Array
(
[text] =>
ဘယ်သူက ပိုအရေးကြီးလဲဆိုတာက သိသာမနေဘူးလား?
ဟုန်ချန်းမင်း က ဇောင်ယုဟွမ် နဲ့အတူ အချိန်ကုန်ချင်တယ်လို့ ပြောခဲ့ချိန်တွင် သူတကယ်ပဲ သူမနဲ့အတူ ညစာအချိန်အထိ ရှိနေခဲ့သည်။ အိမ်တော်က စားဖိုမှူးက ပုစွန်ထုပ်နဲ့ ဂဏန်းနဲ့ ပင်လယ်စာ ပွဲတော်ကို ပြုလုပ်ပေးခဲ့သည်။
ဟုန်ချန်းမင်း ကသူ့ဝတ်စုံကို ချွတ်လိုက်ပြီး အင်္ကျီလက်ကို ခေါက်တင်လိုက်ကာ သူ့လက်ကို ဆေးလိုက်ပြီး ထိုင်ချလိုက်ပြီး ပုစွန်အား အခွံနွှာလိုက်သည်။ ဇောင်ယုဟွမ် ကလည်း သူမလက်အား ဆေးလိုက်ပေမဲ့ သူမလက်က ရောက်သွားပြီး ပုစွန်ထုပ်ကို မထိရသေးခင်တွင် ဟုန်ချန်းမင်း ကသူမကိုတောင် မော့မကြည့်ပဲ ပြောလိုက်သည်။
“မလှုပ်နဲ့”
“ဟမ်?” ဇောင်ယုဟွမ် ကသူ့ကို သံသယဖြစ်စွာနဲ့ ကြည့်လိုက်သည်။
“ပုစွန်ထုပ်က စူးများတယ်။ မင်းနာလိမ့်မယ်”
ဇောင်ယုဟွမ် ကသူ့ကို မယုံကြည်တာကြောင့် သူမလက်ချောင်းကို ထုတ်လိုက်ပြီး ပုစွန်ထုပ်ကို ထိလိုက်သည်။ တကယ်ပဲ အခွံတွေက မာပြီးထက်ရှသည်။
“ကိုကိုချန်းမင်း ကျတော့ဘာလို့ အဆင်ပြေတာလဲ?” ဇောင်ယုဟွမ် ကထပ်မေးလိုက်သည်။
သူလည်း နာမှာမဟုတ်ဘူးလား?
သူမ သူ့လက်ကို ငုံ့ကြည့်လိုက်သည်။ ဟုန်ချန်းမင်း ကအခွံတွေကို အလင်းအမြန်နှုန်းနဲ့ ခွာနေခဲ့သည်။ သူ့အရှေ့က ပန်းကန်ပြားအသေးလေးတွင် အခွံနွာထားသည့် ပုစွန်ထုပ်တွေက ကောင်းမွန်စွာဖြင့် စီထားသည်။
ဇောင်ယုဟွမ် ကသူ့လက်ကောက်ဝတ်ကို ထိလိုက်သည်။ ပလက်စတစ် လက်အိတ်ရဲ့ သေးငယ်တဲ့ အလွှာလေး ရှိနေတာတောင် သူမလက်မှ အပူကို ဟုန်ချန်းမင်း ခံစားမိသည်။ သူလုပ်နေတာကို ချက်ချင်း ရပ်လိုက်သည်။
“…ဟမ်? နာလား?” ဇောင်ယုဟွမ် ကခနရပ်သွားပြီးနောက် တွေးမိသွားခဲ့သည်။
“ဒါက အသားမာတွေလား? ကိုကိုချန်းမင်း ရဲ့လက်မှာ ဘယ်လိုလုပ်ပြီး အသားမာတွေက ရှိနေတာလဲ?”
ဇောင်ယုဟွမ် ကသူ့လက်ကို မြှောက်လိုက်ပြီး အပေါ်ကော အောက်ပါ ကြည့်လိုက်သည်။ သူမလက်ချောင်းတွေက နူးညံ့နေပြီး သူမလက်ဖဝါးကလည်း ချောမွေ့နေပြီး နွေးထွေးနေသည်။
ရုတ်တရက်ကြီး သူ့လက်က သူမပိုင်တော့သလို ဟုန်ချန်းမင်း ခံစားလိုက်ရပြီး ထိန်းချုပ်နိုင်တဲ့ စွမ်းရည်တွေ ဆုံးရှုံးသွားသလို ဖြစ်သွားသည်။ ဇောင်ယုဟွမ် ကသူ့လက်ဖဝါးကို ကြည့်လိုက်ပြီး နောက်ဆုံးတော့ အသားမာတေွကို မြင်သွားသည်။ သူမ မထိန်းချုပ်နိုင်စွာဖြင့် သိချင်နေခဲ့သည်။
ဟုန်ချန်းမင်း ကလူမှုဖူလုံရေး အေဂျင်စီက ထွက်လာကတည်းက ကြမ်းတမ်းတဲ့ အလုပ်တွေကို မလုပ်ခဲ့ရဘူး။ ဘာကြောင့် သူ့လက်က အသားမာတွေ ရှိနေရတာလဲ?
ဩစတေးလျက ကောလိပ်မှာတုန်းက သူမဆီက ထွက်သွားပြီး ဆောက်လုပ်ရေး အလုပ်တွေ လုပ်ခဲ့ရလို့လား?
…ဒါက မဖြစ်နိုင်တဲ့ အတွေးဆိုတာ သိသာသည်။ ဇောင်ယုဟွမ် ကချက်ချင်းပင် သူမအတွေးတွေကို ဖြတ်ပစ်လိုက်သည်။ အချိန်အတော်ကြာ ဟုန်ချန်းမင်း ဆီမှတုန့်ပြန်မှုကို မကြားရတာကြောင့် ဇောင်ယုဟွမ် မော့ကြည့်လိုက်သည်။
ဟုန်ချန်းမင်း ကထိုနေရာတွင် ထိုင်နေရင်း သူ့ပုံစံက ရုပ်ထုအဖြစ် ပြောင်းလဲသွားပုံပေါ်နေသည်။ သူကလည်း ဇောင်ယုဟွမ် ကိုလေးနက်စွာနဲ့ ကြည့်နေခဲ့သည်။
သူတို့ပတ်ပတ်လည်က လေထုက နည်နးည်းတော့ ထူးဆန်းနေသည်။ ဇောင်ယုဟွမ် ကသူမလက်ကို ပြန်ယူလိုက်ပြီး ပြောလိုက်သည်။
“အာ၊ ငါ့လက်ပေါ်မှာ ဆီတွေပေကုန်ပြီ…. ဒီလက်အိတ်တွေက အဆီတွေကို ထိန်းထားနိုင်မယ်လို့ မထင်ထားဘူး…”
နောက်ဆုံးတော့ ဟုန်ချန်းမင်း ကသူ့“Play”ခလုတ်ကို ပြန်နှိပ်လိုက်ပုံပေါ်သည်။ သူ့လက်ကို ပြန်ယူလိုက်ပြီး သူ့လက်အိတ်ကို ညှိလိုက်ပြီး ပြန်ဖြေလိုက်သည်။
“အင်း၊ ဒါ့ကြောင့် ဒါတွေကို ဟွမ်ဟွမ် ထပ်မထိသင့်ဘူး”
ဇောင်ယုဟွမ် ကလေထုက နည်းနည်းထူးဆန်းနေတာကို ခံစားမိတာကြောင့် ခေါင်းညိတ်လိုက်ပြီး တခြားဘာမှ ထပ်မပြောတော့ပေ။ ဟုန်ချန်းမင်း ကတော့ တိတ်ဆိတ်စွာဖြင့် သက်ပြင်းချလိုက်သည်။
ဒီအရာက အရင်တုန်းကနဲ့ မတူဘူး၊ ဟုန်ချန်းမင်း ကသူ့ဘာသာ တွေးလိုက်ပြီး ခေါင်းကိုငုံ့လိုက်ကာ သူ့အာရုံကို ပုစွန်အခွံနွှာတဲ့ဆီကို ပြန်ထားလိုက်သည်။
ဇောင်ယုဟွမ် နဲ့နီးနီးကပ်ကပ် နေရခြင်းက သူ့ကို ပျော်ရွှင်စေသည်။ သူမကို သူ့ကျောမှာ သယ်ခဲ့တယ်၊ ပွေ့ဖက်ခဲ့တယ်၊ အရင်တုန်းက သူမအတွက် ခေါင်းအုံးတောင် ဖြစ်ခဲ့ဖူးသည်။
ထိုအရာတွေကို သူလုပ်ခဲ့တဲ့ အချိန်တိုင်း သူ့အား မယုံနိုင်လောက်အောင် ငြိမ်းချမ်းစေပြီး သူ့နှလုံးသားကို နူးညံ့သွားစေသည်။ ဒါပေမဲ့ အခုတော့ သူစိတ်လှုပ်ရှားနေသည်။ သူ့အသက်ရှူသံတောင် နှေးကွေးနေသည်။
ဇောင်ယုဟွမ် ကသူ့ကို ထိလိုက်တဲ့ အချိန်တိုင်း စိတ်ထဲကတုန့်ပြန်ပြီး ရုတ်တရက် အဆင်မပြေမှုတွေကို ခံစားရသည်။ ဟုန်ချန်းမင်း ကပုစွန်ထုပ်အားလုံးကို အခွံနွှာပြီးနောက်တွင်တောင် ဘာကြောင့်လဲဆိုတာကို အဖြေရှာလို့မရသေးပေ။ ပုစွန်ထုပ်ရဲ့ ဒုတိယပန်းကန်ကို ရောက်သွားချိန်တွင် ဇောင်ယုဟွမ် ကသူ့ကို ပြောလိုက်သည်။
“ကိုကိုချန်းမင်း ခွာပေးထားတဲ့ ပုစွန်ထုပ်တွေ အကုန်လုံးကို စားနိုင်မှာ မဟုတ်ဘူး” ထိုစကားကို ပြောလိုက်ပြီး သူမက သူ့ပုံစံကို ချောင်းကြည့်လိုက်ကာ ထပ်ပြောလိုက်သည်။
“ကိုကိုချန်းမင်း”
နောက်ဆုံးတော့ ဟုန်ချန်းမင်း ကရပ်လိုက်ပြီး သူ့လက်အိတ်တွေကို ဖယ်လိုက်ကာ လက်တွေကို ဆေးကြောလိုက်သည်။ သူမ ပုစွန်တွေကို စားနေချိန်တွင် ဇောင်ယုဟွမ် မေးလိုက်သည်။
“ဘာဖြစ်လို့လဲ၊ ကိုကိုချန်းမင်း?”
