ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓] – 50❇️ မိသားစုသုံးယောက်-မင်း၊ လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း
// qc
ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓] - 50❇️ မိသားစုသုံးယောက်-မင်း၊ လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း
Array
(
[text] =>
<Unicode>
မိသားစုသုံးယောက် – မင်း၊ လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း
လက်ထောက် ပါးစပ်ပိတ်သွားခဲ့သည်။ ထို့နောက်တွင် ဗန်ကားက ရှေ့ဆက်သွားနေခဲ့ပြီး လက်ထောက်က မနေနိုင်ပဲ ထပ်စလိုက်ပြန်သည်။ “ဒါ‌ေပမဲ့ တရုတ်ပြည်မှာက ဖန်တွေနဲ့ ဆက်သွယ်ချက်က ပိုအရေးကြီးတယ်။ ရှင့်ရဲ့ အချစ်ရေးက ထွက်လာခဲ့ရင် ရှင့်ပုံရိပ်က ပျက်စီးသွားပြီး ရှင့်ဖန်တွေလည်း ပျောက်ကုန်လိမ့်မယ်…”
ရုတ်တရက် ဝေ့ကျဲ ကရယ်လိုက်ပြီး ပြောလိုက်သည်။ “အို၊ ရှောင်းရန်၊ အစောတုန်းက သခင်လေးလီ ဗီဒီယိုကော ပြောတာက ဘယ်သူလို့ ထင်နေတာလဲ?”
သူပြောလိုက်တာကြောင့် လက်ထောက်က ရပ်သွားခဲ့ပြီး ချက်ချင်းပင် ရေရွတ်လိုက်သည်။ “‌ေကာင်မ‌ေလး… ချစ်သူ?”
လီဂျင်းယွမ် ကဘာမှမပြောပေ။
ဝေ့ကျဲ ကရယ်လိုက်ပြီး ပြောလိုက်သည်။ “မင်းဘာ‌တွေပြောနေတာလဲ? အဲ့ဒါက သခင်လေးလီ ရဲ့အစ်မ!”
လက်ထောက်က ချက်ချင်းပင် ပြာယာခတ်သွားသည်။ “အို၊ အို၊ ကျွန်မ တောင်းပန်ပါတယ် သခင်လေးလီ။ ကျွန်မ တကယ်ပဲ တောင်းပန်ပါတယ်… အစ်မလီအတွက်နဲ့ တောင်းပန်ပါတယ်…”
လီဂျင်းယွမ် ကရုတ်တရက် လှည့်လိုက်သည်။ သူက ဝေ့ကျဲ ကိုပြုံးပြလိုက်ပြီး ပြောလိုက်သည်။ “‌ေဝ့‌ေကာ ကသူမကို ခနခနတွေ့ဖူးပါတယ်။ သူမပံုစံက ကျွန်တော့် အစ်မပုံစံနဲ့ တူနေလို့လား?”
ဝေ့ကျဲ ကထိုအကြောင်းကို အများကြီး မတွေးပေ။ ပြုံးကာ ပြောလိုက်သည်။ “ဟင့်အင်း၊ တကယ့်ကို မတူဘူး။ မိန်းကလေးဇောင် ကချစ်ဖို့ကောင်းပြီး သူမပုံစံက ကျက်သရေရှိပြီး နူးညံ့တယ်။ သခင်လေးလီ ကမှ သူမအစ်ကိုကြီးနဲ့ ပိုတူတာ…”
လက်ထောက်က မထိန်းချုပ်နိုင်စွာဖြင့် ညည်းတွားလိုက်သည်။ ဘယ်လိုဖြစ်ပြီး သူတို့ နောက်ဆုံးနာမည်တွေက မတူရတာလဲ? သူတို့က ဝမ်းကွဲတွေလား?
