ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] – 46❇️ ဟွမ်ဟွမ် ကိုကိုလို့ခေါ်
// qc

ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] - 46❇️ ဟွမ်ဟွမ် ကိုကိုလို့ခေါ်

Array
(
[text] =>

<Unicode>

ဟွမ်ဟွမ်၊ ကိုကို လို့ခေါ်

ဟုန်ချန်းမင်း က ဇောင်ယုဟွမ် ကိုဖုန်းခေါ်လိုက်ချိန်တွင် သူမက လီဂျင်းယွမ် နဲ့ဖုန်းပြောနေခဲ့သည်။

“အခု ငါတို့က တတိယအပိုင်းကို ရိုက်ကူးနေကြတာ” လီဂျင်းယွမ် ကတစ်ဖက်ကနေ ပြောလိုက်သည်။

“အို! ဒါဆို နှစ်ပိုင်းပဲ ရှိတာလား?” ဇောင်ယုဟွမ် ကမေးလိုက်သည်။ သူမက ဒီအကြောင်းနဲ့ ပတ်သက်ပြီး အာရုံသိပ်မထားပေ။

“ပထမပိုင်းကတော့ လွှင့်ပြီးပြီ”

ဇောင်ယုဟွမ် – “……”

ဒါဆို သူမ မြင်ခဲ့တာက ပထမပိုင်းကလား? ဒါက တော်တော့်ကို အထင်ကြီးဖို့ကောင်းတယ်။

“မင်းကိစ္စတွေ အားလုံးကို လုပ်ပြီးသွားပြီလား၊ ဟွမ်ဟွမ်?” လီဂျင်းယွမ် မေးလိုက်သည်။

“အင်း၊ နည်းနည်းတော့ လုပ်ပြီးပြီ”

“ဒါဆို ရိုက်ကူးရေး နေရာကို အလည်လာချင်လား?” လီဂျင်းယွမ် ကမေးလိုက်သည်။

တစ်ဖက်မှ စိတ်လှုပ်ရှားစွာဖြင့် သူ့ဖုန်းကို တင်းတင်းဆုပ်ထားမှာကို ဇောင်ယုဟွမ် ပုံဖော်နိုင်သည်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့တောင်းဆိုချက်ကို သူမ ငြင်းပယ်လိုက်သည်။

“အာ” လီဂျင်းယွမ် ကနိုင်ငံခြားတွင် မောဒယ်လ်အလုပ်ကို ကောင်းမွန်စွာ လုပ်ကိုင်ခဲ့ပေမဲ့ အခုတော့ သူက အမိနိုင်ငံကို ပြန်ရောက်နေပြီး သူက အနုပညာလောကတွင် တက်သစ်စဖြစ်သည်။

သူမသာ အလည်သွားခဲ့ရင် ထုတ်လုပ်ရေးအဖွဲ့ရဲ့ ခွင့်ပြုချက်ကို လိုအပ်လိမ့်မည်။ ဒါကြောင့် ဘာလို့ အနှောင့်အယှက် သွားပေးရမှာလဲ?

“တတ်သစ်စဖြစ်လို့ အလည်လာတာကို မလုပ်သေးတာ ပိုကောင်းလိမ့်မယ်” လီဂျင်းယွမ် အသံက ချက်ချင်းပင် စိတ်ပျက်သွားပုံပေါ်သည်။

“အိုကေ၊ ဒါဆိုလည်း နောက်ပိုင်းတွေကျမှ လာခဲ့ပေါ့” ဇောင်ယုဟွမ် ကဒီအကြောင်းကို နည်းနည်းတွေးတောလိုက်ပြီး ပြောလိုက်သည်။

“အိုကေ”

လီဂျင်းယွမ် ရဲ့စွမ်းဆောင်ရည်နဲ့ဆိုရင် ပြပွဲက ပထမပိုင်း ပြီးတာနဲ့ ရှာဖွေမှုမှ ပထမအဆင့် ဖြစ်နေမှာ သေချာသည်။ နောက်အပိုင်းတွေကျရင် သူကအဖွဲ့ထဲမှာ တောက်ပလာတဲ့ ကြယ်ပွင့်လေး ဖြစ်လာလိမ့်မည်။ သူ့ဆီကို အလည်သွားချိန်တွင် ပြဿနာ မဖြစ်စေချင်ပေ။

“ဓာတ်ပုံတွေ အများကြီး ရိုက်လာခဲ့။ ဂျင်းယွမ် ပြန်ရောက်ရင် ဟုန်ချန်းမင်း နဲ့အတူတူ ကြည့်ကြမယ်” ဇောင်ယုဟွမ် ကပြောလိုက်သည်။

“အိုကေ” သူတို့ရဲ့ စကားပြောခြင်းက အရင်ကထပ် နည်းပါးတာကြောင့် ဇောင်ယုဟွမ် ကအရင် ဖုန်းချလိုက်သည်။

ဒါပေမဲ့ လီဂျင်းယွမ် ရဲ့အသက်ရှူသံက ပိုပြီးလေးလံလာကာ သူ့ခံစားချက်ကလည်း ပြောင်းလဲသွားပုံပေါ်သည်။ ဖုန်းကို သူ့မျက်နှာနားတွင် ကပ်လိုက်ကာ အပြုံးတစ်ခုနဲ့အတူ ပြောလိုက်သည်။

“ဟွမ်ဟွမ့် ကိုလွမ်းနေပြီ”

ပြပွဲရိုက်ကူးရေးကို တရားဝင်မစတင်ခင်မှာ လီဂျင်းယွမ် တခြားအဖွဲ့ဝင်များနဲ့ လေ့ကျင့်နေခဲ့သည်။ လေ့ကျင့်ရေး တစ်ခုလုံးကိုလည်း ရိုက်ကူးထားပြီး နောက်ပိုင်းကျရင် အပိုအနေနဲ့ လိုင်းပေါ်တွင် လွှင့်ပေးမှာ ဖြစ်သည်။

ဒါကပဲ ဇောင်ယုဟွမ် ကို လီဂျင်းယွမ် ဆက်သွယ်တာ ရှားပါးစေသည့် အကြောင်းအရင်း ဖြစ်သည်။ ဇောင်ယုဟွမ် ကဒီအကြောင်းနဲ့ ပတ်သက်ပြီး စိတ်ထဲသိပ်မထားပေ။

အဆုံးတွင်တော့ သူမက လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့နဲ့အတူတူ နှစ်အနည်းငယ်လောက် အတူတူ အချိန်ကုန်ဆုံးခဲ့ကြသည်။ အခုတော့ လီဂျင်းယွမ် ကပင်ပန်းပြီး တောင့်တင်းနေသည့် အသံဖြင့် စကားပြောလိုက်တာကြောင့် ဇောင်ယုဟွမ် လည်းသူမ နှလုံးသားက တင်းကြပ်သွားသလို ခံစားလိုက်ရသည်။

အင်္ဂလန်မှာတုန်းက သူတို့သုံးယောက် အတူတူ ရှိခဲ့ကြသည့် ခရစ်စမတ် အချိန်တွေကို သူမ သတိရမိသည်။ ဒါတွေက မနေ့တစ်နေ့က ဖြစ်ပျက်ခဲ့သလိုပဲ….

