ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓] – 27❇ ကျောင်းပြောင်းခြင်း
// qc
ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓] - 27❇ ကျောင်းပြောင်းခြင်း
Array
(
[text] =>
<Zawgyi>
ကျောင်းပြောင်းခြင်း
“မဟုတ်ဘူး!” နှစ်ယောက်လုံးက တပြိုင်နက် ထ,ပြောလိုက်ကြသည်။
ဇောင်ယုဟွမ် ကသူမအနောက်က ခြေသံတွေကို ကြားလိုက်ပြီး လှည့်လိုက်သည်။ သူမအနောက်က လိုက်လာသည့် အရပ်ရှည်သည့် ကောင်လေး နှစ်ယောက်ကို တွေ့လိုက်သည်။
“ငါတို့ မင်းကို ပြန်လိုက်ပို့မယ်၊ ပြီးရင် ငါတို့နဲ့ ပြန်လိုက်စရာ မလိုဘူး” ဟုန်ချန်းမင်း ကသူမလက်ကို ဆွဲလိုက်ပြီး ပြောလိုက်ကာ သူမ ဘာမှမပြောနိုင်ပဲ တက္ကစီကို ခေါ်လိုက်သည်။
ဇာတ်လိုက်နဲ့ ဗီလိန်တို့က သူတို့ကိုယ်ပိုင် ဘဝအတွေ့အကြုံကို လိုအပ်တာက သဘာဝပဲ။ သူတို့က သူမ ကလေးတွေ မဟုတ်ဘူး!
“တခြားပွဲကို မင်းပါမှာလား? ဒါက အတော်လေးကို စိတ်ဝင်စားဖို့ကောင်းတယ်” ကောင်လေးက သူမကို စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်သည်။
“ကောင်းပြီ” သူမက လျှောက်သွားရင် သူမအနောက်မှ ကောင်လေးရဲ့ အသံကျယ်ကျယ်ကို ကြားလိုက်ရသည်။
ဇောင်ယုဟွမ် ငုံ့လိုက်ပြီး သူမအရှေ့က စာအုပ်ကို စိုက်ကြည့်လိုက်သည်။ ဇောင်ယုဟွမ် သူမနှုတ်ခမ်းကို စေ့လိုက်ပြီး သူမဘာသာ ပျော်ရွှင်လာအောင် တွန်းအားပေးလိုက်ပြီး သူမအရှေ့က စာအုပ်ကို ဆက်ပြီး စိုက်ကြည့်လိုက်သည်။
*****
24.06.2020 (Wed)
……………………….
<Unicode>
ကျောင်းပြောင်းခြင်း
လီဂျင်းယွမ် ကတခြားကျောင်းကို ပြောင်းဖို့မဆုံးဖြတ်ခင် အချိန်အတော်ကြာ တွန့်ဆုတ်နေခဲ့သည်။ ဇောင်ယုဟွမ် ကမအံ့ဩခဲ့ပေ။ အဆုံးတွင် သူက စာအုပ်ထဲက အမျိုးသား ဇာတ်လိုက်ဖြစ်သည်။
သူ့အပြင်ဘက်ပုံစံက နူးညံ့ပြီး သိမ်မွေ့သည့် သူဖြစ်ပေမဲ့ သူ့ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ အင်အားတွေက ခိုင်မာသည်။
ဇောင်ယုဟွမ် အံ့ဩသြားတာက ဟုန်ချန်းမင်း ကလည်း သူ့နောက်မှ တခြားကျောင်းကို ပြောင်းသွားခဲ့တာ ဖြစ်သည်။ ဇောင်ယုဟွမ် ကမထိန်းချုပ်နိုင်စွာဖြင့် ပြုံးလိုက်ပြီး မေးလိုက်သည်။
“မင်းတို့ နှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် ထောက်လှမ်းနေကြတာလား?”
