ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] – 44❇️ အနာဂတ်ခင်ပွန်းလောင်း
// qc

ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] - 44❇️ အနာဂတ်ခင်ပွန်းလောင်း

Array
(
[text] =>

<Unicode>

အနာဂတ် ခင်ပွန်းလောင်း

ဇောင်ယုဟွမ် မှာပန်းချီဆွဲထားတာ အများကြီး မရှိပဲ ရန်ဆန်း ကဒါတွေအားလုံးကို ပန်းချီပြပွဲထဲကို ထည့်လိုက်သည်။ သို့သော်လည်း နာမည်တွင် သူမ နာမည်ကို မထည့်ပေမဲ့ ယုဖု (ငါးနဲ့ငှက်) ဆိုတဲ့ နာမည်‌ေပြာင်ကိုသာ သူမ ပန်းချီတွင်သာ ထည့်ထားခဲ့သည်။

ဂျူနီယာ အထက်တန်းတွင် လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့က သိပ္ပံပညာရည် ယှဉ်ပြိုင်ပွဲတွင် ပါဝင်ခဲ့ကြသည်။ သူတို့ အဖွဲ့နာမည်က “ခုန်နေသောငါးနဲ့ ပျံသန်းနေသည့်ငှက်” ဖြစ်သည်။

ဇောင်ယုဟွမ် ကနာမည်‌ေပြာင်တွေ ပေးရတာကို အရမ်းကို ပျင်းတာကြောင့် အဲ့နာမည်ကနေ စကားလုံး နှစ်လုံးကိုသာ ယူလိုက်ပြီး ပေါင်းစည်းလိုက်ကာ သူမရဲ့ နာမည်‌ေပြာင်အဖြစ် ထားလိုက်သည်။

ပန်းချီပြပွဲက စတင်ခဲ့သည်။ လက်ထောက်ကျောင် ကအပြင်ဘက်တွင် စောင့်နေခဲ့ပြီး ဇောင်ယုဟွမ် က ရန်ဆန်း နဲ့အတူ အထဲကို လျှောက်ဝင်သွားလိုက်သည်။ ပြပွဲအတွင်းတွင် နိုင်ငံခြားမှ အနုပညာရှင်တွေ များစွာက ရှိနေကြပြီး တချို့ကတော့ အသက်အရွယ်ကြီးပြီး တချို့ကတော့ အရွယ်ရောက်ပြီး ငယ်ရွယ်သည့် အနုပညာရှင်တွေ ဖြစ်ကြသည်။

ခန်းမကို လှည့်ပတ်ကြည့်လိုက်ပြီး စိတ်ရှုပ်စရာကောင်းသည့် ဆံပင်ပုံစံနဲ့ အနုပညာရှင် တစ်ယောက်ကို မြင်လိုက်ရသည်။ သူ့ပုံစံက ထင်ပေါ်ပြီး ထူထဲသည့် အဝတ်အစားတွေရယ် ဆံပင်အရှည်နဲ့ လက်ကောက်ဝတ်တွင်လည်း တက်တူးတွေကို ထိုးထားသည်။

ဇောင်ယုဟွမ် ကိုကြည့်ရင်တော့ သူမက အဖြူရောင် အဝတ်အစားကို ဝတ်ဆင်ထားပြီး LV အညိုရောင် လက်ဆွဲအိတ်နဲ့ ဖြစ်သည်။ သူမဆံပင်က ပုခုံးပေါ်ကို ကျနေပြီး သူမပုံစံက အရမ်းကို ကျက်သရေရှိသည်။ ရန်ဆန်း တောင်သူမကို လှည့်ကြည့်လိုက်ပြီး မထိန်းချုပ်နိုင်စွာဖြင့် ပြောလိုက်သည်။

“မင်းပုံစံက တကယ်ကြီးကို အနုပညာရှင်နဲ့ မတူဘူး”

“ဒါဆို ငါကဘာနဲ့တူလဲ?”

“ရိုးရိုးသားသား ပြောရရင် မင်းက ဘဲလေးအကသမားနဲ့ ပိုတူတယ်။ ဒါပေမဲ့ တကယ်ကြီး တူတာမျိုးတော့ မဟုတ်ဘူး။ ဘဲလေး အကသမားတွေက တကယ်ကို အေးစက်ပြီး မောက်မာတယ်။ ဒါပေမဲ့ မင်းကတော့ အဲ့လိုမဟုတ်ဘူး” ရန်ဆန်း ကအပြုံးလေးနဲ့ ပြောလိုက်သည်။

“မင်းမှာရှိတဲ့ ပုံစံအများစုက တူပေမဲ့ အကုန်လုံးတော့ မဟုတ်ဘူး” ဇောင်ယုဟွမ် ရယ်လိုက်သည်။

“အာ၊ ကောင်းပြီ။ ဒါနဲ့ပတ်သက်ပြီး ငါလုပ်နိုင်တာ သိပ်မရှိပါဘူး။ ငါ့မှာ စိတ်ဝင်စားတာ များတာပဲ ရှိတာ”

“အရေးကြီးဆုံးကတော့ သူတို့ထဲမှာတော့ မင်းက အကောင်းဆုံးပဲ။ ကျစ်၊ တခြားသူတွေက မင်းကို မနာလိုကြတယ်” ရန်ဆန်း ကသူမဘေးကနေ ပြောလိုက်သည်။ ဇောင်ယုဟွမ် ကမေးလိုက်သည်။

“မင်းရဲ့ ကားပြိုင်ပွဲကကော ဘယ်လိုလဲ?”

“အခုမင်းက ငါ့အကြောင်းကို တကယ်ဂရုမစိုက်တာကို ငါသိလိုက်ရပြီ။ ငါဆုတွေတောင် ရခဲ့သေးတယ်၊ TV မှာတောင် ပါခဲ့သေးတယ်။ နောက်ပြီး ဒီအကြောင်းကို မင်းမသိဘူး!”

“မင်းရဲ့လူစုက မင်းကို ရိုက်နှက်ခဲ့တာလား?”

“အာ၊ သူတို့ မလုပ်ခဲ့ပါဘူး။ ဒါပေမဲ့ ငါ့အစ်မအတွက်တော့ စိတ်မကောင်းဖြစ်မိတယ်။ သူမက ကောလိပ်ကနေ ဘွဲ့ရတာနဲ့ ချက်ချင်းပဲ ကုမ္ပဏီကို ဝင်ဖို့တွန်းအားပေးခံခဲ့ရတယ်” ရန်ဆန်း ကသူ့နှုတ်ခမ်းကို စေ့ထားရင်း ပြောလိုက်သည်။

“မဟုတ်ဘူး၊ ဇောင်ယုဟွမ်။ ဘာလို့ ငါအရိုက်ခံရတဲ့ အကြောင်းကိုပဲ အာရုံစိုက်နေရတာလဲ? ငါ့ဆုတွေနဲ့ ပတ်သက်ပြီး ပြောချင်တာ တခုခု ရှိလို့လား?”

ချမ်းသာသည့် ဒုတိယမျိုးဆက်က ကလေးတွေက ဒီလိုမျိုးပဲ ကြီးပြင်းလာကြတယ်လို့ ဇောင်ယုဟွမ် တွေးလိုက်သည်။ တစ်နေ့မှာ သူတို့အပေါ်ကို ကြီးမားသည့် လွှမ်းမိုးမှုက ရောက်လာမယ်လို့ ပြောခဲ့တာကို သူမ မတွေးတော့ပေ။

အခုတော့ သူတို့အားလုံးက သူတို့အိမ်မက်နောက်ကို လိုက်နေကြတာ၊ ငွေရဖို့ စီးပွားစီမံ တက်တာတွေနဲ့ သူတို့မိသားစု စီးပွားရေးထဲ ဝင်ရောက်တာတွေ၊ ကြိုးစားချင်တာတွေ…..

