Array
(
[text] =>
<Unicode>
အခု…. သူကအရမ်းတော်တဲ့ အစ်ကိုလို့ထင်နေမလား?
ဇောင်ယုဟွမ် ကအပေါ်ထပ်ကို ပြန်သွားခဲ့သည်။ ICU အပြင်ဘက်တွင် ဖရိုဖရဲဖြစ်နေကြသည်။ ရှုရန်ဟွေ့ ကနံရံကို မှီထားပြီး သူမပုံစံက စိတ်လွတ်နေပုံပေါ်သည်။
ရှုယုရှန်း ကသူမမျက်ရည်တွေကို သုတ်နေခဲ့ပြီး တစ်ချိန်တည်းတွင် ဓာတ်လှေကားဘက်ကို ကြည့်နေခဲ့သည်။ ဇောင်ယုဟွမ် ပြန်လာတာကို သူမက စောင့်နေခဲ့တာ သိသာသည်။ ထိုအချိန်တွင် ဇောင်ယုဟွမ် ကလျှောက်လာခဲ့တာကို မြင်လိုက်ပြီး ပြုံးတောင် ပြုံးပြလိုက်သည်။
ရှုယုရှန်း ကသူမဘာသာ ပြန်ထိန်းချုပ်လိုက်ပြီး ဇောင်ယုဟွမ် အနောက်တွင် လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ကို မြင်လိုက်ရသည်။ သူတို့ကို ချက်ချင်း မမှတ်မိပဲ၊ အံ့ကြိတ်လိုက်သည်။
“အဖေက အခုချိန်မှာ သူ့အတွက် အရေးကြီးတဲ့ အခြေအနေကို ရောက်နေတာကို၊ နင်က နင်နဲ့အတူ သူငယ်ချင်းတွေကိုတောင် ခေါ်လာခဲ့တာလား? ဒီအချိန်၊ ဒီနေရာက စုစည်းဖို့လို့ ထင်နေတာလား?” ဇောင်ယုဟွမ် ကသူမကို အကြည့်တစ်ချက် ပို့လိုက်ပြီး ပြောလိုက်သည်။
“သူတို့က ဇောင်အိမ်တော်က ကလေးတွေပဲ။ ဘာကြောင့် သူတို့က ဒီနေရာမှာ မရှိရမှာလဲ? မင်းကသာ ဒီနေရာမှာ မရှိရမဲ့ လူတစ်ယောက် မဟုတ်ဘူးလား?”
ရှုယုရှန်း ကအနည်းငယ် စိတ်ရှုပ်ထွေးသွားပြီး နောက်ဆုံးတော့ သူတို့က ဘယ်သူတွေလဲဆိုတာ မှတ်မိသွားခဲ့သည်။ ဇောင်ယုဟွမ် ရဲ့စကားတွေကို သူမကို သတိပေးခဲ့သည်။ သူတို့ကလည်း ဇောင်အိမ်တော်ရဲ့ ကလေးတွေ…. ဒါက မှန်တယ်။
ဇောင်ချီ ကလူမှုဖူလုံရေး အေဂျင်စီက ကလေးနှစ်ယောက်ကို အသိအမှတ်ပြုခဲ့သည်။ ဒါဆို အမွေခွဲမဲ့အချိန်ကို ရောက်လာခဲ့ရင်….. သူတို့ကလည်း ဥပဒေအရ အမွေအစိတ်အပိုင်း တချို့ကို အကျိုးခံစားရလိမ့်မယ်မလား?
ထပ်ပြောရရင် သူတို့က ဘယ်လိုဖြစ်သွားလဲဆိုတာကို ရှုယုရှန်း ကြည့်လိုက်ပြီး ဇောင်ချီ ဆီကနေ အမြဲတမ်း ဝေဖန်ခံရတဲ့ ရှုရှင်း အကြောင်းကို တွေးမိသွားခဲ့သည်။ သူမအရှေ့က နှစ်ယောက်နဲ့ သူ့ကို ယှဉ်လိုက်ပြီး….. သူတို့ကြားတွင် ကွားခြားမှုက အတော်လေး များပြားနေခဲ့သည်။
ရှုယုရှန်း အံကြိတ်လိုက်ပြီး သူတို့ကို ဒေါသဖြင့် ကြည့်လိုက်သည်။ ဟုန်ချန်းမင်း ရဲ့စိုက်ကြည့်နေမှုနဲ့ ဆုံတွေ့သွားခဲ့သည်။ တစ်ချက်ကြည့်လိုက်ရုံနဲ့ သူမ တုန်လှုပ်သွားပြီး ချက်ချင်းပင် ရုပ်သိမ်းလိုက်သည်။
သူမနှလုံးသားက တုန်ခါလာပြီး သူမကျောမှ ချွေးစေးတွေက ထွက်လာခဲ့သည်။ အသက်တောင် ဂရုစိုက်ပြီး ရှူနေခဲ့ရသည်။ ဘယ်လို၊ ဘယ်လိုလုပ်ပြီး ဟုန်ချန်းမင်း ကသူမကို ဒီလိုမျိုး ကြည့်ရတာလဲ?
ရှုယုရှန်း ရဲ့ခံစားချက်တွေက ပိုဆိုးရွားလာခဲ့ပြီး ကြောက်လန့်မှုကို ခံစားလာခဲ့ရသည်!
ထို့နောက် တံခါးက ပွင့်လာခဲ့သည်။ ဆရာဝန်က ထွက်လာခဲ့သည်။ သူက ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ကျွန်တော်တို့ လုပ်နိုင်သမျှအားလုံးကို သူ့အတွက် လုပ်ပေးခဲ့ပါတယ်။ မစ္စတာဇောင်…. မစ္စတာဇောင် ကမနက် ၁၀ : ၁၂ နာရီမှာ ကွယ်လွန်သွားခဲ့ပါတယ်….”
ရှုရန်ဟွေ့ ကနံရံကနေ ကြမ်းအပြင်အထိ လျောကျသွားခဲ့သည်။ ဇောင်ယုဟွမ် ကချက်ချင်းပင် ပြောလိုက်သည်။
“လက်ထောက်ကျောင်၊ အခုရဲကို သတင်းပေးလိုက်!”
လက်ထောက်ကျောင် ကဇောင်ချီ ရဲ့ညွှန်ကြားချက်အောက်တွင် အထောက်အထားတွေ အားလုံးကို စုဆောင်းထားခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း ရှုယုရှန်း ကမကြာခင်မှာပဲ ဒီလိုမျိုး လုပ်လာလိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ပေ။
နောက်ပြီး ဒါက အောင်မြင်သွားခဲ့တယ်!
လက်ထောက်ကျောင် ကအေးစက်စွာနဲ့ ပြောလိုက်သည်။ “အချိန်အတော်ကြာကတည်းက ဒီအရာတွေက ကျွန်တော့်မှာ ရှိခဲ့ပြီးသားပါ”
ဒီအချိန်တွင် ဇောင်ချီ ကပုံမှန် သေဆုံးခဲ့တာ မဟုတ်ကြောင်း ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့နားလည်သွားခဲ့ကြသည်။ ဇောင်ယုဟွမ် ကရုတ်တရက်ကြီး သူမလက်ချောင်းတွေက တစ်စုံတစ်ယောက် လာကိုင်လိုက်သလိုမျိုး နွေးထွေးသွားခဲ့သည်။
လှည့်လိုက်ပြီး ကြည့်လိုက်သည်။ ဟုန်ချန်းမင်း ကသူမလက်တွေကို ကိုင်ထားပေးတာကို မြင်လိုက်ရသည်။ ဇောင်ယုဟွမ် ရဲ့ပုံစံက နည်းနည်း ပျော့ပြောင်းသွားခဲ့သည်။ ဟုန်ချန်းမင်း ဆီက သူမလက်ကို ဆွဲထုတ်လိုက်ပြီး လက်ထောက်ကျောင် အရှေ့ကို လျှောက်သွားလိုက်သည်။
“လက်ထောက်ကျောင်၊ ငါတို့ စကားပြောဖို့ လိုတယ်လို့ထင်တယ်” လက်ထောက်ကျောင် ခေါင်းညိတ်လိုက်သည်။
သူဌေးဇောင် ကထွက်သွားခဲ့ပြီ၊ ရှုရန်ဟွေ့ နဲ့သူမ သမီးအကြောင်း အမှန်တရားကိုလည်း သိခဲ့သည်။ ရှုရှင်း က ရှုရန်ဟွေ့ ရဲ့သားဖြစ်ပြီး သူက ငယ်သေးသည်။ သူဌေးဇောင်ရဲ့ ခြေလှမ်းအတိုင်း လှမ်းနိုင်ဖို့က မိန်းကလေးဇောင်သာ ကျန်တော့သည်။
“မိန်းကလေးဇောင်၊ ကျွန်တော်တို့ အတွေးတွေက မိန်းကလေးပါပဲ” လက်ထောက်ကျောင် ကပြောလိုက်သည်။
“သူဌေးဇောင်ရဲ့ ဈာပနာပွဲ အခမ်းအနားကို အရင်ဆုံး လုပ်ရအောင်” ဇောင်ချီ ကအဆိပ်ကြောင့် သေဆုံးခဲ့တာကို ဘယ်သူမှ မမျှော်လင့်ထားမိပေ။
သူတို့က စကားလုံးတွေ ထွက်လာမှာကို ဆက်ထိန်းထားခဲ့ပေမဲ့ ဒီအချက်က ရှေ့ဆက်နေဖို့ကို စိန်ခေါ်နေခဲ့ရသည်။ ထို့နောက် လူတိုင်းက ဇောင်ရဲ့စတော့ဈေးကွက်က ဘာဖြစ်လာမလဲဆိုတာ မပြောနိုင်ခဲ့ကြပေ….
ရှုရန်ဟွေ့ ကသူမ စိတ်ခံစားချက်ကို ထိန်းသိမ်းလိုက်ပြီး သူမနှလုံးသားက အနည်းငယ် နှစ်မြှုပ်နေခဲ့သည်။ အခုတော့ ဇောင်ချီ ကထွက်သွားခဲ့ပြီး ဇောင်ယုဟွမ် ကအရွယ်ရောက်သည့် မိန်းကလေးသာ ဖြစ်သည်။
သူမက ဘယ်လိုကိုင်တွယ်နိုင်လိမ့်မလဲ? တစ်ယောက်က ကြည့်လိုက်ရင် လက်ထောက်ကျောင် ကသူမအစား ပြောသင့်တာ ဟုတ်တယ်မလား?
ရှုရန်ဟွေ့ မထိန်းချုပ်နိုင်စွာဖြင့် ပြောလိုက်သည်။ “လက်ထောက်ကျောင်….”