ဝေ့ကျဲ ကရပ်လိုက်ပြီး တခြားခေါင်းစဉ်ကို ပြောင်းလိုက်သည်။ “ဒီအကြောင်းပြောမှ၊ သခင်လေးလီရဲ့ အချစ်ရေးရှိလာဖို့က စောပါသေးတယ်။ သူက လက်ထပ်နိုင်တဲ့ အသက်အရွယ်တောင် မရောက်သေးဘူး… အဲ့ဒါက ဝေးပါသေးတယ်။ အဲ့ဒါကို မစိုးရိမ်ပါနဲ့”
ဝေ့ကျဲ ကနိုင်ငံခြားမှာထဲက လီဂျင်းယွမ် နဲ့ရင်းနှီးခဲ့ပြီး လီဂျင်းယွမ် ကိုတခြားသူတွေထက် ပိုသိသည်။ အရမ်းစိစစ်နေရင် ပျက်စီးသွားစေလိမ့်မည်။ အဲ့လောက်က မလိုအပ်ပေ။
လီဂျင်းယွမ် ကပြတင်းပေါက်ဘက်ကို ပြန်လှည့်လိုက်သည်။ တခြားဘာမှ မပြော‌ေပ။ သူက ဒီနေ့ ရိုက်ကူးရေးကနေ အရမ်းပင်ပန်းလာတာကို လူတိုင်းက သိတာကြောင့် သူတို့က စကားပြောတာကို ရပ်လိုက်ပြီး သူ့ကို အနားယူစေလိုက်သည်။
*****
“ဒီ‌ေန့ ရိုက်ကူးရေး နေရာကို ဘယ်သူ‌ေတွ သွားခဲ့ကြလဲ? ဒီနေ့ ရိုက်ကူးရေး အပြင်ဘက်မှာ လီဂျင်းယွမ် ကအတော်‌ေလးကို ချစ်ဖို့ကောင်းနေတယ်ဆို။ အဲ့ဒါ တကယ်ပဲလား??”
“ဟုတ်တယ်! အဲ့ဒါအမှန်ပဲ! ငါအော်ဟစ်မိတော့မလို့ပဲ! ရိုက်ကူးရေးမှာဆိုတာ တကယ်ပဲ။ သူ့ပုံစံက အံ့ဩဖို့ကောင်းရုံသာမကဘူး ရိုက်ကူးရေး ပြီးသွားတာတောင် သူက အရမ်းကို ချစ်‌ဖို့ကောင်းနေတုန်းပဲ! သူက ပြုံးတယ်၊ မော့ကြည့်တယ်၊ နောက်ပြီး စကားလည်း ပြောခဲ့သေးတယ်။ သူက မထိန်းနိုင်ဘူးပဲ!”
“ကြည့်လိုက်။ အဲ့ဗီဒီယိုပဲ! မင်းဘာသာပဲ ကြည့်လိုက်…”
“လီဂျင်းယွမ် ကဒါအတွက် မွေးဖွားလာတာပဲ။ သူ့လှုပ်ရှားမှုတိုင်းက အရမ်းကို ကျက်သရေရှိနေတာပဲ။ နောက်ပြီး သူ့EQ ကလည်း မြင့်မားတာပ‌ဲ။ သူက လူကြိုက်မများဘူးဆိုတာ မဖြစ်နိုင်ဘူး!”
ထို့နောက် ရှာဖွေမှုတွင် လီဂျင်းယွမ် ကထိပ်ဆုံးကို ထပ်ရောက်သွားခဲ့သည်။ ထိုနေ့က ဗီဒီယိုကလည်း ထိန်းချုပ်မှုကင်းစွာဖြင့် အကြိမ်ကြိမ် ပြန်တင်နေခဲ့ကြသည်။ ကင်မရာရှေ့ကို ကြည့်နေချိန်တွင် သူက ပြုံးနေခဲ့ပြီး သူပြန်မော့လာပြီး သူ့ဖန်တွေကို စကားပြောခဲ့သည်။ သူတို့က တခြားဖန်တွေ အိုင်ဒေါ‌ေတွနဲ့ ကွာခြားစွာဖြင့် ဆွေးနွေးခဲ့ကြသည်။
ထို့နောက် လီဂျင်းယွမ် ရဲ့ဖန်တွေက ၈ မီလီယမ်ကျော်သွားခဲ့‌ေလသည်။ သူ့ရဲ့ကျော်ကြားမှုက ပိုပြီးတိုးပွားလာခဲ့ပြီး နောက်ဆုံးတွင် သူ့ရဲ့ မကောင်းတ‌ဲ့ ပုံရိပ်တွေက ပျောက်ကွယ်သွားခဲ့သည်။
ဒါပေမဲ့ ထိုပုံရိပ်တွေ မပျောက်သွားခင် အရမ်းကို ဟော့ဖြစ်သည့် သတင်းက ထွက်ပေါ်လာခဲ့သည်။ – “အရမ်းပဲ အပြောင်းအလဲမြန်တာပဲ။ လီဂျင်းယွမ် ကသူ့ရဲ့ ကြီးပွားတိုးတက်မဲ့ အသက်မွေးဝမ်းကြောင်းနဲ့ တရုတ်ပြည်ကို ပြန်လာခဲ့တာပဲ…”
လီဂျင်းယွမ် ရ‌ဲ့စင်‌ေပါ်က ပုံတွေ၊ မဂ္ဂဇင်း ကာဗာ၊ ကြော်ညာအတွက် ပြောရေးဆိုခွင့်ရှိသည့် သူတွေက သူပုံတွေကို ရှာတွေ့ခဲ့ကြသည်။
“Hot dang! အဲ့ဒါသူလို့ ထင်ခဲ့တာ။ ဒါပေမဲ့သူက နိုင်ငံခြားမှာ တခြားနာမည်နဲ့အပြင် သူ့ရှိုးပွဲအားလံုးက သူ့စတိုင်ကလည်း အနောက်တိုင်းဆန်တယ်။ နောက်ပြီး ဒီအကြောင်းကိုလည်း သူက အရင်တုန်းက တစ်ခါမှ မပြောခဲ့ဖူးဘူး။ ငါ ဒီအကြောင်းတွေကို ဖော်ထုတ်ပစ်ချင်တယ်!”