“ဟုန်ချန်းမင်း နဲ့ငါကလည်း ဂျင်းယွမ် ကိုသတိရပါတယ်” ဇောင်ယုဟွမ် ရဲ့အသံက အရင်ကထက်တောင် နူးညံ့နေသည်။

လီဂျင်းယွမ် ကသူ့ဖုန်းကို အရင်ကထက်ပင် ပိုပြီး တင်းတင်းကိုင်လိုက်သည်။ ပုံမှန်စကားပြောခြင်းဖြင့် သူမ ပြောလိုက်တာက ဘာမှမမှားပေ။ လီဂျင်းယွမ် ကသူ့ကို ဟုန်ချန်းမင်း ကသတိရလား၊ မရလားဆိုတာကို သူဂရုမစိုက်ပေ။

အရွယ်ရောက်နေတဲ့ ယောင်္ကျားလေး နှစ်ယောက်က ဘာလို့ တစ်ယောက်နဲ့ တစ်ယောက် သတိရနေရမှာလဲ? ဇောင်ယုဟွမ် ဆီကနေ သူ့ကို သတိရတယ်ဆိုတဲ့ စကားကို တိုက်ရိုက်ကြားချင်ရုံသာ ဖြစ်သည်။

“အိုကေ၊ ဘိုင်ဘိုင်”

လီဂျင်းယွမ် အသံက အရင်ကထက်ပင် ဩရှလာခဲ့သည်။ သူ့အသံက အရွယ်ရောက်ပြီးသား လူတစ်ယောက် ပိုင်ဆိုင်သည့် အသံနဲ့ပိုတူလာခဲ့သည်။ ဇောင်ယုဟွမ် နားထဲတွင် ဒီအသံက ချည်လှိုင်းတွေလို ပြောင်းလဲပြီး ဝင်လာခဲ့သည်။

“ဘိုင်ဘိုင်” ဇောင်ယုဟွမ် ကပြောလိုက်ကာ သူမလက်ကို မြှောက်လိုက်ပြီး သူမနားကို ပွတ်လိုက်သည်။ ဖုန်းကို ချလိုက်ပြီးနောက် သူမ မထိန်းချုပ်နိုင်စွာဖြင့် သက်ပြင်းချလိုက်သည်။

သူက တကယ့်ကိုပဲ ဇာတ်လိုက်ပါပဲ။ နှုတ်ဆက်စကားပြောတဲ့ သူ့အသံတောင်မှ အတော်လေးကို ဆွဲဆောင်မှုရှိနေသည်။ တဖက်တွင်တော့ လီဂျင်းယွမ် ကဖုန်းချပြီးသည်နှင့် မော့ကြည့်လိုက်ပြီး လေ့ကျင့်ချိန်တွင် သူနဲ့အတူ နေကြသည့် အခန်းဖော်ဟောင်း သုံးယောက်ကို မြင်လိုက်ရသည်။

“မင်းကောင်မလေးနဲ့ စကားပြောနေတာလား?” သူတို့ထဲက တစ်ယောက်က မေးလိုက်သည်။ လီဂျင်းယွမ် ကရယ်လိုက်သည်။

“သေချာပေါက် မဟုတ်ဘူးပေါ့” တစ်ယောက်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“ဒါဆို ကောင်းတယ်။ ငါတို့က ပြပွဲအတွက် ဝင်ချိန်က လက်မှတ်ထိုးခဲ့ရတာကို စိတ်ထဲမှတ်ထားပါ။ ငါတို့က ဒီအချိန်အတွင်းမှာ ဒိတ်လို့မရဘူး၊ ဒါက ငါတို့ကို အကျိုးသက်ရောက်စေ လိမ့်မယ်” တခြားတစ်ယောက်ကလည်း ပြောလိုက်သည်။

“စာချုပ်ကာလကို စိတ်ထဲမထားနဲ့။ ရှိုးပွဲပြီးရင်တောင် ငါတို့က ဒိတ်လို့ရမှာ မဟုတ်ဘူး။ ငါတို့ ဒိတ်လိုက်တာနဲ့ ငါတို့ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်ကလဲ ပြီးဆုံးသွားလိမ့်မယ်” တခြားတစ်ယောက်က စနောက်လိုက်သည်။

“မစိုးရိမ်ပါနဲ့။ လီဂျင်းယွမ် ကငယ်ပါသေးတယ်။ အချိန်ခနလောက်တော့ သူဒိတ်ဦးမှာ မဟုတ်ပါဘူး” လီဂျင်းယွမ် ခေါင်းညိတ်လိုက်သည်။

အသေအချာပဲ။ အချိန်နည်းနည်းတော့ သူဒိတ်ဦးမှာ မဟုတ်ဘူး။ ဒါနဲ့ပတ်သက်ပြီး ဟုန်ချန်းမင်း ဘယ်လိုခံစားရလဲဆိုတာ သူ မသိပေမဲ့ အနည်းဆုံးတော့ သူကိုယ်တိုင် ဒီဖြစ်နိုင်ချေကို ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးပေ။ သူ့ခေါင်းထဲက ဇောင်ယုဟွမ် ပုံကိုတွေးလိုက်ပြီး သူ့နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ကာ ပြောလိုက်သည်။

“ငါ့အစ်မနဲ့ ဖုန်းပြောခဲ့တာ”

“ဘာ? လီဂျင်းယွမ် မှာအစ်မ ရှိတာလား?”

“သူမက အရမ်းကိုလှမှာပဲ!”

“မင်းအစ်မက အခုအသက် ဘယ်နှစ်နှစ်ရှိပြီလဲ? သူမမှာ ကောင်လေးရှိလား?” ရုတ်တရက်ကြီး လီဂျင်းယွမ် ရဲ့မျက်နှာက မဲမှောင်သွားသည်။

“ငါတို့ကို ဒိတ်ဖို့ ခွင့်မပြုထားဘူးလို့ မင်းပြောခဲ့တာ မဟုတ်ဘူးလား?” တခြားသူတွေက ရယ်လိုက်ကြပြီး ပြောလိုက်သည်။

“ငါတို့က မင်းနဲ့ မတူဘူးလေ။ ငါတို့က ပထမ မရရင်တောင် မင်းကို တစ်ယောက်ယောက်က comeback လုပ်စေချင်မှာပဲ။ ဒီရှိုးပြီးသွားရင် မင်းနဲ့အလုပ်လုပ်ဖို့ စာချုပ်ချုပ်ထားတဲ့ ကုမ္ပဏီတွေ ရှိမှာပဲ။ သေချာပေါက်ကို မင်းဒိတ်လို့ ရမှာ မဟုတ်ဘူး။ ငါတို့ကတော့ ဒီအချိန်ကိုပဲ ထည့်တွတ်လို့ရမယ်။ ဒါပြီးသွားတာနဲ့ ငါတို့က ငါတို့ရဲ့ လေ့ကျင့်ရေးကို ပြန်ရောက်သွားမှာ…. ငါတို့မှာ တခြားဘာမှ လုပ်စရာ မရှိတော့ဘူးဆိုရင် ငါတို့က အိမ်ကို ပြန်လိုက်ရုံပဲရှိတော့တယ်”

“ဒါမှန်တယ်။ ငါ အိမ်ပြန်ပြီး စန္ဒရားနည်းပြဆရာ ဖြစ်လာလိမ့်မယ်”

“ငါက စာအုပ်ဆိုင် ဖွင့်မယ်….”

“နောက်ပြီး အဲ့ဒါကြောင့်ပဲ ငါတို့က ငါတို့လိုချင်သလို ဒိတ်လို့ရပြီ!” သူတို့ သုံးယောက်က တချိန်တည်း ပြောလိုက်ကြသည်။

လီဂျင်းယွမ် – “…….”

