Array
(
[text] =>
<Unicode>
ရှုအိမ်တော်မှ အလည်လာခြင်း
“အင်တာဗျူးချိန်အတွင်းက အနီးကပ် ရိုက်ချက်တွေက အတော်လေး အံ့ဩဖို့ကောင်းတာပဲ!”
“လက်ဖက်ရည် သောက်တာကို ကြိုက်တယ်၊ ဓားသိုင်းကျင့်ရတာကို ကြိုက်တယ်။ ဒါတွေက စိတ်ကူးယဉ်လို့ကောင်းတဲ့ ဝါသနာတွေပဲ”
“လီဂျင်းယွမ် ကိုဓားသိုင်းလေ့ကျင့်နေတာကို မြင်ချင်တယ်”
“သဘောတူတယ် +၁”
“သဘောတူတယ် +၂”
“လက်ဖက်ရည် သောက်တာကို ကြိုက်တယ်လို့ပြောတာက ကျောင်းဟောင်းနဲ့တူတယ်…. ဓားသိုင်းလေ့ကျင့်တာတော့ ဒါက အတော်လေးကို အထက်တန်းကျတယ်!”
ဖန်တချို့ထဲတွင်တော့ anti-fan တချို့လည်း ရှိကြသည်။
“တခြားသူတွေရဲ့ ဝါသနာတွေက အမြဲတမ်း ဂိမ်းကစားတာ၊ သီချင်းနားထောင်တာတွေ။ အင်း….. ဒီလီဂျင်းယွမ် ကျတော့ ဘာကြောင့် ဒီလောက်တောင် ခြားနားနေရတာလဲ? ဓားသိုင်းလေ့ကျင့်တာနဲ့ လက်ဖက်ရည် သောက်တာလား? သူက ဘာကြောင့် လက်ဖက်ရည် သောက်တာကို ဒီလိုမျိုး ကြုံရာမျိုး ရွေးလိုက်ရတာလဲ? သူက ပြောရေးဆိုခွင့်ရှိသူတွေဆီက ကမ်းလှမ်းချက်တွေကို စောင့်ချင်နေတာလား? ကျစ်၊ ကျစ်၊ ဒီနေ့ခေတ် လူတွေရဲ့ အသစ်အဆန်းပဲ။ ရှိုးပွဲက တချို့အပိုင်းတွေကို ကြည့်လိုက်ရုံနဲ့ သူက အတော်လေးကို ခြယ်လှယ်တတ်တာပဲ”
“သူ့အဖွဲ့ကလည်း သူ့အတွက် သေချာတဲ့ ပုံရိပ်ကို ဖန်တီးချင်ကြလိမ့်မယ်…..”
“အို၊ လာစမ်းပါ။ သူ့အင်တာဗျူးမှာ လက်ဖက်ရည်သောက်ရတာကို ကြိုက်တယ်လို့ ဖြေတာနဲ့ပတ်သက်ပြီး ဘာတွေပြောနေရတာလဲ? သူက လက်ဖက်ရည်သောက်တာကို ကြိုက်တဲ့ လူတစ်ယောက်ပဲလေ။ ဒါက သူ့ပုံရိပ်ကို တည်ငြိမ်စေမယ်လို့ ဘာကြောင့်ပြောနေရတာလဲ?”
“+၁။ သူမနာမည်က ဘာလဲ၊ ရှာဖွေမှုရလဒ်မှာ နံပါတ် ၁၀ အတွင်းဝင်တဲ့ @yuhuanhl ကလည်း ဘလက်ကော်ဖီ ပုံကိုတင်ခဲ့တယ်မလား? နေရောင်အောက်က လူအများစုက လက်ဖက်ရည် သောက်တာကို ကြိုက်ကြတာပဲ။ သူက သူ့ပုံရိပ်ကို တည်ငြိမ်ဖို့တွေ၊ ပြောရေးဆိုခွင့်ရှိသူတွေကို စောင့်နေတာလို့ ပြောနေရအောင် မင်းရဲ့ပြဿနာက ဘာလဲ?”
“……”
အွန်လိုင်းပေါ်က လူအများအပြားနဲ့အတူ ပုံမှန်အားဖြင့် လီဂျင်းယွမ် ကိုသဘောကျကြသည့် ဖန်တွေက ပိုများသည်။
ဒါရိုက်တာက ရောက်လာချိန်တွင် လီဂျင်းယွမ် ကအင်တာဗျူးမှ မှတ်ချက်တွေကို ကျော်ချလိုက်သည်။ ဒါရိုက်တာက သူအနည်းငယ် အေးစက်နေတာကို သတိထားမိသွားသည်။
“ဟေး၊ ဒါတွေကို စိတ်ထဲထားမနေပါနဲ့။ ပုံမှန်အနေနဲ့ပဲ၊ ချီးကျူးသူရှိသလို မကောင်းပြောတဲ့ သူလည်းရှိမှာပဲ။ အဲ့ဒါတွေ လိုက်ဖတ်မနေပါနဲ့၊ ပျော်ပျော်နေ။ အခုမင်းက နာမည်ကြီးနေပြီပဲ။ ဒီလိုမျိုး အရေးမပါတာတွေ ပြောနေမှာကို ဘယ်သူက ဂရုစိုက်နေမှာလဲ? C’mon ငါတို့နောက်ပိုင်း ရိုက်ကူးရေးအကြောင်းကို ပြောရအောင်”
လီဂျင်းယွမ် ခေါင်းညိတ်လိုက်ပြီး သူ့ဘာသာ မရှင်းတော့ပေ။ ပုံမှန်အားဖြင့် အွန်လိုင်းပေါ်က မှတ်ချက်တွေက သူ့ကို နှောင့်ယှက်နေတာ မဟုတ်ပေ။
သူနဲ့ ဟုန်ချန်းမင်း တို့ရဲ့ နောက်ခံနဲ့ဆိုရင် သူတို့က အများအပြားကို ဖြတ်ကျော်ခဲ့ကြပြီးပြီ။ လိုင်းပေါ်က မှတ်ချက်တွေက သူတို့အတွက်တော့ ဘာမှမဟုတ်ပေ။
တခြားသူတွေဆီက ချီးကျူးတာကလည်း သူ့ကို ပျော်ရွှင်စေမှာ မဟုတ်သလို ဝေဖန်နေကြတာကလည်း သူ့ကို စိတ်ဓာတ်ကျစေမှာ မဟုတ်ပေ။
လီဂျင်းယွမ် ဂရုစိုက်တဲ့ တစ်ခုတည်းသော အရာက….
နေရောင်အောက်က လူအများစုက လက်ဖက်ရည်ကို ကြိုက်ကြတယ်….
တကယ်ပဲ၊ အဲ့လောက်တောင် များတာလား?
လီဂျင်းယွမ် ထူးဆန်းစွာနဲ့ စိတ်ပျက်မှုကို ခံစားခဲ့ရသည်။ ဟွမ်ဟွမ် ကသာ သူ့အဓိပ္ပါယ်ကို နားလည်နိုင်မလား?
အင်တာဗျူးမှာ သူဖြေခဲ့တာက ဟွမ်ဟွမ် ရဲ့လက်ဖက်ရည်ပုံ တင်ထားတာကို ရည်ညွှန်းချင်တာ ဖြစ်သည်။
…ဒီလိုမျိုး နားလည်နေခြင်းကို မပြောပြတာက လီဂျင်းယွမ် ကိုအတော်လေး ပျော်ရွှင်စေချင်သည်။ (အရိပ်ပြတာနဲ့ အကောင်မြင်စေတာက သူ့ကို ပျော်စေတယ်လို့ ပြောချင်တာပါ)
ဒါပေမဲ့ အခုတော့ သူ့ပျော်ရွှင်မှုတွေက ပျက်သုဉ်းသွားခဲ့သည်။ သူ့ဖုန်းကို အဝေးမှာချလိုက်ပြီး ဒါရိုက်တာနဲ့အတူ ဧည့်ခန်းကို သွားလိုက်သည်။ ဧည့်ခန်းတွင် တခြားသူတွေ ၂၁ ယောက်က ထိုင်နေကြပြီဖြစ်သည်။ သူတို့အားလုံးက ခြေသံကို ကြားလိုက်ချိန်တွင် လီဂျင်းယွမ် ကိုမော့ကြည့်လာကြသည်။
တခြားသူတွေက သူ့ကိုကြည့်သည့် အကြည့်ကလည်း ပြောင်းလဲသွားခဲ့သည်။ တချို့က မနာလိုမှုတွေရှိပြီး တချို့ကတော့ သူ့ဆီမှ မျက်နှာသာရချင်ကြသည်။ ကိုယ်စားလှယ် ၂၂ ဦးကြားတွင် လီဂျင်းယွမ် တစ်ယောက်ကသာ ရှာဖွေမှုရလဒ်တွင် ထိပ်ဆုံးတွင် ရပ်တည်နေသည့် စူပါစတားဖြစ်သည်။
တခြားသူတွေက သူ့ကို ဘယ်လိုလုပ်ပြီး အရင်လိုမျိုး တူညီတဲ့ အကြည့်နဲ့ ကြည့်နိုင်မလဲ?