“ဒါက မယုံကြည်နိုင်စရာပဲ။ သူက နိုင်ငံခြားက ပွဲတော်တော်များများမှာ အဓိကအနေနဲ့ ပါဝင်ခဲ့တယ်… အဲ့ဒါက တရုတ်ပြည်က မိန်းကလေးတွေရဲ့ အာရုံကို ပိုရသွားစေခဲ့တယ်၊ တကယ်တော့ ဒီအကြောင်းကို ငါတို့အရင်က သတိထားမိခဲ့သင့်တယ်”
“သူက တကယ့်ကို သစ္စာရှိတဲ့ မင်းသားလေးပဲ! အံ့ဩဖို့ကောင်းတဲ့ စိတ်ထားလည်းရှိတယ်… ဒါပေမဲ့ ရုတ်တရက်ကြီး ဘာလို့သူက တရုတ်ကို ပြန်လာဖို့ ဆုံးဖြတ်လိုက်ရတာလဲ? သူ့ပါဝင်မှု‌ေတွကို ကြည့်ကြည့်၊ သူက အင်္ဂလန် တစ်ခုလုံးမှာ လူကြိုက်များပြီးသားပဲ။ အင်္ဂလန်မှာလည်း သူ့ဖန်တွေ အများကြီး ရှိတယ်”
“ဒီ‌ေနရာက ငွေရှာရတာ ပိုလွယ်လို့ဖြစ်မယ်?”
“နိုင်ငံခြားတုန်းက သူ့ပုံအောက်မှာ မန့်ထားတဲ့ ကွန့်မန့်ကို အရင်ဆုံး စစ်ဆေးကြည့်သင့်တယ်။ ကောလဟာလအရတော့ သူက ထင်ရှားတဲ့ မိသားစုက မွေးဖွားလာတာတဲ့…”
“အို‌ေက။ ဒါဆို ငါ့ပါးစပ်ကို ပိတ်ထားသင့်တယ်”
“မလိုအပ်တာ‌ေတွ။ အဲ့ဒါတွေက အတုအယောင်တွေ။ ကြယ်ပွင့်တွေမှာ နိုင်ငံခြား တက္ကသိုလ်က ရထားတဲ့ ဘွဲ့လက်မှတ်‌ေတွ၊ ဒုတိယ ချမ်းသာတဲ့မျိုးဆက်တွေ၊ ဒုတိယမျိုးဆက် ကြယ်ပွင့်တွေ စတာဲ့ အတုအယောင်တေွ ရှိကြတာပဲ…”
“အို၊ ပူးပေါင်းကြံစည်တဲ့ သီအိုရီတွေ ရပ်လိုက်… သူ့ရဲ့‌ေမာ်ဒယ်လ် အသက်မွေးဝမ်းကြောင်းက တကယ့်အစစ်အမှန်ပဲ၊ အိုကေ?”
