ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] – 43✳️ CEOဖြစ်သင့်လား၊ပန်းချီဆရာလား၊ဘဲလေးအကလားဒါမှမဟုတ်သရုပ်ဆောင်လား?
// qc

ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] - 43✳️ CEOဖြစ်သင့်လား၊ပန်းချီဆရာလား၊ဘဲလေးအကလားဒါမှမဟုတ်သရုပ်ဆောင်လား?

Array
(
[text] =>

<Unicode>

CEO ဖြစ်သင့်လား၊ ပန်းချီဆရာလား၊ ဘဲလေးအကလား ဒါမှမဟုတ် သရုပ်ဆောင်လား?

အမွေလွှဲပြောင်းသည့် စာရွက်စာတမ်းတွေ ပြီးသွားပြီးနောက် ဇောင်ချီ ရဲ့ဈာပနာအတွက် ပြင်ဆင်ပြီး အထက်ပိုင်း စီမံသူများနဲ့ စည်းဝေးပြီးနောက် လဝက်က ကုန်ဆုံးသွားခဲ့သည်။

ဇောင်ယုဟွမ် ကသူမ ဒီအသက်အရွယ်ရောက် မှ ဇောင်ချီ သေဆုံးသွားတာက သူမအတွက် ကံကောင်းခြင်းလို့ မထိန်းချုပ်နိုင်စွာဖြင့် တွေးတောလိုက်သည်။ အရာတွေ အများကြီးက ပိုပြီးရှုပ်ထွေးလာခဲ့သည်။

ဇောင်ချီ ရဲ့အတွင်းရေးမှူး၊ လက်ထောက်၊ ယာဉ်မောင်း စသည့် လူတိုင်းက အခုတော့ ဇောင်ယုဟွမ် ရဲ့လူတွေ ဖြစ်လာခဲ့ကြသည်။ ဇောင်ချီ ကစက်ဆုပ်ဖွယ်ကောင်းသည့် သူဖြစ်ပေမဲ့ သူက စီးပွားရေးတွင် ကောင်းမွန်သည်၊ မဟုတ်ရင် ဇောင်အိမ်တော်က ဒီနေ့လိုမျိုး အောင်မြင်မှု ရလာလိမ့်မည် မဟုတ်ပေ။

ဒါက သူ့အနားတွင် အရည်အချင်းရှိတဲ့သူတွေကို ရွေးချယ်ထားတာလဲ တစ်ခုအပါအဝင် ဖြစ်နိုင်သည်။ ဇောင်ယုဟွမ် ကသူတို့တွေကို ပြောင်းရွှေ့ရန် ဆန္ဒမရှိခဲ့ပဲ သူမကသာ ဝင်ရောက်ခဲ့သည်။ အရာအားလုံးကို ဆက်ပြီးလည်ပတ်ဖို့က ဒါက ပိုအဆင်ပြေနိုင်လိမ့်မည်။ ဒါမှသာ ကုမ္ပဏီက ပုံမှန်အတိုင်း ဆက်ပြီး လည်ပတ်နိုင်မှာ ဖြစ်သည်။

ဇောင်ယုဟွမ် ရဲ့ဆုံးဖြတ်ချက်တွေက လူအများစုကို သက်သာရာ ရသွားစေခဲ့သည်။ သူတို့ပထမဆုံး စိုးရိမ်သွားသည့် အရာကတော့ သူမ ဒီကုမ္ပဏီကို ယူပြီးနောက်တွင် အလုပ်ထဲက လူတွေအများစုကို ဖယ်ထုတ်ပစ်မှာ ဖြစ်သည်။

လူတိုင်းက တည်ငြိမ်သွားသည်နှင့် ဇောင်ချီ ရဲ့သေဆုံးသွားမှုက အခက်အခဲ သိပ်မရှိတော့ပေ။ ထိုအချက်ကြောင့် သူတို့အား ပိုပြီး ရည်မှန်းချက်တွေ ရှိလာစေခဲ့သည်။ အဆုံးတွင် ဇောင်ယုဟွမ် မှလွဲရင် ကုမ္ပဏီကို ထိန်းသိမ်းပေးမဲ့သူ မရှိတာကြောင့် ပုံမှန်အတိုင်းပင် သူတို့အတွက် အခန်းကဏ္ဍတွေက ပိုပြီးကြီးထွားလာခဲ့သည်။

ဒါက ဘယ်လောက်တောင် အံ့ဩဖို့ ကောင်းလိုက်လဲ? သူတို့က ကုမ္ပဏီအတွက် အလုပ်ကို ကြိုးစားပြီး လုပ်ကိုင်ကြကာ သူမအတွက် ငွေကို ပြုလုပ်ပေးနေခဲ့ကြသည်။ နေ့တစ်နေ့ရဲ့ အဆုံးတွင် သူမကတော့ ငွေတွေကို ပိုရလာခဲ့သည်။

“လက်ထောက်ကျောင် ရဲ့အကူအညီတွေအတွက် ကျေးဇူးအများကြီးတင်ပါတယ်” ဇောင်ယုဟွမ် ကပြောလိုက်ရင်း လက်ထောက်ကျောင် ကိုပြုံးပြလိုက်သည်။

လက်ထောက်ကျောင်က သူ့လက်ကို လျင်မြန်စွာ ခါယမ်းလိုက်သည်။ “မဟုတ်ပါဘူး၊ မဟုတ်တာ။ ကျွန်တော့်ကို ကျေးဇူးတင်ဖို့ မလိုပါဘူး။ ကျွန်တော်က ကျွန်တော့်အလုပ် ကျွန်တော်လုပ်ရုံပါပဲ”

သူတို့က စကားပြောနေကြရင်း ဇောင်အိမ်တော် အပြင်ဘက်ကို ကားက ရောက်လာခဲ့သည်။ ဇောင်ယုဟွမ် ကကားထဲကနေ ထွက်လိုက်ပြီး အိမ်ထဲကို လျှောက်ဝင်လိုက်သည်။ အိမ်ထဲတွင် အတော်လေးကို တိတ်ဆိတ်နေသည်။

လက်ထောက်ကျောင် ကသူမ အနောက်ကနေ သူမအိတ်တွေကို သယ်ရင်း လိုက်ခဲ့သည်။ ဇောင်ယုဟွမ် ကလှည့်ပတ်ကြည့်လိုက်ပြီး နောက်ဆုံးတွင် ဟုန်းချန်းမင်း တစ်ယောက်တည်းကိုသာ တွေ့လိုက်ရသည်။

ဟုန်ချန်းမင်း လက်ထဲတွင် မှတ်စုစာအုပ်က ရှိနေခဲ့ပြီး တခုခုအား လေးလေးနက်နက် ပြောနေခဲ့သည်။ ဇောင်ယုဟွမ် ကိုသူမြင်လိုက်သည်နှင့် ချက်ချင်းပင် သူ့စာအုပ်ကို ပိတ်လိုက်သည်။

“မင်းပြန်ရောက်ပြီပဲ၊ ဟွမ်ဟွမ်” ဟုန်ချန်းမင်း ကမတ်တပ်ရပ်လိုက်ပြီး ဇောင်ယုဟွမ် ရဲ့အိတ်တေါကို ယူလိုက်သည်။

လက်ထက်ကျောင် ကသာ သူမအိတ်တွေကို သယ်ပေးရမဲ့သူ ဆိုတာကို သူနားလည်ပေမဲ့ သူ့လက်က ရောက်သွားခဲ့သည်။ ဟုန်ချန်းမင်း မျက် မှောင်ကြုတ်လိုက်သည်။ ဟုန်ချန်းမင်း က ဇောင်ယုဟွမ် ရဲ့အိတ်တွေကို ဆိုဖာပေါ်တင်လိုက်ပြီး သူမကို ထိုင်ခိုင်လိုက်သည်။

သူ့ဘာသာ မီးဖိုချောင်ထဲကို ဝင်သွားပြီး သိပ်မကြာခင်မှာပဲ စတော်ဘယ်ရီနဲ့ ချယ်ရီသီး ပန်းကန်နဲ့အတူ ပြန်လာခဲ့သည်။ ဟုန်ချန်းမင်း ကဆေးကြောထားတဲ့ အသီးတွေကို စားပွဲပေါ်တွင် နေရာချလိုက်ပြီး ပြောလိုက်သည်။

“ပြဿနာရှိလား?” ဇောင်ယုဟွမ် လုပ်ချင်တာတော့ သူမလက်ကို ထုတ်ပြီး ပါးစပ်ကို ဖွင့်လိုက်ချင်တာ ဖြစ်သည်။

သူမ ပိုပြီး မပျော်မရွှင် ဖြစ်သွားသည်။ သူမ ခေါင်းညိတ်လိုက်ပြီး သူ့ကို လှည့်မကြည့်ပေ။ ဇောင်ယုဟွမ် ကလက်ထောက်ကျောင် ကိုမော့ကြည့်လိုက်ပြီး “စစ်ဆေးတဲ့သူတွေဆီက တစ်ခုခု ကြားခဲ့သေးလား?”

