ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] – 31❇ အပေါ်ဝတ်အင်္ကျီနှစ်ထည်
// qc

ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] - 31❇ အပေါ်ဝတ်အင်္ကျီနှစ်ထည်

Array
(
[text] =>

<Unicode>

အပေါ်ဝတ်အင်္ကျီနှစ်ထည်

ဇောင်ယုဟွမ် က လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့နဲ့အတူတူ အချိန်အတော်ကြာကြာ ဖြုန်းချင်ခဲ့တာကြောင့် အားလပ်ရက်တွင် အတန်းဖော်တွေဆီက လှုပ်ရှားချက် ဖိတ်ကြားမှုတွေ အားလုံးကို ငြင်းပယ်ခဲ့သည်။ သို့သော်လည်း စခန်းချ ပွဲက ရောက်လာချိန်တွင် လီဂျင်းယွမ် ကမေးလိုက်သည်။

“အဲ့နေရာမှာ လန်ဒန် လဲရှိနေမှာလား?” လန်ဒန် နဲ့ ဇောင်ယုဟွမ် တို့ဒီအကြောင်းကို ပြောနေချိန်တွင် လီဂျင်းယွမ် အနည်းငယ် ကြားခဲ့သည်။

ဇောင်ယုဟွမ် ခေါင်းညိတ်လိုက်သည်။ ဒီအရာက သူ့ဆီကနေ ဖုံးကွယ်ထားဖို့ အကြောင်းပြချက် မရှိပေ။ ဟုန်ချန်းမင်း ကသူ့လက်ထဲက ဆန်းဒဝစ်ကို ချက်ချင်း ချလိုက်ပြီး ပြောလိုက်သည်။

“ဒါဆို မင်းသွားသင့်တယ်”

ဇောင်ယုဟွမ် – “အမ်?”

သူတို့ ပုံစံအရဆိုရင် သူတို့က ဒီကိစ္စကို ကန့်ကွက်ပြီး သူမကို မလွှတ်သင့်တာ မဟုတ်ဘူးလား?

သူတို့က သူမကို စောစော မဒိတ်နဲ့လို့ ပြောခဲ့တာ မဟုတ်ဘူးလား?

“သွား” လီဂျင်းယွမ် ကလည်း သူ့နို့ခွက်ကို ချလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။

“ငါရှင်းလိုက်မယ်” ဟုန်ချန်းမင်း ကချက်ချင်း မေးလိုက်သည်။

“ဒီနေ့လား? ဘယ်အချိန် သွားမှာလဲ? ဟွမ်ဟွမ့် အတွက် သွားထုပ်ပိုးပေးမယ်” ဇောင်ယုဟွမ် ကသူတို့ကို သံသယဖြစ်စွာ ကြည့်လိုက်ပြီး မေးလိုက်သည်။

“မင်းတို့ နှစ်ယောက် ငါနဲ့ လိုက်ချင်တာလား?”

“အသေအချာပဲ” ဟုန်ချန်းမင်း ပြောလိုက်သည်။ ထို့နောက် လီဂျင်းယွမ် ကပြောလိုက်သည်။

“ငါ့အလုပ် အားလုံးကနေ အနားယူဖို့ အသုံးပြုနိုင်တယ်။ ဟွမ်ဟွမ် နဲ့တစ်နေရာရာကို သွားဖို့ တွေးနေခဲ့တာ” ဒါက အဓိပ္ပါယ်ရှိတယ်လို့ ဇောင်ယုဟွမ် ထင်သည်။

သူတို့ နှစ်ယောက်လုံးက အတော်လေးကို အလုပ်များကြသည်။ ဒီနှစ်အနည်းငယ် အတွင်းမှာတောင် သူတို့ မျက်နှာက ပင်ပန်းနေမှုတွေ ပျောက်ကွယ်သွားခြင်း မရှိပေ။

တခါတလေ မနက်ခင်း ဗိုက်ဆာလို့ နိုးလာချိန်မှာ သူတို့က ဖုန်းပြောနေတာကို သူမ ကြားခဲ့ရသည်။ သူတို့ ပြောင်းသွားကတည်းက ကျောင်းမှာ အချိန်အများကြီး မရှိဘူးဆိုတာ သူမ သိသည်။ ဒီလိုမျိုး အုပ်စုပွဲတွေမှာ ပါဝင်ရတာက သူတို့အတွက် ခက်ခဲလိမ့်မယ်။

“ဒါဆို ငါတို့အားလုံး အတူတူ သွားကြမယ်။ ငါတို့ မနက်ဖြန် စောစောမှာ ထွက်နိုင်တယ်၊ ဒါပေမဲ့ ငါ အစောကြီး မထနိုင်ဘူး။ မနက်ဖြန်မှာ တွေ့ဖို့လုပ်ထားတဲ့ နေရာကို ဒီနေ့သွာပြီး အဲ့နားက ဟိုတယ်မှာ ငှားနေကြမယ်”

ဇောင်ယုဟွမ် ပြောလိုက်ပြီး သူမဖုန်းကို ထုတ်လိုက်ကာ ဟိုတယ် တစ်ခုကို ရှာလိုက်သည်။ ဟုန်ချန်းမင်း ခေါင်းညိတ်လိုက်ပြီး လှည့်လိုက်ကာ ဇောင်ယုဟွမ် အတွက် ထုတ်ပိုးပေးလိုက်သည်။

သူတို့က နှစ်လလောက် ခွဲသွားရတာတောင် ဒီအရာတွေက သူတို့ စိတ်ထဲတွင် စွဲနေတုန်းဖြစ်ပြီး ဘယ်တော့မှ မမေ့ကြပေ။ ဇောင်ယုဟွမ် လုပ်ဖို့ လိုအပ်တာ အားလုံးကတော့ ခုံမှာထိုင်ပြီး ဖုန်းကြည့်နေဖို့ပဲ ဖြစ်သည်။

သူမခေါင်းကို လှည့်လိုက်ပြီး ပန်းကန်တွေကို မြန်မြန် ဆေးကြောနေပြီး ပန်းကန်စင်တွင် ထားနေသည့် လီဂျင်းယွမ် ကိုကြည့်လိုက်သည်။ သူမခေါင်းကို တခြားဖက်ကို လှည့်လိုက်ချိန်တွင် ဟုန်ချန်းမင်း ကသူမအတွက် ထုပ်ပိုးနေတာကို တွေ့လိုက်ရသည်။

ဒီအရာတွေက အရမ်းကို ခက်ခဲတဲ့ အရာတွေ မဟုတ်ပေမဲ့ သူတို့က တခြားသူ တစ်ယောက်ယောက်ကို ဂရုစိုက်တာက ပိုကောင်းလိမ့်မယ်!

အခုတော့ ဇောင်ယုဟွမ် ကတရုတ်က သူငယ်ချင်းများနဲ့ စကားပြောနေခဲ့သည်။

[ရန်ဆန်း – ငါ ဆန်ယ ကိုရောက်နေပြီ! ကျေးဇူးပြုပြီး ဟွမ်ဟွမ်၊ ငါမင်းကို တောင်းဆိုပါတယ်။ ဒီနေရာကို လာလည်! ဒီနေရာက အရမ်းကို နွေးထွေးတယ်! ပုစွန်တွေလည်း မွေးထားတာ ရှိတယ်! အိမ်ပြန်ရင် ပုစွန်တွေ သယ်သွားဖို့ မမေ့စေနဲ့]

[ဟန်ရင်ရင် – ဟွမ်ဟွမ် ပဲရစ် ကိုလာသင့်တယ်! ဒီနေရာမှာ တော်တော်လေးကို ချောမောတဲ့ ကောင်လေးတွေ အများကြီး ရှိတယ်! နောက်ပြီး ဆိုင်တွေလည်း အများကြီးပဲ!]

[ရွမ်းရုံနင် – ဇောင်ယုဟွမ်၊ ဒီနေရာ၊ ကန္တာရက သဲတွေကို လာကြည့်ကြည့်… [ဓာတ်ပုံ]]

[ဟန်ရင်ရင် – မင်းရူးနေလား? ရွမ်းရုံနင် ကန္တာရထဲမှာ ဘာလုပ်နေတာလဲ?]

