ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] – 37✳️ မဒမ်ကဒါနဲ့ပတ်သက်ပြီးတခုခုလုပ်ရင်သွားကြည့်
// qc

ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] - 37✳️ မဒမ်ကဒါနဲ့ပတ်သက်ပြီးတခုခုလုပ်ရင်သွားကြည့်

Array
(
[text] =>

<Unicode>

မဒမ်က ဒါနဲ့ပတ်သက်ပြီး တခုခုလုပ်ရင် သွားကြည့်

ဇောင်ယုဟွမ် ကအဖေလန် အတွက် ပြင်ဆင်ပေးထားသည့် လက်ဆောင်မှာ အလွန်နူးညံ့သည့် ဆိတ်သားရေနဲ့ ပြုလုပ်ထားသည့် လည်စည်းဖြစ်သည်။ ဒါက အရည်အသွေးကောင်းပြီး ထိပ်တန်းအရာရှိ တစ်ဦးက ဒီပစ္စည်းကို ရနိုင်ရန် အတော်လေးကို ခက်ခဲသည်။

ဇောင်ယုဟွမ် ကညစာစားပြီးနောက် လန်အိမ်တော်တွင် နေထိုင်ခဲ့သည်။ သူမက လန်ဂျင်းဇီ နဲ့နီးကပ်သည့် အခန်းတွင် နေရန်စီစဉ်ခဲ့သည်။ သူမအမေက သေဆုံးသွားခဲ့ပြီး သူမအဖေကနေ နိုင်ငံခြားကို “ပြည်နှင်ဒဏ်”ခံရတာကြောင့် သူတို့တွေက သူမကို အထင်မသေးကြပေ။

သူမအခြေကျပြီး အချိန်အနည်းငယ်တွင် လန်ဂျင်းဇီ ကအတွင်းရေးမှူးချန်း နဲ့အတူ တံခါးလာခေါက်ခဲ့သည်။ ဇောင်ယုဟွမ် ကအခန်းတံခါးကို ဖွင့်ပေးလိုက်ပြီး သူတို့ကို ထိုင်ခိုင်းလိုက်သည်။ အတွင်းရေးမှူးချန်း ကအဆင်မပြေတာကို ဘာမှမခံစားရပဲ ပြောလိုက်သည်။

“မစ္စတာဇောင် ကပြီးခဲ့တဲ့ ဩဂုတ်လက မြင်းစီးကလပ်မှာ ပြုတ်ကျခဲ့ပြီး မြင်းခွာနဲ့ ဒူးခေါင်းကို ထိမိခဲ့တယ်။ အဲ့အချိန်တည်းက သူက ပြန်မကောင်းလာသေးဘူး။ ပြီးတော့ မစ္စရှု ကခေါင်းမာပြီး တစ်စိတ်တစ်ပိုင်းကိုလည်း ကြိုးစားနေခဲ့တယ်။ သူ့ကို ကောင်းကောင်း ဂရုစိုက်ပေးခြင်းကနေ မျက်နှာသာရချင်နေခဲ့တယ်”

“ပြီးခဲ့တဲ့ နှစ်အဆုံးတုန်းက ရှုရှင်း မွေးနေ့ဖြစ်ပြီး မစ္စတာဇောင် ကသူ့မွေးနေ့ပွဲအတွက် ဖိတ်ကြားချက်တွေကို ပို့ပေးခဲ့ပြီး မစ္စတာဇောင်က ရှုရှင်း ကိုသူ့သားအဖြစ်နဲ့ တရားဝင်ပြုလုပ်တော့မယ်လို့ ကောလဟာလတွေ ထွက်လာခဲ့တယ်။ ဒါပေမဲ့ မကြာခင်မှာပဲ မွေးနေ့ပွဲက ပျက်သွားခဲ့သည်။ ဒီနှစ်မှာတော့ မစ္စတာဇောင် ရဲ့ကျန်းမာရေး ကယို့ယွင်းလာခဲ့တယ်….”

“ပြီးခဲ့တဲ့ လတုန်းက မစ္စတာဇောင် ကရုတ်တရက်ကြီး သတိလစ်သွားလို့ ဆေးရုံပို့ခဲ့ရတယ်။ စမ်းသပ်ကြည့်တော့ သူ့ကိုယ်ထဲမှာ အာဆင်းနစ် ပါဝင်မှုကို တွေ့ရပြီး သူ့မိသားစု ဆရာဝန်က ပျောက်သွားခဲ့တယ်”

ထိုစကားကို ကြားလိုက်ပြီး ဇောင်ယုဟွမ် ကမထိန်းချုပ်နိုင်ပဲ သက်ပြင်းချလိုက်သည်။ သူမက ပြောလိုက်သည်။

“ဒီနေရာမှာ သူမလက်ထဲမှာ ပိုကောင်းတဲ့ လှည့်စားချက်တွေ ရှိနိုင်မယ်လို့ထင်တယ်”

ရှုရန်ဟွေ့ ကဆိုးတာလား? ဒါပေမဲ့ သူမက ဇောင်ချီ ကိုတော့ သတ်ပစ်မှာ မဟုတ်ဘူး။

ရှုရန်ဟွေ့ ကမဆိုးဘူးလား? ဒါပေမဲ့ သူနဲ့ နှစ်ပေါင်းများစွာ တစ်အိပ်ရာတည်းကို မျှဝေခဲ့တဲ့ လူတစ်ယောက်ကိုတော့ ဆန့်ကျင်ခဲ့မှာ မဟုတ်ဘူး။ တစ်နည်းမဟုတ် တခြားနည်းတွေက သူမကိစ္စ မဟုတ်ပေ။

ဇောင်ယုဟွမ် မူလပိုင်ရှင်အတွက် စိတ်မကောင်းဖြစ်သွားခဲ့သည်။ အခုတော့ ဇောင်ချီ က ဒင်ရူရွယ် နဲ့သူ့သမီးကို ကောင်းကောင်း မဆက်ဆံခဲ့လို့ သူနောင်တရနေမလားဆိုတာကို သူမ သိချင်ခဲ့သည်။

အတွင်းရေးမှူးချန်း ကရပ်လိုက်ပြီး ဇောင်ယုဟွမ် ကိုဂရုတစိုက်ကြည့်လိုက်သည်။ သူ့ပုံစံက သူမက ဒီသတင်းတွေကို ကြားလိုက်မှုကြောင့် စိတ်မကောင်းဖြစ်မှာကို စိုးရိမ်နေသည်။

“အခု သူ့အခြေအနေက ဘယ်လိုလဲ?” ဇောင်ယုဟွမ် မေးလိုက်သည်။

“ICU မှာ စောင့်ကြည့်နေရတုန်းပဲ။ သူ့ကိုယ်ထဲက အာဆင်းနစ်ကို ထုတ်ဖို့အတွက် လုပ်နေကြတုန်းပဲ”

အာဆင်းနစ် ထရိုင်အောက်ဆိုက်ဒ် ဒြပ်ပေါင်းက လူခန္ဓာကိုယ်အတွင်းရှိ အင်္ဂါအစိတ်အပိုင်းတွေကို ပျက်စီးစေသည်။ ဒါပေမဲ့ အချိန်မှီ မကုသနိုင်ရင် ဒါက ခန္ဓာကိုယ်ကို အန္တရာယ် ဖြစ်စေနိုင်ပြီး မကောင်းတဲ့ အကျိုးဆက်ကို ဖြစ်စေနိုင်သည်။

“ရက်နည်းနည်းလောက် ပိုနေရအောင်။ ပြီးမှ သူ့ဆီကို သွားလိုက်မယ်? အခုတော့ ရှုရန်ဟွေ့ ကသူတို့ဘာသာ ဖော်ထုတ်ဖို့အတွက် စောင့်နေဖို့ လိုအပ်တယ်”

သူမ သွားချိန်မှာ ဇောင်ချီ ကသူမဆီကို ပိုင်ဆိုင်မှုတွေ လွှဲပြောင်းပေးလာရင် ဘယ်လိုလုပ်မလဲ?

