Array
(
[text] =>
<Unicode>
တဆိတ်လောက်၊ ငါ့ဇနီးလေးအတွက် လက်ဖက်ရည် သွားယူဖို့လိုတယ်
“အင်း….. ကိုကိုချန်းမင်း” ဇောင်ယုဟွမ် နူးညံ့စွာ ပြောလိုက်သည်။
ဒါက အရင်တုန်းက အချိန်တွေနဲ့ တူသည်။ သူမအသံက နူးညံ့ပြီး သိမ်မွေ့နေသည်။ ထိုအရာကို အရင်တုန်းက အကြိမ်များစွာ ဟုန်ချန်းမင်း ကြားခဲ့ရသည်။
ဒါပေမဲ့ ဒီတစ်ကြိမ်ကတော့ သူကြားခဲ့ရသည့် ပထမဆုံး အကြိမ်နဲ့ တူနေသည်။ သူ့ရင်ဘတ်၊ နားတွေနဲ့ လည်ပင်းတွေမှာ ပူလာတာကို သူခံစားမိသည်။
ဟုန်ချန်းမင်း ကသူ့နှုတ်ခမ်းတွေကို ဟလိုက်ပြီး တခြားအရာကို ပြောချင်ပေမဲ့ သူ့ဘေးက ဖုန်းကနေ အသံကို ကြားလိုက်ရသည်။ ဟုန်ချန်းမင်း ရွေးချယ်စရာ မရှိတော့ပဲ သူပြောချင်နေသည့် စကားတွေကို မြိုချလိုက်သည်။
ဒါပေမဲ့ အစောပိုင်းက ကြားခဲ့ရသည့် ‘ကိုကိုချန်းမင်း’ ဆိုသည့် အသံကတော့ သူ့စိတ်ထဲတွင် စွဲနေပြီး ပြန်ပြန်ကြားနေခဲ့သည်။ ဇောင်ယုဟွမ် ကဖုန်းကို ချလိုက်ပြီး သူမနားကို ထိလိုက်သည်။
ဟုန်ချန်းမင်း ဆီက အသံကနေ သူမကို သူ့ရဲ့ တကယ်ပုံစံကို သတိပေးနေခဲ့သည်။
သူက ဗီလိန်ပဲ။
ဇောင်ယုဟွမ် သက်ပြင်းချလိုက်ပြီး သူမဘာသာ တွေးလိုက်သည်။ ‘သူကလေးတုန်းက ‘ကိုကို’လို့ ခေါ်လိုက်ချိန်မှာ သူ့နားတွေက နီရဲသွားတယ်။ အခုတော့ သူက တက်ကြွစွာနဲ့ တောင်းဆိုခဲ့တယ်’
ကျစ်!
အဲ့လူတွေ!
သူတို့တွေ အရွယ်ရောက်လာတာက ကောင်းကိုမကောင်းဘူ!
*****
လီဂျင်းယွမ် ရဲ့ရှိုးပွဲကလည်း အပိုင်း ၃ ကိုလျင်မြန်စွာနဲ့ ရောက်လာခဲ့သည်။ သူက ရှာဖွေမှုမှတ်တမ်းတွင် ထိပ်ဆုံးကို ထပ်ရောက်ခဲ့ပြီး နိုင်ငံသားအများစုက သူ့ကို ‘နိုင်ငံသားတွေရဲ့ ချစ်စရာ ပါပီမျက်နှာလေး’လို့ ခေါ်ကြလေသည်။
သူ့အသွင်အပြင်နဲ့ ပုံစံကြောင့် သူ့ဆီကနေ ဘယ်သူမှ ချစ်ခြင်းမေတ္တာကို ရမှာမဟုတ်ဟု သူတို့က ယုံကြည်ကြသည်။ လီဂျင်းယွမ် ကအင်တာနက်ပေါ်တွင် အံ့အားသင့်စရာကောင်းလောက်သည့် အရှိန်ဖြင့် လူကြိုက်များလာခဲ့သည်။