[ရန်ဆန်း – ငါသိတယ်။ သူက ရတနာ ရှာဖွေတဲ့ ဇာတ်ကားတွေ အများကြီး ကြည့်တယ်]

[ရွမ်းရုံနင် – ဇောင်ယုဟွမ်၊ ရတနာရှာဖို့ ငါ့ဆီလာခဲ့…]
.
.
.
.
.
.

ဇောင်ယုဟွမ် စာတွေအားလုံးကို ကြည့်လိုက်ပြီး ဘာလုပ်ရမှန်း မသိပေ။

[ဇောင်ယုဟွမ် – Bye Everyone၊ ငါမနက်ဖြန်ကျရင်း စခန်းချဖို့ သွားတော့မယ်]

[ရန်ဆန်း – စခန်းချတာ? ]

[ဟန်ရင်ရင် – [မျက်လုံးလိမ့်နေပုံ] နိုင်ငံခြားမှာ ပညာသင်တာ ဘယ်လောက်ကြာမှာလဲ? ဘာတွေ သင်ပြီးသွားပြီလဲ?]

[ရန်ဆန်း – [ပါးစပ်ပိတ်ထားပုံ]]

[ဇောင်ယုဟွမ် – ကောင်းပြီ၊ အမှန်တရားကတော့ အတန်းနှစ်တန်းက အကုန်လုံးကို စခန်းချဖို့ တွန်းအားပေးပြီး ဆွဲသွင်းခဲ့လို့ ငါတို့ ပါသွားတာ…]

[ဟန်ရင်ရင် – ခနလေး။ ယူကေက ကောင်လေးတွေက ချစ်ဖို့ကောင်းလား? တချိန်တည်း သုံးယောက်လောက် ရနိုင်မလား? ဆက်သွယ်တဲ့ ပွဲပြီးရင် ကောင်လေး သုံးယောက်နဲ့အတူ ထွက်သွားလို့ရလား?]

[ရန်ဆန်း – …… ဒါက ဘယ်နိုင်ငံမှာမှ အဆင်မပြေဘူး၊ အိုကေ?]

[ဟန်ရင်ရင် – မင်း ထုပ်ပိုးပြီပြီလား? [စခန်းချဖို့ ဘာတွေလိုအပ်လဲသိဖို့ ဖိုင်]]

[ဇောင်ယုဟွမ် – ကျေးဇူး။ အခုတော့ ငါလုပ်နေတယ်~ ဒါကို ငါမလိုအပ်တော့ဘူး။ ဟုန်ချန်းမင်း ကဘာတွေ ထုပ်ပိုးရမလဲဆိုတာ စိုးရိမ်နေတဲ့ တစ်ယောက်ပဲ]

[ဟန်ရင်ရင် – အာ၊ ၁၀၁ ကြိမ်မြောက်ပဲ၊ အစ်ကိုကြီး တစ်ယောက်ရှိတာ အရမ်းကောင်းတာပဲ! ( ⚈̥̥̥̥̥́⌢⚈̥̥̥̥̥̀)]

[ရွမ်းရုံနင် – ဇောင်ယုဟွမ်၊ ငါနဲ့ ရတနာတွေ လာမရှာချင်တာ သေချာလား?]

[ဇောင်ယုဟွမ် – Bye]

[ရွမ်းရုံနင် – အင်း၊ အခုတော့ မင်းမှာ သူငယ်ချင်း အသစ်တွေ ရှိနေပြီပေါ့။ အခုတော့ ငါတို့က ကျော်ထားတဲ့ သူတွေပေါ့။ Byee ]

ဇောင်ယုဟွမ် ကသူတို့နဲ့ ရှုပ်ထွေးနေတာကို ရပ်လိုက်ပြီး သူမဖုန်းကို အဝေးမှာ ထားလိုက်သည်။ လီဂျင်းယွမ် ကသူ့လက်ကို ဆေးကြောပြီး ပြန်လာကာ ဟုန်ချန်းမင်း က ဇောင်ယုဟွမ် နဲ့သူ့အတွက် ထုပ်ပိုးပြီးသွားပြီ ဖြစ်သည်။

“ငါ့အတွက်က ရိုးရှင်းတယ်” လီဂျင်းယွမ် ကပြောလိုက်ပြီး သူ့အိပ်ခန်းထဲကို လျှောက်ဝင်သွားလိုက်သည်။

နှစ်မိနစ်လောက် ကြာပြီးနောက် သူ့ကျောပိုးအိတ်နဲ့ ရှုံကြိုးနဲ့ ပိတ်ထားသည့် အိတ်တစ်လုံးနဲ့အတူ ထွက်လာခဲ့သည်။ အင်္ဂလန်တွင် ယာဉ်မောင်းလိုင်စင် ရဖို့အတွက် အနည်းဆုံး အသက် ၁၇ နှစ်ရှိရသည်။

လူငယ်လေး နှစ်ယောက်က ဇောင်ယုဟွမ် ရဲ့ဘဝကို မစွန့်လွှတ်ရဲတာကြောင့် လီဂျင်းယွမ် က ဝေ့ကျဲ ကိုခေါ်လိုက်ပြီး သူတို့အတွက် ကားတစ်စီး စီစဉ်ပေးရန် အကူအညီတောင်းလိုက်သည်။

ဝေ့ကျဲ ကအလွန် အရေးပါတဲ့ သူဖြစ်ပြီး အချိန်အနည်းငယ်အတွင်း သူတို့ တိုက်ခန်းအရှေ့ကို ကားတစ်စီးက ရောက်လာခဲ့သည်။ သူတို့သုံးယောက်က သူတို့နဲ့အတူ အိတ်တွေကို ယူလိုက်ပြီး ဟိုတယ်ကို ရောက်သွားခဲ့ကြသည်။

သူတို့ အခန်းသော့ကို ရပြီးနောက် သူတို့က ခရီးအတွက် လိုအပ်သည့် ပစ္စည်းတွေ အားလုံးကို ဝယ်ဖို့ ထွက်သွားခဲ့ကြသည်။ ဇောင်ယုဟွမ် ကပစ္စည်းစာရင်းကို ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့ဆီကို ပို့လိုက်သည်။

သူမ လိုအပ်တာ အားလုံးကတော့ သူတို့အနောက်ကနေ လိုက်နေဖို့ပဲ ဖြစ်သည်။ သူတို့ နှစ်ယောက်က တခြားအရာတွေ အားလုံးကို ဂရုစိုက်လိမ့်မည်။ လွန်ခဲ့သည့် ရက်အနည်းငယ်တုန်းက ကောင်လေး နှစ်ယောက်က တကယ်ပဲ အရွယ်ရောက်လာပြီး သူမကို ပြန်စောင့်ရှောက်နိုင်တာကို ဇောင်ယုဟွမ် သိခဲ့သည်။

သဘာဝကျစွာဖြင့် သူမ အခန်းကဏ္ဍက ပြောင်းလဲခဲ့သည်။ ကောင်လေး နှစ်ယောက်က စောစောစီးစီး တခြားသူကို ဂရုစိုက်တာက မကောင်းတဲ့ အရာတော့ မဟုတ်ပေ။

သူမက အနားယူပြီး ပျော်ရွှင်ဖို့ပဲ လိုအပ်တယ်! ဒါက ဘယ်လောက်တောင် အံ့ဩဖို့ ကောင်းလိုက်လဲ!

သူတို့ဈေးဝယ်ပြီးသွားချိန်တွင် ဟိုတယ်ကို ပြန်လာခဲ့ပြီး ညဘက်တွင် ကောင်းကောင်း အနားယူခဲ့ကြသည်။ နောက်မနက်ခင်း ၈ နာရီခွဲတွင် ဇောင်ယုဟွမ် ဖုန်းက မြည်လာခဲ့သည်။ တဖက်မှ လန်ဒန် ရဲ့အသံက ထွက်လာခဲ့သည်။

“Good morning! မင်းရောက်နေပြီလား? အနားမှာ ကော်ဖီဆိုင် တစ်ဆိုင်ကို ငါတွေ့ခဲ့တယ်၊ ငါနဲ့ ကော်ဖီ သောက်ချင်လား?”

ဇောင်ယုဟွမ် ကထဖို့ ရုန်းကန်လိုက်သည်။ သူမ ထဖို့ အချိန်အနည်းငယ် ကြာသွားခဲ့သည်။

“အင်း၊ နင်လည်း ရောက်နေပြီလား?”

