Array
(
[text] =>
<Unicode>
မဖွင့်ရသေးသည့် ခရစ်စမတ်ကဒ်နဲ့ လက်ဆောင်များ
“ဟွမ်ဟွမ်” လီဂျင်းယွမ် ကတံခါးခေါက်လိုက်ပြီး အထဲကို ဝင်လာခဲ့သည်။
သူ့ဖုန်းကိုလည်း လက်တစ်ဖက်က ကိုင်ထားနေဆဲ ဖြစ်သည်။ တံခါးနားမှာ ရပ်လိုက်ပြီး ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသည့် လက်ဆောင်ဗူးတွေကို ကြည့်လိုက်ပြီးနောက် ဟုန်ချန်းမင်း နဲ့ ဇောင်ယုဟွမ် တို့ကို ကြည့်ကာ မေးလိုက်သည်။
“လက်ဆောင်တွေကို ဖောက်နေတာလား?” နောက်ဆုံးတော့ ဟုန်ချန်းမင်း က ဇောင်ယုဟွမ် ကိုလွှတ်လိုက်ပြီး ပြောလိုက်သည်။
“အင်း” ဇောင်ယုဟွမ် ကသူ့ရင်ဘတ်နားကို ရောက်ရန် အနည်းငယ် ရုန်းကန်လိုက်သည်။ ဗူးကို ထပ်ကြည့်ချိန်တွင် ဘာမှမရှိပေ။ လီဂျင်းယွမ် ပြုံးလိုက်ပြီး ပြောလိုက်သည်။
“အတော်ပဲ” သူက လှည့်လိုက်ပြီး သူ့အခန်းထဲကို လျှောက်သွားကာ တစ်ဖက်စီတွင် လက်ဆောင်ထုတ်တွေ ထည့်ထားသည့် အိတ်တွေကို သယ်ပြီးပြန်လာခဲ့သည်။
“ငါလည်း လက်ဆောင်တွေ အများကြီး ရခဲ့တယ်။ ငါတို့ အတူတူ ဖောက်ကြရအောင်” ထိုစကားကို ပြောလိုက်ရင်း လီဂျင်းယွမ် က ဇောင်ယုဟွမ် ကိုကြည့်လိုက်ပြီး မေးလိုက်သည်။
“ဟွမ်ဟွမ့် လက်ဆောင်တွေကော ဘယ်မှာလဲ?”
“အို၊ အဲ့ဒါက သိပ်မများပါဘူး။ ငါ့ကျောပိုးအိတ်ထဲမှာ ရှိတယ်” လီဂျင်းယွမ် ကသူမအရှေ့ကို သူ့လက်ဆောင်တွေ အားလုံးကို တွန်းလိုက်ပြီး ပြောလိုက်သည်။
“ငါ့လက်ဆောင်တွေကို ဟွမ်ဟွမ် ဖောက်ပြီး ဟွမ်ဟွမ့် လက်ဆောင်တွေကို ငါဖောက်မယ်လေ။ ဘယ်လိုလဲ?” ဇောင်ယုဟွမ် မျက်တောင်ခတ်လိုက်ပြီး ပြောလိုက်သည်။
“အဲ့ဒါက မှားမနေဘူးလား?”
“ဒါက ဘာမှားလို့လဲ?” လီဂျင်းယွမ် ကပြန်ချေပလိုက်သည်။ သူ့ပုံစံက သူမ လက်ဆောင်တွေကို ကူညီပေးပြီး ဖွင့်ပေးဖို့သာ ရည်ရွယ်နေခဲ့သည်။
“ကောင်းပြီ။ ငါ့ကျောပိုးအိတ်က ဆိုဖာပေါ်မှာ။ မင်းသွားယူလိုက်ပါလား?” ဇောင်ယုဟွမ် ကကြမ်းပြင်ကနေ ထ,ဖို့ကို အတော်လေး ပျင်းရိနေသည်။
“အိုကေ” လီဂျင်းယွမ် ကပြောလိုက်ပြီး လျှောက်သွားလိုက်သည်။ သူတို့က ဟုန်ချန်းမင်း ရဲ့လက်ဆောင်တွေကို ဖွင့်ကြပြီး အခုတော့ ဇောင်ယုဟွမ် ရဲ့လက်ဆောင်တွေ အလှည့်ဖြစ်သည်။
ဟုန်ချန်းမင်း ကစိတ်သက်သာစွာဖြင့် သက်ပြင်းချလိုက်သည်။ အနည်းဆုံးတော့ ဇောင်ယုဟွမ် ကနှောင့်ယှက်တာ ခံလိုက်ရပြီး အစောက ဗူးအကြောင်းကို မမေးတော့ပေ။
ဇောင်ယုဟွမ် တွင်လက်ဆောင်တွေ အများကြီး မရှိပဲ သူမနဲ့ သယ်လာမဲ့အစား ဘော်ဒါဆောင်တွင် ထားခဲ့ခြင်း ဖြစ်သည်။ သူမကျောပိုးအိတ်ထဲက လက်ဆောင်တွေကတော့ ကျောင်းဝန်းအတွင်းက ပေးတဲ့သူတွေဆီက ဖြစ်သည်။
လက်ဆောင်တွေကို လက်ခံပြီး အကုန်လုံးကို သူမ ကျောပိုးအိတ်ထဲကို ထည့်ထားခဲ့သည်။ အခုတော့ ဇောင်ယုဟွမ် ကကျောင်းပြီးချိန်တွင် သူမအတွက် အထူးလက်ဆောင် ပေးတဲ့သူများကို မေ့သွားခဲ့ပြီဖြစ်သည်။
လီဂျင်းယွမ် ကခရစ်စမတ်ကဒ်ကို ဖွင့်လိုက်ပြီး ပွင့်လင်းပြီး ရိုးရှင်းသည့် စကားလုံးတွေကို မြင်လိုက်သည်။
“အချစ်လေး။ နောက်တစ်ခါကျရင် အတူတူ ကိုယ်ပိုင်အချိန်မှာ ပျော်ရွှင်ရအောင်” ဒီစာကို ကျယ်ကျယ်ဖတ်ရင်း လီဂျင်းယွမ် ရဲ့အသံက ပြောင်းလဲဿွားကာ သူ့ရဲ့နူးညံ့မှုတွေက ဆက်မရှိတော့ပေ။
“ဒါဘယ်သူလဲ?” သူ့အသံက အနည်းငယ် အေးစက်နေပြီး အောက်က လက်မှတ်ထိုးထားတာကို ဖတ်လိုက်သည်။
“မင်းရဲ့ မာရီယာ” ဇောင်ယုဟွမ် ကသူမပါးစပ်ထဲကို ချောကလက်ကို ထည့်လိုက်သည်။
သူမက ကြည့်လိုက်ပြီး လူငယ်လေးနှစ်ယောက်ရဲ့ မျက်လုံးတွေက သူမကို တင်းမာစွာ ကြည့်နေတာနဲ့ ဆုံသွားသည်။ ဇောင်ယုဟွမ် ကလျင်မြန်စွာ ပြောလိုက်သည်။
“အို၊ အဲ့မှာက ကိုယ်ပိုင်အချိန် သိပ်မရှိဘူးလေ။ သိပ်မကြာခင်တုန်းက ဇာတ်လမ်းကလပ်ထဲကို ဝင်ခဲ့တယ်၊ နောက်ပြီး သူမက ကလပ်ထဲမှာ စတားပဲ။ ငါအများကြီး မသိလို့ ငါ့ကို တစ်ယောက်ချင်းစီ အချိန်ပေးပြီး သင်ပေးခဲ့တယ်။ နောက်တော့ မာရီယာ ကမိန်းကလေး”
ထိုစကားကို ပြောလိုက်ပြီး ဇောင်ယုဟွမ် ကသူမဖုန်းကို ဆွဲထုတ်လိုက်ကာ ဓာတ်ပုံကို ဖွင့်လိုက်သည်။
