Array
(
[text] =>
<Zawgyi>
ဝမ္းကြဲအစ္ကို
သူမ ခရစ္ဒစ္ကဒ္ကို အိတ္ထဲထည့္ၿပီး ကုန္တိုက္တြင္ နာရီအနည္းငယ္ေလာက္ အခ်ိန္ျဖဳန္းၿပီးေနာက္တြင္ ကစားစရာ အ႐ုပ္ေတြ အားလုံးနဲ႕ သူမ လိုခ်င္တဲ့ လက္ေဆာင္ေတြကို ဝယ္ၿပီးသြားခဲ့သည္။ အားလုံးကို ေပးေခ်ၿပီးေနာက္တြင္ သူမက ကားထဲကို ဝင္လိုက္သည္။
“ယြဲ႕လန္ အိမ္ေတာ္ကို ေမာင္း” ဒရိုက္ဘာက အံ့အားသင့္စြာ လွည့္ၾကည့္လိုက္ၿပီး ကားကို ေမာင္းလိုက္သည္။
ယြဲ႕လန္ အိမ္ေတာ္က အိမ္ေတာ္ေတြ စုေပါင္းထားတဲ့ အုပ္စုနာမည္ ျဖစ္သည္။ ထိုအိမ္ေတာ္က Goldwater ၿမိဳ႕ေတာ္မွာ တည္ေဆာက္ခဲ့သည့္ ပထမဆုံး အိမ္ေတာ္ျဖစ္ၿပီး ဒီေန႕အထိ Goldwater ၿမိဳ႕ေတာ္တြင္ အခ်မ္းသာဆုံးလို႔လည္း လူသိမ်ားေနသည္။ ဒီေန႕အထိေတာင္ မမွန္းနိုင္ေလာက္ေအာင္ ခ်မ္းသာသည္။
ဒင္႐ူ႐ြယ္ ကမူလပိုင္ရွင္ရဲ႕ ေမြးအေမျဖစ္ၿပီး သူမမိဘေတြနဲ႕ ဒီေနရာတြင္ ႀကီးျပင္းလာခဲ့သည္။ ဒါေပမဲ့ ဒီအႀကိမ္က ဒီေနရာကို ေဇာင္ယုဟြမ္ ပထမဆုံး အလည္လာျခင္း ျဖစ္သည္။ သူမ အိမ္ေတာ္အတြင္းကို ေရာက္သည္ႏွင့္ သူမဝမ္းကြဲကို ဖုန္းေခၚလိုက္သည္။
“မင္းဘယ္မွာလဲ?” တဖက္မွ ေလးနက္သည့္ အသံက ေမးလိုက္သည္။ ေဇာင္ယုဟြမ္ ကအျပင္ဘက္ကို ၾကည့္လိုက္ၿပီး သူ႕ကို ေျပာလိုက္သည္။
“အေရွ႕မွာ ေရပန္းရွိၿပီး ပတ္ပတ္လည္မွာ အဝါေရာင္ ႏွင္းဆီေတြ အမ်ားႀကီး ရွိတယ္…”
“ေကာင္းၿပီ၊ မင္းအခု ဘယ္မွာလဲဆိုတာ ငါသိၿပီ။ အဲ့ေနရာမွာပဲ ေနၿပီး ငါ့ကို ေစာင့္ေန။ ဘယ္ေနရာမွ မသြားနဲ႕”
ထိုအမ်ိဳးသားရဲ႕ အသံက ဒီအသက္အ႐ြယ္ မိန္းကေလးနဲ႕ စကားေျပာရတာကို အဆင္မေျပသလို ပုံစံေပၚေနသည္။
“အိုေက” ေဇာင္ယုဟြမ္ ျပန္ေျဖလိုက္သည္။ သူမ ဖုန္းကို ခ်လိဳက္ၿပီး ကားအျပင္ကို ထြက္လိုက္ၿပီး သူမဝမ္းကြဲကို ေစာင့္ေနရင္းနဲ႕ ဒရိုက္ဘာကို အိမ္ျပန္ခိုင္းလိုက္သည္။
ဒီဝမ္းကြဲက ေဇာင္ယုဟြမ္ အေမရဲ႕ အစ္မရဲ႕ သားျဖစ္သည္။ သူ႕နာမည္က လန္ဂ်င္းဇီ ျဖစ္သည္။
လန္ဂ်င္းဇီ သူ႕ကားကို လွည့္လိုက္ခ်ိန္တြင္ ေသးငယ္ၿပီး က်က္သေရရွိသည့္ မိန္းကေလးက ထိုေနရာတြင္ ရပ္ေနတာကို ေတြ႕လိုက္ရသည္။ သူမေဘးတြင္လည္း ႀကီးမားသည့္ ေဈးဝယ္အိတ္ေတြကို ေျမျပင္တြင္ ခ်ထားသည္။
ဒီဝမ္းကြဲကို လန္ဂ်င္းဇီ ေနာက္ဆုံးအႀကိမ္ ေတြ႕ခဲ့ရတာေတာ့ သူမအေမရဲ႕ ဈာပနာပြဲမွာပင္ ျဖစ္သည္။ အဲ့အခ်ိန္တုန္းက သူမက အနက္ေရာင္ ဝတ္စုံကို ဝတ္ဆင္ထားၿပီး အေရွ႕တြင္ တိတ္ဆိတ္စြာ ရပ္ေနခဲ့သည္။
သူက အေနာက္ဘက္တြင္ ရပ္ေနခဲ့သည္။ သူေမာ့ၾကည့္လိုက္တဲ့ အခ်ိန္တိုင္း သူမရဲ႕ ျဖဴေဖြးၿပီး ေသးသြယ္သည့္ လက္ေမာင္းနဲ႕ ေျခေထာက္ေတြကိုသာ ျမင္ရသည္။ သူမက အရမ္းကို သနားစရာေကာင္းပုံ ေပၚေနခဲ့သည္။
ေသခ်ာတာေပါ့၊ သူတို႔က မရင္းႏွီးခဲ့ဘူး၊ ဒါေပမဲ့ သူက သူမရဲ႕ ဝမ္းကြဲျဖစ္တာေၾကာင့္ သူမဆီကို သြားၿပီး စကားေျပာသင့္တယ္လို႔ သူေတြးခဲ့သည္။ ဒါေၾကာင့္ သူသြားၿပီး စကားေျပာလိုက္သည္။
သူမက ေမာ့ၾကည့္လိုက္ၿပီး သူမမ်က္ႏွာတြင္လည္း ေခါင္းမာမႈေတြ ျပည့္ႏွက္ေနၿပီး ေျပာလိုက္သည္။
“အစ္ကို ငါ့ကို စိတ္ပူေနစရာ မလိုဘူး!” ထို႔ေနာက္ အခ်ိန္တိုင္းတြင္ ေဇာင္ယုဟြမ္ ရဲ႕ေကာလဟာလေတြကို ၾကားခဲ့ရသည္။
တစ္ေန႕မွာ မိန္းကေလးေဇာင္ ကသူမအေဖနဲ႕ ရန္ျဖစ္ခဲ့ၿပီး ေဇာင္အိမ္က လူတိုင္းကို အဆင္မေျပ ျဖစ္သြားေစသည္။ ေနာက္ေန႕တြင္ မိန္းကေလးေဇာင္က ေဇာင္႐ုံးခန္းေရွ႕ကို သြားခဲ့ၿပီး ျမင္ကြင္းတစ္ခု ျဖစ္ေစခဲ့ကာ သူတို႔အတြက္ စီးပြားေရးတစ္ခု ညွိႏွိုင္းမႈ လြတ္သြားလုနီးပါး ျဖစ္ေစခဲ့သည္။ ေနာက္တစ္ေန႕တြင္ေတာ့ သူမက ထြက္ေျပးခဲ့ၿပီး မိသားစုက သူမကို ေပ်ာက္သြားၾကၿပီလို႔ေတာင္ ထင္ခဲ့ၾကသည္….
