ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] – 33❇ ဥပမာအား သက်သေပြခြင်း
// qc

ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] - 33❇ ဥပမာအား သက်သေပြခြင်း

Array
(
[text] =>

<Unicode>

ဥပမာအား သက်သေပြခြင်း

သူတို့ ပြင်ဆင်ခဲ့ကြသည့် တဲက ကြီးမားပြီး ၄-၅ ယောက်လောက်အထိ နေနိုင်သည်။ တခြားလူတွေကလည်း ဇောင်ယုဟွမ် တဲကို ပြိုကျသွားရန် ကြံစည်နေကြပေမဲ့ ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့ကအကြိမ်ကြိမ် လာပြီး စစ်ဆေးနေတာကြောင့် ထိုလူတွေရဲ့ အကြံအစည်တွေက ပျက်သွားကြသည်။

သူတို့က အားနည်းပုံ မပေါ်တာကို ဘယ်တော့မှ မမေ့ပါနဲ့၊ တရုတ်လူမျိုးတွေက တိုက်ခိုက်ရေးနဲ့တင် ခြိမ်းခြောက်နိုင်ဖို့ လုံလောက်သည်။ ဒါကြောင့် သူတို့အားလုံးက ကျန်သည့် တဲတွေကိုပဲ ကြံစည်လိုက်ကြသည်။ ဒီတဲမှာ သူတို့သုံးယောက်သာ ရှိသည်။

ဒါက ပြည့်စုံတာပဲ။ ဇောင်ယုဟွမ် ကဒီလိုမျိုး မရင်းနှီးတဲ့ တခြားသူတွေနဲ့ မျှဝေနေရာတာကို မကြိုက်တာကြောင့် ဒါက သူမကို ပိုပြီး လုံခြုံစေသည်။

တဲက ပြင်ဆင်ပြီးသွားချိန်တွင် သူတို့က ရေကန်နားတွင် BBQ ကိုပြုလုပ်ခဲ့ကြသည်။ သူတို့တွင် ဝိုင်နီ၊ ဘီယာ နောက်ပြီး ပေါင်မုန့်၊ မုန့်ချို၊ စလတ်ရွက်တွေတောင် ပါကြသည်။

လူတိုင်းက အသက်အရွယ် တူညီကြပြီး ယှဉ်ပြိုင်လိုတာကြောင့် လေထုက အရမ်းကို အသက်ဝင်နေခဲ့သည်။ မာရီယာ ကသူမလက်ထဲက ဝိုင်ကို ချလိုက်ပြီး ပြောလိုက်သည်။

“ဘုရင်ဂိမ်းကို ကစားရအောင်!”

“ဟုတ်တယ်! ဟုတ်တယ်! ကစားရအောင်!”

တခြားသူများကလည်း ထောက်ခံလိုက်ကြသည်။ ဇောင်ယုဟွမ် ကလှည့်လိုက်ပြီး ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့ကြည့်ပြီး မေးလိုက်သည်။

“ဘယ်လိုကစားရလဲဆိုတာ သိလား?” တရုတ်ပြည်မှာတုန်းက၊ လူတိုင်း အတူတူရှိနေချိန်တိုင်း သူတို့က ဘိလယက်ထိုးတယ်၊ ရေးကူးတယ်၊ ဂေါက်ရိုက်တာတွေကို ပြုလုပ်ခဲ့ကြသည်။

တခါတလေ၊ သူတို့က ဗီဒီယိုဂိမ်းတွေ၊ ဓားသိုင်းတွေကို ကစားခဲ့ကြသည်။ ဇောင်ယုဟွမ် ကသောက်စားသည့် ဂိမ်းတွေကို ရည်ရွယ်ချက်ရှိရှိ ရှောင်ရှားခဲ့သည်။

သူတို့ဘဝမှာ ဒီအရာတွေကို စောစော ထိတွေ့ပြီး ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတွေကို မဖြစ်စေချင်ပေ။ ဒါပေမဲ့ ဒီနေရာမှာ အသက်အရွယ် သောက်စားခြင်းက ပုံမှန်ဖြစ်ပြီး သူတို့ သောက်ချိန်တွင် ဂိမ်းနဲ့ လှုပ်ရှားမှုတွေက ပိုမိုကျယ်ပြန့်လာစေသည်။

ဒီအကြောင်းကို စဉ်းစားကြည့်ရင်း ဟုန်ချန်းမင်း နဲံ လီဂျင်းယွမ် တို့ကသင့်တော်သည့် အရွယ်ရောက်နေကြပြီ။ သူတို့ပါဝင်ဖို့အတွက် ဇောင်ယုဟွမ် မှာမကောင်းတာတွေ ဘာကြောင့် ခံစားဖို့ လိုတော့မှာလဲ?

“အင်း” လီဂျင်းယွမ် ကပြန်ဖြေလိုက်သည်။

ဇောင်ယုဟွမ် ကသူ့ကို အံ့အားသင့်သည့် အကြည့်နဲ့ ကြည့်လိုက်သည်။ စိတ်လှုပ်ရှားစွာဖြင့် လီဂျင်းယွမ် ကပြုံးလိုက်ပြီး ပြောလိုက်သည်။

“အရင်တုန်းက ဝေ့ကော နဲ့ခနခန ကစားဖူးတယ်” ဒါက အဓိပ္ပါယ်ရှိတယ်။ လီဂျင်းယွမ် ကမော်ဒယ်လ် လောကကို ဝင်ရာက်ခဲ့ပြီး ရင့်ကျက်သည့် လူများစွာ ရှိသည်။ ဒါက သူမ အံ့အားသင့်ဖို့ မလိုပေ။ ဇောင်ယုဟွမ် က ဟုန်ချန်းမင်း ဘက်ကိုလှည့်လိုက်ပြီး မေးလိုက်သည်။

“ကိုကိုချန်းမင်း ကကော?” ဟုန်ချန်းမင်း ကခံစားချက် အနည်းငယ်ရှိနေပုံပေါ်သည်။

“မကစားတက်ဘူး” သူ့အသံက လီဂျင်းယွမ် ကိုအာရုံစိုက်သွားစေပြီး သူ့ကို ကြည့်လိုက်သည်။ လီဂျင်းယွမ် ရဲ့နှုတ်ခမ်းက အနည်းငယ် ကွေးသွားသည်။

အပြုံးကြောင့် သူ့မျက်လုံးတွင် တောက်ပသွားသည်။ ဇောင်ယုဟွမ် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

“မာရီယာ ကငါတို့ကို စည်းမျဉ်းတွေ ပြောလိမ့်မယ်” မာရီယာ ကပျော်ရွှင်စွာ လှည့်လိုက်ပြီး ပြောလိုက်သည်။

“ပြဿနာ မရှိပါဘူး” ဒီနေရာတွင် လူအယောက် ၂၀ ရှိသည်။ တိကျသည့် အရေအတွက်ကို ရေတွက်ပြီးနောက် ညီမျှသည့် ကဒ်အရေအတွက်ကို ဆွဲထုတ်လိုက်ပြီး သူတို့ကို ကုလားဖန်ထိုးလိုက်ပြီး နှစ်ပုံခွဲလိုက်သည်။

“ဘယ်ဘက်က ဆွဲရမဲ့ကဒ်၊ လူတစ်ယောက်မှာ ဘုရင်ကဒ် တစ်ကဒ်ပဲ ရှိလိမ့်မယ်။ ညာဘက်က ဘုရင်ကဒ်ပြားကို ဖယ်ထုတ်နိုင်တာနဲ့ ဘုရင်က ဘယ်နံပါတ်မဆို ပြောပြီး တောင်းဆိုနိုင်တယ်…..” သူမက ပြောနေရင်း ကဒ်တွေကို ကုလားဖန် ထပ်ထိုးလိုက်ကာ ချလိုက်သည်။

“အိုကေ၊ အခုဆွဲလို့ရပြီ” ဇောင်ယုဟွမ် က ဟုန်ချန်းမင်း ဘက်ကို လှည့်လိုက်ပြီး ကြည့်လိုက်သည်။

“အခုရပြီလား၊ ကိုကိုချန်းမင်း?”