အများစုကတော့ သူတို့တစ်ဘဝလုံးကိုတော့ ပလေးဘွိုင်း အနေနဲ့တော့ မနေကြပေ။ သူမ မပြောချင်ပေမဲ့ သူ့ကို ချီးကျူးလိုက်သည်။ သူမက ပြောလိုက်သည်။

“နောက်တစ်ခါကျရင် ငါ့မျက်လုံးတွေနဲ့ သေချာမြင်နိုင်အောင်လို့ ငါ့ကို ဖိတ်လိုက်။ ဒါဆို ငါချီးကျူးပေးမယ်”

“မင်းမှာ အချိန်ကော ရှိလို့လား?” ရန်ဆန်း ကသူမကို ကြည့်လိုက်ပြီး သံသယဖြစ်စွာ မေးလိုက်သည်။

“အရင်ကတော့ မရှိဘူး။ အခုတော့ ရှိတယ်” အရင်တုန်းက သူမက သူမ ကျောင်းသင်ခန်းစာတွေကို ဖြစ်နိုင်သမျှ မြန်မြန်ပြီးဆုံးအောင် ပြေးလွှားခဲ့သည်။ ဒါကပဲ ဇောင်ချီ တခုခု ဖြစ်ချိန်တွင် သူမကို တရုတ်ပြည်ကို အမှီပြန်နိုင်စေခဲ့တာ ဖြစ်သည်။

အခုတော့ ဖုန်တွေက ငြိမ်သက်နေပြီး သူမဘဝကိုလည်း ပြေးလွှားနေဖို့ မလိုတော့ပေ။ သူမလိုအပ်တာတော့ စာအုပ်ထဲက ဇာတ်ကြောင်းတွေ ပြီးဆုံးသွားဖို့ပဲ၊ နောက်ပြီး သူမဘဝကို ပျော်ရွှင်စွာနဲ့ ဖြစ်သန်းသွားနိုင်ဖို့ပဲ။

“ကောင်းပြီ၊ ဒီအလုပ်တွေ….. ဖျော်ဖြေပွဲ ‌လောကကို ဝင်ရောက်ဖို့ အစီစဉ်မရှိတာ သေချာလား?” ဇောင်ယုဟွမ် ကခေါင်းခါလိုက်ကာ ပြောလိုက်သည်။

“အပျော်တော့ ဖြစ်နိုင်တယ်။ တကယ့်အလုပ်အနေနဲ့ ဆိုရင်တော့ No” ဇာတ်လိုက်မဆီကို ပြေးဝင်ဖို့ကို သူမ ဆန္ဒမရှိဘူး။ ရန်ဆန်း ခေါင်းညိတ်လိုက်သည်။

“အိုကေ၊ ငါ့အစ်မဆီက အကြောင်းအရာတွေ ပိုရှာလိုက်ဦးမယ်။ မင်းပန်းချီတွေကို ငါဆက်ထိန်းထားလိုက်မယ်” ဇောင်ယုဟွမ် ကစကားပြောတာကို ရပ်တန့်သင့်ကြောင်း ပြောလိုက်သည်။

သူတို့နှစ်ယောက်က တိတ်ဆိတ်သွားပြီး ပန်းချီကားချက်နားကို တိတ်ဆိတ်စွာ လျှောက်သွားလိုက်သည်။ ထိုနေရာကို ရောက်သွားချိန်တွင် ဇောင်ယုဟွမ် ကပန်းချီကား နှစ်ချက်ကို ဝယ်လိုက်ပြီး လက်ထောက်ကျောင် ကကားထဲကို သယ်သွားလိုက်သည်။

ဇောင်ယုဟွမ် နဲ့ ရန်ဆန်း တို့က စားသောက်ပြီးချိန်မှာ လမ်းခွဲခဲ့ကြသည်။ ဇောင်ယုဟွမ် ကားထဲကို ရောက်သွားချိန်တွင် တခြားကားတစ်စီးက လမ်းဘေးကနေ မောင်းလာပြီး ကားမှန်ကို ချလိုက်သည်။ အတွင်းရေးမှူးချန်း ကပြောလိုက်သည်။

“သခင်လေးရန် လား? သူလည်း အရင်က နိုင်ငံခြားမှာ ရှိခဲ့တာပဲ။ လအနည်းငယ်လောက်ကမှ ပြန်ရောက်လာတာ” လန်ဂျင်းဇီ မျက်မှောင်ကြုတ်လိုက်သည်။

ထိုအရာကို အတွင်းရေးမှူးချန်း မြင်သွားချိန်တွင် ပြောလိုက်သည်။

“မိန်းကလေးဇောင် ကအသက်ပြည့်နေပါပြီ၊ နောက်ပြီး ဒါက ဒိတ်ဖို့ အချိန်ကောင်းပဲ။ မိန်းကလေးဇောင်နဲ့ သခင်လေးရန် တို့က အတန်းဖော်တွေပဲလေ။ ဒါက အရမ်းကို နည်းပါးပေမဲ့ သူက သခင်လေးနန် ထက်တော့ ပိုကောင်းတယ်…”

လန်ဂျင်းဇီ ကအချိန်အနည်းငယ်လောက် ရပ်တန့်နေပြီးနောက် တခြား အသေးအစိတ် အချက်တွေကို ပြန်စဉ်းစားလိုက်သည်။

“အန်တီက သူမ မထွက်သွားခင်တုန်းက ယုဟွမ် အတွက် လက်ထပ်ဖို့ စီစဉ်ခဲ့တဲ့ အကြောင်းကို အဖိုးဆီက ကြားခဲ့တားလား?”

“ဒီနေ့ခေတ်မှာ ဒီအသက်နဲ့ဆိုရင် ဒီအရာတွေကို ကျွန်တော်တို့ ကိုင်တွယ်ဖို့ မစဉ်းစားတာ ကောင်းလိမ့်မယ်…” အတွင်းရေးမှူးချန်း ကပြောလိုက်သည်။

လန်ဂျင်းဇီ ကပြောလိုက်သည်။ “ဒါဆို ငါတို့ အချိန်အနည်းငယ်ယူပြီး နန်အိမ်တော်နဲ့ ရှင်းလင်းသင့်တယ်။ သူတို့က ယုဟွမ် ရဲ့ပျော်စရာ ဘဝမှာ စိတ်ရှုပ်ထွေးအောင် လာမလုပ်စေချင်ဘူး”

အတွင်းရေးမှူးချန်း – “သခင်လေးလန် ပြောချင်တာက….”

“ငါ့အဖိုးက အသက်ကြီးပြီ၊ ယုဟွမ် မှာတခြားအသက်ကြီးတဲ့ သူမရှိဘူး။ ငါပဲ ရှိတော့မယ်လို့ ထင်တယ်”

ထိုစကားကို ကြားလိုက်ရပြီး အတွင်းရေးမှူးချန်း မထိန်းချုပ်နိုင်စွာဖြင့် သက်ပြင်းရှည်ကြီးကို ချလိုက်သည်။

ဘယ်လောက်တောင် အံ့ဩဖို့ ကောင်းလိုက်တဲ့ ဝမ်းကွဲလဲ?

ထိုအရာနဲ့ ပတ်သက်ပြီး အတွင်းရေးမှူးချန်း တောင်အံ့ဩသွားခဲ့သည်။ ဒီနှစ်တွေတွင် လန်ဂျင်းဇီ ရဲ့ပြောင်းလဲလာမှုတွေကြောင့် သူအများကြီး အံ့ဩခဲ့ရသည်။ သူ့ရဲ့ ဒီဝမ်းကွဲလေးနဲ့ မတွေ့ရကတည်းက အခုထိ သူမရဲ့ဘဝ ရှုထောင်းတွေ အားလုံးမှာ ဝင်ရောက်ပြီး ပြောင်းလဲပေးဖို့ ဆန္ဒရှိလာခဲ့သည်။

ဇောင်ယုဟွမ် ကသူမ ဝမ်းကွဲက ရန်ဆန်း နဲ့အတူ ပန်းချီခန်းမကို လာတာနဲ့ ပတ်သက်ပြီး ဘယ်လိုဖြစ်နေလဲဆိုတာကို သူမကတော့ မသိပေ။

တစ်စုံတစ်ယောက်က သူမကို ဓာတ်ပုံရိုက်ပြီး အွန်လိုင်းပေါ် တင်နေခဲ့တာကိုလည်း သူမ မသိခဲ့ပေ။ ဒီနေ့ခေတ်လို ဒစ်ဂျစ်တယ်ခေတ်တွင် အွန်လိုင်းတွင် ပုံကောင်းတွေကို အမြဲတမ်း တင်လေ့ရှိကြသည်။

ဒါပေမဲ့ ဇောင်ယုဟွမ် တစ်ယောက်ကတော့ လူတိုင်းရဲ့ မျက်လုံးတွေကို ပုံမှန်အတိုင်းပင် အမြဲတမ်း ဖမ်းစားနိုင်သည့် သူဖြစ်သည်။ သူမအနောက်တွင် အီတလီအနုပညာရှင်က ဆွဲထားသည့် ပန်းချီကား တစ်ချက်ကို သစ်တောရဲ့ မှောင်နေသည့် နေရာတွင် ခင်းကျင်းပြထားခဲ့သည်။

