Array
(
[text] =>
<Unicode>
ရိုင်းပြသည့် WeChat မှမှတ်ချက်များ
ဒါပေမဲ့ ဟုန်ချန်းမင်း က Wechat တွင်ပါဝင်သည့် အမှန်တကယ် အကြောင်းအရာတွေကို လျင်မြန်စွာ တွေ့သွားခဲ့သည်။ သူ့ရင်ဘတ်က နှလုံးခုန်သံကလည်း ပုံမှန်ပြန်ဖြစ်လာခဲ့သည်။ သူ့ရင်ဘတ်တစ်ခုလုံးက ပူလောင်နေတာကို ဟုန်ချန်းမင်း ခံစားလိုက်ရပြီး အစောပိုင်းက သူရဲ့တုန့်ပြန်မှုတွေကြောင့် ရှက်ရွံ့ခြင်းနဲ့ အပြစ်ရှိသလို ခံစားလိုက်ရသည်။
ခံစားချက်တွေက လျင်မြန်စွာ ရောက်လာပြီး ပြန်ထွက်သွားခဲ့သည်။ ထိုအရာက လျင်မြန်တာကြောင့် ဘာတွေဖြစ်သွားမှန်းတောင် ဟုန်ချန်းမင်း သတိထားဖို့ အခွင့်အရေးတောင် မရှိလိုက်ပေ။ ဟုန်ချန်းမင်း က WeChat ကအကြောင်းအရာတွေကို ဖတ်လိုက်ပြီး ပြန်ဖြေလိုက်သည်။
“အင်း၊ အဲ့ဒါက ငါဟုတ်တယ်”
“ဒါပေမဲ့ WeChat ကအကြောင်းတွေနဲ့ ပတ်သက်ပြီး ငါဘာမှမသိဘူး”
“အခုခေတ် အင်တာနက် သုံးတဲ့သူတွေက ဒီလိုမျိုးတွေပဲ ပြောကြတာလား? သူတို့က… သူတို့က အိပ်ချင်တယ်လို့လေ?”
ဟုန်ချန်းမင်း ကရေးထားသည့် စာလုံးသုံးလုံးအား လျင်မြန်စွာ ဖျက်ပစ်လိုက်သည်။
“ဒါက အဆင့်အတန်းမြင့်တဲ့ လူတစ်ယောက်ကို ချီးကျူးတဲ့ နည်းလမ်းလား? အတူအိပ်ချင်တယ်လို့ ဆိုလိုတာထက် မင်းက ကြည့်ကောင်းတယ်၊ အတော်လေးကို ခန့်ညားတယ်၊ အဲ့လိုမျိုးတွေကိုပဲ ပြောသင့်တယ်လေ”
အဆင့်အတန်းမြင့်တဲ့ လူတစ်ယောက်ကို ချီးကျူးတာလား?
ဟုန်ချန်းမင်း အနည်းငယ် ရုန်းကန်လိုက်သည်။ တစ်စုံတစ်ယောက်က “အိပ်ချင်တယ်”လို့ ပြောတာက ကြည့်ကောင်းတယ်လို့ ဆိုလိုတာလား?
ကောင်းပြီ၊ ဟွမ်ဟွမ် ကအတော်လေးကို ကြည့်ကောင်းနေတယ်….
အတွေးတစ်ခုက ဟုန်ချန်းမင်း စိတ်ထဲတွင် လျင်မြန်စွာ ရောက်ရှိလာပေမဲ့ ထိုအရာကို လျင်မြန်စွာ ဖိနှိပ်လိုက်သည်။ ရုတ်တရက် သူ့နှလုံးခုန်သံက မြင့်တက်လာပြီး သူ့ဖုန်းကို ကိုင်ထားသည့် လက်ချောင်းတွေက စတင်ပြီး တုန်လာခဲ့သည်။ ဒါက မရင်းနှီးတဲ့ ခံစားချက်ပဲ။
ဟုန်ချန်းမင်း မျက်မှောင်ကြုတ်လိုက်သည်။
ငါဘာတွေးနေတာလဲ?
သူ့အာရုံတွေကို WeChat ကစာတွေဆီကို ပြန်စူးစိုက်လိုက်သည်။ ဇောင်ယုဟွမ် ကစာအသစ် တစ်စောင်အား ပို့ထားခဲ့သည်။
“ချန်းမင်းရယ်၊ ဟွမ်ဟွမ်ရယ် ဂျင်းယွမ်ရယ် အားလုံးက ဒီနေ့ရဲ့ ရှာဖွေမှု စာရင်းထဲမှာ ပါခဲ့တယ်။ ဒါက မတော်တဆပဲ ဟုတ်တယ်မလား? ငါပုံတောင် ရိုက်ယူထားသေးတယ်။ ဒါတွေကို ငါ့တစ်ဘဝလုံး ထိန်းသိမ်းထားရမယ်”
ရှာဖွေမှု စာရင်း?
ဒီအရာနဲ့ ဟုန်ချန်းမင်း ကမရင်းနှီးပေ။ အရင်တုန်းက လိုက်ကြည့်ခဲ့ဖူးပေမဲ့ သူမြင်ရတာတွေကတော့ အရေးမပါသည့် ဖျော်ဖြေရေးလောကမှ သတင်းတွေသာ ဖြစ်သည်။
အခုတော့ ဇောင်ယုဟွမ် ကသူ့ကို ပြောလိုက်တာကြောင့် ဟုန်ချန်းမင်း ကလျင်မြန်စွာဖြင့် သူ့ WeChat စာပို့နေရာကနေ ထွက်လိုက်ပြီး ရှာဖွေနေသည့် နေရာကို သွားလိုက်ကာ ရှာဖွေမှုဇယား ရလဒ်ထဲကို ဝင်လိုက်သည်။
သူတို့တွေနဲ့ ပတ်သက်သည့် ဘာတစ်ခုမှကို သူမမြင်ပေ။ ထို့နောက် ဇောင်ယုဟွမ် ကအနုပညာပြပွဲကို သွားဖို့ သူ့ကိုပြောခဲ့တာ ရုတ်တရက် သူမှတ်မိသွားသည်။
ဆိုတော့…. “ပန်းချီကားက မိန်းကလေးကို ဖမ်းစားနေတယ်လို့ ထင်တယ်” ဆိုတာက ဟွမ်ဟွမ် နဲ့များ ပတ်သက်နေတာလား?
ဟုန်ချန်းမင်း ဖွင့်လိုက်သည်။ သေချာစွာဖြင့် ဇောင်ယုဟွမ် ရဲ့ပုံကို သူချက်ချင်းပင် မြင်လိုက်ရသည်။ သူမက ပန်းချီကားရှေ့တွင် ရပ်နေကာ ဒါကပဲ လူတိုင်းရဲ့ အာရုံတွေကို ဖမ်းစားသွားခဲ့သည်။
ဟုန်ချန်းမင်း ရဲ့မျက်လုံးတွေက တောက်ပသွားပြီး ပန်းချီကားကို အချိန်အတော်ကြာ စိုက်ကြည့်လိုက်ပြီး သူ့စိတ်ထဲတွင် ပန်းချီကားပုံစံကို မှတ်ယူလိုက်သည်။ ဇောင်ယုဟွမ် ဆီမှ တခြားစာက ရောက်လာခဲ့သည်။
“ချန်းမင်း တွေ့လား? ဟွမ်ဟွမ် တို့အတူတူ ရှိတယ်လို့ ဆိုလိုတာ မလား? LOL 😊”
နောက်ဆုံးတော့ ဟုန်ချန်းမင်း ကပန်းချီကားကနေ အကြည့်ခွာလိုက်သည်။ ထိုပုံတွေကို နှိပ်လိုက်ပြီး ဟုန်ချန်းမင်း မထိန်းချုပ်နိုင်စွာဖြင့် သူ့လက်ချောင်းတွေက မြှောက်သွားကာ ထိုပုံတွေတိုင်းကို ဖုန်းထဲသိမ်းလိုက်သည်။
ထို့နောက် အစောပိုင်းက ဇောင်ယုဟွမ် သူ့ကို ပြခဲ့သည့် မှတ်ချက်တွေအားလုံးကို ပြန်သတိရသွားသည်။ ဟုန်ချန်းမင်း မျက်နှာက အနည်းငယ် မဲမှောင်သွားပြီး ထိပ်ဆုံးရှာဖွေမှု ရလဒ်မှ ဆွေးနွေးခြင်း အကြောင်းအရာကို နှိပ်လိုက်သည်။
“ဘယ်လိုအလှလေးလဲ? အို! ဘုရားသခင်! ဝူး၊ ဝူး၊ ဝူး… ငါတော့ ငိုနေပါပြီနော်!”