“တွေ့လား? ငါတို့တွေ” ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့က တစ်ချိန်တည်း ကြည့်လိုက်ကြသည်။
ဓာတ်ပုံထဲမှ မိန်းကလေးက အတော်လေး အရပ်ရှည်ပြီး ၁.၇၊ ၁.၈ မီတာ လောက်ရှိသည်။ သူမရဲ့ ရွှေအိုရောင် ဆံပင်ကို အမြှင့်စည်းထားသည်။ သူမမျက်လုံး အပြာရောင်တွေက ပြုံးနေကြသည်။
သူမက မြင်းစီးဝတ်စုံကို ဝတ်ဆင်ထားခဲ့ပြီး လက်တွင်လည်း မြင်းရိုက်သည့် ကြာပွတ်ကို ကိုင်ထားခဲ့သည်။ သူမက ဥရောပပုံစံရှိပြီး အတော်လေးကို ထင်ရှားပြီး လှပသည်။
တဖက်တွင် ဇောင်ယုဟွမ် က ၁၈ ရာစုစတိုင် မင်းသမီး ပုံစံကို ဝတ်ထားခဲ့သည်။ သူမခါးက သေးသွယ်ပြီး ပါးလွှာကာ အင်္ကျီသည် အဖြူရောင်ဖြစ်သည်။ အောက်ဖက်ကတော့ အပြာရောင်ဖြစ်သည်။
သူမခေါင်းတွင် ပန်းပွင့် ဦးထုပ်တစ်လုံးရှိပြီး သူမ နားတစ်ဖက်စီတွင် ဆံပင်အလိမ်လေး တစ်ခုစီကို ချထားသည်။ သူမဦးထုပ်ကို သူမနဖူးအထိကို ကွယ်နေခဲ့သည်။ သူမရဲ့ နှာခေါင်းနဲ့ နှုတ်ခမ်းတွေက ပန်းတွေလိုမျိုး မြင်နိုင်သည်။ သူမမျက်နှာက ပိုပြီးတောင် သေးငယ်သွားပုံပေါ်နေသည်။
မာရီယာ ကသူမအရပ်ကို အသုံးချပြီး ဇောင်ယုဟွမ် ကိုစိတ်အားထက်သန်စွာနဲ့ ဖက်ထားခဲ့သည်။ သူမခေါင်းကလည်း ဇောင်ယုဟွမ် ဘက်ကို စောင်းနေပြီး သူတို့က တစ်ယောက်နဲ့ တစ်ယောက် အတော်လေး ရင်းနှီးပုံပေါ်သည်။
“ဒီဓာတ်ပုံက ပြဇာတ်အပိတ်မှာ အတူတူရိုက်ခဲ့တာ” ဇောင်ယုဟွမ် ပြောလိုက်သည်။ သူမက ဓာတ်ပုံတွေကို အနည်းငယ် ရွေ့လိုက်ပြီး ပြောလိုက်သည်။
“အို၊ ဒီမှာလည်း ရှိသေးတယ်။ ဒါပေမဲ့ သူတို့မှာ တခြားသူတွေလည်း ပါတယ်” နောက်ထပ် ဓာတ်ပုံကို ဖုန်းကနေ ပြလိုက်သည်။ ဓာတ်ပုံထဲတွင် အဓိက ဇာတ်ကောင်ကတော့ ဇောင်ယုဟွမ် ဖြစ်နေတုန်းပင်။
စက်ဝိုင်းပုံစံဖြင့် ကောင်လေးတွေ၊ ကောင်မလေးတွေ အားလုံးက ဝိုင်းထားကြပြီး ဇောင်ယုဟွမ် ကိုလေထဲ ပစ်နေတဲ့ပုံဖြစ်သည်။ သူမ လက်တွေက သူမအဝတ်တွေကို ကိုင်ထားခဲ့သည်။
လေထဲကို ရောက်သွားချိန်တွင် သူမဦးထုပ်ကလည်း လေထဲတွင် ပျံသန်းနေခဲ့သည်။ ဇောင်ယုဟွမ် မျက်နှာတွင်လည်း တောက်ပသည့် အပြုံးက ရှိနေခဲ့သည်။
သူမပုံစံတွေ အားလုံးနဲ့အတူ ဇောင်ယုဟွမ် က ၁၈ ရာစုရဲ့ မင်းသမီးလေးနဲ့ တူသည်။ ဇောင်ယုဟွမ် ကပုံကို ညွှန်ပြလိုက်ပြီး ပြောလိုက်သည်။
“အောက်မှာ မွေ့ရာတွေရှိတယ်။ ဒါက အတော်လေး လုံခြုံတယ်” ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့နှစ်ယောက်လုံး တိတ်ဆိတ်နေခဲ့ကြသည်။ သူတို့က နည်းနည်းတော့ နောင်တရသည်။
သူတို့ ဝေးသွားချိန်ကတည်းက ဒီအရာတွေ အများကြီးကို လွဲသွားခဲ့ကြသည်။ သူမ ပြဇာတ်ကတာတွေ၊ မင်းသမီး ပုံစံ ဝတ်ထားတာတွေကို မမြင်လိုက်ရပေ။ လီဂျင်းယွမ် ကရုတ်တရက်ကြီး ပြောလိုက်သည်။
“ဥပရောပက မိန်းကလေးတွေက တခြားမိန်းကလေးတွေလိုပဲလို့ ငါကြားခဲ့တယ်” ဇောင်ယုဟွမ် ကအချိန်အနည်းငယ် တိတ်သွားပြီး ပြောလိုက်သည်။
“ဟင့်အင်း၊ ဒါ မဖြစ်နိုင်ဘူး” လီဂျင်းယွမ် ကသူ့နှုတ်ခမ်းကို စေ့ထားပြီး ကဒ်ကို ဘေးကိုချလိုကကာ နောက်တစ်ခုကို ဆွဲထုတ်လိုက်ပြီး အသံကျယ်ကျယ်နဲ့ ဖတ်လိုက်သည်။
“ချစ်လှစွာသော ဟေလို့စ်စီ၊ မယ်ရီခရစ်စမတ်! မင်းနဲ့ ခွဲရလို့ ငါအရမ်းစိတ်မကောင်း ဖြစ်မိတယ်။ မင်းက အရမ်းလှတာပဲ။ ငါ့မျက်လုံးထဲမှာတော့ မင်းက တရုတ်ထဲမှာ အလှဆုံးပဲ။ မင်းမျက်လုံးတွေက ညဘက်မှာ တောက်ပနေတဲ့ ကြယ်တွေလို့ပဲ၊ မင်းဆံပင်တွေက တရုတ်ပြည်က အနူးညံ့ဆုံးနဲ့ တူတယ်။ မင်းနှုတ်ခမ်းတွေက ပန်းပွင့်လေးတွေလို့….. အားလပ်ရက် အတွင်းမှာ ငါ့ရဲ့လှပတဲ့ နေရာလေးကို အလည်လာဖို့ ဖိတ်ခေါ်လို့ ရနိုင်မလား? မင်းရဲ့ ဂျိုးဆက်”
ဟုန်ချန်းမင်း နှုတ်ခမ်းတွေက တွန့်သွားပြီး တင်းမာစွာ ကြည့်လိုက်သည်။
“.. ဥရောပသားတွေက ဒီလိုမျိုးပဲ ပြောကြတာလား?”
“မိန်းကလေး တစ်ယောက်ကို ချီးမွမ်းတာက ဆိုးရွားတဲ့ အရာမဟုတ်ပါဘူး!” ဇောင်ယုဟွမ် ပြောလိုက်သည်။ ထို့နောက် သူမက လူငယ်လေး နှစ်ယောက်ဘက်ကို လှည့်လိုက်ပြီး မေးလိုက်သည်။
“မင်းတို့ တခြားတစ်ယောက်ယောက်ကို ချီးမွမ်းဖူးလား?”