လန္ဂ်င္းဇီ ကသူမရဲ႕ မတရားမႈနဲ႕ စိတ္ပ်က္မႈကို နားလည္ေပမဲ့ သူမရဲ႕ အျပဳအမူေတြကိုေတာ့ သေဘာမတူနိုင္ေပ။ သူမက သူမကို ေကာင္းေကာင္း ဆက္ဆံသည့္ ဒင္မိသားစုမွ လူတိုင္းကို မ်က္ကြယ္ျပဳထားခဲ့သည္။
အဆုံးတြင္ အခ်ိန္တိုင္း ေဇာင္ခ်ီ နဲ႕ရန္ျဖစ္ၿပီး အေပၚစီးတြင္သာ ေနရန္ဆုံးျဖတ္ထားခဲ့သည္။ အဆုံးတြင္ သူမနည္းလမ္းေတြက မိုက္မဲၿပီး ပ်က္စီးေစခဲ့သည္။ ထိုအခ်က္ေၾကာင့္ လန္ဂ်င္းဇီ ရဲ႕ခ်စ္ခင္တြယ္တာမႈက ေလ်ာ့နည္းသြားခဲ့သည္။
အခ်ိန္ၾကာလာသည္ႏွင့္ သူမကို ႀကိဳးစားၿပီး ဂ႐ုစိုက္ရန္ဆိုတဲ့ သူ႕စိတ္ခံစားခ်က္ေတြ အားလုံး ေပ်ာက္ဆုံးသြားခဲ့သည္။ လန္ဂ်င္းဇီ ကားကို ပါကင္ထိုးလိုက္ၿပီး ကားထဲက ထြက္လိုက္သည္။
သူမနဲ႕ နီးကပ္လာခ်ိန္တြင္ ဒီေန႕တြင္ သူမက အျဖဴေရာင္ ဝတ္စုံကို ဝတ္ဆင္ထားၿပီး မ်က္ခုံးေတြကလည္း သက္ေတာင့္သက္သာ ျဖစ္ေနၿပီး ႏႈတ္ခမ္းေထာင့္တြင္လည္း အၿပဳံးအေသးေလး တစ္ပြင့္ကိုလည္း သတိထားမိသြားသည္။
သူမက အေတာ္ေလးကို ….. သူ႕မွတ္ဉာဏ္ထဲက တစ္ေယာက္နဲ႕ လုံးဝကို ကြာျခားတဲ့ လူတစ္ေယာက္နဲ႕ တူေနတယ္။
တဖက္တြင္ ေဇာင္ယုဟြမ္ ကသူ႕ကို “အစ္ကို”လို႔ပင္ ေခၚလိုက္သည္။ သူမအသံေတာင္ ခ်ိဳၿမိန္ေနသည္။ သူ႕ကို ျမင္လိုက္တာေၾကာင့္ အေတာ္ေလး ေပ်ာ္႐ႊင္ေနပုံ ေပၚေနသည္။ လန္ဂ်င္းဇီ ကအခ်ိန္အနည္းငယ္ေလာက္ ရပ္သြားေပမဲ့ ဘာမွမေျပာေပ။
သူေကြးလိုက္ၿပီး ေဈးဝယ္အိတ္ေတြကို ေကာက္ယူလိုက္ၿပီး သူ႕ကားေနာက္ဖုံးထဲကို ထည့္လိုက္သည္။
“ကားထဲဝင္” သူေျပာလိုက္သည္။
ေဇာင္ယုဟြမ္ ကေခါင္းညိတ္လိုက္ၿပီး ကားတံခါးကို ဖြင့္လိုက္ကာ ဝင္ထိုင္လိုက္ၿပီး သူမဘာသာပဲ ထိုင္ခုံခါးပတ္ကို ပတ္လိုက္သည္။ ထို႔ေနာက္ ေဇာင္ယုဟြမ္ ကသူမကိစၥ ၿပီးသြားခ်ိန္တြင္ လွည့္လာၿပီး ဒီဝမ္းကြဲကို အေပၚေအာက္ ျဖည္းညွင္းစြာျဖင့္ ၾကည့္လိုက္သည္။
လန္ဂ်င္းဇီ ကအသက္ ၂၄၊ ၂၅ ေလာက္ရွိၿပီး အေတာ္ေလး ၾကည့္ေကာင္းသည္။ သူက ရိုးရိုး စီးပြားေရး ဝတ္စုံနဲ႕ ေ႐ႊေရာင္ကိုင္းနဲ႕ မ်က္မွန္ကို ဝတ္ထားသည္။ မ်က္မွန္ေအာက္တြင္ သူ႕ရဲ႕ ခန႔္ညားသည့္ မ်က္ခုံးေတြက ထက္ရွေနၿပီး မတူညီတာကို ခံစားရေစသည္။
မူလပိုင္ရွင္က သူ႕ဆီကေန ၿခိမ္းေျခာက္ခံရတာက အံ့ဩစရာ မလိုေတာ့ေပ။ ဝမ္းကြဲေဘးက ေလထုထဲတြင္ “ငါနဲ႕အတူရွိဖို႔ ခက္ခဲတယ္!” လို႔ၿခိမ္းေျခာက္သည့္ အရွိန္အဝါေတြ ပါဝင္ေနသည္။
ေဇာင္ယုဟြမ္ ကသူ႕ကို အေပၚေအာက္ တကိုယ္လုံးကို ၾကည့္ေနတာကို လန္ဂ်င္းဇီ သတိထားမိသြားသည္။ သူမထိန္းခ်ဳပ္နိုင္စြာျဖင့္ သူမကို ၾကည့္လိုက္ၿပီး သူ႕ကို ၾကည့္ေနတာကို ေတြ႕လိုက္ရသည္။ သူမမ်က္လုံးေတြက အနည္းငယ္ ေတာက္ပေနၿပီး ညဘက္ေကာင္းကင္က ၾကယ္ႏွစ္လုံးနဲ႕ တူေနသည္။
သူမက…. နည္းနည္းေလး… ခ်စ္ဖို႔ေကာင္း… သလိုပဲ။
အရင္တုန္းက သူမဆီက ဒီလိုမ်ိဳး အၾကည့္ကို လန္ဂ်င္းဇီ ဘယ္တုန္းကမွ မျမင္ဖူးခဲ့ေပ။ ျဖစ္နိုင္တာက သူမက ခက္ခဲတဲ့အေျခအေနကို ျဖတ္ေက်ာ္ၿပီးသြားလို႔ ေနာက္ဆုံးမွာ နည္းနည္းေလး ႏူးညံ့လာတာလား?
ထိုအခ်က္ေတြေၾကာင့္ သူမကို ၾကည့္ေနသည့္ လန္ဂ်င္းဇီ ရဲ႕အၾကည့္ေတြက ႏူးညံ့သြားခဲ့သည္။ အဆုံးတြင္ သူမက သူ႕ဝမ္းကြဲျဖစ္ေနၿပီး သူတို႔က ေသြးသားေတာ္စပ္ၾကသည္။ ကားထဲက ကေမာက္ကမ ေလထုကို ေရွာင္ရွားရန္ လန္ဂ်င္းဇီ ကစကား စ,ေျပာလိုက္သည္။
“အဖိုးက အိမ္ေတာ္မွာ ေစာင့္ေနၿပီ”
“အင္း” ေဇာင္ယုဟြမ္ ကေခါင္းကို ညိတ္လိုက္ၿပီး ႏူးညံ့စြာ ေျပာလိုက္သည္။ “ငါလည္း ဖိုးဖိုးကို သတိရေနခဲ့တာ”
ထိုစကားကို ၾကားလိုက္ၿပီးေနာက္ လန္ဂ်င္းဇီ ရဲ႕အၾကည့္က အရင္ကထက္ပင္ ႏူးညံ့သြားၿပီး ေျပာလိုက္သည္။
“အဖိုးလည္း မင္းကို သတိရေနခဲ့တာ”
“ငါအရင္တုန္းက ယြဲ႕လန္ အိမ္ေတာ္မွာ ေနခဲ့ဖူးလား?” ေဇာင္ယုဟြမ္ ေမးလိုက္သည္။
“အင္း၊ မင္းငယ္ငယ္တုန္းက အန္တီက မင္းကို ေခၚလာၿပီး ဒီမွာ ရက္အနည္းငယ္ေလာက္ ေနခဲ့ဖူးတယ္” လန္ဂ်င္းဇီ ကရပ္လိုက္ၿပီး ဆက္ေျပာလိုက္သည္။
“အခုေတာ့ အဖိုးေတာင္ ဒီမွာထပ္မေတာ့ဘူး။ အန္တီ ဆုံးသြားကတည္းက ဒီေနရာက သူမကို သတိရေစလို႔ အဖိုးက တျခားေနရာကို ေျပာင္းသြားခဲ့တာ”
ေဇာင္ယုဟြမ္ တိတ္ဆိတ္သြားခဲ့သည္။ ထို႔ေနာက္ လန္ဂ်င္းဇီ ကကားပါကင္ထိုးၿပီး ကားထဲကေန ႏွစ္ေယာက္လုံး ထြက္လိုက္ခ်ိန္အထိ စကားထပ္မေျပာေတာ့ေပ။ လန္ဂ်င္းဇီ ကသူမပစၥည္းေတြကို ကားအေနာက္ဖုံးကေန ထုတ္လိုက္ၿပီး ေျပာလိုက္သည္။
“ငါသယ္ေပးမယ္”
ေဇာင္ယုဟြမ္ ကသူ႕ကို ေမာ့ၾကည့္လိုက္ၿပီး “အင္း”ဆိုၿပီး ျပန္တုန႔္ျပန္လိုက္သည္။
လန္ဂ်င္းဇီ ရပ္တန႔္သြားသည္။ သူမမ်က္လုံးက မ်က္ရည္စေတြ ရွိေနသည္။ ဒါက ကားထဲမွာ သူမငိုခဲ့တာက သိသာေနတယ္။ ဒါက သူေျပာလိုက္တာေၾကာင့္လား?
