Array
(
[text] =>
<Unicode>
ဆေးရုံတွင် စောင့်ဆိုင်းခြင်း
ဇောင်ချီ ရဲ့လက်ရှိ အသွင်အပြင်ကို ဇောင်ယုဟွမ် တောင်အံ့ဩသွားခဲ့သည်။ ဒါပေမဲ့ သူမဘာသာ လျင်မြန်စွာ တည်ငြိမ်အောင် ပြုလုပ်နိုင်ခဲ့သည်။ ဂရုတစိုက်နဲ့ ဇောင်ချီ ရဲ့အခုပုံစံကို လေ့လာပြီး မှတ်သားလိုက်သည်။
မူလပိုင်ရှင်က အနားမှာပဲ ရှိနေသေးရင် သူမက သူ့ရဲ့ဒီလိုပုံစံကို ကြည့်ပြီး စိတ်မကောင်း ဖြစ်သွားလိမ့်မည်။ ဇောင်ချီ က ဇောင်ယုဟွမ် စိတ်ထဲဘာတွေရှိလဲဆိုတာ မသိပေ။
သူ့အရှေ့က သူမကို ကြည့်လိုက်ပြီး နောက်ဆုံးတော့ သူက အဖေတစ်ယောက်ဖြစ်တာ သတိရသွားပြီး နိုင်ငံခြားမှာ နေရတာ ဘယ်လိုရှိလဲဆိုတာ မေးလိုက်သည်။
သူမဘဝက နိုင်ငံခြားတွင် ပိုအဆင်ပြေပြီး ရှုရှင်း ကို ဇောင်ချီ မနှစ်သက်မှုတွေကလည်း ပိုမိုများပြားလာခဲ့သည်။ နောက်ဆုံးတော့ ဇောင်ချီ ကသက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။
“အနားမှာထားပြီး မင်းကို ပျိုးထောင်တာက ပိုကောင်းတယ်”
သူတို့နဲ့ ရင်းနှီးမှုတွေက ဆိုးရွားသည် ဖြစ်စေ၊ ကောင်းမွန်သည် ဖြစ်စေ၊ ဘယ်လိုပဲ ရှိနေပါစေ၊ သူတို့က အရွယ်ရောက်လာပြီး ဇောင်ယုဟွမ် က ရှုရှင်း နဲ့နှိုင်းယှဉ်ကြည့်စရာတောင် မလိုပေ။ ဇောင်ယုဟွမ် မေးလိုက်သည်။
“ဒါလား?” ဇောင်ယုဟွမ် ရဲ့အပြုံးက ထူးခြားနေပေမဲ့ ဇောင်ချီ သတိမထားမိပေ။ ဇောင်ချီ ကရပ်လိုက်ပြီး မေးလိုက်သည်။
“မင်းဘယ်အချိန်က ပြန်ရောက်တာလဲ?”
“လေယာဉ်ဆိုက်တာနဲ့ လာခဲ့တာ”
“ဒါဆို အစားအရင်သွားစားသင့်တယ်။ မင်းနဲ့အတူ အစောင့်တွေပါ ခေါ်သွားလိုက်” ဇောင်ချီ ကပြောလိုက်ပြီး မျက်မှောင်ကြုတ်လိုက်ကာ ရှုရန်ဟွေ့ ထပ်လုပ်တာကို စဉ်းစားလိုက်သည်။
ဇောင်ယုဟွမ် သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်သည်။ သူမ လာခဲ့တာတာက အခုချိန်မှာ သူက ဘယ်လိုပုံစံရှိပြီး ဓားသွားမှာ ရပ်နေတဲ့ပုံစံလားဆိုတာ လာကြည့်တာဖြစ်သည်။ သူ့အိပ်ရာဘေးမှာ တစ်ချိန်လုံးနေပြီး စောင့်နေပေးဖို့ ဘယ်တုန်းကမှ မရည်ရွယ်ထားခဲ့ပေ။
ဇောင်ချီ ကဒါနဲ့ မထိုက်တန်ဘူး။ ဇောင်ယုဟွမ် တံခါးကို ဖွင့်လိုက်ပြီး အစောင့်တစ်ယောက်ကို ခေါ်လိုက်သည်။ သူတို့က အဝေးကြီး မသွားကြပဲ အနီးနားက စားသောက်ဆိုင်ကိုသာ သွားခဲ့ကြသည်။
ဇောင်ယုဟွမ် ကစားခဲ့ပြီး ဆေးရုံကို ပြန်သွားခဲ့သည်။ သူမက ဇောင်ချီ ကိုလေဆိပ်ကနေ လာခဲ့တာလို့ ပြောခဲ့တာကြောင့် အပြင်ထွက်ခဲ့တာ ဖြစ်သည်။ ပုံမှန်ပင် သူမအရှေ့က အစားအစာ နည်းနည်းလေတောင် မထိပေ။
အစောင့်တွေက သူမရဲ့ လေးနက်သည့် ပုံစံကို မြင်လိုက်ပြီး သူမက စိတ်မကောင်းဖြစ်နေတာလို့ သတ်မှတ်လိုက်ကြသည်။ သူမရဲ့ တိတ်ဆိတ်နေမှုက ဘာလဲဆိုတာကို သူမတွေးတက်ပေ။ ဒီအခြေအနေက နှစ်နာရီလောက် ကြာသွားခဲ့သည်။
သူတို့က စားသောက်ဆိုင်ကနေ ထွက်လိုက်ပြီး ဆေးရုံကို ပြန်သွားခဲ့ကြသည်။ ဇောင်ယုဟွမ် ကအနားက ပန်းခြံတွင် အနည်းငယ် ပတ်လျှောက်ခဲ့သည်။ သူမကို အပေါ်ထပ်တွင် အနားယူဖို့ အစောင့်က လာပြောမဲ့အချိန်တွင် စကားပြောစက်ကနေ အသံမြည်လာခဲ့သည်။
“ဘာဖြစ်လို့လဲ?”
“အခုဒီကိုလာခဲ့! မစ္စတာဇောင် ကတခုခု ဖြစ်နေခဲ့တယ်!” တဖက်မှာ အသံက ပျောက်သွားခဲ့သည်။ အစောင့်က လှည့်လိုက်ပြီး သွားမလို့ လုပ်လိုက်စဉ် ဇောင်ယုဟွမ် ကိုသတိရသွားသည်။ သူက သူမကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။
“မိန်းကလေးဇောင်လည်း လိုက်ခဲ့သင့်တယ်!” ဇောင်ယုဟွမ် ခေါင်းညိတ်လိုက်သည်။ လန်ဂျင်းဇီ ပြောလိုက်သည်။
“ငါအောက်ထပ်ကနေ စောင့်နေမယ်။ မင်းတခုခု လိုအပ်ရင် ငါ့ကို ခေါ်လိုက်” ပြောလိုက်ပြီး လန်ဂျင်းဇီ ကအစောင့်ကို တစ်ချက်ကြည့်လိုက်သည်။ အစောင့်က ချက်ချင်းပင် သူ့အရိုးထဲက အေးခဲသွားတာကို ခံစားမိပြီး ပြောလိုက်သည်။
“မစိုးရိမ်ပါနဲ့၊ သခင်လေးလန်။ ကျွန်တော်တို့ မိန်းကလေးဇောင်ကို ကာကွယ်ပေးမှာပါ” အစောင့်နောက်ကနေ ဇောင်ယုဟွမ် အပေါ်ကို တက်သွားခဲ့သည်။
ဒါက ရှုပ်ထွေးနေတဲ့ အပေါ်ထပ်ပဲ။ ဇောင်ချီ ရဲ့အခြေအနေက ရုတ်တရက်ကြီး ပြောင်းလဲဿွားကာ သူ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေက ဆိုးရွားလာခဲ့သည်။ သူကို ICU ကိုတွန်းပို့ခဲ့ရသည်။
ICU အပြင်ဘက်တွင် လက်ထောင်ကျောင် ကထိတ်လန့်စွာ ရပ်နေခဲ့သည်။ သူ့မျက်နှာတွင် ချွေးတွေနဲ့အတူ စိုရွဲနေသည်။ ရုံးတွင် ဖြစ်ပျက်တာတွေကို မစ္စတာဇောင် ဆီကိုသူက လာတင်ပြရုံသာ ဖြစ်သည်။ နှစ်နာရီကြာတော့ သူက ရုတ်တရက်ကြီး……
ဇောင်ယုဟွမ် ကစင်္ကြံတွင် အေးဆေးစွာ မတ်တပ်ရပ်နေခဲ့သည်။ သူမအရင်ဘဝတုန်းက သေဆုံးချိန်ကထက် ပိုပြီးတောင် ဖရိုဖရဲဖြစ်နေသေးသည်။ ဒီမြင်ကွင်းက ထက်ဖြစ်လာချိန်မှာ သူမကို မတုန်လှုပ်စေတော့ဘူး။
ရှုရန်ဟွေ့ ကဒီလောက် မြန်မြန်ကြီး ဖြစ်ပျက်လာမယ်လို့ မမျှော်လင့်ထားတာကြောင့် ဆေးရုံကို ချက်ချင်း ရောက်လာခဲ့သည်။ သူတို့အားလုံးက လမ်းကြောင်းကို မနက် ၂ နာရီတွင် ရောက်လာခဲ့သည်။ ရှုရန်ဟွေ့ နဲ့ ရှုယုရှန်း တို့ကရောက်လာချိန်တွင် ဇောင်ချီ က ICU ထဲတွင်သာ ရှိနေတုန်းဖြစ်သည်။
“သခင်ကြီး ဘယ်မှာလဲ? သခင်ကြီး ဘယ်မှာလဲ?” ရှုရန်ဟွေ့ ကဖြူဖွေးနေပြီး သူမ ခြေထောက် နှစ်ဖက်တွင်တောင် မတ်တပ်ရပ်ဖို့ အရမ်းကို အားနည်းနေခဲ့သည်။
ရှုယုရှန်း ကသူမလဲကျတာကနေ ဖမ်းထားပေးခဲ့သည်။ သူမအသံတောင် အနည်းငယ် ယို့ယွင်းနေသည်။ ဒါက အတော်လေးကို သရုပ်ဆောင်ကောင်းတာပဲ။
“မင်းတို့ ဒီနားမှာ စောင့်နေသင့်တယ်….. ” အစောင့်က သူမကို တားလိုက်သည်။ ရှုယုရှန်း ကအစောင့်ရဲ့ လုပ်ရပ်ကြောင့် ဒေါသထွက်သွားသည်။
ဇောင်အိမ်တော်ရဲ့ အစောင့်က မိသားစုက မိန်းကလေး တစ်ယောက်ကို ဒီလိုမျိုး ဆက်ဆံရဲတယ်ပေါ့!