အရောင်က မှောင်နေပြီး နောက်ခံပုံစံကလည်း စိတ်ဓာတ်ကျနေပုံရကာ ကြောက်စရာ ကောင်းသည်။ ထိုအရှေ့တွင် ဇောင်ယုဟွမ် မတ်တပ်ရပ်နေပြီး ပန်းချီကားထဲက အလင်းရောင် တစ်ခုကြောင့် ကြည့်ကာ သူမပြုံးလိုက်သည်။

ထို့နောက် ပန်းချီကားက သားရဲတစ်ကောင်လို ဖြစ်လာပြီး သူမကို မြိုချတော့မလို ဖြစ်လာသည်။ အလင်းနဲ့ အမှောင်ကြားက အရောင်ကြောင့် လူတွေကို ပိုပြီးဆွဲဆောင် ခဲ့သည်။ ပန်းချီကားချပ်ရှေ့တွင် အရမ်းကိုလှပသည့် မိန်းကလေးက မတ်တပ်ရပ်နေတာတော့ ထပ်ပေါင်းပြောစရာ မလိုပေ။

သူမက ကျက်သရေရှိပြီး အသက်ဝင်နေသည့် မျက်လုံး၊ မျက်ခုံးနဲ့ သူမရဲ့ သေးသွယ်သည့် လည်ပင်းလေနဲ့ ပိန်ပါးသည့် ခန္ဓာကိုယ်တွင် သူမခန္ဓာကိုယ်ကို ပြည့်စုံသွားအောင် ဖြည့်စွတ်ထားသည့် အဝတ်အစားကို ဝတ်ဆင်ထးသည်။

သူမက ထိုနေရာတွင် မတ်တပ်ရပ်နေတာက ကြော့ရှင်းနေကာ ကျက်သရေရှိသည်။ ဒါက ပုံမှန်အင်တာနက်က လွှမ်းမိုးမှုနဲ့ ယှဉ်ပြိုင်နိုင်သည်။ ပုံတွင်ပါသည့် စာကြောင်းကတော့ “ပန်းချီကားက မိန်းကလေးကို ဖမ်းစားလိုက်တယ်လို့ ထင်တယ်”

ထိုပုံက ဝက်ဆိုက်တွင် ချက်ချင်းပင် ပျံ့နှံ့သွားခဲ့သည်။ ဇောင်ယုဟွမ် ကတော့ ဖျော်ဖြေရေး သတင်းတွေကို အမြဲတမ်း ဖတ်တက်သည့် ဟန်ရင်ရင် ပြောလာမှ ထိုအကြောင်းကို သိခဲ့သည်။

ထိုအချိန်ကျမှ အွန်လိုင်းတွင် သူမ ရှာဖွေခဲ့သည်။ သူမနဲ့ ပတ်သက်သည့် သတင်းတွေကို ချက်ချင်း ရှာမတွေ့ပေမဲ့ လီဂျင်းယွမ် ရဲ့သတင်းကိုတော့ အရင်ဆုံး မြင်လိုက်ရသည်။

“Puppy Love”

သူမ နှိပ်လိုက်ပြီး လီဂျင်းယွမ် အကြောင်းတွေ တင်ထားသည့် WeChat ကို ကြည့်လိုက်သည်။ ထိုအထဲတွင် သူ့ပုံတွေက အရမ်းကို များပြားသည်။ အားလုံးကတော့ Reality show မှပုံတွေ ဖြစ်သည်။

ဒါက သူ့ဘေးပုံစံ၊ အရှေ့ပုံစံ၊ တစ်ကိုယ်လုံး ပုံစံ…. ထောင့်တိုင်းကို တင်ထားသည်။ နောက်ပြီး သူ့ခေါင်းတွင်လည်း ကြောင်နားရွက် တစ်ခုတောင် ရှိသည်။ ဇောင်ယုဟွမ် ထိုအရာကို မြင်လိုက်ချိန်တွင် မထိန်းချုပ်နိုင်စွာဖြင့် အိပ်ရာကို ထုလိုက်သည်။

တကယ်ကြီးကို ဇာတ်လိုက်ကာ ကြောင်နားရွက်တွေကို ဝတ်ထားတယ်!!

ထိုအကြောင်းကို ပြောနေရင်းနဲ့ ဟုန်ချန်းမင်း သာကြောင်နားရွက်တွေကို ဝတ်လိုက်ရင် ဘယ်လိုနေမလဲဆိုတာ သူမ သိချင်သွားသည်။

ဇောင်ယုဟွမ် သူမဖုန်းကို ဆွဲချလိုက်သည်။

“လီဂျင်းယွမ် ကိုကြည့်ဦး! ဒါကမှ တကယ့်ကို အထက်တန်းစားက ကျက်သရေရှိတဲ့ လူကြီးလူကောင်းပဲ ဖြစ်သင့်တယ်!”

“အို၊ ယုတ္တိမရှိတဲ့ စကားပဲ! ဘာအထက်တန်းစားလဲ?! သူ့ကို မနေ့က ပြပွဲမှာ တွေ့ခဲ့တယ်၊ နောက်ပြီး သူကအရမ်းကို ငယ်နေတုန်းပဲ။ သူက ပြီးပြည့်စုံတဲ့ ချစ်သူပဲ! ရုတ်တရက်ကြီး သူ့ကို တွေ့သွားချိန်မှာ ငါမတွန်းလှန်နိုင်တော့ဘူး!”

“အို…… သူက ပြပွဲမှာ အကောင်းဆုံးပဲ! ယှဉ်ပြိုင်ဖို့ အဓိက အချက်က ဘာလဲ? ငါတို့က ပြိုင်ပွဲတစ်ခုလုံးကို ကျော်ပြီးမြင်လိုက်ရတာက ဘာလဲ? သူ့ကို ပွဲဦးထွက်ခွင့်ပြုပြီး Variety shows တွေကို သွားခိုင်းပြီး ဓာတ်ပုံတွေကို ရိုက်ခိုင်းသင့်တယ်! သူ့အတွက်ဆိုရင် ငါ့ငွေတွေအားလုံးကို အသုံးချဖို့ ဆန္ဒရှိတယ်!!”

“သူက အတော်လေး ရင်းနှီးနေတယ်လို့ ထင်နေတာက ငါတစ်ယောက်တည်းလား?”

“နောက်ဆုံးစာက ဘာကိုပြောချင်တာလဲ? သူက မျက်နှာကို ခွဲစိတ်ထားတယ်လို့ ပြောချင်တာလား? ထပ်မလုပ်ပါနဲ့။ ဒီဖန်တစ်ရာတေနေတဲ့ ပုံစံတွေက လူသစ်ဖြစ်လာဖို့လား…..”

“မဟုတ်ဘူး! တကယ်မဟုတ်ဘူး! ငါပြောချင်တာက သူက ဗြိတိသျှ မောလ်ဒယ် ရာဖေးလ် နဲ့တူတယ်လို့ ဘယ်သူမှ မစဉ်းစားမိဘူးလား?”

ဇောင်ယုဟွမ် မျက်ခုံးပင့်လိုက်သည်။ ရာဖေးလ် ကနိုင်ငံခြားတွင် နေတုန်းက လီဂျင်းယွမ် ရဲ့နာမည်ဖြစ်သည်။

အံ့ဩဖို့ကောင်းလိုက်တာ။

လီဂျင်းယွမ် ကလူတွေကို ပိုပိုပြီး ဆွဲဆောင်လာခဲ့သည်။ လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့က အကောင်းဆုံး အသက်မွေးဝမ်းကြောင်းနဲ့ ဖန်တွေက ပိုပိုများလာတာက….

သူတို့ရဲ့ မလုံခြုံတော့တဲ့ စိတ်အာရုံတွေကို ဂရုစိုက်သင့်လား?