သူမရဲ႕ ဒီလိုပုံစံကို ၾကည့္လိုက္ၿပီး လန္ဂ်င္းဇီ မထိန္းခ်ဳပ္နိုင္စြာ သူ႕လက္ကို ျမႇောက္လိုက္ၿပီး ကို႔ယို႔ကားယားျဖင့္ သူမဆံပင္ကို ထိလိုက္ၿပီး ေျပာလိုက္သည္။
“မငိုပါနဲ႕၊ အဖိုးက ဒါကို ျမင္လိုက္ရင္ ပိုၿပီး ဝမ္းနည္းသြားလိမ့္မယ္”
ေဇာင္ယုဟြမ္ ကေခါင္းညိတ္လိုက္ၿပီး သူမမ်က္လုံးေတြကို လက္နဲ႕ပြတ္လိုက္သည္။ သူမမ်က္လုံးေတြက လက္နဲ႕ပြတ္လိုက္တာေၾကာင့္ အရင္ကထက္ပင္ နီရဲသြားေလသည္။ သူမက အရမ္းသနားဖို႔ ေကာင္းပုံေပၚေနသည္။
လန္ဂ်င္းဇီ ဘာလုပ္ၿပီး ဘာေျပာရမွန္း မသိေတာ့ေပ။
သူမ ေနထိုင္တဲ့ ပတ္ဝန္းက်င္တြင္ သန္မာၿပီး ေခါင္းမာတဲ့ ပုံစံလုပ္သည့္ နည္းလမ္းက သူမဘာသာ ကာကြယ္သည့္ နည္းလမ္းဆိုၿပီး သူ စတင္ေတြးမိလာသည္။ ထို႔ေနာက္တြင္ သူမရဲ႕ တကယ့္အစစ္အမွန္ကို သူေတြ႕သြားခဲ့သည္။
သူတို႔ ေရာက္လာတာကို အိမ္ေဖာ္တစ္ေယာက္က ၾကားလိုက္ၿပီး ထြက္လာကာ “သခင္ေလးလန္” ထို႔ေနာက္ အိမ္ေဖာ္က ေဇာင္ယုဟြမ္ ကိုမေသခ်ာစြာျဖင့္ ၾကည့္လိုက္ၿပီး ေနာက္ဆုံးတြင္ သံသရျဖစ္စြာ အသံျဖင့္ ေျပာလိုက္သည္။
“မိန္းကေလးေဇာင္”
“အထဲဝင္ရေအာင္” လန္ဂ်င္းဇီ ကထိုအေၾကာင္းကို အခ်ိန္အနည္းငယ္ ေတြးေတာလိုက္ၿပီး အိတ္ေတြကို သူ႕ညာလက္ကေန တျခားလက္ကို ေျပာင္းလိုက္ၿပီး သူမလက္ကို ကိုင္လိုက္သည္။
ေဇာင္ယုဟြမ္ ကသူ႕လက္ကို ျဖဳတ္မခ်ပဲ သူ႕အေနာက္ကေနသာ လိုက္ဝင္လာခဲ့သည္။ အိမ္ေတာ္အတြင္းက လူက သူမကို ျမင္လိုက္ခ်ိန္တြင္ အံ့အားသင့္သြားသည္။
“ဟြမ္ဟြမ္” ေလးနက္သည့္ အသံက ထြက္လာခဲ့သည္။ ေဇာင္ယုဟြမ္ ၾကည့္လိုက္သည္။
ရိုးရာဝတ္စုံ ဝတ္ဆင္ထားကာ ပိန္ပါးၿပီး အသက္ႀကီးသည့္ လူႀကီးက သူမကို ၾကည့္ေနၿပီး သူ႕လက္ေတြကို ဖြင့္ေပးလိုက္တာကို သူမ ျမင္လိုက္ရသည္။ ေဇာင္ယုဟြမ္ သူ႕ကို မွတ္မိသြားသည္။
“ဖိုးဖိုး” သူမက ႏူးညံ့စြာ ေျပာလိုက္သည္။ အဖိုးဒင္က သူမဆီကို ေလွ်ာက္လာၿပီး သူ႕လက္ေမာင္းထဲ ထည့္ကာ ေပြ႕ဖက္လိုက္သည္။
“ဟြမ္ဟြမ္ ကအရပ္ပိုပိုၿပီး ရွည္လာတယ္..” ေနာက္ဆုံးေတာ့ လန္ဂ်င္းဇီ က ေဇာင္ယုဟြမ္ ရဲ႕လက္ကို လႊတ္လိုက္ၿပီး ေဘးမွာရပ္ေနၿပီး ေျပာလိုက္သည္။
“ညစာစားရေအာင္” သူက ေျပာလိုက္သည္။
“အင္း၊ အရင္ဆုံး စားရေအာင္” အဖိုးဒင္က ေနာက္ဆုံးေတာ့ သူ႕ေပြ႕ဖက္မႈကေန သူမကို လႊတ္ေပးလိုက္သည္။ အဖိုးဒင္က ႏူးညံ့ၿပီး ခ်စ္ခင္ဖြယ္ လူႀကီး တစ္ေယာက္ ပုံစံမရွိေပ။ သူ႕ပုံစံက ထင္ရွားေနၿပီး ထိုင္ေနတာေတာင္ ျပင္းထန္သည့္ အရွိန္အဝါေတြကို ထုတ္လႊတ္ေနသည္။
ဒါေပမဲ့ သူက ေဇာင္ယုဟြမ္ ကိုေတြ႕လိုက္ခ်ိန္တြင္ သူ႕မ်က္လုံးေတြက ႏူးညံ့ၿပီး ဂ႐ုစိုက္သည့္ ပုံစံအျဖစ္ကို ေျပာင္းလဲသြားသည္။ အိမ္ေတာ္ရဲ႕ ဒီပြဲေတာ္တြင္ အဖိုးဒင္၊ လန္ဂ်င္းဇီ နဲ႕ ေဇာင္ယုဟြမ္ တို႔သုံးေယာက္သာ ရွိၾကသည္။
သူတို႔က ညစာစားပြဲတြင္ ဝိုင္းထိုင္ေနၾကၿပီး အိမ္ေဖာ္ေတြက လ်င္ျမန္စြာျဖင့္ အစားအစာ ပန္းကန္ေတြကို ယူေဆာင္လာၾကသည္။
“ခနေလး” ေဇာင္ယုဟြမ္ ကေျပာလိုက္ၿပီး ငုံ႕လိုက္ကာ သူမေျခေထာက္နားက အိတ္ႀကီးကို ေကာက္ယူလိုက္ၿပီး ေသတၱာေလး တစ္လုံးကို ထုတ္လိုက္သည္။
“ဖိုးဖိုးအတြက္ သမီး လက္ေဆာင္ဝယ္လာခဲ့တယ္”
“လက္ေဆာင္?” အဖိုးဒင္နဲ႕ လန္ဂ်င္းဇီ တို႔ႏွစ္ေယာက္လုံး အံ့အားသင့္သြားၾကသည္။
“ဟြမ္ဟြမ္ ကဖိုးဖိုးအတြက္ လက္ေဆာင္ ယူလာတာလား?” အဖိုးဒင္က မယုံၾကည္စြာျဖင့္ ေမးလိုက္သည္။
ဒင္႐ူ႐ြယ္ က ေဇာင္ယုဟြမ္ ကိုေမြးဖြားလာခ်ိန္တြင္ အဖိုးဒင္က သူ႕စီးပြားေရး အလုပ္မ်ားတြင္သာ အာ႐ုံစိုက္ထားခဲ့သည္။ သူ႕ေျမးမေလးဆီကို အမ်ားႀကီး သြားမလည္႐ုံသာမကပဲ သူ႕သမီးအတြက္ေတာင္ အခ်ိန္ေပးတာ ရွားပါးသည္။
ဒါေၾကာင့္ သူ႕ေျမးမေလးက သူ႕အေပၚ ေအးစက္ၿပီး ေဝးေဝးေနတာကို မအံ့ဩေပ။ သူမက သူတို႔ဆီကို လွည့္လာၿပီး သူတို႔နဲ႕ ေကာင္းမြန္တဲ့ ဆက္ဆံေရး ရွိလာဖို႔ကို ေမွ်ာ္လင့္ခဲ့သည္။ ပုံမွန္အားျဖင့္ အရင္တုန္းက သူဘယ္တုန္းကမွ လက္ေဆာင္ကို မျမင္ခဲ့ရေပ။