“ဘာကိုလဲ?” ဟုန်ချန်းမင်း ကသူ့ခုံကို ဆွဲထုတ်လိုက်ပြီး ထိုင်လိုက်ကာ မေးလိုက်သည်။ သူ့ပုံစံက ထပ်ပြီး ပျောက်ဆုံးသွားပုံပေါ်နေသည်။ ဇောင်ယုဟွမ် ကသူ့ကို လက်ညိုးထိုးလိုက်သည်။
“ကိုကိုချန်းမင်း ကနည်းနည်း ထူးဆန်းနေတယ်…. ကိုကိုချန်းမင်း ရဲ့အလုပ်တွေက အရမ်းခက်ခဲနေတာလား?”
ဟုန်ချန်းမင်း ကခေါင်းကို အောက်ကိုငုံ့လိုက်ပြီး ဇောင်ယုဟွမ် ရဲ့အကြည့်ကို ရှောင်လိုက်ကာ ပြောလိုက်သည်။
“အင်း၊ နည်းနည်းပါ”
“ဒါဆို ကိုကိုချန်းမင်း အနားယူသင့်တယ်”
သူမက ပြောလိုက်ရင်း ပုစွန်ထုတ် တစ်ဝက်ကို စားလိုက်ပြီး ဟုန်ချန်းမင်း အတွက် တစ်ခုကျော်လောက်သာ ကျန်တော့သည်။
“ကိုကိုချန်းမင်း စားလေ။ ဟွမ်ဟွမ် ဗိုက်ပြည့်ပြီ” ဟုန်ချန်းမင်း ကိုထိုအကြောင်းကို အများကြီး မတွေးတော့ပဲ သူ့တူကို အသုံးပြုပြီး ကျန်နေတာကို အဆုံးသတ်လိုက်သည်။
“ကိုကိုချန်းမင်း မနက်ဖြန် ဘယ်အချိန်သွားမှာလဲ?”
“မနက်စောစော”
“ဒါဆို ဟွမ်ဟွမ့် ကိုနှိုး။ ဟွမ်ဟွမ် လေဆိပ်ကို လိုက်ပို့ပေးမယ်” ဟုန်ချန်းမင်း ကခေါင်းခါလိုက်ပြီး ပြောလိုက်သည်။
“ရတယ်၊ အိပ်ပါ။ ငါ့မှာ ယာဉ်မောင်းနဲ့ ကိုယ်ရံတော်တွေ ရှိတယ်။ ဟွမ်ဟွမ် အဲ့မှာရှိနေဖို့ မလိုပါဘူး”
“ဒါက မတူဘူးလေ။ ဟွမ်ဟွမ် ကကိုကိုချန်းမင်း ရဲ့ညီမလေးလေ။ သူတို့က မဟုတ်ဘူးလေ”
သူ့စိတ်ထဲတွင် အလေးမထားသည့် ထူးဆန်းသည့် ခံစားချက်တွေက ပျံ့နှံ့သွားသည်။ သူမကို သူနဲ့အတူ လေဆိပ်ကို မသွားစေချင်ဘူးလို့ ပြောချင်ပေမဲ့ သူမက အလေးအနက်ထားနေတာကို မြင်လိုက်ပြီး သူ့ကို လိုက်ပို့ဖို့ မျှော်လင့်လိုက်သည်။ သူ့နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး ပြောလိုက်သည်။
“အိုကေ၊ ဒါဆို နောက်ကျတဲ့အထိ မနေနဲ့”
“အိုကေ၊ ဗီဒီယိုနည်းနည်းလောက် ထပ်ကြည့်ပြီး လီဂျင်းယွမ် ကိုဖုန်းခေါ်မယ်၊ အဲ့ဒါပြီးရင် ပြီးပြီ။ မနက်ဖြန်ကျရင် ဟွမ်ဟွမ့် ကိုနှိုးဦးနော်” ဇောင်ယုဟွမ် ကသူ့ကို ထပ်ပြီး တိုက်တွန်းလိုက်သည်။
လွန်ခဲ့သည့် ရက်တွေတုန်းက သူမရဲ့ နေ့တွေက စားလိုက်အိပ်လိုက် ကစားလိုက်နဲ့သာ ကုန်ဆုံးခဲ့သည်။ သူမ အချိန်မှီမထ,နိုင်မှာကို စိုးရိမ်နေခဲ့သည်။
ဟုန်ချန်းမင်း ခေါင်းညိတ်လိုက်သည်။ ရုတ်တရက် သူ့စိတ်ထဲတွင် အတွေးတစ်ခုက ထွက်လာခဲ့သည်။
ဗီဒီယိုတချို့ကို ကြည့်မှာ?
ဘယ်သူ့ဗီဒီယိုတွေလဲ?
ထပ်ပြီး လီဂျင်းယွမ် လား?
နောက်ပြီး သူမက သူ့ကို ဖုန်းခေါ်ဦးမယ်?
တစ်စုံတစ်ယောက်က သူ့ပါးစပ်ထဲကို သံပုရာသီး လာထည့်သွားသလိုမျိုး ဟုန်ချန်းမင်း ခံစားလိုက်ရသည်။
သူ့ကွန်မန့်ကျတော့ ဇောင်ယုဟွမ် ကပြန်မဖြေသေးဘူး!
တစ်ခုခုကို သူပြောချင်ပေမဲ့ သူ မပြောနိုင်ပေ…
တူကို လက်မှာ ဆုပ်ကိုင်လိုက်ပြီး အံ့ကြိတ်လိုက်သည်။
သူစောင့်ရလိမ့်မယ်….
ဟွမ်ဟွမ် ကသူ့ကို စာပြန်လာတဲ့အထိ….
သူမ စာပြန်လိမ့်မယ်!
*****
လီဂျင်းယွမ် ကဖုန်းလက်ခံရချိန်တွင် သူ့ရဲ့တစ်နေ့တာ ရိုက်ကူးရေးက ပြီးရုံသာဖြစ်သည်။ ဒီအချိန် ရှိုးပွဲကတော့ နည်းနည်း ကွာခြားပြီး ဧည့်သည်တွေ၊ ဂိမ်းကစားပွဲတွေ၊ အင်တာဗျူးတွေနဲ့အတူ ရှိုးပွဲလုပ်တာ ဖြစ်သည်။
ရိုက်ကူးရေးက ၁၄ နာရီကြာပြီး နေ့လည်စာတောင် ထမင်းဗူးနဲ့သာ စားနိုင်သည်။ သူက သရုပ်ဆောင်တွေရဲ့ ထွက်ပေါက်ကနေ လမ်းလျှောက်ထွက်လာပြီး ကြည့်လိုက်ချိန်တွင် ဖန်များစွာက သူတို့လက်ထဲတွင် နာမည် Stick Light တွေကို ကိုင်ထားကြပြီး မကြာခင်မှာ ပြန်သွားကြဖို့ ရည်ရွယ်ချက် မရှိကြပေ။ သူ့ဘေးက ဝေ့ကျဲ တောင်မှ ပြောလိုက်သည်။
“ဒီနေရာက ဖန်တွေက နိုင်ငံခြားက ဖန်တွေထက်ပိုပြီး စိတ်အားထက်သန်ကြတာပဲ…”
လီဂျင်းယွမ် ကတရုတ်ပြည်ကို ပြန်လာချိန်တွင် နှေးကွေးသည့် အချိန်ကာလကို ကြုံတွေရမယ်လို့ ဝေ့ကျဲ တွေးထားခဲ့ပေမဲ့ တကယ့်လက်တွေ့တွင်တော့ သူက ထပ်ဆုံးကို တည့်တည့်မတ်မတ် တက်နေခဲ့ပြီး သူ့အတွက် ဖိတ်ကြားချက်တွေက နှင်းခဲတွေလိုမျိုး ပျံ့သန်းလာနေခဲ့သည်။
လက်ရှိတွင် လီဂျင်းယွမ် ကနာမည်အကြီးဆုံး ကြယ်တစ်ပွင့် ဖြစ်သည်။ ဝန်ထမ်းတစ်ယောက်က ပြေးထွက်လာခဲ့ပြီး လီဂျင်းယွမ် အားအရင်ဆုံး သူ့ဖန်တွေနဲ့ နှုတ်ဆက်ပြီးမှ ထွက်သွားရန် ပြောလာခဲ့သည်။
လုံခြုံသည့် နေရာကို ရောက်ချိန်တွင် လီဂျင်းယွမ် ရဲ့ဖုန်းက ရုတ်တရက် မြည်လာခဲ့သည်။ သူက ဇောင်ယုဟွမ် ရဲ့ဖုန်းနံပါတ်အား သီးသန့်ထားသဖြင့် ဖုန်းသံကို ကြားလိုက်ချိန်တွင် သူမဆီကမှန်း သူသိလိုက်သည်။
သူ့ရဲ့ပင်ပန်းနေသည့် မျက်နှာထက်တွင် ရုတ်တရက် အပြုံးတစ်ခုက ထွက်ပေါ်လာခဲ့သည်။ သူ့မျက်နှာပေါ်က ပြောင်းလဲသွားတာကို တခြားသူတွေက သတိမထားမိပဲ သူ့လက်ထောက်တောင် မေးလိုက်သည်။
“သခင်လေးလီ၊ ဒီဖုန်းကို သခင်လေးလီအစား ကိုင်ပေးရမလား? နောက်မှ ပြန်ခေါ်လိုက်မလား?”