“ဟုတ်တယ်၊ ငါရောက်နေပြီ!” လန်ဒန် ရဲ့ပျော်ရွှင်နေသည့် အသံကို ကြားလိုက်ပြီးနောက် ဇောင်ယုဟွမ် အချိန်အနည်းငယ် ရပ်သွားသည်။

လန်ဒန် က လီဂျင်းယွမ် ဆီကနေ ပြေးသွားပြီးနောက် လက်လျော့သွားပြီလို့ သူမ ထင်ခဲ့သည်။ ဒီတစ်ကြိမ်မှာ ဘယ်လိုလုပ်ပြီး သူ့အသံက ပိုပြီးတောင် စိတ်အားထက်သန်နေပုံ ပေါ်နေရတာလဲ?

ဇောင်ယုဟွမ် ကသူမပါးကို သူမဘာသာ ပုတ်လိုက်ပြီး ပြောလိုက်သည်။

“ဟင့်အင်း၊ ငါကော်ဖီသောက်ဖို့ မလိုဘူး။ ခနကြာရင် တွေ့မယ်”

“အိုကေ! ခနကြာရင် တွေ့မယ်!” လန်ဒန် ရဲ့အသံက သိသာစွာ ပျော်ရွှင်နေသည်။

နောက်ဆုံးတော့ ဇောင်ယုဟွမ် ကအိပ်ရာကနေ ခက်ခဲစွာဖြင့် ဆင်းလိုက်သည်။ မကြာခင်တွင် လီဂျင်းယွမ် ကတံခါး လာခေါက်ခဲ့သည်။

“ဟွမ်ဟွမ်၊ မနက်စာစားဖို့ လာခေါ်တာ” လီဂျင်းယွမ် ကပြောလိုက်ပြီး ဝင်လာကာ ဇောင်ယုဟွမ် အရှေ့က စားပွဲလေးပေါ်တွင် အစားအသောက်တွေကို ချလိုက်သည်။

အချိန်အနည်းငယ် ကြာပြီးနောက် ဟုန်ချန်းမင်း လည်းရောက်လာခဲ့သည်။ သူ့လက်ထဲတွင်လည်း မနက်စာ တစ်ပွဲလည်း ပါသည်။ သူ့ပုံစံက မသက်မသာ ဖြစ်သွားပုံပေါ်သည်။ ဇောင်ယုဟွမ် ကိုကြည့်လိုက်ပြီးနောက် လီဂျင်းယွမ် ကိုကြည့်လိုက်ကာ ပြောလိုက်သည်။

“အို၊ များလိုက်တဲ့ အစားအသောက်တွေ” သူတို့နှစ်ယောက်လုံးအတွက် အမြဲတမ်း မျှတအောင် လုပ်ခဲ့သည်။ ဒါ့ကြောင့် ဟုန်ချန်းမင်း ဆီက လခြမ်းကွေး ပေါင်မုန့်ကို ယူလိုက်ပြီး ပြောလိုက်သည်။

“ငါဒါစားမယ်။ ထိုင်၊ အတူတူ စားရအောင်”

ဟုန်ချန်းမင်း အကြည့်မှ ခံစားချက်တွေက နည်းနည်း ပြောင်းလဲသွားတာကို မပြောနိုင်ပေမဲ့ ဂရုတစိုက် ကြည့်မယ်ဆိုရင် သူ့အမူအရာတွင် စိတ်သက်သာသွားတာကို သတိထားမိနိုင်သည်။

သူတို့ သုံးယောက် မနက်စာ စားပြီးသွားပြီးနောက် အောက်ထပ်ကို အတူတူ ဆင်းလာခဲ့ကြသည်။ သူတို့အိတ်တွေနဲ့ စခန်းချဖို့ ပစ္စည်းတွေ အားလုံးက ကားထဲကို ရောက်နေပြီး သူတို့အတွက် အရာအားလုံးက ပိုမိုလွယ်ကူသွားခဲ့သည်။

သူတို့က ဇောင်ယုဟွမ် နဲ့အတူ ချိန်းထားသည့် နေရာကို သွားဖို့အတွက် သူတို့ ကားဆီကို သွားလိုက်ပြီး နောက်ဆုံးတော့ ထိုနေရာကို ရောက်သွားခဲ့ကြသည်။

သူတို့ အောက်ထပ်ကို ရောက်ပြီးနောက် ဟုန်ချန်းမင်း ကနောက်ဆုံးတွင် လန်ဒန်၊ ဂျိုးဆက် နဲ့ မာရီယာ တို့နဲ့ တွေ့သွားခဲ့သည်။ အို၊ ဒီနာမည်တွေကို ကြားလိုက်ရုံနဲ့တင် ဟုန်ချန်းမင်း ကိုစိတ်မသက်မသာ ဖြစ်စေဖို့ လုံလောက်စေခဲ့သည်။

ထို့နောက် သူ မမှတ်မိနိုင်တဲ့ တခြားသူ နာမည်တွေတောင် ရှိသေးတယ်…..

လန်ဒန် ကဥရောပကောင်လေးရဲ့ စံပုံစံရှိပြီး မာရီယာ ကလည်း ရွှေအိုရောင် ဆံပင်နဲ့ အပြာရောင် မျက်လုံးတွေနဲ့ အလှလေးဖြစ်သည်။

ဂျိုးဆက် ကတစ်မျိုးဖြစ်သည်။ သူက အာရှပုံစံ ရောနှောနေသည်။ သူ့နှစ်ဖက်စလုံးတွင် အကောင်းဆုံး စရိုက်တွေကို ရရှိထားသည်။ ဂျိုးဆက် ကိုဥပမာ ယူရရင် သူက ဥရောပတွင် ထင်ရှားသည့် ပုံစံတွေသာမက အာရှမှ ကျက်သရေရှိမှုနဲ့ အရှိန်အဝါတွေလည်း ရှိသည်။

ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့က တစ်ချိန်တည်း သတိလက်လွတ် မျက်မှောင်ကြုတ်လိုက်ကြသည်။ ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့တစ်ကျောင်းတည်း ရှိနေချိန်က သူတို့က ဇောင်ယုဟွမ် နဲ့ပုံမှန်ဆက်သွယ်မှု အနည်းငယ်ရှိတာကို သူတို့ သိခဲ့ကြသည်။

သူတို့အားလုံး ထွက်သွားပြီးနောက် သူတို့က စိတ်အားထက်သန်စွာနဲ့ နှုတ်ဆက်ခဲ့ကြသည်။ အရင်က ဇောင်ယုဟွမ် ပြောခဲ့သလိုမျိုး ဂျိုးဆက် ကသူမနားကို လျှောက်လာပြီး သူမကို ချီးမွမ်းလိုက်သည်။

“ဟေလို့စ်စီ၊ ဒီနေ့ မင်းအရမ်းလှနေတယ်။ ဒီအဝတ်တွေကို မင်းထက် လိုက်ဖက်အောင် ဘယ်သူမှ ဝတ်နိုင်မှာ မဟုတ်ဘူး!”

ဇောင်ယုဟွမ် ကရှည်လျားသည့် ခရမ်းရောင် လက်ရှည်ဂါဝန်ကို ဝတ်ဆင်ထားခဲ့ပြီး နွေးထွေးပုံပေါ်နေသည်။ ကြည့်ကောင်းသည့် ကေးဆပ်လူမျိုးကြားတွင် မတ်တပ်ရပ်နေရင်း သူမက အံ့ဩဖွယ်ကောင်းအောင် ဒီနေရာတွင် အလှဆုံး ဖြစ်နေခဲ့သည်။

ဂျိုးဆက် ရဲ့စကားတွေက ဟုန်ချန်းမင်း ကိုဒေါသထွက်သွားစေသည်။ ဒီဂျိုးဆက် ကလူကြီးလူကောင်း မဆန်ပဲ သူက ပလေးဘွိုင်း တစ်ယောက်သာ ဖြစ်သည်။

ဟုန်ချန်းမင်း သူ့နှုတ်ခမ်းကို စေ့လိုက်ပြီး ဇောင်ယုဟွမ် ကိုကြည့်လိုက်ကာ စကားအားလုံးကို သူ့လည်ချောင်းထဲတွင်သာ ပြောလိုက်သည်…

ဟုတ်တယ်၊ ဟုတ်တယ်၊ သူမက အရမ်းကို လှတယ်… အမှန်ပဲ… သူမ သင်ယူခဲ့တဲ့ အရာတွေအားလုံး၊ သူမ တွေ့ကြုံခဲ့တဲ့ အရာတွေအားလုံးက သူမကို တောက်ပစေတယ်။ သူမ အရွယ်ရောက်လာရင်းနဲ့ သူမပုံပန်းသွင်ပြင်နဲ့ အရာအားလုံးက ကြီးထွားလာတယ်… သူမက အရင်ကထက်တောင် ပိုလှလာတာ အသေအချာပဲ!

