ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] – 35❇ ရှုရန်ဟွေ့ ရဲ့အပြုအမူကို စောင့်ဆိုင်းခြင်း
// qc

ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] - 35❇ ရှုရန်ဟွေ့ ရဲ့အပြုအမူကို စောင့်ဆိုင်းခြင်း

Array
(
[text] =>

<Unicode>

ရှုရန်ဟွေ့ ရဲ့အပြုအမူကို စောင့်ဆိုင်းခြင်း

ခရစ်စမတ် ပြီးနောက် ကျောင်းက မကြာခင်မှာပဲ ပြန်ဖွင့်ခဲ့သည်။ နိုင်ငံခြားတွင် ကျောင်းတစ်တန်းကို စာသင်နှစ်ကို သုံးပိုင်းပိုင်းထားသည်။ သူတို့ တစ်ခုချင်းစီကြားတွင် အချိန်အများကြီး မရှိပေမဲ့ စာသင်နှစ် အခုစီတိုင်တွင် အားလပ်ရက် ပိုများသည်။ ဒါ့ကြောင့် အရမ်းမပင်ပန်းပေ။

ဇောင်ယုဟွမ် နဲ့တခြား လူနှစ်ယောက်က အားလပ်ရက် တစ်ချိန်လုံးကို သူတို့အိမ်မှာပဲ ပျင်းရီစွာ ကုန်ဆုံးခဲ့ကြသည်။ သူတို့က မစား၊ မသောက်ချိန်တွင် သူတို့က အိပ်နေတာ၊ ဗီဒီယိုဂိမ်းတွေ ကစားပြီး အနားယူတာတို့ ပြုလုပ်ခဲ့ကြသည်။

အားလပ်ရက် ကုန်ဆုံးသွားချိန်တွင် လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့က ဇောင်ယုဟွမ် ကိုအရင်ဆုံး ကျောင်းကို ပြန်ပို့ပေးခဲ့ပြီး သူမက ဘော်ဒါကို လုံခြုံစွာရောက်တာ သေချာတော့မှ သူတို့လမ်းကို ဦးတည်သွားခဲ့ကြသည်။

အားလပ်ရက်တွေ ပြီးသွားပြီးနောက် ဇောင်ယုဟွမ် ကသူမဘာသာ လျင်မြန်စွာဖြင့် ကျောင်းထဲကို အာရုံပြန်ထားနိုင်ခဲ့သည်။ လူတိုင်းရဲ့ နေ့စဉ်ဘဝတွေက စာသင်နှစ် အသစ်က စတင်လာမှုနဲ့အတူ ပိုပြီး အလုပ်များလာကြသည်။

လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့က သူတို့အပိုင်းတွင် အတော်လေး အောင်မြင်နေခဲ့ကြသည်။ အခုတော့ ကျောင်းတစ်ခုလုံးက ဇောင်ယုဟွမ် တွင်အရမ်းကို ဆိုးသွမ်းပြီး လူ-တစ်-ယောက်-ကို-တောင်- တစ်-ချက်-တည်း-နဲ့- သတ်-ပစ်-နိုင်-တဲ့- အစ်ကိုတွေရှိတာကို သိသွားခဲ့ကြသည်။

ဇောင်ယုဟွမ် ကသူ့အစ်ကိုအတွက် မှင်ကို မမေ့ပေ။ သူမက ပြန်ရောက်ချိန်တွင် အဆင်သင့် လုပ်လိုက်ပြီး ချန်းမင်းရီ ဆီကို ပို့လိုက်သည်။ ဇောင်အိမ်တော်ရဲ့ အကြောင်းတွေက တခါတလေ ရောက်လာခဲ့ပေမဲ့ ဇောင်ယုဟွမ် ကတော့ ဒီအကြောင်းကို အာရုံမစိုက်ပဲ ဂရုမစိုက်ပေ။

အရာအားလုံးက သူမ စီစဉ်ထားသလိုမျိုး ဖြစ်ပျက်လာတာကြောင့် ဒီအကြောင်းကို စိုးရိမ်နေဖို့ အချိန်အများကြီး မဖြုန်းတီးနိုင်ပေ။

လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့က အင်္ဂလန်တွင် သူတို့ရဲ့ ယာဉ်မောင်းလိုင်စင်ကို ရချိန်တွင် ဇောင်ယုဟွမ် ကသူမရဲ့ အထက်တန်း ကျောင်းကို စောစောပြီးခဲ့ပြီး တက္ကသိုလ်တွေမှ ကမ်းလှမ်းစာတွေကို ရခဲ့သည်။

ဇောင်ယုဟွမ် ကသူမဘဝတွင် ဘာလိုချင်လဲဆိုတာကို ကောင်းကောင်းသိတာကြောင့် သူမအရှေ့တွင် စီစဉ်ထားသည့်အတိုင်း သူမ မလေ့လာနိုင်ပေ။ ထိုအစား အချိန်တိုအတွင်း ပြီးနိုင်သည့် အရာကိုသာ သင်ယူခဲ့သည်။

သူမအရင်ဘဝတုန်းက ဇောင်ယုဟွမ် ရဲပညာရေး အောင်မြင်မှုက ပျမ်းမျှထက် အနည်းငယ် မြင့်ခဲ့သည်။ ဒီတစ်ကြိမ်တွင် သူမအတွေ့အကြုံတွေနဲ့ ထူးချွန်သည့် အပိုင်းကို ပြန်မလှည့်ခဲ့ပေ။ သူမက စီးပွားစီမံကို တက်ဖို့ ရည်ရွယ်ထားခဲ့သည်။

သူမ အရင်တုန်းက ရန်ဆန်း နဲ့ပြောခဲ့သလိုမျိုး ဇောင်အိမ်တော်ရဲ့ လုပ်ငန်းတွေကို ယူပြီးသည်နှင့် ဘာမှနားမလည်ပဲ သူမ မန်နေဂျာက သူမကို အရူးလုပ်မှာကို မခံချင်ပေ။

သို့သော် ကမ္ဘာတွင် ဒီအပိုင်းကို အထူးပြုသည့် အရေးပါသည့် တက္ကသိုလ်တွေက လက်တစ်ဆုပ်စာသာ ရှိသည်။ ဇောင်ယုဟွမ် ခြေတစ်လှမ်းဆုတ်ပြီး ဆစ်ဒနီတက္ကသိုလ်က ကမ်းလှမ်းမှုကို လက်ခံခဲ့သည်။

ဆစ်ဒနီက တောင်ပိုင်းခြမ်းတွင် စီးပွားရေးနဲ့ ကုန်သွယ်ရေး အချက်အချာ နေရာတစ်ခုဖြစ်သည်။ ဇောင်ယုဟွမ် ကဒါနဲ့ ပတ်သက်ပြီး အတော်လေး ကျေနပ်နေခဲ့သည်။

အဆုံးတွင် အနာဂတ်မှာ သူမလုပ်ချင်တာကို လုပ်ပြီး သူမတစ်ဘဝလုံးကို အလုပ်ထဲမှာပဲ ကုန်ဆုံးစရာ မလိုတော့ပေ။ ငွေများများ ရဖို့အတွက် အဆက်မပြတ် ကြိုးစားခြင်းက အရမ်းကို ပင်ပန်းစေသည်။

ဒီတက္ကသိုလ်ကို ရွေးချယ်ခြင်းနဲ့ ပတ်သက်ပြီး အကြီးမားဆုံး ပြဿနာက ဇောင်ယုဟွမ် သည်နေရာသစ်ကို ပြောင်းရွှေ့ဖို့ လိုအပ်လာခဲ့သည်။ နောက်ပြီး လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ကလည်း ထိုအချိန်တွင် ချည်နှောင်ထားခြင်းခံရပြီး သူမနဲ့အတူ ထွက်မသွားနိုင်ကြပေ။

ဘွဲ့ရပြီး ရက်အနည်းငယ် အတွင်းတွင် လန်ဒန်၊ ဂျိုးဆက် နဲ့ မာရီယာ စသည့်လူများက ဇောင်ယုဟွမ် ကိုပါတီတွင် ဝင်ရောက်ရန် ဆွဲသွင်းခဲ့ကြသည်။ ပြီးသွားချိန်တွင် ချန်းမင်းရီ ကသူမကို လာခေါ်ခဲ့သည်။

ဇောင်ယုဟွမ် ကသတင်းလေး အနည်းငယ်ကိုတောင် ချိုလီ နဲ့မဝေမျှခဲ့ပေ။ စကားလုံးတွေက လျင်မြန်စွာ ရောက်သွားပြီး ရှုရန်ဟွေ့ ကိုသတိမပေးမိစေချင်ပေ။ ဇောင်ယုဟွမ် ကနိုင်ငံခြားမှာ ရှိနေတာကြောင့် သူမတွင် အမြစ်တွယ်နေမဲ့ အကြံအစည်တွေ ရှိနေမှာကို လိုအပ်သည်။

ရှုရန်ဟွေ့ ကသူမနဲ့ အမွေကိစ္စနဲ့ပတ်သက်ပြီး တိုက်ခိုက်ဖို့ တွေးမှာမဟုတ်ပေ။ အဆုံးတွင် နောက်မိန်းမအများစုရဲ့ စိတ်ထဲတွင် မိန်းကလေးတွေက မိသားစု စီးပွားရေးကို မယူနိုင်ပဲ ယောကျာ်လေးတွေကသာ လုပ်နိုင်တယ်လို့ တွေးကြသည်။

