Array
(
[text] =>
<Unicode>
ငါတို့အားလုံး အရွယ်ရောက်လာပြီ
“နင်ဘာကြည့်နေတာလဲ?” မိန်းကလေးက ရုတ်တရက် ဇောင်ယုဟွမ် ကိုမော့ကြည့်လိုက်ပြီး သူမအသံက အနည်းငယ် အေးစက်နေသည်။ ဇောင်ယုဟွမ်က တိတ်ဆိတ်စွာ လှည့်လိုက်ပြီး မေးလိုက်သည်။
“မင်း တစ်ရှူးယူမလား?”
“မယူဘူး” မိန်းကလေးက အေးစက်စွာ ပြောလိုက်သည်။
အို၊ သူမ မေ့သွားတယ်။ အမျိုးသမီး ဇာတ်ကောင်က ပြန်မွေးဖွာလာတာနဲ့ ချက်ချင်းပဲ သူမက စတင် တောက်ပလာပြီး ဒေါသတွေနဲ့ ပြည့်နေခဲ့တယ်။
သူမရဲ့ လမ်းကြောင်းပေါ်ကို မလျှောက်မိတာက အကောင်းဆုံး ဖြစ်လိမ့်မယ်။ ဇောင်ယုဟွမ် ကတိတ်ဆိတ်စွာနဲ့ ထောင့်ဘက်ကို တိုးသွားလိုက်သည်။ ထိုအချိန်မှာ ဇောင်ယုဟွမ် ရဲ့ဖုန်းက မြည်လာခဲ့သည်။
ထုတ်လိုက်ပြီး တစ်ချက်ကြည့်လိုက်သည်။ ခေါ်သူနာမည်ကတော့ လီဂျင်းယွမ် ဖြစ်သည်။ ဇောင်ယုဟွမ် မထိန်းချုပ်နိုင်စွာဖြင့် အမျိုးသမီး ဇာတ်ကောင်၊ လင်းရှီလန် ကို တစ်ချက် ကြည့်လိုက်သည်။
သူမက အခုလက်ရှိ ဘယ်လို ခံစားနေရလဲဆိုတာ ဇောင်ယုဟွမ် မပြောတက်ပေ။ သူမ ဖုန်းဖြေလိုက်သည်။ တဖက်မှ လီဂျင်းယွမ် ရဲ့အသံက ထွက်လာခဲ့သည်။
“ဟွမ်ဟွမ်၊ ငါတို့ အောက်ထပ်ကို ရောက်ပြီ။ မင်းက ဘယ်အထပ်မှာလဲ?” သူ့အသံက စိုးရိမ်နေပုံ ပေါ်သည်။ ဇောင်ယုဟွမ် ခနရပ်လိုက်ပြီး ချက်ချင်း ပြန်ပြောလိုက်သည်။
“အောက်ထပ်မှာပဲ စောင့်။ ငါ မဖျားဘူး။ တွေ့မှာပဲ ရှင်းပြမယ်” လီဂျင်းယွမ် ရဲ့အသံက အနည်းငယ် ပုံမှန်ပြန်ဖြစ်သွားသည်။ “အိုကေ၊ ငါစောင့်နေမယ်”
ထို့နောက် ဒီလိုမျိုးနဲ့ ဟုန်ချန်းမင်း ကိုထပ်ပြီး ဖယ်ထုတ်လိုက်သည်။ သူ့ဖက်တွင် ဟုန်ချန်းမင်း ရဲ့မျက်နှာက အနည်းငယ် မဲမှောင်နေသည်။ လီဂျင်းယွမ် ကဒါကို မမြင်ချင် ဟန်ဆောင်လိုက်ပြီး ဓာတ်လှေကား ဘက်ကို ကြည့်လိုက်သည်။
ဓာတ်လှေကားက ပထမထပ်ကို လျင်မြန်စွာ ရောက်လာခဲ့သည်။ တံခါးက ပွင့်သွားပြီး ဇောင်ယုဟွမ် ကလျှောက်ထွက်လိုက်သည်။ လင်းရှီလန် ကအနောက်ကို တစ်လှမ်းဆုတ်လိုက်ပြီး သူမအနောက်ကနေ ဓာတ်လှေကားကနေ ထွက်လိုက်သည်။
လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ကို ဇောင်ယုဟွမ် ချက်ချင်း မြင်သွားခဲ့သည်။ သူတို့က ၁.၉ မီတာအထိ ထိုးတက်ကာ ပိုပြီး အရပ်ရှည်ကာ သန်မာလာကြသည်။ တစ်ယောက်က အားကစား ဂျာကင်နဲ့ဖြစ်ပြီး တစ်ယောက်ကတော့ ဝတ်စုံနဲ့ ဖြစ်သည်။
သူတို့နှစ်ယောက်က ကောင်းမွန်သည့် နေရာတွင် ရှိနေသလို ရပ်နေကြပြီး ဆွဲဆောင်မှုရှိကြသည်။ သူတို့မျက်နှာတွေက အများကြီး မပြောင်းလဲပေ။ သူမက သူတို့နဲ့ အချိန်အတော်ကြာ ရှိနေခဲ့လို့ ဖြစ်နိုင်သည်။
ဒါ့ကြောင့် သူတို့အသွင်အပြင်နဲ့ ပတ်သက်ပြီး ဘာမှထူးထူးခြားခြား မခံစားရတာ ဖြစ်နိုင်သည်။ ဇောင်ယုဟွမ် သူတို့ဆီကို လျှောက်သွားလိုက်သည်။ သူမ ဘာမှမပြောခင်မှာပဲ လီဂျင်းယွမ် ကသူမကို သူ့လက်မောင်းထဲ ဆွဲသွင်းလိုက်သည်။ သူမကျောကို နူးညံ့စွာနဲ့ ဖိထားပြီး ပြောလိုက်သည်။
“မင်းက ဖျားနေတာ မဟုတ်ဘူးလား?” ဇောင်ယုဟွမ် ကသူ့ပွေ့ဖက်မှုကို ဘယ်လိုတုန့်ပြန်ရမလဲဆိုတာ မသေချာပေ။ ထပ်ပြောရရင် အရပ်ကွာခြားမှုကြောင့် သူမမျက်နှာက သူ့ရင်ဘတ်ထဲ ရောက်နေသည်။ ဝိုးတိုးဝါးတာ အသံနဲ့သာ သူမ ပြန်ဖြေနိုင်ခဲ့သည်။
“အို၊ ငါမဟုတ်ဘူး။ ငါ့အဖေ”
ဟုန်ချန်းမင်း ကမျက်မှောင်ကြုတ်ထားရင်း လီဂျင်းယွမ် ရဲ့အပြုအမူကို စိုက်ကြည့်နေခဲ့သည်။ ဒါပေမဲ့ သူမ စကားကို ကြားပြီးနောက်တွင် မျက်မှောင်ကြုတ်တာကို ရပ်လိုက်သည်။ ဒီအချိန်နဲ့ ဒီနေရာမှာ မဟုတ်ဘူး။ သူမေးလိုက်သည်။
“ဘာဖြစ်ခဲ့လို့လဲ?” သူပြောပြီးနောက် သူ့လက်ကို ထုတ်လိုက်ပြီး ဇောင်ယုဟွမ် ကို လီဂျင်းယွမ် ရဲ့လက်မောင်းထဲကနေ ဆွဲထုတ်လိုက်ပြီး သူမပုံစံကို ဂရုတစိုက် လေ့လာလိုက်သည်။
“ပြီးခဲ့တဲ့ ညတုန်းက မင်းမအိပ်ခဲ့ဖူးလား?” ဟုန်ချန်းမင်း ကချက်ချင်းပဲ ပြောနိုင်ခဲ့သည်။
“ဟမ်၊ ငါမအိပ်နိုင်ဘူး။ သူက ICU ထဲမှာ ရှိနေတုန်းပဲ”
ဟုန်ချန်းမင်း ကလည်း သူမကို သူ့လက်မောင်းထဲကို ဆွဲသွင်းပြီး ပြောလိုက်သည်။
“ဟွမ်ဟွမ်…. ဒါက အဆင်ပြေသွားမှာပါ”
“ဟွမ်ဟွမ်၊ အဲ့ဒါက အဆင်ပြေမှာပါ” လီဂျင်းယွမ် ကလည်းပြောလိုက်ပြီး သူတို့ကို ဖက်လိုက်သည်။
နှစ်ယောက်က အရပ်ရှည်ပြီး သန်မာသည့် လူငယ်လေးတွေက သူမကို အလယ်တွင် ပိတ်ထားခဲ့သည်။ ဇောင်ယုဟွမ် ကသူမကိုယ်သူမ ဆန်းဒဝစ်ကြားက အသားလိုမျိုး ခံစားလိုက်ရသည်။
“…..”
သူတို့ ကလေးကတည်းက သူမက ဒါကို အသေအချာ ကိုင်တွယ်ခဲ့တယ်လို့ ခံစားခဲ့ရသည်။ နောက်ပြီး ဇာတ်လိုက်နဲ့ ဗီလိန် တို့ကိုလည်း တစ်ချိန်တည်းမှာ အခန်းအပိုနဲ့အတူ ကိုင်တွယ်နိုင်ခဲ့တယ်!
သူတို့ အရွယ်ရောက်လာပြီးနောက်မှာ ဒါက တော်တော်လေး ပိုပြီးတော့…. ခက်ခဲတဲ့ပုံ ပေါ်နေခဲ့တာလဲ?
သူမက အရမ်းကို ပုနေတာကြောင့်လား?