“အထောက်အထားတွေကို စုဆောင်းဖို့ သူတို့လုပ်နေကြပြီး မကြာခင်မှာပဲ တရားစွဲလို့ ရပါလိမ့်မယ်” လက်ထောက်ကျောင် ကပြန်ဖြေလိုက်သည်။

“ရှုယုရန်း ကကော?” ဇောင်ယုဟွမ် မေးလိုက်သည်။ လက်ထောက်ကျောင် ကပြောလိုက်သည်။

“ရှုယုရန်း ကအကုန်လုံးကို ရှုရန်ဟွေ့ ကိုလွဲချခဲ့တယ်။ ဒါက သူမ လုပ်ချင်တာကြောင့် သူမ မနေနိုင်တော့ဘူး။ အရာအားလုံး ကောင်းကောင်း ပြီးဆုံးသွားခဲ့ရင် သူမကို ကြံရာပါအဖြစ်နဲ့ စာရင်းသွင်းခံရလိမ့်မယ်” ထိုကိစ္စတွင် အများကြီး ဝင်မပြောတဲ့ ဟုန်ချန်းမင်း ကရုတ်တရက် ပြောလိုက်သည်။

“သူတို့က ရှုယုရှန်း ရဲ့ခင်ပွန်းကိုကော ရှာဖွေကြသေးလား?”

“ဘာ?” လက်ထောက်ကျောင် ကထိုမေးခွန်းကြောင့် အနည်းငယ် ရုန်းကန်သွားသည်။

“သူ့ကိုလည်း ရှာဖွေသင့်တယ်။ သူတို့က စိတ်ဝင်စားဖို့ကောင်းတဲ့ တစ်ခုခုကို ရှာတွေ့နိုင်လိမ့်မယ်”

သူပြောနေစဉ် ငုံ့လိုက်ပြီး စားပွဲပေါ်က အခွံမာ အသီးတွေကို ကြည့်လိုက်ကာ ခွာလိုက်ပြီး သန့်ရှင်းသည့် ပန်းကန်လုံးထဲကို ထည့်လိုက်သည်။ သူ့ဆီကနေ သက်တောင့်သက်သာဖြစ်နေသည့် အရှင်သခင်လိုမျိုး အရှိန်အဝါတွေက ထွက်နေခဲ့သည်။

လက်ထောက်ကျောင် ထက်ပြီး ရုန်းကန်လိုက်သည်။ သခင်လေးဟုန် ဆီကနေ အရှင်သခင်လိုမျိုး အရှိန်အဝါတွေကို ဘာကြောင့် သူခံစားမိနေရတာလဲ? သခင်လေးဟုန် ကအသက်ဘယ်လောက် ရှိသေးလို့လဲ?

တဖက်တွင် ဇောင်ယုဟွမ် က ဟုန်ချန်းမင်း ရဲ့စွမ်းဆောင်ရည်တွေကို ယုံကြည်နေခဲ့သည်။ ဒီနှစ်အနည်းငယ်အတွင်း သူဘယ်လို နေထိုင်ခဲ့လဲဆိုတာကို သူမ သေချာမသိပေမဲ့ ဒါက အလားအလာကောင်းသည့် ကြီးမားသည့် အရာဖြစ်နိုင်မလား?

ဟုန်ချန်းမင်း ရဲ့ကိုယ်ရည်ကိုယ်သွေးကို ကြည့်ရင် သူက ဘာမှသေချာမသိပဲ ပြောမှာမဟုတ်ပေ။ နောက်ဆုံးတွင် ဇောင်ယုဟွမ် ပြောလိုက်သည်။

“အင်း၊ ဒါကို ကျေးဇူးပြုပြီး စုံစမ်းပေးနိုင်မလား၊ လက်ထောက်ကျောင်?” လက်ထောက်ကျောင် ကခေါင်းညိတ်လိုက်ပြီး လျင်မြန်စွာ ပြောလိုက်သည်။

“အို၊ အင်း၊ သေချာပေါက် စုံစမ်းပေးပါမယ်။ ဒါက ကျွန်တော့် အလုပ်ပဲလေ။ ကျွန်တော် ပြန်သွားတာနဲ့ အဲ့သခင်လေးနန် ရဲ့အကြောင်းကို ရှာခိုင်းလိုက်ပါမယ်” ဇောင်ယုဟွမ် ကပြုံးပြီး ပြောလိုက်သည်။

“လက်ထောက်ကျောင် သွားသင့်ပြီ။ ကျွန်မတို့ ကိစ္စတွေ ပြီးပြီပဲ” ဇောင်ချီ နဲ့ယှဉ်ရင် ဇောင်ယုဟွမ် ကပိုပြီး ကောင်းတဲ့ သူဌေးတစ်ယောက်ဖြစ်ပြီး လှလည်း လှပသည်။ သူမလိုမျိုး သူဌေးနဲ့ အလုပ်လုပ်ရတာကို ဘယ်သူက မကြိုက်ပဲ နေမှာလဲ?

သူမ စကားတွေကို ကြားလိုက်ပြီး လက်ထောက်ကျောင် ကမထိန်းချုပ်နိုင်စွာဖြင့် ပြုံးလိုက်ပြီး သူမအိတ်တွေကို ချလိုက်ကာ ထွက်သွားခဲ့သည်။

“လီဂျင်းယွမ် ကော?” ဇောင်ယုဟွမ် ကစတော်ဘယ်ရီကို ကိုက်လိုက်ရင်း မေးလိုက်သည်။ ဒီအကြောင်းကို ဟုန်ချန်းမင်း ဘယ်လိုရှာတွေ့လဲဆိုတာကို သူမ မမေးပေ။

“ငါမသိဘူး” ဟုန်ချန်းမင်း ကမော့တောင် မကြည့်ပဲ ဖြေလိုက်ပြီး macadamia အစေ့ကို ဇောင်ယုဟွမ် ပါးစပ်ထဲကို ထည့်လိုက်သည်။ ထိုအထဲတွင် ပြင်းထန်သည့် နို့အရသာက ရှိနေသည်။

“ဒီတစ်ခုကို ငါမကြိုက်ဘူး” ဇောင်ယုဟွမ် ကဒါကို အနည်းငယ် ဝါးပြီးနောက် သူမနှာခေါင်းကို ရွံ့လိုက်သည်။ ဟုန်ချန်းမင်း ကသူမအရှေ့တွင် သူ့လက်ကို ဖြန့်လိုက်ပြီး ပြောလိုက်သည်။

“မင်းမကြိုက်ရင် ထွေးထုတ်လိုက်။ မင်းအတွက် ဗာဒံစေ့ကို ခွာပေးမယ်”

ဇောင်ယုဟွမ် ကသူ့ရဲ့ ကြီးမားပြီး ကျယ်ပြန့်သည့် လက်ဖဝါးကို မျက်တောင်ခတ်ပြီး ကြည့်လိုက်သည်။

ထွေးထုတ်ရမယ်၊ ဘယ်နေရာကို?