ဇောင်ယုဟွမ် က WeChat ကစကားပြောတာကနေ ထွက်လိုက်ပြီး နောက်ဆုံးတော့ “ပန်းချီက မိန်းကလေးကို ဖမ်းစားသွားတယ်လို့ ထင်တယ်” ဆိုတဲ့ စာကြောင်းကို မြင်လိုက်ရသည်။

သူမ နှိပ်လိုက်ပြီး…. သေချာတယ်၊ ဒါက သူမပဲ။ မှတ်ချက်ပေးထားတာတွေကို သူမ ကြည့်လိုက်ပြီး အားလုံးက ချီးကျူးထားကြတာပဲ ဖြစ်သည်။

ထိုအကြောင်းတွေ အားလုံးကြောင့် ဇောင်ယုဟွမ် စိတ်မသက်သာသလို ခံစားသွားရပြီး မြန်မြန် ပြန်ထွက်လိုက်သည်။

ထိုအစား တခြားရှာဖွေမှု အများဆုံးတစ်ခုကို တွေ့လိုက်ရသည်။ ထိုအရာက သူမအောက်တွင်ဖြစ်ပြီး “CEO ဝတ္ထုရဲ့ ဇာတ်လိုက်” ဆိုသည့် နာမည်နဲ့ ဖြစ်သည်။

ဇောင်ယုဟွမ် နှိပ်ကြည့်လိုက်သည်။ သူမ အံ့အားသင့်သွားခဲ့သည်။ သူမ ပထမဆုံး မြင်လိုက်ရတာက ဟုန်ချန်းမင်း ရဲ့ပုံဖြစ်သည်။

ဘယ်လိုတောင် ထူးဆန်းတဲ့ နေ့လဲ?

သူတို့သုံးယောက်လုံးက ရှာဖွေမှုအများဆုံးမှာ ပါနေကြတာလား?

ဇောင်ယုဟွမ် က WeChat ကစာကို လျင်မြန်စွာ ဖတ်လိုက်သည်။

‘ဒီအကြောင်းက စီးပွားရေးအကြောင်းပါ။ လွန်ခဲ့တဲ့ နိုင်းမြို့တော်တွင် ကျင်းပခဲ့သည့် တတိယနှစ်ပတ်လည် စီးပွားရေး တွေ့ဆုံပွဲက အကြောင်းအရာ‌ေတွပါ။ ဓာတ်ပုံတွေက သိပ်မပါပါဘူး။ ဒါကြောင့် အဲ့နေ့က ဗီဒီယိုကိုသာ ကြည့်နိုင်သည်။ တွေ့ဆုံပွဲ တစ်ခုလုံးက သုံးနာရီကြာမြင့်ခဲ့တယ်’

‘ဒီလိုမျိုး အစအဆုံးသာ ကြည့်လိုက်ရင် အိပ်ပျော်သွားလိမ့်မယ်… ဒါပေမဲ့ ဒီတစ်ကြိမ်တော့ မဟုတ်ဘူး! OMG! မင်း တွေးလို့ရရဲ့လား? သက်လတ်ပိုင်း အမျိုးသားတွေကြားမှာ အသက် ၂၀ လောက်ပဲရှိတဲ့ ငယ်ရွယ်တဲ့ ကောင်လေး တစ်ယောက်သာ ရှိတယ်’

‘သူက ဝတ်စုံအပြည့်ကို ဝတ်ထားပြီး နက်ကတိုင်ကို ချည်ထားကာ သူကအရမ်းကို ကြည့်ကောင်းနေတယ်! ငါ့ဒူးတွေကို ထောက်လိုက်ပြီး ‘ငါအောင်နိုင်ပြီ’လို့ သီချင်း အော်ဆိုလိုက်ချင်တယ်။ အခုတော့ CEOဝတ္ထုထဲက ဇာတ်လိုက်က ဘယ်လိုလဲဆိုတာ ငါသိသွားခဲ့ပြီ!’

‘ဒီမှာရှိနေတဲ့ CEO ကတကယ့် အစစ်အမှန် ဘဝကပဲ! ….အောက်မှာ ဓာတ်ပုံတချို့ကိုလည်း ထည့်ထားပေးတယ်။ အကောင်းဆုံး မဟုတ်ပေမဲ့ ဒါက အဆင်ပြေလိမ့်မယ် [pic] [pic]’

ထို့နောက် အောက်တွင် မှတ်ချက်ပေးထားကြသည်။

“အိပ်ချင်တယ်”

“အိုကေ၊ ဒါက ငါ့ရဲ့ အနာဂတ် ခင်ပွန်းလောင်းပဲ”

“အားးးး၊ သူက ငါ့အပိုင်ပဲ!”

“ဘယ်ချမ်းသာတဲ့ ဒုတိယမျိုးဆက်ကလဲ? ငါတို့နိုင်ငံက ချမ်းသာတဲ့ ဒုတိယမျိုးဆက်က ဒီအဆင့်ကိုတောင် ရောက်နေပြီလား?”

…..

မကြာခင်က သူအရမ်းအလုပ်များနေတာက အံ့ဩစရာ မဟုတ်တော့ပေ။ ဒါက ဒီတွေ့ဆုံပွဲကို သူတက်ရတာကြောင့်ပေါ့၊ ဟမ်?

ဇောင်ယုဟွမ် မထိန်းချုပ်နိုင်စွာဖြင့် ဓာတ်ပုံတွေကို ကြည့်လိုက်သည်။ ထို့နောက် လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ရဲ့ပုံတွေနဲ့ ပြောထားသည့် စကားတွေကို ဓာတ်ပုံရိုက်လိုက်သည်။ နောက်ဆုံးတွင် ရှာဖွေမှုတစ်ခုလုံးကို သူမ ရိုက်ယူလိုက်သည်။ ဒါက ရာစုနှစ်မှာ စုဝေးခြင်းပဲ!

သူတို့အားလုံးက ရှာဖွေမှုမှာ အတူတူ ပါခဲ့တာက မတော်တဆပဲ။ နောက်ပြီး ခေါင်းစဉ်တွေကလည်း မတူကြဘူး။ ဒီပုံတွေကို ဘဝအတွက် ရတနာလိုမျိုး ထိန်းသိမ်းထားရမယ်လို့ ဇောင်ယုဟွမ် ခံစားလိုက်ရသည်။ အနာဂတ်မှာ ဒါတွေကို သူမ ထပ်ခါထပ်ခါ ကြည့်ရမယ်။

ထိုအထဲကနေ ထွက်လိုက်ပြီးနောက် ဟုန်ချန်းမင်း ဆီကို ပို့လိုက်သည်။ ပုံမှန်ပင် ထိုအောက်တွင်လည်း သူမ စာပို့လိုက်သည်။

“ဒါက ကိုကိုချန်းမင်းလား?” သူမ မေးလိုက်သည်။

တဖက်တွင် ဟုန်ချန်းမင်း ကဖွင့်ကြည့်လိုက်ပြီး ချက်ချင်းပင် “အိပ်ချင်တာ”တို့ “ခင်ပွန်းလောင်း”တို့စသည့် စကားလုံးတွေကို မြင်လိုက်သည်။

တချို့ထူးဆန်းတဲ့ အကြောင်းပြချက်တွေကြောင့် သူ့နှလုံးသားက ခုန်သွားခဲ့ပြီး သူ့အသက်ရှူသံကလည်း ရပ်တန့်လုနီးပါး ဖြစ်သွားခဲ့သည်။

#ဟေး ချစ်ဆုံးလေးတို့ ဘာသာပြန်ပေးထားတဲ့အထိ မှီသွားပါပြီလို့ 😊😊

11.7.2020 (Sat)
…………………….

<Zawgyi>

အနာဂတ္ ခင္ပြန္းေလာင္း

ေဇာင္ယုဟြမ္ မွာပန္းခ်ီဆြဲထားတာ အမ်ားႀကီး မရွိပဲ ရန္ဆန္း ကဒါေတြအားလုံးကို ပန္းခ်ီျပပြဲထဲကို ထည့္လိုက္သည္။ သို႔ေသာ္လည္း နာမည္တြင္ သူမ နာမည္ကို မထည့္ေပမဲ့ ယုဖု (ငါးနဲ႔ငွက္) ဆိုတဲ့ နာမည္‌ေျပာင္ကိုသာ သူမ ပန္းခ်ီတြင္သာ ထည့္ထားခဲ့သည္။

ဂ်ဴနီယာ အထက္တန္းတြင္ လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔က သိပၸံပညာရည္ ယွဥ္ၿပိဳင္ပြဲတြင္ ပါဝင္ခဲ့ၾကသည္။ သူတို႔ အဖြဲ႕နာမည္က “ခုန္ေနေသာငါးနဲ႔ ပ်ံသန္းေနသည့္ငွက္” ျဖစ္သည္။

ေဇာင္ယုဟြမ္ ကနာမည္‌ေျပာင္ေတြ ေပးရတာကို အရမ္းကို ပ်င္းတာေၾကာင့္ အဲ့နာမည္ကေန စကားလုံး ႏွစ္လုံးကိုသာ ယူလိုက္ၿပီး ေပါင္းစည္းလိုက္ကာ သူမရဲ႕ နာမည္‌ေျပာင္အျဖစ္ ထားလိုက္သည္။