ဒါ့ကြောင့် ယောကျာ်လေးတွေကို ပိုကြိုးစားဖို့အတွက် တိုက်တွန်းလိမ့်မည်။ လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့နှစ်ယောက်လုံးက ကျောင်းအပြင်ဘက်တွင် သူမကို စောင့်နေခဲ့ကြသည်။

လီဂျင်းယွမ် ကသူ့ပွဲတော်တွင် တက်ရောက်သည့် ဝတ်စုံကို ဝတ်ထားဆဲဖြစ်သည်။ သူ့ပုံစံက လူကြီးလူကောင်းဆန်ကာ မင်းသားလေးလို ပိုပိုပြီး တူလာခဲ့သည်။ တဖက်တွင် ဟုန်ချန်းမင်း ကအညိုရောင် လေကာအင်္ကျီကို ဝတ်ထားသည်။

သူ့ပုံစံက ပထမဆုံး အကြည့်နဲ့တင် စူးရှပြီး ရက်စက်သလို ထင်ရပေမဲ့ ဒုတိယအကြိမ် ကြည့်လိုက်ရင် အတော်လေး နူးညံ့နေသည်။ ချန်းမင်းရီ ကကားတံခါးတွင် မှီနေခဲ့သည်။ ဇောင်ယုဟွမ် အပြင်ကို လျှောက်လာတာကို တွေ့လိုက်ချိန်တွင် သူမဆီကို ချက်ချင်း လျှောက်သွားပြီး ပြောလိုက်သည်။

“ဒီအချိန်မှာ မင်းက အရမ်းကို အဝေးကြီးကို သွားတာပဲ။ မင်းကို ဘယ်သူက ဂရုစိုက်ပေးမှာလဲ?”

ဇောင်ယုဟွမ် ရဲ့ခန္ဓာကိုယ်က ရှည်လျားလာပြီး သေးသွယ်နေသည်။ သူမအပြုံးကတော့ ကလေးဆန်မှုတွေ ရှိနေသေးသည်။

“ငါ့ဘာသာ ဂရုစိုက်နိုင်နေပါပြီ” သူမက အထက်တန်းကျောင်း ဒုတိယနှစ်တွင် အိမ်ကို ပြန်ခဲ့ပြီး နိုင်ငံခြားတွင် နှစ်များစွာ နေခဲ့သည်။ အခုတော့ သူမက ၁၆၃ စင်တီမီတာရှိနေပြီး အသက် ၁၇ နှစ်ဖြစ်နေပြီ။

လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ကို စောင့်နေဖို့ အချိန်တချို့ကို မဖြုန်းတီးခဲ့ပါ သူမ ဖွံ့ဖြိုးနှုန်းက ပိုတောင် မြန်ဆန်လိမ့်မည်။ ဒါက အိမ်ပြန်ချိန်၊ နိုင်ငံခြားသွားချိန်တိုင်း လိုအပ်တဲ့ အတန်းတွေအားလုံး ပြီးမြောက်ခဲ့ပြီး နောက်ခံနဲ့ အဆင့်အတန်း လုံလုံလောက်လောက်ရှိပါက အတန်းအနည်းငယ်ကို ကျော်ပြီး ပြဿနာမရှိပဲ ကျောင်းကို တက်နိုင်လိမ့်မည်။

ဇောင်အိမ်တော်နဲ့ ဒင်အိမ်တော်ရဲ့ နောက်ခံနဲ့အတူ သူမက ကောလိပ်ကို စောစောပြီးနိုင်သည်။ နောက်ခံတစ်ခု၊ အရင်းအမြစ်တွေက သူတို့ကို ကြီးမားသည့် ကွာခြားချက်တွေကို ရရှိနိုင်သည်။

တခြားသူတွေကလည်း စီးပွားစီမံကို တက်ကြပြီး လေးနှစ်တာ တာဝန်ထမ်းဆောင်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ဒါက ကျွမ်းကျင်သည့် မန်နေဂျာ ဖြစ်လာဖို့၊ ပိုပြီးကောင်းမွန်တဲ့ ကုမ္ပဏီအထက်ပိုင်းတွင် စီမံခန့်ခွဲဖို့သာ ရွေးချယ်ကြခြင်း ဖြစ်သည်။

အရာအားလုံးက သူတို့ရဲ့ လှမ်းလိုက်တဲ့ ခြေလှမ်းတိုင်းပေါ်မှာ မူတည်နေပြီး သူတို့အတွေ့အကြုံတွေကို တည်ဆောက်ဖို့ ကိုယ့်ဘာသာ အားကိုးရလိမ့်မည်။

ထို့နောက် ဇောင်ယုဟွမ် လိုကလေးဘဝကတည်းက ဒီလိုမျိုး ကမ္ဘာထဲကို ဝင်ရောက်ခဲ့ကြသည့် သူတွေလည်း ရှိသည်။ သူတို့တွင် ကျယ်ပြန့်သည့် အတွေ့အကြုံတွေကို ရနိုင်ဖို့ ကုမ္ပဏီများစွာရှိသည်။

သူတို့ဝန်းကျင်က လူတိုင်းနဲ့ အရာအားလုံးက ဒီစက်ဝိုင်းထဲမှာပဲ လည်ပတ်နေပြီး ဆက်သွယ်မှုနဲ့ အရင်းအမြစ်တွေကလည်း သူတို့ နစ်မြှုပ်နေသည့် နေရာကနေသာ ရရှိနိုင်သည်။

ဆိုလိုတာက ဇောင်ယုဟွမ် ကသူမအစီစဉ်ကို အချိန်တိုအတွင်း ပြီးအောင် လုပ်နိုင်သည်။ ရန်ဆန်း၊ ဟန်ရင်ရင် ဒါမှမဟုတ် ဂျိုးဆက်၊ မာရီယာ၊ ချန်းမင်းရီ… လိုမျိုး သူတွေအားလုံးက ဇောင်ယုဟွမ် ရဲ့အဆက်အသွယ်နဲ့ အရင်းအမြစ်တွေ ဖြစ်လာလိမ့်မည်။

အခြေခံတစ်ခုကို ဒီလိုမျိုး တဖြည်းဖြည်း တည်ဆောက်ရသည်။ ဇောင်ယုဟွမ် အိမ်ကို ပြန်ချိန်ရောက်ရင် ရှုရန်ဟွေ့ ကသူမရဲ့ လမ်းကြောင်းတွေကို တားဆီးနိုင်မှာ မဟုတ်တော့ဘူး။

ရှင်းရှင်း ပြောရရင် ဇောင်အိမ်တော်က အခုချိန် ဒေဝါလီခံရရင်တောင် ဇောင်ယုဟွမ် ကအများကြီး ပိုကောင်းလိမ့်မည်။ ဒီအချိန်တွေ ပြီးသွားပြီးနောက် ဒီကမ္ဘာက ပုံမှန် CEO နိုဗယ်တွေမှာ တည်ရှိနေတာထက် တကယ့်ကမ္ဘာအစစ်နဲ့ ပိုတူကြောင့် ဇောင်ယုဟွမ် သတိထားမိခဲ့သည်။

မူလနိုဗယ်တွင် အသေးစိတ်တွေကို ချန်ထားခဲ့ပြီး တကယ့်ကမ္ဘာအစစ်က ဘယ်လိုလည်ပတ်လဲဆိုတာပဲ ဖြည့်ဆည်းထားခဲ့သည်။ ရှုရန်ဟွေ့ ကအဓိကဇာတ်ကောင်ရဲ့ အရှိန်အဝါ မပါပဲ သူမကို ဆန့်ကျင်နိုင်ဖို့ အခွင့်အရေးတောင် မရှိပေ။

ထိုအကြောင်းကို စဉ်းစားရင်း ဇောင်ယုဟွမ် ရဲ့အပြုံးက ပိုပြီးတောက်ပလာခဲ့သည်။ သူမ ပြောလိုက်သည်။

“မစိုးရိမ်ပါနဲ့၊ မစ္စတာချန်း။ ဒီအသက်အရွယ်မှာ ကိုယ့်ဘာသာ ဂရုမစိုက်နိုင်ရင် ငါ့ကိုယ်ပိုင်ဘဝမှာ ဘယ်လိုလုပ် အသက်ရှင် ရပ်တည်နိုင်မှာလဲ?” ချန်းမင်းရီ ကကားတံခါးကို ပုတ်လိုက်ပြီး ပြောလိုက်သည်။

“ကားထဲဝင်။ ငါမင်းနဲ့အတူ သွားပြီး နေရာကျအောင် ကူညီပေးမယ်။ အတူတူ စားသောက်ပြီးမှ ငါပြန်မယ်”

“ဒါက မစ္စတာချန်း အတွက် အရမ်းကို ဒုက္ခများတယ်”

“ဒုက္ခမများပါဘူး” ချန်းမင်းရီ ပြောလိုက်သည်။

“မင်းကို အဲ့နေရာကို မခေါ်သွားပဲ အခြေမချပေးရင်း မင်းအစ်ကိုက ငါ့ကို သတ်လိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ဒါက သဘာဝကျပါတယ်။ C’mon c’mon၊ ကားပေါ်တက်၊ အိုကေ? ငါ့မှာ အားလပ်ချိန် နည်းနည်းရှိတယ်၊ ဒါက ပြဿနာမဖြစ်ဘူး”

ဟုန်ချန်းမင်း ကအရင်ဆုံး ကားတံခါးကို ဖွင့်လိုက်ပြီး အထဲကို ဝင်လိုက်ကာ သူ့လက်ကို ထုတ်လိုက်ပြီး ဇောင်ယုဟွမ် ကိုဆွဲလိုက်သည်။ ဇောင်ယုဟွမ် ကသူ့လက်ကို ကိုင်လိုက်ပြီး နာခံစွာဖြင့် ကားထဲကို ဝင်လိုက်သည်။

