ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] – 42✳️ မင်းတိုင်းပြည်ကိုပြန်ပြီးဖျော်ဖြေရေးလောကထဲကိုဝင်တယ်။
// qc

ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] - 42✳️ မင်းတိုင်းပြည်ကိုပြန်ပြီးဖျော်ဖြေရေးလောကထဲကိုဝင်တယ်။

Array
(
[text] =>

<Unicode>

“… မင်းတိုင်းပြည်ကို ပြန်ပြီး ဖျော်ဖြေရေး လောကထဲကို ဝင်တယ်”

အမွေကိစ္စတွေ အားလုံးကို စီစစ်ပြီးသွားပြီးနောက် ဇောင်ယုဟွမ် ကအရမ်းကို ပင်ပန်းသလို ခံစားလိုက်ရပြီး သူမစိတ်တွေက လွတ်ထွက်လာခဲ့သည်။ သူမပုံစံကို ကြည့်လိုက်ပြီး လက်ထောက်ကျောင် ကသူမက ဇောင်ချီ သေဆုံးသွားတာကြောင့် ဝမ်းနည်းနေတာ ဖြစ်လိမ့်မည်ဟု တွေးလိုက်သည်။

သူမအတွက်လည်း စိတ်မကောင်းသလို ခံစားလိုက်ရပြီး အခုတော့ မိန်းကလေးဇောင် ကတကယ်ပဲ မိဘမဲ့ ဖြစ်သွားသည်….

မိန်းကလေးဇောင် ကနှစ်အနည်းငယ်တုန်းက ကုမ္ပဏီအရှေ့ကို လာခဲ့တဲ့ မြင်ကွင်းကို ပြန်သတိရသွားပြီး လက်ထောက်ကျောင် သူမကို ထပ်ပြီး နည်းနည်းလေးတောင် မဆန့်ကျင်ရဲပေ။ သူမကြောင့်နဲ့ အလုပ်ကိစ္စတွေ လက်လွှတ်ခဲ့ရသည်။

“မိန်းကလေးဇောင်၊ နည်းနည်းလောက် အနားယူသင့်တယ်။ မနက်ဖြန်အထိ အနားယူလို့ရပါတယ်”

ဇောင်ယုဟွမ် ကကောင်းမွန်တယ်လို့ မခံစားရပေ။ သူမက ခေါင်းညိတ်လိုက်ပြီး ဓာတ်လှေကားဆီကို လျှောက်သွားလိုက်သည်။ လမ်းတစ်ဝက် ရောက်ချိန်တွင် လက်မောင်းတစ်ဖက်က ဘေးကနေ ထွက်လာခဲ့ပြီး သူမအပေါ်ပိုင်း ခန္ဓာကိုယ်ကို ဖမ်းလိုက်ပြီး သူ့လက် မောင်းထဲကို သူမကို ဆွဲလိုက်သည်။

“ဘယ်လိုလုပ်ပြီး ဖြူဖွေးနေတာလဲ?” ဟုန်ချန်းမင်း ရဲ့အသံက စိုးရိမ်စွာဖြင့် သူမနားနားတွင် ထွက်လာခဲ့သည်။

“ငါတစ်ညလုံး မအိပ်ခဲ့ရဘူး” ဇောင်ယုဟွမ် ကသမ်းလိုက်ပြီး ပြောလိုက်သည်။ အခုတော့ သူမခေါင်းက အရင်ကထက်ပင် ပိုပြီးလေးလံလာသလို ခံစားလိုက်ရသည်။

“အရင်ဆုံး အိမ်ကို ပြန်ရအောင်။ ဇောင်အိမ်တော်ကို။ အချိန်ကောင်းပဲ၊ ငါတို့တွေ မပြန်ခဲ့တာ အချိန်အတော်ကြာ…” သူမပြောလို့ မပြီးသေးခင်မှာပဲ ဟုန်ချန်းမင်း ကသူမ တစ်ကိုယ်လုံးကို ပွေ့လိုက်ပြီး ပြောလိုက်သည်။

“ငါတို့ ကားထဲကျမှ ပြောကြမယ်။ အခုတော့ မင်းမျက်လုံးတွေကို မှိတ်ထားပြီး အနားယူလိုက်” ဇောင်ယုဟွမ် ကမထိန်းချုပ်နိုင်စွာဖြင့် ရှည်လျားသည့် သမ်းဝေခြင်းကို ပြုလုပ်လိုက်သည်။

“ငါ့ကို ချပေး။ ဒါကို ဇောင်အိမ်တော်က တခြားလူတွေ မြင်သွားရင် မကောင်းဘူး” “ဘာလို့ မကောင်းတာလဲ?” ဟုန်ချန်းမင်း ကရေရွတ်သည့် အသံနဲ့ မေးလိုက်သည်။

“ငါတို့က အိမ်ပြန်ဖို့ကို ပျော်နေကြတဲ့ ပုံဖြစ်နေလိမ့်မယ်…”

ဒါ့ကြောင့်ပဲ နောက်ဆုံးတော့ ဟုန်ချန်းမင်း ကသူမကို ပြန်ချပေးလိုက်သည်။ သူမခါးကိုတော့ မလွှတ်ပေးခဲ့ပေ။ လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့က တစ်ဖက်စီမှ သူမခါးကို ဖက်ထားကြပြီး သူမကို မသယ်ရုံတမယ်ပင် ရှိတော့သည်။

ဒါက အများကြီး မဟုတ်ပေမဲ့ ဇောင်ယုဟွမ် အတွက်လမ်းလျှောက်ဖို့ ပိုလွယ်ကူသွားခဲ့သည်။ သူတို့က ဓာတ်လှေကားကနေ ထွက်လိုက်ပြီး ဆေးရုံဝင်ပေါက် အရှေ့ကို ရောက်သွားပြီးနောက် ဆေးရုံအပြင်ဘက် ခုံတန်းလျားတွင် လူတစ်ယောက်က ထိုင်နေတာကို သူတို့ မြင်လိုက်ကြပြီး သူက ဇောင်ယုဟွမ် ဘက်ကို လှည့်လာခဲ့သည်။

“ဟွမ်ဟွမ်” လန်ဂျင်းဇီ အသံက နူးညံ့နေသည်။ ထို့နောက် ခနရပ်တန့်သွားပြီး လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ကို သတိထားမိသွားသည်။ ဇောင်ယုဟွမ် ကနည်းနည်း အံ့အားသင့်သွားသည်။

“အစ်ကို ဟိုတယ်ကနေ ဘာလို့ထွက်လာတာလဲ?”

“မင်းကို စောင့်နေတာ” လန်ဂျင်းဇီ ကပြောလိုက်ပြီး သူမအရှေ့ကို လျှောက်လာခဲ့သည်။

“မင်းပုံစံက ဘာလို့အရမ်း ဖြူဖျော့နေရတာလဲ?”