“အင်း၊ ရပြီ” ဟုန်ချန်းမင်း ကပြောလိုက်သည်။

ဇောင်ယုဟွမ် ပြုံးလိုက်သည်။ သူမက အရင်ဆုံး ကဒ်တစ်ကဒ်ကို ဆွဲလိုက်သည်။ ဟုန်ချန်းမင်း ကချက်ချင်း ဆွဲလိုက်သည်။ တစ်ယောက်ပြီး တစ်ယောက် တစ်ဖွဲ့လုံး ဆွဲပြီးသွားခဲ့သည်။

အများစုက သူတို့ကဒ်တွေကို ဆွဲပြီးနောက် ဇောင်ယုဟွမ် နဲ့ မာရီယာ တို့ကို ခိုးကြည့်လိုက်ကြသည်။ သူတို့ကြားတွင် သူတို့နှစ်ယောက်က နာမည်ကြီးသည့် မိန်းကလေးတွေ ဖြစ်သည်။

“ဘုရင်ကဒ်ကို ဘယ်သူရထားလဲ?” မာရီယာ မေးလိုက်သည်။

“ငါရထားတယ်” လီဂျင်းယွမ် နူးညံ့စွာ ပြောလိုက်သည်။ အံ့အားသင့်စွာနဲ့ မာရီယာ ပြောလိုက်သည်။

“လီ၊ မင်းက အရမ်းကံကောင်းတာပဲ!” လီဂျင်းယွမ် ညာဘက်က ကဒ်ကို ယူလိုက်ပေမဲ့ နံပါတ်ကိုတော့ မကြည့်ပေ။ နံပါတ်တချို့ကို ကျပန်းရွေးလိုက်သည်။

“နံပါတ် ၈ နဲ့ ၃ အတူတူ လက်ကိုင်ပြီး သစ်ပင်ကို သုံးကြိမ်ပတ် လျှောက်ရမယ်”

မာရီယာ ကခေါင်းခါလိုက်ပြီး “လီ ဒါက အရမ်းရိုးရှင်းတာပဲ။ ဒီအထဲမှာ ဘာပျော်စရာပါတော့မလဲ?” လီဂျင်းယွမ် ကပြောလိုက်သည်။

“ဒါက ငါလိုချင်တာပဲ”

ဇောင်ယုဟွမ် ကလည်း ဂိမ်းတွင်ပါဝင်ခဲ့သည်။ မတော်တဆ သူမကို ထူးဆန်းတဲ့ အရာတွေလုပ်ဖို့ အမိန့်မပေးချင်ပါ။ မာရီယာ ကဘာမှထပ်မပြောတော့ပေ။

“ကောင်းပြီ၊ နံပါတ် ၈ ကဘယ်သူလဲ?” ဇောင်ယုဟွမ် သူမလက်ကို မြှောက်လိုက်သည်။

“ငါ”

“နံပါတ် ၃ ကဘယ်သူလဲ?” လန်ဒန် ကစိတ်လှုပ်ရှားစွာ ထလိုက်သည်။

“ငါ”

သူသိခဲ့ရင်.. လက်တွေကိုင်ဖို့ အကြောင်းကို ဘာကြောင့် ပြောခဲ့မှာလဲ? နောက်ပြီး သစ်ပင်ကို ပတ်ရမယ်?

လီဂျင်းယွမ် ရုတ်တရက် သူ့လက်ထဲက ဘုရင်ကဒ်ကို လွှတ်ပစ်လိုက်ပြီး မတ်တပ်ရပ်လိုက်သည်။ သူက ပြုံးကာ ပြောလိုက်သည်။

“ငါ သစ်ပင်ပဲ”

လန်ဒန် – “…….”

မာရီယာ ကသူမလက်တွေကို ချက်ချင်းပဲ ထတီးလိုက်ပြီး ကျယ်လောင်စွာ ရယ်လိုက်သည်။

“ကောင်းတယ်၊ ကောင်းတယ်! ငါကြိုက်တယ်!”

တခြားသူတွေကလည်း “ဟုတ်တယ်! သစ်ပင်ကို ပတ်တာက ဘာပျော်စရာကောင်းမှာလဲ? ဒီလိုမျိုးကို ငါကြိုက်တယ်!”

လီဂျင်းယွမ် က လန်ဒန် ကိုတစ်ချက် ကြည့်လိုက်ပြီး သူ့မျက်နှာထက်တွင်တော့ အပြုံးက ရှိနေဆဲပင်။

“C’mon” လန်ဒန် က ဇောင်ယုဟွမ် အရှေ့ကို လျှောက်သွားလိုက်သည်။

တဖက်တွင် ဇောင်ယုဟွမ် ကတော့ အဆင်မပြေတာကို မခံစားရပေ။ သူမက လန်ဒန် ရဲ့လက်ကို ပုံမှန်ပဲ ကိုင်လိုက်ပြီး ပြောလိုက်သည်။

“သုံးပတ်ပတ်ရုံပဲ” ထို့နောက် စိုက်ကြည့်လိုက်ပြီး လီဂျင်းယွမ် ကိုပတ်လျှောက်လိုက်သည်။ လီဂျင်းယွမ် ကအရပ်ပိုပိုပြီး ရှည်လာခဲ့ပြီး တနည်းဖြင့် သူက စင်ပေါ်တွင်တောင် ရပ်နေစရာ မလိုပေ။

သူက လန်ဒန် ထက်သိသာစွာ ပိုရှည်ပြီး သူမတ်တပ်ရပ်ချိန်တွင် သစ်ပင်တစ်ပင်နဲ့ တူနေသည်။ လန်ဒန် ကအပြင်ထွက်လိုက်ပေမဲ့ လီဂျင်းယွမ် ကိုသစ်ပင်အနေနဲ့ သဘောထားပြီး ဇောင်ယုဟွမ် နဲ့လမ်းလျှောက်ဖို့အတွက် သူ့ဘာသာ တွန်အားပေးလိုက်ရသည်။

မထိန်းချုပ်နိုင်ပဲ သူ့ဘာသာ ညည်းတွားလိုက်သည်။ လီဂျင်းယွမ် က ဇောင်ယုဟွမ် ရဲ့မောင်လေးဆိုတာကို သူသိခဲ့ပေမဲ့ သူ့ပုံစံက သူမအဖေနဲ့ ပိုတူနေရတာလဲ?

လီဂျင်းယွမ် က လန်ဒန် ကိုစိုက်ကြည့်လိုက်ပြီး သူ့အပြုံးကို ထိန်းသိမ်းထားကာ သူတို့သုံးပတ် ပတ်ပြီးချိန်အထိ စောင့်နေလိုက်သည်။ သူတို့နေရာကို ပြန်ရောက်ချိန်တွင် လန်ဒန် ရဲ့ကျောက ချွေးတွေနဲ့ စိုရွှဲနေခဲ့သည်။

သူဘာကြောင့် ဒီလောက်တောင် စိတ်ပင်ပန်းသလို ခံစားရလဲဆိုတာကို လန်ဒန် မသိပေမဲ့ လီဂျင်းယွမ် ကသူ့ကို စိုက်ကြည့်နေချိန်တွင် သူအတော်လေး ခြိမ်းခြောက်ခံနေရသလို ခံစားလိုက်ရသည်….

