Array
(
[text] =>
<Unicode>
ပြန်လည်ပေါင်းစည်းခြင်း
လီဆာ က ချန်းမင်းရီ ရဲ့နေရာကို ပြန်သွားဖို့ မလိုအပ်တာကြောင့် သူမက သူမ လိုအပ်တာထက် အချိန်အတော်ကြာ နေဖို့ မရည်ရွယ်ထားပေ။ သူတို့ကို ပို့ပြီး လီဂျင်းယွမ် တွင်ကိုယ်ပိုင် ယာဉ်မောင်းရှိတာကို သိပြီးနောက် ချန်းမင်းရီ ရဲ့ယာဉ်မောင်းနဲ့ ထွက်သွားခဲ့သည်။
“ကားထဲဝင်။ ငါတို့ အိမ်အပြန်လမ်းမှာ စားသောက်ဖို့ တချို့ဝယ်ဖို့ ရပ်ကြမယ်” လီဂျင်းယွမ် ကပြောလိုက်သည်။ သူ့အသံက အဆင်မပြေတာ မရှိပဲ ပုံမှန်ဖြစ်နေသည်။
ဒါကောင်းတယ်။
ဇောင်ယုဟွမ် စိတ်သက်သာစွာဖြင့် သက်ပြင်းချလိုက်သည်။ ပြီးခဲ့တဲ့ နှစ်တွေတုန်းက သူတို့တွေက တကယ်ပဲ မိသားစုအစစ်လို့ သူမ ထင်ခဲ့သည်။
သူတို့က တခြားကျောင်းတွေမှာ တက်ခဲ့ကြတာကြောင့် သူတို့ တစ်ယောက်နဲ့ တစ်ယောက် ဝေးကွာသွားမှာကို သူမ စိုးရိမ်နေခဲ့သည်။ သူပြောရင်း လီဂျင်းယွမ် ကကားကို သူတို့အနားကပ်လာဖို့ လက်ဝှေ့ယမ်းပြလိုက်သည်။ အခုတော့ ဇောင်ယုဟွမ် ကကားကို ကြည့်ပြီးခဲ့သည်။
ဒါက Toyota Alphard ကားဖြစ်သည်။ ဒီကား ဈေးနှုန်းက ဈေးပေါတဲ့အထဲ မပါပေ။ ဒါက မီနီဗန်ကြားတွင် အတော်လေး ကောင်းသည့် မော်ဒယ်လ်ဖြစ်သည်။ ဆိုလိုတာက လီဂျင်းယွမ် ကသူ့ကုမ္ပဏီမှာ အတော်လေး အဆင့်အတန်း မြင့်လာသည်။
ဒါက ကောင်းတဲ့ အရာပဲ!
ဇောင်ယုဟွမ် နှုတ်ခမ်းက အပေါ်ကို ကွေးသွားပြီး ကားထဲကို ဝင်လိုက်သည်။ သူတို့အားလုံး ထိုင်ပြီးသွားပြီးနောက် ယာဉ်မောင်းက ကားကို သူတို့တိုက်ခန်းဆီကို ဦးတည်လိုက်သည်။ ကားက သူတို့တိုက်ခန်းနားက ကုန်စုံဆိုင်ရှေ့တွင် ရပ်လိုက်သည်။
လူတိုင်းက ထွက်လိုက်ပြီး မကြာခင် ရောက်တော့မဲ့ ခရစ်စမတ်အတွက် ခရီးသြား ဈေးဝယ်ဖို့ စီစဉ်ခဲ့ကြသည်။ သူတို့မှာ အချိန်နှစ်ပတ်သာ ရသည်။ နွေဦးပေါက် ရာသီကို ပြန်ရောက်လာရင် သူတို့ရဲ့ ဒုတိယစာသင်ချိန်က စတင်လာလိမ့်မည်။
ခရစ်စမတ် အားလပ်ရက်မှာသာ သူတို့ဘာသာ ပျော်ပျော်ရွှင်ရွှင် နေနိုင်သည်။ ခရစ်စမတ်က အရမ်းအဓိပ္ပါယ်ရှိတာ မဟုတ်ပေမဲ့ သူတို့အားလုံး အတူတူရှိနိုင်သည့် အချိန်ဖြစ်သည်။
သူတို့အားလုံးက ကုန်စုံဆိုင်ထဲကို ဝင်လိုက်ပြီးနောက် ဇောင်ယုဟွမ် အနောက်တွင် လူငယ်လေး နှစ်ယောက်က လိုက်ပါလာခဲ့သည်။ ဇောင်ယုဟွမ် ကအနောက်ကို အကူအညီမဲ့စွာနဲ့ ကြည့်လိုက်သည်။
“မင်းတို့ဘာသာ တခုခု သွားမရွေးချင်ဘူးလား?” လီဂျင်းယွမ် ကသူမကို အပြုံးလေး တစ်ခုပေးလိုက်ပြီး သူ့မျက်လုံးထဲတွင် တားဆီနေတာကို မြင်နိုင်သည်။
“ဟွမ်ဟွမ် နဲ့ဝေးတုန်းက အများကြီး ဝယ်ခဲ့ပြီးပြီ။ အခုတော့ ဟွမ်ဟွမ် နဲ့အတူ ဈေးဝယ်ရင်း အချိန်ဖြုန်းချင်တယ်” သူ့စကားက အခိုးခံလိုက်ရပြီး ဟုန်ချန်းမင်း ကတခြားရွေးစရာ မရှိတော့ပဲ သဘောတူလိုက်သည်။
“ကောင်းပြီ” ဇောင်ယုဟွမ် ကသူတို့ကြားက အခြေအနေကို ဘာမှမခံစားရေပ။
“ခရစ်စမတ်အပင်ကို အိမ်ယူသွားရအောင်၊ ဆန်တာဦးထုပ် သုံးလုံး၊ ပြင်သစ်စာနဲ့ ငါးဥဆားနယ္ကို ဝယ်ရအောင်။ ဟော့ဒေါ့၊ ဒိန်ခဲ၊ ပီဇာ၊ ပင်လယ်စာလို ဂဏန်း၊ ယောက်သွားတချို့လည်း လိုလိမ့်မယ်။ နောက်ပြီး ဒိန်ချဉ်လည်း လိုချင်တယ်….”
လူငယ်လေး နှစ်ယောက်က သူမ ပြောလိုက်တဲ့ အရာအားလုံးကို လျင်မြန်စွာ မှတ်သားပြီး ပစ္စည်းတွေကို ရှာဖွေဖို့ ခွဲသွားလိုက်ကြသည်။
တဖက်တွင် ဇောင်ယုဟွမ် ကပျော်ရွှင်စွာနဲ့ တွန်းလှည်းကို တွန်းလိုက်ပြီး သူမ ကြိုက်တဲ့ မုန့်တွေနဲ့ ကိုလာ၊ ဝိုင်နီ စတာတွေကို ရှာဖွေလိုက်သည်။ လူငယ်လေးတွေက သူတို့လုပ်ဆောင်ချက်တွေက လျင်မြန်စွာ ပြီးသွားသည်။
ဇောင်ယုဟွမ် ကရပ်လိုက် သွားလိုက်ဖြစ်တာကြော်င့ သူမ လိုချင်တာကို ရွေးချယ်ချိန်တွင် လူငယ်လေး နှစ်ယောက်က ပစ္စည်းအပြည့်အစုံနဲ့အတူ ပြန်ရောက်လာခဲ့သည်။
“မင်းတို့တွေ ပြီးသွားပြီလား? အိုကေ၊ ငါ့ကို အချိန်ခနလောက်စောင့်” ဇောင်ယုဟွမ် ကခေါင်းကို လှည့်လိုက်ပြီး စင်ပေါ်က ပြောင်းဖူးပေါက်ပေါက် အထုပ်ကိုလှမ်းဆွဲလိုက်သည်။
ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့လက်တွေက တစ်ချိန်တည်း ရောက်သွားပြီး မုန့်ထုပ်ကို ဆွဲလိုက်သည်။ ဇောင်ယုဟွမ် သက်ပြင်းချပြီး ပြောလိုက်သည်။
“အိုကေ၊ မင်းတို့ နှစ်ယောက်လုံး အရပ်ရှည်တာကို ငါသိပါတယ်။ ငါ့အတွက် တစ်ယောက်လောက် ဒါကို ဆွဲပေးနိုင်မလား?”
ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့က အကြည့်ပြောင်းသွားပြီး သူတို့နှစ်ယောက်လုံးက မုန့်ထုပ်ကိုတော့ မလွှတ်ကြပေ။ ဇောင်ယုဟွမ် က ဟုန်ချန်းမင်း ကိုသံသယဖြစ်စွာ ကြည့်ပြီးနောက် လီဂျင်းယွမ် ကိုကြည့်လိုက်သည်။
“အမ်? အခုဘာလုပ်နေတာလဲ?” လီဂျင်းယွမ် ကချက်ချင်းပဲ လွှတ်လိုက်သည်။
ဟုန်ချန်းမင်း ကမုန့်ထုပ်ကို ယူလိုက်ပြီး ကြည့်လိုက်ကာ အာဟာရ မပြည့်သည့် အစားအသောက် အိတ်ဖြစ်ကြောင်းကို သတိထားမိသွားသည်။ ဟုန်ချန်းမင်း ကမျက်မှောင်ကြုတ်လိုက်ပေမဲ့ နာခံစွာဖြင့် လှည်းထဲကို ထည့်လိုက်သည်။
ဇောင်ယုဟွမ် ရဲ့ပျော်ရွှင်နေသည့် မျက်နှာကို ကြည့်လိုက်ပြီး ဟုန်ချန်းမင်း တွေးလိုက်သည်။ ကျန်းမာတဲ့ အစားအစာ စတိုင်…. အချိန်လိုလိမ့်မယ်…. ဒီနေ့ သူမက စိတ်ကြည်နေလို့ ဒါကို သူကျော်ထားလိုက်မယ်။
သူတို့က ငွေရှင်းဖို့ လှည်းကို တွန်းသွားလိုက်ကြသည်။ ဇောင်ယုဟွမ် ကသူမအိတ္ကို လက်ရောက်လိုက်ချိန် ဟုန်ချန်းမင်း ကပြောလိုက်သည်။
“ဒါကို ငါရှင်းလိုက်မယ်” လီဂျင်းယွမ် ကလည်း ပြောလိုက်သည်။
“ငါရှင်းလိုက်မယ်”
ဇောင်ယုဟွမ် – “…….”
“ကျောက်တုံး၊ ကပ်ကြေး၊ စက္ကူနဲ့ ဖြေရှင်းချင်လား? ရှုံးတဲ့သူ ပေးကြေးလား?” လက်တစ်ဖက်တွင် ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့က လှည်းကို ကိုင်ထားဆဲဖြစ်ပြီး ကျောက်တုံး၊ ကပ်ကြေး၊ စက္ကူဂိမ်းကို သူတို့တခြား လက်တစ်ဖက်နဲ့ ကစားလိုက်သည်။
ဇောင်ယုဟွမ် – “…….”
နောက်ဆုံးတော့ သူတို့နှစ်ယောက်နဲ့ ပတ်သက်ပြီး ထူးဆန်းတဲ့အရာရှိတာကို သူမ သတိပြုမိသွားသည်။ သူတို့နှစ်ယောက်တွင် ယှဉ်ပြိုင်မှုကို ထုတ်မပြောသည့် အခြေအနေရှိပုံရသည်။
ဇာတ်လိုက်နဲ့ ဗီလိန်ဖြစ်တာကြောင့် သူတို့ကံကြမ္မာက ဒီလိုမျိုး ယှဉ်ပြိုင်မှုတွေရှိနေလားဆိုတာ သူမ မပြောနိုင်ပေ။ ဇောင်ယုဟွမ် အချိန်အတော်ကြာ ထိုနေရာတွင် ရပ်နေခဲ့ရသည်။
အချိန်အတော်ကြာမှ လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ကြားတွင် ရလဒ်ထွက်လာခဲ့သည်။ လီဂျင်းယွမ် ကကပ်ကြေးလုပ်လိုက်ပြီး ဟုန်ချန်းမင်း ကစက္ကူလုပ်လိုက်သည်။
လီဂျင်းယွမ် ကပြုံးရွှင်စွာနဲ့ သူ့အိတ်ကို ထုတ်ပြီး ငွေရှင်းလိုက်စဉ် ဟုန်ချန်းမင်း မျက်နှာက ချက်ချင်း မဲမှောင်သွားသည်။ သူတို့နှစ်ယောက်က လက်သီးနဲ့ ဖြေရှင်းတော့မယ်လို့ ဇောင်ယုဟွမ် ခံစားလိုက်ရတာကြောင့် ဟုန်ချန်းမင်း ရဲ့အင်္ကျီလက်ကို ဆွဲလိုက်ပြီး ပြောလိုက်သည်။
“စောင့်တဲ့နေရာမှာ သွားစောင့်နေရအောင်” ဟုန်ချန်းမင်း မျက်နှာက ချက်ချင်းပဲ နူးညံ့သွားပြီး ပြောလိုက်သည်။
“အင်း” ဟုန်ချန်းမင်း က ဇောင်ယုဟွမ် ရဲ့လက်ကို ကိုင်လိုက်ပြီး ရှည်လျားသည့် လမ်းကြောင်းမှ စောင့်သည့်နေရာကို သွားလိုက်သည်။
လီဂျင်းယွမ် ကရွေးချယ်စရာ မရှိတော့ပဲ သူ့အနားကနေ ထွက်သွားတာကိုပဲ ကြည့်နေခဲ့ရသည်။ ဒါပေမဲ့…. သူ့အနောက်မှ ဈေးဝယ်လှည်း သုံးခုကို ကြည့်လိုက်ပြီး သူ့ဘာသာ တွေးလိုက်သည်။ ဟွမ်ဟွမ် အတွက် ငွေသုံးရတာက အရမ်းကြီးမဆိုးဘူး။
သူတို့သုံးယောက်က သူတို့အိတ်တွေကို ယူလိုက်ပြီး ကုန်စုံဆိုင်ကနေ ထွက်လိုက်ကြသည်။ သူတို့တိုက်ခန်းက အရမ်းကြီး မဝေးတာကြောင့် လီဂျင်းယွမ် ကယာဉ်မောင်းကို ပြန်လွှတ်လိုက်သည်။
သူတို့သုံးယောက်က တိုက်ခန်းကို ဖြေးညှင်းစွာ လျှောက်သွားကြပြီး လမ်းပေါ်တွင် မကြာခန ရပ်လိုက်ကြသည်။ သူတို့က တခြားဆိုင်တွေကို ဖြတ်သွားရင် တခြားလိုအပ်တဲ့ ပစ္စည်း အသား၊ ဆလတ်ရွက်၊ ပေါင်မုန့်တွေကိုလည်း ဝယ်ယူကြသည်။
ခရစ်စမတ်အချိန်တွင် ဆိုင်တွေအားလုံးက ပိတ်ပြီး သူတို့ လိုချင်ရင်အောင် အစားအသောက်တွေ အများကြီး မရွေးချယ်နိုင်ပေ။ ဒါကြောင့် သူတို့က အခုတော့ မုန့်တွေကို ဝယ်ထားပြီး သိမ်းထားဖို့ပဲရှိသည်။
မိနစ် ၃၀ ကြာပြီး နောက်ဆုံးတွင် သူတို့တိုက်ခန်းကို ပြန်ရောက်လာခဲ့သည်။ ချိုလီ ကတစ်စုံတစ်ယောက်နဲ့ ရောက်နှင့်ပြီး တိုက်ခန်းကို ရှင်းလင်းထားတာကြော်င့ သူတို့ဝင်လိုက်ချိန်တွင် နေရာက သန့်ရှင်းနေသည်။
“ညစာအတွက် ငါတို့ ဘာလုပ်သင့်လဲ?” ဇောင်ယုဟွမ် မေးလိုက်သည်။
“ငါချက်မယ်” ချက်ချင်းပင် လီဂျင်းယွမ် ကပြောလိုက်သည်။ ဟုန်ချန်းမင်း ကချက်ချင်းပင် အပေါ်ဝတ်ကို ချွတ်လိုက်ပြီး ပြောလိုက်သည်။
“ပန်းကန်တချို့ကို ငါပြင်ဆင်လိုက်မယ်” ဇောင်ယုဟွမ် ကထလိုက်ပြီး ရေခဲသေတ္တာ တံခါးကို ဖွင့်လိုက်ကာ သူတို့အတွက် ချိုလီ ကကြက်ဥ၊ အာလူး၊ မုန်လာဥ၊ အမဲသား၊ ဝက္သား၊ ကြက်သား၊ ငါး… နံနံပင်တောင် ထည့်ထားတာကို တွေ့လိုက်သည်။
ဇောင်ယုဟွမ် ကရေခဲသေတ္တာထဲက ပစ္စည်းအနည်းငယ်ကို ထုတ်ယူလိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။
“အတူတူ ချက်ရအောင်။ အနောက်တိုင်း အစားအစာနဲ့ တရုတ်စာကိုလည်း ချက်မယ်” လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့က လျင်မြန်စွာနဲ့ ပြန်ဖြေလိုက်ကြသည်။
“အိုကေ!” မီးဖိုချောင်က ကျယ်ဝန်းပြီး ပွင့်လင်းမြင်သာသည့် စတိုင်ဖြစ်သည်။ နောက်ပြီး အနောက်တိုင်းတွင် မွှေကြော်မရှိပေ။
ထိုစကားကို ပြောရင်း ချိုလီ ကအချိန်အတော် ကြာကတည်းက လေဝင်ပေါက် အကာကို ပြင်ဆင်ထားတာကြောင့် မီးဖိုချောင်က အတော်လေး ခိုင်မာသည်။ သူတို့သုံးယောက်က မီးဖိုထဲကို ဝင်လိုက်ကြသည်။