“အင္း” ေဇာင္ယုဟြမ္ ကေခါင္းညိတ္လိုက္ၿပီး သူမလက္ေဆာင္ကို အဖိုးဒင္ေရွ႕ကို တြန္းပို႔လိုက္သည္။
အဖိုးဒင္က ဖြင့္လိုက္ၿပီး အထဲတြင္ လက္ဖက္႐ြက္ သုံးဗူးကို ေတြ႕လိုက္ရသည္။ သူက ဗူးေပၚက တံဆိပ္ကိုေတာင္ မၾကည့္ပဲ အိမ္ေဖာ္ေတြဆီကို လွမ္းေပးလိုက္ၿပီး ေျပာလိုက္သည္။
“လက္ဖက္ရည္ လုပ္လိုက္၊ ငါေသာက္ၾကည့္ခ်င္တယ္”
အိမ္ေဖာ္က သူ႕ဆီမွ လက္ဖက္႐ြက္ကို ယူလိုက္ၿပီး ခ်က္ခ်င္းပင္ ထြက္သြားလိုက္သည္။ လန္ဂ်င္းဇီ ကဒီအေျခအေနကို ျမင္လိုက္ခ်ိန္တြင္ ေနာက္ဆုံးေတာ့ သူမက အ႐ြယ္ေရာက္လာၿပီလို႔ ေတြးလိုက္သည္။
ေဇာင္ယုဟြမ္ ကထပ္ၿပီး ငုံ႕လိုက္ကာ ေနာက္ထပ္ေသတၱာဗူးေလး တစ္ခုကို ဆြဲထုတ္လိုက္သည္။
“ဒါက အစ္ကို႔အတြက္” အခုေတာ့ လန္ဂ်င္းဇီ တကယ္ပဲ အံ့အားသင့္သြားသည္။ သူလည္း လက္ေဆာင္ရလာလိမ့္မယ္လို႔ ႏွစ္သန္းေပါင္းမ်ားစြာတြင္ ပုံမေဖာ္ခဲ့ဖူးေပ။ အဖိုးဒင္က မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး ေျပာလိုက္သည္။
“သူက ဘာေၾကာင့္ လက္ေဆာင္ရတာလဲ? သူက ဘယ္တုန္းကမွ ေျမးမေလးအေပၚ မေကာင္းသလို ဂ႐ုလည္းမစိုက္ဘူးေလ” သူ႕စကားေတြက ၾကမ္းတမ္းေပမဲ့ သူ႕ေျမးကို မနာလိုျဖစ္ေနပုံေပၚေနသည္။
ဒါက ဟြမ္ဟြမ္ ဆီက လက္ေဆာင္ရတာ ပထမဆုံး အႀကိမ္ေလ!
ဘယ္လိုလုပ္ လန္ဂ်င္းဇီ ကပါ လက္ေဆာင္ရတာလဲ!
ေဇာင္ယုဟြမ္ ကသူမအဖိုးထံမွ ၿခိမ္းေျခာက္မႈကို မခံရသလို သူ႕ကို ၾကည့္လိုက္ၿပီး ၿပဳံးကာ ေျပာလိုက္သည္။
“ေသခ်ာတာေပါ့၊ အစ္ကိုက သမီးကို ကူညီေပးခဲ့တယ္! သမီးကို ျပႆနာေတြ ကူညီေျဖရွင္းေပးဖို႔ အတြင္းေရးမႉးခ်န္း ကိုပို႔ေပးခဲ့တယ္”
“အဲ့ေတာ့ ဘာျဖစ္လဲ? သူသာ လိုခ်င္ရင္ အတြင္းေရးမႉးခ်န္း၊ အတြင္းေရးမႉးဒြန္ ႀကိဳက္တဲ့လူကို ပို႔ေပးနိုင္တယ္။ ေျမးမေလးမွာေတာင္ ဖိုးဖိုးရဲ႕ အတြင္းေရးမႉး ရွိနိုင္တယ္….”
“မဟုတ္ဘူး၊ အဆင္ေျပတယ္။ သမီးကဘာလို႔ အတြင္းေရးမႉးေတြ အမ်ားႀကီး လိုအပ္ရမွာလဲ?” ေဇာင္ယုဟြမ္ သူမေခါင္းကို လ်င္ျမန္စြာ ခါယမ္းလိုက္ၿပီး ေျပာလိုက္သည္။
အဖိုးဒင္ ရဲ႕စိတ္ပ်က္သြားတဲ့ အမူအရာက မဖုံးကြယ္နိုင္ေပ။ သူ႕သမီးနဲ႕ ေျမးမေလးဆီမွာ အေႂကြးေတြ တင္ေနတယ္လို႔ သူခံစားေနရသည္။ ေနာက္ဆုံးေတာ့ သူျပင္ဆင္ျခင္းေတြ ျပဳလုပ္ခ်င္လာသည့္ အခ်ိန္တြင္ ျပင္ဆင္ဖို႔ ထပ္မရွိနိုင္ေတာ့ေပ။
ေဇာင္ယုဟြမ္ ကသူ႕ဆီကေန ေတာင္းဆိုတာေတြ အမ်ားႀကီး လုပ္ေစခ်င္သည္။ ေဇာင္ယုဟြမ္ က လန္ဂ်င္းဇီ ဆီကို ေသတၱာကို တြန္းလိုက္သည္။
“အစ္ကို ဒီမွာ”
လန္ဂ်င္းဇီ ကေသတၱာကို ၾကည့္လိုက္ၿပီး တြန႔္ဆုတ္စြာနဲ႕ ယူလိုက္ၿပီး ဖြင့္လိုက္သည္။ Swiss Richard Mille ေဖာင္တိန္ကို ျမင္လိုက္သည္။ သူေမြးဖြားႀကီးျပင္လာသည့္ မိသားစုနဲ႕ဆို လန္ဂ်င္းဇီ ကဒီေဘာပင္ရဲ႕ တန္ဖိုးကို ေသခ်ာေပါက္ သိသည္။ ေသတၱာဗူး အဖုံးကို ပိတ္လိုက္ၿပီး ျဖည္းညွင္းစြာ ေျပာလိုက္သည္။
“ေက်းဇူးတင္ပါတယ္” ထို႔ေနာက္ ထပ္မံစဥ္းစားလိုက္ၿပီး ေျပာလိုက္သည္။
“ေက်းဇူးတင္ပါတယ္၊ ညီမေလး”
“ေကာင္းၿပီ၊ ေကာင္းၿပီ။ မင္းအိမ္ျပန္ေရာက္မွာ ထပ္ၾကည့္ေတာ့။ စားရေအာင္။ ဟြမ္ဟြမ္ ဗိုက္ဆာေနေလာက္ၿပီ”
“အင္း” လန္ဂ်င္းဇီ ျပန္ေျဖလိုက္သည္။
လူတိုင္းက သူတို႔ရဲ႕ တူေတြကို ေကာက္ယူလိုက္ၿပီး စားေသာက္ဖို႔ကိုသာ အာ႐ုံစိုက္လိုက္သည္။ ညစာစားခ်ိန္တြင္ ေျပာင္းလဲမႈေတြ အမ်ားႀကီး မရွိခဲ့ေပ။ ညစာစားၿပီးေနာက္ အဖိုးဒင္က ေဇာင္ယုဟြမ္ ကိုအခ်ိန္အေတာ္ၾကာ ေနေစခ်င္ပုံေပၚေနသည္။
“ဒီေနရာက ေျမးမေလး အေမ ႀကီးျပင္းလာတဲ့ ေနရာပဲ…. ေျမးမေလး မၾကာမၾကာ လာလည္သင့္တယ္” ေဇာင္ယုဟြမ္ ေခါင္းညိတ္လိုက္သည္။ လန္ဂ်င္းဇီ ကသူ႕အေပၚဝတ္ကို တိတ္ဆိတ္စြာ ျပန္ဝတ္လိုက္ၿပီး ေျပာလိုက္သည္။
“မင္းကို ျပန္ပို႔ေပးမယ္” ေဇာင္ယုဟြမ္ ကသူ႕ကို အံ့အားသင့္စြာ ၾကည့္လိုက္သည္။
မူလပိုင္ရွင္ မွတ္ဉာဏ္ထဲက ဝမ္းကြဲက ဒီဝမ္းကြဲနဲ႕ အတူတူပဲလား?