ထို့နောက် ကစားပွဲကို ၂ ပွဲ ၃ ပွဲလောက် ကစားခဲ့ကြသည်။ ဇောင်ယုဟွ၊ လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့က ရွေးချယ်မခံရတဲ့အပြင် ဘုရင်ကဒ်လည်း ထပ်မကျတော့ပေ။

ကဒ်ဆွဲမိတဲ့ တခြားလူတွေက “တစ်ယောက်ကို ချီပြီး သစ်ပင်ဆီကိုပြေး”၊ “လူရှေ့မှာ စိတ်အားထက်သန်စွာ နမ်း”၊ “သစ်ပင်ပေါ်တက်ပြီး မျောက်အသံလုပ်”၊ “တစ်ယောက်နဲ့ တစ်ယောက် အဝတ်တွေချွတ်”…

ဒါတွေနဲ့ နှိုင်းယှဉ်ရင် လီဂျင်းယွမ် ရဲ့တောင်းဆိုချက်က အတော်လေးကို ညှာတာသည့်ဘက်တွင်ရှိသည်။

နောက်ဆုံးအကြိမ်တွင်တော့ ဘုရင်ကဒ်ကို ဇောင်ယုဟွမ် ဆွဲမိသွားသည်။ ပြုံးလိုက်ပြီး ပြောလိုက်သည်။

“နံပါတ် ၄ နဲ့ ၅၊ အဝတ်တွေ ချွတ်ပြီး ‘လူမျိုးစုအတွက်’ လို့အော်!”

မာရီယာ ရယ်လိုက်သည်။ “သူတို့က တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်ဖို့ လိုအပ်တယ်လို့ ဆိုလိုတာမလား?”

“အိုကေ၊ တိုက်ပွဲတစ်ခုလောက် ထည့်လို့ရတယ်” ဇောင်ယုဟွမ် ခေါင်းညိတ်လိုက်သည်။

“နံပါတ် ၄ ကဘယ်သူလဲ? နံပါတ် ၅ ကကော?”

သူတို့ လှည့်ပတ်ကြည့်လိုက်သည်။ နောက်ဆုံးတွင် လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့က ထလိုက်ကြသည်။

ဇောင်ယုဟွမ် သူမလက်ထဲက ရေခွက်ထဲ ရေတွေက ဖိတ်ကျလုနီးပါး ဖြစ်သွားသည်။ ဘာတွေးရမလဲတောင် သူမ မသိတော့ပေ။

ဘာကြောင့် သူတို့ ဖြစ်နေတာလဲ? သူတို့အတွက် တွင်းတစ်တွင်း တူးပေးတာနဲ့ အဆုံးသတ်သွားတာလဲ?

သူမပါးစပ်ကို အနည်းငယ် ဖွင့်လိုက်ပြီး တစ်ခုခု တွေးတောဖို့ စဉ်းစားလိုက်သည်။ လူငယ်လေး နှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် ကြည့်လိုက်ကြပြီး သူတို့ဆွယ်တာတွေကို ချွတ်လိုက်ကြသည်။

သူတို့က အောက်ခံအဝတ်ကို မဝတ်ထားတာကြောင့် ဆွယ်တာကို ချွတ်လိုက်သည်နှင့် သူတို့ရင်ဘတ်ကို မြင်နိုင်သည်။ တချို့မိန်းကလေးတွေက စတင်ပြီး လေချွန်လိုက်ကြသည်။

ကောင်လေးတွေက အားပေးလိုက်ကြသည်။ သူတို့က ဘောင်းဘီရှည်ကို ဝတ်ထားဆဲဖြစ်သည်။ သူတို့ခါးက ခါးပတ်တွေက သူတို့အသားအရည်ကို ပိုပြီးပေါ်လွင်သွားစေသည်။

လူငယ်လေးတွေရဲ့ ကျောက ဖြောင့်မတ်နေပြီး သူ့တို့ကျောတွင် ကြွက်သားတွေကို မြင်နိုင်သည်။ သူတို့ကျောက ပိုပြီးကျယ်ပြန့်ပုံပေါ်သည်။ ထို့နောက် သူတို့ လှည့်လိုက်ကြသည်။

သူတို့ရဲ့ တင်းမာသည့် မေးရိုးအောက်တွင် သူတို့ရဲ့ လည်ပင်း၊ ရင်ဘတ်နဲ့ သူတို့ခန္ဓာကိုယ်က ကျောရိုးတွေက သူတို့ဘောင်းဘီ လမ်းကြောင်းအတိုင်း တိုးချဲ့သွားသည်။

နှိုင်းယှဉ်ကြည့်ရင် လီဂျင်းယွမ် ကပိုဖြူဖွေးပုံပေါ်ပြီး ဟုန်ချန်းမင်း ကသူ့ထက် ပိုပြီးအသားမဲသည်။

လီဂျင်းယွမ် ကကျက်သရေရှိပြီး အဆင့်အတန်းမြင့်သည့် မင်းသားနဲ့ တူပြီး ဟုန်ချန်းမင်း ကတော့ ကြမ်းတမ်းပြီး သန်မာသည့် သူရဲကောင်းနဲ့ ပိုတူသည်။ မာရီယာ ပြောလိုက်သည်။

“တရုတ်ပြည်က လူတွေက အရမ်းကို လှတာပဲ!” လှပတဲ့ မျက်နှာတွေ၊ သန်မာတဲ့ ခန္ဓာကိုယ်တွေနဲ့ သူတို့ရဲ့ ပြိုင်ဘက်ကင်းတဲ့ အရှိန်အဝါတွေ အားလုံးကို ခြုံကြည့်လိုက်ချိန်တွင် သူတို့က ပိုပြီးတော့ ဆွဲဆောင်မှုရှိသွားသည်။

တချို့လူတွေက မတားဆီးနိုင်ပဲ သူတို့နာမည်တွေကို ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။ လူငယ်လေး နှစ်ယောက်က သူတို့ရဲ့ ရူးသွပ်ပုံကို ဂရုစိုက်ပုံ မပေါ်ပေ။

သူတို့က ဇောင်ယုဟွမ် ရဲ့အမိန့်ကို လိုက်နာပြီး “လူမျိုးအတွက်!” ဆိုပြီး ကျယ်လောင်စွာ အော်လိုက်ကြသည်။ ထို့နောက် သူတို့က တစ်ယောက်နဲ့ တစ်ယောက် အားပေးလိုက်ကြသည်။

သူတို့တွင် ဓားသိုင်း၊ တိုက်ခိုက်ရေး၊ လက်ဝှေ့တောင် အနည်းငယ် ထိုးတက်သည်။ “Whoosh!” လေထဲတွင် အသံက ထွက်ပေါ်လာခဲ့သည်။

ကောင်လေး နှစ်ယောက်က ဝံပုလွေ နှစ်ကောင် တိုက်နေသလိုမျိုး တစ်ယောက်ရဲ့ ပုခုံးကို တစ်ယောက်က တင်းကြပ်စွာ ဆုပ်ကိုင်ထားခဲ့သည်။

သူတို့ နှစ်ယောက်လုံးဆီမှ ရင့်ကျက်သည့် အမျိုးသား တစ်ယောက်ရဲ့ အရှိန်အဝါတွေက ထုတ်လွှတ်နေခဲ့သည်။ လက်သီး တစ်ချက်၊ ခြေထောက် ကန်ချက်တစ်ခု။ သူတို့ရဲ့ လှုပ်ရှားမှုတိုင်းက သေစေလောက်သည်။

ဇောင်ယုဟွမ် ရဲ့နှလုံးသားက သူမပါးစပ်ထဲက ထွက်လုနီးပါး ဖြစ်လာရင်း ကြည့်နေခဲ့သည်။ သူမ မထိန်းချုပ်နိုင်စွာဖြင့် မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး ဒီလိုမျိုး ရူးနှမ်းတဲ့ တောင်းဆိုချက်ကို လုပ်လိုက်မိလို့ နောင်တရသွားသည်။