“ဟင့်အင်း”
“ကောင်းပြီ၊ ဒါက အလုပ်မဖြစ်ဘူး။ ဒီလိုမျိုးနဲ့ ဘယ်လိုလုပ်ပြီး ရည်းစားရမှာလဲ?” ဇောင်ယုဟွမ် ကချက်ချင်း ချေပလိုက်သည်။
“အနည်းဆုံးတော့ မိန်းကလေး တစ်ယောက်ကို လူကြီးလူကောင်း ဆန်ဆန်နဲ့ ချီးမွမ်းပေးရတယ်။ ဒီလိုဆိုရင် အနာဂတ်မှာ မိန်းကလေးတွေနဲ့ အတော်လေးကို ဝေးကွာနေလိမ့်မယ်”
“ဒီဂျိုးဆက် ကလူကြီးလူကောင်းလား?” ဟုန်ချန်းမင်း မေးလိုက်သည်။
“အင်း…၊ ဟုတ်တယ်။ သူတို့ စကားပြောတိုင်း သက်တောင့်သက်သာ ဖြစ်တယ်လို့ ခံစားရတယ်။ ဥပမာ၊ ဆောင်းရာသီမှာ စကပ်ဝတ်ထားရင် “မင်းအေးလိမ့်မယ်”လို့ ပြောမဲ့အစား ပထမဆုံး သူပြောမှာက “ဘယ်လောက်တောင် လှလိုက်တဲ့ စကပ်လဲ” အဲ့လိုပြောလိမ့်မယ်”
ဟုန်ချန်းမင်း မျက်နှာက မဲမှောင်သွားသည်။ “ဆောင်းရာသီမှာ မင်းက စကပ်နဲ့ အပြင်ထွက်ချင်လို့လား?” ဇောင်ယုဟွမ် မျက်တောင်ခတ်လိုက်ပြီး ပြောလိုက်သည်။
“အဲ့ဒါက ဥပမာပေးရုံပါ”
“ဥပမာပေးတာတောင် မရဘူး။ ဆောင်းရာသီမှာ စကပ်ဝတ်တာက မှားတယ်” ဟုန်ချန်းမင်း ပြောလိုက်သည်။ လီဂျင်းယွမ် ကဒီအကြောင်းကို တွေးလိုက်ပြီး ပြောလိုက်သည်။
“အဲ့ဒါက အရမ်းအေးလိမ့်မယ်။ အရမ်းကို အေးမှာ။ အနာဂတ်မှာ အဲ့လိုမျိုး မလုပ်သင့်ဘူး၊ ဟွမ်ဟွမ်” ဇောင်ယုဟွမ် မျက်နှာက အကူအညီမဲ့သွားခဲ့သည်။
သူတို့ နှစ်ယောက်နဲ့ သူမ ဘာလုပ်ရမလဲ?
“အိုကေ၊ ဒါဆို ငါတခြား ဥပမာပေးမယ်။ ဆောင်းရာသီမှာ စကတ်ဝတ်တာကို မေ့လိုက်တော့။ အင်း… ကျောင်းပိတ်ရက်မှာ ငါကျောင်းကို ပြန်သွားပြီး သူက ငါ့ကို လက်ဆောင် တစ်ခုပေးခဲ့တယ်။ ဒါက ကျောင်းကို ပြန်လာတဲ့အတွက်လို့ သူပြောလိမ့်မယ်။ နောက်ပြီး ဟောလိုဝင်း ပွဲတော်မှာ၊ သူက ငါ့ကို ပန်းတွေ ပေးလိမ့်မယ်…”
“ခနလေး၊ ဘာ….” ဟုန်ချန်းမင်း ကထပ်ပြီး စကားစကို ဖြတ်လိုက်သည်။
“ဒါဆို သူက လူကြီးလူကောင်း မဆန်တော့ဘူး”
“အမ်?”
“သူက မင်းကို လိုက်နေတာပဲ” လီဂျင်းယွမ် ကတဖက်တွင် ခရစ်စမတ်ကဒ်ကို လွှတ်ပစ်လိုက်သည်။ ဇောင်ယုဟွမ် ကအကူအညီမဲ့စွာနဲ့ ပြောလိုက်သည်။
“ကောင်းပြီ၊ ဒီလိုဆိုရင် သူက လူဆိုးမဟုတ်ဘူး….”
“ဟွမ်ဟွမ်၊ ဒီလိုမျိုး ကြည့်လို့မရဘူး။ သူနဲ့ရှိချိန်မှာ သူက အမြဲတမ်း စိတ်သက်သာအောင် လုပ်ပေးရင် သူက လူတိုင်းကို ဒီလိုမျိုးပဲလား?” လီဂျင်းယွမ် ပြောလိုက်သည်။ ဟုန်ချန်းမင်း ကပိုပြီးတောင် မပျော်မရွှင် ဖြစ်သွားခဲ့သည်။
“A နဲ့ C အလယ်ကလိုပဲ”
ဆရာတစ်ယောက်က ကျောင်းသား ဘယ်တုန်းက ဖြစ်သွားတာလဲ?
စားပွဲက ပြောင်းသွားပြီး အခုတော့ သူတို့က တခြားသူတွေကို လွယ်လွယ်ကူကူ မယုံကြည်ဖို့ ပြန်သင်ကြားပေးနေတာလား?
ဇောင်ယုဟွမ် ဒါကဘာလဲဆိုတာ မသေချာပေမဲ့ သူတို့ စကားကိုပဲ နားထောင်လိုက်သည်။ သူတို့အားလုံး အရွယ်ရောက်နေကြပြီ။ သူတို့က ပိုပိုပြီး သင်ယူခဲ့ကြပုံပဲ။
လီဂျင်းယွမ် ပြောလိုက်သည်။ “စာပိုကြိုးစား။ ငယ်ငယ်လေးနဲ့ မဒိတ်နဲ့”
“အိုကေ” ဇောင်ယုဟွမ် အကူအညီမဲ့စွာဖြင့် ခေါင်းညိတ်လိုက်သည်။ ဇာတ်လိုက်နဲ့ ဗီလိန်က တကယ်ကိုပဲ ခြားနားလွန်းတယ်။
သူတို့အသက်အရွယ် ကောင်လေးတွေ အားလုံးက ဆယ်ကျော်သက် အရွယ်ကို ဝင်ရောက်လာပြီး သူတို့အားလုံးက မိန်းကလေးတွေ နောက်ကို လိုက်ချင်ကြသည်။ ဒါပေမဲ့ သူတို့နှစ်ယောက်ကတော့ ဒီလိုမျိုးတောင် မတွေးကြဘူး။
လီဂျင်းယွမ် ကနောက်ထပ် ခရစ်စမတ်ကဒ်ကို ဖွင့်လိုက်သည်။ ဒီကဒ်တွေက တစ်ခုနဲ့တစ်ခု တူညီကြသည်။ တဖြည်းဖြည်း ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့နားလည်သွားကြသည်။
ဇောင်ယုဟွမ် လက်ဆောင်တွေ အများကြီး မရတာက ဒီလက်ဆောင်တွေက တခြားရည်ရွယ်ချက်တွေ ရှိပြီး ကဒ်ထဲမှာ သူတို့ရဲ့ ခံစားချက်တွေကို အရင်ဆုံး ရေးထားကြသည်။
ကဒ်တွေ အားလုံးကို ဖွင့်ပြီးသွားပြီးနောက် လက်ဆောင် လေးခုသာ ကျန်တော့သည်။ ဗူးတွေက အတော်လေးကို သေးသည်။ တစ်ခုကတော့ အထဲတွင် ဓာတ်ပုံကို ဘောင်နဲ့ နောက်တစ်ခုက ဆံထိုး၊ နောက်တစ်ခုက နှုတ်ခမ်းနီ၊ ပြီးနောက် နောက်ဆုံး တစ်ခုကတော့ လှပသည့် ရင်ထိုးဖြစ်သည်။
အားလုံးထဲတွင် ရင်ထိုးက အတော်လေး ဈေးကြီးပုံပေါ်သည်။ ထိုအပေါ်တွင် ပုလဲတွေပါပြီး၊ ပုလဲတွေ အားလုံးက တူညီတဲ့ အရွယ်အစားနဲ့ လှပစွာ ပုံဖော်ထားသည်။
ဒီပုလဲတွေ ဝန်းကျင်တွင် ပန်းရောင် ကျောက်လေးတစ်ခုရှိသည်။ ဒါကို မြင်လိုက်ပြီး ဇောင်ယုဟွမ် တောင်အံ့ဩသွားသည်။
“ဒါက ဘယ်သူ့ဆီကလဲ?” ထိုစကားကို ပြောလိုက်ရင်း မဖွင့်ရသေးတဲ့ ကဒ်ကို ဖွင့်လိုက်ပြီး နာမည်ကို ကြည့်လိုက်သည်။
“ဟမ်? ဒါက လန်ဒန် ဆီက?”