ဒါက သူမမွတ္ဉာဏ္ထဲက တစ္ေယာက္နဲ႕ လုံးလုံးႀကီးကို ကြာျခားေနသည္။
ဒါက ေဘာပင္ေလး အတြက္ေၾကာင့္လား?
ဒါက ဒီေလာက္ေတာင္ လြယ္ကူရလား?
ေနာက္ၿပီး ဒါက ေဇာင္ခ်ီ ဆီက ယူလိုက္တဲ့ ေငြ ၅ သန္းကေန ေပးေခ်ခဲ့တာေတြပဲ!
01.06.2020 (Mon)
……………………
<Unicode>
ဝမ်းကွဲအစ်ကို
သူမ ခရစ္ဒစ္ကဒ္ကို အိတ်ထဲထည့်ပြီး ကုန်တိုက်တွင် နာရီအနည်းငယ်လောက် အချိန်ဖြုန်းပြီးနောက်တွင် ကစားစရာ အရုပ်တွေ အားလုံးနဲ့ သူမ လိုချင်တဲ့ လက်ဆောင်တွေကို ဝယ်ပြီးသွားခဲ့သည်။ အားလုံးကို ပေးချေပြီးနောက်တွင် သူမက ကားထဲကို ဝင်လိုက်သည်။
“ယွဲ့လန် အိမ်တော်ကို မောင်း” ဒရိုက္ဘာက အံ့အားသင့်စွာ လှည့်ကြည့်လိုက်ပြီး ကားကို မောင်းလိုက်သည်။
ယွဲ့လန် အိမ်တော်က အိမ်တော်တွေ စုပေါင်းထားတဲ့ အုပ်စုနာမည် ဖြစ်သည်။ ထိုအိမ်တော်က Goldwater မြို့တော်မှာ တည်ဆောက်ခဲ့သည့် ပထမဆုံး အိမ်တော်ဖြစ်ပြီး ဒီနေ့အထိ Goldwater မြို့တော်တွင် အချမ်းသာဆုံးလို့လည်း လူသိများနေသည်။ ဒီနေ့အထိတောင် မမှန်းနိုင်လောက်အောင် ချမ်းသာသည်။
ဒင်ရူရွယ် ကမူလပိုင်ရှင်ရဲ့ မွေးအမေဖြစ်ပြီး သူမမိဘတွေနဲ့ ဒီနေရာတွင် ကြီးပြင်းလာခဲ့သည်။ ဒါပေမဲ့ ဒီအကြိမ်က ဒီနေရာကို ဇောင်ယုဟွမ် ပထမဆုံး အလည်လာခြင်း ဖြစ်သည်။ သူမ အိမ်တော်အတွင်းကို ရောက်သည်နှင့် သူမဝမ်းကွဲကို ဖုန်းခေါ်လိုက်သည်။
“မင်းဘယ်မှာလဲ?” တဖက်မှ လေးနက်သည့် အသံက မေးလိုက်သည်။ ဇောင်ယုဟွမ် ကအပြင်ဘက်ကို ကြည့်လိုက်ပြီး သူ့ကို ပြောလိုက်သည်။
“အရှေ့မှာ ရေပန်းရှိပြီး ပတ်ပတ်လည်မှာ အဝါရောင် နှင်းဆီတွေ အများကြီး ရှိတယ်…”
“ကောင်းပြီ၊ မင်းအခု ဘယ်မှာလဲဆိုတာ ငါသိပြီ။ အဲ့နေရာမှာပဲ နေပြီး ငါ့ကို စောင့်နေ။ ဘယ်နေရာမှ မသွားနဲ့”
ထိုအမျိုးသားရဲ့ အသံက ဒီအသက်အရွယ် မိန်းကလေးနဲ့ စကားပြောရတာကို အဆင်မပြေသလို ပုံစံပေါ်နေသည်။
“အိုကေ” ဇောင်ယုဟွမ် ပြန်ဖြေလိုက်သည်။ သူမ ဖုန်းကို ချလိုက်ပြီး ကားအပြင်ကို ထွက်လိုက်ပြီး သူမဝမ်းကွဲကို စောင့်နေရင်းနဲ့ ဒရိုက္ဘာကို အိမ်ပြန်ခိုင်းလိုက်သည်။
ဒီဝမ်းကွဲက ဇောင်ယုဟွမ် အမေရဲ့ အစ်မရဲ့ သားဖြစ်သည်။ သူ့နာမည်က လန်ဂျင်းဇီ ဖြစ်သည်။
လန်ဂျင်းဇီ သူ့ကားကို လှည့်လိုက်ချိန်တွင် သေးငယ်ပြီး ကျက်သရေရှိသည့် မိန်းကလေးက ထိုနေရာတွင် ရပ်နေတာကို တွေ့လိုက်ရသည်။ သူမဘေးတွင်လည်း ကြီးမားသည့် ဈေးဝယ်အိတ်တွေကို မြေပြင်တွင် ချထားသည်။
ဒီဝမ်းကွဲကို လန်ဂျင်းဇီ နောက်ဆုံးအကြိမ် တွေ့ခဲ့ရတာတော့ သူမအမေရဲ့ ဈာပနာပွဲမှာပင် ဖြစ်သည်။ အဲ့အချိန်တုန်းက သူမက အနက်ရောင် ဝတ္စုံကို ဝတ်ဆင်ထားပြီး အရှေ့တွင် တိတ္ဆိတ္စြာ ရပ်နေခဲ့သည်။
သူက အနောက်ဘက်တွင် ရပ်နေခဲ့သည်။ သူမော့ကြည့်လိုက်တဲ့ အချိန်တိုင်း သူမရဲ့ ဖြူဖွေးပြီး သေးသွယ်သည့် လက်မောင်းနဲ့ ခြေထောက်တွေကိုသာ မြင်ရသည်။ သူမက အရမ်းကို သနားစရာကောင်းပုံ ပေါ်နေခဲ့သည်။
သေချာတာပေါ့၊ သူတို့က မရင်းနှီးခဲ့ဘူး၊ ဒါပေမဲ့ သူက သူမရဲ့ ဝမ်းကွဲဖြစ်တာကြောင့် သူမဆီကို သွားပြီး စကားပြောသင့်တယ်လို့ သူတွေးခဲ့သည်။ ဒါကြောင့် သူသွားပြီး စကားပြောလိုက်သည်။
သူမက မော့ကြည့်လိုက်ပြီး သူမမျက်နှာတွင်လည်း ခေါင်းမာမှုတွေ ပြည့်နှက်နေပြီး ပြောလိုက်သည်။
“အစ္ကို ငါ့ကို စိတ်ပူနေစရာ မလိုဘူး!” ထို့နောက် အချိန်တိုင်းတွင် ဇောင်ယုဟွမ် ရဲ့ကောလဟာလတွေကို ကြားခဲ့ရသည်။
တစ်နေ့မှာ မိန်းကလေးဇောင် ကသူမအဖေနဲ့ ရန်ဖြစ်ခဲ့ပြီး ဇောင်အိမ်က လူတိုင်းကို အဆင်မပြေ ဖြစ်သွားစေသည်။ နောက်နေ့တွင် မိန်းကလေးဇောင်က ဇောင်ရုံးခန်းရှေ့ကို သွားခဲ့ပြီး မြင်ကွင်းတစ်ခု ဖြစ်စေခဲ့ကာ သူတို့အတွက် စီးပွားရေးတစ်ခု ညှိနှိုင်းမှု လြတ္သြားလုနီးပါး ဖြစ်စေခဲ့သည်။ နောက်တစ်နေ့တွင်တော့ သူမက ထွက်ပြေးခဲ့ပြီး မိသားစုက သူမကို ပျောက်သွားကြပြီလို့တောင် ထင်ခဲ့ကြသည်….
