ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] – 36❇ ဒါကညီမလေးရှိတဲ့ ခံစားချက်ဖြစ်မယ်
// qc

ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] - 36❇ ဒါကညီမလေးရှိတဲ့ ခံစားချက်ဖြစ်မယ်

Array
(
[text] =>

<Unicode>

ဒါကညီမလေးရှိတဲ့ ခံစားချက်ဖြစ်မယ်

ဇောင်ယုဟွမ် က ချန်းမင်းရီ ဆီက ဖုန်းဝင်လာချိန်တွင် လန်ဂျင်းဇီ ရဲ့ဖုန်းကို ချလိုက်သည်။

“ငါ့သူငယ်ချင်းက မင်းကို လာခေါ်လိမ့်မယ်။ ငါတို့ လေဆိပ်မှာ ဆုံပြီး ဆစ်ဒနီကို တိုက်ရိုက်သွားကြမယ်”

ချန်းမင်းရီ ကတဖက်မှ ပြောလိုက်သည်။ ဇောင်ယုဟွမ် ကထိုရည်ရွယ်ချက်မှာ ရှုရန်ဟွေ့ နဲ့သူမ သမီးနဲ့ မတွေ့ဖို့ဆိုတာကို သိခဲ့သည်။

“အိုကေ” ဇောင်ယုဟွမ် ပြန်ဖြေလိုက်သည်။ ချက်ချင်းပင် အချိန်တချို့ ဖယ်လိုက်ပြီး သူမအိတ်တွေကို ထုပ်ပိုးလိုက်သည်။

သူမနဲ့အတူ အများကြီး မသယ်သွားပဲ အိတ်တစ်လုံးသာ ထည့်သွားခဲ့သည်။ ဒါကြောင့် လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့နဲ့ အတူရှိမဲ့ နေ့တွေက လွဲသွားခဲ့သည်။

အနည်းဆုံးတော့ သူတို့ အနားမှာရှိနေချိန်တွင် သူမအထုပ်တွေကို ထည့်စရာမလိုပေ။ ဇောင်ယုဟွမ် ကဒီလိုမျိုး မဆက်စပ်တဲ့ အတွေးတွေကို ဖယ်ထုတ်ပစ်လိုက်သည်။

ထုတ်ပိုးပြီးချိန်တွင် အောက်ထပ်ကို ဦးတည်သွားလိုက်ပြီး ကားထဲကို ဝင်လိုက်သည်။ ချန်းမင်းရီ ရဲ့သူငယ်ချင်းက လေဆိပ်အထိ မောင်းပို့ခဲ့ပြီး အနီးနားက ဟိုတယ်ကိုတောင် စစ်ဆေးဖို့ ကူညီပေးခဲ့သည်။

“အခုထွက်သွားရမှာတောင် ကြောက်တယ်” အမျိုးသားက အနည်းငယ် ရှက်ရွံ့စွာနဲ့ ပြောလိုက်သည်။

“မဟုတ်ပါဘူး၊ အဆင်ပြေပါတယ်။ ဒါက အတော်လေး အဆင်ပြေတယ်။ ကျေးဇူးတင်ပါတယ်” ဇောင်ယုဟွမ် ကသူ့ကို ခေါင်းညိတ်ပြလိုက်ရင်း ပြောလိုက်သည်။

သုံးလိုက်တာက ချန်းမင်းရီ ရဲ့ခရစ်ဒစ်ကဒ် ဖြစ်နိုင်ပြီး တချို့ဝန်ထမ်းတွေက မနက်ခင်းတွင် လက်ဖက်ရည်ကို ပို့ပေးခဲ့ကြသည်။ ဇောင်ယုဟွမ် ကသတင်းတွေနဲ့ WeChat ကို VIP ဆိုက်မှကြည့်ခဲ့သည်။

ဇောင်မှာ ဖြစ်ပျက်ခဲ့တာတွေက သတင်းအသေးအမွှားလေး မဟုတ်နိုင်ပေ။ ရှုရန်ဟွေ့ ကဒီအကြောင်းနဲ့ ပတ်သက်ပြီး လျှို့ဝှက်ချက်ကို ထုတ်ပြောခဲ့တာ မဖြစ်နိုင်ပေ။ ရန်ဆန်း က WeChat တွင် ပျော်ရွှင်စွာ ပြောခဲ့သည်။ ဇောင်ယုဟွမ် ကိုတောင် မေးခဲ့သည်။

“မကြာခင်မှာ မန်ဆန်း ကဖျော်ဖြေပွဲရှိတယ်။ မင်းသွားချင်လား? မင်းအတွက် လေယာဉ်လက်မှတ်နဲ့ ဟိုတယ်ခကို ပေးပေးမယ်။ ငါဘွဲ့ရလို့ VIP ဝန်ဆောင်မှု ပေးမယ်!”

ထိုစာကို ဖတ်ပြီးနောက်တွင် ဇောင်ယုဟွမ် ကပြုံးလိုက်ပြီး သူမဖုန်းကို ပိတ်လိုက်သည်။ လန်ဂျင်းဇီ ဘက်မှ လူများလွဲပြီး သူမက အိမ်ပြန်နေသည့် လမ်းကို ရောက်နေတာကို တခြားသူတွေကို မပြောနိုင်ပေ။

ဇောင်ယုဟွမ် ကအချိန်တွေကို မဖြုန်းတီးနိုင်ပေ။ သူမက ကျောင်းက ပါဝါပွိုင့် ကိုဖတ်လိုက်ပြီး ပညာရေးနဲ့ ပတ်သက်သည့် ဆောင်းပါးတွေကို ဖတ်ပြီးနောက် မကြာခင်က စီးပွားရေး သတင်းတွေကို ကြည့်လိုက်သည်။

အားလုံးကို ပြုလုပ်ပြီးချိန်တွင် ချန်းမင်းရီ ကရောက်လာခဲ့သည်။ ဇောင်ယုဟွမ် ကသူမအိတ်ကို အတူယူမလာပဲ အရင်ဆုံး သူနဲ့တွေ့ဖို့ အောက်ထပ်ကို ဆင်းလိုက်သည်။

“ညစာစားပြီးပြီလား?” ချန်းမင်းရီ မေးလိုက်သည်။ ဇောင်ယုဟွမ် ခေါင်းခါလိုက်သည်။

“ကောင်းပြီ၊ ငါတို့ နိုင်ငံခြားမသွားရင် အရင်ဆုံး ညစာစားရအောင်။ ငါ redeye လေယာဉ်မှာ ကြိုတင်မှာထားတယ်။ ငါတို့လေယာဉ်ပေါ်မှာ အိပ်ပြီး မြေပြင်ကို ပြန်ရောက်မှ ငါတို့ ထမယ်”

ထိုစကားကို ပြောလိုက်ပြီး ချန်းမင်းရီ ကရပ်လိုက်ကာ ဇောင်ယုဟွမ် ကိုဂရုတစိုက် စစ်ဆေးလိုက်သည်။

“မင်း စိတ်မလှုပ်ရှားဘူးလား?” ဇောင်ယုဟွမ် ပြုံးလိုက်ပြီး ခေါင်းခါလိုက်သည်။

“ဟင့်အင်း၊ ငါစိတ်မလှုပ်ရှားဘူး။ တခုခု သွားစားရအောင်” ချန်းမင်းရီ ကစိတ်သက်သာစွာဖြင့် သက်ပြင်းချလိုက်သည်။

“ဒါကောင်းတယ်။ အရင်တုန်းက မစ္စတာဇောင် ကမင်းကို သိပ်မကောင်းဘူးလို့ ငါကြားခဲ့လို့ သတင်းတွေကို ကြားရင် မင်းက ဝမ်းနည်းနေမှာကို စိုးရိမ်နေခဲ့တာ”

ထိုစကားကို ကြားလိုက်ပြီး ဇောင်ယုဟွမ် ကမထိန်းချုပ်နိုင်ပဲ စကားပြောင်းပြန်ကို သတိထားမိသွားသည်။ ဇောင်ချီ သာဒါကို နောင်တရမလားဆိုတာ သူမ သိချင်ခဲ့သည်။ သူက အမြဲတမ်း ထိန်းချုပ်တဲ့သူ တစ်ယောက်သာ ဖြစ်ချင်ခဲ့သည်။