“အို၊ ဒါက အရေးမကြီးပါဘူး။ ညတုန်းက မအိပ်ခဲ့ရလို့ပါ” ဇောင်ယုဟွမ် ကမထိန်းချုပ်နိုင်စွာဖြင့် ထပ်ပြီး သမ်းလိုက်သည်။

“အရင်ဆုံး အနီးက ဟိုတယ်ကို သွားပြီး တစ်ရေးလောက် အိပ်လိုက်” လန်ဂျင်းဇီ ကချက်ချင်းပင် ပြောလိုက်သည်။ ဇောင်ယုဟွမ် ကအံ့ဩစွာဖြင့် လန်ဂျင်းဇီ ရဲ့ပုံစံကို လေ့လာလိုက်ပြီး ပြောလိုက်သည်။

“အမ်၊ အစ်ကို…. အစ်ကို့ မျက်လုံးတွေက ညိုနေတယ်” လန်ဂျင်းဇီ ကအံ့ဩသွားသည်။

“တကယ်?” သူက အမြဲတမ်း သူ့ပုံစံကို အလေးထားသည်။ သူက အမြဲတမ်း အချိန်ဇယားအတိုင်း စားသောက်ပြီး အိပ်သည်။

သူက အလုပ်ကို ဘယ်လောက်ပဲ လုပ်ပါစေ၊ အလုပ်အတွက် အိပ်ချိန်ကိုတော့ မလျော့သွားစေဘူး။ သူ့မျက်ကွင်းတွေ ညိုနေတာကို ဇောင်ယုဟွမ် မြင်လိုက်ရတာ ပထမဆုံး အကြိမ်ဖြစ်သည်။

“အစ်ကို အရင်ဆုံး ဟိုတယ်ကို ပြန်သွားသင့်တယ်။ မနက်ဖြန် အလုပ်ရသေးတယ် မလား။ ငါ သူတို့နဲ့ ဇောင်အိမ်တော်ကို ပြန်လိုက်မယ်။ လုပ်စရာလေး နည်းနည်းရှိသေးတယ်” ထိုစကားကို ကြားလိုက်ပြီး လန်ဂျင်းဇီ က လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ကို ကြည့်လိုက်ပြီး မေးလိုက်သည်။

“မင်းတို့ နှစ်ယောက် ဘယ်လိုလုပ်ပြီး ပြန်လာကြတာလဲ?”

“ကျွန်တော်တို့ ဟွမ်ဟွမ့် ကိုစိတ်ပူလို့” လန်ဂျင်းဇီ ကခေါင်းညိတ်လိုက်ပြီး သူ့အရှေ့က ကောင်လေး နှစ်ယောက်ကို တိတ်ဆိတ်စွာနဲ့ စစ်ဆေးလိုက်သည်။ ဒါမှမဟုတ်၊ သူတို့ကို လူငယ်လေးလို့ ပြောသင့်လား?

သူတို့က အရပ်ရှည်ပြီး အရွယ်ရောက်နေတာကြောင့် သူတို့ကို ကလေးတွေ ပုံစံနဲ့ ကွဲပြားနေသည်။ လန်ဂျင်းဇီ ကမပျော်ရွှင်တဲ့ ထူးဆန်းတဲ့ ခံစားချက်ကို ရလိုက်ပြီး သူ့ရဲ့ အစ်ကိုနေရာကို အစားထိုးခံလိုက်ရသလို ဖြစ်သွားခဲ့သည်။

“မြန်မြန်၊ သွားနား အစ်ကို” ဇောင်ယုဟွမ် ကသူ့ကို တွန်းလိုက်ပြီး ပြောလိုက်သည်။

လန်ဂျင်းဇီ က လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ကို ကြည့်လိုက်သည်။ သူတို့က ဇောင်ယုဟွမ် နဲ့အတူ ဇောင်အိမ်တော် အနောက်တွင် ပါဝင်ပတ်သက် လာကြလိမ့်မည်။ လန်ဂျင်းဇီ နောင်တရပြီး စိတ်ပျက်သွားသလို ခံစားလိုက်ရသည်။

သူမအတွက် သူက အစ်ကိုဖြစ်သည်။ သူမဘေးတွင် တခြားလူတစ်ယောက်လိုမျိုး အချိန်တိုင်း ရှိမပေးနိုင်ပေ။ လန်ဂျင်းဇီ ရဲ့စိတ်ပျက်သွားတာကို ဇောင်ယုဟွမ် မြင်နိုင်ခဲ့သည်။

ဇောင်ယုဟွမ် ကထိုအကြောင်းကို တွေးလိုက်ပြီး သူမဘာသာ လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ဆီကနေ ထွက်လိုက်ကာ အရှေ့ကို တိုးလိုက်ပြီး သူမလက် မောင်းတွေနဲ့ လန်ဂျင်းဇီ ကိုဖက်လိုက်သည်။ လန်ဂျင်းဇီ ကအတော်လေး အရပ်ရှည်ပြီး ပုခုံးတွေက ကျယ်ပြန့်သည်။

ဇောင်ယုဟွမ် ကသူမလက် မောင်းတွေနဲ့ သူ့ကို အပြည့်အဝ ဖက်ဖို့ မဖြစ်နိုင်ပေမဲ့ သူ့ကို ပွေ့ဖက်ခြင်းကို ပေးလိုက်ပြီး ပြောလိုက်သည်။

“အစ်ကို သွားနားတော့” လန်ဂျင်းဇီ ထူးဆန်းစွာဖြင့် အချိန်ခနလောက် ရပ်တန့်နေပြီး မပျော်ရွှင်မှုတွေကလည်း ပျောက်ကွယ်သွားခဲ့သည်။

ဇောင်ယုဟွမ် ကသူ့ကို ဖက်လာမယ်လို့ သူ မမျှော်လင့်ထားပေ။ သူမက သူ့ကို နှစ်သိမ့်ပေးနေတာလား? ဒါကို သူမက ဘယ်လိုလုပ်နိုင်တာလဲ?

သူမဆီက ခံစားချက်တိုင်းက တခြားလူတွေကို နူးညံ့သွားစေဖို့ လုံလောက်သည်။ လန်ဂျင်းဇီ ကသူမလက်ထဲကနေ ထွက်လိုက်ပြီး သူ့လက်တွေနဲ့ ပြန်ဖက်ထားလိုက်သည်။ သူမကို အချိန်အတော်ကြာ ကတည်းက သူမကို ပွေ့ဖက်ချင်ခဲ့သည်။

ထို့နောက် ဒီဝမ်းကွဲလေးကို အလိုလိုက်နိုင်တယ်လို့ တဖြည်းဖြည်း ခံစားလာရသည်။ သူမကို ပွေ့ဖက်ချင်ကတည်းက သူလုပ်ခဲ့တာဖြစ်သည်။ နောက်ဆုံးတွင် သူမကို ပွေ့ဖက်နိုင်ခဲ့သည်။ သူမ အမေထွက်သွားချိန်က မဟုတ်ပေမဲ့ အခုချိန်တွင် ပွေ့ဖက်ပေးနိုင်ခဲ့သည်။

“အစ်ကို့အတွက် ဖက်ဖို့က အရမ်းကို ခက်ခဲမှာပဲ။ ငါအစ်ကို့ကို ဖက်တာက ပိုကောင်းတယ်” ဇောင်ယုဟွမ် ကအပြုံးလေးနဲ့ ပြောလိုက်သည်။