“ကောင်းပြီ” လန်ဂျင်းဇီ ခေါင်းညိတ်လိုက်သည်။

“အခြေအနေတွေကို ဆက်ပြီးစောင့်ကြည့်ဖို့ အစ်ကို့ကို ဒုက္ခပေးရတော့မယ်”

“ကိစ္စမရှိပါဘူး” လန်ဂျင်းဇီ ပြောလိုက်သည်။ ထို့နောက် ခနရပ်သွားပြီး ဆက်ပြောလိုက်သည်။

“နောက်ရက်အနည်းငယ်မှာ အနားယူသင့်တယ်”

အပြင်က မှောင်လာခဲ့သည်။ အတွင်းရေးမှူးချန်း ကအိမ်ပြန်ဖို့ လိုအပ်ပြီး သူက သူမရဲ့ ဝမ်းကွဲဖြစ်တာတောင် လန်ဂျင်းဇီ အတွက် သူမအခန်းထဲမှာ ဆက်နေရင် အရှက်ရစရာ ဖြစ်လိမ့်မည်။

လန်ဂျင်းဇီ နဲ့အတွင်းရေးမှူးချန်း တို့က အပြင်ကို အတူတူ ထွက်သွားကြပြီး သူမအခန်းတံခါးကို ပိတ်သွားပေးခဲ့သည်။ ဇောင်ယုဟွမ် ဆိုဖာပေါ်တွင် လဲပြိုကျသွားပြီး ရုတ်တရက် သူမအဝတ်တွေကို ချွတ်လိုက်သည်။ သူမအိပ်ရာပေါ်ကို တက်ပြီးသည်နှင့် ဖုန်းက မြည်လာခဲ့သည်။

ဇောင်ယုဟွမ် ကဖုန်းကို ကိုင်လိုက်ပြီး ဖုန်းမျက်နှာပြင်က -ဟုန်ချန်းမင်း ဆိုတဲ့ နာမည်ကို မြင်လိုက်ပြီး နည်းနည်း အံ့အားသင့်သွားသည်။

“ဟယ်လို?” ဇောင်ယုဟွမ် ဖုန်းကိုင်ပြီး ပြောလိုက်သည်။

“မင်း ကျောင်းမှာ မဟုတ်ဘူးလား?” တဖက်မှ ဟုန်ချန်းမင်း ကမေးလိုက်သည်။

“အမ်၊ တခုခု ဖြစ်လို့ ငါထွက်လာခဲ့တာ”

“ဘာဖြစ်လို့လဲ?” ဟုန်ချန်းမင်း ရဲ့အသံက ချက်ချင်းပဲ စိတ်လှုပ်ရှားသွားပြီး မေးလိုက်သည်။

“ငါအဆင်ပြေပါတယ်။ အိမ်မှာ ကိစ္စတခုခု ဖြစ်လာလို့ မစ္စတာချန်း နဲ့အတူ ပြန်လာခဲ့တာ။ မင်းနဲ့ လီဂျင်းယွမ် ကအရမ်းအလုပ်များနေလို့ မခေါ်တော့တာ။ ဒီနေရာက ကိစ္စတွေ ကိုဘယ်လိုပဲဖြစ်ဖြစ် အချိန်အကြာကြီး မထိန်းထားနိုင်တော့ဘူး!”

ဇောင်ယုဟွမ် ကသူမအသံကို ကြည်လင်အောင် ပြောနေတာကြောင့် ဟုန်ချန်းမင်း စိတ်ပူတာက ရပ်တန့်သွားခဲ့သည်။

“အခု ငါက မင်းကျောင်း အပြင်ဘက်မှာ” ဟုန်ချန်းမင်း ရုတ်တရက် ပြောလိုက်သည်။ ဇောင်ယုဟွမ် နည်းနည်း အံ့ဩသွားပြီး ပြောလိုက်သည်။

“ရုတ်တရက်ကြီး ငါ့ကျောင်းကို ဘာလို့အလည်လာတာလဲ?” ထိုစကားကို ပြောလိုက်ပြီး ဘာကြောင့်လဲဆိုတာ သူမ သိခဲ့သည်။ ဟုန်ချန်းမင်း ကရုတ်တရက် အလည်လာပြီး သူမကို အံ့ဩသွားအောင် လုပ်ချင်တာ ဖြစ်နိုင်သည်။

“ငါတို့ အလည်လာခဲ့တာ” ဟုန်ချန်းမင်း ကပြောလိုက်ပြီး ထပ်ပေါင်းပြောလိုက်သည်။

“လီဂျင်းယွမ် လည်းငါနဲ့အတူတူ ပါလာတယ်” ဇောင်ယုဟွမ် ဘာပြောရမှန်း မသိတော့ပေ။

“အခုမင်းတို့ နှစ်ယောက်လုံးက ကျောင်းအပြင်ဘက်မှာလား?”

“အင်း”

“ကောင်းပြီ၊ မင်းဘယ်က လာတာလဲဆိုတာ ပြောရမယ်”

“အင်း” သူ့အသံက ဖုန်းထဲတွင် ဝေဝါးနေတာကြောင့် ဇောင်ယုဟွမ် မေးလိုက်သည်။

“မင်းတို့နှစ်ယောက်ကို ငါပြန်လာရင် လာခေါ်ရင် ဘယ်လိုလဲ?”

“မလိုပါဘူး” ဟုန်ချန်းမင်း ရဲ့အသံက အရင်ကထက် ပိုပြီးစိတ်သက်သာသွားပုံပေါ်သည်။

သူ့ကို စိတ်ကျေနပ်အောင် ပြောဖို့ဆိုတာက သူမ ပစ္စည်းတွေကို ဝယ်ချင်တယ်လို့ ပြောလိုက်ရုံသာ ဖြစ်သည်။ သူတို့ တစ်ယောက်ချင်းစီက အရင်ကထက် ပိုပြီးနှစ်သိမ့်ဖို့ လွယ်ကူလာတယ်! ဇောင်ယုဟွမ် သက်ပြင်းချလိုက်သည်။

“အရမ်းနောက်ကျနေပြီ၊ မင်းဘယ်နေရာ…. အနားယူတော့” ဟုန်ချန်းမင်း ကစကားကို အဆုံးသတ်လိုက်ပြီး သူ့ဆီက ဖုန်းက အလုခံလိုက်ရသည်။

“အနားယူတော့၊ ဟွမ်ဟွမ်” တဖက်မှ လီဂျင်းယွမ် ကပြောလိုက်သည်။

ထို့နောက် ဝိုးတိုးဝါးတား အသံတွေကို ကြားလိုက်ပြီး သူတို့နှစ်ယောက်က ထပ်ပြီးတိုက်ခိုက်နေကြပုံပေါ်သည်။ ထို့နောက် ဖုန်းချသံကို ကြားလိုက်ရသည်။

ဟုန်ချန်းမင်း ကသူ့ဖုန်းကို အဝေးမှာ ထားလိုက်တာကို လီဂျင်းယွမ် ကကြည့်ပြီး ပြောလိုက်သည်။

“ဝေ့ကော ရဲ့လှည့်စားချက်တွေက ပြဿနာရှိတယ်”

“ငါတို့ ထပ်ကြိုးစားကြမယ်” ဟုန်ချန်းမင်း ပြောလိုက်သည်။

“ဘယ်လိုမျိုးလဲ?” လီဂျင်းယွမ် မေးလိုက်ပြီးနောက် ရုတ်တရက် သဘောပေါက်သွားသည်။

“….. ပြန်သွားဖို့လား?”

“အင်း” ကောင်လေး နှစ်ယောက်က အရွယ်ရောက်လာကြပြီး အခုတော့ ပိုပိုပြီး ရင့်ကျက်သည့် အမျိုးသားတွေနဲ့ တူလာခဲ့သည်။ အခုတော့ သူတို့မှာ သူတို့ကိုယ်ပိုင် အရင်းအနှီးရှိသည်။

နိုင်ငံခြားကို ခရီးသွားရတာက စိတ်ထဲထည့်စရာ မလိုတော့ပဲ သူတို့က မျက်တောင်တောင် မခတ်ပဲ တစ်ကမ္ဘာလုံးကိုတောင် ခရီးသွားနိုင်သည်။ သူတို့စိတ်ကို ပြင်ဆင်ပြီးနောက် သူတို့က အထုပ်တွေကိုတောင် မပြင်ဆင်ပဲ လေဆိပ်ကို မြန်မြန်သွားကာ အစောဆုံး လေယာဉ်ကို စီးလိုက်ကြသည်။

လန်အိမ်တော်တွင် ဇောင်ယုဟွမ် ကမွန်းလွဲအထိ အိပ်သွားခဲ့သည်။ ထဖို့အတွက် ရုန်းကန်လိုက်ပြီ၊ အဆင်သင့်ပြင်လိုက်ကာ သန့်ရှင်းသည့် အဝတ်တွေကို ဝတ်ဆင်လိုက်သည်။ တံခါးကို ဖွင့်လိုက်ချိန်တွင် လန်ဂျင်းဇီ ရဲ့မျက်နှာကို ချက်ချင်း မြင်လိုက်ရသည်။

“နေ့လည်စာ စားဖို့အတွက် ငါလာခေါ်တာ”

“အစ်ကို၊ ဒီနေ့ အလုပ်မသွားဘူးလား?” ဇောင်ယုဟွမ် ကသူ့ကို ဒီနေရာမှာ မြင်လိုက်တာကြောင့် အံ့အားသင့်ပြီး မေးလိုက်သည်။

“ငါသွားခဲ့တယ်။ နေ့လည်စာအချိန်ကို မြန်မြန် ပြန်လာခဲ့တာ” လန်ဂျင်းဇီ ကခနရပ်သွားပြီး မေးလိုက်သည်။

“မင်းဘာလို့ ဒီလောက်တောင် အိပ်ရတာလဲ?”