တခြားသူတွေက သူ့ကို ကြည့်နေတာကို လီဂျင်းယွမ် မြင်လိုက်ရသည်။ အပြင်အဆင်နဲ့ ယဉ်ကျေးမှုအရ အပြင်ပန်းတွင် သူ့ပုံစံက ပြည့်စုံသည့် လူကြီးလူကောင်းပုံ ဖြစ်နေပေမဲ့ သူ့စိတ်ထဲတွင်တော့ အတော်လေး ပျော်ရွှင်နေခဲ့သည်။ ဒါပေမဲ့ ဒါက ဘာမှမဟုတ်ပေ။
သူဒီထက်ပိုပြီး အမြင့်ကိုရောက်အောင် တက်ရလိမ့်မယ်။ သူထိပ်ဆုံးကို သွားနိုင်ရင် ဒါကပဲ ဟွမ်ဟွမ် ကိုအရင်ကထက် ပိုပြီးထောက်ပံ့ပေးနိုင်တယ်လို့ ဆိုလိုတာမလား?
အတွေးတွေနဲ့အတူ သူ့ရှေ့က ခုံအား လီဂျင်းယွမ် ဆွဲထုတ်လိုက်သည်။
*****
ဇောင်ယုဟွမ် သည်ဖျော်ဖြေပွဲတစ်ခုကို သွားချင်ခဲ့သည်။ သူမ အိမ်ကိုရောက်ချိန်တွင် ဟန်ယင်ယင် ကိုဖုန်းခေါ်လိုက်ပြီး သူမနဲ့အတူ ဈေးထွက်ဝယ်ရန် အချိန်သတ်မှတ်ခဲ့သည်။ အိမ်တော်အပြင်တွင် ကားက ရပ်သွားခဲ့သည်။
ဇောင်ယုဟွမ် ကသူမ ကားထဲကနေ ထွက်လိုက်သည်နှင့် တံခါးအရှေ့အပြင်ဘက်ခြမ်းတွင် အရိပ်နည်းငယ်ကို မြင်လိုက်ရသည်။ တစ်ယောက်ယောက်က စောင့်နေတယ်ဆိုတာ သိသာသည်….
သူတို့က သူမကို စောင့်နေကြသည်။
ချက်ချင်းပင် ဇောင်ယုဟွမ် မျက်နှာပျက်သွားသည်။ လက်ထောက်ကျောင် ကတော့သူမအနောက်တွင် ချွေးပြန်နေခဲ့သည်။
“ကျွန်တော် တောင်းပန်ပါတယ်၊ မိန်းကလေး။ သူတို့က ဒီနေရာကို လာကြလိမ့်မယ်လို့တော့ မထင်မိခဲ့ဘူး”
“ဒါက ရှင့်အမှား မဟုတ်ပါဘူး”
ဇောင်ယုဟွမ် ပိုနီးကပ်သွားချိန်တွင် သူတို့ပုံစံကို ရှင်းလင်းစွာ မြင်လိုက်ရသည်။ သူတို့က အတော်လေး နည်းပါးသည်။
၁, ၂, …., ၇။ သူတို့က ၇ ယောက်ဖြစ်သည်။
ဇောင်ယုဟွမ် ကသူတို့အသက်အရွယ်ကို ခန့်မှန်းလိုက်သည်။ သူတို့က ရှုရန်ဟွေ့ ရဲ့မိဘတွေ ဖြစ်ပြီ၊ အစ်မနှစ်ယောက်၊ မိဘတွေနဲ့ အရှေ့ဆုံးမှ ခေါင်းငုံ့ထားပြီး မှောင်မိုက်နေသည့် လေထုတွေ ဖြာထွက်နေသည့် တစ်ယောက်ကတော့ ရှုရှင်း ဖြစ်သည်။
ရှုရန်ဟွေ့ ရဲ့အစ်မနှစ်ယောက်က သူမနဲ့ အတော်လေး တူကြသည်။ သူတို့မျက်နှာတွေက လှပပြီး ခန္ဓာကိုယ်ကလည်း ပြည့်သည်။ သူတို့ ပိုက်ဆံအိတ်တွေကို သယ်ထားပုံက ပိုပြီး ကြည့်ကောင်းနေသည်။
ဇောင်ယုဟွမ် လျှောက်သွားချိန်တွင် ရှုရန်ဟွေ့ ရဲ့အစ်မ နှစ်ယောက်လုံးက သူတို့ဘာသာ နည်းနည်း ထိန်းသိမ်းလိုက်ကြသည်။
သူတို့နှစ်ယောက်လုံးက အတော်လေးကို အတွေ့အကြုံကောင်းတွေ ရှိကြပေမဲ့ ဇောင်ယုဟွမ် အရှေ့တွင် ရပ်နေချိန်မှာ သူတို့က ဖီးနစ် အယောင်ဆောင်ထားကြသည့် ရစ်ငှက်တွေလို တူနေသည်။ သူမအရှေ့တွင် သူတို့ကိုယ်သူတို့ လူသားမဆန်အောင် မလုပ်ရဲကြပေ။
“ကိစ္စတစ်ခုခုရှိလို့လား?” ဇောင်ယုဟွမ် ကသူတို့ကို သဘောမကျပေမဲ့ ယဉ်ကျေးစွာပဲ မေးလိုက်သည်။
ပန်းသီးကတော့ အပင်ကနေ ဝေးဝေးကို ကျမှာ မဟုတ်ဘူး။ ရှုရန်ဟွေ့ က ဇောင်ချီ နဲ့နှစ်ပေါင်းများစွာ လျှို့ဝှက်ပေါင်းသင်းခဲ့ပြီး ကလေးတွေတောင် ရှိလာကာ သူတို့ကို ပျိုးထောင်ပေးခဲ့ကြောင်းကို သူမ မိဘတွေလည်း သိသင့်သည်။ သူတို့က ထိုအချက်ကို ကောင်းကောင်း ဆုပ်ကိုင်ထားကြသည်။
“ရှုရှင်း ကမစ္စတာဇောင် ရဲ့သားပဲ” အမျိုးသမီးကြီးက သူမရဲ့ လိမ္မော်သီး အခွံနွာထားပြီး ပျံ့ကျဲနေပုံတူသည့် မျက်တောင်တွေကို ပင့်ကာပြောလိုက်သည်။
“ငါတို့ ဒီကိုရောက်လာတာက အများကြီး တောင်းဆိုချင်လို့ မဟုတ်ဘူး၊ ဒါပေမဲ့ သူ့အတွက်တော့ ကလေးစားရိတ် ထောက်ပံ့ကြေးတော့ ပေးသင့်တယ်။ သူက အခုမှ ဂျူနီယာ အထက်တန်းပဲ ရှိသေးတယ်၊ နောက်ပိုင်းမှာလည်း ငွေပိုလိုလာမှာပဲ။ သူ့အဖိုးနဲ့ ငါကလည်း အသက်ကြီးပြီ။ ငါတို့က သန်စွမ်းမှုတွေ မရှိတော့ဘူး။ ကိစ္စတွေက ငါတို့အတွက်တော့ အတော်လေး ခြားနားတယ်…. မင်းထင်လား….”
ဇောင်ယုဟွမ် က လက်ထောက်ကျောင် ဘက်ကိုလှည့်ကြည့်လိုက်သည်။ လက်ထောက်ကျောင် ကချက်ချင်းပင် ပြောလိုက်သည်။
“အာ၊ ဒီအကြောင်းကို မင်းတို့ စိတ်ပူနေစရာ မလိုပါဘူး၊ မိန်းကလေးက မစ္စတာရှု ကျောင်းက ဘွဲ့ရတဲ့အထိ တာဝန်ယူပေးဖို့ ငွေအလုံအလောက် ပေးဖို့ စီစဉ်ထားပြီးသားပါ။ သူက မာစတာဘွဲ့၊ Ph.D အထိ တက်ချင်ရင်လည်း ပြဿနာမရှိပါဘူး။ မစ္စတာရှု ကသူဌေးဇောင် ရဲ့သားဖြစ်ကြောင်း တရားဝင်မလုပ်ထားပေမဲ့ ကျွန်တော်တို့ မိန်းကလေးကတော့ ကြင်နာတက်ပြီး သူ့ကို ကူညီပေးချင်နေပါတယ်”
ရှုရန်ဟွေ့ ရဲ့အစ်မတွေရဲ့ မျက်တွေက ချက်ချင်းပင် ပျက်သွားကြလေသည်။
“သူက သူဌေးဇောင်ရဲ့ သားမဟုတ်ဘူးလို့ မင်းဘာလို့ ပြောရတာလဲ?”