လက်ထောက်ကျောင် ကလှည့်လိုက်ပြီး ရှုရန်ဟွေ့ ကိုအေးစက်စွာ ကြည့်လိုက်ပြီး ပြောလိုက်သည်။
“မဒမ်၊ ကျေးဇူးပြုပြီး ဒီနေရာမှာ စောင့်ပေးပါ”
အစောင့်တွေက အနားတွင် စောင့်နေကြတုန်း ဖြစ်သည်။ လက်ထောက်ကျောင် ရဲ့စကားတွေကို ကြားလိုက်ရပြီး အစောင့်တစ်ယောက်က လျှောက်သွားခဲ့သည်။
“မဒမ်၊ ကျေးဇူးပြုပြီး ခနလောက် ထိုင်ပြီး အနားယူပါဦး” သူတို့အားလုံးက သူမဘာသာ ဂရုစိုက်ဖို့ ပြောနေခဲ့ကြပေမဲ့ တချို့အရာတွေကြောင့် ရှုရန်ဟွေ့ စကားတွေရဲ့ နောက်ကွယ်တွင် စစ်မှန်သည့် ခံစားချက် နည်နည်းလေးတောင် မခံစားရပေ။
သူမက အနည်းငယ် အေးစက်သလို ခံစားလိုက်ရပြီး ထိုခံစားချက်က သူမရင်ဘတ်ကနေ သူမပေါင်တွေအထိ ပြန့်နှံ့သွားခဲ့သည်။
“ငါအဆင်ပြေပါတယ်။ သခင်ကြီးရဲ့ ဈာပနာပွဲနဲ့ ပတ်သက်ပြီး ငါတို့ ဘာလုပ်ကြမှာလဲ?” အခုတော့ ဇောင်ချီ ကထွက်သွားခဲ့ပြီး ထပ်ပြီးတော့ သည်းခံပြီး ဟန်ဆောင်နေဖို့ မလိုတော့ပေ။
သူမရည်ရွယ်ချက်တွေကို ဖွင့်ပြဖို့သာ ရှိတော့သည်။ အားလုံးအချိန်ကိုက်ဖြစ်ဖို့က အရမ်းအရေးကြီးသည်။ သူမသာ အချိန်လွဲသွားခဲ့ရင် သူမရဲ့ နောက်ပိုင်းအစီစဉ်တွေက ရှုပ်ထွေးသွားလိမ့်မည်။ လက်ထောက်ကျောင် ကပြောလိုက်သည်။
“မဒမ်၊ မိန်းကလေးနဲ့ ကျွန်တော်တို့ အပေါ်ပိုင်း စီမံခန့်ခွဲတဲ့ လူတွေက ဒါကို ဂရုစိုက်လိုက်ပါမယ်”
“ဟွမ်ဟွမ် ကငယ်သေးတုန်းပဲ။ သူမက ဒါကို ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး” ရှုရန်ဟွေ့ ကအနည်းငယ် ပူပန်စွာဖြင့် ပြောလိုက်သည်။
သူမလုပ်ခဲ့တာတွေက စေ့စပ်သေချာခဲ့တယ်လို့ သူမ ထင်နေခဲ့သည်။ အရင်က မိသားစု ဆရာဝန်က ထွက်ပြေးခဲ့သည်။ ဘယ်သူကမှ သူမကို သံသယဝင်မှာ မဟုတ်ဘူး။
အဆုံးမှာတော့ သူမက ဇောင်ချီ အမြဲတမ်း တမ်းတနေခဲ့တဲ့ တစ်ယောက်ဖြစ်ခဲ့တယ်…. ဒါပေမဲ့ အခုတော့ ဘာတွေဆက်ဖြစ်မှာလဲ?
လက်ထောက်ကျောင် ကသူမကို ဘာကြောင့်ဖယ်ထုတ်ဖို့ ကြိုးစားနေတာနဲ့ တူနေရတာလဲ? ရှုရန်ဟွေ့ ရဲ့နှလုံးသားက ထပ်ပြီးကျသွားခဲ့သည်။ လက်ထောက်ကျောင် ပြောလိုက်သည်။
“မိန်းကလေးက နိုင်ငံခြားမှာ နှစ်အတော်ကြာ နေခဲ့တယ်၊ ဒါကြောင့် ဒီကိစ္စကို သူမ ကိုင်တွယ်နိုင်မှာပါ” ရှုရန်ဟွေ့ ရဲ့မျက်နှာက အေးစက်သွားသည်။
“ဟွမ်ဟွမ် ကငယ်သေးတယ်လို့ ငါပြောနေတယ်လေ။ သခင်ကြီးရဲ့ ကိစ္စတွေကို ငါတိုကောင်းကောင်းမွန်မွန် ဂရုစိုက်ပေးဖို့ လိုအပ်တယ်။ ယုရှန်း နဲ့ငါကလည်း ကောင်းကောင်း ကူညီပေးသင့်တယ်….”
“မဒမ် နည်းနည်းလောက် အနားယူသင့်တယ်။ မိန်းကလေးက တရားဝင် အမွေဆက်ခံသူပါ။ သူမကပဲ ဒီကိစ္စတွေကို ကိုင်တွယ်သင့်တယ်” ရှုရန်ဟွေ့ အချိန်အနည်းငယ်လောက် ရပ်သွားပြီး မေးလိုက်သည်။
“နင်အခု ဘာပြောလိုက်တာလဲ?” ရှုယုရှန်း မျက်နှာလည်း အရောင်ပြောင်းသွားသည်။
“နင်ဘာအကြောင်း ပြောနေတာလဲ? ရှုရှင်း နဲ့ငါကကော အဖေ့ရဲ့ ကလေးတွေ မဟုတ်ဘူးလား? သူမကပဲ မှန်ကန်တဲ့ အမွေဆက်ခံသူဆိုတာ ဘာကို ဆိုလိုတာလဲ?” ရှုရန်ဟွေ့ ကအခုတော့ တုန်လှုပ်လာခဲ့သည်။ တည်ငြိမ်ဖို့ ကြိုးစားနေပြီး ပြောလိုက်သည်။
“သခင်ကြီးက ကလေးတွေကို ဘယ်တုန်းကမှ အသိအမှတ်မပြုခဲ့ရင်တောင် ငါက သူနဲ့ လက်ထပ်ခဲ့တာပါ။ သူတို့က သွေးသားတော်စပ်တယ်ဆိုတာကို DNA ကလည်း ပြလို့ရတယ်…..”
လက်ထောက်ကျောင် ကဒီအရာတွေကို နည်းနည်းလေးတောင် စိတ်မဝင်စားပေ။ သူက ဇောင်ယုဟွမ် ဘက်ကိုလှည့်လိုက်ပြီး ပြောလိုက်သည်။
“မိန်းကလေး၊ သူဌေးဇောင် ရဲ့ဈာပနာပွဲကို အရင်ဆုံး မစီစဉ်ရတာလဲ?” ဇောင်ယုဟွမ် ကခေါင်းညိတ်လိုက်ပြီး ရှုရန်ဟွေ့ နဲ့သူမသမီးကို တစ်ချက်တောင် လှည့်မကြည့်ပေ။
အစကတည်းက သူတို့က ဇောင်ယုဟွမ် နဲ့အဆင့်မတူဘူးဆိုတာကို သူတို့က ဘယ်တုန်းကမှ မသိခဲ့ကြပေ။ ရှုရန်ဟွေ့ နဲ့ ရှုယုရှန်း တို့က ရေခဲလွှာပါးပါးလေးကို နင်းထားကြပြီး သူတို့လိုချင်တာကိုသာ ရနိုင်ဖို့အတွက် အစီအစဉ်တွေကို ချထားခဲ့ကြပြီး ခြယ်လှယ်ခြင်းတွေသာ ပြုလုပ်ခဲ့ကြသည်။
ရှုရန်ဟွေ့ က ရှုရှင်း နဲ့ ရှုယုရှန်း ကိုကောင်းကောင်း ပျိုးထောင်ပေးမလဲဆိုတာကို ဘယ်တုန်းကမှ မသိခဲ့ပေ။ ဇောင်ယုဟွမ် ကနိုင်ငံခြားကို သွားချိန်မှာ သူတို့က တိုက်ပွဲတွင် အနိုင်ရပြီလို့ သူမ ထင်ခဲ့သည်။
ဇောင်ယုဟွမ် ကနိုင်ငံခြားကို ထွက်သွားတာတောင် ဒီကိစ္စက သူမထံတွင်သာ ရှိနေလိမ့်မယ်လို့ သူတို့ မသိခဲ့ကြပေ။ ဇောင်ယုဟွမ် ကသူတို့နဲ့အတူ အချိန်ဖြုန်းနေဖို့တောင် စိတ်မဝင်စားခဲ့ပေ။
သူမက ကောင်းကောင်း သင်ယူပြီး ပြန်လာတာနဲ့ သူတို့က သူမကို ဆန့်ကျင်ဖို့ အခွင့်အရေး ရှိကြတော့မည် မဟုတ်ပေ။ ဒါက ကွဲပြားသည့် လူမှုစီးပွားရေး အဆင့်နဲ့ ကြီးမားသည့် ပုံရိပ်ရှိနေခြင်းရဲ့ ခြားနားချက်ပင် ဖြစ်သည်။
ဇောင်ယုဟွမ် ကအရှေ့ကို ခြေလှမ်းအနည်းငယ် သွားလိုက်ပြီး လှည့်လိုက်ကာ လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ကို ပြောလိုက်သည်။
“ငါ့ကိုစောင့်နေ”
ဟုန်ချန်းမင်း – “အိုကေ”
လီဂျင်ယွမ် – “ဟွမ်ဟွမ် သွား”
သူတို့နှစ်ယောက်လုံးက ရှုပ်ထွေးသည့်ကို ခံစားချက်တွေကို ခံစားနေရသည်။ ဇောင်ယုဟွမ် ကသူတို့အတွက် အမြဲတမ်းကို တောက်ပပြီး ထွန်းလင်းနေသည့် ကြယ်လေးဖြစ်သည်။ ကျိုးပဲ့လွယ်ပြီး လှပသည့် အသွင်အပြင်အောက်တွင် သူမက သန်မာပြီး ပြတ်သားသည့် နှလုံးသားရှိသည်။
သူမက အမြဲတမ်း သူတို့နဲ့ အရှေ့တစ်လှမ်း အကွာတွင် ရှိနေခဲ့သည်။ ဒီလိုအချိန်မှာတောင် သူမက အရာအားလုံးကို အလွယ်တကူ ကိုင်တွယ်နိုင်ခဲ့သည်။
သူမကို တစ်ယောက်ယောက်က မကျရှုံးဘူးဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?
ရှုရန်ဟွေ့ နဲ့ ရှုယုရှန်း တို့က ဇောင်ယုဟွမ် ကဝေးကို လျှောက်သွားတာကိုသာ ကြည့်ရုံပဲ ကြည့်နေနိုင်ခဲ့ကြသည်။ သူတို့နှလုံးသားတွေက အခုန်မြန်နေကြပြီး အသက်ရှူဖို့တောင် ခက်ခဲလာခဲ့ကြသည်။
ဘာတွေဖြစ်နေတာလဲ?
ရှုရန်ဟွေ့ က ဇောင်ယုဟွမ် ရဲ့တည်ရှိနေမှုက မြင့်မားပြီး ခွန်အားကြီးမားတယ်လို့ ခံစားလိုက်ရသည်။ သူမက သူတို့ကို ဘယ်တုန်းကမှ တန်းတူအဖြစ် မကြည့်ခဲ့ဖူးဘူး….