သူ့လက်ထဲကို ထွေးထုတ်ရမယ်? ဒီလိုမျိုး သူမ မလုပ်နိုင်ဘူး။ သူ့လက်ကို တွန်းထုတ်လိုက်ပြီး အကြိမ်အနည်းငယ်လောက် ဝါးလိုက်ကာ မြိုချလိုက်သည်။

“မဟုတ်ဘူး၊ ဒါက အရမ်းကို ဖြုန်းတီးရာကြတယ်” ဟုန်ချန်းမင်း ကထိုအချက်ကြောင့် ဘာမှမပြောပေမဲ့ သူမအတွက် ဗာဒံစေ့ကို ခွာပေးလိုက်သည်။

ဗာဒံစေ့က ဇောင်ယုဟွမ် ရဲ့အကြိုက်ဆုံး ဖြစ်ပေမဲ့ သူတို့ကို အများကြီး မစားနိုင်ပေ။ သူမ မခွာနိုင်ဘူး။ နည်းနည်း စားပြီးနောက်တွင် သူမလက်ကို ဟုန်ချန်းမင်း လက်ပေါ်တင်လိုက်ပြီး သူ့ကို ခွာနေတာ ရပ်ခိုင်းလိုက်သည်။ အစောပိုင်းက သူခွာခဲ့သည့် macadamia အစေ့ကို တစ်ခုချင်းစီ သူစားလိုက်သည်။

“သူတို့မှာ ကယ်လိုရီ အရမ်းများတယ်” ဇောင်ယုဟွမ် သတိပေးလိုက်သည်။ ဟုန်ချန်းမင်း ဖြေလိုက်သည်။

“ဒါက ပြဿနာမရှိပါဘူး။ ဒါထက်ပိုပြီး ငါ့ခန္ဓာကိုယ်က ကယ်လိုရီတွေကို ပိုလောင်ကျွမ်းနိုင်တယ်”

သူ့စကားတွေကြောင့် မကြာခင်က သူ့လက် မောင်းတွေနဲ့ ထိတွေ့သွားခဲ့တဲ့ မှတ်ဉာဏ်ကို သတိရသွားစေသည်။ အဲ့ဒါက သန်မာပြီး ခိုင်မာတယ်။ ဒါက သူ့ကယ်လိုရီတွေကို လောင်ကျွမ်းစေတာလား?

ဇောင်ယုဟွမ် သူမမေးခွန်းအတွက် အဖြေကို မရပေ။ အသီးအနှံနဲ့ မုန့်တွေကို စားပြီးနောက်တွင် ဟုန်ချန်းမင်း ကချက်ချင်းပင် ကောင်းမွန်တဲ့ အစ်ကိုကြီး တစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့ပြီး ဇောင်ယုဟွမ် ကိုအိမ်ရာစောစော ဝင်ရန်ပြောခဲ့သည်။

ဇောင်ယုဟွမ် ကလုံလောက်အောင် မအိပ်ခဲ့ရတာကြောင့် သူမ အိပ်ရာနဲ့ ထိလိုက်သည်နှင့် အိပ်ပျော်လုနီးပါး ဖြစ်သွားခဲ့သည်။ သူမ အိပ်ပျော်တော့မဲ့ အချိန်တွင် လီဂျင်းယွမ် ကဘယ်နေရာကို သွားနေလဲဆိုတာကို သူမ သိချင်သွားခဲ့သည်။

နောက်ရက်အနည်းငယ်အတွင်း လီဂျင်းယွမ် ကိုသူမ တွေ့နိုင်ခဲ့ပေ။ သူမ ဝေ့ကျဲ ကိုခေါ်လိုက်ပြီး မေးလိုက်ချိန်တွင် သူမစာကို မြင်လိုက်ပြီး နောက်ဆုံးတွင် လီဂျင်းယွမ် ဆီကတစ်ခုကို သူမ တွေ့သွားခဲ့သည်။

“ဟွမ်ဟွမ်၊ မကြာခင်မှာ ငါအလုပ်ရှုပ်တော့မယ်၊ ရက်အနည်းငယ်လောက် ဟွမ်ဟွမ် နဲ့တွေ့နိုင်မှာ မဟုတ်သေးဘူး။ ဟွမ်ဟွမ် ကောင်းကောင်း အနားယူဖို့ လိုအပ်တယ်။ လီဂျင်းယွမ် ဆီမှ”

ဇောင်ယုဟွမ် သူမခေါင်းကို သူမဘာသာ ထုလိုက်သည်။ မကြာခင်က သူမစာတွေ အများကြီး လက်ခံရခဲ့ပြီး လီဂျင်းယွမ် ဆီက စာတစ်စောင်ကိုတော့ လွဲချော်ခဲ့တယ်။ သူအလုပ်ရှုပ်တဲ့ အကြောင်းကို သူမ တွေ့သွားခဲ့တာတောင် ဝေ့ကျဲ ကိုသူမ ဖုန်းဆက်လိုက်သည်။

“သခင်လေးလီ ကနိုင်ငံထဲမှာ ဈေးကွက် ချဲ့ထွင်ရေးအတွက် အလုပ်များနေပါတယ်။ အချိန်ဘယ်လောက်ကြာမှန်းတော့ မသိသေးဘူး။ ဒါကို သိတာနဲ့ ငါတို့ ပြောပေးပါမယ်” ဝေ့ကျဲ ကတဖက်တွင် ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။

ဝေ့ကျဲ ဆီက ဖုန်းချပြီးသည်နှင့် ဇောင်ယုဟွမ် က လီဂျင်းယွမ် ကို TV တွင်မြင်လိုက်ရသည်။ ဒါက Reality show ဖြစ်ပြီး လီဂျင်းယွမ် ကကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့သည်။

အာ၊ ဆိုတော့ သူက မူလဇာတ်ကြောင်းအတိုင်း တစ်ချိန်လုံး ဖြစ်နေခဲ့တာပဲ!

မူလဇာတ်ကြောင်းတွင် လီဂျင်းယွမ် ကနိုင်ငံခြားမှာ ပညာသင်တာတွေ၊ မော်ဒယ်လ် အဖြစ် သရုပ်ဆောင်တာတွေ ဘယ်တုန်းကမှ မတွေ့ကြုံဖူးခဲ့ပေ။ ဒီ variety show ရဲ့ဖျော်ဖြေရေး လမ်းကြောင်းပေါ် စဝင်လာတာက သူ့ရဲ့ ပထမဆုံး ဖြစ်သည်။

လင်းချီလန် ကလည်း မိန်းကလေးတွေရဲ့ Reality show တွင် ပါဝင်ခဲ့ပေမဲ့ မူလဇာတ်ကြောင်း အရဆိုရင် သူမက အနိုင်မရခဲ့ပေ။ နောက်ပိုင်းကျမှ သူမက အွန်လိုင်းပေါ်တွင် အောင်မြင်လာခဲ့သည်။

နောက်ဆုံးတွင် လှည့်ပတ် လိမ်ညာခြင်း နည်းနည်း ပြီးသွားပြီးနောက် သူမက ဖျော်ဖြေရေး လောကထဲကို ဝင်ရောက်နိုင်ခဲ့ပြီး သရုပ်ဆောင်တဲ့ အလုပ်ကို စတင်ခဲ့သည်။ ဇောင်ယုဟွမ် မူလဇာတ်ကြောင်းရဲ့ အင်အားကြီးမှုကြောင့် အော်ဟစ်ချင်သွားသည်။

မကြာခင်တွင် ပိုပြီးအေးလာတော့မဲ့ အောက်တိုဘာလကို ရောက်လာတော့မယ်ဆိုတာ လူတိုင်း သိကြသည်။ ဟုန်ချန်းမင်း ကလည်း အလုပ်များနေခဲ့ပြီး ဇောင်ယုဟွမ် တစ်ယောက်ကသာ ဇောင်အိမ်တော်တွင် ကျန်နေခဲ့သည်။ ရှုရန်ဟွေ့ နဲ့ ရှုယုရှန်း တို့ကလည်း တရားရုံးတွင် တရားရင်ဆိုင်နေကြသည်။

ဇောင်ယုဟွမ် ကတရားရုံးကို မသွားပဲ အရာအားလုံးက ပြတ်တောက်ပြီး ခြောက်သွေ့သွားခဲ့သည်။

သူမ ဒီနေရာမှာ ရှိနေရတာက ဘာကြောင့်လဲ? အချိန်တွေကို အကျိုးရှိရှိ အသုံးချပြီး သူမ လုပ်ချင်တာ လုပ်ဖို့ပဲ။ သူမ နိုင်ငံကို ပြန်မလာခင်မှာ ကျောင်းပြန်တက်ရန် အချိန်နှစ်လရခဲ့သည်။

သူမ ပြန်လာချိန်တွင် ရန်ဆန်း နဲ့အဖွဲ့ကလည်း ပြန်ရောက်လာကြသည်။ ရန်ဆန်း ကသူမကို ဖုန်းတောင်ခေါ်ခဲ့သည်။