တစ်ဖက်တွင် လီဂျင်းယွမ် ကသူမလက်ကို ရှောင်လိုက်ပြီး ဖုန်းဖြေရန် ရွေးချယ်လိုက်သည်။ လက်ထောက်က အနည်းငယ် တုန်လှုပ်သွားသည်။
“ဟယ်လို?”
တစ်ဖက်မှ လီဂျင်းယွမ် ရဲ့အသံက အနောက်ဘက်က ဆူညံသံတွေနဲ့အတူ ထွက်လာခဲ့သည်။ ဇောင်ယုဟွမ် မေးလိုက်သည်။
“ဂျင်းယွမ်၊ အခုဘယ်မှာလဲ? အဲ့နေရာက ဘာကြောင့် ဒီလောက်တောင် ဆူညံနေရတာလဲ?”
“ငါရိုက်ကူးရေးမှာ” လီဂျင်းယွမ် ကသူ့ခေါင်းကို အနည်းငယ် ငုံ့လိုက်ပြီး သူ့ရဲ့နူးညံ့သည့် ပုံစံအား တခြားသူတွေ မြင်တွေ့ခြင်းမှ ရှောင်ရှားလိုက်သည်။
“အို၊ အလုပ်များနေတာလား? အိုကေ၊ ဒါဆို အခုဖုန်းချလိုက်တော့မယ်။ နောက်မှ စကားပြောကြတာပေါ့။ ဒါပေမဲ့ အခုက နောက်ကျနေပြီ။ ဂျင်းယွမ် ပြန်ရောက်ရင် အနားယူလိုက်ဦး။ အင်း.. မျက်လုံးအုပ်နဲ့ နားကြပ်တွေကိုလည်း သုံးသင့်တယ်၊ အဲ့ဒါတွေက ဂျင်းယွမ် ကိုကောင်းကောင်း အိပ်ပျော်စေလိမ့်မယ်”
လီဂျင်းယွမ် က ဇောင်ယုဟွမ် ပြောသည့် အကုန်လုံးကို အာရုံစိုက်ပြီး နားထောင်နေခဲ့ပြီး တုန့်ပြန်လိုက်သည်။
“မဟုတ်ဘူး၊ ဖုန်းချဖို့ မလိုဘူး။ အဆင်ပြေတယ်။ ငါ့ရိုက်ကူးရေးက ပြီးသွားပြီ။ အနားမှာ လူနည်းနည်းများနေရုံပဲ၊ အဲ့ဒါကြောင့် ဆူနေတာ”
“အို၊ အဲ့လိုလား?”
ဇောင်ယုဟွမ် ကသူမနှုတ်ခမ်းကို စေ့လိုက်ပြီး ရုတ်တရက် ပြောစရာ စကားမဲ့သွားသည်။
“အင်း… ဂျင်းယွမ် ကိုဖုန်းခေါ်တာက ဂျင်းယွမ် ဘာလုပ်နေလဲဆိုတာကို သိချင်လို့။ ဂျင်းယွမ် ပင်ပန်းရင် အအေးမိနိုင်တယ်…”
တဖက်တွင် လီဂျင်းယွမ် ကသူ့ခေါင်းကို နည်းနည်းမော့လိုက်သည်။ သူ့နှုတ်ခမ်းက အနည်းငယ် စေ့ထားပြီး နှုတ်ခမ်းထက်တွင်လည်း အပြုံးက ထွက်ပေါ်နေသည်။
“ဟင့်အင်း၊ မပင်ပန်းပါဘူး။ အခု ဟွမ်ဟွမ့် နဲ့ဖုန်းပြောရတော့ မပင်ပန်းပါဘူး။ စိတ်သက်သာသလို ခံစားရတယ်”
အပြင်ဘက်မှ ဖန်တွေက သူ့အပြုံးကို တွေ့လိုက်ကြပြီး အော်လိုက်ကြသည်။
“အို!!! လီဂျင်းယွမ်!!!!!”
သူပြောလိုက်တဲ့ စကားမှာ တစ်ခုခု မှားယွင်းနေတယ်လို့ ဇောင်ယုဟွမ် မခံစားရပေ။ နောက်ဆုံးတော့ သူက အပြစ်ကင်းသည့် ကလေးလေး တစ်ယောက် မဟုတ်တော့ဘူးလို့သာ သူမဘာသာ ညည်းတွားလိုက်သည်။
အခုတော့ သူက တစ်ဖက်တွင် ချိုမြိန်တဲ့ စကားလုံးတွေကိုတောင် ပြောတတ်နေပြီ။ အနာဂတ်မှာ သူ့ရဲ့ဆွဲဆောင်မှုကို ဘယ်မိန်းကလေးကမှ တောင့်ခံနိုင်မှာ မဟုတ်ဘူး!
ထို့နောက် မကြာခင်မှာပဲ ဖန်တွေရဲ့ အော်သံတွေကြောင့် ဇောင်ယုဟွမ် နားမကြားရတော့သလို ခံစားလိုက်ရသည်။
“ဂျင်းယွမ် အနားမှာဖန်တွေ ရှိတာလား?” ဇောင်ယုဟွမ် ကသူမနားကို ပွတ်သပ်လိုက်ပြီး မေးလိုက်သည်။
“အင်း”
“အဲ့မှာ ဖန်တွေက ဘယ်လောက်ေလာက်ရှိလဲ?” ဇောင်ယုဟွမ် ကသိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။ ဘယ်လောက်များတဲ့ ဖန်တွေမို့လို့ ဒီလောက်တောင် ဗုံးပေါက်သလိုမျိုး ဆူညံနေရတာလဲ?
“ဟွမ်ဟွမ် ကြည့်ချင်လား?” လီဂျင်းယွမ် ကရုတ်တရက်ကြီး ထမေးလိုက်သည်။
“ဟမ်?”
“ဟွမ့်ဟွမ့် ကိုပြမယ်” ထိုစကားကို ပြောလိုက်ပြီး လီဂျင်းယွမ် ကဖုန်းကို ထုတ်လိုက်သည်။ သူ့နှုတ်ခမ်းတွေက အရင်ကထက်ပင် ပိုပြီးတောင် ကွေးနေသည်။ သူက အသံကျယ်ကျယ်နဲ့ မေးလိုက်သည်။ “ငါ့ဖုန်းနဲ့ မင်းတို့ပံုေတွကို ရိုက်ထားလို့ ရမလား?”
လက်ထောက်က ပိုပြီးတောင် အေးခဲသွားလေသည်။ ဝေ့ကျဲ လည်းထိုအတိုင်းပင်။
အော်သံတွေက ခနလောက် တိတ်ဆိတ်သွားပြီး အရင်ကထက်ပင် ဆူညံသွားလေသည်။
“AAAAHHHHHHHH. YYYESSS! AAAAAHHHHHHHHHHH!”
ဘယ်အိုင်ဒေါကမှ ဒီလိုမေးခွန်းမျိုးကို သူတို့ဘက်မှ စမမေးကြပေ။ ထိုအချက်ကြောင့် လီဂျင်းယွမ် ရဲ့အပြုအမူတွေက ပိုပြီးတောင် ပြိုင်ဘက်ကင်းပြီး ဆွဲဆောင်မှုရှိနေသည်။
ဖန်တွေကသာ သူတို့ရဲ့ အိုင်ဒေါေတွကို ဓာတ်ပံုေတွ ဗီဒီယိုတွေကိုသာ ရိုက်ယူကြသည်။ ဘယ်အိုင်ဒေါက သူတို့ရဲ့ပုံတွေကို သူတို့ဖုန်းနဲ့ ရိုက်ယူမယ်လို့ ပြောကြမှာလဲ…
ထိုအချိန်ခနမှာပဲ ဖန်တွေအကုန်လုံးက ထိန်းမရသိမ်းမရ ဖြစ်ကုန်ကြလေသည်။ လီဂျင်းယွမ် ကသူတို့နဲ့ စကားပြောနေတာကို ရပ်လိုက်ပြီး ကျောပေးလိုက်ကာ ဓာတ်ပုံအနည်းငယ် ရိုက်ယူလိုက်ပြီးနောက် သူ့ဖန်တွေကို လက်ပြနှုတ်ဆက်လိုက်သည်။
“အကုန်လံုးကို ကျေးဇူးတင်ပါတယ်။ ဒီနေ့က ငါတို့အတွက် နေ့ကောင်းပဲ။ နောက်ထပ် အချိန်တိုင်း ထပ်တွေ့ကြမလား?”
“YEEEESSSSSSSSSSSSSSSS!”
“လီဂျင်းယွမ် အရမ်း ချစ်တယ်…..!”
လီဂျင်းယွမ် ကသူတို့ကို ပြုံးပြလိုက်ပြီးနောက် ဖုန်းပြောလိုက်သည်။ “ဟွမ်ဟွမ်၊ WeChat ကဗီဒီယိုေကာနဲ့ ပြောင်းပြောကြမလား?”