ဂျိုးဆက် ကပြောနေရင်း တစ်နေရာကနေ နှင်းဆီတစ်ပွင့်ကို ဆွဲထုတ်လိုက်ပြီး နူးညံ့သည့် အပြုံးလေးကို ပေးလိုက်သည်။

“ဒါက မင်းနဲ့ လိုက်ဖက်တယ်” ဂျိုးဆက် ကပြောလိုက်ပြီး သူမဆီကို နှင်းဆီကို ကမ်းပေးလိုက်သည်။

ဇောင်ယုဟွမ် ကလူတိုင်းအရှေ့တွင် လှည့်သွားဖို့က မဖြစ်နိုင်တာကြောင့် လက်ခံလိုက်သည်။ အခုတော့ လီဂျင်းယွမ် လည်းမပျော်မရွှင် ဖြစ်သွားသည်။ ဂျိုးဆက် ကကျယ်လောင်စွာ ရယ်လိုက်ချိန်တွင် လီဂျင်းယွမ် နည်းနည်းလေး တူသည်။

လီဂျင်းယွမ် ကသူ့ပါးစပ်ထဲမှာ သဲတွေကို မြိုချလိုက်သလို ခံစားလိုက်ရပြီး ဂျိုးဆက် ကသူ့အားသာချက်နဲ့ ဇောင်ယုဟွမ် ကိုပိုးပန်းနေတာက သူ့ကို လှောင်ပြောင်နေသလို ခံစားလိုက်ရသည်။

“ကားထဲကို ဝင်ရအောင်” ဟုန်ချန်းမင်း က ဂျိုးဆက် နောက်ထပ် ဘာမှမလုပ်ခင်မှာ နူးညံ့စွာနဲ့ ပြောလိုက်သည်။ ချက်ချင်းပင် လန်ဒန် ကလူတိုင်းကို ပြောလိုက်သည်။

“ကားထဲဝင်။ လူတိုင်း ကားထဲဝင်ကြပါ။ မကြာခင် ငါတို့ စထွက်တော့မယ်” သိသာစွာပင် သူကလည်း ဂျိုးဆက် က ဇောင်ယုဟွမ် ကိုပိုးပန်းနေတာကို မမြင်ချင်ပေ။

တခြားသူတွေ အားလုံးဆီက နှောင့်ယှက်မှုနဲ့အတူ ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့ရဲ့ပုံစံက နောက်ဆုံးတွင် အနည်းငယ် နူးညံ့သွားခဲ့သည်။

အနည်းဆုံးတော့ သူတို့နဲ့ သဘောထား ကိုက်ညီပြီး ရှုပ်ထွေးတဲ့ ပတ်ဝန်းကျင် ဖြစ်လာချိန်တွင် ဒါက အရမ်းကြီး မသိသာတော့ဘူး… ဟုတ်တယ်မလား?

သူတို့ ကားထဲကို ဝင်လိုက်ချိန်တွင် ဟုန်ချန်းမင်း က ဇောင်ယုဟွမ် ဆီကနှင်းဆီကို ယူလိုက်ပြီး ဂျိုးဆက် ရဲ့ကားတံခါးမှာ လျင်မြန်စွာ ထားလိုက်ပြီးနောက် ဇောင်ယုဟွမ် ကိုကားပေါ်ကို အမြန်တင်လိုက်ပြီး ကားတံခါးကို လျင်မြန်စွာ ပိတ်လိုက်သည်။

ဂျိုးဆက် – “..”

ဂျိုးဆက်၊ လန်ဒန် နဲ့တခြားသူတွေ အားလုံးက ဇောင်ယုဟွမ် ဆီကိုသာ ကြည့်နေကြသည်။ သူတို့ထဲက တစ်ယောက်က ပြောလိုက်သည်။

“အာ၊ ဟေလို့စ်စီ ရဲ့အစ်ကိုတွေက အတော်လေးကို ကြမ်းတမ်းတာပဲ”

“ငါ့ကိုယုံ၊ မင်းမှာ ညီမရှိလာရင် မင်းလည်း ဒီလိုမျိုး ဖြစ်သွားလိမ့်မယ်” သူတို့ထဲက တစ်ယောက်က ရယ်လိုက်သည်။

“အမှန်ပဲ၊ ငါ့မှာသာ ဟေလို့စ်စီ လိုညီမသာ ရှိလာခဲ့ရင် သူမနဲ့ ရင်းနှီးချင်တဲ့ လူတွေတိုင်းကို ငါမုန်းတီးမိလိမ့်မယ်….”

ကားထဲတွင် ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့က သူတို့ရဲ့ အပေါ်ဝတ်တွေကို တစ်ချိန်တည်း ချွတ်လိုက်ကြသည်။ သူတို့ထဲက တစ်ယောက်က မေးလိုက်သည်။

“ဟွမ်ဟွမ်၊ ကားထဲမှာ အိပ်ချင်လား? အပေါ်ဝတ်နဲ့ ဖုံးထားချင်လား?”

“အင်း!” သူမဘယ်လက်ကို ထုတ်လိုက်ပြီး သူမညာလက်ကိုလည်း ထုတ်လိုက်ကာ အင်္ကျီနှစ်ထည်လုံး ယူလိုက်သည်။

သူမလက်ထဲတွင် သူတို့ အင်္ကျီနဲ့အတူ တတိယခုံတန်းတွင် ကွေးလိုက်ကာ နှစ်ခုလုံးကို ခြုံလိုက်သည်။ ဇောင်ယုဟွမ် သူမမျက်လုံးတွေကို မှိတ်လိုက်သည်။

အပေါ်ဝတ် တစ်ထည်ဆိုရင် နွေးထွေးတယ်။

နှစ်ထည်ဆိုရင်….

အတော်လေးကို ပူတယ်။

#vote က ၁၀၀ ပြည့်သွားတာပဲ ပြည့်မယ်လို့ မထင်ထားဘူး 😁😁 တင်ပေးလိုက်ပြီနော်

28.06.2020 (Sun)
…………………….

<Zawgyi>

အေပၚဝတ္အက်ႌႏွစ္ထည္

ေဇာင္ယုဟြမ္ က လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔နဲ႔အတူတူ အခ်ိန္အေတာ္ၾကာၾကာ ျဖဳန္းခ်င္ခဲ့တာေၾကာင့္ အားလပ္ရက္တြင္ အတန္းေဖာ္ေတြဆီက လႈပ္ရွားခ်က္ ဖိတ္ၾကားမႈေတြ အားလုံးကို ျငင္းပယ္ခဲ့သည္။ သို႔ေသာ္လည္း စခန္းခ် ပြဲက ေရာက္လာခ်ိန္တြင္ လီဂ်င္းယြမ္ ကေမးလိုက္သည္။

“အဲ့ေနရာမွာ လန္ဒန္ လဲရွိေနမွာလား?” လန္ဒန္ နဲ႔ ေဇာင္ယုဟြမ္ တို႔ဒီအေၾကာင္းကို ေျပာေနခ်ိန္တြင္ လီဂ်င္းယြမ္ အနည္းငယ္ ၾကားခဲ့သည္။

ေဇာင္ယုဟြမ္ ေခါင္းညိတ္လိုက္သည္။ ဒီအရာက သူ႔ဆီကေန ဖုံးကြယ္ထားဖို႔ အေၾကာင္းျပခ်က္ မရွိေပ။ ဟုန္ခ်န္းမင္း ကသူ႔လက္ထဲက ဆန္းဒဝစ္ကို ခ်က္ခ်င္း ခ်လိုက္ၿပီး ေျပာလိုက္သည္။

“ဒါဆို မင္းသြားသင့္တယ္”

ေဇာင္ယုဟြမ္ – “အမ္?”

