Array
(
[text] =>
<Zawgyi>
ေဇာင္ယုဟြမ္ ရဲ႕ ၁၄ ႏွစ္ျပည့္ေမြးေန႕
အမွန္အတိုင္း ေျပာရရင္ သူတို႔သာ နိုင္ငံျခားကို သြားခ်င္ပါက သူတို႔ ႀကိဳက္တဲ့အခ်ိန္ သြားနိုင္သည္။ သို႔ေသာ္ ေဇာင္ယုဟြမ္ ရဲ႕ရည္႐ြယ္ခ်က္က နိုင္ငံျခားသြားဖို႔ မဟုတ္ေပ။ ဒါက ေဇာင္ကေန ထြက္သြားၿပီး စစ္မွန္တဲ့ စြမ္းရည္ေတြ ရလာဖို႔ျဖစ္သည္။
စြမ္းရည္တစ္ခုက အနာဂတ္မွာ သူမအား လြတ္လပ္ခြင့္ ေပးလိမ့္မည္။ ဒါေၾကာင့္ ျပင္ဆင္မႈေတြ အမ်ားႀကီး ျပဳလုပ္ထားဖို႔ လိုအပ္သည္။ ဒီျပင္ဆင္မႈက ေျခာက္လေလာက္ ၾကာလိမ့္မည္။ ဒီေန႕က ေဇာင္ယုဟြမ္ ရဲ႕ ၁၄ ႏွစ္ျပည့္ပဲ။
မွန္အေရွ႕တြင္ မတ္တပ္ရပ္ေနရင္း အခုေတာ့ သူမက တကယ္ပဲ ငယ္႐ြယ္သည့္ အမ်ိဳးသမီးေလး ျဖစ္ေနခဲ့သည္။ ေဇာင္ခ်ီ ကသူမသည္ မၾကာခင္ ထြက္သြားေတာ့မွာကို သိၿပီး အနည္းဆုံးေတာ့ ေရွ႕တန္းတင္ေပးဖို႔ လိုအပ္တာေၾကာင့္ သူမအတြက္ ေမြးေန႕ပြဲ က်င္းပေပးခဲ့သည္။
ရႈယုရွန္း နဲ႕ ရႈရွင္း တို႔က ေဇာင္အိမ္ေတာ္ကို ေရာက္လာကတည္းက သူတို႔အတြက္ ပြဲေတာ္က်င္းပတာကို မရရွိခဲ့တဲ့အျပင္ သူတို႔ရဲ႕ ေနာက္ဆုံးနာမည္ကိုလည္း ေျပာင္းလဲျခင္း မရွိခဲ့ေပ။
သူတို႔က ေဇာင္ခ်ီ အတြက္ အေရးပါပုံေပၚေနေသာ္လည္း ရႈယုရွန္း နဲ႕ ရႈရွင္း တို႔က သူ႕စံသတ္မွတ္ခ်က္ကို မဝင္တာေၾကာင့္ ပုံမွန္ပင္ သူတို႔နာမည္ကို မေျပာင္းနိုင္ခဲ့ေပ။
ထိုအခ်ိန္တြင္ ေဇာင္ခ်ီ က ဟုန္ခ်န္းမင္း နဲ႕ လီဂ်င္းယြမ္ တို႔ထဲက တစ္ေယာက္က သူ႕ကေလး ျဖစ္လာဖို႔ကိုေတာင္ ေမွ်ာ္လင့္ထားခဲ့သည္။
ဟိုက္ၿမိဳ႕ေတာ္တြင္ ေဇာင္ယုဟြမ္ ရဲ႕ေမြးေန႕ပြဲေၾကာင့္ အထက္တန္းက တစ္ဝက္ေလာက္က လာေရာက္ၾကၿပီး လက္ေဆာင္ေတြ ေပးၾကကာ ေဇာင္အိမ္ေတာ္ကို ေလးစားမႈ မ်ားစြာကို ေပးခဲ့သည္။
မၾကာခင္တြင္ ေဇာင္ယုဟြမ္ ကသူမ ညေနခင္း ဝတ္စုံျဖင့္ ေလွ်ာက္ထြက္လာၿပီး တျခားလူေတြ စကားေျပာေနတာကို ၾကားလိုက္ရသည္။
“သခင္မက သမီးနဲ႕ မိန္းကေလး တစ္ေယာက္က ကေလးေတြက ကြာျခားမႈပဲ”
“ဟုတ္တယ္၊ ဒါက ဖီးနစ္နဲ႕ ဝံပုေလြၾကားက ကြာျခားမႈပဲ။ မင္းက သူတို႔ကို ေမြးေန႕ပြဲတစ္ခု လုပ္ေပးရင္ေတာင္ သူတို႔က သူတို႔ကိုယ္သူတို႔ အရွက္မရဘူးလို႔ ေျပာနိုင္မလား?” ေဇာင္ယုဟြမ္ ကၾကားလိုက္သည့္အတြက္ ခန္းမရဲ႕အဆုံးကို ေမာ့ၾကည့္လိုက္သည္။
ရႈယုရွန္း ကခန္းမ အဆုံးတြင္ မတ္တပ္ရပ္ေနၿပီး သူမကလည္း ထိုစကားေတြကို ၾကားလိုက္ရတာ သိသာသည္။ သူမမ်က္ႏွာက ခ်က္ခ်င္းပင္ မဲေမွာင္သြားၿပီး သူမကို မုန္းတီးေနသည့္ အၾကည့္ေတြကို မဖုံးကြယ္ထားနိုင္ေပ။
တဖက္တြင္ ေဇာင္ယုဟြမ္ ကခံစားခ်က္ ေကာင္းစြာျဖင့္ ႏွေးေကြးစြာ ေလွ်ာက္လိုက္သည္။ ဟုန္ခ်န္းမင္း နဲ႕ လီဂ်င္းယြမ္ တို႔က အျပင္ဘက္တြင္ ေစာင့္ေနခဲ့ၾကသည္။ သူတို႔က ဝတ္ဆုံအျပည့္ တစ္ေယာက္က အျဖဴနဲ႕ ေနာက္တစ္ေယာက္ကေတာ့ အနက္ကို ဝတ္ဆင္ထားၾကသည္။
သူတို႔ႏွစ္ေယာက္က အျဖဴနဲ႕ အနက္ သူရဲေကာင္းေတြနဲ႕ တူေနသည္။ လူမႈဖူလုံေရး ေအဂ်င္စီမွ ကေလးႏွစ္ေယာက္က တျဖည္းျဖည္းနဲ႕ လူငယ္ေလးအျဖစ္ ႀကီးျပင္းလာခဲ့ၿပီး သူတို႔ခႏၶာကိုယ္ကလည္း အခုေတာ့ ဝတ္စုံကို ကြက္တိျဖစ္ေနခဲ့သည္။