“မဟုတ္ဘူး!” နှစ်ယောက်လုံးက တပြိုင်နက် ထ,ပြောလိုက်ကြသည်။
“အိုကေ၊ ဒါဆိုလည်း မင်းလည်း ပြောင်းပါ။ ဒါပေမဲ့ ငါတော့ ဒီမွာပဲ နေမယ်။ ငါကောလိပ် တက်တာနဲ့ ပိုပြီး လွတ်လပ်လာလိမ့်မယ်”
ဒီနေရာ အထက်တန်းကျောင်းမှာ ပညာရေး လိုအပ်ချက်တွေ အများကြီး မရှိပေမဲ့ ဇောင်ယုဟွမ် တရုတ်ပြည်ကို ပြန်ချိန်မှာ သူမဘဝအတွက် လှုပ်ရှားဆောင်ရွက်နိုင်သည့် အချက်အလက်တွေ အများကြီးရှိသည်။
ဇောင်ယုဟွမ် ကဒီနေရာတွင် ပျော်ရွှင်နေပြီး မပြောင်းချင်ပေ။ နှစ်ယောက်လုံးက သူတို့ရဲ့ လျှောက်လွှာတွေကို လျင်မြန်စွာ လုပ်ဆောင်ကြပြီး အနီးက အထက်တန်းကျောင်းကို ပြောင်းသွားခဲ့ကြသည်။
ဒါက အထက်တန်းကျောင်း ဖြစ်ပေမဲ့ ဇာတ်လိုက်နဲ့ ဗီလိန်တို့က သင်ကြားဖို့ စွမ်းရည်တွေက ပြင်းထန်တာကြောင့် သင်ကြားရေး ပတ်ဝန်းကျင်က သူတို့အတွက် အရေးမပါပေ။ ဒါ့ကြောင့် ဇောင်ယုဟွမ် ကသူတို့အတွက် ဒီအပေါ်တွင် ထင်မြင်ချက် မပေးခဲ့ပေ။
ဇောင်ယုဟွမ် ကသူတို့ ကျောင်းအသစ်ကို သွားသည့်အချိန်တွင် ခွင့်ယူခဲ့ပြီး သူတို့သုံးယောက် အတူတူ အထက်တန်း ကျောင်းအသစ်ကို သွားခဲ့ကြသည်။ ဇောင်ယုဟွမ် ကကျောင်းထဲကို လျှောက်သွားရင်း ပတ်ဝန်းကျင်ကို လေ့လာကာ လျှောက်သွားလိုက်သည်။
တဖက်တွင် ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့က ကျောင်းထဲကို ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် သူတို့ပုံစံက ပြောင်းလဲသွားပြီး တခုခုကို ရုတ်တရက် သတိရသွားကြသည်။ သူတို့က လှည့်လိုက်ပြီး သူမေနာက္ကို ပြေးလိုက်သည်။
ဇောင်ယုဟွမ် ကသူမအေနာက္က ခြေသံတွေကို ကြားလိုက်ပြီး လှည့်လိုက်သည်။ သူမအေနာက္က လိုက်လာသည့် အရပ်ရှည်သည့် ကောင်လေး နှစ်ယောက်ကို တွေ့လိုက်သည်။
“အမ်? ဘာဖြစ်လို့လဲ?” ဇောင်ယုဟွမ် ကလမ်းလျှောက်တာကို ရပ်လိုက်ပြီး မေးလိုက်သည်။
“လမ်းပေါ်မှာက မလုံခြုံဘူး” လီဂျင်းယွမ် ပြောလိုက်သည်။
“ငါမင်းကို ပြန်ခေါ်သွားပေးမယ်” ဟုန်ချန်းမင်း ပြောလိုက်သည်။ ဘာပြောချင်လဲဆိုတာကို ဇောင်ယုဟွမ် မသိပေ။
“ဒီနေရာကို မင်းတို့နဲ့ လာခဲ့ပြီး ငါနဲ့ မင်းတို့က ပြန်လိုက်မယ်။ ဒီလိုမျိုး သွားလိုက် လာလိုက်နဲ့လုပ်နေမှာလား?”