“အရမ်းလှပတဲ့ မိန်းကလေးပဲ! သူမကို ကြည့်နေရင်းနဲ့ ထမင်း ၈ ပန်းကန်တောင် စားနိုင်တယ်!”
“ညီမငယ်လေးက အရမ်းကို လှတာပဲ။ နောက်ပြီး ညီမငယ်လေး ဝတ်ထားတဲ့ အဝတ်အစား တံဆိပ်က ဘာလဲဆိုတာကို တစ်စုံတစ်ယောက်က ကျေးဇူးပြုပြီး ပြောပြပေးနိုင်မလား? ငါလည်း တစ်စုံလောက် လိုချင်တယ်!”
“ကျေးဇူးပြုပြီး ဘယ်အနုပညာ ပြပွဲလဲဆိုတာ ပြောပြပေးပါလား? ငါလည်းသွားပြီးတော့ ဒီလိုမျိုး လှပတဲ့ ညီမလေးနဲ့ တွေ့ဆုံချင်တယ်…”
“၁၀ မိနစ်! ညီမလေးကို ဆက်သွယ်နိုင်မဲ့ သတင်းတွေကို ငါလိုချင်တယ်! မြန်မြန်!”
…..
ဟုန်ချန်းမင်း သက်ပြင်းချလိုက်သည်။ ကံကောင်းစွာဖြင့် ဘယ်သူကမှ သူမနဲ့ အိပ်ချင်တယ်လို့ မပြောကြဘူး။ သူမကို “ဇနီး”ဖြစ်စေချင်တယ်လို့လည်း ဘယ်သူမှ မပြောကြဘူး။
မဟုတ်ရင် သူတို့ အကောင့်တွေအားလုံးကို ပိတ်အောင် လုပ်ပစ်ရလိမ့်မယ်။ ဒီအကောင့်တွေ အားလုံးက ဘယ်လိုပဲဖြစ် ပိတ်သွားဖို့ကို မျှော်လင့်မိသည်။ ဒါပေမဲ့ ဒီဆွေးနွေးကြတဲ့ အကြောင်းအရာတွင်တောင်…. ဟုန်ချန်းမင်း နည်းနည်းတော့ မျက်မှောင်ကြုတ်သွားမိသည်။
သူအချိန်အတော်ကြာ တန်ဖိုးထားပြီး ထိန်းသိမ်းလာတဲ့ အရာကို တခြားသူတွေ ရှာတွေ့သွားပြီး အမြင်အာရုံတွေကို ဖမ်းစားသွားခဲ့တာက သူ့ကို အတော်လေး မပျော်မရွှင်ဖြစ်သွားစေသည်။
ဟုန်ချန်းမင်း ကပြောထားသည့် စာကြောင်းတွေကို အောက်ကို အနည်းငယ် ဆွဲချလိုက်သည်။ အောက်ဘက်တွင်လည်း နောက်ထပ် စာကြောင်းတွေကို မြင်လိုက်ရသည်။
“ဒီပုံကို ဘယ်နေရာက ရခဲ့တာလဲ? ငါသွားကြည့်ပြီး သူမဆီကို ပြေးဝင်ချင်တယ် [ဓာတ်ပုံ] ဒီညီမလေးက ငါ့ကို သေချာပေါက် ချစ်လာမယ်လို့ ထင်တယ်!”
“သူမ ခြေထောက်တွေက ဖြောင့်တန်းနေတာပဲ။ သူမသာ အနက်ရောင် ဘောင်းဘီတိုကို ဝတ်လိုက်ရင် အတော်လေး ကြည့်ကောင်းမှာပဲ”
ဟုန်ချန်းမင်း မျက်နှာက မဲမှောင်သွားသည်။ ဒီစက်ဆုပ်ဖွယ်ကောင်းတဲ့ လူက ဘယ်နေရာမှာ နေတာလဲ?
ချက်ချင်းပဲ “Report” ခလုတ်ကို တွေ့သွားပြီး နှိပ်ပစ်လိုက်သည်။ ဒါပေမဲ့ “ကျေးဇူးပြုပြီး report အတွက် ပြန်ဝင်ပေးပါ”ကို တွေ့လိုက်ရသည်။
ဟုန်ချန်းမင်း ထပ်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ အခုတော့ နည်းနည်းလောက် ရှုပ်ထွေးနေပြီး အရင်ဆုံး WeChat အကောင့်ကို ဖွင့်လိုက်ပြီး၊ ဝင်လိုက်ကာ ထိုစာကြောင်းကို ပြန်ရှာလိုက်သည်။ ထိုအချိန်တွင် WeChat မှတခြား မှတ်ချက်တွေကို ထပ်မြင်လိုက်ရသည်။
ဒါပေမဲ့ ဘာကြောင့်လဲ?
ဟုန်ချန်းမင်း ထိုအချက်ကို ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ မျက်မှောင်ကြုတ်ထားရင်း ဖုန်းမျက်နှာပြင်ကို စိုက်ကြည့်နေကာ သူတို့တစ်ယောက်ချင်းစီရဲ့ မှတ်ချက်တွေကို လိုက်ဖတ်လိုက်သည်။ အဲ့မှတ်ချက်ကို ရှာတွေ့တာနဲ့ အရင်ဆုံး report လုပ်ပစ်မယ်လို့ ကျိန်ဆိုလိုက်သည်။
တစ်ဖက်တွင်တော့ ဇောင်ယုဟွမ် က ဟုန်ချန်းမင်း ဆီကနေ စာပြန်လာဖို့ကို အချိန်အတော်ကြာ စောင့်နေခဲ့ရသည်။ သူက Wechat ထဲကို ရောက်နေမှာကို သိတာကြောင့် စာတွေပို့နေတာကို ရပ်လိုက်သည်။
ထိုအစား လီဂျင်းယွမ် ကိုအနှောင့်အယှက်ပေးပြီး တစ်ချိန်တည်းတွင် သူ့ကို ဂုဏ်ပြုပေးချင်ခဲ့သည်။ အတွင်းရေးမှူးက အကြိမ်အနည်းငယ် တံခါးကို ခေါက်လိုက်ပေမဲ့ ဘာမှမကြားပေ။
နောက်ဆုံးတော့ သူမက သတ္တိမွေးလိုက်ပြီး တံခါးကို တွန်းဖွင့်လိုက်သည်။ တံခါးပွင့်သွားသည်နှင့် လူငယ်လေး မစ္စတာဟောင် ကသူ့ခုံတွင် ထိုင်နေတာကို မြင်လိုက်ရသည်။ သူ့ပုံစံက ပုံမှန်အလုပ်များနေတာနဲ့ မတူပဲ သူက… သူ့ဖုန်းကို… ငုံ့ကြည့်နေတယ်?
သူ့ဖုန်းကိုလေ?
သူမ အမြင်မှားနေတာလား?
