ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] – 28❇ ကျောင်းပြီးဆုံးခြင်း
// qc

ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] - 28❇ ကျောင်းပြီးဆုံးခြင်း

Array
(
[text] =>

<Unicode>

ကျောင်းပြီးဆုံးခြင်း

ပထမဆုံး အပတ်က ဘယ်သူမှ သတိမပြုမိပဲ ကုန်ဆုံးသွားခဲ့သည်။ လူတိုင်းက လက်ဆောင်တွေ၊ အဆက်အသွယ်တွေကို လဲလှယ်ကြပြီး တစ်ယောက်ချင်းစီက ကျောင်းကနေ ထွက်သွားခဲ့ကြသည်။

ဇောင်ယုဟွမ် က ချိုလီ ကိုခေါ်လိုက်ပြီး ချိုလီ ကသူမကို ကျောင်းရှေ့ကနေ စောင့်နေခဲ့သည်။ ဇောင်ယုဟွမ် ရဲ့အစီစဉ်က ပထမဆုံး ဟုန်ချန်းမင်း ကိုသွားခေါ်ဖို့ ဖြစ်သည်။

လီဂျင်းယွမ် ကတော့ ကျောင်းမှာ မရှိတာ ဖြစ်နိုင်သည်။ ဇောင်ယုဟွမ် ကပျော်ရွှင်စွာနဲ့ ကျောပိုးအိတ်ကို ကောက်ယူလိုက်ပြီး အပြင်ကို ဦးတည်လိုက်သည်။ အောက်ထပ်ကို ရောက်သည်နှင် လန်ဒန် ကသူမဆီကို လျှောက်လာပြီး မေးလိုက်သည်။

“အိမ်ပြန်မှာလား?” ဇောင်ယုဟွမ် ခေါင်းညိတ်လိုက်သည်။ လန်ဒန် ကသူမကို ပြုံးပြလိုက်သည်။ သူ့အပြုံးထဲတွင် ရှက်ရွံ့မှုတွေ ပါဝင်နေပေမဲ့ သူ့စကားတွေက သူ့ဆီကနေ တိုက်ရိုက်ထွက်လာခဲ့သည်။

“ငါတို့အတန်းက လူတွေကို မင်းအတန်းက လူးကပ်စ် ကပိတ်ရက်မှာ ခရီးထွက်ဖို့ ပြောခဲ့တယ်….. မင်းကော သွားမာလား? သွားရင် မင်းနဲ့အတူ သွားပြီး မင်းလိုအပ်တဲ့ အရာအားလုံးကို ရွေးချယ်ပေးမယ်”

ဇောင်ယုဟွမ် သူ့ကို ကြည့်လိုက်သည်။ သူ့တွင် စိတ်အားထက်သန်မှု ရှိနေပြီး ဒါကို ဖုံးကွယ်ထားခြင်း မရှိပေ။ နောက်ဆုံးတွင် ဇောင်ယုဟွမ် ကနိုင်ငံခြားတွင်ရှိသည့် ကောင်လေးနဲ့ ကောင်မလေးတွေအတွက် ဒါက အရွယ်ရောက်ပြီးဖြစ်လို့ ဒိတ်တာတွေ၊ ရင်းနှီးသည့် အဆက်အသွယ်ပင် လုပ်လို့ရကြောင်း သိလိုက်သည်။

အရင်ဘဝတုန်းက ဇောင်ယုဟွမ် ကဆေးရုံကနေ အိမ်ကိုပဲ သွားလာနေတာကြောင့် သူမ ဘယ်တုန်းကမှ မဒိတ်ဖူးခဲ့ပေ။ နိုင်ငံခြားက ကောင်လေးတွေက ဘယ်လောက်တောင် စိတ်အားထက်သန်လဲဆိုတာ သူမ အမြဲတမ်း သတိပြုမိသော်လည်း သူမကို လန်ဒန် ကြည့်နေတာကို မကိုင်တွယ်နိုင်သေးပေ။

“ပုံမှန်ဆို ဒီပစ္စည်းတွေက အိမ်မှာ လက်ထောက်တွေ ပြင်ဆင်ပေးတာ” ဇောင်ယုဟွမ် ကပြောလိုက်သည်။

“အို၊ ဒါက အရမ်းဆိုးတယ်။ ငါ့မွာ ဒီပစ္စည်းတွေကို ဘယ်လို ရွေးချယ်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး အကြံဉာဏ်တွေရှိတယ်၊ မင်းနဲ့ သူတို့ကို ဝေမျှပေးမယ်”

လန်ဒန် ကစိတ်ပျက်သွားမှုကို ခက်ခက်ခဲခဲ ဖုံးကွယ်ဖို့ မကြိုးစားပေ။ သူ့ရဲ့ တောက်ပပြီး၊ အစိမ်းရောင် မျက်လုံးတွေက ဇောင်ယုဟွမ် ကိုကြည့်နေပြီး သူတို့ကို ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်နှက်နေသည်။

လန်ဒန် ကထိုစကားကို ပြောပြီးသည်နှင့် သူမနဲ့ သိပ်မကွာလှသည့် နေရာမှ မရင်းနှီးသည့် အသံကို ကြားလိုက်သည်။

“ဟွမ်ဟွမ်” ဇောင်ယုဟွမ် လှည့်ပတ်ကြည့်လိုက်ပြီး အဖြူရောင် ဆွယ်တာနဲ့ အပြာဖျော့ရောင် ဂျင်းဘောင်းဘီကို ဝတ်ထားသည့် လီဂျင်းယွမ် ကိုတွေ့လိုက်ရသည်။

သူ့ပုံစံက အပိုအလှပြင်ထားစရာ မလိုပဲ သန့်ရှင်းပြီး လန်းဆန်းနေသည်။ သူတည့်တည့် လျှောက်နေပုံက ငယ်ရွယ်ပြီး ပါပီအချစ်ပြပွဲကို လျှောက်ဖို့ ဝတ်စားခဲ့တယ်လို့တောင် ပြောနိုင်သည်။

“ဟွမ်ဟွမ်” လီဂျင်းယွမ် ကသူမက သူ့ကို ကြည့်နေတာကို သတိထားမိပြီး သူမအနားကို မြန်မြန်လျှောက်လာပြီး သူမနာမည်ကို ထပ်ခေါ်လိုက်သည်။

အရင်တုန်းကတော့ လန်ဒန် က လီဂျင်းယွမ် ကဘယ်သူဆိုတာ မသိပေမဲ့ အခုတော့ သေချာပေါက်ကို သိနေခဲ့သည်။ သူက လီဂျင်းယွမ် ကိုစိုက်ကြည့်လိုက်ပြီး ပြောလိုက်သည်။

“မင်းက လီ… လီ….”

“လီဂျင်းယွမ်” လီဂျင်းယွမ် ပြောလိုက်သည်။

လန်ဒန် က လီဂျင်းယွမ် ကိုကြည့်လိုက်ပြီးနောက် ဇောင်ယုဟွမ် ကိုကြည့်လိုက်သည်။ အသည်းကွဲသွားပုံနဲ့အတူ သူက ပြောလိုက်သည်။

“ငါသိပြီ၊ အိုကေ။ အခုငါသိပြီ။ အခုငါသွားတော့မယ်။ ခရီးသွားတဲ့နေ့မှ တွေ့မယ်” လီဂျင်းယွမ် ကိုတီဗီတွင် အကြိမ်အနည်းငယ် တွေ့ဖူးခဲ့သည်။

သူက အာရှလမ်းကြောင်းတွင် စတင်လာတဲ့ တက်သစ်စ ဖြစ်ပြီး များပြားသည့် ပရိသတ်တွေလည်း ရှိသည်။ လန်ဒန် တောင်သူက အတော်လေး ကြည့်ကောင်းတယ်လို့ ထင်မိတာကြောင့် သူနဲ့ ဘယ်လိုလုပ်ပြီး ယှဉ်ပြိုင်နိုင်မှာလဲ?

ထိုစကားကို ပြောပြီးနောက် လန်ဒန် ကစိတ်ပျက်စွာ ထွက်သွားခဲ့သည်။ ဇောင်ယုဟွမ် ကချက်ချင်း သိသွားခဲ့သည်။ လန်ဒန် ကအထင်လွဲသွားခဲ့သည်။ သူမနဲ့ လီဂျင်းယွမ် တို့က အတွဲတွေလို့ သူထင်သွားခဲ့တာလား? ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ?