ထိုအထဲတွင် မကောင်းတဲ့ ပုတ်ခတ်ပြောကြတဲ့ ဖန်တွေက ဘယ်လောက်ပဲ ရောနေပါစေ၊ လီဂျင်းယွမ် ရဲ့သနားစရာ အကြောင်းတွေကို ဘယ်လောက်ပဲ ပြောနေကြပါစေ၊ ထိုအချက်တွေကနေပဲ လီဂျင်းယွမ် ကဖန်ရရှိမှုတွေက ပိုးတိုးပွားလာခဲ့သည်။
ရိုက်ကူးရေးရဲ့ အပိုင်း ၆ပိုင်းနဲ့ တခြားရှိုးပွဲတွေ ထွက်လာချိန်တွင် လီဂျင်းယွမ် ရဲ့ဖန်တွေက ၁၀ မီလီယမ် ကျော်သွားခဲ့သည်။ ဇောင်ယုဟွမ် ကWeibo ကိုကြည့်လိုက်ချိန်တိုင်း လီဂျင်းယွမ် ရဲ့သတင်းတွေနဲ့သာ ပြည့်နေခဲ့သည်။
ထိုအကြောင်းကို သူမ တွေးလိုက်ပြီး သွားထောက်ပံ့ပေးသင့်တယ်လို့ ခံစားမိလိုက်သည်။ ထို့ကြောင့် လိုင်းပေါ်ကနေ ဗီဒီယို တချို့ကို ရှာဖွေလိုက်ပြီး ကြည့်လိုက်သည်။ လီဂျင်းယွမ် ရှိုးပွဲတွင် ယောင်္ကျားလေး အသုံးအဆောင်နဲ့ မိန်းကလေး အသုံးအဆောင်ဆိုပြီး ရှိလေသည်။ 
နှစ်ခုလုံးတွင် အဖွဲ့ဝင် လေးယောက်စီ ရှိကြသည်။ သူတို့ကြားထဲတွင်ရှိသည့် လီဂျင်းယွမ် ကထူးဆန်းနေမှုကို မခံစားရပေ။ ထိုအျက်ကြောင့် သူက အဆုံးက အလည်နေရာနဲ့ ပိုနီးကပ်လာသလို ခံစားနေရသည်။ ဂိမ်းကစား‌တာ‌ေတွ၊ အချစ်သီချင်းဆိုတာတွေ၊ အမေးအဖြေ စတာ‌ေ‌တွကို လုပ်ချိန်တွင် လီဂျင်းယွမ် ကသူတို့အားလုံးထဲတွင် အတော်ဆုံးဖြစ်သည်။
သူ့လိုလူမျိုးကသာ ပထမအဆင့် ကြယ့်တစ်ပွင့် မဖြစ်လာရင် ဘယ်သူက ဖြစ်နိုင်မှာလဲ?
ဇောင်ယုဟွမ် က app ကိုပိတ်လိုက်ပြီး လီဂျငယွမ် ဆီကို ဘော့စ်က အအေးကိုလာကို သောက်နေတဲ့ emoji ကိုပို့ခဲ့သည်။ လီဂျင်းယွမ် ကသူ့ဘက်တွင် အလုပ်များနေတာကို သူမ ခန့်မှန်းမိသည်။ ဒါပေမဲ့ သူ့ရဲ့ပြန်စာတွေက ချက်ချင်းပင် ရောက်လာခဲ့သည်။
“ဟွမ့်ဟွမ့် အတွက် လက်ဆောင်တွေ ဝယ်ထားတယ် ❤️”
“[ဓာတ်ပုံ]”
“[ဓာတ်ပုံ]”
“[ဓာတ်ပုံ]”
*****
“အဲ့အထဲမှာ ကြိုက်တာရှိလား?”
ဇောင်ယုဟွမ် စိတ်ရှုပ်သွားသလို ခံစားလိုက်ရသည်။ “ဂျင်းယွမ် ဘယ်မှာလဲ?”
“လန်ဒန်။ သူတို့က ငါ့အကူအညီလိုနေတယ်။ နောက်ပြီး ဒီနေရာမှာက ဟွမ်ဟွမ် ကြိုက်တဲ့ ပစ‌္စည်းတွေများတယ်”
ဇောင်ယုဟွမ် ကသူ့ကို ပြန်ပြောဖို့ပြင်နေတုန်း သူမဖုန်းက ထပ်မြည်လာခဲ့သည်။ ဟုန်ချန်းမင်း က Wechat ကနေ စာပို့လာခဲ့သည်။
“[ဓာတ်ပုံ]”
ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓] - 50❇️ မိသားစုသုံးယောက်-မင်း၊ လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း
“[ဓာတ်ပုံ]”
ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓] - 50❇️ မိသားစုသုံးယောက်-မင်း၊ လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း
“ဒီနေရာက နေက အရမ်းပူတာပဲ”
“ဒီ‌ေနရာက ရောင်းတဲ့ပစ္စည်းတွေက မင်းနဲ့ သင်‌့တော်တယ်လို့ အတွင်းရေးမှူးက ပြောတယ်”
“[ဓာတ်ပုံ]”
ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓] - 50❇️ မိသားစုသုံးယောက်-မင်း၊ လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း
“အဲ့တစ်ခုကို ကြိုက်လား?”
အကန့်တွင် ပြသထားသည့် အထက်တန်း လက်ကိုင်အိတ်ကို ဇောင်ယုဟွမ် ကြည့်လိုက်သည်။ ထိုလက်ကိုင်အိတ်တွင် ကျောက်လေးတွေတောင် ပါနေသေးသည်။
သူတို့က လက်ကိုင်အိတ်တွေလား၊ စိန်တွေ၊ ကျောက်‌ေတွ ရောင်းတာလားဆိုရင်တောင် သူမ မသေချာတော့ပေ။ ဇောင်ယုဟွမ် တိတ်ဆိတ်နေလိုက်သည်။
ဒီနေ့က နေ့ထူးနေ့မြတ်လား?
ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့နှစ်ယောက်လုံးက သူမကို လက်ဆောင်ပေးဖို့အတွက် ဈေးဝယ်ထွက်ခဲ့ကြသည်။ သူမဖုန်းက ထပ်မြည်လာခဲ့သည်။
ဇောင်ယုဟွမ် က ဟုန်ချန်းမင်း နဲ့ပြောနေသည့် နေရာက ခနထွက်လိုက်ပြ လီဂျင်းယွမ် နဲ့စကားပြောတဲ့ဆီကို ဝင်လိုက်သည်။
လီဂျင်းယွမ် : ဟွမ်ဟွမ်?
လီဂျင်းယွမ် : ဟွမ်ဟွမ် အလုပ်များနေတာလား?
လီဂျင်းယွမ် : အိုကေ၊ အဲ့ဒါတွေကြားမှာ ငါတော်တော် အလုပ်များနေတယ်။ သူတို့တွေက ဘာတွေကွာလဲဆိုတာ ငါမပြောနိုင်တော့ဘူး။
ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓] - 50❇️ မိသားစုသုံးယောက်-မင်း၊ လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း
ဇောင်ယုဟွမ် : ……
ဇောင်ယုဟွမ် : အဲ့လောက်အများကြီး မလိုဘူး။
လီဂျင်းယွမ် : 🏋️🏋️
သူပို့တဲ့ပုံအရဆိုရင် သူအဆင်ပြေတာ သေချာသည်။ ဇောင်ယုဟွမ် က ဟုန်ချန်းမင်း နဲ့‌စကားပြောရန် ပြန်ဝင်လိုက်သည်။ စကားပြောပုံအရဆိုရင် ဟုန်ချန်းမင်း ဆီမှစာတွေက အတော်လေးကို ယဉ်ကျေးနေသည်။ အသုံးပြုနေတဲ့ စကားပုံစံတွေက အသက်ကြီးတဲ့သူနဲ့ ပြောနေတဲ့ပုံနဲ့ ပိုတူနေသည်။
ဟုန်ချန်းမင်း : အိုကေ၊ ငါဝယ်ပြီးသွားပြီ။
ဟုန်ချန်းမင်း : ငါရက်အနည်းငယ်လောက်ကျရင် ပြန်လာမယ်။
ဟုန်ချန်းမင်း : နောက်တစ်ခါကျရင် ဟွမ်ဟွမ် ပါအတူတူ လိုက်ခဲ့သင့်တယ်။ မိန်းကလေးတွေ အကုန်လုံးက ဒီနေရာကို ကြိုက်ကြတယ်လို့ အတွင်းရေးမှူးက ပြောတယ်။
ဇောင်ယုဟွမ် ကထိုအကြောင်းကို တွေးလိုက်သည်။
ဒူဘိုင်း၊ ဟမ်?
သေချာတာပေါ့! မိန်းကလေးတွေ အကုန်လုံးက အဲ့နေရာမှာ ဈေးဝယ်ထွက်ချင်ကြတယ်!
အစကတော့ ဇောင်ယုဟွမ် ကမသင့်တော်ဘူးလို့ ခံစားရပေမဲ့ ထိုအကြောင်းကို နည်းနည်းလောက် ထပ်တွေးပြီးချိန်တွင် ထိုအကြောင်းအရာက မှန်ကန်တယ်လို့ ခံစားလိုက်ရသည်။
သူတို့က သူမအတွက် လက်ဆောင်တွေ ဝယ်ပေးကြတာက မထူးဆန်းဘူး!
ဇာတ်လိုက်မကလည်း ပေါ်မလာသေးဘူးလေ!
ဇောင်ယုဟွမ် ကသူတို့နှစ်ယောက်လုံးကို ချက်ချင်း စာပြန်လိုက်သည် : ❤️❤️
ပြန်စာကို ဟုန်ချန်းမင်း တွေ့လိုက်ချိန်တွင် သူမကို ကွန့်မန့်မှာ စကားလာပြောထားတဲ့သူအား အသည်း emoji နဲ့ပြန်ပြောထားတာကို ချက်ချင်း ပြန်သတိရသွားသည်။ ရုတ်တရက် သူစိတ်သက်သာရာရသွားသည်။
သူ့အရှေ့က ပြထားသည့် အချက်အလက်တွေကို ကြည့်လိုက်ပြီး သူ့အတွင့်ရေးမှူးအား မေးလိုက်သည်။ “မိန်းက‌ေလး‌ေတွက တခြားဘာလုပ်ရတာ ကြိုက်ကြသေးလဲ?”