“လန်ဒန် ကဘယ်သူလဲ?” လီဂျင်းယွမ် မေးလိုက်သည်။ ဒီမေးခွန်းက တစ်နေ့လုံး သူမေးနေရသလိုမျိုး ခံစားခဲ့ရသည်။
“ဒါက ဘာလဲ?”
“အင်း… သူက မင်းလာတုန်းက တွေ့လိုက်တဲ့ ကောင်လေးပဲ” သူမ ပြောလိုက်ရင်း ဗူးကို ကောက်လိုက်ကာ ဂရုတစိုက် ပိတ်လိုက်ပြီး ပြောလိုက်သည်။
“ငါကျောင်း ပြန်တက်ရင် ဒါကို သူ့ကို ပြန်ပေးလိုက်မယ်။ ဒါက ဈေးအတော်ကြီးပုံပဲ” လီဂျင်းယွမ် လျင်မြန်စွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
ရွှေအိုရောင် ဆံပင်၊ အစိမ်းရောင် မျက်လုံး၊ အာရှပုံစံတောင် အတော်လေး ခန့်ညားသည့် လန်ဒန် ရဲ့ပုံစံကို ပြန်စဉ်းစားလိုက်သည်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး လီဂျင်းယွမ် မပျော်တော့ပေ။
လူမှုဖူလုံရေးကို သူဝင်ရောက်ချိန်ကတည်းက သူ့မှာ ဆွေးမျိုးမရှိတော့ဘူး။ ထို့နောက်တော့ ဇောင်ယုဟွမ် ပဲရှိသည်။ ကောင်းပြီ၊ ဟုန်ချန်းမင်း ကောပဲ၊ ဒါပေမဲ့ ဟုန်ချန်းမင်း သူ့အကြောင်းကတော့ စိုးရိမ်ဖို့ မလိုအပ်ဘူး။ ဇောင်ယုဟွမ် ကိုပဲ။ သူမက လှပပြီး ကျိုးပဲ့လွယ်သည်။
သူမကို နည်းနည်းလေး ခြစ်မိရင်တောင် သူ့နှလုံးသားက နာကျင်တာကို ခံစားရလိမ့်မယ်။ သူမနဲ့ ရှိနေခဲ့တဲ့ နှစ်တွေမှာ သူစဉ်းစားခဲ့တာက ဘယ်လိုသန်မာပြီး၊ အင်အားကြီးမား မလဲဆိုတာပဲ၊ ဒါမှာ သူမကို ဖုံးကွယ်ထားပြီး ဂရုစိုက်ပေးချင်တယ်။
ဒါပေမဲ့ သူမကို ဂရုစိုက်ဖို့ အဆင်သင့် မဖြစ်ခင်မှာ တချို့ဝက်တွေက ဟိုဟိုဒီဒီကနေ ထွက်လာပြီး သူမကို လိုချင်နေကြတယ်။ ဟုန်ချန်းမင်း ကလည်း ပိုပြီး မပျော်မရွှင်ဖြစ်သွားသည်။
ဒီ လန်ဒန် ဆိုတဲ့သူနဲ့တောင် သူ မတွေ့ခဲ့ဘူး။ ဒီဝက်က ဘယ်လိုပုံစံလဲဆိုတာတောင် သူမသိဘူး။
“ဘယ်အချိန်မှ ဘယ်သူ့ကိုမှ ငါမဒိတ်ဘူး ဟုတ်ပြီလား? တကယ်? မင်းတို့ နှစ်ယောက် ငါ့အကြောင်းနဲ့ ပတ်သက်ပြီး စိတ်ပူနေတာ ရပ်လို့ရပြီ” ဇောင်ယုဟွမ် ကသက်ပြင်းချပြီး ပြောလိုက်သည်။
သူတို့က တစ်ယောက်နဲ့ တစ်ယောက် ကွဲသွားကတည်းက သေချာပေါက် ပြောင်းလဲသွားခဲ့ကြသည်။ ဒီ့မတိုင်ခင် သူမရဲ့ ကြက်ကလေးတွေကို အမြဲတမ်း စိုးရိမ်နေခဲ့တဲ့ အမေကြီး တစ်ယောက်လို ခံစားခဲ့သည်။
သူတို့ ကွာသွားကတည်းက အခုတော့ သူတို့က သူမကို စိုးရိမ်နေကြတဲ့ အဖေတွေ ဖြစ်လာကြသည်။ သူမ ပြောနေရင်း သမ်းလိုက်ပြီး ပြောလိုက်သည်။
“ကောင်းပြီ၊ ငါသွားအိပ်တော့မယ်။ မင်းတို့ နှစ်ယောက် ဒီနေရာကို ရှင်းပြီး ခရစ်စမတ်ကဒ်တွေနဲ့ လက်ဆောင်တွေကို ငါ့အခန်းထဲ ယူလာခဲ့ပေး။ ကျေးဇူး!”
“အင်း” လီဂျင်းယွမ် ကသူ့နှုတ်ခမ်းကို အပေါ်ကို ကွေးလိုက်ပြီး ပြောလိုက်သည်။
သူမရဲ့ တုန့်ပြန်ချက်ကို ကြည့်လိုက်ပြီး သူမရခဲ့တဲ့ လက်ဆောင်တွေကို ထူးခြားပြီး အာရုံစိုက်နေတာကို မတွေ့ရပေ။ လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့က အခန်းကို ရှင်းလင်းလိုက်ကြသည်။
လီဂျင်းယွမ် ကသူ့လက်ဆောင်တွေကို သူ့အခန်းကို ပြန်သယ်သွားခဲ့သည်။ ဟုန်ချန်းမင်း ကလည်းသူ့အခန်းတွင် တိတ်ဆိတ်စွာသာ နေနေခဲ့သည်။ ဟုန်ချန်းမင်း ထိုင်ချလိုက်ပြီး သူ့အိပ်ရာအောက်က အခွေကို ထုတ်လိုက်ကာ စာအုပ်တစ်အုပ်ထဲကို ထည့်လိုက်သည်။
သူကျောင်းကို ပြန်သွားသည်နှင့် ပထမဆုံး လုပ်မဲ့အရာကတော့ သူ့ကို ဒီလက်ဆောင် ပေးတဲ့သူအား ရိုက်နှက်ခြင်း ဖြစ်သည်။
#vote 100 ပြည့်ရင် နောက်တစ်ပိုင်း ထပ်တင်ပေးမယ် 🤗🤗
28.06.2020 (Sun)
……………………….
<Zawgyi>
မဖြင့္ရေသးသည့္ ခရစ္စမတ္ကဒ္နဲ႔ လက္ေဆာင္မ်ား
“ဟြမ္ဟြမ္” လီဂ်င္းယြမ္ ကတံခါးေခါက္လိုက္ၿပီး အထဲကို ဝင္လာခဲ့သည္။
သူ႔ဖုန္းကိုလည္း လက္တစ္ဖက္က ကိုင္ထားေနဆဲ ျဖစ္သည္။ တံခါးနားမွာ ရပ္လိုက္ၿပီး ၾကမ္းျပင္ေပၚတြင္ ျပန႔္က်ဲေနသည့္ လက္ေဆာင္ဗူးေတြကို ၾကည့္လိုက္ၿပီးေနာက္ ဟုန္ခ်န္းမင္း နဲ႔ ေဇာင္ယုဟြမ္ တို႔ကို ၾကည့္ကာ ေမးလိုက္သည္။
“လက္ေဆာင္ေတြကို ေဖာက္ေနတာလား?” ေနာက္ဆုံးေတာ့ ဟုန္ခ်န္းမင္း က ေဇာင္ယုဟြမ္ ကိုလႊတ္လိုက္ၿပီး ေျပာလိုက္သည္။
“အင္း” ေဇာင္ယုဟြမ္ ကသူ႔ရင္ဘတ္နားကို ေရာက္ရန္ အနည္းငယ္ ႐ုန္းကန္လိုက္သည္။ ဗူးကို ထပ္ၾကည့္ခ်ိန္တြင္ ဘာမွမရွိေပ။ လီဂ်င္းယြမ္ ၿပဳံးလိုက္ၿပီး ေျပာလိုက္သည္။
“အေတာ္ပဲ” သူက လွည့္လိုက္ၿပီး သူ႔အခန္းထဲကို ေလွ်ာက္သြားကာ တစ္ဖက္စီတြင္ လက္ေဆာင္ထုတ္ေတြ ထည့္ထားသည့္ အိတ္ေတြကို သယ္ၿပီးျပန္လာခဲ့သည္။
“ငါလည္း လက္ေဆာင္ေတြ အမ်ားႀကီး ရခဲ့တယ္။ ငါတို႔ အတူတူ ေဖာက္ၾကရေအာင္” ထိုစကားကို ေျပာလိုက္ရင္း လီဂ်င္းယြမ္ က ေဇာင္ယုဟြမ္ ကိုၾကည့္လိုက္ၿပီး ေမးလိုက္သည္။
“ဟြမ္ဟြမ့္ လက္ေဆာင္ေတြေကာ ဘယ္မွာလဲ?”