ပန္းခ်ီျပပြဲက စတင္ခဲ့သည္။ လက္ေထာက္ေက်ာင္ ကအျပင္ဘက္တြင္ ေစာင့္ေနခဲ့ၿပီး ေဇာင္ယုဟြမ္ က ရန္ဆန္း နဲ႔အတူ အထဲကို ေလွ်ာက္ဝင္သြားလိုက္သည္။ ျပပြဲအတြင္းတြင္ ႏိုင္ငံျခားမွ အႏုပညာရွင္ေတြ မ်ားစြာက ရွိေနၾကၿပီး တခ်ိဳ႕ကေတာ့ အသက္အ႐ြယ္ႀကီးၿပီး တခ်ိဳ႕ကေတာ့ အ႐ြယ္ေရာက္ၿပီး ငယ္႐ြယ္သည့္ အႏုပညာရွင္ေတြ ျဖစ္ၾကသည္။

ခန္းမကို လွည့္ပတ္ၾကည့္လိုက္ၿပီး စိတ္ရႈပ္စရာေကာင္းသည့္ ဆံပင္ပုံစံနဲ႔ အႏုပညာရွင္ တစ္ေယာက္ကို ျမင္လိုက္ရသည္။ သူ႔ပုံစံက ထင္ေပၚၿပီး ထူထဲသည့္ အဝတ္အစားေတြရယ္ ဆံပင္အရွည္နဲ႔ လက္ေကာက္ဝတ္တြင္လည္း တက္တူးေတြကို ထိုးထားသည္။

ေဇာင္ယုဟြမ္ ကိုၾကည့္ရင္ေတာ့ သူမက အျဖဴေရာင္ အဝတ္အစားကို ဝတ္ဆင္ထားၿပီး LV အညိဳေရာင္ လက္ဆြဲအိတ္နဲ႔ ျဖစ္သည္။ သူမဆံပင္က ပုခုံးေပၚကို က်ေနၿပီး သူမပုံစံက အရမ္းကို က်က္သေရရွိသည္။ ရန္ဆန္း ေတာင္သူမကို လွည့္ၾကည့္လိုက္ၿပီး မထိန္းခ်ဳပ္ႏိုင္စြာျဖင့္ ေျပာလိုက္သည္။

“မင္းပုံစံက တကယ္ႀကီးကို အႏုပညာရွင္နဲ႔ မတူဘူး”

“ဒါဆို ငါကဘာနဲ႔တူလဲ?”

“႐ိုး႐ိုးသားသား ေျပာရရင္ မင္းက ဘဲေလးအကသမားနဲ႔ ပိုတူတယ္။ ဒါေပမဲ့ တကယ္ႀကီး တူတာမ်ိဳးေတာ့ မဟုတ္ဘူး။ ဘဲေလး အကသမားေတြက တကယ္ကို ေအးစက္ၿပီး ေမာက္မာတယ္။ ဒါေပမဲ့ မင္းကေတာ့ အဲ့လိုမဟုတ္ဘူး” ရန္ဆန္း ကအၿပဳံးေလးနဲ႔ ေျပာလိုက္သည္။

“မင္းမွာရွိတဲ့ ပုံစံအမ်ားစုက တူေပမဲ့ အကုန္လုံးေတာ့ မဟုတ္ဘူး” ေဇာင္ယုဟြမ္ ရယ္လိုက္သည္။

“အာ၊ ေကာင္းၿပီ။ ဒါနဲ႔ပတ္သက္ၿပီး ငါလုပ္ႏိုင္တာ သိပ္မရွိပါဘူး။ ငါ့မွာ စိတ္ဝင္စားတာ မ်ားတာပဲ ရွိတာ”

“အေရးႀကီးဆုံးကေတာ့ သူတို႔ထဲမွာေတာ့ မင္းက အေကာင္းဆုံးပဲ။ က်စ္၊ တျခားသူေတြက မင္းကို မနာလိုၾကတယ္” ရန္ဆန္း ကသူမေဘးကေန ေျပာလိုက္သည္။ ေဇာင္ယုဟြမ္ ကေမးလိုက္သည္။

“မင္းရဲ႕ ကားၿပိဳင္ပြဲကေကာ ဘယ္လိုလဲ?”

“အခုမင္းက ငါ့အေၾကာင္းကို တကယ္ဂ႐ုမစိုက္တာကို ငါသိလိုက္ရၿပီ။ ငါဆုေတြေတာင္ ရခဲ့ေသးတယ္၊ TV မွာေတာင္ ပါခဲ့ေသးတယ္။ ေနာက္ၿပီး ဒီအေၾကာင္းကို မင္းမသိဘူး!”

“မင္းရဲ႕လူစုက မင္းကို ႐ိုက္ႏွက္ခဲ့တာလား?”

“အာ၊ သူတို႔ မလုပ္ခဲ့ပါဘူး။ ဒါေပမဲ့ ငါ့အစ္မအတြက္ေတာ့ စိတ္မေကာင္းျဖစ္မိတယ္။ သူမက ေကာလိပ္ကေန ဘြဲ႕ရတာနဲ႔ ခ်က္ခ်င္းပဲ ကုမၸဏီကို ဝင္ဖို႔တြန္းအားေပးခံခဲ့ရတယ္” ရန္ဆန္း ကသူ႔ႏႈတ္ခမ္းကို ေစ့ထားရင္း ေျပာလိုက္သည္။

“မဟုတ္ဘူး၊ ေဇာင္ယုဟြမ္။ ဘာလို႔ ငါအ႐ိုက္ခံရတဲ့ အေၾကာင္းကိုပဲ အာ႐ုံစိုက္ေနရတာလဲ? ငါ့ဆုေတြနဲ႔ ပတ္သက္ၿပီး ေျပာခ်င္တာ တခုခု ရွိလို႔လား?”

ခ်မ္းသာသည့္ ဒုတိယမ်ိဳးဆက္က ကေလးေတြက ဒီလိုမ်ိဳးပဲ ႀကီးျပင္းလာၾကတယ္လို႔ ေဇာင္ယုဟြမ္ ေတြးလိုက္သည္။ တစ္ေန႔မွာ သူတို႔အေပၚကို ႀကီးမားသည့္ လႊမ္းမိုးမႈက ေရာက္လာမယ္လို႔ ေျပာခဲ့တာကို သူမ မေတြးေတာ့ေပ။

အခုေတာ့ သူတို႔အားလုံးက သူတို႔အိမ္မက္ေနာက္ကို လိုက္ေနၾကတာ၊ ေငြရဖို႔ စီးပြားစီမံ တက္တာေတြနဲ႔ သူတို႔မိသားစု စီးပြားေရးထဲ ဝင္ေရာက္တာေတြ၊ ႀကိဳးစားခ်င္တာေတြ…..

အမ်ားစုကေတာ့ သူတို႔တစ္ဘဝလုံးကိုေတာ့ ပေလးဘြိဳင္း အေနနဲ႔ေတာ့ မေနၾကေပ။ သူမ မေျပာခ်င္ေပမဲ့ သူ႔ကို ခ်ီးက်ဴးလိုက္သည္။ သူမက ေျပာလိုက္သည္။

“ေနာက္တစ္ခါက်ရင္ ငါ့မ်က္လုံးေတြနဲ႔ ေသခ်ာျမင္ႏိုင္ေအာင္လို႔ ငါ့ကို ဖိတ္လိုက္။ ဒါဆို ငါခ်ီးက်ဴးေပးမယ္”

“မင္းမွာ အခ်ိန္ေကာ ရွိလို႔လား?” ရန္ဆန္း ကသူမကို ၾကည့္လိုက္ၿပီး သံသယျဖစ္စြာ ေမးလိုက္သည္။

“အရင္ကေတာ့ မရွိဘူး။ အခုေတာ့ ရွိတယ္” အရင္တုန္းက သူမက သူမ ေက်ာင္းသင္ခန္းစာေတြကို ျဖစ္ႏိုင္သမွ် ျမန္ျမန္ၿပီးဆုံးေအာင္ ေျပးလႊားခဲ့သည္။ ဒါကပဲ ေဇာင္ခ်ီ တခုခု ျဖစ္ခ်ိန္တြင္ သူမကို တ႐ုတ္ျပည္ကို အမွီျပန္ႏိုင္ေစခဲ့တာ ျဖစ္သည္။

