Array
(
[text] =>
<Unicode>
မင်းရဲ့ ဆက်ဆံရေးတွေမှာ ဝင်ရှုပ်ရင် စိတ်ဆိုးမှာလား?
သူတို့ရောက်ပြီး ဒုတိယမြောက်နေ့တွင် နှင်းတွေက ကျလာခဲ့သည်။ မာရီယာ ကစိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
“စကိတ်စီးတဲ့ နေရာနဲ့ နီးတယ်။ ရက်အနည်းငယ်မှာ ရေကန်က ခဲသွားပြီး ဒီနေရာမှာ အတူတူ ကစားလို့ရနိုင်တယ်!”
တဖက်တွင် ဇောင်ယုဟွမ် ကအေးနေတာကြောင့် စကိတ်စီးတာတွေကို မလုပ်ချင်ပေ။ သူမက ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့ရဲ့အပေါ်ဝတ်ကို ပြန်ဝတ်လိုက်သည်။ စောင်ကို သူမခေါင်းကနေ ခြေထောက်အထိ ပတ်ထားပြီး တဲအပြင်ကို ထွက်လိုက်သည်။
ဇောင်ယုဟွမ် ကစောင်ကို ပတ်ထားရင်း တဲထဲကနေ ထွက်လာတာကို ပြင်သစ်ကောင်လေးက မြင်လိုက်ပြီး သူမဆီကို စိတ်လှုပ်ရှားစွာနဲ့ လျှောက်သွားခဲ့သည်။ ဒါပေမဲ့ လီဂျင်းယွမ် ထွက်လာတာကို မြင်လိုက်ချိန်တွင် နီးကပ်အောင် မသွားရဲတော့ပေ။
ပြင်သစ် ကောင်လေးက ပိုသိပြီး ရပ်သွားကာ ချက်ချင်းပင် လှည့်သွားပြီး တခြားဘက်ကို လျှောက်သွားလိုက်သည်။ ဇောင်ယုဟွမ် ကနည်းနည်း စိတ်ရှုပ်ထွေးသွားသည်။ သူမက လှည့်လိုက်ပြီး မေးလိုက်သည်။
“ဒီလိုမျိုးက အရမ်းရုပ်ဆိုးနေလို့လား?”
ရုပ်ဆိုးတာလား?
လီဂျင်းယွမ် သူမကို ကြည့်လိုက်သည်။ သူမ ဆံပင်တွေက မချည်ထားရသေးပေ။ စောင်ကလည်း သူမ တစ်ကိုယ်လုံးတွင် ပတ်ထားပြီး သူမဆံပင် အနည်းငယ်က အစီစဉ်မကျစွာဖြင့် မျက်နှာပေါ်ကို ကျနေသည်။
သူမပုံစံက အတော်လေးကို ချစ်ဖို့ကောင်းသည်။ သူ့လက်မောင်းတွေကို ဆန့်လိုက်ပြီး သူမကို ဖက်လိုက်ရင် သူမတစ်ကိုယ်လုံးက သူ့ကိုယ်ထဲမှာ ပျောက်သွားလိမ့်မယ်။
သူမက ရုပ်မဆိုးရုံသာမက အခုချိန်တွင် အတော်လေးကို ဆွဲဆောင်မှု ရှိနေသည်။ သူမခန္ဓာကိုယ် တစ်ခုလုံးက နူးညံ့နေပြီး ချစ်ဖို့ကောင်းကာ သူတို့ရဲ့ လက်တွေထဲမှာပဲ သူမကို ထားချင်ခဲ့သည်။
“ဟင့်အင်း၊ ရုပ်မဆိုးပါဘူး” လီဂျင်းယွမ် ကနူးညံ့စွာ ပြောလိုက်သည်။ ဇောင်ယုဟွမ် ကပိုပြီး စိတ်ရှုပ်ထွေးသွားသည်။
“ဒါဆို သူက ငါ့ဆီကနေ ထွက်ပြေးသွားတာလဲ?”
“ဒါက အရမ်းအေးလို့ သူ့စိတ်တွေ လွတ်သွားတာနေလိမ့်မယ်” လီဂျင်းယွမ် ကပုံမှန်အတိုင်းပင် ပြောလိုက်သည်။
“သူတို့နဲ့ သွားမကစားဘူးလား?” ဇောင်ယုဟွမ် ကတခြားသူတွေဆီကို လက်ညှိုးထိုးလိုက်ပြီး မေးလိုက်သည်။
သူတို့က စကိတ်စီးဖို့ ပစ္စည်းတွေကို သယ်လာကြပြီး တောင်တစ်ဝက်လောက်ကို လမ်းလျှောက်ကြတော့မှာ ဖြစ်သည်။ လီဂျင်းယွမ် ကမျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်သည်။
“တောင်ပေါ်မှာဆိုရင် ပိုတောင် အေးဦးမယ်။ ရာသီဥတုက ပိုဆိုးလာရင် ဒီနေရာကို ပြန်လာဖို့က အာမခံချက် မရှိဘူး”
သူပြောတာက အဓိပ်ပ္ပါယ်ရှိတယ်လို့ ဇောင်ယုဟွမ် ထင်လိုက်သည်။ သူမ လှည့်လိုက်ပြီး တဲထဲကို ကြည့်လိုက်ကာ ဟုန်ချန်းမင်း ကစားပွဲလေး အရှေ့တွင် ထိုင်နေတာကို မြင်လိုက်သည်။
သူ့ခေါင်းကို လက်ပေါ်တွင် တင်ထားရင်း သူ့ကျောက ကွေးနေသည်။ သူက ပင်ပန်းလို့ အိပ်ပျော်နေတုန်းပင်။
“မင်းတို့တွေ ထပ်မကစားဘူးလား?” ဇောင်ယုဟွမ် မေးလိုက်သည်။ လီဂျင်းယွမ် ခေါင်းခါလိုက်သည်။
“ဟင့်အင်း၊ ငါတို့တွေ အဆင်ပြေပါတယ်” ဒီနေရာကို လာပြီး ပျော်ဖို့အတွက် သူတို့အာရုံတွေက ဘယ်တုန်းကမှ မရှိခဲ့ပေ။
“ဒါဆို အထုပ်တွေ ထည့်ပြီး အိမ်ပြန်ကြမလား?” ဇောင်ယုဟွမ် ပြောလိုက်ပြီး ဟုန်ချန်းမင်း ဆီကို ကြည့်ဖို့ မတားဆီးနိုင်ပဲ ထပ်ကြည့်လိုက်သည်။
သူက အရမ်းကို ပင်ပန်းနေရင် ဒီနေရာကို သူမနဲ့ လိုက်ခဲ့ဖို့ သူ့ဘာသာ တွန်းအားပေးဖို့ မလိုအပ်ပါဘူး။
“အင်း၊ အိုကေ” လီဂျင်းယွမ် ပြုံးလိုက်သည်။
“အိမ်ပြန်ရအောင်” လီဂျင်းယွမ် ကအထဲကို ဝင်လိုက်ပြီး ဇောင်ယုဟွမ် နဲ့အတူ အထုပ်တွေကို သိမ်းဆည်းလိုက်သည်။
တဖက်တွင် ဟုန်ချန်းမင်း ဆီကို လျှောက်သွားပြီး သူ့ကို နှိုးလိုက်သည်။ ဟုန်ချန်းမင်း ကသူ့နဖူးကို ပွတ်သပ်လိုက်ပြီး မေးလိုက်သည်။
“ငါအိပ်ပျော်သွားတာ ဘယ်လောက်ကြာပြီလဲ?”
“သိပ်မကြာပါဘူး။ ကားထဲရောက်မှ ဆက်အိပ်” ဟုန်ချန်းမင်း ရဲ့မျက်နှာက နောက်ဆုံးတော့ ပြေလျော့သွားသည်။ ဇောင်ယုဟွမ် မျက်မှောင်ကြုတ်လိုက်သည်။
လီဂျင်းယွမ် ကလျှောက်လာပြီး ပြောလိုက်သည်။ “ငါ ဝေ့ကော ကိုခေါ်ပြီးသွားပြီး မကြာခင်မှာ ယာဉ်မောင်းက ငါတို့ကို ဒီနေရာမှာ လာခေါ်လိမ့်မယ်” ဟုန်ချန်းမင်း က ဇောင်ယုဟွမ် ကိုကြည့်လိုက်သည်။
“ငါတို့ ပြန်တော့မှာလား? ဟွမ်ဟွမ် ဒီမှာ အချိန်နည်းနည်းလောက် ဆက်မနေချင်ဘူးလား?” ဇောင်ယုဟွမ် ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။
“ဒီခရီးက အသစ်တွေ ဘာမှမရှိဘူး။ နောက်ပြီး ဒါက ပိုအေးလာမဲ့ပုံပဲ။ အိမ်ပဲ ပြန်ရအောင်။ ကျောင်းက မကြာခင်မှာ ပြန်စတော့မယ်”
ဟုန်ချန်းမင်း ခေါင်းညိတ်လိုက်သည်။ ဒီနေရာကို သူလိုက်လာတာက လန်ဒန်၊ ဂျိုးဆက်၊ မာရီယာ၊ စတာ စတာတွေက ဘယ်သူတွေလဲဆိုတာ သိချင်လာ လာစစ်ဆေးတာ ဖြစ်သည်….