ဇောင်ယုဟွမ် ကသူမနားကို ပွတ်သပ်နေဆဲဖြစ်ပြီး ပြောလိုက်သည်။ “အို၊ ကောင်းတာပေါ့”
လီဂျင်းယွမ် ကဖုနးကိုချလိုက်ပြီး ဇောင်ယုဟွမ် ရဲ့WeChat ဆီကိုသွားလိုက်ပြီး သူရိုက်ယူခဲ့တဲ့ ပုံကိုပို့လိုက်ပြီး မေးလိုက်သည်။ “ငါက အံ့ဩဖို့ကောင်းလား?”
“လီဂျင်းယွမ် ကအရမ်းကို အံ့ဩဖို့ကောင်းတယ်! [သူဌေးက ကိုလာအအေးကို သောက်နေပုံ]”
အခုချိန်တွင် လီဂျင်းယွမ် ရဲ့အပြုံးက ပိုတောက်ပသွားလေသည်။ သူက ချက်ချင်းပဲ ဗီဒီယိုကောနဲ့ ဇောင်ယုဟွမ် ကိုခေါ်လိုက်ပြီး ဇောင်ယုဟွမ် ကချက်ချင်းကိုင်လိုက်သည်။
ကင်မရာက နည်းနည်းလှုပ်သွားပြီးနောက် ဇောင်ယုဟွမ် ရဲ့မျက်နှာပေါင်းတင်သည့် mask နဲ့မျက်နှာက ပေါ်လာသည်။
“ငါလှလား?” ဇောင်ယုဟွမ် ကသူမမျက်နှာကို ထိုးပြကာ မေးလိုက်သည်။
လီဂျင်းယွမ် ကအလေးအနက်ပင် ခေါင်းညိတ်လိုက်သည်။ “အင်း၊ အရမ်းလှတယ်”
ဇောင်ယုဟွမ် : “…. လီဂျင်းယွမ်၊ ဂျင်းယွမ် ရဲ့အလှအပ အမြင်က ထူးဆန်းနေတာလား?”
“မထူးဆန်းပါဘူး၊ ငါ့ရဲ့ အလှအပ အမြင်နှုန်းထားက အရမ်းကို မြင့်တာ”
ဇောင်ယုဟွမ် က mask ရဲ့ထောင့်တွေကို ကိုင်ထားလိုက်ပြီး ရယ်နေတာကို ရပ်လိုက်သည်။ သူမနှုတ်ခမ်းတွေကို နည်းနည်း လှုပ်ရှားလိုက်ပြီး ပြောလိုက်သည်။ “ဂျင်းယွမ် ရဲ့နှုတ်က အရမ်းကို ချိုမြိန်နေတာပဲ။နောက်တစ်ခါကျရင် ဂျင်းယွမ် ကိုချိုမြိန်တာတွေပေးမယ်”
လီဂျင်းယွမ် ပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်သည်။ “အိုေက”
“ဂျင်းယွမ် အလေးချိန် မကျသွားတာ မြင်ရတော့ အဆင်ပြေသွားပြီ။ အိုကေ၊ ငါလဲ အိပ်ဖို့လိုနေပြီ။ မနက်ဖြန် မနက်ကျရင် ကိုကိုချန်းမင်း ကိုလေဆိပ် လိုက်ပို့ပေးမလို့”
လီဂျင်းယွမ် ရဲ့မျက်နှာက အပြုံးက တစ်စက္ကန့်ေလာက် ပျက်သွားပေမဲ့ နောက်တစ်စက္ကန့်မှာပင် သူ့အပြုံးက ပြန်ရောက်နေခဲ့သည်။
ဇောင်ယုဟွမ် : “Bye-bye.”
“…Bye-bye.” လီဂျင်းယွမ် ပြောလိုက်ပြီးနောက် ထပ်ပေါင်းပြောလိုက်သည်။ “Sweet dreams.”
ဖုန်းမျက်နှာပြင်က လျင်မြန်စွာ ပိတ်သွားခဲ့သည်။ လီဂျင်းယွမ် ကသူ့ဖုန်းကို အဝေးမှာထားလိုက်ပြီး သူ့လက်ထောက်က တစ်ခုခု ပြောချင်နေပုံဖြင့် ကြည့်နေတာကို မြင်လိုက်ရသည်။
လီဂျင်းယွမ် : “ဘာဖြစ်လို့လဲ? ပြောစရာရှိလို့လား?”
လက်ထောက်က သူမနှုတ်ခမ်းကို လှုပ်ရှားလိုက်ပြီူ ပြောလိုက်သည်။ “အို၊ ဘာမှတော့ မဟုတ်ပါဘူး… ဒီအတိုင်း ဖုန်းမဖြေခင်မှာ ဖန်တွေကို အရင်ဆုံး ဂရုစိုက်သင့်တယ်။ ရှင့်ဖန်တွေကို ဂရုမစိုက်ဘူးလို့ တခြားသူတွေက မပြောစေချင်ဘူး”
လက်ထောက်က စကားပြောနေရင်း စူးစမ်းနေခဲ့သည်။ လီဂျင်းယွမ် ရဲ့အဖွဲ့ထဲကို သူမက မကြာခင်ကမှ ဝင်ခဲ့တာဖြစ်သည်။ သူမက ဖျော်ဖြေရေး လောကအကြောင်းနဲ့ ပတ်သက်ပြီး အတော်လေး အသိပညာ ကြွယ်ဝပြီး ဆွဲဆောင်မှုလည်း ရှိသည်။ ဝေ့ကျဲ ကသူမကို လီဂျင်းယွမ် ရဲ့လက်ထောက်အနေနဲ့ ခန့်ခဲ့တာ ဖြစ်သည်။
လီဂျင်းယွမ် ကဖုန်းထဲမှာ ဘယ်သူနဲ့ ပြောနေလဲဆိုတာကို သူမ မသိတာကြောင့် ပိုပြီးစိုးရိမ်စေခဲ့သည်။ ကံကောင်းစွာဖြင့် လီဂျင်းယွမ် ကသဘာဝအတုိင်း မွေးဖွားလာခဲ့သည့် အိုင်ဒေါတစ်ယောက် ဖြစ်နေခဲ့သည်။
သူ့မှာ လိုင်းတစ်ခုရှိပြီး ထိုအောက်တွင် သူ့ဘာသာ ဆက်ထိန်းထားနိုင်သည်။ လီဂျင်းယွမ် ကသု့အပြုံးကို ဖယ်ထုတ်လိုက်ပြီး သူ့ရဲ့ စိတ်ကုန်စရာကောင်းသည့် ပုံစံက ပြန်ရောက်လာပြီး ပြောလိုက်သည်။
“ဒီနှစ်ခုကို မင်းယှဉ်စရာမလိုဘူး။ ငါ့ဖန်ေတွကို သိခဲ့တာက လပိုင်းပဲရှိသေးတယ်” ထို့နောက် သူ့ဖုန်းကို ထိုးပြလိုက်ပြီး ပြောလိုက်သည်။
“သူမနဲ့ ငါက သိခဲ့တာ နှစ်နဲ့ချီနေပြီ။ ဒီအကြောင်းအရာမှာ ဘယ်သူက ပိုအရေးကြီးလဲဆိုတာ သိသာမနေဘူးလား?”
#တစ်လနားမယ်လို့ ပြောထားပေမဲ့ readerလေးတွေ မေ့သွားမှာဆိုးလို့😁 ဖုန်းနဲ့ပဲ စာရိုက်နေရတော့ ကြာပါတယ်လို့၊ နောက်ပြီး အားတဲ့အချိန်လေး ဘာသာပြန်ရတာဆိုတော့ ပိုကြာပါတယ်နော်၊ နောက်တစ်ပိုင်း ပြီးတာနဲ့ တင်ပေးမယ်သိလား 😘 ဘာသာပြန်တာတွေက ပြန်မစစ်ထားဘူးနော် အမှားနေရင် ပြောပေးဦးနော်
24.8.2020 (Mon)
……………………..
<Zawgyi>
ဘယ္သူက ပိုအေရးႀကီးလဲဆိုတာက သိသာမေနဘူးလား?
ဟုန္ခ်န္းမင္း က ေဇာင္ယုဟြမ္ နဲ႔အတူ အခ်ိန္ကုန္ခ်င္တယ္လို႔ ေျပာခဲ့ခ်ိန္တြင္ သူတကယ္ပဲ သူမနဲ႔အတူ ညစာအခ်ိန္အထိ ရွိေနခဲ့သည္။ အိမ္ေတာ္က စားဖိုမႉးက ပုစြန္ထုပ္နဲ႔ ဂဏန္းနဲ႔ ပင္လယ္စာ ပြဲေတာ္ကို ျပဳလုပ္ေပးခဲ့သည္။
ဟုန္ခ်န္းမင္း ကသူ႔ဝတ္စုံကို ခြၽတ္လိုက္ၿပီး အက်ႌလက္ကို ေခါက္တင္လိုက္ကာ သူ႔လက္ကို ေဆးလိုက္ၿပီး ထိုင္ခ်လိုက္ၿပီး ပုစြန္အား အခြံႏႊာလိုက္သည္။ ေဇာင္ယုဟြမ္ ကလည္း သူမလက္အား ေဆးလိုက္ေပမဲ့ သူမလက္က ေရာက္သြားၿပီး ပုစြန္ထုပ္ကို မထိရေသးခင္တြင္ ဟုန္ခ်န္းမင္း ကသူမကိုေတာင္ ေမာ့မၾကည့္ပဲ ေျပာလိုက္သည္။
“မလႈပ္နဲ႔”
“ဟမ္?” ေဇာင္ယုဟြမ္ ကသူ႔ကို သံသယျဖစ္စြာနဲ႔ ၾကည့္လိုက္သည္။
“ပုစြန္ထုပ္က စူးမ်ားတယ္။ မင္းနာလိမ့္မယ္”
ေဇာင္ယုဟြမ္ ကသူ႔ကို မယုံၾကည္တာေၾကာင့္ သူမလက္ေခ်ာင္းကို ထုတ္လိုက္ၿပီး ပုစြန္ထုပ္ကို ထိလိုက္သည္။ တကယ္ပဲ အခြံေတြက မာၿပီးထက္ရွသည္။
“ကိုကိုခ်န္းမင္း က်ေတာ့ဘာလို႔ အဆင္ေျပတာလဲ?” ေဇာင္ယုဟြမ္ ကထပ္ေမးလိုက္သည္။
သူလည္း နာမွာမဟုတ္ဘူးလား?