အခုကော ခံစားနေဦးမလား? ချန်းမင်းရီ က ညစာစားရင်း ဇောင်ယုဟွမ် ကိုကြည့်လိုက်သည်။

ဇောင်ယုဟွမ် ဗိုက်ပြည့်သွားပြီးနောက် သူမရဲ့ အိတ်ကို ကောက်ယူလိုက်ပြီး လေဆိပ်ကို ဦးတည်သွားလိုက်သည်။

“ကျေးဇူးတင်ပါတယ်၊ မစ္စတာချန်း”

“ရပါတယ်။ မင်းတခုခု ဖြစ်မှာကို မင်းအစ်ကို စိုးရိမ်နေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါလည်း ပြန်ဖို့ လိုအပ်တာကြောင့် အတူတူ ခရီးသွားတာက ပိုကောင်းတယ်။ ဒီနည်းကပဲ ငါတို့ ဘယ်အခွင့်အရေးကိုမှ မလွဲသွားစေတော့ဘူး” ချန်းမင်းရီ ကပြုံးလိုက်သည်။

ဒီအကြောင်းကို အရေးကြီးကိစ္စလို့ သူ မတွေးထားပေ။ ချန်းမင်းရီ ကသူမနဲ့အတူ လမ်းကြောင်းအကုန်လုံးရှိနေမယ်လို့ ပြောခဲ့သည်။

လေယာဉ်က ဟိုက်မြိုတော်ကို ရောက်လာချိန်တွင် သူက ဇောင်ယုဟွမ် ကိုလန်အိမ်တော်ကို ခေါ်သွားပြီးမှ ထွက်သွားခဲ့သည်။ အပြင်ရှုထောင့်ကနေ ချန်းမင်းရီ ကအိမ်ကို ပြန်လာခဲ့တာလို့ ထင်ကြပြီး လန်ဂျင်းဇီ ကိုအလည်လာတာကို တွေးကြလိမ့်မည်။

သူတို့နှစ်ယောက်က ရင်းနှီးကြတာကို လူတိုင်းသိကြသည်။ ဒီအကြောင်းက ဇောင်ယုဟွမ် နဲ့ပတ်သက်လာဆိုတာ ဘယ်သူမှ တွေးမိကြမှာ မဟုတ်ပေ။

လန်အိမ်တော်က ရှေးကျသည့် ဥယျာဉ်ပုံစံကို ဆောက်ထားခဲ့သည်။ အဆင့်မြင့် လူနေအိမ် အတွင်းတွင် အတော်လေးကို အထင်ကြီးစရာဖြစ်သည်။ အပြင်ဘက် တံခါးတွင် ရပ်နေပြီး အိမ်ဖော်တွေက သူမကို အံ့အားသင့်သည့် အကြည့်ကို ပေးကြပြီး သူမက ဘယ်သူဆိုတာကို မသိကြပေ။

အရင်တုန်းက ဇောင်ယုဟွမ် ကလန်အိမ်တော်ကို တစ်ခါမှ အလည်မလာဖူးပေ။ လန်ဂျင်းဇီ ကအရင်တုန်းက သူမကို ဖိတ်ခဲ့ပေမဲ့ သူမက နိုင်ငံခြားကို သွားခဲ့တာကြောင့် အလည်လာဖို့ လွဲချော်ခဲ့သည်။ ဇောင်ယုဟွမ် ကသူမအရှေ့က အိမ်ကို တိတ်ဆိတ်စွာ စစ်ဆေးနေပြီး အိမ်ဖော်ရဲ့ အံ့အားသင့်သည့် အသံကို ကြားလိုက်ရသည်။

“သခင်လေးလန်က ပြန်လာပြီလား?” ဇောင်ယုဟွမ် လှည့်လိုက်ပြီး အတွင်းရေးမှူးချန်း နဲ့အတူ လန်ဂျင်းဇီ ကကားထဲက ထွက်လာတာကို တွေ့လိုက်သည်။ သိသာစွာဖြင့် လန်ဂျင်းဇီ ကသူ့အလုပ်တွေကို ထားခဲ့ပြီး မြန်မြန် ပြန်လာခဲ့တာ ဖြစ်သည်။

“အစ်ကို” ဇောင်ယုဟွမ် လှည့်လိုက်ပြီး သူ့ကို ပြုံးပြလိုက်သည်။

လန်ဂျင်းဇီ ကရုတ်တရက် သူ့လမ်းတွင် ရပ်သွားခဲ့သည်။ ချန်းမင်းရီ ကနိုင်ငံခြားတွင် ရှိနေချိန်မှာ ဇောင်ယုဟွမ် ရဲ့ဓာတ်ပုံတွေကို ပို့ခဲ့သော်လည်း ဓာတ်ပုံတွေက ဘယ်တော့မှ အပြင်ပုံစံနဲ့ မတူပေ။

သူမက အရပ်ပိုရှည်လာပြီး သူမအသွင်အပြင်ကလည်း အရွယ်ရောက်လာခဲ့သည်။ သူမက နွေးထွေးတဲ့ လိမ္မော်ရောင် ဝတ်စုံကို ဝတ်ထားပြီး အပေါ်က ကျပ်ပြီး အောက်ပိုင်းက ကားသွားတဲ့ ပုံစံဖြစ်တာကြောင့် ပန်းပွင့်နေတာနဲ့ တူနေသည်။

သူမက ပွင့်လန်းလာပြီး လူတိုင်းရဲ့ အကြည့်တွေကို တစ်ချက်နဲ့ ဖမ်းစားနိုင်ခဲ့သည်။ မပြောင်းလဲတဲ့ အရာတစ်ခုကတော့ သူမ အပြုံးပင်ဖြစ်သည်။ သူမ ပြုံးလိုက်ချိန်တွင် သူမ မျက်လုံးတွေက ကြယ်တွေ၊ တောက်ပမှုတွေ၊ ချိုမြိန်မှုနဲ့ နူးညံ့မှုတွေနဲ့ ပြည့်နေခဲ့သည်။

တခြားသူတွေအား သူမကို ကောင်းမွန်စွာ ဆက်ဆံရန် ပြုလုပ်နိုင်သည်။ လန်ဂျင်းဇီ ကသူမ နိုင်ငံခြားကို ထွက်သွားချိန်တွင် လွမ်းတာကို မခံစားရပေ။ ဒါပေမဲ့ အခုတော့ သူ့အရှေ့တွင် သူမက ရပ်နေချိန်တွင် ဒီခံစားချက် အားလုံးက ရုတ်တရက် သူ့ရင်ဘတ်ထဲတွင် ပြည့်နှက်လာခဲ့သည်။

လန်ဂျင်းဇီ ကသူ့ပါးစပ်ကို ဖွင့်လိုက်ပြီး နောက်ဆုံးတော့ ခံစားချက် အားလုံးကို ပြန်ရသွားခဲ့သည်။

“ဒီမှာ စောင့်နေတာ ဘယ်လောက်ကြာပြီလဲ?” “အခုလေးတင် ရောက်တာ” ဇောင်ယုဟွမ် ပြုံးလိုက်သည်။

“ငါပို့ပေးတဲ့ မှင်ကဘယ်လိုလဲ?”