“ငါတို့ မင်းကို ပြန်လိုက်ပို့မယ်၊ ပြီးရင် ငါတို့နဲ့ ပြန်လိုက်စရာ မလိုဘူး” ဟုန်ချန်းမင်း ကသူမလက္ကို ဆွဲလိုက်ပြီး ပြောလိုက်ကာ သူမ ဘာမှမပြောနိုင်ပဲ တက္ကစီကို ခေါ်လိုက်သည်။
တက္ကစီရှေ့တွင် ရပ်နေပြီး ဟုန်ချန်းမင်း ကအရင်ဆုံး ဝင်လိုက်ပြီး ဇောင်ယုဟွမ် ကိုတက္ကစီထဲကို ဆွဲခေါ်လိုက်ကာ လီဂျင်းယွမ် ကလည်း အနောက်မှ လိုက်ပါခဲ့သည်။ သူတို့ ထိုင်ပြီးသွားသည်နှင့် လီဂျင်းယွမ် ကတံခါးကို လျင်မြန်စွာ ပိတ်လိုက်သည်။ ဇောင်ယုဟွမ် ကနာခံစြာ ထိုင်နေပြီး ပြောလိုက်သည်။
“အိုကေ၊ ဒါဆို ငါ့ကျောင်းကို မင်းတို့ ပြန်လာပို့ပြီး ဒီနေရာကို ပြန်လာပေါ့” နောက်ဆုံးတော့ ဟုန်ချန်းမင်း ရဲ့တင်းမာမှုက သက်သာသွားပြီး ပြောလိုက်သည်။
“အင်း” လီဂျင်းယွမ် ကလည်း နည်းနည်းလေး စပြုံးလိုက်သည်။ သူတို့အရင် ကျောင်းကို တက္ကစီ ရောက်ပြီးနောက် လီဂျင်းယွမ် ကကားတံခါးကို ဖွင့်လိုက်ပြီး ထွက်လိုက်သည်။ တဖက်တွင် ဇောင်ယုဟွမ် ကယာဉ်မောင်းကို ပြောလိုက်သည်။
“မသွားနဲ့ဦး။ သူတို့ကို ပြန်မောင်းပို့ရဦးမယ်” ထိုစကားကို ပြောလိုက်ပြီး သူမက ကားထဲကေန ထွက်လိုက်သည်။ ဟုန်ချန်းမင်း ကထွက်လိုက်ပြီး ဇောင်ယုဟွမ် ကသူ့ကို အကြည့်တစ်ချက် ပို့လိုက်သည်။
“ကိုကိုချန်းမင်း တို့နှစ်ယောက်လုံးက တကယ်ပဲ ငါ့ကို ပြန်ခေါ်သွားချင်လို့လား? ဒါက အရမ်းကို လြန္တာပဲ။ ငါတို့ ပင်ပန်းလိမ့်မယ်”
ထိုစကားကို ပြောလိုက်ပြီး ဇောင်ယုဟွမ် က လီဂျင်းယွမ် ဘေးနားတွင် ရပ်လိုက်သည်။ သူ့ကျောတွင် သူမလက္ကို ထားလိုက်ပြီး သူ့ကို ကားထဲတွန်းထည့်လိုက်သည်။
“မြန်မြန်လုပ်၊ သြား!” လီဂျင်းယွမ် ကကားဘေးတွင် ရပ်နေပြီး မလှုပ်ပေ။ ဇောင်ယုဟွမ် ကသူ့ကို ကြည့်လိုက်ပြီး နှုတ်ဆက်စကား ပြောလိုက်သည်။