အဆင်မပြေတာကို သူမ ခံစားလိုက်ရသည်။ ဒီအချိန်အတွက် သူမ စီစဉ်ဖို့ နှစ်ပေါင်းများစွာ ကုန်ဆုံးခဲ့သည်…… ရှုရန်ဟွေ့ အံကြိတ်လိုက်သည်။
ထိုအချိန်တွင် ဓာတ်လှေကား တံခါးက ထပ်ပွင့်လာခဲ့ပြီး လူအများအပြားက ထွက်လာခဲ့ကြသည်။ သူတို့အားလုံးက ရဲဝတ်စုံတွေကို ဝတ်ဆင်ထားကြပြီး သူတို့ပုံစံတွေက အေးစက်နေကြသည်။
“ငါတို့ကို ဘယ်သူခေါ်ခဲ့တာလဲ?” လက်ထောက်ကျောင် ကဖြေလိုက်သည်။
“ကျွန်တော် ခေါ်ခဲ့တာ”
“သံသယရှိသူက ဘယ်မှာလဲ?” လက်ထောက်ကျောင် က ရှုရန်ဟွေ့ ကိုကြည့်လိုက်သည်။
ရှုရန်ဟွေ့ ကသူမနှလုံးသားတွင် အေးစက် မှုကို ခံစားလိုက်ရပြီး ရုတ်တရက် ဆိုးရွားသည့် ခံစားချက်ကို ခံစားလိုက်ရသည်။ သူမရဲ့ ဆိုးရွားသည့် ခံစားချက်က နောက်မိနစ် အနည်းငယ်အတွင် အမှန်တကယ် ဖြစ်လာခဲ့သည်။ လက်ထောက်ကျောင် ပြောလိုက်သည်။
“အဲ့ဒါက မစ္စရှုရန်ဟွေ့ နဲ့မိန်းကလေး ရှုယုရှန်း တို့ပါ။ သူဌေးဇောင်နဲ့ ကျွန်တော်တို့က သူ့ကို ဒုက္ခပေးတဲ့လူကို ရှာဖွေခဲ့ပါတယ်။ သူဌေးဇောင် ကဒီအကြောင်းကို ခံစားမိခဲ့တယ်…. ဒါပေမဲ့ ဒီအရာက ကျွန်တော်တို့ ခန့်မှန်းထားတာထက် ပိုမြန်သွားခဲ့တယ်”
ရှုယုရှန်း ရဲ့အမူအရာက ပြောင်းလဲသွားပြီး အော်ဟစ်လိုက်သည်။
“ဒါက အနိုင်ကျင့်တာပဲ! နင်က ဇောင်ယုဟွမ် နဲ့ညှိုနှိုင်းထားတာ! သူမက နင့်ကို ငွေပေးထားတယ် မဟုတ်လား? ငါ့အမေနဲ့ ငါက ဘယ်တုန်းကမှ အဖေ့ကို ဒီလိုမျိုး ဆိုးရွားတဲ့ အရာတွေကို မလုပ်ခဲ့ဘူး!”
ရဲတွေက သူမအော်ဟစ်နေတာကို ဂရုမစိုက်ပဲ အေးစက်စွာသာ ပြောလိုက်သည်။
“သူတို့ကို ခေါ်ခဲ့၊ အခု စစ်ဆေးမယ်။ ဒီကိစ္စမှာ လုပ်ကြံသူက ဘယ်သူလဲဆိုတာ လူတိုင်းကို မေးခွန်းမေးရလိမ့်မယ်…”
နောက်ဆုံးတော့ ရှုရန်ဟွေ့ သိသွားခဲ့သည်။ ဇောင်ချီ ကဒီအကြောင်းကို သိခဲ့ပြီးသားပေါ့! ဒီအကြောင်းကို သူသိနေခဲ့တယ်!
ရှုရန်ဟွေ့ ရဲ့မျက်နှာကနေ မျက်ရည်တွေက ကျဆင်းလာခဲ့သည်။ ဒီ God*mn လူကြီးကတော့…. သူက ဘယ်လိုလူမျိုးလဲဆိုတာ သိနေပြီး သူမ တွေ့သွားချိန်မှာ ပြောင်းလဲသွားခဲ့တယ်….
သူက သူတို့ရဲ့ DNA စစ်ဆေးချက်ကိုတောင် တားဆီးခဲ့တာလား? ဒါက ဖြစ်နိုင်တာပဲ….
ဒီလူက သူထိန်းချုပ်နိုင်တဲ့ အရာအားလုံးကို နှစ်သက်ခဲ့သည်။ သူ့အမိန့်အောက်မှာ မလိုက်နာနိုင်တဲ့ ဘယ်သူ့ကိုမဆို သူက ဆန့်ကျင်လိမ့်မည်။ သူမက သူနဲ့အတူ နှစ်ပေါင်းများစွာ ရှိခဲ့ပြီး ရှုရှင်း ကိုလည်း ဇောင်ရဲ့သားအဖြစ် လက်မခံခဲ့သေးဘူး။
သူမ ပိုသိခဲ့သင့်တယ်…. ဒါက ပြီးသွားခဲ့ပြီ။ ဒါတွေအားလုံးက ပြီးဆုံးသွားခဲ့ပြီ။ ဒီတစ်ကြိမ်တော့ ရှုရန်ဟွေ့ အမှန်တကယ် လဲပြိုကျသွားခဲ့ပြီး ပြန်တောင် မထနိုင်တော့ပေ။
လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ကဘာတွေ ဖြစ်နေလဲဆိုတာ ပိုပိုသိလာခဲ့သည်။ သူတို့က ဇောင်ယုဟွမ် ကကျွမ်းကျင်နေတာကို အံ့အားသင့်နေတာတောင် သူမအတွက် ဝမ်းနည်းပူဆွေးမှုကို ခံစားနေရသည်။
သူမက လွန်ခဲ့တဲ့ နှစ်တွေတုန်းက သူမ အမေကို ဆုံးရှုံးခဲ့ရတယ်၊ အခုတော့ နှစ်အနည်းငယ် ကြာပြီးတော့ သူမအဖေကိုလည်း ဆုံးရှုံးသွားခဲ့ရတယ်၊ ဒါတွေအားလုံးက ဖြစ်ပျက်ခဲ့တယ်…..
ရုတ်တရက် လီဂျင်းယွမ် ကပြောလိုက်သည်။
“ဒီကိစ္စကို လန်ဂျင်းဇီ ကအများကြီး ကူညီပေးခဲ့တယ်”
ဟုန်ချန်းမင်း – “ငါတို့ကို ရိုက်နှက်ဖို့ ခွင့်ပြုပေးလိုက် မယ်”
သူတို့ လုပ်နိုင်တာကို ဆန္ဒရှိကြပြီး ချက်ချင်းပင် ထိုအချိန်အတွင်းမှာ သူတို့က ပိုပိုပြီး အင်အားတောင့်တင်းလာကြသည်။ ဒီနည်းလမ်းက… သူမဘဝမှာ သူတို့က ပိုပြီး အရေးပါလာမလား?
ဟုန်ချန်းမင်း ကပြောလိုက်သည်။ “ဒီနေရာမှာ ငါတို့လုပ်ဖို့ ဘာမှမရှိဘူးလို့ မဆိုလိုဘူး”
ထိုစကားကို ပြောလိုက်ရင်း ဟုန်ချန်းမင်း က ရှုရန်ဟွေ့ ကိုကြည့်လိုက်ပြီး ရှုယုရှန်း ကိုလည်း ကြည့်လိုက်ပြီး ပြောလိုက်သည်။
“သူတို့အတွက် ဒီပြစ်မှုကို ကျူးလွန်စေဖို့ နောက်ကွယ်ကနေ ထောက်ပံ့ပေးတဲ့ တခြားသူတွေလည်း ရှိနိုင်လောက်တယ်…”
ဟုန်ချန်းမင်း ကသူ့ဖုန်းကို ထုတ်လိုက်ပြီး ခေါ်လိုက်သည်။ လီဂျင်းယွမ် ကသူ့အပြုအမူကို ကြည့်လိုက်ပြီး မေးလိုက်သည်။
“ဒီပြီးခဲ့တဲ့ နှစ်နှစ်အတွင်း မင်းဘာတွေ လုပ်နေခဲ့တာလဲ?” ဟုန်ချန်းမင်း ကသူ့ကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။
“မင်းဘာတွေ လုပ်နေလဲဆိုတာကို တစ်ခါမှ မပြောခဲ့ဖူး မဟုတ်လား?” လီဂျင်းယွမ် သူ့ပါးစပ်ကို ပိတ်လိုက်သည်။
ဇောင်ယုဟွမ် ကတစ်ယောက်တည်း ရှိပေမဲ့ သူတို့ကတော့ နှစ်ယောက်ရှိသည်။ သူတို့က ပိုပိုပြီး အရွယ်ရောက်လာရင်း သူတို့က ဇောင်ယုဟွမ် ရဲ့တစ်ဦးတည်းသော အစ်ကို ဖြစ်ဖို့ကိုသာ ပိုပိုပြီး ဆန္ဒရှိလာကြသည်။
သူတို့ရဲ့ အရိုးထဲအထိ ထွင်းထုထားသလိုမျိုး ပိုင်ဆိုင်လိုခြင်းတွေက သူတို့ တစ်ကိုယ်လုံး ပြန့်နှံ့နေပြီး ဒါကို ဘယ်တုန်းကမှ ဖယ်ရှားလို့ မရနိုင်ပေ။
ဒါကို အကျယ်ကြီး မပြောကြပဲ စိတ်ထဲတွင်သာ ထားနေခဲ့ကြပြီး တစ်ယောက်နဲ့ တစ်ယောက် ယှဉ်ပြိုင်နေခဲ့ကြသည်။ ပုံမှန်ပင် သူတို့က ဘယ်လောက် ရရှိထားလဲဆိုတာကို ဘယ်တုန်းကမှ ထုတ်မပြခဲ့ကြပေ။
သူတို့က ဒါကို ထုတ်ပြရရင်တောင် ဟွမ်ဟွမ့် ကိုပဲထုတ်ပြနိုင်သည်။ ထိုအကြောင်းကို စဉ်းစားလိုက်ရင်း သူတို့နှစ်ယောက်ရဲ့ ပုံစံက ပြောင်းလဲသွားပြီး သူတို့နှစ်ယောက်လုံးရဲ့ မျက်လုံးထဲတွင် စူးရှနေမှုတွေက ပျောက်ကွယ်သွားခဲ့သည်။
တစ်ချိန်တည်းတွင် လန်ဂျင်းဇီ ကဟိုတယ်ကနေ ထွက်လာခဲ့ပြီး ဆေးရုံအောက်ကို ရောက်လာခဲ့သည်။ သူမက နည်းနည်းတော့ ဝမ်းနည်းနေဦးမလား?
နှစ်အနည်းငယ်အတွင်း သူမက ကလေးမလေး ကတည်းက သူမ မိခင်ကို ဆုံးရှုံးခဲ့ရသည်။ သူမဘေးမှာ သူ ရှိမနေခဲ့ပေ။ ဒီတစ်ကြိမ်တော့ သူမနဲ့အတူ ရှိနေပေးချင်သည်။
အခု…. သူမက သူ့ကို အရမ်းကောင်းတဲ့ အစ်ကိုလို့ ခံစားရနိုင်လား?