သူမ သူ႔လက္ကို ငုံ႔ၾကည့္လိုက္သည္။ ဟုန္ခ်န္းမင္း ကအခြံေတြကို အလင္းအျမန္ႏႈန္းနဲ႔ ခြာေနခဲ့သည္။ သူ႔အေရွ႕က ပန္းကန္ျပားအေသးေလးတြင္ အခြံႏြာထားသည့္ ပုစြန္ထုပ္ေတြက ေကာင္းမြန္စြာျဖင့္ စီထားသည္။
ေဇာင္ယုဟြမ္ ကသူ႔လက္ေကာက္ဝတ္ကို ထိလိုက္သည္။ ပလက္စတစ္ လက္အိတ္ရဲ႕ ေသးငယ္တဲ့ အလႊာေလး ရွိေနတာေတာင္ သူမလက္မွ အပူကို ဟုန္ခ်န္းမင္း ခံစားမိသည္။ သူလုပ္ေနတာကို ခ်က္ခ်င္း ရပ္လိုက္သည္။
“…ဟမ္? နာလား?” ေဇာင္ယုဟြမ္ ကခနရပ္သြားၿပီးေနာက္ ေတြးမိသြားခဲ့သည္။
“ဒါက အသားမာေတြလား? ကိုကိုခ်န္းမင္း ရဲ႕လက္မွာ ဘယ္လိုလုပ္ၿပီး အသားမာေတြက ရွိေနတာလဲ?”
ေဇာင္ယုဟြမ္ ကသူ႔လက္ကို ေျမႇာက္လိုက္ၿပီး အေပၚေကာ ေအာက္ပါ ၾကည့္လိုက္သည္။ သူမလက္ေခ်ာင္းေတြက ႏူးညံ့ေနၿပီး သူမလက္ဖဝါးကလည္း ေခ်ာေမြ႕ေနၿပီး ေႏြးေထြးေနသည္။
႐ုတ္တရက္ႀကီး သူ႔လက္က သူမပိုင္ေတာ့သလို ဟုန္ခ်န္းမင္း ခံစားလိုက္ရၿပီး ထိန္းခ်ဳပ္ႏိုင္တဲ့ စြမ္းရည္ေတြ ဆုံးရႈံးသြားသလို ျဖစ္သြားသည္။ ေဇာင္ယုဟြမ္ ကသူ႔လက္ဖဝါးကို ၾကည့္လိုက္ၿပီး ေနာက္ဆုံးေတာ့ အသားမာေတြကို ျမင္သြားသည္။ သူမ မထိန္းခ်ဳပ္ႏိုင္စြာျဖင့္ သိခ်င္ေနခဲ့သည္။
ဟုန္ခ်န္းမင္း ကလူမႈဖူလုံေရး ေအဂ်င္စီက ထြက္လာကတည္းက ၾကမ္းတမ္းတဲ့ အလုပ္ေတြကို မလုပ္ခဲ့ရဘူး။ ဘာေၾကာင့္ သူ႔လက္က အသားမာေတြ ရွိေနရတာလဲ?
ဩစေတးလ်က ေကာလိပ္မွာတုန္းက သူမဆီက ထြက္သြားၿပီး ေဆာက္လုပ္ေရး အလုပ္ေတြ လုပ္ခဲ့ရလို႔လား?
…ဒါက မျဖစ္ႏိုင္တဲ့ အေတြးဆိုတာ သိသာသည္။ ေဇာင္ယုဟြမ္ ကခ်က္ခ်င္းပင္ သူမအေတြးေတြကို ျဖတ္ပစ္လိုက္သည္။ အခ်ိန္အေတာ္ၾကာ ဟုန္ခ်န္းမင္း ဆီမွတုန႔္ျပန္မႈကို မၾကားရတာေၾကာင့္ ေဇာင္ယုဟြမ္ ေမာ့ၾကည့္လိုက္သည္။
ဟုန္ခ်န္းမင္း ကထိုေနရာတြင္ ထိုင္ေနရင္း သူ႔ပုံစံက ႐ုပ္ထုအျဖစ္ ေျပာင္းလဲသြားပုံေပၚေနသည္။ သူကလည္း ေဇာင္ယုဟြမ္ ကိုေလးနက္စြာနဲ႔ ၾကည့္ေနခဲ့သည္။
သူတို႔ပတ္ပတ္လည္က ေလထုက နည္နးည္းေတာ့ ထူးဆန္းေနသည္။ ေဇာင္ယုဟြမ္ ကသူမလက္ကို ျပန္ယူလိုက္ၿပီး ေျပာလိုက္သည္။
“အာ၊ ငါ့လက္ေပၚမွာ ဆီေတြေပကုန္ၿပီ…. ဒီလက္အိတ္ေတြက အဆီေတြကို ထိန္းထားႏိုင္မယ္လို႔ မထင္ထားဘူး…”
ေနာက္ဆုံးေတာ့ ဟုန္ခ်န္းမင္း ကသူ႔“Play”ခလုတ္ကို ျပန္ႏွိပ္လိုက္ပုံေပၚသည္။ သူ႔လက္ကို ျပန္ယူလိုက္ၿပီး သူ႔လက္အိတ္ကို ညႇိလိုက္ၿပီး ျပန္ေျဖလိုက္သည္။
“အင္း၊ ဒါ့ေၾကာင့္ ဒါေတြကို ဟြမ္ဟြမ္ ထပ္မထိသင့္ဘူး”
ေဇာင္ယုဟြမ္ ကေလထုက နည္းနည္းထူးဆန္းေနတာကို ခံစားမိတာေၾကာင့္ ေခါင္းညိတ္လိုက္ၿပီး တျခားဘာမွ ထပ္မေျပာေတာ့ေပ။ ဟုန္ခ်န္းမင္း ကေတာ့ တိတ္ဆိတ္စြာျဖင့္ သက္ျပင္းခ်လိုက္သည္။
ဒီအရာက အရင္တုန္းကနဲ႔ မတူဘူး၊ ဟုန္ခ်န္းမင္း ကသူ႔ဘာသာ ေတြးလိုက္ၿပီး ေခါင္းကိုငုံ႔လိုက္ကာ သူ႔အာ႐ုံကို ပုစြန္အခြံႏႊာတဲ့ဆီကို ျပန္ထားလိုက္သည္။
ေဇာင္ယုဟြမ္ နဲ႔နီးနီးကပ္ကပ္ ေနရျခင္းက သူ႔ကို ေပ်ာ္႐ႊင္ေစသည္။ သူမကို သူ႔ေက်ာမွာ သယ္ခဲ့တယ္၊ ေပြ႕ဖက္ခဲ့တယ္၊ အရင္တုန္းက သူမအတြက္ ေခါင္းအုံးေတာင္ ျဖစ္ခဲ့ဖူးသည္။
ထိုအရာေတြကို သူလုပ္ခဲ့တဲ့ အခ်ိန္တိုင္း သူ႔အား မယုံႏိုင္ေလာက္ေအာင္ ၿငိမ္းခ်မ္းေစၿပီး သူ႔ႏွလုံးသားကို ႏူးညံ့သြားေစသည္။ ဒါေပမဲ့ အခုေတာ့ သူစိတ္လႈပ္ရွားေနသည္။ သူ႔အသက္ရႉသံေတာင္ ေႏွးေကြးေနသည္။
ေဇာင္ယုဟြမ္ ကသူ႔ကို ထိလိုက္တဲ့ အခ်ိန္တိုင္း စိတ္ထဲကတုန႔္ျပန္ၿပီး ႐ုတ္တရက္ အဆင္မေျပမႈေတြကို ခံစားရသည္။ ဟုန္ခ်န္းမင္း ကပုစြန္ထုပ္အားလုံးကို အခြံႏႊာၿပီးေနာက္တြင္ေတာင္ ဘာေၾကာင့္လဲဆိုတာကို အေျဖရွာလို႔မရေသးေပ။ ပုစြန္ထုပ္ရဲ႕ ဒုတိယပန္းကန္ကို ေရာက္သြားခ်ိန္တြင္ ေဇာင္ယုဟြမ္ ကသူ႔ကို ေျပာလိုက္သည္။
“ကိုကိုခ်န္းမင္း ခြာေပးထားတဲ့ ပုစြန္ထုပ္ေတြ အကုန္လုံးကို စားႏိုင္မွာ မဟုတ္ဘူး” ထိုစကားကို ေျပာလိုက္ၿပီး သူမက သူ႔ပုံစံကို ေခ်ာင္းၾကည့္လိုက္ကာ ထပ္ေျပာလိုက္သည္။
“ကိုကိုခ်န္းမင္း”
ေနာက္ဆုံးေတာ့ ဟုန္ခ်န္းမင္း ကရပ္လိုက္ၿပီး သူ႔လက္အိတ္ေတြကို ဖယ္လိုက္ကာ လက္ေတြကို ေဆးေၾကာလိုက္သည္။ သူမ ပုစြန္ေတြကို စားေနခ်ိန္တြင္ ေဇာင္ယုဟြမ္ ေမးလိုက္သည္။
“ဘာျဖစ္လို႔လဲ၊ ကိုကိုခ်န္းမင္း?”