“အို၊ အဲ့ဒါက သိပ္မမ်ားပါဘူး။ ငါ့ေက်ာပိုးအိတ္ထဲမွာ ရွိတယ္” လီဂ်င္းယြမ္ ကသူမအေရွ႕ကို သူ႔လက္ေဆာင္ေတြ အားလုံးကို တြန္းလိုက္ၿပီး ေျပာလိုက္သည္။
“ငါ့လက္ေဆာင္ေတြကို ဟြမ္ဟြမ္ ေဖာက္ၿပီး ဟြမ္ဟြမ့္ လက္ေဆာင္ေတြကို ငါေဖာက္မယ္ေလ။ ဘယ္လိုလဲ?” ေဇာင္ယုဟြမ္ မ်က္ေတာင္ခတ္လိုက္ၿပီး ေျပာလိုက္သည္။
“အဲ့ဒါက မွားမေနဘူးလား?”
“ဒါက ဘာမွားလို႔လဲ?” လီဂ်င္းယြမ္ ကျပန္ေခ်ပလိုက္သည္။ သူ႔ပုံစံက သူမ လက္ေဆာင္ေတြကို ကူညီေပးၿပီး ဖြင့္ေပးဖို႔သာ ရည္႐ြယ္ေနခဲ့သည္။
“ေကာင္းၿပီ။ ငါ့ေက်ာပိုးအိတ္က ဆိုဖာေပၚမွာ။ မင္းသြားယူလိုက္ပါလား?” ေဇာင္ယုဟြမ္ ကၾကမ္းျပင္ကေန ထ,ဖို႔ကို အေတာ္ေလး ပ်င္းရိေနသည္။
“အိုေက” လီဂ်င္းယြမ္ ကေျပာလိုက္ၿပီး ေလွ်ာက္သြားလိုက္သည္။ သူတို႔က ဟုန္ခ်န္းမင္း ရဲ႕လက္ေဆာင္ေတြကို ဖြင့္ၾကၿပီး အခုေတာ့ ေဇာင္ယုဟြမ္ ရဲ႕လက္ေဆာင္ေတြ အလွည့္ျဖစ္သည္။
ဟုန္ခ်န္းမင္း ကစိတ္သက္သာစြာျဖင့္ သက္ျပင္းခ်လိုက္သည္။ အနည္းဆုံးေတာ့ ေဇာင္ယုဟြမ္ ကေႏွာင့္ယွက္တာ ခံလိုက္ရၿပီး အေစာက ဗူးအေၾကာင္းကို မေမးေတာ့ေပ။
ေဇာင္ယုဟြမ္ တြင္လက္ေဆာင္ေတြ အမ်ားႀကီး မရွိပဲ သူမနဲ႔ သယ္လာမဲ့အစား ေဘာ္ဒါေဆာင္တြင္ ထားခဲ့ျခင္း ျဖစ္သည္။ သူမေက်ာပိုးအိတ္ထဲက လက္ေဆာင္ေတြကေတာ့ ေက်ာင္းဝန္းအတြင္းက ေပးတဲ့သူေတြဆီက ျဖစ္သည္။
လက္ေဆာင္ေတြကို လက္ခံၿပီး အကုန္လုံးကို သူမ ေက်ာပိုးအိတ္ထဲကို ထည့္ထားခဲ့သည္။ အခုေတာ့ ေဇာင္ယုဟြမ္ ကေက်ာင္းၿပီးခ်ိန္တြင္ သူမအတြက္ အထူးလက္ေဆာင္ ေပးတဲ့သူမ်ားကို ေမ့သြားခဲ့ၿပီျဖစ္သည္။
လီဂ်င္းယြမ္ ကခရစ္စမတ္ကဒ္ကို ဖြင့္လိုက္ၿပီး ပြင့္လင္းၿပီး ႐ိုးရွင္းသည့္ စကားလုံးေတြကို ျမင္လိုက္သည္။
“အခ်စ္ေလး။ ေနာက္တစ္ခါက်ရင္ အတူတူ ကိုယ္ပိုင္အခ်ိန္မွာ ေပ်ာ္႐ႊင္ရေအာင္” ဒီစာကို က်ယ္က်ယ္ဖတ္ရင္း လီဂ်င္းယြမ္ ရဲ႕အသံက ေျပာင္းလဲႆြားကာ သူ႔ရဲ႕ႏူးညံ့မႈေတြက ဆက္မရွိေတာ့ေပ။
“ဒါဘယ္သူလဲ?” သူ႔အသံက အနည္းငယ္ ေအးစက္ေနၿပီး ေအာက္က လက္မွတ္ထိုးထားတာကို ဖတ္လိုက္သည္။
“မင္းရဲ႕ မာရီယာ” ေဇာင္ယုဟြမ္ ကသူမပါးစပ္ထဲကို ေခ်ာကလက္ကို ထည့္လိုက္သည္။
သူမက ၾကည့္လိုက္ၿပီး လူငယ္ေလးႏွစ္ေယာက္ရဲ႕ မ်က္လုံးေတြက သူမကို တင္းမာစြာ ၾကည့္ေနတာနဲ႔ ဆုံသြားသည္။ ေဇာင္ယုဟြမ္ ကလ်င္ျမန္စြာ ေျပာလိုက္သည္။
“အို၊ အဲ့မွာက ကိုယ္ပိုင္အခ်ိန္ သိပ္မရွိဘူးေလ။ သိပ္မၾကာခင္တုန္းက ဇာတ္လမ္းကလပ္ထဲကို ဝင္ခဲ့တယ္၊ ေနာက္ၿပီး သူမက ကလပ္ထဲမွာ စတားပဲ။ ငါအမ်ားႀကီး မသိလို႔ ငါ့ကို တစ္ေယာက္ခ်င္းစီ အခ်ိန္ေပးၿပီး သင္ေပးခဲ့တယ္။ ေနာက္ေတာ့ မာရီယာ ကမိန္းကေလး”
ထိုစကားကို ေျပာလိုက္ၿပီး ေဇာင္ယုဟြမ္ ကသူမဖုန္းကို ဆြဲထုတ္လိုက္ကာ ဓာတ္ပုံကို ဖြင့္လိုက္သည္။
“ေတြ႕လား? ငါတို႔ေတြ” ဟုန္ခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ တို႔က တစ္ခ်ိန္တည္း ၾကည့္လိုက္ၾကသည္။
ဓာတ္ပုံထဲမွ မိန္းကေလးက အေတာ္ေလး အရပ္ရွည္ၿပီး ၁.၇၊ ၁.၈ မီတာ ေလာက္ရွိသည္။ သူမရဲ႕ ေ႐ႊအိုေရာင္ ဆံပင္ကို အျမႇင့္စည္းထားသည္။ သူမမ်က္လုံး အျပာေရာင္ေတြက ၿပဳံးေနၾကသည္။
သူမက ျမင္းစီးဝတ္စုံကို ဝတ္ဆင္ထားခဲ့ၿပီး လက္တြင္လည္း ျမင္း႐ိုက္သည့္ ၾကာပြတ္ကို ကိုင္ထားခဲ့သည္။ သူမက ဥေရာပပုံစံရွိၿပီး အေတာ္ေလးကို ထင္ရွားၿပီး လွပသည္။