“လေယာဉ်စီးထားတော့ ပင်ပန်းလို့” လန်ဂျင်းဇီ ကအရမ်းကောင်းသည့် လူဖြစ်သည်။ အနည်းဆုံးတော့ ဇောင်ယုဟွမ် ဆီက အမြင်ဖြစ်သည်။

အခုချိန်မှာလိုပဲ သူမရဲ့ အသံက နူးညံ့ပြီး သူ့ကို ကောင်းမွန်တဲ့ အကြောင်းပြချက်ကို ပေးသည်။ နောက်ပြီး သူ့ပုံစံက ချက်ချင်းပင် နူးညံ့သွားခဲ့သည်။ ဇောင်ယုဟွမ် က လန်ဂျင်းဇီ အနောက်ကနေ နေ့လည်စာ စားဖို့ လိုက်သွားခဲ့သည်။ ထမင်းစားခန်းတွင် သူတို့သာရှိသည်။ ဇောင်ယုဟွမ် မေးလိုက်သည်။

“ဦးလေးက အိမ်မှာ မစားဘူးလား?”

“သူ့အလုပ်မှာ”

“တခြားသူတွေကကော?”

“တချို့က ကျောင်းမှာ၊ စီးပွားရေးအတွက် နိုင်ငံခြားကို သွားနေကြတယ်၊ တချို့က အလုပ်မှာ။ လူတိုင်းက အလုပ်အရမ်းများနေကြတယ်” လန်ဂျင်းဇီ ပြောလိုက်သည်။

လန်ဂျင်းဇီ ကသူ့အလုပ်ကနေ အိမ်ကို ထူးခြားသည့် ခရီးကို ပြုလုပ်ခဲ့တာကြောင့် ဒီနေရာတွင် သူတို့သာ ရှိတာကို နားလည်လိုက်သည်။ သူမက အဆင်မပြေသလို ခံစားနေရမှာကို စိုးရိမ်နေလို့လား?

ဇောင်ယုဟွမ် တူကို ချလိုက်ပြီး ပြုံးလိုက်သည်။ သူမအစ်ကိုက အရမ်းတွေးတောတတ်တဲ့ လူပဲ!

လန်ဂျင်းဇီ က ဇောင်ယုဟွမ် နဲ့အတူ နေ့လည်စာကို တိတ်ဆိတ်စွာ စားပြီးနောက် အလုပ်ကို ပြန်သွားခဲ့သည်။ သူမကို ထားခဲ့ပြီး ဇောင်ယုဟွမ် ကလန်အိမ်တော်ကို လျှောက်ကြည့်ကာ သူတို့ဥယျာဉ်တွင် ပျော်ရွှင်ဖွယ် မြင်ကွင်းတွေကို မြင်လိုက်ရသည်။

နောက်နေ့တွေမှာလည်း လန်ဂျင်းဇီ ကသူ့အလုပ်ကနေ အိပ်ကို ပြန်လာပြီး သူမနဲ့အတူ နေ့လည်စာ စားလိုမ့်မယ်လို့ ဇောင်ယုဟွမ် ခန့်မှန်းမိသည်။ သူက အများကြီး မလုပ်ပဲ သူမထွက်သွားခင်မှာ သူမနဲ့အတူ နေ့လည်စာ စားခဲ့ရုံပင်။

ဇောင်ယုဟွမ် ကသူမအတွက် ဒီလိုမျိုးအချိန်က ရှားပါးတာကြောင့် လန်အိမ်တော်က သူမရဲ့နေ့ရက်တွေက အတော်လေး ပြည့်စုံနေသည်။

တဖက်တွင် လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့က ဟိုက်မြို့တော်ကို ရောက်လာခဲ့ပြီ ဖြစ်သည်။ မကြာခင်က ဖြစ်ပျက်ခဲ့တဲ့ မတော်တဆမှုတွေ ရှိမရှိကို ဟိုတယ်တွင် အရင်ဆုံး စစ်ဆေးခဲ့ကြသည်။

သခင်လေးနန် ကသူ့ကောလိပ်တွင် ဘွဲ့ရသွားပြီး သူ့မိသားစုက သူ့လက်ထပ်ပွဲကို ထပ်စီစဉ်ပေးနေကြောင်းဆိုသည့် သတင်းမှလွဲပြီး ဘာကိုမှ မကြားရပေ။

သူက အကြောင်းပြချက် ဖြစ်နိုင်လား?

လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ရဲ့ အကြည့်တွေက အေးစက်သွားခဲ့သည်။
*****

ဟိုက်မြို့တော်ရဲ့ ပုဂ္ဂလိကဆေးရုံတွင် နောက်ဆုံးတော့ ဇောင်ချီ က ICU ကနေ ပုံမှန် VIP အခန်းကို ပြောင်းရွှေ့ခဲ့သည်။ သူ့အသိတွေကို ပြန်ရရှိလာပြီး ရှုရန်ဟွေ့ ကသူဖျားနေသည့် အကြောင်းကို သတင်းမီဒီယာတွေမှ စကားတွေ ထွက်မလာဖို့ တားဆီးရန် ပြောခဲ့သည်။

ဇောင်ချီ ကစတော့ဈေးနှုန်းတွေ ကျဆင်းခြင်းမှ တားဆီးရန် သူမရဲ့ ဆုံးဖြတ်ချက်ကို သဘောတူခဲ့သည်။ သူ့မျက်လုံးတွေကို ဖွင့်လိုက်သည်နှင့် ရှုရန်ဟွေ့ နဲ့ ရှုယုရှန်း တို့နှစ်ယောက်က သူ့ဘေးမှာ ရှိနေပြီး အတော်လေး စိုးရိမ်နေပုံပေါ်သည်။

ထိုအရာကို မြင်လိုက်ပြီး ဇောင်ချီ အနည်းငယ် ထိခတ်သွားသည်။ ဆန့်ကျင်ဘက်အားဖြင့် ဇောင်ယုဟွမ် ကတော့ မကျေနပ်စရာ ဖြစ်အောင် ပြုလုပ်ခဲ့သည်။ ရှုရန်ဟွေ့ က ဇောင်ချီ ကိုထိုင်ဖို့အတွက် ကူညီလိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။

“မစိုးရိမ်ပါနဲ့၊ အစ်ကိုချီ၊ ဆရာဝန်က ပြန်ကောင်းဖို့ မကြာတော့ဘူးလို့ ပြောတယ်”

တဖက်တွင် ရှုယုရှန်း ကဟန်ဆောင်နေမှုတွေနဲ့အတူ စိတ်မရှည်မှုက စတင်လာခဲ့သည်။ ထိုအချိန်တွင် တစုံတယောက်က တံခါးခေါက်လိုက်သည်။

“သူဌေးဇောင် နိုးပြီလား? ကျွန်တော်က ရှောင်းကျောင်ပါ”

“အို၊ လက်ထောက် ကျောင် ရောက်ပြီပဲ” ရှုရန်ဟွေ့ ကပြုံးလိုက်ပြီး မတ်တပ်ရပ်လိုက်သည်။

“ဒါဆို ရှန်းရှန်း နဲ့ငါ ထွက်သွားလိုက်မယ်။ အစ်ကိုချီ တို့နှစ်ယောက် စကားပြောကြဦး”