“အဆင်ပြေပါတယ်”

“ကောင်းတယ်” ဇောင်ယုဟွမ် ကသူ့ဘေးကို လျှောက်သွားရင်း ပြောလိုက်သည်။ သူမက သူ့အနားကို နီးကပ်လာမှုကို သူ့ကို ပိုပြီးတော့ စိတ်သက်သာရာ ရသွားစေသည်။

သူမက သူနဲ့အနီးနားမှာ ရှိနေတာက သူ့ကို ပျော်ရွှင်စေတယ်လို့ ခံစားလိုက်ရသည်။ ဒါက အရင်တုန်းက သူတစ်ခါမှ မခံစားဖူးတဲ့ အတွေ့အကြုံဖြစ်သည်။ ဒီအချိန်တွင် သူ့ညီမလေးက သူနဲ့ ရင်းနှီးနေတာက ဘယ်လောက် ကောင်းလဲဆိုတာကို သူနားလည်သွားသည်။

အိမ်ဖော်က လျင်မြန်စွာ လျှောက်လာကြပြီး တံခါးကို ဖွင့်ပေးလိုက်ကာ ဇောင်ယုဟွမ် ကိုသတိထားသည့် အကြည့်နဲ့ ကြည့်လိုက်ပြီး ဇောင်ယုဟွမ် ကိုအစောပိုင်းတုန်းက သူတို့ စိတ်ဆိုးအောင် လုပ်မိသွားမှာကို စိုးရိမ်နေခဲ့သည်။

ဇောင်ယုဟွမ် ကဒီအကြောင်းနဲ့ ပတ်သက်ပြီး စိတ်ထဲမရှိပေ။ သူမက လန်ဂျင်းဇီ နဲ့အတူ အထဲကို လျှောက်နေချိန်မှာ သူမခြေလှမ်းတွေကိုသာ အာရုံစိုက်နေခဲ့သည်။ အတွင်းရေးမှူးချန်း ကသူတို့ နောက်မှ လိုက်လာခဲ့သည်။ လန်ဂျင်းဇီ မေးလိုက်သည်။

“ကျောင်းအသစ်က ဘယ်လိုလဲ?”

“မဆိုးပါဘူး။ တစ်ခါတစ်လေ မရင်းနှီးတဲ့ အတန်းဖော်တွေနဲ့ တွေ့ကြုံရတာက လွဲပြီးတော့ပေါ့” ဇောင်ယုဟွမ် ကအနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်သည်။

“ဘယ်လို့ အတန်းဖော်တွေလဲ?” လန်ဂျင်းဇီ ကသူ့ကလေးက ပထမဆုံး ကျောင်းတက်ရက်တွင် သူမအတန်းဖော်တွေနဲ့ အဆင်ပြေလားဆိုတာ သိချင်နေတဲ့ မိဘလိုမျိုး အသံနဲ့ မေးလိုက်သည်။

“ဒါက ကျောင်းက ကြီးတော့ ကျောင်းသားတွေလည်း စုံတာပေါ့” ဇောင်ယုဟွမ် ကဒီအတိုင်းပဲ ပြောလိုက်သည်။

လန်ဂျင်းဇီ ကထိုစကားကို ကြားလိုက်ပြီး မျက်မှောင်ကြုတ်သွားခဲ့ပေမဲ့ ဘာမှမပြောပေ။ သူက ထပ်မေးလိုက်သည်။

“အစားအစာတွေကကော? အဲ့နေရာက အစားတွေကို ကြိုက်ရဲ့လား?”

“လန်ဒန် တုန်းက အားလပ်ရက်တွေမှာ တရုတ်စားသောက်ဆိုင်မှာ အမြဲတမ်း သွားစားခဲ့ကြတယ်။ လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ကလည်း တရုတ်စာတွေ လုပ်ပေးကြတယ်။ သူတို့က သင်ယူတာ မြန်ဆန်ပြီး အခုဆို ကောင်းကောင်း ချက်ပြုတ်တက်နေပြီ” ဇောင်ယုဟွမ် ပြောလိုက်သည်။

လန်ဂျင်းဇီ ခေါင်းညိတ်လိုက်သည်။ ထို့နောက် ဒီအကြောင်းကို အနည်းငယ် စဉ်းစားလိုက်ပြီး

သူ….. ဘယ်လို ချက်ရလဲဆိုတာကို မသိဘူး?

ဒီတစ်ခါတော့ ဇောင်ယုဟွမ် မေးရမဲ့ အလှည့်ဖြစ်သည်။

“အစ်ကိုကော ဘယ်လိုလဲ? အလုပ်ကကော?”

“ပုံမှန်ပါပဲ”

“အခုအရမ်း အလုပ်မလုပ်နဲ့တော့။ ငါပြန်ရောက်ရင် အစ်ကိုနဲ့ မကြာမကြာ လာတွေ့မယ်” ဇောင်ယုဟွမ် ပြောလိုက်သည်။

လန်ဂျင်းဇီ အချိန်ခနလောက် တိတ်ဆိတ်သွားသည်။ ဒီအကြောင်းကို အရင်တုန်းက တစ်ခါမှ မစဉ်းစားဖူးခဲ့ဘူး။ သူ့ဘဝအဘိဓာန်မှာ “အနားယူတယ်” ဆိုတာ ဘယ်တုန်းကမှ မရှိဖူးတဲ့ စကားလုံးပဲ။

သူ့အစီစဉ်တွေက အမြဲတမ်း အလုပ်တွေနဲ့ သက်ဆိုင်နေခဲ့သည်။ ဒီအကြောင်းကို စဉ်းစားကြည့်ရင် ဒီအချိန်မှာ ဇောင်ယုဟွမ် နဲ့အနားယူတာက မကောင်းတဲ့ အကြံတော့ မဟုတ်ဘူးမလား?

လန်ဂျင်းဇီ လှည့်လိုက်ပြီး အတွင်းရေးမှူးချန်း ကိုတစ်ချက်ကြည့်လိုက်သည်။ အတွင်းရေးမှူးချန်း ကအနည်းငယ် အံ့ဩသွားပေမဲ့ ချက်ချင်း ပြောလိုက်သည်။

“ဟုတ်ကဲ့၊ ကျွန်တော် အချိန်ဇယားတွေကို ပြန်စီစဉ်လိုက်ပါမယ်”

တချို့လူတွေက တက်ကြွပြီး၊ တချို့လူတွေကတော့ မလှုပ်မယှက်နေကြသည်။ နောက်ပြီး လန်ဂျင်းဇီ လိုမျိုး မလှုပ်မယှက် လူမျိုးတွေက အလုပ်တွင် တော်ကြသည်။ သူက တခြားအရာတွေထက် တာဝန်ယူစိတ်ရှိပြီး တခြားသူတွေထက် ပြည့်စုံအောင် လုပ်နိုင်သည်။

ဒါကပဲ သူ့ကို လျင်မြန်စွာ ပြောင်းလဲသွားစေတာ ဖြစ်သည်။ ဒါပေမဲ့ အလုပ်အကြောင်းနဲ့ သူ့အလုပ်တွေကို ပေါ့ပေါ့လျော့လျော့ လုပ်ဖို့ဆုံးဖြတ်ရင် ပိုကောင်းလိမ့်မည်။ သူတို့ စကားပြောကြရင်း ကျောက်တုံးလမ်းအတိုင်း လျှောက်သွားကြကာ အဓိက ဧည့်ခန်းကို နီးကပ်လာခဲ့သည်။

ဇောင်ယုဟွမ် မော့ကြည့်လိုက်ချိန်တွင် သက်လတ်ပိုင်း အမျိုးသား တစ်ယောက်က မတ်တပ်ရပ်နေတာကို တွေ့လိုက်ရသည်။ သက်လတ်ပိုင်း အမျိုးသား ဇောင်ရှန်း ပုံစံအဝတ်ကို ဝတ်ထားပြီး ဆံပင်တွေက ဖြူဖွေးပေမဲ့ သူ့ပုံစံက နူးညံ့ကြင်နာတတ်ပုံ ပေါ်သည်။

အရမ်းကြီး အသက်မကြီးသေးပဲ ၅၀ ဝန်းကျင်လောက် ရှိပြီး အနားယူရမဲ့ အသက်အရွယ်ကို မရောက်သေးပေ။ သူက ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်နေခဲ့ပြီး သူတို့ စကားပြောတာကို နားထောင်နေခဲ့သည်။ ဇောင်ယုစွမ် ကပိုနီးကပ်လာချိန်တွင် သက်လတ်ပိုင်း အမျိုးသားက မေးလိုက်သည်။

“ဒါက ဒုတိယမိန်းကလေးဒင်ရဲ့ သမီးဖြစ်မယ်?” သူ့အသံက နူးညံ့ပြီး သိမ်မွေ့နေသည်။ လန်ဂျင်းဇီ ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“အင်း”

ဇောင်ယုဟွမ် ကထိုလူကို ဘယ်လိုခေါ်ရမှန်း မသိပေ။ သူက လန်ဂျင်းဇီ ရဲ့အဖေ ဖြစ်မယ်လို့ ထင်ပေမဲ့ သူ့ကို ဦးလေးလို့ မခေါ်သင့်ပေ? သူတို့က ကွာရှင်းထားတာက အချိန်အတော်ကြာနေခဲ့သည်။

“အရင်ဆုံးဝင်ဦး” အဖေလန်က ပြောလိုက်ရင်း လှည့်လိုက်ကာ ဧည့်ခန်းထဲကို လျှောက်လာခဲ့သည်။

ဇောင်ယုဟွမ် က လန်ဂျင်းဇီ ရဲ့အင်္ကျီကို ဆွဲလိုက်ပြီး “သူ့ကို ဘယ်လိုခေါ်ရမလဲ?” လန်ဂျင်းဇီ ကကြက်သွန်လိုမျိုး ဖြူဖွေးနေသည့် သူမလက်တွေကို ငုံ့ကြည့်လိုက်ပြီး ပြောလိုက်သည်။

“သင့်တော်သလိုခေါ်”

“ဦးလေး?”