တစ်ဖက်တွင် အမျိုးသမီးကြီးက ချက်ချင်းပင် သူတို့နှစ်ယောက်ရဲ့ လက်ကောက်ဝတ်ကို ကိုင်လိုက်ပြီး ရှက်ရွံ့စွာနဲ့ ကို့ယို့ကားယားနိုင်စွာဖြင့် ဆွဲလိုက်သည်။
“အေး၊ အေး၊ ကောင်းပြီ။ ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ ငါတို့ မသိခဲ့ဘူး။ အခု ငါတို့ ပြန်တော့မယ်။ အခုချက်ချင်း…” အမျိုးသမီးကြီးက အကျိုးမကြောင်း မသင့်သည့် လူမဟုတ်ပေ။
ဇောင်ယုဟွမ် အတော်လေး အံ့အားသင့်သွားခဲ့သည်။ ဒါပေမဲ့ ဒါက ကောင်းတာပဲ။ ရှုအိမ်တော်က မိသားစုတိုင်းကသာ အရှက်မဲ့ကြရင် ရှုရှင်း အနာဂတ်က ပြောစရာတောင် လိုမှာမဟုတ်တော့ဘူး။
ဇောင်ယုဟွမ် နိုင်ငံခြားတွင် ရှိနေချိန်တုန်းက ရှုရှင်း ကမာဖီကျောင်းတွင် နှစ်တိုင်း အဆိုးဆုံး လုပ်နေတယ်ဆိုတာကို မကြာခင်ကမှ လက်ထောက်ကျောင် ဆီကသူမ သိခဲ့ရသည်။
သူက ချမ်းသာသည့် ဒုတိယမျိုးဆက် ကလေးတွေကြားထဲကို မဝင်နိုင်ရုံသာမက ယဉ်ကျေးသည့် ကလေးတွေ၊ တခြားထင်ရှားသည့် မိသားစုမှ မေးခွန်းထုတ်စရာ ဖြစ်ခဲ့သည်။ ပြဿနာကတော့ သူက သူတို့နဲ့အတူ မရှိနိုင်တာဖြစ်သည်။
ဇောင်ချီ ကထိုအကြောင်းကြောင့် အမြဲတမ်း ဒေါသထွက်ခဲ့ပြီး သူ့ကို ဇောင်ချီ ကအော်တဲ့အချိန်တိုင်း ရှုရှင်း ကအရင်ကထက် ပိုပိုပြီး တိတ်ဆိတ်လာခဲ့သည်။ ထိုအကြောင်းကို ကြားလိုက်ချိန်တွင် ဇောင်ယုဟွမ် တောင်သူ့အတွက် စိတ်မကောင်းဖြစ်သလို ခံစားလိုက်ရသည်။
သူမမှာ သူနဲ့ပတ်သက်ပြီး မယ်တော်မာရီ လိုမျိုး ကြင်နာတက်မှုမျိုး ရှိပေမဲ့ သူမ မလုပ်ဘူး။ သူမမှာ လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ရှိနေတာက အသုံးဝင်သည်။
“လက်ထောက်ကျောင်၊ သူတို့ကို လိုက်ပို့လိုက်” ဇောင်ယုဟွမ် ပြောလိုက်သည်။
“အိုကေ” လက်ထောက်ကျောင် ကအိမ်တော်က အစောင့်တွေနဲ့အတူ ထိုအုပ်စုအား လိုက်ပို့လိုက်သည်။
တစ်ဖက်တွင် လက်ထောက်ကျောင် ကထိုအုပ်စုနဲ့ လျှောက်ထွက်သွားသည်နှင့် သူတို့ရှေ့တွင် ကားတစ်စီးက ရပ်လာခဲ့သည်။ လက်ထောက်ကျောင် ကသေချာကြည့်လိုက်ပြီး ကားထဲမှ ထွက်လာတာက ဟုန်ချန်းမင်း ဖြစ်ကြောင်းကို တွေ့လိုက်ရသည်။
ဟုန်ချန်းမင်း ကိုသူမတွေ့ခဲ့ရတာ အတော်လေး ကြာခဲ့ပြီ။ သူက ဇောင်အိမ်တော်က မွေးစားထားသည့် ကလေးအဖြစ် သူတွေးနေပေမဲ့ အခုတော့ သူ့ကို မြင်လိုက်ချိန်တွင် အတော်လေး ခြားနားနေသည်…..
အခုတော့ သူ့တွင် စီးပွားရေးလောက သတင်းတွေကို ဖတ်ထားသည့် အထင်ကြီးမှုတွေသာ ရှိနေသည်။ သူ့အကြောင်းတွေကိုလည်း အများကြီး ကြားခဲ့ရသည်။
သူက သခင်လေးချန်းနဲ့အတူ စီးပွားရေးလုပ်ငန်းကို လုပ်ခဲ့လို့ ပြောကြသည်။ မကြာခင်တွင် သူက ဥရောပတွင် အခြေကျခဲ့သည်။ မကြာခင်မှာပဲ သူက အတော်လေးကို လူသိများလာခဲ့သည်….
“ချီးမြှောက်ဖို့မလို” သည့် “ငယ်ရွယ်ပြီး အရည်အချင်း”ရှိသည့် လူအဖြစ် ဖော်ပြလာခဲ့ကြသည်။
ဟုန်ချန်းမင်း ကဇောင်ချီ မွေးစားခဲ့သည့် ကောင်လေးအဖြစ် လူတိုင်းက မြင်လိုက်ချိန်တွင် သူတို့အားလုံးက သူဌေးဇောင် ကအစောကြီး ထွက်သွားခဲ့ပေမဲ့ မိန်းကလေးဇောင် ကအတော်လေး ကံကောင်းသည့်သူ ဖြစ်ကြောင်း ပြောကြသည်။
ထိုကိစ္စတစ်ခုလုံးကို စိတ်ထဲမထားပဲ၊ မိန်းကလေးဇောင် ကသူမရဲ့ဘဝတွင် သခင်လေးဟုန်ရဲ့ လက်ရှိအခြေအနေကြောင့် မကောင်းသည့် နေ့တစ်နေ့တောင် မရှိခဲ့ပေ။
ထပ်ပြောရရင် ဟုန်ချန်းမင်း ကဇောင်အိမ်တော်နဲ့ ချည်နှောင်ထားပေမဲ့ ဇောင်အိမ်တော်ရဲ့ စီးပွားရေးနဲ့ ပိုင်းခြားထားသည်။ ဒါကပဲ စတော့ဈေးကွက်ကို တည်ငြိမ်စေသည့် တူညီသည့် နည်းလမ်းဖြစ်သည်။ ထိုအချက်ကြောင့်ပဲ ဇောင်ရဲ့စီးပွားရေး စီမံမှုအပိုင်းက တည်ငြိမ်နေသည့် ခံစားချက်ဖြစ်စေခဲ့သည်။
လက်ထောက်ကျောင် ကချက်ချင်းပင် သူ့အတွေးတွေကို ဖယ်ထုတ်လိုက်ပြီး ဟုန်ချန်းမင်း ကိုနှုတ်ဆက်လိုက်သည်။ ဟုန်ချန်းမင်း ကသူ့ကို ခေါင်းညိတ်ပြလိုက်ပြီး အဖေရှု၊ အမေရှု နဲ့အုပ်စု တစ်ခုလုံးကို ကြည့်လိုက်သည်…. မျက်မှောင်နည်းနည်း ကြုတ်သွားပြီး အေးစက်စွာ မေးလိုက်သည်။
“ဒီလူတွေက ဘယ်သူတွေလဲ?” လက်ထောက်ကျောင် ကသူ့ကို ချက်ချင်းပဲ ရှင်းပြလိုက်သည်။
ဇောင်ယုဟွမ် နဲ့မတူစွာပင် ဟုန်ချန်းမင်း ကကျယ်ပြန့်သည့် ပုခုံးတွေရှိသည်။ ဇောင်ယုဟွမ် နဲ့ယှဉ်ရင် သူက အတော်လေးကို ခြိမ်းခြောက်နိုင်သည်။
ထိုနေရာတွင် သူတည်ရှိနေတာက တခြားသူတွေအား များပြားလှသည့် ဖိအားတွေကို ပေးနိုင်ဖို့ လုံလောက်နေပြီး သူ့ကို ဆန့်ကျင်ပြီး တိုက်ခိုက်ဖို့ကိုတောင် အများကြီး မတွေးရဲအောင် ဖြစ်စေသည်။
သူ့အရှေ့တွင် ရှိနေသည့် ဝတ်စုံအပြည့်ဝတ်ထားပြီး နက်ကတိုင်ချည်ထားသည့် လူငယ်လေးက ခြင်္သေ့တစ်ကောင်လို ခြိမ်းခြောက်မှုအား ပေးနေခဲ့သည်။
ဒီမိန်းကလေးဇောင် ကကောင်းမွန်သည့် စိတ်အခြေအနေနဲ့ ရှုရှင်း အတွက်ငွေထုတ်ပေးတာကိုသာ ရှုရန်ဟွေ့ ရဲ့အစ်မနှစ်ယောက်က စဉ်းစားနေခဲ့ကြသည်။ ထို့နောက် ရှုရန်ဟွေ့ ကဇောင်အိမ်တော်ကို ပြောင်းရွေ့သွားချိန်တွင် သူမက ချက်ချင်းပင် နိုင်ငံခြားကို ထွက်သွားခဲ့သည်။ ဒါက အတော်လေးကို သိသာသည်။
သူမက ဇောင်အိမ်တော်ရဲ့ အမွေဆက်ခံမှု တစ်ခုလုံးကို ခိုးယူခံရတဲ့ မတော်တဆမှု ဖြစ်ခဲ့သည်။ မိသားစုတစ်စုရဲ့ ကံကြမ္မာက မိန်းကလေး တစ်ယောက်ကို ဘယ်တော့မှ လုံခြုံမှု မပေးနိုင်ပေ။
ရှုရန်ဟွေ့ အစ်မနှစ်ယောက်လုံးက ဇောင်ယုဟွမ် ဆီမှအချိန်တိုင်း ငွေရဖို့ကိုသာ တွေးနေကြသည်။ ဒါပေမဲ့ အခုတော့ သူမဆီက ငွေရဖို့မပြောနဲ့ သူမတို့ရဲ့ အတွေးတွေတောင် ပျောက်ရှသွားကြသည်။
သူတို့က တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး သူတို့ကို တစ်ခုခုက ဖြတ်သွားသလို ခံစားလိုက်ရသည်။ သူတို့က ဟုန်ချန်းမင်း ကိုမျက်လုံးချင်းဆိုင်ပြီးတောင် မကြည့်ရဲကြပေ။
“ဒီနေရာကို ထပ်မလာနဲ့တော့။ ငါ့မှာ သည်းခံနိုင်တဲ့ စိတ်အများကြီး မရှိဘူး” ဟုန်ချန်းမင်း ကအေးစက်စွာ ပြောလိုက်သည်။
ထိုကိစ္စအတွက် သူ့တွင် အများကြီး ပြောစရာမရှိပဲ အထဲကို လျင်မြန်စွာ ဝင်လိုက်သည်။ အလုပ်ကနေ အချိန်ယူပြီး ပြန်လာရတာက သူ့အတွက် မလွယ်ကူပေ။ နောက်ပြီး ဒါကလည်း ဇောင်ယုဟွမ် နဲ့အချိန်ဖြုန်းဖို့အတွက်သာ လာခဲ့တာဖြစ်သည်။
သူ့အချိန်တွေကို ဒီလူတွေနဲ့ မဖြုန်းတီးချင်ပေ။ ဟုန်ချန်းမင်း အိမ်တော်ထဲကို ဝင်သွားပြီးနောက် ရှုရန်ဟွေ့ ရဲ့ဒုတိယအစ်မက အသံကျယ်ကျယ်နဲ့ မေးလိုက်သည်။
“သူဌေးဇောင်ရဲ့ သားပဲလား?”