အခုတော့ သူတို့အားလုံးနဲ့ တွေ့ဖူးပြီးသွားပြီး ဒီနေရာတွင် ဆက်နေဖို့ မလိုတော့ပေ။ ကလေးဆန်တဲ့ ဟုန်ချန်းမင်း ကမရှိတော့ဘူး။
စခန်းချတာ၊ ဂိမ်းတွေ၊ စကိတ်စီးတာတွေ အားလုံးက သူ့အတွက်တော့ အသစ်အဆန်း မဟုတ်ပေ။ ဒါတွေက သူ့အာရုံကို မဖမ်းစားနိုင့်တော့ပေ။
သူတို့သုံးယောက်က အထုပ်အပိုးတွေကို သိမ်းဆည်းပြီး သူတို့တဲအပြင်ကို ကျောပိုးအိတ်တွေ၊ အိတ်တွေကို ထုတ်လိုက်ချိန်တွင် မာရီယာ ကသူတို့ဆီကို လာခဲ့သည်။
“မင်းတို့တွေ့ စကိတ်စီးဖို့ မသွားဘူးလား?” မာရီယာ ကနောင်တရသည့် အကြည့်နဲ့ မေးလိုက်သည်။
“ဟင့်အင်း။ အဲ့လိုမထင်ဘူး။ ဒါက အရမ်းအေးတယ်” ဇောင်ယုဟွမ် ကပြောလိုက်ပြီး သူမကိုယ်က စောင်ကို အရင်ကထက်ပင် ပိုတင်းနေအောင် ဆွဲလိုက်သည်။
စောင်က ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့ရဲ့ အပေါ်ဝတ်တွေထက် ပိုအလုပ်ဖြစ်တယ်လို့ ခံစားလိုက်ရသည်။ မာရီယာ က ဇောင်ယုဟွမ် ရဲ့မျက်နှာလေးကို ကြည့်လိုက်ပြီး သူမပါးတွေက အနည်းငယ် ဖြူဖွေးနေတာကို မြင်လိုက်သည်။ သူမအတွက် စိတ်မကောင်းသလို ခံစားသွားရပြီး တခြားဘာမှ မပြောနိုင်တော့ပေ။
“အိုကေ၊ နောက်တစ်ခါကျရင် လယ်ယာတွေဘက် တစ်နေရာရာကို သွားကြမယ်။ နွေရာသီ ရောက်လာရင် မင်းအတွက် သစ်သီးတွေနဲ့ နို့ညှစ်ဖို့ ခေါ်သွားပေးမယ်” မာရီယာ ကပြောလိုက်သည်။
“အိုကေ၊ မင်းတို့လည်း စကိတ်စီးတာမှာ ပျော်ပါစေ။ အခုတော့ နှုတ်ဆက်ပါတယ်” ဇောင်ယုဟွမ် ကသူမကို လက်ဝှေ့ယမ်းပြပြီး နှုတ်ဆက်လိုက်သည်။
တဖက်တွင် မာရီယာ ကသူမ မလှည့်ခင် လေထဲကနေ အနမ်းတစ်ပွင့်ကို ပေးလိုက်ပြီး လျှောက်သွားလိုက်သည်။
လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ရဲ့ မျက်နှာအရောင်က ချက်ချင်းပင် ပြောင်းလဲသွားသည်။ အထူးသဖြင့် ဟုန်ချန်းမင်း မျက်နှာက ချက်ချင်းပင် မဲမှောင်သွားလေသည်။
ဇောင်အိမ်တော် နောက်ကွယ်တွင် သူတို့က ဇောင်ယုဟွမ် နဲ့အတူ နိုင်ငံကနေ ထွက်သွားဖို့ ဆန္ဒရှိကြသည်။ ထို့နောက် သူတို့ သုံးယောက်ထဲသာ ရှိနိုင်ပြီး တစ်ယောက်နဲ့ တစ်ယောက် ဂရုစိုက်ပြီး အတူတူ နေနိုင်ကြမှာ ဖြစ်သည်။
အခုတော့ သူတို့က ဒီကို ရောက်နေကြပြီး သူတို့နိုင်ငံကိုသာ ပြန်သွားဖို့ဆိုတာက မကောင်းတဲ့ ရွေးချယ်မှု မဟုတ်ဘူးလို့ ရုတ်တရက် ထင်သွားကြသည်။
အနည်းဆုံးတော့ တစ်စုံတစ်ယောက်က ဇောင်ယုဟွမ် ကိုဘယ်အချိန်၊ ဘယ်နေရာဖြစ်ဖြစ် သူတို့ရဲ့ ချစ်ခင်စိတ်တွေကို စိတ်အားထက်သန်သန်နဲ့ ပြသမှာ မဟုတ်ဘူး။
သူတို့က တောင်ပေါ်ကို ဦးတည်သွားနေတာကြောင့် စခန်းချထားသည့် နေရာတွင် လူအရေအတွက်က တဖြည်းဖြည်း နည်းပါးလာခဲ့သည်။ မကြာခင်မှာပဲ ပတ်ဝန်းကျင်က လေတိုးသံကြောင့် သစ်ရွက်လှုပ်သည့် အသံကိုသာ ကြားရလေသည်။
ဇောင်ယုဟွမ် ကခေါင်းကို စောင်းလိုက်ပြီး လီဂျင်းယွမ် ကိုကြည့်ပြီးနောက် ဟုန်ချန်းမင်း ကိုကြည့်လိုက်ပြီး မေးလိုက်သည်။
“ငါမပျော်မှာကို မင်းတို့တွေ့ အရမ်းစိုးရိမ်နေတာလား?” လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့နှစ်ယောက်လုံးက အံ့အားသင့်သွားပြီး သူမဆီက မေးခွန်းကို ဖြေဖို့ ဘယ်သူမှ မမျှော်လင့်ထားပေ။
ဟုန်ချန်းမင်း ကစကား တစ်လုံးတောင် မပြောပေ။ လီဂျင်းယွမ် က ဇောင်ယုဟွမ် ရဲ့အကြည့်ကို လျင်မြန်စွာ လေ့လာပြီးနောက် ပြန်ဖြေလိုက်သည်။
“သေချာတာပေါ့၊ ငါတို့က မင်းကို အမြဲတမ်း ပျော်ရွှင်စေချင်တယ်။ ဒါက ငါတို့ ဇောင်အိမ်တော်ကို စရောက်ကတည်းက တွေးမိတဲ့အရာပဲ”
“ရိုးရိုးသားသား ပြောရရင်၊ မင်းတို့က ပင်ပန်းနေရင် ငါ့အတွက်နဲ့ ဘယ်လှုပ်ရှားမှုကိုမှ ပါဝင်ဖို့ မလိုအပ်ပါဘူး။ ဒီအတွက်ကြောင့် ငါမပျော်နိုင်ဘူး”
နောက်ဆုံးတော့ ဇောင်ယုဟွမ် ကစဉ်းစားထားတဲ့ အကြောင်းကို ပြောလိုက်သည်။
“ကောင်းပြီ” လီဂျင်းယွမ် ကပြုံးလိုက်သည်။
“ဒါကို စိတ်ထဲမှတ်ထားလိုက်မယ်” လီဂျင်းယွမ် ရဲ့အပြုံးက လိမ်ညာနေပြီး ဘာကိုဆိုလိုချင်လဲဆိုတာ ဇောင်ယုဟွမ် မပြောနိုင်ပေ။
ထို့နောက် ဇောင်ယုဟွမ် က ဟုန်ချန်းမင်း ကိုကြည့်လိုက်ပေမဲ့ သူကတော့ အသံတစ်သံတောင် မထွက်ပေ။
ထို့နောက် ကားက ရောက်လာခဲ့သည်။ ကားပါကင်ထိုးပြီးနောက် ယာဉ်မောင်းက ထွက်လာပြီး သူတို့ရဲ့ အိတ်တွေကို ကူသယ်ပေးလိုက်သည်။ ကားပေါ်ကို တင်ပြီးနောက်တွင် သူတို့ရဲ့ ခရီးကနေ ပြန်လာခဲ့ကြသည်။