သူတို့ လမ်းလျှောက်ချိန်တွင် တစ်ယောက်နဲ့ တစ်ယောက် တိုက်မိကြသည်။ ဒါက မများပေမဲ့ အရမ်းကို ရင်းနှီးသည်။ ဘာမွမရွိတဲ့ တိုက်ခန်းက ရုတ်တရက် နွေးထွေးသည့် အိမ်နဲ့ တူသြားသလို ခံစားလိုက်ရသည်။
ညစာအတွက် ၃ နာရီနီးပါးကြာအောင် ပြင်ဆင်ခဲ့သည်။ အဓိကကတော့ ဇောင်ယုဟွမ် ရဲ့ချက်ပြုတ် စွမ်းရည်က လိုအပ်ချက် များစွာရှိတာကြောင့် ဖြစ်သည်။ နောက်ဆုံးတွင် ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့ကသူမရဲ့ လက်ထောက်အနေနဲ့ လာကူပြီး စွမ်းဆောင်ရည် မြင့်တက်သွားခဲ့သည်။
အစားအသောက်တွေ အားလုံးကို စားပွဲပေါ်တွင် တင်ပြီးနောက် ဇောင်ယုဟွမ် အနည်းငယ် ရှက်သလို ခံစားလိုက်ရသည်။
“မနက်ဖြန်ကျရင် ငါတို့ ရိုးရှင်းတာကိုပဲ ချက်ရင်ကောင်းလိမ့်မယ်။ ငါတို့ ဒီလိုမျိုး ဆက်ချက်နေရင်း မင်းတို့နှစ်ယောက် ပင်ပန်းလိမ့်မယ်”
“မပင်ပန်းပါဘူး”
“ဟွမ်ဟွမ် အစားအသောက်တွေ စားနေသမျှပေါ့” လူငယ်လေး နှစ်ယောက်လုံးက တစ်ပြိုက်နက်တည်း ပြောလိုက်ကြသည်။ ဇောင်ယုဟွမ် ကဆွေးနွေးတာကို အဆုံးသတ်လိုက်ပြီး ပြုံးလိုက်သည်။
“ငါလုပ်ထားတာကို အရင်ဆုံး မြည်းကြည့်”
“အိုကေ”
“အို၊ ငါတို့မှာ ဝိုင်လည်းရှိတယ်” ဇောင်ယုဟွမ် ကပြောလိုက်ပြီး ထ,လိုက်ကာ ဝိုင်နဲ့ ကိုလာကို ယူလိုက်သည်။
ဟုန်ချန်းမင်း ကလည်း ထလိုက်ကာ ဝိုင်ခွက်တွေကို ယူလိုက်ပြီး သူတို့ သုံးယောက် အရှေ့တွင် နေရာချလိုက်သည်။ လူငယ်လေး နှစ်ယောက်လုံးက ဝိုင်ကို ရွေးချယ်လိုက်ပြီး ဇောင်ယုဟွမ် ကို ကိုလာ ကိုသာသောက်စေဖို့ ဆုံးဖြတ်လိုက်သည်။
လျင်မြန်စွာဖြင့် အဖျော်ဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ လီဂျင်းယွမ် ကသူ့လက်ကို မြှောက်လိုက်ပြီး ပြောလိုက်သည်။
“အခုကစပြီး တစ်နှစ်ပြီး တစ်နှစ် ထပ်ပြီးတော့ ငါတို့တွေ အတူတူ ညစာစားနိုင်မယ်လို့ မျှော်လင့်တယ်” ဟုန်ချန်းမင်း ကလည်း ပြောလိုက်သည်။
“နှစ်တိုင်း” ထိုအချိန်တွင် ဇောင်ယုဟွမ် ကပြုံးနေတာကို မရပ်တန့်နိုင်ပေ။ သူမလည်း သူမဖန်ခွက်ကို မြှောက်လိုက်ပြီး ပြောလိုက်သည်။
“ဟုတ်တယ်၊ အခုကစပြီး ဒီနှစ်လိုမျိုး ညစာကို အတူတူ စားရဖို့ မျှော်လင့်ပါတယ်!” ထိုစကားကို ပြောလိုက်ပြီး သူမခေါင်းကို မော့လိုက်ကာ ကိုလာကို တစ်ချက်တည်း အကုန်သောက်လိုက်သည်။
ကာဗွန်နိတ် အရည်က သူမပါးစပ်ကနေ ဝင်သွားပြီး ချိုမြသည့် အရသာကို ခံစားလိုက်ရသည်။ ဒါက သူမကို ပျော်ရွှင်သည့် ခံစားခက်ကို ပေးသည်။
ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့နှစ်ယောက်လုံးက သူမကို ကြည့်လိုက်သည်။ သူမရဲ့ ဖြူဖွေးပြီး သေးသွယ်သည့် လက်ချောင်းတွေက ဖန်ခွက်တွင် ကိုင်ထားတာကို ကြည့်နေခဲ့သည်။
သူမခေါင်းကို မော့လိုက်ချိန်တွင် သူမရဲ့ ဖြူဖွေးပြီး သေးသွယ်သည့် လည်ပင်းက ထွက်လာခဲ့တာကို သူတို့ မြင်လိုက်ကြသည်။ သူမက ကိုလာကို သောက်လိုက်ပြီး သူမနှုတ်ခမ်းက မဲသွားတာကို ကြည့်နေခဲ့သည်။
သူမကို ကြည့်နေရတာက သူတို့အတွက် ပျော်ရွှင်စရာပင်… အလင်းရောင် အောက်တွင် သူမက တောက်ပပြီး ဆွဲဆောင်မှုရှိနေသည်။
“အမ်? မင်းတို့နှစ်ယောက် ဘာလို့မသောက်ကြတာလဲ?” ဇောင်ယုဟွမ် သံသယဖြစ်စွာနဲ့ မေးလိုက်သည်။
လူငယ်လေး နှစ်ယောက်က ရပ်သွားပြီး သူတို့ခွက်ထဲက ဝိုင်တွေကို သောက်လိုက်ကြသည်။ ဇောင်ယုဟွမ် ဘာလုပ်ရမှန်း မသိပဲ လျင်မြန်စွာ ပြောလိုက်သည်။
“ဟေး၊ မသီးစေနဲ့။ နောက်ပြီး ဒီလောက် အမြန်ကြီးသောက်ရင် မူးသွားလိမ့်မယ်” သူမ ပြောပြီးနောက် လူငယ်လေး နှစ်ယောက်က တည်ငြိမ်စွာနဲ့ သူတို့ဝိုင်ခွက်တွေကို ချလိုက်ကြသည်။ သူတို့ပုံစံက တည်ငြိမ်ပြီး ပုံမှန်ဖြစ်နေသည်။
ဇောင်ယုဟွမ် ပိုပြီး သိချင်သွားခဲ့သည်။ သူတို့ခွဲနေချိန်မှာ သူတို့ဘဝတွေက ဘယ်လိုမျိုးလဲ? ဒါပေမဲ့ ဒီအကြောင်းကို သူမစိတ်ထဲသာ ထားပြီး ထုတ်မမေးခဲ့ပေ။
သူတို့က အစားအသောက်တွေကို ဆက်စားနေကြပြီး ဇောင်ယုဟွမ် ကသူတို့အပြုအမူတွေကို မှတ်သားထားလိုက်သည်။ ညစာစားချိန်က လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့နှစ်ယောက်လုံးက တည်ငြိမ်နေပြီး အသားတွေက စိတ်သက်သာသလို ဖြစ်နေခဲ့သည်။
“ပန်းကန် အတူတူ ဆေးမလား?” ဇောင်ယုဟွမ် မေးလိုက်သည်။
“အိုကေ” နှစ်ယောက်လုံးက မတ်တပ်ရပ်လိုက်ပြီး အမှိုက်အိတ်ကို ရှာပြီးနောက် စားပြဲကို ရှင်းလင်းလိုက်ကြသည်။
သူတို့ ရှင်းလင်းပြီးနောက် ဇောင်ယုဟွမ် ကအရင်ဆုံး ရေချိုးခဲ့သည်။ သူမပြီးသည်နှင့် လီဂျင်းယွမ် ကဖုန်းပြောနေတာကို ကြားလိုက်တာကြောင့် သူ့နားကို လှည့်ပတ်လျှောက်သွားပြီး ဟုန်ချန်းမင်း တံခါးကို ခေါက်လိုက်သည်။
ဟုန်ချန်းမင်း ကတံခါးကို လျင်မြန်စွာ ဖွင့်လိုက်ပြီး သူမကို အထဲဝင်ဖို့ ကြိုဆိုလိုက်သည်။ ဇောင်ယုဟွမ် ကအခန်းကို တစ်ချက်မြန်မြန် ကြည့်လိုက်ပြီး ကော်ဇောပေါ်တွင် လက်ဆောင်ဗူး အနည်းငယ်ကို သတိထားမိသွားသည်။ သူမက စူးစမ်းစွာနဲ့ မေးလိုက်သည်။
“မင်းအတန်းဖော်တွေဆီက ခရစ်စမတ် လက်ဆောင်ရတာလား?” ဟုန်ချန်းမင်း ခေါင်းညိတ်လိုက်သည်။
ဇောင်ယုဟွမ် နည်းနည်းပျော်ရွှင်သွားသည်။ ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့က သူမနဲ့ အရင်ကလောက် နီးကပ်မှုမရှိတော့လို့ နည်းနည်းလေး ဝမ်းနည်းနေရင်တောင် သူတို့က လူမှုဖူလုံရေး အရိပ်အောက်ကနေ ထွက်လာပြီး သူငယ်ချင်း အသစ်တွေနဲ့ ပိုပြီးကျော်ကြားလာခဲ့သည်။
ဒါက အတော်လေးကို ကောင်းတဲ့အရာပဲ!