ဒါက သူတို့ဖြစ်လာပြီး သူတို့က ဒီလိုမျိုး လေးလေးနက်နက် တိုက်ခိုက်နေကြမယ်လို့ သူမ မထင်ထားပေ။

“အိုကေ! ကောင်းပြီ! ရပြီ!” ဇောင်ယုဟွမ် ကရပ်ဖို့ အော်ပြောလိုက်သည်။ လူတိုင်းမျက်လုံးတွေက တောက်ပနေကြသည်။

“ဒါက မယုံနိုင်စရာပဲ၊ ဟေလို့စ်စီ။ မင်းအစ်ကိုတွေက အရမ်းကို မယုံနိုင်စရာပဲ!” ဇောင်ယုဟွမ် တစ်ယောက်က သူမအစ်ကို ဖြစ်ပြီး တစ်ယောက်က သူမထက် အငယ်ဆိုတာကို အမှန်မပြင်ပေးပေ။

သူတို့ရဲ့ဆွယ်တာတွေကို ကောက်ယူလိုက်ပြီး ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့ဆီကို ပစ်ပေးလိုက်သည်။

“မင်းတို့ နာသွားသေးလား?” ဇောင်ယုဟွမ် မပျော်ရွှင်စွာနဲ့ မေးလိုက်သည်။

“မနာဘူး” ဟုန်ချန်းမင်း ကပြောလိုက်သည်။ လီဂျင်းယွမ် ကပြုံးပြီး ပြောလိုက်သည်။

“ဒါတွေက ရှိုးတစ်ခုပဲ။ ဒါက အင်အားပြင်းပေမဲ့ တကယ်မနာပါဘူး”

သူတို့က တရုတ်လို ပြောနေကြတာကြောင့် တခြားသူတွေ အားလုံးက သူတို့ ဘာပြောနေကြလဲဆိုတာ မသိကြပေ။ သူတို့က အရှေ့ကိုသာ ကြည့်နေခဲ့ကြသည်။ သူတို့မျက်လုံးထဲတွင် အံ့ဩခြင်း၊ ကြောက်လန့်ခြင်းတွေနဲ့ ပြည့်နေကြသည်။

“တကယ်လား?” ဇောင်ယုဟွမ် က ဟုန်ချန်းမင်း ကိုကြည့်လိုက်ပြီး မယုံကြည်စွာဖြင့် မေးလိုက်သည်။

“တကယ်” ဟုန်ချန်းမင်း ကပြောလိုက်သည်။ နောက်ဆုံးတော့ ဇောင်ယုဟွမ် ခံစားချက် ကောင်းမွန်သွားသည်။

ထို့နာက် လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့က ဇောင်ယုဟွမ် မမြင်နိုင်သည့် နေရာတွင် မတ်တပ်ရပ်နေရင်း သူတို့အကြည့်တွေက ပြောင်းလဲသွားပြီး တစ်ယောက်ချင်းစီကို လိုက်ကြည့်လိုက်ပြီး အထူးသဖြင့် ဇောင်ယုဟွမ် ကိုခရစ်စမတ်ကဒ် ပေးခဲ့ကြသည့် လန်ဒန်၊ ဂျိုးဆက် နဲ့တခြားသူတွေကို စိုက်ကြည့်လိုက်ကြသည်။

(အဲ့ဒါကြောင့်မို့ ထူးဆန်းနေပါတယ်လို့၊ ထင်နေတာက တကယ်မှန်သွားတာပဲ 😂😂)

လန်ဒန် ကသိသာစွာပဲ စိတ်လှုပ်ရှားနေခဲ့သည်။ ဂျိုးဆက် ကအနည်းငယ် ပိုကြောက်သွားခဲ့သည်။ ကျန်သည့် သူတွေကတော့ ပိုပြင်းထန်ကြသည်။

သူတို့က လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ကို တစ်ချက်ကြည့်ပြီးနောက် သူတို့ပုံစံက လေးစားမှုနဲ့ ကြောက်လန့်မှုတွေ ပေါ်နေသည်။ အခုတော့ သူတို့ဆီကနေ အရိုက်ခံနေရတယ်လို့တောင် ခံစားနေရသည်။

ဟေလို့စ်စီ ရဲ့အစ်ကိုတွေနဲ့သာ တိုက်ခိုက်တာကို ကစားခဲ့ရင် သူတို့အနိုင်ရမှာ သေချာတယ်။ သူတို့နဲ့ တကယ့်လက်တွေ့မှာ ဘယ်လိုလုပ်ပြီး တိုက်ခိုက်နိုင်မှာလဲ?

ထိုအကြောင်းကို တွေးလိုက်ရင် တံတွေးကို မြိုချလိုက်ကြသည်။ ဒီပုံစံတွေက လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ဆီက မလွတ်မြောက်နိုင်ပေ။ အရမ်းကောင်းတယ်။

ဒါက သူတို့ နှစ်ယောက်လုံး တွေးလိုက်ကြတာ ဖြစ်သည်။ ဒီနည်းလမ်းက… သူတို့ ဟွမ်ဟွမ့် အနားမရှိချိန်မှာ ရူးသွပ်တဲ့ ကောင်တွေက ဟွမ်ဟွမ့် အနားကို ကပ်ရဲတော့မှာ မဟုတ်ဘူး။

(A/N :
လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း : ဒါက ဥပမာပေးတာပဲ။ ဒီမကောင်းတဲ့ ကောင်လေးတွေ အတွက် သူတို့က တစ်ယောက်နဲ့ တစ်ယောက် ရိုက်နှက်ခဲ့ကြတယ်။ သူတို့ နှစ်ယောက်လုံးက အနိုင်ကျင့်ကြတာပဲ)

30.6.2020 (Tue)
……………………

<Zawgyi>

ဥပမာအား သက္ေသျပျခင္း

သူတို႔ ျပင္ဆင္ခဲ့ၾကသည့္ တဲက ႀကီးမားၿပီး ၄-၅ ေယာက္ေလာက္အထိ ေနႏိုင္သည္။ တျခားလူေတြကလည္း ေဇာင္ယုဟြမ္ တဲကို ၿပိဳက်သြားရန္ ႀကံစည္ေနၾကေပမဲ့ ဟုန္ခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ တို႔ကအႀကိမ္ႀကိမ္ လာၿပီး စစ္ေဆးေနတာေၾကာင့္ ထိုလူေတြရဲ႕ အႀကံအစည္ေတြက ပ်က္သြားၾကသည္။

သူတို႔က အားနည္းပုံ မေပၚတာကို ဘယ္ေတာ့မွ မေမ့ပါနဲ႔၊ တ႐ုတ္လူမ်ိဳးေတြက တိုက္ခိုက္ေရးနဲ႔တင္ ၿခိမ္းေျခာက္ႏိုင္ဖို႔ လုံေလာက္သည္။ ဒါေၾကာင့္ သူတို႔အားလုံးက က်န္သည့္ တဲေတြကိုပဲ ႀကံစည္လိုက္ၾကသည္။ ဒီတဲမွာ သူတို႔သုံးေယာက္သာ ရွိသည္။

ဒါက ျပည့္စုံတာပဲ။ ေဇာင္ယုဟြမ္ ကဒီလိုမ်ိဳး မရင္းႏွီးတဲ့ တျခားသူေတြနဲ႔ မွ်ေဝေနရာတာကို မႀကိဳက္တာေၾကာင့္ ဒါက သူမကို ပိုၿပီး လုံၿခဳံေစသည္။

တဲက ျပင္ဆင္ၿပီးသြားခ်ိန္တြင္ သူတို႔က ေရကန္နားတြင္ BBQ ကိုျပဳလုပ္ခဲ့ၾကသည္။ သူတို႔တြင္ ဝိုင္နီ၊ ဘီယာ ေနာက္ၿပီး ေပါင္မုန႔္၊ မုန႔္ခ်ိဳ၊ စလတ္႐ြက္ေတြေတာင္ ပါၾကသည္။

လူတိုင္းက အသက္အ႐ြယ္ တူညီၾကၿပီး ယွဥ္ၿပိဳင္လိုတာေၾကာင့္ ေလထုက အရမ္းကို အသက္ဝင္ေနခဲ့သည္။ မာရီယာ ကသူမလက္ထဲက ဝိုင္ကို ခ်လိုက္ၿပီး ေျပာလိုက္သည္။

“ဘုရင္ဂိမ္းကို ကစားရေအာင္!”