ဘာကြောင့် သူကကော ဇောင်အိမ်တော်မှာ နေနေရတာလဲ?
လက်ထောက်ကျောင် ကသတိလက်လွတ် ပြန်ဖြေလိုက်သည်။
“သူက ဇောင်အိမ်တော်ရဲ့ မွေးစားသား၊ မိန်းကလေးရဲ့ အစ်ကို”
“မွေးစားသား?”
အစ်မနှစ်ယောက်ရဲ့ အသံက ချက်ချင်းပဲ ပြောင်းလဲသွားခဲ့သည်။ သူတို့က ကိုယ်ပိုင်သားဖြစ်သည့် ရှုရှင်း ကိုတော့ တရားဝင်ဖြစ်ဖို့ ငြင်းပယ်နေပြီး ရှုအိမ်တော်မှာ နေထိုင်စေခဲ့သည်။ ဒါပေမဲ့ မွေးစားသားကျတော့ ဇောင်အိမ်တော်ကို လွတ်လပ်စွာနဲ့ ဝင်နိုင်ထွက်နိုင်ခဲ့သည်။
ဘာလိုတွေ ဖြစ်နေခဲ့တာလဲ?
တခြားအစ်မတစ်ယောက်က သူမလက်မောင်းကို လျင်မြန်စွာ ချိတ်လိုက်ပြီး ပြောလိုက်သည်။
“မွေးစားသားက သူ့ကုမ္ပဏီမှာ CEO ဖြစ်နေပြီ…” ဒုတိယအစ်မက ချက်ချင်းပင် ပါးစပ်ပိတ်သွားခဲ့သည်။
ဟုတ်တယ်၊ သူတို့ကို ဝေဖန်ဖို့အတွက် သူတို့ မတက်နိုင်ဘူး….
သူတို့ထွက်သွားတာကို လက်ထောက်ကျောင် မြင်လိုက်သည်။ ကားထွက်သွားပြီးနောက်တွင် သူမထိန်းချုပ်နိုင်စွာဖြင့် သက်ပြင်းချလိုက်သည်။
သူဌေးဇောင် ကဒီလိုမျိုး မိသားစုက ဆင်းသက်လာတဲ့ အမျိုးသမီး တစ်ယောက်ကို ဘယ်လိုဖြစ်ပြီး ဇောင်အိမ်တော်ကို ခေါ်သွင်းနိုင်ရတာလဲ?
မိန်းကလေးဇောင်ရဲ့ အမေကသာ ပိုပြီးကျက်သရေရှိကာ ပြည့်စုံသည့် တကယ့်စစ်မှန်တဲ့ အမျိုးသမီး မဖြစ်နိုင်ဘူးလား?
ဟုန်ချန်းမင်း အိမ်တော်ထဲကို ဝင်လိုက်ချိန်တွင် သီချင်းဆိုနေသည့် အသံကို ချက်ချင်း ကြားလိုက်ရသည်။ ထိုအသံက ဗီဒီယိုက ထွက်လာသည့် အသံဖြစ်နိုင်သည်။
အနီးကို ပိုကပ်သွားချိန်တွင် လီဂျင်းယွမ် ရဲ့ဗီဒီယိုဖြစ်ကြောင်း တွေ့လိုက်ရသည်။ လီဂျင်းယွမ် ကအချစ်သီချင်း တစ်ပုဒ်ကို ဆိုနေခဲ့သည်။ သူ့အသံက နူးညံ့နေပြီး တည်ငြိမ်နေကာ သူ့ချစ်သူအား တီးတိုးပြောနေသည်နှင့် တူနေသည်။
ဟုန်ချန်းမင်း ပိုပြီးနီးကပ်စွာ လျှောက်သွားပြီး ဇောင်ယုဟွမ် ကလည်း ပြုံးနေတာကို တွေ့လိုက်ရသည်။ သူမက ပျော်ရွှင်စွာနဲ့ ပြုံးနေခဲ့သည်။
ဒါက ဒီလောက်တောင် ပျော်ဖို့ကောင်းလို့လား?
ထိုအချက်ကြောင့် ဟုန်ချန်းမင်း မပျော်မရွှင်ဖြစ်သွားခဲ့သည်။ သူ့ကွန်မန့်ကိုတော့ သူမက ပြန်တောင် မဖြေသေးဘူး။
“ဟွမ်ဟွမ်”
“ဟမ်?” ဇောင်ယုဟွမ် ကသူ့ကို မော့ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ကိုကိုချန်းမင်း ဘယ်အချိန်က ပြန်ရောက်တာလဲ?” ဟုန်ချန်းမင်း ကမျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်သည်။
“ငါအလုပ်ကိစ္စနဲ့ ခရီးသွားစရာရှိလို့ မင်းကို မြင်ချင်လို့ အိမ်ကို ပြန်လာခဲ့တာ” ဇောင်ယုဟွမ် ကသူမလေးကို ပုတ်ပြလိုက်ပြီး ပြောလိုက်သည်။
“လာ၊ ဟွမ်ဟွမ်နဲ့အတူ ဒါကို ကြည့်” ထိုအချက်က ဟုန်ချန်းမင်း ကိုပိုပြီးတောင် မပျော်မရွှင်ဖြစ်သွားစေသည်။
သူနဲ့အတူ သူမက လီဂျင်းယွမ် ရဲ့ဗီဒီယိုကို ကြည့်ချင်နေတာလား?
လီဂျင်းယွမ် ကသီချင်းနဲ့ အက,ကတာမှာ တကယ်ပဲကောင်းတာလား?
ဇောင်ယုဟွမ် ကသူမဖုန်းအား သူ့လက်ထဲကို ပေးလိုက်သည်။ ဟုန်ချန်းမင်း ကဖုန်းကို ငုံ့ကြည့်လိုက်ပြီး ဒါက လီဂျင်းယွမ် ရဲ့Live ဗီဒီယိုဖြစ်ပြီး ဖုန်းမျက်နှာပြင်တွင်လည်း ကွန်မန့်တွေ အများကြီး ရှိနေသည်…
ချက်ချင်းပင် ဟုန်ချန်းမင်း ကသူ့ရဲ့ခံစားချက်တွေ ပိုကောင်းသွားသလို ခံစားလိုက်ရသည်။
10.8.2020 (Mon)
………………………
<Zawgyi>
ရႈအိမ္ေတာ္မွ အလည္လာျခင္း
“အင္တာဗ်ဴးခ်ိန္အတြင္းက အနီးကပ္ ႐ိုက္ခ်က္ေတြက အေတာ္ေလး အံ့ဩဖို႔ေကာင္းတာပဲ!”
“လက္ဖက္ရည္ ေသာက္တာကို ႀကိဳက္တယ္၊ ဓားသိုင္းက်င့္ရတာကို ႀကိဳက္တယ္။ ဒါေတြက စိတ္ကူးယဥ္လို႔ေကာင္းတဲ့ ဝါသနာေတြပဲ”
“လီဂ်င္းယြမ္ ကိုဓားသိုင္းေလ့က်င့္ေနတာကို ျမင္ခ်င္တယ္”
“သေဘာတူတယ္ +၁”
“သေဘာတူတယ္ +၂”
“လက္ဖက္ရည္ ေသာက္တာကို ႀကိဳက္တယ္လို႔ေျပာတာက ေက်ာင္းေဟာင္းနဲ႔တူတယ္…. ဓားသိုင္းေလ့က်င့္တာေတာ့ ဒါက အေတာ္ေလးကို အထက္တန္းက်တယ္!”
ဖန္တခ်ိဳ႕ထဲတြင္ေတာ့ anti-fan တခ်ိဳ႕လည္း ရွိၾကသည္။
“တျခားသူေတြရဲ႕ ဝါသနာေတြက အၿမဲတမ္း ဂိမ္းကစားတာ၊ သီခ်င္းနားေထာင္တာေတြ။ အင္း….. ဒီလီဂ်င္းယြမ္ က်ေတာ့ ဘာေၾကာင့္ ဒီေလာက္ေတာင္ ျခားနားေနရတာလဲ? ဓားသိုင္းေလ့က်င့္တာနဲ႔ လက္ဖက္ရည္ ေသာက္တာလား? သူက ဘာေၾကာင့္ လက္ဖက္ရည္ ေသာက္တာကို ဒီလိုမ်ိဳး ႀကဳံရာမ်ိဳး ေ႐ြးလိုက္ရတာလဲ? သူက ေျပာေရးဆိုခြင့္ရွိသူေတြဆီက ကမ္းလွမ္းခ်က္ေတြကို ေစာင့္ခ်င္ေနတာလား? က်စ္၊ က်စ္၊ ဒီေန႔ေခတ္ လူေတြရဲ႕ အသစ္အဆန္းပဲ။ ရႈိးပြဲက တခ်ိဳ႕အပိုင္းေတြကို ၾကည့္လိုက္႐ုံနဲ႔ သူက အေတာ္ေလးကို ျခယ္လွယ္တတ္တာပဲ”
“သူ႔အဖြဲ႕ကလည္း သူ႔အတြက္ ေသခ်ာတဲ့ ပုံရိပ္ကို ဖန္တီးခ်င္ၾကလိမ့္မယ္…..”