“မစ္စတာဟုန်၊ ဒါက အသစ်ရလာတဲ့ အဆိုပြုချက်ပါ”
အတွင်းရေးမှူးက ပြောလိုက်ပြီး စာရွက်စာတမ်းတွေကို သူ့စားပွဲပေါ်ကို ဂရုတစိုက် နေရာချလိုက်သည်။ ဒီမစ္စတာဟုန် ကိုသူမ အထင်မသေးရဲပေ။
ကုမ္ပဏီကို သူမစဝင်လာတဲ့ အချိန်ကတည်းက သူ့တွင် ကျွမ်းကျင်မှု များစွာရှိတာကို သူမ ချက်ချင်းတွေ့ခဲ့သည်။ ထို့နောက်တွင် ဒီကုမ္ပဏီတစ်ခုလုံးကိုလည်း သူပိုင်ဆိုင်ကြောင်း သူမ တွေ့ရှိခဲ့သည်။ သူက တရားဝင် CEO တစ်ယောက်ဖြစ်သည်။
ဟုန်ချန်းမင်း ကမော့တောင် မကြည့်ပဲ ပုံမှန်အတိုင်းပင် ပြုမူနေသည်။ ဒါက နေ့တိုင်း မြင်တွေ့နေရတဲ့ သူ့ပုံစံမျိုး မဟုတ်ပေ။ အတွင်းရေးမှူးက မထိန်းချုပ်နိုင်စွာဖြင့် မေးလိုက်သည်။
“မစ္စတာဟုန်၊ မစ္စတာဟုန်က…” နောက်ဆုံးတော့ ဟုန်ချန်းမင်း ကသူမကို မော့ကြည့်လိုက်ပြီး မေးလိုက်သည်။
“အရင်တုန်းက မင်း Wechat သုံးဖူးလား?” အတွင်းရေးမှူးက ခေါင်းငြိတ်လိုက်သည်။
“အင်း၊ ကျွန်မ Wechat သုံးတယ်။ မစ္စတာဟုန်က… Wechat ကသတင်းတွေကို ဖတ်နေတာလား?”
“မဟုတ်ဘူး” ဟုန်ချန်းမင်း မျက်မှောင်ကြုတ်လိုက်သည်။
သူ့မျက်ခုံးကြုတ်ထားသည့် အခြေအနေတွင် မကျေနပ်သည့် အရိပ်အမြွတ်တွေက ရှိနေသည်။ ဒါက ပိုပြီးတောင် ရှားပါးနေသည်။ သူက ဘာမှမဖြစ်သလို သက်တောင့်သက်သာစွာဖြင့် ယုံကြည်ချက်ရှိစွာ နေထိုင်တာကို အကြိမ်ပေါင်းများစွာ သူမ တွေ့ခဲ့ဖူးသည်။ ဟုန်ချန်းမင်း မေးလိုက်သည်။
“မှတ်ချက်တစ်ခုကို report လုပ်ချင်ပေမဲ့ ငါပြန်ဝင်လိုက်တဲ့ အချိန်မှာ ရှာမတွေ့တော့ဘူး…”
အတွင်းရေးမှူးက နည်းနည်းတော့ အံ့ဩသွားသည်။
Report?
မှတ်ချက်ကို report လုပ်တာ?
သူ့ကိုယ်ပိုင် အကောင့်မှာ သူနဲ့ပတ်သက်ပြီး ဘယ်သူက မကောင်းတာတွေ ပြောလို့လဲ? ဒါပေမဲ့ မစ္စတာဟုန် ကWechat အကောင့်ရှိတာကို သူမ ဘယ်တုန်းကမှ မသိခဲ့ဘူး။ နောက်ပြီး ရှိရင်တောင် မစ္စတာဟုန် ကဒီကိစ္စတွေကို သူ့ဘာသာ လုပ်ဖို့မလိုဘူးလေ!
အတွင်းရေးမှူးက ပြောလိုက်သည်။ “ပြန်ရှာဖို့ဆိုတာက အတော်လေး ခက်ခဲတယ်”
ဟုန်ချန်းမင်း ကသူ့ဖုန်းမျက်နှာပြင်ကို ပြန်ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ဒါကို ငါရှာတွေ့လိမ့်မယ်”
အတွင်းရေးမှူးက ဒီစကားကို ကြားလိုက်ချိန်တွင် သူမ ငိုသင့်လား၊ ရယ်သင့်လားဆိုတာတောင် မသေချာတော့ပေ။
ငယ်ရွယ်ပြီး အောင်မြင်တဲ့ မစ္စတာဟုန် ဆီကနေ ဒီလိုပုံစံမျိုးကို သူမ တွေ့ရတာ ပထမဆုံး အကြိမ်ဖြစ်သည်။ သူမလည်ချောင်းကို ရှင်းလိုက်ပြီး ပြောလိုက်သည်။
“ဒါနဲ့ပတ်သက်ပြီး တစ်ခုခု ကူညီစေချင်လား?”
ဟုန်ချန်းမင်း ကခေါင်းညိတ်ချင်ပေမဲ့ မှတ်ချက်က အကြောင်းကို ချက်ချင်း သူမှတ်မိသွားသည်။ ဒါက ရိုင်းပြပြီး မယဉ်ကျေးတဲ့ အကြောင်းအရာပဲ။ စကားလုံးတွေက ဇောင်ယုဟွမ် ကိုအရှက်ရစေသည်။
ဒါက အွန်လိုင်းပေါ်က ဖြစ်နေရင်တောင်မှ သူတို့က ဒီလိုမျိုး ပြောနေကြတာက သူ့ကို ဒေါသထွက်စေသည်။
ဟုတ်တယ်၊ သူ့ကို report ထုမှာကို သူမရပ်တန့်နိုင်ဘူး။ သူ့ကို ဖမ်းဆီးချင်ခဲ့သည်။ သူ့အကောင့်ကိုလည်း ပိတ်ပစ်ချင်ခဲ့သည်။ ဟုန်ချန်းမင်း ကမော့တောင် မကြည့်ပဲ ပြောလိုက်သည်။
“မလိုဘူး။ ဒါကို ငါ့ဘာသာ လုပ်လိုက်မယ်” အတွင်းရေးမှူးက သူမ အကူအညီမပေးနိုင်သလို ခံစားလိုက်ရသည်။
မှတ်ချက်တွေကို ကြည့်နေတဲ့ သူမ သူဌေးကို ကြည့်လိုက်ပြီး ဖိအားများစွာကို သူမ ခံစားလိုက်ရသည်။ သူမရဲ့ ချဉ်းကပ်မှုကို ပြောင်းလိုက်သည်။
“ဒါဆို Wechat အကောင့်မှာ report လုပ်ဖို့အတွက် ကူညီပေးရမလား? ဒါနဲ့ပတ်သက်ပြီးတော့ မစ္စတာဟုန်ကို ကျွန်မ ကူညီပေးနိုင်တယ်” ဟုန်ချန်းမင်း ကပုံမှန်အတိုင်းပင် ခေါင်းညိတ်လိုက်သည်။
“အင်း၊ ငါပြီးသွားရင် လုပ်ပေး” ထိုစကားကို ပြောလိုက်ရင်း မတော်တဆ ဆွေးနွေးသည့် နေရာကနေ ဟုန်ချန်းမင်း ထွက်လိုက်မိသည်။
သူပြန်ဝင်လိုက်ချိန်တွင် ဆွေးနွေးသည့် စကားဝိုင်းထဲတွင် မှတ်ချက်တွေက အရင်ကထက်တောင် ပိုများသွားသည်။ ထိပ်ဆုံးက ရှာဖွေမှု အကြောင်းအရာကလည်း ပြောင်းလဲသွားခဲ့သည်။
ဒါက အခုတော့ “ဒါက ညီမငယ်လေးရဲ့ Wechat ပဲ @YuanhuanhL ငါ့ကို ကျေးဇူးတင်ဖို့ လိုပါဘူး! ငါက လူကောင်းတစ်ကောင်ပါ!”
ဟုန်ချန်းမင်း ရပ်တန့်သွားပြီး ထိုစာကို နှိပ်လိုက်သည်။ အစောဆုံး တင်ထားသည့် ပုံကတော့ “အနုပညာပြပွဲ [ဓာတ်ပုံ] [ဓာတ်ပုံ]” ဒါက ဇောင်ယုဟွမ် ရဲ့ Wechat လား?
ဟုန်ချန်းမင်း ကအရင်တုန်းက တစ်ခါမှ Wechat မသုံးခဲ့ဖူးပေ။ အရင်တုန်းက ဒါကို တစ်ခါတစ်လေသာ ကြည့်ဖြစ်သည်။ သူဘယ်တုန်းကမှ Comment, Likeတွေ ပြန်စာတွေကို မလုပ်ခဲ့ဖူးပေ။ ပုံမှန်ဆိုရင် သူ့တွင် ကိုယ်ပိုင် အကောင့်တစ်ခု ရှိဖို့တောင် မလိုအပ်ပေ။
သူပြန်ထွက်လိုက်ပြီး လီဂျင်းယွမ် ရဲ့ Wechat ကိုရှာလိုက်သည်။ အခုတော့ လီဂျင်းယွမ် မှာတောင် Wechat ရှိနေပြီ!