“ဟုတ္တယ္! ဟုတ္တယ္! ကစားရေအာင္!”

တျခားသူမ်ားကလည္း ေထာက္ခံလိုက္ၾကသည္။ ေဇာင္ယုဟြမ္ ကလွည့္လိုက္ၿပီး ဟုန္ခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ တို႔ၾကည့္ၿပီး ေမးလိုက္သည္။

“ဘယ္လိုကစားရလဲဆိုတာ သိလား?” တ႐ုတ္ျပည္မွာတုန္းက၊ လူတိုင္း အတူတူရွိေနခ်ိန္တိုင္း သူတို႔က ဘိလယက္ထိုးတယ္၊ ေရးကူးတယ္၊ ေဂါက္႐ိုက္တာေတြကို ျပဳလုပ္ခဲ့ၾကသည္။

တခါတေလ၊ သူတို႔က ဗီဒီယိုဂိမ္းေတြ၊ ဓားသိုင္းေတြကို ကစားခဲ့ၾကသည္။ ေဇာင္ယုဟြမ္ ကေသာက္စားသည့္ ဂိမ္းေတြကို ရည္႐ြယ္ခ်က္ရွိရွိ ေရွာင္ရွားခဲ့သည္။

သူတို႔ဘဝမွာ ဒီအရာေတြကို ေစာေစာ ထိေတြ႕ၿပီး ဆိုး႐ြားတဲ့ အက်ိဳးသက္ေရာက္မႈေတြကို မျဖစ္ေစခ်င္ေပ။ ဒါေပမဲ့ ဒီေနရာမွာ အသက္အ႐ြယ္ ေသာက္စားျခင္းက ပုံမွန္ျဖစ္ၿပီး သူတို႔ ေသာက္ခ်ိန္တြင္ ဂိမ္းနဲ႔ လႈပ္ရွားမႈေတြက ပိုမိုက်ယ္ျပန႔္လာေစသည္။

ဒီအေၾကာင္းကို စဥ္းစားၾကည့္ရင္း ဟုန္ခ်န္းမင္း နဲံ လီဂ်င္းယြမ္ တို႔ကသင့္ေတာ္သည့္ အ႐ြယ္ေရာက္ေနၾကၿပီ။ သူတို႔ပါဝင္ဖို႔အတြက္ ေဇာင္ယုဟြမ္ မွာမေကာင္းတာေတြ ဘာေၾကာင့္ ခံစားဖို႔ လိုေတာ့မွာလဲ?

“အင္း” လီဂ်င္းယြမ္ ကျပန္ေျဖလိုက္သည္။

ေဇာင္ယုဟြမ္ ကသူ႔ကို အံ့အားသင့္သည့္ အၾကည့္နဲ႔ ၾကည့္လိုက္သည္။ စိတ္လႈပ္ရွားစြာျဖင့္ လီဂ်င္းယြမ္ ကၿပဳံးလိုက္ၿပီး ေျပာလိုက္သည္။

“အရင္တုန္းက ေဝ့ေကာ နဲ႔ခနခန ကစားဖူးတယ္” ဒါက အဓိပၸါယ္ရွိတယ္။ လီဂ်င္းယြမ္ ကေမာ္ဒယ္လ္ ေလာကကို ဝင္ရာက္ခဲ့ၿပီး ရင့္က်က္သည့္ လူမ်ားစြာ ရွိသည္။ ဒါက သူမ အံ့အားသင့္ဖို႔ မလိုေပ။ ေဇာင္ယုဟြမ္ က ဟုန္ခ်န္းမင္း ဘက္ကိုလွည့္လိုက္ၿပီး ေမးလိုက္သည္။

“ကိုကိုခ်န္းမင္း ကေကာ?” ဟုန္ခ်န္းမင္း ကခံစားခ်က္ အနည္းငယ္ရွိေနပုံေပၚသည္။

“မကစားတက္ဘူး” သူ႔အသံက လီဂ်င္းယြမ္ ကိုအာ႐ုံစိုက္သြားေစၿပီး သူ႔ကို ၾကည့္လိုက္သည္။ လီဂ်င္းယြမ္ ရဲ႕ႏႈတ္ခမ္းက အနည္းငယ္ ေကြးသြားသည္။

အၿပဳံးေၾကာင့္ သူ႔မ်က္လုံးတြင္ ေတာက္ပသြားသည္။ ေဇာင္ယုဟြမ္ ေခါင္းညိတ္လိုက္ၿပီး ေျပာလိုက္သည္။

“မာရီယာ ကငါတို႔ကို စည္းမ်ဥ္းေတြ ေျပာလိမ့္မယ္” မာရီယာ ကေပ်ာ္႐ႊင္စြာ လွည့္လိုက္ၿပီး ေျပာလိုက္သည္။

“ျပႆနာ မရွိပါဘူး” ဒီေနရာတြင္ လူအေယာက္ ၂၀ ရွိသည္။ တိက်သည့္ အေရအတြက္ကို ေရတြက္ၿပီးေနာက္ ညီမွ်သည့္ ကဒ္အေရအတြက္ကို ဆြဲထုတ္လိုက္ၿပီး သူတို႔ကို ကုလားဖန္ထိုးလိုက္ၿပီး ႏွစ္ပုံခြဲလိုက္သည္။

“ဘယ္ဘက္က ဆြဲရမဲ့ကဒ္၊ လူတစ္ေယာက္မွာ ဘုရင္ကဒ္ တစ္ကဒ္ပဲ ရွိလိမ့္မယ္။ ညာဘက္က ဘုရင္ကဒ္ျပားကို ဖယ္ထုတ္ႏိုင္တာနဲ႔ ဘုရင္က ဘယ္နံပါတ္မဆို ေျပာၿပီး ေတာင္းဆိုႏိုင္တယ္…..” သူမက ေျပာေနရင္း ကဒ္ေတြကို ကုလားဖန္ ထပ္ထိုးလိုက္ကာ ခ်လိုက္သည္။

“အိုေက၊ အခုဆြဲလို႔ရၿပီ” ေဇာင္ယုဟြမ္ က ဟုန္ခ်န္းမင္း ဘက္ကို လွည့္လိုက္ၿပီး ၾကည့္လိုက္သည္။

“အခုရၿပီလား၊ ကိုကိုခ်န္းမင္း?”