သူမနောက်တွင် လီဂျင်းယွမ် ပါလိုက်ပါခဲ့သည်။ ချန်းမင်းရီ ကလက်မှတ်တွေကို ဝယ်ယူခဲ့သည်။ သူက ကလေးထိန်းရင်း သူတို့ကို ဆစ်ဒနီသို့ ခေါ်သွားခဲ့သည်။

ဟိုတယ်က ကြိုတင်စီစဉ်ထားပြီး ဖြစ်သည်။ သူတို့က လေယာဉ်ပေါ်ကနေ ဆင်းတာနဲ့ အနားယူဖို့အတွက် ဟိုတယ်ကို ချက်ချင်း သွားခဲ့ကြသည်။ တစ်ည အနားယူပြီးနောက် သူတို့အားလုံး နေ့လည်စာ ထွက်စားခဲ့ကြသည်။

“ဆစ်ဒနီမှာ ငါ့သူငယ်ချင်းနည်းနည်း ရှိတယ်” ချန်းမင်းရီ ကစားသောက်ချိန်တွင် သူ့အဆက်အသွယ်ကို စဉ်းစားလိုက်ပြီး ပြောလိုက်သည်။

“သူတို့ကို ဖုန်းခေါ်ပေးမယ်” ဇောင်ယုဟွမ် ကပြုံးလိုက်ပြီး ပြောလိုက်သည်။

“ဒီအကြောင်းနဲ့ ပတ်သက်ပြီး စိုးရိမ်ဖို့ မလိုပါဘူး။ တရုတ်က ရန်ဆန်း လို့ခေါ်တဲ့ သူငယ်ချင်း တစ်ယောက်ရှိတယ်။ သူ့အစ်မက ဆစ်ဒနီမှာ စာလေ့လာနေတယ်”

“သူမက ကျောင်းတက်နေတုန်းလား? ဒါဆို သူမက ကလေးပဲ ရှိဦးမှာပေါ့။ ဒါက မတူဘူး။ ကလေး တစ်ယောက်က ဘာလုပ်နိုင်မှာလဲ?” သူက ပြောလိုက်ရင်း ချန်းမင်းရီ ကဖုန်းနံပါတ် တစ်ခုကို နှိပ်လိုက်ပြီး ခေါ်လိုက်သည်။

“ခနလေးစောင့်” အချိန်အတော်များများကို အတူတူ ကုန်ဆုံးခဲ့ပြီး သူတို့ကြားတွင် ခံစားချက် အစစ်အမှန်တွေ ဖြစ်လာကြသည်။ ချန်းမင်းရီ က ဇောင်ယုဟွမ် အချိန်ခနတာ စောင့်ရှောက်ပေးခဲ့သည်။ သူက သူမကို တကယ်ပဲ ဂရုစိုက်ခဲ့သည်။

တစ်ချက်ပဲ ကြည့်တာပဲဖြစ်ဖြစ် သူမကို ကောင်းမွန်တဲ့ သူတွေလက်ထဲမှာ ရှိနေတာ သေချာအောင် လုပ်ခဲ့သည်။ ဇောင်ယုဟွမ် နှုတ်ခမ်းက လှုပ်ရှားသွားပေမဲ့ ဘာမှမပြောပေ။ ဒီစက်ဝိုင်းထဲတွင် အဆက်အသွယ်တွေက ဆက်ဆံရေးနဲ့ အရှိန်တိုးတက်ခဲ့သည်။

ထို့နောက် တစ်ယောက်နဲ့ တစ်ယောက် အတူတူ နေ့လည်စာ ထွက်စားတာတွေ၊ ဂေါက်အတူတူ ရိုက်တာတွေ၊ မျက်နှာသာပေးတာကလည်း ကြီးမားသည့် အခန်းကဏ္ဍမှ ပါဝင်သည်။

ဆက်ဆံရေးက မျက်နှာသာပေးမှုကို တည်ဆောက်ပြီး ပိုပြီး သန်မာလာစေကာ ထာဝရတည်တံ့စေသည်။ ဒီအကြောင်းကို နားလည်လိုက်ရင်း ဇောင်ယုဟွမ် ကဘာမှမပြောဖို့ ဆုံးဖြတ်လိုက်သည်။ ချန်းမင်းရီ ကဖုန်းခေါ်ပြီး အရာအားလုံးကို စီစဉ်ပေးပြီးမှသာ စိတ်သက်သာရာ ရသွားခဲ့သည်။

“မင်းကောလိပ်က ဘွဲ့ရပြီးသွားရင် ငါ့ကို ကျေးဇူးတင်သင့်တယ်” ချန်းမင်းရီ ကအပြုံးတစ်ခုနဲ့ ပြောလိုက်သည်။

“နှစ်အနည်းငယ်မှာ ငါအိမ်ကို ပြန်ဖြစ်လိမ့်မယ်။ ငါ့အချိန်တွေကို ပေးဖို့အတွက် နိုင်ငံခြားက စီးပွားရေးတွေနဲ့ မလုံလောက်ဘူး” ဇောင်ယုဟွမ် ခေါင်းညိတ်လိုက်သည်။

ချန်းမင်းရီ ကပြုံးလိုက်ပြီး ပြောလိုက်သည်။ “နောက်ပြီး မင်းလည်း ဇောင်အိမ်တော်ရဲ့ စီးပွားရေး လုပ်ငန်းတွေကို လက်လွှဲယူရနိုင်တယ်”

ဇောင်ယုဟွမ် ပြုံးလိုက်သည်။ “ဖြစ်နိုင်တယ်”

နေ့လယ်စာ စားပြီးနောက် ချန်းမင်းရီ ကဆစ်ဒနီက သူ့စီးပွားရေး သူငယ်ချင်းနဲ့ လည်ပတ်ဖို့ ရည်ရွယ်ထားခဲ့သည်။ တဖက်တွင် လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့က ဇောင်ယုဟွမ် ဘိုကင်လုပ်ထားသည့် တိုက်ခန်းကို ကြည့်ရန် လိုက်ခဲ့ကြသည်။

တချို့အခက်အခဲတွေကို သက်သာစေရန် ဇောင်ယုဟွမ် ကကျောင်းနဲ့ နီးသည့်နေရာက တိုက်ခန်းကို ရွေးထားခဲ့ပြီး ပိုပြီးဈေးသက်သာသည့် တစ်ခုကို ရရှိခဲ့သည်။ လူငယ်လေး နှစ်ယောက်က သူမပစ္စည်းတွေကို တိုက်ခန်းထဲကို ကူညီပြီး ရွှေ့ပေးခြင်းပြီးနောက် သူတို့သုံးယောက်က ကျောင်းထဲတွင် လျှောက်ခဲ့ကြသည်။

“လီဂျင်းယွမ် မနက်ဖြန် ပွဲမရှိဘူးလား?”

“အမြန်မလိုဘူး” လီဂျင်းယွမ် ပြုံးလိုက်သည်။ ဇောင်ယုဟွမ် က ဟုန်ချန်းမင်း ကိုကြည့်လိုက်သည်။

“မင်းကကော?”

“ငါလည်း အဆင်ပြေတယ်” ဇောင်ယုဟွမ် ကဒီအကြောင်းကို အချိန်ခနလောက် စဉ်းစားလိုက်ပြီး သူ့ကို ပြောလိုက်သည်။

“လန်ဒန် မှာရှိတဲ့ ငါတို့တိုက်ခန်းက သော့တွေကို လုံခြုံရေး သေတ္တာထဲမှာ ငါထားခဲ့တယ်။ စကားဝှက်က ငါ့မွေးနေ့ပဲ။ ကြိုက်တဲ့အချိန် သွားနိုင်တယ်”

ဟုန်ချန်းမင်း အနည်းငယ် အံ့ဩသွားသည်။ သူမက သူ့ကို ပြောပြနေတာလား?

“မြို့တော်မှာ တချို့အရာတွေ စတင်ဖို့အတွက် လိုအပ်မယ်လို့ ငါခံစားမိတယ်” ဇောင်ယုဟွမ် ကသူ့ကို မျက်လုံးမှိတ်ပြရင်း ပြောလိုက်သည်။

ဟုန်ချန်းမင်း ရဲ့ပါးတွေက တဖြည်းဖြည်း ရဲလာခဲ့သည်။ ဒီတစ်ချိန်လုံး သူဘာတွေ လုပ်နေခဲ့လဲဆိုတာကို ဇောင်ယုဟွမ် သိနေခဲ့မယ်လို့ သူ မသိခဲ့ပေ။ ဒါပေမဲ့ ဒီအရာကို သူမ အများကြီး မသိပေ။

ဟုန်ချန်းမင်း ကသူ့မျက်လုံးထဲက မဲမှောင်နေမှုကို ဖုံးကွယ်ဖို့ ငုံ့လိုက်ပြီး ပြောလိုက်သည်။

“ဒီအတွက် မလိုအပ်ပါဘူး။ ငါ့မှာ ငွေရှိပါတယ်”

“မင်းမှာ ငွေရှိတာကို ငါသိပေမဲ့ မလောက်လောက်ဘူး။ ငါ့လိုမျိုး မင်းလည်း ဒါကို ကောင်းကောင်း သိပါတယ်၊ ငါ့ရဲ့ ရင်းနှီးမြှုပ်နှံမှုလို့ သဘောထားလိုက်”

“တိုက်ခန်းအတွက်က….”