သူတို႔က ပိုပိုၿပီး ၾကည့္ေကာင္းလာၾကသည္။ သူတို႔ လက္ရွိအသက္အ႐ြယ္တြင္ အျဖဴေရာင္ တီရွပ္နဲ႕ အျဖဴေရာင္ အကၤ်ီေတြက သူတို႔အတြက္ အေကာင္းဆုံး ေ႐ြးခ်ယ္မႈျဖစ္သည္။
အလယ္တြင္ ရပ္ေနၿပီး သူတို႔ႏွစ္ေယာက္လုံးက အေတာ္ေလးကို ေခ်ာေမာေနၾကသည္။ အသံက ေျပာင္းလဲေနသည့္ ကာလကို ေရာက္ေနတာေတာင္ လီဂ်င္းယြမ္ ကအသံနိမ့္ေလးနဲ႕ ႏူးညံ့စြာ ေျပာလိုက္သည္။
“ဟြမ္ဟြမ္ ဒီေန႕ အရမ္းလွေနတယ္” တဖက္တြင္ ဟုန္ခ်န္းမင္း ကဘာမွ မေျပာေပ။
သူ႕အသံေျပာင္းလာကတည္းက စကားေျပာတာက နည္းပါးလာၿပီး ေဇာင္ယုဟြမ္ အေရွ႕တြင္ စကားေျပာရမွာကို ရွက္႐ြံ႕ေနခဲ့သည္။ ေဇာင္ယုဟြမ္ ကသူမလက္ကို ထုတ္လိုက္သည္။
သူမရဲ႕ ဆိုလိုခ်က္ကို နားလည္လိုက္ၿပီး လီဂ်င္းယြမ္ နဲ႕ ဟုန္ခ်န္းမင္း တို႔ႏွစ္ေယာက္လုံးက တစ္ခ်ိန္တည္း လက္ထုတ္လိုက္ၿပီး သူမရဲ႕ လက္ေတြကို ကိုင္လိုက္ၾကသည္။
“ငါ့ဖိနပ္ အျမင့္စီးထားတယ္၊ လဲမက်ခ်င္ဘူး” ေဇာင္ယုဟြမ္ ကေျပာလိုက္ၿပီး သူမေျခေထာက္ကို သူတို႔ကို ျပလိုက္သည္။ သူမက ဇာဖိနပ္ကို စီးထားၿပီး ဇာရဲ႕ေအာက္တြင္ ႏွင္းလိုျဖဴေနသည့္ သူမအသားအရည္ကို ေတြ႕နိုင္သည္။
သူတို႔က ဖိနပ္ရဲ႕ အျမင့္ကို မျမင္ၾကေပမဲ့ သူမရဲ႕ ေျခေခ်ာင္းေတြကို သတိထားမိသြားၾကသည္။ သူမရဲ႕ေျခသည္းေတြက ေကာင္းမြန္စြာ ျပင္ဆင္ထားၿပီး ပန္းေရာင္ အနည္းငယ္သန္းေနၿပီး သူတို႔က အေတာ္ေလးကို ၾကည့္ေကာင္းသည္။
“မင္းတို႔ ျမင္လား?” ေဇာင္ယုဟြမ္ ေမးလိုက္သည္။ သူတို႔ထဲက တစ္ေယာက္မွ မျမင္ၾကေပမဲ့ သူတို႔က ေခါင္းညိတ္လိုက္ၾကသည္။ ဟုန္ခ်င္းမင္း ကသူမလက္ကို ကိုင္ထားတာကေန သူမလက္ေမာင္း တစ္ခုလုံးကို ကိုင္လိုက္ၿပီး ေနာက္ဆုံးေတာ့ ေျပာလိုက္သည္။
“မလဲဘူး” ေဇာင္ယုဟြမ္ ကေခါင္းကိုေစာင္းလိုက္ၿပီး သူ႕ကို ၿပဳံးျပလိုက္သည္။
“ေက်းဇူးတင္ပါတယ္၊ ကိုကိုခ်န္းမင္း” သူတို႔ စကားေျပေနရင္း ခန္းမထဲကို ေရာက္လာခဲ့ၾကသည္။ ေဇာင္ယုဟြမ္ ေရာက္လာသည္ႏွင့္ လူတိုင္းရဲ႕ အာ႐ုံကို ဆြဲေဆာင္သြားခဲ့သည္။
ရႈယုရွန္း က ေဇာင္ယုဟြမ္ ဝင္ၿပီးေနာက္ ခ်က္ခ်င္းဝင္လိုက္ေပမဲ့ သူမကို နည္းနည္းသာ သတိထားမိၾကသည္။ ရႈယုရွန္း က ေဇာင္ခ်ီ ကသူမကို တရားဝင္ မလုပ္ေပးသမွ် သူတို႔က ဒီစက္ဝိုင္းထဲမွာပဲ လည္ပတ္ေနမယ္လို႔ သူမဘာသာ သတိေပးလိုက္သည္။
ဒါေၾကာင့္ သူတို႔က ေဇာင္အိမ္ေတာ္ကို ေျပာင္းလာခဲ့ရင္ ဘာျဖစ္မလဲ?
မနာလိုစြာျဖင့္ ရႈယုရွန္း ကသူမသူရဲေကာင္းေတြနဲ႕ မတ္တပ္ရပ္ေနသည့္ ေဇာင္ယုဟြမ္ ကိုၾကည့္လိုက္သည္။ သူမေခါင္းကို လွည့္လိုက္သည္ႏွင့္ သူမေမာင္ေလးက ပုံမွန္အဝတ္နဲ႕ ျမင္လိုက္ရသည္။ သူ႕မ်က္ႏွာက မဲေမွာင္ေနၿပီး အမူအရာမဲ့ေနသည္။
သူမကို ပိုၿပီးေတာင္ စိတ္ပ်က္သြားေစခဲ့သည္။ ေဇာင္ယုဟြမ္ ကသူတို႔ကို သင္ၾကားေပးခဲ့တာေၾကာင့္ ေကာင္းမြန္စြာ တည္ရွိေနေပမဲ့ သူမေမာင္ေလး သူကေကာ? သူက အေဖ့ရဲ႕ သားအရင္းပဲေလ!