တဖက္တြင္ ေဇာင္ယုဟြမ္ က ၁၈ ရာစုစတိုင္ မင္းသမီး ပုံစံကို ဝတ္ထားခဲ့သည္။ သူမခါးက ေသးသြယ္ၿပီး ပါးလႊာကာ အက်ႌသည္ အျဖဴေရာင္ျဖစ္သည္။ ေအာက္ဖက္ကေတာ့ အျပာေရာင္ျဖစ္သည္။
သူမေခါင္းတြင္ ပန္းပြင့္ ဦးထုပ္တစ္လုံးရွိၿပီး သူမ နားတစ္ဖက္စီတြင္ ဆံပင္အလိမ္ေလး တစ္ခုစီကို ခ်ထားသည္။ သူမဦးထုပ္ကို သူမနဖူးအထိကို ကြယ္ေနခဲ့သည္။ သူမရဲ႕ ႏွာေခါင္းနဲ႔ ႏႈတ္ခမ္းေတြက ပန္းေတြလိုမ်ိဳး ျမင္ႏိုင္သည္။ သူမမ်က္ႏွာက ပိုၿပီးေတာင္ ေသးငယ္သြားပုံေပၚေနသည္။
မာရီယာ ကသူမအရပ္ကို အသုံးခ်ၿပီး ေဇာင္ယုဟြမ္ ကိုစိတ္အားထက္သန္စြာနဲ႔ ဖက္ထားခဲ့သည္။ သူမေခါင္းကလည္း ေဇာင္ယုဟြမ္ ဘက္ကို ေစာင္းေနၿပီး သူတို႔က တစ္ေယာက္နဲ႔ တစ္ေယာက္ အေတာ္ေလး ရင္းႏွီးပုံေပၚသည္။
“ဒီဓာတ္ပုံက ျပဇာတ္အပိတ္မွာ အတူတူ႐ိုက္ခဲ့တာ” ေဇာင္ယုဟြမ္ ေျပာလိုက္သည္။ သူမက ဓာတ္ပုံေတြကို အနည္းငယ္ ေ႐ြ႕လိုက္ၿပီး ေျပာလိုက္သည္။
“အို၊ ဒီမွာလည္း ရွိေသးတယ္။ ဒါေပမဲ့ သူတို႔မွာ တျခားသူေတြလည္း ပါတယ္” ေနာက္ထပ္ ဓာတ္ပုံကို ဖုန္းကေန ျပလိုက္သည္။ ဓာတ္ပုံထဲတြင္ အဓိက ဇာတ္ေကာင္ကေတာ့ ေဇာင္ယုဟြမ္ ျဖစ္ေနတုန္းပင္။
စက္ဝိုင္းပုံစံျဖင့္ ေကာင္ေလးေတြ၊ ေကာင္မေလးေတြ အားလုံးက ဝိုင္းထားၾကၿပီး ေဇာင္ယုဟြမ္ ကိုေလထဲ ပစ္ေနတဲ့ပုံျဖစ္သည္။ သူမ လက္ေတြက သူမအဝတ္ေတြကို ကိုင္ထားခဲ့သည္။
ေလထဲကို ေရာက္သြားခ်ိန္တြင္ သူမဦးထုပ္ကလည္း ေလထဲတြင္ ပ်ံသန္းေနခဲ့သည္။ ေဇာင္ယုဟြမ္ မ်က္ႏွာတြင္လည္း ေတာက္ပသည့္ အၿပဳံးက ရွိေနခဲ့သည္။
သူမပုံစံေတြ အားလုံးနဲ႔အတူ ေဇာင္ယုဟြမ္ က ၁၈ ရာစုရဲ႕ မင္းသမီးေလးနဲ႔ တူသည္။ ေဇာင္ယုဟြမ္ ကပုံကို ၫႊန္ျပလိုက္ၿပီး ေျပာလိုက္သည္။
“ေအာက္မွာ ေမြ႕ရာေတြရွိတယ္။ ဒါက အေတာ္ေလး လုံၿခဳံတယ္” ဟုန္ခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ တို႔ႏွစ္ေယာက္လုံး တိတ္ဆိတ္ေနခဲ့ၾကသည္။ သူတို႔က နည္းနည္းေတာ့ ေနာင္တရသည္။
သူတို႔ ေဝးသြားခ်ိန္ကတည္းက ဒီအရာေတြ အမ်ားႀကီးကို လြဲသြားခဲ့ၾကသည္။ သူမ ျပဇာတ္ကတာေတြ၊ မင္းသမီး ပုံစံ ဝတ္ထားတာေတြကို မျမင္လိုက္ရေပ။ လီဂ်င္းယြမ္ က႐ုတ္တရက္ႀကီး ေျပာလိုက္သည္။
“ဥပေရာပက မိန္းကေလးေတြက တျခားမိန္းကေလးေတြလိုပဲလို႔ ငါၾကားခဲ့တယ္” ေဇာင္ယုဟြမ္ ကအခ်ိန္အနည္းငယ္ တိတ္သြားၿပီး ေျပာလိုက္သည္။
“ဟင့္အင္း၊ ဒါ မျဖစ္ႏိုင္ဘူး” လီဂ်င္းယြမ္ ကသူ႔ႏႈတ္ခမ္းကို ေစ့ထားၿပီး ကဒ္ကို ေဘးကိုခ်လိုကကာ ေနာက္တစ္ခုကို ဆြဲထုတ္လိုက္ၿပီး အသံက်ယ္က်ယ္နဲ႔ ဖတ္လိုက္သည္။
“ခ်စ္လွစြာေသာ ေဟလို႔စ္စီ၊ မယ္ရီခရစ္စမတ္! မင္းနဲ႔ ခြဲရလို႔ ငါအရမ္းစိတ္မေကာင္း ျဖစ္မိတယ္။ မင္းက အရမ္းလွတာပဲ။ ငါ့မ်က္လုံးထဲမွာေတာ့ မင္းက တ႐ုတ္ထဲမွာ အလွဆုံးပဲ။ မင္းမ်က္လုံးေတြက ညဘက္မွာ ေတာက္ပေနတဲ့ ၾကယ္ေတြလို႔ပဲ၊ မင္းဆံပင္ေတြက တ႐ုတ္ျပည္က အႏူးညံ့ဆုံးနဲ႔ တူတယ္။ မင္းႏႈတ္ခမ္းေတြက ပန္းပြင့္ေလးေတြလို႔….. အားလပ္ရက္ အတြင္းမွာ ငါ့ရဲ႕လွပတဲ့ ေနရာေလးကို အလည္လာဖို႔ ဖိတ္ေခၚလို႔ ရႏိုင္မလား? မင္းရဲ႕ ဂ်ိဳးဆက္”
ဟုန္ခ်န္းမင္း ႏႈတ္ခမ္းေတြက တြန႔္သြားၿပီး တင္းမာစြာ ၾကည့္လိုက္သည္။
“.. ဥေရာပသားေတြက ဒီလိုမ်ိဳးပဲ ေျပာၾကတာလား?”
“မိန္းကေလး တစ္ေယာက္ကို ခ်ီးမြမ္းတာက ဆိုး႐ြားတဲ့ အရာမဟုတ္ပါဘူး!” ေဇာင္ယုဟြမ္ ေျပာလိုက္သည္။ ထို႔ေနာက္ သူမက လူငယ္ေလး ႏွစ္ေယာက္ဘက္ကို လွည့္လိုက္ၿပီး ေမးလိုက္သည္။
“မင္းတို႔ တျခားတစ္ေယာက္ေယာက္ကို ခ်ီးမြမ္းဖူးလား?”