ဇောင်ယုဟွမ် ကအရင်ဆုံး ကားထဲဝင်လိုက်ပြီး အနောက်ဆုံးတန်းကို ယူလိုက်သည်။ လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ကလည်း တစ်ယောက်ပြီး တစ်ယောက် ဝင်လိုက်ကြကာ ဒုတိယတန်း နဲ့တခြားကို ယူလိုက်ကြသည်။
လီဂျင်းယွမ် ကယာဉ်မောင်းကို စကားအနည်းငယ် ပြောပြီးနောက်တွင် ကားက ထွက်ခွာလာခဲ့သည်။ သူမစောင်ကို ပတ်ထားပြီး အပူချိန်က အနေတော်ဖြစ်ကာ ဇောင်ယုဟွမ် ကသူမ မျက်လုံးတွေကို မှိတ်ထားပြီး အိပ်လိုက်သည်။
သူမ နိုးလာချိန်တွင် သူတို့ခရီးက မိနစ် ၃၀ သာရှိသေးသည်။ လီဂျင်းယွမ် ကသူ့ခုံတွင် အိပ်ပျော်နေခဲ့သည်။
တဖက်တွင် ဟုန်ချန်းမင်း ကနိုးနေခဲ့သည်။ သူ့ခေါင်းက ငုံ့နေပြီး သူ့ဖုန်းက တခုခုကို စာပြန်နေခဲ့သည်။ ဇောင်ယုဟွမ် ကတဖြည်းဖြည်း ထိုင်လိုက်ပြီး ဟုန်ချန်းမင်း ကျောကို လက်ချောင်း တစ်ချောင်းနဲ့ ထိုးလိုက်သည်။
ဟုန်ချန်းမင်း ကအချိန်အနည်းငယ် အေးခဲသွားပြီး သူ့ခေါင်းကို လှည့်လိုက်ကာ မေးလိုက်သည်။
“မင်းနိုးပြီလား?” သူ့အသံက အတော်လေးကို တိုးသည်။ ဒါက ဆွဲဆောင်မှုရှိသည့် ထူးခြားချက် ဖြစ်ခဲ့သည်။
ဇောင်ယုဟွမ် ခေါင်းညိတ်လိုက်သည်။ သူ့ခုံတွင် မှီလိုက်ပြီး နူးညံ့စွာ မေးလိုက်သည်။
“ကိုကိုချန်းမင်း၊ အစောက ငါ့မေးခွန်းကို ဘာလို့မဖြေတာလဲ?” ဟုန်ချန်းမင်း ကသူ့ခေါင်းကို ဆက်ငုံ့ထားခဲ့သည်။
“ဘာမေးခွန်းလဲ?” ဇောင်ယုဟွမ် လက်ညှိုးနဲ့ ထပ်ထိုးလိုက်ပြီး ပြောလိုက်သည်။
“ကိုကိုချန်းမင်း ကဘာကြောင့် ဒီလိုဖြစ်နေတာလဲ?” ဟုန်ချန်းမင်း အချိန်အနည်းငယ်လောက် ရပ်သွားပြီး မေးခွန်းကို တခြားမေးခွန်းနဲ့ ပြန်ဖြေလိုက်သည်။
“ဘယ်လိုမျိုးလဲ?”
ဇောင်ယုဟွမ် ကသူ့အကြောင်းကို လေ့လာခဲ့သည်။ သူ့ခံစားချက်တွေကို မနာကျင်စေချင်ပဲ နူးညံ့စွာ ပြောလိုက်သည်။
“ကောင်းပြီ၊ ကိုကိုချန်းမင်း ကအမြဲတမ်း လေးနက်တာကို သိပါတယ်။ ဒါပေမဲ့ ဒါက အဓိကအချက် မဟုတ်ပါဘူး။ အစောက ငါ့မေးခွန်းကို မင်း…. မဖြေခဲ့ဘူး”
ဟုန်ချန်းမင်း ကသူ့ဖုန်းကို ပိတ်လိုက်ပြီး ခေါင်းကို နည်းနည်း စောင်းလိုက်ကာ ပြောလိုက်သည်။
“ငါအဲ့လိုလုပ်ချင်တယ်”
“ဟမ်?” အခုတော့ ဇောင်ယုဟွမ် အံ့ဩရမဲ့ အလှည့်ဖြစ်သည်။
“မင်းနဲ့ အရာရာတိုင်းကို လုပ်ချင်တယ်။ ဒါက ငါအလိုရှိလို့ လုပ်တာပဲ” ဟုန်ချန်းမင်း ကလေးနက်သည့် အသံနဲ့ ပြောလိုက်သည်။
သူ့ဆီကနေ ငါ-ဘာ-ပဲ-လုပ်-လုပ်- ငါ-လုပ်-ချင်-လို့- လုပ်-တာ ဆိုတဲ့ လေထုက ထွက်နေခဲ့သည်။
သူ့အဖြေကြောင့် ဇောင်ယုဟွမ် အနည်းငယ် အံ့ဩသွားသည်။ ဟုန်ချန်းမင်း ကရုတ်တရက်ကြီး မေးလိုက်သည်။
“လီဂျင်းယွမ် နဲ့ငါက မင်းရဲ့ ဆက်ဆံရေးမှာ ဝင်နှောင့်ယှက်ရင် စိတ်ဆိုးမှာလား?”
ဇောင်ယုဟွမ် ကခေါင်းခါလိုက်ပြီး “ဟင့်အင်း၊ ဒီအကြောင်းနဲ့ စိတ်မဆိုးပါဘူး။ ငါအရင်က ပြောခဲ့သလိုမျိုးပဲ မင်းတို့နှစ်ယောက်ကို တကယ်ပဲ ငါ့မိသားစုအဖြစ်နဲ့ မှတ်ထားခဲ့တာ။ ဒါကြောင့် မိသားစုမှာ အထူးအခွင့်အရေးတွေ ရှိတယ်။ မင်းက ငါ့အစ်ကို၊ သေချာပေါက် ငါ့အကြောင်းနဲ့ ငါ့စီးပွားရေး ကိစ္စတွေမှာ ဝင်ပါပြီး ဂရုစိုက်ပေးရမှာပေါ့”
ဟုန်ချန်းမင်း ပြန်ဖြေလိုက်သည်။ “အင်း”
သူတို့ ခရစ်စမတ်ကဒ်တွေ ဖွင့်တုန်းက အကြောင်းကို ဟုန်ချန်းမင်း ပြန်တွေးလိုက်သည်။ မဟုတ်ဘူး၊ အဲ့ဒါထက်တောင် စောသေးတယ်။
သူတို့ ဇောင်အိမ်တော်ကို ရောက်ပြီး မကြာခင်မှာပဲ သူမအမေက သူမကို တခြားကောင်လေး တစ်ယောက်နဲ့ စေ့စပ်ပေးထားခဲ့ပြီး သူမက ဆုံးသွားခဲ့သည်။ သခင်လေးနန် လို့ခေါ်တဲ့ သူက သူတို့ရှေ့မှာ ပေါ်လာချိန်တွင် သူ့စိတ်တွေ တင်းမာသွားခဲ့သည်။ ဒါက ပိုင်ဆိုင်ချင်တဲ့ စိတ်ပဲ။
ဟုန်ချန်းမင်း ဒီလိုမျိုး မလိုချင်ပေမဲ့ သူခံစားနေရတဲ့ ဒီအရာကို မထိန်းချုပ်နိုင်ပေ။ လူမှုဖူလုံရေးတွင် သူရှိနေချိန်က ဒီအရာကို သင်ယူခဲ့ပြီး ဖြစ်သည်။ မင်း ဘာပဲလိုချင်လိုချင် မင်းအပိုင်ဖြစ်ဖို့ တိုက်ခိုက်ရန် လိုအပ်သည်။
အဝတ်အစား၊ အစားအသောက်၊ မွေးစားခံရဖို့ အခွင့်အရေး ဖြစ်နေပါစေ။ မင်းကိုယ်ပိုင် လမ်းကြောင်းကို မဆုပ်ကိုင်ထားနိုင်ရင် ဘယ်သူ့ဆီကမှ ကိုယ်ချင်းစာတရား ရမှာမဟုတ်ဘူး။ အဲ့နေရာမှာရှိတဲ့ လူတိုင်းက သနားဖို့ကောင်းပြီး ဘယ်သူကမှ တခြားသူကို အပိုသနားဖို့ မရှိဘူး။
သူက ဆွဲဆောင်နိုင်မှု အတော်လေး နည်းပါးသည်။ ဒါက အရမ်းကို နည်းပါးပေမဲ့ ဇောင်ယုဟွမ် ကိုဆွဲဆောင်ချင်ခဲ့တယ်။