ဇောင်ချီ ကဒီအချိန်တွင် ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာ သိချင်နေတာကြောင့် ဘာမှမမေးပဲ ခေါင်းညိတ်လိုက်သည်။ ရှုရန်ဟွေ့ အမူအရာက နည်းနည်းအေးခဲသွားသည်။ ဇောင်ချီ ကဘယ်လို လူမျိုးလဲဆိုတာကို သူမ မေ့သွားခဲ့သည်။

ဇောင်ချီ နဲ့ထိတွေ့ ဆက်ဆံနေသမျှ သူက သူ့ကိုယ်ပိုင်ကိစ္စနဲ့ စီးပွားရေးကို မရောပေ။ ရှုရန်ဟွေ့ နဲ့ ရှုယုရှန်း တို့က အပြင်ကို လျှောက်သွားလိုက်ကြသည်။ လက်ထောက်ကျောင် ကဝင်လာခဲ့သည်။ လက်ထောက်ကျောင် ကလှည့်လိုက်ပြီး အခန်းဝင်ပေါက်ကို ကြည့်လိုက်ကာ ဇောင်ချီ ကိုပြန်ကြည့်လိုက်သည်။

သူမြင်လိုက်တာကြောင့် တုန်လှုပ်သွားခဲ့သည်။ ဇောင်ချီ ကအချိန်တိုအတွင်း ဒီလောက် အသက်ကြီးသွားမယ်လို့ သူမထင်ထားခဲ့ပေ။ သူ့မျက်နှာက အဝါရောင်ဖြစ်နေပြီး သူ့မျက်လုံးအောက်တွင် အမဲရောင်ကလည်း ရှိနေသည်။

သူ့မျက်နှာက အနည်းငယ် ချောင်ကျနေသည်။ သူက လုံးဝကို တခြားသူ တစ်ယောက်လိုပဲ! လက်ထောက်ကျောင်က အနည်းငယ် ရှုပ်ထွေးသွားပြီး ပြောလိုက်သည်။

“သူဌေး…. သူဌေးဇောင်။ ကျွန်တော်တို့ စစ်ဆေးပြီးပါပြီ။ သူဌေးဇောင်တို့ရဲ့ မိသားစု ဆရာဝန် ပျောက်သွားချိန်မှာ ရဲတွေကို…. သတင်းပေးခဲ့ပါတယ်။ ဒါကို သူလုပ်ခဲ့တာလို့ ထင်ပါတယ်”

ဇောင်ချီ ရဲ့မျက်နှာက မဲမှောင်သွားပြီး ဆိုးရွားသွားသည်။ သွားတွေကို ကြိတ်လိုက်ပြီး ပြောလိုက်သည်။

“ငါအမြဲတမ်း သူ့ကို ကောင်းပေးခဲ့တယ်။ ငါသူ့ကို ရှာပြီး ဒီလိုမျိုး လုပ်ဖို့ ဘယ်သူက အမိန့်ပေးတာလဲဆိုတာ မေးရမယ်။ ဒီနှစ်မှာ စီးပွားရေး လုပ်ငန်းတွေကို ငါလုပ်ခဲ့တယ်။ ဘယ်သူက ငါ့ကို သေစေချင်တဲ့အထိ လုပ်ခဲ့တာလဲ?”

“အဲ့ဒါက….. ဒင် ကဖြစ်နိုင်တယ်?” ဇောင်ချီ ခေါင်းခါလိုက်ပြီး ချက်ချင်း ငြင်းပယ်လိုက်သည်။

“တကယ်လို့ အဖိုးဒင် ကငါ့ကို မုန်းတီးပြီး သေစေချင်ရင် အရင်ကတည်းက လုပ်ခဲ့လိမ့်မယ်။ အခုတော့ ဒင်ချွေရွယ် ကသူတို့ရဲ့ ဦးဆောင်သူ ဖြစ်နေတာက ထည့်ပြောစရာ မလိုဘူး။ သူမက ဒီလိုမျိုး လုပ်ဖို့အတွက် ဦးနှောက်မရှိဘူး”

လက်ထောက်ကျောင် သက်ပြင်းချလိုက်သည်။ “အို၊ ဟုတ်တယ်! တခြားအရာပြောဖို့ရှိတယ်”

“ပြော”

“သူဌေးဇောင် ပထမဆုံး ဖျားတဲ့အချိန်တုန်းက မဒမ်က ဒီအကြောင်းကို အပြင်ကို ဘယ်သူမှ မပြောဖို့ ပြောခဲ့တယ်”

“အင်း၊ ငါသိတယ်”

“ဒါပေမဲ့ မကြာခင်မှာ၊ မိန်းကလေးက ခေါ်ပြီး သူဌေးဇောင် နဲ့စကားပြောချင်တယ်လို့ ပြောခဲ့တယ်။ မဒမ်က သူမကို ဘာမှမပြောလို့ မိန်းကလေးက ကျွန်တော့်ကို ဖုန်းခေါ်ခဲ့တာ ဖြစ်မယ်”

ဇောင်ချီ မျက်နှာ အရောင်က ပြောင်းလဲသွားခဲ့သည်။ သူ့နေမကောင်းတာကို ဖုံးကွယ်ထားတာက ကုမ္ပဏီအတွက်ဆို မှန်ကန်တဲ့ အရာတစ်ခုပဲ။ ဒါပေမဲ့ ဘာကြောင့် ဒီကိစ္စကို ဇောင်ယုဟွမ် ကိုလည်း ဖုံးကွယ်ထားရတာလဲ?

ဇောင်ချီ ကအဆိုးဆုံး ဆုံးဖြတ်ချက်နဲ့အတူ တခြားသူများကို တိုင်းတာရာတွင် မှားယွင်းမှု မရှိခဲ့ပေ။ သက်ပြင်း အနည်းငယ်ချလိုက်ပြီး အံကြိတ်ကာ ပြောလိုက်သည်။

“ငါက သေတော့မယ်လို့ သူမက ထင်နေတာလား? ဒါကြောင့် ဇောင်ယုဟွမ် ပြန်လာမှာကို တားဆီးဖို့ ရည်ရွယ်ခဲ့တာလား?”

တဖြည်းဖြည်း သူ့စိတ်ထဲတွင် ထူးခြားသည့် အတွေးတစ်ခုက ဖြတ်သွားခဲ့သည်။ ဒီအကြောင်းကို အရင်တုန်းက သူတစ်ခါမှ မတွေးခဲ့ဖူးဘူး၊ ဒါပေမဲ့ သူ့မှာ ဖြစ်ပျက်လာတာနဲ့ ပုံရိပ်တွေက တဖြည်းဖြည်း စတင်ပြီး ရှင်းလင်းလာခဲ့သည်။

“သွား…. စုံးစမ်းလိုက်။ မဒမ်က ဒီကိစ္စနဲ့ ပတ်သက်လားဆိုတာ ငါသိချင်တယ်”

4.7.2020 (Sat)
…………………

<Zawgyi>

မဒမ္က ဒါနဲ႔ပတ္သက္ၿပီး တခုခုလုပ္ရင္ သြားၾကည့္

ေဇာင္ယုဟြမ္ ကအေဖလန္ အတြက္ ျပင္ဆင္ေပးထားသည့္ လက္ေဆာင္မွာ အလြန္ႏူးညံ့သည့္ ဆိတ္သားေရနဲ႔ ျပဳလုပ္ထားသည့္ လည္စည္းျဖစ္သည္။ ဒါက အရည္အေသြးေကာင္းၿပီး ထိပ္တန္းအရာရွိ တစ္ဦးက ဒီပစၥည္းကို ရႏိုင္ရန္ အေတာ္ေလးကို ခက္ခဲသည္။

ေဇာင္ယုဟြမ္ ကညစာစားၿပီးေနာက္ လန္အိမ္ေတာ္တြင္ ေနထိုင္ခဲ့သည္။ သူမက လန္ဂ်င္းဇီ နဲ႔နီးကပ္သည့္ အခန္းတြင္ ေနရန္စီစဥ္ခဲ့သည္။ သူမအေမက ေသဆုံးသြားခဲ့ၿပီး သူမအေဖကေန ႏိုင္ငံျခားကို “ျပည္ႏွင္ဒဏ္”ခံရတာေၾကာင့္ သူတို႔ေတြက သူမကို အထင္မေသးၾကေပ။