“အခု ငါသွားပြီနော်!” ထိုစကားကို ပြောလိုက်ရင်း လှည့်လိုက်ကာ ကျောင်းဝင်ပေါက်ကို လျှောက်သွားလိုက်သည်။ နှေးကွေးစွာဖြင့် သူမက တဖြည်းတဖြည်း ဝေးဝေးကို ရောက်သွားခဲ့သည်။ ဟုန်ချန်းမင်း ကကားထဲတွင် ထိုင်နေရင် ပြောလိုက်သည်။
“လီဂျင်းယွမ်၊ မင်းငါ့လမ်းကြောင်းပေါ် ရောက်နေပြီ” လီဂျင်းယွမ် ကမျက်မှောင်ကြုတ်လိုက်ပြီး ဘေးကို စောင်းလိုက်တာကြောင့် ဇောင်ယုဟွမ် ရဲ့နောက်ကျောကို ဟုန်ချန်းမင်း မြင်နိုင်သွားသည်။ သူတို့က ထွက်မသွားကြသေးပေ။
ဇောင်ယုဟွမ် ကသူတို့ မြင်ကွင်းကနေ လုံးဝပျောက်ကွယ်သွားတော့မှ လီဂျင်းယွမ် ကကားထဲကို ဝင်လိုက်သည်။ ကောင်လေး နှစ်ယောက်က အတော်ဝေးဝေးတွင် တိတ္ဆိတ္စြာ ထိုင်နေကြပြီး သူတို့ကြားက ကွာခြားမှုက သိသာနေသည်။ ဒီကွဲပြားမှုက ရှင်းလင်းနေသည်။
“သွားရအောင်” ဟုန်ချန်းမင်း ပြောလိုက်သည်။ ထို့နောက် ယာဉ်မောင်းက မောင်းလိုက်သည်။ ဇောင်ယုဟွမ် ကအနည်းငယ် လျှောက်လိုက်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။
ကောင်းကင်က အနည်းငယ် နိမ့်နေပုံပေါ်ပြီး မိုးရွာတော့မဲ့ ပုံပေါ်နေသည်။ ဒါက ပုံမှန်ပဲ။ ဒီနေရာတွင် ၁၀ ရက်မှာ ၉ ရက်လောက် မိုးရွာသည်။ မိုးက မသည်းပဲ ထီးမလိုအပ်ပေ။
ဇောင်ယုဟွမ် ကသူမနှုတ်ခမ်းကို သပ်လိုက်ပြီး သူမစိတ်ထဲတွင် အနည်းငယ် ထူးဆန်းနေသည်။ ဒါက သူတို့နဲ့ ပထမဆုံး အကြိမ် ခွဲရတာမို့လို့လား?
အခုတော့ သူတို့က တခြားကျောင်းကို ရောက်သွားကြပြီ။ ဇောင်ယုဟွမ် နှာခေါင်းကို တွန့်လိုက်ပြီး သူမဘာသာ တွေးလိုက်သည်။ ဘာကြောင့် ကိုယ့်ကိုကိုယ် ကြက်မကြီးလို မြင်နေရတာလဲ?
ဇာတ်လိုက်နဲ့ ဗီလိန်တို့က သူတို့ကိုယ်ပိုင် ဘဝအတွေ့အကြုံကို လိုအပ္တာက သဘာဝပဲ။ သူတို့က သူမ ကလေးတွေ မဟုတ္ဘူး!