အချိန်တွေ ကုန်ဆုံးလာရင်းနဲ့ အရာများများကို ပိုပိုပြီး ဆွဲဆောင်နိုင်ခဲ့တာတောင် ဒီပိုင်ဆိုင်လိုစိတ်က သူ့အရိုးထဲ ဗီဇထဲကိုတောင် ထွင်းထုနေခဲ့သည်။ သူမကို သူ့စက်ဝန်းထဲမှာ ထားချင်ခဲ့သည်။ ဒါက သူ့ကို အကြီမားဆုံး ကျေနပ်မှုနဲ့ ငြိမ်းအေးမှုကို ဖြစ်စေနိုင်သည်။
ဟုန်ချန်းမင်း ကသူ့ဘာသာ ပြန်စုစည်းလိုက်ပြီး ပြန်ကြည့်လိုက်ကာ မေးလိုက်သည်။ “ပိုပြီးအိပ်ချင်သေးလား?” ဇောင်ယုဟွမ် ခေါင်းခါလိုက်သည်။
“ဟင့်အင်း၊ ငါအရမ်းအိပ်ပြီးသွားပြီ၊ ထပ်အိပ်လို့ မရတော့ဘူး။ ကိုကိုချန်းမင်း ကပိုပြီး အိပ်သင့်တယ်။ မင်းက အရမ်းပင်ပန်းနေတယ်”
“ငါမပင်ပန်းပါဘူး” ဟုန်ချန်းမင်း ကသူ့ဖုန်းကို ပြန်ဖွင့်လိုက်ပြီး ပြောလိုက်သည်။
“ငါမင်းနဲ့ ဂိမ်းကစားမယ်” ဇောင်ယုဟွမ် ကသူမခုံကို လှည့်လိုက်ပြီး ဟုန်ချန်းမင်း ရဲ့ထိုင်ခုံအနောက်ကနေ ဆောင့်ကြောင့်ထိုင်လိုက်သည်။ သူမလက်ကို ထုတ်လိုက်ပြီး သူ့မျက်လုံးတွေကို မှိတ်လိုက်ပြီး ပြောလိုက်သည်။
“အိုကေ၊ ဒီအချက်ကနေ စမယ်၊ အတန်းဖော်ဟုန် ကသူ့မျက်လုံးတွေကိုပဲ ဆက်ပိတ်ထားရမယ်။ သူ့မျက်လုံးတွေကို ထပ်ဖွင့်ဖို့ ခွင့်မပြုဘူး”
ထိုစကားကို ပြောလိုက်ပြီး သူမဘာသာ စောင်ထဲက ထွက်လိုက်ပြီး စောင်ကို ဟုန်ချန်းမင်း အပေါ်မှာ ထားလိုက်ကာ “ဒါကို အချိန်ခနလောက် ငှားလိုက်မယ်။ ဒါနဲ့ ကိုယ့်ဘာသာ ပတ်ထား” ဟုန်ချန်းမင်း ကသူ့ဘာသာ စောင်ကို ပတ်လိုက်ပြီး ပြောလိုက်သည်။
“အိုကေ၊ ငါ့မျက်လုံးတွေကို မှိတ်ထားလိုက်မယ်။ မင်းအခု လွှတ်နိုင်ပြီ”
ဒီပုံစံက နည်းနည်း အဆင်မပြေတာကြောင့် ဇောင်ယုဟွမ် ကသူမလက်တေါကို နာခံစွာနဲ့ ပြန်ယူလိုက်သည်။
“အိပ်တော့”
“အင်း” ကားအတွင်းတွင် ပုံမှန်လို ပြန်တိတ်ဆိတ်သွားခဲ့သည်။
နောက်ဆုံးတွင် ဇောင်ယုဟွမ် ကခုံပေါ်ကို ပြန်လှဲချလိုက်ပြီး သူမဖုန်းထဲတွင် တစ်ယောက်တည်း ကစားရသည့် ဂိမ်းကို ကစားလိုက်သည်။
ဒုတိယတန်း ဘယ်ဘက်တွင် လီဂျင်းယွမ် ရဲ့မျက်လုံးတွေက ဖြေးညှင်းစွာ ပွင့်လာခဲ့သည်။ ဒါပေမဲ့ ကားမျက်နှာကျက်ကို ကြည့်လိုက်ပြီး သူ့မျက်လုံးတွေက ထပ်မှိတ်သွားခဲ့သည်။
သူမရဲ့ ဆက်ဆံရေးမှာ ဟုန်ချန်းမင်း နဲ့သူတို့က ဝင်နှောင့်ယှက်ရင် ဇောင်ယုဟွမ် စိတ်ဆိုးမလားဆိုတာ သူလည်းသိချင်သည်။ ဒါပေမဲ့ ကျယ်ကျယ် မမေးခဲ့ပေ။
မေးခွန်းအားလုံးနဲ့ အမှန်တရားကို သူ့စိတ်ထဲမှာပဲ ဖုံးကွယ်ထားတာက သူ့ကိုယ်ပိုင် အရည်အသွေးဖြစ်သည်။ ဒါနဲ့ပတ်သက်ပြီး ၁၀၀ ရာခိုင်နှုန်း ယုံကြည်မှု မရှိချိန်မှာ ဒါကို ကျယ်ကျယ် ထုတ်မပြောရဲပေ။
အတိတ်တုန်းက လီဂျင်းယွမ် ကဘာမှမဟုတ်ပေ။ ဒါပေမဲ့ လူမှုဖူလုံရေးကနေ ထွက်လာပြီးနောက် လီဂျင်းယွမ် ကသူလုပ်တဲ့အရာတွေပေါ်မှာ အကျိုးခံစားနိုင်တဲ့ သူတစ်ယောက် ဖြစ်လာပြီး မှီခိုအားထားနိုင်သည့် လူတစ်ယောက် ဖြစ်လာခဲ့သည်။
သူမအပေါ်မှာ ကောင်းချင်တယ်။ နောက်ပြီး သူကမ်းလှမ်းထားတဲ့ သာယာမှုတွေနဲ့အတူ အချိန်အတော်ကြာ သူမကို စောင့်ရှောက်ပေးချင်တယ်။ ဒီလိုမျိုး ဘယ်လောက်ကြာအောင် သူလုပ်နိုင်မလဲ?
ဒီမေးခွန်းက သူ မဖြေနိုင်ခဲ့ဘူး။ ဒီအိမ်ကို အချိန်အတော်ကြာကတည်းက တည်ဆောက်ထားခဲ့ပြီး ဘယ်သူကမှ လာပြီး သူ့ဆီကနေ ဇောင်ယုဟွမ် ကိုဆွဲထုတ် မသွားနိုင်တော့ဘူး။
1.7.2020 (Wed)
…………………….
<Zawgyi>
မင္းရဲ႕ ဆက္ဆံေရးေတြမွာ ဝင္ရႈပ္ရင္ စိတ္ဆိုးမွာလား?
သူတို႔ေရာက္ၿပီး ဒုတိယေျမာက္ေန႔တြင္ ႏွင္းေတြက က်လာခဲ့သည္။ မာရီယာ ကစိတ္လႈပ္ရွားစြာျဖင့္ ေျပာလိုက္သည္။
“စကိတ္စီးတဲ့ ေနရာနဲ႔ နီးတယ္။ ရက္အနည္းငယ္မွာ ေရကန္က ခဲသြားၿပီး ဒီေနရာမွာ အတူတူ ကစားလို႔ရႏိုင္တယ္!”
တဖက္တြင္ ေဇာင္ယုဟြမ္ ကေအးေနတာေၾကာင့္ စကိတ္စီးတာေတြကို မလုပ္ခ်င္ေပ။ သူမက ဟုန္ခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ တို႔ရဲ႕အေပၚဝတ္ကို ျပန္ဝတ္လိုက္သည္။ ေစာင္ကို သူမေခါင္းကေန ေျခေထာက္အထိ ပတ္ထားၿပီး တဲအျပင္ကို ထြက္လိုက္သည္။
ေဇာင္ယုဟြမ္ ကေစာင္ကို ပတ္ထားရင္း တဲထဲကေန ထြက္လာတာကို ျပင္သစ္ေကာင္ေလးက ျမင္လိုက္ၿပီး သူမဆီကို စိတ္လႈပ္ရွားစြာနဲ႔ ေလွ်ာက္သြားခဲ့သည္။ ဒါေပမဲ့ လီဂ်င္းယြမ္ ထြက္လာတာကို ျမင္လိုက္ခ်ိန္တြင္ နီးကပ္ေအာင္ မသြားရဲေတာ့ေပ။
ျပင္သစ္ ေကာင္ေလးက ပိုသိၿပီး ရပ္သြားကာ ခ်က္ခ်င္းပင္ လွည့္သြားၿပီး တျခားဘက္ကို ေလွ်ာက္သြားလိုက္သည္။ ေဇာင္ယုဟြမ္ ကနည္းနည္း စိတ္ရႈပ္ေထြးသြားသည္။ သူမက လွည့္လိုက္ၿပီး ေမးလိုက္သည္။
“ဒီလိုမ်ိဳးက အရမ္း႐ုပ္ဆိုးေနလို႔လား?”