သူ့ဖန်တွေကလည်း ရက်သတ္တပတ် အနည်းငယ်အတွင်းမှာပဲ ငါးသန်းအထိ တိုးလာခဲ့သည်။ အပိုင်း ၄ ကိုလွှင့်ချိန်တွင် ရှုရန်ဟွေ့ နဲ့ ရှုယုရှန်း တို့က သူတို့ရဲ့ စမ်းသပ်ချက်တွေ ကျော်ခဲ့ကြသည်။
ရှုရန်ဟွေ့ ကတော့ ထောင်ဒဏ် ၃ နှစ်ကျခံခဲ့သည်။ ရှုယုရှန်း ကတော့ ကိစ္စအားလုံးကို ရှုရန်ဟွေ့ ဆီကို လွှဲချခဲ့သည်။ ဒီအရာက ထင်ရှားသည့် မိသားစုတွင် ဖြစ်ပျက်ခဲ့တာကြောင့် သတင်းတစ်ပုဒ် ဖြစ်လာခဲ့သည်။
မီဒီယာအားလုံးက သတင်းရဖို့အတွက် တိုက်ခိုက်နေကြသည်။ လန်ဂျင်းဇီ တောင်မှ ထိုအရာကို သတင်းစာထဲတွင် ဖတ်ခဲ့ရသည်။
ရှုရန်ဟွေ့ နဲ့သူမသမီး တို့ရဲ့ပြစ်မှုတွေ အကြောင်းကို ရှာဖွေဖို့က လူတိုင်းအတွက်တော့ ကြီးမားသည့် အရာမဟုတ်တော့ပေ။ ထင်ရှားသည့် မိသားစုတွင် ဖြစ်ပျက်လာသည့် ကိစ္စက ပြဿနာဖြစ်သည်။ သူတို့က ဇောင်အိမ်တော်ကို ပိတ်ထားခဲ့တာကြောင့် ထိုအရာက ဇောင်ယုဟွမ် ကိုအနှောင့်အယှက် ဖြစ်စေခဲ့သည်။
အတွင်းရေးမှူးချန်း ကသူ့ရုံးခန်းကို စာရွက်စာတမ်းတွေနဲ့ ဝင်လာချိန်တွင် လန်ဂျင်းဇီ ကမော့ကြည့်လိုက်ပြီး ပြောလိုက်သည်။
“သူတို့လိုချင်တာကို သတင်းပို့ခွင့်ပြုလိုက်၊ ဒါပေမဲ့ ဇောင်ယုဟွမ် ကိုအနှောင့်အယှက် မဖြစ်စေနဲ့” အတွင်းရေးမှူးချန်း ကခေါင်းညိတ်ပြီး ပြောလိုက်သည်။
“အိုကေ”
အတွင်းရေးမှူးချန်း ကလုပ်ရည်ကိုင်ရည် မြင့်မားသည်။ စာရွက်စာတမ်းတွေကို ချပြီးနောက်တွင် ချက်ချင်းပဲ လန်ဂျင်းဇီ ရဲ့စားပွဲမှာ သတင်းစာကို ချက်ချင်း ကောက်ယူလိုက်ပြီး သူနဲ့အတူ ယူသွားကာ သတင်းစာတွေနဲ့ မီဒီယာ အားလုံးဆီကို လျင်မြန်စွာ ဆက်သွယ်လိုက်သည်။
သူလုပ်ဖို့ လိုအပ်တာကတော့ စကားအနည်းငယ်လောက် ပြောရုံသာ ဖြစ်တာကြောင့် မခက်ခဲပေ။ ရိုးရှင်းစွာ ပြောရရင် မီဒီယာတွေက တခြားသူ ဘယ်လိုဖြစ်မှာကို မစိုးရိမ်ကြပေ။
သူတို့က သရုပ်ဆောင်တွေ၊ ထင်ရှားသည့် မိသားစုတွေ၊ ချမ်းသာသည့် စီးပွားရေးသမားတွေကို ဂရုမစိုက်ကြပေမဲ့ သူတို့က လန်ဂျင်းဇီ နဲ့သူ့အချက်အလက်တွေကိုတော့ ဂရုစိုက်ကြသည်။