“အင္း၊ ရၿပီ” ဟုန္ခ်န္းမင္း ကေျပာလိုက္သည္။

ေဇာင္ယုဟြမ္ ၿပဳံးလိုက္သည္။ သူမက အရင္ဆုံး ကဒ္တစ္ကဒ္ကို ဆြဲလိုက္သည္။ ဟုန္ခ်န္းမင္း ကခ်က္ခ်င္း ဆြဲလိုက္သည္။ တစ္ေယာက္ၿပီး တစ္ေယာက္ တစ္ဖြဲ႕လုံး ဆြဲၿပီးသြားခဲ့သည္။

အမ်ားစုက သူတို႔ကဒ္ေတြကို ဆြဲၿပီးေနာက္ ေဇာင္ယုဟြမ္ နဲ႔ မာရီယာ တို႔ကို ခိုးၾကည့္လိုက္ၾကသည္။ သူတို႔ၾကားတြင္ သူတို႔ႏွစ္ေယာက္က နာမည္ႀကီးသည့္ မိန္းကေလးေတြ ျဖစ္သည္။

“ဘုရင္ကဒ္ကို ဘယ္သူရထားလဲ?” မာရီယာ ေမးလိုက္သည္။

“ငါရထားတယ္” လီဂ်င္းယြမ္ ႏူးညံ့စြာ ေျပာလိုက္သည္။ အံ့အားသင့္စြာနဲ႔ မာရီယာ ေျပာလိုက္သည္။

“လီ၊ မင္းက အရမ္းကံေကာင္းတာပဲ!” လီဂ်င္းယြမ္ ညာဘက္က ကဒ္ကို ယူလိုက္ေပမဲ့ နံပါတ္ကိုေတာ့ မၾကည့္ေပ။ နံပါတ္တခ်ိဳ႕ကို က်ပန္းေ႐ြးလိုက္သည္။

“နံပါတ္ ၈ နဲ႔ ၃ အတူတူ လက္ကိုင္ၿပီး သစ္ပင္ကို သုံးႀကိမ္ပတ္ ေလွ်ာက္ရမယ္”

မာရီယာ ကေခါင္းခါလိုက္ၿပီး “လီ ဒါက အရမ္း႐ိုးရွင္းတာပဲ။ ဒီအထဲမွာ ဘာေပ်ာ္စရာပါေတာ့မလဲ?” လီဂ်င္းယြမ္ ကေျပာလိုက္သည္။

“ဒါက ငါလိုခ်င္တာပဲ”

ေဇာင္ယုဟြမ္ ကလည္း ဂိမ္းတြင္ပါဝင္ခဲ့သည္။ မေတာ္တဆ သူမကို ထူးဆန္းတဲ့ အရာေတြလုပ္ဖို႔ အမိန႔္မေပးခ်င္ပါ။ မာရီယာ ကဘာမွထပ္မေျပာေတာ့ေပ။

“ေကာင္းၿပီ၊ နံပါတ္ ၈ ကဘယ္သူလဲ?” ေဇာင္ယုဟြမ္ သူမလက္ကို ေျမႇာက္လိုက္သည္။

“ငါ”

“နံပါတ္ ၃ ကဘယ္သူလဲ?” လန္ဒန္ ကစိတ္လႈပ္ရွားစြာ ထလိုက္သည္။

“ငါ”

သူသိခဲ့ရင္.. လက္ေတြကိုင္ဖို႔ အေၾကာင္းကို ဘာေၾကာင့္ ေျပာခဲ့မွာလဲ? ေနာက္ၿပီး သစ္ပင္ကို ပတ္ရမယ္?

လီဂ်င္းယြမ္ ႐ုတ္တရက္ သူ႔လက္ထဲက ဘုရင္ကဒ္ကို လႊတ္ပစ္လိုက္ၿပီး မတ္တပ္ရပ္လိုက္သည္။ သူက ၿပဳံးကာ ေျပာလိုက္သည္။

“ငါ သစ္ပင္ပဲ”

လန္ဒန္ – “…….”

မာရီယာ ကသူမလက္ေတြကို ခ်က္ခ်င္းပဲ ထတီးလိုက္ၿပီး က်ယ္ေလာင္စြာ ရယ္လိုက္သည္။

“ေကာင္းတယ္၊ ေကာင္းတယ္! ငါႀကိဳက္တယ္!”

တျခားသူေတြကလည္း “ဟုတ္တယ္! သစ္ပင္ကို ပတ္တာက ဘာေပ်ာ္စရာေကာင္းမွာလဲ? ဒီလိုမ်ိဳးကို ငါႀကိဳက္တယ္!”

လီဂ်င္းယြမ္ က လန္ဒန္ ကိုတစ္ခ်က္ ၾကည့္လိုက္ၿပီး သူ႔မ်က္ႏွာထက္တြင္ေတာ့ အၿပဳံးက ရွိေနဆဲပင္။

“C’mon” လန္ဒန္ က ေဇာင္ယုဟြမ္ အေရွ႕ကို ေလွ်ာက္သြားလိုက္သည္။

တဖက္တြင္ ေဇာင္ယုဟြမ္ ကေတာ့ အဆင္မေျပတာကို မခံစားရေပ။ သူမက လန္ဒန္ ရဲ႕လက္ကို ပုံမွန္ပဲ ကိုင္လိုက္ၿပီး ေျပာလိုက္သည္။

“သုံးပတ္ပတ္႐ုံပဲ” ထို႔ေနာက္ စိုက္ၾကည့္လိုက္ၿပီး လီဂ်င္းယြမ္ ကိုပတ္ေလွ်ာက္လိုက္သည္။ လီဂ်င္းယြမ္ ကအရပ္ပိုပိုၿပီး ရွည္လာခဲ့ၿပီး တနည္းျဖင့္ သူက စင္ေပၚတြင္ေတာင္ ရပ္ေနစရာ မလိုေပ။

သူက လန္ဒန္ ထက္သိသာစြာ ပိုရွည္ၿပီး သူမတ္တပ္ရပ္ခ်ိန္တြင္ သစ္ပင္တစ္ပင္နဲ႔ တူေနသည္။ လန္ဒန္ ကအျပင္ထြက္လိုက္ေပမဲ့ လီဂ်င္းယြမ္ ကိုသစ္ပင္အေနနဲ႔ သေဘာထားၿပီး ေဇာင္ယုဟြမ္ နဲ႔လမ္းေလွ်ာက္ဖို႔အတြက္ သူ႔ဘာသာ တြန္အားေပးလိုက္ရသည္။

မထိန္းခ်ဳပ္ႏိုင္ပဲ သူ႔ဘာသာ ညည္းတြားလိုက္သည္။ လီဂ်င္းယြမ္ က ေဇာင္ယုဟြမ္ ရဲ႕ေမာင္ေလးဆိုတာကို သူသိခဲ့ေပမဲ့ သူ႔ပုံစံက သူမအေဖနဲ႔ ပိုတူေနရတာလဲ?

လီဂ်င္းယြမ္ က လန္ဒန္ ကိုစိုက္ၾကည့္လိုက္ၿပီး သူ႔အၿပဳံးကို ထိန္းသိမ္းထားကာ သူတို႔သုံးပတ္ ပတ္ၿပီးခ်ိန္အထိ ေစာင့္ေနလိုက္သည္။ သူတို႔ေနရာကို ျပန္ေရာက္ခ်ိန္တြင္ လန္ဒန္ ရဲ႕ေက်ာက ေခြၽးေတြနဲ႔ စို႐ႊဲေနခဲ့သည္။

သူဘာေၾကာင့္ ဒီေလာက္ေတာင္ စိတ္ပင္ပန္းသလို ခံစားရလဲဆိုတာကို လန္ဒန္ မသိေပမဲ့ လီဂ်င္းယြမ္ ကသူ႔ကို စိုက္ၾကည့္ေနခ်ိန္တြင္ သူအေတာ္ေလး ၿခိမ္းေျခာက္ခံေနရသလို ခံစားလိုက္ရသည္….