သူမအေျခက်ၿပီး အခ်ိန္အနည္းငယ္တြင္ လန္ဂ်င္းဇီ ကအတြင္းေရးမႉးခ်န္း နဲ႔အတူ တံခါးလာေခါက္ခဲ့သည္။ ေဇာင္ယုဟြမ္ ကအခန္းတံခါးကို ဖြင့္ေပးလိုက္ၿပီး သူတို႔ကို ထိုင္ခိုင္းလိုက္သည္။ အတြင္းေရးမႉးခ်န္း ကအဆင္မေျပတာကို ဘာမွမခံစားရပဲ ေျပာလိုက္သည္။

“မစၥတာေဇာင္ ကၿပီးခဲ့တဲ့ ဩဂုတ္လက ျမင္းစီးကလပ္မွာ ျပဳတ္က်ခဲ့ၿပီး ျမင္းခြာနဲ႔ ဒူးေခါင္းကို ထိမိခဲ့တယ္။ အဲ့အခ်ိန္တည္းက သူက ျပန္မေကာင္းလာေသးဘူး။ ၿပီးေတာ့ မစၥရႈ ကေခါင္းမာၿပီး တစ္စိတ္တစ္ပိုင္းကိုလည္း ႀကိဳးစားေနခဲ့တယ္။ သူ႔ကို ေကာင္းေကာင္း ဂ႐ုစိုက္ေပးျခင္းကေန မ်က္ႏွာသာရခ်င္ေနခဲ့တယ္”

“ၿပီးခဲ့တဲ့ ႏွစ္အဆုံးတုန္းက ရႈရွင္း ေမြးေန႔ျဖစ္ၿပီး မစၥတာေဇာင္ ကသူ႔ေမြးေန႔ပြဲအတြက္ ဖိတ္ၾကားခ်က္ေတြကို ပို႔ေပးခဲ့ၿပီး မစၥတာေဇာင္က ရႈရွင္း ကိုသူ႔သားအျဖစ္နဲ႔ တရားဝင္ျပဳလုပ္ေတာ့မယ္လို႔ ေကာလဟာလေတြ ထြက္လာခဲ့တယ္။ ဒါေပမဲ့ မၾကာခင္မွာပဲ ေမြးေန႔ပြဲက ပ်က္သြားခဲ့သည္။ ဒီႏွစ္မွာေတာ့ မစၥတာေဇာင္ ရဲ႕က်န္းမာေရး ကယို႔ယြင္းလာခဲ့တယ္….”

“ၿပီးခဲ့တဲ့ လတုန္းက မစၥတာေဇာင္ က႐ုတ္တရက္ႀကီး သတိလစ္သြားလို႔ ေဆး႐ုံပို႔ခဲ့ရတယ္။ စမ္းသပ္ၾကည့္ေတာ့ သူ႔ကိုယ္ထဲမွာ အာဆင္းနစ္ ပါဝင္မႈကို ေတြ႕ရၿပီး သူ႔မိသားစု ဆရာဝန္က ေပ်ာက္သြားခဲ့တယ္”

ထိုစကားကို ၾကားလိုက္ၿပီး ေဇာင္ယုဟြမ္ ကမထိန္းခ်ဳပ္ႏိုင္ပဲ သက္ျပင္းခ်လိုက္သည္။ သူမက ေျပာလိုက္သည္။

“ဒီေနရာမွာ သူမလက္ထဲမွာ ပိုေကာင္းတဲ့ လွည့္စားခ်က္ေတြ ရွိႏိုင္မယ္လို႔ထင္တယ္”

ရႈရန္ေဟြ႕ ကဆိုးတာလား? ဒါေပမဲ့ သူမက ေဇာင္ခ်ီ ကိုေတာ့ သတ္ပစ္မွာ မဟုတ္ဘူး။

ရႈရန္ေဟြ႕ ကမဆိုးဘူးလား? ဒါေပမဲ့ သူနဲ႔ ႏွစ္ေပါင္းမ်ားစြာ တစ္အိပ္ရာတည္းကို မွ်ေဝခဲ့တဲ့ လူတစ္ေယာက္ကိုေတာ့ ဆန႔္က်င္ခဲ့မွာ မဟုတ္ဘူး။ တစ္နည္းမဟုတ္ တျခားနည္းေတြက သူမကိစၥ မဟုတ္ေပ။

ေဇာင္ယုဟြမ္ မူလပိုင္ရွင္အတြက္ စိတ္မေကာင္းျဖစ္သြားခဲ့သည္။ အခုေတာ့ ေဇာင္ခ်ီ က ဒင္႐ူ႐ြယ္ နဲ႔သူ႔သမီးကို ေကာင္းေကာင္း မဆက္ဆံခဲ့လို႔ သူေနာင္တရေနမလားဆိုတာကို သူမ သိခ်င္ခဲ့သည္။

အတြင္းေရးမႉးခ်န္း ကရပ္လိုက္ၿပီး ေဇာင္ယုဟြမ္ ကိုဂ႐ုတစိုက္ၾကည့္လိုက္သည္။ သူ႔ပုံစံက သူမက ဒီသတင္းေတြကို ၾကားလိုက္မႈေၾကာင့္ စိတ္မေကာင္းျဖစ္မွာကို စိုးရိမ္ေနသည္။

“အခု သူ႔အေျခအေနက ဘယ္လိုလဲ?” ေဇာင္ယုဟြမ္ ေမးလိုက္သည္။

“ICU မွာ ေစာင့္ၾကည့္ေနရတုန္းပဲ။ သူ႔ကိုယ္ထဲက အာဆင္းနစ္ကို ထုတ္ဖို႔အတြက္ လုပ္ေနၾကတုန္းပဲ”

အာဆင္းနစ္ ထ႐ိုင္ေအာက္ဆိုက္ဒ္ ျဒပ္ေပါင္းက လူခႏၶာကိုယ္အတြင္းရွိ အဂၤါအစိတ္အပိုင္းေတြကို ပ်က္စီးေစသည္။ ဒါေပမဲ့ အခ်ိန္မွီ မကုသႏိုင္ရင္ ဒါက ခႏၶာကိုယ္ကို အႏၲရာယ္ ျဖစ္ေစႏိုင္ၿပီး မေကာင္းတဲ့ အက်ိဳးဆက္ကို ျဖစ္ေစႏိုင္သည္။

“ရက္နည္းနည္းေလာက္ ပိုေနရေအာင္။ ၿပီးမွ သူ႔ဆီကို သြားလိုက္မယ္? အခုေတာ့ ရႈရန္ေဟြ႕ ကသူတို႔ဘာသာ ေဖာ္ထုတ္ဖို႔အတြက္ ေစာင့္ေနဖို႔ လိုအပ္တယ္”

သူမ သြားခ်ိန္မွာ ေဇာင္ခ်ီ ကသူမဆီကို ပိုင္ဆိုင္မႈေတြ လႊဲေျပာင္းေပးလာရင္ ဘယ္လိုလုပ္မလဲ?

“ေကာင္းၿပီ” လန္ဂ်င္းဇီ ေခါင္းညိတ္လိုက္သည္။

“အေျခအေနေတြကို ဆက္ၿပီးေစာင့္ၾကည့္ဖို႔ အစ္ကို႔ကို ဒုကၡေပးရေတာ့မယ္”

“ကိစၥမရွိပါဘူး” လန္ဂ်င္းဇီ ေျပာလိုက္သည္။ ထို႔ေနာက္ ခနရပ္သြားၿပီး ဆက္ေျပာလိုက္သည္။

“ေနာက္ရက္အနည္းငယ္မွာ အနားယူသင့္တယ္”

အျပင္က ေမွာင္လာခဲ့သည္။ အတြင္းေရးမႉးခ်န္း ကအိမ္ျပန္ဖို႔ လိုအပ္ၿပီး သူက သူမရဲ႕ ဝမ္းကြဲျဖစ္တာေတာင္ လန္ဂ်င္းဇီ အတြက္ သူမအခန္းထဲမွာ ဆက္ေနရင္ အရွက္ရစရာ ျဖစ္လိမ့္မည္။

လန္ဂ်င္းဇီ နဲ႔အတြင္းေရးမႉးခ်န္း တို႔က အျပင္ကို အတူတူ ထြက္သြားၾကၿပီး သူမအခန္းတံခါးကို ပိတ္သြားေပးခဲ့သည္။ ေဇာင္ယုဟြမ္ ဆိုဖာေပၚတြင္ လဲၿပိဳက်သြားၿပီး ႐ုတ္တရက္ သူမအဝတ္ေတြကို ခြၽတ္လိုက္သည္။ သူမအိပ္ရာေပၚကို တက္ၿပီးသည္ႏွင့္ ဖုန္းက ျမည္လာခဲ့သည္။