အခုေတာ့ ဖုန္ေတြက ၿငိမ္သက္ေနၿပီး သူမဘဝကိုလည္း ေျပးလႊားေနဖို႔ မလိုေတာ့ေပ။ သူမလိုအပ္တာေတာ့ စာအုပ္ထဲက ဇာတ္ေၾကာင္းေတြ ၿပီးဆုံးသြားဖို႔ပဲ၊ ေနာက္ၿပီး သူမဘဝကို ေပ်ာ္႐ႊင္စြာနဲ႔ ျဖစ္သန္းသြားႏိုင္ဖို႔ပဲ။

“ေကာင္းၿပီ၊ ဒီအလုပ္ေတြ….. ေဖ်ာ္ေျဖပြဲ ‌ေလာကကို ဝင္ေရာက္ဖို႔ အစီစဥ္မရွိတာ ေသခ်ာလား?” ေဇာင္ယုဟြမ္ ကေခါင္းခါလိုက္ကာ ေျပာလိုက္သည္။

“အေပ်ာ္ေတာ့ ျဖစ္ႏိုင္တယ္။ တကယ့္အလုပ္အေနနဲ႔ ဆိုရင္ေတာ့ No” ဇာတ္လိုက္မဆီကို ေျပးဝင္ဖို႔ကို သူမ ဆႏၵမရွိဘူး။ ရန္ဆန္း ေခါင္းညိတ္လိုက္သည္။

“အိုေက၊ ငါ့အစ္မဆီက အေၾကာင္းအရာေတြ ပိုရွာလိုက္ဦးမယ္။ မင္းပန္းခ်ီေတြကို ငါဆက္ထိန္းထားလိုက္မယ္” ေဇာင္ယုဟြမ္ ကစကားေျပာတာကို ရပ္တန႔္သင့္ေၾကာင္း ေျပာလိုက္သည္။

သူတို႔ႏွစ္ေယာက္က တိတ္ဆိတ္သြားၿပီး ပန္းခ်ီကားခ်က္နားကို တိတ္ဆိတ္စြာ ေလွ်ာက္သြားလိုက္သည္။ ထိုေနရာကို ေရာက္သြားခ်ိန္တြင္ ေဇာင္ယုဟြမ္ ကပန္းခ်ီကား ႏွစ္ခ်က္ကို ဝယ္လိုက္ၿပီး လက္ေထာက္ေက်ာင္ ကကားထဲကို သယ္သြားလိုက္သည္။

ေဇာင္ယုဟြမ္ နဲ႔ ရန္ဆန္း တို႔က စားေသာက္ၿပီးခ်ိန္မွာ လမ္းခြဲခဲ့ၾကသည္။ ေဇာင္ယုဟြမ္ ကားထဲကို ေရာက္သြားခ်ိန္တြင္ တျခားကားတစ္စီးက လမ္းေဘးကေန ေမာင္းလာၿပီး ကားမွန္ကို ခ်လိုက္သည္။ အတြင္းေရးမႉးခ်န္း ကေျပာလိုက္သည္။

“သခင္ေလးရန္ လား? သူလည္း အရင္က ႏိုင္ငံျခားမွာ ရွိခဲ့တာပဲ။ လအနည္းငယ္ေလာက္ကမွ ျပန္ေရာက္လာတာ” လန္ဂ်င္းဇီ မ်က္ေမွာင္ၾကဳတ္လိုက္သည္။

ထိုအရာကို အတြင္းေရးမႉးခ်န္း ျမင္သြားခ်ိန္တြင္ ေျပာလိုက္သည္။

“မိန္းကေလးေဇာင္ ကအသက္ျပည့္ေနပါၿပီ၊ ေနာက္ၿပီး ဒါက ဒိတ္ဖို႔ အခ်ိန္ေကာင္းပဲ။ မိန္းကေလးေဇာင္နဲ႔ သခင္ေလးရန္ တို႔က အတန္းေဖာ္ေတြပဲေလ။ ဒါက အရမ္းကို နည္းပါးေပမဲ့ သူက သခင္ေလးနန္ ထက္ေတာ့ ပိုေကာင္းတယ္…”

လန္ဂ်င္းဇီ ကအခ်ိန္အနည္းငယ္ေလာက္ ရပ္တန႔္ေနၿပီးေနာက္ တျခား အေသးအစိတ္ အခ်က္ေတြကို ျပန္စဥ္းစားလိုက္သည္။

“အန္တီက သူမ မထြက္သြားခင္တုန္းက ယုဟြမ္ အတြက္ လက္ထပ္ဖို႔ စီစဥ္ခဲ့တဲ့ အေၾကာင္းကို အဖိုးဆီက ၾကားခဲ့တားလား?”

“ဒီေန႔ေခတ္မွာ ဒီအသက္နဲ႔ဆိုရင္ ဒီအရာေတြကို ကြၽန္ေတာ္တို႔ ကိုင္တြယ္ဖို႔ မစဥ္းစားတာ ေကာင္းလိမ့္မယ္…” အတြင္းေရးမႉးခ်န္း ကေျပာလိုက္သည္။

လန္ဂ်င္းဇီ ကေျပာလိုက္သည္။ “ဒါဆို ငါတို႔ အခ်ိန္အနည္းငယ္ယူၿပီး နန္အိမ္ေတာ္နဲ႔ ရွင္းလင္းသင့္တယ္။ သူတို႔က ယုဟြမ္ ရဲ႕ေပ်ာ္စရာ ဘဝမွာ စိတ္ရႈပ္ေထြးေအာင္ လာမလုပ္ေစခ်င္ဘူး”

အတြင္းေရးမႉးခ်န္း – “သခင္ေလးလန္ ေျပာခ်င္တာက….”

“ငါ့အဖိုးက အသက္ႀကီးၿပီ၊ ယုဟြမ္ မွာတျခားအသက္ႀကီးတဲ့ သူမရွိဘူး။ ငါပဲ ရွိေတာ့မယ္လို႔ ထင္တယ္”

ထိုစကားကို ၾကားလိုက္ရၿပီး အတြင္းေရးမႉးခ်န္း မထိန္းခ်ဳပ္ႏိုင္စြာျဖင့္ သက္ျပင္းရွည္ႀကီးကို ခ်လိုက္သည္။

ဘယ္ေလာက္ေတာင္ အံ့ဩဖို႔ ေကာင္းလိုက္တဲ့ ဝမ္းကြဲလဲ?

ထိုအရာနဲ႔ ပတ္သက္ၿပီး အတြင္းေရးမႉးခ်န္း ေတာင္အံ့ဩသြားခဲ့သည္။ ဒီႏွစ္ေတြတြင္ လန္ဂ်င္းဇီ ရဲ႕ေျပာင္းလဲလာမႈေတြေၾကာင့္ သူအမ်ားႀကီး အံ့ဩခဲ့ရသည္။ သူ႔ရဲ႕ ဒီဝမ္းကြဲေလးနဲ႔ မေတြ႕ရကတည္းက အခုထိ သူမရဲ႕ဘဝ ရႈေထာင္းေတြ အားလုံးမွာ ဝင္ေရာက္ၿပီး ေျပာင္းလဲေပးဖို႔ ဆႏၵရွိလာခဲ့သည္။

ေဇာင္ယုဟြမ္ ကသူမ ဝမ္းကြဲက ရန္ဆန္း နဲ႔အတူ ပန္းခ်ီခန္းမကို လာတာနဲ႔ ပတ္သက္ၿပီး ဘယ္လိုျဖစ္ေနလဲဆိုတာကို သူမကေတာ့ မသိေပ။

တစ္စုံတစ္ေယာက္က သူမကို ဓာတ္ပုံ႐ိုက္ၿပီး အြန္လိုင္းေပၚ တင္ေနခဲ့တာကိုလည္း သူမ မသိခဲ့ေပ။ ဒီေန႔ေခတ္လို ဒစ္ဂ်စ္တယ္ေခတ္တြင္ အြန္လိုင္းတြင္ ပုံေကာင္းေတြကို အၿမဲတမ္း တင္ေလ့ရွိၾကသည္။

ဒါေပမဲ့ ေဇာင္ယုဟြမ္ တစ္ေယာက္ကေတာ့ လူတိုင္းရဲ႕ မ်က္လုံးေတြကို ပုံမွန္အတိုင္းပင္ အၿမဲတမ္း ဖမ္းစားႏိုင္သည့္ သူျဖစ္သည္။ သူမအေနာက္တြင္ အီတလီအႏုပညာရွင္က ဆြဲထားသည့္ ပန္းခ်ီကား တစ္ခ်က္ကို သစ္ေတာရဲ႕ ေမွာင္ေနသည့္ ေနရာတြင္ ခင္းက်င္းျပထားခဲ့သည္။