ဒါကို ဘယ်လိုလုပ်ရမလဲဆိုတာ ဇောင်ယုဟွမ် မသိပေ။ သို့သော် လန်ဒန် ကအေဝးကို ရောက်သွားပြီး ရှင်းပြဖို့တောင် အခွင့်အရေး မရှိတော့ပေ။ တောက်ပသည့် ဘက်အခြမ်းကိုသာ သူမ ကြည့်လိုက်သည်။ အနည်းဆုံးတော့ အခုကစပြီး လန်ဒန် ကသူမကို ပိုးပန်းတော့မှာ မဟုတ်ဘူး။

“သူက ဘယ်သူလဲ?” လီဂျင်းယွမ် မေးလိုက်သည်။

“အရင်က ဆွေးနွေးပွဲမှာ တွေ့ဖူးတဲ့သူပါ။ သူ့နာမည်က လန်ဒန်”

“သူက မင်းနဲ့အတူတူ ဆွေးနွေးခဲ့ဖူးလို့ စကားပြောတာလား?” လီဂျင်းယွမ် ကမျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။

“သူ့ရည်ရွယ်ချက်က သန့်ရှင်းလို့လား?”

ဒါက လန်ဒန် ရဲ့အတွေးတွေပဲ။ လန်ဒန် ရဲ့ရှုထောင့်က ကြည့်ရင် လီဂျင်းယွမ် ရဲ့အာရှပုံစံက အတော်လေးကို ဆွဲဆောင်မှုရှိသည်။

နောက်ပြီး လီဂျင်းယွမ် ရဲ့မျက်လုံးထဲမှာ လန်ဒန် က ဇောင်ယုဟွမ် ကြိုက်နိုင်လောက်သည့် ချောမောသည့် ကောင်လေး ပုံစံဖြစ်သည်။ လန်ဒန် ရဲ့ပုံစံက အနောက်တိုင်းသားတွေ ကြားတွင် အတော်လေး မှတ်ချက်ပေးတဲ့ပုံဆိုတာ သူ မသိပေ။

“ငယ်ရွယ်တဲ့ အသက်အရွယ်ကြားမှာ ဒိတ်တဲ့ ယဉ်ကျေးမှုက နိုင်ငံခြားမှာ ပိုပြီးပွင့်လင်းတယ်။ သူ့မှာ ဒီလိုမျိုး ရည်ရွယ်ချက် နည်းနည်းတော့ ရှိလိမ့်မယ်လို့ ထင်တယ်” ဇောင်ယုဟွမ် အကူအညီမဲ့စွာ ပြောလိုက်သည်။

လီဂျင်းယွမ် ကအရင်တုန်းက သူမယုန်ကျောပိုးအိတ်ကို အကြိမ်များစွာ သယ်ဖူးခဲ့သလိုမျိုး သူမ ကျောပိုးအိတ်ကို လက်တစ်ဖက်နဲ့ ယူလိုက်သည်။

သူ့နှုတ်ခမ်းတွေက စေ့ထားပြီး သူ့မျက်လုံးထဲတွင် မကျေနပ်မှုတွေကို ဖုံးကွယ်ဖို့ ကြိုးစားနေပြီး နူးညံ့စွာ ပြောလိုက်သည်။

“ဟွမ်ဟွမ် အစောကြီး ဒိတ်လို့မရဘူး” ဇောင်ယုဟွမ် မထိန်းချုပ်နိုင်စွာဖြင့် ရယ်လိုက်သည်။

“မောင်လေးက အစ်မရဲ့ ကိစ္စတွေကို ဝင်စွက်ဖက်ချင်တာလား?”

“သေချာတာပေါ့” လီဂျင်းယွမ် ကလျင်မြန်စွာ ပြောလိုက်သည်။

ဇောင်ယုဟွမ် ကလှည့်လိုက်ပြီး လီဂျင်းယွမ် ကိုပိုပြီး နီးကပ်စွာ ကြည့်လိုက်သည်။ သူ့ပုံစံက ပိုပိုပြီး ကျက်သရေရှိလာခဲ့သည်။ သူ့လက်တွေ၊ ခြေထောက်တွေ လှုပ်ရှားမှုတစ်ခုစီက သူ့ဆွဲဆောင်မှုကို ထုတ်ပြနေပြီး သူ့ပြပွဲက ရရှိခဲ့တဲ့ အတွေ့အကြုံတွေဆိုတာ သံသယမရှိနိုင်ပေ။

ဇောင်ယုဟွမ် ကမေးလိုက်သည်။ “မင်းကကော?”

“ငါ?” လီဂျင်းယွမ် ကသူ့နှုတ်ခမ်းကို သပ်လိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။

“ငါလုပ်မှာ၊ သေချာပေါက် အစောကြီး မဒိတ်ဘူး။ ငါ့အစ်မကြီးရဲ့ စကားတွေကို နားထောင်မယ်” သူမကို အစ်မကြီးလို့ ခေါ်တာက ပထမဆုံးအကြိမ် ဖြစ်ပြီး မခေါ်တာ အတော်လေး ကြာခဲ့ပြီ။

သူက သူမထက် အရပ်ပိုရှည်လာခဲ့ပေမဲ့ သူ့အသံကတော့ ထက်ရှနေတုန်းဖြစ်သည်။ ဇောင်ယုဟွမ် ကပြုံးနေမိတာကို မခုခံနိုင်ပေ။ သူမခေါင်းကို ခါလိုက်သည်။

“မင်းကို အစောကြီး မဒိတ်ရဘူးလို့ ငါမပြောပါဘူး။ မင်းနှလုံးသားမှာ မိန်းကလေး တစ်ယောက်ရှိလာခဲ့ရင် ဆက်လုပ်။ ဒါပေမဲ့ မင်းက တာဝန်ယူတတ်တဲ့ ကောင်လေးတော့ ဖြစ်ရမယ်၊ လူရိုင်းနန် နဲ့တော့ မတူစေနဲ့”

လူရိုင်းနန် ဆိုတာက သခင်လေးနန် ကိုကိုယ်စားပြုပြီး ပြောတာဖြစ်သည်။ လူရိုင်းနန် ဆိုတဲ့ စကားကို ကြားတာနဲ့ လူရိုင်းနန် နဲ့သူမက ကလေးဘဝကတည်းက စေ့စပ်ထားခဲ့ကြောင်းကို လီဂျင်းယွမ် ချက်ချင်း သတိရသွားသည်။

လီဂျင်းယွမ် မပျော်မရွှင်ဖြစ်သွားပေမဲ့ ချက်ချင်းပင် ဖုံးကွယ်လိုက်သည်။ သူ့ခေါင်းကို ခါလိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။

“ဟင့်အင်း၊ ငါအဲ့လိုမျိုး လုပ်မှာ မဟုတ်ဘူး။ စိတ်မဝင်စားဘူး”

လီဂျင်းယွမ် အသက်အရွယ်လို တစ်စုံတစ်ယောက်အတွက် ဆန့်ကျင်ဘက် လိင်ကို ချစ်မြတ်နိုးတာက သဘာဝဖြစ်သည်။ သူ့စကားကို ကြားလိုက်ပြီး ဇောင်ယုဟွမ် ကမထိန်းချုပ်နိုင်ပဲ စူးစမ်းစွာ မေးလိုက်သည်။

“ဒါဆို ဘာကိုစိတ်ဝင်စားလဲ?” လီဂျင်းယွမ် ကတွန့်ဆုတ်ခြင်း မရှိပဲ ဖြေလိုက်သည်။

“ဟွမ်ဟွမ် သုံးဖို့အတွက် ငွေထုတ်ပေးတာ။ ပိုပြီး အောင်မြင်တဲ့ လူဖြစ်လာမှ အနာဂတ်မှာ ဟွမ်ဟွမ့် ကိုထောက်ပံ့ပေးနိုင်မှာ”

ဇောင်ယုဟွမ် မထိန်းချုပ်နိုင်စွာဖြင့် ရယ်မောလိုက်သည်။ ထိုစကားက သူမကို တကယ်ပဲ ပျော်ရွှင်စေသည်။ သူတို့ကို အိမ်ကိုခေါ်ဖို့ ဆုံးဖြတ်ချက်ချလိုက်တာက မှန်ကန်ကြောင်း သက်သေပြခဲ့သည်။ ဇောင်ယုဟွမ် ပြုံးလိုက်ပြီး ပြောလိုက်သည်။

“ငါငွေတွေအများကြီးကို လုံလောက်အောင် သုံးပြီးသွားပြီ” လီဂျင်းယွမ် ကပြုံးပြီး ပြောလိုက်သည်။

“ဒါက မတူဘူး”

“အမ်? ဘယ်လိုမတူတာလဲ?” ဇောင်ယုဟွမ် ကသူ့ကို မေးလိုက်ပေမဲ့ လီဂျင်းယွမ် က​​တော့ အသေးစိတ် ရှင်းပြဖို့ကို မရည်ရွယ်ခဲ့ပေ။ သူ့လက်ထဲက သူမလက်တွေကို ကြည့်လိုက်ပြီး ပြောလိုက်သည်။

“ဒီနေရာက လူအရမ်းများတယ်။ ငါတို့ လူမကွဲသွားစေချင်ဘူး”

“ငါတို့ လူကွဲဖို့ဆိုတာ အတော်လေးကို အသက်ကြီးနေပြီ”လို့ ဇောင်ယုဟွမ် ပြောချင်ပေမဲ့ အဆုံးတွင် ဘာမှမထွက်လာခဲ့ပေ။ သူက ဒီလိုဆိုရင် ကောင်းမွန်တဲ့ အရာတစ်ခုကို ဘာကြောင့် ဖျက်စီးရမှာလဲ?