လန်ဂျင်းဇီ ကသူကိုယ်တိုင်ပင် ပြောဖို့မလိုအပ်ပေ၊ သူ့အတွင်းရေးမှူးက စကားနည်းနည်း ပြောလိုက်တာနဲ့ သူတို့ကိုယ်တိုင်ရဲ့ အပြုအမူတွေကို ဆင်ခြင်ဖို့က လုံလောက်သည်။
*****
နောက်တစ်နေ့တွင် ဇောင်ယုဟွမ် ကသတင်းထောက်တွေ သူမအိမ်နားတွင် နည်းပါးသွားတာကို ချက်ချင်း သတိထားမိသွားသည်။ အိမ်တော်က အိမ်ဖော်တောင်မှ မထိန်းချုပ်နိုင်ပဲ ပြောလိုက်သည်။
“အစောင့်တွေ တင်းတင်းကြပ်ကြပ် စောင့်ကြပ်နေတာတောင် သူတို့က ခိုးဝင်ကြဖို့ ကြိုးစားကြသေးတယ်။ အရှက်မရှိတဲ့ လူတွေ! ကံကောင်းစွာနဲ့ပဲ နောက်ဆုံးတော့ သူတို့က သူတို့အသိနဲ့ ထွက်သွားရမှာကို နားလည်သွားပြီပဲ…. သူတို့ကြောင့်ပဲ မိန်းကလေးက အိမ်တော်အပြင်ကိုတောင် လမ်းမလျှောက်ရဘူး”
ဆိုဖာတွင် ခွေနေသည့် ဇောင်ယုဟွမ် ကဘာမှမပြောပဲ ပြုံးလိုက်သည်။ လက်ထောက်ကျောင် ကမကြာခင်က သူတို့ကုမ္ပဏီက အချက်အလက်တွေကို တင်ပြခဲ့ပြီး ဇောင်ယုဟွမ် ကဘလက် ကော်ဖီ တစ်ခွက်တောင် လုပ်ပေးခဲ့သည်။
ဘလက်ကော်ဖီ ကအရင်တုန်းက အင်္ဂလန်ကနေ ဇောင်ယုဟွမ် ဝယ်လာခဲ့တာ ဖြစ်သည်။ လက်ထဲတွင် ဘလက်ကော်ဖီကို ကိုင်ထားရင်း ဇောင်ယုဟွမ် မေးလိုက်သည်။
“ရှုရှင်း ကဒီအကြောင်းကို အခုတော့ သိသင့်ပြီမလား? သူ့တုန့်ပြန်ချက်က ဘယ်လိုလဲ?”
“ဒါက အတော်လေးကို ထူးဆန်းပါတယ်…. သခင်လေးရှု က ရှုရန်ဟွေ့ ကိုနှစ်သက်ပုံမရပေမဲ့ ထိုအကြောင်းကို ကြားလိုက်တုန်းက ငိုခဲ့တယ်။ ဒါပေမဲ့ အဲ့နောက်မှာ သူပထမဆုံး ပြောတဲ့အရာက မာဖီကျောင်းမှာ မနေပဲ တခြားကို ပြောင်းချင်တယ်လို့ ပြောခဲ့တယ်”
“အခု သူဘယ်နေရာမှာလဲ?”
“ရှုအိမ်တော်မှာပါ” ဇောင်ယုဟွမ် မျက်ခုံးပင့်လိုက်သည်။
“ရှုအိမ်တော်မှာ တခြားမိသားစုတွေ ရှိလား?”
“ရှိပါတယ်၊ ရှုရန်ဟွေ့ ရဲ့မိဘတွေက ရှိနေတုန်းပါပဲ။ သူမမှာ အစ်မနှစ်ယောက်လည်း ရှိပါတယ်။ သူမမိဘတွေက သခင်လေးရှု ကိုခေါ်ခဲ့ပါတယ်” လက်ထောက်ကျောင် ကပြောလိုက်သည်။ ထို့နောက် ခနရပ်လိုက်ကာ ထပ်ပြောလိုက်သည်။
“အရင်တုန်းက သူဌေးဇောင် ကသခင်လေးရှု ကိုဇောင်အိမ်တော်ရဲ့ အစိတ်အပိုင်းအဖြစ် လက်ခံမှာ မဟုတ်ဘူးလို့ ပြောခဲ့တယ်….”