“ဘာကိုလဲ?” ဟုန္ခ်န္းမင္း ကသူ႔ခုံကို ဆြဲထုတ္လိုက္ၿပီး ထိုင္လိုက္ကာ ေမးလိုက္သည္။ သူ႔ပုံစံက ထပ္ၿပီး ေပ်ာက္ဆုံးသြားပုံေပၚေနသည္။ ေဇာင္ယုဟြမ္ ကသူ႔ကို လက္ညိဳးထိုးလိုက္သည္။
“ကိုကိုခ်န္းမင္း ကနည္းနည္း ထူးဆန္းေနတယ္…. ကိုကိုခ်န္းမင္း ရဲ႕အလုပ္ေတြက အရမ္းခက္ခဲေနတာလား?”
ဟုန္ခ်န္းမင္း ကေခါင္းကို ေအာက္ကိုငုံ႔လိုက္ၿပီး ေဇာင္ယုဟြမ္ ရဲ႕အၾကည့္ကို ေရွာင္လိုက္ကာ ေျပာလိုက္သည္။
“အင္း၊ နည္းနည္းပါ”
“ဒါဆို ကိုကိုခ်န္းမင္း အနားယူသင့္တယ္”
သူမက ေျပာလိုက္ရင္း ပုစြန္ထုတ္ တစ္ဝက္ကို စားလိုက္ၿပီး ဟုန္ခ်န္းမင္း အတြက္ တစ္ခုေက်ာ္ေလာက္သာ က်န္ေတာ့သည္။
“ကိုကိုခ်န္းမင္း စားေလ။ ဟြမ္ဟြမ္ ဗိုက္ျပည့္ၿပီ” ဟုန္ခ်န္းမင္း ကိုထိုအေၾကာင္းကို အမ်ားႀကီး မေတြးေတာ့ပဲ သူ႔တူကို အသုံးျပဳၿပီး က်န္ေနတာကို အဆုံးသတ္လိုက္သည္။
“ကိုကိုခ်န္းမင္း မနက္ျဖန္ ဘယ္အခ်ိန္သြားမွာလဲ?”
“မနက္ေစာေစာ”
“ဒါဆို ဟြမ္ဟြမ့္ ကိုႏႈိး။ ဟြမ္ဟြမ္ ေလဆိပ္ကို လိုက္ပို႔ေပးမယ္” ဟုန္ခ်န္းမင္း ကေခါင္းခါလိုက္ၿပီး ေျပာလိုက္သည္။
“ရတယ္၊ အိပ္ပါ။ ငါ့မွာ ယာဥ္ေမာင္းနဲ႔ ကိုယ္ရံေတာ္ေတြ ရွိတယ္။ ဟြမ္ဟြမ္ အဲ့မွာရွိေနဖို႔ မလိုပါဘူး”
“ဒါက မတူဘူးေလ။ ဟြမ္ဟြမ္ ကကိုကိုခ်န္းမင္း ရဲ႕ညီမေလးေလ။ သူတို႔က မဟုတ္ဘူးေလ”
သူ႔စိတ္ထဲတြင္ အေလးမထားသည့္ ထူးဆန္းသည့္ ခံစားခ်က္ေတြက ပ်ံ႕ႏွံ႔သြားသည္။ သူမကို သူနဲ႔အတူ ေလဆိပ္ကို မသြားေစခ်င္ဘူးလို႔ ေျပာခ်င္ေပမဲ့ သူမက အေလးအနက္ထားေနတာကို ျမင္လိုက္ၿပီး သူ႔ကို လိုက္ပို႔ဖို႔ ေမွ်ာ္လင့္လိုက္သည္။ သူ႔ႏႈတ္ခမ္းကို တင္းတင္းေစ့လိုက္ၿပီး ေျပာလိုက္သည္။
“အိုေက၊ ဒါဆို ေနာက္က်တဲ့အထိ မေနနဲ႔”
“အိုေက၊ ဗီဒီယိုနည္းနည္းေလာက္ ထပ္ၾကည့္ၿပီး လီဂ်င္းယြမ္ ကိုဖုန္းေခၚမယ္၊ အဲ့ဒါၿပီးရင္ ၿပီးၿပီ။ မနက္ျဖန္က်ရင္ ဟြမ္ဟြမ့္ ကိုႏႈိးဦးေနာ္” ေဇာင္ယုဟြမ္ ကသူ႔ကို ထပ္ၿပီး တိုက္တြန္းလိုက္သည္။
လြန္ခဲ့သည့္ ရက္ေတြတုန္းက သူမရဲ႕ ေန႔ေတြက စားလိုက္အိပ္လိုက္ ကစားလိုက္နဲ႔သာ ကုန္ဆုံးခဲ့သည္။ သူမ အခ်ိန္မွီမထ,ႏိုင္မွာကို စိုးရိမ္ေနခဲ့သည္။
ဟုန္ခ်န္းမင္း ေခါင္းညိတ္လိုက္သည္။ ႐ုတ္တရက္ သူ႔စိတ္ထဲတြင္ အေတြးတစ္ခုက ထြက္လာခဲ့သည္။
ဗီဒီယိုတခ်ိဳ႕ကို ၾကည့္မွာ?
ဘယ္သူ႔ဗီဒီယိုေတြလဲ?
ထပ္ၿပီး လီဂ်င္းယြမ္ လား?
ေနာက္ၿပီး သူမက သူ႔ကို ဖုန္းေခၚဦးမယ္?
တစ္စုံတစ္ေယာက္က သူ႔ပါးစပ္ထဲကို သံပုရာသီး လာထည့္သြားသလိုမ်ိဳး ဟုန္ခ်န္းမင္း ခံစားလိုက္ရသည္။
သူ႔ကြန္မန႔္က်ေတာ့ ေဇာင္ယုဟြမ္ ကျပန္မေျဖေသးဘူး!
တစ္ခုခုကို သူေျပာခ်င္ေပမဲ့ သူ မေျပာႏိုင္ေပ…
တူကို လက္မွာ ဆုပ္ကိုင္လိုက္ၿပီး အံ့ႀကိတ္လိုက္သည္။
သူေစာင့္ရလိမ့္မယ္….
ဟြမ္ဟြမ္ ကသူ႔ကို စာျပန္လာတဲ့အထိ….
သူမ စာျပန္လိမ့္မယ္!
*****
လီဂ်င္းယြမ္ ကဖုန္းလက္ခံရခ်ိန္တြင္ သူ႔ရဲ႕တစ္ေန႔တာ ႐ိုက္ကူးေရးက ၿပီး႐ုံသာျဖစ္သည္။ ဒီအခ်ိန္ ရႈိးပြဲကေတာ့ နည္းနည္း ကြာျခားၿပီး ဧည့္သည္ေတြ၊ ဂိမ္းကစားပြဲေတြ၊ အင္တာဗ်ဴးေတြနဲ႔အတူ ရႈိးပြဲလုပ္တာ ျဖစ္သည္။
႐ိုက္ကူးေရးက ၁၄ နာရီၾကာၿပီး ေန႔လည္စာေတာင္ ထမင္းဗူးနဲ႔သာ စားႏိုင္သည္။ သူက သ႐ုပ္ေဆာင္ေတြရဲ႕ ထြက္ေပါက္ကေန လမ္းေလွ်ာက္ထြက္လာၿပီး ၾကည့္လိုက္ခ်ိန္တြင္ ဖန္မ်ားစြာက သူတို႔လက္ထဲတြင္ နာမည္ Stick Light ေတြကို ကိုင္ထားၾကၿပီး မၾကာခင္မွာ ျပန္သြားၾကဖို႔ ရည္႐ြယ္ခ်က္ မရွိၾကေပ။ သူ႔ေဘးက ေဝ့က်ဲ ေတာင္မွ ေျပာလိုက္သည္။
“ဒီေနရာက ဖန္ေတြက ႏိုင္ငံျခားက ဖန္ေတြထက္ပိုၿပီး စိတ္အားထက္သန္ၾကတာပဲ…”
လီဂ်င္းယြမ္ ကတ႐ုတ္ျပည္ကို ျပန္လာခ်ိန္တြင္ ေႏွးေကြးသည့္ အခ်ိန္ကာလကို ႀကဳံေတြရမယ္လို႔ ေဝ့က်ဲ ေတြးထားခဲ့ေပမဲ့ တကယ့္လက္ေတြ႕တြင္ေတာ့ သူက ထပ္ဆုံးကို တည့္တည့္မတ္မတ္ တက္ေနခဲ့ၿပီး သူ႔အတြက္ ဖိတ္ၾကားခ်က္ေတြက ႏွင္းခဲေတြလိုမ်ိဳး ပ်ံ႕သန္းလာေနခဲ့သည္။
လက္ရွိတြင္ လီဂ်င္းယြမ္ ကနာမည္အႀကီးဆုံး ၾကယ္တစ္ပြင့္ ျဖစ္သည္။ ဝန္ထမ္းတစ္ေယာက္က ေျပးထြက္လာခဲ့ၿပီး လီဂ်င္းယြမ္ အားအရင္ဆုံး သူ႔ဖန္ေတြနဲ႔ ႏႈတ္ဆက္ၿပီးမွ ထြက္သြားရန္ ေျပာလာခဲ့သည္။
လုံၿခဳံသည့္ ေနရာကို ေရာက္ခ်ိန္တြင္ လီဂ်င္းယြမ္ ရဲ႕ဖုန္းက ႐ုတ္တရက္ ျမည္လာခဲ့သည္။ သူက ေဇာင္ယုဟြမ္ ရဲ႕ဖုန္းနံပါတ္အား သီးသန႔္ထားသျဖင့္ ဖုန္းသံကို ၾကားလိုက္ခ်ိန္တြင္ သူမဆီကမွန္း သူသိလိုက္သည္။
သူ႔ရဲ႕ပင္ပန္းေနသည့္ မ်က္ႏွာထက္တြင္ ႐ုတ္တရက္ အၿပဳံးတစ္ခုက ထြက္ေပၚလာခဲ့သည္။ သူ႔မ်က္ႏွာေပၚက ေျပာင္းလဲသြားတာကို တျခားသူေတြက သတိမထားမိပဲ သူ႔လက္ေထာက္ေတာင္ ေမးလိုက္သည္။
“သခင္ေလးလီ၊ ဒီဖုန္းကို သခင္ေလးလီအစား ကိုင္ေပးရမလား? ေနာက္မွ ျပန္ေခၚလိုက္မလား?”