“အို၊ လာစမ္းပါ။ သူ႔အင္တာဗ်ဴးမွာ လက္ဖက္ရည္ေသာက္ရတာကို ႀကိဳက္တယ္လို႔ ေျဖတာနဲ႔ပတ္သက္ၿပီး ဘာေတြေျပာေနရတာလဲ? သူက လက္ဖက္ရည္ေသာက္တာကို ႀကိဳက္တဲ့ လူတစ္ေယာက္ပဲေလ။ ဒါက သူ႔ပုံရိပ္ကို တည္ၿငိမ္ေစမယ္လို႔ ဘာေၾကာင့္ေျပာေနရတာလဲ?”
“+၁။ သူမနာမည္က ဘာလဲ၊ ရွာေဖြမႈရလဒ္မွာ နံပါတ္ ၁၀ အတြင္းဝင္တဲ့ @yuhuanhl ကလည္း ဘလက္ေကာ္ဖီ ပုံကိုတင္ခဲ့တယ္မလား? ေနေရာင္ေအာက္က လူအမ်ားစုက လက္ဖက္ရည္ ေသာက္တာကို ႀကိဳက္ၾကတာပဲ။ သူက သူ႔ပုံရိပ္ကို တည္ၿငိမ္ဖို႔ေတြ၊ ေျပာေရးဆိုခြင့္ရွိသူေတြကို ေစာင့္ေနတာလို႔ ေျပာေနရေအာင္ မင္းရဲ႕ျပႆနာက ဘာလဲ?”
“……”
အြန္လိုင္းေပၚက လူအမ်ားအျပားနဲ႔အတူ ပုံမွန္အားျဖင့္ လီဂ်င္းယြမ္ ကိုသေဘာက်ၾကသည့္ ဖန္ေတြက ပိုမ်ားသည္။
ဒါ႐ိုက္တာက ေရာက္လာခ်ိန္တြင္ လီဂ်င္းယြမ္ ကအင္တာဗ်ဴးမွ မွတ္ခ်က္ေတြကို ေက်ာ္ခ်လိုက္သည္။ ဒါ႐ိုက္တာက သူအနည္းငယ္ ေအးစက္ေနတာကို သတိထားမိသြားသည္။
“ေဟး၊ ဒါေတြကို စိတ္ထဲထားမေနပါနဲ႔။ ပုံမွန္အေနနဲ႔ပဲ၊ ခ်ီးက်ဴးသူရွိသလို မေကာင္းေျပာတဲ့ သူလည္းရွိမွာပဲ။ အဲ့ဒါေတြ လိုက္ဖတ္မေနပါနဲ႔၊ ေပ်ာ္ေပ်ာ္ေန။ အခုမင္းက နာမည္ႀကီးေနၿပီပဲ။ ဒီလိုမ်ိဳး အေရးမပါတာေတြ ေျပာေနမွာကို ဘယ္သူက ဂ႐ုစိုက္ေနမွာလဲ? C’mon ငါတို႔ေနာက္ပိုင္း ႐ိုက္ကူးေရးအေၾကာင္းကို ေျပာရေအာင္”
လီဂ်င္းယြမ္ ေခါင္းညိတ္လိုက္ၿပီး သူ႔ဘာသာ မရွင္းေတာ့ေပ။ ပုံမွန္အားျဖင့္ အြန္လိုင္းေပၚက မွတ္ခ်က္ေတြက သူ႔ကို ေႏွာင့္ယွက္ေနတာ မဟုတ္ေပ။
သူနဲ႔ ဟုန္ခ်န္းမင္း တို႔ရဲ႕ ေနာက္ခံနဲ႔ဆိုရင္ သူတို႔က အမ်ားအျပားကို ျဖတ္ေက်ာ္ခဲ့ၾကၿပီးၿပီ။ လိုင္းေပၚက မွတ္ခ်က္ေတြက သူတို႔အတြက္ေတာ့ ဘာမွမဟုတ္ေပ။
တျခားသူေတြဆီက ခ်ီးက်ဴးတာကလည္း သူ႔ကို ေပ်ာ္႐ႊင္ေစမွာ မဟုတ္သလို ေဝဖန္ေနၾကတာကလည္း သူ႔ကို စိတ္ဓာတ္က်ေစမွာ မဟုတ္ေပ။
လီဂ်င္းယြမ္ ဂ႐ုစိုက္တဲ့ တစ္ခုတည္းေသာ အရာက….
ေနေရာင္ေအာက္က လူအမ်ားစုက လက္ဖက္ရည္ကို ႀကိဳက္ၾကတယ္….
တကယ္ပဲ၊ အဲ့ေလာက္ေတာင္ မ်ားတာလား?
လီဂ်င္းယြမ္ ထူးဆန္းစြာနဲ႔ စိတ္ပ်က္မႈကို ခံစားခဲ့ရသည္။ ဟြမ္ဟြမ္ ကသာ သူ႔အဓိပၸါယ္ကို နားလည္ႏိုင္မလား?
အင္တာဗ်ဴးမွာ သူေျဖခဲ့တာက ဟြမ္ဟြမ္ ရဲ႕လက္ဖက္ရည္ပုံ တင္ထားတာကို ရည္ၫႊန္းခ်င္တာ ျဖစ္သည္။
…ဒီလိုမ်ိဳး နားလည္ေနျခင္းကို မေျပာျပတာက လီဂ်င္းယြမ္ ကိုအေတာ္ေလး ေပ်ာ္႐ႊင္ေစခ်င္သည္။ (အရိပ္ျပတာနဲ႔ အေကာင္ျမင္ေစတာက သူ႔ကို ေပ်ာ္ေစတယ္လို႔ ေျပာခ်င္တာပါ)
ဒါေပမဲ့ အခုေတာ့ သူ႔ေပ်ာ္႐ႊင္မႈေတြက ပ်က္သုဥ္းသြားခဲ့သည္။ သူ႔ဖုန္းကို အေဝးမွာခ်လိုက္ၿပီး ဒါ႐ိုက္တာနဲ႔အတူ ဧည့္ခန္းကို သြားလိုက္သည္။ ဧည့္ခန္းတြင္ တျခားသူေတြ ၂၁ ေယာက္က ထိုင္ေနၾကၿပီျဖစ္သည္။ သူတို႔အားလုံးက ေျခသံကို ၾကားလိုက္ခ်ိန္တြင္ လီဂ်င္းယြမ္ ကိုေမာ့ၾကည့္လာၾကသည္။
တျခားသူေတြက သူ႔ကိုၾကည့္သည့္ အၾကည့္ကလည္း ေျပာင္းလဲသြားခဲ့သည္။ တခ်ိဳ႕က မနာလိုမႈေတြရွိၿပီး တခ်ိဳ႕ကေတာ့ သူ႔ဆီမွ မ်က္ႏွာသာရခ်င္ၾကသည္။ ကိုယ္စားလွယ္ ၂၂ ဦးၾကားတြင္ လီဂ်င္းယြမ္ တစ္ေယာက္ကသာ ရွာေဖြမႈရလဒ္တြင္ ထိပ္ဆုံးတြင္ ရပ္တည္ေနသည့္ စူပါစတားျဖစ္သည္။
တျခားသူေတြက သူ႔ကို ဘယ္လိုလုပ္ၿပီး အရင္လိုမ်ိဳး တူညီတဲ့ အၾကည့္နဲ႔ ၾကည့္ႏိုင္မလဲ?
တျခားသူေတြက သူ႔ကို ၾကည့္ေနတာကို လီဂ်င္းယြမ္ ျမင္လိုက္ရသည္။ အျပင္အဆင္နဲ႔ ယဥ္ေက်းမႈအရ အျပင္ပန္းတြင္ သူ႔ပုံစံက ျပည့္စုံသည့္ လူႀကီးလူေကာင္းပုံ ျဖစ္ေနေပမဲ့ သူ႔စိတ္ထဲတြင္ေတာ့ အေတာ္ေလး ေပ်ာ္႐ႊင္ေနခဲ့သည္။ ဒါေပမဲ့ ဒါက ဘာမွမဟုတ္ေပ။
သူဒီထက္ပိုၿပီး အျမင့္ကိုေရာက္ေအာင္ တက္ရလိမ့္မယ္။ သူထိပ္ဆုံးကို သြားႏိုင္ရင္ ဒါကပဲ ဟြမ္ဟြမ္ ကိုအရင္ကထက္ ပိုၿပီးေထာက္ပံ့ေပးႏိုင္တယ္လို႔ ဆိုလိုတာမလား?