“ဇောင်ယုဟွမ်၊ အနုပညာပြပွဲအတွက် မင်းပန်းချီ ဆွဲချင်လား? ငါအရင်က ပြောခဲ့တဲ့ ငါ့သူငယ်ချင်းက နောက်လမှာ နိုင်ငံမှာ ပန်းချီပြပွဲ လုပ်ဖို့စီစဉ်ထားတယ်”

ဇောင်ယုဟွမ်၊ ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့ကအရင်တုန်းက ကြုံရာသင်တန်းတွေ အများကြီးကို တက်ခဲ့ကြသည်။ အဓိကတော့ သူတို့ စိတ်ဝင်စားမယ်လို့ ထင်တာတွေကို တက်ခဲ့ကြသည်။

သူမက ပီယာနို၊ ဆေးရေးပန်းချီ နောက်ပြီးတော့ ဟိုဟိုဒီဒီနဲ့ ဘဲလေးအကကိုပါ သင်ခဲ့သည်။ သူတို့ကြားတွင် ဆေးရေးပန်းချီက အချိန်အရမ်းကုန်ခဲ့သည်။ သူမ အလုပ်များနေတာကြောင့် အလုပ်တွေ ပြီးဖို့ကို အချိန်အများကြီး မရှိပေ။

ရန်ဆန်း ကမှတ်မိနေတုန်းဖြစ်ပြီး သူမအတွက် ပန်းချီပြပွဲကို လုပ်စေချင်ခဲ့သည်။ ဇောင်ယုဟွမ် ကတော့ သူမအလုပ်တွေအတွက် ရှက်ရွံ့တာတွေ ကြောက်လန့်တာတွေ မရှိခဲ့ပေ။

သူတို့က ဆွဲလိုက်ရုံပဲ၊ ကောင်းတာ မကောင်းတာက ကြည့်တဲ့သူပေါ်မှာပဲ မူတည်တယ်။

အရင်ဘဝက သူမအတွေ့အကြုံတွေကို ရပြီးနောက် ဒီဘဝတွင်တော့ သူမ လွတ်လပ်စွာနဲ့ ကုန်ဆုံးခဲ့သည်။ ကိစ္စတော်တော်များများက သူမကို မခြိမ်းခြောက်နိုင်ပေ။ ဇောင်ယုဟွမ် ကထိုအရာကို ခနလောက် တွေးတောလိုက်ပြီး နောက်ဆုံးတွင် ခေါင်းညိတ်လိုက်ကာ ရန်ဆန်း နဲ့တွေ့ဆုံဖို့ အချိန်ပြောလိုက်သည်။

သူတို့ထွက်သွားသည့် နေ့တုန်းက ဇောင်ယုဟွမ် ကထိုအကြောင်းကို တွေးခဲ့ပြီး နောက်ဆုံးတွင် ဟုန်ချန်းမင်း ဆီကို စာပို့လိုက်ပြီး လက်ထောက်ကျောင်နဲ့အတူ ပန်းချီပြပွဲကို သွားဖို့အသိပေးလိုက်သည်။

သူမ ရန်ဆန်း ကိုမမြင်ပဲ တခြားနိုင်ငံသားတွေကိုသာ တွေ့ခဲ့ရသည်။ သူတို့တွေက ငွေကြေးရတာ နည်းပါးပေမဲ့ သူတို့က အချိန်ကုန်တာ နည်းပါးသည်။

သူမ ကားထဲက ထွက်လိုက်ပြီးနောက် ပန်းချီပြပွဲ တစ်ခုလုံးကို လှည့်ပတ်ကြည့်လိုက်ပြီးနောက် ရှာဖွေနေစဉ် တစ်စုံတစ်ယောက်က သူမနာမည်ကို ခေါ်နေတာကို ကြားလိုက်ရသည်။

“ဇောင်ယုဟွမ်! ဇောင်ယုဟွမ်! ဒီမှာ!” ဇောင်ယုဟွမ် လှည့်လိုက်ပြီး ကြည့်လိုက်သည်။ အနက်ရောင် လည်သာဝတ်စုံဖြင့် လူငယ်လေး တစ်ယောက်ကို မြင်လိုက်ရသည်။

သူက နေကာမျက် မှန်ကို လက်တစ်ဖက်တွင် ကိုင်ထားပြီး သူ့လက်တွင် ကားသော့ကို ကိုင်ထားကာ သူမကို လက်ပြနေခဲ့သည်။ ရန်ဆန်း ကအရင်နှစ်တွေကထက် အရပ်ပိုရှည်လာခဲ့ပြီး ပိုပြီးတော့ ပိန်လာခဲ့သည်။

ဇောင်ယုဟွမ် သူ့ဆီကို လျင်မြန်စွာ လျောက်သွားလိုက်သည်။ ရန်ဆန်း ကအများကြီး မတွေးပဲ သူမကို ဖက်လိုက်သည်။

“အို ကိုယ့်လူ၊ မင်းက အရင်ကထက်တောင် ပိုပိုပြီး လှလာပါလား! ငါ့အစ်မက မကြာခင်တုန်းက ငါ့ကို မေးခဲ့သေးတယ်…. ငါ့အသိထဲမှာ ချောတဲ့ မိန်းကလေးတွေ ရှိရင် သူမနဲ့ မိတ်ဆက်ပေးဖို့လေ… သူမက အခုတော့ ငါ့အဖေရဲ့ ကုမ္ပဏီကို ယူထားခဲ့ပြီး စုဆောင်းမှုအသစ်တွေကို ရှာနေရင်း စိုးရိမ်နေခဲ့တယ်။ မင်း စိတ်ဝင်စားလား၊ ဇောင်ယုဟွမ်?”

“ဒါအတွက် အချိန်ဘယ်လောက် ကုန်မလဲ?” ဇောင်ယုဟွမ် ကသူမလက်တွေနဲ့ ရေတွက်ကာ မေးလိုက်သည်။

“ငါက သူဌေး၊ ပန်းချီဆရာ နဲ့တစ်စုံတစ်ယောက်က ငါ့ကို ဘဲလေးအက ကဖို့ တောင်းဆိုလာခဲ့ရင်တောင် ငါလုပ်မှာ…” ထိုစကားကို ကြားလိုက်ပြီး ရန်ဆန်း ကြိတ်ရယ်လိုက်သည်။

“ကောင်းပြီ၊ ကောင်းပြီ၊ ကြွားကြွား!”

#နောက်တစ်ပိုင်းဆို မှီသွားပါပြီလို့ ƪ(‾.‾“)┐

10.7.2020 (Fri)
…………………..

<Zawgyi>

CEO ျဖစ္သင့္လား၊ ပန္းခ်ီဆရာလား၊ ဘဲေလးအကလား ဒါမွမဟုတ္ သ႐ုပ္ေဆာင္လား?

အေမြလႊဲေျပာင္းသည့္ စာ႐ြက္စာတမ္းေတြ ၿပီးသြားၿပီးေနာက္ ေဇာင္ခ်ီ ရဲ႕ဈာပနာအတြက္ ျပင္ဆင္ၿပီး အထက္ပိုင္း စီမံသူမ်ားနဲ႔ စည္းေဝးၿပီးေနာက္ လဝက္က ကုန္ဆုံးသြားခဲ့သည္။

ေဇာင္ယုဟြမ္ ကသူမ ဒီအသက္အ႐ြယ္ေရာက္ မွ ေဇာင္ခ်ီ ေသဆုံးသြားတာက သူမအတြက္ ကံေကာင္းျခင္းလို႔ မထိန္းခ်ဳပ္ႏိုင္စြာျဖင့္ ေတြးေတာလိုက္သည္။ အရာေတြ အမ်ားႀကီးက ပိုၿပီးရႈပ္ေထြးလာခဲ့သည္။