႐ုပ္ဆိုးတာလား?
လီဂ်င္းယြမ္ သူမကို ၾကည့္လိုက္သည္။ သူမ ဆံပင္ေတြက မခ်ည္ထားရေသးေပ။ ေစာင္ကလည္း သူမ တစ္ကိုယ္လုံးတြင္ ပတ္ထားၿပီး သူမဆံပင္ အနည္းငယ္က အစီစဥ္မက်စြာျဖင့္ မ်က္ႏွာေပၚကို က်ေနသည္။
သူမပုံစံက အေတာ္ေလးကို ခ်စ္ဖို႔ေကာင္းသည္။ သူ႔လက္ေမာင္းေတြကို ဆန႔္လိုက္ၿပီး သူမကို ဖက္လိုက္ရင္ သူမတစ္ကိုယ္လုံးက သူ႔ကိုယ္ထဲမွာ ေပ်ာက္သြားလိမ့္မယ္။
သူမက ႐ုပ္မဆိုး႐ုံသာမက အခုခ်ိန္တြင္ အေတာ္ေလးကို ဆြဲေဆာင္မႈ ရွိေနသည္။ သူမခႏၶာကိုယ္ တစ္ခုလုံးက ႏူးညံ့ေနၿပီး ခ်စ္ဖို႔ေကာင္းကာ သူတို႔ရဲ႕ လက္ေတြထဲမွာပဲ သူမကို ထားခ်င္ခဲ့သည္။
“ဟင့္အင္း၊ ႐ုပ္မဆိုးပါဘူး” လီဂ်င္းယြမ္ ကႏူးညံ့စြာ ေျပာလိုက္သည္။ ေဇာင္ယုဟြမ္ ကပိုၿပီး စိတ္ရႈပ္ေထြးသြားသည္။
“ဒါဆို သူက ငါ့ဆီကေန ထြက္ေျပးသြားတာလဲ?”
“ဒါက အရမ္းေအးလို႔ သူ႔စိတ္ေတြ လြတ္သြားတာေနလိမ့္မယ္” လီဂ်င္းယြမ္ ကပုံမွန္အတိုင္းပင္ ေျပာလိုက္သည္။
“သူတို႔နဲ႔ သြားမကစားဘူးလား?” ေဇာင္ယုဟြမ္ ကတျခားသူေတြဆီကို လက္ညႇိဳးထိုးလိုက္ၿပီး ေမးလိုက္သည္။
သူတို႔က စကိတ္စီးဖို႔ ပစၥည္းေတြကို သယ္လာၾကၿပီး ေတာင္တစ္ဝက္ေလာက္ကို လမ္းေလွ်ာက္ၾကေတာ့မွာ ျဖစ္သည္။ လီဂ်င္းယြမ္ ကမ်က္ေမွာင္ၾကဳတ္လိုက္ၿပီး ေျပာလိုက္သည္။
“ေတာင္ေပၚမွာဆိုရင္ ပိုေတာင္ ေအးဦးမယ္။ ရာသီဥတုက ပိုဆိုးလာရင္ ဒီေနရာကို ျပန္လာဖို႔က အာမခံခ်က္ မရွိဘူး”
သူေျပာတာက အဓိပ္ပၸါယ္ရွိတယ္လို႔ ေဇာင္ယုဟြမ္ ထင္လိုက္သည္။ သူမ လွည့္လိုက္ၿပီး တဲထဲကို ၾကည့္လိုက္ကာ ဟုန္ခ်န္းမင္း ကစားပြဲေလး အေရွ႕တြင္ ထိုင္ေနတာကို ျမင္လိုက္သည္။
သူ႔ေခါင္းကို လက္ေပၚတြင္ တင္ထားရင္း သူ႔ေက်ာက ေကြးေနသည္။ သူက ပင္ပန္းလို႔ အိပ္ေပ်ာ္ေနတုန္းပင္။
“မင္းတို႔ေတြ ထပ္မကစားဘူးလား?” ေဇာင္ယုဟြမ္ ေမးလိုက္သည္။ လီဂ်င္းယြမ္ ေခါင္းခါလိုက္သည္။
“ဟင့္အင္း၊ ငါတို႔ေတြ အဆင္ေျပပါတယ္” ဒီေနရာကို လာၿပီး ေပ်ာ္ဖို႔အတြက္ သူတို႔အာ႐ုံေတြက ဘယ္တုန္းကမွ မရွိခဲ့ေပ။
“ဒါဆို အထုပ္ေတြ ထည့္ၿပီး အိမ္ျပန္ၾကမလား?” ေဇာင္ယုဟြမ္ ေျပာလိုက္ၿပီး ဟုန္ခ်န္းမင္း ဆီကို ၾကည့္ဖို႔ မတားဆီးႏိုင္ပဲ ထပ္ၾကည့္လိုက္သည္။
သူက အရမ္းကို ပင္ပန္းေနရင္ ဒီေနရာကို သူမနဲ႔ လိုက္ခဲ့ဖို႔ သူ႔ဘာသာ တြန္းအားေပးဖို႔ မလိုအပ္ပါဘူး။
“အင္း၊ အိုေက” လီဂ်င္းယြမ္ ၿပဳံးလိုက္သည္။
“အိမ္ျပန္ရေအာင္” လီဂ်င္းယြမ္ ကအထဲကို ဝင္လိုက္ၿပီး ေဇာင္ယုဟြမ္ နဲ႔အတူ အထုပ္ေတြကို သိမ္းဆည္းလိုက္သည္။
တဖက္တြင္ ဟုန္ခ်န္းမင္း ဆီကို ေလွ်ာက္သြားၿပီး သူ႔ကို ႏႈိးလိုက္သည္။ ဟုန္ခ်န္းမင္း ကသူ႔နဖူးကို ပြတ္သပ္လိုက္ၿပီး ေမးလိုက္သည္။
“ငါအိပ္ေပ်ာ္သြားတာ ဘယ္ေလာက္ၾကာၿပီလဲ?”
“သိပ္မၾကာပါဘူး။ ကားထဲေရာက္မွ ဆက္အိပ္” ဟုန္ခ်န္းမင္း ရဲ႕မ်က္ႏွာက ေနာက္ဆုံးေတာ့ ေျပေလ်ာ့သြားသည္။ ေဇာင္ယုဟြမ္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။
လီဂ်င္းယြမ္ ကေလွ်ာက္လာၿပီး ေျပာလိုက္သည္။ “ငါ ေဝ့ေကာ ကိုေခၚၿပီးသြားၿပီး မၾကာခင္မွာ ယာဥ္ေမာင္းက ငါတို႔ကို ဒီေနရာမွာ လာေခၚလိမ့္မယ္” ဟုန္ခ်န္းမင္း က ေဇာင္ယုဟြမ္ ကိုၾကည့္လိုက္သည္။
“ငါတို႔ ျပန္ေတာ့မွာလား? ဟြမ္ဟြမ္ ဒီမွာ အခ်ိန္နည္းနည္းေလာက္ ဆက္မေနခ်င္ဘူးလား?” ေဇာင္ယုဟြမ္ ေခါင္းခါလိုက္ၿပီး ေျပာလိုက္သည္။
“ဒီခရီးက အသစ္ေတြ ဘာမွမရွိဘူး။ ေနာက္ၿပီး ဒါက ပိုေအးလာမဲ့ပုံပဲ။ အိမ္ပဲ ျပန္ရေအာင္။ ေက်ာင္းက မၾကာခင္မွာ ျပန္စေတာ့မယ္”
ဟုန္ခ်န္းမင္း ေခါင္းညိတ္လိုက္သည္။ ဒီေနရာကို သူလိုက္လာတာက လန္ဒန္၊ ဂ်ိဳးဆက္၊ မာရီယာ၊ စတာ စတာေတြက ဘယ္သူေတြလဲဆိုတာ သိခ်င္လာ လာစစ္ေဆးတာ ျဖစ္သည္….