ရှုရန်ဟွေ့ ကို အနောက်တွင် ထောက်ပံ့ပေးတဲ့ တစ်စုံတစ်ယောက် ရှိခဲ့သည်။ သူမရဲ့ မူလရည်ရွယ်ချက်က ဇောင်အိမ်တော်ရဲ့ အထက်ပိုင်းက စီမံခန့်ခွဲမှုကို ရရှိဖို့ဖြစ်ပေမဲ့ ဇောင်ချီ ကအရမ်းကို ထိန်းချုပ်လွန်းတဲ့ သူတစ်ယောက် ဖြစ်သည်။
သူမအတွက် အရာပစ္စည်းတွေကို ဝယ်ပေးပေမဲ့ သူမကို ငွေအများကြီး မပေးပေ။ ဒါက ဇောင်အိမ်တော်ရဲ့ အထက်ပိုင်း စီမံခန့်ခွဲမှုအတွက်တောင် သေးငယ်လွန်းတဲ့ ပမာဏဖြစ်သည်။ ရှုရန်ဟွေ့ တခြားဘာလုပ်ရမလဲ မသိခဲ့ပေ။
အဆုံးတွင် ရှုယုရှန်း ကဒီအကြောင်းကို သူမခင်ပွန်းအား ပြောခဲ့သည်။ ဒီမစ္စတာနန် ကကောင်းတဲ့ လူတစ်ယောက် မဟုတ်ပေ။ သူတို့ရဲ့ အစီအစဉ်တွေကို သိပြီးနောက်တွင် သူ့ရဲ့ ပထမဆုံး တုန့်ပြန်ချက်ကို ဇောင်ချီ အားသိခွင့်မပြုခဲ့ပေမဲ့ ရှုယုရှန်း ကိုအမွေဆက်ခံခွင့် ရနိုင်အောင် ကူညီပေးခဲ့သည်။
သူက နောက်ကွယ်ကနေ အကျိုးအမြတ်ရနိုင်အောင် ကူညီပေးခဲ့သည်။ သူ့ပုံရိပ်က နန်အိမ်တော်တွင် အမြင့်ကြီး မဟုတ်ပေ။ ဒီလိုမှ မဟုတ်ရင် သူက ရှုယုရှန်း ကိုပထမ ဇနီးအဖြစ် လက်ထပ်နိုင်မှာ မဟုတ်ပေ။
ဒါက ဘာကြောင့်လဲဆိုတော့ သူက ဇောင်အိမ်တော်ရဲ့ အမွေတွေကို မနာလိုဖြစ်ခဲ့သည်။ သူက ဇောင်အိမ်တော်တွင် နန်အိမ်တော်ရဲ့ နာမည်ကို အသုံးပြုပြီး စီမံခန့်ခွဲချင်ခဲ့သည်။ သူ့ဘက်တွင် ရှိလာဖို့ မလိုအပ်ပေ။
မှန်ကန်တဲ့အချိန်တွင်သာ သူတို့ကို လှုပ်ရှားဖို့ ဦးတည်စေခဲ့သည်။ သူက လူရမ်းကား အုပ်စုတစ်စုကို ငှားရမ်းခဲ့ပြီး ဆေးရုံတစ်ဝိုက်တွင် စောင့်ကြည့်နေစေခဲ့သည်။ သူတို့က လန်ဂျင်းဇီ ဖြစ်ဖြစ်၊ ဇောင်ယုဟွမ် ဖြစ်ဖြစ် မြင်လိုက်သည်နှင့် သူတို့ လမ်းကို ရပ်တန့်ခိုင်းထားခဲ့သည်။
ဇောင်ယုဟွမ် ထွက်လာချိန်တွင် ထိုလူရမ်းကား အုပ်စုက ရောက်လာခဲ့ကြသည်။ သူတို့က ဆေးရုံကို ရောက်လာခဲ့ကြပြီး ဇောင်ယုဟွမ် ကိုဆန့်ကျင်ဖို့ သရုပ်ဆောင်ရန် စီစဉ်ခဲ့ကြသည်။
သူမကို သတ်ပစ်တာ၊ ဒဏ်ရာအများကြီး ရဖို့မဟုတ်ပေမဲ့ သူမကို ပြန်ပေးဆွဲပြီး အချိန်အတော်ကြာ ထိန်းသိမ်းထားဖို့ ဖြစ်သည်။ ဒါမှသာ ရှုရန်ဟွေ့ ကို ဇောင်ချီ ရဲ့အလိုကို ချုပ်ကိုင်ပြီး သူမကို ဆက်ခံသူအဖြစ် ခွင့်ပြုပေးလိမ့်မည်။
ဒါပေမဲ့ အခုတော့ ဒီလူရမ်းကား အုပ်စုက အနောက်ဘက် လမ်းကြားကို ဆွဲသွင်းထားခြင်း ခံခဲ့ရသည်။ အနောက်လမ်းကြားက သိပ်ပြီး မလင်းပေ။ မဲမှောင်ပြီး အကုန်လုံးကတော့ ညည်းတွားနေကြသည့် ဆူညံသံတွေကိုသာ ကြားနိုင်ကြသည်။
ဇောင်ချီ ကကိုယ်ကျိုးသာ ကြည့်ပြီး သူ့ဘာသာပဲ ဂရုစိုက်ခဲ့သည်။ အခုတော့ ရှုရန်ဟွေ့ ဆီကနေ အသတ်ခံခဲ့ရပြီး ဒါတွေအားလုံးကနေ မချိုးဖြတ်နိုင်တော့ပေ။ သေခြင်းရဲ့ အဓိက အကြောင်းအရင်းကို စုံစမ်းရန် အလောင်းကို ခွဲစိတ်ဖို့ ပြောင်းရွှေ့ခဲ့သည်။
တဖက်တွင် ရှုရန်ဟွေ့ နဲ့ ရှုယုှရန်း တို့က စုံစမ်းစစ်ဆေးရန်အတွက် ရဲတွေရဲ့ ခေါ်ဆောင်ခြင်းကို ခံခဲ့ရသည်။ ဇောင်ယုဟွမ် ကဘာမှ မပြောပဲ လက်ထောက်ကျောင် ကလမ်းတိုင်းကို ကူညီပေးခဲ့သည်။
သူနဲ့အတူ ဇောင်ချီ ရဲ့ရှေ့နေကို ခေါ်ခဲ့ပြီး ဇောင်ယုဟွမ် နဲ့ပတ်သက်ပြီး ပိုင်ဆိုင်မှုအကြောင်းတွေကို စတင်လိုက်သည်။ ဇောင်ချီ ကအလိုမရှိပေမဲ့ သူ့ရှေ့နေအား ရှုရန်ဟွေ့၊ သူမသမီးနဲ့ သူမသားတို့အား သူ့အမွေတွေကို မပေးဖို့ ပြောခဲ့သည်။
ဒါက အတော်လေးကို ကျယ်ပြန့်ပြီး သူတို့ကိုလည်း DNA စစ်ဆေးခွင့်တွေ၊ တခြားအရာတွေကို ပြုလုပ်ခွင့် မပြုခဲ့ပေ…. သူတို့က ထွက်သွားဖို့သာ ရွေးချယ်နိုင်သည်။ ဆိုလိုတာကတော့ ဇောင်ယုဟွမ် ကအခုတော့ တရားဝင် အမွေဆက်ခံသူ ဖြစ်လာခဲ့သည်။
ဇောင်ယုဟွမ် ကဒီအကြောင်းကို လက်ထောက်ကျောင် ဆီကနေ ကြားလိုက်ပြီးနောက် သက်ပြင်းသာ ချနိုင်ခဲ့သည်။ ဇောင်ချီ ကအမြဲတမ်း အတ္တကြီးပြီး သူ့ကိုယ်သူသာ ယုံကြည်သည်။
ဒါကြောင့် ရှုရန်ဟွေ့ ကသူ့အပေါ်တွင် ဘာလုပ်ခဲ့လဲဆိုတာကို သိပြီးနောက်တွင် နှစ်ပေါင်းများစွာ ကြာသည်အထိ သူတို့လိုချင်တာတွေကို ချက်ချင်းပင် ပယ်ချခဲ့သည်။ သူ့ဆုံးဖြတ်ချက်တွေက ဇောင်ယုဟွမ် ကိုတောင် အံ့အားသင့်စေခဲ့သည်။
တချို့ ရှုထောင့်မှ ကြည့်ရင် သူတို့နှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် အတော်လေး ရင်းနှီးကြသလိုပင်။
#ဘာလိုလိုနဲ့ translate လုပ်ပြီးတဲ့ အထိတောင်တောင် မှီတော့မယ် 😊😊
8.7.2020 (Wed)
…………………….
<Zawgyi>
အခု…. သူကအရမ္းေတာ္တဲ့ အစ္ကိုလို႔ထင္ေနမလား?
ေဇာင္ယုဟြမ္ ကအေပၚထပ္ကို ျပန္သြားခဲ့သည္။ ICU အျပင္ဘက္တြင္ ဖ႐ိုဖရဲျဖစ္ေနၾကသည္။ ရႈရန္ေဟြ႕ ကနံရံကို မွီထားၿပီး သူမပုံစံက စိတ္လြတ္ေနပုံေပၚသည္။
ရႈယုရွန္း ကသူမမ်က္ရည္ေတြကို သုတ္ေနခဲ့ၿပီး တစ္ခ်ိန္တည္းတြင္ ဓာတ္ေလွကားဘက္ကို ၾကည့္ေနခဲ့သည္။ ေဇာင္ယုဟြမ္ ျပန္လာတာကို သူမက ေစာင့္ေနခဲ့တာ သိသာသည္။ ထိုအခ်ိန္တြင္ ေဇာင္ယုဟြမ္ ကေလွ်ာက္လာခဲ့တာကို ျမင္လိုက္ၿပီး ၿပဳံးေတာင္ ၿပဳံးျပလိုက္သည္။
ရႈယုရွန္း ကသူမဘာသာ ျပန္ထိန္းခ်ဳပ္လိုက္ၿပီး ေဇာင္ယုဟြမ္ အေနာက္တြင္ လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ကို ျမင္လိုက္ရသည္။ သူတို႔ကို ခ်က္ခ်င္း မမွတ္မိပဲ၊ အံ့ႀကိတ္လိုက္သည္။
“အေဖက အခုခ်ိန္မွာ သူ႔အတြက္ အေရးႀကီးတဲ့ အေျခအေနကို ေရာက္ေနတာကို၊ နင္က နင္နဲ႔အတူ သူငယ္ခ်င္းေတြကိုေတာင္ ေခၚလာခဲ့တာလား? ဒီအခ်ိန္၊ ဒီေနရာက စုစည္းဖို႔လို႔ ထင္ေနတာလား?” ေဇာင္ယုဟြမ္ ကသူမကို အၾကည့္တစ္ခ်က္ ပို႔လိုက္ၿပီး ေျပာလိုက္သည္။
“သူတို႔က ေဇာင္အိမ္ေတာ္က ကေလးေတြပဲ။ ဘာေၾကာင့္ သူတို႔က ဒီေနရာမွာ မရွိရမွာလဲ? မင္းကသာ ဒီေနရာမွာ မရွိရမဲ့ လူတစ္ေယာက္ မဟုတ္ဘူးလား?”