“ဘာဖြစ်လို့လဲ? ဘာကြောင့် ငါတို့ကို တားရတာလဲ? ငါ့အဖေက အထဲမှာ၊ ငါတို့ စိုးရိမ်နေပြီ!” အစောင့်က သူမစကားတွေကြောင့် မလှုပ်ရှားပေ။
“မဒမ်နဲ့ မိန်းကလေး ယုရှန်း၊ ကျေးဇူးပြုပြီး မိန်းကလေးဇောင်လိုမျိုး ဒီနားမှာ စောင့်နေသင့်တယ်” ရှုယုရှန်း ကထိုစကားကို ကြားလိုက်ချိန်တွင် အနည်းငယ် တုန်လှုပ်သွားသည်။ သူ့စကားကို သူမ မသေချာလိုက်ပေ။
“နင်ဘာပြောလိုက်တာလဲ?” ရှုရန်ဟွေ့ ရဲ့တုန့်ပြန်ချက်က သူမသမီးထက် အတော်လေးကို မြန်ဆန်သည်။ သူမမျက်နှာ အရောင်က ချက်ချင်းပဲ ပြောင်းလဲသွားပြီး ဒါကို ဖုံးကွယ်မထားနိုင်ပေ။
သူမက လှည့်လိုက်ပြီး ကြည့်လိုက်ကာ ချက်ချင်းပင် စင်္ကြံတွင် မတ်တပ်ရပ်နေသည့် ဇောင်ယုဟွမ် ကိုမြင်လိုက်သည်။ သေးသွယ်ပြီး အရပ်ရှည်ကာ အရွယ်ရောက်လာတာကြောင့် ပိုပြီးဆွဲဆောင်မှုရှိလာသည့် မိန်းကလေးကို မြင်လိုက်သည်။
ရှုရန်ဟွေ့ သူမအပေါ်ကို ရေအေးတွေ လောင်းချလိုက်သလိုမျိုး ခံစားလိုက်ရသည်။ ရှုယုရှန်း ပြောလိုက်သည်။
“နင်ဘာကြောင့် ဒီမှာရှိနေတာလဲ?” တစ်ချိန်တည်းတွင် သူမက မနာလိုမှုတွေနဲ့ ပြည့်နှက်သွားခဲ့သည်။
သူမက ကောင်းမွန်တဲ့ လက်ထပ်ပွဲ ရှိလာပြီလို့ တွေးခဲ့တာတောင်၊ ဇောင်ချီ ကသေပြီး သူမ လိုချင်တဲ့ အရာတွေ အားလုံးကို ရပြီလို့ တွေးခဲ့တာတောင် ဇောင်ယုဟွမ် ကသူမရဲ့ ကျောထောက်နောက်ခံ ဆုံးရှုံးသွားလိမ့်မယ်…. ဒါပေမဲ့ ရှုယုရှန်း သူမကို မနာလိုတာကို မထိန်းချုပ်နိုင်ပေ။
ဇောင်ယုဟွမ် ကစကားမပြော၊ အမူအရာမဲ့စွာနဲ့ တောက်ပသည့် ပုလဲလုံးလေးနဲ့ တူနေသည်။ သူမသည် မနာလိုမှုနဲ့ အာရုံစိုက်မှု နှစ်ခုလုံးကို ဆွဲထုတ်ခဲ့သည်။
ဇောင်ယုဟွမ် ကသူမကို ကြည့်-ရ-တာ- ရယ်-စ-ရာ-ကောင်း-တယ် ဆိုတဲ့ အကြည့်ကို ပေးလိုက်ပြီး မေးလိုက်သည်။
“ဒီနေရာမှာ ငါက မရှိသင့်ဘူးလား?” ရှုရန်ဟွေ့ က ရှုယုရှန်း ကျောကို လက်နဲ့တို့လိုက်ပြီး သူမခံစားချက်တွေကို ထိန်းချုပ်ဖို့ သတိပေးလိုက်သည်။
“မဟုတ်ဘူး၊ ငါက သိချင်ရုံပဲ။ နင်က နိုင်ငံခြားမှာ မဟုတ်ဘူးလား? ဘာကြောင့် ရုတ်တရက်ကြီး ပြန်လာခဲ့တာလဲ?”
“အဖေက ပြန်လာဖို့ ခေါ်ခဲ့တာ”
“ဒါက မဖြစ်နိုင်တာပဲ!” ရှုယုရှန်း ပြောလိုက်သည်။
ရှုရန်ဟွေ့ က ရှုယုရှန်း ကိုဒေါသထွက်စွာနဲ့ ထပ်တို့လိုက်သည်။ ရှုရန်ဟွေ့ ရဲ့မျက်နှာ အရောင်က ပြောင်းလဲသွားပြီး သူမဘာသာ နည်းနည်းထိန်းချုပ်နိုင်သွားသည်။
“အို၊ အဲ့လိုမဟုတ်ပါဘူး။ နင်က အချိန်ကိုက် ရောက်လာတာ ထူးဆန်းတယ်လို့ ငါထင်မိရုံပါ” ဇောင်ယုဟွမ် သူမကို အေးစက်သည့် အကြည့်ကို ပေးလိုက်သည်။
“အို” ရှုယုရှန်း အံကြိတ်လိုက်သည်။
အထင်သေးခံလိုက်ရတယ်လို့ သူမ ထင်လိုက်ရသည်။ ရုတ်တရက် သူမ တိတ်ဆိတ်သွားခဲ့သည်။ ပြဿနာဖြစ်နိုင်မည့် အရာများကို ထုတ်ဖော်မိမှာကို စိုးရိမ်သွားခဲ့သည်။
ဇောင်ချီ က ICU တွင်နေထိုင်မှုက တိုးပွားလာပြီး ရှုယုရှန်း ကတဖြည်းဖြည်း ပိုပိုပြီး ရူးသွပ်လာခဲ့သည်။ အထူးသဖြင့် ဇောင်ယုဟွမ် ရဲ့ပုံရိပ်ကို မြင်လိုက်ရတဲ့ အချိန်တိုင်း သူမခေါင်းတွေ ချာချာလည်သွားခဲ့သည်။
အခုဘာက မှားယွင်းနေတာလဲ….. ဒီမတော်တဆတွေကို သူမ မထိန်းချုပ်နိုင်တော့ဘူး! ဒါကြောင့် သူမလည်း စိုးရိမ်လာခဲ့သည်။ ဇောင်ယုဟွမ် ကသူတို့အားလုံးထဲတွင် အတည်ငြိမ်ဆုံး ဖြစ်ခဲ့သည်။
*****
၅၀ ကီလိုမီတာ အကွာတွင်၊ အနက်ရောင် sedan ကားထဲတွင် သခင်လေးနန် က လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ကြားတွင် ပိတ်မိနေပြီး ဘယ်နေရာကိုမှ မသွားနိုင်ပေ။
သခင်လေးနန် ကဒေါသကြောင့် အံကြိတ်လိုက်သည်။ ထိုနှစ်ယောက်က အရင်ကထက်တောင် အရပ်ပိုရှည်လာခဲ့ပြီး သူ့ကို အလွယ်တကူပင် ထိန်းချုပ်နိုင်ခဲ့သည်။
“မင်းက လက်ထပ်ပြီးပြီလို့ ငါတို့ကြားခဲ့တယ်?” လီဂျင်းယွမ် ကသခင်လေးနန် ရဲ့ပုခုံးကို ပုတ်လိုက်ပြီး မေးလိုက်သည်။ သခင်လေးနန် ကစကားပြောဖို့ ငြင်းဆန်ပြီး အံကြိတ်နေခဲ့သည်။
သူ အရှုံးမပေးနိုင်ဘူး!