“ငါ့အစ်မက ငါနဲ့ အသက်အတူတူလောက်ပဲ။ သူမက လက်ထပ်လို့ မရသေးဘူး” လီဂျင်းယွမ် ကမျက်ခုံးပင့်ပြီး ပြောလိုက်သည်။ သူတို့ထဲက တစ်ယောက်က သူ့ပုခုံးကို ပုတ်လိုက်ပြီး ပြောလိုက်သည်။

“အဲ့တော့ ဘာဖြစ်လဲ? ငါတို့က ၂ နှစ် ၃ နှစ်လောက် ဒိတ်လို့ရနိုင်တာပဲ။ ဒါက ပြည့်စုံသွားလိမ့်မယ်…..” လီဂျင်းယွမ် မျက်နှာက ပိုပြီးမဲမှောင်လာခဲ့သည်။

“မရဘူး။ မင်းလုပ်လို့ မရဘူး။ မင်းက ငါ့အစ်မ အကြိုက်ပုံစံ မဟုတ်ဘူး”

“ငါတို့က ကြည့်မကောင်းလို့လား?” သူတို့သံုးယောက်က ပြောလိုက်ကြပြီး တစ်ယောက်နဲ့ တစ်ယောက် ကြည့်လိုက်ကြသည်။

သူတို့က စနောက်နေကြတာ ဖြစ်သည်။ သူတို့ထဲက ဘယ်သူကမှ တကယ်စိတ်ဝင်စားနေကြတာ မဟုတ်ပေ။ ဒါပေမဲ့ လီဂျင်းယွမ် ကတော့ ယဉ်ကျေးစွာ ပြုံးပြလိုက်ပြီး စကားစကို ရပ်တန့်လိုက်သည်။

သူတို့က သူ့လောက် ကြည့်ကောင်းကြလား? မကောင်းဘူး၊ သူတို့က သူ့လောက် ကြည့်မကောင်းဘူး။
*******

ထိုအဖွဲ့က ရိုက်ကူးရေး နှစ်နာရီ ပြီးသွားချိန်တွင် အချိန်ခန အနားရခဲ့သည်။ တဖက်တွင် ထိုင်နေရင်း လီဂျင်းယွမ် ကနည်းပြက သူတို့ကို သင်ပေးထားသည့် အကနဲ့ သီချင်းတွေကို ပြန်ကြည့်နေပြီး သူတို့ထဲကို ခံစားချက် ထည့်ဖို့က လီဂျင်းယွမ် ရဲ့အားနည်းချက် ဖြစ်သည်။

သူ့ကိုယ်ပိုင် ကမ္ဘာလေးမှာ ရှိနေချိန်တွင် သူ့အခန်းဖော် သုံးယောက်က Wechat ကအကြောင်းကို ဆွေးနွေးနေခဲ့သည်။

“အရမ်းချမ်းသာတာပဲ…..”

“အရမ်းကိုတော်တဲ့ ဒုတိယမျိုးဆက်ပဲ”

“ဒီတစ်ယောက်က အရမ်းကိုလှတယ်!”

“သူမက အရမ်းကို လှတာပဲ။ သူမက ပန်းချီရှေ့မှာ ရပ်လိုက်ချိန်မှာ ပန်းချီက ဘယ်ဟာလဲဆိုတာတောင် မင်းပြောနိုင်မှာ မဟုတ်တော့ဘူး….”

“ဒီပုံကို ငါသိမ်းထားတယ်”

“ငါလည်း သူမကို follow လုပ်ထားတယ်…” လီဂျင်းယွမ် ကသူ့ခေါင်းထဲတွင် သင်ခန်းစာတွေကို တိတ်ဆိတ်စွာ မှတ်ယူနေဆဲဖြစ်ပြီး သူ့ပတ်ဝန်းကျင်က အနှောင့်အယှက်တွေက သူ့ဆီကို မသက်ရောက်ပေ။

ဘယ်သူက ချမ်းသာတာ၊ ဘယ်သူက လှပတာတွေကို သူဂရုမစိုက်ပေ။ ဒါတွေက သူနဲ့ဘာမှ မပတ်သက်ဘူး။ အချိန်အနည်းငယ် ကြာပြီးနောက် ရှိုးပွဲရိုက်ကူးရေးက စတင်လာခဲ့သည်။

လီဂျင်းယွမ် ကသူ့ဖုန်းကို ချလိုက်ပြီး Wechat တွင် ဇောင်ယုဟွမ် ပို့ထားသည့် စာတွေကို ကြည့်ချိန်တောင် မရလိုက်ပေ။

ဇောင်ယုဟွမ် က လီဂျင်းယွမ် နဲ့ဖုန်းပြောပြီး ချလိုက်ချိန်တွင် ဟုန်ချန်းမင်း ဆီမှ ဖုန်းဝင်လာခဲ့သည်။

“မင်းဘာလုပ်နေလဲ?”

“ဆိုဖာပေါ်မှာ လဲနေတာ။ ရေငန်က ငါးတွေလိုမျိုးလေ” ဟုန်ချန်းမင်း သူ့ဘာသာ ငြီးတွားလိုက်သည်။

“ရေငန်ငါး”ဆိုတာ သူမဘာကို ဆိုလိုတာလဲ? ဒါပေမဲ့ မေးဖို့ကို သူအရမ်းကို ရှက်နေခဲ့သည်။ ဇောင်ယုဟွမ် အရှေ့တွင် သူ့ရဲ့အားနည်းချက်ကို မပြချင်ပေ။

ဟုန်ချန်းမင်း ဒီအကြောင်းကို နောက်မှရှာဖို့ ဆုံးဖြတ်လိုက်သည်။ ပိုအရေးကြီးသည့် အကြောင်းအရာကို ပြောင်းလိုက်သည်။

“Wechatက စာတွေကိုပဲ ဖတ်မနေနဲ့။ ပိုအိပ်။ မကြာခင်က မင်းအလုပ်အရမ်းများနေခဲ့တယ်လေ” ဇောင်ယုဟွမ် ကသူ့အသံတွင် ပျော်ရွှင်မှုကို သတိထားမိသွားသည်။

အခုတော့ ဟုန်ချန်းမင်း ရဲ့အသံက အစ်ကိုကြီးတစ်ယောက်နဲ့ ပိုပိုပြီး တူလာခဲ့သည်။ ဇောင်ယုဟွမ် ချက်ချင်း ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

“အင်း၊ အိုကေ” ဟုန်ချန်းမင်း ကဒီအကြောင်းအရာကို အပြည့်အဝ ကောင်းမွန်တယ်လို့ မခံစားရတာကြောင့် ထပ်ပြောလိုက်သည်။

“အထူးသဖြင့် မှတ်ချက်နေရာတွေ။ သူတို့စကားတွေကို ဖတ်ဖို့ မလိုအပ်ဘူး။ သူတို့အားလုံးက ရူးမိုက်ကြတယ်” ဒါက အံ့ဩဖွယ်ဖြစ်ပေမဲ့ ဇောင်ယုဟွမ် ကတော့ အသိအမှတ်ပြုလိုက်သည်။

“အင်း၊ မှန်တယ်”

ဟုန်ချန်းမင်း ကသူပြောချင်တာကို ပြောပြီးနောက်တွင် တစ်ခုခု ပြောစရာရှိသေးသလို သူခံစားလိုက်ရသည်။ သူ့လက်ထဲရှိ ဖုန်းကတော့ မချသေးပေ။ ဇောင်ယုဟွမ် ကအချိန်အနည်းငယ် စောင့်လိုက်ပြီးနောက် သူမက ထပ်ပြီးပြောလိုက်သည်။

“ချန်းမင်း တခြားပြောစရာ မရှိတော့ဘူးလား? ချန်းမင်း ဘက်မှာ တစ်ခုခုဖြစ်ခဲ့လား?” ရုတ်တရက် ဟုန်ချန်းမင်း သိသွားခဲ့သည်။

နောက်ဆုံးတော့ အဆင်မပြေသည့် ခံစားချက်က ဘာလဲဆိုတာကို သူနားလည်သွားသည်။ ဟုန်ချန်းမင်း ကဩရှသည့် အသံဖြင့် မေးလိုက်သည်။

“ဟွမ်ဟွမ် ငါ့ကို ‘ကိုကိုချန်းမင်း’လို့ ထပ်မခေါ်တော့ဘူးလား?”