ဇောင်ယုဟွမ် ဘာလုပ်ရမှန်း မသေချာပေ။
“ငါအဆင်ပြေပါတယ်” ဇောင်ယုဟွမ် ပြောလိုက်သည်။ ထိုစကားကို ပြောလိုက်ရင်း လင်းချီလန် ကဆေးရုံ ဝင်ပေါက်ကို ရောက်ချိန်တွင် ရုတ်တရက် လှည့်လာခဲ့ပြီး လီဂျင်းယွမ် ကိုကြည့်လိုက်ပြီးနောက် ဇောင်ယုဟွမ် ကိုကြည့်လိုက်သည်။
ဇောင်ယုဟွမ် – “?”
ဒီအချိန်မှာ ဇာတ်လိုက်နဲ့ အမျိုးသမီး ဇာတ်လိုက်က တစ်ယောက်နဲ့ တစ်ယောက် မသိကြသေးဘူး မလား?
လင်းချီလန် ကလည်း သူမကို ဇောင်ယုဟွမ် ကြည့်နေတာကို သတိထားမိပြီး လှည့်သွားကာ ဆေးရုံအပြင်ကို လျှောက်သွားလိုက်သည်။
သူတို့ဖက်တွင် လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့က ဒီအကြောင်းကို လုံးဝမေ့နေခဲ့သည်။ သူတို့က သူတို့ကို ကြည့်နေမဲ့ တခြားသူတွေကို လုံးဝဂရုမစိုက်ပေ။
တကယ်လို့ ဒီနေရာမှာသာ မဟုတ်ခဲ့ရင် သူတို့က သူမကို ပွေ့ချီလိုက်မှာပင်။ ဒါက သူတို့ ငယ်ငယ်ကတည်းက လုပ်ချင်ကြသည့် အရာဖြစ်သည်….
သူမက မပျော်ရွှင်တာ၊ စိတ်ဓာတ်ကျတဲ့ အချိန်တွေမှာဆိုရင် သူတို့က မြန်နိုင်သမျှ မြန်မြန် ကြီးပြင်းလာပြီး အရပ်ပိုရှည်ကာ ပိုသန်မာလာဖို့သာ မျှော်လင့်ခဲ့ကြသည်။
ဒီနည်းလမ်းကပဲ သူတို့လက်မောင်းထဲမှာ သူမကို ပွေ့ဖက်ထားနိုင်မှာ ဖြစ်သည်။ သူမက အရမ်းကို သေးသွယ်ပြီး ချစ်ဖို့ကောင်းတာကြောင့် သူတို့လက်မောင်းထဲမှာပဲ သူမကို ပွေ့ဖက်ထားချင်ခဲ့သည်။
နောက်ဆုံးတွင် ဇောင်ယုဟွမ် ကအသက်ရှူရတာ ခက်ခဲလာတာကြောင့် သူတို့နှစ်ယောက်ကို တွန်းလိုက်သည်။ အရပ်ရှည်တဲ့ ကောင်လေး နှစ်ယောက်က ဘေးကို ရွေ့သွားပြီးနောက် ဇောင်ယုဟွမ် ကချက်ချင်းပဲ လတ်ဆတ်သည့် လေကို ရှူလိုက်သည်။
“ငါအဆင်ပြေတယ်၊ တကယ်ပဲ၊ ငါအဆင်ပြေတယ်”
လီဂျင်းယွမ် ကရုတ်တရက်ကြီး သူ့လက်ကို မြှောက်လိုက်ပြီး သူမပါးကို ထိလိုက်သည်။ သူ့လက်ချောင်းတွေက အနည်းငယ် နွေးထွေးနေသည်။ ရုန်းကန်လိုက်ပြီး ဇောင်ယုဟွမ် အနောက်ကို ခြေလှမ်းတစ်ဝက်ခွဲလောက် ဆုတ်သွားလိုက်သည်။
လီဂျင်းယွမ် ကသူ့လက်ကို ပြန်ယူလိုက်ပြီး ခံစားချက်နည်းနည်း ပျောက်ကွယ်သွားသလို ဖြစ်သွားသည်။ သူမပါးတွေကို ထိတာကို မကြိုက်သလို ဖြစ်နေခဲ့သည်။
ဇောင်ယုဟွမ် ရပ်လိုက်သည်။ ဒီတစ်ကြိမ်တွင် ဟုန်ချန်းမင်း ကသူ့လက်ကို မြှောက်လိုက်သည်။ လီဂျင်းယွမ် အစောပိုင်းက ထိခဲ့တဲ့နေရာကို ထိလိုက်သည်။ သူမပါးကို ပွတ်သပ်လိုက်ပြီး ပြောလိုက်သည်။
“အေးနေတယ်။ မင်းငိုခဲ့ပုံပဲ”
“ငါမငိုခဲ့ဘူး” ဇောင်ယုဟွမ် ကသူမပါးကို ပြန်ထိလိုက်ပြီး ပြောလိုက်သည်။
ဒါက နည်းနည်းလေး အေးနေပေမဲ့ ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့ကတော့ သူမကို မယုံကြည်ပေ။ လီဂျင်းယွမ် ကသူမကို နူးညံ့စွာနဲ့ မေးလိုက်သည်။
“ဟွမ်ဟွမ်၊ ဘာမှမစားရသေးဘူး မလား? တစ်ခုခုသွားစားရအောင်၊ ဟမ်?” သူ့အသံက ကလေးတစ်ယောက်ကို ချော့မြူပြီး ခေါ်နေတဲ့ အသံနဲ့ တူနေသည်။
သူမက သူတို့ကို ဂရုစိုက်ပေးခဲ့တဲ့ ကလေးဘဝ အချိန်တွေကို ပြောင်းပြန်လှန်လိုက်သလိုပင်။
“ငါတစ်ခုခု သွားစားမလို့ပဲ။ မင်းတို့လည်း မစားရသေးဘူးလို့ ထင်လို့? အစားအစာ တစ်ခုခု ဝယ်ပြီး ပြန်ကြရအောင်။ အချိန်အကြာပြီး ငါသွားနေလို့ မရဘူး”
သူမက ရှုရန်ဟွေ့ ကိုစောင့်ကြည့်နေဖို့ လိုသေးသည်။ ဒါက အမှန်ပင် လုပ်ရမဲ့ အရာတစ်ခုဖြစ်သည်။ ဒါပေမဲ့ ဒါက အရေးကြီးတဲ့ အချိန်ဖြစ်သည်။ အခုအခက်အခဲ တချို့ကို သည်းခံပြီးတာနဲ့ အရာအားလုံးက ပိုကောင်းလာလိမ့်မည်။
“အိုကေ၊ ဒါဆို တခုခု သွားဝယ်ပြီး လူနာအခန်းမှာပဲ စားကြရအောင်” သူတို့က ပြောလိုက်ရင်း သူတို့နှစ်ယောက်က ဇောင်ယုဟွမ် အနောက်ကနေ လျှောက်လိုက်ကြသည်။
သူတို့က အမြဲတမ်း ဒီလိုမျိုးပဲ လျှောက်နေကြသည်။ ဒါပေမဲ့ အခုတော့ ဇောင်ယုဟွမ် နည်းနည်းလေးတော့ ထူးဆန်းသလို ခံစားလိုက်ရသည်။ ဇောင်ယုဟွမ် မေးလိုက်သည်။
“ငါတို့ ဒီလိုမျိုး လမ်းလျှောက်ချိန်မှာ ငါတို့က ကျောဘက်က ဘေစင်တစ်ခုနဲ့ တူတယ်လို့ မခံစားမိဘူးလား?”
“ဘေစင်?” ဟုန်ချန်းမင်း ရေရွတ်ပြီး မေးလိုက်သည်။
ဇောင်ယုဟွမ် ကလက်တစ်ချောင်းကို မြှောက်လိုက်ပြီး လေထဲတွင် သူတို့ သုံးယောက်ပုံကို ဆွဲပြလိုက်သည်။
“ဒီလို ဘေစင် တစ်ခုနဲ့ မတူဘူးလား?” လီဂျင်းယွမ် ကပြုံးလိုက်ပြီး ပြောလိုက်သည်။
“အခုတော့ ဟွမ်ဟွမ် ကငါတို့ထက် အရပ်ပိုပုနေလို့ မပျော်ဘူးလား?”
ထိုစကားကို ပြောလိုက်ရင်း လီဂျင်းယွမ် ကရုတ်တရက် လက်ကို ဆန့်လိုက်ပြီး သူမခါးကို ဖက်လိုက်ကာ သူမကို မြှောက်လိုက်သည်။ အခုချိန်ထိ သူအဲ့လိုမျိုးပဲ လုပ်ချင်နေခဲ့သည်။
ဇောင်ယုဟွမ် – ???
သူမ တုန်လှုပ်သွားသည်။ နောက်ပြီး အချိန်အတော်ကြာ ဘာတွေးရမှန်းတောင် မသိတော့ပေ။ လီဂျင်းယွမ် ကဘယ်အချိန်ထဲက ဒီလိုခိုင်မာတဲ့ အဆောက်အဦးကြီး ဖြစ်လာခဲ့တာလဲ? လီဂျင်းယွမ် ကပြုံးလိုက်ပြီး ပြောလိုက်သည်။
“အခုတော့ ငါတို့က ဘေစင်တစ်ခုနဲ့ မတူတော့ဘူး”
ဇောင်ယုဟွမ် – “……”
ဒါပေမဲ့ အခုတော့ သူတို့က တောင်ထိပ်လို ဖြစ်နေပြီ!
ဒါက ပိုမကောင်းပါဘူးနော်!