ဟုန်ချန်းမင်း ကလည်း သူ့ပုခုံးကို ပုတ်လိုက်သည်။
“မင်း စကားမပြောဘူးလား?” သခင်လေးနန် ကရုတ်တရက် တိုက်ခိုက်ရေး စတူဒီယိုက အခြေအနေကို မှတ်မိသွားပြီး… ကြောက်ရွံ့စွာနဲ့ ပြောလိုက်သည်။
“မဟုတ်ဘူး၊ ငါလက်မထပ်ရသေးဘူး။ ငါလက်ထပ်သွားပြီလို့ ဘယ်သူက ပြောတာလဲ?” သူက ဇောင်ယုဟွမ် ကိုစောင့်နေခဲ့တာ။
သခင်လေးနန် ကသူ့ဘာသာ တွေးလိုက်ပြီး အံကြိတ်လိုက်သည်။ အထူးသဖြင့် သူတို့နှစ်ယောက်ရဲ့ လှုံ့ဆော်မှုကို ရလိုက်ချိန်မှာပေါ့။ အရင်ကထက်တောင် ဇောင်ယုဟွမ် ကိုသူ ပိုလိုချင်သွားခဲ့တယ်!
ဒါက အချစ်လား! ချစ်ခြင်းက အဲ့လောက် မလွယ်ကူဘူး! ဒါကို အဆုံးထိ သွားဖို့ သူ စိတ်ပိုင်းဖြတ်ထားခဲ့တယ်!
“အဲ့လိုလား? ဒါဆို မင်းမိသားစုက မင်းအတွက် လက်ထပ်ပွဲအတွက် ပြင်ဆင်နေတယ်လို့ ဘာကြောင့် ငါတို့ ကြားခဲ့ရတာလဲ?” လီဂျင်းယွမ် ကပြုံးလိုက်ပြီး သခင်လေးနန် ရဲ့ကျောကို ပုတ်လိုက်ပြီး ပြောလိုက်သည်။
သခင်လေးနန် ကသူ့ကျောတွင် အေးစက်မှုကို ခံစားလိုက်ရပြီး သူ့တစ်ကိုယ်လုံး အေးခဲသွားခဲ့သည်။ ရုတ်တရက် အသက်ရှူဖို့တောင် ခက်ခဲသွားသလို ခံစားလိုက်ရသည်။
လူတိုင်းက တိုက်ခိုက်ရေးအတွက် လေ့ကျင့်နေကြတာလား?
Holy shit!
သခင်လေးနန် ပြောလိုက်သည်။ “ဒီအကြောင်းကို ငါမသိဘူး။ ဒါက အမှန်တရားပဲ။ ငါတားဆီးမှာ!”
လီဂျင်းယွမ် ကသူ့ကို စူးစိုက်ကြည့်လိုက်သည်။ “ကောင်းပြီ”
သခင်လေးနန် ကဘယ်လိုလူမျိုးလဲဆိုတာ သူတို့အားလုံး ကောင်းကောင်း သိကြသည်။ သူကတချိန်လုံး မိန်းကလေးတွေနဲ့ ရှုပ်ထွေးနေတာကြောင့် သူ့လက်ထပ်ပွဲအကြောင်း သတင်းထွက်တာက အံ့ဩစရာ မဟုတ်ပေ။ လီဂျင်းယွမ် ထလိုက်ပြီး သူ့ကို လွှတ်ပေးလိုက်သည်။
“ကောင်းပြီ၊ မင်းအခု သွားနိုင်ပြီ” ဟုန်ချန်းမင်း ကသူ့ကို တစ်ချက်ကန်လိုက်ပြီး ပြောလိုက်သည်။
“အခုရပြီ!”
သခင်လေးနန် က”god*mn” လို့သူဘာသာ ပြောလိုက်သည်။
ဒါတွေအားလုံးက အချစ်အတွက်ပဲ!
သခင်လေးနန် ထွက်သွားချိန်တွင် ဟုန်ချန်းမင်း ကယာဉ်မောင်းကို ကားမောင်းခိုင်းလိုက်သည်။ လီဂျင်းယွမ် ကရုတ်တရက် ကြည့်လိုက်ပြီး ပြောလိုက်သည်။
“မင်းနည်းနည်းလေး ပြောင်းလဲရတော့မယ်” သူက ပိုပိုပြီး လူဆိုးဂိုဏ်းစတားနဲ့ တူလာခဲ့ပြီ။ ဟုန်ချန်းမင်း ကသူ့ကို ပြန်ကြည့်လိုက်ပြီး ပြောလိုက်သည်။
“မင်းကကော မဟုတ်ဘူးလား?” လီဂျင်းယွမ် ပြုံးလိုက်သည်။
“မင်းက ပိုတူတယ်လို့ ငါထင်တယ်”
သူတို့နှစ်ယောက်က နားလည်မှုရှိကြပြီး သူတို့လုပ်ရက်များအပေါ် အသေးစိတ် မပြောကြပေ။ လီဂျင်းယွမ် ကလေးနက်စွာ ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ဒီကိစ္စကြောင့် ဟွမ်ဟွမ် ကတရုတ်ပြည်ကို ပြန်လာတယ်လို့ ငါမထင်ဘူး”
“ဒါဆို ဒီကိစ္စက ပိုပြီးတောင် လေးနက်နိုင်တယ်” ဟုန်ချန်းမင်း ကပြောလိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ လီဂျင်းယွမ် ကအကြံပြုလိုက်သည်။
“ငါတို့ ဟွမ်ဟွမ် ကိုဖုန်းခေါ်ပြီး ဘယ်မှာရှိလဲလို့ မေးလိုက်တာ ပိုကောင်းလိမ့်မယ်” ဟုန်ချန်းမင်း ကသူ့နှုတ်ခမ်းကို တင်းကြပ်စွာ စေ့ထားခဲ့သည်။ လီဂျင်းယွမ် ပြောလိုက်သည်။
“….Godd*mn! မင်းက တကယ်ခေါင်းမာပြီး အံ့ဩဖို့ လုပ်ချင်နေတုန်းပဲလား?” လီဂျင်းယွမ် နောက်ဆုံးတော့ ကျိန်ဆဲမှုက ထွက်လာခဲ့သည်။
သူကျိန်ဆဲပြီးနောက် ထူးကဲတဲ့ ခံစားမှုကိုတောင် ခံစားလိုက်ရသည်။ သူက ငါ့ထက်တောင် ပိုပြီးဖြောင့်မတ်သေးတယ်!
သူက ဒီလိုမျိုး စိတ်ကူးနဲ့ ဘယ်လိုတောင် ခေါင်းမာနိုင်ရတာလဲ!
ဟုန်ချန်းမင်း မျက်မှောင်ကြုတ်လိုက်သည်။ “အိုကေ၊ မနက်ခင်းအထိ စောင့်လိုက်ရအောင်။ မနက်ကျမှ ငါတို့ဖုန်းဆက်ကြမယ်” လီဂျင်းယွမ် ပြန်ချေပလိုက်သည်။
“ငါခေါ်လိုက်မယ်”
ဟုန်ချန်းမင်း – “မဟုတ်ဘူး၊ ငါခေါ်လိုက်မယ်”
လီဂျင်းယွမ် – “ငါခေါ်လိုက်မယ်”
ဟုန်ချန်းမင်း – “ငါခေါ်မယ်…”
ယာဉ်မောင်း – “….”
လီဂျင်းယွမ် ပြောလိုက်သည်။ “နောက်ဆုံးအကြိမ်တုန်းက မင်းခေါ်ခဲ့တာလေ”
ဟုန်ချန်းမင်း – “….Sh*t! !ကောင်းပြီ! ဒါဆို မင်းခေါ်လိုက်! ဘာပဲဖြစ်ဖြစ်!”
လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့က ဟိုတယ်ကို ပြန်ရောက်ပြီးနောက် အားကုန်ကာ အိပ်ပျော်သွားကြသည်။ လီဂျင်းယွမ် ကမနက်ခင်းတွင် စောစောနိုးလာခဲ့ပြီး ပွဲတော်တစ်ခုကို တက်ရောက်သလိုမျိုး အဝတ်အစားကို သပ်ရပ်စွာ ဝတ်ဆင်ပြီး ဇောင်ယုဟွမ် ကိုဖုန်းခေါ်လိုက်သည်။
“ဟွမ်ဟွမ်”
“အင်း?” ဇောင်ယုဟွမ် ရဲ့အသံက တဖက်မှ ထွက်လာခဲ့ပြီး အနည်းငယ် ပင်ပန်းနေပုံပေါ်သည်။
“ဘယ်မှာလဲ?” လီဂျင်းယွမ် မေးလိုက်သည်။
“ဆေးရုံမှာ” ဇောင်ယုဟွမ် မဖြေချင်ပဲ ဖြေလိုက်သည်။ ထို့နောက် အချိန်အနည်းငယ် ရပ်လိုက်ပြီး ပြောလိုက်သည်။
“မင်းတို့တွေလည်း ပြန်မလာဘူး ဟုတ်တယ်မလား?”
“ဘယ်ဆေးရုံလဲ?” လီဂျင်းယွမ် ကမေးခွန်းကို ရှောင်လိုက်ပြီး ပြန်မေးလိုက်သည်။ ဇောင်ယုဟွမ် ကသူ့ကို လိပ်စာကို ပေးလိုက်သည်။
လီဂျင်းယွမ် – “အဲ့မှာ ငါ့ကိုစောင့်နေ၊ ဟွမ်ဟွမ်” ထို့နောက် ဖုန်းချလိုက်သည်။
ဟုန်ချန်းမင်း တွေးလိုက်သည်။ ‘ငါ့ကိုစောင့်၊ ဟွမ်ဟွမ်’ ဆိုတာက ဘာကိုဆိုလိုတာလဲ? ငါတို့အတွက်နဲ့ သူမက စောင့်နေသင့်လို့လား? ****
သူ့မှာ နာမည်တစ်ခုတောင် မရှိဘူးလား? လီဂျင်းယွမ် ကသူ့ရဲ့ ရှောင်ရှားသည့် စွမ်းရည်ကို ထပ်သုံးလိုက်သည်။
“သွားရအောင်” ဟုန်ချန်းမင်း ကအစောက အသေးစိတ် အချက်အလက်တွေကြောင့် အတော်လေးကို စိတ်ခံစားချက် မကောင်းပေ။
သူတို့နှစ်ယောက်က လှည့်လိုက်ကြပြီး လှေကားကနေ မြန်မြန်ဆင်းလိုက်ကြကာ ဆေးရုံကို ဦးတည်သွားလိုက်ကြသည်။ ဇောင်ချီ က ICU ထဲတွင် ရှိနေတုန်းဖြစ်သည်။ ဇောင်ယုဟွမ် ကတစ်ညလုံး မအိပ်ရတာကြောင့် အတော်လေး ပင်ပန်းနေသည်။
သူမက ရှုရန်ဟွေ့ နဲ့သူမသမီး ထက်တောင် ပိုပင်ပန်းနေသည်။ ရှုရန်ဟွေ့ ရဲ့မျက်နှာက ဈေးကြီးတဲ့ အရေပြားထိန်းသိမ်းသည့် ပစ္စည်းများကို မသုံးထားတာကြောင့် အခုတော့ အသက်အရွယ်ကို မြင်နိုင်နေသည်။ ရှုယုရှန်း လည်းအတူတူလို့ ပြောနိုင်သည်။
သူတို့နှစ်ယောက်က တစ်ညလုံး စိုးရိမ်နေခဲ့ကြပြီး ဒါက အိပ်မပျော်အောင် ဖြစ်ခဲ့ကြသည်။ ဇောင်ယုဟွမ် ကမနက်စာ စားဖို့အတွက် လှေကားကနေ ဆင်းသွားပြီး လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ကို စောင့်လိုက်သည်။
သူမအောက်ထပ်ကို ရောက်ချိန်တွင် လန်ဂျင်းဇီ ဘယ်နေရာတွင် ရှိလဲဆိုတာကို သိချင်တာကြောင့် ဖုန်းခေါ်လိုက်သည်။
ဇောင်ယုဟွမ် ဓာတ်လှေကားကနေ ထွက်လိုက်သည်နှင့် ငိုနေတဲ့ မိန်းကလေး တစ်ယောက်က အထဲကို ပြေးဝင်လာပြီး သူမကိုတောင် ဝင်တိုက်မိသွားခဲ့သည်။ ဓာတ်လှေကား အပြင်ဘက်တွင် တစုံတစ်ယောက်က အော်လိုက်သည်။
“အံဩစရာပဲ! အံ့ဩစရာပဲ! လင်းချီလန် နင်က ကျက်သရေမရှိဘူး! နင့်အစ်ကိုကိုတောင် မကယ်တင်နိုင်ဘူး! ထွက်သွား! ငရဲကိုသွား!”
ဇောင်ယုဟွမ် အချိန်အနည်းငယ်လောက် ရပ်တန့်သွားခဲ့သည်။ သူမဦးနှောက်က နောက်စက္ကန့် အနည်းငယ်တွင် တောက်ပသွားသည်။ ဇောင်ယုဟွမ် မထိန်းချုပ်နိုင်ပဲ ထိုမိန်းကလေးကို ပြန်လှည့်ကြည့်လိုက်သည်။
မိန်းကလေးက ဆံပင်ကို မြှင့်စည်းထားပြီး လူကြိုက်များတဲ့ အင်္ကျီအတိုနဲ့ Taobao ဘောင်းဘီကို ဝတ်ထားခဲ့သည်။ သူမစတိုင်က ထူးခြားမှု မရှိပဲ အနည်းငယ် ခေတ်နောက်ကျနေပေမဲ့ သူမက ကျက်သရေရှိပြီး လှပနေသည်။
သူမနှုတ်ခမ်းတွေက တင်းကြပ်စွာ စေ့ထားပြီး သူမပုံစံက ခေါင်းမာမဲ့ပုံ ပေါ်ပြီး မျက်လုံးတွေက တောက်ပနေသည်။
…..ဒါက အမျိုးသမီး ဇာတ်ကောင်ပဲ!
ဒီမြင်ကွင်းက အမျိုးသမီး ဇာတ်ကောင်က မူလနိုဗယ်မှာ ပြန်မွေးဖွားလာပြီး ဖြစ်လာတဲ့ အခန်းပဲ!
ဒီနာမည်ကိုသာ ဇောင်ယုဟွမ် မကြားခဲ့ရင် အမျိုးသမီး ဇာတ်ကောင်ရဲ့ တည်ရှိနေမှုကိုတောင် သူမမေ့လုနီးပါးပဲ!
6.7.2020 (Mon)
………………….
<Zawgyi>
ေဆး႐ုံတြင္ ေစာင့္ဆိုင္းျခင္း
ေဇာင္ခ်ီ ရဲ႕လက္ရွိ အသြင္အျပင္ကို ေဇာင္ယုဟြမ္ ေတာင္အံ့ဩသြားခဲ့သည္။ ဒါေပမဲ့ သူမဘာသာ လ်င္ျမန္စြာ တည္ၿငိမ္ေအာင္ ျပဳလုပ္ႏိုင္ခဲ့သည္။ ဂ႐ုတစိုက္နဲ႔ ေဇာင္ခ်ီ ရဲ႕အခုပုံစံကို ေလ့လာၿပီး မွတ္သားလိုက္သည္။
မူလပိုင္ရွင္က အနားမွာပဲ ရွိေနေသးရင္ သူမက သူ႔ရဲ႕ဒီလိုပုံစံကို ၾကည့္ၿပီး စိတ္မေကာင္း ျဖစ္သြားလိမ့္မည္။ ေဇာင္ခ်ီ က ေဇာင္ယုဟြမ္ စိတ္ထဲဘာေတြရွိလဲဆိုတာ မသိေပ။
သူ႔အေရွ႕က သူမကို ၾကည့္လိုက္ၿပီး ေနာက္ဆုံးေတာ့ သူက အေဖတစ္ေယာက္ျဖစ္တာ သတိရသြားၿပီး ႏိုင္ငံျခားမွာ ေနရတာ ဘယ္လိုရွိလဲဆိုတာ ေမးလိုက္သည္။
သူမဘဝက ႏိုင္ငံျခားတြင္ ပိုအဆင္ေျပၿပီး ရႈရွင္း ကို ေဇာင္ခ်ီ မႏွစ္သက္မႈေတြကလည္း ပိုမိုမ်ားျပားလာခဲ့သည္။ ေနာက္ဆုံးေတာ့ ေဇာင္ခ်ီ ကသက္ျပင္းခ်လိုက္ၿပီး ေျပာလိုက္သည္။
“အနားမွာထားၿပီး မင္းကို ပ်ိဳးေထာင္တာက ပိုေကာင္းတယ္”
သူတို႔နဲ႔ ရင္းႏွီးမႈေတြက ဆိုး႐ြားသည္ ျဖစ္ေစ၊ ေကာင္းမြန္သည္ ျဖစ္ေစ၊ ဘယ္လိုပဲ ရွိေနပါေစ၊ သူတို႔က အ႐ြယ္ေရာက္လာၿပီး ေဇာင္ယုဟြမ္ က ရႈရွင္း နဲ႔ႏႈိင္းယွဥ္ၾကည့္စရာေတာင္ မလိုေပ။ ေဇာင္ယုဟြမ္ ေမးလိုက္သည္။
“ဒါလား?” ေဇာင္ယုဟြမ္ ရဲ႕အၿပဳံးက ထူးျခားေနေပမဲ့ ေဇာင္ခ်ီ သတိမထားမိေပ။ ေဇာင္ခ်ီ ကရပ္လိုက္ၿပီး ေမးလိုက္သည္။
“မင္းဘယ္အခ်ိန္က ျပန္ေရာက္တာလဲ?”