ဟုန်ချန်းမင်း နဲ့ ဇောင်ယုဟွမ် တို့က ကော်ဇောပေါ်တွင် အတူတူ ထိုင်လိုက်ကြပြီး ဟုန်ချန်းမင်း ကသူ့ကပ်ကြေးကို ကောက်ယူလိုက်ကာ လက်ဆောင်တွေကို စဖွင့်လိုက်သည်။
ပထမဆုံး သူဖွင့်လိုက်တဲ့ အရာက သီချင်းသေတ္တာလေး တစ်ခုဖြစ်သည်။ ဒုတိယကတော့ ကဒ်နဲ့ ချောကလက်ဗူးဖြစ်သည်။ တတိယကတော့ သူတို့ ဖွင့်ပြီးနောက်တွင် စက္ကူအလွှာတွေအများကြီးနဲ့ ပတ်ထားလေသည်။
ဇောင်ယုဟွမ် ကစူးစမ်းစွာဖြင့် လည်ပင်းရှည်ကာ မျှော်ကြည့်လိုက်ပြီး သူမခန္ဓာကိုယ်က ဟုန်ချန်းမင်း အနားကို တိုးသွားခဲ့သည်။
“ဒါက အရမ်းတန်ဖိုးရှိတဲ့ လက်ဆောင် ဖြစ်ရမယ်။ ဒါက ဂရုတစိုက် ထုပ်ထားတာကိုကြည့်!” ဇောင်ယုဟွမ် ကပြုံးလိုက်ပြီး ပြောလိုက်သည်။
“ကိုကိုချန်းမင်း ကိုစိတ်ဝင်စားနေတဲ့ ကောင်မလေးဆီကလား?” ဟုန်ချန်းမင်း ကခေါင်းခါလိုက်သည်။
“မဟုတ်ဘူး၊ ငါ့ကို စိတ်ဝင်စားတဲ့ ကောင်မလေး မရှိဘူး”
“ဒါက မဖြစ်နိုင်တာပဲ။ မင်း သတိမထားမိတာပဲ ဖြစ်လိမ့်မယ်” ဇောင်ယုဟွမ် ကပြောလိုက်သည်။
သူတို့ စကားပြောနေချိန် ဟုန်ချန်းမင်း ကအလွှာတစ်ခုကို ဖွင့်ပြီးသွာပြီး နောက်တစ်ခုကို ဖွင့်လိုက်ကာ နောက်ဆုံးတွင် ပြီးသွားခဲ့သည်။
ဇောင်ယုဟွမ် ကအထဲကို မကြည့်ရသေးခင် ဟုန်ချန်းမင်း ကသူ့လက်ကို မြှောက်လိုက်ပြီး သူမမျက်လုံးတွေကို ကာပြီး ပြောလိုက်သည်။
“ဒါက ကောင်းတဲ့အရာ မဟုတ်ဘူး” ထို့နောက် ဒါက လွှတ်ပစ်လိုက်သည်။
ဒါက ဒီဗွီဒီ တစ်ချက်ဖြစ်သည်။ ဒီဗွီဒီက ဘာမှမမှားဘူး၊ အဲ့ဒါက ဒီဗွီဒီက ခေါင်းစဉ်ကြောင့်ဖြစ်သည်။ ဇောင်ယုဟွမ် ကအကူအညီမဲ့စွာဖြင့် ပြောလိုက်သည်။
“နောက်ဆုံးအကြိမ် Brighton ကမ်းခြေကို သွားတုန်းကလည်း ဘာမှမမြင်ခဲ့ဘူး။ ဒီတစ်ကြိမ်ကကော ဘာလဲ? အတူတူပဲလား?”
ဟုန်ချန်းမင်း ချက်ချင်း အေးခဲသွားသည်။ ဒီတိုင်းပြည်တွင် အသက် ၁၅၊ ၁၆ နှစ်ကလေးတွေက ဒီလိုအရာတွေနဲ့ အဆက်အသွယ်ရှိကြသည်။
တချို့ဆိုရင် ဒီအသက်အရွယ်တွင် ဆေးခြောက်ကို စတင်သုံးနေကြတာ၊ သူတို့နဲ့အတူ သေနတ်တွေ သယ်သွားကြတာ၊ ဒိတ်လုပ်တာတွေက ပုံမှန်ဖြစ်သည်။ တစ်စုံတစ်ယောက်က ဒီအရာကို ဒီလိုမျိုး ထုတ်ပိုးထားခြင်း ဖြစ်သည်။
27.06.2020 (Sat)
……………………
<Zawgyi>
ျပန္လည္ေပါင္းစည္းျခင္း
လီဆာ က ခ်န္းမင္းရီ ရဲ႕ေနရာကို ျပန္သြားဖို႔ မလိုအပ္တာေၾကာင့္ သူမက သူမ လိုအပ္တာထက္ အခ်ိန္အေတာ္ၾကာ ေနဖို႔ မရည္႐ြယ္ထားေပ။ သူတို႔ကို ပို႔ၿပီး လီဂ်င္းယြမ္ တြင္ကိုယ္ပိုင္ ယာဥ္ေမာင္းရွိတာကို သိၿပီးေနာက္ ခ်န္းမင္းရီ ရဲ႕ယာဥ္ေမာင္းနဲ႔ ထြက္သြားခဲ့သည္။
“ကားထဲဝင္။ ငါတို႔ အိမ္အျပန္လမ္းမွာ စားေသာက္ဖို႔ တခ်ိဳ႕ဝယ္ဖို႔ ရပ္ၾကမယ္” လီဂ်င္းယြမ္ ကေျပာလိုက္သည္။ သူ႔အသံက အဆင္မေျပတာ မရွိပဲ ပုံမွန္ျဖစ္ေနသည္။
ဒါေကာင္းတယ္။
ေဇာင္ယုဟြမ္ စိတ္သက္သာစြာျဖင့္ သက္ျပင္းခ်လိုက္သည္။ ၿပီးခဲ့တဲ့ ႏွစ္ေတြတုန္းက သူတို႔ေတြက တကယ္ပဲ မိသားစုအစစ္လို႔ သူမ ထင္ခဲ့သည္။
သူတို႔က တျခားေက်ာင္းေတြမွာ တက္ခဲ့ၾကတာေၾကာင့္ သူတို႔ တစ္ေယာက္နဲ႔ တစ္ေယာက္ ေဝးကြာသြားမွာကို သူမ စိုးရိမ္ေနခဲ့သည္။ သူေျပာရင္း လီဂ်င္းယြမ္ ကကားကို သူတို႔အနားကပ္လာဖို႔ လက္ေဝွ႔ယမ္းျပလိုက္သည္။ အခုေတာ့ ေဇာင္ယုဟြမ္ ကကားကို ၾကည့္ၿပီးခဲ့သည္။
ဒါက Toyota Alphard ကားျဖစ္သည္။ ဒီကား ေဈးႏႈန္းက ေဈးေပါတဲ့အထဲ မပါေပ။ ဒါက မီနီဗန္ၾကားတြင္ အေတာ္ေလး ေကာင္းသည့္ ေမာ္ဒယ္လ္ျဖစ္သည္။ ဆိုလိုတာက လီဂ်င္းယြမ္ ကသူ႔ကုမၸဏီမွာ အေတာ္ေလး အဆင့္အတန္း ျမင့္လာသည္။
ဒါက ေကာင္းတဲ့ အရာပဲ!