ဒါ့ကြောင့် “အင်း” ဆိုပြီး နူးညံ့စွာနဲ့ ရေရွတ်လိုက်သည်။ သူတို့နှစ်ယောက်က ကျောင်းဝင်ပေါက်ကို လျှောက်လာချိန်တွင် ၁၀ မိနစ်လောက် ကြာသွားခဲ့သည်။

“ဒီနေ့ အလုပ်မရှိဘူးလား?”

“ဟွမ်ဟွမ် ဒီနေ့ ကျောင်းပြီးတာကို သိလို့ ဝေ့ကော ကဒီနေ့ နားပေးလိုက်တယ်” ဇောင်ယုဟွမ် ကပြုံးလိုက်ပြီး ပြောလိုက်သည်။

“အံ့ဩစရာပဲ။ ဟုန်ချန်းမင်း ကိုသွားခေါ်ရအောင်” လီဂျင်းယွမ် ကရုတ်တရက်ကြီး တိတ်ဆိတ်သွားသည်။

အမ်?

ဇောင်ယုဟွမ် ကခေါင်းကို လှည့်လိုက်ပြီး သူ့ကို စူးစမ်းသည့် အကြည့်နဲ့ ကြည့်လိုက်သည်။ သူ့ကို ကြည့်လိုက်တဲ့ အချိန်မှာပဲ သူက ပြောလိုက်သည်။

“အို၊ အိုကေ”

ထို့နောက် ဇောင်ယုဟွမ် ဖုန်းက မြည်လာခဲ့သည်။ သူမဖုန်းကို ထုတ်လိုက်ပြီး ဖုန်းနံပါတ်ကို ကြည့်လိုက်ပြီး မထိန်းချုပ်နိုင်စွာ ရယ်လိုက်သည်။

“နတ်ဆိုးအကြောင်းပြောရင်းနဲ့” သူမက ဖုန်းကို ဖြေလိုက်သည်။

“ဟယ်လို?” တဖက်မှ ဟုန်ချန်းမင်း ရဲ့အသံက ထွက်လာခဲ့သည်။

“ဟွမ်ဟွမ်၊ ကျောင်းက ထွက်လာပြီလား?”

“အင်း၊ အခု အရှေ့တံခါး အပြင်ဘက်ကို ရောက်နေပြီ”

“အဲ့နေရာမှာစောင့်၊ ငါလာခဲ့မယ်”

“ဟမ်?” ဇောင်ယုဟွမ် မျက်တောင်ခတ်လိုက်သည်။ ဟုန်ချန်းမင်း ကဖုန်းကို မချသလို ဘာမှလည်း မပြောပေ။

ဇောင်ယုဟွမ် ကကျောင်းပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး နောက်ဆုံးတွင် အနက်ရောင် BMW ကားက တဖြည်းဖြည်း သူမအနားကို နီးကပ်လာပြီး ကျောင်းရှေ့တွင် ရပ်လိုက်တာကို တွေ့လိုက်သည်။

လီဂျင်းယွမ် က ဇောင်ယုဟွမ် ပုခုံးပေါ်မှ တင်နေသည့် သစ်ရွက်ကို စိုက်ကြည့်နေတာကလွဲပြီး ဘာမှမပြောပေ။ သူ့လက်ကို မြှောက်ပြီး ဖယ်ပစ်ချင်သည်။

ထို့နောက် BMW ကားတံခါးက ပွင့်လာပြီး အရင်ဆုံး လီဆာ ကထွက်လာပြီး အနောက်ဘက်က တံခါးကို ဖွင့်လိုက်သည်။ လူငယ်တစ်ယောက်ရဲ့ သေးသွယ်သည့် ခြေထောက်တွေက ကားထဲက အရင်ဆုံး ထွက်လာပြီး သူ့တစ်ကိုယ်လုံး အပြင်ကို ထွက်လာခဲ့သည်။

သူက အနက်ရောင် ဘေ့စ်ဘော အင်္ကျီနဲ့ အနက်ရောင် ဘောင်းဘီကို ဝတ်ဆင်ထားသည်။ ပထမဆုံး အကြည့်နဲ့တင် သူက အနည်းငယ် ရက်စက်ပုံ ပေါ်နေသည်။

ဒါပေမဲ့ သူ့အမူအရာတွေက မိနစ် အနည်းငယ်အတွက် ချက်ချင်းပင် နူးညံ့သွားခဲ့သည်။ အိတ်တစ်လုံးကို ဇောင်ယုဟွမ် ဆီကို ကမ်းပေးလိုက်သည်။

ဇောင်ယုဟွမ် ကသူ့ဆီမှ အိတ်ကို ယူလိုက်ပြီး ဖွင့်လိုက်သည်။ အထဲတွင် ချောကလက်နဲ့ ဒိုးနက်များပါရှိသည်။ သူတို့အနံ့က အရမ်းကောင်းပြီး လတ်လတ်ဆက်ဆက် ပြုလုပ်ထားပုံပေါ်သည်။ သို့သော်….. ဇောင်ယုဟွမ် ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။

“ကိုကိုချန်းမင်း ကဖြောင့်မတ်တဲ့လူပဲ” ဟုန်ချန်းမင်း ကဒီအချက်ကို မသိတာ သေချာကြောင်း ထင်ရှားသည်။ သူက ဇောင်ယုဟွမ် ကိုစိုက်ကြည့်နေခဲ့သည်။ သူ့ပုံစံတွင် စိုးရိမ်နေမှုများလည်း ရှိနေခဲ့သည်။

“အမ်? ဘာကိုဆိုလိုတာလဲ?” ဇောင်ယုဟွမ် ကခေါင်းကို ထပ်ခါလိုက်ပြီး ပြောလိုက်သည်။

“ဒါက ချီးမွမ်းစရာပါ” သူတို့ဘေးတွင် လီဆာ ကမတ်တပ်ရပ်နေရင်း ပြုံးလိုက်ကာ ပြောလိုက်သည်။

“ဒီလက်ဆောင်က မိန်းကလေးဇောင် ဝိတ်တက်ဖို့ ရည်ရွယ်ပြီး မစ္စတာဟုန် ကပြင်ဆင်ပေးထားခဲ့တာ။ မိန်းကလေးတွေက ကိုယ်အလေးချိန် တက်မှာကို အမြဲတမ်း စိုးရိမ်နေကြတယ်”

ချက်ချင်းပင် ဟုန်ချန်းမင်း ဘာလုပ်ရမှန်း မသိတော့ပေ။ အိတ်ကို လှမ်းဆွဲလိုက်ပေမဲ့ လက်ဆောင်ကို ပြန်ယူတာက မှားယွင်းနေတယ်လို့ ခံစားရသည်။ အခုတော့ သူ့လက်က လေထဲမှာပဲ ရှိနေပြီး ခြောက်သွေ့စွာ ရှင်းပြလိုက်သည်။

“ငါမသိဘူး… ဒီအကြောင်းကို ငါမသိဘူး….”