“ေလယာဥ္ဆိုက္တာနဲ႔ လာခဲ့တာ”
“ဒါဆို အစားအရင္သြားစားသင့္တယ္။ မင္းနဲ႔အတူ အေစာင့္ေတြပါ ေခၚသြားလိုက္” ေဇာင္ခ်ီ ကေျပာလိုက္ၿပီး မ်က္ေမွာင္ၾကဳတ္လိုက္ကာ ရႈရန္ေဟြ႕ ထပ္လုပ္တာကို စဥ္းစားလိုက္သည္။
ေဇာင္ယုဟြမ္ သေဘာတူစြာျဖင့္ ေခါင္းညိတ္လိုက္သည္။ သူမ လာခဲ့တာတာက အခုခ်ိန္မွာ သူက ဘယ္လိုပုံစံရွိၿပီး ဓားသြားမွာ ရပ္ေနတဲ့ပုံစံလားဆိုတာ လာၾကည့္တာျဖစ္သည္။ သူ႔အိပ္ရာေဘးမွာ တစ္ခ်ိန္လုံးေနၿပီး ေစာင့္ေနေပးဖို႔ ဘယ္တုန္းကမွ မရည္႐ြယ္ထားခဲ့ေပ။
ေဇာင္ခ်ီ ကဒါနဲ႔ မထိုက္တန္ဘူး။ ေဇာင္ယုဟြမ္ တံခါးကို ဖြင့္လိုက္ၿပီး အေစာင့္တစ္ေယာက္ကို ေခၚလိုက္သည္။ သူတို႔က အေဝးႀကီး မသြားၾကပဲ အနီးနားက စားေသာက္ဆိုင္ကိုသာ သြားခဲ့ၾကသည္။
ေဇာင္ယုဟြမ္ ကစားခဲ့ၿပီး ေဆး႐ုံကို ျပန္သြားခဲ့သည္။ သူမက ေဇာင္ခ်ီ ကိုေလဆိပ္ကေန လာခဲ့တာလို႔ ေျပာခဲ့တာေၾကာင့္ အျပင္ထြက္ခဲ့တာ ျဖစ္သည္။ ပုံမွန္ပင္ သူမအေရွ႕က အစားအစာ နည္းနည္းေလေတာင္ မထိေပ။
အေစာင့္ေတြက သူမရဲ႕ ေလးနက္သည့္ ပုံစံကို ျမင္လိုက္ၿပီး သူမက စိတ္မေကာင္းျဖစ္ေနတာလို႔ သတ္မွတ္လိုက္ၾကသည္။ သူမရဲ႕ တိတ္ဆိတ္ေနမႈက ဘာလဲဆိုတာကို သူမေတြးတက္ေပ။ ဒီအေျခအေနက ႏွစ္နာရီေလာက္ ၾကာသြားခဲ့သည္။
သူတို႔က စားေသာက္ဆိုင္ကေန ထြက္လိုက္ၿပီး ေဆး႐ုံကို ျပန္သြားခဲ့ၾကသည္။ ေဇာင္ယုဟြမ္ ကအနားက ပန္းၿခံတြင္ အနည္းငယ္ ပတ္ေလွ်ာက္ခဲ့သည္။ သူမကို အေပၚထပ္တြင္ အနားယူဖို႔ အေစာင့္က လာေျပာမဲ့အခ်ိန္တြင္ စကားေျပာစက္ကေန အသံျမည္လာခဲ့သည္။
“ဘာျဖစ္လို႔လဲ?”
“အခုဒီကိုလာခဲ့! မစၥတာေဇာင္ ကတခုခု ျဖစ္ေနခဲ့တယ္!” တဖက္မွာ အသံက ေပ်ာက္သြားခဲ့သည္။ အေစာင့္က လွည့္လိုက္ၿပီး သြားမလို႔ လုပ္လိုက္စဥ္ ေဇာင္ယုဟြမ္ ကိုသတိရသြားသည္။ သူက သူမကို တစ္ခ်က္ၾကည့္လိုက္ၿပီး ေျပာလိုက္သည္။
“မိန္းကေလးေဇာင္လည္း လိုက္ခဲ့သင့္တယ္!” ေဇာင္ယုဟြမ္ ေခါင္းညိတ္လိုက္သည္။ လန္ဂ်င္းဇီ ေျပာလိုက္သည္။
“ငါေအာက္ထပ္ကေန ေစာင့္ေနမယ္။ မင္းတခုခု လိုအပ္ရင္ ငါ့ကို ေခၚလိုက္” ေျပာလိုက္ၿပီး လန္ဂ်င္းဇီ ကအေစာင့္ကို တစ္ခ်က္ၾကည့္လိုက္သည္။ အေစာင့္က ခ်က္ခ်င္းပင္ သူ႔အ႐ိုးထဲက ေအးခဲသြားတာကို ခံစားမိၿပီး ေျပာလိုက္သည္။
“မစိုးရိမ္ပါနဲ႔၊ သခင္ေလးလန္။ ကြၽန္ေတာ္တို႔ မိန္းကေလးေဇာင္ကို ကာကြယ္ေပးမွာပါ” အေစာင့္ေနာက္ကေန ေဇာင္ယုဟြမ္ အေပၚကို တက္သြားခဲ့သည္။
ဒါက ရႈပ္ေထြးေနတဲ့ အေပၚထပ္ပဲ။ ေဇာင္ခ်ီ ရဲ႕အေျခအေနက ႐ုတ္တရက္ႀကီး ေျပာင္းလဲႆြားကာ သူ႔ကိုယ္အဂၤါအစိတ္အပိုင္းေတြက ဆိုး႐ြားလာခဲ့သည္။ သူကို ICU ကိုတြန္းပို႔ခဲ့ရသည္။
ICU အျပင္ဘက္တြင္ လက္ေထာင္ေက်ာင္ ကထိတ္လန႔္စြာ ရပ္ေနခဲ့သည္။ သူ႔မ်က္ႏွာတြင္ ေခြၽးေတြနဲ႔အတူ စို႐ြဲေနသည္။ ႐ုံးတြင္ ျဖစ္ပ်က္တာေတြကို မစၥတာေဇာင္ ဆီကိုသူက လာတင္ျပ႐ုံသာ ျဖစ္သည္။ ႏွစ္နာရီၾကာေတာ့ သူက ႐ုတ္တရက္ႀကီး……
ေဇာင္ယုဟြမ္ ကစႀကႍတြင္ ေအးေဆးစြာ မတ္တပ္ရပ္ေနခဲ့သည္။ သူမအရင္ဘဝတုန္းက ေသဆုံးခ်ိန္ကထက္ ပိုၿပီးေတာင္ ဖ႐ိုဖရဲျဖစ္ေနေသးသည္။ ဒီျမင္ကြင္းက ထက္ျဖစ္လာခ်ိန္မွာ သူမကို မတုန္လႈပ္ေစေတာ့ဘူး။
ရႈရန္ေဟြ႕ ကဒီေလာက္ ျမန္ျမန္ႀကီး ျဖစ္ပ်က္လာမယ္လို႔ မေမွ်ာ္လင့္ထားတာေၾကာင့္ ေဆး႐ုံကို ခ်က္ခ်င္း ေရာက္လာခဲ့သည္။ သူတို႔အားလုံးက လမ္းေၾကာင္းကို မနက္ ၂ နာရီတြင္ ေရာက္လာခဲ့သည္။ ရႈရန္ေဟြ႕ နဲ႔ ရႈယုရွန္း တို႔ကေရာက္လာခ်ိန္တြင္ ေဇာင္ခ်ီ က ICU ထဲတြင္သာ ရွိေနတုန္းျဖစ္သည္။
“သခင္ႀကီး ဘယ္မွာလဲ? သခင္ႀကီး ဘယ္မွာလဲ?” ရႈရန္ေဟြ႕ ကျဖဴေဖြးေနၿပီး သူမ ေျခေထာက္ ႏွစ္ဖက္တြင္ေတာင္ မတ္တပ္ရပ္ဖို႔ အရမ္းကို အားနည္းေနခဲ့သည္။
ရႈယုရွန္း ကသူမလဲက်တာကေန ဖမ္းထားေပးခဲ့သည္။ သူမအသံေတာင္ အနည္းငယ္ ယို႔ယြင္းေနသည္။ ဒါက အေတာ္ေလးကို သ႐ုပ္ေဆာင္ေကာင္းတာပဲ။
“မင္းတို႔ ဒီနားမွာ ေစာင့္ေနသင့္တယ္….. ” အေစာင့္က သူမကို တားလိုက္သည္။ ရႈယုရွန္း ကအေစာင့္ရဲ႕ လုပ္ရပ္ေၾကာင့္ ေဒါသထြက္သြားသည္။
ေဇာင္အိမ္ေတာ္ရဲ႕ အေစာင့္က မိသားစုက မိန္းကေလး တစ္ေယာက္ကို ဒီလိုမ်ိဳး ဆက္ဆံရဲတယ္ေပါ့!