ဇောင်ယုဟွမ် ကသူတို့ Cornwall တွင်ပျော်ရွှင်စွာ နေခဲ့ပြီး ပြန်လာချိန်တွင် သူမက ဟုန်ချန်းမင်း ကိုဒီလိုမျိုး တူညီတဲ့ ကိစ္စတစ်ခုကို ပြောခဲ့ဖူးတာကို မေ့သွားခဲ့သည်။
သူမ လီဂျင်းယွမ် ကိုပြောပြီးနောက်တွင် အရပ်ရှည်တာ ဘယ်လောက်တောင် အံ့ဩဖွယ်ကောင်းကြောင်း ပြောခဲ့သည်။ ထို့နောက် အရပ်ပိုရှည်ချိန်မှာ လေထုက ပိုတောင် ကောင်းနေခဲ့သည်…..
ဒါကို လီဂျင်းယွမ် စိတ်ထဲတွင် မှတ်ထားခဲ့ပြီး ဒီအကြောင်းကို မမေ့ခဲ့သေးပေ။ ဟုန်ချန်းမင်း က လီဂျင်းယွမ် ကိုတစ်ချက်ကြည့်လိုက်ပြီး မျက်မှောင်ကြုပ်လိုက်ပေမဲ့ ဘာမှမပြောပေ။
လီဂျင်းယွမ် ကသူမကို မနက်စားသည့် နေရာအထိ သယ်သွားခဲ့သည်။ သူဌေးအမျိုးသမီးက သူတို့ကို ကြည့်လိုက်ပြီး အံ့ဩသွားကာ ထို့နောက်တွင် ပြုံးလိုက်ပြီး ပြောလိုက်သည်။
“မနက်စာစားဖို့ မင်းတို့ရဲ့ ညီမလေးကို ခေါ်လာခဲ့တာလား?” လီဂျင်းယွမ် ပျော်ရွှင်စွာနဲ့ ခေါင်းညိတ်လိုက်သည်။ ဇောင်ယုဟွမ် ကထိန်းချုပ်နိုင်ပဲ ပြောလိုက်သည်။
“ငါက သူ့အစ်မ” လီဂျင်းယွမ် ကသူမ ပြောလိုက်တာကို မကြားချင်ဟန်ဆောင်လိုက်သည်။
သူဌေးအမျိုးသမီးက ပြုံးလိုက်ပြီး ပေါက်စီ၊ ရူမိုင်း နဲ့ပဲနို့ကို သူတို့ဘေးတွင် ရပ်နေသည့် ဟုန်ချန်းမင်း ကိုပေးလိုက်သည်။ ဒါကို ပေးချေတာ သူပဲဖြစ်သည်။
ထိုအရာကို မြင်လိုက်ပြီး သူဌေးအမျိုးသမီးက ထပ်ပြုံးလိုက်ပြီး “မင်းတို့တွေက အရမ်းရင်းနှီးကြတာပဲ။ ငါ့အိမ်ကလို မဟုတ်ဘူး။ ငါ့ကလေး နှစ်ယောက်က နေ့တိုင်း ရန်ဖြစ်နေကြတာ”
ဟုန်ချန်းမင်း ကဒီတစ်ချိန်လုံး တိတ်ဆိတ်နေခဲ့ပြီး နောက်ဆုံးတော့ ပြောလိုက်သည်။
“သူမက ပိုချစ်ဖို့ကောင်းလို့” သူဌေးအမျိုးသမီးက အချိန်အနည်းငယ် ရပ်တန့်သွားပြီး ပြုံးလိုက်သည်။
“ဟုတ်တယ်၊ ဟုတ်တယ်။ ချစ်ဖို့ကောင်းတဲ့ ညီမလေးတွေတိုင်းက သူတို့ကို အမြဲတမ်း ပျက်ဆီးစေတယ်”
ဇောင်ယုဟွမ် ကသူမမှတ်ချက်ကြောင့် ပျော်ရွှင်သွားပြီး ရယ်ချင်ပေမဲ့ သူမစိတ်ထဲတွင် ထူးဆန်းတဲ့ ခံစားချက်နဲ့အတူ နွေးထွေးမှုကိုလည်း ခံစားလိုက်ရသည်။ သူတို့ အားလုံးက ချစ်ဖို့ကောင်းတဲ့ စကားလုံးတွေနဲ့ အပြုအမူတွေကို ဘယ်နေရာကနေ သင်ခဲ့ကြတာလဲ?
ပထမဆုံး၊ သူတို့က သူမကို ကျောင်းကို သွားခဲ့ပြီး သူမကို အံ့အားသင့်စေခဲ့ကြသည်။ ထို့နောက် သူတို့က အမိတိုင်းပြည်ကို ပြန်လိုက်လာကြပြီး ပြီးခဲ့တဲ့အချိန်ကထက် သူတို့က တစ်ယောက်နဲ့ တစ်ယောက် ပိုပြီးချိုသာတဲ့ စကားလုံးတွေကိုပဲ ပြောနေခဲ့ကြတယ်။
သူမ ဆစ်ဒနီမှာ ရှိတဲ့အချိန်မှာ သူတို့က ဒါကို သင်တန်းတက်ခဲ့ကြတာလား? ဇောင်ယုဟွမ် က လီဂျင်းယွမ် ကိုနည်းနည်းကန်လိုက်ပြီး မေးလိုက်သည်။
“ငါ့ကို အောက်ချလို့ရပြီ။ မင်း မပင်ပန်းဘူးလား?”
“ဟွမ်ဟွမ့် ကိုသယ်ထားရလို့ မပင်ပန်းပါဘူး။ ဒါမှမဟုတ် ဟွမ်ဟွမ့် ကိုကျောမှာလည်း သယ်ထားပေးလို့ရတယ်” လီဂျင်းယွမ် ကအပြုံးလေးနဲ့ ပြောလိုက်သည်။ ဇောင်ယုဟွမ် ကခေါင်းခါလိုက်ပြီး ပြောလိုက်သည်။
“မလိုဘူး၊ ကျေးဇူးပဲ” လီဂျင်းယွမ် ကရုတ်တရက် သက်ပြင်းချလိုက်သည်။
“ငါတို့ ဂျူနီယာ အထက်တန်းကတည်းက ငါ့ကျောမှာ မင်းကို သယ်ပေးဖို့ မင်းခွင့်ပြုပေးခဲ့တယ်။ အခုတော့ အဲ့လိုလုပ်ဖို့ ခွင့်မပြုတော့ဘူး”
“အဲ့တုန်းက ငါတို့က ကလေးတွေမို့လို့ပဲ” ဇောင်ယုဟွမ် ကသူ့စကားကြောင့် ငိုရမလား၊ ရယ်ရမလား မသိပေ။
မြင်လား?
လီဂျင်းယွမ် ကစကားပြောခြင်း အနုပညာကိုတောင် သင်ခဲ့ပြီးပြီ!
အရင်တုန်းက အကြောင်းတွေကို ပြောဖို့တောင် သူက သင်ယူခဲ့တယ်!
ဇောင်ယုဟွမ် ကစကားပြောတာကို ရပ်လိုက်ပြီး ဟုန်ချန်းမင်း ဆီက ပဲနို့ဗူးကို ယူဖို့လက်လှမ်းလိုက်သည်။ ဟုန်ချန်းမင်း ကသူမလက်ကို ရှောင်လိုက်ပြီး ပြောလိုက်သည်။
“ရှုမိုင်းကို အရင်စားလို့ရတယ်။ ပဲနို့ကို ကိုင်ထားပေးမယ်။ မင်းသောက်ချင်ရင် ငါ့လက်ကနေ သောက်လို့ရတယ်”
ဇောင်ယုဟွမ် ခေါင်းညိတ်လိုက်ပြီး သူ့ဆီက ရှုမိုင်းကို ယူလိုက်သည်။ လီဂျင်းယွမ် ကဟင်းချိုကို လက်လှမ်းလိုက်ပေမဲ့ ဟုန်ချန်းမင်း ကဆွဲထားပြီး သူ့ကို ယူသွားခွင့်မပေးပေ။ လီဂျင်းယွမ် သူ့ကို ပြုံးပြလိုက်ပြီး ပြောလိုက်သည်။
“သူတို့ကို ဟွမ်ဟွမ့် ကိုကျွေးမလို့” ထို့နောက် ဟုန်ချန်းမင်း ကလွှတ်ပေးလိုက်သည်။ သူဌေးအမျိုးသမီးက သူတို့အနောက်ကနေ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“အစ်ကို နှစ်ယောက်ရှိတာ အရမ်းကောင်းတာပဲ။ ငါတို့က ကောင်လေးတစ်ယောက်ရှိပြီး သူက အမြဲတမ်း သူ့ညီမလေးကို တစ်နေ့လုံး အနိုင်ကျင့်နေခဲ့တာ”
ဇောင်ယုဟွမ် ကလှည့်လိုက်ပြီး သူဌေးအမျိုးသမီးကို ပြုံးပြလိုက်ပြီးနောက် လှည့်လိုက်ပြီး လီဂျင်းယွမ် ကိုကန်လိုက်သည်။
“ငါ့ကို အစ်မကြီးလို့ခေါ်” သူက အကန်ခံလိုက်ရတာတောင် လီဂျင်းယွမ် ကပြုံးနေတုန်းပင်။ သူက ပြုံးလိုက်ပြီး သူမကို ပြောလိုက်သည်။
“ဟွမ်ဟွမ်” ဇောင်ယုဟွမ် သက်ပြင်းချလိုက်သည်။
သူမ တကယ်ကိုပဲ မောင်လေး တစ်ယောက် လိုချင်တာပါနော်။
အခုတော့ တစ်ယောက်တောင် မရှိတော့ဘူး။
လီဂျင်းယွမ် ကသူမကို နာမည်ပြောင်းခေါ်ကတည်းက ဒီလိုနေ့တွေ ဖြစ်လာတော့မယ်ဆိုတာ သူမ သိခဲ့သည်။
သူတို့သုံးယောက်က အတူတူရှိချိန်တွင် ဘယ်တုန်းကမှ တိတ်ဆိတ်နေတာ မရှိပေ။ မနက်စာစားပြီး လူနာအခန်းကို ပြန်ရောက်တဲ့အထိတောင် တိတ်ဆိတ်နေခြင်းမရှိပေ။
သူတို့ လူနာအခန်းကို ပြန်ရောက်ချိန်တွင် ဇောင်ယုဟွမ် ကရုတ်တရက် လန်ဂျင်းဇီ ကိုသတိရသွားခဲ့သည်။ ရှုမိုင်းကို ဟုန်ချန်းမင်း ကိုပေးလိုက်ပြီး သူမဖုန်းကို ထုတ်လိုက်သည်။
“ဘာဖြစ်လို့လဲ?” လီဂျင်းယွမ် မေးလိုက်သည်။
“အစ်ကို့ဆီကို ဖုန်းခေါ်ချင်လို့” ဟုန်ချန်းမင်း ကမေးလိုက်သည်။
“မင်းအစ်ကိုလည်း လာတာလား?”