ေဇာင္ခ်ီ ရဲ႕အတြင္းေရးမႉး၊ လက္ေထာက္၊ ယာဥ္ေမာင္း စသည့္ လူတိုင္းက အခုေတာ့ ေဇာင္ယုဟြမ္ ရဲ႕လူေတြ ျဖစ္လာခဲ့ၾကသည္။ ေဇာင္ခ်ီ ကစက္ဆုပ္ဖြယ္ေကာင္းသည့္ သူျဖစ္ေပမဲ့ သူက စီးပြားေရးတြင္ ေကာင္းမြန္သည္၊ မဟုတ္ရင္ ေဇာင္အိမ္ေတာ္က ဒီေန႔လိုမ်ိဳး ေအာင္ျမင္မႈ ရလာလိမ့္မည္ မဟုတ္ေပ။

ဒါက သူ႔အနားတြင္ အရည္အခ်င္းရွိတဲ့သူေတြကို ေ႐ြးခ်ယ္ထားတာလဲ တစ္ခုအပါအဝင္ ျဖစ္ႏိုင္သည္။ ေဇာင္ယုဟြမ္ ကသူတို႔ေတြကို ေျပာင္းေ႐ႊ႕ရန္ ဆႏၵမရွိခဲ့ပဲ သူမကသာ ဝင္ေရာက္ခဲ့သည္။ အရာအားလုံးကို ဆက္ၿပီးလည္ပတ္ဖို႔က ဒါက ပိုအဆင္ေျပႏိုင္လိမ့္မည္။ ဒါမွသာ ကုမၸဏီက ပုံမွန္အတိုင္း ဆက္ၿပီး လည္ပတ္ႏိုင္မွာ ျဖစ္သည္။

ေဇာင္ယုဟြမ္ ရဲ႕ဆုံးျဖတ္ခ်က္ေတြက လူအမ်ားစုကို သက္သာရာ ရသြားေစခဲ့သည္။ သူတို႔ပထမဆုံး စိုးရိမ္သြားသည့္ အရာကေတာ့ သူမ ဒီကုမၸဏီကို ယူၿပီးေနာက္တြင္ အလုပ္ထဲက လူေတြအမ်ားစုကို ဖယ္ထုတ္ပစ္မွာ ျဖစ္သည္။

လူတိုင္းက တည္ၿငိမ္သြားသည္ႏွင့္ ေဇာင္ခ်ီ ရဲ႕ေသဆုံးသြားမႈက အခက္အခဲ သိပ္မရွိေတာ့ေပ။ ထိုအခ်က္ေၾကာင့္ သူတို႔အား ပိုၿပီး ရည္မွန္းခ်က္ေတြ ရွိလာေစခဲ့သည္။ အဆုံးတြင္ ေဇာင္ယုဟြမ္ မွလြဲရင္ ကုမၸဏီကို ထိန္းသိမ္းေပးမဲ့သူ မရွိတာေၾကာင့္ ပုံမွန္အတိုင္းပင္ သူတို႔အတြက္ အခန္းက႑ေတြက ပိုၿပီးႀကီးထြားလာခဲ့သည္။

ဒါက ဘယ္ေလာက္ေတာင္ အံ့ဩဖို႔ ေကာင္းလိုက္လဲ? သူတို႔က ကုမၸဏီအတြက္ အလုပ္ကို ႀကိဳးစားၿပီး လုပ္ကိုင္ၾကကာ သူမအတြက္ ေငြကို ျပဳလုပ္ေပးေနခဲ့ၾကသည္။ ေန႔တစ္ေန႔ရဲ႕ အဆုံးတြင္ သူမကေတာ့ ေငြေတြကို ပိုရလာခဲ့သည္။

“လက္ေထာက္ေက်ာင္ ရဲ႕အကူအညီေတြအတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္” ေဇာင္ယုဟြမ္ ကေျပာလိုက္ရင္း လက္ေထာက္ေက်ာင္ ကိုၿပဳံးျပလိုက္သည္။

လက္ေထာက္ေက်ာင္က သူ႔လက္ကို လ်င္ျမန္စြာ ခါယမ္းလိုက္သည္။ “မဟုတ္ပါဘူး၊ မဟုတ္တာ။ ကြၽန္ေတာ့္ကို ေက်းဇူးတင္ဖို႔ မလိုပါဘူး။ ကြၽန္ေတာ္က ကြၽန္ေတာ့္အလုပ္ ကြၽန္ေတာ္လုပ္႐ုံပါပဲ”

သူတို႔က စကားေျပာေနၾကရင္း ေဇာင္အိမ္ေတာ္ အျပင္ဘက္ကို ကားက ေရာက္လာခဲ့သည္။ ေဇာင္ယုဟြမ္ ကကားထဲကေန ထြက္လိုက္ၿပီး အိမ္ထဲကို ေလွ်ာက္ဝင္လိုက္သည္။ အိမ္ထဲတြင္ အေတာ္ေလးကို တိတ္ဆိတ္ေနသည္။

လက္ေထာက္ေက်ာင္ ကသူမ အေနာက္ကေန သူမအိတ္ေတြကို သယ္ရင္း လိုက္ခဲ့သည္။ ေဇာင္ယုဟြမ္ ကလွည့္ပတ္ၾကည့္လိုက္ၿပီး ေနာက္ဆုံးတြင္ ဟုန္းခ်န္းမင္း တစ္ေယာက္တည္းကိုသာ ေတြ႕လိုက္ရသည္။

ဟုန္ခ်န္းမင္း လက္ထဲတြင္ မွတ္စုစာအုပ္က ရွိေနခဲ့ၿပီး တခုခုအား ေလးေလးနက္နက္ ေျပာေနခဲ့သည္။ ေဇာင္ယုဟြမ္ ကိုသူျမင္လိုက္သည္ႏွင့္ ခ်က္ခ်င္းပင္ သူ႔စာအုပ္ကို ပိတ္လိုက္သည္။

“မင္းျပန္ေရာက္ၿပီပဲ၊ ဟြမ္ဟြမ္” ဟုန္ခ်န္းမင္း ကမတ္တပ္ရပ္လိုက္ၿပီး ေဇာင္ယုဟြမ္ ရဲ႕အိတ္ေတါကို ယူလိုက္သည္။

လက္ထက္ေက်ာင္ ကသာ သူမအိတ္ေတြကို သယ္ေပးရမဲ့သူ ဆိုတာကို သူနားလည္ေပမဲ့ သူ႔လက္က ေရာက္သြားခဲ့သည္။ ဟုန္ခ်န္းမင္း မ်က္ ေမွာင္ၾကဳတ္လိုက္သည္။ ဟုန္ခ်န္းမင္း က ေဇာင္ယုဟြမ္ ရဲ႕အိတ္ေတြကို ဆိုဖာေပၚတင္လိုက္ၿပီး သူမကို ထိုင္ခိုင္လိုက္သည္။

သူ႔ဘာသာ မီးဖိုေခ်ာင္ထဲကို ဝင္သြားၿပီး သိပ္မၾကာခင္မွာပဲ စေတာ္ဘယ္ရီနဲ႔ ခ်ယ္ရီသီး ပန္းကန္နဲ႔အတူ ျပန္လာခဲ့သည္။ ဟုန္ခ်န္းမင္း ကေဆးေၾကာထားတဲ့ အသီးေတြကို စားပြဲေပၚတြင္ ေနရာခ်လိုက္ၿပီး ေျပာလိုက္သည္။

“ျပႆနာရွိလား?” ေဇာင္ယုဟြမ္ လုပ္ခ်င္တာေတာ့ သူမလက္ကို ထုတ္ၿပီး ပါးစပ္ကို ဖြင့္လိုက္ခ်င္တာ ျဖစ္သည္။

သူမ ပိုၿပီး မေပ်ာ္မ႐ႊင္ ျဖစ္သြားသည္။ သူမ ေခါင္းညိတ္လိုက္ၿပီး သူ႔ကို လွည့္မၾကည့္ေပ။ ေဇာင္ယုဟြမ္ ကလက္ေထာက္ေက်ာင္ ကိုေမာ့ၾကည့္လိုက္ၿပီး “စစ္ေဆးတဲ့သူေတြဆီက တစ္ခုခု ၾကားခဲ့ေသးလား?”