“အို၊ အဲ့ဒါက ငါ့အဖေရဲ့ နာမည်အောက်မှာပဲ၊ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်တုန်းက ငါ့နာမည်နဲ့ ပြောင်းပေးခဲ့တယ်။ အဆုံးမှာတော့ သူက ရှုရှင်း ကိုသူ့သားအဖြစ် ခေါ်ခဲ့တယ်။ ငါ့စိတ်တွေကို တည်ငြိမ်အောင်လို့ သူတစ်ခုခု ပေးဖို့လိုအပ်တယ်လေ”

သူနဲ့ သူ့သားကြားတွင် ဖြစ်ပျက်ခဲ့သည့် အရာအားလုံးနဲ့အတူ ဇောင်ချီ ကသူ့ကို ဘယ်တုန်းကမှ သဘောမကျပေမဲ့ အဆုံးတွင် သူ့သားဖြစ်နေခဲ့သည်။ ဇောင်ချီ ကသူ့ကို တရားဝင် ခေါ်ဖို့လည်း လိုအပ်နေသေးသည်။ ဒါက ရှုရန်ဟွေ့ မသိသည့် အရာတစ်ခုဖြစ်သည်။

ဇောင်ချီ ကပုံမှန်အတိုင်းပင် ဒီအရာတွေကို ရှုရန်ဟွေ့ နဲ့မမျှဝေပေ။ ဇောင်ယုဟွမ် ရဲ့တွက်ချက်မှုအရ အခုချိန်တွင် သူမသည် လန်ဒန်ရှိ တိုက်ခန်းကို ပိုင်ချိန်ထားပြီး တဖက်တွင် ရှုရန်ဟွေ့ ကတော့ ဇောင်ချီ ကသူမသားကို တရားဝင်ဖြစ်လာဖို့တောင် မလုပ်နိုင်သေးပေ။

ရှုရန်ဟွေ့ ကစောင့်ပြီးရင်း စောင့်နေခဲ့ကာ ဇောင်ချီ အနားကို ကပ်ချင်ကြသည့် တခြားအမျိုးသမီးတွေကို စောင့်ကြည့်နေခဲ့ရင်း သူမက မစ္စဇောင် အသစ် ဖြစ်စေချင်ခဲ့သည်။

ရှုရန်ဟွ့ ကဒါကို မကိုင်တွယ်နိုင်သလို ရှုယုရှန်း ကိုလည်း မထိန်းချုပ်နိုင်ပေ။ အနည်းဆုံး နောက်ထပ် ၂-၃ နှစ်လောက် သူတို့က ဒီလိုမျိုးပဲ ဖြစ်နေကြလိမ့်မည်…..

အခုတော့ အချိန်ကောင်း ရောက်ပြီလို့ ဇောင်ယုဟွမ် ခံစားလိုက်ရသည်။ ဒါပေမဲ့ ဟုန်ချန်းမင်း ကမျက်မှောင်ကြုတ်လိုက်သည်။ သူမက တိုက်ခန်း တစ်ခန်းရဖို့ အရမ်းကို တစ်ကိုယ်ကောင်းဆန်ပြီး လှည့်ပတ်ပြီး သူ့ကို ပေးခဲ့သည်…

ဟုန်ချန်းမင်း ကလက်သီးဆုပ်လိုက်ပြီး သူ့မျက်နှာက မဲမှောင်လာခဲ့သည်။ ဘာကြောင့် သူမကို အလိုလိုက်ချင်တာလဲ? သူမ နာကျင်မှာကို ကြောက်နေတာကြောင့်လား?

သူ့အတွက် သူမက အကောင်းဆုံး လက်ဆောင်ဖြစ်သည်။ သူတို့အတွက် သူမလုပ်ပေးခဲ့တာတွေက တောင်များနဲ့ ရေကန်တွေထက်တောင် များပြားသည်။ ဇောင်ယုဟွမ် ကလှည့်လိုက်ပြီး လီဂျင်းယွမ် ကိုဖက်လိုက်သည်။

“အလုပ်ကြိုစား၊ စာလည်းကြိုးစား၊ ဒါကိုမှတ်ထား၊ လီဂျင်းယွမ်!” ထို့နောက် ဟုန်ချန်းမင်း ကိုလည်း ဖက်လိုက်ပြီး ပြောလိုက်သည်။

“နောက်ပြီး မင်းအတွက်လည်း အတူတူပဲ”

“ငါ့ဘော်ဒါဆောင်ကို ပြန်သွားတော့မယ်။ မင်းတို့နှစ်ယောက်လည်း သွားသင့်ပြီ” ဇောင်ယုဟွမ် ကသူတို့ကို လက်ဝှေ့ယမ်းပြလိုက်ပြီး ပြောလိုက်သည်။

သူမရဲ့ ပွေ့ဖက်မှုက အချိန်ခနသာ ကြာသော်လည်း သူမဆီမှ တချို့အသီးရနံ့တွေက သူတို့နှာခေါင်းတွင် အချိန်အတော်ကြာ တည်ရှိနေပြီး မပျောက်ကွယ်သွားပေ။ အခုတော့ သူတို့က ပြန်သတိရသွားပြီး သူမက ဒီမနက်တွင် မနက်စာအတွက် စတော်ဘယ်ရီကို စားခဲ့ပုံပေါ်သည်။

ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့က မထိန်းချုပ်နိုင်ပဲ သူမ မျက်နှာကို ကြည့်လိုက်ကြသည်။ သူမ ပြုံးလိုက်သည်။ သူမ နှုတ်ခမ်းတွေက စတော်ဘယ်ရီ ဖျော်ရည်လိုမျိုး နီရဲနေပြီး အရောင်တောက်ပနေကာ ဖော်ပြဖို့တောင် စကားလုံးတွေ စဉ်းစားလို့မရပေ။

“မင်းတို့နှစ်ယောက်နဲ့ အားလပ်ရက်မှာ တွေ့ကြမယ်!”

“အိုကေ၊ ဟွမ်ဟွမ်။ အားလပ်ရက်မှာ တွေ့ကြမယ်!” လီဂျင်းယွမ် ကပြုံးပြလိုက်ပြီး နူးညံ့စွာ ပြန်ဖြေလိုက်သည်။

ဟုန်ချန်းမင်း ကလက်သီးကို ဆုပ်ထားပြီး ဘာမှမပြောပဲ လှည့်ထွက်သွားပြီး တစ်ချက်ကြည့်ကာ သူမကို သူ့အနီးနားမှာပဲ ထားချင်ခဲ့သည်။
*****

ဇောင်ယုဟွမ် ကထိုနေ့က လျင်မြန်စွာ ရောက်လာမယ်လို့ မျှော်လင့်မထားခဲ့ပေ။ လန်ဂျင်းဇီ ဆီက ဖုန်းကို လက်ခံရချိန်တွင် ထိုနေ့အတွက် သူမအတန်းကို ပြီးချိန်သာ ရှိသေးသည်။ လန်ဂျင်းဇီ ဖုန်းနဲ့ခေါ်ပေမဲ့ အတွင်းရေးမှူးချန်း သာပြောခဲ့သည်။

“မိန်းကလေးဇောင်…. အိမ်တော်မှာ တစ်ခုခု ဖြစ်နေပြီ။ အချိန်ခနလောက် ယူပြီး ပြန်လာခဲ့ပါလား?”

“ငါမနက်ဖြန် ပြန်လာခဲ့မယ်” တစ်စုံတစ်ယောက်က ဖုန်းကို ယူလိုက်ပုံပေါ်ပြီးနောက် လန်ဂျင်းဇီ ရဲ့အသံက ထွက်လာခဲ့သည်။

“မင်းရောက်ရင် လန်အိမ်ကို အရင်ဆုံးလာခဲ့”

“အိုကေ”

2.7.2020 (Thur)
…………………….

<Zawgyi>

ရႈရန္ေဟြ႕ ရဲ႕အျပဳအမူကို ေစာင့္ဆိုင္းျခင္း

ခရစ္စမတ္ ၿပီးေနာက္ ေက်ာင္းက မၾကာခင္မွာပဲ ျပန္ဖြင့္ခဲ့သည္။ ႏိုင္ငံျခားတြင္ ေက်ာင္းတစ္တန္းကို စာသင္ႏွစ္ကို သုံးပိုင္းပိုင္းထားသည္။ သူတို႔ တစ္ခုခ်င္းစီၾကားတြင္ အခ်ိန္အမ်ားႀကီး မရွိေပမဲ့ စာသင္ႏွစ္ အခုစီတိုင္တြင္ အားလပ္ရက္ ပိုမ်ားသည္။ ဒါ့ေၾကာင့္ အရမ္းမပင္ပန္းေပ။

ေဇာင္ယုဟြမ္ နဲ႔တျခား လူႏွစ္ေယာက္က အားလပ္ရက္ တစ္ခ်ိန္လုံးကို သူတို႔အိမ္မွာပဲ ပ်င္းရီစြာ ကုန္ဆုံးခဲ့ၾကသည္။ သူတို႔က မစား၊ မေသာက္ခ်ိန္တြင္ သူတို႔က အိပ္ေနတာ၊ ဗီဒီယိုဂိမ္းေတြ ကစားၿပီး အနားယူတာတို႔ ျပဳလုပ္ခဲ့ၾကသည္။

အားလပ္ရက္ ကုန္ဆုံးသြားခ်ိန္တြင္ လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔က ေဇာင္ယုဟြမ္ ကိုအရင္ဆုံး ေက်ာင္းကို ျပန္ပို႔ေပးခဲ့ၿပီး သူမက ေဘာ္ဒါကို လုံၿခဳံစြာေရာက္တာ ေသခ်ာေတာ့မွ သူတို႔လမ္းကို ဦးတည္သြားခဲ့ၾကသည္။