သူတို႔ ပုံစံအရဆိုရင္ သူတို႔က ဒီကိစၥကို ကန႔္ကြက္ၿပီး သူမကို မလႊတ္သင့္တာ မဟုတ္ဘူးလား?

သူတို႔က သူမကို ေစာေစာ မဒိတ္နဲ႔လို႔ ေျပာခဲ့တာ မဟုတ္ဘူးလား?

“သြား” လီဂ်င္းယြမ္ ကလည္း သူ႔ႏို႔ခြက္ကို ခ်လိုက္ၿပီး ၿပဳံးကာ ေျပာလိုက္သည္။

“ငါရွင္းလိုက္မယ္” ဟုန္ခ်န္းမင္း ကခ်က္ခ်င္း ေမးလိုက္သည္။

“ဒီေန႔လား? ဘယ္အခ်ိန္ သြားမွာလဲ? ဟြမ္ဟြမ့္ အတြက္ သြားထုပ္ပိုးေပးမယ္” ေဇာင္ယုဟြမ္ ကသူတို႔ကို သံသယျဖစ္စြာ ၾကည့္လိုက္ၿပီး ေမးလိုက္သည္။

“မင္းတို႔ ႏွစ္ေယာက္ ငါနဲ႔ လိုက္ခ်င္တာလား?”

“အေသအခ်ာပဲ” ဟုန္ခ်န္းမင္း ေျပာလိုက္သည္။ ထို႔ေနာက္ လီဂ်င္းယြမ္ ကေျပာလိုက္သည္။

“ငါ့အလုပ္ အားလုံးကေန အနားယူဖို႔ အသုံးျပဳႏိုင္တယ္။ ဟြမ္ဟြမ္ နဲ႔တစ္ေနရာရာကို သြားဖို႔ ေတြးေနခဲ့တာ” ဒါက အဓိပၸါယ္ရွိတယ္လို႔ ေဇာင္ယုဟြမ္ ထင္သည္။

သူတို႔ ႏွစ္ေယာက္လုံးက အေတာ္ေလးကို အလုပ္မ်ားၾကသည္။ ဒီႏွစ္အနည္းငယ္ အတြင္းမွာေတာင္ သူတို႔ မ်က္ႏွာက ပင္ပန္းေနမႈေတြ ေပ်ာက္ကြယ္သြားျခင္း မရွိေပ။

တခါတေလ မနက္ခင္း ဗိုက္ဆာလို႔ ႏိုးလာခ်ိန္မွာ သူတို႔က ဖုန္းေျပာေနတာကို သူမ ၾကားခဲ့ရသည္။ သူတို႔ ေျပာင္းသြားကတည္းက ေက်ာင္းမွာ အခ်ိန္အမ်ားႀကီး မရွိဘူးဆိုတာ သူမ သိသည္။ ဒီလိုမ်ိဳး အုပ္စုပြဲေတြမွာ ပါဝင္ရတာက သူတို႔အတြက္ ခက္ခဲလိမ့္မယ္။

“ဒါဆို ငါတို႔အားလုံး အတူတူ သြားၾကမယ္။ ငါတို႔ မနက္ျဖန္ ေစာေစာမွာ ထြက္ႏိုင္တယ္၊ ဒါေပမဲ့ ငါ အေစာႀကီး မထႏိုင္ဘူး။ မနက္ျဖန္မွာ ေတြ႕ဖို႔လုပ္ထားတဲ့ ေနရာကို ဒီေန႔သြာၿပီး အဲ့နားက ဟိုတယ္မွာ ငွားေနၾကမယ္”

ေဇာင္ယုဟြမ္ ေျပာလိုက္ၿပီး သူမဖုန္းကို ထုတ္လိုက္ကာ ဟိုတယ္ တစ္ခုကို ရွာလိုက္သည္။ ဟုန္ခ်န္းမင္း ေခါင္းညိတ္လိုက္ၿပီး လွည့္လိုက္ကာ ေဇာင္ယုဟြမ္ အတြက္ ထုတ္ပိုးေပးလိုက္သည္။

သူတို႔က ႏွစ္လေလာက္ ခြဲသြားရတာေတာင္ ဒီအရာေတြက သူတို႔ စိတ္ထဲတြင္ စြဲေနတုန္းျဖစ္ၿပီး ဘယ္ေတာ့မွ မေမ့ၾကေပ။ ေဇာင္ယုဟြမ္ လုပ္ဖို႔ လိုအပ္တာ အားလုံးကေတာ့ ခုံမွာထိုင္ၿပီး ဖုန္းၾကည့္ေနဖို႔ပဲ ျဖစ္သည္။

သူမေခါင္းကို လွည့္လိုက္ၿပီး ပန္းကန္ေတြကို ျမန္ျမန္ ေဆးေၾကာေနၿပီး ပန္းကန္စင္တြင္ ထားေနသည့္ လီဂ်င္းယြမ္ ကိုၾကည့္လိုက္သည္။ သူမေခါင္းကို တျခားဖက္ကို လွည့္လိုက္ခ်ိန္တြင္ ဟုန္ခ်န္းမင္း ကသူမအတြက္ ထုပ္ပိုးေနတာကို ေတြ႕လိုက္ရသည္။

ဒီအရာေတြက အရမ္းကို ခက္ခဲတဲ့ အရာေတြ မဟုတ္ေပမဲ့ သူတို႔က တျခားသူ တစ္ေယာက္ေယာက္ကို ဂ႐ုစိုက္တာက ပိုေကာင္းလိမ့္မယ္!

အခုေတာ့ ေဇာင္ယုဟြမ္ ကတ႐ုတ္က သူငယ္ခ်င္းမ်ားနဲ႔ စကားေျပာေနခဲ့သည္။

[ရန္ဆန္း – ငါ ဆန္ယ ကိုေရာက္ေနၿပီ! ေက်းဇူးျပဳၿပီး ဟြမ္ဟြမ္၊ ငါမင္းကို ေတာင္းဆိုပါတယ္။ ဒီေနရာကို လာလည္! ဒီေနရာက အရမ္းကို ေႏြးေထြးတယ္! ပုစြန္ေတြလည္း ေမြးထားတာ ရွိတယ္! အိမ္ျပန္ရင္ ပုစြန္ေတြ သယ္သြားဖို႔ မေမ့ေစနဲ႔]

[ဟန္ရင္ရင္ – ဟြမ္ဟြမ္ ပဲရစ္ ကိုလာသင့္တယ္! ဒီေနရာမွာ ေတာ္ေတာ္ေလးကို ေခ်ာေမာတဲ့ ေကာင္ေလးေတြ အမ်ားႀကီး ရွိတယ္! ေနာက္ၿပီး ဆိုင္ေတြလည္း အမ်ားႀကီးပဲ!]

[႐ြမ္း႐ုံနင္ – ေဇာင္ယုဟြမ္၊ ဒီေနရာ၊ ကႏၲာရက သဲေတြကို လာၾကည့္ၾကည့္… [ဓာတ္ပုံ]]

[ဟန္ရင္ရင္ – မင္း႐ူးေနလား? ႐ြမ္း႐ုံနင္ ကႏၲာရထဲမွာ ဘာလုပ္ေနတာလဲ?]

[ရန္ဆန္း – ငါသိတယ္။ သူက ရတနာ ရွာေဖြတဲ့ ဇာတ္ကားေတြ အမ်ားႀကီး ၾကည့္တယ္]

[႐ြမ္း႐ုံနင္ – ေဇာင္ယုဟြမ္၊ ရတနာရွာဖို႔ ငါ့ဆီလာခဲ့…]
.
.
.
.
.
.

ေဇာင္ယုဟြမ္ စာေတြအားလုံးကို ၾကည့္လိုက္ၿပီး ဘာလုပ္ရမွန္း မသိေပ။

[ေဇာင္ယုဟြမ္ – Bye Everyone၊ ငါမနက္ျဖန္က်ရင္း စခန္းခ်ဖို႔ သြားေတာ့မယ္]

[ရန္ဆန္း – စခန္းခ်တာ? ]

[ဟန္ရင္ရင္ – [မ်က္လုံးလိမ့္ေနပုံ] ႏိုင္ငံျခားမွာ ပညာသင္တာ ဘယ္ေလာက္ၾကာမွာလဲ? ဘာေတြ သင္ၿပီးသြားၿပီလဲ?]