“အေထာက္အထားေတြကို စုေဆာင္းဖို႔ သူတို႔လုပ္ေနၾကၿပီး မၾကာခင္မွာပဲ တရားစြဲလို႔ ရပါလိမ့္မယ္” လက္ေထာက္ေက်ာင္ ကျပန္ေျဖလိုက္သည္။

“ရႈယုရန္း ကေကာ?” ေဇာင္ယုဟြမ္ ေမးလိုက္သည္။ လက္ေထာက္ေက်ာင္ ကေျပာလိုက္သည္။

“ရႈယုရန္း ကအကုန္လုံးကို ရႈရန္ေဟြ႕ ကိုလြဲခ်ခဲ့တယ္။ ဒါက သူမ လုပ္ခ်င္တာေၾကာင့္ သူမ မေနႏိုင္ေတာ့ဘူး။ အရာအားလုံး ေကာင္းေကာင္း ၿပီးဆုံးသြားခဲ့ရင္ သူမကို ႀကံရာပါအျဖစ္နဲ႔ စာရင္းသြင္းခံရလိမ့္မယ္” ထိုကိစၥတြင္ အမ်ားႀကီး ဝင္မေျပာတဲ့ ဟုန္ခ်န္းမင္း က႐ုတ္တရက္ ေျပာလိုက္သည္။

“သူတို႔က ရႈယုရွန္း ရဲ႕ခင္ပြန္းကိုေကာ ရွာေဖြၾကေသးလား?”

“ဘာ?” လက္ေထာက္ေက်ာင္ ကထိုေမးခြန္းေၾကာင့္ အနည္းငယ္ ႐ုန္းကန္သြားသည္။

“သူ႔ကိုလည္း ရွာေဖြသင့္တယ္။ သူတို႔က စိတ္ဝင္စားဖို႔ေကာင္းတဲ့ တစ္ခုခုကို ရွာေတြ႕ႏိုင္လိမ့္မယ္”

သူေျပာေနစဥ္ ငုံ႔လိုက္ၿပီး စားပြဲေပၚက အခြံမာ အသီးေတြကို ၾကည့္လိုက္ကာ ခြာလိုက္ၿပီး သန႔္ရွင္းသည့္ ပန္းကန္လုံးထဲကို ထည့္လိုက္သည္။ သူ႔ဆီကေန သက္ေတာင့္သက္သာျဖစ္ေနသည့္ အရွင္သခင္လိုမ်ိဳး အရွိန္အဝါေတြက ထြက္ေနခဲ့သည္။

လက္ေထာက္ေက်ာင္ ထက္ၿပီး ႐ုန္းကန္လိုက္သည္။ သခင္ေလးဟုန္ ဆီကေန အရွင္သခင္လိုမ်ိဳး အရွိန္အဝါေတြကို ဘာေၾကာင့္ သူခံစားမိေနရတာလဲ? သခင္ေလးဟုန္ ကအသက္ဘယ္ေလာက္ ရွိေသးလို႔လဲ?

တဖက္တြင္ ေဇာင္ယုဟြမ္ က ဟုန္ခ်န္းမင္း ရဲ႕စြမ္းေဆာင္ရည္ေတြကို ယုံၾကည္ေနခဲ့သည္။ ဒီႏွစ္အနည္းငယ္အတြင္း သူဘယ္လို ေနထိုင္ခဲ့လဲဆိုတာကို သူမ ေသခ်ာမသိေပမဲ့ ဒါက အလားအလာေကာင္းသည့္ ႀကီးမားသည့္ အရာျဖစ္ႏိုင္မလား?

ဟုန္ခ်န္းမင္း ရဲ႕ကိုယ္ရည္ကိုယ္ေသြးကို ၾကည့္ရင္ သူက ဘာမွေသခ်ာမသိပဲ ေျပာမွာမဟုတ္ေပ။ ေနာက္ဆုံးတြင္ ေဇာင္ယုဟြမ္ ေျပာလိုက္သည္။

“အင္း၊ ဒါကို ေက်းဇူးျပဳၿပီး စုံစမ္းေပးႏိုင္မလား၊ လက္ေထာက္ေက်ာင္?” လက္ေထာက္ေက်ာင္ ကေခါင္းညိတ္လိုက္ၿပီး လ်င္ျမန္စြာ ေျပာလိုက္သည္။

“အို၊ အင္း၊ ေသခ်ာေပါက္ စုံစမ္းေပးပါမယ္။ ဒါက ကြၽန္ေတာ့္ အလုပ္ပဲေလ။ ကြၽန္ေတာ္ ျပန္သြားတာနဲ႔ အဲ့သခင္ေလးနန္ ရဲ႕အေၾကာင္းကို ရွာခိုင္းလိုက္ပါမယ္” ေဇာင္ယုဟြမ္ ကၿပဳံးၿပီး ေျပာလိုက္သည္။

“လက္ေထာက္ေက်ာင္ သြားသင့္ၿပီ။ ကြၽန္မတို႔ ကိစၥေတြ ၿပီးၿပီပဲ” ေဇာင္ခ်ီ နဲ႔ယွဥ္ရင္ ေဇာင္ယုဟြမ္ ကပိုၿပီး ေကာင္းတဲ့ သူေဌးတစ္ေယာက္ျဖစ္ၿပီး လွလည္း လွပသည္။ သူမလိုမ်ိဳး သူေဌးနဲ႔ အလုပ္လုပ္ရတာကို ဘယ္သူက မႀကိဳက္ပဲ ေနမွာလဲ?

သူမ စကားေတြကို ၾကားလိုက္ၿပီး လက္ေထာက္ေက်ာင္ ကမထိန္းခ်ဳပ္ႏိုင္စြာျဖင့္ ၿပဳံးလိုက္ၿပီး သူမအိတ္ေတြကို ခ်လိုက္ကာ ထြက္သြားခဲ့သည္။

“လီဂ်င္းယြမ္ ေကာ?” ေဇာင္ယုဟြမ္ ကစေတာ္ဘယ္ရီကို ကိုက္လိုက္ရင္း ေမးလိုက္သည္။ ဒီအေၾကာင္းကို ဟုန္ခ်န္းမင္း ဘယ္လိုရွာေတြ႕လဲဆိုတာကို သူမ မေမးေပ။

“ငါမသိဘူး” ဟုန္ခ်န္းမင္း ကေမာ့ေတာင္ မၾကည့္ပဲ ေျဖလိုက္ၿပီး macadamia အေစ့ကို ေဇာင္ယုဟြမ္ ပါးစပ္ထဲကို ထည့္လိုက္သည္။ ထိုအထဲတြင္ ျပင္းထန္သည့္ ႏို႔အရသာက ရွိေနသည္။

“ဒီတစ္ခုကို ငါမႀကိဳက္ဘူး” ေဇာင္ယုဟြမ္ ကဒါကို အနည္းငယ္ ဝါးၿပီးေနာက္ သူမႏွာေခါင္းကို ႐ြံ႕လိုက္သည္။ ဟုန္ခ်န္းမင္း ကသူမအေရွ႕တြင္ သူ႔လက္ကို ျဖန႔္လိုက္ၿပီး ေျပာလိုက္သည္။

“မင္းမႀကိဳက္ရင္ ေထြးထုတ္လိုက္။ မင္းအတြက္ ဗာဒံေစ့ကို ခြာေပးမယ္”

ေဇာင္ယုဟြမ္ ကသူ႔ရဲ႕ ႀကီးမားၿပီး က်ယ္ျပန႔္သည့္ လက္ဖဝါးကို မ်က္ေတာင္ခတ္ၿပီး ၾကည့္လိုက္သည္။

ေထြးထုတ္ရမယ္၊ ဘယ္ေနရာကို?