ေဇာင္ခ်ီ ကသူ႕ကို အခ်ိန္တိုင္းတြင္ သင္ၾကားေပးခဲ့တာက သူ႕ကို ယုံၾကည္မႈပိုရွိေစဖို႔နဲ႕ ဒီစက္ဝိုင္းထဲတြင္ ေရာႏွောေနလိုစိတ္ နည္းပါးလာေစရန္ ဆိုတာေတာ့ သူမ မသိခဲ့ေပ။
ပုံမွန္အတိုင္းပင္ သူက ေထာင့္တစ္ေထာင့္တြင္ ရပ္ေနခဲ့တာက သူ႕ပုံစံကို ပိုေတာင္ ဆိုး႐ြားေစခဲ့သည္။ ဒါက ေဇာင္ယုဟြမ္ အတြက္ ရွားပါးသည့္ ေမြးေန႕ပြဲျဖစ္သည္။ အရင္ဆုံး ဒုတိယမ်ိဳးဆက္ ခ်မ္းသာသည့္ ကေလးေတြက သူမနဲ႕ ရင္းႏွီးၾကၿပီး သူတို႔ရဲ႕ လက္ေဆာင္ေတြကို ေပးၾကေလသည္။
ထို႔ေနာက္ အသက္အ႐ြယ္ႀကီးသည့္ ဧည့္သည္ေတြနဲ႕ သူတို႔အမ်ားစုကေတာ့ ေဇာင္/ဒင္ ရဲ႕စီးပြားေရး မိတ္ဖက္ေတြ ျဖစ္ၾကသည္။ အဖိုးဒင္ က ေဇာင္ခ်ီ ကိုစိတ္ပ်က္ခဲ့တာေၾကာင့္ သူက မလာခဲ့ေပမဲ့ ေဇာင္ယုဟြမ္ ကဒါေတြ အားလုံးကို စီစဥ္ထားခဲ့သည္။
သူမက ေမြးေန႕ပြဲ ၿပီးသြားရင္ ယြဲ႕လန္အိမ္ေတာ္ကို သြားဖို႔ လုပ္ထားခဲ့သည္။ ပြဲေတာ္က ဆူညံေနခ်ိန္တြင္ လန္ဂ်င္းဇီ ကထြက္လာခဲ့သည္။ ဒင္႐ူ႐ြယ္ ေသဆုံးၿပီး လန္ဂ်င္းဇီ ကေဇာင္နဲ႕ အဆက္အသြယ္ မလုပ္ကတည္းက ဒင္နဲ႕ ေဇာင္ၾကားက ဆက္ဆံေရးက ဆိုး႐ြားေနခဲ့တာကို လူတိုင္းသိခဲ့ၾကတာေၾကာင့္ ဒီေန႕တြင္ သူလာမယ္လို႔ ဘယ္သူမွ မေမွ်ာ္လင့္ထားေပ။
လန္ဂ်င္းဇီ အေနာက္တြင္ သူ႕အတြင္းေရးမႈက လက္ထဲတြင္ လက္ဆြဲအိတ္ကို သယ္ထားရင္း လိုက္လာခဲ့သည္။ လန္ဂ်င္းဇီ ကစီးပြားေရး ခရီးစဥ္တစ္ခုကေန လာခဲ့ေၾကာင္းကို လူတိုင္းသိနိုင္သည္။
လန္ဂ်င္းဇီ ကသူ႕ဝမ္းကြဲနဲ႕ ရင္းႏွီးေၾကာင္းကို သူတို႔ တစ္ခါမွ မၾကားဖူးေၾကာင္း ေရ႐ြတ္လိုက္ၾကသည္။ သို႔ေသာ္ သူတို႔ သိသိ မသိသိ အမွန္တရားကေတာ့ လန္ဂ်င္းဇီ ကဒီေန႕ပြဲတြင္ လာေရာက္ခဲ့သည္။
လူတိုင္းက ေဇာင္ခ်ီ ကိုၾကည့္လိုက္ၾကၿပီး သူ႕မ်က္ႏွာက အနည္းငယ္ မဲေမွာင္ေနတာကို ျမင္လိုက္ၿပီး လန္ဂ်င္းဇီ က ေဇာင္ယုဟြမ္ အတြက္လာတာျဖစ္ၿပီး ေဇာင္ခ်ီ အတြက္ မဟုတ္ေၾကာင္း နားလည္လိုက္ၾကသည္။
လန္ဂ်င္းဇီ ကသူ႕လက္ထဲတြင္ လက္ေဆာင္ တစ္ခုရွိသည္။ ဖြင့္လိုက္ၿပီး စိန္သရဖူကို ထုတ္လိုက္ၿပီး ေဇာင္ယုဟြမ္ ကိုဆင္ေပးလိုက္သည္။
“လက္ေဆာင္” သူေျပာလိုက္သည္။ လန္ဂ်င္းဇီ ကသူမအတြက္ လက္ေဆာင္ဝယ္ဖို႔ ခရီးသြားမယ္လို႔ ေဇာင္ယုဟြမ္ မသိခဲ့တာေၾကာင့္ သူမ အေတာ္လး ေပ်ာ္႐ႊင္ေနခဲ့သည္။
“ေက်းဇူးတင္ပါတယ္၊ အစ္ကို” ေဇာင္ယုဟြမ္ ကေျပာလိုက္ၿပီး သူမလက္ကို ျမႇောက္လိုက္ကာ သရဖူကို ထိလိုက္သည္။
“အစ္ကို ဘာေၾကာင့္ အရင္ဆုံး သြားမနားတာလဲ? ဒီည ယြဲ႕လန္အိမ္ေတာ္မွာ ညစာအတြက္ လာမလား?” ေဇာင္ယုဟြမ္ ကခ်က္ခ်င္းပင္ ေမးလိုက္သည္။
လန္ဂ်င္းဇီ ကအေတာ္ေလး ပင္ပန္းေနတာေၾကာင့္ ေခါင္းညိတ္လိုက္သည္။ တျခားသူေတြကို ႏႈတ္ဆက္ျခင္း မရွိပဲ ထြက္သြားေလသည္။ ပုံမွန္အတိုင္းပင္ သူက ထြက္သြားၿပီးေနာက္ လူတိုင္းက လာၾကၿပီး ေဇာင္ယုဟြမ္ ကိုေကာင္းသည့္ အရာေတြ ေမးၾကေလသည္။
ပြဲေတာ္က မြန္းလြဲပိုင္းအထိ ျဖစ္ခဲ့သည္။ ေဇာင္ယုဟြမ္ ကလက္ေဆာင္ အမ်ားအျပားကို ရရွိခဲ့သည္။ သူမက ခ်က္ခ်င္းပင္ အတြင္းေရးမႉးခ်န္း ကိုဖုန္းေခၚလိုက္ၿပီး သူတို႔အား လာေခၚေပးဖို႔ အကူအညီေတာင္းလိုက္သည္။
တနည္းျဖင့္ သူတို႔သြားတာနဲ႕ သူတို႔အားလုံး သြားမယ္လို႔ ဘယ္သူခန႔္မွန္းနိုင္မွာလဲ? ရႈယုရွန္း ရဲ႕နည္းလမ္းျဖင့္ သူတို႔အားလုံးကို ယူေဆာင္လိုက္မည္။
ေဇာင္ခ်ီ ကမိသားစုအတြက္ ပြဲေတာ္တစ္ခုကို ဟိုတယ္တြင္ ျပင္ဆင္ခဲ့သည္။ ေဇာင္ယုဟြမ္ ကထြက္လိုက္ၿပီး သူမဘာသာ ထူးျခားေအာင္ ျပဳလုပ္လိုက္သည္။ ဒါက ေဇာင္ခ်ီ ကိုခံစားခ်က္ ေကာင္းမြန္သြားေစသည္။ အဆုံးမွာေတာ့ သူမက သူ႕သမီးပဲ။
သူမက အျပဳအမူ ေကာင္းေကာင္း လုပ္ေဆာင္လာရင္ သူကလည္း သူမကို ျပန္ေကာင္းေပးမည္။ ဒီေန႕တြင္ ေဇာင္ခ်ီ ကနည္းနည္း ပိုေသာက္ခဲ့တာေၾကာင့္ ရႈယုေဟြ႕ ကသူ႕ကို အနားယူဖို႔ ကူညီေပးခဲ့ရသည္။
မၾကာခင္တြင္ ရႈရွင္း၊ ရႈယုရွန္း၊ ဟုန္ခ်န္းမင္း၊ လီဂ်င္းယြမ္ နဲ႕ ေဇာင္ယုဟြမ္ တို႔ရွိသည့္ စားပြဲသာ က်န္ေနခဲ့သည္။ ရႈရွင္း ကသူ႕ေခါင္းကို တိတ္ဆိတ္စြာသာ ဆက္ငုံ႕ေနခဲ့သည္။ ေဇာင္ယုဟြမ္ ကသူ႕အတြက္ စိတ္မေကာင္းသလိုေတာင္ စတင္ခံစားလာခဲ့ရသည္။
ရႈယုေဟြ႕ ကသူ႕ကို 13th အထက္တန္းေက်ာင္းတြင္ ထပ္မတက္ေစခ်င္တာေၾကာင့္ ေဇာင္ခ်ီ ကသူ႕ကို Murphy အထက္တန္းေက်ာင္းကို ေျပာင္းေ႐ႊ႕ခဲ့ေပမဲ့ ရႈရွင္း ကဒီေနရာနဲ႕ ေနသားမက်ေပ။