“ဘာျဖစ္လို႔လဲ? ဘာေၾကာင့္ ငါတို႔ကို တားရတာလဲ? ငါ့အေဖက အထဲမွာ၊ ငါတို႔ စိုးရိမ္ေနၿပီ!” အေစာင့္က သူမစကားေတြေၾကာင့္ မလႈပ္ရွားေပ။
“မဒမ္နဲ႔ မိန္းကေလး ယုရွန္း၊ ေက်းဇူးျပဳၿပီး မိန္းကေလးေဇာင္လိုမ်ိဳး ဒီနားမွာ ေစာင့္ေနသင့္တယ္” ရႈယုရွန္း ကထိုစကားကို ၾကားလိုက္ခ်ိန္တြင္ အနည္းငယ္ တုန္လႈပ္သြားသည္။ သူ႔စကားကို သူမ မေသခ်ာလိုက္ေပ။
“နင္ဘာေျပာလိုက္တာလဲ?” ရႈရန္ေဟြ႕ ရဲ႕တုန႔္ျပန္ခ်က္က သူမသမီးထက္ အေတာ္ေလးကို ျမန္ဆန္သည္။ သူမမ်က္ႏွာ အေရာင္က ခ်က္ခ်င္းပဲ ေျပာင္းလဲသြားၿပီး ဒါကို ဖုံးကြယ္မထားႏိုင္ေပ။
သူမက လွည့္လိုက္ၿပီး ၾကည့္လိုက္ကာ ခ်က္ခ်င္းပင္ စႀကႍတြင္ မတ္တပ္ရပ္ေနသည့္ ေဇာင္ယုဟြမ္ ကိုျမင္လိုက္သည္။ ေသးသြယ္ၿပီး အရပ္ရွည္ကာ အ႐ြယ္ေရာက္လာတာေၾကာင့္ ပိုၿပီးဆြဲေဆာင္မႈရွိလာသည့္ မိန္းကေလးကို ျမင္လိုက္သည္။
ရႈရန္ေဟြ႕ သူမအေပၚကို ေရေအးေတြ ေလာင္းခ်လိုက္သလိုမ်ိဳး ခံစားလိုက္ရသည္။ ရႈယုရွန္း ေျပာလိုက္သည္။
“နင္ဘာေၾကာင့္ ဒီမွာရွိေနတာလဲ?” တစ္ခ်ိန္တည္းတြင္ သူမက မနာလိုမႈေတြနဲ႔ ျပည့္ႏွက္သြားခဲ့သည္။
သူမက ေကာင္းမြန္တဲ့ လက္ထပ္ပြဲ ရွိလာၿပီလို႔ ေတြးခဲ့တာေတာင္၊ ေဇာင္ခ်ီ ကေသၿပီး သူမ လိုခ်င္တဲ့ အရာေတြ အားလုံးကို ရၿပီလို႔ ေတြးခဲ့တာေတာင္ ေဇာင္ယုဟြမ္ ကသူမရဲ႕ ေက်ာေထာက္ေနာက္ခံ ဆုံးရႈံးသြားလိမ့္မယ္…. ဒါေပမဲ့ ရႈယုရွန္း သူမကို မနာလိုတာကို မထိန္းခ်ဳပ္ႏိုင္ေပ။
ေဇာင္ယုဟြမ္ ကစကားမေျပာ၊ အမူအရာမဲ့စြာနဲ႔ ေတာက္ပသည့္ ပုလဲလုံးေလးနဲ႔ တူေနသည္။ သူမသည္ မနာလိုမႈနဲ႔ အာ႐ုံစိုက္မႈ ႏွစ္ခုလုံးကို ဆြဲထုတ္ခဲ့သည္။
ေဇာင္ယုဟြမ္ ကသူမကို ၾကည့္-ရ-တာ- ရယ္-စ-ရာ-ေကာင္း-တယ္ ဆိုတဲ့ အၾကည့္ကို ေပးလိုက္ၿပီး ေမးလိုက္သည္။
“ဒီေနရာမွာ ငါက မရွိသင့္ဘူးလား?” ရႈရန္ေဟြ႕ က ရႈယုရွန္း ေက်ာကို လက္နဲ႔တို႔လိုက္ၿပီး သူမခံစားခ်က္ေတြကို ထိန္းခ်ဳပ္ဖို႔ သတိေပးလိုက္သည္။
“မဟုတ္ဘူး၊ ငါက သိခ်င္႐ုံပဲ။ နင္က ႏိုင္ငံျခားမွာ မဟုတ္ဘူးလား? ဘာေၾကာင့္ ႐ုတ္တရက္ႀကီး ျပန္လာခဲ့တာလဲ?”
“အေဖက ျပန္လာဖို႔ ေခၚခဲ့တာ”
“ဒါက မျဖစ္ႏိုင္တာပဲ!” ရႈယုရွန္း ေျပာလိုက္သည္။
ရႈရန္ေဟြ႕ က ရႈယုရွန္း ကိုေဒါသထြက္စြာနဲ႔ ထပ္တို႔လိုက္သည္။ ရႈရန္ေဟြ႕ ရဲ႕မ်က္ႏွာ အေရာင္က ေျပာင္းလဲသြားၿပီး သူမဘာသာ နည္းနည္းထိန္းခ်ဳပ္ႏိုင္သြားသည္။
“အို၊ အဲ့လိုမဟုတ္ပါဘူး။ နင္က အခ်ိန္ကိုက္ ေရာက္လာတာ ထူးဆန္းတယ္လို႔ ငါထင္မိ႐ုံပါ” ေဇာင္ယုဟြမ္ သူမကို ေအးစက္သည့္ အၾကည့္ကို ေပးလိုက္သည္။
“အို” ရႈယုရွန္း အံႀကိတ္လိုက္သည္။
အထင္ေသးခံလိုက္ရတယ္လို႔ သူမ ထင္လိုက္ရသည္။ ႐ုတ္တရက္ သူမ တိတ္ဆိတ္သြားခဲ့သည္။ ျပႆနာျဖစ္ႏိုင္မည့္ အရာမ်ားကို ထုတ္ေဖာ္မိမွာကို စိုးရိမ္သြားခဲ့သည္။
ေဇာင္ခ်ီ က ICU တြင္ေနထိုင္မႈက တိုးပြားလာၿပီး ရႈယုရွန္း ကတျဖည္းျဖည္း ပိုပိုၿပီး ႐ူးသြပ္လာခဲ့သည္။ အထူးသျဖင့္ ေဇာင္ယုဟြမ္ ရဲ႕ပုံရိပ္ကို ျမင္လိုက္ရတဲ့ အခ်ိန္တိုင္း သူမေခါင္းေတြ ခ်ာခ်ာလည္သြားခဲ့သည္။
အခုဘာက မွားယြင္းေနတာလဲ….. ဒီမေတာ္တဆေတြကို သူမ မထိန္းခ်ဳပ္ႏိုင္ေတာ့ဘူး! ဒါေၾကာင့္ သူမလည္း စိုးရိမ္လာခဲ့သည္။ ေဇာင္ယုဟြမ္ ကသူတို႔အားလုံးထဲတြင္ အတည္ၿငိမ္ဆုံး ျဖစ္ခဲ့သည္။
*****
၅၀ ကီလိုမီတာ အကြာတြင္၊ အနက္ေရာင္ sedan ကားထဲတြင္ သခင္ေလးနန္ က လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ၾကားတြင္ ပိတ္မိေနၿပီး ဘယ္ေနရာကိုမွ မသြားႏိုင္ေပ။
သခင္ေလးနန္ ကေဒါသေၾကာင့္ အံႀကိတ္လိုက္သည္။ ထိုႏွစ္ေယာက္က အရင္ကထက္ေတာင္ အရပ္ပိုရွည္လာခဲ့ၿပီး သူ႔ကို အလြယ္တကူပင္ ထိန္းခ်ဳပ္ႏိုင္ခဲ့သည္။
“မင္းက လက္ထပ္ၿပီးၿပီလို႔ ငါတို႔ၾကားခဲ့တယ္?” လီဂ်င္းယြမ္ ကသခင္ေလးနန္ ရဲ႕ပုခုံးကို ပုတ္လိုက္ၿပီး ေမးလိုက္သည္။ သခင္ေလးနန္ ကစကားေျပာဖို႔ ျငင္းဆန္ၿပီး အံႀကိတ္ေနခဲ့သည္။
သူ အရႈံးမေပးႏိုင္ဘူး!