ထို႔ေနာက္ ကစားပြဲကို ၂ ပြဲ ၃ ပြဲေလာက္ ကစားခဲ့ၾကသည္။ ေဇာင္ယုဟြ၊ လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔က ေ႐ြးခ်ယ္မခံရတဲ့အျပင္ ဘုရင္ကဒ္လည္း ထပ္မက်ေတာ့ေပ။

ကဒ္ဆြဲမိတဲ့ တျခားလူေတြက “တစ္ေယာက္ကို ခ်ီၿပီး သစ္ပင္ဆီကိုေျပး”၊ “လူေရွ႕မွာ စိတ္အားထက္သန္စြာ နမ္း”၊ “သစ္ပင္ေပၚတက္ၿပီး ေမ်ာက္အသံလုပ္”၊ “တစ္ေယာက္နဲ႔ တစ္ေယာက္ အဝတ္ေတြခြၽတ္”…

ဒါေတြနဲ႔ ႏႈိင္းယွဥ္ရင္ လီဂ်င္းယြမ္ ရဲ႕ေတာင္းဆိုခ်က္က အေတာ္ေလးကို ညႇာတာသည့္ဘက္တြင္ရွိသည္။

ေနာက္ဆုံးအႀကိမ္တြင္ေတာ့ ဘုရင္ကဒ္ကို ေဇာင္ယုဟြမ္ ဆြဲမိသြားသည္။ ၿပဳံးလိုက္ၿပီး ေျပာလိုက္သည္။

“နံပါတ္ ၄ နဲ႔ ၅၊ အဝတ္ေတြ ခြၽတ္ၿပီး ‘လူမ်ိဳးစုအတြက္’ လို႔ေအာ္!”

မာရီယာ ရယ္လိုက္သည္။ “သူတို႔က တစ္ေယာက္နဲ႔ တစ္ေယာက္ တိုက္ခိုက္ဖို႔ လိုအပ္တယ္လို႔ ဆိုလိုတာမလား?”

“အိုေက၊ တိုက္ပြဲတစ္ခုေလာက္ ထည့္လို႔ရတယ္” ေဇာင္ယုဟြမ္ ေခါင္းညိတ္လိုက္သည္။

“နံပါတ္ ၄ ကဘယ္သူလဲ? နံပါတ္ ၅ ကေကာ?”

သူတို႔ လွည့္ပတ္ၾကည့္လိုက္သည္။ ေနာက္ဆုံးတြင္ လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔က ထလိုက္ၾကသည္။

ေဇာင္ယုဟြမ္ သူမလက္ထဲက ေရခြက္ထဲ ေရေတြက ဖိတ္က်လုနီးပါး ျဖစ္သြားသည္။ ဘာေတြးရမလဲေတာင္ သူမ မသိေတာ့ေပ။

ဘာေၾကာင့္ သူတို႔ ျဖစ္ေနတာလဲ? သူတို႔အတြက္ တြင္းတစ္တြင္း တူးေပးတာနဲ႔ အဆုံးသတ္သြားတာလဲ?

သူမပါးစပ္ကို အနည္းငယ္ ဖြင့္လိုက္ၿပီး တစ္ခုခု ေတြးေတာဖို႔ စဥ္းစားလိုက္သည္။ လူငယ္ေလး ႏွစ္ေယာက္က တစ္ေယာက္နဲ႔ တစ္ေယာက္ ၾကည့္လိုက္ၾကၿပီး သူတို႔ဆြယ္တာေတြကို ခြၽတ္လိုက္ၾကသည္။

သူတို႔က ေအာက္ခံအဝတ္ကို မဝတ္ထားတာေၾကာင့္ ဆြယ္တာကို ခြၽတ္လိုက္သည္ႏွင့္ သူတို႔ရင္ဘတ္ကို ျမင္ႏိုင္သည္။ တခ်ိဳ႕မိန္းကေလးေတြက စတင္ၿပီး ေလခြၽန္လိုက္ၾကသည္။

ေကာင္ေလးေတြက အားေပးလိုက္ၾကသည္။ သူတို႔က ေဘာင္းဘီရွည္ကို ဝတ္ထားဆဲျဖစ္သည္။ သူတို႔ခါးက ခါးပတ္ေတြက သူတို႔အသားအရည္ကို ပိုၿပီးေပၚလြင္သြားေစသည္။

လူငယ္ေလးေတြရဲ႕ ေက်ာက ေျဖာင့္မတ္ေနၿပီး သူ႔တို႔ေက်ာတြင္ ႂကြက္သားေတြကို ျမင္ႏိုင္သည္။ သူတို႔ေက်ာက ပိုၿပီးက်ယ္ျပန႔္ပုံေပၚသည္။ ထို႔ေနာက္ သူတို႔ လွည့္လိုက္ၾကသည္။

သူတို႔ရဲ႕ တင္းမာသည့္ ေမး႐ိုးေအာက္တြင္ သူတို႔ရဲ႕ လည္ပင္း၊ ရင္ဘတ္နဲ႔ သူတို႔ခႏၶာကိုယ္က ေက်ာ႐ိုးေတြက သူတို႔ေဘာင္းဘီ လမ္းေၾကာင္းအတိုင္း တိုးခ်ဲ႕သြားသည္။

ႏႈိင္းယွဥ္ၾကည့္ရင္ လီဂ်င္းယြမ္ ကပိုျဖဴေဖြးပုံေပၚၿပီး ဟုန္ခ်န္းမင္း ကသူ႔ထက္ ပိုၿပီးအသားမဲသည္။

လီဂ်င္းယြမ္ ကက်က္သေရရွိၿပီး အဆင့္အတန္းျမင့္သည့္ မင္းသားနဲ႔ တူၿပီး ဟုန္ခ်န္းမင္း ကေတာ့ ၾကမ္းတမ္းၿပီး သန္မာသည့္ သူရဲေကာင္းနဲ႔ ပိုတူသည္။ မာရီယာ ေျပာလိုက္သည္။

“တ႐ုတ္ျပည္က လူေတြက အရမ္းကို လွတာပဲ!” လွပတဲ့ မ်က္ႏွာေတြ၊ သန္မာတဲ့ ခႏၶာကိုယ္ေတြနဲ႔ သူတို႔ရဲ႕ ၿပိဳင္ဘက္ကင္းတဲ့ အရွိန္အဝါေတြ အားလုံးကို ၿခဳံၾကည့္လိုက္ခ်ိန္တြင္ သူတို႔က ပိုၿပီးေတာ့ ဆြဲေဆာင္မႈရွိသြားသည္။

တခ်ိဳ႕လူေတြက မတားဆီးႏိုင္ပဲ သူတို႔နာမည္ေတြကို က်ယ္ေလာင္စြာ ေအာ္ဟစ္လိုက္ၾကသည္။ လူငယ္ေလး ႏွစ္ေယာက္က သူတို႔ရဲ႕ ႐ူးသြပ္ပုံကို ဂ႐ုစိုက္ပုံ မေပၚေပ။

သူတို႔က ေဇာင္ယုဟြမ္ ရဲ႕အမိန႔္ကို လိုက္နာၿပီး “လူမ်ိဳးအတြက္!” ဆိုၿပီး က်ယ္ေလာင္စြာ ေအာ္လိုက္ၾကသည္။ ထို႔ေနာက္ သူတို႔က တစ္ေယာက္နဲ႔ တစ္ေယာက္ အားေပးလိုက္ၾကသည္။

သူတို႔တြင္ ဓားသိုင္း၊ တိုက္ခိုက္ေရး၊ လက္ေဝွ႔ေတာင္ အနည္းငယ္ ထိုးတက္သည္။ “Whoosh!” ေလထဲတြင္ အသံက ထြက္ေပၚလာခဲ့သည္။

ေကာင္ေလး ႏွစ္ေယာက္က ဝံပုေလြ ႏွစ္ေကာင္ တိုက္ေနသလိုမ်ိဳး တစ္ေယာက္ရဲ႕ ပုခုံးကို တစ္ေယာက္က တင္းၾကပ္စြာ ဆုပ္ကိုင္ထားခဲ့သည္။