ရှုရှင်း က ဇောင်ချီ ရဲ့သားဆိုတာကို ဦးနှောက် တစ်ဝက်သာရှိတဲ့ လူတွေကလွဲပြီး ကျန်တဲ့သူတွေ အကုန်လုံး ပြောနိုင်တယ်။ ဒါ့ကြောင့်ပဲ ရှုရှင်း မှာများပြားလှသည့် ပြဿနာတွေ ဖြစ်လာခဲ့သည်။
သူတို့က သူဌေးဇောင် ရဲ့စကားတွေကို စွဲမြဲစွာ ဆုပ်ကိုင်ထားရင် လူကြားထဲတွင် ဇောင်ယုဟွမ် ကဂရုစိုက်မခံရတဲ့ သမီးလို့ အခေါ်ခံရလိမ့်မည်။ လက်ထောက်ကျောင် က ဇောင်ယုဟွမ် ဘက်တွင်သာ ရှိနေခဲ့သည်။
ပုံမှန်အားဖြင့် သူ့လက်ရှိသူဌေး၊ မိန်းကလးဇောင် အားလူထုရဲ့ ထင်မြင်ချက်ကို လိုက်နာနေစေရန်က သူ့ဆန္ဒမဟုတ်ဘူး။ နောက်ပြီး မကောင်းမြင်တတ်တဲ့ လူထုရဲ့ အမြင်တွေက သူတို့ရဲ့ စတော့ဈေးနှုန်းကိုလည်း အကျိုးသက်ရောက်နိုင်သည်။
သူဌေးဇောင် ရှိချိန်တုန်းက သူက မျိုးဆက်ဟောင်းဖြစ်ပြီး ဘယ်သူကမှ သူ့ဆုံးဖြတ်ချက်ကို မဆန့်ကျင်ရဲကြပေ။ ဒါပေမဲ့ အခုက မိန်းကလေးဇောင် ဖြစ်လာချိန်တွင် သူမ မောင်လေးဆီကနေတောင် တိုက်ခိုက်ခံနေရသည်။
လက်ထောက်ကျောင် ကဘာပြောဖို့ ကြိုးစားနေလဲဆိုတာကို ဇောင်ယုဟွမ် နားလည်သည်။ သူမက ပြုံးလိုက်ပြီး ပြောလိုက်သည်။
“ဇောင်အိမ်တော်က သူ့ကျောင်းစရိတ်ကို ဆက်ပေးနေဦးမှာပါ။ သူဘွဲ့ရတဲ့အထိ၊ ဒါမှမဟုတ် Ph.D ရတဲ့အထိ ကျွန်မတို့ဘက်က ဂရုစိုက်ပေးမှာပါ။ ဒါက လုံလောက်သင့်တယ်လို့ ကျွန်မထင်တယ်။ နောက်ပြီး၊ ရှုရန်ဟွေ့ ကအိမ်တစ်လုံး၊ ကားတစ်စီးတောင် မရှိဘူးလား? အဲ့ဒါတွေအားလုံးက သူ့အပိုင်ဖြစ်လာမှာပဲလေ။ အိမ်၊ ကားနဲ့ ကျူရှင်စရိတ်တွေထက်တောင် များပြားသေးတယ်၊ သူက တခြားသူတွေထက် ကံကောင်းပြီးသားပဲ”
“အိုကေ၊ ကျွန်မတို့ ဒါကို မြင်ရမှာပါ” ပြောလိုက်ပြီး ဇောင်ယုဟွမ် ကလက်ဖက်ရည်ခွက်ကို ချလိုက်ပြီး သူမဖုန်းကို ဖွင့်လိုက်ကာ WeChat မှဗီဒီယိုကို ကြည့်လိုက်သည်။