[ရန္ဆန္း – [ပါးစပ္ပိတ္ထားပုံ]]

[ေဇာင္ယုဟြမ္ – ေကာင္းၿပီ၊ အမွန္တရားကေတာ့ အတန္းႏွစ္တန္းက အကုန္လုံးကို စခန္းခ်ဖို႔ တြန္းအားေပးၿပီး ဆြဲသြင္းခဲ့လို႔ ငါတို႔ ပါသြားတာ…]

[ဟန္ရင္ရင္ – ခနေလး။ ယူေကက ေကာင္ေလးေတြက ခ်စ္ဖို႔ေကာင္းလား? တခ်ိန္တည္း သုံးေယာက္ေလာက္ ရႏိုင္မလား? ဆက္သြယ္တဲ့ ပြဲၿပီးရင္ ေကာင္ေလး သုံးေယာက္နဲ႔အတူ ထြက္သြားလို႔ရလား?]

[ရန္ဆန္း – …… ဒါက ဘယ္ႏိုင္ငံမွာမွ အဆင္မေျပဘူး၊ အိုေက?]

[ဟန္ရင္ရင္ – မင္း ထုပ္ပိုးၿပီၿပီလား? [စခန္းခ်ဖို႔ ဘာေတြလိုအပ္လဲသိဖို႔ ဖိုင္]]

[ေဇာင္ယုဟြမ္ – ေက်းဇူး။ အခုေတာ့ ငါလုပ္ေနတယ္~ ဒါကို ငါမလိုအပ္ေတာ့ဘူး။ ဟုန္ခ်န္းမင္း ကဘာေတြ ထုပ္ပိုးရမလဲဆိုတာ စိုးရိမ္ေနတဲ့ တစ္ေယာက္ပဲ]

[ဟန္ရင္ရင္ – အာ၊ ၁၀၁ ႀကိမ္ေျမာက္ပဲ၊ အစ္ကိုႀကီး တစ္ေယာက္ရွိတာ အရမ္းေကာင္းတာပဲ! ( ⚈̥̥̥̥̥́⌢⚈̥̥̥̥̥̀)]

[႐ြမ္း႐ုံနင္ – ေဇာင္ယုဟြမ္၊ ငါနဲ႔ ရတနာေတြ လာမရွာခ်င္တာ ေသခ်ာလား?]

[ေဇာင္ယုဟြမ္ – Bye]

[႐ြမ္း႐ုံနင္ – အင္း၊ အခုေတာ့ မင္းမွာ သူငယ္ခ်င္း အသစ္ေတြ ရွိေနၿပီေပါ့။ အခုေတာ့ ငါတို႔က ေက်ာ္ထားတဲ့ သူေတြေပါ့။ Byee ]

ေဇာင္ယုဟြမ္ ကသူတို႔နဲ႔ ရႈပ္ေထြးေနတာကို ရပ္လိုက္ၿပီး သူမဖုန္းကို အေဝးမွာ ထားလိုက္သည္။ လီဂ်င္းယြမ္ ကသူ႔လက္ကို ေဆးေၾကာၿပီး ျပန္လာကာ ဟုန္ခ်န္းမင္း က ေဇာင္ယုဟြမ္ နဲ႔သူ႔အတြက္ ထုပ္ပိုးၿပီးသြားၿပီ ျဖစ္သည္။

“ငါ့အတြက္က ႐ိုးရွင္းတယ္” လီဂ်င္းယြမ္ ကေျပာလိုက္ၿပီး သူ႔အိပ္ခန္းထဲကို ေလွ်ာက္ဝင္သြားလိုက္သည္။

ႏွစ္မိနစ္ေလာက္ ၾကာၿပီးေနာက္ သူ႔ေက်ာပိုးအိတ္နဲ႔ ရႈံႀကိဳးနဲ႔ ပိတ္ထားသည့္ အိတ္တစ္လုံးနဲ႔အတူ ထြက္လာခဲ့သည္။ အဂၤလန္တြင္ ယာဥ္ေမာင္းလိုင္စင္ ရဖို႔အတြက္ အနည္းဆုံး အသက္ ၁၇ ႏွစ္ရွိရသည္။

လူငယ္ေလး ႏွစ္ေယာက္က ေဇာင္ယုဟြမ္ ရဲ႕ဘဝကို မစြန႔္လႊတ္ရဲတာေၾကာင့္ လီဂ်င္းယြမ္ က ေဝ့က်ဲ ကိုေခၚလိုက္ၿပီး သူတို႔အတြက္ ကားတစ္စီး စီစဥ္ေပးရန္ အကူအညီေတာင္းလိုက္သည္။

ေဝ့က်ဲ ကအလြန္ အေရးပါတဲ့ သူျဖစ္ၿပီး အခ်ိန္အနည္းငယ္အတြင္း သူတို႔ တိုက္ခန္းအေရွ႕ကို ကားတစ္စီးက ေရာက္လာခဲ့သည္။ သူတို႔သုံးေယာက္က သူတို႔နဲ႔အတူ အိတ္ေတြကို ယူလိုက္ၿပီး ဟိုတယ္ကို ေရာက္သြားခဲ့ၾကသည္။

သူတို႔ အခန္းေသာ့ကို ရၿပီးေနာက္ သူတို႔က ခရီးအတြက္ လိုအပ္သည့္ ပစၥည္းေတြ အားလုံးကို ဝယ္ဖို႔ ထြက္သြားခဲ့ၾကသည္။ ေဇာင္ယုဟြမ္ ကပစၥည္းစာရင္းကို ဟုန္ခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ တို႔ဆီကို ပို႔လိုက္သည္။

သူမ လိုအပ္တာ အားလုံးကေတာ့ သူတို႔အေနာက္ကေန လိုက္ေနဖို႔ပဲ ျဖစ္သည္။ သူတို႔ ႏွစ္ေယာက္က တျခားအရာေတြ အားလုံးကို ဂ႐ုစိုက္လိမ့္မည္။ လြန္ခဲ့သည့္ ရက္အနည္းငယ္တုန္းက ေကာင္ေလး ႏွစ္ေယာက္က တကယ္ပဲ အ႐ြယ္ေရာက္လာၿပီး သူမကို ျပန္ေစာင့္ေရွာက္ႏိုင္တာကို ေဇာင္ယုဟြမ္ သိခဲ့သည္။

သဘာဝက်စြာျဖင့္ သူမ အခန္းက႑က ေျပာင္းလဲခဲ့သည္။ ေကာင္ေလး ႏွစ္ေယာက္က ေစာေစာစီးစီး တျခားသူကို ဂ႐ုစိုက္တာက မေကာင္းတဲ့ အရာေတာ့ မဟုတ္ေပ။

သူမက အနားယူၿပီး ေပ်ာ္႐ႊင္ဖို႔ပဲ လိုအပ္တယ္! ဒါက ဘယ္ေလာက္ေတာင္ အံ့ဩဖို႔ ေကာင္းလိုက္လဲ!

သူတို႔ေဈးဝယ္ၿပီးသြားခ်ိန္တြင္ ဟိုတယ္ကို ျပန္လာခဲ့ၿပီး ညဘက္တြင္ ေကာင္းေကာင္း အနားယူခဲ့ၾကသည္။ ေနာက္မနက္ခင္း ၈ နာရီခြဲတြင္ ေဇာင္ယုဟြမ္ ဖုန္းက ျမည္လာခဲ့သည္။ တဖက္မွ လန္ဒန္ ရဲ႕အသံက ထြက္လာခဲ့သည္။

“Good morning! မင္းေရာက္ေနၿပီလား? အနားမွာ ေကာ္ဖီဆိုင္ တစ္ဆိုင္ကို ငါေတြ႕ခဲ့တယ္၊ ငါနဲ႔ ေကာ္ဖီ ေသာက္ခ်င္လား?”

ေဇာင္ယုဟြမ္ ကထဖို႔ ႐ုန္းကန္လိုက္သည္။ သူမ ထဖို႔ အခ်ိန္အနည္းငယ္ ၾကာသြားခဲ့သည္။

“အင္း၊ နင္လည္း ေရာက္ေနၿပီလား?”