အေရာင္က ေမွာင္ေနၿပီး ေနာက္ခံပုံစံကလည္း စိတ္ဓာတ္က်ေနပုံရကာ ေၾကာက္စရာ ေကာင္းသည္။ ထိုအေရွ႕တြင္ ေဇာင္ယုဟြမ္ မတ္တပ္ရပ္ေနၿပီး ပန္းခ်ီကားထဲက အလင္းေရာင္ တစ္ခုေၾကာင့္ ၾကည့္ကာ သူမၿပဳံးလိုက္သည္။

ထို႔ေနာက္ ပန္းခ်ီကားက သားရဲတစ္ေကာင္လို ျဖစ္လာၿပီး သူမကို ၿမိဳခ်ေတာ့မလို ျဖစ္လာသည္။ အလင္းနဲ႔ အေမွာင္ၾကားက အေရာင္ေၾကာင့္ လူေတြကို ပိုၿပီးဆြဲေဆာင္ ခဲ့သည္။ ပန္းခ်ီကားခ်ပ္ေရွ႕တြင္ အရမ္းကိုလွပသည့္ မိန္းကေလးက မတ္တပ္ရပ္ေနတာေတာ့ ထပ္ေပါင္းေျပာစရာ မလိုေပ။

သူမက က်က္သေရရွိၿပီး အသက္ဝင္ေနသည့္ မ်က္လုံး၊ မ်က္ခုံးနဲ႔ သူမရဲ႕ ေသးသြယ္သည့္ လည္ပင္းေလနဲ႔ ပိန္ပါးသည့္ ခႏၶာကိုယ္တြင္ သူမခႏၶာကိုယ္ကို ျပည့္စုံသြားေအာင္ ျဖည့္စြတ္ထားသည့္ အဝတ္အစားကို ဝတ္ဆင္ထးသည္။

သူမက ထိုေနရာတြင္ မတ္တပ္ရပ္ေနတာက ေၾကာ့ရွင္းေနကာ က်က္သေရရွိသည္။ ဒါက ပုံမွန္အင္တာနက္က လႊမ္းမိုးမႈနဲ႔ ယွဥ္ၿပိဳင္ႏိုင္သည္။ ပုံတြင္ပါသည့္ စာေၾကာင္းကေတာ့ “ပန္းခ်ီကားက မိန္းကေလးကို ဖမ္းစားလိုက္တယ္လို႔ ထင္တယ္”

ထိုပုံက ဝက္ဆိုက္တြင္ ခ်က္ခ်င္းပင္ ပ်ံ႕ႏွံ႔သြားခဲ့သည္။ ေဇာင္ယုဟြမ္ ကေတာ့ ေဖ်ာ္ေျဖေရး သတင္းေတြကို အၿမဲတမ္း ဖတ္တက္သည့္ ဟန္ရင္ရင္ ေျပာလာမွ ထိုအေၾကာင္းကို သိခဲ့သည္။

ထိုအခ်ိန္က်မွ အြန္လိုင္းတြင္ သူမ ရွာေဖြခဲ့သည္။ သူမနဲ႔ ပတ္သက္သည့္ သတင္းေတြကို ခ်က္ခ်င္း ရွာမေတြ႕ေပမဲ့ လီဂ်င္းယြမ္ ရဲ႕သတင္းကိုေတာ့ အရင္ဆုံး ျမင္လိုက္ရသည္။

“Puppy Love”

သူမ ႏွိပ္လိုက္ၿပီး လီဂ်င္းယြမ္ အေၾကာင္းေတြ တင္ထားသည့္ WeChat ကို ၾကည့္လိုက္သည္။ ထိုအထဲတြင္ သူ႔ပုံေတြက အရမ္းကို မ်ားျပားသည္။ အားလုံးကေတာ့ Reality show မွပုံေတြ ျဖစ္သည္။

ဒါက သူ႔ေဘးပုံစံ၊ အေရွ႕ပုံစံ၊ တစ္ကိုယ္လုံး ပုံစံ…. ေထာင့္တိုင္းကို တင္ထားသည္။ ေနာက္ၿပီး သူ႔ေခါင္းတြင္လည္း ေၾကာင္နား႐ြက္ တစ္ခုေတာင္ ရွိသည္။ ေဇာင္ယုဟြမ္ ထိုအရာကို ျမင္လိုက္ခ်ိန္တြင္ မထိန္းခ်ဳပ္ႏိုင္စြာျဖင့္ အိပ္ရာကို ထုလိုက္သည္။

တကယ္ႀကီးကို ဇာတ္လိုက္ကာ ေၾကာင္နား႐ြက္ေတြကို ဝတ္ထားတယ္!!

ထိုအေၾကာင္းကို ေျပာေနရင္းနဲ႔ ဟုန္ခ်န္းမင္း သာေၾကာင္နား႐ြက္ေတြကို ဝတ္လိုက္ရင္ ဘယ္လိုေနမလဲဆိုတာ သူမ သိခ်င္သြားသည္။

ေဇာင္ယုဟြမ္ သူမဖုန္းကို ဆြဲခ်လိုက္သည္။

“လီဂ်င္းယြမ္ ကိုၾကည့္ဦး! ဒါကမွ တကယ့္ကို အထက္တန္းစားက က်က္သေရရွိတဲ့ လူႀကီးလူေကာင္းပဲ ျဖစ္သင့္တယ္!”

“အို၊ ယုတၱိမရွိတဲ့ စကားပဲ! ဘာအထက္တန္းစားလဲ?! သူ႔ကို မေန႔က ျပပြဲမွာ ေတြ႕ခဲ့တယ္၊ ေနာက္ၿပီး သူကအရမ္းကို ငယ္ေနတုန္းပဲ။ သူက ၿပီးျပည့္စုံတဲ့ ခ်စ္သူပဲ! ႐ုတ္တရက္ႀကီး သူ႔ကို ေတြ႕သြားခ်ိန္မွာ ငါမတြန္းလွန္ႏိုင္ေတာ့ဘူး!”

“အို…… သူက ျပပြဲမွာ အေကာင္းဆုံးပဲ! ယွဥ္ၿပိဳင္ဖို႔ အဓိက အခ်က္က ဘာလဲ? ငါတို႔က ၿပိဳင္ပြဲတစ္ခုလုံးကို ေက်ာ္ၿပီးျမင္လိုက္ရတာက ဘာလဲ? သူ႔ကို ပြဲဦးထြက္ခြင့္ျပဳၿပီး Variety shows ေတြကို သြားခိုင္းၿပီး ဓာတ္ပုံေတြကို ႐ိုက္ခိုင္းသင့္တယ္! သူ႔အတြက္ဆိုရင္ ငါ့ေငြေတြအားလုံးကို အသုံးခ်ဖို႔ ဆႏၵရွိတယ္!!”

“သူက အေတာ္ေလး ရင္းႏွီးေနတယ္လို႔ ထင္ေနတာက ငါတစ္ေယာက္တည္းလား?”

“ေနာက္ဆုံးစာက ဘာကိုေျပာခ်င္တာလဲ? သူက မ်က္ႏွာကို ခြဲစိတ္ထားတယ္လို႔ ေျပာခ်င္တာလား? ထပ္မလုပ္ပါနဲ႔။ ဒီဖန္တစ္ရာေတေနတဲ့ ပုံစံေတြက လူသစ္ျဖစ္လာဖို႔လား…..”

“မဟုတ္ဘူး! တကယ္မဟုတ္ဘူး! ငါေျပာခ်င္တာက သူက ၿဗိတိသွ် ေမာလ္ဒယ္ ရာေဖးလ္ နဲ႔တူတယ္လို႔ ဘယ္သူမွ မစဥ္းစားမိဘူးလား?”

ေဇာင္ယုဟြမ္ မ်က္ခုံးပင့္လိုက္သည္။ ရာေဖးလ္ ကႏိုင္ငံျခားတြင္ ေနတုန္းက လီဂ်င္းယြမ္ ရဲ႕နာမည္ျဖစ္သည္။

အံ့ဩဖို႔ေကာင္းလိုက္တာ။

လီဂ်င္းယြမ္ ကလူေတြကို ပိုပိုၿပီး ဆြဲေဆာင္လာခဲ့သည္။ လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔က အေကာင္းဆုံး အသက္ေမြးဝမ္းေၾကာင္းနဲ႔ ဖန္ေတြက ပိုပိုမ်ားလာတာက….

သူတို႔ရဲ႕ မလုံၿခဳံေတာ့တဲ့ စိတ္အာ႐ုံေတြကို ဂ႐ုစိုက္သင့္လား?