အဲ့ဒါကတော့ လီဂျင်းယွမ် ရဲ့ဗီဒီယို ဖြစ်သည်။
သူ့ရိုက်ကူးရေးအတွင်းတွင် လီဂျင်းယွမ် အားလူကြိုက်များသည့် အဆိုတော်တစ်ဦးရဲ့ MV အတွက် လက်မှတ်ထိုးခဲ့သည်။ ထို MV တွင် သူသရုပ်ဆောင်ရသည့် နေရာမှာ အင်ပါယာ ပြိုလဲချိန်တွင် တစ်ယောက်ထဲသာ ကျန်နေခဲ့သည့် မင်းသား တစ်ပါးနေရာမှ ပါဝင်ခဲ့သည်။
သူ့တွင် တစ်ဖက်ကို စောင်းနေသည့် သရဖူနဲ့ နပိုလီယံ အဖြူရောင် အဝတ်အစားတွေကို ဝတ်ထားသည့်အပြင် သူ့လက်ထဲတွင်လည်း ဓားတစ်ချောင်းကို ကိုင်ထားသည်။
လီဂျင်းယွမ် သည်အရင်တုန်းက ဓားသိုင်းကို လေ့ကျင့်ခဲ့ဖူးတာကြောင့် ကင်မရာအောက်တွင် ဓားကိုကိုင်ထားသည့် သူ့ပုံစံမှာ အရပ်ရှည်ပြီး သွယ်လျကာ၊ အတော်လေးကို ကြည့်ကောင်းနေပြီး နပိုလီယမ် ဝတ်စုံက သူ့အား တော်ဝင်ဆန်ပြီး မာနကြီးပုံပေါ်သွားစေသည်။
ဇောင်ယုဟွမ် တောင်ထိုဗီဒီယိုအား ကြည့်ကြီးနောက်တွင် လီဂျင်းယွမ် ရဲ့ပြိုင်ဘက်ကင်းသည့် အကြောင်းအရာတွေကြောင့် သက်ပြင်းချလိုက်မိသည်။ သူက ဇာတ်လိုက်ဆိုတာက အံ့ဩစရာမရှိဘူးပဲ။
ဗီဒီယိုကို ကြည့်ပြီးနောက်တွင် Wechat ကပြန်ရှယ်ထားတာက တစ်သောင်းရှိပြီး ကွန်မန့်က ၁၃၀၀၀ ရှိတာကို တွေ့လိုက်ရသည်။
တကယ်ပဲ ပြည့်စုံလွန်းတယ်….
ဒီလိုမျိုး ခံစားလိုက်ရတာက သူမ တစ်ယောက်တည်း မဟုတ်ပေ။ တခြားလူတိုင်းကလည်း ဒီလိုမျိုး ခံစားမိမှာပဲ! ဒါ့ကြောင့်ပဲ လူတိုင်းက ဒီဗီဒီယိုကို ပြန်ရှယ်နိုင်ကြတာပေါ့!
ထို့နောက် ဇောင်ယုဟွမ် က လီဂျင်းယွမ် ရဲ့WeChat ကိုနှိပ်လိုက်သည်။ အခုတော့ သူ့မှာ ဖန်တွေတောင် ရှိနေပြီ။ အခုသူ့ဖန်က ခြောက်သန်းကျော်တောင် ရှိနေပြီ။
ဒီနှုန်းနဲ့ သူ့ဖန်အရေအတွက်က သိပ်မကြာခင်မှာ ၁၀ သန်းတောင်ကျော်သွားနိုင်တယ်….