“ဟင့္အင္း”
“ေကာင္းၿပီ၊ ဒါက အလုပ္မျဖစ္ဘူး။ ဒီလိုမ်ိဳးနဲ႔ ဘယ္လိုလုပ္ၿပီး ရည္းစားရမွာလဲ?” ေဇာင္ယုဟြမ္ ကခ်က္ခ်င္း ေခ်ပလိုက္သည္။
“အနည္းဆုံးေတာ့ မိန္းကေလး တစ္ေယာက္ကို လူႀကီးလူေကာင္း ဆန္ဆန္နဲ႔ ခ်ီးမြမ္းေပးရတယ္။ ဒီလိုဆိုရင္ အနာဂတ္မွာ မိန္းကေလးေတြနဲ႔ အေတာ္ေလးကို ေဝးကြာေနလိမ့္မယ္”
“ဒီဂ်ိဳးဆက္ ကလူႀကီးလူေကာင္းလား?” ဟုန္ခ်န္းမင္း ေမးလိုက္သည္။
“အင္း…၊ ဟုတ္တယ္။ သူတို႔ စကားေျပာတိုင္း သက္ေတာင့္သက္သာ ျဖစ္တယ္လို႔ ခံစားရတယ္။ ဥပမာ၊ ေဆာင္းရာသီမွာ စကပ္ဝတ္ထားရင္ “မင္းေအးလိမ့္မယ္”လို႔ ေျပာမဲ့အစား ပထမဆုံး သူေျပာမွာက “ဘယ္ေလာက္ေတာင္ လွလိုက္တဲ့ စကပ္လဲ” အဲ့လိုေျပာလိမ့္မယ္”
ဟုန္ခ်န္းမင္း မ်က္ႏွာက မဲေမွာင္သြားသည္။ “ေဆာင္းရာသီမွာ မင္းက စကပ္နဲ႔ အျပင္ထြက္ခ်င္လို႔လား?” ေဇာင္ယုဟြမ္ မ်က္ေတာင္ခတ္လိုက္ၿပီး ေျပာလိုက္သည္။
“အဲ့ဒါက ဥပမာေပး႐ုံပါ”
“ဥပမာေပးတာေတာင္ မရဘူး။ ေဆာင္းရာသီမွာ စကပ္ဝတ္တာက မွားတယ္” ဟုန္ခ်န္းမင္း ေျပာလိုက္သည္။ လီဂ်င္းယြမ္ ကဒီအေၾကာင္းကို ေတြးလိုက္ၿပီး ေျပာလိုက္သည္။
“အဲ့ဒါက အရမ္းေအးလိမ့္မယ္။ အရမ္းကို ေအးမွာ။ အနာဂတ္မွာ အဲ့လိုမ်ိဳး မလုပ္သင့္ဘူး၊ ဟြမ္ဟြမ္” ေဇာင္ယုဟြမ္ မ်က္ႏွာက အကူအညီမဲ့သြားခဲ့သည္။
သူတို႔ ႏွစ္ေယာက္နဲ႔ သူမ ဘာလုပ္ရမလဲ?
“အိုေက၊ ဒါဆို ငါတျခား ဥပမာေပးမယ္။ ေဆာင္းရာသီမွာ စကတ္ဝတ္တာကို ေမ့လိုက္ေတာ့။ အင္း… ေက်ာင္းပိတ္ရက္မွာ ငါေက်ာင္းကို ျပန္သြားၿပီး သူက ငါ့ကို လက္ေဆာင္ တစ္ခုေပးခဲ့တယ္။ ဒါက ေက်ာင္းကို ျပန္လာတဲ့အတြက္လို႔ သူေျပာလိမ့္မယ္။ ေနာက္ၿပီး ေဟာလိုဝင္း ပြဲေတာ္မွာ၊ သူက ငါ့ကို ပန္းေတြ ေပးလိမ့္မယ္…”
“ခနေလး၊ ဘာ….” ဟုန္ခ်န္းမင္း ကထပ္ၿပီး စကားစကို ျဖတ္လိုက္သည္။
“ဒါဆို သူက လူႀကီးလူေကာင္း မဆန္ေတာ့ဘူး”
“အမ္?”
“သူက မင္းကို လိုက္ေနတာပဲ” လီဂ်င္းယြမ္ ကတဖက္တြင္ ခရစ္စမတ္ကဒ္ကို လႊတ္ပစ္လိုက္သည္။ ေဇာင္ယုဟြမ္ ကအကူအညီမဲ့စြာနဲ႔ ေျပာလိုက္သည္။
“ေကာင္းၿပီ၊ ဒီလိုဆိုရင္ သူက လူဆိုးမဟုတ္ဘူး….”
“ဟြမ္ဟြမ္၊ ဒီလိုမ်ိဳး ၾကည့္လို႔မရဘူး။ သူနဲ႔ရွိခ်ိန္မွာ သူက အၿမဲတမ္း စိတ္သက္သာေအာင္ လုပ္ေပးရင္ သူက လူတိုင္းကို ဒီလိုမ်ိဳးပဲလား?” လီဂ်င္းယြမ္ ေျပာလိုက္သည္။ ဟုန္ခ်န္းမင္း ကပိုၿပီးေတာင္ မေပ်ာ္မ႐ႊင္ ျဖစ္သြားခဲ့သည္။
“A နဲ႔ C အလယ္ကလိုပဲ”
ဆရာတစ္ေယာက္က ေက်ာင္းသား ဘယ္တုန္းက ျဖစ္သြားတာလဲ?
စားပြဲက ေျပာင္းသြားၿပီး အခုေတာ့ သူတို႔က တျခားသူေတြကို လြယ္လြယ္ကူကူ မယုံၾကည္ဖို႔ ျပန္သင္ၾကားေပးေနတာလား?
ေဇာင္ယုဟြမ္ ဒါကဘာလဲဆိုတာ မေသခ်ာေပမဲ့ သူတို႔ စကားကိုပဲ နားေထာင္လိုက္သည္။ သူတို႔အားလုံး အ႐ြယ္ေရာက္ေနၾကၿပီ။ သူတို႔က ပိုပိုၿပီး သင္ယူခဲ့ၾကပုံပဲ။
လီဂ်င္းယြမ္ ေျပာလိုက္သည္။ “စာပိုႀကိဳးစား။ ငယ္ငယ္ေလးနဲ႔ မဒိတ္နဲ႔”
“အိုေက” ေဇာင္ယုဟြမ္ အကူအညီမဲ့စြာျဖင့္ ေခါင္းညိတ္လိုက္သည္။ ဇာတ္လိုက္နဲ႔ ဗီလိန္က တကယ္ကိုပဲ ျခားနားလြန္းတယ္။
သူတို႔အသက္အ႐ြယ္ ေကာင္ေလးေတြ အားလုံးက ဆယ္ေက်ာ္သက္ အ႐ြယ္ကို ဝင္ေရာက္လာၿပီး သူတို႔အားလုံးက မိန္းကေလးေတြ ေနာက္ကို လိုက္ခ်င္ၾကသည္။ ဒါေပမဲ့ သူတို႔ႏွစ္ေယာက္ကေတာ့ ဒီလိုမ်ိဳးေတာင္ မေတြးၾကဘူး။
လီဂ်င္းယြမ္ ကေနာက္ထပ္ ခရစ္စမတ္ကဒ္ကို ဖြင့္လိုက္သည္။ ဒီကဒ္ေတြက တစ္ခုနဲ႔တစ္ခု တူညီၾကသည္။ တျဖည္းျဖည္း ဟုန္ခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ တို႔နားလည္သြားၾကသည္။
ေဇာင္ယုဟြမ္ လက္ေဆာင္ေတြ အမ်ားႀကီး မရတာက ဒီလက္ေဆာင္ေတြက တျခားရည္႐ြယ္ခ်က္ေတြ ရွိၿပီး ကဒ္ထဲမွာ သူတို႔ရဲ႕ ခံစားခ်က္ေတြကို အရင္ဆုံး ေရးထားၾကသည္။
ကဒ္ေတြ အားလုံးကို ဖြင့္ၿပီးသြားၿပီးေနာက္ လက္ေဆာင္ ေလးခုသာ က်န္ေတာ့သည္။ ဗူးေတြက အေတာ္ေလးကို ေသးသည္။ တစ္ခုကေတာ့ အထဲတြင္ ဓာတ္ပုံကို ေဘာင္နဲ႔ ေနာက္တစ္ခုက ဆံထိုး၊ ေနာက္တစ္ခုက ႏႈတ္ခမ္းနီ၊ ၿပီးေနာက္ ေနာက္ဆုံး တစ္ခုကေတာ့ လွပသည့္ ရင္ထိုးျဖစ္သည္။
အားလုံးထဲတြင္ ရင္ထိုးက အေတာ္ေလး ေဈးႀကီးပုံေပၚသည္။ ထိုအေပၚတြင္ ပုလဲေတြပါၿပီး၊ ပုလဲေတြ အားလုံးက တူညီတဲ့ အ႐ြယ္အစားနဲ႔ လွပစြာ ပုံေဖာ္ထားသည္။
ဒီပုလဲေတြ ဝန္းက်င္တြင္ ပန္းေရာင္ ေက်ာက္ေလးတစ္ခုရွိသည္။ ဒါကို ျမင္လိုက္ၿပီး ေဇာင္ယုဟြမ္ ေတာင္အံ့ဩသြားသည္။
“ဒါက ဘယ္သူ႔ဆီကလဲ?” ထိုစကားကို ေျပာလိုက္ရင္း မဖြင့္ရေသးတဲ့ ကဒ္ကို ဖြင့္လိုက္ၿပီး နာမည္ကို ၾကည့္လိုက္သည္။
“ဟမ္? ဒါက လန္ဒန္ ဆီက?”