သူတို႔ ႏွစ္ေယာက္လုံးဆီမွ ရင့္က်က္သည့္ အမ်ိဳးသား တစ္ေယာက္ရဲ႕ အရွိန္အဝါေတြက ထုတ္လႊတ္ေနခဲ့သည္။ လက္သီး တစ္ခ်က္၊ ေျခေထာက္ ကန္ခ်က္တစ္ခု။ သူတို႔ရဲ႕ လႈပ္ရွားမႈတိုင္းက ေသေစေလာက္သည္။

ေဇာင္ယုဟြမ္ ရဲ႕ႏွလုံးသားက သူမပါးစပ္ထဲက ထြက္လုနီးပါး ျဖစ္လာရင္း ၾကည့္ေနခဲ့သည္။ သူမ မထိန္းခ်ဳပ္ႏိုင္စြာျဖင့္ မ်က္ေမွာင္ အနည္းငယ္ ၾကဳတ္လိုက္ၿပီး ဒီလိုမ်ိဳး ႐ူးႏွမ္းတဲ့ ေတာင္းဆိုခ်က္ကို လုပ္လိုက္မိလို႔ ေနာင္တရသြားသည္။

ဒါက သူတို႔ျဖစ္လာၿပီး သူတို႔က ဒီလိုမ်ိဳး ေလးေလးနက္နက္ တိုက္ခိုက္ေနၾကမယ္လို႔ သူမ မထင္ထားေပ။

“အိုေက! ေကာင္းၿပီ! ရၿပီ!” ေဇာင္ယုဟြမ္ ကရပ္ဖို႔ ေအာ္ေျပာလိုက္သည္။ လူတိုင္းမ်က္လုံးေတြက ေတာက္ပေနၾကသည္။

“ဒါက မယုံႏိုင္စရာပဲ၊ ေဟလို႔စ္စီ။ မင္းအစ္ကိုေတြက အရမ္းကို မယုံႏိုင္စရာပဲ!” ေဇာင္ယုဟြမ္ တစ္ေယာက္က သူမအစ္ကို ျဖစ္ၿပီး တစ္ေယာက္က သူမထက္ အငယ္ဆိုတာကို အမွန္မျပင္ေပးေပ။

သူတို႔ရဲ႕ဆြယ္တာေတြကို ေကာက္ယူလိုက္ၿပီး ဟုန္ခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ တို႔ဆီကို ပစ္ေပးလိုက္သည္။

“မင္းတို႔ နာသြားေသးလား?” ေဇာင္ယုဟြမ္ မေပ်ာ္႐ႊင္စြာနဲ႔ ေမးလိုက္သည္။

“မနာဘူး” ဟုန္ခ်န္းမင္း ကေျပာလိုက္သည္။ လီဂ်င္းယြမ္ ကၿပဳံးၿပီး ေျပာလိုက္သည္။

“ဒါေတြက ရႈိးတစ္ခုပဲ။ ဒါက အင္အားျပင္းေပမဲ့ တကယ္မနာပါဘူး”

သူတို႔က တ႐ုတ္လို ေျပာေနၾကတာေၾကာင့္ တျခားသူေတြ အားလုံးက သူတို႔ ဘာေျပာေနၾကလဲဆိုတာ မသိၾကေပ။ သူတို႔က အေရွ႕ကိုသာ ၾကည့္ေနခဲ့ၾကသည္။ သူတို႔မ်က္လုံးထဲတြင္ အံ့ဩျခင္း၊ ေၾကာက္လန႔္ျခင္းေတြနဲ႔ ျပည့္ေနၾကသည္။

“တကယ္လား?” ေဇာင္ယုဟြမ္ က ဟုန္ခ်န္းမင္း ကိုၾကည့္လိုက္ၿပီး မယုံၾကည္စြာျဖင့္ ေမးလိုက္သည္။

“တကယ္” ဟုန္ခ်န္းမင္း ကေျပာလိုက္သည္။ ေနာက္ဆုံးေတာ့ ေဇာင္ယုဟြမ္ ခံစားခ်က္ ေကာင္းမြန္သြားသည္။

ထို႔နာက္ လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔က ေဇာင္ယုဟြမ္ မျမင္ႏိုင္သည့္ ေနရာတြင္ မတ္တပ္ရပ္ေနရင္း သူတို႔အၾကည့္ေတြက ေျပာင္းလဲသြားၿပီး တစ္ေယာက္ခ်င္းစီကို လိုက္ၾကည့္လိုက္ၿပီး အထူးသျဖင့္ ေဇာင္ယုဟြမ္ ကိုခရစ္စမတ္ကဒ္ ေပးခဲ့ၾကသည့္ လန္ဒန္၊ ဂ်ိဳးဆက္ နဲ႔တျခားသူေတြကို စိုက္ၾကည့္လိုက္ၾကသည္။

(အဲ့ဒါေၾကာင့္မို႔ ထူးဆန္းေနပါတယ္လို႔၊ ထင္ေနတာက တကယ္မွန္သြားတာပဲ 😂😂)

လန္ဒန္ ကသိသာစြာပဲ စိတ္လႈပ္ရွားေနခဲ့သည္။ ဂ်ိဳးဆက္ ကအနည္းငယ္ ပိုေၾကာက္သြားခဲ့သည္။ က်န္သည့္ သူေတြကေတာ့ ပိုျပင္းထန္ၾကသည္။

သူတို႔က လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ကို တစ္ခ်က္ၾကည့္ၿပီးေနာက္ သူတို႔ပုံစံက ေလးစားမႈနဲ႔ ေၾကာက္လန႔္မႈေတြ ေပၚေနသည္။ အခုေတာ့ သူတို႔ဆီကေန အ႐ိုက္ခံေနရတယ္လို႔ေတာင္ ခံစားေနရသည္။

ေဟလို႔စ္စီ ရဲ႕အစ္ကိုေတြနဲ႔သာ တိုက္ခိုက္တာကို ကစားခဲ့ရင္ သူတို႔အႏိုင္ရမွာ ေသခ်ာတယ္။ သူတို႔နဲ႔ တကယ့္လက္ေတြ႕မွာ ဘယ္လိုလုပ္ၿပီး တိုက္ခိုက္ႏိုင္မွာလဲ?

ထိုအေၾကာင္းကို ေတြးလိုက္ရင္ တံေတြးကို ၿမိဳခ်လိုက္ၾကသည္။ ဒီပုံစံေတြက လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ဆီက မလြတ္ေျမာက္ႏိုင္ေပ။ အရမ္းေကာင္းတယ္။

ဒါက သူတို႔ ႏွစ္ေယာက္လုံး ေတြးလိုက္ၾကတာ ျဖစ္သည္။ ဒီနည္းလမ္းက… သူတို႔ ဟြမ္ဟြမ့္ အနားမရွိခ်ိန္မွာ ႐ူးသြပ္တဲ့ ေကာင္ေတြက ဟြမ္ဟြမ့္ အနားကို ကပ္ရဲေတာ့မွာ မဟုတ္ဘူး။

(A/N :
လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း : ဒါက ဥပမာေပးတာပဲ။ ဒီမေကာင္းတဲ့ ေကာင္ေလးေတြ အတြက္ သူတို႔က တစ္ေယာက္နဲ႔ တစ္ေယာက္ ႐ိုက္ႏွက္ခဲ့ၾကတယ္။ သူတို႔ ႏွစ္ေယာက္လုံးက အႏိုင္က်င့္ၾကတာပဲ)

30.6.2020 (Tue)
……………………

[text_hash] => 0787d3d8
)

//qc
//QC2