ဟုန်ချန်းမင်း ပြောခဲ့တာကြောင့် ဇောင်ယုဟွမ် Wechat မကြည့်ခဲ့တာ ရက်ပိုင်းလောက် ရှိနေခဲ့သည်။ အခုတော့ သူမ သတိရသွားပြီး သူမကိုယ်ပိုင် အကောင့်ကို ကြည့်လိုက်သည်။ သူမထွက်ထားခဲ့သည့် အကောင့်ကို ပြန်ဝင်လိုက်သည်။
သူမရဲ့ အဓိကပေ့ချ်အောက်ကို ကြည့်လိုက်ပြီး သူမတွင်လည်း ဖန် နှစ်သန်းကျော် ရှိနေသည်။ ပုံမှန်ဖြင့် ဒါက လီဂျင်းယွမ် အနားကိုတောင် မနီးကပ်ပေ။ ဒါပေမဲ့ အဲ့ဒါက ဓာတ်ပုံလေး တစ်ပုံထဲကနေ ဖြစ်ပြီး ဒါကလည်း အတော်လေး အထင်ကြီးစရာ ဖြစ်ခဲ့သည်။
ဇောင်ယုဟွမ် ကသူမရဲ့ ဘလက်ကော်ဖီကို ဓာတ်ပုံရိုက်လိုက်ပြီး တင်လိုက်သည်။ သူမက အင်တာနက်တွင် လုံလောက်အောင် ဩဇာလွှမ်းမိုးနေတာ မဟုတ်ပေမဲ့ အခုတော့ သူမတွင် ဖော်လိုဝါများစွာရှိနေပြီး သူမက အချိန်အတော်ကြာ ဘာမှမတင်ခဲ့တာအတွက် စိတ်မကောင်းဖြစ်သလို ခံစားရသည်။
သူမဖန်တွေ ပျောက်သွားမှာကို သူမ မလိုချင်ပေ။ သူမ ပုံတင်ပြီးမကြာခင် ကွန်မန့်တွေက ချက်ချင်းပင် တက်လာခဲ့သည်။
“ဇနီးလေးရဲ့လက်က အတော်လေးကို လှတာပဲ။ သူမလက်ချောင်းတွေက သေးသွယ်ပြီး အတော်လေးကို လှတယ်!”
“ဇနီးလေး အခုဘာသောက်နေတာလဲ? လက်ဖက်ရည်လား? တဆိတ်လောက်၊ ငါ့ဇနီးလေးအတွက် လက်ဖက်ရည် ယူပေးဖို့ လိုအပ်နေတယ်!”
“သူမ လက်ကလေးတောင် တော်တော်လှတာပဲ…. ငါ့ကိုယ်ငါ ပြန်ကြည့်လိုက်ရင် ငါ့လက်က ဝက်လိုမျိုးပဲ….”
ဇောင်ယုဟွမ် ကသူမကို “ဇနီး”လို့ ရည်ညွှန်းပြောနေကြတဲ့ သူတွေရဲ့ အကောင့်တွေကို ဝင်ကြည့်လိုက်သည်။ သူတို့အများစုက မိန်းကလေးတွေ ဖြစ်ကြသည်။
အင်း….. အခုခေတ် မိန်းကလေးတွေက တခြားသူတွေကို “ယောင်္ကျား” လို့မခေါ်ပဲ “ဇနီး”လို့ပဲ သုံးကြတာလား?
ဒါက ချစ်ဖို့ကောင်းတယ်။
ဇောင်ယုဟွမ် ကသူတို့ရဲ့ စာတစ်ချို့ကို နှိပ်လိုက်ပြီး “နှလုံးသား”ပုံစံ emoji ဖြင့်ပြန်ဖြေလိုက်သည်။
*****
ဟုန်ချန်းမင်း ကသူ့အပေါ်ဝတ်ကို ချွတ်လိုက်ပြီး ဘေးတွင်ချလိုက်သည်။ အနည်းငယ် မှီလိုက်ပြီး ဆောက်လုပ်ရေး အစီအစဉ်ကို အာရုံစိုက်ပြီး လေ့လာနေခဲ့သည်။ သူ့ဘေးပတ်လည်က လူတိုင်းက အသက်ရှူသံတောင် ကျယ်ကျယ် မရှူရဲကြပေ။
မကြာခင်တွင် သူ့ဖုန်းဆီက အသံက တိတ်ဆိတ်နေသည့် အခန်းထဲတွင် ထွက်ပေါ်လာခဲ့ပြီး ထိုအသံက ဘာလဲဆိုတာကို နားလည်ဖို့အတွက် ဟုန်ချန်းမင်း တောင်အချိန်အနည်းငယ် တွေးတောလိုက်ရသည်။
ဒါက နိုတီ (Noti) အသံပင်ဖြစ်သည်။ ဒီအသံက သူ့အတွင်းရေးမှူးက ထည့်ထားပေးခြင်းဖြစ်သည်။ ဇောင်ယုဟွမ် ရဲ့WeChat မှလှုပ်ရှားမှုတွေတိုင်းအတွက် နိုတီအား ထည့်ထားခြင်းဖြစ်သည်။ (Facebook မှာဆိုရင် Close Friend/ Noti ဖွင့်ထားသလိုမျိုး)