“အဆင်ပြေပါတယ်။ တစ်ခါတစ်လေ စားတာက ဝိတ်မတက်ပါဘူး။ သူတို့က တကယ်ပဲ အရသာရှိတယ်”

သူမက ပြောနေရင်း သူမအိတ်ထဲက တစ်ရှူးအစိုကို ထုတ်လိုက်ပြီး သူမလက်တွေကို သုတ်ပြီးနောက် အိတ်ထဲက ပလတ်စတစ်ဘူးကို ဆွဲထုတ်လိုက်ပြီး ဖွင့်စားလိုက်သည်။

“ချိုတယ်” ဇောင်ယုဟွမ် ကပြုံးရင်း ပြောလိုက်ပြီး သူမမျက်လုံးတွေကလည်း တောက်ပနေသည်။

“ချိုတဲ့အရာတွေက ပျော်ရွှင်စေတယ်” သူမပြောလိုက်ရင်း နောက်ထပ် တစ်ခုကို ဆွဲထုတ်ကာ ဟုန်ချန်းမင်း ပါးစပ်နားတွင် ထားလိုက်သည်။

သူမ လက်ချောင်းတွေက အနည်းငယ် နွေးထွေးပြီး နူးညံ့သည်။ ဟုန်ချန်းမင်း ကခနလောက် ရပ်တန့်သွားပြီး သူ့ပါးစပ်ကို ဟလိုက်သည်။ သူမ လက်ချောင်းတွေကို ရှောင်လိုက်ပြီး ဂရုတစိုက်နဲ့ မုန့်ကို ကိုက်လိုက်သည်။

ဒါက ကောင်းမွန်းတဲ့ ရွေးချယ်ခြင်း မဟုတ်ဘူး၊ အမဲရောင် ချောကလက်က ခါးသည့် အပိုင်းဖြစ်သွားသည်။ ဒါပေမဲ့ သူ့လျှာကို ထိလိုက်ချိန်တွင် တဖြည်းဖြည်းနဲ့ ချိုတာကို ပြောင်းသွားခဲ့သည်။

ဟုန်ချန်းမင်း ကဒါက ဝါးတောင်း မဝါးရဲပဲ သူ့ပါးစပ်ထဲမှာပဲ ထားလိုက်ပြီး ပြောလိုက်သည်။

“အင်း၊ ချိုတယ်” ဇောင်ယုဟွမ် က လီဂျင်းယွမ် ဘက်ကို လှည့်လိုက်ပြီး မေးလိုက်သည်။

“မင်းစားချင်လား?” လီဂျင်းယွမ် ကသူမ လက်ချောင်းတွေကို အနည်းငယ် စိုက်ကြည့်ပြီး ပြုံးလိုက်သည်။

“အင်း၊ ငါ့အတွက် ဟွမ်ဟွမ် ကရွေးပေးစေချင်တယ်။ ငါဝ,မွာ မစိုးရိမ်ဘူး”

“မင်းက မော်ဒယ်လ်ပဲ။ သေချာပေါက်ကို ဝ,မာ စိုးရိမ်ရမှာပေါ့။ တစ်ခုပဲ၊ အိုကေ?”

ဇောင်ယုဟွမ် ကပြောလိုက်ပြီး နောက်တစ်ခုကို ထပ်ထုတ်လိုက်သည်။ ခြေလှမ်းအနည်းငယ် လျှောက်သွားပြီး လီဂျင်းယွမ် အရှေ့မှာ ရပ်လိုက်ကာ သူ့နှုတ်ခမ်း အရှေ့တွင် မုန့်ကို ထားလိုက်သည်။

လီဂျင်းယွမ် ကလည်း သူ့သွားတွေနဲ့ မုန့်ကို ဂရုတစိုက် ယူလိုက်သည်။ ဒီတစ်ခု အရသာက အရင်ကထက် ပိုဆိုးသည်။ ဒါက အဖြူရောင် ချောကလက် အပိုင်းဖြစ်သည်။ ဒါက အတော်လေးကို ချိုသည်။

လီဂျင်းယွမ် ကသူ့ပါးစပ်ထဲမှာ ထားလိုက်ပြီ မျိုမချပဲ ချိုမြမှုကို အရသာခံလိုက်သည်။ ချိုမြိန်မှုက သူ့ပါးစပ်၊ လည်ချောင်းနဲ့ သူ့ခန္ဓာကိုယ် တစ္ခုလုံးကို သိမ်းပိုက်သွားခဲ့သည်… ဒါက မတွန်းလှန်နိုင်အောင် ချိုမြိန်လှသည်။

ဇောင်ယုဟွမ် ကဒါတွေ အားလုံးကို သတိမထားမိပေ။ အိတ်ကို လီဆာ ဆီပို့လိုက်ပြီး ပြုံးလိုက်သည်။

“လီဆာ လည်းငါ့လိုမျိုး ဝိတ်ထိန်းဖို့ လိုအပ်ရင်တောင် တစ်ခုတော့ စားရမယ်” လီဆာ ကပြုံးလိုက်ပြီး လက်ခါလိုက်သည်။

“ဟင့်အင်း၊ အဆင်ပြေပါတယ်။ ဒါက ရဖို့ မလွယ်ဘူး။ အဲ့ဒီ့မှာ လူအများကြီးနဲ့ အရည်အသွေးက အကန့်အသတ်ရှိတယ်။ ဒီအိတ်အသေးလေးကို ရဖို့အတွက် မစ္စတာဟုန် အတွက် မလွယ်ကူခဲ့ဘူး။ မိန်းကလေးဇောင် ကိုယ့်ဘာသာ စားသင့်တယ်”

ဇောင်ယုဟွမ် ကအရမ်းကြီး တွန်းအားမပေးပဲ ခေါင်းညိတ်လိုက်ကာ အိတ်ကို ပြန်ဆွဲယူလိုက်သည်။ သူမ လုပ်ခဲ့ပေမဲ့ တ​ခြားအရာတစ်ခုကို သတိထားမိသွားခဲ့သည်။

ဟုန်ချန်းမင်း အပေါ်ထားတဲ့ လီဆာ ရဲ့စိတ်သဘောထားက အရင်ကထက်ပင် ပိုပြီး လေးစားမှုရှိနေပုံပေါ်သည်။

#မနက်ဖြန် မတင်ဖြစ်ဖူးနော် ​မျှော်နေကြမှာစိုးလို့ 😘😘 နောက်ပိုင်းလေးတွေက ပိုမိုက်တော့မှာ readerလေးတို့ သတိထားမိကြလား အခုထိ ဇာတ်လိုက်မက မပေါ်သေးဘူးနော် ကိုယ်ကတော့ အဲ့အပိုင်းကို ရောက်ချင်နေပြီ 😁😁 စကားမဆက် ကိုယ်ကလေ မင်းတွေ ငါတွေနဲ့ပဲ ရေးထားတယ် သူတို့က နာမည်ခေါ်ပြောတာပါလို့ ဇောင်ယုဟွမ် ကို ဟွမ်ဟွမ်၊ လီဂျင်းယွမ် ကို ဂျင်းယွမ်၊ ဟုန်ချန်းမင်း ကိုတော့ ကိုကိုချန်းမင်း လို့ခေါ်တာနော် ကိုယ်တွေက မရိုတတ်ဘူးသိလား 😁😁 တည့်တိုးတွေပဲ ရေးချနေလို့ ဖတ်ရတာ မကောင်းဖြစ်သွားမှာဆိုးတယ် ဒါပေမဲ့ ပြင်ရေးဆိုရင်လည်း မရဘူးလို့ 😄😄

25.06.2020 (Thu)
…………………….

<Zawgyi>

ေက်ာင္းၿပီးဆုံးျခင္း

ပထမဆုံး အပတ္က ဘယ္သူမွ သတိမျပဳမိပဲ ကုန္ဆုံးသြားခဲ့သည္။ လူတိုင္းက လက္ေဆာင္ေတြ၊ အဆက္အသြယ္ေတြကို လဲလွယ္ၾကၿပီး တစ္ေယာက္ခ်င္းစီက ေက်ာင္းကေန ထြက္သြားခဲ့ၾကသည္။

ေဇာင္ယုဟြမ္ က ခ်ိဳလီ ကိုေခၚလိုက္ၿပီး ခ်ိဳလီ ကသူမကို ေက်ာင္းေရွ႕ကေန ေစာင့္ေနခဲ့သည္။ ေဇာင္ယုဟြမ္ ရဲ႕အစီစဥ္က ပထမဆုံး ဟုန္ခ်န္းမင္း ကိုသြားေခၚဖို႔ ျဖစ္သည္။

လီဂ်င္းယြမ္ ကေတာ့ ေက်ာင္းမွာ မရွိတာ ျဖစ္နိုင္သည္။ ေဇာင္ယုဟြမ္ ကေပ်ာ္႐ႊင္စြာနဲ႕ ေက်ာပိုးအိတ္ကို ေကာက္ယူလိုက္ၿပီး အျပင္ကို ဦးတည္လိုက္သည္။ ေအာက္ထပ္ကို ေရာက္သည္ႏွင္ လန္ဒန္ ကသူမဆီကို ေလွ်ာက္လာၿပီး ေမးလိုက္သည္။

“အိမ္ျပန္မွာလား?” ေဇာင္ယုဟြမ္ ေခါင္းညိတ္လိုက္သည္။ လန္ဒန္ ကသူမကို ၿပဳံးျပလိုက္သည္။ သူ႕အၿပဳံးထဲတြင္ ရွက္႐ြံ႕မႈေတြ ပါဝင္ေနေပမဲ့ သူ႕စကားေတြက သူ႕ဆီကေန တိုက္ရိုက္ထြက္လာခဲ့သည္။