ရႈယုရွန္း ကအနည္းငယ္ စိတ္ရႈပ္ေထြးသြားၿပီး ေနာက္ဆုံးေတာ့ သူတို႔က ဘယ္သူေတြလဲဆိုတာ မွတ္မိသြားခဲ့သည္။ ေဇာင္ယုဟြမ္ ရဲ႕စကားေတြကို သူမကို သတိေပးခဲ့သည္။ သူတို႔ကလည္း ေဇာင္အိမ္ေတာ္ရဲ႕ ကေလးေတြ…. ဒါက မွန္တယ္။
ေဇာင္ခ်ီ ကလူမႈဖူလုံေရး ေအဂ်င္စီက ကေလးႏွစ္ေယာက္ကို အသိအမွတ္ျပဳခဲ့သည္။ ဒါဆို အေမြခြဲမဲ့အခ်ိန္ကို ေရာက္လာခဲ့ရင္….. သူတို႔ကလည္း ဥပေဒအရ အေမြအစိတ္အပိုင္း တခ်ိဳ႕ကို အက်ိဳးခံစားရလိမ့္မယ္မလား?
ထပ္ေျပာရရင္ သူတို႔က ဘယ္လိုျဖစ္သြားလဲဆိုတာကို ရႈယုရွန္း ၾကည့္လိုက္ၿပီး ေဇာင္ခ်ီ ဆီကေန အၿမဲတမ္း ေဝဖန္ခံရတဲ့ ရႈရွင္း အေၾကာင္းကို ေတြးမိသြားခဲ့သည္။ သူမအေရွ႕က ႏွစ္ေယာက္နဲ႔ သူ႔ကို ယွဥ္လိုက္ၿပီး….. သူတို႔ၾကားတြင္ ကြားျခားမႈက အေတာ္ေလး မ်ားျပားေနခဲ့သည္။
ရႈယုရွန္း အံႀကိတ္လိုက္ၿပီး သူတို႔ကို ေဒါသျဖင့္ ၾကည့္လိုက္သည္။ ဟုန္ခ်န္းမင္း ရဲ႕စိုက္ၾကည့္ေနမႈနဲ႔ ဆုံေတြ႕သြားခဲ့သည္။ တစ္ခ်က္ၾကည့္လိုက္႐ုံနဲ႔ သူမ တုန္လႈပ္သြားၿပီး ခ်က္ခ်င္းပင္ ႐ုပ္သိမ္းလိုက္သည္။
သူမႏွလုံးသားက တုန္ခါလာၿပီး သူမေက်ာမွ ေခြၽးေစးေတြက ထြက္လာခဲ့သည္။ အသက္ေတာင္ ဂ႐ုစိုက္ၿပီး ရႉေနခဲ့ရသည္။ ဘယ္လို၊ ဘယ္လိုလုပ္ၿပီး ဟုန္ခ်န္းမင္း ကသူမကို ဒီလိုမ်ိဳး ၾကည့္ရတာလဲ?
ရႈယုရွန္း ရဲ႕ခံစားခ်က္ေတြက ပိုဆိုး႐ြားလာခဲ့ၿပီး ေၾကာက္လန႔္မႈကို ခံစားလာခဲ့ရသည္!
ထို႔ေနာက္ တံခါးက ပြင့္လာခဲ့သည္။ ဆရာဝန္က ထြက္လာခဲ့သည္။ သူက ၾကည့္လိုက္ၿပီး ေျပာလိုက္သည္။
“ကြၽန္ေတာ္တို႔ လုပ္ႏိုင္သမွ်အားလုံးကို သူ႔အတြက္ လုပ္ေပးခဲ့ပါတယ္။ မစၥတာေဇာင္…. မစၥတာေဇာင္ ကမနက္ ၁၀ : ၁၂ နာရီမွာ ကြယ္လြန္သြားခဲ့ပါတယ္….”
ရႈရန္ေဟြ႕ ကနံရံကေန ၾကမ္းအျပင္အထိ ေလ်ာက်သြားခဲ့သည္။ ေဇာင္ယုဟြမ္ ကခ်က္ခ်င္းပင္ ေျပာလိုက္သည္။
“လက္ေထာက္ေက်ာင္၊ အခုရဲကို သတင္းေပးလိုက္!”
လက္ေထာက္ေက်ာင္ ကေဇာင္ခ်ီ ရဲ႕ၫႊန္ၾကားခ်က္ေအာက္တြင္ အေထာက္အထားေတြ အားလုံးကို စုေဆာင္းထားခဲ့ၿပီး ျဖစ္သည္။ သို႔ေသာ္လည္း ရႈယုရွန္း ကမၾကာခင္မွာပဲ ဒီလိုမ်ိဳး လုပ္လာလိမ့္မယ္လို႔ သူ မေမွ်ာ္လင့္ထားခဲ့ေပ။
ေနာက္ၿပီး ဒါက ေအာင္ျမင္သြားခဲ့တယ္!
လက္ေထာက္ေက်ာင္ ကေအးစက္စြာနဲ႔ ေျပာလိုက္သည္။ “အခ်ိန္အေတာ္ၾကာကတည္းက ဒီအရာေတြက ကြၽန္ေတာ့္မွာ ရွိခဲ့ၿပီးသားပါ”
ဒီအခ်ိန္တြင္ ေဇာင္ခ်ီ ကပုံမွန္ ေသဆုံးခဲ့တာ မဟုတ္ေၾကာင္း ဟုန္ခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ တို႔နားလည္သြားခဲ့ၾကသည္။ ေဇာင္ယုဟြမ္ က႐ုတ္တရက္ႀကီး သူမလက္ေခ်ာင္းေတြက တစ္စုံတစ္ေယာက္ လာကိုင္လိုက္သလိုမ်ိဳး ေႏြးေထြးသြားခဲ့သည္။
လွည့္လိုက္ၿပီး ၾကည့္လိုက္သည္။ ဟုန္ခ်န္းမင္း ကသူမလက္ေတြကို ကိုင္ထားေပးတာကို ျမင္လိုက္ရသည္။ ေဇာင္ယုဟြမ္ ရဲ႕ပုံစံက နည္းနည္း ေပ်ာ့ေျပာင္းသြားခဲ့သည္။ ဟုန္ခ်န္းမင္း ဆီက သူမလက္ကို ဆြဲထုတ္လိုက္ၿပီး လက္ေထာက္ေက်ာင္ အေရွ႕ကို ေလွ်ာက္သြားလိုက္သည္။
“လက္ေထာက္ေက်ာင္၊ ငါတို႔ စကားေျပာဖို႔ လိုတယ္လို႔ထင္တယ္” လက္ေထာက္ေက်ာင္ ေခါင္းညိတ္လိုက္သည္။
သူေဌးေဇာင္ ကထြက္သြားခဲ့ၿပီ၊ ရႈရန္ေဟြ႕ နဲ႔သူမ သမီးအေၾကာင္း အမွန္တရားကိုလည္း သိခဲ့သည္။ ရႈရွင္း က ရႈရန္ေဟြ႕ ရဲ႕သားျဖစ္ၿပီး သူက ငယ္ေသးသည္။ သူေဌးေဇာင္ရဲ႕ ေျခလွမ္းအတိုင္း လွမ္းႏိုင္ဖို႔က မိန္းကေလးေဇာင္သာ က်န္ေတာ့သည္။
“မိန္းကေလးေဇာင္၊ ကြၽန္ေတာ္တို႔ အေတြးေတြက မိန္းကေလးပါပဲ” လက္ေထာက္ေက်ာင္ ကေျပာလိုက္သည္။
“သူေဌးေဇာင္ရဲ႕ ဈာပနာပြဲ အခမ္းအနားကို အရင္ဆုံး လုပ္ရေအာင္” ေဇာင္ခ်ီ ကအဆိပ္ေၾကာင့္ ေသဆုံးခဲ့တာကို ဘယ္သူမွ မေမွ်ာ္လင့္ထားမိေပ။
သူတို႔က စကားလုံးေတြ ထြက္လာမွာကို ဆက္ထိန္းထားခဲ့ေပမဲ့ ဒီအခ်က္က ေရွ႕ဆက္ေနဖို႔ကို စိန္ေခၚေနခဲ့ရသည္။ ထို႔ေနာက္ လူတိုင္းက ေဇာင္ရဲ႕စေတာ့ေဈးကြက္က ဘာျဖစ္လာမလဲဆိုတာ မေျပာႏိုင္ခဲ့ၾကေပ….
ရႈရန္ေဟြ႕ ကသူမ စိတ္ခံစားခ်က္ကို ထိန္းသိမ္းလိုက္ၿပီး သူမႏွလုံးသားက အနည္းငယ္ ႏွစ္ျမႇဳပ္ေနခဲ့သည္။ အခုေတာ့ ေဇာင္ခ်ီ ကထြက္သြားခဲ့ၿပီး ေဇာင္ယုဟြမ္ ကအ႐ြယ္ေရာက္သည့္ မိန္းကေလးသာ ျဖစ္သည္။
သူမက ဘယ္လိုကိုင္တြယ္ႏိုင္လိမ့္မလဲ? တစ္ေယာက္က ၾကည့္လိုက္ရင္ လက္ေထာက္ေက်ာင္ ကသူမအစား ေျပာသင့္တာ ဟုတ္တယ္မလား?
ရႈရန္ေဟြ႕ မထိန္းခ်ဳပ္ႏိုင္စြာျဖင့္ ေျပာလိုက္သည္။ “လက္ေထာက္ေက်ာင္….”