နောက်ပြီး ဒါက လွန်ခဲ့တဲ့ နှစ်ရက်လောက်ကမှ ဖွင့်ထားခဲ့တာ ဖြစ်သည်။ ဟုန်ချန်းမင်း မျက်တောင်ခတ်လိုက်သည်။ သူနည်းနည်းလောက် ထပ်စောင့်နိုင်မလား?
သေချာပေါက်ကို သူမစောင့်နိုင်ဘူး!
ချက်ချင်းပင် ဇောင်ယုဟွမ် ရဲ့Wechat ကိုသူ follow လုပ်လိုက်သည်။ ထို့နောက် စာတွေကို တစ်ခုတောင် အလွတ်မပေးပဲ ဂရုတစိုက် ပြန်ရှာလိုက်သည်။ နာရီပေါင်းများစွာ အချိန်ယူပြီးနောက်တွင် ထိုမှတ်ချက်ကို သူထပ်တွေ့သွားသည်။
အဓိကစာမျက်နှာကို နှိပ်လိုက်ပြီး ဓာတ်ပုံရိုက်ယူလိုက်ကာ နောက်ဆုံးတော့ သူ့ကို report ထုနိုင်သွားခဲ့သည်။ ထိုအရာတွေ ပြီးသွားပြီး နောက်တွင်လည်း သူမရပ်တန့်နိုင်ပေ။ ဒီလိုမျိုး တူညီတဲ့ မှတ်ချက်တွေ ရှိနေမလားဆိုပြီးတော့ သူဆက်ပြီးတော့ ဖတ်လိုက်သည်။
သူ့အတွင်းရေးမှူးကို သူ့ဖုန်းအား မပေးခင်အထိ မှတ်ချက် ၇ ခု ၈ ခုလောက်ကို သူ report ထုဖို့အတွက် ဓာတ်ပုံရိုက်ပြီးမှ သူမကို ပေးလိုက်သည်။ အခုတော့ အတွင်းရေးမှူးက အတော်လေးကို ထိတ်လန့်သွားခဲ့သည်။
ဒီလိုမျိုး စိတ်အားထက်သန်စွာနဲ့ လုပ်နေခဲ့တာကို သူမ တစ်ခါမှ မမြင်ဖူးခဲ့ပေ။ ဒီလိုမျိုး Wechatက ဆွေးနွေးတဲ့ အကြောင်းတွေက မစ္စတာဟုန် ကိုတော်တော်လေး အနှောင့်အယှက် ဖြစ်စေလိမ့်မယ်လို့ သူမ မယုံကြည်နိုင်ဘူး!
အတွင်းရေးမှူးက ဓာတ်ပုံတွေကို ဂရုတစိုက် ကြည့်လိုက်ပြီး မစ္စတာဟုန် ကသူ့ဘာသာ မလုပ်တတ်တဲ့ အရာကို ရှာတွေ့ခဲ့သည်။ သူက ဒါကို တခြားတစ်ယောက်အတွက် လုပ်နေခဲ့တာ…. နောက်ပြီး အွန်လိုင်းပေါ်မှာ လူကြိုက်များလာတဲ့ မိန်းကလေး တစ်ယောက်လေ…. အို၊ သူမက ဒီနေ့ရှာဖွေမှုမှာလည်း ထိပ်ဆုံးပဲ။
ရုတ်တရက် အတွင်းရေးမှူးက သူမကို ထူးဆန်းစွာ ကြည့်လိုက်သည်။ ဒါက CEO ကိုလွှမ်းမိုးထားတဲ့ ကောလဟာလ သတင်းတွေ ဖြစ်နေမလား?
သူကြိုက်တဲ့ အွန်လိုင်းက ကောင်မလေးအကြောင်းကို တခြားသူတွေက ပြောတာကိုတောင် သူက ခွင့်မပြုနိုင်ဘူး!
အတွင်းရေးမှူးက ထိုအကြောင်းကို စဉ်းစားရင် တချိန်တည်းတွင်လည်း ပျော်ရွှင်မှုကို ခံစားလိုက်ရသည်။ အင်တာနက်ပေါ်တွင် မိန်းကလေး တစ်ယောက်ရဲ့ ဓာတ်ပုံအောက်မှာ ရိုင်းပြသည့် မှတ်ချက်ကို ပေးကြသည့် လူများစွာ ရှိကြသည်။
ဂရုမစိုက်စွာဖြင့် သူမရဲ့ ရင်သားက ဘယ်လောက်ကြီးကြောင်း၊ သူမက အောက်ခံအနက်ရောင် အဝတ်နဲ့ဆိုရင် ဘယ်လောက်တောင် ကြည့်ကောင်းမည် ဖြစ်ကြောင်း စတာတွေကို ပြောဆိုကြသည်။ မိန်းကလေးတွေက ဒူးဖုံးအထိ ဝတ်ထားမယ်ဆိုရင်တောင် မှတ်ချက်တွေကနေ သူမကို ပြောကြလိမ့်မည်။
မိန်းကလေးက ဒုက္ခသည်ဖြစ်နေရင်တောင် ဒုက္ခသည်တွေရဲ့ ဓာတ်ပုံမှာတောင် သူတို့က မှတ်ချက်ပေးကြလိမ့်မည်။ အတွင်းရေးမှူးက သူမ သူဌေးရဲ့ ဖုန်းကို လက်ကကိုင်ထားရင်း ခံစားချက်များစွာဖြင့် ဓာတ်ပုံတွေကို သူမ ကွန်ပျူတာထဲကို ရွေ့လိုက်ပြီး ဖုန်းကို ဟုန်ချန်းမင်း ဆီကို ပြန်ပေးလိုက်သည်။
ဟုန်ချန်းမင်း ကသူ့ဖုန်းကို ပြန်ယူလိုက်ပြီး ဇောင်ယုဟွမ် ကိုဖုန်းခေါ်လိုက်သည်။
သူမကို Wechat မကြာမကြာ သုံးဖြစ်လားလို့ သူမေးသင့်လား?
#ဒီအထဲမှာက Wechat လို့ရေးထားပေမဲ့ ကိုယ်ကတော့ Weibo လို့ထင်တယ် translator အတိုင်းပဲ ဘာသာပြန်ပေးလိုက်တယ်နော်
23.7.2020 (Thur)
………………………
<Zawgyi>
႐ိုင္းျပသည့္ WeChat မွမွတ္ခ်က္မ်ား
ဒါေပမဲ့ ဟုန္ခ်န္းမင္း က Wechat တြင္ပါဝင္သည့္ အမွန္တကယ္ အေၾကာင္းအရာေတြကို လ်င္ျမန္စြာ ေတြ႕သြားခဲ့သည္။ သူ႔ရင္ဘတ္က ႏွလုံးခုန္သံကလည္း ပုံမွန္ျပန္ျဖစ္လာခဲ့သည္။ သူ႔ရင္ဘတ္တစ္ခုလုံးက ပူေလာင္ေနတာကို ဟုန္ခ်န္းမင္း ခံစားလိုက္ရၿပီး အေစာပိုင္းက သူရဲ႕တုန႔္ျပန္မႈေတြေၾကာင့္ ရွက္႐ြံ႕ျခင္းနဲ႔ အျပစ္ရွိသလို ခံစားလိုက္ရသည္။
ခံစားခ်က္ေတြက လ်င္ျမန္စြာ ေရာက္လာၿပီး ျပန္ထြက္သြားခဲ့သည္။ ထိုအရာက လ်င္ျမန္တာေၾကာင့္ ဘာေတြျဖစ္သြားမွန္းေတာင္ ဟုန္ခ်န္းမင္း သတိထားဖို႔ အခြင့္အေရးေတာင္ မရွိလိုက္ေပ။ ဟုန္ခ်န္းမင္း က WeChat ကအေၾကာင္းအရာေတြကို ဖတ္လိုက္ၿပီး ျပန္ေျဖလိုက္သည္။
“အင္း၊ အဲ့ဒါက ငါဟုတ္တယ္”
“ဒါေပမဲ့ WeChat ကအေၾကာင္းေတြနဲ႔ ပတ္သက္ၿပီး ငါဘာမွမသိဘူး”
“အခုေခတ္ အင္တာနက္ သုံးတဲ့သူေတြက ဒီလိုမ်ိဳးေတြပဲ ေျပာၾကတာလား? သူတို႔က… သူတို႔က အိပ္ခ်င္တယ္လို႔ေလ?”