“အင်း၊ သူလည်း ငါနဲ့အတူ လာခဲ့တယ်” ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့နှစ်ယောက်လုံး ချက်ချင်းပင် ပြောစရာ စကားမဲ့သွားကြသည်။
ဇောင်ယုဟွမ် ကဖုန်းကို ထုတ်လိုက်ပြီး နံပါတ်တစ်ခုကို နှိပ်လိုက်သည်။ လှည့်လိုက်ပြီး နည်းနည်းထူးဆန်းနေပုံနဲ့ စိတ်ခံစားချက် အမူအရာ မျက်နှာတွေကို ဖုံးကွယ်ဖို့ ကြိုးစားနေကြတဲ့ လူနှစ်ယောက်ကို မြင်လိုက်ရသည်။ ဇောင်ယုဟွမ် မေးလိုက်သည်။
“ဘာဖြစ်လို့လဲ?”
ဟုန်ချန်းမင်း ကော လီဂျင်းယွမ် ကောနှစ်ယောက်လုံးက ဘာမှမပြောကြပေ။ ထို့နောက် တစ်ဖက်မှ လန်ဂျင်းဇီ ကဖုန်းကိုင်လိုက်သည်။
“ဟယ်လို?” လန်ဂျင်းဇီ အသံက အနည်းငယ် အက်ရှနေသည်။ ဇောင်ယုဟွမ် ကသူလည်း တစ်ညလုံး မအိပ်ခဲ့တာလားလို့ သူမဘာသာ တွေးလိုက်သည်။
“အစ်ကို၊ အခုဘယ်မှာလဲ?”
“အတွင်းရေးမှူးချန်းနဲ့ ငါတို့က ဆေးရုံဘေးက ဟိုတယ်မှာ။ မပြီးသေးဘူးလား?” လန်ဂျင်းဇီ မေးလိုက်သည်။
“ဟင့်အင်း၊ မပြီးသေးဘူး”
“ဒါဆိုလည်း ကောင်းပြီလေ။ ဒါတွေ အားလုံးပြီးသွားချိန်ကျရင် ငါ့ကိုပြော မင်းကိုလာခေါ်ပေးမယ်”
လန်ဂျင်းဇီ က ဇောင်ယုဟွမ် ကိုအရင်ဆုံး အနားယူဖို့ကိုတောင် ပြောဖို့မကြိုးစားခဲ့ပေ။ သူမနည်းလမ်းအတိုင်း သူမကို လုပ်ဖို့အတွက်သာ လွှတ်ပေးထားခဲ့သည်။
ဇောင်ယုဟွမ် က လန်ဂျင်းဇီ ရဲ့ပုံမှန် ကြည်လင်ပြတ်သားသည့် အသံနဲ့ တိကျသည့် အပြုအမူကို မှတ်မိပြီး ဖုန်းချသွားမှာကို စိုးရိမ်စွာဖြင့် မြန်မြန်ပြောလိုက်သည်။
“မနက်စာ စားဖို့ မမေ့နဲ့ဦး၊ အစ်ကို”
“…အိုကေ” လန်ဂျင်းဇီ ပြန်ဖြေလိုက်သည်။ ဖုန်းကို မချပေ။ ဇောင်ယုဟွမ် ကနည်းနည်း ရေရွတ်လိုက်သည်။
“တခြားပြောစရာ ရှိသေးလို့လား၊ အစ်ကို?”
“အို၊ မရှိတော့ဘူး၊ အဲ့ဒါပါပဲ” လန်ဂျင်းဇီ ကပြောလိုက်သည်။ သူမကို ပြန်ပြောပြီးနောက်တွင် ဖုန်းချသွားသည်။
ဇောင်ယုဟွမ် ကဖုန်းကို အဝေးမှာ ထားလိုက်ပြီး လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ဘက်ကို လှည့်လိုက်ချိန်တွင် ဖုန်းက ထပ်မြည်လာခဲ့သည်။ ဇောင်ယုဟွမ် ကိုင်လိုက်ပြီး အသံကျယ်ကျယ်ကို ကြားလိုက်ရသည်။
“မိန်းကလေး၊ အခုဘယ်မှာလဲ? မြန်မြန်! လူနာအခန်းကို ပြန်လာခဲ့…. သခင်ကြီး၊ သခင်ကြီးက သိပ်အခြေအနေ မကောင်းတော့ဘူး….”
ရုတ်တရက်ပင် ဇောင်ယုဟွမ် စိတ်ခံစားချက်အားလုံး ရှင်းလင်းသွားခဲ့သည်။ ဒီလောက်တောင် မြန်လား၊ ဟမ်?
ဇောင်ယုဟွမ် ဓာတ်လှေကားဆီကို မြန်မြန် လျှောက်သွားလိုက်သည်။ လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ကလည်း ဘာမှ မပြောကြပေ။ သူတို့က နည်းနည်း မျက်မှောင်ကြုပ်ထားကြပြီး စိုးရိမ်နေပုံပေါ်သည်။
သူတို့က လန်ဂျင်းဇီ ကိုမနာလိုဖြစ်တဲ့ ခံစားချက်က မရှိတော့ပေ။ သူတို့က ဇောင်ယုဟွမ် အနောက်ကနေ မြန်မြန်လိုက်ခဲ့ကြပြီး သူတို့လက်ထဲက မနက်စာတွေကို ပစ်ထားခဲ့ကြသည်။
“ဟွမ်ဟွမ်၊ မလောနဲ့” လီဂျင်းယွမ် ကနူးညံ့စွာနဲ့ ပြောလိုက်သည်။
“မင်းမှာ ငါတို့ ရှိနေသေးတာပဲ” ဟုန်ချန်းမင်း ကပြောလိုက်သည်။ ရပ်လိုက်ပြီးနောက် ထပ်ပြောလိုက်သည်။
“ဟွမ်ဟွမ်၊ ငါတို့အားလုံးက အရွယ်ရောက်နေကြပြီ” သူမကို ကာကွယ်ပေးနိုင်တဲ့အထိ သူတို့ကို သူမက မှီခိုနိုင်တဲ့အထိ လုံလောက်အောင် အရွယ်ရောက်နေကြပြီ။
##gomen gomen ဇာတ်ကားကြည့်နေတာ မတင်ရသေးတာ မေ့သွားလို့ 😁😁
7.7.2020 (Tue)
…………………..
<Zawgyi>
ငါတို႔အားလုံး အ႐ြယ္ေရာက္လာၿပီ
“နင္ဘာၾကည့္ေနတာလဲ?” မိန္းကေလးက ႐ုတ္တရက္ ေဇာင္ယုဟြမ္ ကိုေမာ့ၾကည့္လိုက္ၿပီး သူမအသံက အနည္းငယ္ ေအးစက္ေနသည္။ ေဇာင္ယုဟြမ္က တိတ္ဆိတ္စြာ လွည့္လိုက္ၿပီး ေမးလိုက္သည္။
“မင္း တစ္ရႉးယူမလား?”