လက္ေထာက္ေက်ာင္ ကလွည့္လိုက္ၿပီး ရႈရန္ေဟြ႕ ကိုေအးစက္စြာ ၾကည့္လိုက္ၿပီး ေျပာလိုက္သည္။
“မဒမ္၊ ေက်းဇူးျပဳၿပီး ဒီေနရာမွာ ေစာင့္ေပးပါ”
အေစာင့္ေတြက အနားတြင္ ေစာင့္ေနၾကတုန္း ျဖစ္သည္။ လက္ေထာက္ေက်ာင္ ရဲ႕စကားေတြကို ၾကားလိုက္ရၿပီး အေစာင့္တစ္ေယာက္က ေလွ်ာက္သြားခဲ့သည္။
“မဒမ္၊ ေက်းဇူးျပဳၿပီး ခနေလာက္ ထိုင္ၿပီး အနားယူပါဦး” သူတို႔အားလုံးက သူမဘာသာ ဂ႐ုစိုက္ဖို႔ ေျပာေနခဲ့ၾကေပမဲ့ တခ်ိဳ႕အရာေတြေၾကာင့္ ရႈရန္ေဟြ႕ စကားေတြရဲ႕ ေနာက္ကြယ္တြင္ စစ္မွန္သည့္ ခံစားခ်က္ နည္နည္းေလးေတာင္ မခံစားရေပ။
သူမက အနည္းငယ္ ေအးစက္သလို ခံစားလိုက္ရၿပီး ထိုခံစားခ်က္က သူမရင္ဘတ္ကေန သူမေပါင္ေတြအထိ ျပန႔္ႏွံ႔သြားခဲ့သည္။
“ငါအဆင္ေျပပါတယ္။ သခင္ႀကီးရဲ႕ ဈာပနာပြဲနဲ႔ ပတ္သက္ၿပီး ငါတို႔ ဘာလုပ္ၾကမွာလဲ?” အခုေတာ့ ေဇာင္ခ်ီ ကထြက္သြားခဲ့ၿပီး ထပ္ၿပီးေတာ့ သည္းခံၿပီး ဟန္ေဆာင္ေနဖို႔ မလိုေတာ့ေပ။
သူမရည္႐ြယ္ခ်က္ေတြကို ဖြင့္ျပဖို႔သာ ရွိေတာ့သည္။ အားလုံးအခ်ိန္ကိုက္ျဖစ္ဖို႔က အရမ္းအေရးႀကီးသည္။ သူမသာ အခ်ိန္လြဲသြားခဲ့ရင္ သူမရဲ႕ ေနာက္ပိုင္းအစီစဥ္ေတြက ရႈပ္ေထြးသြားလိမ့္မည္။ လက္ေထာက္ေက်ာင္ ကေျပာလိုက္သည္။
“မဒမ္၊ မိန္းကေလးနဲ႔ ကြၽန္ေတာ္တို႔ အေပၚပိုင္း စီမံခန႔္ခြဲတဲ့ လူေတြက ဒါကို ဂ႐ုစိုက္လိုက္ပါမယ္”
“ဟြမ္ဟြမ္ ကငယ္ေသးတုန္းပဲ။ သူမက ဒါကို ကိုင္တြယ္ႏိုင္မွာ မဟုတ္ဘူး” ရႈရန္ေဟြ႕ ကအနည္းငယ္ ပူပန္စြာျဖင့္ ေျပာလိုက္သည္။
သူမလုပ္ခဲ့တာေတြက ေစ့စပ္ေသခ်ာခဲ့တယ္လို႔ သူမ ထင္ေနခဲ့သည္။ အရင္က မိသားစု ဆရာဝန္က ထြက္ေျပးခဲ့သည္။ ဘယ္သူကမွ သူမကို သံသယဝင္မွာ မဟုတ္ဘူး။
အဆုံးမွာေတာ့ သူမက ေဇာင္ခ်ီ အၿမဲတမ္း တမ္းတေနခဲ့တဲ့ တစ္ေယာက္ျဖစ္ခဲ့တယ္…. ဒါေပမဲ့ အခုေတာ့ ဘာေတြဆက္ျဖစ္မွာလဲ?
လက္ေထာက္ေက်ာင္ ကသူမကို ဘာေၾကာင့္ဖယ္ထုတ္ဖို႔ ႀကိဳးစားေနတာနဲ႔ တူေနရတာလဲ? ရႈရန္ေဟြ႕ ရဲ႕ႏွလုံးသားက ထပ္ၿပီးက်သြားခဲ့သည္။ လက္ေထာက္ေက်ာင္ ေျပာလိုက္သည္။
“မိန္းကေလးက ႏိုင္ငံျခားမွာ ႏွစ္အေတာ္ၾကာ ေနခဲ့တယ္၊ ဒါေၾကာင့္ ဒီကိစၥကို သူမ ကိုင္တြယ္ႏိုင္မွာပါ” ရႈရန္ေဟြ႕ ရဲ႕မ်က္ႏွာက ေအးစက္သြားသည္။
“ဟြမ္ဟြမ္ ကငယ္ေသးတယ္လို႔ ငါေျပာေနတယ္ေလ။ သခင္ႀကီးရဲ႕ ကိစၥေတြကို ငါတိုေကာင္းေကာင္းမြန္မြန္ ဂ႐ုစိုက္ေပးဖို႔ လိုအပ္တယ္။ ယုရွန္း နဲ႔ငါကလည္း ေကာင္းေကာင္း ကူညီေပးသင့္တယ္….”
“မဒမ္ နည္းနည္းေလာက္ အနားယူသင့္တယ္။ မိန္းကေလးက တရားဝင္ အေမြဆက္ခံသူပါ။ သူမကပဲ ဒီကိစၥေတြကို ကိုင္တြယ္သင့္တယ္” ရႈရန္ေဟြ႕ အခ်ိန္အနည္းငယ္ေလာက္ ရပ္သြားၿပီး ေမးလိုက္သည္။
“နင္အခု ဘာေျပာလိုက္တာလဲ?” ရႈယုရွန္း မ်က္ႏွာလည္း အေရာင္ေျပာင္းသြားသည္။
“နင္ဘာအေၾကာင္း ေျပာေနတာလဲ? ရႈရွင္း နဲ႔ငါကေကာ အေဖ့ရဲ႕ ကေလးေတြ မဟုတ္ဘူးလား? သူမကပဲ မွန္ကန္တဲ့ အေမြဆက္ခံသူဆိုတာ ဘာကို ဆိုလိုတာလဲ?” ရႈရန္ေဟြ႕ ကအခုေတာ့ တုန္လႈပ္လာခဲ့သည္။ တည္ၿငိမ္ဖို႔ ႀကိဳးစားေနၿပီး ေျပာလိုက္သည္။
“သခင္ႀကီးက ကေလးေတြကို ဘယ္တုန္းကမွ အသိအမွတ္မျပဳခဲ့ရင္ေတာင္ ငါက သူနဲ႔ လက္ထပ္ခဲ့တာပါ။ သူတို႔က ေသြးသားေတာ္စပ္တယ္ဆိုတာကို DNA ကလည္း ျပလို႔ရတယ္…..”
လက္ေထာက္ေက်ာင္ ကဒီအရာေတြကို နည္းနည္းေလးေတာင္ စိတ္မဝင္စားေပ။ သူက ေဇာင္ယုဟြမ္ ဘက္ကိုလွည့္လိုက္ၿပီး ေျပာလိုက္သည္။
“မိန္းကေလး၊ သူေဌးေဇာင္ ရဲ႕ဈာပနာပြဲကို အရင္ဆုံး မစီစဥ္ရတာလဲ?” ေဇာင္ယုဟြမ္ ကေခါင္းညိတ္လိုက္ၿပီး ရႈရန္ေဟြ႕ နဲ႔သူမသမီးကို တစ္ခ်က္ေတာင္ လွည့္မၾကည့္ေပ။
အစကတည္းက သူတို႔က ေဇာင္ယုဟြမ္ နဲ႔အဆင့္မတူဘူးဆိုတာကို သူတို႔က ဘယ္တုန္းကမွ မသိခဲ့ၾကေပ။ ရႈရန္ေဟြ႕ နဲ႔ ရႈယုရွန္း တို႔က ေရခဲလႊာပါးပါးေလးကို နင္းထားၾကၿပီး သူတို႔လိုခ်င္တာကိုသာ ရႏိုင္ဖို႔အတြက္ အစီအစဥ္ေတြကို ခ်ထားခဲ့ၾကၿပီး ျခယ္လွယ္ျခင္းေတြသာ ျပဳလုပ္ခဲ့ၾကသည္။
ရႈရန္ေဟြ႕ က ရႈရွင္း နဲ႔ ရႈယုရွန္း ကိုေကာင္းေကာင္း ပ်ိဳးေထာင္ေပးမလဲဆိုတာကို ဘယ္တုန္းကမွ မသိခဲ့ေပ။ ေဇာင္ယုဟြမ္ ကႏိုင္ငံျခားကို သြားခ်ိန္မွာ သူတို႔က တိုက္ပြဲတြင္ အႏိုင္ရၿပီလို႔ သူမ ထင္ခဲ့သည္။
ေဇာင္ယုဟြမ္ ကႏိုင္ငံျခားကို ထြက္သြားတာေတာင္ ဒီကိစၥက သူမထံတြင္သာ ရွိေနလိမ့္မယ္လို႔ သူတို႔ မသိခဲ့ၾကေပ။ ေဇာင္ယုဟြမ္ ကသူတို႔နဲ႔အတူ အခ်ိန္ျဖဳန္းေနဖို႔ေတာင္ စိတ္မဝင္စားခဲ့ေပ။
သူမက ေကာင္းေကာင္း သင္ယူၿပီး ျပန္လာတာနဲ႔ သူတို႔က သူမကို ဆန႔္က်င္ဖို႔ အခြင့္အေရး ရွိၾကေတာ့မည္ မဟုတ္ေပ။ ဒါက ကြဲျပားသည့္ လူမႈစီးပြားေရး အဆင့္နဲ႔ ႀကီးမားသည့္ ပုံရိပ္ရွိေနျခင္းရဲ႕ ျခားနားခ်က္ပင္ ျဖစ္သည္။
ေဇာင္ယုဟြမ္ ကအေရွ႕ကို ေျခလွမ္းအနည္းငယ္ သြားလိုက္ၿပီး လွည့္လိုက္ကာ လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ကို ေျပာလိုက္သည္။
“ငါ့ကိုေစာင့္ေန”
ဟုန္ခ်န္းမင္း – “အိုေက”
လီဂ်င္ယြမ္ – “ဟြမ္ဟြမ္ သြား”
သူတို႔ႏွစ္ေယာက္လုံးက ရႈပ္ေထြးသည့္ကို ခံစားခ်က္ေတြကို ခံစားေနရသည္။ ေဇာင္ယုဟြမ္ ကသူတို႔အတြက္ အၿမဲတမ္းကို ေတာက္ပၿပီး ထြန္းလင္းေနသည့္ ၾကယ္ေလးျဖစ္သည္။ က်ိဳးပဲ့လြယ္ၿပီး လွပသည့္ အသြင္အျပင္ေအာက္တြင္ သူမက သန္မာၿပီး ျပတ္သားသည့္ ႏွလုံးသားရွိသည္။
သူမက အၿမဲတမ္း သူတို႔နဲ႔ အေရွ႕တစ္လွမ္း အကြာတြင္ ရွိေနခဲ့သည္။ ဒီလိုအခ်ိန္မွာေတာင္ သူမက အရာအားလုံးကို အလြယ္တကူ ကိုင္တြယ္ႏိုင္ခဲ့သည္။
သူမကို တစ္ေယာက္ေယာက္က မက်ရႈံးဘူးဆိုတာ ဘယ္လိုလုပ္ ျဖစ္ႏိုင္မွာလဲ?
ရႈရန္ေဟြ႕ နဲ႔ ရႈယုရွန္း တို႔က ေဇာင္ယုဟြမ္ ကေဝးကို ေလွ်ာက္သြားတာကိုသာ ၾကည့္႐ုံပဲ ၾကည့္ေနႏိုင္ခဲ့ၾကသည္။ သူတို႔ႏွလုံးသားေတြက အခုန္ျမန္ေနၾကၿပီး အသက္ရႉဖို႔ေတာင္ ခက္ခဲလာခဲ့ၾကသည္။
ဘာေတြျဖစ္ေနတာလဲ?
ရႈရန္ေဟြ႕ က ေဇာင္ယုဟြမ္ ရဲ႕တည္ရွိေနမႈက ျမင့္မားၿပီး ခြန္အားႀကီးမားတယ္လို႔ ခံစားလိုက္ရသည္။ သူမက သူတို႔ကို ဘယ္တုန္းကမွ တန္းတူအျဖစ္ မၾကည့္ခဲ့ဖူးဘူး….