ဇောင်ယုဟွမ် ကသူဘာပြောမလဲဆိုတာကို အာရုံစိုက်ပြီး နားထောင်နေခဲ့တာ ဖြစ်သည်။ ထိုအသံကို ကြားလိုက်ချိန်တွင် အရင်ဆုံး သူမနားကို ချက်ချင်း ပွတ်လိုက်သည်။

အိုက်ယား၊ နောက်ထပ် ဩရှတဲ့ အသံတစ်ခုပဲ။ သူတို့နှစ်ယောက်လုံးက မတူညီတဲ့ အသံအနေအထားနဲ့ ပြောကြပြီး သူတို့ရဲ့အသံတွေက အတော်လေး ဆွဲဆောင်မှုရှိသည်။

“ဟွမ်ဟွမ်?” ဟုန်ချန်းမင်း ကခေါ်လိုက်သည်။ နောက်ဆုံးတော့ ဇောင်ယုဟွမ် ကပြောလိုက်သည်။

“အခုတော့ ငါတို့အားလုံးက အရွယ်ရောက်လာပြီလေ၊ အဲ့လိုမျိုး ထပ်မခေါ်တော့ဘူး”

ဟုန်ချန်းမင်း ကသူ မထိုင်နိုင်သလို ခံစားနေရဆဲဖြစ်သည်။ သူ့ကိုယ်တွင်းတွင် မဖော်ပြနိုင်သည့် ဒေါသတွေက ရှိနေသည်။ သူထရပ်လိုက်ပြီး ပြောလိုက်သည်။

“ငါတို့ အရွယ်ရောက်လာလို့ အခုတော့ ငါက မင်းအစ်ကို မဟုတ်တော့ဘူးလား?”

“ဒါက အဆင်မပြေဘူးလို့ ချန်းမင်း မသိဘူးလား?”

“မသိဘူး”

“ဒါပေမဲ့…” ဇောင်ယုဟွမ် ကတချို့အရာတွေကို အလေးအနက် တွေးတောလိုက်ပြီး ပြောလိုက်သည်။

“နောက်ပိုင်း ချန်းမင်း မှာ ကောင်မလေး ရှိလာခဲ့ရင် ဘာဖြစ်မလဲ?”

ဇာတ်လိုက်မနဲ့ ဗီလိန်ရဲ့ ဇနီးက သူမကို တစ်ချိန်တည်းမှာ သူမကို အငြိုးထားနေမှာကို သူမ မလိုချင်ဘူး။ ဒါက အရမ်းကို ဆိုးရွားတဲ့ အကြံပါနော်။

သူ့နာမည်ကို ခေါ်တာက ပိုပြီးလုံခြုံတယ်။ နောက်ပြီး သူတို့တွေကို ပိုပြီးရင်းနှီးတယ်လို့ ခံစားရစေဖို့ ဒီလိုမျိုး စကားလုံးတွေကို အသုံးပြုဖို့ မလိုအပ်တော့ဘူး။

ဟုန်ချန်းမင်း ရဲ့ဒေါသတွေက ပိုမိုများပြားလာခဲ့သည်။ သူ့စာပွဲနားတွင်တောင် ရပ်မနေနိုင်တော့ပေ။ လက်တစ်ဖက်ကို စားပွဲပေါ်တွင် တင်လိုက်ပြီး ပြောလိုက်သည်။

“ငါ့မှာ ကောင်မလေး မရှိဘူး။ ကောင်မလေးက ဘာလုပ်ရမှာလဲ? နောက်ပြီး ဒါက ဘာကောင်းလို့လဲ?” ဟုန်ချန်းမင်း ကသူ့ဖုန်းကို အရင်ကထက်ပင် တင်းတင်းကိုင်လိုက်သည်။

သူ့စိတ်ထဲတွင် အရင်တုန်းက ဇောင်ယုဟွမ် ကသူ့ကို ကိုကိုချန်းမင်း လို့ခေါ်ခဲ့တာကို စဉ်းစားမိသွားသည်။ ဟုန်ချန်းမင်း အသက်ကို ဖြေးညှင်းစွာ ရှူလိုက်ပြီး သူ့ဘာသာ အနည်ထိုင်အောင် ပြုလုပ်လိုက်သည်။

သူ့စိတ်ထဲရှိ ထုံထိုင်းပြီး ကိုက်ခဲနေကာ လောင်ကျွမ်းနေသည့် ခံစားချက်တွေက သူ့ရင်ဘတ်ထဲကို ပြန်ရောက်လာခဲ့သည်။ ထို့နောက် အသက်ကို ရှူထုတ်လိုက်သည်။ ဩရှပြီး လွှမ်းမိုးသည့် အသံဖြင့် ဖုန်းထဲကနေ ပြောလိုက်သည်။

“ကိုကို လို့ခေါ်” ဇောင်ယုဟွမ် ကစက္ကန့်ပိုင်းလောက် သူမနား အာရုံကြောတွေ ထုံထိုင်းသွားသလို ခံစားလိုက်ရသည်။

ဟုန်ချန်းမင်း ရဲ့အသက်က ဖုန်းထဲကနေ လျှပ်စစ်စီးကြောင်းလိုမျိုး ရောက်လာခဲ့သည်။ ဟုန်ချန်းမင်း ကသူမ မကြားလိုက်ဘူးလို့ ထင်တာကြောင့် ထပ်ပြောလိုက်သည်။

“ဟွမ်ဟွမ်၊ ငါ့ကို ‘ကိုကို’လို့ခေါ်”

သူ့အသံက ဩရှနေပြီး ဒီတစ်ကြိမ်တွင်တော့ ထိုအသံထဲတွင် ထူးခြားသော လွှမ်းမိုးမှုကို ခံစားလိုက်ရသည်။

25.7.2020 (Sat)
…………………..

<Zawgyi>

ဟြမ္ဟြမ္၊ ကိုကို လို႔ေခၚ

ဟုန္ခ်န္းမင္း က ေဇာင္ယုဟြမ္ ကိုဖုန္းေခၚလိုက္ခ်ိန္တြင္ သူမက လီဂ်င္းယြမ္ နဲ႔ဖုန္းေျပာေနခဲ့သည္။

“အခု ငါတို႔က တတိယအပိုင္းကို ႐ိုက္ကူးေနၾကတာ” လီဂ်င္းယြမ္ ကတစ္ဖက္ကေန ေျပာလိုက္သည္။

“အို! ဒါဆို ႏွစ္ပိုင္းပဲ ရွိတာလား?” ေဇာင္ယုဟြမ္ ကေမးလိုက္သည္။ သူမက ဒီအေၾကာင္းနဲ႔ ပတ္သက္ၿပီး အာ႐ုံသိပ္မထားေပ။

“ပထမပိုင္းကေတာ့ လႊင့္ၿပီးၿပီ”

ေဇာင္ယုဟြမ္ – “……”

ဒါဆို သူမ ျမင္ခဲ့တာက ပထမပိုင္းကလား? ဒါက ေတာ္ေတာ့္ကို အထင္ႀကီးဖို႔ေကာင္းတယ္။

“မင္းကိစၥေတြ အားလုံးကို လုပ္ၿပီးသြားၿပီလား၊ ဟြမ္ဟြမ္?” လီဂ်င္းယြမ္ ေမးလိုက္သည္။

“အင္း၊ နည္းနည္းေတာ့ လုပ္ၿပီးၿပီ”