သူငယ္ခ်င္းေတြကို စိတ္ထဲမထားပဲ တျခားကေလးေတြနဲ႕ ရန္မျဖစ္ရတာကိုက သူ႕အတြက္ ကံေကာင္းျခင္းလို႔ သတ္မွတ္ထားသည္။ ရႈရွင္း ကေက်ာင္းတြင္ ပိုၿပီး မေပ်ာ္မ႐ႊင္ ျဖစ္လာေပမဲ့ ရႈယုေဟြ႕ ကေတာ့ သူ႕ကို 13th အထက္တန္းေက်ာင္းကို ေျပာင္းဖို႔ကို ျငင္းဆန္ခဲ့သည္။
ေဇာင္ခ်ီ ကလည္း သူ႕ကိုယ္ပိုင္ျပႆနာနဲ႕ အံဝင္ခြင္က်ျခင္း မရွိေၾကာင္းကို ခံစားမိခဲ့သည္။ သူ႕ကိုယ္ပိုင္အသိက သူ႕မိဘနဲ႕ သူ႕အစ္ကို ဖ်က္စီးပစ္ဖို႔ပင္ျဖစ္သည္။ ေဇာင္ယုဟြမ္ ကၾကည့္လိုက္ၿပီး သက္ျပင္းခ်လိဳက္သည္။ ရႈယုရွန္း က ေဇာင္ယုဟြမ္ ကိုခ်ီးျမႇောက္လိုက္သည္။
“မင္းအတြက္ ေနာက္လာမဲ့ ကံေကာင္းျခင္းေတြအတြက္ ဂုဏ္ယူပါတယ္” သူမက ရပ္တန႔္လိုက္ၿပီးေနာက္ သူမႏႈတ္ခမ္းေထာင့္ကို ေကြးလိုက္ၿပီး ေျပာလိုက္သည္။
“ငါ့ရဲ႕ေစ့စပ္ပြဲ အခမ္းအနားကို လြဲသြားက ဆိုးတာပဲ” ေဇာင္ယုဟြမ္ ကသူမမ်က္ခုံးေတြကို ပင့္လိုက္သည္။ ဘယ္သူက ကံမေကာင္းတဲ့ လူလဲလို႔ သူမဘာသာ ေတြးလိုက္သည္။ ရႈယုရွန္း ကရွက္႐ြံ႕စြာ ၿပဳံးလိုက္ၿပီး ေျပာလိုက္သည္။
“နန္ရႈရန္ သူက သခင္ေလးနန္ ရဲ႕ဝမ္းကြဲပဲ။ အနာဂတ္မွာ မင္းရဲ႕ေစ့စပ္ပြဲအတိုင္း သခင္ေလးနန္နဲ႕ လက္ထပ္ခဲ့ရင္း မင္းက ငါနဲ႕ လင္ညီအစ္မေတြ ျဖစ္လာလိမ့္မယ္”
ေဇာင္ယုဟြမ္ က နန္ရႈရန္ နဲ႕ပတ္သက္ၿပီး စိတ္မဝင္စားသလို လူတိုင္းက သူ႕အေၾကာင္း ဘာေျပာလဲဆိုတာလည္း စိတ္မဝင္စားေပ။ ဒီလူက ဒုတိယမ်ိဳးဆက္ ခ်မ္းသာတဲ့ ကေလးေတြၾကားမွာ သတိထားၿပီး ေျပာရမဲ့အေၾကာင္း မရွိတာကို ဆိုလိုသည္။ ေဇာင္ယုဟြမ္ ကလည္း ၿပဳံးလိုက္သည္။
“အို၊ အိုေက။ ဒါဆို မင္းအတြက္ ကံေကာင္းဖို႔ ဆႏၵျပဳပါတယ္။ မင္းရဲ႕ခ်စ္ျခင္းက ထာဝရအဆုံးထိ တည္ၿမဲပါေစ” ရႈယုရွန္း ဆီမွအနည္းငယ္ ႂကြားဝါခ်င္သည့္ ဆႏၵွရွိသည္။
ေဇာင္ယုဟြမ္ လိုငယ္႐ြယ္သည့္ မိန္းကေလးေတြက လက္ထပ္ပြဲအတြက္ ေတြးေတာၾကသည္။ ေဇာင္ယုဟြမ္ ကဘာကို မလိုခ်င္လဲဆိုတာကို သူမတကယ္ပဲ တိတိက်က် မသိေပ။
အခုေတာ့ ေဇာင္ယုဟြမ္ ေျပာလိုက္တာကို ၾကားလိုက္ၿပီး ရႈယုရွန္း ႐ုတ္တရက္ႀကီး အနည္းငယ္ ထိတ္လန႔္သြားသလို ခံစားလိုက္ရသည္။ ဒါေပမဲ့ ဘာေၾကာင့္လဲ?
ရႈယုရွန္း အံႀကိတ္လိုက္သည္။ ဒါက ႂကြက္စုတ္ေလးဆီက အၿပဳံးတစ္ခုေၾကာင့္ပဲ…..
ေဇာင္ယုဟြမ္ ကသူမလက္ထဲက ဝိုင္ခြက္ကို ခ်လိဳက္ၿပီး ဟုန္ခ်န္းမင္း နဲ႕ လီဂ်င္းယြမ္ တို႔ကိုေျပာလိုက္သည္။
“သြားရေအာင္” ထို႔ေနာက္ သူမက ရႈယုရွန္း ကိုထပ္မၾကည့္ေတာ့ပဲ ေလွ်ာက္သြားေလသည္။ ရႈယုရွန္း ကတကယ္ပဲ လက္ထပ္ၿပီး သူမကိစၥကိုသာ စိတ္ထဲထားခဲ့ရင္ သူမခ်ထားခဲ့တဲ့ မိုင္းကို ေရွာင္နိုင္လိမ့္မည္။
လက္ထပ္ၿပီးေနာက္မွာ သူမက တျခားအႀကံအစဥ္ေတြ ရွိလာခဲ့ရင္ ေကာင္းၿပီ ဒါက သူမဘာသာ ေတာင္းဆိုတာပဲ။
ဟိုတယ္က ထြက္လာၿပီးေနာက္ သူတို႔သုံးေယာက္က ယြဲ႕လန္ အိမ္ေတာ္ကို ဦးတည္လိုက္ၾကသည္။ အဖိုးဒင္နဲ႕ ညစာစားၿပီး သူမေမြးေန႕ကိတ္ကို ခြဲၿပီးေနာက္ ေဇာင္ယုဟြမ္ ကပင္ပန္းသလို ခံစားလာရသည္။
ေဇာင္ယုဟြမ္ ကအိမ္ေတာ္အျပင္ကို ေလွ်ာက္သြားၿပီး အေရွ႕ဘက္ တံခါးတြင္ သက္ျပင္းခ်လိဳက္သည္။ လီဂ်င္းယြမ္ ကခ်က္ခ်င္း ေမးလိုက္သည္။
“ဘာျဖစ္လို႔လဲ?” တဖက္တြင္ ဟုန္ခ်န္းမင္း ကသူမအေရွ႕တြင္ ထိုင္ခ်လိဳက္ၿပီး ေျပာလိုက္သည္။
“ငါသယ္သြားေပးမယ္”
“ငါ့ကို သယ္သြားၿပီး အိမ္ျပန္ဖို႔ လမ္းေလွ်ာက္သြားမွာလား?” ေဇာင္ယုဟြမ္ ရယ္လိုက္သည္။
“အရင္ဆုံး ကားရွိတဲ့အထိ အိမ္ေတာ္အျပင္ကို သယ္သြားေပးမယ္” ဟုန္ခ်န္းမင္း ေျပာလိုက္သည္။
အသံေျပာင္းေနတဲ့အခ်ိန္ လူငယ္ေလး တစ္ေယာက္ရဲ႕ အသံက သာယာဖြယ္ မေကာင္းေပ။ ေဇာင္ယုဟြမ္ ကသူ႕ေက်ာေပၚကို ခ်က္ခ်င္း တက္လိုက္ၿပီး သူမလက္ကိုေတာင္ ထုတ္လိုက္ၿပီး သူ႕အာဒန္ပန္းသီးကို ထိလိုက္ၿပီး ေျပာလိုက္သည္။
“မၾကာခင္ အသံက ေျပာင္းသြားလိမ့္မယ္။ ကိုကိုခ်န္းမင္း စကားပိုေျပာသင့္တယ္” ဟုန္ခ်န္းမင္း ကေခါင္းညိတ္လိုက္ၿပီး သူမေျပာတဲ့ အေၾကာင္းကို ေတြးလိုက္ကာ ေျပာလိုက္သည္။
“အင္း” သူတို႔ေဘးက ေလွ်ာက္ေနရင္း လီဂ်င္းယြမ္ ကေျပာလိုက္သည္။
“ဟုန္ခ်န္းမင္း မင္းပင္ပန္းေနရင္ ဟြမ္ဟြမ့္ ကိုငါသယ္ေပးမယ္”
“ငါမပင္ပန္းဘူး” ဟုန္ခ်န္းမင္း ကရိုးရွင္းစြာ ေျပာလိုက္သည္။
လီဂ်င္းယြမ္ – “……”
ေဇာင္ယုဟြမ္ က ဟုန္ခ်န္းမင္း ရဲ႕ေက်ာကို ကန္လိုက္ၿပီး ေျပာလိုက္သည္။
“KIA!”