ဟုန္ခ်န္းမင္း ကေရးထားသည့္ စာလုံးသုံးလုံးအား လ်င္ျမန္စြာ ဖ်က္ပစ္လိုက္သည္။
“ဒါက အဆင့္အတန္းျမင့္တဲ့ လူတစ္ေယာက္ကို ခ်ီးက်ဴးတဲ့ နည္းလမ္းလား? အတူအိပ္ခ်င္တယ္လို႔ ဆိုလိုတာထက္ မင္းက ၾကည့္ေကာင္းတယ္၊ အေတာ္ေလးကို ခန႔္ညားတယ္၊ အဲ့လိုမ်ိဳးေတြကိုပဲ ေျပာသင့္တယ္ေလ”
အဆင့္အတန္းျမင့္တဲ့ လူတစ္ေယာက္ကို ခ်ီးက်ဴးတာလား?
ဟုန္ခ်န္းမင္း အနည္းငယ္ ႐ုန္းကန္လိုက္သည္။ တစ္စုံတစ္ေယာက္က “အိပ္ခ်င္တယ္”လို႔ ေျပာတာက ၾကည့္ေကာင္းတယ္လို႔ ဆိုလိုတာလား?
ေကာင္းၿပီ၊ ဟြမ္ဟြမ္ ကအေတာ္ေလးကို ၾကည့္ေကာင္းေနတယ္….
အေတြးတစ္ခုက ဟုန္ခ်န္းမင္း စိတ္ထဲတြင္ လ်င္ျမန္စြာ ေရာက္ရွိလာေပမဲ့ ထိုအရာကို လ်င္ျမန္စြာ ဖိႏွိပ္လိုက္သည္။ ႐ုတ္တရက္ သူ႔ႏွလုံးခုန္သံက ျမင့္တက္လာၿပီး သူ႔ဖုန္းကို ကိုင္ထားသည့္ လက္ေခ်ာင္းေတြက စတင္ၿပီး တုန္လာခဲ့သည္။ ဒါက မရင္းႏွီးတဲ့ ခံစားခ်က္ပဲ။
ဟုန္ခ်န္းမင္း မ်က္ေမွာင္ၾကဳတ္လိုက္သည္။
ငါဘာေတြးေနတာလဲ?
သူ႔အာ႐ုံေတြကို WeChat ကစာေတြဆီကို ျပန္စူးစိုက္လိုက္သည္။ ေဇာင္ယုဟြမ္ ကစာအသစ္ တစ္ေစာင္အား ပို႔ထားခဲ့သည္။
“ခ်န္းမင္းရယ္၊ ဟြမ္ဟြမ္ရယ္ ဂ်င္းယြမ္ရယ္ အားလုံးက ဒီေန႔ရဲ႕ ရွာေဖြမႈ စာရင္းထဲမွာ ပါခဲ့တယ္။ ဒါက မေတာ္တဆပဲ ဟုတ္တယ္မလား? ငါပုံေတာင္ ႐ိုက္ယူထားေသးတယ္။ ဒါေတြကို ငါ့တစ္ဘဝလုံး ထိန္းသိမ္းထားရမယ္”
ရွာေဖြမႈ စာရင္း?
ဒီအရာနဲ႔ ဟုန္ခ်န္းမင္း ကမရင္းႏွီးေပ။ အရင္တုန္းက လိုက္ၾကည့္ခဲ့ဖူးေပမဲ့ သူျမင္ရတာေတြကေတာ့ အေရးမပါသည့္ ေဖ်ာ္ေျဖေရးေလာကမွ သတင္းေတြသာ ျဖစ္သည္။
အခုေတာ့ ေဇာင္ယုဟြမ္ ကသူ႔ကို ေျပာလိုက္တာေၾကာင့္ ဟုန္ခ်န္းမင္း ကလ်င္ျမန္စြာျဖင့္ သူ႔ WeChat စာပို႔ေနရာကေန ထြက္လိုက္ၿပီး ရွာေဖြေနသည့္ ေနရာကို သြားလိုက္ကာ ရွာေဖြမႈဇယား ရလဒ္ထဲကို ဝင္လိုက္သည္။
သူတို႔ေတြနဲ႔ ပတ္သက္သည့္ ဘာတစ္ခုမွကို သူမျမင္ေပ။ ထို႔ေနာက္ ေဇာင္ယုဟြမ္ ကအႏုပညာျပပြဲကို သြားဖို႔ သူ႔ကိုေျပာခဲ့တာ ႐ုတ္တရက္ သူမွတ္မိသြားသည္။
ဆိုေတာ့…. “ပန္းခ်ီကားက မိန္းကေလးကို ဖမ္းစားေနတယ္လို႔ ထင္တယ္” ဆိုတာက ဟြမ္ဟြမ္ နဲ႔မ်ား ပတ္သက္ေနတာလား?
ဟုန္ခ်န္းမင္း ဖြင့္လိုက္သည္။ ေသခ်ာစြာျဖင့္ ေဇာင္ယုဟြမ္ ရဲ႕ပုံကို သူခ်က္ခ်င္းပင္ ျမင္လိုက္ရသည္။ သူမက ပန္းခ်ီကားေရွ႕တြင္ ရပ္ေနကာ ဒါကပဲ လူတိုင္းရဲ႕ အာ႐ုံေတြကို ဖမ္းစားသြားခဲ့သည္။
ဟုန္ခ်န္းမင္း ရဲ႕မ်က္လုံးေတြက ေတာက္ပသြားၿပီး ပန္းခ်ီကားကို အခ်ိန္အေတာ္ၾကာ စိုက္ၾကည့္လိုက္ၿပီး သူ႔စိတ္ထဲတြင္ ပန္းခ်ီကားပုံစံကို မွတ္ယူလိုက္သည္။ ေဇာင္ယုဟြမ္ ဆီမွ တျခားစာက ေရာက္လာခဲ့သည္။
“ခ်န္းမင္း ေတြ႕လား? ဟြမ္ဟြမ္ တို႔အတူတူ ရွိတယ္လို႔ ဆိုလိုတာ မလား? LOL 😊”
ေနာက္ဆုံးေတာ့ ဟုန္ခ်န္းမင္း ကပန္းခ်ီကားကေန အၾကည့္ခြာလိုက္သည္။ ထိုပုံေတြကို ႏွိပ္လိုက္ၿပီး ဟုန္ခ်န္းမင္း မထိန္းခ်ဳပ္ႏိုင္စြာျဖင့္ သူ႔လက္ေခ်ာင္းေတြက ေျမႇာက္သြားကာ ထိုပုံေတြတိုင္းကို ဖုန္းထဲသိမ္းလိုက္သည္။
ထို႔ေနာက္ အေစာပိုင္းက ေဇာင္ယုဟြမ္ သူ႔ကို ျပခဲ့သည့္ မွတ္ခ်က္ေတြအားလုံးကို ျပန္သတိရသြားသည္။ ဟုန္ခ်န္းမင္း မ်က္ႏွာက အနည္းငယ္ မဲေမွာင္သြားၿပီး ထိပ္ဆုံးရွာေဖြမႈ ရလဒ္မွ ေဆြးေႏြးျခင္း အေၾကာင္းအရာကို ႏွိပ္လိုက္သည္။
“ဘယ္လိုအလွေလးလဲ? အို! ဘုရားသခင္! ဝူး၊ ဝူး၊ ဝူး… ငါေတာ့ ငိုေနပါၿပီေနာ္!”
“အရမ္းလွပတဲ့ မိန္းကေလးပဲ! သူမကို ၾကည့္ေနရင္းနဲ႔ ထမင္း ၈ ပန္းကန္ေတာင္ စားႏိုင္တယ္!”