“အင်း” လန်ဂျင်းဇီ ကဒီအကြောင်းကို တွေးလိုက်ပြီး သူမက သူ့ညီမလေးနဲ့ တူတယ်လို့ ထင်လိုက်သည်။

သူမက သူ့ကို လှပသည့် အပြံးကို ပေးပြီး သူ့အင်္ကျီကို နူးညံ့စွာနဲ့ ကိုင်ထားခဲ့သည်။ သူတို့ ဧည့်ခန်းကို ဝင်သွားပြီးနောက်တွင် ဇောင်ယုဟွမ် ကချက်ချင်း ပြုံးလိုက်ပြီး အဖေလန်ကို ထပ်ပြီး နှုတ်ဆက်လိုက်သည်။

အဖေလန်က ဦးလေး ဆိုသည့် စကားကို ကြားလိုက်ချိန်တွင် သူ့ပုံစံက ထူးခြားသွားပေမဲ့ နောက်ဆုံးတွင် ဘာမှမပြောပေ။ အရင်ဆုံး ဇောင်ယုဟွမ် ကိုထိုင်ခိုင်းလိုက်ပြီး အိမ်ဖော်ကို လက်ဖက်ရည် ယူလာခိုင်းလိုက်သည်။

“အခုတော့ အိမ်တော်မှာ အများကြီး မရှိပါဘူး။ ညစာ အတူစားဖို့ ငါတို့သုံးယောက်ပဲ ရှိတယ်” အဖေလန်က ပြောလိုက်သည်။ ဇောင်ယုဟွမ် နာခံစွာဖြင့် ခေါင်းညိတ်လိုက်သည်။

“အိမ်ကို ဘယ်အချိန်ပြန်ဖို့ စီစဉ်ထားလဲ?” အဖေလန် ကမေးလိုက်သည်။ လန်ဂျင်းဇီ ကသူမအတွက် ဖြေပေးပြီး ပြောလိုက်သည်။

“အချိန်အနည်းငယ်လောက်မှ ဖြစ်နိုင်မယ်။ ဇောင်အိမ်တော်မှာ ဖြစ်ပျက်နေတာနဲ့ မစ္စရှု ကအခုတော့ ပြန်မရောက်သေးဘူး”

ထိုစကားကို ကြားလိုက်ပြီး အဖေလန် ကချက်ချင်းပဲ မျက်မှောင်ကြုတ်သွားပေမဲ့ ဇောင်ချီ ကဘယ်လို လူမျိုးလဲဆိုတာကို မပြောပေ။ သူက သူတို့နောက်ကွယ်တွင် အတင်းအဖျင်းတွေ ပြောဆိုတတ်တဲ့ လူမျိုးမဟုတ်တာ ဖြစ်နိုင်သည်။

အိမ်ဖော်က ဇောင်ယုဟွမ် ရဲ့အိတ်ကို ဧည့်သည့် အိပ်ခန်းကို သယ်လိုက်ချိန်တွင် ဇောင်ယုဟွမ် ပြောလိုက်သည်။

“အို၊ ဟုတ်သား၊ ဦးလေးအတွက် လက်ဆောင် ဝယ်လာခဲ့တယ်”

ဇောင်ယုဟွမ် ကမတ်တပ်ရပ်လိုက်ပြီး လျှောက်သွားကာ ငုံ့လိုက်ပြီး အိတ်ကြီးထဲက လက်ဆောင်ဗူးကို ထုတ်လိုက်သည်။ လက်ဆောင်ဗူးက လှပစွာ ပြင်ဆင်ထားခဲ့သည်။

သူမက အဖေလန်ဆီကို လက်နှစ်ဖက်နဲ့ ကမ်းပေးလိုက်သည်။ အဖေလန်က သူမဆီက လျင်မြန်စွာ ယူလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။

“မင်းပေးဖို့ မလိုပါဘူး” ဒါက ဘာဖန်စီမှ ဖြစ်နေဖို့ မလိုအပ်ပေမဲ့ သူတို့အတွက် တခုခု ဝယ်သွားပေးတိုင်း ခြားနားမှုကို ဖန်တီးပေးသည်။ အထူးသဖြင့် သူတို့လို အဆင့်အတန်းရှိသူတွေ အတွက်ပေါ့။

ဒါက လက်ဆောင်တွေ ပြင်ဆင်ဖို့အတွက် အမြဲတမ်း လိုအပ်သည်။ နောက်ပြီး ဒါက အများကြီး ဖန်စီဆန်နေဖို့ မလိုအပ်ပေ။ အဆုံးတွင် အရင်တုန်းက သူမက လန်အိမ်တော်နဲ့ မရင်းနှီးခဲ့သလို ဘယ်တုန်းကမှလည်း ပုံမှန်ဆက်သွယ်ဖူးခြင်း မရှိခဲ့ပေ။

သူမနဲ့အတူ တန်ဖိုးကြီးတဲ့ တခုခုကို ဝယ်သွားပေးတာက သူမတွင် တခြားအစီစဉ်က တကယ်ပေါ်လာခဲ့လို့ ဖြစ်သည်။ လန်ဂျင်းဇီ ကလက်ဆောင်ဗူးကို အချိန်အနည်းငယ် စိုက်ကြည့်နေခဲ့သည်။

ရုတ်တရက် ယွဲ့လန် အိမ်တော်မှာတုန်းက ဇောင်ယုဟွမ် ကသူနဲ့ သူတို့အဖိုးကို လက်ဆောင်တစ်ခုချင်းစီ ပေးတဲ့အချိန်က သူတို့အတူတူ ညစာပထမဆုံး စားခဲ့ကြတာဖြစ်ပြီး သူ့အဖိုးက ဘယ်လိုခံစားရလဲဆိုတာကို သူနားလည်သွားခဲ့သည်။

3.7.2020 (Fri)
…………………

<Zawgyi>

ဒါကညီမေလးရွိတဲ့ ခံစားခ်က္ျဖစ္မယ္

ေဇာင္ယုဟြမ္ က ခ်န္းမင္းရီ ဆီက ဖုန္းဝင္လာခ်ိန္တြင္ လန္ဂ်င္းဇီ ရဲ႕ဖုန္းကို ခ်လိုက္သည္။

“ငါ့သူငယ္ခ်င္းက မင္းကို လာေခၚလိမ့္မယ္။ ငါတို႔ ေလဆိပ္မွာ ဆုံၿပီး ဆစ္ဒနီကို တိုက္႐ိုက္သြားၾကမယ္”

ခ်န္းမင္းရီ ကတဖက္မွ ေျပာလိုက္သည္။ ေဇာင္ယုဟြမ္ ကထိုရည္႐ြယ္ခ်က္မွာ ရႈရန္ေဟြ႕ နဲ႔သူမ သမီးနဲ႔ မေတြ႕ဖို႔ဆိုတာကို သိခဲ့သည္။

“အိုေက” ေဇာင္ယုဟြမ္ ျပန္ေျဖလိုက္သည္။ ခ်က္ခ်င္းပင္ အခ်ိန္တခ်ိဳ႕ ဖယ္လိုက္ၿပီး သူမအိတ္ေတြကို ထုပ္ပိုးလိုက္သည္။

သူမနဲ႔အတူ အမ်ားႀကီး မသယ္သြားပဲ အိတ္တစ္လုံးသာ ထည့္သြားခဲ့သည္။ ဒါေၾကာင့္ လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔နဲ႔ အတူရွိမဲ့ ေန႔ေတြက လြဲသြားခဲ့သည္။