အားလပ္ရက္ေတြ ၿပီးသြားၿပီးေနာက္ ေဇာင္ယုဟြမ္ ကသူမဘာသာ လ်င္ျမန္စြာျဖင့္ ေက်ာင္းထဲကို အာ႐ုံျပန္ထားႏိုင္ခဲ့သည္။ လူတိုင္းရဲ႕ ေန႔စဥ္ဘဝေတြက စာသင္ႏွစ္ အသစ္က စတင္လာမႈနဲ႔အတူ ပိုၿပီး အလုပ္မ်ားလာၾကသည္။

လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔က သူတို႔အပိုင္းတြင္ အေတာ္ေလး ေအာင္ျမင္ေနခဲ့ၾကသည္။ အခုေတာ့ ေက်ာင္းတစ္ခုလုံးက ေဇာင္ယုဟြမ္ တြင္အရမ္းကို ဆိုးသြမ္းၿပီး လူ-တစ္-ေယာက္-ကို-ေတာင္- တစ္-ခ်က္-တည္း-နဲ႔- သတ္-ပစ္-ႏိုင္-တဲ့- အစ္ကိုေတြရွိတာကို သိသြားခဲ့ၾကသည္။

ေဇာင္ယုဟြမ္ ကသူ႔အစ္ကိုအတြက္ မွင္ကို မေမ့ေပ။ သူမက ျပန္ေရာက္ခ်ိန္တြင္ အဆင္သင့္ လုပ္လိုက္ၿပီး ခ်န္းမင္းရီ ဆီကို ပို႔လိုက္သည္။ ေဇာင္အိမ္ေတာ္ရဲ႕ အေၾကာင္းေတြက တခါတေလ ေရာက္လာခဲ့ေပမဲ့ ေဇာင္ယုဟြမ္ ကေတာ့ ဒီအေၾကာင္းကို အာ႐ုံမစိုက္ပဲ ဂ႐ုမစိုက္ေပ။

အရာအားလုံးက သူမ စီစဥ္ထားသလိုမ်ိဳး ျဖစ္ပ်က္လာတာေၾကာင့္ ဒီအေၾကာင္းကို စိုးရိမ္ေနဖို႔ အခ်ိန္အမ်ားႀကီး မျဖဳန္းတီးႏိုင္ေပ။

လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔က အဂၤလန္တြင္ သူတို႔ရဲ႕ ယာဥ္ေမာင္းလိုင္စင္ကို ရခ်ိန္တြင္ ေဇာင္ယုဟြမ္ ကသူမရဲ႕ အထက္တန္း ေက်ာင္းကို ေစာေစာၿပီးခဲ့ၿပီး တကၠသိုလ္ေတြမွ ကမ္းလွမ္းစာေတြကို ရခဲ့သည္။

ေဇာင္ယုဟြမ္ ကသူမဘဝတြင္ ဘာလိုခ်င္လဲဆိုတာကို ေကာင္းေကာင္းသိတာေၾကာင့္ သူမအေရွ႕တြင္ စီစဥ္ထားသည့္အတိုင္း သူမ မေလ့လာႏိုင္ေပ။ ထိုအစား အခ်ိန္တိုအတြင္း ၿပီးႏိုင္သည့္ အရာကိုသာ သင္ယူခဲ့သည္။

သူမအရင္ဘဝတုန္းက ေဇာင္ယုဟြမ္ ရဲပညာေရး ေအာင္ျမင္မႈက ပ်မ္းမွ်ထက္ အနည္းငယ္ ျမင့္ခဲ့သည္။ ဒီတစ္ႀကိမ္တြင္ သူမအေတြ႕အႀကဳံေတြနဲ႔ ထူးခြၽန္သည့္ အပိုင္းကို ျပန္မလွည့္ခဲ့ေပ။ သူမက စီးပြားစီမံကို တက္ဖို႔ ရည္႐ြယ္ထားခဲ့သည္။

သူမ အရင္တုန္းက ရန္ဆန္း နဲ႔ေျပာခဲ့သလိုမ်ိဳး ေဇာင္အိမ္ေတာ္ရဲ႕ လုပ္ငန္းေတြကို ယူၿပီးသည္ႏွင့္ ဘာမွနားမလည္ပဲ သူမ မန္ေနဂ်ာက သူမကို အ႐ူးလုပ္မွာကို မခံခ်င္ေပ။

သို႔ေသာ္ ကမာၻတြင္ ဒီအပိုင္းကို အထူးျပဳသည့္ အေရးပါသည့္ တကၠသိုလ္ေတြက လက္တစ္ဆုပ္စာသာ ရွိသည္။ ေဇာင္ယုဟြမ္ ေျခတစ္လွမ္းဆုတ္ၿပီး ဆစ္ဒနီတကၠသိုလ္က ကမ္းလွမ္းမႈကို လက္ခံခဲ့သည္။

ဆစ္ဒနီက ေတာင္ပိုင္းျခမ္းတြင္ စီးပြားေရးနဲ႔ ကုန္သြယ္ေရး အခ်က္အခ်ာ ေနရာတစ္ခုျဖစ္သည္။ ေဇာင္ယုဟြမ္ ကဒါနဲ႔ ပတ္သက္ၿပီး အေတာ္ေလး ေက်နပ္ေနခဲ့သည္။

အဆုံးတြင္ အနာဂတ္မွာ သူမလုပ္ခ်င္တာကို လုပ္ၿပီး သူမတစ္ဘဝလုံးကို အလုပ္ထဲမွာပဲ ကုန္ဆုံးစရာ မလိုေတာ့ေပ။ ေငြမ်ားမ်ား ရဖို႔အတြက္ အဆက္မျပတ္ ႀကိဳးစားျခင္းက အရမ္းကို ပင္ပန္းေစသည္။

ဒီတကၠသိုလ္ကို ေ႐ြးခ်ယ္ျခင္းနဲ႔ ပတ္သက္ၿပီး အႀကီးမားဆုံး ျပႆနာက ေဇာင္ယုဟြမ္ သည္ေနရာသစ္ကို ေျပာင္းေ႐ႊ႕ဖို႔ လိုအပ္လာခဲ့သည္။ ေနာက္ၿပီး လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ကလည္း ထိုအခ်ိန္တြင္ ခ်ည္ေႏွာင္ထားျခင္းခံရၿပီး သူမနဲ႔အတူ ထြက္မသြားႏိုင္ၾကေပ။

ဘြဲ႕ရၿပီး ရက္အနည္းငယ္ အတြင္းတြင္ လန္ဒန္၊ ဂ်ိဳးဆက္ နဲ႔ မာရီယာ စသည့္လူမ်ားက ေဇာင္ယုဟြမ္ ကိုပါတီတြင္ ဝင္ေရာက္ရန္ ဆြဲသြင္းခဲ့ၾကသည္။ ၿပီးသြားခ်ိန္တြင္ ခ်န္းမင္းရီ ကသူမကို လာေခၚခဲ့သည္။

ေဇာင္ယုဟြမ္ ကသတင္းေလး အနည္းငယ္ကိုေတာင္ ခ်ိဳလီ နဲ႔မေဝမွ်ခဲ့ေပ။ စကားလုံးေတြက လ်င္ျမန္စြာ ေရာက္သြားၿပီး ရႈရန္ေဟြ႕ ကိုသတိမေပးမိေစခ်င္ေပ။ ေဇာင္ယုဟြမ္ ကႏိုင္ငံျခားမွာ ရွိေနတာေၾကာင့္ သူမတြင္ အျမစ္တြယ္ေနမဲ့ အႀကံအစည္ေတြ ရွိေနမွာကို လိုအပ္သည္။

ရႈရန္ေဟြ႕ ကသူမနဲ႔ အေမြကိစၥနဲ႔ပတ္သက္ၿပီး တိုက္ခိုက္ဖို႔ ေတြးမွာမဟုတ္ေပ။ အဆုံးတြင္ ေနာက္မိန္းမအမ်ားစုရဲ႕ စိတ္ထဲတြင္ မိန္းကေလးေတြက မိသားစု စီးပြားေရးကို မယူႏိုင္ပဲ ေယာက်ာ္ေလးေတြကသာ လုပ္ႏိုင္တယ္လို႔ ေတြးၾကသည္။

ဒါ့ေၾကာင့္ ေယာက်ာ္ေလးေတြကို ပိုႀကိဳးစားဖို႔အတြက္ တိုက္တြန္းလိမ့္မည္။ လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ႏွစ္ေယာက္လုံးက ေက်ာင္းအျပင္ဘက္တြင္ သူမကို ေစာင့္ေနခဲ့ၾကသည္။

လီဂ်င္းယြမ္ ကသူ႔ပြဲေတာ္တြင္ တက္ေရာက္သည့္ ဝတ္စုံကို ဝတ္ထားဆဲျဖစ္သည္။ သူ႔ပုံစံက လူႀကီးလူေကာင္းဆန္ကာ မင္းသားေလးလို ပိုပိုၿပီး တူလာခဲ့သည္။ တဖက္တြင္ ဟုန္ခ်န္းမင္း ကအညိဳေရာင္ ေလကာအက်ႌကို ဝတ္ထားသည္။

သူ႔ပုံစံက ပထမဆုံး အၾကည့္နဲ႔တင္ စူးရွၿပီး ရက္စက္သလို ထင္ရေပမဲ့ ဒုတိယအႀကိမ္ ၾကည့္လိုက္ရင္ အေတာ္ေလး ႏူးညံ့ေနသည္။ ခ်န္းမင္းရီ ကကားတံခါးတြင္ မွီေနခဲ့သည္။ ေဇာင္ယုဟြမ္ အျပင္ကို ေလွ်ာက္လာတာကို ေတြ႕လိုက္ခ်ိန္တြင္ သူမဆီကို ခ်က္ခ်င္း ေလွ်ာက္သြားၿပီး ေျပာလိုက္သည္။

“ဒီအခ်ိန္မွာ မင္းက အရမ္းကို အေဝးႀကီးကို သြားတာပဲ။ မင္းကို ဘယ္သူက ဂ႐ုစိုက္ေပးမွာလဲ?”