လန်ဂျင်းဇီ ကသူမရဲ့ မတရားမှုနဲ့ စိတ်ပျက်မှုကို နားလည်ပေမဲ့ သူမရဲ့ အပြုအမူတွေကိုတော့ သဘောမတူနိုင်ပေ။ သူမက သူမကို ကောင်းကောင်း ဆက်ဆံသည့် ဒင်မိသားစုမှ လူတိုင်းကို မျက်ကွယ်ပြုထားခဲ့သည်။
အဆုံးတွင် အချိန်တိုင်း ဇောင်ချီ နဲ့ရန်ဖြစ်ပြီး အပေါ်စီးတွင်သာ နေရန်ဆုံးဖြတ်ထားခဲ့သည်။ အဆုံးတွင် သူမနည်းလမ်းတွေက မိုက်မဲပြီး ပျက်စီးစေခဲ့သည်။ ထိုအချက်ကြောင့် လန်ဂျင်းဇီ ရဲ့ချစ်ခင်တွယ်တာမှုက လျော့နည်းသွားခဲ့သည်။
အချိန်ကြာလာသည်နှင့် သူမကို ကြိုးစားပြီး ဂရုစိုက်ရန်ဆိုတဲ့ သူ့စိတ်ခံစားချက်တွေ အားလုံး ပျောက်ဆုံးသွားခဲ့သည်။ လန်ဂျင်းဇီ ကားကို ပါကင်ထိုးလိုက်ပြီး ကားထဲက ထွက်လိုက်သည်။
သူမနဲ့ နီးကပ်လာချိန်တွင် ဒီနေ့တွင် သူမက အဖြူရောင် ဝတ္စုံကို ဝတ်ဆင်ထားပြီး မျက်ခုံးတွေကလည်း သက်တောင့်သက်သာ ဖြစ်နေပြီး နှုတ်ခမ်းထောင့်တွင်လည်း အပြုံးအသေးလေး တစ်ပွင့်ကိုလည်း သတိထားမိသွားသည်။
သူမက အတော်လေးကို ….. သူ့မှတ်ဉာဏ်ထဲက တစ်ယောက်နဲ့ လုံးဝကို ကွာခြားတဲ့ လူတစ်ယောက်နဲ့ တူနေတယ်။
တဖက်တွင် ဇောင်ယုဟွမ် ကသူ့ကို “အစ္ကို”လို့ပင် ခေါ်လိုက်သည်။ သူမအသံတောင် ချိုမြိန်နေသည်။ သူ့ကို မြင်လိုက်တာကြောင့် အတော်လေး ပျော်ရွှင်နေပုံ ပေါ်နေသည်။ လန်ဂျင်းဇီ ကအချိန်အနည်းငယ်လောက် ရပ်သွားပေမဲ့ ဘာမှမပြောပေ။
သူကွေးလိုက်ပြီး ဈေးဝယ်အိတ်တွေကို ကောက်ယူလိုက်ပြီး သူ့ကားနောက်ဖုံးထဲကို ထည့်လိုက်သည်။
“ကားထဲဝင်” သူပြောလိုက်သည်။
ဇောင်ယုဟွမ် ကခေါင်းညိတ်လိုက်ပြီး ကားတံခါးကို ဖွင့်လိုက်ကာ ဝင်ထိုင်လိုက်ပြီး သူမဘာသာပဲ ထိုင်ခုံခါးပတ်ကို ပတ်လိုက်သည်။ ထို့နောက် ဇောင်ယုဟွမ် ကသူမကိစ္စ ပြီးသွားချိန်တွင် လှည့်လာပြီး ဒီဝမ်းကွဲကို အပေါ်အောက် ဖြည်းညှင်းစွာဖြင့် ကြည့်လိုက်သည်။
လန်ဂျင်းဇီ ကအသက် ၂၄၊ ၂၅ လောက်ရှိပြီး အတော်လေး ကြည့်ကောင်းသည်။ သူက ရိုးရိုး စီးပွားရေး ဝတ်စုံနဲ့ ရွှေရောင်ကိုင်းနဲ့ မျက်မှန်ကို ဝတ်ထားသည်။ မျက်မှန်အောက်တွင် သူ့ရဲ့ ခန့်ညားသည့် မျက်ခုံးတွေက ထက်ရှနေပြီး မတူညီတာကို ခံစားရစေသည်။
မူလပိုင်ရှင်က သူ့ဆီကနေ ခြိမ်းခြောက်ခံရတာက အံ့ဩစရာ မလိုတော့ပေ။ ဝမ်းကွဲဘေးက လေထုထဲတွင် “ငါနဲ့အတူရှိဖို့ ခက်ခဲတယ်!” လို့ခြိမ်းခြောက်သည့် အရှိန်အဝါတွေ ပါဝင်နေသည်။
ဇောင်ယုဟွမ် ကသူ့ကို အပေါ်အောက် တကိုယ္လုံးကို ကြည့်နေတာကို လန်ဂျင်းဇီ သတိထားမိသွားသည်။ သူမထိန်းချုပ်နိုင်စွာဖြင့် သူမကို ကြည့်လိုက်ပြီး သူ့ကို ကြည့်နေတာကို တွေ့လိုက်ရသည်။ သူမမျက်လုံးတွေက အနည်းငယ် တောက်ပနေပြီး ညဘက်ကောင်းကင်က ကြယ်နှစ်လုံးနဲ့ တူနေသည်။
သူမက…. နည်းနည်းလေး… ချစ်ဖို့ကောင်း… သလိုပဲ။
အရင်တုန်းက သူမဆီက ဒီလိုမျိုး အကြည့်ကို လန်ဂျင်းဇီ ဘယ်တုန်းကမှ မမြင်ဖူးခဲ့ပေ။ ဖြစ်နိုင်တာက သူမက ခက်ခဲတဲ့အခြေအနေကို ဖြတ်ကျော်ပြီးသွားလို့ နောက်ဆုံးမှာ နည်းနည်းလေး နူးညံ့လာတာလား?
ထိုအချက်တွေကြောင့် သူမကို ကြည့်နေသည့် လန်ဂျင်းဇီ ရဲ့အကြည့်တွေက နူးညံ့သွားခဲ့သည်။ အဆုံးတွင် သူမက သူ့ဝမ်းကွဲဖြစ်နေပြီး သူတို့က သွေးသားတော်စပ်ကြသည်။ ကားထဲက ကေမာက္ကမ လေထုကို ရှောင်ရှားရန် လန်ဂျင်းဇီ ကစကား စ,ပြောလိုက်သည်။
“အဖိုးက အိမ်တော်မှာ စောင့်နေပြီ”
“အင်း” ဇောင်ယုဟွမ် ကခေါင်းကို ညိတ်လိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။ “ငါလည်း ဖိုးဖိုးကို သတိရေနခဲ့တာ”
ထိုစကားကို ကြားလိုက်ပြီးနောက် လန်ဂျင်းဇီ ရဲ့အကြည့်က အရင်ကထက်ပင် နူးညံ့သွားပြီး ပြောလိုက်သည်။
“အဖိုးလည်း မင်းကို သတိရေနခဲ့တာ”
“ငါအရင်တုန်းက ယွဲ့လန် အိမ်တော်မှာ နေခဲ့ဖူးလား?” ဇောင်ယုဟွမ် မေးလိုက်သည်။
“အင်း၊ မင်းငယ်ငယ်တုန်းက အန္တီက မင်းကို ခေါ်လာပြီး ဒီမွာ ရက်အနည်းငယ်လောက် နေခဲ့ဖူးတယ်” လန်ဂျင်းဇီ ကရပ်လိုက်ပြီး ဆက်ပြောလိုက်သည်။
“အခုတော့ အဖိုးတောင် ဒီမွာထပ္မေတာ့ဘူး။ အန္တီ ဆုံးသွားကတည်းက ဒီနေရာက သူမကို သတိရစေလို့ အဖိုးက တခြားနေရာကို ပြောင်းသွားခဲ့တာ”
ဇောင်ယုဟွမ် တိတ်ဆိတ်သွားခဲ့သည်။ ထို့နောက် လန်ဂျင်းဇီ ကကားပါကင်ထိုးပြီး ကားထဲကေန နှစ်ယောက်လုံး ထွက်လိုက်ချိန်အထိ စကားထပ်မပြောတော့ပေ။ လန်ဂျင်းဇီ ကသူမပစ္စည်းတွေကို ကားအေနာက္ဖုံးကေန ထုတ်လိုက်ပြီး ပြောလိုက်သည်။
“ငါသယ်ပေးမယ်”
ဇောင်ယုဟွမ် ကသူ့ကို မော့ကြည့်လိုက်ပြီး “အင်း”ဆိုပြီး ပြန်တုန့်ပြန်လိုက်သည်။
လန်ဂျင်းဇီ ရပ်တန့်သွားသည်။ သူမမ်က္လုံးက မျက်ရည်စတွေ ရှိနေသည်။ ဒါက ကားထဲမွာ သူမငိုခဲ့တာက သိသာနေတယ်။ ဒါက သူပြောလိုက်တာကြောင့်လား?