အဆင္မေျပတာကို သူမ ခံစားလိုက္ရသည္။ ဒီအခ်ိန္အတြက္ သူမ စီစဥ္ဖို႔ ႏွစ္ေပါင္းမ်ားစြာ ကုန္ဆုံးခဲ့သည္…… ရႈရန္ေဟြ႕ အံႀကိတ္လိုက္သည္။
ထိုအခ်ိန္တြင္ ဓာတ္ေလွကား တံခါးက ထပ္ပြင့္လာခဲ့ၿပီး လူအမ်ားအျပားက ထြက္လာခဲ့ၾကသည္။ သူတို႔အားလုံးက ရဲဝတ္စုံေတြကို ဝတ္ဆင္ထားၾကၿပီး သူတို႔ပုံစံေတြက ေအးစက္ေနၾကသည္။
“ငါတို႔ကို ဘယ္သူေခၚခဲ့တာလဲ?” လက္ေထာက္ေက်ာင္ ကေျဖလိုက္သည္။
“ကြၽန္ေတာ္ ေခၚခဲ့တာ”
“သံသယရွိသူက ဘယ္မွာလဲ?” လက္ေထာက္ေက်ာင္ က ရႈရန္ေဟြ႕ ကိုၾကည့္လိုက္သည္။
ရႈရန္ေဟြ႕ ကသူမႏွလုံးသားတြင္ ေအးစက္ မႈကို ခံစားလိုက္ရၿပီး ႐ုတ္တရက္ ဆိုး႐ြားသည့္ ခံစားခ်က္ကို ခံစားလိုက္ရသည္။ သူမရဲ႕ ဆိုး႐ြားသည့္ ခံစားခ်က္က ေနာက္မိနစ္ အနည္းငယ္အတြင္ အမွန္တကယ္ ျဖစ္လာခဲ့သည္။ လက္ေထာက္ေက်ာင္ ေျပာလိုက္သည္။
“အဲ့ဒါက မစၥရႈရန္ေဟြ႕ နဲ႔မိန္းကေလး ရႈယုရွန္း တို႔ပါ။ သူေဌးေဇာင္နဲ႔ ကြၽန္ေတာ္တို႔က သူ႔ကို ဒုကၡေပးတဲ့လူကို ရွာေဖြခဲ့ပါတယ္။ သူေဌးေဇာင္ ကဒီအေၾကာင္းကို ခံစားမိခဲ့တယ္…. ဒါေပမဲ့ ဒီအရာက ကြၽန္ေတာ္တို႔ ခန႔္မွန္းထားတာထက္ ပိုျမန္သြားခဲ့တယ္”
ရႈယုရွန္း ရဲ႕အမူအရာက ေျပာင္းလဲသြားၿပီး ေအာ္ဟစ္လိုက္သည္။
“ဒါက အႏိုင္က်င့္တာပဲ! နင္က ေဇာင္ယုဟြမ္ နဲ႔ညႇိဳႏႈိင္းထားတာ! သူမက နင့္ကို ေငြေပးထားတယ္ မဟုတ္လား? ငါ့အေမနဲ႔ ငါက ဘယ္တုန္းကမွ အေဖ့ကို ဒီလိုမ်ိဳး ဆိုး႐ြားတဲ့ အရာေတြကို မလုပ္ခဲ့ဘူး!”
ရဲေတြက သူမေအာ္ဟစ္ေနတာကို ဂ႐ုမစိုက္ပဲ ေအးစက္စြာသာ ေျပာလိုက္သည္။
“သူတို႔ကို ေခၚခဲ့၊ အခု စစ္ေဆးမယ္။ ဒီကိစၥမွာ လုပ္ႀကံသူက ဘယ္သူလဲဆိုတာ လူတိုင္းကို ေမးခြန္းေမးရလိမ့္မယ္…”
ေနာက္ဆုံးေတာ့ ရႈရန္ေဟြ႕ သိသြားခဲ့သည္။ ေဇာင္ခ်ီ ကဒီအေၾကာင္းကို သိခဲ့ၿပီးသားေပါ့! ဒီအေၾကာင္းကို သူသိေနခဲ့တယ္!
ရႈရန္ေဟြ႕ ရဲ႕မ်က္ႏွာကေန မ်က္ရည္ေတြက က်ဆင္းလာခဲ့သည္။ ဒီ God*mn လူႀကီးကေတာ့…. သူက ဘယ္လိုလူမ်ိဳးလဲဆိုတာ သိေနၿပီး သူမ ေတြ႕သြားခ်ိန္မွာ ေျပာင္းလဲသြားခဲ့တယ္….
သူက သူတို႔ရဲ႕ DNA စစ္ေဆးခ်က္ကိုေတာင္ တားဆီးခဲ့တာလား? ဒါက ျဖစ္ႏိုင္တာပဲ….
ဒီလူက သူထိန္းခ်ဳပ္ႏိုင္တဲ့ အရာအားလုံးကို ႏွစ္သက္ခဲ့သည္။ သူ႔အမိန႔္ေအာက္မွာ မလိုက္နာႏိုင္တဲ့ ဘယ္သူ႔ကိုမဆို သူက ဆန႔္က်င္လိမ့္မည္။ သူမက သူနဲ႔အတူ ႏွစ္ေပါင္းမ်ားစြာ ရွိခဲ့ၿပီး ရႈရွင္း ကိုလည္း ေဇာင္ရဲ႕သားအျဖစ္ လက္မခံခဲ့ေသးဘူး။
သူမ ပိုသိခဲ့သင့္တယ္…. ဒါက ၿပီးသြားခဲ့ၿပီ။ ဒါေတြအားလုံးက ၿပီးဆုံးသြားခဲ့ၿပီ။ ဒီတစ္ႀကိမ္ေတာ့ ရႈရန္ေဟြ႕ အမွန္တကယ္ လဲၿပိဳက်သြားခဲ့ၿပီး ျပန္ေတာင္ မထႏိုင္ေတာ့ေပ။
လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ကဘာေတြ ျဖစ္ေနလဲဆိုတာ ပိုပိုသိလာခဲ့သည္။ သူတို႔က ေဇာင္ယုဟြမ္ ကကြၽမ္းက်င္ေနတာကို အံ့အားသင့္ေနတာေတာင္ သူမအတြက္ ဝမ္းနည္းပူေဆြးမႈကို ခံစားေနရသည္။
သူမက လြန္ခဲ့တဲ့ ႏွစ္ေတြတုန္းက သူမ အေမကို ဆုံးရႈံးခဲ့ရတယ္၊ အခုေတာ့ ႏွစ္အနည္းငယ္ ၾကာၿပီးေတာ့ သူမအေဖကိုလည္း ဆုံးရႈံးသြားခဲ့ရတယ္၊ ဒါေတြအားလုံးက ျဖစ္ပ်က္ခဲ့တယ္…..
႐ုတ္တရက္ လီဂ်င္းယြမ္ ကေျပာလိုက္သည္။
“ဒီကိစၥကို လန္ဂ်င္းဇီ ကအမ်ားႀကီး ကူညီေပးခဲ့တယ္”
ဟုန္ခ်န္းမင္း – “ငါတို႔ကို ႐ိုက္ႏွက္ဖို႔ ခြင့္ျပဳေပးလိုက္ မယ္”
သူတို႔ လုပ္ႏိုင္တာကို ဆႏၵရွိၾကၿပီး ခ်က္ခ်င္းပင္ ထိုအခ်ိန္အတြင္းမွာ သူတို႔က ပိုပိုၿပီး အင္အားေတာင့္တင္းလာၾကသည္။ ဒီနည္းလမ္းက… သူမဘဝမွာ သူတို႔က ပိုၿပီး အေရးပါလာမလား?
ဟုန္ခ်န္းမင္း ကေျပာလိုက္သည္။ “ဒီေနရာမွာ ငါတို႔လုပ္ဖို႔ ဘာမွမရွိဘူးလို႔ မဆိုလိုဘူး”
ထိုစကားကို ေျပာလိုက္ရင္း ဟုန္ခ်န္းမင္း က ရႈရန္ေဟြ႕ ကိုၾကည့္လိုက္ၿပီး ရႈယုရွန္း ကိုလည္း ၾကည့္လိုက္ၿပီး ေျပာလိုက္သည္။
“သူတို႔အတြက္ ဒီျပစ္မႈကို က်ဴးလြန္ေစဖို႔ ေနာက္ကြယ္ကေန ေထာက္ပံ့ေပးတဲ့ တျခားသူေတြလည္း ရွိႏိုင္ေလာက္တယ္…”
ဟုန္ခ်န္းမင္း ကသူ႔ဖုန္းကို ထုတ္လိုက္ၿပီး ေခၚလိုက္သည္။ လီဂ်င္းယြမ္ ကသူ႔အျပဳအမူကို ၾကည့္လိုက္ၿပီး ေမးလိုက္သည္။
“ဒီၿပီးခဲ့တဲ့ ႏွစ္ႏွစ္အတြင္း မင္းဘာေတြ လုပ္ေနခဲ့တာလဲ?” ဟုန္ခ်န္းမင္း ကသူ႔ကို တစ္ခ်က္ၾကည့္လိုက္ၿပီး ေျပာလိုက္သည္။
“မင္းဘာေတြ လုပ္ေနလဲဆိုတာကို တစ္ခါမွ မေျပာခဲ့ဖူး မဟုတ္လား?” လီဂ်င္းယြမ္ သူ႔ပါးစပ္ကို ပိတ္လိုက္သည္။
ေဇာင္ယုဟြမ္ ကတစ္ေယာက္တည္း ရွိေပမဲ့ သူတို႔ကေတာ့ ႏွစ္ေယာက္ရွိသည္။ သူတို႔က ပိုပိုၿပီး အ႐ြယ္ေရာက္လာရင္း သူတို႔က ေဇာင္ယုဟြမ္ ရဲ႕တစ္ဦးတည္းေသာ အစ္ကို ျဖစ္ဖို႔ကိုသာ ပိုပိုၿပီး ဆႏၵရွိလာၾကသည္။
သူတို႔ရဲ႕ အ႐ိုးထဲအထိ ထြင္းထုထားသလိုမ်ိဳး ပိုင္ဆိုင္လိုျခင္းေတြက သူတို႔ တစ္ကိုယ္လုံး ျပန႔္ႏွံ႔ေနၿပီး ဒါကို ဘယ္တုန္းကမွ ဖယ္ရွားလို႔ မရႏိုင္ေပ။
ဒါကို အက်ယ္ႀကီး မေျပာၾကပဲ စိတ္ထဲတြင္သာ ထားေနခဲ့ၾကၿပီး တစ္ေယာက္နဲ႔ တစ္ေယာက္ ယွဥ္ၿပိဳင္ေနခဲ့ၾကသည္။ ပုံမွန္ပင္ သူတို႔က ဘယ္ေလာက္ ရရွိထားလဲဆိုတာကို ဘယ္တုန္းကမွ ထုတ္မျပခဲ့ၾကေပ။
သူတို႔က ဒါကို ထုတ္ျပရရင္ေတာင္ ဟြမ္ဟြမ့္ ကိုပဲထုတ္ျပႏိုင္သည္။ ထိုအေၾကာင္းကို စဥ္းစားလိုက္ရင္း သူတို႔ႏွစ္ေယာက္ရဲ႕ ပုံစံက ေျပာင္းလဲသြားၿပီး သူတို႔ႏွစ္ေယာက္လုံးရဲ႕ မ်က္လုံးထဲတြင္ စူးရွေနမႈေတြက ေပ်ာက္ကြယ္သြားခဲ့သည္။
တစ္ခ်ိန္တည္းတြင္ လန္ဂ်င္းဇီ ကဟိုတယ္ကေန ထြက္လာခဲ့ၿပီး ေဆး႐ုံေအာက္ကို ေရာက္လာခဲ့သည္။ သူမက နည္းနည္းေတာ့ ဝမ္းနည္းေနဦးမလား?