“ဟုတ္တယ္၊ ငါေရာက္ေနၿပီ!” လန္ဒန္ ရဲ႕ေပ်ာ္႐ႊင္ေနသည့္ အသံကို ၾကားလိုက္ၿပီးေနာက္ ေဇာင္ယုဟြမ္ အခ်ိန္အနည္းငယ္ ရပ္သြားသည္။

လန္ဒန္ က လီဂ်င္းယြမ္ ဆီကေန ေျပးသြားၿပီးေနာက္ လက္ေလ်ာ့သြားၿပီလို႔ သူမ ထင္ခဲ့သည္။ ဒီတစ္ႀကိမ္မွာ ဘယ္လိုလုပ္ၿပီး သူ႔အသံက ပိုၿပီးေတာင္ စိတ္အားထက္သန္ေနပုံ ေပၚေနရတာလဲ?

ေဇာင္ယုဟြမ္ ကသူမပါးကို သူမဘာသာ ပုတ္လိုက္ၿပီး ေျပာလိုက္သည္။

“ဟင့္အင္း၊ ငါေကာ္ဖီေသာက္ဖို႔ မလိုဘူး။ ခနၾကာရင္ ေတြ႕မယ္”

“အိုေက! ခနၾကာရင္ ေတြ႕မယ္!” လန္ဒန္ ရဲ႕အသံက သိသာစြာ ေပ်ာ္႐ႊင္ေနသည္။

ေနာက္ဆုံးေတာ့ ေဇာင္ယုဟြမ္ ကအိပ္ရာကေန ခက္ခဲစြာျဖင့္ ဆင္းလိုက္သည္။ မၾကာခင္တြင္ လီဂ်င္းယြမ္ ကတံခါး လာေခါက္ခဲ့သည္။

“ဟြမ္ဟြမ္၊ မနက္စာစားဖို႔ လာေခၚတာ” လီဂ်င္းယြမ္ ကေျပာလိုက္ၿပီး ဝင္လာကာ ေဇာင္ယုဟြမ္ အေရွ႕က စားပြဲေလးေပၚတြင္ အစားအေသာက္ေတြကို ခ်လိုက္သည္။

အခ်ိန္အနည္းငယ္ ၾကာၿပီးေနာက္ ဟုန္ခ်န္းမင္း လည္းေရာက္လာခဲ့သည္။ သူ႔လက္ထဲတြင္လည္း မနက္စာ တစ္ပြဲလည္း ပါသည္။ သူ႔ပုံစံက မသက္မသာ ျဖစ္သြားပုံေပၚသည္။ ေဇာင္ယုဟြမ္ ကိုၾကည့္လိုက္ၿပီးေနာက္ လီဂ်င္းယြမ္ ကိုၾကည့္လိုက္ကာ ေျပာလိုက္သည္။

“အို၊ မ်ားလိုက္တဲ့ အစားအေသာက္ေတြ” သူတို႔ႏွစ္ေယာက္လုံးအတြက္ အၿမဲတမ္း မွ်တေအာင္ လုပ္ခဲ့သည္။ ဒါ့ေၾကာင့္ ဟုန္ခ်န္းမင္း ဆီက လျခမ္းေကြး ေပါင္မုန႔္ကို ယူလိုက္ၿပီး ေျပာလိုက္သည္။

“ငါဒါစားမယ္။ ထိုင္၊ အတူတူ စားရေအာင္”

ဟုန္ခ်န္းမင္း အၾကည့္မွ ခံစားခ်က္ေတြက နည္းနည္း ေျပာင္းလဲသြားတာကို မေျပာႏိုင္ေပမဲ့ ဂ႐ုတစိုက္ ၾကည့္မယ္ဆိုရင္ သူ႔အမူအရာတြင္ စိတ္သက္သာသြားတာကို သတိထားမိႏိုင္သည္။

သူတို႔ သုံးေယာက္ မနက္စာ စားၿပီးသြားၿပီးေနာက္ ေအာက္ထပ္ကို အတူတူ ဆင္းလာခဲ့ၾကသည္။ သူတို႔အိတ္ေတြနဲ႔ စခန္းခ်ဖို႔ ပစၥည္းေတြ အားလုံးက ကားထဲကို ေရာက္ေနၿပီး သူတို႔အတြက္ အရာအားလုံးက ပိုမိုလြယ္ကူသြားခဲ့သည္။

သူတို႔က ေဇာင္ယုဟြမ္ နဲ႔အတူ ခ်ိန္းထားသည့္ ေနရာကို သြားဖို႔အတြက္ သူတို႔ ကားဆီကို သြားလိုက္ၿပီး ေနာက္ဆုံးေတာ့ ထိုေနရာကို ေရာက္သြားခဲ့ၾကသည္။

သူတို႔ ေအာက္ထပ္ကို ေရာက္ၿပီးေနာက္ ဟုန္ခ်န္းမင္း ကေနာက္ဆုံးတြင္ လန္ဒန္၊ ဂ်ိဳးဆက္ နဲ႔ မာရီယာ တို႔နဲ႔ ေတြ႕သြားခဲ့သည္။ အို၊ ဒီနာမည္ေတြကို ၾကားလိုက္႐ုံနဲ႔တင္ ဟုန္ခ်န္းမင္း ကိုစိတ္မသက္မသာ ျဖစ္ေစဖို႔ လုံေလာက္ေစခဲ့သည္။

ထို႔ေနာက္ သူ မမွတ္မိႏိုင္တဲ့ တျခားသူ နာမည္ေတြေတာင္ ရွိေသးတယ္…..

လန္ဒန္ ကဥေရာပေကာင္ေလးရဲ႕ စံပုံစံရွိၿပီး မာရီယာ ကလည္း ေ႐ႊအိုေရာင္ ဆံပင္နဲ႔ အျပာေရာင္ မ်က္လုံးေတြနဲ႔ အလွေလးျဖစ္သည္။

ဂ်ိဳးဆက္ ကတစ္မ်ိဳးျဖစ္သည္။ သူက အာရွပုံစံ ေရာေႏွာေနသည္။ သူ႔ႏွစ္ဖက္စလုံးတြင္ အေကာင္းဆုံး စ႐ိုက္ေတြကို ရရွိထားသည္။ ဂ်ိဳးဆက္ ကိုဥပမာ ယူရရင္ သူက ဥေရာပတြင္ ထင္ရွားသည့္ ပုံစံေတြသာမက အာရွမွ က်က္သေရရွိမႈနဲ႔ အရွိန္အဝါေတြလည္း ရွိသည္။

ဟုန္ခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ တို႔က တစ္ခ်ိန္တည္း သတိလက္လြတ္ မ်က္ေမွာင္ၾကဳတ္လိုက္ၾကသည္။ ဟုန္ခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ တို႔တစ္ေက်ာင္းတည္း ရွိေနခ်ိန္က သူတို႔က ေဇာင္ယုဟြမ္ နဲ႔ပုံမွန္ဆက္သြယ္မႈ အနည္းငယ္ရွိတာကို သူတို႔ သိခဲ့ၾကသည္။

သူတို႔အားလုံး ထြက္သြားၿပီးေနာက္ သူတို႔က စိတ္အားထက္သန္စြာနဲ႔ ႏႈတ္ဆက္ခဲ့ၾကသည္။ အရင္က ေဇာင္ယုဟြမ္ ေျပာခဲ့သလိုမ်ိဳး ဂ်ိဳးဆက္ ကသူမနားကို ေလွ်ာက္လာၿပီး သူမကို ခ်ီးမြမ္းလိုက္သည္။

“ေဟလို႔စ္စီ၊ ဒီေန႔ မင္းအရမ္းလွေနတယ္။ ဒီအဝတ္ေတြကို မင္းထက္ လိုက္ဖက္ေအာင္ ဘယ္သူမွ ဝတ္ႏိုင္မွာ မဟုတ္ဘူး!”