သူ႔လက္ထဲကို ေထြးထုတ္ရမယ္? ဒီလိုမ်ိဳး သူမ မလုပ္ႏိုင္ဘူး။ သူ႔လက္ကို တြန္းထုတ္လိုက္ၿပီး အႀကိမ္အနည္းငယ္ေလာက္ ဝါးလိုက္ကာ ၿမိဳခ်လိုက္သည္။

“မဟုတ္ဘူး၊ ဒါက အရမ္းကို ျဖဳန္းတီးရာၾကတယ္” ဟုန္ခ်န္းမင္း ကထိုအခ်က္ေၾကာင့္ ဘာမွမေျပာေပမဲ့ သူမအတြက္ ဗာဒံေစ့ကို ခြာေပးလိုက္သည္။

ဗာဒံေစ့က ေဇာင္ယုဟြမ္ ရဲ႕အႀကိဳက္ဆုံး ျဖစ္ေပမဲ့ သူတို႔ကို အမ်ားႀကီး မစားႏိုင္ေပ။ သူမ မခြာႏိုင္ဘူး။ နည္းနည္း စားၿပီးေနာက္တြင္ သူမလက္ကို ဟုန္ခ်န္းမင္း လက္ေပၚတင္လိုက္ၿပီး သူ႔ကို ခြာေနတာ ရပ္ခိုင္းလိုက္သည္။ အေစာပိုင္းက သူခြာခဲ့သည့္ macadamia အေစ့ကို တစ္ခုခ်င္းစီ သူစားလိုက္သည္။

“သူတို႔မွာ ကယ္လိုရီ အရမ္းမ်ားတယ္” ေဇာင္ယုဟြမ္ သတိေပးလိုက္သည္။ ဟုန္ခ်န္းမင္း ေျဖလိုက္သည္။

“ဒါက ျပႆနာမရွိပါဘူး။ ဒါထက္ပိုၿပီး ငါ့ခႏၶာကိုယ္က ကယ္လိုရီေတြကို ပိုေလာင္ကြၽမ္းႏိုင္တယ္”

သူ႔စကားေတြေၾကာင့္ မၾကာခင္က သူ႔လက္ ေမာင္းေတြနဲ႔ ထိေတြ႕သြားခဲ့တဲ့ မွတ္ဉာဏ္ကို သတိရသြားေစသည္။ အဲ့ဒါက သန္မာၿပီး ခိုင္မာတယ္။ ဒါက သူ႔ကယ္လိုရီေတြကို ေလာင္ကြၽမ္းေစတာလား?

ေဇာင္ယုဟြမ္ သူမေမးခြန္းအတြက္ အေျဖကို မရေပ။ အသီးအႏွံနဲ႔ မုန႔္ေတြကို စားၿပီးေနာက္တြင္ ဟုန္ခ်န္းမင္း ကခ်က္ခ်င္းပင္ ေကာင္းမြန္တဲ့ အစ္ကိုႀကီး တစ္ေယာက္အျဖစ္ ေျပာင္းလဲသြားခဲ့ၿပီး ေဇာင္ယုဟြမ္ ကိုအိမ္ရာေစာေစာ ဝင္ရန္ေျပာခဲ့သည္။

ေဇာင္ယုဟြမ္ ကလုံေလာက္ေအာင္ မအိပ္ခဲ့ရတာေၾကာင့္ သူမ အိပ္ရာနဲ႔ ထိလိုက္သည္ႏွင့္ အိပ္ေပ်ာ္လုနီးပါး ျဖစ္သြားခဲ့သည္။ သူမ အိပ္ေပ်ာ္ေတာ့မဲ့ အခ်ိန္တြင္ လီဂ်င္းယြမ္ ကဘယ္ေနရာကို သြားေနလဲဆိုတာကို သူမ သိခ်င္သြားခဲ့သည္။

ေနာက္ရက္အနည္းငယ္အတြင္း လီဂ်င္းယြမ္ ကိုသူမ ေတြ႕ႏိုင္ခဲ့ေပ။ သူမ ေဝ့က်ဲ ကိုေခၚလိုက္ၿပီး ေမးလိုက္ခ်ိန္တြင္ သူမစာကို ျမင္လိုက္ၿပီး ေနာက္ဆုံးတြင္ လီဂ်င္းယြမ္ ဆီကတစ္ခုကို သူမ ေတြ႕သြားခဲ့သည္။

“ဟြမ္ဟြမ္၊ မၾကာခင္မွာ ငါအလုပ္ရႈပ္ေတာ့မယ္၊ ရက္အနည္းငယ္ေလာက္ ဟြမ္ဟြမ္ နဲ႔ေတြ႕ႏိုင္မွာ မဟုတ္ေသးဘူး။ ဟြမ္ဟြမ္ ေကာင္းေကာင္း အနားယူဖို႔ လိုအပ္တယ္။ လီဂ်င္းယြမ္ ဆီမွ”

ေဇာင္ယုဟြမ္ သူမေခါင္းကို သူမဘာသာ ထုလိုက္သည္။ မၾကာခင္က သူမစာေတြ အမ်ားႀကီး လက္ခံရခဲ့ၿပီး လီဂ်င္းယြမ္ ဆီက စာတစ္ေစာင္ကိုေတာ့ လြဲေခ်ာ္ခဲ့တယ္။ သူအလုပ္ရႈပ္တဲ့ အေၾကာင္းကို သူမ ေတြ႕သြားခဲ့တာေတာင္ ေဝ့က်ဲ ကိုသူမ ဖုန္းဆက္လိုက္သည္။

“သခင္ေလးလီ ကႏိုင္ငံထဲမွာ ေဈးကြက္ ခ်ဲ႕ထြင္ေရးအတြက္ အလုပ္မ်ားေနပါတယ္။ အခ်ိန္ဘယ္ေလာက္ၾကာမွန္းေတာ့ မသိေသးဘူး။ ဒါကို သိတာနဲ႔ ငါတို႔ ေျပာေပးပါမယ္” ေဝ့က်ဲ ကတဖက္တြင္ ေပ်ာ္႐ႊင္စြာျဖင့္ ေျပာလိုက္သည္။

ေဝ့က်ဲ ဆီက ဖုန္းခ်ၿပီးသည္ႏွင့္ ေဇာင္ယုဟြမ္ က လီဂ်င္းယြမ္ ကို TV တြင္ျမင္လိုက္ရသည္။ ဒါက Reality show ျဖစ္ၿပီး လီဂ်င္းယြမ္ ကကိုယ္စားလွယ္အျဖစ္ ပါဝင္ခဲ့သည္။

အာ၊ ဆိုေတာ့ သူက မူလဇာတ္ေၾကာင္းအတိုင္း တစ္ခ်ိန္လုံး ျဖစ္ေနခဲ့တာပဲ!

မူလဇာတ္ေၾကာင္းတြင္ လီဂ်င္းယြမ္ ကႏိုင္ငံျခားမွာ ပညာသင္တာေတြ၊ ေမာ္ဒယ္လ္ အျဖစ္ သ႐ုပ္ေဆာင္တာေတြ ဘယ္တုန္းကမွ မေတြ႕ႀကဳံဖူးခဲ့ေပ။ ဒီ variety show ရဲ႕ေဖ်ာ္ေျဖေရး လမ္းေၾကာင္းေပၚ စဝင္လာတာက သူ႔ရဲ႕ ပထမဆုံး ျဖစ္သည္။

လင္းခ်ီလန္ ကလည္း မိန္းကေလးေတြရဲ႕ Reality show တြင္ ပါဝင္ခဲ့ေပမဲ့ မူလဇာတ္ေၾကာင္း အရဆိုရင္ သူမက အႏိုင္မရခဲ့ေပ။ ေနာက္ပိုင္းက်မွ သူမက အြန္လိုင္းေပၚတြင္ ေအာင္ျမင္လာခဲ့သည္။

ေနာက္ဆုံးတြင္ လွည့္ပတ္ လိမ္ညာျခင္း နည္းနည္း ၿပီးသြားၿပီးေနာက္ သူမက ေဖ်ာ္ေျဖေရး ေလာကထဲကို ဝင္ေရာက္ႏိုင္ခဲ့ၿပီး သ႐ုပ္ေဆာင္တဲ့ အလုပ္ကို စတင္ခဲ့သည္။ ေဇာင္ယုဟြမ္ မူလဇာတ္ေၾကာင္းရဲ႕ အင္အားႀကီးမႈေၾကာင့္ ေအာ္ဟစ္ခ်င္သြားသည္။

မၾကာခင္တြင္ ပိုၿပီးေအးလာေတာ့မဲ့ ေအာက္တိုဘာလကို ေရာက္လာေတာ့မယ္ဆိုတာ လူတိုင္း သိၾကသည္။ ဟုန္ခ်န္းမင္း ကလည္း အလုပ္မ်ားေနခဲ့ၿပီး ေဇာင္ယုဟြမ္ တစ္ေယာက္ကသာ ေဇာင္အိမ္ေတာ္တြင္ က်န္ေနခဲ့သည္။ ရႈရန္ေဟြ႕ နဲ႔ ရႈယုရွန္း တို႔ကလည္း တရား႐ုံးတြင္ တရားရင္ဆိုင္ေနၾကသည္။