သူမရဲ့ ဒီလိုပုံစံကို ကြည့်လိုက်ပြီး လန်ဂျင်းဇီ မထိန်းချုပ်နိုင်စွာ သူ့လက်ကို မြှောက်လိုက်ပြီး ကို့ယို့ကားယားဖြင့် သူမဆံပင်ကို ထိလိုက်ပြီး ပြောလိုက်သည်။
“မငိုပါနဲ့၊ အဖိုးက ဒါကို မြင်လိုက်ရင် ပိုပြီး ဝမ်းနည်းသွားလိမ့်မယ်”
ဇောင်ယုဟွမ် ကခေါင်းညိတ်လိုက်ပြီး သူမမျက်လုံးတွေကို လက်နဲ့ပွတ်လိုက်သည်။ သူမမျက်လုံးတွေက လက်နဲ့ပွတ်လိုက်တာကြောင့် အရင်ကထက်ပင် နီရဲသွားလေသည်။ သူမက အရမ်းသနားဖို့ ကောင်းပုံပေါ်နေသည်။
လန်ဂျင်းဇီ ဘာလုပ်ပြီး ဘာပြောရမှန်း မသိတော့ပေ။
သူမ နေထိုင်တဲ့ ပတ်ဝန်းကျင်တွင် သန်မာပြီး ခေါင်းမာတဲ့ ပုံစံလုပ်သည့် နည်းလမ်းက သူမဘာသာ ကာကွယ်သည့် နည်းလမ်းဆိုပြီး သူ စတင်တွေးမိလာသည်။ ထို့နောက်တွင် သူမရဲ့ တကယ့်အစစ်အမှန်ကို သူတွေ့သွားခဲ့သည်။
သူတို့ ရောက်လာတာကို အိမ်ဖော်တစ်ယောက်က ကြားလိုက်ပြီး ထြက္လာကာ “သခင်လေးလန်” ထို့နောက် အိမ်ဖော်က ဇောင်ယုဟွမ် ကိုမသေချာစွာဖြင့် ကြည့်လိုက်ပြီး နောက်ဆုံးတွင် သံသရျဖစ္စြာ အသံဖြင့် ပြောလိုက်သည်။
“မိန်းကလေးဇောင်”
“အထဲဝင်ရအောင်” လန်ဂျင်းဇီ ကထိုအကြောင်းကို အချိန်အနည်းငယ် တွေးတောလိုက်ပြီး အိတ်တွေကို သူ့ညာလက်ကနေ တျခားလက္ကို ပြောင်းလိုက်ပြီး သူမလက္ကို ကိုင်လိုက်သည်။
ဇောင်ယုဟွမ် ကသူ့လက်ကို ဖြုတ်မချပဲ သူ့အနောက်ကနေသာ လိုက်ဝင်လာခဲ့သည်။ အိမ်တော်အတွင်းက လူက သူမကို မြင်လိုက်ချိန်တွင် အံ့အားသင့်သွားသည်။
“ဟွမ်ဟွမ်” လေးနက်သည့် အသံက ထွက်လာခဲ့သည်။ ဇောင်ယုဟွမ် ကြည့်လိုက်သည်။
ရိုးရာဝတ္စုံ ဝတ်ဆင်ထားကာ ပိန်ပါးပြီး အသက်ကြီးသည့် လူကြီးက သူမကို ကြည့်နေပြီး သူ့လက်တွေကို ဖွင့်ပေးလိုက်တာကို သူမ မြင်လိုက်ရသည်။ ဇောင်ယုဟွမ် သူ့ကို မှတ်မိသွားသည်။
“ဖိုးဖိုး” သူမက နူးညံ့စွာ ပြောလိုက်သည်။ အဖိုးဒင်က သူမဆီကို လျှောက်လာပြီး သူ့လက်မောင်းထဲ ထည့်ကာ ပွေ့ဖက်လိုက်သည်။
“ဟွမ်ဟွမ် ကအရပ်ပိုပိုပြီး ရှည်လာတယ်..” နောက်ဆုံးတော့ လန်ဂျင်းဇီ က ဇောင်ယုဟွမ် ရဲ့လက်ကို လွှတ်လိုက်ပြီး ဘေးမှာရပ်နေပြီး ပြောလိုက်သည်။
“ညစာစားရအောင်” သူက ပြောလိုက်သည်။
“အင်း၊ အရင်ဆုံး စားရအောင်” အဖိုးဒင်က နောက်ဆုံးတော့ သူ့ပွေ့ဖက်မှုကနေ သူမကို လွှတ်ပေးလိုက်သည်။ အဖိုးဒင်က နူးညံ့ပြီး ချစ်ခင်ဖွယ် လူကြီး တစ်ယောက် ပုံစံမရှိပေ။ သူ့ပုံစံက ထင်ရှားနေပြီး ထိုင်နေတာတောင် ပြင်းထန်သည့် အရှိန်အဝါတွေကို ထုတ်လွှတ်နေသည်။
ဒါပေမဲ့ သူက ဇောင်ယုဟွမ် ကိုတွေ့လိုက်ချိန်တွင် သူ့မျက်လုံးတွေက နူးညံ့ပြီး ဂရုစိုက်သည့် ပုံစံအျဖစ္ကို ပြောင်းလဲသွားသည်။ အိမ်တော်ရဲ့ ဒီပွဲတော်တွင် အဖိုးဒင်၊ လန်ဂျင်းဇီ နဲ့ ဇောင်ယုဟွမ် တို့သုံးယောက်သာ ရှိကြသည်။
သူတို့က ညစာစားပွဲတွင် ဝိုင်းထိုင်နေကြပြီး အိမ်ဖော်တွေက လျင်မြန်စွာဖြင့် အစားအစာ ပန်းကန်တွေကို ယူဆောင်လာကြသည်။
“ခနေလး” ဇောင်ယုဟွမ် ကပြောလိုက်ပြီး ငုံ့လိုက်ကာ သူမခြေထောက်နားက အိတ်ကြီးကို ကောက်ယူလိုက်ပြီး သေတ္တာလေး တစ္လုံးကို ထုတ်လိုက်သည်။
“ဖိုးဖိုးအတွက် သမီး လက်ဆောင်ဝယ်လာခဲ့တယ်”
“လက်ဆောင်?” အဖိုးဒင်နဲ့ လန်ဂျင်းဇီ တို့နှစ်ယောက်လုံး အံ့အားသင့်သွားကြသည်။
“ဟွမ်ဟွမ် ကဖိုးဖိုးအတွက် လက်ဆောင် ယူလာတာလား?” အဖိုးဒင်က မယုံကြည်စွာဖြင့် မေးလိုက်သည်။
ဒင်ရူရွယ် က ဇောင်ယုဟွမ် ကိုမွေးဖွားလာချိန်တွင် အဖိုးဒင်က သူ့စီးပွားရေး အလုပ်များတွင်သာ အာရုံစိုက်ထားခဲ့သည်။ သူ့မြေးမလေးဆီကို အများကြီး သွားမလည်ရုံသာမကပဲ သူ့သမီးအတွက်တောင် အချိန်ပေးတာ ရှားပါးသည်။
ဒါကြောင့် သူ့မြေးမလေးက သူ့အပေါ် အေးစက်ပြီး ဝေးဝေးနေတာကို မအံ့ဩေပ။ သူမက သူတို့ဆီကို လှည့်လာပြီး သူတို့နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိလာဖို့ကို မျှော်လင့်ခဲ့သည်။ ပုံမှန်အားဖြင့် အရင်တုန်းက သူဘယ်တုန်းကမှ လက်ဆောင်ကို မမြင်ခဲ့ရပေ။
“အင်း” ဇောင်ယုဟွမ် ကခေါင်းညိတ်လိုက်ပြီး သူမလက်ဆောင်ကို အဖိုးဒင်ရှေ့ကို တွန်းပို့လိုက်သည်။