“လန္ဒန္ ကဘယ္သူလဲ?” လီဂ်င္းယြမ္ ေမးလိုက္သည္။ ဒီေမးခြန္းက တစ္ေန႔လုံး သူေမးေနရသလိုမ်ိဳး ခံစားခဲ့ရသည္။
“ဒါက ဘာလဲ?”
“အင္း… သူက မင္းလာတုန္းက ေတြ႕လိုက္တဲ့ ေကာင္ေလးပဲ” သူမ ေျပာလိုက္ရင္း ဗူးကို ေကာက္လိုက္ကာ ဂ႐ုတစိုက္ ပိတ္လိုက္ၿပီး ေျပာလိုက္သည္။
“ငါေက်ာင္း ျပန္တက္ရင္ ဒါကို သူ႔ကို ျပန္ေပးလိုက္မယ္။ ဒါက ေဈးအေတာ္ႀကီးပုံပဲ” လီဂ်င္းယြမ္ လ်င္ျမန္စြာျဖင့္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။
ေ႐ႊအိုေရာင္ ဆံပင္၊ အစိမ္းေရာင္ မ်က္လုံး၊ အာရွပုံစံေတာင္ အေတာ္ေလး ခန႔္ညားသည့္ လန္ဒန္ ရဲ႕ပုံစံကို ျပန္စဥ္းစားလိုက္သည္။ ဒီအေၾကာင္းနဲ႔ ပတ္သက္ၿပီး လီဂ်င္းယြမ္ မေပ်ာ္ေတာ့ေပ။
လူမႈဖူလုံေရးကို သူဝင္ေရာက္ခ်ိန္ကတည္းက သူ႔မွာ ေဆြးမ်ိဳးမရွိေတာ့ဘူး။ ထို႔ေနာက္ေတာ့ ေဇာင္ယုဟြမ္ ပဲရွိသည္။ ေကာင္းၿပီ၊ ဟုန္ခ်န္းမင္း ေကာပဲ၊ ဒါေပမဲ့ ဟုန္ခ်န္းမင္း သူ႔အေၾကာင္းကေတာ့ စိုးရိမ္ဖို႔ မလိုအပ္ဘူး။ ေဇာင္ယုဟြမ္ ကိုပဲ။ သူမက လွပၿပီး က်ိဳးပဲ့လြယ္သည္။
သူမကို နည္းနည္းေလး ျခစ္မိရင္ေတာင္ သူ႔ႏွလုံးသားက နာက်င္တာကို ခံစားရလိမ့္မယ္။ သူမနဲ႔ ရွိေနခဲ့တဲ့ ႏွစ္ေတြမွာ သူစဥ္းစားခဲ့တာက ဘယ္လိုသန္မာၿပီး၊ အင္အားႀကီးမား မလဲဆိုတာပဲ၊ ဒါမွာ သူမကို ဖုံးကြယ္ထားၿပီး ဂ႐ုစိုက္ေပးခ်င္တယ္။
ဒါေပမဲ့ သူမကို ဂ႐ုစိုက္ဖို႔ အဆင္သင့္ မျဖစ္ခင္မွာ တခ်ိဳ႕ဝက္ေတြက ဟိုဟိုဒီဒီကေန ထြက္လာၿပီး သူမကို လိုခ်င္ေနၾကတယ္။ ဟုန္ခ်န္းမင္း ကလည္း ပိုၿပီး မေပ်ာ္မ႐ႊင္ျဖစ္သြားသည္။
ဒီ လန္ဒန္ ဆိုတဲ့သူနဲ႔ေတာင္ သူ မေတြ႕ခဲ့ဘူး။ ဒီဝက္က ဘယ္လိုပုံစံလဲဆိုတာေတာင္ သူမသိဘူး။
“ဘယ္အခ်ိန္မွ ဘယ္သူ႔ကိုမွ ငါမဒိတ္ဘူး ဟုတ္ၿပီလား? တကယ္? မင္းတို႔ ႏွစ္ေယာက္ ငါ့အေၾကာင္းနဲ႔ ပတ္သက္ၿပီး စိတ္ပူေနတာ ရပ္လို႔ရၿပီ” ေဇာင္ယုဟြမ္ ကသက္ျပင္းခ်ၿပီး ေျပာလိုက္သည္။
သူတို႔က တစ္ေယာက္နဲ႔ တစ္ေယာက္ ကြဲသြားကတည္းက ေသခ်ာေပါက္ ေျပာင္းလဲသြားခဲ့ၾကသည္။ ဒီ့မတိုင္ခင္ သူမရဲ႕ ၾကက္ကေလးေတြကို အၿမဲတမ္း စိုးရိမ္ေနခဲ့တဲ့ အေမႀကီး တစ္ေယာက္လို ခံစားခဲ့သည္။
သူတို႔ ကြာသြားကတည္းက အခုေတာ့ သူတို႔က သူမကို စိုးရိမ္ေနၾကတဲ့ အေဖေတြ ျဖစ္လာၾကသည္။ သူမ ေျပာေနရင္း သမ္းလိုက္ၿပီး ေျပာလိုက္သည္။
“ေကာင္းၿပီ၊ ငါသြားအိပ္ေတာ့မယ္။ မင္းတို႔ ႏွစ္ေယာက္ ဒီေနရာကို ရွင္းၿပီး ခရစ္စမတ္ကဒ္ေတြနဲ႔ လက္ေဆာင္ေတြကို ငါ့အခန္းထဲ ယူလာခဲ့ေပး။ ေက်းဇူး!”
“အင္း” လီဂ်င္းယြမ္ ကသူ႔ႏႈတ္ခမ္းကို အေပၚကို ေကြးလိုက္ၿပီး ေျပာလိုက္သည္။
သူမရဲ႕ တုန႔္ျပန္ခ်က္ကို ၾကည့္လိုက္ၿပီး သူမရခဲ့တဲ့ လက္ေဆာင္ေတြကို ထူးျခားၿပီး အာ႐ုံစိုက္ေနတာကို မေတြ႕ရေပ။ လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔က အခန္းကို ရွင္းလင္းလိုက္ၾကသည္။
လီဂ်င္းယြမ္ ကသူ႔လက္ေဆာင္ေတြကို သူ႔အခန္းကို ျပန္သယ္သြားခဲ့သည္။ ဟုန္ခ်န္းမင္း ကလည္းသူ႔အခန္းတြင္ တိတ္ဆိတ္စြာသာ ေနေနခဲ့သည္။ ဟုန္ခ်န္းမင္း ထိုင္ခ်လိုက္ၿပီး သူ႔အိပ္ရာေအာက္က အေခြကို ထုတ္လိုက္ကာ စာအုပ္တစ္အုပ္ထဲကို ထည့္လိုက္သည္။
သူေက်ာင္းကို ျပန္သြားသည္ႏွင့္ ပထမဆုံး လုပ္မဲ့အရာကေတာ့ သူ႔ကို ဒီလက္ေဆာင္ ေပးတဲ့သူအား ႐ိုက္ႏွက္ျခင္း ျဖစ္သည္။
#vote 100 ျပည့္ရင္ ေနာက္တစ္ပိုင္း ထပ္တင္ေပးမယ္ 🤗🤗
28.06.2020 (Sun)
……………………….
[text_hash] => a79d3207
)