“အင်း” လန်ဂျင်းဇီ ပြောလိုက်သည်။

“ငါမင်းကို ဖက်ပေးမယ်။ အခုကစပြီး မင်း ငါ့ကို ဖက်လို့ရတယ်” ဇောင်ယုဟွမ် ကအနည်းငယ် ရုန်းကန်လိုက်ပြီး သူ့ခါးကို ပုတ်လိုက်ပြီး ပြောလိုက်သည်။

“ကောင်းပြီ၊ အစ်ကို ပြန်သွားသင့်ပြီ။ ငါ အရမ်းပင်ပန်းနေပြီ။ ငါလည်း ပြန်သွားသင့်ပြီ”

“အင်း” လန်ဂျင်းဇီ ကနောက်ဆုံးတော့ သူမကို ဖြည်းညှင်းစွာနဲ့ လွှတ်ပေးလိုက်သည်။

လက်ထောက်ကျောင် ကသူတို့ အနောက်ကနေ စောင့်နေခဲ့ပြီး သူ့မျက်လုံးတွေကလည်း ညိုနေခဲ့သည်။ သူက ဇောင်ယုဟွမ် ကိုမြင်လိုက်ချိန်တွင် ဦးညွှတ်လိုက်သည်။

“မိန်းကလေးဇောင် ဂရုစိုက်ပါ။ နောက်ပြီး ကောင်းကောင်း အနားယူပါ” ဇောင်ယုဟွမ် ခေါင်းညိတ်လိုက်သည်။

“အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်၊ လက်ထောက်ကျောင်။ ကျေးဇူးပြုပြီး ငါ့အစ်ကို ဟိုတယ်ကို ပြန်သွားတာကို ကြည့်ထားပေးပါ” လက်ထောက်ကျောင် ကသူမရဲ့ စကားကို ကြားလိုက်ချိန်တွင် ပြုံးလိုက်သည်။

“အိုကေ၊ ကျွန်တော် အဲ့လိုမျိုး လုပ်ပေးပါမယ်” လန်ဂျင်းဇီ နဲ့ လက်ထောက်ကျောင် ကလှည့်လိုက်ပြီး အဝေးကို လျှောက်သွားခဲ့ကြသည်။ ဇောင်ယုဟွမ် ကလှည့်လိုက်ပြီး လီဂျင်းယွမ် ကိုကြည့်လိုက်ပြီးနောက် ဟုန်ချန်းမင်း ကိုကြည့်လိုက်ပြီး ပြောလိုက်သည်။

“ငါတို့လည်း သွားရအောင်”

“အင်း၊ ငါတို့ကားပါတယ်” ဟုန်ချန်းမင်း ကပြောလိုက်သည်။ သူတို့လည်း နည်းနည်း ပင်ပန်းနေတာကို ဇောင်ယုဟွမ် သတိထားမိသည်။ သူတို့ ကားထဲကို ဝင်လိုက်ပြီးနောက် သူမ မေးလိုက်သည်။

“ဘာဖြစ်လို့လဲ? မင်းတို့နှစ်ယောက်က အရမ်းပင်ပန်းနေပုံပဲ” ဟုန်ချန်းမင်း ကစကားတစ်လုံးမှ မဟပေ။

တဖက်တွင် လီဂျင်းယွမ် ကရုတ်တရက်ကြီး သူမကို ပြုံးပြလိုက်ကာ စနောက်စွာဖြင့် ပြောလိုက်သည်။

“ဟွမ်ဟွမ့် ကိုသဘောကျတဲ့ လူတွေအများကြီးရှိလို့ ဟွမ်ဟွမ့် ကိုဘယ်လို ဂရုစိုက်ရမလဲဆိုတာ စဉ်းစားနေခဲ့ကြတာ။ အစ်ကိုလန် နဲ့ မာရီယာ၊ နောက်ပြီးတော့ လန်ဒန် နဲ့ ဂျိုးဆက် တို့လည်း ရှိတယ်လေ။ အို၊ ရန်ဆန်း နဲ့အရင်က အဖွဲ့ကိုလည်း မေ့ထားလို့ မရဘူး…. သူတို့အားလုံးက ဟွမ်ဟွမ့် ကိုချစ်ကြတယ်လေ။ ဟုန်ချန်းမင်း နဲ့ငါတို့ရဲ့ အဆင့်တွေက ဘယ်နေရာမှာလဲ? အနာဂတ်မှာ ပိုများလာရင်…. ဟွမ်ဟွမ် ကငါတို့အကြောင်းကို မေ့သွားလိမ့်မယ်…”

ဒီတစ်ကြိမ်တွင်တော့ ဟုန်ချန်းမင်း ကသူ့ကို ဆွဲနေတာကို လီဂျင်းယွမ် ကစိတ်ထဲမထားပေ။ ကျေးဇူးတင်စွာဖြင့် လီဂျင်းယွမ် ပြောနေတဲ့ စကားတွေကလည်း ဟုန်ချန်းမင်း ပြောချင်တာနဲ့ တစ်ထပ်တည်း ကျနေခဲ့သည်။

ဒါကြောင့် သူ့ကို အမှန်တောင်  ထောက်ပြမနေပဲ သူ့နှုတ်ခမ်းကို ပိတ်ထားခဲ့သည်။ ဇောင်ယုဟွမ် နည်းနည်း တုန်လှုပ်သွားသည်။

ခနလေး… သူတို့က ဇာတ်လိုက်နဲ့ ဗီလိန်တွေလေ။ သူတို့ နှစ်ယောက်လုံးမှာ စွမ်းအားတွေ ရှိကြတယ်လေ! နောက်ပြီး သူတို့နှစ်ယောက်လုံးက သူတို့ကိုယ်ပိုင် လမ်းကြောင်းပေါ်ကို ရောက်နေပြီး အတော်လေးလည်း အောင်မြင်မှု ရထားကြပြီလေ။

အနာဂတ်မှာ သူမက သူတို့ကို သတိရမလားဆိုတာကို သူတို့က ဘယ်လိုလုပ်ပြီး ထိတ်လန့်၊ စိုးရိမ်နေကြတာလဲ?

“ဒီကိစ္စက ဖြစ်နိုင်လိမ့်မလား?” လီဂျင်းယွမ် ကလှည့်လိုက်ပြီး မေးလိုက်သည်။

သူ့အသံက စိုးရိမ်နေမှုကို သယ်ဆောင်ထားပြီး နူးညံ့နေခဲ့သည်။ ဇောင်ယုဟွမ် ကသက်ပြင်းချလိုက်ပြီး နောက်ဆုံးတွင် သူတို့က ဒီအကြောင်းကို စိုးရိမ်နေကြတယ်ဆိုတာကို ယုံကြည်သွားခဲ့သည်။ သူမ ပြောလိုက်သည်။

“သေချာပေါက် မမေ့ပါဘူး။ မင်းတို့တွေ လက်ထပ်သွားရင်တောင်… ငါတို့က အတူတူပဲ ရှိနေကြဦးမှာ….” အခုတော့ လီဂျင်းယွမ် ကတုန်လှုပ်သွားခဲ့သည်။

လက်ထပ်တာလား?

ဘယ်သူက လက်ထပ်မှာလဲ?