ဟုန်ချန်းမင်း ခါးကိုမတ်လိုက်ပြီး သူ့ဖုန်းကို ကောက်ကိုင်လိုက်သည်။ ထို့နောက် WeChat တွင် ဇောင်ယုဟွမ် ရဲ့ပို့စ်အသစ်ကို မြင်လိုက်ရသည်။ ထိုအကြောင်းကို ဟုန်ချန်းမင်း ကစဉ်းတောင်း မစဉ်းစားပဲ တုန့်ပြန်လိုက်သည်။
“ငါတို့ နောက်ဆုံးအကြိမ်တုန်းက ဝယ်လာခဲ့တဲ့ F&M Earl Grey ကပိုကောင်းတယ်။ အဲ့ဒါက မင်းဧည့်ခန်းကို လျှောက်သွားလိုက်ရင် ဘယ်ဘက်ခြမ်းက အံဆွဲအတွင်းမှာရှိတယ်”
သူ့လက်ထဲတွင် ဖုန်းကို ကိုင်ထားပြီး စောင့်ပြီးရင်း စောင့်နေခဲ့သည်။ ဒါပေမဲ့ ဇောင်ယုဟွမ် ဆီက ပြန်ဖြေတာကို မမြင်ရပေ။ အိုကေ၊ ဒါကို စိတ်ထဲမထားဘူး။
ဟုန်ချန်းမင်း ကပေ့ချ်ကို ကြည့်လိုက်ချိန်တွင် အပေါ်ဆုံးက ကွန်မန့်ကတော့ “ဇနီးလေးရဲ့ လက်က အတော်လေး လှတာပဲ။ လျက်၊ လျက်၊ လျက်”
ထို့နောက် “အခု ဇနီးလေးက ဘာသောက်နေတာလဲ? လက်ဖက်ရည်လား? တဆိတ်လောက်၊ ငါ့ဇနီးလေးအတွက် လက်ဖက်ရည် ယူပေးဖို့ လိုအပ်နေတယ်!”
ဟုန်ချန်းမင်း ကထိုစာကို နှိပ်လိုက်ပြီး ဇောင်ယုဟွမ် ကထိုစာအား ပြန်ဖြေထားတာကိုလည်း တွေ့လိုက်ရသည်။ နောက်ပြီး သူမက နှလုံးသားပုံစံ Emoji နဲ့တောင် ပြောထားသေးတယ်!
ချက်ချင်းပဲ သံပုရာသီး တစ်လုံးလုံးကို စားလိုက်ရသလိုမျိုး ဟုန်ချန်းမင်း ခံစားလိုက်ရသည်။
…အရမ်းချဉ်တာပဲ။
“မစ္စတာဟုန်?”
တစ်ယောက်ယောက်က သူ့ဘေးကနေ ညင်သာစွာဖြင့် သတိပေးလိုက်သည်။ သူတို့တွင် ဂရုစိုက်ရမည့် တခြားအရာတွေ ရှိနေသေးသည်။ ဟုန်ချန်းမင်း ကသူ့ဒေါသတွေကို ဖိနှိပ်လိုက်ပြီး သူ့ဖုန်းကို အဝေးမှာချလိုက်ပြီး တည်ငြိမ်အောင် ပြုလုပ်လိုက်သည်။
သို့သော် သူ့နားတွေကတော့ ဖုန်းဆီမှ အသံကို ကြားရမလားဆိုပြီး နားစွင့်နေခဲ့သည်။
*****
ရှိုးပွဲအတွင်းတွင် လီဂျင်းယွမ် ကပုံမှန်လှုပ်ရှားမှုသာ ရှိသည့် မီဒီယာများဆီမှ အင်တာဗျူးများကို လက်မခံခဲ့ပေ။ ထို့နောက် သူဖြေချင်သည့် အင်တားဗျူး အနည်းငယ်ကိုသာ သွားခဲ့ပြီး ထိုအချက်ကပင် အင်တာနက်က ဖန်တွေက ပိုများလာခဲ့သည်။
ထို့နောက်တွင် ရုတ်တရက် လူတိုင်းက သူအား အင်တာဗျူးချင်နေကြသည်။ စတော်ဘယ်ရီ မီဒီယာမှ ကံကောင်းစွာဖြင့် လီဂျင်းယွမ် အားအင်တာဗျူးဖို့ ဖိတ်ခေါ်နိုင်ခဲ့သည်။
လီဂျင်းယွမ် သည်ကင်မရာပေါ်တွင် ရှိသည့် လူနဲ့ အတော်လေး ခြားနားသည်။ စတော်ဘယ်ရီ မီဒီယာမှ ဝန်ထမ်းများသည် တုန်လှုပ်သွားခဲ့ကြသည်။
သူက အဆ ၁၀၀ ထက်တောင် ကြည့်ကောင်းနေသေးတယ်!