သူမ လမ်းလျှောက်နေစဉ် သူမဘေးတွင် အဖြူရောင် ကောင်လေး တစ်ယောက်က လျှောက်နေခဲ့သည်။ သူက သူမကို ပြုံးပြလိုက်ပြီး သူမအင်္ဂလိပ် နာမည်ကို ခေါ်လိုက်သည်။
“ဟေလို့စ်စီ၊ ဒီနေ့ ကျောင်းကနေ ထြက္သြားတာလား?” ဇောင်ယုဟွမ် ခေါင်းညိတ်လိုက်သည်။ ဒီကောင်လေးကို သူမ သိခဲ့သည်။
သူက အစိမ်းရောင် မျက်လုံးတွေရှိပြီး ဖြောင့်စင်းတဲ့ နှာတံရှိကာ သူ့အသက်အဖြူရောင် ကောင်လေးအတွက် အတော်လေးကို လှပသည်။ သူပြုံးလိုက်ချိန်မှာ နတ်သားနဲ့ တူသည်။
သူ့ကို ဆွေးနွေးပွဲတွင် တွေ့ခဲ့ပြီး သူတို့နှစ်ယောက်လုံး အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ သူ့နာမည်ကို သူမ မမှတ်မိဘူး။ ဇောင်ယုဟွမ် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
ဒါပေမဲ့ အဖြူရောင် ကောင်လေးရဲ့ နှောင့်ယှက်မှုကြောင့် အစောပိုင်းက ထူးဆန်းတဲ့ ခံစားချက်တွေ ပျောက်ကွယ်သွားခဲ့သည်။ ကောင်လေးက သူ့လမ်းကြောင်းကို ပြောင်းလိုက်ပြီး ဇောင်ယုဟွမ် ဘေးကနေ လျှောက်လိုက်သည်။
“တျခားပြဲကို မင်းပါမှာလား? ဒါက အတော်လေးကို စိတ်ဝင်စားဖို့ကောင်းတယ်” ကောင်လေးက သူမကို စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်သည်။
ဇောင်ယုဟွမ် ကဒီလိုမျိုး ကျပန်းပွဲတော်တွေကို စိတ်ဝင်စားတာကြောင့် စာသင်ခန်း အဆောက်အဦး အရှေ့ထိ ထိုကောင်လေးနဲ့ စကားပြောခဲ့သည်။
“ငါအပေါ်ထပ်ကို သွားတော့မယ်” ဇောင်ယုဟွမ် ကအပေါ်ကို ပြလိုက်ပြီး ပြောလိုက်သည်။ ကောင်လေးက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“အိုကေ၊ နောက်တစ်ခါ စာကြည့်တိုက်မှာ တွေ့မယ်။ ငါ့မွာရွိတဲ့ ဒီစာအုပ္ကို မင်းကြိုက်မယ်ဆိုတာ ကျိန်ရဲတယ်။ ဒါကို မင်းအတွက် အကြံပြုပေးတယ်! အခု မင်းသွားတော့လေ!” ဇောင်ယုဟွမ် ကပြုံးလိုက်ပြီး ပြောလိုက်သည်။
“ကောင်းပြီ” သူမက လျှောက်သွားရင် သူမအနောက်မှ ကောင်လေးရဲ့ အသံက်ယ္က်ယ္ကို ကြားလိုက်ရသည်။
“ဟေး! ငါ့နာမည်ကို မင်းမေ့နေခဲ့တာ ငါသိတယ်။ ငါ့နာမည်က လန်ဒန်!” ဇောင်ယုဟွမ် ကလျှောက်နေတာကို ရပ်လိုက်ပြီး ပြုံးလိုက်သည်။
“အိုကေ၊ ဒီတစ်ကြိမ်တော့ ငါသေချာ မှတ်ထားလိုက်မယ်” သူက ဖော်ရွေပြီး၊ စိတ်အားထက်သန်စွာနဲ့ သူ့ကိုယ်ပိုင် နာမည်ကို ပြောလိုက်ခြင်းက သူမအတွက် သူ့ကို နည်းနည်း ပိုရင်းနှီးသွားသည်။
အတန်းထဲကို ပြန်လိုက်ပြီး ထိုင်ပြီးနောက် ဇောင်ယုဟွမ် ကသူမအရှေ့က စာအုပ္ကို ဖွင့်လိုက်ပြီး အစောပိုင်းက ခံစားရတဲ့ ထူးဆန်းတဲ့ ခံစားခ်က္က ပြန်ရောက်လာခဲ့သည်။ သူတို့သွားတာကို သူမက ဘာလို့ ဝမ်းနည်းနေတာလဲ?