ဒါက သူတို့ ဘဝအစီစဉ်တွေရဲ့ တစ်စိတ်တစ်ပိုင်း မဟုတ်ဘူး။ အစကတည်းက ဒီအရာက သူတို့စိတ်ထဲကနေ ဖျက်ပစ်ထားခဲ့ပြီး သူတို့နယ်ပယ်မှာ အင်အားကောင်းပြီး၊ ရပ်တည်နိုင်ဖို့အတွက် လုပ်ဆောင်ရင်း အောင်မြင်လာခဲ့သည်။

နောက်ပြီး သူမကို ကာကွယ်ပေးဖို့အတွက်… တခြားအရာတွေထက်…. ဘဝမှာ တခြားအရာတွေ လုပ်ဖို့က ဘာကထိုက်တန်မှာလဲ? ဘာမှမထိုက်တန်ဘူး။

ဟုန်ချန်းမင်း ကဘာမှမပြောပေ။ သူက သူ့လက်ကို တိတ်တဆိတ် မြှောက်လိုက်ပြီး ဇောင်ယုဟွမ် ရဲ့မျက်လုံးတွေကို ဖုံးလိုက်ကာ ပြောလိုက်သည်။

“အရင်ဆုံး နည်းနည်းလောက် အိပ်လိုက်ဦး” ဇောင်ယုဟွမ် ကတစ်ဝက်တွင် ရုတ်တရက်ကြီး စကားပြောင်းသွားတာကို စိတ်ထဲမရှိပေ။ သူမက သဘောတူလိုက်သည်။

“အိုကေ” သူမခေါင်းကို နည်းနည်းမော့လိုက်ပြီး ခုံကို မှီလိုက်ကာ မျက်လုံးတွေကို မှိတ်လိုက်သည်။ သူမ မျက်တောင်ရှည်တွေက ဟုန်ချန်းမင်း ရဲ့လက်ဖဝါးကို ထိနေပြီး ဟုန်ချန်းမင်း စိတ်ထဲတွင် စိတ်သောကတွေ ကင်းသွားသလို ခံစားလိုက်ရဿည်။
*****

နိုင်ငံအတွင်းက စီးပွားရေး ကိစ္စအားလုံးကို ဂရုစိုက်ဖို့အတွက် အချိန်ယူရနိုင်သည်။ ဇောင်ယုဟွမ် ကချက်ချင်းပဲ ကျောင်းကနေ ခွင့်ယူလိုက်သည်။ နိုင်ငံခြား ကျောင်းတချို့တွင် အလုပ်အတွေ့အကြုံတွေ၊ ကမ္ဘာအနှံ့ ခရီးသွားတာတွေနဲ့ ပတ်သက်ပြီး ခွင့်ယူနိုင်သည်။

ဒါက တရားဝင် အကြောင်းပြချက်ဖြစ်တာကြောင့် ကျောင်းက လက်ခံခဲ့သည်။ တစ်ချိန်တည်းတွင် လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ကလည်း သူတို့စိတ်တွေကို ဆုံးဖြတ်ခဲ့ကြသည်။ သူတို့လည်း တရုတ်ပြည်မှာပဲ နေခဲ့ကြသည်။

လီဂျင်းယွမ် က ဝေ့ကျဲ ကိုဖုန်းခေါ်ခဲ့သည်။ ဝေ့ကျဲ ကသူ့ဖုန်းကို လက်ခံရပြီးချိန်တွင် သူရူးသွပ်သွားပြီလို့ ပထမဆုံး ခံစားလိုက်ရသည်။

“နိုင်ငံခြားက မင်းနယ်ပယ်မှာ အရှိန်ရနေပြီ။ အခုတော့ ခနနားဖို့ ပြောနေတာလား?” ဝေ့ကျဲ ကထိတ်လန့်စွာ ပြောလိုက်သည်။ လီဂျင်းယွမ် ကဂရုစိုက်မှု နည်းပါးတာ မဟုတ်ပေ။

“ကောင်းမွန်တဲ့ နယ်ပယ်တစ်ခုကို လူတွေက သူ့ဘာသာ ထိန်းချုပ်နိုင်တယ်၊ ဒါကို တခြားသူက ထိန်းချုပ်ဖို့ မဟုတ်ဘူး။ ဒါတွေ အားလုံးက တကယ်ပဲ မော်ဒယ်လ် တစ်ယောက်အတွက်လား? ထိပ်ဆုံးရောက်ဖို့လား?”

ဝေ့ကျဲ ကသူ့ဘာသာ တည်ငြိမ်သွားအောင် ဖြေးညှင်းစွာ ပြုလုပ်လိုက်သည်။ လီဂျင်းယွမ် နဲ့အချိန်အနည်းငယ် အလုပ်လုပ်ပြီးသွားချိန်တွင် ဒီသခင်လေးက သူ့ပုံစံလိုမျိုး နူးညံ့ပြီး လူကြီးလူကောင်း ဆန်တဲ့သူ မဟုတ်ကြောင်း သိခဲ့သည်။

သူက မာနကြီးပြီး သူ့ဝန်းကျင်က လူတွေကို အမြဲတမ်း အထင်သေးပုံပေါ်နေခဲ့သည်။ သူအာရုံစိုက်လိုက်တာနဲ့ နိုင်ငံခြားမှာ လူကြိုက်များခြင်းက သူ့လက်ရှိ အောင်မြင်မှုနဲ့ ယှဉ်ရင် အများကြီး မဟုတ်ပေ။ သူက သူလိုချင်တာကိုသာ ပါဝင်လိမ့်မည်။ ဝေ့ကျဲ ကသက်ပြင်းချလိုက်ပြီး သူ့ခေါင်းထဲက အကြံတစ်ခု ထွက်လာခဲ့သည်။

“… မင်းတိုင်းပြည်ကို ပြန်ပြီး ဖျော်ဖြေရေး လောကထဲကို ဝင်တယ်။ သခင်လေးလီက ဒီလိုမျိုး အမြဲတမ်း တွေးထားခဲ့တာလား? မင်းက ကောင်းမွန်တဲ့ အရာရှိထားခဲ့ပြီးပြီ!”

9.7.2020 (Thur)
…………………..

<Zawgyi>

“… မင္းတိုင္းျပည္ကို ျပန္ၿပီး ေဖ်ာ္ေျဖေရး ေလာကထဲကို ဝင္တယ္”

အေမြကိစၥေတြ အားလုံးကို စီစစ္ၿပီးသြားၿပီးေနာက္ ေဇာင္ယုဟြမ္ ကအရမ္းကို ပင္ပန္းသလို ခံစားလိုက္ရၿပီး သူမစိတ္ေတြက လြတ္ထြက္လာခဲ့သည္။ သူမပုံစံကို ၾကည့္လိုက္ၿပီး လက္ေထာက္ေက်ာင္ ကသူမက ေဇာင္ခ်ီ ေသဆုံးသြားတာေၾကာင့္ ဝမ္းနည္းေနတာ ျဖစ္လိမ့္မည္ဟု ေတြးလိုက္သည္။

သူမအတြက္လည္း စိတ္မေကာင္းသလို ခံစားလိုက္ရၿပီး အခုေတာ့ မိန္းကေလးေဇာင္ ကတကယ္ပဲ မိဘမဲ့ ျဖစ္သြားသည္….