ေဇာင္ယုဟြမ္ ႏႈတ္ခမ္းက အေပၚကို ေကြးသြားၿပီး ကားထဲကို ဝင္လိုက္သည္။ သူတို႔အားလုံး ထိုင္ၿပီးသြားၿပီးေနာက္ ယာဥ္ေမာင္းက ကားကို သူတို႔တိုက္ခန္းဆီကို ဦးတည္လိုက္သည္။ ကားက သူတို႔တိုက္ခန္းနားက ကုန္စုံဆိုင္ေရွ႕တြင္ ရပ္လိုက္သည္။
လူတိုင္းက ထြက္လိုက္ၿပီး မၾကာခင္ ေရာက္ေတာ့မဲ့ ခရစ္စမတ္အတြက္ ခရီးၾသား ေဈးဝယ္ဖို႔ စီစဥ္ခဲ့ၾကသည္။ သူတို႔မွာ အခ်ိန္ႏွစ္ပတ္သာ ရသည္။ ေႏြဦးေပါက္ ရာသီကို ျပန္ေရာက္လာရင္ သူတို႔ရဲ႕ ဒုတိယစာသင္ခ်ိန္က စတင္လာလိမ့္မည္။
ခရစ္စမတ္ အားလပ္ရက္မွာသာ သူတို႔ဘာသာ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေနႏိုင္သည္။ ခရစ္စမတ္က အရမ္းအဓိပၸါယ္ရွိတာ မဟုတ္ေပမဲ့ သူတို႔အားလုံး အတူတူရွိႏိုင္သည့္ အခ်ိန္ျဖစ္သည္။
သူတို႔အားလုံးက ကုန္စုံဆိုင္ထဲကို ဝင္လိုက္ၿပီးေနာက္ ေဇာင္ယုဟြမ္ အေနာက္တြင္ လူငယ္ေလး ႏွစ္ေယာက္က လိုက္ပါလာခဲ့သည္။ ေဇာင္ယုဟြမ္ ကအေနာက္ကို အကူအညီမဲ့စြာနဲ႔ ၾကည့္လိုက္သည္။
“မင္းတို႔ဘာသာ တခုခု သြားမေ႐ြးခ်င္ဘူးလား?” လီဂ်င္းယြမ္ ကသူမကို အၿပဳံးေလး တစ္ခုေပးလိုက္ၿပီး သူ႔မ်က္လုံးထဲတြင္ တားဆီေနတာကို ျမင္ႏိုင္သည္။
“ဟြမ္ဟြမ္ နဲ႔ေဝးတုန္းက အမ်ားႀကီး ဝယ္ခဲ့ၿပီးၿပီ။ အခုေတာ့ ဟြမ္ဟြမ္ နဲ႔အတူ ေဈးဝယ္ရင္း အခ်ိန္ျဖဳန္းခ်င္တယ္” သူ႔စကားက အခိုးခံလိုက္ရၿပီး ဟုန္ခ်န္းမင္း ကတျခားေ႐ြးစရာ မရွိေတာ့ပဲ သေဘာတူလိုက္သည္။
“ေကာင္းၿပီ” ေဇာင္ယုဟြမ္ ကသူတို႔ၾကားက အေျခအေနကို ဘာမွမခံစားေရပ။
“ခရစ္စမတ္အပင္ကို အိမ္ယူသြားရေအာင္၊ ဆန္တာဦးထုပ္ သုံးလုံး၊ ျပင္သစ္စာနဲ႔ ငါးဥဆားနယၠိဳ ဝယ္ရေအာင္။ ေဟာ့ေဒါ့၊ ဒိန္ခဲ၊ ပီဇာ၊ ပင္လယ္စာလို ဂဏန္း၊ ေယာက္သြားတခ်ိဳ႕လည္း လိုလိမ့္မယ္။ ေနာက္ၿပီး ဒိန္ခ်ဥ္လည္း လိုခ်င္တယ္….”
လူငယ္ေလး ႏွစ္ေယာက္က သူမ ေျပာလိုက္တဲ့ အရာအားလုံးကို လ်င္ျမန္စြာ မွတ္သားၿပီး ပစၥည္းေတြကို ရွာေဖြဖို႔ ခြဲသြားလိုက္ၾကသည္။
တဖက္တြင္ ေဇာင္ယုဟြမ္ ကေပ်ာ္႐ႊင္စြာနဲ႔ တြန္းလွည္းကို တြန္းလိုက္ၿပီး သူမ ႀကိဳက္တဲ့ မုန႔္ေတြနဲ႔ ကိုလာ၊ ဝိုင္နီ စတာေတြကို ရွာေဖြလိုက္သည္။ လူငယ္ေလးေတြက သူတို႔လုပ္ေဆာင္ခ်က္ေတြက လ်င္ျမန္စြာ ၿပီးသြားသည္။
ေဇာင္ယုဟြမ္ ကရပ္လိုက္ သြားလိုက္ျဖစ္တာေၾကာ္င့ သူမ လိုခ်င္တာကို ေ႐ြးခ်ယ္ခ်ိန္တြင္ လူငယ္ေလး ႏွစ္ေယာက္က ပစၥည္းအျပည့္အစုံနဲ႔အတူ ျပန္ေရာက္လာခဲ့သည္။
“မင္းတို႔ေတြ ၿပီးသြားၿပီလား? အိုေက၊ ငါ့ကို အခ်ိန္ခနေလာက္ေစာင့္” ေဇာင္ယုဟြမ္ ကေခါင္းကို လွည့္လိုက္ၿပီး စင္ေပၚက ေျပာင္းဖူးေပါက္ေပါက္ အထုပ္ကိုလွမ္းဆြဲလိုက္သည္။
ဟုန္ခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ တို႔လက္ေတြက တစ္ခ်ိန္တည္း ေရာက္သြားၿပီး မုန႔္ထုပ္ကို ဆြဲလိုက္သည္။ ေဇာင္ယုဟြမ္ သက္ျပင္းခ်ၿပီး ေျပာလိုက္သည္။
“အိုေက၊ မင္းတို႔ ႏွစ္ေယာက္လုံး အရပ္ရွည္တာကို ငါသိပါတယ္။ ငါ့အတြက္ တစ္ေယာက္ေလာက္ ဒါကို ဆြဲေပးႏိုင္မလား?”
ဟုန္ခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ တို႔က အၾကည့္ေျပာင္းသြားၿပီး သူတို႔ႏွစ္ေယာက္လုံးက မုန႔္ထုပ္ကိုေတာ့ မလႊတ္ၾကေပ။ ေဇာင္ယုဟြမ္ က ဟုန္ခ်န္းမင္း ကိုသံသယျဖစ္စြာ ၾကည့္ၿပီးေနာက္ လီဂ်င္းယြမ္ ကိုၾကည့္လိုက္သည္။
“အမ္? အခုဘာလုပ္ေနတာလဲ?” လီဂ်င္းယြမ္ ကခ်က္ခ်င္းပဲ လႊတ္လိုက္သည္။
ဟုန္ခ်န္းမင္း ကမုန႔္ထုပ္ကို ယူလိုက္ၿပီး ၾကည့္လိုက္ကာ အာဟာရ မျပည့္သည့္ အစားအေသာက္ အိတ္ျဖစ္ေၾကာင္းကို သတိထားမိသြားသည္။ ဟုန္ခ်န္းမင္း ကမ်က္ေမွာင္ၾကဳတ္လိုက္ေပမဲ့ နာခံစြာျဖင့္ လွည္းထဲကို ထည့္လိုက္သည္။
ေဇာင္ယုဟြမ္ ရဲ႕ေပ်ာ္႐ႊင္ေနသည့္ မ်က္ႏွာကို ၾကည့္လိုက္ၿပီး ဟုန္ခ်န္းမင္း ေတြးလိုက္သည္။ က်န္းမာတဲ့ အစားအစာ စတိုင္…. အခ်ိန္လိုလိမ့္မယ္…. ဒီေန႔ သူမက စိတ္ၾကည္ေနလို႔ ဒါကို သူေက်ာ္ထားလိုက္မယ္။
သူတို႔က ေငြရွင္းဖို႔ လွည္းကို တြန္းသြားလိုက္ၾကသည္။ ေဇာင္ယုဟြမ္ ကသူမအိတၠိဳ လက္ေရာက္လိုက္ခ်ိန္ ဟုန္ခ်န္းမင္း ကေျပာလိုက္သည္။
“ဒါကို ငါရွင္းလိုက္မယ္” လီဂ်င္းယြမ္ ကလည္း ေျပာလိုက္သည္။
“ငါရွင္းလိုက္မယ္”
ေဇာင္ယုဟြမ္ – “…….”