“မယူဘူး” မိန္းကေလးက ေအးစက္စြာ ေျပာလိုက္သည္။
အို၊ သူမ ေမ့သြားတယ္။ အမ်ိဳးသမီး ဇာတ္ေကာင္က ျပန္ေမြးဖြာလာတာနဲ႔ ခ်က္ခ်င္းပဲ သူမက စတင္ ေတာက္ပလာၿပီး ေဒါသေတြနဲ႔ ျပည့္ေနခဲ့တယ္။
သူမရဲ႕ လမ္းေၾကာင္းေပၚကို မေလွ်ာက္မိတာက အေကာင္းဆုံး ျဖစ္လိမ့္မယ္။ ေဇာင္ယုဟြမ္ ကတိတ္ဆိတ္စြာနဲ႔ ေထာင့္ဘက္ကို တိုးသြားလိုက္သည္။ ထိုအခ်ိန္မွာ ေဇာင္ယုဟြမ္ ရဲ႕ဖုန္းက ျမည္လာခဲ့သည္။
ထုတ္လိုက္ၿပီး တစ္ခ်က္ၾကည့္လိုက္သည္။ ေခၚသူနာမည္ကေတာ့ လီဂ်င္းယြမ္ ျဖစ္သည္။ ေဇာင္ယုဟြမ္ မထိန္းခ်ဳပ္ႏိုင္စြာျဖင့္ အမ်ိဳးသမီး ဇာတ္ေကာင္၊ လင္းရွီလန္ ကို တစ္ခ်က္ ၾကည့္လိုက္သည္။
သူမက အခုလက္ရွိ ဘယ္လို ခံစားေနရလဲဆိုတာ ေဇာင္ယုဟြမ္ မေျပာတက္ေပ။ သူမ ဖုန္းေျဖလိုက္သည္။ တဖက္မွ လီဂ်င္းယြမ္ ရဲ႕အသံက ထြက္လာခဲ့သည္။
“ဟြမ္ဟြမ္၊ ငါတို႔ ေအာက္ထပ္ကို ေရာက္ၿပီ။ မင္းက ဘယ္အထပ္မွာလဲ?” သူ႔အသံက စိုးရိမ္ေနပုံ ေပၚသည္။ ေဇာင္ယုဟြမ္ ခနရပ္လိုက္ၿပီး ခ်က္ခ်င္း ျပန္ေျပာလိုက္သည္။
“ေအာက္ထပ္မွာပဲ ေစာင့္။ ငါ မဖ်ားဘူး။ ေတြ႕မွာပဲ ရွင္းျပမယ္” လီဂ်င္းယြမ္ ရဲ႕အသံက အနည္းငယ္ ပုံမွန္ျပန္ျဖစ္သြားသည္။ “အိုေက၊ ငါေစာင့္ေနမယ္”
ထို႔ေနာက္ ဒီလိုမ်ိဳးနဲ႔ ဟုန္ခ်န္းမင္း ကိုထပ္ၿပီး ဖယ္ထုတ္လိုက္သည္။ သူ႔ဖက္တြင္ ဟုန္ခ်န္းမင္း ရဲ႕မ်က္ႏွာက အနည္းငယ္ မဲေမွာင္ေနသည္။ လီဂ်င္းယြမ္ ကဒါကို မျမင္ခ်င္ ဟန္ေဆာင္လိုက္ၿပီး ဓာတ္ေလွကား ဘက္ကို ၾကည့္လိုက္သည္။
ဓာတ္ေလွကားက ပထမထပ္ကို လ်င္ျမန္စြာ ေရာက္လာခဲ့သည္။ တံခါးက ပြင့္သြားၿပီး ေဇာင္ယုဟြမ္ ကေလွ်ာက္ထြက္လိုက္သည္။ လင္းရွီလန္ ကအေနာက္ကို တစ္လွမ္းဆုတ္လိုက္ၿပီး သူမအေနာက္ကေန ဓာတ္ေလွကားကေန ထြက္လိုက္သည္။
လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ကို ေဇာင္ယုဟြမ္ ခ်က္ခ်င္း ျမင္သြားခဲ့သည္။ သူတို႔က ၁.၉ မီတာအထိ ထိုးတက္ကာ ပိုၿပီး အရပ္ရွည္ကာ သန္မာလာၾကသည္။ တစ္ေယာက္က အားကစား ဂ်ာကင္နဲ႔ျဖစ္ၿပီး တစ္ေယာက္ကေတာ့ ဝတ္စုံနဲ႔ ျဖစ္သည္။
သူတို႔ႏွစ္ေယာက္က ေကာင္းမြန္သည့္ ေနရာတြင္ ရွိေနသလို ရပ္ေနၾကၿပီး ဆြဲေဆာင္မႈရွိၾကသည္။ သူတို႔မ်က္ႏွာေတြက အမ်ားႀကီး မေျပာင္းလဲေပ။ သူမက သူတို႔နဲ႔ အခ်ိန္အေတာ္ၾကာ ရွိေနခဲ့လို႔ ျဖစ္ႏိုင္သည္။
ဒါ့ေၾကာင့္ သူတို႔အသြင္အျပင္နဲ႔ ပတ္သက္ၿပီး ဘာမွထူးထူးျခားျခား မခံစားရတာ ျဖစ္ႏိုင္သည္။ ေဇာင္ယုဟြမ္ သူတို႔ဆီကို ေလွ်ာက္သြားလိုက္သည္။ သူမ ဘာမွမေျပာခင္မွာပဲ လီဂ်င္းယြမ္ ကသူမကို သူ႔လက္ေမာင္းထဲ ဆြဲသြင္းလိုက္သည္။ သူမေက်ာကို ႏူးညံ့စြာနဲ႔ ဖိထားၿပီး ေျပာလိုက္သည္။
“မင္းက ဖ်ားေနတာ မဟုတ္ဘူးလား?” ေဇာင္ယုဟြမ္ ကသူ႔ေပြ႕ဖက္မႈကို ဘယ္လိုတုန႔္ျပန္ရမလဲဆိုတာ မေသခ်ာေပ။ ထပ္ေျပာရရင္ အရပ္ကြာျခားမႈေၾကာင့္ သူမမ်က္ႏွာက သူ႔ရင္ဘတ္ထဲ ေရာက္ေနသည္။ ဝိုးတိုးဝါးတာ အသံနဲ႔သာ သူမ ျပန္ေျဖႏိုင္ခဲ့သည္။
“အို၊ ငါမဟုတ္ဘူး။ ငါ့အေဖ”
ဟုန္ခ်န္းမင္း ကမ်က္ေမွာင္ၾကဳတ္ထားရင္း လီဂ်င္းယြမ္ ရဲ႕အျပဳအမူကို စိုက္ၾကည့္ေနခဲ့သည္။ ဒါေပမဲ့ သူမ စကားကို ၾကားၿပီးေနာက္တြင္ မ်က္ေမွာင္ၾကဳတ္တာကို ရပ္လိုက္သည္။ ဒီအခ်ိန္နဲ႔ ဒီေနရာမွာ မဟုတ္ဘူး။ သူေမးလိုက္သည္။
“ဘာျဖစ္ခဲ့လို႔လဲ?” သူေျပာၿပီးေနာက္ သူ႔လက္ကို ထုတ္လိုက္ၿပီး ေဇာင္ယုဟြမ္ ကို လီဂ်င္းယြမ္ ရဲ႕လက္ေမာင္းထဲကေန ဆြဲထုတ္လိုက္ၿပီး သူမပုံစံကို ဂ႐ုတစိုက္ ေလ့လာလိုက္သည္။
“ၿပီးခဲ့တဲ့ ညတုန္းက မင္းမအိပ္ခဲ့ဖူးလား?” ဟုန္ခ်န္းမင္း ကခ်က္ခ်င္းပဲ ေျပာႏိုင္ခဲ့သည္။
“ဟမ္၊ ငါမအိပ္ႏိုင္ဘူး။ သူက ICU ထဲမွာ ရွိေနတုန္းပဲ”
ဟုန္ခ်န္းမင္း ကလည္း သူမကို သူ႔လက္ေမာင္းထဲကို ဆြဲသြင္းၿပီး ေျပာလိုက္သည္။
“ဟြမ္ဟြမ္…. ဒါက အဆင္ေျပသြားမွာပါ”
“ဟြမ္ဟြမ္၊ အဲ့ဒါက အဆင္ေျပမွာပါ” လီဂ်င္းယြမ္ ကလည္းေျပာလိုက္ၿပီး သူတို႔ကို ဖက္လိုက္သည္။
ႏွစ္ေယာက္က အရပ္ရွည္ၿပီး သန္မာသည့္ လူငယ္ေလးေတြက သူမကို အလယ္တြင္ ပိတ္ထားခဲ့သည္။ ေဇာင္ယုဟြမ္ ကသူမကိုယ္သူမ ဆန္းဒဝစ္ၾကားက အသားလိုမ်ိဳး ခံစားလိုက္ရသည္။
“…..”
သူတို႔ ကေလးကတည္းက သူမက ဒါကို အေသအခ်ာ ကိုင္တြယ္ခဲ့တယ္လို႔ ခံစားခဲ့ရသည္။ ေနာက္ၿပီး ဇာတ္လိုက္နဲ႔ ဗီလိန္ တို႔ကိုလည္း တစ္ခ်ိန္တည္းမွာ အခန္းအပိုနဲ႔အတူ ကိုင္တြယ္ႏိုင္ခဲ့တယ္!
သူတို႔ အ႐ြယ္ေရာက္လာၿပီးေနာက္မွာ ဒါက ေတာ္ေတာ္ေလး ပိုၿပီးေတာ့…. ခက္ခဲတဲ့ပုံ ေပၚေနခဲ့တာလဲ?
သူမက အရမ္းကို ပုေနတာေၾကာင့္လား?
ေဇာင္ယုဟြမ္ ဘာလုပ္ရမွန္း မေသခ်ာေပ။
“ငါအဆင္ေျပပါတယ္” ေဇာင္ယုဟြမ္ ေျပာလိုက္သည္။ ထိုစကားကို ေျပာလိုက္ရင္း လင္းခ်ီလန္ ကေဆး႐ုံ ဝင္ေပါက္ကို ေရာက္ခ်ိန္တြင္ ႐ုတ္တရက္ လွည့္လာခဲ့ၿပီး လီဂ်င္းယြမ္ ကိုၾကည့္လိုက္ၿပီးေနာက္ ေဇာင္ယုဟြမ္ ကိုၾကည့္လိုက္သည္။
ေဇာင္ယုဟြမ္ – “?”
ဒီအခ်ိန္မွာ ဇာတ္လိုက္နဲ႔ အမ်ိဳးသမီး ဇာတ္လိုက္က တစ္ေယာက္နဲ႔ တစ္ေယာက္ မသိၾကေသးဘူး မလား?