“ဒါဆို ႐ိုက္ကူးေရး ေနရာကို အလည္လာခ်င္လား?” လီဂ်င္းယြမ္ ကေမးလိုက္သည္။

တစ္ဖက္မွ စိတ္လႈပ္ရွားစြာျဖင့္ သူ႔ဖုန္းကို တင္းတင္းဆုပ္ထားမွာကို ေဇာင္ယုဟြမ္ ပုံေဖာ္ႏိုင္သည္။ ဒါေပမဲ့ ဘယ္လိုပဲျဖစ္ျဖစ္ သူ႔ရဲ႕ေတာင္းဆိုခ်က္ကို သူမ ျငင္းပယ္လိုက္သည္။

“အာ” လီဂ်င္းယြမ္ ကႏိုင္ငံျခားတြင္ ေမာဒယ္လ္အလုပ္ကို ေကာင္းမြန္စြာ လုပ္ကိုင္ခဲ့ေပမဲ့ အခုေတာ့ သူက အမိႏိုင္ငံကို ျပန္ေရာက္ေနၿပီး သူက အႏုပညာေလာကတြင္ တက္သစ္စျဖစ္သည္။

သူမသာ အလည္သြားခဲ့ရင္ ထုတ္လုပ္ေရးအဖြဲ႕ရဲ႕ ခြင့္ျပဳခ်က္ကို လိုအပ္လိမ့္မည္။ ဒါေၾကာင့္ ဘာလို႔ အေႏွာင့္အယွက္ သြားေပးရမွာလဲ?

“တတ္သစ္စျဖစ္လို႔ အလည္လာတာကို မလုပ္ေသးတာ ပိုေကာင္းလိမ့္မယ္” လီဂ်င္းယြမ္ အသံက ခ်က္ခ်င္းပင္ စိတ္ပ်က္သြားပုံေပၚသည္။

“အိုေက၊ ဒါဆိုလည္း ေနာက္ပိုင္းေတြက်မွ လာခဲ့ေပါ့” ေဇာင္ယုဟြမ္ ကဒီအေၾကာင္းကို နည္းနည္းေတြးေတာလိုက္ၿပီး ေျပာလိုက္သည္။

“အိုေက”

လီဂ်င္းယြမ္ ရဲ႕စြမ္းေဆာင္ရည္နဲ႔ဆိုရင္ ျပပြဲက ပထမပိုင္း ၿပီးတာနဲ႔ ရွာေဖြမႈမွ ပထမအဆင့္ ျဖစ္ေနမွာ ေသခ်ာသည္။ ေနာက္အပိုင္းေတြက်ရင္ သူကအဖြဲ႕ထဲမွာ ေတာက္ပလာတဲ့ ၾကယ္ပြင့္ေလး ျဖစ္လာလိမ့္မည္။ သူ႔ဆီကို အလည္သြားခ်ိန္တြင္ ျပႆနာ မျဖစ္ေစခ်င္ေပ။

“ဓာတ္ပုံေတြ အမ်ားႀကီး ႐ိုက္လာခဲ့။ ဂ်င္းယြမ္ ျပန္ေရာက္ရင္ ဟုန္ခ်န္းမင္း နဲ႔အတူတူ ၾကည့္ၾကမယ္” ေဇာင္ယုဟြမ္ ကေျပာလိုက္သည္။

“အိုေက” သူတို႔ရဲ႕ စကားေျပာျခင္းက အရင္ကထပ္ နည္းပါးတာေၾကာင့္ ေဇာင္ယုဟြမ္ ကအရင္ ဖုန္းခ်လိုက္သည္။

ဒါေပမဲ့ လီဂ်င္းယြမ္ ရဲ႕အသက္ရႉသံက ပိုၿပီးေလးလံလာကာ သူ႔ခံစားခ်က္ကလည္း ေျပာင္းလဲသြားပုံေပၚသည္။ ဖုန္းကို သူ႔မ်က္ႏွာနားတြင္ ကပ္လိုက္ကာ အၿပဳံးတစ္ခုနဲ႔အတူ ေျပာလိုက္သည္။

“ဟြမ္ဟြမ့္ ကိုလြမ္းေနၿပီ”

ျပပြဲ႐ိုက္ကူးေရးကို တရားဝင္မစတင္ခင္မွာ လီဂ်င္းယြမ္ တျခားအဖြဲ႕ဝင္မ်ားနဲ႔ ေလ့က်င့္ေနခဲ့သည္။ ေလ့က်င့္ေရး တစ္ခုလုံးကိုလည္း ႐ိုက္ကူးထားၿပီး ေနာက္ပိုင္းက်ရင္ အပိုအေနနဲ႔ လိုင္းေပၚတြင္ လႊင့္ေပးမွာ ျဖစ္သည္။

ဒါကပဲ ေဇာင္ယုဟြမ္ ကို လီဂ်င္းယြမ္ ဆက္သြယ္တာ ရွားပါးေစသည့္ အေၾကာင္းအရင္း ျဖစ္သည္။ ေဇာင္ယုဟြမ္ ကဒီအေၾကာင္းနဲ႔ ပတ္သက္ၿပီး စိတ္ထဲသိပ္မထားေပ။

အဆုံးတြင္ေတာ့ သူမက လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔နဲ႔အတူတူ ႏွစ္အနည္းငယ္ေလာက္ အတူတူ အခ်ိန္ကုန္ဆုံးခဲ့ၾကသည္။ အခုေတာ့ လီဂ်င္းယြမ္ ကပင္ပန္းၿပီး ေတာင့္တင္းေနသည့္ အသံျဖင့္ စကားေျပာလိုက္တာေၾကာင့္ ေဇာင္ယုဟြမ္ လည္းသူမ ႏွလုံးသားက တင္းၾကပ္သြားသလို ခံစားလိုက္ရသည္။

အဂၤလန္မွာတုန္းက သူတို႔သုံးေယာက္ အတူတူ ရွိခဲ့ၾကသည့္ ခရစ္စမတ္ အခ်ိန္ေတြကို သူမ သတိရမိသည္။ ဒါေတြက မေန႔တစ္ေန႔က ျဖစ္ပ်က္ခဲ့သလိုပဲ….

“ဟုန္ခ်န္းမင္း နဲ႔ငါကလည္း ဂ်င္းယြမ္ ကိုသတိရပါတယ္” ေဇာင္ယုဟြမ္ ရဲ႕အသံက အရင္ကထက္ေတာင္ ႏူးညံ့ေနသည္။

လီဂ်င္းယြမ္ ကသူ႔ဖုန္းကို အရင္ကထက္ပင္ ပိုၿပီး တင္းတင္းကိုင္လိုက္သည္။ ပုံမွန္စကားေျပာျခင္းျဖင့္ သူမ ေျပာလိုက္တာက ဘာမွမမွားေပ။ လီဂ်င္းယြမ္ ကသူ႔ကို ဟုန္ခ်န္းမင္း ကသတိရလား၊ မရလားဆိုတာကို သူဂ႐ုမစိုက္ေပ။

အ႐ြယ္ေရာက္ေနတဲ့ ေယာက်ၤားေလး ႏွစ္ေယာက္က ဘာလို႔ တစ္ေယာက္နဲ႔ တစ္ေယာက္ သတိရေနရမွာလဲ? ေဇာင္ယုဟြမ္ ဆီကေန သူ႔ကို သတိရတယ္ဆိုတဲ့ စကားကို တိုက္႐ိုက္ၾကားခ်င္႐ုံသာ ျဖစ္သည္။

“အိုေက၊ ဘိုင္ဘိုင္”