အတွင်းရေးမှူးက မယံုသင်္ကာစွာဖြင့် မေးလိုက်သည်။ “သူ‌ေဌးက ပိုဝယ်‌ချင်သေးတာလား?”
အတွင်းရေးမှူးက စကားကို ချက်ချင်း စပြောလိုက်ပြီးမှ သူ့အားပြန်ဖြေဖို့ အချိန်ပေးလိုက်သည်။ “ဒါက အရမ်းကို အထက်တန်းကျတဲ့ ဒီဇိုင်းတွေပဲ။ ဒါတွေက မိန်းကလေးတွေ အကြိုက်ဆုံးပဲ။ နောက်ပြီး ဒီတစ်ခု၊ ဒီဖိနပ်၊ ဒီနားဆွဲ…. အဲ့ဒါတွေ အားလံုးက မိန်းကလေးတွေ လိုချင်တဲ့အရာတွေပဲ…”
ဟုန်ချန်းမင်း ကမော့ကြည့်လိုက်ပြီး အရောင်းဝန်ထမ်းအား ပြောလိုက်သည်။ “အကုန်လံုး ထုတ်ပိုးလိုက်”
အတွင်းရေးမှူး : “……”
(个_个) တကယ်ပဲ! ချမ်းသာတဲ့ ကမ္ဘာကြီးကို သူမ နားမလည်ဘူး!
ဈေးဝယ်ထွက်ပြီးနောက်တွင် ပိုပြီးစိတ်သက်သာရာရသွားသလို ဟုန်ချန်းမင်း ခံစားလိုက်ရသည်။
သူရူးသွားမယ်ဆိုရင်တောင်မှ သူ့ကိုယ်သူ ထိန်းချုပ်နိုင်ပြီး တခြားအကြောင်းအရာ‌ေတွထဲ‌ေတာင် ပါဝင်နိုင်သည်။
“သွားကြမယ်”
“ဟိုတယ်ကိုလား?” အတွင်းရေးမှူးက မေးလိုက်သည်။
“မဟုတ်ဘူး၊ နောက်ထပ် အစည်းအဝေးကို”
“….နောက်အစည်းအဝေး? သူဌေး နည်းနည်းလောက် မနားချင်ဘူးလား?”
“ငါတို့လုပ်ရမဲ့ အလုပ်တွေမပြီးခင် ဘယ်လိုလုပ်ပြီး အနားယူနိုင်မှာလဲ?”
ထိုစကားကို ကြားလိုက်ပြီးနောက် အတွင်းရေးမှူးက သူ့ကို အတော်လေး ရိုသေလေးစားသွားသည်။ ဒီလူငယ်လေး အောင်မြင်နေရတာက ဒါကြောင့်ဆိုတာ သေချာတယ်။
သူက အလုပ်ကို စွဲလမ်းနေတဲ့သူပဲ!
ကောင်းမွန်တဲ့ စရိုက်တွေ ရှိတာပဲ!
“‌ေကာင်းပြီ! ကျွန်မတို့ စလုပ်တာနဲ့ ကိစ္စတစ်ခုချင်းစီတိုင်းကို တင်ပြပေးပါမယ်” အတွင်းရေးမှူးက ချက်ချင်း ပြောလိုက်သည်။
“အင်း” ဒီနည်းလမ်းက အိမ်ကို စောစောပြန်နိုင်မယ်ဆိုတဲ့ အကြောင်းကို တွေးတောရင်း ဟုန်ချန်းမင်း ပြန်ဖြေလိုက်သည်။
*****
ဇောင်ယုဟွမ် ကအိမ်မှာပဲ အေးဆေးသက်သာစွာ နေခဲ့သည်။ သူမ အားချိန်တွင် ပန်းချီဆွဲတာ၊ စန္ဒရားတီးတာ၊ က,တာတွေကို ပြုလုပ်ခဲ့သည်။ ဘဝကြီးက ဒါထက် ပိုကောင်းမွန်တာ မရှိနိုင်တော့ဘူး။ ရန်ဆန်း ကသူမအား ညစာအတူစားရန် ခေါ်ခဲ့သည်။ သူတို့နဲ့ ဟန်ယင်ယင်၊ ဇုန်ရုံနင် နဲ့ကျောင်းမှ တခြားသူတွေလည်း ပါဝင်ခဲ့သည်။
ဘွဲ့ရပြီးနောက်တွင် သူတို့အားလုံးက နိုင်ငံခြားတွေ၊ တခြားကျောင်း‌ေတွကို သွားခဲ့ကြပေမဲ့ သူတို့အားလုံးက တစ်ချိန်လုံး အဆက်အသွယ် မပြတ်ခဲ့ကြပေ။ အခုတော့ သူတို့အားလုံးက တရုတ်ပြည်ကို ပြန်ရောက်လာပြီဖြစ်တာကြောင့် သူတို့အတူတူ ညစာထွက်စားကြဖို့ ပြင်ဆင်နေကြသည်။