ဇောင်ယုဟွမ် ငုံ့လိုက်ပြီး သူမအရှေ့က စာအုပ္ကို စိုက်ကြည့်လိုက်သည်။ ဇောင်ယုဟွမ် သူမနှုတ်ခမ်းကို စေ့လိုက်ပြီး သူမဘာသာ ပျော်ရွှင်လာအောင် တွန်းအားပေးလိုက်ပြီး သူမအရှေ့က စာအုပ္ကို ဆက်ပြီး စိုက်ကြည့်လိုက်သည်။
*****
ဇောင်ယုဟွမ် ကအမြဲတမ်း အလိုက်သင့် ပြောင်းလဲနိုင်သည်။ ဒီဘဝအသစ်ရဲ့ တစ်လကြာပြီးနောက် ထူးဆန်းသည့် ခံစားချက်တွေက နောက်ဆုံးတော့ နည်းပါးသွားခဲ့သည်။
လီဂျင်းယွမ် ရဲ့ဗီဒီယိုတွေနဲ့ မဂ္ဂဇင်းတွေက ပိုပိုပြီး များပြားလာခဲ့သည်။ တဖက်တွင် ဟုန်ချန်းမင်း ကသူမကို မိုးရွာသည်ဖြစ်စေ၊ နေပူသည်ဖြစ်စေ တစ်နေ့တစ်ခါ ဖုန်းခေါ်ခဲ့သည်။
သူက အတော်လေး အလုပ်များနေပုံပေါ်ပြီး သူမကို ခေါ်တဲ့အချိန်တိုင်းက သူ့အားလပ်ချိန်များကို ညှစ်ထုတ်ထားသည့် အချိန်တွေဖြစ်သည်။ တစ်ချိန်က သူ့အသံက အတော်လေး ပင်ပန်းနေတာကို ဇောင်ယုဟွမ် ပြောနိုင်သည်။
နောက်တစ်ခါတွင် ဟုန်ချန်းမင်း ကသူ့ဖုန်းခေါ်နေစဉ် တစ်ဝက်လောက်မှာပဲ တိတ်ဆိတ်သွားခဲ့သည်။ လီဂျင်းယွမ် ကဘာတွေ လုပ်နေလဲဆိုတာကို ဇောင်ယုဟွမ် သိခဲ့ပေမဲ့ ဟုန်ချန်းမင်း ကဘာကြောင့် အလုပ်များနေလဲဆိုတာကိုတော့ သူမ မသိပေ။
ဒီအကြောင်းကို အချိန်အတော်ကြာ ခက်ခက်ခဲခဲ စဉ်းစားပြီး နောက်ဆုံးတွင် ချန်းမင်းရီ ကိုဖုန်းခေါ်လိုက်သည်။ ချန်းမင်းရီ ကဖုန်းကို လျင်မြန်စွာ ကိုင်လိုက်ပြီး တဖက်မှ မေးလိုက်သည်။
“ဘာဖြစ်လို့လဲ၊ ဟွမ်ဟွမ်?” ဇောင်ယုဟွမ် က ဟုန်ချန်းမင်း အကြောင်း သူမ ထင်သည့် အတွေးတွေကို သူ့အား ပြောလိုက်သည်။
“ငါ့အတွက် သူ့ကို ကြည့်ပေးဖို့ မလိုပါအပ်ပါဘူး။ သူ့ပတ်ဝန်းကျင်မှာ မလိုလားတဲ့ အရာတွေ မရွိတာ သေချာအောင် နားလည်ချင်ရုံပါပဲ…” ချန်းမင်းရီ ကကျယ်လောင်စွာ ရယ်မောလိုက်သည်။