ေဇာင္ယုဟြမ္ ရဲ႕ခႏၶာကိုယ္က ရွည္လ်ားလာၿပီး ေသးသြယ္ေနသည္။ သူမအၿပဳံးကေတာ့ ကေလးဆန္မႈေတြ ရွိေနေသးသည္။

“ငါ့ဘာသာ ဂ႐ုစိုက္ႏိုင္ေနပါၿပီ” သူမက အထက္တန္းေက်ာင္း ဒုတိယႏွစ္တြင္ အိမ္ကို ျပန္ခဲ့ၿပီး ႏိုင္ငံျခားတြင္ ႏွစ္မ်ားစြာ ေနခဲ့သည္။ အခုေတာ့ သူမက ၁၆၃ စင္တီမီတာရွိေနၿပီး အသက္ ၁၇ ႏွစ္ျဖစ္ေနၿပီ။

လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ကို ေစာင့္ေနဖို႔ အခ်ိန္တခ်ိဳ႕ကို မျဖဳန္းတီးခဲ့ပါ သူမ ဖြံ႕ၿဖိဳးႏႈန္းက ပိုေတာင္ ျမန္ဆန္လိမ့္မည္။ ဒါက အိမ္ျပန္ခ်ိန္၊ ႏိုင္ငံျခားသြားခ်ိန္တိုင္း လိုအပ္တဲ့ အတန္းေတြအားလုံး ၿပီးေျမာက္ခဲ့ၿပီး ေနာက္ခံနဲ႔ အဆင့္အတန္း လုံလုံေလာက္ေလာက္ရွိပါက အတန္းအနည္းငယ္ကို ေက်ာ္ၿပီး ျပႆနာမရွိပဲ ေက်ာင္းကို တက္ႏိုင္လိမ့္မည္။

ေဇာင္အိမ္ေတာ္နဲ႔ ဒင္အိမ္ေတာ္ရဲ႕ ေနာက္ခံနဲ႔အတူ သူမက ေကာလိပ္ကို ေစာေစာၿပီးႏိုင္သည္။ ေနာက္ခံတစ္ခု၊ အရင္းအျမစ္ေတြက သူတို႔ကို ႀကီးမားသည့္ ကြာျခားခ်က္ေတြကို ရရွိႏိုင္သည္။

တျခားသူေတြကလည္း စီးပြားစီမံကို တက္ၾကၿပီး ေလးႏွစ္တာ တာဝန္ထမ္းေဆာင္ရန္ ေ႐ြးခ်ယ္ခဲ့ျခင္း ျဖစ္သည္။ ဒါက ကြၽမ္းက်င္သည့္ မန္ေနဂ်ာ ျဖစ္လာဖို႔၊ ပိုၿပီးေကာင္းမြန္တဲ့ ကုမၸဏီအထက္ပိုင္းတြင္ စီမံခန႔္ခြဲဖို႔သာ ေ႐ြးခ်ယ္ၾကျခင္း ျဖစ္သည္။

အရာအားလုံးက သူတို႔ရဲ႕ လွမ္းလိုက္တဲ့ ေျခလွမ္းတိုင္းေပၚမွာ မူတည္ေနၿပီး သူတို႔အေတြ႕အႀကဳံေတြကို တည္ေဆာက္ဖို႔ ကိုယ့္ဘာသာ အားကိုးရလိမ့္မည္။

ထို႔ေနာက္ ေဇာင္ယုဟြမ္ လိုကေလးဘဝကတည္းက ဒီလိုမ်ိဳး ကမာၻထဲကို ဝင္ေရာက္ခဲ့ၾကသည့္ သူေတြလည္း ရွိသည္။ သူတို႔တြင္ က်ယ္ျပန႔္သည့္ အေတြ႕အႀကဳံေတြကို ရႏိုင္ဖို႔ ကုမၸဏီမ်ားစြာရွိသည္။

သူတို႔ဝန္းက်င္က လူတိုင္းနဲ႔ အရာအားလုံးက ဒီစက္ဝိုင္းထဲမွာပဲ လည္ပတ္ေနၿပီး ဆက္သြယ္မႈနဲ႔ အရင္းအျမစ္ေတြကလည္း သူတို႔ နစ္ျမႇဳပ္ေနသည့္ ေနရာကေနသာ ရရွိႏိုင္သည္။

ဆိုလိုတာက ေဇာင္ယုဟြမ္ ကသူမအစီစဥ္ကို အခ်ိန္တိုအတြင္း ၿပီးေအာင္ လုပ္ႏိုင္သည္။ ရန္ဆန္း၊ ဟန္ရင္ရင္ ဒါမွမဟုတ္ ဂ်ိဳးဆက္၊ မာရီယာ၊ ခ်န္းမင္းရီ… လိုမ်ိဳး သူေတြအားလုံးက ေဇာင္ယုဟြမ္ ရဲ႕အဆက္အသြယ္နဲ႔ အရင္းအျမစ္ေတြ ျဖစ္လာလိမ့္မည္။

အေျခခံတစ္ခုကို ဒီလိုမ်ိဳး တျဖည္းျဖည္း တည္ေဆာက္ရသည္။ ေဇာင္ယုဟြမ္ အိမ္ကို ျပန္ခ်ိန္ေရာက္ရင္ ရႈရန္ေဟြ႕ ကသူမရဲ႕ လမ္းေၾကာင္းေတြကို တားဆီးႏိုင္မွာ မဟုတ္ေတာ့ဘူး။

ရွင္းရွင္း ေျပာရရင္ ေဇာင္အိမ္ေတာ္က အခုခ်ိန္ ေဒဝါလီခံရရင္ေတာင္ ေဇာင္ယုဟြမ္ ကအမ်ားႀကီး ပိုေကာင္းလိမ့္မည္။ ဒီအခ်ိန္ေတြ ၿပီးသြားၿပီးေနာက္ ဒီကမာၻက ပုံမွန္ CEO ႏိုဗယ္ေတြမွာ တည္ရွိေနတာထက္ တကယ့္ကမာၻအစစ္နဲ႔ ပိုတူေၾကာင့္ ေဇာင္ယုဟြမ္ သတိထားမိခဲ့သည္။

မူလႏိုဗယ္တြင္ အေသးစိတ္ေတြကို ခ်န္ထားခဲ့ၿပီး တကယ့္ကမာၻအစစ္က ဘယ္လိုလည္ပတ္လဲဆိုတာပဲ ျဖည့္ဆည္းထားခဲ့သည္။ ရႈရန္ေဟြ႕ ကအဓိကဇာတ္ေကာင္ရဲ႕ အရွိန္အဝါ မပါပဲ သူမကို ဆန႔္က်င္ႏိုင္ဖို႔ အခြင့္အေရးေတာင္ မရွိေပ။

ထိုအေၾကာင္းကို စဥ္းစားရင္း ေဇာင္ယုဟြမ္ ရဲ႕အၿပဳံးက ပိုၿပီးေတာက္ပလာခဲ့သည္။ သူမ ေျပာလိုက္သည္။

“မစိုးရိမ္ပါနဲ႔၊ မစၥတာခ်န္း။ ဒီအသက္အ႐ြယ္မွာ ကိုယ့္ဘာသာ ဂ႐ုမစိုက္ႏိုင္ရင္ ငါ့ကိုယ္ပိုင္ဘဝမွာ ဘယ္လိုလုပ္ အသက္ရွင္ ရပ္တည္ႏိုင္မွာလဲ?” ခ်န္းမင္းရီ ကကားတံခါးကို ပုတ္လိုက္ၿပီး ေျပာလိုက္သည္။

“ကားထဲဝင္။ ငါမင္းနဲ႔အတူ သြားၿပီး ေနရာက်ေအာင္ ကူညီေပးမယ္။ အတူတူ စားေသာက္ၿပီးမွ ငါျပန္မယ္”

“ဒါက မစၥတာခ်န္း အတြက္ အရမ္းကို ဒုကၡမ်ားတယ္”

“ဒုကၡမမ်ားပါဘူး” ခ်န္းမင္းရီ ေျပာလိုက္သည္။

“မင္းကို အဲ့ေနရာကို မေခၚသြားပဲ အေျခမခ်ေပးရင္း မင္းအစ္ကိုက ငါ့ကို သတ္လိမ့္မယ္။ ဘာပဲျဖစ္ျဖစ္ ဒါက သဘာဝက်ပါတယ္။ C’mon c’mon၊ ကားေပၚတက္၊ အိုေက? ငါ့မွာ အားလပ္ခ်ိန္ နည္းနည္းရွိတယ္၊ ဒါက ျပႆနာမျဖစ္ဘူး”

ဟုန္ခ်န္းမင္း ကအရင္ဆုံး ကားတံခါးကို ဖြင့္လိုက္ၿပီး အထဲကို ဝင္လိုက္ကာ သူ႔လက္ကို ထုတ္လိုက္ၿပီး ေဇာင္ယုဟြမ္ ကိုဆြဲလိုက္သည္။ ေဇာင္ယုဟြမ္ ကသူ႔လက္ကို ကိုင္လိုက္ၿပီး နာခံစြာျဖင့္ ကားထဲကို ဝင္လိုက္သည္။