အဖိုးဒင်က ဖွင့်လိုက်ပြီး အထဲတွင် လက်ဖက်ရွက် သုံးဗူးကို တွေ့လိုက်ရသည်။ သူက ဗူးပေါ်က တံဆိပ်ကိုတောင် မကြည့်ပဲ အိမ်ဖော်တွေဆီကို လှမ်းပေးလိုက်ပြီး ပြောလိုက်သည်။
“လက်ဖက်ရည် လုပ်လိုက်၊ ငါသောက်ကြည့်ချင်တယ်”
အိမ်ဖော်က သူ့ဆီမှ လက်ဖက်ရွက်ကို ယူလိုက်ပြီး ချက်ချင်းပင် ထွက်သွားလိုက်သည်။ လန်ဂျင်းဇီ ကဒီအခြေအနေကို မြင်လိုက်ချိန်တွင် နောက်ဆုံးတော့ သူမက အရွယ်ရောက်လာပြီလို့ တွေးလိုက်သည်။
ဇောင်ယုဟွမ် ကထပ်ပြီး ငုံ့လိုက်ကာ နောက်ထပ်သေတ္တာဗူးလေး တစ္ခုကို ဆွဲထုတ်လိုက်သည်။
“ဒါက အစ်ကို့အတွက်” အခုတော့ လန်ဂျင်းဇီ တကယ်ပဲ အံ့အားသင့်သွားသည်။ သူလည်း လက်ဆောင်ရလာလိမ့်မယ်လို့ နှစ်သန်းပေါင်းများစွာတွင် ပုံမဖော်ခဲ့ဖူးပေ။ အဖိုးဒင်က မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်သည်။
“သူက ဘာကြောင့် လက်ဆောင်ရတာလဲ? သူက ဘယ်တုန်းကမှ မြေးမလေးအပေါ် မကောင်းသလို ဂရုလည်းမစိုက်ဘူးလေ” သူ့စကားတွေက ကြမ်းတမ်းပေမဲ့ သူ့မြေးကို မနာလိုဖြစ်နေပုံပေါ်နေသည်။
ဒါက ဟွမ်ဟွမ် ဆီက လက်ဆောင်ရတာ ပထမဆုံး အကြိမ်လေ!
ဘယ်လိုလုပ် လန်ဂျင်းဇီ ကပါ လက်ဆောင်ရတာလဲ!
ဇောင်ယုဟွမ် ကသူမအဖိုးထံမွ ခြိမ်းခြောက်မှုကို မခံရသလို သူ့ကို ကြည့်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။
“သေချာတာပေါ့၊ အစ္ကိုက သမီးကို ကူညီပေးခဲ့တယ်! သမီးကို ပြဿနာတွေ ကူညီဖြေရှင်းပေးဖို့ အတွင်းရေးမှူးချန်း ကိုပို့ပေးခဲ့တယ်”
“အဲ့တော့ ဘာဖြစ်လဲ? သူသာ လိုချင်ရင် အတွင်းရေးမှူးချန်း၊ အတွင်းရေးမှူးဒွန် ကြိုက်တဲ့လူကို ပို့ပေးနိုင်တယ်။ မြေးမလေးမှာတောင် ဖိုးဖိုးရဲ့ အတွင်းရေးမှူး ရှိနိုင်တယ်….”
“မဟုတ္ဘူး၊ အဆင်ပြေတယ်။ သမီးကဘာလို့ အတွင်းရေးမှူးတွေ အများကြီး လိုအပ်ရမှာလဲ?” ဇောင်ယုဟွမ် သူမခေါင်းကို လျင်မြန်စွာ ခါယမ်းလိုက်ပြီး ပြောလိုက်သည်။
အဖိုးဒင် ရဲ့စိတ်ပျက်သွားတဲ့ အမူအရာက မဖုံးကွယ်နိုင်ပေ။ သူ့သမီးနဲ့ မြေးမလေးဆီမှာ အကြွေးတွေ တင်နေတယ်လို့ သူခံစားနေရသည်။ နောက်ဆုံးတော့ သူပြင်ဆင်ခြင်းတွေ ပြုလုပ်ချင်လာသည့် အချိန်တွင် ပြင်ဆင်ဖို့ ထပ်မရှိနိုင်တော့ပေ။
ဇောင်ယုဟွမ် ကသူ့ဆီကနေ တောင်းဆိုတာတွေ အများကြီး လုပ်စေချင်သည်။ ဇောင်ယုဟွမ် က လန်ဂျင်းဇီ ဆီကို သေတ္တာကို တွန်းလိုက်သည်။
“အစ္ကို ဒီမွာ”
လန်ဂျင်းဇီ ကသေတ္တာကို ကြည့်လိုက်ပြီး တွန့်ဆုတ်စွာနဲ့ ယူလိုက်ပြီး ဖွင့်လိုက်သည်။ Swiss Richard Mille ဖောင်တိန်ကို မြင်လိုက်သည်။ သူမွေးဖွားကြီးပြင်လာသည့် မိသားစုနဲ့ဆို လန်ဂျင်းဇီ ကဒီဘောပင်ရဲ့ တန္ဖိုးကို သေချာပေါက် သိသည်။ သေတ္တာဗူး အဖုံးကို ပိတ်လိုက်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်” ထို့နောက် ထပ်မံစဉ်းစားလိုက်ပြီး ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်၊ ညီမေလး”
“ကောင်းပြီ၊ ကောင်းပြီ။ မင်းအိမ်ပြန်ရောက်မှာ ထပ်ကြည့်တော့။ စားရအောင်။ ဟွမ်ဟွမ် ဗိုက်ဆာနေလောက်ပြီ”
“အင်း” လန်ဂျင်းဇီ ပြန်ဖြေလိုက်သည်။
လူတိုင်းက သူတို့ရဲ့ တူတွေကို ကောက်ယူလိုက်ပြီး စားသောက်ဖို့ကိုသာ အာရုံစိုက်လိုက်သည်။ ညစာစားချိန်တွင် ပြောင်းလဲမှုတွေ အများကြီး မရှိခဲ့ပေ။ ညစာစားပြီးနောက် အဖိုးဒင်က ဇောင်ယုဟွမ် ကိုအချိန်အတော်ကြာ နေစေချင်ပုံပေါ်နေသည်။
“ဒီနေရာက မြေးမလေး အေမ ကြီးပြင်းလာတဲ့ နေရာပဲ…. မြေးမလေး မကြာမကြာ လာလည်သင့်တယ်” ဇောင်ယုဟွမ် ခေါင်းညိတ်လိုက်သည်။ လန်ဂျင်းဇီ ကသူ့အပေါ်ဝတ်ကို တိတ္ဆိတ္စြာ ပြန်ဝတ်လိုက်ပြီး ပြောလိုက်သည်။
“မင်းကို ပြန်ပို့ပေးမယ်” ဇောင်ယုဟွမ် ကသူ့ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
မူလပိုင်ရှင် မှတ်ဉာဏ်ထဲက ဝမ်းကွဲက ဒီဝမ်းကွဲနဲ့ အတူတူပဲလား?
ဒါက သူမမှတ်ဉာဏ်ထဲက တစ်ယောက်နဲ့ လုံးလုံးကြီးကို ကွာခြားနေသည်။
ဒါက ဘောပင်လေး အတွက်ကြောင့်လား?
ဒါက ဒီလောက်တောင် လြယ္ကူရလား?
နောက်ပြီး ဒါက ဇောင်ချီ ဆီက ယူလိုက်တဲ့ ငွေ ၅ သန်းကနေ ပေးချေခဲ့တာတွေပဲ!
01.06.2020 (Mon)
……………………
[text_hash] => 498e74e3
)