“ငါတို႔အတန္းက လူေတြကို မင္းအတန္းက လူးကပ္စ္ ကပိတ္ရက္မွာ ခရီးထြက္ဖို႔ ေျပာခဲ့တယ္….. မင္းေကာ သြားမာလား? သြားရင္ မင္းနဲ႕အတူ သြားၿပီး မင္းလိုအပ္တဲ့ အရာအားလုံးကို ေ႐ြးခ်ယ္ေပးမယ္”

ေဇာင္ယုဟြမ္ သူ႕ကို ၾကည့္လိုက္သည္။ သူ႕တြင္ စိတ္အားထက္သန္မႈ ရွိေနၿပီး ဒါကို ဖုံးကြယ္ထားျခင္း မရွိေပ။ ေနာက္ဆုံးတြင္ ေဇာင္ယုဟြမ္ ကနိုင္ငံျခားတြင္ရွိသည့္ ေကာင္ေလးနဲ႕ ေကာင္မေလးေတြအတြက္ ဒါက အ႐ြယ္ေရာက္ၿပီးျဖစ္လို႔ ဒိတ္တာေတြ၊ ရင္းႏွီးသည့္ အဆက္အသြယ္ပင္ လုပ္လို႔ရေၾကာင္း သိလိုက္သည္။

အရင္ဘဝတုန္းက ေဇာင္ယုဟြမ္ ကေဆး႐ုံကေန အိမ္ကိုပဲ သြားလာေနတာေၾကာင့္ သူမ ဘယ္တုန္းကမွ မဒိတ္ဖူးခဲ့ေပ။ နိုင္ငံျခားက ေကာင္ေလးေတြက ဘယ္ေလာက္ေတာင္ စိတ္အားထက္သန္လဲဆိုတာ သူမ အၿမဲတမ္း သတိျပဳမိေသာ္လည္း သူမကို လန္ဒန္ ၾကည့္ေနတာကို မကိုင္တြယ္နိုင္ေသးေပ။

“ပုံမွန္ဆို ဒီပစၥည္းေတြက အိမ္မွာ လက္ေထာက္ေတြ ျပင္ဆင္ေပးတာ” ေဇာင္ယုဟြမ္ ကေျပာလိုက္သည္။

“အို၊ ဒါက အရမ္းဆိုးတယ္။ ငါ့မြာ ဒီပစၥည္းေတြကို ဘယ္လို ေ႐ြးခ်ယ္ရမလဲဆိုတာနဲ႕ ပတ္သက္ၿပီး အႀကံဉာဏ္ေတြရွိတယ္၊ မင္းနဲ႕ သူတို႔ကို ေဝမွ်ေပးမယ္”

လန္ဒန္ ကစိတ္ပ်က္သြားမႈကို ခက္ခက္ခဲခဲ ဖုံးကြယ္ဖို႔ မႀကိဳးစားေပ။ သူ႕ရဲ႕ ေတာက္ပၿပီး၊ အစိမ္းေရာင္ မ်က္လုံးေတြက ေဇာင္ယုဟြမ္ ကိုၾကည့္ေနၿပီး သူတို႔ကို ခ်စ္ျခင္းေမတၱာေတြနဲ႕ ျပည့္ႏွက္ေနသည္။

လန္ဒန္ ကထိုစကားကို ေျပာၿပီးသည္ႏွင့္ သူမနဲ႕ သိပ္မကြာလွသည့္ ေနရာမွ မရင္းႏွီးသည့္ အသံကို ၾကားလိုက္သည္။

“ဟြမ္ဟြမ္” ေဇာင္ယုဟြမ္ လွည့္ပတ္ၾကည့္လိုက္ၿပီး အျဖဴေရာင္ ဆြယ္တာနဲ႕ အျပာေဖ်ာ့ေရာင္ ဂ်င္းေဘာင္းဘီကို ဝတ္ထားသည့္ လီဂ်င္းယြမ္ ကိုေတြ႕လိုက္ရသည္။

သူ႕ပုံစံက အပိုအလွျပင္ထားစရာ မလိုပဲ သန႔္ရွင္းၿပီး လန္းဆန္းေနသည္။ သူတည့္တည့္ ေလွ်ာက္ေနပုံက ငယ္႐ြယ္ၿပီး ပါပီအခ်စ္ျပပြဲကို ေလွ်ာက္ဖို႔ ဝတ္စားခဲ့တယ္လို႔ေတာင္ ေျပာနိုင္သည္။

“ဟြမ္ဟြမ္” လီဂ်င္းယြမ္ ကသူမက သူ႕ကို ၾကည့္ေနတာကို သတိထားမိၿပီး သူမအနားကို ျမန္ျမန္ေလွ်ာက္လာၿပီး သူမနာမည္ကို ထပ္ေခၚလိုက္သည္။

အရင္တုန္းကေတာ့ လန္ဒန္ က လီဂ်င္းယြမ္ ကဘယ္သူဆိုတာ မသိေပမဲ့ အခုေတာ့ ေသခ်ာေပါက္ကို သိေနခဲ့သည္။ သူက လီဂ်င္းယြမ္ ကိုစိုက္ၾကည့္လိုက္ၿပီး ေျပာလိုက္သည္။

“မင္းက လီ… လီ….”

“လီဂ်င္းယြမ္” လီဂ်င္းယြမ္ ေျပာလိုက္သည္။

လန္ဒန္ က လီဂ်င္းယြမ္ ကိုၾကည့္လိုက္ၿပီးေနာက္ ေဇာင္ယုဟြမ္ ကိုၾကည့္လိုက္သည္။ အသည္းကြဲသြားပုံနဲ႕အတူ သူက ေျပာလိုက္သည္။

“ငါသိၿပီ၊ အိုေက။ အခုငါသိၿပီ။ အခုငါသြားေတာ့မယ္။ ခရီးသြားတဲ့ေန႕မွ ေတြ႕မယ္” လီဂ်င္းယြမ္ ကိုတီဗီတြင္ အႀကိမ္အနည္းငယ္ ေတြ႕ဖူးခဲ့သည္။

သူက အာရွလမ္းေၾကာင္းတြင္ စတင္လာတဲ့ တက္သစ္စ ျဖစ္ၿပီး မ်ားျပားသည့္ ပရိသတ္ေတြလည္း ရွိသည္။ လန္ဒန္ ေတာင္သူက အေတာ္ေလး ၾကည့္ေကာင္းတယ္လို႔ ထင္မိတာေၾကာင့္ သူနဲ႕ ဘယ္လိုလုပ္ၿပီး ယွဥ္ၿပိဳင္နိုင္မွာလဲ?

ထိုစကားကို ေျပာၿပီးေနာက္ လန္ဒန္ ကစိတ္ပ်က္စြာ ထြက္သြားခဲ့သည္။ ေဇာင္ယုဟြမ္ ကခ်က္ခ်င္း သိသြားခဲ့သည္။ လန္ဒန္ ကအထင္လြဲသြားခဲ့သည္။ သူမနဲ႕ လီဂ်င္းယြမ္ တို႔က အတြဲေတြလို႔ သူထင္သြားခဲ့တာလား? ဒါက ဘယ္လိုလုပ္ၿပီး ျဖစ္နိုင္မွာလဲ?

ဒါကို ဘယ္လိုလုပ္ရမလဲဆိုတာ ေဇာင္ယုဟြမ္ မသိေပ။ သို႔ေသာ္ လန္ဒန္ ကေအဝးကို ေရာက္သြားၿပီး ရွင္းျပဖို႔ေတာင္ အခြင့္အေရး မရွိေတာ့ေပ။ ေတာက္ပသည့္ ဘက္အျခမ္းကိုသာ သူမ ၾကည့္လိုက္သည္။ အနည္းဆုံးေတာ့ အခုကစၿပီး လန္ဒန္ ကသူမကို ပိုးပန္းေတာ့မွာ မဟုတ္ဘူး။

“သူက ဘယ္သူလဲ?” လီဂ်င္းယြမ္ ေမးလိုက္သည္။

“အရင္က ေဆြးႏြေးပြဲမွာ ေတြ႕ဖူးတဲ့သူပါ။ သူ႕နာမည္က လန္ဒန္”

“သူက မင္းနဲ႕အတူတူ ေဆြးႏြေးခဲ့ဖူးလို႔ စကားေျပာတာလား?” လီဂ်င္းယြမ္ ကမ်က္ေမွာင္ၾကဳတ္ရင္း ေမးလိုက္သည္။

“သူ႕ရည္႐ြယ္ခ်က္က သန႔္ရွင္းလို႔လား?”