ဟုန္ခ်န္းမင္း နားေတြက နီရဲသြားသည္။ နာခံစြာျဖင့္ လီဂ်င္းယြမ္ ကိုအေနာက္တြင္ ထားခဲ့ၿပီး ေျပးလိုက္သည္။
18.06.2020 (Thur)
………………………
<Unicode>
ဇောင်ယုဟွမ် ရဲ့ ၁၄ နှစ်ပြည့်မွေးနေ့
အမှန်အတိုင်း ပြောရရင် သူတို့သာ နိုင်ငံခြားကို သွားချင်ပါက သူတို့ ကြိုက်တဲ့အချိန် သွားနိုင်သည်။ သို့သော် ဇောင်ယုဟွမ် ရဲ့ရည်ရွယ်ချက်က နိုင်ငံခြားသွားဖို့ မဟုတ်ပေ။ ဒါက ဇောင်ကနေ ထွက်သွားပြီး စစ်မှန်တဲ့ စွမ်းရည်တွေ ရလာဖို့ဖြစ်သည်။
စွမ်းရည်တစ်ခုက အနာဂတ်မှာ သူမအား လွတ်လပ်ခွင့် ပေးလိမ့်မည်။ ဒါကြောင့် ပြင်ဆင်မှုတွေ အများကြီး ပြုလုပ်ထားဖို့ လိုအပ်သည်။ ဒီပြင်ဆင်မှုက ခြောက်လလောက် ကြာလိမ့်မည်။ ဒီနေ့က ဇောင်ယုဟွမ် ရဲ့ ၁၄ နှစ်ပြည့်ပဲ။
မှန်အရှေ့တွင် မတ်တပ်ရပ်နေရင်း အခုတော့ သူမက တကယ်ပဲ ငယ်ရွယ်သည့် အမျိုးသမီးလေး ဖြစ်နေခဲ့သည်။ ဇောင်ချီ ကသူမသည် မကြာခင် ထွက်သွားတော့မှာကို သိပြီး အနည်းဆုံးတော့ ရှေ့တန်းတင်ပေးဖို့ လိုအပ်တာကြောင့် သူမအတွက် မွေးနေ့ပွဲ ကျင်းပပေးခဲ့သည်။
ရှုယုရှန်း နဲ့ ရှုရှင်း တို့က ဇောင်အိမ်တော်ကို ရောက်လာကတည်းက သူတို့အတွက် ပွဲတော်ကျင်းပတာကို မရရှိခဲ့တဲ့အပြင် သူတို့ရဲ့ နောက်ဆုံးနာမည်ကိုလည်း ပြောင်းလဲခြင်း မရှိခဲ့ပေ။
သူတို့က ဇောင်ချီ အတွက် အရေးပါပုံပေါ်နေသော်လည်း ရှုယုရှန်း နဲ့ ရှုရှင်း တို့က သူ့စံသတ်မှတ်ချက်ကို မဝင်တာကြောင့် ပုံမှန်ပင် သူတို့နာမည်ကို မပြောင်းနိုင်ခဲ့ပေ။
ထိုအချိန်တွင် ဇောင်ချီ က ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့ထဲက တစ်ယောက်က သူ့ကလေး ဖြစ်လာဖို့ကိုတောင် မျှော်လင့်ထားခဲ့သည်။
ဟိုက်မြို့တော်တွင် ဇောင်ယုဟွမ် ရဲ့မွေးနေ့ပွဲကြောင့် အထက်တန်းက တစ်ဝက်လောက်က လာရောက်ကြပြီး လက်ဆောင်တွေ ပေးကြကာ ဇောင်အိမ်တော်ကို လေးစားမှု မ်ားစြာကို ပေးခဲ့သည်။
မကြာခင်တွင် ဇောင်ယုဟွမ် ကသူမ ညနေခင်း ဝတ်စုံဖြင့် လျှောက်ထွက်လာပြီး တခြားလူတွေ စကားပြောနေတာကို ကြားလိုက်ရသည်။
“သခင်မက သမီးနဲ့ မိန်းကလေး တစ်ယောက်က ကလေးတွေက ကွာခြားမှုပဲ”
“ဟုတ်တယ်၊ ဒါက ဖီးနစ်နဲ့ ဝံပုလွေကြားက ကွာခြားမှုပဲ။ မင်းက သူတို့ကို မွေးနေ့ပွဲတစ်ခု လုပ်ပေးရင်တောင် သူတို့က သူတို့ကိုယ်သူတို့ အရှက်မရဘူးလို့ ပြောနိုင်မလား?” ဇောင်ယုဟွမ် ကကြားလိုက်သည့်အတွက် ခန်းမရဲ့အဆုံးကို မော့ကြည့်လိုက်သည်။
ရှုယုရှန်း ကခန်းမ အဆုံးတွင် မတ်တပ်ရပ်နေပြီး သူမကလည်း ထိုစကားတွေကို ကြားလိုက်ရတာ သိသာသည်။ သူမမျက်နှာက ချက်ချင်းပင် မဲမှောင်သွားပြီး သူမကို မုန်းတီးနေသည့် အကြည့်တွေကို မဖုံးကွယ်ထားနိုင်ပေ။
တဖက်တွင် ဇောင်ယုဟွမ် ကခံစားချက် ကောင်းစွာဖြင့် နှေးကွေးစွာ လျှောက်လိုက်သည်။ ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့က အပြင်ဘက်တွင် စောင့်နေခဲ့ကြသည်။ သူတို့က ဝတ်ဆုံအပြည့် တစ်ယောက်က အဖြူနဲ့ နောက်တစ်ယောက်ကတော့ အနက္ကို ဝတ်ဆင်ထားကြသည်။