အေတြးေတြနဲ႔အတူ သူ႔ေရွ႕က ခုံအား လီဂ်င္းယြမ္ ဆြဲထုတ္လိုက္သည္။
*****
ေဇာင္ယုဟြမ္ သည္ေဖ်ာ္ေျဖပြဲတစ္ခုကို သြားခ်င္ခဲ့သည္။ သူမ အိမ္ကိုေရာက္ခ်ိန္တြင္ ဟန္ယင္ယင္ ကိုဖုန္းေခၚလိုက္ၿပီး သူမနဲ႔အတူ ေဈးထြက္ဝယ္ရန္ အခ်ိန္သတ္မွတ္ခဲ့သည္။ အိမ္ေတာ္အျပင္တြင္ ကားက ရပ္သြားခဲ့သည္။
ေဇာင္ယုဟြမ္ ကသူမ ကားထဲကေန ထြက္လိုက္သည္ႏွင့္ တံခါးအေရွ႕အျပင္ဘက္ျခမ္းတြင္ အရိပ္နည္းငယ္ကို ျမင္လိုက္ရသည္။ တစ္ေယာက္ေယာက္က ေစာင့္ေနတယ္ဆိုတာ သိသာသည္….
သူတို႔က သူမကို ေစာင့္ေနၾကသည္။
ခ်က္ခ်င္းပင္ ေဇာင္ယုဟြမ္ မ်က္ႏွာပ်က္သြားသည္။ လက္ေထာက္ေက်ာင္ ကေတာ့သူမအေနာက္တြင္ ေခြၽးျပန္ေနခဲ့သည္။
“ကြၽန္ေတာ္ ေတာင္းပန္ပါတယ္၊ မိန္းကေလး။ သူတို႔က ဒီေနရာကို လာၾကလိမ့္မယ္လို႔ေတာ့ မထင္မိခဲ့ဘူး”
“ဒါက ရွင့္အမွား မဟုတ္ပါဘူး”
ေဇာင္ယုဟြမ္ ပိုနီးကပ္သြားခ်ိန္တြင္ သူတို႔ပုံစံကို ရွင္းလင္းစြာ ျမင္လိုက္ရသည္။ သူတို႔က အေတာ္ေလး နည္းပါးသည္။
၁, ၂, …., ၇။ သူတို႔က ၇ ေယာက္ျဖစ္သည္။
ေဇာင္ယုဟြမ္ ကသူတို႔အသက္အ႐ြယ္ကို ခန႔္မွန္းလိုက္သည္။ သူတို႔က ရႈရန္ေဟြ႕ ရဲ႕မိဘေတြ ျဖစ္ၿပီ၊ အစ္မႏွစ္ေယာက္၊ မိဘေတြနဲ႔ အေရွ႕ဆုံးမွ ေခါင္းငုံ႔ထားၿပီး ေမွာင္မိုက္ေနသည့္ ေလထုေတြ ျဖာထြက္ေနသည့္ တစ္ေယာက္ကေတာ့ ရႈရွင္း ျဖစ္သည္။
ရႈရန္ေဟြ႕ ရဲ႕အစ္မႏွစ္ေယာက္က သူမနဲ႔ အေတာ္ေလး တူၾကသည္။ သူတို႔မ်က္ႏွာေတြက လွပၿပီး ခႏၶာကိုယ္ကလည္း ျပည့္သည္။ သူတို႔ ပိုက္ဆံအိတ္ေတြကို သယ္ထားပုံက ပိုၿပီး ၾကည့္ေကာင္းေနသည္။
ေဇာင္ယုဟြမ္ ေလွ်ာက္သြားခ်ိန္တြင္ ရႈရန္ေဟြ႕ ရဲ႕အစ္မ ႏွစ္ေယာက္လုံးက သူတို႔ဘာသာ နည္းနည္း ထိန္းသိမ္းလိုက္ၾကသည္။
သူတို႔ႏွစ္ေယာက္လုံးက အေတာ္ေလးကို အေတြ႕အႀကဳံေကာင္းေတြ ရွိၾကေပမဲ့ ေဇာင္ယုဟြမ္ အေရွ႕တြင္ ရပ္ေနခ်ိန္မွာ သူတို႔က ဖီးနစ္ အေယာင္ေဆာင္ထားၾကသည့္ ရစ္ငွက္ေတြလို တူေနသည္။ သူမအေရွ႕တြင္ သူတို႔ကိုယ္သူတို႔ လူသားမဆန္ေအာင္ မလုပ္ရဲၾကေပ။
“ကိစၥတစ္ခုခုရွိလို႔လား?” ေဇာင္ယုဟြမ္ ကသူတို႔ကို သေဘာမက်ေပမဲ့ ယဥ္ေက်းစြာပဲ ေမးလိုက္သည္။
ပန္းသီးကေတာ့ အပင္ကေန ေဝးေဝးကို က်မွာ မဟုတ္ဘူး။ ရႈရန္ေဟြ႕ က ေဇာင္ခ်ီ နဲ႔ႏွစ္ေပါင္းမ်ားစြာ လွ်ိဳ႕ဝွက္ေပါင္းသင္းခဲ့ၿပီး ကေလးေတြေတာင္ ရွိလာကာ သူတို႔ကို ပ်ိဳးေထာင္ေပးခဲ့ေၾကာင္းကို သူမ မိဘေတြလည္း သိသင့္သည္။ သူတို႔က ထိုအခ်က္ကို ေကာင္းေကာင္း ဆုပ္ကိုင္ထားၾကသည္။
“ရႈရွင္း ကမစၥတာေဇာင္ ရဲ႕သားပဲ” အမ်ိဳးသမီးႀကီးက သူမရဲ႕ လိေမၼာ္သီး အခြံႏြာထားၿပီး ပ်ံ႕က်ဲေနပုံတူသည့္ မ်က္ေတာင္ေတြကို ပင့္ကာေျပာလိုက္သည္။
“ငါတို႔ ဒီကိုေရာက္လာတာက အမ်ားႀကီး ေတာင္းဆိုခ်င္လို႔ မဟုတ္ဘူး၊ ဒါေပမဲ့ သူ႔အတြက္ေတာ့ ကေလးစားရိတ္ ေထာက္ပံ့ေၾကးေတာ့ ေပးသင့္တယ္။ သူက အခုမွ ဂ်ဴနီယာ အထက္တန္းပဲ ရွိေသးတယ္၊ ေနာက္ပိုင္းမွာလည္း ေငြပိုလိုလာမွာပဲ။ သူ႔အဖိုးနဲ႔ ငါကလည္း အသက္ႀကီးၿပီ။ ငါတို႔က သန္စြမ္းမႈေတြ မရွိေတာ့ဘူး။ ကိစၥေတြက ငါတို႔အတြက္ေတာ့ အေတာ္ေလး ျခားနားတယ္…. မင္းထင္လား….”
ေဇာင္ယုဟြမ္ က လက္ေထာက္ေက်ာင္ ဘက္ကိုလွည့္ၾကည့္လိုက္သည္။ လက္ေထာက္ေက်ာင္ ကခ်က္ခ်င္းပင္ ေျပာလိုက္သည္။
“အာ၊ ဒီအေၾကာင္းကို မင္းတို႔ စိတ္ပူေနစရာ မလိုပါဘူး၊ မိန္းကေလးက မစၥတာရႈ ေက်ာင္းက ဘြဲ႕ရတဲ့အထိ တာဝန္ယူေပးဖို႔ ေငြအလုံအေလာက္ ေပးဖို႔ စီစဥ္ထားၿပီးသားပါ။ သူက မာစတာဘြဲ႕၊ Ph.D အထိ တက္ခ်င္ရင္လည္း ျပႆနာမရွိပါဘူး။ မစၥတာရႈ ကသူေဌးေဇာင္ ရဲ႕သားျဖစ္ေၾကာင္း တရားဝင္မလုပ္ထားေပမဲ့ ကြၽန္ေတာ္တို႔ မိန္းကေလးကေတာ့ ၾကင္နာတက္ၿပီး သူ႔ကို ကူညီေပးခ်င္ေနပါတယ္”
ရႈရန္ေဟြ႕ ရဲ႕အစ္မေတြရဲ႕ မ်က္ေတြက ခ်က္ခ်င္းပင္ ပ်က္သြားၾကေလသည္။
“သူက သူေဌးေဇာင္ရဲ႕ သားမဟုတ္ဘူးလို႔ မင္းဘာလို႔ ေျပာရတာလဲ?”