ေဇာင္ယုဟြမ္ ကတရား႐ုံးကို မသြားပဲ အရာအားလုံးက ျပတ္ေတာက္ၿပီး ေျခာက္ေသြ႕သြားခဲ့သည္။

သူမ ဒီေနရာမွာ ရွိေနရတာက ဘာေၾကာင့္လဲ? အခ်ိန္ေတြကို အက်ိဳးရွိရွိ အသုံးခ်ၿပီး သူမ လုပ္ခ်င္တာ လုပ္ဖို႔ပဲ။ သူမ ႏိုင္ငံကို ျပန္မလာခင္မွာ ေက်ာင္းျပန္တက္ရန္ အခ်ိန္ႏွစ္လရခဲ့သည္။

သူမ ျပန္လာခ်ိန္တြင္ ရန္ဆန္း နဲ႔အဖြဲ႕ကလည္း ျပန္ေရာက္လာၾကသည္။ ရန္ဆန္း ကသူမကို ဖုန္းေတာင္ေခၚခဲ့သည္။

“ေဇာင္ယုဟြမ္၊ အႏုပညာျပပြဲအတြက္ မင္းပန္းခ်ီ ဆြဲခ်င္လား? ငါအရင္က ေျပာခဲ့တဲ့ ငါ့သူငယ္ခ်င္းက ေနာက္လမွာ ႏိုင္ငံမွာ ပန္းခ်ီျပပြဲ လုပ္ဖို႔စီစဥ္ထားတယ္”

ေဇာင္ယုဟြမ္၊ ဟုန္ခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ တို႔ကအရင္တုန္းက ႀကဳံရာသင္တန္းေတြ အမ်ားႀကီးကို တက္ခဲ့ၾကသည္။ အဓိကေတာ့ သူတို႔ စိတ္ဝင္စားမယ္လို႔ ထင္တာေတြကို တက္ခဲ့ၾကသည္။

သူမက ပီယာႏို၊ ေဆးေရးပန္းခ်ီ ေနာက္ၿပီးေတာ့ ဟိုဟိုဒီဒီနဲ႔ ဘဲေလးအကကိုပါ သင္ခဲ့သည္။ သူတို႔ၾကားတြင္ ေဆးေရးပန္းခ်ီက အခ်ိန္အရမ္းကုန္ခဲ့သည္။ သူမ အလုပ္မ်ားေနတာေၾကာင့္ အလုပ္ေတြ ၿပီးဖို႔ကို အခ်ိန္အမ်ားႀကီး မရွိေပ။

ရန္ဆန္း ကမွတ္မိေနတုန္းျဖစ္ၿပီး သူမအတြက္ ပန္းခ်ီျပပြဲကို လုပ္ေစခ်င္ခဲ့သည္။ ေဇာင္ယုဟြမ္ ကေတာ့ သူမအလုပ္ေတြအတြက္ ရွက္႐ြံ႕တာေတြ ေၾကာက္လန႔္တာေတြ မရွိခဲ့ေပ။

သူတို႔က ဆြဲလိုက္႐ုံပဲ၊ ေကာင္းတာ မေကာင္းတာက ၾကည့္တဲ့သူေပၚမွာပဲ မူတည္တယ္။

အရင္ဘဝက သူမအေတြ႕အႀကဳံေတြကို ရၿပီးေနာက္ ဒီဘဝတြင္ေတာ့ သူမ လြတ္လပ္စြာနဲ႔ ကုန္ဆုံးခဲ့သည္။ ကိစၥေတာ္ေတာ္မ်ားမ်ားက သူမကို မၿခိမ္းေျခာက္ႏိုင္ေပ။ ေဇာင္ယုဟြမ္ ကထိုအရာကို ခနေလာက္ ေတြးေတာလိုက္ၿပီး ေနာက္ဆုံးတြင္ ေခါင္းညိတ္လိုက္ကာ ရန္ဆန္း နဲ႔ေတြ႕ဆုံဖို႔ အခ်ိန္ေျပာလိုက္သည္။

သူတို႔ထြက္သြားသည့္ ေန႔တုန္းက ေဇာင္ယုဟြမ္ ကထိုအေၾကာင္းကို ေတြးခဲ့ၿပီး ေနာက္ဆုံးတြင္ ဟုန္ခ်န္းမင္း ဆီကို စာပို႔လိုက္ၿပီး လက္ေထာက္ေက်ာင္နဲ႔အတူ ပန္းခ်ီျပပြဲကို သြားဖို႔အသိေပးလိုက္သည္။

သူမ ရန္ဆန္း ကိုမျမင္ပဲ တျခားႏိုင္ငံသားေတြကိုသာ ေတြ႕ခဲ့ရသည္။ သူတို႔ေတြက ေငြေၾကးရတာ နည္းပါးေပမဲ့ သူတို႔က အခ်ိန္ကုန္တာ နည္းပါးသည္။

သူမ ကားထဲက ထြက္လိုက္ၿပီးေနာက္ ပန္းခ်ီျပပြဲ တစ္ခုလုံးကို လွည့္ပတ္ၾကည့္လိုက္ၿပီးေနာက္ ရွာေဖြေနစဥ္ တစ္စုံတစ္ေယာက္က သူမနာမည္ကို ေခၚေနတာကို ၾကားလိုက္ရသည္။

“ေဇာင္ယုဟြမ္! ေဇာင္ယုဟြမ္! ဒီမွာ!” ေဇာင္ယုဟြမ္ လွည့္လိုက္ၿပီး ၾကည့္လိုက္သည္။ အနက္ေရာင္ လည္သာဝတ္စုံျဖင့္ လူငယ္ေလး တစ္ေယာက္ကို ျမင္လိုက္ရသည္။

သူက ေနကာမ်က္ မွန္ကို လက္တစ္ဖက္တြင္ ကိုင္ထားၿပီး သူ႔လက္တြင္ ကားေသာ့ကို ကိုင္ထားကာ သူမကို လက္ျပေနခဲ့သည္။ ရန္ဆန္း ကအရင္ႏွစ္ေတြကထက္ အရပ္ပိုရွည္လာခဲ့ၿပီး ပိုၿပီးေတာ့ ပိန္လာခဲ့သည္။

ေဇာင္ယုဟြမ္ သူ႔ဆီကို လ်င္ျမန္စြာ ေလ်ာက္သြားလိုက္သည္။ ရန္ဆန္း ကအမ်ားႀကီး မေတြးပဲ သူမကို ဖက္လိုက္သည္။

“အို ကိုယ့္လူ၊ မင္းက အရင္ကထက္ေတာင္ ပိုပိုၿပီး လွလာပါလား! ငါ့အစ္မက မၾကာခင္တုန္းက ငါ့ကို ေမးခဲ့ေသးတယ္…. ငါ့အသိထဲမွာ ေခ်ာတဲ့ မိန္းကေလးေတြ ရွိရင္ သူမနဲ႔ မိတ္ဆက္ေပးဖို႔ေလ… သူမက အခုေတာ့ ငါ့အေဖရဲ႕ ကုမၸဏီကို ယူထားခဲ့ၿပီး စုေဆာင္းမႈအသစ္ေတြကို ရွာေနရင္း စိုးရိမ္ေနခဲ့တယ္။ မင္း စိတ္ဝင္စားလား၊ ေဇာင္ယုဟြမ္?”

“ဒါအတြက္ အခ်ိန္ဘယ္ေလာက္ ကုန္မလဲ?” ေဇာင္ယုဟြမ္ ကသူမလက္ေတြနဲ႔ ေရတြက္ကာ ေမးလိုက္သည္။

“ငါက သူေဌး၊ ပန္းခ်ီဆရာ နဲ႔တစ္စုံတစ္ေယာက္က ငါ့ကို ဘဲေလးအက ကဖို႔ ေတာင္းဆိုလာခဲ့ရင္ေတာင္ ငါလုပ္မွာ…” ထိုစကားကို ၾကားလိုက္ၿပီး ရန္ဆန္း ႀကိတ္ရယ္လိုက္သည္။

“ေကာင္းၿပီ၊ ေကာင္းၿပီ၊ ႂကြားႂကြား!”

#ေနာက္တစ္ပိုင္းဆို မွီသြားပါၿပီလို႔ ƪ(‾.‾“)┐

10.7.2020 (Fri)
…………………..

[text_hash] => cc1d79de
)

//qc
//QC2