အနည္းဆုံးေတာ့ သူတို႔ အနားမွာရွိေနခ်ိန္တြင္ သူမအထုပ္ေတြကို ထည့္စရာမလိုေပ။ ေဇာင္ယုဟြမ္ ကဒီလိုမ်ိဳး မဆက္စပ္တဲ့ အေတြးေတြကို ဖယ္ထုတ္ပစ္လိုက္သည္။

ထုတ္ပိုးၿပီးခ်ိန္တြင္ ေအာက္ထပ္ကို ဦးတည္သြားလိုက္ၿပီး ကားထဲကို ဝင္လိုက္သည္။ ခ်န္းမင္းရီ ရဲ႕သူငယ္ခ်င္းက ေလဆိပ္အထိ ေမာင္းပို႔ခဲ့ၿပီး အနီးနားက ဟိုတယ္ကိုေတာင္ စစ္ေဆးဖို႔ ကူညီေပးခဲ့သည္။

“အခုထြက္သြားရမွာေတာင္ ေၾကာက္တယ္” အမ်ိဳးသားက အနည္းငယ္ ရွက္႐ြံ႕စြာနဲ႔ ေျပာလိုက္သည္။

“မဟုတ္ပါဘူး၊ အဆင္ေျပပါတယ္။ ဒါက အေတာ္ေလး အဆင္ေျပတယ္။ ေက်းဇူးတင္ပါတယ္” ေဇာင္ယုဟြမ္ ကသူ႔ကို ေခါင္းညိတ္ျပလိုက္ရင္း ေျပာလိုက္သည္။

သုံးလိုက္တာက ခ်န္းမင္းရီ ရဲ႕ခရစ္ဒစ္ကဒ္ ျဖစ္ႏိုင္ၿပီး တခ်ိဳ႕ဝန္ထမ္းေတြက မနက္ခင္းတြင္ လက္ဖက္ရည္ကို ပို႔ေပးခဲ့ၾကသည္။ ေဇာင္ယုဟြမ္ ကသတင္းေတြနဲ႔ WeChat ကို VIP ဆိုက္မွၾကည့္ခဲ့သည္။

ေဇာင္မွာ ျဖစ္ပ်က္ခဲ့တာေတြက သတင္းအေသးအမႊားေလး မဟုတ္ႏိုင္ေပ။ ရႈရန္ေဟြ႕ ကဒီအေၾကာင္းနဲ႔ ပတ္သက္ၿပီး လွ်ိဳ႕ဝွက္ခ်က္ကို ထုတ္ေျပာခဲ့တာ မျဖစ္ႏိုင္ေပ။ ရန္ဆန္း က WeChat တြင္ ေပ်ာ္႐ႊင္စြာ ေျပာခဲ့သည္။ ေဇာင္ယုဟြမ္ ကိုေတာင္ ေမးခဲ့သည္။

“မၾကာခင္မွာ မန္ဆန္း ကေဖ်ာ္ေျဖပြဲရွိတယ္။ မင္းသြားခ်င္လား? မင္းအတြက္ ေလယာဥ္လက္မွတ္နဲ႔ ဟိုတယ္ခကို ေပးေပးမယ္။ ငါဘြဲ႕ရလို႔ VIP ဝန္ေဆာင္မႈ ေပးမယ္!”

ထိုစာကို ဖတ္ၿပီးေနာက္တြင္ ေဇာင္ယုဟြမ္ ကၿပဳံးလိုက္ၿပီး သူမဖုန္းကို ပိတ္လိုက္သည္။ လန္ဂ်င္းဇီ ဘက္မွ လူမ်ားလြဲၿပီး သူမက အိမ္ျပန္ေနသည့္ လမ္းကို ေရာက္ေနတာကို တျခားသူေတြကို မေျပာႏိုင္ေပ။

ေဇာင္ယုဟြမ္ ကအခ်ိန္ေတြကို မျဖဳန္းတီးႏိုင္ေပ။ သူမက ေက်ာင္းက ပါဝါပြိဳင့္ ကိုဖတ္လိုက္ၿပီး ပညာေရးနဲ႔ ပတ္သက္သည့္ ေဆာင္းပါးေတြကို ဖတ္ၿပီးေနာက္ မၾကာခင္က စီးပြားေရး သတင္းေတြကို ၾကည့္လိုက္သည္။

အားလုံးကို ျပဳလုပ္ၿပီးခ်ိန္တြင္ ခ်န္းမင္းရီ ကေရာက္လာခဲ့သည္။ ေဇာင္ယုဟြမ္ ကသူမအိတ္ကို အတူယူမလာပဲ အရင္ဆုံး သူနဲ႔ေတြ႕ဖို႔ ေအာက္ထပ္ကို ဆင္းလိုက္သည္။

“ညစာစားၿပီးၿပီလား?” ခ်န္းမင္းရီ ေမးလိုက္သည္။ ေဇာင္ယုဟြမ္ ေခါင္းခါလိုက္သည္။

“ေကာင္းၿပီ၊ ငါတို႔ ႏိုင္ငံျခားမသြားရင္ အရင္ဆုံး ညစာစားရေအာင္။ ငါ redeye ေလယာဥ္မွာ ႀကိဳတင္မွာထားတယ္။ ငါတို႔ေလယာဥ္ေပၚမွာ အိပ္ၿပီး ေျမျပင္ကို ျပန္ေရာက္မွ ငါတို႔ ထမယ္”

ထိုစကားကို ေျပာလိုက္ၿပီး ခ်န္းမင္းရီ ကရပ္လိုက္ကာ ေဇာင္ယုဟြမ္ ကိုဂ႐ုတစိုက္ စစ္ေဆးလိုက္သည္။

“မင္း စိတ္မလႈပ္ရွားဘူးလား?” ေဇာင္ယုဟြမ္ ၿပဳံးလိုက္ၿပီး ေခါင္းခါလိုက္သည္။

“ဟင့္အင္း၊ ငါစိတ္မလႈပ္ရွားဘူး။ တခုခု သြားစားရေအာင္” ခ်န္းမင္းရီ ကစိတ္သက္သာစြာျဖင့္ သက္ျပင္းခ်လိုက္သည္။

“ဒါေကာင္းတယ္။ အရင္တုန္းက မစၥတာေဇာင္ ကမင္းကို သိပ္မေကာင္းဘူးလို႔ ငါၾကားခဲ့လို႔ သတင္းေတြကို ၾကားရင္ မင္းက ဝမ္းနည္းေနမွာကို စိုးရိမ္ေနခဲ့တာ”

ထိုစကားကို ၾကားလိုက္ၿပီး ေဇာင္ယုဟြမ္ ကမထိန္းခ်ဳပ္ႏိုင္ပဲ စကားေျပာင္းျပန္ကို သတိထားမိသြားသည္။ ေဇာင္ခ်ီ သာဒါကို ေနာင္တရမလားဆိုတာ သူမ သိခ်င္ခဲ့သည္။ သူက အၿမဲတမ္း ထိန္းခ်ဳပ္တဲ့သူ တစ္ေယာက္သာ ျဖစ္ခ်င္ခဲ့သည္။

အခုေကာ ခံစားေနဦးမလား? ခ်န္းမင္းရီ က ညစာစားရင္း ေဇာင္ယုဟြမ္ ကိုၾကည့္လိုက္သည္။

ေဇာင္ယုဟြမ္ ဗိုက္ျပည့္သြားၿပီးေနာက္ သူမရဲ႕ အိတ္ကို ေကာက္ယူလိုက္ၿပီး ေလဆိပ္ကို ဦးတည္သြားလိုက္သည္။

“ေက်းဇူးတင္ပါတယ္၊ မစၥတာခ်န္း”

“ရပါတယ္။ မင္းတခုခု ျဖစ္မွာကို မင္းအစ္ကို စိုးရိမ္ေနတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ငါလည္း ျပန္ဖို႔ လိုအပ္တာေၾကာင့္ အတူတူ ခရီးသြားတာက ပိုေကာင္းတယ္။ ဒီနည္းကပဲ ငါတို႔ ဘယ္အခြင့္အေရးကိုမွ မလြဲသြားေစေတာ့ဘူး” ခ်န္းမင္းရီ ကၿပဳံးလိုက္သည္။