ဟုန္ခ်န္းမင္း ကလည္း သူ႔ပုခုံးကို ပုတ္လိုက္သည္။
“မင္း စကားမေျပာဘူးလား?” သခင္ေလးနန္ က႐ုတ္တရက္ တိုက္ခိုက္ေရး စတူဒီယိုက အေျခအေနကို မွတ္မိသြားၿပီး… ေၾကာက္႐ြံ႕စြာနဲ႔ ေျပာလိုက္သည္။
“မဟုတ္ဘူး၊ ငါလက္မထပ္ရေသးဘူး။ ငါလက္ထပ္သြားၿပီလို႔ ဘယ္သူက ေျပာတာလဲ?” သူက ေဇာင္ယုဟြမ္ ကိုေစာင့္ေနခဲ့တာ။
သခင္ေလးနန္ ကသူ႔ဘာသာ ေတြးလိုက္ၿပီး အံႀကိတ္လိုက္သည္။ အထူးသျဖင့္ သူတို႔ႏွစ္ေယာက္ရဲ႕ လႈံ႕ေဆာ္မႈကို ရလိုက္ခ်ိန္မွာေပါ့။ အရင္ကထက္ေတာင္ ေဇာင္ယုဟြမ္ ကိုသူ ပိုလိုခ်င္သြားခဲ့တယ္!
ဒါက အခ်စ္လား! ခ်စ္ျခင္းက အဲ့ေလာက္ မလြယ္ကူဘူး! ဒါကို အဆုံးထိ သြားဖို႔ သူ စိတ္ပိုင္းျဖတ္ထားခဲ့တယ္!
“အဲ့လိုလား? ဒါဆို မင္းမိသားစုက မင္းအတြက္ လက္ထပ္ပြဲအတြက္ ျပင္ဆင္ေနတယ္လို႔ ဘာေၾကာင့္ ငါတို႔ ၾကားခဲ့ရတာလဲ?” လီဂ်င္းယြမ္ ကၿပဳံးလိုက္ၿပီး သခင္ေလးနန္ ရဲ႕ေက်ာကို ပုတ္လိုက္ၿပီး ေျပာလိုက္သည္။
သခင္ေလးနန္ ကသူ႔ေက်ာတြင္ ေအးစက္မႈကို ခံစားလိုက္ရၿပီး သူ႔တစ္ကိုယ္လုံး ေအးခဲသြားခဲ့သည္။ ႐ုတ္တရက္ အသက္ရႉဖို႔ေတာင္ ခက္ခဲသြားသလို ခံစားလိုက္ရသည္။
လူတိုင္းက တိုက္ခိုက္ေရးအတြက္ ေလ့က်င့္ေနၾကတာလား?
Holy shit!
သခင္ေလးနန္ ေျပာလိုက္သည္။ “ဒီအေၾကာင္းကို ငါမသိဘူး။ ဒါက အမွန္တရားပဲ။ ငါတားဆီးမွာ!”
လီဂ်င္းယြမ္ ကသူ႔ကို စူးစိုက္ၾကည့္လိုက္သည္။ “ေကာင္းၿပီ”
သခင္ေလးနန္ ကဘယ္လိုလူမ်ိဳးလဲဆိုတာ သူတို႔အားလုံး ေကာင္းေကာင္း သိၾကသည္။ သူကတခ်ိန္လုံး မိန္းကေလးေတြနဲ႔ ရႈပ္ေထြးေနတာေၾကာင့္ သူ႔လက္ထပ္ပြဲအေၾကာင္း သတင္းထြက္တာက အံ့ဩစရာ မဟုတ္ေပ။ လီဂ်င္းယြမ္ ထလိုက္ၿပီး သူ႔ကို လႊတ္ေပးလိုက္သည္။
“ေကာင္းၿပီ၊ မင္းအခု သြားႏိုင္ၿပီ” ဟုန္ခ်န္းမင္း ကသူ႔ကို တစ္ခ်က္ကန္လိုက္ၿပီး ေျပာလိုက္သည္။
“အခုရၿပီ!”
သခင္ေလးနန္ က”god*mn” လို႔သူဘာသာ ေျပာလိုက္သည္။
ဒါေတြအားလုံးက အခ်စ္အတြက္ပဲ!
သခင္ေလးနန္ ထြက္သြားခ်ိန္တြင္ ဟုန္ခ်န္းမင္း ကယာဥ္ေမာင္းကို ကားေမာင္းခိုင္းလိုက္သည္။ လီဂ်င္းယြမ္ က႐ုတ္တရက္ ၾကည့္လိုက္ၿပီး ေျပာလိုက္သည္။
“မင္းနည္းနည္းေလး ေျပာင္းလဲရေတာ့မယ္” သူက ပိုပိုၿပီး လူဆိုးဂိုဏ္းစတားနဲ႔ တူလာခဲ့ၿပီ။ ဟုန္ခ်န္းမင္း ကသူ႔ကို ျပန္ၾကည့္လိုက္ၿပီး ေျပာလိုက္သည္။
“မင္းကေကာ မဟုတ္ဘူးလား?” လီဂ်င္းယြမ္ ၿပဳံးလိုက္သည္။
“မင္းက ပိုတူတယ္လို႔ ငါထင္တယ္”
သူတို႔ႏွစ္ေယာက္က နားလည္မႈရွိၾကၿပီး သူတို႔လုပ္ရက္မ်ားအေပၚ အေသးစိတ္ မေျပာၾကေပ။ လီဂ်င္းယြမ္ ကေလးနက္စြာ ၾကည့္လိုက္ၿပီး ေျပာလိုက္သည္။
“ဒီကိစၥေၾကာင့္ ဟြမ္ဟြမ္ ကတ႐ုတ္ျပည္ကို ျပန္လာတယ္လို႔ ငါမထင္ဘူး”
“ဒါဆို ဒီကိစၥက ပိုၿပီးေတာင္ ေလးနက္ႏိုင္တယ္” ဟုန္ခ်န္းမင္း ကေျပာလိုက္ၿပီး မ်က္ေမွာင္ၾကဳတ္လိုက္သည္။ လီဂ်င္းယြမ္ ကအႀကံျပဳလိုက္သည္။
“ငါတို႔ ဟြမ္ဟြမ္ ကိုဖုန္းေခၚၿပီး ဘယ္မွာရွိလဲလို႔ ေမးလိုက္တာ ပိုေကာင္းလိမ့္မယ္” ဟုန္ခ်န္းမင္း ကသူ႔ႏႈတ္ခမ္းကို တင္းၾကပ္စြာ ေစ့ထားခဲ့သည္။ လီဂ်င္းယြမ္ ေျပာလိုက္သည္။
“….Godd*mn! မင္းက တကယ္ေခါင္းမာၿပီး အံ့ဩဖို႔ လုပ္ခ်င္ေနတုန္းပဲလား?” လီဂ်င္းယြမ္ ေနာက္ဆုံးေတာ့ က်ိန္ဆဲမႈက ထြက္လာခဲ့သည္။
သူက်ိန္ဆဲၿပီးေနာက္ ထူးကဲတဲ့ ခံစားမႈကိုေတာင္ ခံစားလိုက္ရသည္။ သူက ငါ့ထက္ေတာင္ ပိုၿပီးေျဖာင့္မတ္ေသးတယ္!
သူက ဒီလိုမ်ိဳး စိတ္ကူးနဲ႔ ဘယ္လိုေတာင္ ေခါင္းမာႏိုင္ရတာလဲ!