“ညီမငယ္ေလးက အရမ္းကို လွတာပဲ။ ေနာက္ၿပီး ညီမငယ္ေလး ဝတ္ထားတဲ့ အဝတ္အစား တံဆိပ္က ဘာလဲဆိုတာကို တစ္စုံတစ္ေယာက္က ေက်းဇူးျပဳၿပီး ေျပာျပေပးႏိုင္မလား? ငါလည္း တစ္စုံေလာက္ လိုခ်င္တယ္!”
“ေက်းဇူးျပဳၿပီး ဘယ္အႏုပညာ ျပပြဲလဲဆိုတာ ေျပာျပေပးပါလား? ငါလည္းသြားၿပီးေတာ့ ဒီလိုမ်ိဳး လွပတဲ့ ညီမေလးနဲ႔ ေတြ႕ဆုံခ်င္တယ္…”
“၁၀ မိနစ္! ညီမေလးကို ဆက္သြယ္ႏိုင္မဲ့ သတင္းေတြကို ငါလိုခ်င္တယ္! ျမန္ျမန္!”
…..
ဟုန္ခ်န္းမင္း သက္ျပင္းခ်လိုက္သည္။ ကံေကာင္းစြာျဖင့္ ဘယ္သူကမွ သူမနဲ႔ အိပ္ခ်င္တယ္လို႔ မေျပာၾကဘူး။ သူမကို “ဇနီး”ျဖစ္ေစခ်င္တယ္လို႔လည္း ဘယ္သူမွ မေျပာၾကဘူး။
မဟုတ္ရင္ သူတို႔ အေကာင့္ေတြအားလုံးကို ပိတ္ေအာင္ လုပ္ပစ္ရလိမ့္မယ္။ ဒီအေကာင့္ေတြ အားလုံးက ဘယ္လိုပဲျဖစ္ ပိတ္သြားဖို႔ကို ေမွ်ာ္လင့္မိသည္။ ဒါေပမဲ့ ဒီေဆြးေႏြးၾကတဲ့ အေၾကာင္းအရာတြင္ေတာင္…. ဟုန္ခ်န္းမင္း နည္းနည္းေတာ့ မ်က္ေမွာင္ၾကဳတ္သြားမိသည္။
သူအခ်ိန္အေတာ္ၾကာ တန္ဖိုးထားၿပီး ထိန္းသိမ္းလာတဲ့ အရာကို တျခားသူေတြ ရွာေတြ႕သြားၿပီး အျမင္အာ႐ုံေတြကို ဖမ္းစားသြားခဲ့တာက သူ႔ကို အေတာ္ေလး မေပ်ာ္မ႐ႊင္ျဖစ္သြားေစသည္။
ဟုန္ခ်န္းမင္း ကေျပာထားသည့္ စာေၾကာင္းေတြကို ေအာက္ကို အနည္းငယ္ ဆြဲခ်လိုက္သည္။ ေအာက္ဘက္တြင္လည္း ေနာက္ထပ္ စာေၾကာင္းေတြကို ျမင္လိုက္ရသည္။
“ဒီပုံကို ဘယ္ေနရာက ရခဲ့တာလဲ? ငါသြားၾကည့္ၿပီး သူမဆီကို ေျပးဝင္ခ်င္တယ္ [ဓာတ္ပုံ] ဒီညီမေလးက ငါ့ကို ေသခ်ာေပါက္ ခ်စ္လာမယ္လို႔ ထင္တယ္!”
“သူမ ေျခေထာက္ေတြက ေျဖာင့္တန္းေနတာပဲ။ သူမသာ အနက္ေရာင္ ေဘာင္းဘီတိုကို ဝတ္လိုက္ရင္ အေတာ္ေလး ၾကည့္ေကာင္းမွာပဲ”
ဟုန္ခ်န္းမင္း မ်က္ႏွာက မဲေမွာင္သြားသည္။ ဒီစက္ဆုပ္ဖြယ္ေကာင္းတဲ့ လူက ဘယ္ေနရာမွာ ေနတာလဲ?
ခ်က္ခ်င္းပဲ “Report” ခလုတ္ကို ေတြ႕သြားၿပီး ႏွိပ္ပစ္လိုက္သည္။ ဒါေပမဲ့ “ေက်းဇူးျပဳၿပီး report အတြက္ ျပန္ဝင္ေပးပါ”ကို ေတြ႕လိုက္ရသည္။
ဟုန္ခ်န္းမင္း ထပ္ၿပီး မ်က္ေမွာင္ၾကဳတ္လိုက္သည္။ အခုေတာ့ နည္းနည္းေလာက္ ရႈပ္ေထြးေနၿပီး အရင္ဆုံး WeChat အေကာင့္ကို ဖြင့္လိုက္ၿပီး၊ ဝင္လိုက္ကာ ထိုစာေၾကာင္းကို ျပန္ရွာလိုက္သည္။ ထိုအခ်ိန္တြင္ WeChat မွတျခား မွတ္ခ်က္ေတြကို ထပ္ျမင္လိုက္ရသည္။
ဒါေပမဲ့ ဘာေၾကာင့္လဲ?
ဟုန္ခ်န္းမင္း ထိုအခ်က္ကို ၾကည့္ဖို႔ ဆုံးျဖတ္လိုက္သည္။ မ်က္ေမွာင္ၾကဳတ္ထားရင္း ဖုန္းမ်က္ႏွာျပင္ကို စိုက္ၾကည့္ေနကာ သူတို႔တစ္ေယာက္ခ်င္းစီရဲ႕ မွတ္ခ်က္ေတြကို လိုက္ဖတ္လိုက္သည္။ အဲ့မွတ္ခ်က္ကို ရွာေတြ႕တာနဲ႔ အရင္ဆုံး report လုပ္ပစ္မယ္လို႔ က်ိန္ဆိုလိုက္သည္။
တစ္ဖက္တြင္ေတာ့ ေဇာင္ယုဟြမ္ က ဟုန္ခ်န္းမင္း ဆီကေန စာျပန္လာဖို႔ကို အခ်ိန္အေတာ္ၾကာ ေစာင့္ေနခဲ့ရသည္။ သူက Wechat ထဲကို ေရာက္ေနမွာကို သိတာေၾကာင့္ စာေတြပို႔ေနတာကို ရပ္လိုက္သည္။
ထိုအစား လီဂ်င္းယြမ္ ကိုအေႏွာင့္အယွက္ေပးၿပီး တစ္ခ်ိန္တည္းတြင္ သူ႔ကို ဂုဏ္ျပဳေပးခ်င္ခဲ့သည္။ အတြင္းေရးမႉးက အႀကိမ္အနည္းငယ္ တံခါးကို ေခါက္လိုက္ေပမဲ့ ဘာမွမၾကားေပ။
ေနာက္ဆုံးေတာ့ သူမက သတၱိေမြးလိုက္ၿပီး တံခါးကို တြန္းဖြင့္လိုက္သည္။ တံခါးပြင့္သြားသည္ႏွင့္ လူငယ္ေလး မစၥတာေဟာင္ ကသူ႔ခုံတြင္ ထိုင္ေနတာကို ျမင္လိုက္ရသည္။ သူ႔ပုံစံက ပုံမွန္အလုပ္မ်ားေနတာနဲ႔ မတူပဲ သူက… သူ႔ဖုန္းကို… ငုံ႔ၾကည့္ေနတယ္?
သူ႔ဖုန္းကိုေလ?
သူမ အျမင္မွားေနတာလား?