သူတို့နှစ်ယောက်က အဖြူနဲ့ အနက် သူရဲကောင်းတွေနဲ့ တူနေသည်။ လူမှုဖူလုံရေး အေဂျင်စီမှ ကလေးနှစ်ယောက်က တဖြည်းဖြည်းနဲ့ လူငယ်လေးအဖြစ် ကြီးပြင်းလာခဲ့ပြီး သူတို့ခန္ဓာကိုယ်ကလည်း အခုတော့ ဝတ္စုံကို ကွက်တိဖြစ်နေခဲ့သည်။
သူတို့က ပိုပိုပြီး ကြည့်ကောင်းလာကြသည်။ သူတို့ လက်ရှိအသက်အရွယ်တွင် အဖြူရောင် တီရှပ်နဲ့ အဖြူရောင် အင်္ကျီတွေက သူတို့အတွက် အကောင်းဆုံး ရွေးချယ်မှုဖြစ်သည်။
အလယ်တွင် ရပ်နေပြီး သူတို့နှစ်ယောက်လုံးက အတော်လေးကို ချောမောနေကြသည်။ အသံက ပြောင်းလဲနေသည့် ကာလကို ရောက်နေတာတောင် လီဂျင်းယွမ် ကအသံနိမ့်လေးနဲ့ နူးညံ့စွာ ပြောလိုက်သည်။
“ဟွမ်ဟွမ် ဒီနေ့ အရမ်းလှနေတယ်” တဖက်တွင် ဟုန်ချန်းမင်း ကဘာမွ မပြောပေ။
သူ့အသံပြောင်းလာကတည်းက စကားပြောတာက နည်းပါးလာပြီး ဇောင်ယုဟွမ် အရှေ့တွင် စကားပြောရမှာကို ရှက်ရွံ့နေခဲ့သည်။ ဇောင်ယုဟွမ် ကသူမလက္ကို ထုတ်လိုက်သည်။
သူမရဲ့ ဆိုလိုခ်က္ကို နားလည်လိုက်ပြီး လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့နှစ်ယောက်လုံးက တစ်ချိန်တည်း လက်ထုတ်လိုက်ပြီး သူမရဲ့ လက်တွေကို ကိုင်လိုက်ကြသည်။
“ငါ့ဖိနပ် အမြင့်စီးထားတယ်၊ လဲမကျချင်ဘူး” ဇောင်ယုဟွမ် ကပြောလိုက်ပြီး သူမခြေထောက်ကို သူတို့ကို ပြလိုက်သည်။ သူမက ဇာဖိနပ္ကို စီးထားပြီး ဇာရဲ့အောက်တွင် နှင်းလိုဖြူနေသည့် သူမအသားအရည်ကို တွေ့နိုင်သည်။
သူတို့က ဖိနပ်ရဲ့ အမြင့်ကို မမြင်ကြပေမဲ့ သူမရဲ့ ခြေချောင်းတွေကို သတိထားမိသွားကြသည်။ သူမရဲ့ခြေသည်းတွေက ကောင်းမွန်စွာ ပြင်ဆင်ထားပြီး ပန်းရောင် အနည်းငယ်သန်းနေပြီး သူတို့က အတော်လေးကို ကြည့်ကောင်းသည်။
“မင်းတို့ မြင်လား?” ဇောင်ယုဟွမ် မေးလိုက်သည်။ သူတို့ထဲက တစ်ယောက်မှ မမြင်ကြပေမဲ့ သူတို့က ခေါင်းညိတ်လိုက်ကြသည်။ ဟုန်ချင်းမင်း ကသူမလက္ကို ကိုင်ထားတာကနေ သူမလက်မောင်း တစ္ခုလုံးကို ကိုင်လိုက်ပြီး နောက်ဆုံးတော့ ပြောလိုက်သည်။
“မလဲဘူး” ဇောင်ယုဟွမ် ကခေါင်းကိုစောင်းလိုက်ပြီး သူ့ကို ပြုံးပြလိုက်သည်။
“ကျေးဇူးတင်ပါတယ်၊ ကိုကိုချန်းမင်း” သူတို့ စကားပြေနေရင်း ခန်းမထဲကို ရောက်လာခဲ့ကြသည်။ ဇောင်ယုဟွမ် ရောက်လာသည်နှင့် လူတိုင်းရဲ့ အာရုံကို ဆွဲဆောင်သွားခဲ့သည်။
ရှုယုရှန်း က ဇောင်ယုဟွမ် ဝင်ပြီးနောက် ချက်ချင်းဝင်လိုက်ပေမဲ့ သူမကို နည်းနည်းသာ သတိထားမိကြသည်။ ရှုယုရှန်း က ဇောင်ချီ ကသူမကို တရားဝင် မလုပ်ပေးသမျှ သူတို့က ဒီစက်ဝိုင်းထဲမှာပဲ လည်ပတ်နေမယ်လို့ သူမဘာသာ သတိပေးလိုက်သည်။
ဒါကြောင့် သူတို့က ဇောင်အိမ်တော်ကို ပြောင်းလာခဲ့ရင် ဘာဖြစ်မလဲ?
မနာလိုစွာဖြင့် ရှုယုရှန်း ကသူမသူရဲကောင်းတွေနဲ့ မတ်တပ်ရပ်နေသည့် ဇောင်ယုဟွမ် ကိုကြည့်လိုက်သည်။ သူမခေါင်းကို လှည့်လိုက်သည်နှင့် သူမမောင်လေးက ပုံမှန်အဝတ်နဲ့ မြင်လိုက်ရသည်။ သူ့မျက်နှာက မဲမှောင်နေပြီး အမူအရာမဲ့နေသည်။
သူမကို ပိုပြီးတောင် စိတ်ပျက်သွားစေခဲ့သည်။ ဇောင်ယုဟွမ် ကသူတို့ကို သင်ကြားပေးခဲ့တာကြောင့် ကောင်းမွန်စွာ တည်ရှိနေပေမဲ့ သူမမောင်လေး သူကေကာ? သူက အဖေ့ရဲ့ သားအရင်းပဲလေ!