အခုေတာ့ သူတို႔အားလုံးနဲ႔ ေတြ႕ဖူးၿပီးသြားၿပီး ဒီေနရာတြင္ ဆက္ေနဖို႔ မလိုေတာ့ေပ။ ကေလးဆန္တဲ့ ဟုန္ခ်န္းမင္း ကမရွိေတာ့ဘူး။
စခန္းခ်တာ၊ ဂိမ္းေတြ၊ စကိတ္စီးတာေတြ အားလုံးက သူ႔အတြက္ေတာ့ အသစ္အဆန္း မဟုတ္ေပ။ ဒါေတြက သူ႔အာ႐ုံကို မဖမ္းစားႏိုင့္ေတာ့ေပ။
သူတို႔သုံးေယာက္က အထုပ္အပိုးေတြကို သိမ္းဆည္းၿပီး သူတို႔တဲအျပင္ကို ေက်ာပိုးအိတ္ေတြ၊ အိတ္ေတြကို ထုတ္လိုက္ခ်ိန္တြင္ မာရီယာ ကသူတို႔ဆီကို လာခဲ့သည္။
“မင္းတို႔ေတြ႕ စကိတ္စီးဖို႔ မသြားဘူးလား?” မာရီယာ ကေနာင္တရသည့္ အၾကည့္နဲ႔ ေမးလိုက္သည္။
“ဟင့္အင္း။ အဲ့လိုမထင္ဘူး။ ဒါက အရမ္းေအးတယ္” ေဇာင္ယုဟြမ္ ကေျပာလိုက္ၿပီး သူမကိုယ္က ေစာင္ကို အရင္ကထက္ပင္ ပိုတင္းေနေအာင္ ဆြဲလိုက္သည္။
ေစာင္က ဟုန္ခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ တို႔ရဲ႕ အေပၚဝတ္ေတြထက္ ပိုအလုပ္ျဖစ္တယ္လို႔ ခံစားလိုက္ရသည္။ မာရီယာ က ေဇာင္ယုဟြမ္ ရဲ႕မ်က္ႏွာေလးကို ၾကည့္လိုက္ၿပီး သူမပါးေတြက အနည္းငယ္ ျဖဴေဖြးေနတာကို ျမင္လိုက္သည္။ သူမအတြက္ စိတ္မေကာင္းသလို ခံစားသြားရၿပီး တျခားဘာမွ မေျပာႏိုင္ေတာ့ေပ။
“အိုေက၊ ေနာက္တစ္ခါက်ရင္ လယ္ယာေတြဘက္ တစ္ေနရာရာကို သြားၾကမယ္။ ေႏြရာသီ ေရာက္လာရင္ မင္းအတြက္ သစ္သီးေတြနဲ႔ ႏို႔ညႇစ္ဖို႔ ေခၚသြားေပးမယ္” မာရီယာ ကေျပာလိုက္သည္။
“အိုေက၊ မင္းတို႔လည္း စကိတ္စီးတာမွာ ေပ်ာ္ပါေစ။ အခုေတာ့ ႏႈတ္ဆက္ပါတယ္” ေဇာင္ယုဟြမ္ ကသူမကို လက္ေဝွ႔ယမ္းျပၿပီး ႏႈတ္ဆက္လိုက္သည္။
တဖက္တြင္ မာရီယာ ကသူမ မလွည့္ခင္ ေလထဲကေန အနမ္းတစ္ပြင့္ကို ေပးလိုက္ၿပီး ေလွ်ာက္သြားလိုက္သည္။
လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ရဲ႕ မ်က္ႏွာအေရာင္က ခ်က္ခ်င္းပင္ ေျပာင္းလဲသြားသည္။ အထူးသျဖင့္ ဟုန္ခ်န္းမင္း မ်က္ႏွာက ခ်က္ခ်င္းပင္ မဲေမွာင္သြားေလသည္။
ေဇာင္အိမ္ေတာ္ ေနာက္ကြယ္တြင္ သူတို႔က ေဇာင္ယုဟြမ္ နဲ႔အတူ ႏိုင္ငံကေန ထြက္သြားဖို႔ ဆႏၵရွိၾကသည္။ ထို႔ေနာက္ သူတို႔ သုံးေယာက္ထဲသာ ရွိႏိုင္ၿပီး တစ္ေယာက္နဲ႔ တစ္ေယာက္ ဂ႐ုစိုက္ၿပီး အတူတူ ေနႏိုင္ၾကမွာ ျဖစ္သည္။
အခုေတာ့ သူတို႔က ဒီကို ေရာက္ေနၾကၿပီး သူတို႔ႏိုင္ငံကိုသာ ျပန္သြားဖို႔ဆိုတာက မေကာင္းတဲ့ ေ႐ြးခ်ယ္မႈ မဟုတ္ဘူးလို႔ ႐ုတ္တရက္ ထင္သြားၾကသည္။
အနည္းဆုံးေတာ့ တစ္စုံတစ္ေယာက္က ေဇာင္ယုဟြမ္ ကိုဘယ္အခ်ိန္၊ ဘယ္ေနရာျဖစ္ျဖစ္ သူတို႔ရဲ႕ ခ်စ္ခင္စိတ္ေတြကို စိတ္အားထက္သန္သန္နဲ႔ ျပသမွာ မဟုတ္ဘူး။
သူတို႔က ေတာင္ေပၚကို ဦးတည္သြားေနတာေၾကာင့္ စခန္းခ်ထားသည့္ ေနရာတြင္ လူအေရအတြက္က တျဖည္းျဖည္း နည္းပါးလာခဲ့သည္။ မၾကာခင္မွာပဲ ပတ္ဝန္းက်င္က ေလတိုးသံေၾကာင့္ သစ္႐ြက္လႈပ္သည့္ အသံကိုသာ ၾကားရေလသည္။
ေဇာင္ယုဟြမ္ ကေခါင္းကို ေစာင္းလိုက္ၿပီး လီဂ်င္းယြမ္ ကိုၾကည့္ၿပီးေနာက္ ဟုန္ခ်န္းမင္း ကိုၾကည့္လိုက္ၿပီး ေမးလိုက္သည္။
“ငါမေပ်ာ္မွာကို မင္းတို႔ေတြ႕ အရမ္းစိုးရိမ္ေနတာလား?” လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ႏွစ္ေယာက္လုံးက အံ့အားသင့္သြားၿပီး သူမဆီက ေမးခြန္းကို ေျဖဖို႔ ဘယ္သူမွ မေမွ်ာ္လင့္ထားေပ။
ဟုန္ခ်န္းမင္း ကစကား တစ္လုံးေတာင္ မေျပာေပ။ လီဂ်င္းယြမ္ က ေဇာင္ယုဟြမ္ ရဲ႕အၾကည့္ကို လ်င္ျမန္စြာ ေလ့လာၿပီးေနာက္ ျပန္ေျဖလိုက္သည္။
“ေသခ်ာတာေပါ့၊ ငါတို႔က မင္းကို အၿမဲတမ္း ေပ်ာ္႐ႊင္ေစခ်င္တယ္။ ဒါက ငါတို႔ ေဇာင္အိမ္ေတာ္ကို စေရာက္ကတည္းက ေတြးမိတဲ့အရာပဲ”