ဟုန္ခ်န္းမင္း မ်က္ေမွာင္ၾကဳတ္လိုက္သည္။ “အိုေက၊ မနက္ခင္းအထိ ေစာင့္လိုက္ရေအာင္။ မနက္က်မွ ငါတို႔ဖုန္းဆက္ၾကမယ္” လီဂ်င္းယြမ္ ျပန္ေခ်ပလိုက္သည္။
“ငါေခၚလိုက္မယ္”
ဟုန္ခ်န္းမင္း – “မဟုတ္ဘူး၊ ငါေခၚလိုက္မယ္”
လီဂ်င္းယြမ္ – “ငါေခၚလိုက္မယ္”
ဟုန္ခ်န္းမင္း – “ငါေခၚမယ္…”
ယာဥ္ေမာင္း – “….”
လီဂ်င္းယြမ္ ေျပာလိုက္သည္။ “ေနာက္ဆုံးအႀကိမ္တုန္းက မင္းေခၚခဲ့တာေလ”
ဟုန္ခ်န္းမင္း – “….Sh*t! !ေကာင္းၿပီ! ဒါဆို မင္းေခၚလိုက္! ဘာပဲျဖစ္ျဖစ္!”
လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔က ဟိုတယ္ကို ျပန္ေရာက္ၿပီးေနာက္ အားကုန္ကာ အိပ္ေပ်ာ္သြားၾကသည္။ လီဂ်င္းယြမ္ ကမနက္ခင္းတြင္ ေစာေစာႏိုးလာခဲ့ၿပီး ပြဲေတာ္တစ္ခုကို တက္ေရာက္သလိုမ်ိဳး အဝတ္အစားကို သပ္ရပ္စြာ ဝတ္ဆင္ၿပီး ေဇာင္ယုဟြမ္ ကိုဖုန္းေခၚလိုက္သည္။
“ဟြမ္ဟြမ္”
“အင္း?” ေဇာင္ယုဟြမ္ ရဲ႕အသံက တဖက္မွ ထြက္လာခဲ့ၿပီး အနည္းငယ္ ပင္ပန္းေနပုံေပၚသည္။
“ဘယ္မွာလဲ?” လီဂ်င္းယြမ္ ေမးလိုက္သည္။
“ေဆး႐ုံမွာ” ေဇာင္ယုဟြမ္ မေျဖခ်င္ပဲ ေျဖလိုက္သည္။ ထို႔ေနာက္ အခ်ိန္အနည္းငယ္ ရပ္လိုက္ၿပီး ေျပာလိုက္သည္။
“မင္းတို႔ေတြလည္း ျပန္မလာဘူး ဟုတ္တယ္မလား?”
“ဘယ္ေဆး႐ုံလဲ?” လီဂ်င္းယြမ္ ကေမးခြန္းကို ေရွာင္လိုက္ၿပီး ျပန္ေမးလိုက္သည္။ ေဇာင္ယုဟြမ္ ကသူ႔ကို လိပ္စာကို ေပးလိုက္သည္။
လီဂ်င္းယြမ္ – “အဲ့မွာ ငါ့ကိုေစာင့္ေန၊ ဟြမ္ဟြမ္” ထို႔ေနာက္ ဖုန္းခ်လိုက္သည္။
ဟုန္ခ်န္းမင္း ေတြးလိုက္သည္။ ‘ငါ့ကိုေစာင့္၊ ဟြမ္ဟြမ္’ ဆိုတာက ဘာကိုဆိုလိုတာလဲ? ငါတို႔အတြက္နဲ႔ သူမက ေစာင့္ေနသင့္လို႔လား? ****
သူ႔မွာ နာမည္တစ္ခုေတာင္ မရွိဘူးလား? လီဂ်င္းယြမ္ ကသူ႔ရဲ႕ ေရွာင္ရွားသည့္ စြမ္းရည္ကို ထပ္သုံးလိုက္သည္။
“သြားရေအာင္” ဟုန္ခ်န္းမင္း ကအေစာက အေသးစိတ္ အခ်က္အလက္ေတြေၾကာင့္ အေတာ္ေလးကို စိတ္ခံစားခ်က္ မေကာင္းေပ။
သူတို႔ႏွစ္ေယာက္က လွည့္လိုက္ၾကၿပီး ေလွကားကေန ျမန္ျမန္ဆင္းလိုက္ၾကကာ ေဆး႐ုံကို ဦးတည္သြားလိုက္ၾကသည္။ ေဇာင္ခ်ီ က ICU ထဲတြင္ ရွိေနတုန္းျဖစ္သည္။ ေဇာင္ယုဟြမ္ ကတစ္ညလုံး မအိပ္ရတာေၾကာင့္ အေတာ္ေလး ပင္ပန္းေနသည္။
သူမက ရႈရန္ေဟြ႕ နဲ႔သူမသမီး ထက္ေတာင္ ပိုပင္ပန္းေနသည္။ ရႈရန္ေဟြ႕ ရဲ႕မ်က္ႏွာက ေဈးႀကီးတဲ့ အေရျပားထိန္းသိမ္းသည့္ ပစၥည္းမ်ားကို မသုံးထားတာေၾကာင့္ အခုေတာ့ အသက္အ႐ြယ္ကို ျမင္ႏိုင္ေနသည္။ ရႈယုရွန္း လည္းအတူတူလို႔ ေျပာႏိုင္သည္။
သူတို႔ႏွစ္ေယာက္က တစ္ညလုံး စိုးရိမ္ေနခဲ့ၾကၿပီး ဒါက အိပ္မေပ်ာ္ေအာင္ ျဖစ္ခဲ့ၾကသည္။ ေဇာင္ယုဟြမ္ ကမနက္စာ စားဖို႔အတြက္ ေလွကားကေန ဆင္းသြားၿပီး လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ကို ေစာင့္လိုက္သည္။
သူမေအာက္ထပ္ကို ေရာက္ခ်ိန္တြင္ လန္ဂ်င္းဇီ ဘယ္ေနရာတြင္ ရွိလဲဆိုတာကို သိခ်င္တာေၾကာင့္ ဖုန္းေခၚလိုက္သည္။
ေဇာင္ယုဟြမ္ ဓာတ္ေလွကားကေန ထြက္လိုက္သည္ႏွင့္ ငိုေနတဲ့ မိန္းကေလး တစ္ေယာက္က အထဲကို ေျပးဝင္လာၿပီး သူမကိုေတာင္ ဝင္တိုက္မိသြားခဲ့သည္။ ဓာတ္ေလွကား အျပင္ဘက္တြင္ တစုံတစ္ေယာက္က ေအာ္လိုက္သည္။
“အံဩစရာပဲ! အံ့ဩစရာပဲ! လင္းခ်ီလန္ နင္က က်က္သေရမရွိဘူး! နင့္အစ္ကိုကိုေတာင္ မကယ္တင္ႏိုင္ဘူး! ထြက္သြား! ငရဲကိုသြား!”
ေဇာင္ယုဟြမ္ အခ်ိန္အနည္းငယ္ေလာက္ ရပ္တန႔္သြားခဲ့သည္။ သူမဦးေႏွာက္က ေနာက္စကၠန႔္ အနည္းငယ္တြင္ ေတာက္ပသြားသည္။ ေဇာင္ယုဟြမ္ မထိန္းခ်ဳပ္ႏိုင္ပဲ ထိုမိန္းကေလးကို ျပန္လွည့္ၾကည့္လိုက္သည္။
မိန္းကေလးက ဆံပင္ကို ျမႇင့္စည္းထားၿပီး လူႀကိဳက္မ်ားတဲ့ အက်ႌအတိုနဲ႔ Taobao ေဘာင္းဘီကို ဝတ္ထားခဲ့သည္။ သူမစတိုင္က ထူးျခားမႈ မရွိပဲ အနည္းငယ္ ေခတ္ေနာက္က်ေနေပမဲ့ သူမက က်က္သေရရွိၿပီး လွပေနသည္။
သူမႏႈတ္ခမ္းေတြက တင္းၾကပ္စြာ ေစ့ထားၿပီး သူမပုံစံက ေခါင္းမာမဲ့ပုံ ေပၚၿပီး မ်က္လုံးေတြက ေတာက္ပေနသည္။
…..ဒါက အမ်ိဳးသမီး ဇာတ္ေကာင္ပဲ!
ဒီျမင္ကြင္းက အမ်ိဳးသမီး ဇာတ္ေကာင္က မူလႏိုဗယ္မွာ ျပန္ေမြးဖြားလာၿပီး ျဖစ္လာတဲ့ အခန္းပဲ!
ဒီနာမည္ကိုသာ ေဇာင္ယုဟြမ္ မၾကားခဲ့ရင္ အမ်ိဳးသမီး ဇာတ္ေကာင္ရဲ႕ တည္ရွိေနမႈကိုေတာင္ သူမေမ့လုနီးပါးပဲ!
6.7.2020 (Mon)
………………….
[text_hash] => f029d5eb
)