လင္းခ်ီလန္ ကလည္း သူမကို ေဇာင္ယုဟြမ္ ၾကည့္ေနတာကို သတိထားမိၿပီး လွည့္သြားကာ ေဆး႐ုံအျပင္ကို ေလွ်ာက္သြားလိုက္သည္။
သူတို႔ဖက္တြင္ လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔က ဒီအေၾကာင္းကို လုံးဝေမ့ေနခဲ့သည္။ သူတို႔က သူတို႔ကို ၾကည့္ေနမဲ့ တျခားသူေတြကို လုံးဝဂ႐ုမစိုက္ေပ။
တကယ္လို႔ ဒီေနရာမွာသာ မဟုတ္ခဲ့ရင္ သူတို႔က သူမကို ေပြ႕ခ်ီလိုက္မွာပင္။ ဒါက သူတို႔ ငယ္ငယ္ကတည္းက လုပ္ခ်င္ၾကသည့္ အရာျဖစ္သည္….
သူမက မေပ်ာ္႐ႊင္တာ၊ စိတ္ဓာတ္က်တဲ့ အခ်ိန္ေတြမွာဆိုရင္ သူတို႔က ျမန္ႏိုင္သမွ် ျမန္ျမန္ ႀကီးျပင္းလာၿပီး အရပ္ပိုရွည္ကာ ပိုသန္မာလာဖို႔သာ ေမွ်ာ္လင့္ခဲ့ၾကသည္။
ဒီနည္းလမ္းကပဲ သူတို႔လက္ေမာင္းထဲမွာ သူမကို ေပြ႕ဖက္ထားႏိုင္မွာ ျဖစ္သည္။ သူမက အရမ္းကို ေသးသြယ္ၿပီး ခ်စ္ဖို႔ေကာင္းတာေၾကာင့္ သူတို႔လက္ေမာင္းထဲမွာပဲ သူမကို ေပြ႕ဖက္ထားခ်င္ခဲ့သည္။
ေနာက္ဆုံးတြင္ ေဇာင္ယုဟြမ္ ကအသက္ရႉရတာ ခက္ခဲလာတာေၾကာင့္ သူတို႔ႏွစ္ေယာက္ကို တြန္းလိုက္သည္။ အရပ္ရွည္တဲ့ ေကာင္ေလး ႏွစ္ေယာက္က ေဘးကို ေ႐ြ႕သြားၿပီးေနာက္ ေဇာင္ယုဟြမ္ ကခ်က္ခ်င္းပဲ လတ္ဆတ္သည့္ ေလကို ရႉလိုက္သည္။
“ငါအဆင္ေျပတယ္၊ တကယ္ပဲ၊ ငါအဆင္ေျပတယ္”
လီဂ်င္းယြမ္ က႐ုတ္တရက္ႀကီး သူ႔လက္ကို ေျမႇာက္လိုက္ၿပီး သူမပါးကို ထိလိုက္သည္။ သူ႔လက္ေခ်ာင္းေတြက အနည္းငယ္ ေႏြးေထြးေနသည္။ ႐ုန္းကန္လိုက္ၿပီး ေဇာင္ယုဟြမ္ အေနာက္ကို ေျခလွမ္းတစ္ဝက္ခြဲေလာက္ ဆုတ္သြားလိုက္သည္။
လီဂ်င္းယြမ္ ကသူ႔လက္ကို ျပန္ယူလိုက္ၿပီး ခံစားခ်က္နည္းနည္း ေပ်ာက္ကြယ္သြားသလို ျဖစ္သြားသည္။ သူမပါးေတြကို ထိတာကို မႀကိဳက္သလို ျဖစ္ေနခဲ့သည္။
ေဇာင္ယုဟြမ္ ရပ္လိုက္သည္။ ဒီတစ္ႀကိမ္တြင္ ဟုန္ခ်န္းမင္း ကသူ႔လက္ကို ေျမႇာက္လိုက္သည္။ လီဂ်င္းယြမ္ အေစာပိုင္းက ထိခဲ့တဲ့ေနရာကို ထိလိုက္သည္။ သူမပါးကို ပြတ္သပ္လိုက္ၿပီး ေျပာလိုက္သည္။
“ေအးေနတယ္။ မင္းငိုခဲ့ပုံပဲ”
“ငါမငိုခဲ့ဘူး” ေဇာင္ယုဟြမ္ ကသူမပါးကို ျပန္ထိလိုက္ၿပီး ေျပာလိုက္သည္။
ဒါက နည္းနည္းေလး ေအးေနေပမဲ့ ဟုန္ခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ တို႔ကေတာ့ သူမကို မယုံၾကည္ေပ။ လီဂ်င္းယြမ္ ကသူမကို ႏူးညံ့စြာနဲ႔ ေမးလိုက္သည္။
“ဟြမ္ဟြမ္၊ ဘာမွမစားရေသးဘူး မလား? တစ္ခုခုသြားစားရေအာင္၊ ဟမ္?” သူ႔အသံက ကေလးတစ္ေယာက္ကို ေခ်ာ့ျမဴၿပီး ေခၚေနတဲ့ အသံနဲ႔ တူေနသည္။
သူမက သူတို႔ကို ဂ႐ုစိုက္ေပးခဲ့တဲ့ ကေလးဘဝ အခ်ိန္ေတြကို ေျပာင္းျပန္လွန္လိုက္သလိုပင္။
“ငါတစ္ခုခု သြားစားမလို႔ပဲ။ မင္းတို႔လည္း မစားရေသးဘူးလို႔ ထင္လို႔? အစားအစာ တစ္ခုခု ဝယ္ၿပီး ျပန္ၾကရေအာင္။ အခ်ိန္အၾကာၿပီး ငါသြားေနလို႔ မရဘူး”
သူမက ရႈရန္ေဟြ႕ ကိုေစာင့္ၾကည့္ေနဖို႔ လိုေသးသည္။ ဒါက အမွန္ပင္ လုပ္ရမဲ့ အရာတစ္ခုျဖစ္သည္။ ဒါေပမဲ့ ဒါက အေရးႀကီးတဲ့ အခ်ိန္ျဖစ္သည္။ အခုအခက္အခဲ တခ်ိဳ႕ကို သည္းခံၿပီးတာနဲ႔ အရာအားလုံးက ပိုေကာင္းလာလိမ့္မည္။
“အိုေက၊ ဒါဆို တခုခု သြားဝယ္ၿပီး လူနာအခန္းမွာပဲ စားၾကရေအာင္” သူတို႔က ေျပာလိုက္ရင္း သူတို႔ႏွစ္ေယာက္က ေဇာင္ယုဟြမ္ အေနာက္ကေန ေလွ်ာက္လိုက္ၾကသည္။
သူတို႔က အၿမဲတမ္း ဒီလိုမ်ိဳးပဲ ေလွ်ာက္ေနၾကသည္။ ဒါေပမဲ့ အခုေတာ့ ေဇာင္ယုဟြမ္ နည္းနည္းေလးေတာ့ ထူးဆန္းသလို ခံစားလိုက္ရသည္။ ေဇာင္ယုဟြမ္ ေမးလိုက္သည္။
“ငါတို႔ ဒီလိုမ်ိဳး လမ္းေလွ်ာက္ခ်ိန္မွာ ငါတို႔က ေက်ာဘက္က ေဘစင္တစ္ခုနဲ႔ တူတယ္လို႔ မခံစားမိဘူးလား?”
“ေဘစင္?” ဟုန္ခ်န္းမင္း ေရ႐ြတ္ၿပီး ေမးလိုက္သည္။
ေဇာင္ယုဟြမ္ ကလက္တစ္ေခ်ာင္းကို ေျမႇာက္လိုက္ၿပီး ေလထဲတြင္ သူတို႔ သုံးေယာက္ပုံကို ဆြဲျပလိုက္သည္။
“ဒီလို ေဘစင္ တစ္ခုနဲ႔ မတူဘူးလား?” လီဂ်င္းယြမ္ ကၿပဳံးလိုက္ၿပီး ေျပာလိုက္သည္။
“အခုေတာ့ ဟြမ္ဟြမ္ ကငါတို႔ထက္ အရပ္ပိုပုေနလို႔ မေပ်ာ္ဘူးလား?”
ထိုစကားကို ေျပာလိုက္ရင္း လီဂ်င္းယြမ္ က႐ုတ္တရက္ လက္ကို ဆန႔္လိုက္ၿပီး သူမခါးကို ဖက္လိုက္ကာ သူမကို ေျမႇာက္လိုက္သည္။ အခုခ်ိန္ထိ သူအဲ့လိုမ်ိဳးပဲ လုပ္ခ်င္ေနခဲ့သည္။
ေဇာင္ယုဟြမ္ – ???
သူမ တုန္လႈပ္သြားသည္။ ေနာက္ၿပီး အခ်ိန္အေတာ္ၾကာ ဘာေတြးရမွန္းေတာင္ မသိေတာ့ေပ။ လီဂ်င္းယြမ္ ကဘယ္အခ်ိန္ထဲက ဒီလိုခိုင္မာတဲ့ အေဆာက္အဦးႀကီး ျဖစ္လာခဲ့တာလဲ? လီဂ်င္းယြမ္ ကၿပဳံးလိုက္ၿပီး ေျပာလိုက္သည္။
“အခုေတာ့ ငါတို႔က ေဘစင္တစ္ခုနဲ႔ မတူေတာ့ဘူး”
ေဇာင္ယုဟြမ္ – “……”
ဒါေပမဲ့ အခုေတာ့ သူတို႔က ေတာင္ထိပ္လို ျဖစ္ေနၿပီ!
ဒါက ပိုမေကာင္းပါဘူးေနာ္!