“ေက်ာက္တုံး၊ ကပ္ေၾကး၊ စကၠဴနဲ႔ ေျဖရွင္းခ်င္လား? ရႈံးတဲ့သူ ေပးေၾကးလား?” လက္တစ္ဖက္တြင္ ဟုန္ခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ တို႔က လွည္းကို ကိုင္ထားဆဲျဖစ္ၿပီး ေက်ာက္တုံး၊ ကပ္ေၾကး၊ စကၠဴဂိမ္းကို သူတို႔တျခား လက္တစ္ဖက္နဲ႔ ကစားလိုက္သည္။
ေဇာင္ယုဟြမ္ – “…….”
ေနာက္ဆုံးေတာ့ သူတို႔ႏွစ္ေယာက္နဲ႔ ပတ္သက္ၿပီး ထူးဆန္းတဲ့အရာရွိတာကို သူမ သတိျပဳမိသြားသည္။ သူတို႔ႏွစ္ေယာက္တြင္ ယွဥ္ၿပိဳင္မႈကို ထုတ္မေျပာသည့္ အေျခအေနရွိပုံရသည္။
ဇာတ္လိုက္နဲ႔ ဗီလိန္ျဖစ္တာေၾကာင့္ သူတို႔ကံၾကမၼာက ဒီလိုမ်ိဳး ယွဥ္ၿပိဳင္မႈေတြရွိေနလားဆိုတာ သူမ မေျပာႏိုင္ေပ။ ေဇာင္ယုဟြမ္ အခ်ိန္အေတာ္ၾကာ ထိုေနရာတြင္ ရပ္ေနခဲ့ရသည္။
အခ်ိန္အေတာ္ၾကာမွ လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ၾကားတြင္ ရလဒ္ထြက္လာခဲ့သည္။ လီဂ်င္းယြမ္ ကကပ္ေၾကးလုပ္လိုက္ၿပီး ဟုန္ခ်န္းမင္း ကစကၠဴလုပ္လိုက္သည္။
လီဂ်င္းယြမ္ ကၿပဳံး႐ႊင္စြာနဲ႔ သူ႔အိတ္ကို ထုတ္ၿပီး ေငြရွင္းလိုက္စဥ္ ဟုန္ခ်န္းမင္း မ်က္ႏွာက ခ်က္ခ်င္း မဲေမွာင္သြားသည္။ သူတို႔ႏွစ္ေယာက္က လက္သီးနဲ႔ ေျဖရွင္းေတာ့မယ္လို႔ ေဇာင္ယုဟြမ္ ခံစားလိုက္ရတာေၾကာင့္ ဟုန္ခ်န္းမင္း ရဲ႕အက်ႌလက္ကို ဆြဲလိုက္ၿပီး ေျပာလိုက္သည္။
“ေစာင့္တဲ့ေနရာမွာ သြားေစာင့္ေနရေအာင္” ဟုန္ခ်န္းမင္း မ်က္ႏွာက ခ်က္ခ်င္းပဲ ႏူးညံ့သြားၿပီး ေျပာလိုက္သည္။
“အင္း” ဟုန္ခ်န္းမင္း က ေဇာင္ယုဟြမ္ ရဲ႕လက္ကို ကိုင္လိုက္ၿပီး ရွည္လ်ားသည့္ လမ္းေၾကာင္းမွ ေစာင့္သည့္ေနရာကို သြားလိုက္သည္။
လီဂ်င္းယြမ္ ကေ႐ြးခ်ယ္စရာ မရွိေတာ့ပဲ သူ႔အနားကေန ထြက္သြားတာကိုပဲ ၾကည့္ေနခဲ့ရသည္။ ဒါေပမဲ့…. သူ႔အေနာက္မွ ေဈးဝယ္လွည္း သုံးခုကို ၾကည့္လိုက္ၿပီး သူ႔ဘာသာ ေတြးလိုက္သည္။ ဟြမ္ဟြမ္ အတြက္ ေငြသုံးရတာက အရမ္းႀကီးမဆိုးဘူး။
သူတို႔သုံးေယာက္က သူတို႔အိတ္ေတြကို ယူလိုက္ၿပီး ကုန္စုံဆိုင္ကေန ထြက္လိုက္ၾကသည္။ သူတို႔တိုက္ခန္းက အရမ္းႀကီး မေဝးတာေၾကာင့္ လီဂ်င္းယြမ္ ကယာဥ္ေမာင္းကို ျပန္လႊတ္လိုက္သည္။
သူတို႔သုံးေယာက္က တိုက္ခန္းကို ေျဖးညႇင္းစြာ ေလွ်ာက္သြားၾကၿပီး လမ္းေပၚတြင္ မၾကာခန ရပ္လိုက္ၾကသည္။ သူတို႔က တျခားဆိုင္ေတြကို ျဖတ္သြားရင္ တျခားလိုအပ္တဲ့ ပစၥည္း အသား၊ ဆလတ္႐ြက္၊ ေပါင္မုန႔္ေတြကိုလည္း ဝယ္ယူၾကသည္။
ခရစ္စမတ္အခ်ိန္တြင္ ဆိုင္ေတြအားလုံးက ပိတ္ၿပီး သူတို႔ လိုခ်င္ရင္ေအာင္ အစားအေသာက္ေတြ အမ်ားႀကီး မေ႐ြးခ်ယ္ႏိုင္ေပ။ ဒါေၾကာင့္ သူတို႔က အခုေတာ့ မုန႔္ေတြကို ဝယ္ထားၿပီး သိမ္းထားဖို႔ပဲရွိသည္။
မိနစ္ ၃၀ ၾကာၿပီး ေနာက္ဆုံးတြင္ သူတို႔တိုက္ခန္းကို ျပန္ေရာက္လာခဲ့သည္။ ခ်ိဳလီ ကတစ္စုံတစ္ေယာက္နဲ႔ ေရာက္ႏွင့္ၿပီး တိုက္ခန္းကို ရွင္းလင္းထားတာေၾကာ္င့ သူတို႔ဝင္လိုက္ခ်ိန္တြင္ ေနရာက သန႔္ရွင္းေနသည္။
“ညစာအတြက္ ငါတို႔ ဘာလုပ္သင့္လဲ?” ေဇာင္ယုဟြမ္ ေမးလိုက္သည္။
“ငါခ်က္မယ္” ခ်က္ခ်င္းပင္ လီဂ်င္းယြမ္ ကေျပာလိုက္သည္။ ဟုန္ခ်န္းမင္း ကခ်က္ခ်င္းပင္ အေပၚဝတ္ကို ခြၽတ္လိုက္ၿပီး ေျပာလိုက္သည္။
“ပန္းကန္တခ်ိဳ႕ကို ငါျပင္ဆင္လိုက္မယ္” ေဇာင္ယုဟြမ္ ကထလိုက္ၿပီး ေရခဲေသတၱာ တံခါးကို ဖြင့္လိုက္ကာ သူတို႔အတြက္ ခ်ိဳလီ ကၾကက္ဥ၊ အာလူး၊ မုန္လာဥ၊ အမဲသား၊ ဝက္သား၊ ၾကက္သား၊ ငါး… နံနံပင္ေတာင္ ထည့္ထားတာကို ေတြ႕လိုက္သည္။
ေဇာင္ယုဟြမ္ ကေရခဲေသတၱာထဲက ပစၥည္းအနည္းငယ္ကို ထုတ္ယူလိုက္ၿပီး က်ယ္ေလာင္စြာ ေျပာလိုက္သည္။
“အတူတူ ခ်က္ရေအာင္။ အေနာက္တိုင္း အစားအစာနဲ႔ တ႐ုတ္စာကိုလည္း ခ်က္မယ္” လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔က လ်င္ျမန္စြာနဲ႔ ျပန္ေျဖလိုက္ၾကသည္။
“အိုေက!” မီးဖိုေခ်ာင္က က်ယ္ဝန္းၿပီး ပြင့္လင္းျမင္သာသည့္ စတိုင္ျဖစ္သည္။ ေနာက္ၿပီး အေနာက္တိုင္းတြင္ ေမႊေၾကာ္မရွိေပ။