မိန္းကေလးေဇာင္ ကႏွစ္အနည္းငယ္တုန္းက ကုမၸဏီအေရွ႕ကို လာခဲ့တဲ့ ျမင္ကြင္းကို ျပန္သတိရသြားၿပီး လက္ေထာက္ေက်ာင္ သူမကို ထပ္ၿပီး နည္းနည္းေလးေတာင္ မဆန႔္က်င္ရဲေပ။ သူမေၾကာင့္နဲ႔ အလုပ္ကိစၥေတြ လက္လႊတ္ခဲ့ရသည္။

“မိန္းကေလးေဇာင္၊ နည္းနည္းေလာက္ အနားယူသင့္တယ္။ မနက္ျဖန္အထိ အနားယူလို႔ရပါတယ္”

ေဇာင္ယုဟြမ္ ကေကာင္းမြန္တယ္လို႔ မခံစားရေပ။ သူမက ေခါင္းညိတ္လိုက္ၿပီး ဓာတ္ေလွကားဆီကို ေလွ်ာက္သြားလိုက္သည္။ လမ္းတစ္ဝက္ ေရာက္ခ်ိန္တြင္ လက္ေမာင္းတစ္ဖက္က ေဘးကေန ထြက္လာခဲ့ၿပီး သူမအေပၚပိုင္း ခႏၶာကိုယ္ကို ဖမ္းလိုက္ၿပီး သူ႔လက္ ေမာင္းထဲကို သူမကို ဆြဲလိုက္သည္။

“ဘယ္လိုလုပ္ၿပီး ျဖဴေဖြးေနတာလဲ?” ဟုန္ခ်န္းမင္း ရဲ႕အသံက စိုးရိမ္စြာျဖင့္ သူမနားနားတြင္ ထြက္လာခဲ့သည္။

“ငါတစ္ညလုံး မအိပ္ခဲ့ရဘူး” ေဇာင္ယုဟြမ္ ကသမ္းလိုက္ၿပီး ေျပာလိုက္သည္။ အခုေတာ့ သူမေခါင္းက အရင္ကထက္ပင္ ပိုၿပီးေလးလံလာသလို ခံစားလိုက္ရသည္။

“အရင္ဆုံး အိမ္ကို ျပန္ရေအာင္။ ေဇာင္အိမ္ေတာ္ကို။ အခ်ိန္ေကာင္းပဲ၊ ငါတို႔ေတြ မျပန္ခဲ့တာ အခ်ိန္အေတာ္ၾကာ…” သူမေျပာလို႔ မၿပီးေသးခင္မွာပဲ ဟုန္ခ်န္းမင္း ကသူမ တစ္ကိုယ္လုံးကို ေပြ႕လိုက္ၿပီး ေျပာလိုက္သည္။

“ငါတို႔ ကားထဲက်မွ ေျပာၾကမယ္။ အခုေတာ့ မင္းမ်က္လုံးေတြကို မွိတ္ထားၿပီး အနားယူလိုက္” ေဇာင္ယုဟြမ္ ကမထိန္းခ်ဳပ္ႏိုင္စြာျဖင့္ ရွည္လ်ားသည့္ သမ္းေဝျခင္းကို ျပဳလုပ္လိုက္သည္။

“ငါ့ကို ခ်ေပး။ ဒါကို ေဇာင္အိမ္ေတာ္က တျခားလူေတြ ျမင္သြားရင္ မေကာင္းဘူး” “ဘာလို႔ မေကာင္းတာလဲ?” ဟုန္ခ်န္းမင္း ကေရ႐ြတ္သည့္ အသံနဲ႔ ေမးလိုက္သည္။

“ငါတို႔က အိမ္ျပန္ဖို႔ကို ေပ်ာ္ေနၾကတဲ့ ပုံျဖစ္ေနလိမ့္မယ္…”

ဒါ့ေၾကာင့္ပဲ ေနာက္ဆုံးေတာ့ ဟုန္ခ်န္းမင္း ကသူမကို ျပန္ခ်ေပးလိုက္သည္။ သူမခါးကိုေတာ့ မလႊတ္ေပးခဲ့ေပ။ လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔က တစ္ဖက္စီမွ သူမခါးကို ဖက္ထားၾကၿပီး သူမကို မသယ္႐ုံတမယ္ပင္ ရွိေတာ့သည္။

ဒါက အမ်ားႀကီး မဟုတ္ေပမဲ့ ေဇာင္ယုဟြမ္ အတြက္လမ္းေလွ်ာက္ဖို႔ ပိုလြယ္ကူသြားခဲ့သည္။ သူတို႔က ဓာတ္ေလွကားကေန ထြက္လိုက္ၿပီး ေဆး႐ုံဝင္ေပါက္ အေရွ႕ကို ေရာက္သြားၿပီးေနာက္ ေဆး႐ုံအျပင္ဘက္ ခုံတန္းလ်ားတြင္ လူတစ္ေယာက္က ထိုင္ေနတာကို သူတို႔ ျမင္လိုက္ၾကၿပီး သူက ေဇာင္ယုဟြမ္ ဘက္ကို လွည့္လာခဲ့သည္။

“ဟြမ္ဟြမ္” လန္ဂ်င္းဇီ အသံက ႏူးညံ့ေနသည္။ ထို႔ေနာက္ ခနရပ္တန႔္သြားၿပီး လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ကို သတိထားမိသြားသည္။ ေဇာင္ယုဟြမ္ ကနည္းနည္း အံ့အားသင့္သြားသည္။

“အစ္ကို ဟိုတယ္ကေန ဘာလို႔ထြက္လာတာလဲ?”

“မင္းကို ေစာင့္ေနတာ” လန္ဂ်င္းဇီ ကေျပာလိုက္ၿပီး သူမအေရွ႕ကို ေလွ်ာက္လာခဲ့သည္။

“မင္းပုံစံက ဘာလို႔အရမ္း ျဖဴေဖ်ာ့ေနရတာလဲ?”

“အို၊ ဒါက အေရးမႀကီးပါဘူး။ ညတုန္းက မအိပ္ခဲ့ရလို႔ပါ” ေဇာင္ယုဟြမ္ ကမထိန္းခ်ဳပ္ႏိုင္စြာျဖင့္ ထပ္ၿပီး သမ္းလိုက္သည္။

“အရင္ဆုံး အနီးက ဟိုတယ္ကို သြားၿပီး တစ္ေရးေလာက္ အိပ္လိုက္” လန္ဂ်င္းဇီ ကခ်က္ခ်င္းပင္ ေျပာလိုက္သည္။ ေဇာင္ယုဟြမ္ ကအံ့ဩစြာျဖင့္ လန္ဂ်င္းဇီ ရဲ႕ပုံစံကို ေလ့လာလိုက္ၿပီး ေျပာလိုက္သည္။

“အမ္၊ အစ္ကို…. အစ္ကို႔ မ်က္လုံးေတြက ညိဳေနတယ္” လန္ဂ်င္းဇီ ကအံ့ဩသြားသည္။

“တကယ္?” သူက အၿမဲတမ္း သူ႔ပုံစံကို အေလးထားသည္။ သူက အၿမဲတမ္း အခ်ိန္ဇယားအတိုင္း စားေသာက္ၿပီး အိပ္သည္။