လီဂ်င္းယြမ္ အသံက အရင္ကထက္ပင္ ဩရွလာခဲ့သည္။ သူ႔အသံက အ႐ြယ္ေရာက္ၿပီးသား လူတစ္ေယာက္ ပိုင္ဆိုင္သည့္ အသံနဲ႔ပိုတူလာခဲ့သည္။ ေဇာင္ယုဟြမ္ နားထဲတြင္ ဒီအသံက ခ်ည္လႈိင္းေတြလို ေျပာင္းလဲၿပီး ဝင္လာခဲ့သည္။

“ဘိုင္ဘိုင္” ေဇာင္ယုဟြမ္ ကေျပာလိုက္ကာ သူမလက္ကို ေျမႇာက္လိုက္ၿပီး သူမနားကို ပြတ္လိုက္သည္။ ဖုန္းကို ခ်လိုက္ၿပီးေနာက္ သူမ မထိန္းခ်ဳပ္ႏိုင္စြာျဖင့္ သက္ျပင္းခ်လိုက္သည္။

သူက တကယ့္ကိုပဲ ဇာတ္လိုက္ပါပဲ။ ႏႈတ္ဆက္စကားေျပာတဲ့ သူ႔အသံေတာင္မွ အေတာ္ေလးကို ဆြဲေဆာင္မႈရွိေနသည္။ တဖက္တြင္ေတာ့ လီဂ်င္းယြမ္ ကဖုန္းခ်ၿပီးသည္ႏွင့္ ေမာ့ၾကည့္လိုက္ၿပီး ေလ့က်င့္ခ်ိန္တြင္ သူနဲ႔အတူ ေနၾကသည့္ အခန္းေဖာ္ေဟာင္း သုံးေယာက္ကို ျမင္လိုက္ရသည္။

“မင္းေကာင္မေလးနဲ႔ စကားေျပာေနတာလား?” သူတို႔ထဲက တစ္ေယာက္က ေမးလိုက္သည္။ လီဂ်င္းယြမ္ ကရယ္လိုက္သည္။

“ေသခ်ာေပါက္ မဟုတ္ဘူးေပါ့” တစ္ေယာက္က ေခါင္းညိတ္ၿပီး ေျပာလိုက္သည္။

“ဒါဆို ေကာင္းတယ္။ ငါတို႔က ျပပြဲအတြက္ ဝင္ခ်ိန္က လက္မွတ္ထိုးခဲ့ရတာကို စိတ္ထဲမွတ္ထားပါ။ ငါတို႔က ဒီအခ်ိန္အတြင္းမွာ ဒိတ္လို႔မရဘူး၊ ဒါက ငါတို႔ကို အက်ိဳးသက္ေရာက္ေစ လိမ့္မယ္” တျခားတစ္ေယာက္ကလည္း ေျပာလိုက္သည္။

“စာခ်ဳပ္ကာလကို စိတ္ထဲမထားနဲ႔။ ရႈိးပြဲၿပီးရင္ေတာင္ ငါတို႔က ဒိတ္လို႔ရမွာ မဟုတ္ဘူး။ ငါတို႔ ဒိတ္လိုက္တာနဲ႔ ငါတို႔ရဲ႕ အသက္ေမြးဝမ္းေက်ာင္း အလုပ္ကလဲ ၿပီးဆုံးသြားလိမ့္မယ္” တျခားတစ္ေယာက္က စေနာက္လိုက္သည္။

“မစိုးရိမ္ပါနဲ႔။ လီဂ်င္းယြမ္ ကငယ္ပါေသးတယ္။ အခ်ိန္ခနေလာက္ေတာ့ သူဒိတ္ဦးမွာ မဟုတ္ပါဘူး” လီဂ်င္းယြမ္ ေခါင္းညိတ္လိုက္သည္။

အေသအခ်ာပဲ။ အခ်ိန္နည္းနည္းေတာ့ သူဒိတ္ဦးမွာ မဟုတ္ဘူး။ ဒါနဲ႔ပတ္သက္ၿပီး ဟုန္ခ်န္းမင္း ဘယ္လိုခံစားရလဲဆိုတာ သူ မသိေပမဲ့ အနည္းဆုံးေတာ့ သူကိုယ္တိုင္ ဒီျဖစ္ႏိုင္ေခ်ကို ဘယ္တုန္းကမွ မစဥ္းစားခဲ့ဖူးေပ။ သူ႔ေခါင္းထဲက ေဇာင္ယုဟြမ္ ပုံကိုေတြးလိုက္ၿပီး သူ႔ႏႈတ္ခမ္းကို တင္းတင္းေစ့လိုက္ကာ ေျပာလိုက္သည္။

“ငါ့အစ္မနဲ႔ ဖုန္းေျပာခဲ့တာ”

“ဘာ? လီဂ်င္းယြမ္ မွာအစ္မ ရွိတာလား?”

“သူမက အရမ္းကိုလွမွာပဲ!”

“မင္းအစ္မက အခုအသက္ ဘယ္ႏွစ္ႏွစ္ရွိၿပီလဲ? သူမမွာ ေကာင္ေလးရွိလား?” ႐ုတ္တရက္ႀကီး လီဂ်င္းယြမ္ ရဲ႕မ်က္ႏွာက မဲေမွာင္သြားသည္။

“ငါတို႔ကို ဒိတ္ဖို႔ ခြင့္မျပဳထားဘူးလို႔ မင္းေျပာခဲ့တာ မဟုတ္ဘူးလား?” တျခားသူေတြက ရယ္လိုက္ၾကၿပီး ေျပာလိုက္သည္။

“ငါတို႔က မင္းနဲ႔ မတူဘူးေလ။ ငါတို႔က ပထမ မရရင္ေတာင္ မင္းကို တစ္ေယာက္ေယာက္က comeback လုပ္ေစခ်င္မွာပဲ။ ဒီရႈိးၿပီးသြားရင္ မင္းနဲ႔အလုပ္လုပ္ဖို႔ စာခ်ဳပ္ခ်ဳပ္ထားတဲ့ ကုမၸဏီေတြ ရွိမွာပဲ။ ေသခ်ာေပါက္ကို မင္းဒိတ္လို႔ ရမွာ မဟုတ္ဘူး။ ငါတို႔ကေတာ့ ဒီအခ်ိန္ကိုပဲ ထည့္တြတ္လို႔ရမယ္။ ဒါၿပီးသြားတာနဲ႔ ငါတို႔က ငါတို႔ရဲ႕ ေလ့က်င့္ေရးကို ျပန္ေရာက္သြားမွာ…. ငါတို႔မွာ တျခားဘာမွ လုပ္စရာ မရွိေတာ့ဘူးဆိုရင္ ငါတို႔က အိမ္ကို ျပန္လိုက္႐ုံပဲရွိေတာ့တယ္”

“ဒါမွန္တယ္။ ငါ အိမ္ျပန္ၿပီး စႏၵရားနည္းျပဆရာ ျဖစ္လာလိမ့္မယ္”

“ငါက စာအုပ္ဆိုင္ ဖြင့္မယ္….”

“ေနာက္ၿပီး အဲ့ဒါေၾကာင့္ပဲ ငါတို႔က ငါတို႔လိုခ်င္သလို ဒိတ္လို႔ရၿပီ!” သူတို႔ သုံးေယာက္က တခ်ိန္တည္း ေျပာလိုက္ၾကသည္။

လီဂ်င္းယြမ္ – “…….”