သူမေနာက္တြင္ လီဂ်င္းယြမ္ ပါလိုက္ပါခဲ့သည္။ ခ်န္းမင္းရီ ကလက္မွတ္ေတြကို ဝယ္ယူခဲ့သည္။ သူက ကေလးထိန္းရင္း သူတို႔ကို ဆစ္ဒနီသို႔ ေခၚသြားခဲ့သည္။

ဟိုတယ္က ႀကိဳတင္စီစဥ္ထားၿပီး ျဖစ္သည္။ သူတို႔က ေလယာဥ္ေပၚကေန ဆင္းတာနဲ႔ အနားယူဖို႔အတြက္ ဟိုတယ္ကို ခ်က္ခ်င္း သြားခဲ့ၾကသည္။ တစ္ည အနားယူၿပီးေနာက္ သူတို႔အားလုံး ေန႔လည္စာ ထြက္စားခဲ့ၾကသည္။

“ဆစ္ဒနီမွာ ငါ့သူငယ္ခ်င္းနည္းနည္း ရွိတယ္” ခ်န္းမင္းရီ ကစားေသာက္ခ်ိန္တြင္ သူ႔အဆက္အသြယ္ကို စဥ္းစားလိုက္ၿပီး ေျပာလိုက္သည္။

“သူတို႔ကို ဖုန္းေခၚေပးမယ္” ေဇာင္ယုဟြမ္ ကၿပဳံးလိုက္ၿပီး ေျပာလိုက္သည္။

“ဒီအေၾကာင္းနဲ႔ ပတ္သက္ၿပီး စိုးရိမ္ဖို႔ မလိုပါဘူး။ တ႐ုတ္က ရန္ဆန္း လို႔ေခၚတဲ့ သူငယ္ခ်င္း တစ္ေယာက္ရွိတယ္။ သူ႔အစ္မက ဆစ္ဒနီမွာ စာေလ့လာေနတယ္”

“သူမက ေက်ာင္းတက္ေနတုန္းလား? ဒါဆို သူမက ကေလးပဲ ရွိဦးမွာေပါ့။ ဒါက မတူဘူး။ ကေလး တစ္ေယာက္က ဘာလုပ္ႏိုင္မွာလဲ?” သူက ေျပာလိုက္ရင္း ခ်န္းမင္းရီ ကဖုန္းနံပါတ္ တစ္ခုကို ႏွိပ္လိုက္ၿပီး ေခၚလိုက္သည္။

“ခနေလးေစာင့္” အခ်ိန္အေတာ္မ်ားမ်ားကို အတူတူ ကုန္ဆုံးခဲ့ၿပီး သူတို႔ၾကားတြင္ ခံစားခ်က္ အစစ္အမွန္ေတြ ျဖစ္လာၾကသည္။ ခ်န္းမင္းရီ က ေဇာင္ယုဟြမ္ အခ်ိန္ခနတာ ေစာင့္ေရွာက္ေပးခဲ့သည္။ သူက သူမကို တကယ္ပဲ ဂ႐ုစိုက္ခဲ့သည္။

တစ္ခ်က္ပဲ ၾကည့္တာပဲျဖစ္ျဖစ္ သူမကို ေကာင္းမြန္တဲ့ သူေတြလက္ထဲမွာ ရွိေနတာ ေသခ်ာေအာင္ လုပ္ခဲ့သည္။ ေဇာင္ယုဟြမ္ ႏႈတ္ခမ္းက လႈပ္ရွားသြားေပမဲ့ ဘာမွမေျပာေပ။ ဒီစက္ဝိုင္းထဲတြင္ အဆက္အသြယ္ေတြက ဆက္ဆံေရးနဲ႔ အရွိန္တိုးတက္ခဲ့သည္။

ထို႔ေနာက္ တစ္ေယာက္နဲ႔ တစ္ေယာက္ အတူတူ ေန႔လည္စာ ထြက္စားတာေတြ၊ ေဂါက္အတူတူ ႐ိုက္တာေတြ၊ မ်က္ႏွာသာေပးတာကလည္း ႀကီးမားသည့္ အခန္းက႑မွ ပါဝင္သည္။

ဆက္ဆံေရးက မ်က္ႏွာသာေပးမႈကို တည္ေဆာက္ၿပီး ပိုၿပီး သန္မာလာေစကာ ထာဝရတည္တံ့ေစသည္။ ဒီအေၾကာင္းကို နားလည္လိုက္ရင္း ေဇာင္ယုဟြမ္ ကဘာမွမေျပာဖို႔ ဆုံးျဖတ္လိုက္သည္။ ခ်န္းမင္းရီ ကဖုန္းေခၚၿပီး အရာအားလုံးကို စီစဥ္ေပးၿပီးမွသာ စိတ္သက္သာရာ ရသြားခဲ့သည္။

“မင္းေကာလိပ္က ဘြဲ႕ရၿပီးသြားရင္ ငါ့ကို ေက်းဇူးတင္သင့္တယ္” ခ်န္းမင္းရီ ကအၿပဳံးတစ္ခုနဲ႔ ေျပာလိုက္သည္။

“ႏွစ္အနည္းငယ္မွာ ငါအိမ္ကို ျပန္ျဖစ္လိမ့္မယ္။ ငါ့အခ်ိန္ေတြကို ေပးဖို႔အတြက္ ႏိုင္ငံျခားက စီးပြားေရးေတြနဲ႔ မလုံေလာက္ဘူး” ေဇာင္ယုဟြမ္ ေခါင္းညိတ္လိုက္သည္။

ခ်န္းမင္းရီ ကၿပဳံးလိုက္ၿပီး ေျပာလိုက္သည္။ “ေနာက္ၿပီး မင္းလည္း ေဇာင္အိမ္ေတာ္ရဲ႕ စီးပြားေရး လုပ္ငန္းေတြကို လက္လႊဲယူရႏိုင္တယ္”

ေဇာင္ယုဟြမ္ ၿပဳံးလိုက္သည္။ “ျဖစ္ႏိုင္တယ္”

ေန႔လယ္စာ စားၿပီးေနာက္ ခ်န္းမင္းရီ ကဆစ္ဒနီက သူ႔စီးပြားေရး သူငယ္ခ်င္းနဲ႔ လည္ပတ္ဖို႔ ရည္႐ြယ္ထားခဲ့သည္။ တဖက္တြင္ လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔က ေဇာင္ယုဟြမ္ ဘိုကင္လုပ္ထားသည့္ တိုက္ခန္းကို ၾကည့္ရန္ လိုက္ခဲ့ၾကသည္။

တခ်ိဳ႕အခက္အခဲေတြကို သက္သာေစရန္ ေဇာင္ယုဟြမ္ ကေက်ာင္းနဲ႔ နီးသည့္ေနရာက တိုက္ခန္းကို ေ႐ြးထားခဲ့ၿပီး ပိုၿပီးေဈးသက္သာသည့္ တစ္ခုကို ရရွိခဲ့သည္။ လူငယ္ေလး ႏွစ္ေယာက္က သူမပစၥည္းေတြကို တိုက္ခန္းထဲကို ကူညီၿပီး ေ႐ႊ႕ေပးျခင္းၿပီးေနာက္ သူတို႔သုံးေယာက္က ေက်ာင္းထဲတြင္ ေလွ်ာက္ခဲ့ၾကသည္။

“လီဂ်င္းယြမ္ မနက္ျဖန္ ပြဲမရွိဘူးလား?”

“အျမန္မလိုဘူး” လီဂ်င္းယြမ္ ၿပဳံးလိုက္သည္။ ေဇာင္ယုဟြမ္ က ဟုန္ခ်န္းမင္း ကိုၾကည့္လိုက္သည္။

“မင္းကေကာ?”

“ငါလည္း အဆင္ေျပတယ္” ေဇာင္ယုဟြမ္ ကဒီအေၾကာင္းကို အခ်ိန္ခနေလာက္ စဥ္းစားလိုက္ၿပီး သူ႔ကို ေျပာလိုက္သည္။

“လန္ဒန္ မွာရွိတဲ့ ငါတို႔တိုက္ခန္းက ေသာ့ေတြကို လုံၿခဳံေရး ေသတၱာထဲမွာ ငါထားခဲ့တယ္။ စကားဝွက္က ငါ့ေမြးေန႔ပဲ။ ႀကိဳက္တဲ့အခ်ိန္ သြားႏိုင္တယ္”

ဟုန္ခ်န္းမင္း အနည္းငယ္ အံ့ဩသြားသည္။ သူမက သူ႔ကို ေျပာျပေနတာလား?

“ၿမိဳ႕ေတာ္မွာ တခ်ိဳ႕အရာေတြ စတင္ဖို႔အတြက္ လိုအပ္မယ္လို႔ ငါခံစားမိတယ္” ေဇာင္ယုဟြမ္ ကသူ႔ကို မ်က္လုံးမွိတ္ျပရင္း ေျပာလိုက္သည္။

ဟုန္ခ်န္းမင္း ရဲ႕ပါးေတြက တျဖည္းျဖည္း ရဲလာခဲ့သည္။ ဒီတစ္ခ်ိန္လုံး သူဘာေတြ လုပ္ေနခဲ့လဲဆိုတာကို ေဇာင္ယုဟြမ္ သိေနခဲ့မယ္လို႔ သူ မသိခဲ့ေပ။ ဒါေပမဲ့ ဒီအရာကို သူမ အမ်ားႀကီး မသိေပ။

ဟုန္ခ်န္းမင္း ကသူ႔မ်က္လုံးထဲက မဲေမွာင္ေနမႈကို ဖုံးကြယ္ဖို႔ ငုံ႔လိုက္ၿပီး ေျပာလိုက္သည္။

“ဒီအတြက္ မလိုအပ္ပါဘူး။ ငါ့မွာ ေငြရွိပါတယ္”

“မင္းမွာ ေငြရွိတာကို ငါသိေပမဲ့ မေလာက္ေလာက္ဘူး။ ငါ့လိုမ်ိဳး မင္းလည္း ဒါကို ေကာင္းေကာင္း သိပါတယ္၊ ငါ့ရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈလို႔ သေဘာထားလိုက္”

“တိုက္ခန္းအတြက္က….”