တစ္ဖက္တြင္ အမ်ိဳးသမီးႀကီးက ခ်က္ခ်င္းပင္ သူတို႔ႏွစ္ေယာက္ရဲ႕ လက္ေကာက္ဝတ္ကို ကိုင္လိုက္ၿပီး ရွက္႐ြံ႕စြာနဲ႔ ကို႔ယို႔ကားယားႏိုင္စြာျဖင့္ ဆြဲလိုက္သည္။
“ေအး၊ ေအး၊ ေကာင္းၿပီ။ ေက်းဇူးတင္ပါတယ္။ ေက်းဇူးတင္ပါတယ္။ ငါတို႔ မသိခဲ့ဘူး။ အခု ငါတို႔ ျပန္ေတာ့မယ္။ အခုခ်က္ခ်င္း…” အမ်ိဳးသမီးႀကီးက အက်ိဳးမေၾကာင္း မသင့္သည့္ လူမဟုတ္ေပ။
ေဇာင္ယုဟြမ္ အေတာ္ေလး အံ့အားသင့္သြားခဲ့သည္။ ဒါေပမဲ့ ဒါက ေကာင္းတာပဲ။ ရႈအိမ္ေတာ္က မိသားစုတိုင္းကသာ အရွက္မဲ့ၾကရင္ ရႈရွင္း အနာဂတ္က ေျပာစရာေတာင္ လိုမွာမဟုတ္ေတာ့ဘူး။
ေဇာင္ယုဟြမ္ ႏိုင္ငံျခားတြင္ ရွိေနခ်ိန္တုန္းက ရႈရွင္း ကမာဖီေက်ာင္းတြင္ ႏွစ္တိုင္း အဆိုးဆုံး လုပ္ေနတယ္ဆိုတာကို မၾကာခင္ကမွ လက္ေထာက္ေက်ာင္ ဆီကသူမ သိခဲ့ရသည္။
သူက ခ်မ္းသာသည့္ ဒုတိယမ်ိဳးဆက္ ကေလးေတြၾကားထဲကို မဝင္ႏိုင္႐ုံသာမက ယဥ္ေက်းသည့္ ကေလးေတြ၊ တျခားထင္ရွားသည့္ မိသားစုမွ ေမးခြန္းထုတ္စရာ ျဖစ္ခဲ့သည္။ ျပႆနာကေတာ့ သူက သူတို႔နဲ႔အတူ မရွိႏိုင္တာျဖစ္သည္။
ေဇာင္ခ်ီ ကထိုအေၾကာင္းေၾကာင့္ အၿမဲတမ္း ေဒါသထြက္ခဲ့ၿပီး သူ႔ကို ေဇာင္ခ်ီ ကေအာ္တဲ့အခ်ိန္တိုင္း ရႈရွင္း ကအရင္ကထက္ ပိုပိုၿပီး တိတ္ဆိတ္လာခဲ့သည္။ ထိုအေၾကာင္းကို ၾကားလိုက္ခ်ိန္တြင္ ေဇာင္ယုဟြမ္ ေတာင္သူ႔အတြက္ စိတ္မေကာင္းျဖစ္သလို ခံစားလိုက္ရသည္။
သူမမွာ သူနဲ႔ပတ္သက္ၿပီး မယ္ေတာ္မာရီ လိုမ်ိဳး ၾကင္နာတက္မႈမ်ိဳး ရွိေပမဲ့ သူမ မလုပ္ဘူး။ သူမမွာ လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ရွိေနတာက အသုံးဝင္သည္။
“လက္ေထာက္ေက်ာင္၊ သူတို႔ကို လိုက္ပို႔လိုက္” ေဇာင္ယုဟြမ္ ေျပာလိုက္သည္။
“အိုေက” လက္ေထာက္ေက်ာင္ ကအိမ္ေတာ္က အေစာင့္ေတြနဲ႔အတူ ထိုအုပ္စုအား လိုက္ပို႔လိုက္သည္။
တစ္ဖက္တြင္ လက္ေထာက္ေက်ာင္ ကထိုအုပ္စုနဲ႔ ေလွ်ာက္ထြက္သြားသည္ႏွင့္ သူတို႔ေရွ႕တြင္ ကားတစ္စီးက ရပ္လာခဲ့သည္။ လက္ေထာက္ေက်ာင္ ကေသခ်ာၾကည့္လိုက္ၿပီး ကားထဲမွ ထြက္လာတာက ဟုန္ခ်န္းမင္း ျဖစ္ေၾကာင္းကို ေတြ႕လိုက္ရသည္။
ဟုန္ခ်န္းမင္း ကိုသူမေတြ႕ခဲ့ရတာ အေတာ္ေလး ၾကာခဲ့ၿပီ။ သူက ေဇာင္အိမ္ေတာ္က ေမြးစားထားသည့္ ကေလးအျဖစ္ သူေတြးေနေပမဲ့ အခုေတာ့ သူ႔ကို ျမင္လိုက္ခ်ိန္တြင္ အေတာ္ေလး ျခားနားေနသည္…..
အခုေတာ့ သူ႔တြင္ စီးပြားေရးေလာက သတင္းေတြကို ဖတ္ထားသည့္ အထင္ႀကီးမႈေတြသာ ရွိေနသည္။ သူ႔အေၾကာင္းေတြကိုလည္း အမ်ားႀကီး ၾကားခဲ့ရသည္။
သူက သခင္ေလးခ်န္းနဲ႔အတူ စီးပြားေရးလုပ္ငန္းကို လုပ္ခဲ့လို႔ ေျပာၾကသည္။ မၾကာခင္တြင္ သူက ဥေရာပတြင္ အေျခက်ခဲ့သည္။ မၾကာခင္မွာပဲ သူက အေတာ္ေလးကို လူသိမ်ားလာခဲ့သည္….
“ခ်ီးေျမႇာက္ဖို႔မလို” သည့္ “ငယ္႐ြယ္ၿပီး အရည္အခ်င္း”ရွိသည့္ လူအျဖစ္ ေဖာ္ျပလာခဲ့ၾကသည္။
ဟုန္ခ်န္းမင္း ကေဇာင္ခ်ီ ေမြးစားခဲ့သည့္ ေကာင္ေလးအျဖစ္ လူတိုင္းက ျမင္လိုက္ခ်ိန္တြင္ သူတို႔အားလုံးက သူေဌးေဇာင္ ကအေစာႀကီး ထြက္သြားခဲ့ေပမဲ့ မိန္းကေလးေဇာင္ ကအေတာ္ေလး ကံေကာင္းသည့္သူ ျဖစ္ေၾကာင္း ေျပာၾကသည္။
ထိုကိစၥတစ္ခုလုံးကို စိတ္ထဲမထားပဲ၊ မိန္းကေလးေဇာင္ ကသူမရဲ႕ဘဝတြင္ သခင္ေလးဟုန္ရဲ႕ လက္ရွိအေျခအေနေၾကာင့္ မေကာင္းသည့္ ေန႔တစ္ေန႔ေတာင္ မရွိခဲ့ေပ။
ထပ္ေျပာရရင္ ဟုန္ခ်န္းမင္း ကေဇာင္အိမ္ေတာ္နဲ႔ ခ်ည္ေႏွာင္ထားေပမဲ့ ေဇာင္အိမ္ေတာ္ရဲ႕ စီးပြားေရးနဲ႔ ပိုင္းျခားထားသည္။ ဒါကပဲ စေတာ့ေဈးကြက္ကို တည္ၿငိမ္ေစသည့္ တူညီသည့္ နည္းလမ္းျဖစ္သည္။ ထိုအခ်က္ေၾကာင့္ပဲ ေဇာင္ရဲ႕စီးပြားေရး စီမံမႈအပိုင္းက တည္ၿငိမ္ေနသည့္ ခံစားခ်က္ျဖစ္ေစခဲ့သည္။
လက္ေထာက္ေက်ာင္ ကခ်က္ခ်င္းပင္ သူ႔အေတြးေတြကို ဖယ္ထုတ္လိုက္ၿပီး ဟုန္ခ်န္းမင္း ကိုႏႈတ္ဆက္လိုက္သည္။ ဟုန္ခ်န္းမင္း ကသူ႔ကို ေခါင္းညိတ္ျပလိုက္ၿပီး အေဖရႈ၊ အေမရႈ နဲ႔အုပ္စု တစ္ခုလုံးကို ၾကည့္လိုက္သည္…. မ်က္ေမွာင္နည္းနည္း ၾကဳတ္သြားၿပီး ေအးစက္စြာ ေမးလိုက္သည္။
“ဒီလူေတြက ဘယ္သူေတြလဲ?” လက္ေထာက္ေက်ာင္ ကသူ႔ကို ခ်က္ခ်င္းပဲ ရွင္းျပလိုက္သည္။
ေဇာင္ယုဟြမ္ နဲ႔မတူစြာပင္ ဟုန္ခ်န္းမင္း ကက်ယ္ျပန႔္သည့္ ပုခုံးေတြရွိသည္။ ေဇာင္ယုဟြမ္ နဲ႔ယွဥ္ရင္ သူက အေတာ္ေလးကို ၿခိမ္းေျခာက္ႏိုင္သည္။
ထိုေနရာတြင္ သူတည္ရွိေနတာက တျခားသူေတြအား မ်ားျပားလွသည့္ ဖိအားေတြကို ေပးႏိုင္ဖို႔ လုံေလာက္ေနၿပီး သူ႔ကို ဆန႔္က်င္ၿပီး တိုက္ခိုက္ဖို႔ကိုေတာင္ အမ်ားႀကီး မေတြးရဲေအာင္ ျဖစ္ေစသည္။
သူ႔အေရွ႕တြင္ ရွိေနသည့္ ဝတ္စုံအျပည့္ဝတ္ထားၿပီး နက္ကတိုင္ခ်ည္ထားသည့္ လူငယ္ေလးက ျခေသၤ့တစ္ေကာင္လို ၿခိမ္းေျခာက္မႈအား ေပးေနခဲ့သည္။
ဒီမိန္းကေလးေဇာင္ ကေကာင္းမြန္သည့္ စိတ္အေျခအေနနဲ႔ ရႈရွင္း အတြက္ေငြထုတ္ေပးတာကိုသာ ရႈရန္ေဟြ႕ ရဲ႕အစ္မႏွစ္ေယာက္က စဥ္းစားေနခဲ့ၾကသည္။ ထို႔ေနာက္ ရႈရန္ေဟြ႕ ကေဇာင္အိမ္ေတာ္ကို ေျပာင္းေ႐ြ႕သြားခ်ိန္တြင္ သူမက ခ်က္ခ်င္းပင္ ႏိုင္ငံျခားကို ထြက္သြားခဲ့သည္။ ဒါက အေတာ္ေလးကို သိသာသည္။
သူမက ေဇာင္အိမ္ေတာ္ရဲ႕ အေမြဆက္ခံမႈ တစ္ခုလုံးကို ခိုးယူခံရတဲ့ မေတာ္တဆမႈ ျဖစ္ခဲ့သည္။ မိသားစုတစ္စုရဲ႕ ကံၾကမၼာက မိန္းကေလး တစ္ေယာက္ကို ဘယ္ေတာ့မွ လုံၿခဳံမႈ မေပးႏိုင္ေပ။
ရႈရန္ေဟြ႕ အစ္မႏွစ္ေယာက္လုံးက ေဇာင္ယုဟြမ္ ဆီမွအခ်ိန္တိုင္း ေငြရဖို႔ကိုသာ ေတြးေနၾကသည္။ ဒါေပမဲ့ အခုေတာ့ သူမဆီက ေငြရဖို႔မေျပာနဲ႔ သူမတို႔ရဲ႕ အေတြးေတြေတာင္ ေပ်ာက္ရွသြားၾကသည္။
သူတို႔က တံေတြးကို ခက္ခဲစြာ မ်ိဳခ်လိုက္ၿပီး သူတို႔ကို တစ္ခုခုက ျဖတ္သြားသလို ခံစားလိုက္ရသည္။ သူတို႔က ဟုန္ခ်န္းမင္း ကိုမ်က္လုံးခ်င္းဆိုင္ၿပီးေတာင္ မၾကည့္ရဲၾကေပ။
“ဒီေနရာကို ထပ္မလာနဲ႔ေတာ့။ ငါ့မွာ သည္းခံႏိုင္တဲ့ စိတ္အမ်ားႀကီး မရွိဘူး” ဟုန္ခ်န္းမင္း ကေအးစက္စြာ ေျပာလိုက္သည္။
ထိုကိစၥအတြက္ သူ႔တြင္ အမ်ားႀကီး ေျပာစရာမရွိပဲ အထဲကို လ်င္ျမန္စြာ ဝင္လိုက္သည္။ အလုပ္ကေန အခ်ိန္ယူၿပီး ျပန္လာရတာက သူ႔အတြက္ မလြယ္ကူေပ။ ေနာက္ၿပီး ဒါကလည္း ေဇာင္ယုဟြမ္ နဲ႔အခ်ိန္ျဖဳန္းဖို႔အတြက္သာ လာခဲ့တာျဖစ္သည္။
သူ႔အခ်ိန္ေတြကို ဒီလူေတြနဲ႔ မျဖဳန္းတီးခ်င္ေပ။ ဟုန္ခ်န္းမင္း အိမ္ေတာ္ထဲကို ဝင္သြားၿပီးေနာက္ ရႈရန္ေဟြ႕ ရဲ႕ဒုတိယအစ္မက အသံက်ယ္က်ယ္နဲ႔ ေမးလိုက္သည္။
“သူေဌးေဇာင္ရဲ႕ သားပဲလား?”