“ငါ့အစ္မက ငါနဲ႔ အသက္အတူတူေလာက္ပဲ။ သူမက လက္ထပ္လို႔ မရေသးဘူး” လီဂ်င္းယြမ္ ကမ်က္ခုံးပင့္ၿပီး ေျပာလိုက္သည္။ သူတို႔ထဲက တစ္ေယာက္က သူ႔ပုခုံးကို ပုတ္လိုက္ၿပီး ေျပာလိုက္သည္။

“အဲ့ေတာ့ ဘာျဖစ္လဲ? ငါတို႔က ၂ ႏွစ္ ၃ ႏွစ္ေလာက္ ဒိတ္လို႔ရႏိုင္တာပဲ။ ဒါက ျပည့္စုံသြားလိမ့္မယ္…..” လီဂ်င္းယြမ္ မ်က္ႏွာက ပိုၿပီးမဲေမွာင္လာခဲ့သည္။

“မရဘူး။ မင္းလုပ္လို႔ မရဘူး။ မင္းက ငါ့အစ္မ အႀကိဳက္ပုံစံ မဟုတ္ဘူး”

“ငါတို႔က ၾကည့္မေကာင္းလို႔လား?” သူတို႔သံုးေယာက္က ေျပာလိုက္ၾကၿပီး တစ္ေယာက္နဲ႔ တစ္ေယာက္ ၾကည့္လိုက္ၾကသည္။

သူတို႔က စေနာက္ေနၾကတာ ျဖစ္သည္။ သူတို႔ထဲက ဘယ္သူကမွ တကယ္စိတ္ဝင္စားေနၾကတာ မဟုတ္ေပ။ ဒါေပမဲ့ လီဂ်င္းယြမ္ ကေတာ့ ယဥ္ေက်းစြာ ၿပဳံးျပလိုက္ၿပီး စကားစကို ရပ္တန႔္လိုက္သည္။

သူတို႔က သူ႔ေလာက္ ၾကည့္ေကာင္းၾကလား? မေကာင္းဘူး၊ သူတို႔က သူ႔ေလာက္ ၾကည့္မေကာင္းဘူး။
*******

ထိုအဖြဲ႕က ႐ိုက္ကူးေရး ႏွစ္နာရီ ၿပီးသြားခ်ိန္တြင္ အခ်ိန္ခန အနားရခဲ့သည္။ တဖက္တြင္ ထိုင္ေနရင္း လီဂ်င္းယြမ္ ကနည္းျပက သူတို႔ကို သင္ေပးထားသည့္ အကနဲ႔ သီခ်င္းေတြကို ျပန္ၾကည့္ေနၿပီး သူတို႔ထဲကို ခံစားခ်က္ ထည့္ဖို႔က လီဂ်င္းယြမ္ ရဲ႕အားနည္းခ်က္ ျဖစ္သည္။

သူ႔ကိုယ္ပိုင္ ကမာၻေလးမွာ ရွိေနခ်ိန္တြင္ သူ႔အခန္းေဖာ္ သုံးေယာက္က Wechat ကအေၾကာင္းကို ေဆြးေႏြးေနခဲ့သည္။

“အရမ္းခ်မ္းသာတာပဲ…..”

“အရမ္းကိုေတာ္တဲ့ ဒုတိယမ်ိဳးဆက္ပဲ”

“ဒီတစ္ေယာက္က အရမ္းကိုလွတယ္!”

“သူမက အရမ္းကို လွတာပဲ။ သူမက ပန္းခ်ီေရွ႕မွာ ရပ္လိုက္ခ်ိန္မွာ ပန္းခ်ီက ဘယ္ဟာလဲဆိုတာေတာင္ မင္းေျပာႏိုင္မွာ မဟုတ္ေတာ့ဘူး….”

“ဒီပုံကို ငါသိမ္းထားတယ္”

“ငါလည္း သူမကို follow လုပ္ထားတယ္…” လီဂ်င္းယြမ္ ကသူ႔ေခါင္းထဲတြင္ သင္ခန္းစာေတြကို တိတ္ဆိတ္စြာ မွတ္ယူေနဆဲျဖစ္ၿပီး သူ႔ပတ္ဝန္းက်င္က အေႏွာင့္အယွက္ေတြက သူ႔ဆီကို မသက္ေရာက္ေပ။

ဘယ္သူက ခ်မ္းသာတာ၊ ဘယ္သူက လွပတာေတြကို သူဂ႐ုမစိုက္ေပ။ ဒါေတြက သူနဲ႔ဘာမွ မပတ္သက္ဘူး။ အခ်ိန္အနည္းငယ္ ၾကာၿပီးေနာက္ ရႈိးပြဲ႐ိုက္ကူးေရးက စတင္လာခဲ့သည္။

လီဂ်င္းယြမ္ ကသူ႔ဖုန္းကို ခ်လိုက္ၿပီး Wechat တြင္ ေဇာင္ယုဟြမ္ ပို႔ထားသည့္ စာေတြကို ၾကည့္ခ်ိန္ေတာင္ မရလိုက္ေပ။

ေဇာင္ယုဟြမ္ က လီဂ်င္းယြမ္ နဲ႔ဖုန္းေျပာၿပီး ခ်လိုက္ခ်ိန္တြင္ ဟုန္ခ်န္းမင္း ဆီမွ ဖုန္းဝင္လာခဲ့သည္။

“မင္းဘာလုပ္ေနလဲ?”

“ဆိုဖာေပၚမွာ လဲေနတာ။ ေရငန္က ငါးေတြလိုမ်ိဳးေလ” ဟုန္ခ်န္းမင္း သူ႔ဘာသာ ၿငီးတြားလိုက္သည္။

“ေရငန္ငါး”ဆိုတာ သူမဘာကို ဆိုလိုတာလဲ? ဒါေပမဲ့ ေမးဖို႔ကို သူအရမ္းကို ရွက္ေနခဲ့သည္။ ေဇာင္ယုဟြမ္ အေရွ႕တြင္ သူ႔ရဲ႕အားနည္းခ်က္ကို မျပခ်င္ေပ။

ဟုန္ခ်န္းမင္း ဒီအေၾကာင္းကို ေနာက္မွရွာဖို႔ ဆုံးျဖတ္လိုက္သည္။ ပိုအေရးႀကီးသည့္ အေၾကာင္းအရာကို ေျပာင္းလိုက္သည္။

“Wechatက စာေတြကိုပဲ ဖတ္မေနနဲ႔။ ပိုအိပ္။ မၾကာခင္က မင္းအလုပ္အရမ္းမ်ားေနခဲ့တယ္ေလ” ေဇာင္ယုဟြမ္ ကသူ႔အသံတြင္ ေပ်ာ္႐ႊင္မႈကို သတိထားမိသြားသည္။

အခုေတာ့ ဟုန္ခ်န္းမင္း ရဲ႕အသံက အစ္ကိုႀကီးတစ္ေယာက္နဲ႔ ပိုပိုၿပီး တူလာခဲ့သည္။ ေဇာင္ယုဟြမ္ ခ်က္ခ်င္း ေခါင္းညိတ္လိုက္ၿပီး ေျပာလိုက္သည္။

“အင္း၊ အိုေက” ဟုန္ခ်န္းမင္း ကဒီအေၾကာင္းအရာကို အျပည့္အဝ ေကာင္းမြန္တယ္လို႔ မခံစားရတာေၾကာင့္ ထပ္ေျပာလိုက္သည္။

“အထူးသျဖင့္ မွတ္ခ်က္ေနရာေတြ။ သူတို႔စကားေတြကို ဖတ္ဖို႔ မလိုအပ္ဘူး။ သူတို႔အားလုံးက ႐ူးမိုက္ၾကတယ္” ဒါက အံ့ဩဖြယ္ျဖစ္ေပမဲ့ ေဇာင္ယုဟြမ္ ကေတာ့ အသိအမွတ္ျပဳလိုက္သည္။

“အင္း၊ မွန္တယ္”