သူက အလုပ္ကို ဘယ္ေလာက္ပဲ လုပ္ပါေစ၊ အလုပ္အတြက္ အိပ္ခ်ိန္ကိုေတာ့ မေလ်ာ့သြားေစဘူး။ သူ႔မ်က္ကြင္းေတြ ညိဳေနတာကို ေဇာင္ယုဟြမ္ ျမင္လိုက္ရတာ ပထမဆုံး အႀကိမ္ျဖစ္သည္။

“အစ္ကို အရင္ဆုံး ဟိုတယ္ကို ျပန္သြားသင့္တယ္။ မနက္ျဖန္ အလုပ္ရေသးတယ္ မလား။ ငါ သူတို႔နဲ႔ ေဇာင္အိမ္ေတာ္ကို ျပန္လိုက္မယ္။ လုပ္စရာေလး နည္းနည္းရွိေသးတယ္” ထိုစကားကို ၾကားလိုက္ၿပီး လန္ဂ်င္းဇီ က လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ကို ၾကည့္လိုက္ၿပီး ေမးလိုက္သည္။

“မင္းတို႔ ႏွစ္ေယာက္ ဘယ္လိုလုပ္ၿပီး ျပန္လာၾကတာလဲ?”

“ကြၽန္ေတာ္တို႔ ဟြမ္ဟြမ့္ ကိုစိတ္ပူလို႔” လန္ဂ်င္းဇီ ကေခါင္းညိတ္လိုက္ၿပီး သူ႔အေရွ႕က ေကာင္ေလး ႏွစ္ေယာက္ကို တိတ္ဆိတ္စြာနဲ႔ စစ္ေဆးလိုက္သည္။ ဒါမွမဟုတ္၊ သူတို႔ကို လူငယ္ေလးလို႔ ေျပာသင့္လား?

သူတို႔က အရပ္ရွည္ၿပီး အ႐ြယ္ေရာက္ေနတာေၾကာင့္ သူတို႔ကို ကေလးေတြ ပုံစံနဲ႔ ကြဲျပားေနသည္။ လန္ဂ်င္းဇီ ကမေပ်ာ္႐ႊင္တဲ့ ထူးဆန္းတဲ့ ခံစားခ်က္ကို ရလိုက္ၿပီး သူ႔ရဲ႕ အစ္ကိုေနရာကို အစားထိုးခံလိုက္ရသလို ျဖစ္သြားခဲ့သည္။

“ျမန္ျမန္၊ သြားနား အစ္ကို” ေဇာင္ယုဟြမ္ ကသူ႔ကို တြန္းလိုက္ၿပီး ေျပာလိုက္သည္။

လန္ဂ်င္းဇီ က လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ကို ၾကည့္လိုက္သည္။ သူတို႔က ေဇာင္ယုဟြမ္ နဲ႔အတူ ေဇာင္အိမ္ေတာ္ အေနာက္တြင္ ပါဝင္ပတ္သက္ လာၾကလိမ့္မည္။ လန္ဂ်င္းဇီ ေနာင္တရၿပီး စိတ္ပ်က္သြားသလို ခံစားလိုက္ရသည္။

သူမအတြက္ သူက အစ္ကိုျဖစ္သည္။ သူမေဘးတြင္ တျခားလူတစ္ေယာက္လိုမ်ိဳး အခ်ိန္တိုင္း ရွိမေပးႏိုင္ေပ။ လန္ဂ်င္းဇီ ရဲ႕စိတ္ပ်က္သြားတာကို ေဇာင္ယုဟြမ္ ျမင္ႏိုင္ခဲ့သည္။

ေဇာင္ယုဟြမ္ ကထိုအေၾကာင္းကို ေတြးလိုက္ၿပီး သူမဘာသာ လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ဆီကေန ထြက္လိုက္ကာ အေရွ႕ကို တိုးလိုက္ၿပီး သူမလက္ ေမာင္းေတြနဲ႔ လန္ဂ်င္းဇီ ကိုဖက္လိုက္သည္။ လန္ဂ်င္းဇီ ကအေတာ္ေလး အရပ္ရွည္ၿပီး ပုခုံးေတြက က်ယ္ျပန႔္သည္။

ေဇာင္ယုဟြမ္ ကသူမလက္ ေမာင္းေတြနဲ႔ သူ႔ကို အျပည့္အဝ ဖက္ဖို႔ မျဖစ္ႏိုင္ေပမဲ့ သူ႔ကို ေပြ႕ဖက္ျခင္းကို ေပးလိုက္ၿပီး ေျပာလိုက္သည္။

“အစ္ကို သြားနားေတာ့” လန္ဂ်င္းဇီ ထူးဆန္းစြာျဖင့္ အခ်ိန္ခနေလာက္ ရပ္တန႔္ေနၿပီး မေပ်ာ္႐ႊင္မႈေတြကလည္း ေပ်ာက္ကြယ္သြားခဲ့သည္။

ေဇာင္ယုဟြမ္ ကသူ႔ကို ဖက္လာမယ္လို႔ သူ မေမွ်ာ္လင့္ထားေပ။ သူမက သူ႔ကို ႏွစ္သိမ့္ေပးေနတာလား? ဒါကို သူမက ဘယ္လိုလုပ္ႏိုင္တာလဲ?

သူမဆီက ခံစားခ်က္တိုင္းက တျခားလူေတြကို ႏူးညံ့သြားေစဖို႔ လုံေလာက္သည္။ လန္ဂ်င္းဇီ ကသူမလက္ထဲကေန ထြက္လိုက္ၿပီး သူ႔လက္ေတြနဲ႔ ျပန္ဖက္ထားလိုက္သည္။ သူမကို အခ်ိန္အေတာ္ၾကာ ကတည္းက သူမကို ေပြ႕ဖက္ခ်င္ခဲ့သည္။

ထို႔ေနာက္ ဒီဝမ္းကြဲေလးကို အလိုလိုက္ႏိုင္တယ္လို႔ တျဖည္းျဖည္း ခံစားလာရသည္။ သူမကို ေပြ႕ဖက္ခ်င္ကတည္းက သူလုပ္ခဲ့တာျဖစ္သည္။ ေနာက္ဆုံးတြင္ သူမကို ေပြ႕ဖက္ႏိုင္ခဲ့သည္။ သူမ အေမထြက္သြားခ်ိန္က မဟုတ္ေပမဲ့ အခုခ်ိန္တြင္ ေပြ႕ဖက္ေပးႏိုင္ခဲ့သည္။

“အစ္ကို႔အတြက္ ဖက္ဖို႔က အရမ္းကို ခက္ခဲမွာပဲ။ ငါအစ္ကို႔ကို ဖက္တာက ပိုေကာင္းတယ္” ေဇာင္ယုဟြမ္ ကအၿပဳံးေလးနဲ႔ ေျပာလိုက္သည္။

“အင္း” လန္ဂ်င္းဇီ ေျပာလိုက္သည္။

“ငါမင္းကို ဖက္ေပးမယ္။ အခုကစၿပီး မင္း ငါ့ကို ဖက္လို႔ရတယ္” ေဇာင္ယုဟြမ္ ကအနည္းငယ္ ႐ုန္းကန္လိုက္ၿပီး သူ႔ခါးကို ပုတ္လိုက္ၿပီး ေျပာလိုက္သည္။