ေဇာင္ယုဟြမ္ က WeChat ကစကားေျပာတာကေန ထြက္လိုက္ၿပီး ေနာက္ဆုံးေတာ့ “ပန္းခ်ီက မိန္းကေလးကို ဖမ္းစားသြားတယ္လို႔ ထင္တယ္” ဆိုတဲ့ စာေၾကာင္းကို ျမင္လိုက္ရသည္။

သူမ ႏွိပ္လိုက္ၿပီး…. ေသခ်ာတယ္၊ ဒါက သူမပဲ။ မွတ္ခ်က္ေပးထားတာေတြကို သူမ ၾကည့္လိုက္ၿပီး အားလုံးက ခ်ီးက်ဴးထားၾကတာပဲ ျဖစ္သည္။

ထိုအေၾကာင္းေတြ အားလုံးေၾကာင့္ ေဇာင္ယုဟြမ္ စိတ္မသက္သာသလို ခံစားသြားရၿပီး ျမန္ျမန္ ျပန္ထြက္လိုက္သည္။

ထိုအစား တျခားရွာေဖြမႈ အမ်ားဆုံးတစ္ခုကို ေတြ႕လိုက္ရသည္။ ထိုအရာက သူမေအာက္တြင္ျဖစ္ၿပီး “CEO ဝတၳဳရဲ႕ ဇာတ္လိုက္” ဆိုသည့္ နာမည္နဲ႔ ျဖစ္သည္။

ေဇာင္ယုဟြမ္ ႏွိပ္ၾကည့္လိုက္သည္။ သူမ အံ့အားသင့္သြားခဲ့သည္။ သူမ ပထမဆုံး ျမင္လိုက္ရတာက ဟုန္ခ်န္းမင္း ရဲ႕ပုံျဖစ္သည္။

ဘယ္လိုေတာင္ ထူးဆန္းတဲ့ ေန႔လဲ?

သူတို႔သုံးေယာက္လုံးက ရွာေဖြမႈအမ်ားဆုံးမွာ ပါေနၾကတာလား?

ေဇာင္ယုဟြမ္ က WeChat ကစာကို လ်င္ျမန္စြာ ဖတ္လိုက္သည္။

‘ဒီအေၾကာင္းက စီးပြားေရးအေၾကာင္းပါ။ လြန္ခဲ့တဲ့ ႏိုင္းၿမိဳ႕ေတာ္တြင္ က်င္းပခဲ့သည့္ တတိယႏွစ္ပတ္လည္ စီးပြားေရး ေတြ႕ဆုံပြဲက အေၾကာင္းအရာ‌ေတြပါ။ ဓာတ္ပုံေတြက သိပ္မပါပါဘူး။ ဒါေၾကာင့္ အဲ့ေန႔က ဗီဒီယိုကိုသာ ၾကည့္ႏိုင္သည္။ ေတြ႕ဆုံပြဲ တစ္ခုလုံးက သုံးနာရီၾကာျမင့္ခဲ့တယ္’

‘ဒီလိုမ်ိဳး အစအဆုံးသာ ၾကည့္လိုက္ရင္ အိပ္ေပ်ာ္သြားလိမ့္မယ္… ဒါေပမဲ့ ဒီတစ္ႀကိမ္ေတာ့ မဟုတ္ဘူး! OMG! မင္း ေတြးလို႔ရရဲ႕လား? သက္လတ္ပိုင္း အမ်ိဳးသားေတြၾကားမွာ အသက္ ၂၀ ေလာက္ပဲရွိတဲ့ ငယ္႐ြယ္တဲ့ ေကာင္ေလး တစ္ေယာက္သာ ရွိတယ္’

‘သူက ဝတ္စုံအျပည့္ကို ဝတ္ထားၿပီး နက္ကတိုင္ကို ခ်ည္ထားကာ သူကအရမ္းကို ၾကည့္ေကာင္းေနတယ္! ငါ့ဒူးေတြကို ေထာက္လိုက္ၿပီး ‘ငါေအာင္ႏိုင္ၿပီ’လို႔ သီခ်င္း ေအာ္ဆိုလိုက္ခ်င္တယ္။ အခုေတာ့ CEOဝတၳဳထဲက ဇာတ္လိုက္က ဘယ္လိုလဲဆိုတာ ငါသိသြားခဲ့ၿပီ!’

‘ဒီမွာရွိေနတဲ့ CEO ကတကယ့္ အစစ္အမွန္ ဘဝကပဲ! ….ေအာက္မွာ ဓာတ္ပုံတခ်ိဳ႕ကိုလည္း ထည့္ထားေပးတယ္။ အေကာင္းဆုံး မဟုတ္ေပမဲ့ ဒါက အဆင္ေျပလိမ့္မယ္ [pic] [pic]’

ထို႔ေနာက္ ေအာက္တြင္ မွတ္ခ်က္ေပးထားၾကသည္။

“အိပ္ခ်င္တယ္”

“အိုေက၊ ဒါက ငါ့ရဲ႕ အနာဂတ္ ခင္ပြန္းေလာင္းပဲ”

“အားးးး၊ သူက ငါ့အပိုင္ပဲ!”

“ဘယ္ခ်မ္းသာတဲ့ ဒုတိယမ်ိဳးဆက္ကလဲ? ငါတို႔ႏိုင္ငံက ခ်မ္းသာတဲ့ ဒုတိယမ်ိဳးဆက္က ဒီအဆင့္ကိုေတာင္ ေရာက္ေနၿပီလား?”

…..

မၾကာခင္က သူအရမ္းအလုပ္မ်ားေနတာက အံ့ဩစရာ မဟုတ္ေတာ့ေပ။ ဒါက ဒီေတြ႕ဆုံပြဲကို သူတက္ရတာေၾကာင့္ေပါ့၊ ဟမ္?

ေဇာင္ယုဟြမ္ မထိန္းခ်ဳပ္ႏိုင္စြာျဖင့္ ဓာတ္ပုံေတြကို ၾကည့္လိုက္သည္။ ထို႔ေနာက္ လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ရဲ႕ပုံေတြနဲ႔ ေျပာထားသည့္ စကားေတြကို ဓာတ္ပုံ႐ိုက္လိုက္သည္။ ေနာက္ဆုံးတြင္ ရွာေဖြမႈတစ္ခုလုံးကို သူမ ႐ိုက္ယူလိုက္သည္။ ဒါက ရာစုႏွစ္မွာ စုေဝးျခင္းပဲ!

သူတို႔အားလုံးက ရွာေဖြမႈမွာ အတူတူ ပါခဲ့တာက မေတာ္တဆပဲ။ ေနာက္ၿပီး ေခါင္းစဥ္ေတြကလည္း မတူၾကဘူး။ ဒီပုံေတြကို ဘဝအတြက္ ရတနာလိုမ်ိဳး ထိန္းသိမ္းထားရမယ္လို႔ ေဇာင္ယုဟြမ္ ခံစားလိုက္ရသည္။ အနာဂတ္မွာ ဒါေတြကို သူမ ထပ္ခါထပ္ခါ ၾကည့္ရမယ္။

ထိုအထဲကေန ထြက္လိုက္ၿပီးေနာက္ ဟုန္ခ်န္းမင္း ဆီကို ပို႔လိုက္သည္။ ပုံမွန္ပင္ ထိုေအာက္တြင္လည္း သူမ စာပို႔လိုက္သည္။

“ဒါက ကိုကိုခ်န္းမင္းလား?” သူမ ေမးလိုက္သည္။

တဖက္တြင္ ဟုန္ခ်န္းမင္း ကဖြင့္ၾကည့္လိုက္ၿပီး ခ်က္ခ်င္းပင္ “အိပ္ခ်င္တာ”တို႔ “ခင္ပြန္းေလာင္း”တို႔စသည့္ စကားလုံးေတြကို ျမင္လိုက္သည္။

တခ်ိဳ႕ထူးဆန္းတဲ့ အေၾကာင္းျပခ်က္ေတြေၾကာင့္ သူ႔ႏွလုံးသားက ခုန္သြားခဲ့ၿပီး သူ႔အသက္ရႉသံကလည္း ရပ္တန႔္လုနီးပါး ျဖစ္သြားခဲ့သည္။

#ေဟး ခ်စ္ဆုံးေလးတို႔ ဘာသာျပန္ေပးထားတဲ့အထိ မွီသြားပါၿပီလို႔ 😊😊

11.7.2020 (Sat)
…………………….

[text_hash] => 7a430750
)

//qc
//QC2