ဖိတ်ကြားချက်ကို ဇောင်ယုဟွမ် ကလက်ခံလိုက်ပြီး ရန်ဆန်း နဲ့အတူတူ စားသောက်ဆိုင်ကို သွားခဲ့သည်။ အစပိုင်းတွင် သူတို့အကုန်လုံး မဆင်မပြေသလို ခံစားကြရပေမဲ့ သူတို့ ထိုင်လိုက်ကြပြီး နည်းနည်းလောက် သောက်ပြီးချိန်တွင် မဆင်မပြေမှုတွေက ပျောက်ပျက်သွားသည်။
သူတို့ အကုန်လုံးက ဇောင်ယုဟွမ် အနားတွင်းဝိုင်းနေကြပြီး တခါတလေ သူတို့က ဓားသိုင်း အကြောင်းတွေ၊ တိုက်ခိုက်ရေး အကြောင်းတွေကို ပြောခဲ့ကြသည်။ ထို့နောက် စန္ဒရားနဲ့ တယော အကြောင်းကို ပြောခဲ့ကြသည်။ ဘဲလေးအကတွင် သူတို့က ပင်ပန်းခဲ့ကြတာတောင် ထိုနေရာက အချိန်တွေက သူတို့မှတ်ဉာဏ်ထဲတွင် ပိုများသည်။
လူတိုင်းက သူတို့ရဲ့ အတွေ့အကြုံတွေကို ပြောပြီးနောက် ရန်ဆန်း ကပြောလိုက်သည်။ “အခုဆိုရင် လီဂျင်းယွမ် ကတော်တော့်ကို ခွန်အားကြီးနေပြီ။ ငါတို့အတွက် ကျောထောက်နောက်ခံ ဖြစ်နေမလား?”
“ဘာ‌ေကျာ‌ေထာက်‌ေနာက်ခံလဲ?” ဇောင်ယုဟွမ် ကမရေရာစွာဖြင့် မေးလိုက်သည်။
“ငါ့အစ်မက မိသားစုက စီးပွားရေး လုပ်ငန်းကို လက်လွှဲယူခဲ့တယ်လို့ ငါပြောခဲ့ဖူးတာကို မှတ်မိလား? သူတို့က TV တွေမှာ ကြော်ငြာဖို့ နာမည်ကြီးတွေနဲ့ ရှိုးပွဲကို လုပ်ချင်နေကြတယ်။ ငါ့အစ်မက ငါ့အကြောင်းကို တွေးတယ်၊ ငါက မင်းအကြောင်းကို တွေးတယ်၊ နောက်ပြီး လီဂျင်းယွမ် အကြောင်းကိုလည်း တွေးတယ်။ လီဂျင်းယွမ် ကအခုဆိုရင် အတော်လေးကို နာမည်ကြီးနေပြီ။ သူ့မှာ မရေတွတ်နိုင်လောက်တဲ့အထိ များပြားတဲ့ ဖိတ်ကြားချက်တွေ ရှိနေမယ်ဆိုတာ သေချာတယ်။ ငါတို့က သူ့ကို အကောင်းဆံုး စာချုပ်နဲ့ ကမ်းလှမ်းပြီး အဲ့ဒါက ကျော‌ေထာက်‌ေနာက်ခံဖြစ်ပြီး ထိပ်ဆုံးမှာ ဖြစ်နေလိမ့်မယ်”
ရန်ဆန်း ကဆက်ပြောလိုက်သည်။ “မင်း ဝင်လိုက်ရင်လည်း အကုန်လုံးက ပိုကောင်းလာမှာ သေချာတယ်”
ဇောင်ယုဟွမ် ရေရွတ်လိုက်သည်။ “ငါနဲ့ ဘာလုပ်စရာ ရှိမှာလဲ?”
“TV ရှိုးပွဲရဲ့ စည်းမျည်းတွေအရဆိုရင် သာမာန်လူတွေက အပိုင်းတိုင်းမှာ ပါဝင်နိုင်တယ်၊ သူတို့က ဖြတ်မထုတ်ရင်ပေါ့။ မင်းက အကောင်းဆုံး ကိုယ်စားလှယ်ပဲ။ မင်းလည်း မကြာခင်က အွန်လိုင်းမှာ နာမည်ကြီးလာပြီး လီဂျင်းယွမ် ဘေးမှာလည်း နှစ်ပေါင်းများစွာ ရှိခဲ့လို့ မင်းတို့နှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် နားလည်ကြမှာပဲ။ အမှန်တိုင်းပြောရရင် မင်းမိသားစု သုံးယောက်ပဲလေ၊ မင်းရယ်၊ လီဂျင်းယွမ် ရယ်၊ ဟုန်ချန်းမင်း ရယ် မင်းတို့တွေက အကောင်းဆုံးဖြစ်လိမ့်မယ်…”
“ ‘မိသားစု သုံးယောက်’ ဆိုတာ ဘာကိုဆိုလိုတာလဲ?”