တစ္ဖက္တြင္ လီဂ်င္းယြမ္ ကသူမလက္ကို ေရွာင္လိုက္ၿပီး ဖုန္းေျဖရန္ ေ႐ြးခ်ယ္လိုက္သည္။ လက္ေထာက္က အနည္းငယ္ တုန္လႈပ္သြားသည္။
“ဟယ္လို?”
တစ္ဖက္မွ လီဂ်င္းယြမ္ ရဲ႕အသံက အေနာက္ဘက္က ဆူညံသံေတြနဲ႔အတူ ထြက္လာခဲ့သည္။ ေဇာင္ယုဟြမ္ ေမးလိုက္သည္။
“ဂ်င္းယြမ္၊ အခုဘယ္မွာလဲ? အဲ့ေနရာက ဘာေၾကာင့္ ဒီေလာက္ေတာင္ ဆူညံေနရတာလဲ?”
“ငါ႐ိုက္ကူးေရးမွာ” လီဂ်င္းယြမ္ ကသူ႔ေခါင္းကို အနည္းငယ္ ငုံ႔လိုက္ၿပီး သူ႔ရဲ႕ႏူးညံ့သည့္ ပုံစံအား တျခားသူေတြ ျမင္ေတြ႕ျခင္းမွ ေရွာင္ရွားလိုက္သည္။
“အို၊ အလုပ္မ်ားေနတာလား? အိုေက၊ ဒါဆို အခုဖုန္းခ်လိုက္ေတာ့မယ္။ ေနာက္မွ စကားေျပာၾကတာေပါ့။ ဒါေပမဲ့ အခုက ေနာက္က်ေနၿပီ။ ဂ်င္းယြမ္ ျပန္ေရာက္ရင္ အနားယူလိုက္ဦး။ အင္း.. မ်က္လုံးအုပ္နဲ႔ နားၾကပ္ေတြကိုလည္း သုံးသင့္တယ္၊ အဲ့ဒါေတြက ဂ်င္းယြမ္ ကိုေကာင္းေကာင္း အိပ္ေပ်ာ္ေစလိမ့္မယ္”
လီဂ်င္းယြမ္ က ေဇာင္ယုဟြမ္ ေျပာသည့္ အကုန္လုံးကို အာ႐ုံစိုက္ၿပီး နားေထာင္ေနခဲ့ၿပီး တုန႔္ျပန္လိုက္သည္။
“မဟုတ္ဘူး၊ ဖုန္းခ်ဖို႔ မလိုဘူး။ အဆင္ေျပတယ္။ ငါ့႐ိုက္ကူးေရးက ၿပီးသြားၿပီ။ အနားမွာ လူနည္းနည္းမ်ားေန႐ုံပဲ၊ အဲ့ဒါေၾကာင့္ ဆူေနတာ”
“အို၊ အဲ့လိုလား?”
ေဇာင္ယုဟြမ္ ကသူမႏႈတ္ခမ္းကို ေစ့လိုက္ၿပီး ႐ုတ္တရက္ ေျပာစရာ စကားမဲ့သြားသည္။
“အင္း… ဂ်င္းယြမ္ ကိုဖုန္းေခၚတာက ဂ်င္းယြမ္ ဘာလုပ္ေနလဲဆိုတာကို သိခ်င္လို႔။ ဂ်င္းယြမ္ ပင္ပန္းရင္ အေအးမိႏိုင္တယ္…”
တဖက္တြင္ လီဂ်င္းယြမ္ ကသူ႔ေခါင္းကို နည္းနည္းေမာ့လိုက္သည္။ သူ႔ႏႈတ္ခမ္းက အနည္းငယ္ ေစ့ထားၿပီး ႏႈတ္ခမ္းထက္တြင္လည္း အၿပဳံးက ထြက္ေပၚေနသည္။
“ဟင့္အင္း၊ မပင္ပန္းပါဘူး။ အခု ဟြမ္ဟြမ့္ နဲ႔ဖုန္းေျပာရေတာ့ မပင္ပန္းပါဘူး။ စိတ္သက္သာသလို ခံစားရတယ္”
အျပင္ဘက္မွ ဖန္ေတြက သူ႔အၿပဳံးကို ေတြ႕လိုက္ၾကၿပီး ေအာ္လိုက္ၾကသည္။
“အို!!! လီဂ်င္းယြမ္!!!!!”
သူေျပာလိုက္တဲ့ စကားမွာ တစ္ခုခု မွားယြင္းေနတယ္လို႔ ေဇာင္ယုဟြမ္ မခံစားရေပ။ ေနာက္ဆုံးေတာ့ သူက အျပစ္ကင္းသည့္ ကေလးေလး တစ္ေယာက္ မဟုတ္ေတာ့ဘူးလို႔သာ သူမဘာသာ ညည္းတြားလိုက္သည္။
အခုေတာ့ သူက တစ္ဖက္တြင္ ခ်ိဳၿမိန္တဲ့ စကားလုံးေတြကိုေတာင္ ေျပာတတ္ေနၿပီ။ အနာဂတ္မွာ သူ႔ရဲ႕ဆြဲေဆာင္မႈကို ဘယ္မိန္းကေလးကမွ ေတာင့္ခံႏိုင္မွာ မဟုတ္ဘူး!
ထို႔ေနာက္ မၾကာခင္မွာပဲ ဖန္ေတြရဲ႕ ေအာ္သံေတြေၾကာင့္ ေဇာင္ယုဟြမ္ နားမၾကားရေတာ့သလို ခံစားလိုက္ရသည္။
“ဂ်င္းယြမ္ အနားမွာဖန္ေတြ ရွိတာလား?” ေဇာင္ယုဟြမ္ ကသူမနားကို ပြတ္သပ္လိုက္ၿပီး ေမးလိုက္သည္။
“အင္း”
“အဲ့မွာ ဖန္ေတြက ဘယ္ေလာက္ေလာက္ရွိလဲ?” ေဇာင္ယုဟြမ္ ကသိခ်င္စိတ္ျပင္းျပစြာျဖင့္ ေမးလိုက္သည္။ ဘယ္ေလာက္မ်ားတဲ့ ဖန္ေတြမို႔လို႔ ဒီေလာက္ေတာင္ ဗုံးေပါက္သလိုမ်ိဳး ဆူညံေနရတာလဲ?
“ဟြမ္ဟြမ္ ၾကည့္ခ်င္လား?” လီဂ်င္းယြမ္ က႐ုတ္တရက္ႀကီး ထေမးလိုက္သည္။
“ဟမ္?”
“ဟြမ့္ဟြမ့္ ကိုျပမယ္” ထိုစကားကို ေျပာလိုက္ၿပီး လီဂ်င္းယြမ္ ကဖုန္းကို ထုတ္လိုက္သည္။ သူ႔ႏႈတ္ခမ္းေတြက အရင္ကထက္ပင္ ပိုၿပီးေတာင္ ေကြးေနသည္။ သူက အသံက်ယ္က်ယ္နဲ႔ ေမးလိုက္သည္။ “ငါ့ဖုန္းနဲ႔ မင္းတို႔ပံုေတြကို ႐ိုက္ထားလို႔ ရမလား?”
လက္ေထာက္က ပိုၿပီးေတာင္ ေအးခဲသြားေလသည္။ ေဝ့က်ဲ လည္းထိုအတိုင္းပင္။
ေအာ္သံေတြက ခနေလာက္ တိတ္ဆိတ္သြားၿပီး အရင္ကထက္ပင္ ဆူညံသြားေလသည္။
“AAAAHHHHHHHH. YYYESSS! AAAAAHHHHHHHHHHH!”
ဘယ္အိုင္ေဒါကမွ ဒီလိုေမးခြန္းမ်ိဳးကို သူတို႔ဘက္မွ စမေမးၾကေပ။ ထိုအခ်က္ေၾကာင့္ လီဂ်င္းယြမ္ ရဲ႕အျပဳအမူေတြက ပိုၿပီးေတာင္ ၿပိဳင္ဘက္ကင္းၿပီး ဆြဲေဆာင္မႈရွိေနသည္။
ဖန္ေတြကသာ သူတို႔ရဲ႕ အိုင္ေဒါေတြကို ဓာတ္ပံုေတြ ဗီဒီယိုေတြကိုသာ ႐ိုက္ယူၾကသည္။ ဘယ္အိုင္ေဒါက သူတို႔ရဲ႕ပုံေတြကို သူတို႔ဖုန္းနဲ႔ ႐ိုက္ယူမယ္လို႔ ေျပာၾကမွာလဲ…
ထိုအခ်ိန္ခနမွာပဲ ဖန္ေတြအကုန္လုံးက ထိန္းမရသိမ္းမရ ျဖစ္ကုန္ၾကေလသည္။ လီဂ်င္းယြမ္ ကသူတို႔နဲ႔ စကားေျပာေနတာကို ရပ္လိုက္ၿပီး ေက်ာေပးလိုက္ကာ ဓာတ္ပုံအနည္းငယ္ ႐ိုက္ယူလိုက္ၿပီးေနာက္ သူ႔ဖန္ေတြကို လက္ျပႏႈတ္ဆက္လိုက္သည္။
“အကုန္လံုးကို ေက်းဇူးတင္ပါတယ္။ ဒီေန႔က ငါတို႔အတြက္ ေန႔ေကာင္းပဲ။ ေနာက္ထပ္ အခ်ိန္တိုင္း ထပ္ေတြ႕ၾကမလား?”