ဇောင်ချီ ကသူ့ကို အချိန်တိုင်းတွင် သင်ကြားပေးခဲ့တာက သူ့ကို ယုံကြည်မှုပိုရှိစေဖို့နဲ့ ဒီစက်ဝိုင်းထဲတွင် ရောနှောနေလိုစိတ် နည်းပါးလာစေရန် ဆိုတာတော့ သူမ မသိခဲ့ပေ။
ပုံမှန်အတိုင်းပင် သူက ထောင့်တစ်ထောင့်တွင် ရပ်နေခဲ့တာက သူ့ပုံစံကို ပိုတောင် ဆိုးရွားစေခဲ့သည်။ ဒါက ဇောင်ယုဟွမ် အတွက် ရှားပါးသည့် မွေးနေ့ပွဲဖြစ်သည်။ အရင်ဆုံး ဒုတိယမျိုးဆက် ချမ်းသာသည့် ကလေးတွေက သူမနဲ့ ရင်းနှီးကြပြီး သူတို့ရဲ့ လက်ဆောင်တွေကို ပေးကြလေသည်။
ထို့နောက် အသက်အရွယ်ကြီးသည့် ဧည့်သည်တွေနဲ့ သူတို့အများစုကတော့ ဇောင်/ဒင် ရဲ့စီးပွားရေး မိတ်ဖက်တွေ ဖြစ်ကြသည်။ အဖိုးဒင် က ဇောင်ချီ ကိုစိတ်ပျက်ခဲ့တာကြောင့် သူက မလာခဲ့ပေမဲ့ ဇောင်ယုဟွမ် ကဒါတွေ အားလုံးကို စီစဉ်ထားခဲ့သည်။
သူမက မွေးနေ့ပွဲ ပြီးသွားရင် ယွဲ့လန်အိမ်တော်ကို သွားဖို့ လုပ်ထားခဲ့သည်။ ပွဲတော်က ဆူညံနေချိန်တွင် လန်ဂျင်းဇီ ကထွက်လာခဲ့သည်။ ဒင်ရူရွယ် သေဆုံးပြီး လန်ဂျင်းဇီ ကဇောင်နဲ့ အဆက်အသွယ် မလုပ်ကတည်းက ဒင်နဲ့ ဇောင်ကြားက ဆက်ဆံရေးက ဆိုးရွားနေခဲ့တာကို လူတိုင်းသိခဲ့ကြတာကြောင့် ဒီနေ့တွင် သူလာမယ်လို့ ဘယ္သူမွ မမျှော်လင့်ထားပေ။
လန်ဂျင်းဇီ အနောက်တွင် သူ့အတွင်းရေးမှုက လက်ထဲတွင် လက္ဆြဲအိတ္ကို သယ်ထားရင်း လိုက်လာခဲ့သည်။ လန်ဂျင်းဇီ ကစီးပွားရေး ခရီးစဉ်တစ်ခုကနေ လာခဲ့ကြောင်းကို လူတိုင်းသိနိုင်သည်။
လန်ဂျင်းဇီ ကသူ့ဝမ်းကွဲနဲ့ ရင်းနှီးကြောင်းကို သူတို့ တစ်ခါမှ မကြားဖူးကြောင်း ရေရွတ်လိုက်ကြသည်။ သို့သော် သူတို့ သိသိ မသိသိ အမွန္တရားကေတာ့ လန်ဂျင်းဇီ ကဒီနေ့ပွဲတွင် လာရောက်ခဲ့သည်။
လူတိုင်းက ဇောင်ချီ ကိုကြည့်လိုက်ကြပြီး သူ့မျက်နှာက အနည်းငယ် မဲမှောင်နေတာကို မြင်လိုက်ပြီး လန်ဂျင်းဇီ က ဇောင်ယုဟွမ် အတွက်လာတာဖြစ်ပြီး ဇောင်ချီ အတွက် မဟုတ်ကြောင်း နားလည်လိုက်ကြသည်။
လန်ဂျင်းဇီ ကသူ့လက်ထဲတွင် လက်ဆောင် တစ်ခုရှိသည်။ ဖွင့်လိုက်ပြီး စိန္သရဖူကို ထုတ်လိုက်ပြီး ဇောင်ယုဟွမ် ကိုဆင်ပေးလိုက်သည်။
“လက်ဆောင်” သူပြောလိုက်သည်။ လန်ဂျင်းဇီ ကသူမအတွက် လက်ဆောင်ဝယ်ဖို့ ခရီးသွားမယ်လို့ ဇောင်ယုဟွမ် မသိခဲ့တာကြောင့် သူမ အတော်လး ပျော်ရွှင်နေခဲ့သည်။
“ကျေးဇူးတင်ပါတယ်၊ အစ္ကို” ဇောင်ယုဟွမ် ကပြောလိုက်ပြီး သူမလက္ကို မြှောက်လိုက်ကာ သရဖူကို ထိလိုက်သည်။
“အစ္ကို ဘာကြောင့် အရင်ဆုံး သြားမနားတာလဲ? ဒီည ယွဲ့လန်အိမ်တော်မှာ ညစာအတွက် လာမလား?” ဇောင်ယုဟွမ် ကချက်ချင်းပင် မေးလိုက်သည်။
လန်ဂျင်းဇီ ကအတော်လေး ပင်ပန်းနေတာကြောင့် ခေါင်းညိတ်လိုက်သည်။ တခြားသူတွေကို နှုတ်ဆက်ခြင်း မရွိပဲ ထွက်သွားလေသည်။ ပုံမှန်အတိုင်းပင် သူက ထွက်သွားပြီးနောက် လူတိုင်းက လာကြပြီး ဇောင်ယုဟွမ် ကိုကောင်းသည့် အရာတွေ မေးကြလေသည်။
ပွဲတော်က မွန်းလွဲပိုင်းအထိ ဖြစ်ခဲ့သည်။ ဇောင်ယုဟွမ် ကလက်ဆောင် အမ်ားအျပားကို ရရှိခဲ့သည်။ သူမက ချက်ချင်းပင် အတွင်းရေးမှူးချန်း ကိုဖုန်းခေါ်လိုက်ပြီး သူတို့အား လာခေါ်ပေးဖို့ အကူအညီတောင်းလိုက်သည်။
တနည်းဖြင့် သူတို့သွားတာနဲ့ သူတို့အားလုံး သွားမယ်လို့ ဘယ်သူခန့်မှန်းနိုင်မှာလဲ? ရှုယုရှန်း ရဲ့နည်းလမ်းဖြင့် သူတို့အားလုံးကို ယူဆောင်လိုက်မည်။
ဇောင်ချီ ကမိသားစုအတွက် ပွဲတော်တစ်ခုကို ဟိုတယ်တွင် ပြင်ဆင်ခဲ့သည်။ ဇောင်ယုဟွမ် ကထွက်လိုက်ပြီး သူမဘာသာ ထူးခြားအောင် ပြုလုပ်လိုက်သည်။ ဒါက ဇောင်ချီ ကိုခံစားချက် ကောင်းမွန်သွားစေသည်။ အဆုံးမှာတော့ သူမက သူ့သမီးပဲ။
သူမက အပြုအမူ ကောင်းကောင်း လုပ်ဆောင်လာရင် သူကလည်း သူမကို ပြန်ကောင်းပေးမည်။ ဒီနေ့တွင် ဇောင်ချီ ကနည်းနည်း ပိုသောက်ခဲ့တာကြောင့် ရှုယုဟွေ့ ကသူ့ကို အနားယူဖို့ ကူညီပေးခဲ့ရသည်။
မကြာခင်တွင် ရှုရှင်း၊ ရှုယုရှန်း၊ ဟုန်ချန်းမင်း၊ လီဂျင်းယွမ် နဲ့ ဇောင်ယုဟွမ် တို့ရှိသည့် စားပြဲသာ ကျန်နေခဲ့သည်။ ရှုရှင်း ကသူ့ခေါင်းကို တိတ္ဆိတ္စြာသာ ဆက်ငုံ့နေခဲ့သည်။ ဇောင်ယုဟွမ် ကသူ့အတွက် စိတ်မကောင်းသလိုတောင် စတင်ခံစားလာခဲ့ရသည်။
ရှုယုဟွေ့ ကသူ့ကို 13th အထက်တန်းကျောင်းတွင် ထပ်မတက်စေချင်တာကြောင့် ဇောင်ချီ ကသူ့ကို Murphy အထက်တန်းကျောင်းကို ပြောင်းရွှေ့ခဲ့ပေမဲ့ ရှုရှင်း ကဒီနေရာနဲ့ နေသားမကျပေ။