ေဇာင္ယုဟြမ္ ကသူတို႔ Cornwall တြင္ေပ်ာ္႐ႊင္စြာ ေနခဲ့ၿပီး ျပန္လာခ်ိန္တြင္ သူမက ဟုန္ခ်န္းမင္း ကိုဒီလိုမ်ိဳး တူညီတဲ့ ကိစၥတစ္ခုကို ေျပာခဲ့ဖူးတာကို ေမ့သြားခဲ့သည္။
သူမ လီဂ်င္းယြမ္ ကိုေျပာၿပီးေနာက္တြင္ အရပ္ရွည္တာ ဘယ္ေလာက္ေတာင္ အံ့ဩဖြယ္ေကာင္းေၾကာင္း ေျပာခဲ့သည္။ ထို႔ေနာက္ အရပ္ပိုရွည္ခ်ိန္မွာ ေလထုက ပိုေတာင္ ေကာင္းေနခဲ့သည္…..
ဒါကို လီဂ်င္းယြမ္ စိတ္ထဲတြင္ မွတ္ထားခဲ့ၿပီး ဒီအေၾကာင္းကို မေမ့ခဲ့ေသးေပ။ ဟုန္ခ်န္းမင္း က လီဂ်င္းယြမ္ ကိုတစ္ခ်က္ၾကည့္လိုက္ၿပီး မ်က္ေမွာင္ၾကဳပ္လိုက္ေပမဲ့ ဘာမွမေျပာေပ။
လီဂ်င္းယြမ္ ကသူမကို မနက္စားသည့္ ေနရာအထိ သယ္သြားခဲ့သည္။ သူေဌးအမ်ိဳးသမီးက သူတို႔ကို ၾကည့္လိုက္ၿပီး အံ့ဩသြားကာ ထို႔ေနာက္တြင္ ၿပဳံးလိုက္ၿပီး ေျပာလိုက္သည္။
“မနက္စာစားဖို႔ မင္းတို႔ရဲ႕ ညီမေလးကို ေခၚလာခဲ့တာလား?” လီဂ်င္းယြမ္ ေပ်ာ္႐ႊင္စြာနဲ႔ ေခါင္းညိတ္လိုက္သည္။ ေဇာင္ယုဟြမ္ ကထိန္းခ်ဳပ္ႏိုင္ပဲ ေျပာလိုက္သည္။
“ငါက သူ႔အစ္မ” လီဂ်င္းယြမ္ ကသူမ ေျပာလိုက္တာကို မၾကားခ်င္ဟန္ေဆာင္လိုက္သည္။
သူေဌးအမ်ိဳးသမီးက ၿပဳံးလိုက္ၿပီး ေပါက္စီ၊ ႐ူမိုင္း နဲ႔ပဲႏို႔ကို သူတို႔ေဘးတြင္ ရပ္ေနသည့္ ဟုန္ခ်န္းမင္း ကိုေပးလိုက္သည္။ ဒါကို ေပးေခ်တာ သူပဲျဖစ္သည္။
ထိုအရာကို ျမင္လိုက္ၿပီး သူေဌးအမ်ိဳးသမီးက ထပ္ၿပဳံးလိုက္ၿပီး “မင္းတို႔ေတြက အရမ္းရင္းႏွီးၾကတာပဲ။ ငါ့အိမ္ကလို မဟုတ္ဘူး။ ငါ့ကေလး ႏွစ္ေယာက္က ေန႔တိုင္း ရန္ျဖစ္ေနၾကတာ”
ဟုန္ခ်န္းမင္း ကဒီတစ္ခ်ိန္လုံး တိတ္ဆိတ္ေနခဲ့ၿပီး ေနာက္ဆုံးေတာ့ ေျပာလိုက္သည္။
“သူမက ပိုခ်စ္ဖို႔ေကာင္းလို႔” သူေဌးအမ်ိဳးသမီးက အခ်ိန္အနည္းငယ္ ရပ္တန႔္သြားၿပီး ၿပဳံးလိုက္သည္။
“ဟုတ္တယ္၊ ဟုတ္တယ္။ ခ်စ္ဖို႔ေကာင္းတဲ့ ညီမေလးေတြတိုင္းက သူတို႔ကို အၿမဲတမ္း ပ်က္ဆီးေစတယ္”
ေဇာင္ယုဟြမ္ ကသူမမွတ္ခ်က္ေၾကာင့္ ေပ်ာ္႐ႊင္သြားၿပီး ရယ္ခ်င္ေပမဲ့ သူမစိတ္ထဲတြင္ ထူးဆန္းတဲ့ ခံစားခ်က္နဲ႔အတူ ေႏြးေထြးမႈကိုလည္း ခံစားလိုက္ရသည္။ သူတို႔ အားလုံးက ခ်စ္ဖို႔ေကာင္းတဲ့ စကားလုံးေတြနဲ႔ အျပဳအမူေတြကို ဘယ္ေနရာကေန သင္ခဲ့ၾကတာလဲ?
ပထမဆုံး၊ သူတို႔က သူမကို ေက်ာင္းကို သြားခဲ့ၿပီး သူမကို အံ့အားသင့္ေစခဲ့ၾကသည္။ ထို႔ေနာက္ သူတို႔က အမိတိုင္းျပည္ကို ျပန္လိုက္လာၾကၿပီး ၿပီးခဲ့တဲ့အခ်ိန္ကထက္ သူတို႔က တစ္ေယာက္နဲ႔ တစ္ေယာက္ ပိုၿပီးခ်ိဳသာတဲ့ စကားလုံးေတြကိုပဲ ေျပာေနခဲ့ၾကတယ္။
သူမ ဆစ္ဒနီမွာ ရွိတဲ့အခ်ိန္မွာ သူတို႔က ဒါကို သင္တန္းတက္ခဲ့ၾကတာလား? ေဇာင္ယုဟြမ္ က လီဂ်င္းယြမ္ ကိုနည္းနည္းကန္လိုက္ၿပီး ေမးလိုက္သည္။
“ငါ့ကို ေအာက္ခ်လို႔ရၿပီ။ မင္း မပင္ပန္းဘူးလား?”
“ဟြမ္ဟြမ့္ ကိုသယ္ထားရလို႔ မပင္ပန္းပါဘူး။ ဒါမွမဟုတ္ ဟြမ္ဟြမ့္ ကိုေက်ာမွာလည္း သယ္ထားေပးလို႔ရတယ္” လီဂ်င္းယြမ္ ကအၿပဳံးေလးနဲ႔ ေျပာလိုက္သည္။ ေဇာင္ယုဟြမ္ ကေခါင္းခါလိုက္ၿပီး ေျပာလိုက္သည္။
“မလိုဘူး၊ ေက်းဇူးပဲ” လီဂ်င္းယြမ္ က႐ုတ္တရက္ သက္ျပင္းခ်လိုက္သည္။
“ငါတို႔ ဂ်ဴနီယာ အထက္တန္းကတည္းက ငါ့ေက်ာမွာ မင္းကို သယ္ေပးဖို႔ မင္းခြင့္ျပဳေပးခဲ့တယ္။ အခုေတာ့ အဲ့လိုလုပ္ဖို႔ ခြင့္မျပဳေတာ့ဘူး”
“အဲ့တုန္းက ငါတို႔က ကေလးေတြမို႔လို႔ပဲ” ေဇာင္ယုဟြမ္ ကသူ႔စကားေၾကာင့္ ငိုရမလား၊ ရယ္ရမလား မသိေပ။
ျမင္လား?
လီဂ်င္းယြမ္ ကစကားေျပာျခင္း အႏုပညာကိုေတာင္ သင္ခဲ့ၿပီးၿပီ!
အရင္တုန္းက အေၾကာင္းေတြကို ေျပာဖို႔ေတာင္ သူက သင္ယူခဲ့တယ္!