“႐ိုး႐ိုးသားသား ေျပာရရင္၊ မင္းတို႔က ပင္ပန္းေနရင္ ငါ့အတြက္နဲ႔ ဘယ္လႈပ္ရွားမႈကိုမွ ပါဝင္ဖို႔ မလိုအပ္ပါဘူး။ ဒီအတြက္ေၾကာင့္ ငါမေပ်ာ္ႏိုင္ဘူး”
ေနာက္ဆုံးေတာ့ ေဇာင္ယုဟြမ္ ကစဥ္းစားထားတဲ့ အေၾကာင္းကို ေျပာလိုက္သည္။
“ေကာင္းၿပီ” လီဂ်င္းယြမ္ ကၿပဳံးလိုက္သည္။
“ဒါကို စိတ္ထဲမွတ္ထားလိုက္မယ္” လီဂ်င္းယြမ္ ရဲ႕အၿပဳံးက လိမ္ညာေနၿပီး ဘာကိုဆိုလိုခ်င္လဲဆိုတာ ေဇာင္ယုဟြမ္ မေျပာႏိုင္ေပ။
ထို႔ေနာက္ ေဇာင္ယုဟြမ္ က ဟုန္ခ်န္းမင္း ကိုၾကည့္လိုက္ေပမဲ့ သူကေတာ့ အသံတစ္သံေတာင္ မထြက္ေပ။
ထို႔ေနာက္ ကားက ေရာက္လာခဲ့သည္။ ကားပါကင္ထိုးၿပီးေနာက္ ယာဥ္ေမာင္းက ထြက္လာၿပီး သူတို႔ရဲ႕ အိတ္ေတြကို ကူသယ္ေပးလိုက္သည္။ ကားေပၚကို တင္ၿပီးေနာက္တြင္ သူတို႔ရဲ႕ ခရီးကေန ျပန္လာခဲ့ၾကသည္။
ေဇာင္ယုဟြမ္ ကအရင္ဆုံး ကားထဲဝင္လိုက္ၿပီး အေနာက္ဆုံးတန္းကို ယူလိုက္သည္။ လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ကလည္း တစ္ေယာက္ၿပီး တစ္ေယာက္ ဝင္လိုက္ၾကကာ ဒုတိယတန္း နဲ႔တျခားကို ယူလိုက္ၾကသည္။
လီဂ်င္းယြမ္ ကယာဥ္ေမာင္းကို စကားအနည္းငယ္ ေျပာၿပီးေနာက္တြင္ ကားက ထြက္ခြာလာခဲ့သည္။ သူမေစာင္ကို ပတ္ထားၿပီး အပူခ်ိန္က အေနေတာ္ျဖစ္ကာ ေဇာင္ယုဟြမ္ ကသူမ မ်က္လုံးေတြကို မွိတ္ထားၿပီး အိပ္လိုက္သည္။
သူမ ႏိုးလာခ်ိန္တြင္ သူတို႔ခရီးက မိနစ္ ၃၀ သာရွိေသးသည္။ လီဂ်င္းယြမ္ ကသူ႔ခုံတြင္ အိပ္ေပ်ာ္ေနခဲ့သည္။
တဖက္တြင္ ဟုန္ခ်န္းမင္း ကႏိုးေနခဲ့သည္။ သူ႔ေခါင္းက ငုံ႔ေနၿပီး သူ႔ဖုန္းက တခုခုကို စာျပန္ေနခဲ့သည္။ ေဇာင္ယုဟြမ္ ကတျဖည္းျဖည္း ထိုင္လိုက္ၿပီး ဟုန္ခ်န္းမင္း ေက်ာကို လက္ေခ်ာင္း တစ္ေခ်ာင္းနဲ႔ ထိုးလိုက္သည္။
ဟုန္ခ်န္းမင္း ကအခ်ိန္အနည္းငယ္ ေအးခဲသြားၿပီး သူ႔ေခါင္းကို လွည့္လိုက္ကာ ေမးလိုက္သည္။
“မင္းႏိုးၿပီလား?” သူ႔အသံက အေတာ္ေလးကို တိုးသည္။ ဒါက ဆြဲေဆာင္မႈရွိသည့္ ထူးျခားခ်က္ ျဖစ္ခဲ့သည္။
ေဇာင္ယုဟြမ္ ေခါင္းညိတ္လိုက္သည္။ သူ႔ခုံတြင္ မွီလိုက္ၿပီး ႏူးညံ့စြာ ေမးလိုက္သည္။
“ကိုကိုခ်န္းမင္း၊ အေစာက ငါ့ေမးခြန္းကို ဘာလို႔မေျဖတာလဲ?” ဟုန္ခ်န္းမင္း ကသူ႔ေခါင္းကို ဆက္ငုံ႔ထားခဲ့သည္။
“ဘာေမးခြန္းလဲ?” ေဇာင္ယုဟြမ္ လက္ညႇိဳးနဲ႔ ထပ္ထိုးလိုက္ၿပီး ေျပာလိုက္သည္။
“ကိုကိုခ်န္းမင္း ကဘာေၾကာင့္ ဒီလိုျဖစ္ေနတာလဲ?” ဟုန္ခ်န္းမင္း အခ်ိန္အနည္းငယ္ေလာက္ ရပ္သြားၿပီး ေမးခြန္းကို တျခားေမးခြန္းနဲ႔ ျပန္ေျဖလိုက္သည္။
“ဘယ္လိုမ်ိဳးလဲ?”
ေဇာင္ယုဟြမ္ ကသူ႔အေၾကာင္းကို ေလ့လာခဲ့သည္။ သူ႔ခံစားခ်က္ေတြကို မနာက်င္ေစခ်င္ပဲ ႏူးညံ့စြာ ေျပာလိုက္သည္။
“ေကာင္းၿပီ၊ ကိုကိုခ်န္းမင္း ကအၿမဲတမ္း ေလးနက္တာကို သိပါတယ္။ ဒါေပမဲ့ ဒါက အဓိကအခ်က္ မဟုတ္ပါဘူး။ အေစာက ငါ့ေမးခြန္းကို မင္း…. မေျဖခဲ့ဘူး”
ဟုန္ခ်န္းမင္း ကသူ႔ဖုန္းကို ပိတ္လိုက္ၿပီး ေခါင္းကို နည္းနည္း ေစာင္းလိုက္ကာ ေျပာလိုက္သည္။
“ငါအဲ့လိုလုပ္ခ်င္တယ္”
“ဟမ္?” အခုေတာ့ ေဇာင္ယုဟြမ္ အံ့ဩရမဲ့ အလွည့္ျဖစ္သည္။
“မင္းနဲ႔ အရာရာတိုင္းကို လုပ္ခ်င္တယ္။ ဒါက ငါအလိုရွိလို႔ လုပ္တာပဲ” ဟုန္ခ်န္းမင္း ကေလးနက္သည့္ အသံနဲ႔ ေျပာလိုက္သည္။
သူ႔ဆီကေန ငါ-ဘာ-ပဲ-လုပ္-လုပ္- ငါ-လုပ္-ခ်င္-လို႔- လုပ္-တာ ဆိုတဲ့ ေလထုက ထြက္ေနခဲ့သည္။
သူ႔အေျဖေၾကာင့္ ေဇာင္ယုဟြမ္ အနည္းငယ္ အံ့ဩသြားသည္။ ဟုန္ခ်န္းမင္း က႐ုတ္တရက္ႀကီး ေမးလိုက္သည္။
“လီဂ်င္းယြမ္ နဲ႔ငါက မင္းရဲ႕ ဆက္ဆံေရးမွာ ဝင္ေႏွာင့္ယွက္ရင္ စိတ္ဆိုးမွာလား?”