ေဇာင္ယုဟြမ္ ကရွည္လ်ားသည့္ ခရမ္းေရာင္ လက္ရွည္ဂါဝန္ကို ဝတ္ဆင္ထားခဲ့ၿပီး ေႏြးေထြးပုံေပၚေနသည္။ ၾကည့္ေကာင္းသည့္ ေကးဆပ္လူမ်ိဳးၾကားတြင္ မတ္တပ္ရပ္ေနရင္း သူမက အံ့ဩဖြယ္ေကာင္းေအာင္ ဒီေနရာတြင္ အလွဆုံး ျဖစ္ေနခဲ့သည္။

ဂ်ိဳးဆက္ ရဲ႕စကားေတြက ဟုန္ခ်န္းမင္း ကိုေဒါသထြက္သြားေစသည္။ ဒီဂ်ိဳးဆက္ ကလူႀကီးလူေကာင္း မဆန္ပဲ သူက ပေလးဘြိဳင္း တစ္ေယာက္သာ ျဖစ္သည္။

ဟုန္ခ်န္းမင္း သူ႔ႏႈတ္ခမ္းကို ေစ့လိုက္ၿပီး ေဇာင္ယုဟြမ္ ကိုၾကည့္လိုက္ကာ စကားအားလုံးကို သူ႔လည္ေခ်ာင္းထဲတြင္သာ ေျပာလိုက္သည္…

ဟုတ္တယ္၊ ဟုတ္တယ္၊ သူမက အရမ္းကို လွတယ္… အမွန္ပဲ… သူမ သင္ယူခဲ့တဲ့ အရာေတြအားလုံး၊ သူမ ေတြ႕ႀကဳံခဲ့တဲ့ အရာေတြအားလုံးက သူမကို ေတာက္ပေစတယ္။ သူမ အ႐ြယ္ေရာက္လာရင္းနဲ႔ သူမပုံပန္းသြင္ျပင္နဲ႔ အရာအားလုံးက ႀကီးထြားလာတယ္… သူမက အရင္ကထက္ေတာင္ ပိုလွလာတာ အေသအခ်ာပဲ!

ဂ်ိဳးဆက္ ကေျပာေနရင္း တစ္ေနရာကေန ႏွင္းဆီတစ္ပြင့္ကို ဆြဲထုတ္လိုက္ၿပီး ႏူးညံ့သည့္ အၿပဳံးေလးကို ေပးလိုက္သည္။

“ဒါက မင္းနဲ႔ လိုက္ဖက္တယ္” ဂ်ိဳးဆက္ ကေျပာလိုက္ၿပီး သူမဆီကို ႏွင္းဆီကို ကမ္းေပးလိုက္သည္။

ေဇာင္ယုဟြမ္ ကလူတိုင္းအေရွ႕တြင္ လွည့္သြားဖို႔က မျဖစ္ႏိုင္တာေၾကာင့္ လက္ခံလိုက္သည္။ အခုေတာ့ လီဂ်င္းယြမ္ လည္းမေပ်ာ္မ႐ႊင္ ျဖစ္သြားသည္။ ဂ်ိဳးဆက္ ကက်ယ္ေလာင္စြာ ရယ္လိုက္ခ်ိန္တြင္ လီဂ်င္းယြမ္ နည္းနည္းေလး တူသည္။

လီဂ်င္းယြမ္ ကသူ႔ပါးစပ္ထဲမွာ သဲေတြကို ၿမိဳခ်လိုက္သလို ခံစားလိုက္ရၿပီး ဂ်ိဳးဆက္ ကသူ႔အားသာခ်က္နဲ႔ ေဇာင္ယုဟြမ္ ကိုပိုးပန္းေနတာက သူ႔ကို ေလွာင္ေျပာင္ေနသလို ခံစားလိုက္ရသည္။

“ကားထဲကို ဝင္ရေအာင္” ဟုန္ခ်န္းမင္း က ဂ်ိဳးဆက္ ေနာက္ထပ္ ဘာမွမလုပ္ခင္မွာ ႏူးညံ့စြာနဲ႔ ေျပာလိုက္သည္။ ခ်က္ခ်င္းပင္ လန္ဒန္ ကလူတိုင္းကို ေျပာလိုက္သည္။

“ကားထဲဝင္။ လူတိုင္း ကားထဲဝင္ၾကပါ။ မၾကာခင္ ငါတို႔ စထြက္ေတာ့မယ္” သိသာစြာပင္ သူကလည္း ဂ်ိဳးဆက္ က ေဇာင္ယုဟြမ္ ကိုပိုးပန္းေနတာကို မျမင္ခ်င္ေပ။

တျခားသူေတြ အားလုံးဆီက ေႏွာင့္ယွက္မႈနဲ႔အတူ ဟုန္ခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ တို႔ရဲ႕ပုံစံက ေနာက္ဆုံးတြင္ အနည္းငယ္ ႏူးညံ့သြားခဲ့သည္။

အနည္းဆုံးေတာ့ သူတို႔နဲ႔ သေဘာထား ကိုက္ညီၿပီး ရႈပ္ေထြးတဲ့ ပတ္ဝန္းက်င္ ျဖစ္လာခ်ိန္တြင္ ဒါက အရမ္းႀကီး မသိသာေတာ့ဘူး… ဟုတ္တယ္မလား?

သူတို႔ ကားထဲကို ဝင္လိုက္ခ်ိန္တြင္ ဟုန္ခ်န္းမင္း က ေဇာင္ယုဟြမ္ ဆီကႏွင္းဆီကို ယူလိုက္ၿပီး ဂ်ိဳးဆက္ ရဲ႕ကားတံခါးမွာ လ်င္ျမန္စြာ ထားလိုက္ၿပီးေနာက္ ေဇာင္ယုဟြမ္ ကိုကားေပၚကို အျမန္တင္လိုက္ၿပီး ကားတံခါးကို လ်င္ျမန္စြာ ပိတ္လိုက္သည္။

ဂ်ိဳးဆက္ – “..”

ဂ်ိဳးဆက္၊ လန္ဒန္ နဲ႔တျခားသူေတြ အားလုံးက ေဇာင္ယုဟြမ္ ဆီကိုသာ ၾကည့္ေနၾကသည္။ သူတို႔ထဲက တစ္ေယာက္က ေျပာလိုက္သည္။

“အာ၊ ေဟလို႔စ္စီ ရဲ႕အစ္ကိုေတြက အေတာ္ေလးကို ၾကမ္းတမ္းတာပဲ”

“ငါ့ကိုယုံ၊ မင္းမွာ ညီမရွိလာရင္ မင္းလည္း ဒီလိုမ်ိဳး ျဖစ္သြားလိမ့္မယ္” သူတို႔ထဲက တစ္ေယာက္က ရယ္လိုက္သည္။

“အမွန္ပဲ၊ ငါ့မွာသာ ေဟလို႔စ္စီ လိုညီမသာ ရွိလာခဲ့ရင္ သူမနဲ႔ ရင္းႏွီးခ်င္တဲ့ လူေတြတိုင္းကို ငါမုန္းတီးမိလိမ့္မယ္….”

ကားထဲတြင္ ဟုန္ခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ တို႔က သူတို႔ရဲ႕ အေပၚဝတ္ေတြကို တစ္ခ်ိန္တည္း ခြၽတ္လိုက္ၾကသည္။ သူတို႔ထဲက တစ္ေယာက္က ေမးလိုက္သည္။

“ဟြမ္ဟြမ္၊ ကားထဲမွာ အိပ္ခ်င္လား? အေပၚဝတ္နဲ႔ ဖုံးထားခ်င္လား?”

“အင္း!” သူမဘယ္လက္ကို ထုတ္လိုက္ၿပီး သူမညာလက္ကိုလည္း ထုတ္လိုက္ကာ အက်ႌႏွစ္ထည္လုံး ယူလိုက္သည္။

သူမလက္ထဲတြင္ သူတို႔ အက်ႌနဲ႔အတူ တတိယခုံတန္းတြင္ ေကြးလိုက္ကာ ႏွစ္ခုလုံးကို ၿခဳံလိုက္သည္။ ေဇာင္ယုဟြမ္ သူမမ်က္လုံးေတြကို မွိတ္လိုက္သည္။

အေပၚဝတ္ တစ္ထည္ဆိုရင္ ေႏြးေထြးတယ္။

ႏွစ္ထည္ဆိုရင္….

အေတာ္ေလးကို ပူတယ္။

#vote က ၁၀၀ ျပည့္သြားတာပဲ ျပည့္မယ္လို႔ မထင္ထားဘူး 😁😁 တင္ေပးလိုက္ၿပီေနာ္

28.06.2020 (Sun)
…………………….

[text_hash] => 9b2e4ef8
)

//qc
//QC2