ဒါက လန္ဒန္ ရဲ႕အေတြးေတြပဲ။ လန္ဒန္ ရဲ႕ရႈေထာင့္က ၾကည့္ရင္ လီဂ်င္းယြမ္ ရဲ႕အာရွပုံစံက အေတာ္ေလးကို ဆြဲေဆာင္မႈရွိသည္။

ေနာက္ၿပီး လီဂ်င္းယြမ္ ရဲ႕မ်က္လုံးထဲမွာ လန္ဒန္ က ေဇာင္ယုဟြမ္ ႀကိဳက္နိုင္ေလာက္သည့္ ေခ်ာေမာသည့္ ေကာင္ေလး ပုံစံျဖစ္သည္။ လန္ဒန္ ရဲ႕ပုံစံက အေနာက္တိုင္းသားေတြ ၾကားတြင္ အေတာ္ေလး မွတ္ခ်က္ေပးတဲ့ပုံဆိုတာ သူ မသိေပ။

“ငယ္႐ြယ္တဲ့ အသက္အ႐ြယ္ၾကားမွာ ဒိတ္တဲ့ ယဥ္ေက်းမႈက နိုင္ငံျခားမွာ ပိုၿပီးပြင့္လင္းတယ္။ သူ႕မွာ ဒီလိုမ်ိဳး ရည္႐ြယ္ခ်က္ နည္းနည္းေတာ့ ရွိလိမ့္မယ္လို႔ ထင္တယ္” ေဇာင္ယုဟြမ္ အကူအညီမဲ့စြာ ေျပာလိုက္သည္။

လီဂ်င္းယြမ္ ကအရင္တုန္းက သူမယုန္ေက်ာပိုးအိတ္ကို အႀကိမ္မ်ားစြာ သယ္ဖူးခဲ့သလိုမ်ိဳး သူမ ေက်ာပိုးအိတ္ကို လက္တစ္ဖက္နဲ႕ ယူလိုက္သည္။

သူ႕ႏႈတ္ခမ္းေတြက ေစ့ထားၿပီး သူ႕မ်က္လုံးထဲတြင္ မေက်နပ္မႈေတြကို ဖုံးကြယ္ဖို႔ ႀကိဳးစားေနၿပီး ႏူးညံ့စြာ ေျပာလိုက္သည္။

“ဟြမ္ဟြမ္ အေစာႀကီး ဒိတ္လို႔မရဘူး” ေဇာင္ယုဟြမ္ မထိန္းခ်ဳပ္နိုင္စြာျဖင့္ ရယ္လိုက္သည္။

“ေမာင္ေလးက အစ္မရဲ႕ ကိစၥေတြကို ဝင္စြက္ဖက္ခ်င္တာလား?”

“ေသခ်ာတာေပါ့” လီဂ်င္းယြမ္ ကလ်င္ျမန္စြာ ေျပာလိုက္သည္။

ေဇာင္ယုဟြမ္ ကလွည့္လိုက္ၿပီး လီဂ်င္းယြမ္ ကိုပိုၿပီး နီးကပ္စြာ ၾကည့္လိုက္သည္။ သူ႕ပုံစံက ပိုပိုၿပီး က်က္သေရရွိလာခဲ့သည္။ သူ႕လက္ေတြ၊ ေျခေထာက္ေတြ လႈပ္ရွားမႈတစ္ခုစီက သူ႕ဆြဲေဆာင္မႈကို ထုတ္ျပေနၿပီး သူ႕ျပပြဲက ရရွိခဲ့တဲ့ အေတြ႕အႀကဳံေတြဆိုတာ သံသယမရွိနိုင္ေပ။

ေဇာင္ယုဟြမ္ ကေမးလိုက္သည္။ “မင္းကေကာ?”

“ငါ?” လီဂ်င္းယြမ္ ကသူ႕ႏႈတ္ခမ္းကို သပ္လိုက္ၿပီး ႏူးညံ့စြာ ေျပာလိုက္သည္။

“ငါလုပ္မွာ၊ ေသခ်ာေပါက္ အေစာႀကီး မဒိတ္ဘူး။ ငါ့အစ္မႀကီးရဲ႕ စကားေတြကို နားေထာင္မယ္” သူမကို အစ္မႀကီးလို႔ ေခၚတာက ပထမဆုံးအႀကိမ္ ျဖစ္ၿပီး မေခၚတာ အေတာ္ေလး ၾကာခဲ့ၿပီ။

သူက သူမထက္ အရပ္ပိုရွည္လာခဲ့ေပမဲ့ သူ႕အသံကေတာ့ ထက္ရွေနတုန္းျဖစ္သည္။ ေဇာင္ယုဟြမ္ ကၿပဳံးေနမိတာကို မခုခံနိုင္ေပ။ သူမေခါင္းကို ခါလိုက္သည္။

“မင္းကို အေစာႀကီး မဒိတ္ရဘူးလို႔ ငါမေျပာပါဘူး။ မင္းႏွလုံးသားမွာ မိန္းကေလး တစ္ေယာက္ရွိလာခဲ့ရင္ ဆက္လုပ္။ ဒါေပမဲ့ မင္းက တာဝန္ယူတတ္တဲ့ ေကာင္ေလးေတာ့ ျဖစ္ရမယ္၊ လူရိုင္းနန္ နဲ႕ေတာ့ မတူေစနဲ႕”

လူရိုင္းနန္ ဆိုတာက သခင္ေလးနန္ ကိုကိုယ္စားျပဳၿပီး ေျပာတာျဖစ္သည္။ လူရိုင္းနန္ ဆိုတဲ့ စကားကို ၾကားတာနဲ႕ လူရိုင္းနန္ နဲ႕သူမက ကေလးဘဝကတည္းက ေစ့စပ္ထားခဲ့ေၾကာင္းကို လီဂ်င္းယြမ္ ခ်က္ခ်င္း သတိရသြားသည္။

လီဂ်င္းယြမ္ မေပ်ာ္မ႐ႊင္ျဖစ္သြားေပမဲ့ ခ်က္ခ်င္းပင္ ဖုံးကြယ္လိုက္သည္။ သူ႕ေခါင္းကို ခါလိုက္ၿပီး ႏူးညံ့စြာ ေျပာလိုက္သည္။

“ဟင့္အင္း၊ ငါအဲ့လိုမ်ိဳး လုပ္မွာ မဟုတ္ဘူး။ စိတ္မဝင္စားဘူး”

လီဂ်င္းယြမ္ အသက္အ႐ြယ္လို တစ္စုံတစ္ေယာက္အတြက္ ဆန႔္က်င္ဘက္ လိင္ကို ခ်စ္ျမတ္နိုးတာက သဘာဝျဖစ္သည္။ သူ႕စကားကို ၾကားလိုက္ၿပီး ေဇာင္ယုဟြမ္ ကမထိန္းခ်ဳပ္နိုင္ပဲ စူးစမ္းစြာ ေမးလိုက္သည္။

“ဒါဆို ဘာကိုစိတ္ဝင္စားလဲ?” လီဂ်င္းယြမ္ ကတြန႔္ဆုတ္ျခင္း မရွိပဲ ေျဖလိုက္သည္။

“ဟြမ္ဟြမ္ သုံးဖို႔အတြက္ ေငြထုတ္ေပးတာ။ ပိုၿပီး ေအာင္ျမင္တဲ့ လူျဖစ္လာမွ အနာဂတ္မွာ ဟြမ္ဟြမ့္ ကိုေထာက္ပံ့ေပးနိုင္မွာ”

ေဇာင္ယုဟြမ္ မထိန္းခ်ဳပ္နိုင္စြာျဖင့္ ရယ္ေမာလိုက္သည္။ ထိုစကားက သူမကို တကယ္ပဲ ေပ်ာ္႐ႊင္ေစသည္။ သူတို႔ကို အိမ္ကိုေခၚဖို႔ ဆုံးျဖတ္ခ်က္ခ်လိဳက္တာက မွန္ကန္ေၾကာင္း သက္ေသျပခဲ့သည္။ ေဇာင္ယုဟြမ္ ၿပဳံးလိုက္ၿပီး ေျပာလိုက္သည္။

“ငါေငြေတြအမ်ားႀကီးကို လုံေလာက္ေအာင္ သုံးၿပီးသြားၿပီ” လီဂ်င္းယြမ္ ကၿပဳံးၿပီး ေျပာလိုက္သည္။

“ဒါက မတူဘူး”

“အမ္? ဘယ္လိုမတူတာလဲ?” ေဇာင္ယုဟြမ္ ကသူ႕ကို ေမးလိုက္ေပမဲ့ လီဂ်င္းယြမ္ ကေတာ့ အေသးစိတ္ ရွင္းျပဖို႔ကို မရည္႐ြယ္ခဲ့ေပ။ သူ႕လက္ထဲက သူမလက္ေတြကို ၾကည့္လိုက္ၿပီး ေျပာလိုက္သည္။

“ဒီေနရာက လူအရမ္းမ်ားတယ္။ ငါတို႔ လူမကြဲသြားေစခ်င္ဘူး”

“ငါတို႔ လူကြဲဖို႔ဆိုတာ အေတာ္ေလးကို အသက္ႀကီးေနၿပီ”လို႔ ေဇာင္ယုဟြမ္ ေျပာခ်င္ေပမဲ့ အဆုံးတြင္ ဘာမွမထြက္လာခဲ့ေပ။ သူက ဒီလိုဆိုရင္ ေကာင္းမြန္တဲ့ အရာတစ္ခုကို ဘာေၾကာင့္ ဖ်က္စီးရမွာလဲ?