“အို၊ အဲ့ဒါက ငါ့အေဖရဲ႕ နာမည္ေအာက္မွာပဲ၊ ဒါေပမဲ့ ၿပီးခဲ့တဲ့ ႏွစ္တုန္းက ငါ့နာမည္နဲ႔ ေျပာင္းေပးခဲ့တယ္။ အဆုံးမွာေတာ့ သူက ရႈရွင္း ကိုသူ႔သားအျဖစ္ ေခၚခဲ့တယ္။ ငါ့စိတ္ေတြကို တည္ၿငိမ္ေအာင္လို႔ သူတစ္ခုခု ေပးဖို႔လိုအပ္တယ္ေလ”

သူနဲ႔ သူ႔သားၾကားတြင္ ျဖစ္ပ်က္ခဲ့သည့္ အရာအားလုံးနဲ႔အတူ ေဇာင္ခ်ီ ကသူ႔ကို ဘယ္တုန္းကမွ သေဘာမက်ေပမဲ့ အဆုံးတြင္ သူ႔သားျဖစ္ေနခဲ့သည္။ ေဇာင္ခ်ီ ကသူ႔ကို တရားဝင္ ေခၚဖို႔လည္း လိုအပ္ေနေသးသည္။ ဒါက ရႈရန္ေဟြ႕ မသိသည့္ အရာတစ္ခုျဖစ္သည္။

ေဇာင္ခ်ီ ကပုံမွန္အတိုင္းပင္ ဒီအရာေတြကို ရႈရန္ေဟြ႕ နဲ႔မမွ်ေဝေပ။ ေဇာင္ယုဟြမ္ ရဲ႕တြက္ခ်က္မႈအရ အခုခ်ိန္တြင္ သူမသည္ လန္ဒန္ရွိ တိုက္ခန္းကို ပိုင္ခ်ိန္ထားၿပီး တဖက္တြင္ ရႈရန္ေဟြ႕ ကေတာ့ ေဇာင္ခ်ီ ကသူမသားကို တရားဝင္ျဖစ္လာဖို႔ေတာင္ မလုပ္ႏိုင္ေသးေပ။

ရႈရန္ေဟြ႕ ကေစာင့္ၿပီးရင္း ေစာင့္ေနခဲ့ကာ ေဇာင္ခ်ီ အနားကို ကပ္ခ်င္ၾကသည့္ တျခားအမ်ိဳးသမီးေတြကို ေစာင့္ၾကည့္ေနခဲ့ရင္း သူမက မစၥေဇာင္ အသစ္ ျဖစ္ေစခ်င္ခဲ့သည္။

ရႈရန္ဟြ႕ ကဒါကို မကိုင္တြယ္ႏိုင္သလို ရႈယုရွန္း ကိုလည္း မထိန္းခ်ဳပ္ႏိုင္ေပ။ အနည္းဆုံး ေနာက္ထပ္ ၂-၃ ႏွစ္ေလာက္ သူတို႔က ဒီလိုမ်ိဳးပဲ ျဖစ္ေနၾကလိမ့္မည္…..

အခုေတာ့ အခ်ိန္ေကာင္း ေရာက္ၿပီလို႔ ေဇာင္ယုဟြမ္ ခံစားလိုက္ရသည္။ ဒါေပမဲ့ ဟုန္ခ်န္းမင္း ကမ်က္ေမွာင္ၾကဳတ္လိုက္သည္။ သူမက တိုက္ခန္း တစ္ခန္းရဖို႔ အရမ္းကို တစ္ကိုယ္ေကာင္းဆန္ၿပီး လွည့္ပတ္ၿပီး သူ႔ကို ေပးခဲ့သည္…

ဟုန္ခ်န္းမင္း ကလက္သီးဆုပ္လိုက္ၿပီး သူ႔မ်က္ႏွာက မဲေမွာင္လာခဲ့သည္။ ဘာေၾကာင့္ သူမကို အလိုလိုက္ခ်င္တာလဲ? သူမ နာက်င္မွာကို ေၾကာက္ေနတာေၾကာင့္လား?

သူ႔အတြက္ သူမက အေကာင္းဆုံး လက္ေဆာင္ျဖစ္သည္။ သူတို႔အတြက္ သူမလုပ္ေပးခဲ့တာေတြက ေတာင္မ်ားနဲ႔ ေရကန္ေတြထက္ေတာင္ မ်ားျပားသည္။ ေဇာင္ယုဟြမ္ ကလွည့္လိုက္ၿပီး လီဂ်င္းယြမ္ ကိုဖက္လိုက္သည္။

“အလုပ္ႀကိဳစား၊ စာလည္းႀကိဳးစား၊ ဒါကိုမွတ္ထား၊ လီဂ်င္းယြမ္!” ထို႔ေနာက္ ဟုန္ခ်န္းမင္း ကိုလည္း ဖက္လိုက္ၿပီး ေျပာလိုက္သည္။

“ေနာက္ၿပီး မင္းအတြက္လည္း အတူတူပဲ”

“ငါ့ေဘာ္ဒါေဆာင္ကို ျပန္သြားေတာ့မယ္။ မင္းတို႔ႏွစ္ေယာက္လည္း သြားသင့္ၿပီ” ေဇာင္ယုဟြမ္ ကသူတို႔ကို လက္ေဝွ႔ယမ္းျပလိုက္ၿပီး ေျပာလိုက္သည္။

သူမရဲ႕ ေပြ႕ဖက္မႈက အခ်ိန္ခနသာ ၾကာေသာ္လည္း သူမဆီမွ တခ်ိဳ႕အသီးရနံ႔ေတြက သူတို႔ႏွာေခါင္းတြင္ အခ်ိန္အေတာ္ၾကာ တည္ရွိေနၿပီး မေပ်ာက္ကြယ္သြားေပ။ အခုေတာ့ သူတို႔က ျပန္သတိရသြားၿပီး သူမက ဒီမနက္တြင္ မနက္စာအတြက္ စေတာ္ဘယ္ရီကို စားခဲ့ပုံေပၚသည္။

ဟုန္ခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ တို႔က မထိန္းခ်ဳပ္ႏိုင္ပဲ သူမ မ်က္ႏွာကို ၾကည့္လိုက္ၾကသည္။ သူမ ၿပဳံးလိုက္သည္။ သူမ ႏႈတ္ခမ္းေတြက စေတာ္ဘယ္ရီ ေဖ်ာ္ရည္လိုမ်ိဳး နီရဲေနၿပီး အေရာင္ေတာက္ပေနကာ ေဖာ္ျပဖို႔ေတာင္ စကားလုံးေတြ စဥ္းစားလို႔မရေပ။

“မင္းတို႔ႏွစ္ေယာက္နဲ႔ အားလပ္ရက္မွာ ေတြ႕ၾကမယ္!”

“အိုေက၊ ဟြမ္ဟြမ္။ အားလပ္ရက္မွာ ေတြ႕ၾကမယ္!” လီဂ်င္းယြမ္ ကၿပဳံးျပလိုက္ၿပီး ႏူးညံ့စြာ ျပန္ေျဖလိုက္သည္။

ဟုန္ခ်န္းမင္း ကလက္သီးကို ဆုပ္ထားၿပီး ဘာမွမေျပာပဲ လွည့္ထြက္သြားၿပီး တစ္ခ်က္ၾကည့္ကာ သူမကို သူ႔အနီးနားမွာပဲ ထားခ်င္ခဲ့သည္။
*****

ေဇာင္ယုဟြမ္ ကထိုေန႔က လ်င္ျမန္စြာ ေရာက္လာမယ္လို႔ ေမွ်ာ္လင့္မထားခဲ့ေပ။ လန္ဂ်င္းဇီ ဆီက ဖုန္းကို လက္ခံရခ်ိန္တြင္ ထိုေန႔အတြက္ သူမအတန္းကို ၿပီးခ်ိန္သာ ရွိေသးသည္။ လန္ဂ်င္းဇီ ဖုန္းနဲ႔ေခၚေပမဲ့ အတြင္းေရးမႉးခ်န္း သာေျပာခဲ့သည္။

“မိန္းကေလးေဇာင္…. အိမ္ေတာ္မွာ တစ္ခုခု ျဖစ္ေနၿပီ။ အခ်ိန္ခနေလာက္ ယူၿပီး ျပန္လာခဲ့ပါလား?”

“ငါမနက္ျဖန္ ျပန္လာခဲ့မယ္” တစ္စုံတစ္ေယာက္က ဖုန္းကို ယူလိုက္ပုံေပၚၿပီးေနာက္ လန္ဂ်င္းဇီ ရဲ႕အသံက ထြက္လာခဲ့သည္။

“မင္းေရာက္ရင္ လန္အိမ္ကို အရင္ဆုံးလာခဲ့”

“အိုေက”

2.7.2020 (Thur)
…………………….

[text_hash] => 83e3f2ea
)

//qc
//QC2