ဒီအေၾကာင္းကို အေရးႀကီးကိစၥလို႔ သူ မေတြးထားေပ။ ခ်န္းမင္းရီ ကသူမနဲ႔အတူ လမ္းေၾကာင္းအကုန္လုံးရွိေနမယ္လို႔ ေျပာခဲ့သည္။

ေလယာဥ္က ဟိုက္ၿမိဳေတာ္ကို ေရာက္လာခ်ိန္တြင္ သူက ေဇာင္ယုဟြမ္ ကိုလန္အိမ္ေတာ္ကို ေခၚသြားၿပီးမွ ထြက္သြားခဲ့သည္။ အျပင္ရႈေထာင့္ကေန ခ်န္းမင္းရီ ကအိမ္ကို ျပန္လာခဲ့တာလို႔ ထင္ၾကၿပီး လန္ဂ်င္းဇီ ကိုအလည္လာတာကို ေတြးၾကလိမ့္မည္။

သူတို႔ႏွစ္ေယာက္က ရင္းႏွီးၾကတာကို လူတိုင္းသိၾကသည္။ ဒီအေၾကာင္းက ေဇာင္ယုဟြမ္ နဲ႔ပတ္သက္လာဆိုတာ ဘယ္သူမွ ေတြးမိၾကမွာ မဟုတ္ေပ။

လန္အိမ္ေတာ္က ေရွးက်သည့္ ဥယ်ာဥ္ပုံစံကို ေဆာက္ထားခဲ့သည္။ အဆင့္ျမင့္ လူေနအိမ္ အတြင္းတြင္ အေတာ္ေလးကို အထင္ႀကီးစရာျဖစ္သည္။ အျပင္ဘက္ တံခါးတြင္ ရပ္ေနၿပီး အိမ္ေဖာ္ေတြက သူမကို အံ့အားသင့္သည့္ အၾကည့္ကို ေပးၾကၿပီး သူမက ဘယ္သူဆိုတာကို မသိၾကေပ။

အရင္တုန္းက ေဇာင္ယုဟြမ္ ကလန္အိမ္ေတာ္ကို တစ္ခါမွ အလည္မလာဖူးေပ။ လန္ဂ်င္းဇီ ကအရင္တုန္းက သူမကို ဖိတ္ခဲ့ေပမဲ့ သူမက ႏိုင္ငံျခားကို သြားခဲ့တာေၾကာင့္ အလည္လာဖို႔ လြဲေခ်ာ္ခဲ့သည္။ ေဇာင္ယုဟြမ္ ကသူမအေရွ႕က အိမ္ကို တိတ္ဆိတ္စြာ စစ္ေဆးေနၿပီး အိမ္ေဖာ္ရဲ႕ အံ့အားသင့္သည့္ အသံကို ၾကားလိုက္ရသည္။

“သခင္ေလးလန္က ျပန္လာၿပီလား?” ေဇာင္ယုဟြမ္ လွည့္လိုက္ၿပီး အတြင္းေရးမႉးခ်န္း နဲ႔အတူ လန္ဂ်င္းဇီ ကကားထဲက ထြက္လာတာကို ေတြ႕လိုက္သည္။ သိသာစြာျဖင့္ လန္ဂ်င္းဇီ ကသူ႔အလုပ္ေတြကို ထားခဲ့ၿပီး ျမန္ျမန္ ျပန္လာခဲ့တာ ျဖစ္သည္။

“အစ္ကို” ေဇာင္ယုဟြမ္ လွည့္လိုက္ၿပီး သူ႔ကို ၿပဳံးျပလိုက္သည္။

လန္ဂ်င္းဇီ က႐ုတ္တရက္ သူ႔လမ္းတြင္ ရပ္သြားခဲ့သည္။ ခ်န္းမင္းရီ ကႏိုင္ငံျခားတြင္ ရွိေနခ်ိန္မွာ ေဇာင္ယုဟြမ္ ရဲ႕ဓာတ္ပုံေတြကို ပို႔ခဲ့ေသာ္လည္း ဓာတ္ပုံေတြက ဘယ္ေတာ့မွ အျပင္ပုံစံနဲ႔ မတူေပ။

သူမက အရပ္ပိုရွည္လာၿပီး သူမအသြင္အျပင္ကလည္း အ႐ြယ္ေရာက္လာခဲ့သည္။ သူမက ေႏြးေထြးတဲ့ လိေမၼာ္ေရာင္ ဝတ္စုံကို ဝတ္ထားၿပီး အေပၚက က်ပ္ၿပီး ေအာက္ပိုင္းက ကားသြားတဲ့ ပုံစံျဖစ္တာေၾကာင့္ ပန္းပြင့္ေနတာနဲ႔ တူေနသည္။

သူမက ပြင့္လန္းလာၿပီး လူတိုင္းရဲ႕ အၾကည့္ေတြကို တစ္ခ်က္နဲ႔ ဖမ္းစားႏိုင္ခဲ့သည္။ မေျပာင္းလဲတဲ့ အရာတစ္ခုကေတာ့ သူမ အၿပဳံးပင္ျဖစ္သည္။ သူမ ၿပဳံးလိုက္ခ်ိန္တြင္ သူမ မ်က္လုံးေတြက ၾကယ္ေတြ၊ ေတာက္ပမႈေတြ၊ ခ်ိဳၿမိန္မႈနဲ႔ ႏူးညံ့မႈေတြနဲ႔ ျပည့္ေနခဲ့သည္။

တျခားသူေတြအား သူမကို ေကာင္းမြန္စြာ ဆက္ဆံရန္ ျပဳလုပ္ႏိုင္သည္။ လန္ဂ်င္းဇီ ကသူမ ႏိုင္ငံျခားကို ထြက္သြားခ်ိန္တြင္ လြမ္းတာကို မခံစားရေပ။ ဒါေပမဲ့ အခုေတာ့ သူ႔အေရွ႕တြင္ သူမက ရပ္ေနခ်ိန္တြင္ ဒီခံစားခ်က္ အားလုံးက ႐ုတ္တရက္ သူ႔ရင္ဘတ္ထဲတြင္ ျပည့္ႏွက္လာခဲ့သည္။

လန္ဂ်င္းဇီ ကသူ႔ပါးစပ္ကို ဖြင့္လိုက္ၿပီး ေနာက္ဆုံးေတာ့ ခံစားခ်က္ အားလုံးကို ျပန္ရသြားခဲ့သည္။

“ဒီမွာ ေစာင့္ေနတာ ဘယ္ေလာက္ၾကာၿပီလဲ?” “အခုေလးတင္ ေရာက္တာ” ေဇာင္ယုဟြမ္ ၿပဳံးလိုက္သည္။

“ငါပို႔ေပးတဲ့ မွင္ကဘယ္လိုလဲ?”

“အဆင္ေျပပါတယ္”

“ေကာင္းတယ္” ေဇာင္ယုဟြမ္ ကသူ႔ေဘးကို ေလွ်ာက္သြားရင္း ေျပာလိုက္သည္။ သူမက သူ႔အနားကို နီးကပ္လာမႈကို သူ႔ကို ပိုၿပီးေတာ့ စိတ္သက္သာရာ ရသြားေစသည္။

သူမက သူနဲ႔အနီးနားမွာ ရွိေနတာက သူ႔ကို ေပ်ာ္႐ႊင္ေစတယ္လို႔ ခံစားလိုက္ရသည္။ ဒါက အရင္တုန္းက သူတစ္ခါမွ မခံစားဖူးတဲ့ အေတြ႕အႀကဳံျဖစ္သည္။ ဒီအခ်ိန္တြင္ သူ႔ညီမေလးက သူနဲ႔ ရင္းႏွီးေနတာက ဘယ္ေလာက္ ေကာင္းလဲဆိုတာကို သူနားလည္သြားသည္။

အိမ္ေဖာ္က လ်င္ျမန္စြာ ေလွ်ာက္လာၾကၿပီး တံခါးကို ဖြင့္ေပးလိုက္ကာ ေဇာင္ယုဟြမ္ ကိုသတိထားသည့္ အၾကည့္နဲ႔ ၾကည့္လိုက္ၿပီး ေဇာင္ယုဟြမ္ ကိုအေစာပိုင္းတုန္းက သူတို႔ စိတ္ဆိုးေအာင္ လုပ္မိသြားမွာကို စိုးရိမ္ေနခဲ့သည္။

ေဇာင္ယုဟြမ္ ကဒီအေၾကာင္းနဲ႔ ပတ္သက္ၿပီး စိတ္ထဲမရွိေပ။ သူမက လန္ဂ်င္းဇီ နဲ႔အတူ အထဲကို ေလွ်ာက္ေနခ်ိန္မွာ သူမေျခလွမ္းေတြကိုသာ အာ႐ုံစိုက္ေနခဲ့သည္။ အတြင္းေရးမႉးခ်န္း ကသူတို႔ ေနာက္မွ လိုက္လာခဲ့သည္။ လန္ဂ်င္းဇီ ေမးလိုက္သည္။

“ေက်ာင္းအသစ္က ဘယ္လိုလဲ?”