ဒါ့ေၾကာင့္ “အင္း” ဆိုၿပီး ႏူးညံ့စြာနဲ႕ ေရ႐ြတ္လိုက္သည္။ သူတို႔ႏွစ္ေယာက္က ေက်ာင္းဝင္ေပါက္ကို ေလွ်ာက္လာခ်ိန္တြင္ ၁၀ မိနစ္ေလာက္ ၾကာသြားခဲ့သည္။

“ဒီေန႕ အလုပ္မရွိဘူးလား?”

“ဟြမ္ဟြမ္ ဒီေန႕ ေက်ာင္းၿပီးတာကို သိလို႔ ေဝ့ေကာ ကဒီေန႕ နားေပးလိုက္တယ္” ေဇာင္ယုဟြမ္ ကၿပဳံးလိုက္ၿပီး ေျပာလိုက္သည္။

“အံ့ဩစရာပဲ။ ဟုန္ခ်န္းမင္း ကိုသြားေခၚရေအာင္” လီဂ်င္းယြမ္ က႐ုတ္တရက္ႀကီး တိတ္ဆိတ္သြားသည္။

အမ္?

ေဇာင္ယုဟြမ္ ကေခါင္းကို လွည့္လိုက္ၿပီး သူ႕ကို စူးစမ္းသည့္ အၾကည့္နဲ႕ ၾကည့္လိုက္သည္။ သူ႕ကို ၾကည့္လိုက္တဲ့ အခ်ိန္မွာပဲ သူက ေျပာလိုက္သည္။

“အို၊ အိုေက”

ထို႔ေနာက္ ေဇာင္ယုဟြမ္ ဖုန္းက ျမည္လာခဲ့သည္။ သူမဖုန္းကို ထုတ္လိုက္ၿပီး ဖုန္းနံပါတ္ကို ၾကည့္လိုက္ၿပီး မထိန္းခ်ဳပ္နိုင္စြာ ရယ္လိုက္သည္။

“နတ္ဆိုးအေၾကာင္းေျပာရင္းနဲ႕” သူမက ဖုန္းကို ေျဖလိုက္သည္။

“ဟယ္လို?” တဖက္မွ ဟုန္ခ်န္းမင္း ရဲ႕အသံက ထြက္လာခဲ့သည္။

“ဟြမ္ဟြမ္၊ ေက်ာင္းက ထြက္လာၿပီလား?”

“အင္း၊ အခု အေရွ႕တံခါး အျပင္ဘက္ကို ေရာက္ေနၿပီ”

“အဲ့ေနရာမွာေစာင့္၊ ငါလာခဲ့မယ္”

“ဟမ္?” ေဇာင္ယုဟြမ္ မ်က္ေတာင္ခတ္လိုက္သည္။ ဟုန္ခ်န္းမင္း ကဖုန္းကို မခ်သလို ဘာမွလည္း မေျပာေပ။

ေဇာင္ယုဟြမ္ ကေက်ာင္းပတ္ဝန္းက်င္ကို ၾကည့္လိုက္ၿပီး ေနာက္ဆုံးတြင္ အနက္ေရာင္ BMW ကားက တျဖည္းျဖည္း သူမအနားကို နီးကပ္လာၿပီး ေက်ာင္းေရွ႕တြင္ ရပ္လိုက္တာကို ေတြ႕လိုက္သည္။

လီဂ်င္းယြမ္ က ေဇာင္ယုဟြမ္ ပုခုံးေပၚမွ တင္ေနသည့္ သစ္႐ြက္ကို စိုက္ၾကည့္ေနတာကလြဲၿပီး ဘာမွမေျပာေပ။ သူ႕လက္ကို ျမႇောက္ၿပီး ဖယ္ပစ္ခ်င္သည္။

ထို႔ေနာက္ BMW ကားတံခါးက ပြင့္လာၿပီး အရင္ဆုံး လီဆာ ကထြက္လာၿပီး အေနာက္ဘက္က တံခါးကို ဖြင့္လိုက္သည္။ လူငယ္တစ္ေယာက္ရဲ႕ ေသးသြယ္သည့္ ေျခေထာက္ေတြက ကားထဲက အရင္ဆုံး ထြက္လာၿပီး သူ႕တစ္ကိုယ္လုံး အျပင္ကို ထြက္လာခဲ့သည္။

သူက အနက္ေရာင္ ေဘ့စ္ေဘာ အကၤ်ီနဲ႕ အနက္ေရာင္ ေဘာင္းဘီကို ဝတ္ဆင္ထားသည္။ ပထမဆုံး အၾကည့္နဲ႕တင္ သူက အနည္းငယ္ ရက္စက္ပုံ ေပၚေနသည္။

ဒါေပမဲ့ သူ႕အမူအရာေတြက မိနစ္ အနည္းငယ္အတြက္ ခ်က္ခ်င္းပင္ ႏူးညံ့သြားခဲ့သည္။ အိတ္တစ္လုံးကို ေဇာင္ယုဟြမ္ ဆီကို ကမ္းေပးလိုက္သည္။

ေဇာင္ယုဟြမ္ ကသူ႕ဆီမွ အိတ္ကို ယူလိုက္ၿပီး ဖြင့္လိုက္သည္။ အထဲတြင္ ေခ်ာကလက္နဲ႕ ဒိုးနက္မ်ားပါရွိသည္။ သူတို႔အနံ႕က အရမ္းေကာင္းၿပီး လတ္လတ္ဆက္ဆက္ ျပဳလုပ္ထားပုံေပၚသည္။ သို႔ေသာ္….. ေဇာင္ယုဟြမ္ ေခါင္းခါလိုက္ၿပီး ေျပာလိုက္သည္။

“ကိုကိုခ်န္းမင္း ကေျဖာင့္မတ္တဲ့လူပဲ” ဟုန္ခ်န္းမင္း ကဒီအခ်က္ကို မသိတာ ေသခ်ာေၾကာင္း ထင္ရွားသည္။ သူက ေဇာင္ယုဟြမ္ ကိုစိုက္ၾကည့္ေနခဲ့သည္။ သူ႕ပုံစံတြင္ စိုးရိမ္ေနမႈမ်ားလည္း ရွိေနခဲ့သည္။

“အမ္? ဘာကိုဆိုလိုတာလဲ?” ေဇာင္ယုဟြမ္ ကေခါင္းကို ထပ္ခါလိုက္ၿပီး ေျပာလိုက္သည္။

“ဒါက ခ်ီးမြမ္းစရာပါ” သူတို႔ေဘးတြင္ လီဆာ ကမတ္တပ္ရပ္ေနရင္း ၿပဳံးလိုက္ကာ ေျပာလိုက္သည္။

“ဒီလက္ေဆာင္က မိန္းကေလးေဇာင္ ဝိတ္တက္ဖို႔ ရည္႐ြယ္ၿပီး မစၥတာဟုန္ ကျပင္ဆင္ေပးထားခဲ့တာ။ မိန္းကေလးေတြက ကိုယ္အေလးခ်ိန္ တက္မွာကို အၿမဲတမ္း စိုးရိမ္ေနၾကတယ္”

ခ်က္ခ်င္းပင္ ဟုန္ခ်န္းမင္း ဘာလုပ္ရမွန္း မသိေတာ့ေပ။ အိတ္ကို လွမ္းဆြဲလိုက္ေပမဲ့ လက္ေဆာင္ကို ျပန္ယူတာက မွားယြင္းေနတယ္လို႔ ခံစားရသည္။ အခုေတာ့ သူ႕လက္က ေလထဲမွာပဲ ရွိေနၿပီး ေျခာက္ေသြ႕စြာ ရွင္းျပလိုက္သည္။

“ငါမသိဘူး… ဒီအေၾကာင္းကို ငါမသိဘူး….”