ေဇာင္ယုဟြမ္ ကေခါင္းခါလိုက္ၿပီး “ဟင့္အင္း၊ ဒီအေၾကာင္းနဲ႔ စိတ္မဆိုးပါဘူး။ ငါအရင္က ေျပာခဲ့သလိုမ်ိဳးပဲ မင္းတို႔ႏွစ္ေယာက္ကို တကယ္ပဲ ငါ့မိသားစုအျဖစ္နဲ႔ မွတ္ထားခဲ့တာ။ ဒါေၾကာင့္ မိသားစုမွာ အထူးအခြင့္အေရးေတြ ရွိတယ္။ မင္းက ငါ့အစ္ကို၊ ေသခ်ာေပါက္ ငါ့အေၾကာင္းနဲ႔ ငါ့စီးပြားေရး ကိစၥေတြမွာ ဝင္ပါၿပီး ဂ႐ုစိုက္ေပးရမွာေပါ့”
ဟုန္ခ်န္းမင္း ျပန္ေျဖလိုက္သည္။ “အင္း”
သူတို႔ ခရစ္စမတ္ကဒ္ေတြ ဖြင့္တုန္းက အေၾကာင္းကို ဟုန္ခ်န္းမင္း ျပန္ေတြးလိုက္သည္။ မဟုတ္ဘူး၊ အဲ့ဒါထက္ေတာင္ ေစာေသးတယ္။
သူတို႔ ေဇာင္အိမ္ေတာ္ကို ေရာက္ၿပီး မၾကာခင္မွာပဲ သူမအေမက သူမကို တျခားေကာင္ေလး တစ္ေယာက္နဲ႔ ေစ့စပ္ေပးထားခဲ့ၿပီး သူမက ဆုံးသြားခဲ့သည္။ သခင္ေလးနန္ လို႔ေခၚတဲ့ သူက သူတို႔ေရွ႕မွာ ေပၚလာခ်ိန္တြင္ သူ႔စိတ္ေတြ တင္းမာသြားခဲ့သည္။ ဒါက ပိုင္ဆိုင္ခ်င္တဲ့ စိတ္ပဲ။
ဟုန္ခ်န္းမင္း ဒီလိုမ်ိဳး မလိုခ်င္ေပမဲ့ သူခံစားေနရတဲ့ ဒီအရာကို မထိန္းခ်ဳပ္ႏိုင္ေပ။ လူမႈဖူလုံေရးတြင္ သူရွိေနခ်ိန္က ဒီအရာကို သင္ယူခဲ့ၿပီး ျဖစ္သည္။ မင္း ဘာပဲလိုခ်င္လိုခ်င္ မင္းအပိုင္ျဖစ္ဖို႔ တိုက္ခိုက္ရန္ လိုအပ္သည္။
အဝတ္အစား၊ အစားအေသာက္၊ ေမြးစားခံရဖို႔ အခြင့္အေရး ျဖစ္ေနပါေစ။ မင္းကိုယ္ပိုင္ လမ္းေၾကာင္းကို မဆုပ္ကိုင္ထားႏိုင္ရင္ ဘယ္သူ႔ဆီကမွ ကိုယ္ခ်င္းစာတရား ရမွာမဟုတ္ဘူး။ အဲ့ေနရာမွာရွိတဲ့ လူတိုင္းက သနားဖို႔ေကာင္းၿပီး ဘယ္သူကမွ တျခားသူကို အပိုသနားဖို႔ မရွိဘူး။
သူက ဆြဲေဆာင္ႏိုင္မႈ အေတာ္ေလး နည္းပါးသည္။ ဒါက အရမ္းကို နည္းပါးေပမဲ့ ေဇာင္ယုဟြမ္ ကိုဆြဲေဆာင္ခ်င္ခဲ့တယ္။
အခ်ိန္ေတြ ကုန္ဆုံးလာရင္းနဲ႔ အရာမ်ားမ်ားကို ပိုပိုၿပီး ဆြဲေဆာင္ႏိုင္ခဲ့တာေတာင္ ဒီပိုင္ဆိုင္လိုစိတ္က သူ႔အ႐ိုးထဲ ဗီဇထဲကိုေတာင္ ထြင္းထုေနခဲ့သည္။ သူမကို သူ႔စက္ဝန္းထဲမွာ ထားခ်င္ခဲ့သည္။ ဒါက သူ႔ကို အႀကီမားဆုံး ေက်နပ္မႈနဲ႔ ၿငိမ္းေအးမႈကို ျဖစ္ေစႏိုင္သည္။
ဟုန္ခ်န္းမင္း ကသူ႔ဘာသာ ျပန္စုစည္းလိုက္ၿပီး ျပန္ၾကည့္လိုက္ကာ ေမးလိုက္သည္။ “ပိုၿပီးအိပ္ခ်င္ေသးလား?” ေဇာင္ယုဟြမ္ ေခါင္းခါလိုက္သည္။
“ဟင့္အင္း၊ ငါအရမ္းအိပ္ၿပီးသြားၿပီ၊ ထပ္အိပ္လို႔ မရေတာ့ဘူး။ ကိုကိုခ်န္းမင္း ကပိုၿပီး အိပ္သင့္တယ္။ မင္းက အရမ္းပင္ပန္းေနတယ္”
“ငါမပင္ပန္းပါဘူး” ဟုန္ခ်န္းမင္း ကသူ႔ဖုန္းကို ျပန္ဖြင့္လိုက္ၿပီး ေျပာလိုက္သည္။
“ငါမင္းနဲ႔ ဂိမ္းကစားမယ္” ေဇာင္ယုဟြမ္ ကသူမခုံကို လွည့္လိုက္ၿပီး ဟုန္ခ်န္းမင္း ရဲ႕ထိုင္ခုံအေနာက္ကေန ေဆာင့္ေၾကာင့္ထိုင္လိုက္သည္။ သူမလက္ကို ထုတ္လိုက္ၿပီး သူ႔မ်က္လုံးေတြကို မွိတ္လိုက္ၿပီး ေျပာလိုက္သည္။
“အိုေက၊ ဒီအခ်က္ကေန စမယ္၊ အတန္းေဖာ္ဟုန္ ကသူ႔မ်က္လုံးေတြကိုပဲ ဆက္ပိတ္ထားရမယ္။ သူ႔မ်က္လုံးေတြကို ထပ္ဖြင့္ဖို႔ ခြင့္မျပဳဘူး”
ထိုစကားကို ေျပာလိုက္ၿပီး သူမဘာသာ ေစာင္ထဲက ထြက္လိုက္ၿပီး ေစာင္ကို ဟုန္ခ်န္းမင္း အေပၚမွာ ထားလိုက္ကာ “ဒါကို အခ်ိန္ခနေလာက္ ငွားလိုက္မယ္။ ဒါနဲ႔ ကိုယ့္ဘာသာ ပတ္ထား” ဟုန္ခ်န္းမင္း ကသူ႔ဘာသာ ေစာင္ကို ပတ္လိုက္ၿပီး ေျပာလိုက္သည္။
“အိုေက၊ ငါ့မ်က္လုံးေတြကို မွိတ္ထားလိုက္မယ္။ မင္းအခု လႊတ္ႏိုင္ၿပီ”
ဒီပုံစံက နည္းနည္း အဆင္မေျပတာေၾကာင့္ ေဇာင္ယုဟြမ္ ကသူမလက္ေတါကို နာခံစြာနဲ႔ ျပန္ယူလိုက္သည္။
“အိပ္ေတာ့”
“အင္း” ကားအတြင္းတြင္ ပုံမွန္လို ျပန္တိတ္ဆိတ္သြားခဲ့သည္။
ေနာက္ဆုံးတြင္ ေဇာင္ယုဟြမ္ ကခုံေပၚကို ျပန္လွဲခ်လိုက္ၿပီး သူမဖုန္းထဲတြင္ တစ္ေယာက္တည္း ကစားရသည့္ ဂိမ္းကို ကစားလိုက္သည္။
ဒုတိယတန္း ဘယ္ဘက္တြင္ လီဂ်င္းယြမ္ ရဲ႕မ်က္လုံးေတြက ေျဖးညႇင္းစြာ ပြင့္လာခဲ့သည္။ ဒါေပမဲ့ ကားမ်က္ႏွာက်က္ကို ၾကည့္လိုက္ၿပီး သူ႔မ်က္လုံးေတြက ထပ္မွိတ္သြားခဲ့သည္။
သူမရဲ႕ ဆက္ဆံေရးမွာ ဟုန္ခ်န္းမင္း နဲ႔သူတို႔က ဝင္ေႏွာင့္ယွက္ရင္ ေဇာင္ယုဟြမ္ စိတ္ဆိုးမလားဆိုတာ သူလည္းသိခ်င္သည္။ ဒါေပမဲ့ က်ယ္က်ယ္ မေမးခဲ့ေပ။
ေမးခြန္းအားလုံးနဲ႔ အမွန္တရားကို သူ႔စိတ္ထဲမွာပဲ ဖုံးကြယ္ထားတာက သူ႔ကိုယ္ပိုင္ အရည္အေသြးျဖစ္သည္။ ဒါနဲ႔ပတ္သက္ၿပီး ၁၀၀ ရာခိုင္ႏႈန္း ယုံၾကည္မႈ မရွိခ်ိန္မွာ ဒါကို က်ယ္က်ယ္ ထုတ္မေျပာရဲေပ။
အတိတ္တုန္းက လီဂ်င္းယြမ္ ကဘာမွမဟုတ္ေပ။ ဒါေပမဲ့ လူမႈဖူလုံေရးကေန ထြက္လာၿပီးေနာက္ လီဂ်င္းယြမ္ ကသူလုပ္တဲ့အရာေတြေပၚမွာ အက်ိဳးခံစားႏိုင္တဲ့ သူတစ္ေယာက္ ျဖစ္လာၿပီး မွီခိုအားထားႏိုင္သည့္ လူတစ္ေယာက္ ျဖစ္လာခဲ့သည္။
သူမအေပၚမွာ ေကာင္းခ်င္တယ္။ ေနာက္ၿပီး သူကမ္းလွမ္းထားတဲ့ သာယာမႈေတြနဲ႔အတူ အခ်ိန္အေတာ္ၾကာ သူမကို ေစာင့္ေရွာက္ေပးခ်င္တယ္။ ဒီလိုမ်ိဳး ဘယ္ေလာက္ၾကာေအာင္ သူလုပ္ႏိုင္မလဲ?
ဒီေမးခြန္းက သူ မေျဖႏိုင္ခဲ့ဘူး။ ဒီအိမ္ကို အခ်ိန္အေတာ္ၾကာကတည္းက တည္ေဆာက္ထားခဲ့ၿပီး ဘယ္သူကမွ လာၿပီး သူ႔ဆီကေန ေဇာင္ယုဟြမ္ ကိုဆြဲထုတ္ မသြားႏိုင္ေတာ့ဘူး။
1.7.2020 (Wed)
…………………….
[text_hash] => 6880144c
)