“မစၥတာဟုန္၊ ဒါက အသစ္ရလာတဲ့ အဆိုျပဳခ်က္ပါ”
အတြင္းေရးမႉးက ေျပာလိုက္ၿပီး စာ႐ြက္စာတမ္းေတြကို သူ႔စားပြဲေပၚကို ဂ႐ုတစိုက္ ေနရာခ်လိုက္သည္။ ဒီမစၥတာဟုန္ ကိုသူမ အထင္မေသးရဲေပ။
ကုမၸဏီကို သူမစဝင္လာတဲ့ အခ်ိန္ကတည္းက သူ႔တြင္ ကြၽမ္းက်င္မႈ မ်ားစြာရွိတာကို သူမ ခ်က္ခ်င္းေတြ႕ခဲ့သည္။ ထို႔ေနာက္တြင္ ဒီကုမၸဏီတစ္ခုလုံးကိုလည္း သူပိုင္ဆိုင္ေၾကာင္း သူမ ေတြ႕ရွိခဲ့သည္။ သူက တရားဝင္ CEO တစ္ေယာက္ျဖစ္သည္။
ဟုန္ခ်န္းမင္း ကေမာ့ေတာင္ မၾကည့္ပဲ ပုံမွန္အတိုင္းပင္ ျပဳမူေနသည္။ ဒါက ေန႔တိုင္း ျမင္ေတြ႕ေနရတဲ့ သူ႔ပုံစံမ်ိဳး မဟုတ္ေပ။ အတြင္းေရးမႉးက မထိန္းခ်ဳပ္ႏိုင္စြာျဖင့္ ေမးလိုက္သည္။
“မစၥတာဟုန္၊ မစၥတာဟုန္က…” ေနာက္ဆုံးေတာ့ ဟုန္ခ်န္းမင္း ကသူမကို ေမာ့ၾကည့္လိုက္ၿပီး ေမးလိုက္သည္။
“အရင္တုန္းက မင္း Wechat သုံးဖူးလား?” အတြင္းေရးမႉးက ေခါင္းၿငိတ္လိုက္သည္။
“အင္း၊ ကြၽန္မ Wechat သုံးတယ္။ မစၥတာဟုန္က… Wechat ကသတင္းေတြကို ဖတ္ေနတာလား?”
“မဟုတ္ဘူး” ဟုန္ခ်န္းမင္း မ်က္ေမွာင္ၾကဳတ္လိုက္သည္။
သူ႔မ်က္ခုံးၾကဳတ္ထားသည့္ အေျခအေနတြင္ မေက်နပ္သည့္ အရိပ္အႁမြတ္ေတြက ရွိေနသည္။ ဒါက ပိုၿပီးေတာင္ ရွားပါးေနသည္။ သူက ဘာမွမျဖစ္သလို သက္ေတာင့္သက္သာစြာျဖင့္ ယုံၾကည္ခ်က္ရွိစြာ ေနထိုင္တာကို အႀကိမ္ေပါင္းမ်ားစြာ သူမ ေတြ႕ခဲ့ဖူးသည္။ ဟုန္ခ်န္းမင္း ေမးလိုက္သည္။
“မွတ္ခ်က္တစ္ခုကို report လုပ္ခ်င္ေပမဲ့ ငါျပန္ဝင္လိုက္တဲ့ အခ်ိန္မွာ ရွာမေတြ႕ေတာ့ဘူး…”
အတြင္းေရးမႉးက နည္းနည္းေတာ့ အံ့ဩသြားသည္။
Report?
မွတ္ခ်က္ကို report လုပ္တာ?
သူ႔ကိုယ္ပိုင္ အေကာင့္မွာ သူနဲ႔ပတ္သက္ၿပီး ဘယ္သူက မေကာင္းတာေတြ ေျပာလို႔လဲ? ဒါေပမဲ့ မစၥတာဟုန္ ကWechat အေကာင့္ရွိတာကို သူမ ဘယ္တုန္းကမွ မသိခဲ့ဘူး။ ေနာက္ၿပီး ရွိရင္ေတာင္ မစၥတာဟုန္ ကဒီကိစၥေတြကို သူ႔ဘာသာ လုပ္ဖို႔မလိုဘူးေလ!
အတြင္းေရးမႉးက ေျပာလိုက္သည္။ “ျပန္ရွာဖို႔ဆိုတာက အေတာ္ေလး ခက္ခဲတယ္”
ဟုန္ခ်န္းမင္း ကသူ႔ဖုန္းမ်က္ႏွာျပင္ကို ျပန္ၾကည့္လိုက္ၿပီး ေျပာလိုက္သည္။
“ဒါကို ငါရွာေတြ႕လိမ့္မယ္”
အတြင္းေရးမႉးက ဒီစကားကို ၾကားလိုက္ခ်ိန္တြင္ သူမ ငိုသင့္လား၊ ရယ္သင့္လားဆိုတာေတာင္ မေသခ်ာေတာ့ေပ။
ငယ္႐ြယ္ၿပီး ေအာင္ျမင္တဲ့ မစၥတာဟုန္ ဆီကေန ဒီလိုပုံစံမ်ိဳးကို သူမ ေတြ႕ရတာ ပထမဆုံး အႀကိမ္ျဖစ္သည္။ သူမလည္ေခ်ာင္းကို ရွင္းလိုက္ၿပီး ေျပာလိုက္သည္။
“ဒါနဲ႔ပတ္သက္ၿပီး တစ္ခုခု ကူညီေစခ်င္လား?”
ဟုန္ခ်န္းမင္း ကေခါင္းညိတ္ခ်င္ေပမဲ့ မွတ္ခ်က္က အေၾကာင္းကို ခ်က္ခ်င္း သူမွတ္မိသြားသည္။ ဒါက ႐ိုင္းျပၿပီး မယဥ္ေက်းတဲ့ အေၾကာင္းအရာပဲ။ စကားလုံးေတြက ေဇာင္ယုဟြမ္ ကိုအရွက္ရေစသည္။
ဒါက အြန္လိုင္းေပၚက ျဖစ္ေနရင္ေတာင္မွ သူတို႔က ဒီလိုမ်ိဳး ေျပာေနၾကတာက သူ႔ကို ေဒါသထြက္ေစသည္။
ဟုတ္တယ္၊ သူ႔ကို report ထုမွာကို သူမရပ္တန႔္ႏိုင္ဘူး။ သူ႔ကို ဖမ္းဆီးခ်င္ခဲ့သည္။ သူ႔အေကာင့္ကိုလည္း ပိတ္ပစ္ခ်င္ခဲ့သည္။ ဟုန္ခ်န္းမင္း ကေမာ့ေတာင္ မၾကည့္ပဲ ေျပာလိုက္သည္။
“မလိုဘူး။ ဒါကို ငါ့ဘာသာ လုပ္လိုက္မယ္” အတြင္းေရးမႉးက သူမ အကူအညီမေပးႏိုင္သလို ခံစားလိုက္ရသည္။
မွတ္ခ်က္ေတြကို ၾကည့္ေနတဲ့ သူမ သူေဌးကို ၾကည့္လိုက္ၿပီး ဖိအားမ်ားစြာကို သူမ ခံစားလိုက္ရသည္။ သူမရဲ႕ ခ်ဥ္းကပ္မႈကို ေျပာင္းလိုက္သည္။
“ဒါဆို Wechat အေကာင့္မွာ report လုပ္ဖို႔အတြက္ ကူညီေပးရမလား? ဒါနဲ႔ပတ္သက္ၿပီးေတာ့ မစၥတာဟုန္ကို ကြၽန္မ ကူညီေပးႏိုင္တယ္” ဟုန္ခ်န္းမင္း ကပုံမွန္အတိုင္းပင္ ေခါင္းညိတ္လိုက္သည္။
“အင္း၊ ငါၿပီးသြားရင္ လုပ္ေပး” ထိုစကားကို ေျပာလိုက္ရင္း မေတာ္တဆ ေဆြးေႏြးသည့္ ေနရာကေန ဟုန္ခ်န္းမင္း ထြက္လိုက္မိသည္။
သူျပန္ဝင္လိုက္ခ်ိန္တြင္ ေဆြးေႏြးသည့္ စကားဝိုင္းထဲတြင္ မွတ္ခ်က္ေတြက အရင္ကထက္ေတာင္ ပိုမ်ားသြားသည္။ ထိပ္ဆုံးက ရွာေဖြမႈ အေၾကာင္းအရာကလည္း ေျပာင္းလဲသြားခဲ့သည္။
ဒါက အခုေတာ့ “ဒါက ညီမငယ္ေလးရဲ႕ Wechat ပဲ @YuanhuanhL ငါ့ကို ေက်းဇူးတင္ဖို႔ လိုပါဘူး! ငါက လူေကာင္းတစ္ေကာင္ပါ!”