“နောက်ပြီး ဒီမွာ ဘာဖြစ်နေလဲဆိုတာကို သိချင်တယ်။ ဆိုတော့ ဒါ့ကြောင့် မင်းက ငါ့ကို ခေါ်တာလား? ရှောင်းဟုန် ကမင်းကို မပြောဘူးလား? သူက ငါ့ကို ကူညီပေးနေတာ” ဇောင်ယုဟွမ် က လန်ဂျင်းဇီ ကိုအတော်လေး ယုံကြည်သည်။
လန်ဂျင်းဇီ ကသူ့ဘာသာ အထက်တန်းကျအောင် နေထိုင်သည်။ တခြားအရာတွေကို စိတ်ထဲမထားပဲ သူက ဖြောင့်မတ်မှန်ကန်တဲ့သူ ဖြစ်သည်။ နောက်ပြီး ချန်းမင်းရီ ကသူ့သူငယ်ချင်းဖြစ်ပြီး သူမကို ဂရုစိုက်ဖို့ ပြောထားတာကြောင့် သူကလည်း ယုံကြည်နိုင်တဲ့ လူတစ်ယောက်ဖြစ်သည်။
ဇောင်ယုဟွမ် ကဒီအကြောင်းကို အနည်းငယ် တွေးတောလိုက်ပြီး ဟုန်ချန်းမင်း ကသူ့ကို ဘာကူညီပေးနေတာလဲဆိုတာ ထပ်မမေးတော့ပေ။ အခုတော့ သူ့မှာ ဘာပြဿနာမှ မရွိတာကို သူမ သိသွားခဲ့ပြီး ထပ်ပြီး စိုးရိမ်နေဖို့ မလိုတော့ပေ။
သူတို့အားလုံးက သူတို့ဘဝအတွက် ကိုယ်ပိုင်အရာတွေကို စတင်လုပ်ကိုင်နေကြသည်။ သူမပိုလေ့လာရမယ်လို့ ဇောင်ယုဟွမ် ခံစားလိုက်ရသည်။ သူမ တရုတ်ပြည်ကို ပြန်ရောက်ချိန်မှာ အရာအားလုံးက အသုံးဝင်နေရမယ်။
“မစ္စတာချန်း၊ နေ့လည်စာ စားရအောင်”
“အိုကေ!” ချန်းမင်းရီ ကပျော်ရွှင်စွာနဲ့ ပြန်ဖြေလိုက်သည်။
“ဒါဆို မစ္စတာချန်းကို ခွင့်လွှတ်လိုက်မယ်” ဇောင်ယုဟွမ် ကပြောလိုက်ပြီး ဖုန်းချလိုက်သည်။ သူမဖုန်းကို အေဝးမွာ ထားလိုက်သည်။
ရုတ်တရက်ကြီး သူမ ပိုပြီးစိတ်သက်သာသွားသလို ခံစားလိုက်ရဿည်။ ဒါဆို ဇာတ်လိုက်နဲ့ ဗီလိန်တို့ကို ခက်ခက်ခဲခဲ ပျိုးထောင်ပေးဖို့ မလိုတော့ဘူး။
“ဟေလို့စ်စီ!” သိပ်မဝေးလှသည့် နေရာကနေ ကောင်လေး တစ်ယောက်ရဲ အသံက ထွက်လာခဲ့သည်။ ဇောင်ယုဟွမ် ကလှည့်လိုက်ပြီး လန်ဒန် ကရပ်နေပြီး လက်ပြနေတာကို သူမ မြင်လိုက်ရသည်။
“ငါမင်းကို အချိန်အနည်းငယ်လောက် မတွေ့ခဲ့ရဘူး။ ဒီနေ့တော့ မင်းဆီကို ငါပြေးလာခဲ့တာ၊ ငါမင်းကို ပြောခဲ့တဲ့ စာအုပ္ကို သွားရှာရအောင်…”
24.06.2020 (Wed)
……………………….
[text_hash] => 5b5f6dff
)
//qc
//QC2