“ေကာင္းၿပီ၊ အစ္ကို ျပန္သြားသင့္ၿပီ။ ငါ အရမ္းပင္ပန္းေနၿပီ။ ငါလည္း ျပန္သြားသင့္ၿပီ”

“အင္း” လန္ဂ်င္းဇီ ကေနာက္ဆုံးေတာ့ သူမကို ျဖည္းညႇင္းစြာနဲ႔ လႊတ္ေပးလိုက္သည္။

လက္ေထာက္ေက်ာင္ ကသူတို႔ အေနာက္ကေန ေစာင့္ေနခဲ့ၿပီး သူ႔မ်က္လုံးေတြကလည္း ညိဳေနခဲ့သည္။ သူက ေဇာင္ယုဟြမ္ ကိုျမင္လိုက္ခ်ိန္တြင္ ဦးၫႊတ္လိုက္သည္။

“မိန္းကေလးေဇာင္ ဂ႐ုစိုက္ပါ။ ေနာက္ၿပီး ေကာင္းေကာင္း အနားယူပါ” ေဇာင္ယုဟြမ္ ေခါင္းညိတ္လိုက္သည္။

“အရာအားလုံးအတြက္ ေက်းဇူးတင္ပါတယ္၊ လက္ေထာက္ေက်ာင္။ ေက်းဇူးျပဳၿပီး ငါ့အစ္ကို ဟိုတယ္ကို ျပန္သြားတာကို ၾကည့္ထားေပးပါ” လက္ေထာက္ေက်ာင္ ကသူမရဲ႕ စကားကို ၾကားလိုက္ခ်ိန္တြင္ ၿပဳံးလိုက္သည္။

“အိုေက၊ ကြၽန္ေတာ္ အဲ့လိုမ်ိဳး လုပ္ေပးပါမယ္” လန္ဂ်င္းဇီ နဲ႔ လက္ေထာက္ေက်ာင္ ကလွည့္လိုက္ၿပီး အေဝးကို ေလွ်ာက္သြားခဲ့ၾကသည္။ ေဇာင္ယုဟြမ္ ကလွည့္လိုက္ၿပီး လီဂ်င္းယြမ္ ကိုၾကည့္လိုက္ၿပီးေနာက္ ဟုန္ခ်န္းမင္း ကိုၾကည့္လိုက္ၿပီး ေျပာလိုက္သည္။

“ငါတို႔လည္း သြားရေအာင္”

“အင္း၊ ငါတို႔ကားပါတယ္” ဟုန္ခ်န္းမင္း ကေျပာလိုက္သည္။ သူတို႔လည္း နည္းနည္း ပင္ပန္းေနတာကို ေဇာင္ယုဟြမ္ သတိထားမိသည္။ သူတို႔ ကားထဲကို ဝင္လိုက္ၿပီးေနာက္ သူမ ေမးလိုက္သည္။

“ဘာျဖစ္လို႔လဲ? မင္းတို႔ႏွစ္ေယာက္က အရမ္းပင္ပန္းေနပုံပဲ” ဟုန္ခ်န္းမင္း ကစကားတစ္လုံးမွ မဟေပ။

တဖက္တြင္ လီဂ်င္းယြမ္ က႐ုတ္တရက္ႀကီး သူမကို ၿပဳံးျပလိုက္ကာ စေနာက္စြာျဖင့္ ေျပာလိုက္သည္။

“ဟြမ္ဟြမ့္ ကိုသေဘာက်တဲ့ လူေတြအမ်ားႀကီးရွိလို႔ ဟြမ္ဟြမ့္ ကိုဘယ္လို ဂ႐ုစိုက္ရမလဲဆိုတာ စဥ္းစားေနခဲ့ၾကတာ။ အစ္ကိုလန္ နဲ႔ မာရီယာ၊ ေနာက္ၿပီးေတာ့ လန္ဒန္ နဲ႔ ဂ်ိဳးဆက္ တို႔လည္း ရွိတယ္ေလ။ အို၊ ရန္ဆန္း နဲ႔အရင္က အဖြဲ႕ကိုလည္း ေမ့ထားလို႔ မရဘူး…. သူတို႔အားလုံးက ဟြမ္ဟြမ့္ ကိုခ်စ္ၾကတယ္ေလ။ ဟုန္ခ်န္းမင္း နဲ႔ငါတို႔ရဲ႕ အဆင့္ေတြက ဘယ္ေနရာမွာလဲ? အနာဂတ္မွာ ပိုမ်ားလာရင္…. ဟြမ္ဟြမ္ ကငါတို႔အေၾကာင္းကို ေမ့သြားလိမ့္မယ္…”

ဒီတစ္ႀကိမ္တြင္ေတာ့ ဟုန္ခ်န္းမင္း ကသူ႔ကို ဆြဲေနတာကို လီဂ်င္းယြမ္ ကစိတ္ထဲမထားေပ။ ေက်းဇူးတင္စြာျဖင့္ လီဂ်င္းယြမ္ ေျပာေနတဲ့ စကားေတြကလည္း ဟုန္ခ်န္းမင္း ေျပာခ်င္တာနဲ႔ တစ္ထပ္တည္း က်ေနခဲ့သည္။

ဒါေၾကာင့္ သူ႔ကို အမွန္ေတာင္  ေထာက္ျပမေနပဲ သူ႔ႏႈတ္ခမ္းကို ပိတ္ထားခဲ့သည္။ ေဇာင္ယုဟြမ္ နည္းနည္း တုန္လႈပ္သြားသည္။

ခနေလး… သူတို႔က ဇာတ္လိုက္နဲ႔ ဗီလိန္ေတြေလ။ သူတို႔ ႏွစ္ေယာက္လုံးမွာ စြမ္းအားေတြ ရွိၾကတယ္ေလ! ေနာက္ၿပီး သူတို႔ႏွစ္ေယာက္လုံးက သူတို႔ကိုယ္ပိုင္ လမ္းေၾကာင္းေပၚကို ေရာက္ေနၿပီး အေတာ္ေလးလည္း ေအာင္ျမင္မႈ ရထားၾကၿပီေလ။

အနာဂတ္မွာ သူမက သူတို႔ကို သတိရမလားဆိုတာကို သူတို႔က ဘယ္လိုလုပ္ၿပီး ထိတ္လန႔္၊ စိုးရိမ္ေနၾကတာလဲ?

“ဒီကိစၥက ျဖစ္ႏိုင္လိမ့္မလား?” လီဂ်င္းယြမ္ ကလွည့္လိုက္ၿပီး ေမးလိုက္သည္။

သူ႔အသံက စိုးရိမ္ေနမႈကို သယ္ေဆာင္ထားၿပီး ႏူးညံ့ေနခဲ့သည္။ ေဇာင္ယုဟြမ္ ကသက္ျပင္းခ်လိုက္ၿပီး ေနာက္ဆုံးတြင္ သူတို႔က ဒီအေၾကာင္းကို စိုးရိမ္ေနၾကတယ္ဆိုတာကို ယုံၾကည္သြားခဲ့သည္။ သူမ ေျပာလိုက္သည္။

“ေသခ်ာေပါက္ မေမ့ပါဘူး။ မင္းတို႔ေတြ လက္ထပ္သြားရင္ေတာင္… ငါတို႔က အတူတူပဲ ရွိေနၾကဦးမွာ….” အခုေတာ့ လီဂ်င္းယြမ္ ကတုန္လႈပ္သြားခဲ့သည္။

လက္ထပ္တာလား?

