ာတာေပါ့။ သူေဌးက ရွာေဖြမႈရလဒ္မွာ ထိပ္ဆုံးကို ေရာက္ေနမွာ။ သူေဌးက အရမ္းၾကည့္ေကာင္းတာပဲလို႔ေတာင္ ေျပာၾကလိမ့္မယ္…”
ဟုန္ခ်န္းမင္း ၿပဳံးကာ ေျပာလိုက္သည္။ “အင္း၊ ဖန္မရွိရင္ ၾကယ္တစ္ပြင့္ မျဖစ္ႏိုင္ဘူး”
ဟုန္ခ်န္းမင္း ကဖုန္းကို ျပန္ကိုင္လိုက္ၿပီး ေျပာလိုက္သည္။ “ဟြမ္ဟြမ္၊ ကိုယ္ အိမ္ေရာက္ခါနီးၿပီ”
အတြင္းေရးမႉး : ?
သူမ သူေဌးက အရက္မူးေနတဲ့ပုံစံက ဘယ္လိုမ်ိဳးလဲ?
6.10.2020 (Tue)
……………………..
[text_hash] => 72c533f7
)