ေဇာင္ယုဟြမ္ ကဖုန္းကို ကိုင္လိုက္ၿပီး ဖုန္းမ်က္ႏွာျပင္က -ဟုန္ခ်န္းမင္း ဆိုတဲ့ နာမည္ကို ျမင္လိုက္ၿပီး နည္းနည္း အံ့အားသင့္သြားသည္။

“ဟယ္လို?” ေဇာင္ယုဟြမ္ ဖုန္းကိုင္ၿပီး ေျပာလိုက္သည္။

“မင္း ေက်ာင္းမွာ မဟုတ္ဘူးလား?” တဖက္မွ ဟုန္ခ်န္းမင္း ကေမးလိုက္သည္။

“အမ္၊ တခုခု ျဖစ္လို႔ ငါထြက္လာခဲ့တာ”

“ဘာျဖစ္လို႔လဲ?” ဟုန္ခ်န္းမင္း ရဲ႕အသံက ခ်က္ခ်င္းပဲ စိတ္လႈပ္ရွားသြားၿပီး ေမးလိုက္သည္။

“ငါအဆင္ေျပပါတယ္။ အိမ္မွာ ကိစၥတခုခု ျဖစ္လာလို႔ မစၥတာခ်န္း နဲ႔အတူ ျပန္လာခဲ့တာ။ မင္းနဲ႔ လီဂ်င္းယြမ္ ကအရမ္းအလုပ္မ်ားေနလို႔ မေခၚေတာ့တာ။ ဒီေနရာက ကိစၥေတြ ကိုဘယ္လိုပဲျဖစ္ျဖစ္ အခ်ိန္အၾကာႀကီး မထိန္းထားႏိုင္ေတာ့ဘူး!”

ေဇာင္ယုဟြမ္ ကသူမအသံကို ၾကည္လင္ေအာင္ ေျပာေနတာေၾကာင့္ ဟုန္ခ်န္းမင္း စိတ္ပူတာက ရပ္တန႔္သြားခဲ့သည္။

“အခု ငါက မင္းေက်ာင္း အျပင္ဘက္မွာ” ဟုန္ခ်န္းမင္း ႐ုတ္တရက္ ေျပာလိုက္သည္။ ေဇာင္ယုဟြမ္ နည္းနည္း အံ့ဩသြားၿပီး ေျပာလိုက္သည္။

“႐ုတ္တရက္ႀကီး ငါ့ေက်ာင္းကို ဘာလို႔အလည္လာတာလဲ?” ထိုစကားကို ေျပာလိုက္ၿပီး ဘာေၾကာင့္လဲဆိုတာ သူမ သိခဲ့သည္။ ဟုန္ခ်န္းမင္း က႐ုတ္တရက္ အလည္လာၿပီး သူမကို အံ့ဩသြားေအာင္ လုပ္ခ်င္တာ ျဖစ္ႏိုင္သည္။

“ငါတို႔ အလည္လာခဲ့တာ” ဟုန္ခ်န္းမင္း ကေျပာလိုက္ၿပီး ထပ္ေပါင္းေျပာလိုက္သည္။

“လီဂ်င္းယြမ္ လည္းငါနဲ႔အတူတူ ပါလာတယ္” ေဇာင္ယုဟြမ္ ဘာေျပာရမွန္း မသိေတာ့ေပ။

“အခုမင္းတို႔ ႏွစ္ေယာက္လုံးက ေက်ာင္းအျပင္ဘက္မွာလား?”

“အင္း”

“ေကာင္းၿပီ၊ မင္းဘယ္က လာတာလဲဆိုတာ ေျပာရမယ္”

“အင္း” သူ႔အသံက ဖုန္းထဲတြင္ ေဝဝါးေနတာေၾကာင့္ ေဇာင္ယုဟြမ္ ေမးလိုက္သည္။

“မင္းတို႔ႏွစ္ေယာက္ကို ငါျပန္လာရင္ လာေခၚရင္ ဘယ္လိုလဲ?”

“မလိုပါဘူး” ဟုန္ခ်န္းမင္း ရဲ႕အသံက အရင္ကထက္ ပိုၿပီးစိတ္သက္သာသြားပုံေပၚသည္။

သူ႔ကို စိတ္ေက်နပ္ေအာင္ ေျပာဖို႔ဆိုတာက သူမ ပစၥည္းေတြကို ဝယ္ခ်င္တယ္လို႔ ေျပာလိုက္႐ုံသာ ျဖစ္သည္။ သူတို႔ တစ္ေယာက္ခ်င္းစီက အရင္ကထက္ ပိုၿပီးႏွစ္သိမ့္ဖို႔ လြယ္ကူလာတယ္! ေဇာင္ယုဟြမ္ သက္ျပင္းခ်လိုက္သည္။

“အရမ္းေနာက္က်ေနၿပီ၊ မင္းဘယ္ေနရာ…. အနားယူေတာ့” ဟုန္ခ်န္းမင္း ကစကားကို အဆုံးသတ္လိုက္ၿပီး သူ႔ဆီက ဖုန္းက အလုခံလိုက္ရသည္။

“အနားယူေတာ့၊ ဟြမ္ဟြမ္” တဖက္မွ လီဂ်င္းယြမ္ ကေျပာလိုက္သည္။

ထို႔ေနာက္ ဝိုးတိုးဝါးတား အသံေတြကို ၾကားလိုက္ၿပီး သူတို႔ႏွစ္ေယာက္က ထပ္ၿပီးတိုက္ခိုက္ေနၾကပုံေပၚသည္။ ထို႔ေနာက္ ဖုန္းခ်သံကို ၾကားလိုက္ရသည္။

ဟုန္ခ်န္းမင္း ကသူ႔ဖုန္းကို အေဝးမွာ ထားလိုက္တာကို လီဂ်င္းယြမ္ ကၾကည့္ၿပီး ေျပာလိုက္သည္။

“ေဝ့ေကာ ရဲ႕လွည့္စားခ်က္ေတြက ျပႆနာရွိတယ္”

“ငါတို႔ ထပ္ႀကိဳးစားၾကမယ္” ဟုန္ခ်န္းမင္း ေျပာလိုက္သည္။

“ဘယ္လိုမ်ိဳးလဲ?” လီဂ်င္းယြမ္ ေမးလိုက္ၿပီးေနာက္ ႐ုတ္တရက္ သေဘာေပါက္သြားသည္။

“….. ျပန္သြားဖို႔လား?”

“အင္း” ေကာင္ေလး ႏွစ္ေယာက္က အ႐ြယ္ေရာက္လာၾကၿပီး အခုေတာ့ ပိုပိုၿပီး ရင့္က်က္သည့္ အမ်ိဳးသားေတြနဲ႔ တူလာခဲ့သည္။ အခုေတာ့ သူတို႔မွာ သူတို႔ကိုယ္ပိုင္ အရင္းအႏွီးရွိသည္။

ႏိုင္ငံျခားကို ခရီးသြားရတာက စိတ္ထဲထည့္စရာ မလိုေတာ့ပဲ သူတို႔က မ်က္ေတာင္ေတာင္ မခတ္ပဲ တစ္ကမာၻလုံးကိုေတာင္ ခရီးသြားႏိုင္သည္။ သူတို႔စိတ္ကို ျပင္ဆင္ၿပီးေနာက္ သူတို႔က အထုပ္ေတြကိုေတာင္ မျပင္ဆင္ပဲ ေလဆိပ္ကို ျမန္ျမန္သြားကာ အေစာဆုံး ေလယာဥ္ကို စီးလိုက္ၾကသည္။

လန္အိမ္ေတာ္တြင္ ေဇာင္ယုဟြမ္ ကမြန္းလြဲအထိ အိပ္သြားခဲ့သည္။ ထဖို႔အတြက္ ႐ုန္းကန္လိုက္ၿပီ၊ အဆင္သင့္ျပင္လိုက္ကာ သန႔္ရွင္းသည့္ အဝတ္ေတြကို ဝတ္ဆင္လိုက္သည္။ တံခါးကို ဖြင့္လိုက္ခ်ိန္တြင္ လန္ဂ်င္းဇီ ရဲ႕မ်က္ႏွာကို ခ်က္ခ်င္း ျမင္လိုက္ရသည္။

“ေန႔လည္စာ စားဖို႔အတြက္ ငါလာေခၚတာ”

“အစ္ကို၊ ဒီေန႔ အလုပ္မသြားဘူးလား?” ေဇာင္ယုဟြမ္ ကသူ႔ကို ဒီေနရာမွာ ျမင္လိုက္တာေၾကာင့္ အံ့အားသင့္ၿပီး ေမးလိုက္သည္။

“ငါသြားခဲ့တယ္။ ေန႔လည္စာအခ်ိန္ကို ျမန္ျမန္ ျပန္လာခဲ့တာ” လန္ဂ်င္းဇီ ကခနရပ္သြားၿပီး ေမးလိုက္သည္။

“မင္းဘာလို႔ ဒီေလာက္ေတာင္ အိပ္ရတာလဲ?”