“အဆင္ေျပပါတယ္။ တစ္ခါတစ္ေလ စားတာက ဝိတ္မတက္ပါဘူး။ သူတို႔က တကယ္ပဲ အရသာရွိတယ္”

သူမက ေျပာေနရင္း သူမအိတ္ထဲက တစ္ရႉးအစိုကို ထုတ္လိုက္ၿပီး သူမလက္ေတြကို သုတ္ၿပီးေနာက္ အိတ္ထဲက ပလတ္စတစ္ဘူးကို ဆြဲထုတ္လိုက္ၿပီး ဖြင့္စားလိုက္သည္။

“ခ်ိဳတယ္” ေဇာင္ယုဟြမ္ ကၿပဳံးရင္း ေျပာလိုက္ၿပီး သူမမ်က္လုံးေတြကလည္း ေတာက္ပေနသည္။

“ခ်ိဳတဲ့အရာေတြက ေပ်ာ္႐ႊင္ေစတယ္” သူမေျပာလိုက္ရင္း ေနာက္ထပ္ တစ္ခုကို ဆြဲထုတ္ကာ ဟုန္ခ်န္းမင္း ပါးစပ္နားတြင္ ထားလိုက္သည္။

သူမ လက္ေခ်ာင္းေတြက အနည္းငယ္ ႏြေးေထြးၿပီး ႏူးညံ့သည္။ ဟုန္ခ်န္းမင္း ကခနေလာက္ ရပ္တန႔္သြားၿပီး သူ႕ပါးစပ္ကို ဟလိုက္သည္။ သူမ လက္ေခ်ာင္းေတြကို ေရွာင္လိုက္ၿပီး ဂ႐ုတစိုက္နဲ႕ မုန႔္ကို ကိုက္လိုက္သည္။

ဒါက ေကာင္းမြန္းတဲ့ ေ႐ြးခ်ယ္ျခင္း မဟုတ္ဘူး၊ အမဲေရာင္ ေခ်ာကလက္က ခါးသည့္ အပိုင္းျဖစ္သြားသည္။ ဒါေပမဲ့ သူ႕လွ်ာကို ထိလိုက္ခ်ိန္တြင္ တျဖည္းျဖည္းနဲ႕ ခ်ိဳတာကို ေျပာင္းသြားခဲ့သည္။

ဟုန္ခ်န္းမင္း ကဒါက ဝါးေတာင္း မဝါးရဲပဲ သူ႕ပါးစပ္ထဲမွာပဲ ထားလိုက္ၿပီး ေျပာလိုက္သည္။

“အင္း၊ ခ်ိဳတယ္” ေဇာင္ယုဟြမ္ က လီဂ်င္းယြမ္ ဘက္ကို လွည့္လိုက္ၿပီး ေမးလိုက္သည္။

“မင္းစားခ်င္လား?” လီဂ်င္းယြမ္ ကသူမ လက္ေခ်ာင္းေတြကို အနည္းငယ္ စိုက္ၾကည့္ၿပီး ၿပဳံးလိုက္သည္။

“အင္း၊ ငါ့အတြက္ ဟြမ္ဟြမ္ ကေ႐ြးေပးေစခ်င္တယ္။ ငါဝ,မြာ မစိုးရိမ္ဘူး”

“မင္းက ေမာ္ဒယ္လ္ပဲ။ ေသခ်ာေပါက္ကို ဝ,မာ စိုးရိမ္ရမွာေပါ့။ တစ္ခုပဲ၊ အိုေက?”

ေဇာင္ယုဟြမ္ ကေျပာလိုက္ၿပီး ေနာက္တစ္ခုကို ထပ္ထုတ္လိုက္သည္။ ေျခလွမ္းအနည္းငယ္ ေလွ်ာက္သြားၿပီး လီဂ်င္းယြမ္ အေရွ႕မွာ ရပ္လိုက္ကာ သူ႕ႏႈတ္ခမ္း အေရွ႕တြင္ မုန႔္ကို ထားလိုက္သည္။

လီဂ်င္းယြမ္ ကလည္း သူ႕သြားေတြနဲ႕ မုန႔္ကို ဂ႐ုတစိုက္ ယူလိုက္သည္။ ဒီတစ္ခု အရသာက အရင္ကထက္ ပိုဆိုးသည္။ ဒါက အျဖဴေရာင္ ေခ်ာကလက္ အပိုင္းျဖစ္သည္။ ဒါက အေတာ္ေလးကို ခ်ိဳသည္။

လီဂ်င္းယြမ္ ကသူ႕ပါးစပ္ထဲမွာ ထားလိုက္ၿပီ မ်ိဳမခ်ပဲ ခ်ိဳျမမႈကို အရသာခံလိုက္သည္။ ခ်ိဳၿမိန္မႈက သူ႕ပါးစပ္၊ လည္ေခ်ာင္းနဲ႕ သူ႕ခႏၶာကိုယ္ တစၡဳလုံးကို သိမ္းပိုက္သြားခဲ့သည္… ဒါက မတြန္းလွန္နိုင္ေအာင္ ခ်ိဳၿမိန္လွသည္။

ေဇာင္ယုဟြမ္ ကဒါေတြ အားလုံးကို သတိမထားမိေပ။ အိတ္ကို လီဆာ ဆီပို႔လိုက္ၿပီး ၿပဳံးလိုက္သည္။

“လီဆာ လည္းငါ့လိုမ်ိဳး ဝိတ္ထိန္းဖို႔ လိုအပ္ရင္ေတာင္ တစ္ခုေတာ့ စားရမယ္” လီဆာ ကၿပဳံးလိုက္ၿပီး လက္ခါလိုက္သည္။

“ဟင့္အင္း၊ အဆင္ေျပပါတယ္။ ဒါက ရဖို႔ မလြယ္ဘူး။ အဲ့ဒီ့မွာ လူအမ်ားႀကီးနဲ႕ အရည္အေသြးက အကန႔္အသတ္ရွိတယ္။ ဒီအိတ္အေသးေလးကို ရဖို႔အတြက္ မစၥတာဟုန္ အတြက္ မလြယ္ကူခဲ့ဘူး။ မိန္းကေလးေဇာင္ ကိုယ့္ဘာသာ စားသင့္တယ္”

ေဇာင္ယုဟြမ္ ကအရမ္းႀကီး တြန္းအားမေပးပဲ ေခါင္းညိတ္လိုက္ကာ အိတ္ကို ျပန္ဆြဲယူလိုက္သည္။ သူမ လုပ္ခဲ့ေပမဲ့ တျခားအရာတစ္ခုကို သတိထားမိသြားခဲ့သည္။

ဟုန္ခ်န္းမင္း အေပၚထားတဲ့ လီဆာ ရဲ႕စိတ္သေဘာထားက အရင္ကထက္ပင္ ပိုၿပီး ေလးစားမႈရွိေနပုံေပၚသည္။

#မနက္ျဖန္ မတင္ျဖစ္ဖူးေနာ္ ေမွ်ာ္ေနၾကမွာစိုးလို႔ 😘😘 ေနာက္ပိုင္းေလးေတြက ပိုမိုက္ေတာ့မွာ readerေလးတို႔ သတိထားမိၾကလား အခုထိ ဇာတ္လိုက္မက မေပၚေသးဘူးေနာ္ ကိုယ္ကေတာ့ အဲ့အပိုင္းကို ေရာက္ခ်င္ေနၿပီ 😁😁 စကားမဆက္ ကိုယ္ကေလ မင္းေတြ ငါေတြနဲ႕ပဲ ေရးထားတယ္ သူတို႔က နာမည္ေခၚေျပာတာပါလို႔ ေဇာင္ယုဟြမ္ ကို ဟြမ္ဟြမ္၊ လီဂ်င္းယြမ္ ကို ဂ်င္းယြမ္၊ ဟုန္ခ်န္းမင္း ကိုေတာ့ ကိုကိုခ်န္းမင္း လို႔ေခၚတာေနာ္ ကိုယ္ေတြက မရိုတတ္ဘူးသိလား 😁😁 တည့္တိုးေတြပဲ ေရးခ်ေနလို႔ ဖတ္ရတာ မေကာင္းျဖစ္သြားမွာဆိုးတယ္ ဒါေပမဲ့ ျပင္ေရးဆိုရင္လည္း မရဘူးလို႔ 😄😄 Zawgyi ကဖတ္လို႔ အဆင္ေျပၾကလား

25.06.2020 (Thu)
…………………….

[text_hash] => 9f6a4683
)

//qc
//QC2