ဘာေၾကာင့္ သူကေကာ ေဇာင္အိမ္ေတာ္မွာ ေနေနရတာလဲ?
လက္ေထာက္ေက်ာင္ ကသတိလက္လြတ္ ျပန္ေျဖလိုက္သည္။
“သူက ေဇာင္အိမ္ေတာ္ရဲ႕ ေမြးစားသား၊ မိန္းကေလးရဲ႕ အစ္ကို”
“ေမြးစားသား?”
အစ္မႏွစ္ေယာက္ရဲ႕ အသံက ခ်က္ခ်င္းပဲ ေျပာင္းလဲသြားခဲ့သည္။ သူတို႔က ကိုယ္ပိုင္သားျဖစ္သည့္ ရႈရွင္း ကိုေတာ့ တရားဝင္ျဖစ္ဖို႔ ျငင္းပယ္ေနၿပီး ရႈအိမ္ေတာ္မွာ ေနထိုင္ေစခဲ့သည္။ ဒါေပမဲ့ ေမြးစားသားက်ေတာ့ ေဇာင္အိမ္ေတာ္ကို လြတ္လပ္စြာနဲ႔ ဝင္ႏိုင္ထြက္ႏိုင္ခဲ့သည္။
ဘာလိုေတြ ျဖစ္ေနခဲ့တာလဲ?
တျခားအစ္မတစ္ေယာက္က သူမလက္ေမာင္းကို လ်င္ျမန္စြာ ခ်ိတ္လိုက္ၿပီး ေျပာလိုက္သည္။
“ေမြးစားသားက သူ႔ကုမၸဏီမွာ CEO ျဖစ္ေနၿပီ…” ဒုတိယအစ္မက ခ်က္ခ်င္းပင္ ပါးစပ္ပိတ္သြားခဲ့သည္။
ဟုတ္တယ္၊ သူတို႔ကို ေဝဖန္ဖို႔အတြက္ သူတို႔ မတက္ႏိုင္ဘူး….
သူတို႔ထြက္သြားတာကို လက္ေထာက္ေက်ာင္ ျမင္လိုက္သည္။ ကားထြက္သြားၿပီးေနာက္တြင္ သူမထိန္းခ်ဳပ္ႏိုင္စြာျဖင့္ သက္ျပင္းခ်လိုက္သည္။
သူေဌးေဇာင္ ကဒီလိုမ်ိဳး မိသားစုက ဆင္းသက္လာတဲ့ အမ်ိဳးသမီး တစ္ေယာက္ကို ဘယ္လိုျဖစ္ၿပီး ေဇာင္အိမ္ေတာ္ကို ေခၚသြင္းႏိုင္ရတာလဲ?
မိန္းကေလးေဇာင္ရဲ႕ အေမကသာ ပိုၿပီးက်က္သေရရွိကာ ျပည့္စုံသည့္ တကယ့္စစ္မွန္တဲ့ အမ်ိဳးသမီး မျဖစ္ႏိုင္ဘူးလား?
ဟုန္ခ်န္းမင္း အိမ္ေတာ္ထဲကို ဝင္လိုက္ခ်ိန္တြင္ သီခ်င္းဆိုေနသည့္ အသံကို ခ်က္ခ်င္း ၾကားလိုက္ရသည္။ ထိုအသံက ဗီဒီယိုက ထြက္လာသည့္ အသံျဖစ္ႏိုင္သည္။
အနီးကို ပိုကပ္သြားခ်ိန္တြင္ လီဂ်င္းယြမ္ ရဲ႕ဗီဒီယိုျဖစ္ေၾကာင္း ေတြ႕လိုက္ရသည္။ လီဂ်င္းယြမ္ ကအခ်စ္သီခ်င္း တစ္ပုဒ္ကို ဆိုေနခဲ့သည္။ သူ႔အသံက ႏူးညံ့ေနၿပီး တည္ၿငိမ္ေနကာ သူ႔ခ်စ္သူအား တီးတိုးေျပာေနသည္ႏွင့္ တူေနသည္။
ဟုန္ခ်န္းမင္း ပိုၿပီးနီးကပ္စြာ ေလွ်ာက္သြားၿပီး ေဇာင္ယုဟြမ္ ကလည္း ၿပဳံးေနတာကို ေတြ႕လိုက္ရသည္။ သူမက ေပ်ာ္႐ႊင္စြာနဲ႔ ၿပဳံးေနခဲ့သည္။
ဒါက ဒီေလာက္ေတာင္ ေပ်ာ္ဖို႔ေကာင္းလို႔လား?
ထိုအခ်က္ေၾကာင့္ ဟုန္ခ်န္းမင္း မေပ်ာ္မ႐ႊင္ျဖစ္သြားခဲ့သည္။ သူ႔ကြန္မန႔္ကိုေတာ့ သူမက ျပန္ေတာင္ မေျဖေသးဘူး။
“ဟြမ္ဟြမ္”
“ဟမ္?” ေဇာင္ယုဟြမ္ ကသူ႔ကို ေမာ့ၾကည့္လိုက္ၿပီး ေျပာလိုက္သည္။
“ကိုကိုခ်န္းမင္း ဘယ္အခ်ိန္က ျပန္ေရာက္တာလဲ?” ဟုန္ခ်န္းမင္း ကမ်က္ေမွာင္ၾကဳတ္လိုက္ၿပီး ေျပာလိုက္သည္။
“ငါအလုပ္ကိစၥနဲ႔ ခရီးသြားစရာရွိလို႔ မင္းကို ျမင္ခ်င္လို႔ အိမ္ကို ျပန္လာခဲ့တာ” ေဇာင္ယုဟြမ္ ကသူမေလးကို ပုတ္ျပလိုက္ၿပီး ေျပာလိုက္သည္။
“လာ၊ ဟြမ္ဟြမ္နဲ႔အတူ ဒါကို ၾကည့္” ထိုအခ်က္က ဟုန္ခ်န္းမင္း ကိုပိုၿပီးေတာင္ မေပ်ာ္မ႐ႊင္ျဖစ္သြားေစသည္။
သူနဲ႔အတူ သူမက လီဂ်င္းယြမ္ ရဲ႕ဗီဒီယိုကို ၾကည့္ခ်င္ေနတာလား?
လီဂ်င္းယြမ္ ကသီခ်င္းနဲ႔ အက,ကတာမွာ တကယ္ပဲေကာင္းတာလား?
ေဇာင္ယုဟြမ္ ကသူမဖုန္းအား သူ႔လက္ထဲကို ေပးလိုက္သည္။ ဟုန္ခ်န္းမင္း ကဖုန္းကို ငုံ႔ၾကည့္လိုက္ၿပီး ဒါက လီဂ်င္းယြမ္ ရဲ႕Live ဗီဒီယိုျဖစ္ၿပီး ဖုန္းမ်က္ႏွာျပင္တြင္လည္း ကြန္မန႔္ေတြ အမ်ားႀကီး ရွိေနသည္…
ခ်က္ခ်င္းပင္ ဟုန္ခ်န္းမင္း ကသူ႔ရဲ႕ခံစားခ်က္ေတြ ပိုေကာင္းသြားသလို ခံစားလိုက္ရသည္။
10.8.2020 (Mon)
………………………
[text_hash] => 158329fb
)