ထိုစကားကို ေျပာရင္း ခ်ိဳလီ ကအခ်ိန္အေတာ္ ၾကာကတည္းက ေလဝင္ေပါက္ အကာကို ျပင္ဆင္ထားတာေၾကာင့္ မီးဖိုေခ်ာင္က အေတာ္ေလး ခိုင္မာသည္။ သူတို႔သုံးေယာက္က မီးဖိုထဲကို ဝင္လိုက္ၾကသည္။
သူတို႔ လမ္းေလွ်ာက္ခ်ိန္တြင္ တစ္ေယာက္နဲ႔ တစ္ေယာက္ တိုက္မိၾကသည္။ ဒါက မမ်ားေပမဲ့ အရမ္းကို ရင္းႏွီးသည္။ ဘာမြမ႐ြိတဲ့ တိုက္ခန္းက ႐ုတ္တရက္ ေႏြးေထြးသည့္ အိမ္နဲ႔ တူၾသားသလို ခံစားလိုက္ရသည္။
ညစာအတြက္ ၃ နာရီနီးပါးၾကာေအာင္ ျပင္ဆင္ခဲ့သည္။ အဓိကကေတာ့ ေဇာင္ယုဟြမ္ ရဲ႕ခ်က္ျပဳတ္ စြမ္းရည္က လိုအပ္ခ်က္ မ်ားစြာရွိတာေၾကာင့္ ျဖစ္သည္။ ေနာက္ဆုံးတြင္ ဟုန္ခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ တို႔ကသူမရဲ႕ လက္ေထာက္အေနနဲ႔ လာကူၿပီး စြမ္းေဆာင္ရည္ ျမင့္တက္သြားခဲ့သည္။
အစားအေသာက္ေတြ အားလုံးကို စားပြဲေပၚတြင္ တင္ၿပီးေနာက္ ေဇာင္ယုဟြမ္ အနည္းငယ္ ရွက္သလို ခံစားလိုက္ရသည္။
“မနက္ျဖန္က်ရင္ ငါတို႔ ႐ိုးရွင္းတာကိုပဲ ခ်က္ရင္ေကာင္းလိမ့္မယ္။ ငါတို႔ ဒီလိုမ်ိဳး ဆက္ခ်က္ေနရင္း မင္းတို႔ႏွစ္ေယာက္ ပင္ပန္းလိမ့္မယ္”
“မပင္ပန္းပါဘူး”
“ဟြမ္ဟြမ္ အစားအေသာက္ေတြ စားေနသမွ်ေပါ့” လူငယ္ေလး ႏွစ္ေယာက္လုံးက တစ္ၿပိဳက္နက္တည္း ေျပာလိုက္ၾကသည္။ ေဇာင္ယုဟြမ္ ကေဆြးေႏြးတာကို အဆုံးသတ္လိုက္ၿပီး ၿပဳံးလိုက္သည္။
“ငါလုပ္ထားတာကို အရင္ဆုံး ျမည္းၾကည့္”
“အိုေက”
“အို၊ ငါတို႔မွာ ဝိုင္လည္းရွိတယ္” ေဇာင္ယုဟြမ္ ကေျပာလိုက္ၿပီး ထ,လိုက္ကာ ဝိုင္နဲ႔ ကိုလာကို ယူလိုက္သည္။
ဟုန္ခ်န္းမင္း ကလည္း ထလိုက္ကာ ဝိုင္ခြက္ေတြကို ယူလိုက္ၿပီး သူတို႔ သုံးေယာက္ အေရွ႕တြင္ ေနရာခ်လိုက္သည္။ လူငယ္ေလး ႏွစ္ေယာက္လုံးက ဝိုင္ကို ေ႐ြးခ်ယ္လိုက္ၿပီး ေဇာင္ယုဟြမ္ ကို ကိုလာ ကိုသာေသာက္ေစဖို႔ ဆုံးျဖတ္လိုက္သည္။
လ်င္ျမန္စြာျဖင့္ အေဖ်ာ္ဆရာအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သည္။ လီဂ်င္းယြမ္ ကသူ႔လက္ကို ေျမႇာက္လိုက္ၿပီး ေျပာလိုက္သည္။
“အခုကစၿပီး တစ္ႏွစ္ၿပီး တစ္ႏွစ္ ထပ္ၿပီးေတာ့ ငါတို႔ေတြ အတူတူ ညစာစားႏိုင္မယ္လို႔ ေမွ်ာ္လင့္တယ္” ဟုန္ခ်န္းမင္း ကလည္း ေျပာလိုက္သည္။
“ႏွစ္တိုင္း” ထိုအခ်ိန္တြင္ ေဇာင္ယုဟြမ္ ကၿပဳံးေနတာကို မရပ္တန႔္ႏိုင္ေပ။ သူမလည္း သူမဖန္ခြက္ကို ေျမႇာက္လိုက္ၿပီး ေျပာလိုက္သည္။
“ဟုတ္တယ္၊ အခုကစၿပီး ဒီႏွစ္လိုမ်ိဳး ညစာကို အတူတူ စားရဖို႔ ေမွ်ာ္လင့္ပါတယ္!” ထိုစကားကို ေျပာလိုက္ၿပီး သူမေခါင္းကို ေမာ့လိုက္ကာ ကိုလာကို တစ္ခ်က္တည္း အကုန္ေသာက္လိုက္သည္။
ကာဗြန္နိတ္ အရည္က သူမပါးစပ္ကေန ဝင္သြားၿပီး ခ်ိဳျမသည့္ အရသာကို ခံစားလိုက္ရသည္။ ဒါက သူမကို ေပ်ာ္႐ႊင္သည့္ ခံစားခက္ကို ေပးသည္။
ဟုန္ခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ တို႔ႏွစ္ေယာက္လုံးက သူမကို ၾကည့္လိုက္သည္။ သူမရဲ႕ ျဖဴေဖြးၿပီး ေသးသြယ္သည့္ လက္ေခ်ာင္းေတြက ဖန္ခြက္တြင္ ကိုင္ထားတာကို ၾကည့္ေနခဲ့သည္။
သူမေခါင္းကို ေမာ့လိုက္ခ်ိန္တြင္ သူမရဲ႕ ျဖဴေဖြးၿပီး ေသးသြယ္သည့္ လည္ပင္းက ထြက္လာခဲ့တာကို သူတို႔ ျမင္လိုက္ၾကသည္။ သူမက ကိုလာကို ေသာက္လိုက္ၿပီး သူမႏႈတ္ခမ္းက မဲသြားတာကို ၾကည့္ေနခဲ့သည္။
သူမကို ၾကည့္ေနရတာက သူတို႔အတြက္ ေပ်ာ္႐ႊင္စရာပင္… အလင္းေရာင္ ေအာက္တြင္ သူမက ေတာက္ပၿပီး ဆြဲေဆာင္မႈရွိေနသည္။
“အမ္? မင္းတို႔ႏွစ္ေယာက္ ဘာလို႔မေသာက္ၾကတာလဲ?” ေဇာင္ယုဟြမ္ သံသယျဖစ္စြာနဲ႔ ေမးလိုက္သည္။
လူငယ္ေလး ႏွစ္ေယာက္က ရပ္သြားၿပီး သူတို႔ခြက္ထဲက ဝိုင္ေတြကို ေသာက္လိုက္ၾကသည္။ ေဇာင္ယုဟြမ္ ဘာလုပ္ရမွန္း မသိပဲ လ်င္ျမန္စြာ ေျပာလိုက္သည္။
“ေဟး၊ မသီးေစနဲ႔။ ေနာက္ၿပီး ဒီေလာက္ အျမန္ႀကီးေသာက္ရင္ မူးသြားလိမ့္မယ္” သူမ ေျပာၿပီးေနာက္ လူငယ္ေလး ႏွစ္ေယာက္က တည္ၿငိမ္စြာနဲ႔ သူတို႔ဝိုင္ခြက္ေတြကို ခ်လိုက္ၾကသည္။ သူတို႔ပုံစံက တည္ၿငိမ္ၿပီး ပုံမွန္ျဖစ္ေနသည္။