ေဇာင္ယုဟြမ္ ကစကားေျပာတာကို ရပ္လိုက္ၿပီး ဟုန္ခ်န္းမင္း ဆီက ပဲႏို႔ဗူးကို ယူဖို႔လက္လွမ္းလိုက္သည္။ ဟုန္ခ်န္းမင္း ကသူမလက္ကို ေရွာင္လိုက္ၿပီး ေျပာလိုက္သည္။
“ရႈမိုင္းကို အရင္စားလို႔ရတယ္။ ပဲႏို႔ကို ကိုင္ထားေပးမယ္။ မင္းေသာက္ခ်င္ရင္ ငါ့လက္ကေန ေသာက္လို႔ရတယ္”
ေဇာင္ယုဟြမ္ ေခါင္းညိတ္လိုက္ၿပီး သူ႔ဆီက ရႈမိုင္းကို ယူလိုက္သည္။ လီဂ်င္းယြမ္ ကဟင္းခ်ိဳကို လက္လွမ္းလိုက္ေပမဲ့ ဟုန္ခ်န္းမင္း ကဆြဲထားၿပီး သူ႔ကို ယူသြားခြင့္မေပးေပ။ လီဂ်င္းယြမ္ သူ႔ကို ၿပဳံးျပလိုက္ၿပီး ေျပာလိုက္သည္။
“သူတို႔ကို ဟြမ္ဟြမ့္ ကိုေကြၽးမလို႔” ထို႔ေနာက္ ဟုန္ခ်န္းမင္း ကလႊတ္ေပးလိုက္သည္။ သူေဌးအမ်ိဳးသမီးက သူတို႔အေနာက္ကေန က်ယ္ေလာင္စြာ ရယ္ေမာလိုက္သည္။
“အစ္ကို ႏွစ္ေယာက္ရွိတာ အရမ္းေကာင္းတာပဲ။ ငါတို႔က ေကာင္ေလးတစ္ေယာက္ရွိၿပီး သူက အၿမဲတမ္း သူ႔ညီမေလးကို တစ္ေန႔လုံး အႏိုင္က်င့္ေနခဲ့တာ”
ေဇာင္ယုဟြမ္ ကလွည့္လိုက္ၿပီး သူေဌးအမ်ိဳးသမီးကို ၿပဳံးျပလိုက္ၿပီးေနာက္ လွည့္လိုက္ၿပီး လီဂ်င္းယြမ္ ကိုကန္လိုက္သည္။
“ငါ့ကို အစ္မႀကီးလို႔ေခၚ” သူက အကန္ခံလိုက္ရတာေတာင္ လီဂ်င္းယြမ္ ကၿပဳံးေနတုန္းပင္။ သူက ၿပဳံးလိုက္ၿပီး သူမကို ေျပာလိုက္သည္။
“ဟြမ္ဟြမ္” ေဇာင္ယုဟြမ္ သက္ျပင္းခ်လိုက္သည္။
သူမ တကယ္ကိုပဲ ေမာင္ေလး တစ္ေယာက္ လိုခ်င္တာပါေနာ္။
အခုေတာ့ တစ္ေယာက္ေတာင္ မရွိေတာ့ဘူး။
လီဂ်င္းယြမ္ ကသူမကို နာမည္ေျပာင္းေခၚကတည္းက ဒီလိုေန႔ေတြ ျဖစ္လာေတာ့မယ္ဆိုတာ သူမ သိခဲ့သည္။
သူတို႔သုံးေယာက္က အတူတူရွိခ်ိန္တြင္ ဘယ္တုန္းကမွ တိတ္ဆိတ္ေနတာ မရွိေပ။ မနက္စာစားၿပီး လူနာအခန္းကို ျပန္ေရာက္တဲ့အထိေတာင္ တိတ္ဆိတ္ေနျခင္းမရွိေပ။
သူတို႔ လူနာအခန္းကို ျပန္ေရာက္ခ်ိန္တြင္ ေဇာင္ယုဟြမ္ က႐ုတ္တရက္ လန္ဂ်င္းဇီ ကိုသတိရသြားခဲ့သည္။ ရႈမိုင္းကို ဟုန္ခ်န္းမင္း ကိုေပးလိုက္ၿပီး သူမဖုန္းကို ထုတ္လိုက္သည္။
“ဘာျဖစ္လို႔လဲ?” လီဂ်င္းယြမ္ ေမးလိုက္သည္။
“အစ္ကို႔ဆီကို ဖုန္းေခၚခ်င္လို႔” ဟုန္ခ်န္းမင္း ကေမးလိုက္သည္။
“မင္းအစ္ကိုလည္း လာတာလား?”
“အင္း၊ သူလည္း ငါနဲ႔အတူ လာခဲ့တယ္” ဟုန္ခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ တို႔ႏွစ္ေယာက္လုံး ခ်က္ခ်င္းပင္ ေျပာစရာ စကားမဲ့သြားၾကသည္။
ေဇာင္ယုဟြမ္ ကဖုန္းကို ထုတ္လိုက္ၿပီး နံပါတ္တစ္ခုကို ႏွိပ္လိုက္သည္။ လွည့္လိုက္ၿပီး နည္းနည္းထူးဆန္းေနပုံနဲ႔ စိတ္ခံစားခ်က္ အမူအရာ မ်က္ႏွာေတြကို ဖုံးကြယ္ဖို႔ ႀကိဳးစားေနၾကတဲ့ လူႏွစ္ေယာက္ကို ျမင္လိုက္ရသည္။ ေဇာင္ယုဟြမ္ ေမးလိုက္သည္။
“ဘာျဖစ္လို႔လဲ?”
ဟုန္ခ်န္းမင္း ေကာ လီဂ်င္းယြမ္ ေကာႏွစ္ေယာက္လုံးက ဘာမွမေျပာၾကေပ။ ထို႔ေနာက္ တစ္ဖက္မွ လန္ဂ်င္းဇီ ကဖုန္းကိုင္လိုက္သည္။
“ဟယ္လို?” လန္ဂ်င္းဇီ အသံက အနည္းငယ္ အက္ရွေနသည္။ ေဇာင္ယုဟြမ္ ကသူလည္း တစ္ညလုံး မအိပ္ခဲ့တာလားလို႔ သူမဘာသာ ေတြးလိုက္သည္။
“အစ္ကို၊ အခုဘယ္မွာလဲ?”
“အတြင္းေရးမႉးခ်န္းနဲ႔ ငါတို႔က ေဆး႐ုံေဘးက ဟိုတယ္မွာ။ မၿပီးေသးဘူးလား?” လန္ဂ်င္းဇီ ေမးလိုက္သည္။
“ဟင့္အင္း၊ မၿပီးေသးဘူး”
“ဒါဆိုလည္း ေကာင္းၿပီေလ။ ဒါေတြ အားလုံးၿပီးသြားခ်ိန္က်ရင္ ငါ့ကိုေျပာ မင္းကိုလာေခၚေပးမယ္”
လန္ဂ်င္းဇီ က ေဇာင္ယုဟြမ္ ကိုအရင္ဆုံး အနားယူဖို႔ကိုေတာင္ ေျပာဖို႔မႀကိဳးစားခဲ့ေပ။ သူမနည္းလမ္းအတိုင္း သူမကို လုပ္ဖို႔အတြက္သာ လႊတ္ေပးထားခဲ့သည္။
ေဇာင္ယုဟြမ္ က လန္ဂ်င္းဇီ ရဲ႕ပုံမွန္ ၾကည္လင္ျပတ္သားသည့္ အသံနဲ႔ တိက်သည့္ အျပဳအမူကို မွတ္မိၿပီး ဖုန္းခ်သြားမွာကို စိုးရိမ္စြာျဖင့္ ျမန္ျမန္ေျပာလိုက္သည္။
“မနက္စာ စားဖို႔ မေမ့နဲ႔ဦး၊ အစ္ကို”
“…အိုေက” လန္ဂ်င္းဇီ ျပန္ေျဖလိုက္သည္။ ဖုန္းကို မခ်ေပ။ ေဇာင္ယုဟြမ္ ကနည္းနည္း ေရ႐ြတ္လိုက္သည္။
“တျခားေျပာစရာ ရွိေသးလို႔လား၊ အစ္ကို?”
“အို၊ မရွိေတာ့ဘူး၊ အဲ့ဒါပါပဲ” လန္ဂ်င္းဇီ ကေျပာလိုက္သည္။ သူမကို ျပန္ေျပာၿပီးေနာက္တြင္ ဖုန္းခ်သြားသည္။
ေဇာင္ယုဟြမ္ ကဖုန္းကို အေဝးမွာ ထားလိုက္ၿပီး လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ဘက္ကို လွည့္လိုက္ခ်ိန္တြင္ ဖုန္းက ထပ္ျမည္လာခဲ့သည္။ ေဇာင္ယုဟြမ္ ကိုင္လိုက္ၿပီး အသံက်ယ္က်ယ္ကို ၾကားလိုက္ရသည္။
“မိန္းကေလး၊ အခုဘယ္မွာလဲ? ျမန္ျမန္! လူနာအခန္းကို ျပန္လာခဲ့…. သခင္ႀကီး၊ သခင္ႀကီးက သိပ္အေျခအေန မေကာင္းေတာ့ဘူး….”
႐ုတ္တရက္ပင္ ေဇာင္ယုဟြမ္ စိတ္ခံစားခ်က္အားလုံး ရွင္းလင္းသြားခဲ့သည္။ ဒီေလာက္ေတာင္ ျမန္လား၊ ဟမ္?
ေဇာင္ယုဟြမ္ ဓာတ္ေလွကားဆီကို ျမန္ျမန္ ေလွ်ာက္သြားလိုက္သည္။ လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ကလည္း ဘာမွ မေျပာၾကေပ။ သူတို႔က နည္းနည္း မ်က္ေမွာင္ၾကဳပ္ထားၾကၿပီး စိုးရိမ္ေနပုံေပၚသည္။
သူတို႔က လန္ဂ်င္းဇီ ကိုမနာလိုျဖစ္တဲ့ ခံစားခ်က္က မရွိေတာ့ေပ။ သူတို႔က ေဇာင္ယုဟြမ္ အေနာက္ကေန ျမန္ျမန္လိုက္ခဲ့ၾကၿပီး သူတို႔လက္ထဲက မနက္စာေတြကို ပစ္ထားခဲ့ၾကသည္။
“ဟြမ္ဟြမ္၊ မေလာနဲ႔” လီဂ်င္းယြမ္ ကႏူးညံ့စြာနဲ႔ ေျပာလိုက္သည္။
“မင္းမွာ ငါတို႔ ရွိေနေသးတာပဲ” ဟုန္ခ်န္းမင္း ကေျပာလိုက္သည္။ ရပ္လိုက္ၿပီးေနာက္ ထပ္ေျပာလိုက္သည္။
“ဟြမ္ဟြမ္၊ ငါတို႔အားလုံးက အ႐ြယ္ေရာက္ေနၾကၿပီ” သူမကို ကာကြယ္ေပးႏိုင္တဲ့အထိ သူတို႔ကို သူမက မွီခိုႏိုင္တဲ့အထိ လုံေလာက္ေအာင္ အ႐ြယ္ေရာက္ေနၾကၿပီ။
##gomen gomen ဇာတ္ကားၾကည့္ေနတာ မတင္ရေသးတာ ေမ့သြားလို႔ 😁😁
7.7.2020 (Tue)
…………………..
[text_hash] => 2a597753
)