“မဆိုးပါဘူး။ တစ္ခါတစ္ေလ မရင္းႏွီးတဲ့ အတန္းေဖာ္ေတြနဲ႔ ေတြ႕ႀကဳံရတာက လြဲၿပီးေတာ့ေပါ့” ေဇာင္ယုဟြမ္ ကအနည္းငယ္ မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး ေျပာလိုက္သည္။

“ဘယ္လို႔ အတန္းေဖာ္ေတြလဲ?” လန္ဂ်င္းဇီ ကသူ႔ကေလးက ပထမဆုံး ေက်ာင္းတက္ရက္တြင္ သူမအတန္းေဖာ္ေတြနဲ႔ အဆင္ေျပလားဆိုတာ သိခ်င္ေနတဲ့ မိဘလိုမ်ိဳး အသံနဲ႔ ေမးလိုက္သည္။

“ဒါက ေက်ာင္းက ႀကီးေတာ့ ေက်ာင္းသားေတြလည္း စုံတာေပါ့” ေဇာင္ယုဟြမ္ ကဒီအတိုင္းပဲ ေျပာလိုက္သည္။

လန္ဂ်င္းဇီ ကထိုစကားကို ၾကားလိုက္ၿပီး မ်က္ေမွာင္ၾကဳတ္သြားခဲ့ေပမဲ့ ဘာမွမေျပာေပ။ သူက ထပ္ေမးလိုက္သည္။

“အစားအစာေတြကေကာ? အဲ့ေနရာက အစားေတြကို ႀကိဳက္ရဲ႕လား?”

“လန္ဒန္ တုန္းက အားလပ္ရက္ေတြမွာ တ႐ုတ္စားေသာက္ဆိုင္မွာ အၿမဲတမ္း သြားစားခဲ့ၾကတယ္။ လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ကလည္း တ႐ုတ္စာေတြ လုပ္ေပးၾကတယ္။ သူတို႔က သင္ယူတာ ျမန္ဆန္ၿပီး အခုဆို ေကာင္းေကာင္း ခ်က္ျပဳတ္တက္ေနၿပီ” ေဇာင္ယုဟြမ္ ေျပာလိုက္သည္။

လန္ဂ်င္းဇီ ေခါင္းညိတ္လိုက္သည္။ ထို႔ေနာက္ ဒီအေၾကာင္းကို အနည္းငယ္ စဥ္းစားလိုက္ၿပီး

သူ….. ဘယ္လို ခ်က္ရလဲဆိုတာကို မသိဘူး?

ဒီတစ္ခါေတာ့ ေဇာင္ယုဟြမ္ ေမးရမဲ့ အလွည့္ျဖစ္သည္။

“အစ္ကိုေကာ ဘယ္လိုလဲ? အလုပ္ကေကာ?”

“ပုံမွန္ပါပဲ”

“အခုအရမ္း အလုပ္မလုပ္နဲ႔ေတာ့။ ငါျပန္ေရာက္ရင္ အစ္ကိုနဲ႔ မၾကာမၾကာ လာေတြ႕မယ္” ေဇာင္ယုဟြမ္ ေျပာလိုက္သည္။

လန္ဂ်င္းဇီ အခ်ိန္ခနေလာက္ တိတ္ဆိတ္သြားသည္။ ဒီအေၾကာင္းကို အရင္တုန္းက တစ္ခါမွ မစဥ္းစားဖူးခဲ့ဘူး။ သူ႔ဘဝအဘိဓာန္မွာ “အနားယူတယ္” ဆိုတာ ဘယ္တုန္းကမွ မရွိဖူးတဲ့ စကားလုံးပဲ။

သူ႔အစီစဥ္ေတြက အၿမဲတမ္း အလုပ္ေတြနဲ႔ သက္ဆိုင္ေနခဲ့သည္။ ဒီအေၾကာင္းကို စဥ္းစားၾကည့္ရင္ ဒီအခ်ိန္မွာ ေဇာင္ယုဟြမ္ နဲ႔အနားယူတာက မေကာင္းတဲ့ အႀကံေတာ့ မဟုတ္ဘူးမလား?

လန္ဂ်င္းဇီ လွည့္လိုက္ၿပီး အတြင္းေရးမႉးခ်န္း ကိုတစ္ခ်က္ၾကည့္လိုက္သည္။ အတြင္းေရးမႉးခ်န္း ကအနည္းငယ္ အံ့ဩသြားေပမဲ့ ခ်က္ခ်င္း ေျပာလိုက္သည္။

“ဟုတ္ကဲ့၊ ကြၽန္ေတာ္ အခ်ိန္ဇယားေတြကို ျပန္စီစဥ္လိုက္ပါမယ္”

တခ်ိဳ႕လူေတြက တက္ႂကြၿပီး၊ တခ်ိဳ႕လူေတြကေတာ့ မလႈပ္မယွက္ေနၾကသည္။ ေနာက္ၿပီး လန္ဂ်င္းဇီ လိုမ်ိဳး မလႈပ္မယွက္ လူမ်ိဳးေတြက အလုပ္တြင္ ေတာ္ၾကသည္။ သူက တျခားအရာေတြထက္ တာဝန္ယူစိတ္ရွိၿပီး တျခားသူေတြထက္ ျပည့္စုံေအာင္ လုပ္ႏိုင္သည္။

ဒါကပဲ သူ႔ကို လ်င္ျမန္စြာ ေျပာင္းလဲသြားေစတာ ျဖစ္သည္။ ဒါေပမဲ့ အလုပ္အေၾကာင္းနဲ႔ သူ႔အလုပ္ေတြကို ေပါ့ေပါ့ေလ်ာ့ေလ်ာ့ လုပ္ဖို႔ဆုံးျဖတ္ရင္ ပိုေကာင္းလိမ့္မည္။ သူတို႔ စကားေျပာၾကရင္း ေက်ာက္တုံးလမ္းအတိုင္း ေလွ်ာက္သြားၾကကာ အဓိက ဧည့္ခန္းကို နီးကပ္လာခဲ့သည္။

ေဇာင္ယုဟြမ္ ေမာ့ၾကည့္လိုက္ခ်ိန္တြင္ သက္လတ္ပိုင္း အမ်ိဳးသား တစ္ေယာက္က မတ္တပ္ရပ္ေနတာကို ေတြ႕လိုက္ရသည္။ သက္လတ္ပိုင္း အမ်ိဳးသား ေဇာင္ရွန္း ပုံစံအဝတ္ကို ဝတ္ထားၿပီး ဆံပင္ေတြက ျဖဴေဖြးေပမဲ့ သူ႔ပုံစံက ႏူးညံ့ၾကင္နာတတ္ပုံ ေပၚသည္။

အရမ္းႀကီး အသက္မႀကီးေသးပဲ ၅၀ ဝန္းက်င္ေလာက္ ရွိၿပီး အနားယူရမဲ့ အသက္အ႐ြယ္ကို မေရာက္ေသးေပ။ သူက ထိုေနရာတြင္ တိတ္ဆိတ္စြာ ရပ္ေနခဲ့ၿပီး သူတို႔ စကားေျပာတာကို နားေထာင္ေနခဲ့သည္။ ေဇာင္ယုစြမ္ ကပိုနီးကပ္လာခ်ိန္တြင္ သက္လတ္ပိုင္း အမ်ိဳးသားက ေမးလိုက္သည္။