“ငါ‌ေပြာချင်တာကို အတိအကျ ပြောရရင်…” ရန်ဆန်း ကခမရပ်လိုက်ပြီး ဆက်ပြောလိုက်သည်။ “ငါအ‌ေလးအနက်‌ေပြာမယ်။ ငါတို့ ငွေပေးမယ်!”
1.9.2020 (Tue)
…………………….
<Zawgyi>
*****
“ဒီ‌နေ့ ရိုက်ကူးရေး နေရာကို ဘယ်သူ‌တွေ သွားခဲ့ကြလဲ? ဒီနေ့ ရိုက်ကူးရေး အပြင်ဘက်မှာ လီဂျင်းယွမ် ကအတော်‌လေးကို ချစ်ဖို့ကောင်းနေတယ်ဆို။ အဲ့ဒါ တကယ်ပဲလား??”
လီဂျင်းယွမ် ရဲ့စင်‌ပေါ်က ပုံတွေ၊ မဂ္ဂဇင်း ကာဗာ၊ ကြော်ညာအတွက် ပြောရေးဆိုခွင့်ရှိသည့် သူတွေက သူပုံတွေကို ရှာတွေ့ခဲ့ကြသည်။
“ဒီ‌နေရာက ငွေရှာရတာ ပိုလွယ်လို့ဖြစ်မယ်?”
“အို၊ ပူးပေါင်းကြံစည်တဲ့ သီအိုရီတွေ ရပ်လိုက်… သူ့ရဲ့‌မော်ဒယ်လ် အသက်မွေးဝမ်းကြောင်းက တကယ့်အစစ်အမှန်ပဲ၊ အိုကေ?”
“[ဓာတ်ပုံ]”
“[ဓာတ်ပုံ]”
“[ဓာတ်ပုံ]”
*****
“[ဓာတ်ပုံ]”
ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓] - 50❇️ မိသားစုသုံးယောက်-မင်း၊ လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း
“[ဓာတ္ပုံ]”
ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓] - 50❇️ မိသားစုသုံးယောက်-မင်း၊ လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း
“ဒီ‌နေရာက ရောင်းတဲ့ပစ္စည်းတွေက မင်းနဲ့ သင့်‌တော်တယ်လို့ အတွင်းရေးမှူးက ပြောတယ်”
“[ဓာတ်ပုံ]”
ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓] - 50❇️ မိသားစုသုံးယောက်-မင်း၊ လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း
“အဲ့တစ္ခုကို ႀကိဳက္လား?”
လီဂျင်းယွမ် : ဟွမ်ဟွမ်?
ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓] - 50❇️ မိသားစုသုံးယောက်-မင်း၊ လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း
ဇောင်ယုဟွမ် : ……
လီဂျင်းယွမ် : 🏋️🏋️
ဒူဘိုင်း၊ ဟမ်?
အတွင်းရေးမှူးက မယုံသင်္ကာစွာဖြင့် မေးလိုက်သည်။ “သူ‌ဌေးက ပိုဝယ်‌ချင်သေးတာလား?”
အတွင်းရေးမှူး : “……”
သူရူးသွားမယ်ဆိုရင်တောင်မှ သူ့ကိုယ်သူ ထိန်းချုပ်နိုင်ပြီး တခြားအကြောင်းအရာ‌တွေထဲ‌တောင် ပါဝင်နိုင်သည်။
“သွားကြမယ်”
“‌ကောင်းပြီ! ကျွန်မတို့ စလုပ်တာနဲ့ ကိစ္စတစ်ခုချင်းစီတိုင်းကို တင်ပြပေးပါမယ်” အတွင်းရေးမှူးက ချက်ချင်း ပြောလိုက်သည်။
*****
“ဘာ‌ကျော‌ထောက်‌နောက်ခံလဲ?” ဇောင်ယုဟွမ် ကမရေရာစွာဖြင့် မေးလိုက်သည်။
“ငါ‌ပြောချင်တာကို အတိအကျ ပြောရရင်…” ရန်ဆန်း ကခမရပ်လိုက်ပြီး ဆက်ပြောလိုက်သည်။ “ငါအ‌လေးအနက်‌ပြောမယ်။ ငါတို့ ငွေပေးမယ်!”
1.9.2020 (Tue)
…………………….
[text_hash] => 9a21013e
)
//qc
//QC2