“ေလယာဥ္စီးထားေတာ့ ပင္ပန္းလို႔” လန္ဂ်င္းဇီ ကအရမ္းေကာင္းသည့္ လူျဖစ္သည္။ အနည္းဆုံးေတာ့ ေဇာင္ယုဟြမ္ ဆီက အျမင္ျဖစ္သည္။

အခုခ်ိန္မွာလိုပဲ သူမရဲ႕ အသံက ႏူးညံ့ၿပီး သူ႔ကို ေကာင္းမြန္တဲ့ အေၾကာင္းျပခ်က္ကို ေပးသည္။ ေနာက္ၿပီး သူ႔ပုံစံက ခ်က္ခ်င္းပင္ ႏူးညံ့သြားခဲ့သည္။ ေဇာင္ယုဟြမ္ က လန္ဂ်င္းဇီ အေနာက္ကေန ေန႔လည္စာ စားဖို႔ လိုက္သြားခဲ့သည္။ ထမင္းစားခန္းတြင္ သူတို႔သာရွိသည္။ ေဇာင္ယုဟြမ္ ေမးလိုက္သည္။

“ဦးေလးက အိမ္မွာ မစားဘူးလား?”

“သူ႔အလုပ္မွာ”

“တျခားသူေတြကေကာ?”

“တခ်ိဳ႕က ေက်ာင္းမွာ၊ စီးပြားေရးအတြက္ ႏိုင္ငံျခားကို သြားေနၾကတယ္၊ တခ်ိဳ႕က အလုပ္မွာ။ လူတိုင္းက အလုပ္အရမ္းမ်ားေနၾကတယ္” လန္ဂ်င္းဇီ ေျပာလိုက္သည္။

လန္ဂ်င္းဇီ ကသူ႔အလုပ္ကေန အိမ္ကို ထူးျခားသည့္ ခရီးကို ျပဳလုပ္ခဲ့တာေၾကာင့္ ဒီေနရာတြင္ သူတို႔သာ ရွိတာကို နားလည္လိုက္သည္။ သူမက အဆင္မေျပသလို ခံစားေနရမွာကို စိုးရိမ္ေနလို႔လား?

ေဇာင္ယုဟြမ္ တူကို ခ်လိုက္ၿပီး ၿပဳံးလိုက္သည္။ သူမအစ္ကိုက အရမ္းေတြးေတာတတ္တဲ့ လူပဲ!

လန္ဂ်င္းဇီ က ေဇာင္ယုဟြမ္ နဲ႔အတူ ေန႔လည္စာကို တိတ္ဆိတ္စြာ စားၿပီးေနာက္ အလုပ္ကို ျပန္သြားခဲ့သည္။ သူမကို ထားခဲ့ၿပီး ေဇာင္ယုဟြမ္ ကလန္အိမ္ေတာ္ကို ေလွ်ာက္ၾကည့္ကာ သူတို႔ဥယ်ာဥ္တြင္ ေပ်ာ္႐ႊင္ဖြယ္ ျမင္ကြင္းေတြကို ျမင္လိုက္ရသည္။

ေနာက္ေန႔ေတြမွာလည္း လန္ဂ်င္းဇီ ကသူ႔အလုပ္ကေန အိပ္ကို ျပန္လာၿပီး သူမနဲ႔အတူ ေန႔လည္စာ စားလိုမ့္မယ္လို႔ ေဇာင္ယုဟြမ္ ခန႔္မွန္းမိသည္။ သူက အမ်ားႀကီး မလုပ္ပဲ သူမထြက္သြားခင္မွာ သူမနဲ႔အတူ ေန႔လည္စာ စားခဲ့႐ုံပင္။

ေဇာင္ယုဟြမ္ ကသူမအတြက္ ဒီလိုမ်ိဳးအခ်ိန္က ရွားပါးတာေၾကာင့္ လန္အိမ္ေတာ္က သူမရဲ႕ေန႔ရက္ေတြက အေတာ္ေလး ျပည့္စုံေနသည္။

တဖက္တြင္ လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔က ဟိုက္ၿမိဳ႕ေတာ္ကို ေရာက္လာခဲ့ၿပီ ျဖစ္သည္။ မၾကာခင္က ျဖစ္ပ်က္ခဲ့တဲ့ မေတာ္တဆမႈေတြ ရွိမရွိကို ဟိုတယ္တြင္ အရင္ဆုံး စစ္ေဆးခဲ့ၾကသည္။

သခင္ေလးနန္ ကသူ႔ေကာလိပ္တြင္ ဘြဲ႕ရသြားၿပီး သူ႔မိသားစုက သူ႔လက္ထပ္ပြဲကို ထပ္စီစဥ္ေပးေနေၾကာင္းဆိုသည့္ သတင္းမွလြဲၿပီး ဘာကိုမွ မၾကားရေပ။

သူက အေၾကာင္းျပခ်က္ ျဖစ္ႏိုင္လား?

လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ရဲ႕ အၾကည့္ေတြက ေအးစက္သြားခဲ့သည္။
*****

ဟိုက္ၿမိဳ႕ေတာ္ရဲ႕ ပုဂၢလိကေဆး႐ုံတြင္ ေနာက္ဆုံးေတာ့ ေဇာင္ခ်ီ က ICU ကေန ပုံမွန္ VIP အခန္းကို ေျပာင္းေ႐ႊ႕ခဲ့သည္။ သူ႔အသိေတြကို ျပန္ရရွိလာၿပီး ရႈရန္ေဟြ႕ ကသူဖ်ားေနသည့္ အေၾကာင္းကို သတင္းမီဒီယာေတြမွ စကားေတြ ထြက္မလာဖို႔ တားဆီးရန္ ေျပာခဲ့သည္။

ေဇာင္ခ်ီ ကစေတာ့ေဈးႏႈန္းေတြ က်ဆင္းျခင္းမွ တားဆီးရန္ သူမရဲ႕ ဆုံးျဖတ္ခ်က္ကို သေဘာတူခဲ့သည္။ သူ႔မ်က္လုံးေတြကို ဖြင့္လိုက္သည္ႏွင့္ ရႈရန္ေဟြ႕ နဲ႔ ရႈယုရွန္း တို႔ႏွစ္ေယာက္က သူ႔ေဘးမွာ ရွိေနၿပီး အေတာ္ေလး စိုးရိမ္ေနပုံေပၚသည္။

ထိုအရာကို ျမင္လိုက္ၿပီး ေဇာင္ခ်ီ အနည္းငယ္ ထိခတ္သြားသည္။ ဆန႔္က်င္ဘက္အားျဖင့္ ေဇာင္ယုဟြမ္ ကေတာ့ မေက်နပ္စရာ ျဖစ္ေအာင္ ျပဳလုပ္ခဲ့သည္။ ရႈရန္ေဟြ႕ က ေဇာင္ခ်ီ ကိုထိုင္ဖို႔အတြက္ ကူညီလိုက္ၿပီး ႏူးညံ့စြာ ေျပာလိုက္သည္။

“မစိုးရိမ္ပါနဲ႔၊ အစ္ကိုခ်ီ၊ ဆရာဝန္က ျပန္ေကာင္းဖို႔ မၾကာေတာ့ဘူးလို႔ ေျပာတယ္”

တဖက္တြင္ ရႈယုရွန္း ကဟန္ေဆာင္ေနမႈေတြနဲ႔အတူ စိတ္မရွည္မႈက စတင္လာခဲ့သည္။ ထိုအခ်ိန္တြင္ တစုံတေယာက္က တံခါးေခါက္လိုက္သည္။