ဟုန္ခ်န္းမင္း ကသူေျပာခ်င္တာကို ေျပာၿပီးေနာက္တြင္ တစ္ခုခု ေျပာစရာရွိေသးသလို သူခံစားလိုက္ရသည္။ သူ႔လက္ထဲရွိ ဖုန္းကေတာ့ မခ်ေသးေပ။ ေဇာင္ယုဟြမ္ ကအခ်ိန္အနည္းငယ္ ေစာင့္လိုက္ၿပီးေနာက္ သူမက ထပ္ၿပီးေျပာလိုက္သည္။

“ခ်န္းမင္း တျခားေျပာစရာ မရွိေတာ့ဘူးလား? ခ်န္းမင္း ဘက္မွာ တစ္ခုခုျဖစ္ခဲ့လား?” ႐ုတ္တရက္ ဟုန္ခ်န္းမင္း သိသြားခဲ့သည္။

ေနာက္ဆုံးေတာ့ အဆင္မေျပသည့္ ခံစားခ်က္က ဘာလဲဆိုတာကို သူနားလည္သြားသည္။ ဟုန္ခ်န္းမင္း ကဩရွသည့္ အသံျဖင့္ ေမးလိုက္သည္။

“ဟြမ္ဟြမ္ ငါ့ကို ‘ကိုကိုခ်န္းမင္း’လို႔ ထပ္မေခၚေတာ့ဘူးလား?”

ေဇာင္ယုဟြမ္ ကသူဘာေျပာမလဲဆိုတာကို အာ႐ုံစိုက္ၿပီး နားေထာင္ေနခဲ့တာ ျဖစ္သည္။ ထိုအသံကို ၾကားလိုက္ခ်ိန္တြင္ အရင္ဆုံး သူမနားကို ခ်က္ခ်င္း ပြတ္လိုက္သည္။

အိုက္ယား၊ ေနာက္ထပ္ ဩရွတဲ့ အသံတစ္ခုပဲ။ သူတို႔ႏွစ္ေယာက္လုံးက မတူညီတဲ့ အသံအေနအထားနဲ႔ ေျပာၾကၿပီး သူတို႔ရဲ႕အသံေတြက အေတာ္ေလး ဆြဲေဆာင္မႈရွိသည္။

“ဟြမ္ဟြမ္?” ဟုန္ခ်န္းမင္း ကေခၚလိုက္သည္။ ေနာက္ဆုံးေတာ့ ေဇာင္ယုဟြမ္ ကေျပာလိုက္သည္။

“အခုေတာ့ ငါတို႔အားလုံးက အ႐ြယ္ေရာက္လာၿပီေလ၊ အဲ့လိုမ်ိဳး ထပ္မေခၚေတာ့ဘူး”

ဟုန္ခ်န္းမင္း ကသူ မထိုင္ႏိုင္သလို ခံစားေနရဆဲျဖစ္သည္။ သူ႔ကိုယ္တြင္းတြင္ မေဖာ္ျပႏိုင္သည့္ ေဒါသေတြက ရွိေနသည္။ သူထရပ္လိုက္ၿပီး ေျပာလိုက္သည္။

“ငါတို႔ အ႐ြယ္ေရာက္လာလို႔ အခုေတာ့ ငါက မင္းအစ္ကို မဟုတ္ေတာ့ဘူးလား?”

“ဒါက အဆင္မေျပဘူးလို႔ ခ်န္းမင္း မသိဘူးလား?”

“မသိဘူး”

“ဒါေပမဲ့…” ေဇာင္ယုဟြမ္ ကတခ်ိဳ႕အရာေတြကို အေလးအနက္ ေတြးေတာလိုက္ၿပီး ေျပာလိုက္သည္။

“ေနာက္ပိုင္း ခ်န္းမင္း မွာ ေကာင္မေလး ရွိလာခဲ့ရင္ ဘာျဖစ္မလဲ?”

ဇာတ္လိုက္မနဲ႔ ဗီလိန္ရဲ႕ ဇနီးက သူမကို တစ္ခ်ိန္တည္းမွာ သူမကို အၿငိဳးထားေနမွာကို သူမ မလိုခ်င္ဘူး။ ဒါက အရမ္းကို ဆိုး႐ြားတဲ့ အႀကံပါေနာ္။

သူ႔နာမည္ကို ေခၚတာက ပိုၿပီးလုံၿခဳံတယ္။ ေနာက္ၿပီး သူတို႔ေတြကို ပိုၿပီးရင္းႏွီးတယ္လို႔ ခံစားရေစဖို႔ ဒီလိုမ်ိဳး စကားလုံးေတြကို အသုံးျပဳဖို႔ မလိုအပ္ေတာ့ဘူး။

ဟုန္ခ်န္းမင္း ရဲ႕ေဒါသေတြက ပိုမိုမ်ားျပားလာခဲ့သည္။ သူ႔စာပြဲနားတြင္ေတာင္ ရပ္မေနႏိုင္ေတာ့ေပ။ လက္တစ္ဖက္ကို စားပြဲေပၚတြင္ တင္လိုက္ၿပီး ေျပာလိုက္သည္။

“ငါ့မွာ ေကာင္မေလး မရွိဘူး။ ေကာင္မေလးက ဘာလုပ္ရမွာလဲ? ေနာက္ၿပီး ဒါက ဘာေကာင္းလို႔လဲ?” ဟုန္ခ်န္းမင္း ကသူ႔ဖုန္းကို အရင္ကထက္ပင္ တင္းတင္းကိုင္လိုက္သည္။

သူ႔စိတ္ထဲတြင္ အရင္တုန္းက ေဇာင္ယုဟြမ္ ကသူ႔ကို ကိုကိုခ်န္းမင္း လို႔ေခၚခဲ့တာကို စဥ္းစားမိသြားသည္။ ဟုန္ခ်န္းမင္း အသက္ကို ေျဖးညႇင္းစြာ ရႉလိုက္ၿပီး သူ႔ဘာသာ အနည္ထိုင္ေအာင္ ျပဳလုပ္လိုက္သည္။

သူ႔စိတ္ထဲရွိ ထုံထိုင္းၿပီး ကိုက္ခဲေနကာ ေလာင္ကြၽမ္းေနသည့္ ခံစားခ်က္ေတြက သူ႔ရင္ဘတ္ထဲကို ျပန္ေရာက္လာခဲ့သည္။ ထို႔ေနာက္ အသက္ကို ရႉထုတ္လိုက္သည္။ ဩရွၿပီး လႊမ္းမိုးသည့္ အသံျဖင့္ ဖုန္းထဲကေန ေျပာလိုက္သည္။

“ကိုကို လို႔ေခၚ” ေဇာင္ယုဟြမ္ ကစကၠန႔္ပိုင္းေလာက္ သူမနား အာ႐ုံေၾကာေတြ ထုံထိုင္းသြားသလို ခံစားလိုက္ရသည္။

ဟုန္ခ်န္းမင္း ရဲ႕အသက္က ဖုန္းထဲကေန လွ်ပ္စစ္စီးေၾကာင္းလိုမ်ိဳး ေရာက္လာခဲ့သည္။ ဟုန္ခ်န္းမင္း ကသူမ မၾကားလိုက္ဘူးလို႔ ထင္တာေၾကာင့္ ထပ္ေျပာလိုက္သည္။

“ဟြမ္ဟြမ္၊ ငါ့ကို ‘ကိုကို’လို႔ေခၚ”

သူ႔အသံက ဩရွေနၿပီး ဒီတစ္ႀကိမ္တြင္ေတာ့ ထိုအသံထဲတြင္ ထူးျခားေသာ လႊမ္းမိုးမႈကို ခံစားလိုက္ရသည္။

25.7.2020 (Sat)
…………………..

[text_hash] => d7a97274
)

//qc
//QC2