“ဒါက ဒုတိယမိန္းကေလးဒင္ရဲ႕ သမီးျဖစ္မယ္?” သူ႔အသံက ႏူးညံ့ၿပီး သိမ္ေမြ႕ေနသည္။ လန္ဂ်င္းဇီ ေခါင္းညိတ္ၿပီး ေျပာလိုက္သည္။

“အင္း”

ေဇာင္ယုဟြမ္ ကထိုလူကို ဘယ္လိုေခၚရမွန္း မသိေပ။ သူက လန္ဂ်င္းဇီ ရဲ႕အေဖ ျဖစ္မယ္လို႔ ထင္ေပမဲ့ သူ႔ကို ဦးေလးလို႔ မေခၚသင့္ေပ? သူတို႔က ကြာရွင္းထားတာက အခ်ိန္အေတာ္ၾကာေနခဲ့သည္။

“အရင္ဆုံးဝင္ဦး” အေဖလန္က ေျပာလိုက္ရင္း လွည့္လိုက္ကာ ဧည့္ခန္းထဲကို ေလွ်ာက္လာခဲ့သည္။

ေဇာင္ယုဟြမ္ က လန္ဂ်င္းဇီ ရဲ႕အက်ႌကို ဆြဲလိုက္ၿပီး “သူ႔ကို ဘယ္လိုေခၚရမလဲ?” လန္ဂ်င္းဇီ ကၾကက္သြန္လိုမ်ိဳး ျဖဴေဖြးေနသည့္ သူမလက္ေတြကို ငုံ႔ၾကည့္လိုက္ၿပီး ေျပာလိုက္သည္။

“သင့္ေတာ္သလိုေခၚ”

“ဦးေလး?”

“အင္း” လန္ဂ်င္းဇီ ကဒီအေၾကာင္းကို ေတြးလိုက္ၿပီး သူမက သူ႔ညီမေလးနဲ႔ တူတယ္လို႔ ထင္လိုက္သည္။

သူမက သူ႔ကို လွပသည့္ အၿပံးကို ေပးၿပီး သူ႔အက်ႌကို ႏူးညံ့စြာနဲ႔ ကိုင္ထားခဲ့သည္။ သူတို႔ ဧည့္ခန္းကို ဝင္သြားၿပီးေနာက္တြင္ ေဇာင္ယုဟြမ္ ကခ်က္ခ်င္း ၿပဳံးလိုက္ၿပီး အေဖလန္ကို ထပ္ၿပီး ႏႈတ္ဆက္လိုက္သည္။

အေဖလန္က ဦးေလး ဆိုသည့္ စကားကို ၾကားလိုက္ခ်ိန္တြင္ သူ႔ပုံစံက ထူးျခားသြားေပမဲ့ ေနာက္ဆုံးတြင္ ဘာမွမေျပာေပ။ အရင္ဆုံး ေဇာင္ယုဟြမ္ ကိုထိုင္ခိုင္းလိုက္ၿပီး အိမ္ေဖာ္ကို လက္ဖက္ရည္ ယူလာခိုင္းလိုက္သည္။

“အခုေတာ့ အိမ္ေတာ္မွာ အမ်ားႀကီး မရွိပါဘူး။ ညစာ အတူစားဖို႔ ငါတို႔သုံးေယာက္ပဲ ရွိတယ္” အေဖလန္က ေျပာလိုက္သည္။ ေဇာင္ယုဟြမ္ နာခံစြာျဖင့္ ေခါင္းညိတ္လိုက္သည္။

“အိမ္ကို ဘယ္အခ်ိန္ျပန္ဖို႔ စီစဥ္ထားလဲ?” အေဖလန္ ကေမးလိုက္သည္။ လန္ဂ်င္းဇီ ကသူမအတြက္ ေျဖေပးၿပီး ေျပာလိုက္သည္။

“အခ်ိန္အနည္းငယ္ေလာက္မွ ျဖစ္ႏိုင္မယ္။ ေဇာင္အိမ္ေတာ္မွာ ျဖစ္ပ်က္ေနတာနဲ႔ မစၥရႈ ကအခုေတာ့ ျပန္မေရာက္ေသးဘူး”

ထိုစကားကို ၾကားလိုက္ၿပီး အေဖလန္ ကခ်က္ခ်င္းပဲ မ်က္ေမွာင္ၾကဳတ္သြားေပမဲ့ ေဇာင္ခ်ီ ကဘယ္လို လူမ်ိဳးလဲဆိုတာကို မေျပာေပ။ သူက သူတို႔ေနာက္ကြယ္တြင္ အတင္းအဖ်င္းေတြ ေျပာဆိုတတ္တဲ့ လူမ်ိဳးမဟုတ္တာ ျဖစ္ႏိုင္သည္။

အိမ္ေဖာ္က ေဇာင္ယုဟြမ္ ရဲ႕အိတ္ကို ဧည့္သည့္ အိပ္ခန္းကို သယ္လိုက္ခ်ိန္တြင္ ေဇာင္ယုဟြမ္ ေျပာလိုက္သည္။

“အို၊ ဟုတ္သား၊ ဦးေလးအတြက္ လက္ေဆာင္ ဝယ္လာခဲ့တယ္”

ေဇာင္ယုဟြမ္ ကမတ္တပ္ရပ္လိုက္ၿပီး ေလွ်ာက္သြားကာ ငုံ႔လိုက္ၿပီး အိတ္ႀကီးထဲက လက္ေဆာင္ဗူးကို ထုတ္လိုက္သည္။ လက္ေဆာင္ဗူးက လွပစြာ ျပင္ဆင္ထားခဲ့သည္။

သူမက အေဖလန္ဆီကို လက္ႏွစ္ဖက္နဲ႔ ကမ္းေပးလိုက္သည္။ အေဖလန္က သူမဆီက လ်င္ျမန္စြာ ယူလိုက္ၿပီး ၿပဳံးကာ ေျပာလိုက္သည္။

“မင္းေပးဖို႔ မလိုပါဘူး” ဒါက ဘာဖန္စီမွ ျဖစ္ေနဖို႔ မလိုအပ္ေပမဲ့ သူတို႔အတြက္ တခုခု ဝယ္သြားေပးတိုင္း ျခားနားမႈကို ဖန္တီးေပးသည္။ အထူးသျဖင့္ သူတို႔လို အဆင့္အတန္းရွိသူေတြ အတြက္ေပါ့။

ဒါက လက္ေဆာင္ေတြ ျပင္ဆင္ဖို႔အတြက္ အၿမဲတမ္း လိုအပ္သည္။ ေနာက္ၿပီး ဒါက အမ်ားႀကီး ဖန္စီဆန္ေနဖို႔ မလိုအပ္ေပ။ အဆုံးတြင္ အရင္တုန္းက သူမက လန္အိမ္ေတာ္နဲ႔ မရင္းႏွီးခဲ့သလို ဘယ္တုန္းကမွလည္း ပုံမွန္ဆက္သြယ္ဖူးျခင္း မရွိခဲ့ေပ။

သူမနဲ႔အတူ တန္ဖိုးႀကီးတဲ့ တခုခုကို ဝယ္သြားေပးတာက သူမတြင္ တျခားအစီစဥ္က တကယ္ေပၚလာခဲ့လို႔ ျဖစ္သည္။ လန္ဂ်င္းဇီ ကလက္ေဆာင္ဗူးကို အခ်ိန္အနည္းငယ္ စိုက္ၾကည့္ေနခဲ့သည္။

႐ုတ္တရက္ ယြဲ႕လန္ အိမ္ေတာ္မွာတုန္းက ေဇာင္ယုဟြမ္ ကသူနဲ႔ သူတို႔အဖိုးကို လက္ေဆာင္တစ္ခုခ်င္းစီ ေပးတဲ့အခ်ိန္က သူတို႔အတူတူ ညစာပထမဆုံး စားခဲ့ၾကတာျဖစ္ၿပီး သူ႔အဖိုးက ဘယ္လိုခံစားရလဲဆိုတာကို သူနားလည္သြားခဲ့သည္။

3.7.2020 (Fri)
…………………

[text_hash] => 4d649ff7
)

//qc
//QC2