ႏွစ္အနည္းငယ္အတြင္း သူမက ကေလးမေလး ကတည္းက သူမ မိခင္ကို ဆုံးရႈံးခဲ့ရသည္။ သူမေဘးမွာ သူ ရွိမေနခဲ့ေပ။ ဒီတစ္ႀကိမ္ေတာ့ သူမနဲ႔အတူ ရွိေနေပးခ်င္သည္။
အခု…. သူမက သူ႔ကို အရမ္းေကာင္းတဲ့ အစ္ကိုလို႔ ခံစားရႏိုင္လား?
ရႈရန္ေဟြ႕ ကို အေနာက္တြင္ ေထာက္ပံ့ေပးတဲ့ တစ္စုံတစ္ေယာက္ ရွိခဲ့သည္။ သူမရဲ႕ မူလရည္႐ြယ္ခ်က္က ေဇာင္အိမ္ေတာ္ရဲ႕ အထက္ပိုင္းက စီမံခန႔္ခြဲမႈကို ရရွိဖို႔ျဖစ္ေပမဲ့ ေဇာင္ခ်ီ ကအရမ္းကို ထိန္းခ်ဳပ္လြန္းတဲ့ သူတစ္ေယာက္ ျဖစ္သည္။
သူမအတြက္ အရာပစၥည္းေတြကို ဝယ္ေပးေပမဲ့ သူမကို ေငြအမ်ားႀကီး မေပးေပ။ ဒါက ေဇာင္အိမ္ေတာ္ရဲ႕ အထက္ပိုင္း စီမံခန႔္ခြဲမႈအတြက္ေတာင္ ေသးငယ္လြန္းတဲ့ ပမာဏျဖစ္သည္။ ရႈရန္ေဟြ႕ တျခားဘာလုပ္ရမလဲ မသိခဲ့ေပ။
အဆုံးတြင္ ရႈယုရွန္း ကဒီအေၾကာင္းကို သူမခင္ပြန္းအား ေျပာခဲ့သည္။ ဒီမစၥတာနန္ ကေကာင္းတဲ့ လူတစ္ေယာက္ မဟုတ္ေပ။ သူတို႔ရဲ႕ အစီအစဥ္ေတြကို သိၿပီးေနာက္တြင္ သူ႔ရဲ႕ ပထမဆုံး တုန႔္ျပန္ခ်က္ကို ေဇာင္ခ်ီ အားသိခြင့္မျပဳခဲ့ေပမဲ့ ရႈယုရွန္း ကိုအေမြဆက္ခံခြင့္ ရႏိုင္ေအာင္ ကူညီေပးခဲ့သည္။
သူက ေနာက္ကြယ္ကေန အက်ိဳးအျမတ္ရႏိုင္ေအာင္ ကူညီေပးခဲ့သည္။ သူ႔ပုံရိပ္က နန္အိမ္ေတာ္တြင္ အျမင့္ႀကီး မဟုတ္ေပ။ ဒီလိုမွ မဟုတ္ရင္ သူက ရႈယုရွန္း ကိုပထမ ဇနီးအျဖစ္ လက္ထပ္ႏိုင္မွာ မဟုတ္ေပ။
ဒါက ဘာေၾကာင့္လဲဆိုေတာ့ သူက ေဇာင္အိမ္ေတာ္ရဲ႕ အေမြေတြကို မနာလိုျဖစ္ခဲ့သည္။ သူက ေဇာင္အိမ္ေတာ္တြင္ နန္အိမ္ေတာ္ရဲ႕ နာမည္ကို အသုံးျပဳၿပီး စီမံခန႔္ခြဲခ်င္ခဲ့သည္။ သူ႔ဘက္တြင္ ရွိလာဖို႔ မလိုအပ္ေပ။
မွန္ကန္တဲ့အခ်ိန္တြင္သာ သူတို႔ကို လႈပ္ရွားဖို႔ ဦးတည္ေစခဲ့သည္။ သူက လူရမ္းကား အုပ္စုတစ္စုကို ငွားရမ္းခဲ့ၿပီး ေဆး႐ုံတစ္ဝိုက္တြင္ ေစာင့္ၾကည့္ေနေစခဲ့သည္။ သူတို႔က လန္ဂ်င္းဇီ ျဖစ္ျဖစ္၊ ေဇာင္ယုဟြမ္ ျဖစ္ျဖစ္ ျမင္လိုက္သည္ႏွင့္ သူတို႔ လမ္းကို ရပ္တန႔္ခိုင္းထားခဲ့သည္။
ေဇာင္ယုဟြမ္ ထြက္လာခ်ိန္တြင္ ထိုလူရမ္းကား အုပ္စုက ေရာက္လာခဲ့ၾကသည္။ သူတို႔က ေဆး႐ုံကို ေရာက္လာခဲ့ၾကၿပီး ေဇာင္ယုဟြမ္ ကိုဆန႔္က်င္ဖို႔ သ႐ုပ္ေဆာင္ရန္ စီစဥ္ခဲ့ၾကသည္။
သူမကို သတ္ပစ္တာ၊ ဒဏ္ရာအမ်ားႀကီး ရဖို႔မဟုတ္ေပမဲ့ သူမကို ျပန္ေပးဆြဲၿပီး အခ်ိန္အေတာ္ၾကာ ထိန္းသိမ္းထားဖို႔ ျဖစ္သည္။ ဒါမွသာ ရႈရန္ေဟြ႕ ကို ေဇာင္ခ်ီ ရဲ႕အလိုကို ခ်ဳပ္ကိုင္ၿပီး သူမကို ဆက္ခံသူအျဖစ္ ခြင့္ျပဳေပးလိမ့္မည္။
ဒါေပမဲ့ အခုေတာ့ ဒီလူရမ္းကား အုပ္စုက အေနာက္ဘက္ လမ္းၾကားကို ဆြဲသြင္းထားျခင္း ခံခဲ့ရသည္။ အေနာက္လမ္းၾကားက သိပ္ၿပီး မလင္းေပ။ မဲေမွာင္ၿပီး အကုန္လုံးကေတာ့ ညည္းတြားေနၾကသည့္ ဆူညံသံေတြကိုသာ ၾကားႏိုင္ၾကသည္။
ေဇာင္ခ်ီ ကကိုယ္က်ိဳးသာ ၾကည့္ၿပီး သူ႔ဘာသာပဲ ဂ႐ုစိုက္ခဲ့သည္။ အခုေတာ့ ရႈရန္ေဟြ႕ ဆီကေန အသတ္ခံခဲ့ရၿပီး ဒါေတြအားလုံးကေန မခ်ိဳးျဖတ္ႏိုင္ေတာ့ေပ။ ေသျခင္းရဲ႕ အဓိက အေၾကာင္းအရင္းကို စုံစမ္းရန္ အေလာင္းကို ခြဲစိတ္ဖို႔ ေျပာင္းေ႐ႊ႕ခဲ့သည္။
တဖက္တြင္ ရႈရန္ေဟြ႕ နဲ႔ ရႈယုွရန္း တို႔က စုံစမ္းစစ္ေဆးရန္အတြက္ ရဲေတြရဲ႕ ေခၚေဆာင္ျခင္းကို ခံခဲ့ရသည္။ ေဇာင္ယုဟြမ္ ကဘာမွ မေျပာပဲ လက္ေထာက္ေက်ာင္ ကလမ္းတိုင္းကို ကူညီေပးခဲ့သည္။
သူနဲ႔အတူ ေဇာင္ခ်ီ ရဲ႕ေရွ႕ေနကို ေခၚခဲ့ၿပီး ေဇာင္ယုဟြမ္ နဲ႔ပတ္သက္ၿပီး ပိုင္ဆိုင္မႈအေၾကာင္းေတြကို စတင္လိုက္သည္။ ေဇာင္ခ်ီ ကအလိုမရွိေပမဲ့ သူ႔ေရွ႕ေနအား ရႈရန္ေဟြ႕၊ သူမသမီးနဲ႔ သူမသားတို႔အား သူ႔အေမြေတြကို မေပးဖို႔ ေျပာခဲ့သည္။
ဒါက အေတာ္ေလးကို က်ယ္ျပန႔္ၿပီး သူတို႔ကိုလည္း DNA စစ္ေဆးခြင့္ေတြ၊ တျခားအရာေတြကို ျပဳလုပ္ခြင့္ မျပဳခဲ့ေပ…. သူတို႔က ထြက္သြားဖို႔သာ ေ႐ြးခ်ယ္ႏိုင္သည္။ ဆိုလိုတာကေတာ့ ေဇာင္ယုဟြမ္ ကအခုေတာ့ တရားဝင္ အေမြဆက္ခံသူ ျဖစ္လာခဲ့သည္။
ေဇာင္ယုဟြမ္ ကဒီအေၾကာင္းကို လက္ေထာက္ေက်ာင္ ဆီကေန ၾကားလိုက္ၿပီးေနာက္ သက္ျပင္းသာ ခ်ႏိုင္ခဲ့သည္။ ေဇာင္ခ်ီ ကအၿမဲတမ္း အတၱႀကီးၿပီး သူ႔ကိုယ္သူသာ ယုံၾကည္သည္။
ဒါေၾကာင့္ ရႈရန္ေဟြ႕ ကသူ႔အေပၚတြင္ ဘာလုပ္ခဲ့လဲဆိုတာကို သိၿပီးေနာက္တြင္ ႏွစ္ေပါင္းမ်ားစြာ ၾကာသည္အထိ သူတို႔လိုခ်င္တာေတြကို ခ်က္ခ်င္းပင္ ပယ္ခ်ခဲ့သည္။ သူ႔ဆုံးျဖတ္ခ်က္ေတြက ေဇာင္ယုဟြမ္ ကိုေတာင္ အံ့အားသင့္ေစခဲ့သည္။
တခ်ိဳ႕ ရႈေထာင့္မွ ၾကည့္ရင္ သူတို႔ႏွစ္ေယာက္က တစ္ေယာက္နဲ႔ တစ္ေယာက္ အေတာ္ေလး ရင္းႏွီးၾကသလိုပင္။
#ဘာလိုလိုနဲ႔ translate လုပ္ၿပီးတဲ့ အထိေတာင္ မွီေတာ့မယ္ 😊😊
8.7.2020 (Wed)
…………………….
[text_hash] => b5d981b6
)