ေဇာင္ယုဟြမ္ ပိုၿပီး သိခ်င္သြားခဲ့သည္။ သူတို႔ခြဲေနခ်ိန္မွာ သူတို႔ဘဝေတြက ဘယ္လိုမ်ိဳးလဲ? ဒါေပမဲ့ ဒီအေၾကာင္းကို သူမစိတ္ထဲသာ ထားၿပီး ထုတ္မေမးခဲ့ေပ။
သူတို႔က အစားအေသာက္ေတြကို ဆက္စားေနၾကၿပီး ေဇာင္ယုဟြမ္ ကသူတို႔အျပဳအမူေတြကို မွတ္သားထားလိုက္သည္။ ညစာစားခ်ိန္က လ်င္ျမန္စြာ ကုန္ဆုံးသြားခဲ့သည္။
ဟုန္ခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ တို႔ႏွစ္ေယာက္လုံးက တည္ၿငိမ္ေနၿပီး အသားေတြက စိတ္သက္သာသလို ျဖစ္ေနခဲ့သည္။
“ပန္းကန္ အတူတူ ေဆးမလား?” ေဇာင္ယုဟြမ္ ေမးလိုက္သည္။
“အိုေက” ႏွစ္ေယာက္လုံးက မတ္တပ္ရပ္လိုက္ၿပီး အမႈိက္အိတ္ကို ရွာၿပီးေနာက္ စားၿပဲကို ရွင္းလင္းလိုက္ၾကသည္။
သူတို႔ ရွင္းလင္းၿပီးေနာက္ ေဇာင္ယုဟြမ္ ကအရင္ဆုံး ေရခ်ိဳးခဲ့သည္။ သူမၿပီးသည္ႏွင့္ လီဂ်င္းယြမ္ ကဖုန္းေျပာေနတာကို ၾကားလိုက္တာေၾကာင့္ သူ႔နားကို လွည့္ပတ္ေလွ်ာက္သြားၿပီး ဟုန္ခ်န္းမင္း တံခါးကို ေခါက္လိုက္သည္။
ဟုန္ခ်န္းမင္း ကတံခါးကို လ်င္ျမန္စြာ ဖြင့္လိုက္ၿပီး သူမကို အထဲဝင္ဖို႔ ႀကိဳဆိုလိုက္သည္။ ေဇာင္ယုဟြမ္ ကအခန္းကို တစ္ခ်က္ျမန္ျမန္ ၾကည့္လိုက္ၿပီး ေကာ္ေဇာေပၚတြင္ လက္ေဆာင္ဗူး အနည္းငယ္ကို သတိထားမိသြားသည္။ သူမက စူးစမ္းစြာနဲ႔ ေမးလိုက္သည္။
“မင္းအတန္းေဖာ္ေတြဆီက ခရစ္စမတ္ လက္ေဆာင္ရတာလား?” ဟုန္ခ်န္းမင္း ေခါင္းညိတ္လိုက္သည္။
ေဇာင္ယုဟြမ္ နည္းနည္းေပ်ာ္႐ႊင္သြားသည္။ ဟုန္ခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ တို႔က သူမနဲ႔ အရင္ကေလာက္ နီးကပ္မႈမရွိေတာ့လို႔ နည္းနည္းေလး ဝမ္းနည္းေနရင္ေတာင္ သူတို႔က လူမႈဖူလုံေရး အရိပ္ေအာက္ကေန ထြက္လာၿပီး သူငယ္ခ်င္း အသစ္ေတြနဲ႔ ပိုၿပီးေက်ာ္ၾကားလာခဲ့သည္။
ဒါက အေတာ္ေလးကို ေကာင္းတဲ့အရာပဲ!
ဟုန္ခ်န္းမင္း နဲ႔ ေဇာင္ယုဟြမ္ တို႔က ေကာ္ေဇာေပၚတြင္ အတူတူ ထိုင္လိုက္ၾကၿပီး ဟုန္ခ်န္းမင္း ကသူ႔ကပ္ေၾကးကို ေကာက္ယူလိုက္ကာ လက္ေဆာင္ေတြကို စဖြင့္လိုက္သည္။
ပထမဆုံး သူဖြင့္လိုက္တဲ့ အရာက သီခ်င္းေသတၱာေလး တစ္ခုျဖစ္သည္။ ဒုတိယကေတာ့ ကဒ္နဲ႔ ေခ်ာကလက္ဗူးျဖစ္သည္။ တတိယကေတာ့ သူတို႔ ဖြင့္ၿပီးေနာက္တြင္ စကၠဴအလႊာေတြအမ်ားႀကီးနဲ႔ ပတ္ထားေလသည္။
ေဇာင္ယုဟြမ္ ကစူးစမ္းစြာျဖင့္ လည္ပင္းရွည္ကာ ေမွ်ာ္ၾကည့္လိုက္ၿပီး သူမခႏၶာကိုယ္က ဟုန္ခ်န္းမင္း အနားကို တိုးသြားခဲ့သည္။
“ဒါက အရမ္းတန္ဖိုးရွိတဲ့ လက္ေဆာင္ ျဖစ္ရမယ္။ ဒါက ဂ႐ုတစိုက္ ထုပ္ထားတာကိုၾကည့္!” ေဇာင္ယုဟြမ္ ကၿပဳံးလိုက္ၿပီး ေျပာလိုက္သည္။
“ကိုကိုခ်န္းမင္း ကိုစိတ္ဝင္စားေနတဲ့ ေကာင္မေလးဆီကလား?” ဟုန္ခ်န္းမင္း ကေခါင္းခါလိုက္သည္။
“မဟုတ္ဘူး၊ ငါ့ကို စိတ္ဝင္စားတဲ့ ေကာင္မေလး မရွိဘူး”
“ဒါက မျဖစ္ႏိုင္တာပဲ။ မင္း သတိမထားမိတာပဲ ျဖစ္လိမ့္မယ္” ေဇာင္ယုဟြမ္ ကေျပာလိုက္သည္။
သူတို႔ စကားေျပာေနခ်ိန္ ဟုန္ခ်န္းမင္း ကအလႊာတစ္ခုကို ဖြင့္ၿပီးသြာၿပီး ေနာက္တစ္ခုကို ဖြင့္လိုက္ကာ ေနာက္ဆုံးတြင္ ၿပီးသြားခဲ့သည္။
ေဇာင္ယုဟြမ္ ကအထဲကို မၾကည့္ရေသးခင္ ဟုန္ခ်န္းမင္း ကသူ႔လက္ကို ေျမႇာက္လိုက္ၿပီး သူမမ်က္လုံးေတြကို ကာၿပီး ေျပာလိုက္သည္။
“ဒါက ေကာင္းတဲ့အရာ မဟုတ္ဘူး” ထို႔ေနာက္ ဒါက လႊတ္ပစ္လိုက္သည္။
ဒါက ဒီဗြီဒီ တစ္ခ်က္ျဖစ္သည္။ ဒီဗြီဒီက ဘာမွမမွားဘူး၊ အဲ့ဒါက ဒီဗြီဒီက ေခါင္းစဥ္ေၾကာင့္ျဖစ္သည္။ ေဇာင္ယုဟြမ္ ကအကူအညီမဲ့စြာျဖင့္ ေျပာလိုက္သည္။
“ေနာက္ဆုံးအႀကိမ္ Brighton ကမ္းေျခကို သြားတုန္းကလည္း ဘာမွမျမင္ခဲ့ဘူး။ ဒီတစ္ႀကိမ္ကေကာ ဘာလဲ? အတူတူပဲလား?”
ဟုန္ခ်န္းမင္း ခ်က္ခ်င္း ေအးခဲသြားသည္။ ဒီတိုင္းျပည္တြင္ အသက္ ၁၅၊ ၁၆ ႏွစ္ကေလးေတြက ဒီလိုအရာေတြနဲ႔ အဆက္အသြယ္ရွိၾကသည္။
တခ်ိဳ႕ဆိုရင္ ဒီအသက္အ႐ြယ္တြင္ ေဆးေျခာက္ကို စတင္သုံးေနၾကတာ၊ သူတို႔နဲ႔အတူ ေသနတ္ေတြ သယ္သြားၾကတာ၊ ဒိတ္လုပ္တာေတြက ပုံမွန္ျဖစ္သည္။ တစ္စုံတစ္ေယာက္က ဒီအရာကို ဒီလိုမ်ိဳး ထုတ္ပိုးထားျခင္း ျဖစ္သည္။
27.06.2020 (Sat)
……………………
[text_hash] => 0ce74db7
)