ဘယ္သူက လက္ထပ္မွာလဲ?

ဒါက သူတို႔ ဘဝအစီစဥ္ေတြရဲ႕ တစ္စိတ္တစ္ပိုင္း မဟုတ္ဘူး။ အစကတည္းက ဒီအရာက သူတို႔စိတ္ထဲကေန ဖ်က္ပစ္ထားခဲ့ၿပီး သူတို႔နယ္ပယ္မွာ အင္အားေကာင္းၿပီး၊ ရပ္တည္ႏိုင္ဖို႔အတြက္ လုပ္ေဆာင္ရင္း ေအာင္ျမင္လာခဲ့သည္။

ေနာက္ၿပီး သူမကို ကာကြယ္ေပးဖို႔အတြက္… တျခားအရာေတြထက္…. ဘဝမွာ တျခားအရာေတြ လုပ္ဖို႔က ဘာကထိုက္တန္မွာလဲ? ဘာမွမထိုက္တန္ဘူး။

ဟုန္ခ်န္းမင္း ကဘာမွမေျပာေပ။ သူက သူ႔လက္ကို တိတ္တဆိတ္ ေျမႇာက္လိုက္ၿပီး ေဇာင္ယုဟြမ္ ရဲ႕မ်က္လုံးေတြကို ဖုံးလိုက္ကာ ေျပာလိုက္သည္။

“အရင္ဆုံး နည္းနည္းေလာက္ အိပ္လိုက္ဦး” ေဇာင္ယုဟြမ္ ကတစ္ဝက္တြင္ ႐ုတ္တရက္ႀကီး စကားေျပာင္းသြားတာကို စိတ္ထဲမရွိေပ။ သူမက သေဘာတူလိုက္သည္။

“အိုေက” သူမေခါင္းကို နည္းနည္းေမာ့လိုက္ၿပီး ခုံကို မွီလိုက္ကာ မ်က္လုံးေတြကို မွိတ္လိုက္သည္။ သူမ မ်က္ေတာင္ရွည္ေတြက ဟုန္ခ်န္းမင္း ရဲ႕လက္ဖဝါးကို ထိေနၿပီး ဟုန္ခ်န္းမင္း စိတ္ထဲတြင္ စိတ္ေသာကေတြ ကင္းသြားသလို ခံစားလိုက္ရႆည္။
*****

ႏိုင္ငံအတြင္းက စီးပြားေရး ကိစၥအားလုံးကို ဂ႐ုစိုက္ဖို႔အတြက္ အခ်ိန္ယူရႏိုင္သည္။ ေဇာင္ယုဟြမ္ ကခ်က္ခ်င္းပဲ ေက်ာင္းကေန ခြင့္ယူလိုက္သည္။ ႏိုင္ငံျခား ေက်ာင္းတခ်ိဳ႕တြင္ အလုပ္အေတြ႕အႀကဳံေတြ၊ ကမာၻအႏွံ႔ ခရီးသြားတာေတြနဲ႔ ပတ္သက္ၿပီး ခြင့္ယူႏိုင္သည္။

ဒါက တရားဝင္ အေၾကာင္းျပခ်က္ျဖစ္တာေၾကာင့္ ေက်ာင္းက လက္ခံခဲ့သည္။ တစ္ခ်ိန္တည္းတြင္ လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ကလည္း သူတို႔စိတ္ေတြကို ဆုံးျဖတ္ခဲ့ၾကသည္။ သူတို႔လည္း တ႐ုတ္ျပည္မွာပဲ ေနခဲ့ၾကသည္။

လီဂ်င္းယြမ္ က ေဝ့က်ဲ ကိုဖုန္းေခၚခဲ့သည္။ ေဝ့က်ဲ ကသူ႔ဖုန္းကို လက္ခံရၿပီးခ်ိန္တြင္ သူ႐ူးသြပ္သြားၿပီလို႔ ပထမဆုံး ခံစားလိုက္ရသည္။

“ႏိုင္ငံျခားက မင္းနယ္ပယ္မွာ အရွိန္ရေနၿပီ။ အခုေတာ့ ခနနားဖို႔ ေျပာေနတာလား?” ေဝ့က်ဲ ကထိတ္လန႔္စြာ ေျပာလိုက္သည္။ လီဂ်င္းယြမ္ ကဂ႐ုစိုက္မႈ နည္းပါးတာ မဟုတ္ေပ။

“ေကာင္းမြန္တဲ့ နယ္ပယ္တစ္ခုကို လူေတြက သူ႔ဘာသာ ထိန္းခ်ဳပ္ႏိုင္တယ္၊ ဒါကို တျခားသူက ထိန္းခ်ဳပ္ဖို႔ မဟုတ္ဘူး။ ဒါေတြ အားလုံးက တကယ္ပဲ ေမာ္ဒယ္လ္ တစ္ေယာက္အတြက္လား? ထိပ္ဆုံးေရာက္ဖို႔လား?”

ေဝ့က်ဲ ကသူ႔ဘာသာ တည္ၿငိမ္သြားေအာင္ ေျဖးညႇင္းစြာ ျပဳလုပ္လိုက္သည္။ လီဂ်င္းယြမ္ နဲ႔အခ်ိန္အနည္းငယ္ အလုပ္လုပ္ၿပီးသြားခ်ိန္တြင္ ဒီသခင္ေလးက သူ႔ပုံစံလိုမ်ိဳး ႏူးညံ့ၿပီး လူႀကီးလူေကာင္း ဆန္တဲ့သူ မဟုတ္ေၾကာင္း သိခဲ့သည္။

သူက မာနႀကီးၿပီး သူ႔ဝန္းက်င္က လူေတြကို အၿမဲတမ္း အထင္ေသးပုံေပၚေနခဲ့သည္။ သူအာ႐ုံစိုက္လိုက္တာနဲ႔ ႏိုင္ငံျခားမွာ လူႀကိဳက္မ်ားျခင္းက သူ႔လက္ရွိ ေအာင္ျမင္မႈနဲ႔ ယွဥ္ရင္ အမ်ားႀကီး မဟုတ္ေပ။ သူက သူလိုခ်င္တာကိုသာ ပါဝင္လိမ့္မည္။ ေဝ့က်ဲ ကသက္ျပင္းခ်လိုက္ၿပီး သူ႔ေခါင္းထဲက အႀကံတစ္ခု ထြက္လာခဲ့သည္။

“… မင္းတိုင္းျပည္ကို ျပန္ၿပီး ေဖ်ာ္ေျဖေရး ေလာကထဲကို ဝင္တယ္။ သခင္ေလးလီက ဒီလိုမ်ိဳး အၿမဲတမ္း ေတြးထားခဲ့တာလား? မင္းက ေကာင္းမြန္တဲ့ အရာရွိထားခဲ့ၿပီးၿပီ!”

9.7.2020 (Thur)
…………………..

[text_hash] => 0753c3eb
)

//qc
//QC2