“YEEEESSSSSSSSSSSSSSSS!”
“လီဂ်င္းယြမ္ အရမ္း ခ်စ္တယ္…..!”
လီဂ်င္းယြမ္ ကသူတို႔ကို ၿပဳံးျပလိုက္ၿပီးေနာက္ ဖုန္းေျပာလိုက္သည္။ “ဟြမ္ဟြမ္၊ WeChat ကဗီဒီယိုေကာနဲ႔ ေျပာင္းေျပာၾကမလား?”
ေဇာင္ယုဟြမ္ ကသူမနားကို ပြတ္သပ္ေနဆဲျဖစ္ၿပီး ေျပာလိုက္သည္။ “အို၊ ေကာင္းတာေပါ့”
လီဂ်င္းယြမ္ ကဖုနးကိုခ်လိုက္ၿပီး ေဇာင္ယုဟြမ္ ရဲ႕WeChat ဆီကိုသြားလိုက္ၿပီး သူ႐ိုက္ယူခဲ့တဲ့ ပုံကိုပို႔လိုက္ၿပီး ေမးလိုက္သည္။ “ငါက အံ့ဩဖို႔ေကာင္းလား?”
“လီဂ်င္းယြမ္ ကအရမ္းကို အံ့ဩဖို႔ေကာင္းတယ္! [သူေဌးက ကိုလာအေအးကို ေသာက္ေနပုံ]”
အခုခ်ိန္တြင္ လီဂ်င္းယြမ္ ရဲ႕အၿပဳံးက ပိုေတာက္ပသြားေလသည္။ သူက ခ်က္ခ်င္းပဲ ဗီဒီယိုေကာနဲ႔ ေဇာင္ယုဟြမ္ ကိုေခၚလိုက္ၿပီး ေဇာင္ယုဟြမ္ ကခ်က္ခ်င္းကိုင္လိုက္သည္။
ကင္မရာက နည္းနည္းလႈပ္သြားၿပီးေနာက္ ေဇာင္ယုဟြမ္ ရဲ႕မ်က္ႏွာေပါင္းတင္သည့္ mask နဲ႔မ်က္ႏွာက ေပၚလာသည္။
“ငါလွလား?” ေဇာင္ယုဟြမ္ ကသူမမ်က္ႏွာကို ထိုးျပကာ ေမးလိုက္သည္။
လီဂ်င္းယြမ္ ကအေလးအနက္ပင္ ေခါင္းညိတ္လိုက္သည္။ “အင္း၊ အရမ္းလွတယ္”
ေဇာင္ယုဟြမ္ : “…. လီဂ်င္းယြမ္၊ ဂ်င္းယြမ္ ရဲ႕အလွအပ အျမင္က ထူးဆန္းေနတာလား?”
“မထူးဆန္းပါဘူး၊ ငါ့ရဲ႕ အလွအပ အျမင္ႏႈန္းထားက အရမ္းကို ျမင့္တာ”
ေဇာင္ယုဟြမ္ က mask ရဲ႕ေထာင့္ေတြကို ကိုင္ထားလိုက္ၿပီး ရယ္ေနတာကို ရပ္လိုက္သည္။ သူမႏႈတ္ခမ္းေတြကို နည္းနည္း လႈပ္ရွားလိုက္ၿပီး ေျပာလိုက္သည္။ “ဂ်င္းယြမ္ ရဲ႕ႏႈတ္က အရမ္းကို ခ်ိဳၿမိန္ေနတာပဲ။ေနာက္တစ္ခါက်ရင္ ဂ်င္းယြမ္ ကိုခ်ိဳၿမိန္တာေတြေပးမယ္”
လီဂ်င္းယြမ္ ၿပဳံးလိုက္ၿပီး ေခါင္းညိတ္လိုက္သည္။ “အိုေက”
“ဂ်င္းယြမ္ အေလးခ်ိန္ မက်သြားတာ ျမင္ရေတာ့ အဆင္ေျပသြားၿပီ။ အိုေက၊ ငါလဲ အိပ္ဖို႔လိုေနၿပီ။ မနက္ျဖန္ မနက္က်ရင္ ကိုကိုခ်န္းမင္း ကိုေလဆိပ္ လိုက္ပို႔ေပးမလို႔”
လီဂ်င္းယြမ္ ရဲ႕မ်က္ႏွာက အၿပဳံးက တစ္စကၠန္႔ေလာက္ ပ်က္သြားေပမဲ့ ေနာက္တစ္စကၠန႔္မွာပင္ သူ႔အၿပဳံးက ျပန္ေရာက္ေနခဲ့သည္။
ေဇာင္ယုဟြမ္ : “Bye-bye.”
“…Bye-bye.” လီဂ်င္းယြမ္ ေျပာလိုက္ၿပီးေနာက္ ထပ္ေပါင္းေျပာလိုက္သည္။ “Sweet dreams.”
ဖုန္းမ်က္ႏွာျပင္က လ်င္ျမန္စြာ ပိတ္သြားခဲ့သည္။ လီဂ်င္းယြမ္ ကသူ႔ဖုန္းကို အေဝးမွာထားလိုက္ၿပီး သူ႔လက္ေထာက္က တစ္ခုခု ေျပာခ်င္ေနပုံျဖင့္ ၾကည့္ေနတာကို ျမင္လိုက္ရသည္။
လီဂ်င္းယြမ္ : “ဘာျဖစ္လို႔လဲ? ေျပာစရာရွိလို႔လား?”
လက္ေထာက္က သူမႏႈတ္ခမ္းကို လႈပ္ရွားလိုက္ၿပီဴ ေျပာလိုက္သည္။ “အို၊ ဘာမွေတာ့ မဟုတ္ပါဘူး… ဒီအတိုင္း ဖုန္းမေျဖခင္မွာ ဖန္ေတြကို အရင္ဆုံး ဂ႐ုစိုက္သင့္တယ္။ ရွင့္ဖန္ေတြကို ဂ႐ုမစိုက္ဘူးလို႔ တျခားသူေတြက မေျပာေစခ်င္ဘူး”
လက္ေထာက္က စကားေျပာေနရင္း စူးစမ္းေနခဲ့သည္။ လီဂ်င္းယြမ္ ရဲ႕အဖြဲ႕ထဲကို သူမက မၾကာခင္ကမွ ဝင္ခဲ့တာျဖစ္သည္။ သူမက ေဖ်ာ္ေျဖေရး ေလာကအေၾကာင္းနဲ႔ ပတ္သက္ၿပီး အေတာ္ေလး အသိပညာ ႂကြယ္ဝၿပီး ဆြဲေဆာင္မႈလည္း ရွိသည္။ ေဝ့က်ဲ ကသူမကို လီဂ်င္းယြမ္ ရဲ႕လက္ေထာက္အေနနဲ႔ ခန႔္ခဲ့တာ ျဖစ္သည္။
လီဂ်င္းယြမ္ ကဖုန္းထဲမွာ ဘယ္သူနဲ႔ ေျပာေနလဲဆိုတာကို သူမ မသိတာေၾကာင့္ ပိုၿပီးစိုးရိမ္ေစခဲ့သည္။ ကံေကာင္းစြာျဖင့္ လီဂ်င္းယြမ္ ကသဘာဝအတုိင္း ေမြးဖြားလာခဲ့သည့္ အိုင္ေဒါတစ္ေယာက္ ျဖစ္ေနခဲ့သည္။
သူ႔မွာ လိုင္းတစ္ခုရွိၿပီး ထိုေအာက္တြင္ သူ႔ဘာသာ ဆက္ထိန္းထားႏိုင္သည္။ လီဂ်င္းယြမ္ ကသု႔အၿပဳံးကို ဖယ္ထုတ္လိုက္ၿပီး သူ႔ရဲ႕ စိတ္ကုန္စရာေကာင္းသည့္ ပုံစံက ျပန္ေရာက္လာၿပီး ေျပာလိုက္သည္။
“ဒီႏွစ္ခုကို မင္းယွဥ္စရာမလိုဘူး။ ငါ့ဖန္ေတြကို သိခဲ့တာက လပိုင္းပဲရွိေသးတယ္” ထို႔ေနာက္ သူ႔ဖုန္းကို ထိုးျပလိုက္ၿပီး ေျပာလိုက္သည္။
“သူမနဲ႔ ငါက သိခဲ့တာ ႏွစ္နဲ႔ခ်ီေနၿပီ။ ဒီအေၾကာင္းအရာမွာ ဘယ္သူက ပိုအေရးႀကီးလဲဆိုတာ သိသာမေနဘူးလား?”
#တစ္လနားမယ္လို႔ ေျပာထားေပမဲ့ readerေလးေတြ ေမ့သြားမွာဆိုးလို႔😁 ဖုန္းနဲ႔ပဲ စာ႐ိုက္ေနရေတာ့ ၾကာပါတယ္လို႔၊ ေနာက္ၿပီး အားတဲ့အခ်ိန္ေလး ဘာသာျပန္ရတာဆိုေတာ့ ပိုၾကာပါတယ္ေနာ္၊ ေနာက္တစ္ပိုင္း ၿပီးတာနဲ႔ တင္ေပးမယ္သိလား 😘ဘာသာျပန္တာေတြက ျပန္မစစ္ထားဘူးေနာ္ အမွားေနရင္ ေျပာေပးဦးေနာ္
24.8.2020 (Mon)
……………………..
[text_hash] => d0e2d473
)