“သူေဌးေဇာင္ ႏိုးၿပီလား? ကြၽန္ေတာ္က ေရွာင္းေက်ာင္ပါ”

“အို၊ လက္ေထာက္ ေက်ာင္ ေရာက္ၿပီပဲ” ရႈရန္ေဟြ႕ ကၿပဳံးလိုက္ၿပီး မတ္တပ္ရပ္လိုက္သည္။

“ဒါဆို ရွန္းရွန္း နဲ႔ငါ ထြက္သြားလိုက္မယ္။ အစ္ကိုခ်ီ တို႔ႏွစ္ေယာက္ စကားေျပာၾကဦး”

ေဇာင္ခ်ီ ကဒီအခ်ိန္တြင္ ဘာေတြျဖစ္ပ်က္ခဲ့လဲဆိုတာ သိခ်င္ေနတာေၾကာင့္ ဘာမွမေမးပဲ ေခါင္းညိတ္လိုက္သည္။ ရႈရန္ေဟြ႕ အမူအရာက နည္းနည္းေအးခဲသြားသည္။ ေဇာင္ခ်ီ ကဘယ္လို လူမ်ိဳးလဲဆိုတာကို သူမ ေမ့သြားခဲ့သည္။

ေဇာင္ခ်ီ နဲ႔ထိေတြ႕ ဆက္ဆံေနသမွ် သူက သူ႔ကိုယ္ပိုင္ကိစၥနဲ႔ စီးပြားေရးကို မေရာေပ။ ရႈရန္ေဟြ႕ နဲ႔ ရႈယုရွန္း တို႔က အျပင္ကို ေလွ်ာက္သြားလိုက္ၾကသည္။ လက္ေထာက္ေက်ာင္ ကဝင္လာခဲ့သည္။ လက္ေထာက္ေက်ာင္ ကလွည့္လိုက္ၿပီး အခန္းဝင္ေပါက္ကို ၾကည့္လိုက္ကာ ေဇာင္ခ်ီ ကိုျပန္ၾကည့္လိုက္သည္။

သူျမင္လိုက္တာေၾကာင့္ တုန္လႈပ္သြားခဲ့သည္။ ေဇာင္ခ်ီ ကအခ်ိန္တိုအတြင္း ဒီေလာက္ အသက္ႀကီးသြားမယ္လို႔ သူမထင္ထားခဲ့ေပ။ သူ႔မ်က္ႏွာက အဝါေရာင္ျဖစ္ေနၿပီး သူ႔မ်က္လုံးေအာက္တြင္ အမဲေရာင္ကလည္း ရွိေနသည္။

သူ႔မ်က္ႏွာက အနည္းငယ္ ေခ်ာင္က်ေနသည္။ သူက လုံးဝကို တျခားသူ တစ္ေယာက္လိုပဲ! လက္ေထာက္ေက်ာင္က အနည္းငယ္ ရႈပ္ေထြးသြားၿပီး ေျပာလိုက္သည္။

“သူေဌး…. သူေဌးေဇာင္။ ကြၽန္ေတာ္တို႔ စစ္ေဆးၿပီးပါၿပီ။ သူေဌးေဇာင္တို႔ရဲ႕ မိသားစု ဆရာဝန္ ေပ်ာက္သြားခ်ိန္မွာ ရဲေတြကို…. သတင္းေပးခဲ့ပါတယ္။ ဒါကို သူလုပ္ခဲ့တာလို႔ ထင္ပါတယ္”

ေဇာင္ခ်ီ ရဲ႕မ်က္ႏွာက မဲေမွာင္သြားၿပီး ဆိုး႐ြားသြားသည္။ သြားေတြကို ႀကိတ္လိုက္ၿပီး ေျပာလိုက္သည္။

“ငါအၿမဲတမ္း သူ႔ကို ေကာင္းေပးခဲ့တယ္။ ငါသူ႔ကို ရွာၿပီး ဒီလိုမ်ိဳး လုပ္ဖို႔ ဘယ္သူက အမိန႔္ေပးတာလဲဆိုတာ ေမးရမယ္။ ဒီႏွစ္မွာ စီးပြားေရး လုပ္ငန္းေတြကို ငါလုပ္ခဲ့တယ္။ ဘယ္သူက ငါ့ကို ေသေစခ်င္တဲ့အထိ လုပ္ခဲ့တာလဲ?”

“အဲ့ဒါက….. ဒင္ ကျဖစ္ႏိုင္တယ္?” ေဇာင္ခ်ီ ေခါင္းခါလိုက္ၿပီး ခ်က္ခ်င္း ျငင္းပယ္လိုက္သည္။

“တကယ္လို႔ အဖိုးဒင္ ကငါ့ကို မုန္းတီးၿပီး ေသေစခ်င္ရင္ အရင္ကတည္းက လုပ္ခဲ့လိမ့္မယ္။ အခုေတာ့ ဒင္ေခြၽ႐ြယ္ ကသူတို႔ရဲ႕ ဦးေဆာင္သူ ျဖစ္ေနတာက ထည့္ေျပာစရာ မလိုဘူး။ သူမက ဒီလိုမ်ိဳး လုပ္ဖို႔အတြက္ ဦးေႏွာက္မရွိဘူး”

လက္ေထာက္ေက်ာင္ သက္ျပင္းခ်လိုက္သည္။ “အို၊ ဟုတ္တယ္! တျခားအရာေျပာဖို႔ရွိတယ္”

“ေျပာ”

“သူေဌးေဇာင္ ပထမဆုံး ဖ်ားတဲ့အခ်ိန္တုန္းက မဒမ္က ဒီအေၾကာင္းကို အျပင္ကို ဘယ္သူမွ မေျပာဖို႔ ေျပာခဲ့တယ္”

“အင္း၊ ငါသိတယ္”

“ဒါေပမဲ့ မၾကာခင္မွာ၊ မိန္းကေလးက ေခၚၿပီး သူေဌးေဇာင္ နဲ႔စကားေျပာခ်င္တယ္လို႔ ေျပာခဲ့တယ္။ မဒမ္က သူမကို ဘာမွမေျပာလို႔ မိန္းကေလးက ကြၽန္ေတာ့္ကို ဖုန္းေခၚခဲ့တာ ျဖစ္မယ္”

ေဇာင္ခ်ီ မ်က္ႏွာ အေရာင္က ေျပာင္းလဲသြားခဲ့သည္။ သူ႔ေနမေကာင္းတာကို ဖုံးကြယ္ထားတာက ကုမၸဏီအတြက္ဆို မွန္ကန္တဲ့ အရာတစ္ခုပဲ။ ဒါေပမဲ့ ဘာေၾကာင့္ ဒီကိစၥကို ေဇာင္ယုဟြမ္ ကိုလည္း ဖုံးကြယ္ထားရတာလဲ?

ေဇာင္ခ်ီ ကအဆိုးဆုံး ဆုံးျဖတ္ခ်က္နဲ႔အတူ တျခားသူမ်ားကို တိုင္းတာရာတြင္ မွားယြင္းမႈ မရွိခဲ့ေပ။ သက္ျပင္း အနည္းငယ္ခ်လိုက္ၿပီး အံႀကိတ္ကာ ေျပာလိုက္သည္။

“ငါက ေသေတာ့မယ္လို႔ သူမက ထင္ေနတာလား? ဒါေၾကာင့္ ေဇာင္ယုဟြမ္ ျပန္လာမွာကို တားဆီးဖို႔ ရည္႐ြယ္ခဲ့တာလား?”

တျဖည္းျဖည္း သူ႔စိတ္ထဲတြင္ ထူးျခားသည့္ အေတြးတစ္ခုက ျဖတ္သြားခဲ့သည္။ ဒီအေၾကာင္းကို အရင္တုန္းက သူတစ္ခါမွ မေတြးခဲ့ဖူးဘူး၊ ဒါေပမဲ့ သူ႔မွာ ျဖစ္ပ်က္လာတာနဲ႔ ပုံရိပ္ေတြက တျဖည္းျဖည္း စတင္ၿပီး ရွင္းလင္းလာခဲ့သည္။

“သြား…. စုံးစမ္းလိုက္။ မဒမ္က ဒီကိစၥနဲ႔ ပတ္သက္လားဆိုတာ ငါသိခ်င္တယ္”

4.7.2020 (Sat)
…………………

[text_hash] => 7d693fad
)

//qc
//QC2