နောက်ပြီး သူ့စိတ်ထားကလည်း အဆ ၁၀၀ တောင်ကောင်းသေးတယ်!
ဒါက ကြင်နာတတ်တဲ့ မင်းသားနဲ့တူတဲ့ ဇာတ်ရုပ်ပဲလား?!
ကင်မရာရှေ့ကို လျှောက်လာချိန်တွင် သူ့ပုံရိပ်က ပျက်စီးမသွားရုံသာမက သူက ပိုပြီးတော့တောင် ကြည့်ကောင်းလာသေးတယ်!
ရိုးရိုးရှင်းရှင်း နှုတ်ဆက်ပြီးနောက်တွင် အင်တာဗျူးက စတင်ခဲ့သည်။
“အသက်က?”
“၁၈”
“အရပ်အမြင့်က?”
“၁.၈၂ မီတာ”
“အို၊ ရှင်က အရွယ်နဲ့မလိုက်ပဲ အရပ်ရှည်တာပဲ! ဒီ MV ကိုရိုက်ကူးနေချိန်မှာ ရှင်ဘာတွေ စဉ်းစားနေလဲဆိုတာကို ကျွန်မတို့ သိအောင် ပြောပြပေးနိုင်မလား?”
“ဒါက အခွင့်အလမ်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်မယ်ဆိုတာကို ကျွန်တော် နားလည်ပါတယ်”
“Haha ဒါက တရားဝင်ဖြေတာနဲ့ တူနေတယ်” အင်တာဗျူးသူက ရယ်မောကာဖြင့် မေးလိုက်သည်။
“ရှင်က လက်ထဲမှာ ဓားကိုင်ထားတာက တော်ဝင်မင်းသား တစ်ပါးနဲ့ အတော်လေး တူတယ်လို့ လူတိုင်းက ပြောနေကြတယ်။ ရှင့်အတွေးကကော ဘယ်လိုလဲ?”
“ကျွန်တော် မင်းသားတစ်ပါး မဖြစ်ချင်ဘူး။ ကျွန်တော်က ဓားသမားပဲ ဖြစ်သင့်တယ်”
“မင်းသား၊ ဓားသမား၊ နှစ်မျိုးလုံးက အတော်လေး မိုက်တယ်!” အင်တာဗျူးသူက ချီးကျူးလိုက်ပြီး သူ့ကို ထပ်မေးလိုက်သည်။
“ရှင်ဓားကိုင်ထားပုံက အတော်လေးကို ကျွမ်းကျင်နေတယ်လို့ ကျွန်မ ကြားခဲ့တယ်?”
“ဟုတ်တယ်။ အရင်တုန်းက ဓားသိုင်းကို လေ့လာခဲ့ဖူးတယ်”
“Wow! အံ့ဩစရာပဲ! ရှင့်ရဲ့ ဝါသနာက ဘာတွေလဲ? အဲ့ဒါက ဓားသိုင်းလား?” လီဂျင်းယွမ် ကနူးညံ့စွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။
“လက်ဖက်ရည် သောက်တာပါ ထည့်တွက်လို့ရမလား? ဘလက်ကော်ဖီ”
9.8.2020 (Sun)
……………………
<Zawgyi>
သူက ဗီလိန်ပဲ။
ကျစ်!
အဲ့လူတွေ!
*****
“အိုကေ”
*****
“အခု သူဘယ်နေရာမှာလဲ?”