ဟုန္ခ်န္းမင္း ရပ္တန႔္သြားၿပီး ထိုစာကို ႏွိပ္လိုက္သည္။ အေစာဆုံး တင္ထားသည့္ ပုံကေတာ့ “အႏုပညာျပပြဲ [ဓာတ္ပုံ] [ဓာတ္ပုံ]” ဒါက ေဇာင္ယုဟြမ္ ရဲ႕ Wechat လား?
ဟုန္ခ်န္းမင္း ကအရင္တုန္းက တစ္ခါမွ Wechat မသုံးခဲ့ဖူးေပ။ အရင္တုန္းက ဒါကို တစ္ခါတစ္ေလသာ ၾကည့္ျဖစ္သည္။ သူဘယ္တုန္းကမွ Comment, Likeေတြ ျပန္စာေတြကို မလုပ္ခဲ့ဖူးေပ။ ပုံမွန္ဆိုရင္ သူ႔တြင္ ကိုယ္ပိုင္ အေကာင့္တစ္ခု ရွိဖို႔ေတာင္ မလိုအပ္ေပ။
သူျပန္ထြက္လိုက္ၿပီး လီဂ်င္းယြမ္ ရဲ႕ Wechat ကိုရွာလိုက္သည္။ အခုေတာ့ လီဂ်င္းယြမ္ မွာေတာင္ Wechat ရွိေနၿပီ!
ေနာက္ၿပီး ဒါက လြန္ခဲ့တဲ့ ႏွစ္ရက္ေလာက္ကမွ ဖြင့္ထားခဲ့တာ ျဖစ္သည္။ ဟုန္ခ်န္းမင္း မ်က္ေတာင္ခတ္လိုက္သည္။ သူနည္းနည္းေလာက္ ထပ္ေစာင့္ႏိုင္မလား?
ေသခ်ာေပါက္ကို သူမေစာင့္ႏိုင္ဘူး!
ခ်က္ခ်င္းပင္ ေဇာင္ယုဟြမ္ ရဲ႕Wechat ကိုသူ follow လုပ္လိုက္သည္။ ထို႔ေနာက္ စာေတြကို တစ္ခုေတာင္ အလြတ္မေပးပဲ ဂ႐ုတစိုက္ ျပန္ရွာလိုက္သည္။ နာရီေပါင္းမ်ားစြာ အခ်ိန္ယူၿပီးေနာက္တြင္ ထိုမွတ္ခ်က္ကို သူထပ္ေတြ႕သြားသည္။
အဓိကစာမ်က္ႏွာကို ႏွိပ္လိုက္ၿပီး ဓာတ္ပုံ႐ိုက္ယူလိုက္ကာ ေနာက္ဆုံးေတာ့ သူ႔ကို report ထုႏိုင္သြားခဲ့သည္။ ထိုအရာေတြ ၿပီးသြားၿပီး ေနာက္တြင္လည္း သူမရပ္တန႔္ႏိုင္ေပ။ ဒီလိုမ်ိဳး တူညီတဲ့ မွတ္ခ်က္ေတြ ရွိေနမလားဆိုၿပီးေတာ့ သူဆက္ၿပီးေတာ့ ဖတ္လိုက္သည္။
သူ႔အတြင္းေရးမႉးကို သူ႔ဖုန္းအား မေပးခင္အထိ မွတ္ခ်က္ ၇ ခု ၈ ခုေလာက္ကို သူ report ထုဖို႔အတြက္ ဓာတ္ပုံ႐ိုက္ၿပီးမွ သူမကို ေပးလိုက္သည္။ အခုေတာ့ အတြင္းေရးမႉးက အေတာ္ေလးကို ထိတ္လန႔္သြားခဲ့သည္။
ဒီလိုမ်ိဳး စိတ္အားထက္သန္စြာနဲ႔ လုပ္ေနခဲ့တာကို သူမ တစ္ခါမွ မျမင္ဖူးခဲ့ေပ။ ဒီလိုမ်ိဳး Wechatက ေဆြးေႏြးတဲ့ အေၾကာင္းေတြက မစၥတာဟုန္ ကိုေတာ္ေတာ္ေလး အေႏွာင့္အယွက္ ျဖစ္ေစလိမ့္မယ္လို႔ သူမ မယုံၾကည္ႏိုင္ဘူး!
အတြင္းေရးမႉးက ဓာတ္ပုံေတြကို ဂ႐ုတစိုက္ ၾကည့္လိုက္ၿပီး မစၥတာဟုန္ ကသူ႔ဘာသာ မလုပ္တတ္တဲ့ အရာကို ရွာေတြ႕ခဲ့သည္။ သူက ဒါကို တျခားတစ္ေယာက္အတြက္ လုပ္ေနခဲ့တာ…. ေနာက္ၿပီး အြန္လိုင္းေပၚမွာ လူႀကိဳက္မ်ားလာတဲ့ မိန္းကေလး တစ္ေယာက္ေလ…. အို၊ သူမက ဒီေန႔ရွာေဖြမႈမွာလည္း ထိပ္ဆုံးပဲ။
႐ုတ္တရက္ အတြင္းေရးမႉးက သူမကို ထူးဆန္းစြာ ၾကည့္လိုက္သည္။ ဒါက CEO ကိုလႊမ္းမိုးထားတဲ့ ေကာလဟာလ သတင္းေတြ ျဖစ္ေနမလား?
သူႀကိဳက္တဲ့ အြန္လိုင္းက ေကာင္မေလးအေၾကာင္းကို တျခားသူေတြက ေျပာတာကိုေတာင္ သူက ခြင့္မျပဳႏိုင္ဘူး!
အတြင္းေရးမႉးက ထိုအေၾကာင္းကို စဥ္းစားရင္ တခ်ိန္တည္းတြင္လည္း ေပ်ာ္႐ႊင္မႈကို ခံစားလိုက္ရသည္။ အင္တာနက္ေပၚတြင္ မိန္းကေလး တစ္ေယာက္ရဲ႕ ဓာတ္ပုံေအာက္မွာ ႐ိုင္းျပသည့္ မွတ္ခ်က္ကို ေပးၾကသည့္ လူမ်ားစြာ ရွိၾကသည္။
ဂ႐ုမစိုက္စြာျဖင့္ သူမရဲ႕ ရင္သားက ဘယ္ေလာက္ႀကီးေၾကာင္း၊ သူမက ေအာက္ခံအနက္ေရာင္ အဝတ္နဲ႔ဆိုရင္ ဘယ္ေလာက္ေတာင္ ၾကည့္ေကာင္းမည္ ျဖစ္ေၾကာင္း စတာေတြကို ေျပာဆိုၾကသည္။ မိန္းကေလးေတြက ဒူးဖုံးအထိ ဝတ္ထားမယ္ဆိုရင္ေတာင္ မွတ္ခ်က္ေတြကေန သူမကို ေျပာၾကလိမ့္မည္။
မိန္းကေလးက ဒုကၡသည္ျဖစ္ေနရင္ေတာင္ ဒုကၡသည္ေတြရဲ႕ ဓာတ္ပုံမွာေတာင္ သူတို႔က မွတ္ခ်က္ေပးၾကလိမ့္မည္။ အတြင္းေရးမႉးက သူမ သူေဌးရဲ႕ ဖုန္းကို လက္ကကိုင္ထားရင္း ခံစားခ်က္မ်ားစြာျဖင့္ ဓာတ္ပုံေတြကို သူမ ကြန္ပ်ဴတာထဲကို ေ႐ြ႕လိုက္ၿပီး ဖုန္းကို ဟုန္ခ်န္းမင္း ဆီကို ျပန္ေပးလိုက္သည္။
ဟုန္ခ်န္းမင္း ကသူ႔ဖုန္းကို ျပန္ယူလိုက္ၿပီး ေဇာင္ယုဟြမ္ ကိုဖုန္းေခၚလိုက္သည္။
သူမကို Wechat မၾကာမၾကာ သုံးျဖစ္လားလို႔ သူေမးသင့္လား?
#ဒီအထဲမွာက Wechat လို႔ေရးထားေပမဲ့ ကိုယ္ကေတာ့ Weibo လို႔ထင္တယ္ translator အတိုင္းပဲ ဘာသာျပန္ေပးလိုက္တယ္ေနာ္
23.7.2020 (Thur)
………………………
[text_hash] => d79b0b35
)