သူငယ်ချင်းတွေကို စိတ်ထဲမထားပဲ တခြားကလေးတွေနဲ့ ရန်မဖြစ်ရတာကိုက သူ့အတွက် ကံကောင်းခြင်းလို့ သတ်မှတ်ထားသည်။ ရှုရှင်း ကကျောင်းတွင် ပိုပြီး မပျော်မရွှင် ဖြစ်လာပေမဲ့ ရှုယုဟွေ့ ကေတာ့ သူ့ကို 13th အထက်တန်းကျောင်းကို ပြောင်းဖို့ကို ငြင်းဆန်ခဲ့သည်။
ဇောင်ချီ ကလည်း သူ့ကိုယ်ပိုင်ပြဿနာနဲ့ အံဝင်ခွင်ကျခြင်း မရှိကြောင်းကို ခံစားမိခဲ့သည်။ သူ့ကိုယ်ပိုင်အသိက သူ့မိဘနဲ့ သူ့အစ်ကို ဖျက်စီးပစ်ဖို့ပင်ဖြစ်သည်။ ဇောင်ယုဟွမ် ကကြည့်လိုက်ပြီး သက်ပြင်းချလိုက်သည်။ ရှုယုရှန်း က ဇောင်ယုဟွမ် ကိုချီးမြှောက်လိုက်သည်။
“မင်းအတွက် နောက်လာမဲ့ ကံကောင်းခြင်းတွေအတွက် ဂုဏ်ယူပါတယ်” သူမက ရပ်တန့်လိုက်ပြီးနောက် သူမနှုတ်ခမ်းထောင့်ကို ကွေးလိုက်ပြီး ပြောလိုက်သည်။
“ငါ့ရဲ့စေ့စပ်ပွဲ အခမ်းအနားကို လြဲသြားက ဆိုးတာပဲ” ဇောင်ယုဟွမ် ကသူမမျက်ခုံးတွေကို ပင့်လိုက်သည်။ ဘယ္သူက ကံမကောင်းတဲ့ လူလဲလို့ သူမဘာသာ တွေးလိုက်သည်။ ရှုယုရှန်း ကရှက်ရွံ့စွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။
“နန်ရှုရန် သူက သခင်လေးနန် ရဲ့ဝမ်းကွဲပဲ။ အနာဂတ်မှာ မင်းရဲ့စေ့စပ်ပွဲအတိုင်း သခင်လေးနန်နဲ့ လက်ထပ်ခဲ့ရင်း မင်းက ငါနဲ့ လင်ညီအစ်မတွေ ဖြစ်လာလိမ့်မယ်”
ဇောင်ယုဟွမ် က နန်ရှုရန် နဲ့ပတ်သက်ပြီး စိတ်မဝင်စားသလို လူတိုင်းက သူ့အကြောင်း ဘာပြောလဲဆိုတာလည်း စိတ်မဝင်စားပေ။ ဒီလူက ဒုတိယမျိုးဆက် ချမ်းသာတဲ့ ကလေးတွေကြားမှာ သတိထားပြီး ပြောရမဲ့အကြောင်း မရွိတာကို ဆိုလိုသည်။ ဇောင်ယုဟွမ် ကလည်း ပြုံးလိုက်သည်။
“အို၊ အိုကေ။ ဒါဆို မင်းအတွက် ကံကောင်းဖို့ ဆန္ဒပြုပါတယ်။ မင်းရဲ့ချစ်ခြင်းက ထာဝရအဆုံးထိ တည်မြဲပါစေ” ရှုယုရှန်း ဆီမှအနည်းငယ် ကြွားဝါချင်သည့် ဆန္ဒှရှိသည်။
ဇောင်ယုဟွမ် လိုငယ်ရွယ်သည့် မိန်းကလေးတွေက လက်ထပ်ပွဲအတွက် တွေးတောကြသည်။ ဇောင်ယုဟွမ် ကဘာကို မလိုချင်လဲဆိုတာကို သူမတကယ်ပဲ တိတိက်က် မသိပေ။
အခုတော့ ဇောင်ယုဟွမ် ပြောလိုက်တာကို ကြားလိုက်ပြီး ရှုယုရှန်း ရုတ်တရက်ကြီး အနည်းငယ် ထိတ်လန့်သွားသလို ခံစားလိုက်ရသည်။ ဒါပေမဲ့ ဘာကြောင့်လဲ?
ရှုယုရှန်း အံကြိတ်လိုက်သည်။ ဒါက ကြွက်စုတ်လေးဆီက အပြုံးတစ်ခုကြောင့်ပဲ…..
ဇောင်ယုဟွမ် ကသူမလက်ထဲက ဝိုင်ခွက်ကို ချလိုက်ပြီး ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့ကိုပြောလိုက်သည်။
“သွားရအောင်” ထို့နောက် သူမက ရှုယုရှန်း ကိုထပ်မကြည့်တော့ပဲ လျှောက်သွားလေသည်။ ရှုယုရှန်း ကတကယ်ပဲ လက်ထပ်ပြီး သူမကိစ္စကိုသာ စိတ်ထဲထားခဲ့ရင် သူမခ်ထားခဲ့တဲ့ မိုင်းကို ရှောင်နိုင်လိမ့်မည်။
လက်ထပ်ပြီးနောက်မှာ သူမက တခြားအကြံအစဉ်တွေ ရှိလာခဲ့ရင် ကောင်းပြီ ဒါက သူမဘာသာ တောင်းဆိုတာပဲ။
ဟိုတယ္က ထွက်လာပြီးနောက် သူတို့သုံးယောက်က ယွဲ့လန် အိမ်တော်ကို ဦးတည်လိုက်ကြသည်။ အဖိုးဒင်နဲ့ ညစာစားပြီး သူမမွေးနေ့ကိတ်ကို ခွဲပြီးနောက် ဇောင်ယုဟွမ် ကပင်ပန်းသလို ခံစားလာရသည်။
ဇောင်ယုဟွမ် ကအိမ်တော်အပြင်ကို လျှောက်သွားပြီး အရှေ့ဘက် တံခါးတွင် သက်ပြင်းချလိုက်သည်။ လီဂျင်းယွမ် ကချက်ချင်း မေးလိုက်သည်။
“ဘာဖြစ်လို့လဲ?” တဖက်တွင် ဟုန်ချန်းမင်း ကသူမအရှေ့တွင် ထိုင်ချလိုက်ပြီး ပြောလိုက်သည်။
“ငါသယ်သွားပေးမယ်”
“ငါ့ကို သယ်သွားပြီး အိမ်ပြန်ဖို့ လမ်းလျှောက်သွားမှာလား?” ဇောင်ယုဟွမ် ရယ်လိုက်သည်။
“အရင်ဆုံး ကားရွိတဲ့အထိ အိမ်တော်အပြင်ကို သယ်သွားပေးမယ်” ဟုန်ချန်းမင်း ပြောလိုက်သည်။
အသံပြောင်းနေတဲ့အချိန် လူငယ်လေး တစ်ယောက်ရဲ့ အသံက သာယာဖွယ် မကောင်းပေ။ ဇောင်ယုဟွမ် ကသူ့ကျောပေါ်ကို ချက်ချင်း တက်လိုက်ပြီး သူမလက်ကိုတောင် ထုတ်လိုက်ပြီး သူ့အာဒန်ပန်းသီးကို ထိလိုက်ပြီး ပြောလိုက်သည်။
“မကြာခင် အသံက ပြောင်းသွားလိမ့်မယ်။ ကိုကိုချန်းမင်း စကားပိုပြောသင့်တယ်” ဟုန်ချန်းမင်း ကခေါင်းညိတ်လိုက်ပြီး သူမပြောတဲ့ အကြောင်းကို တွေးလိုက်ကာ ပြောလိုက်သည်။
“အင်း” သူတို့ဘေးက လျှောက်နေရင်း လီဂျင်းယွမ် ကပြောလိုက်သည်။
“ဟုန်ချန်းမင်း မင်းပင်ပန်းနေရင် ဟွမ်ဟွမ့် ကိုငါသယ်ပေးမယ်”
“ငါမပင်ပန်းဘူး” ဟုန်ချန်းမင်း ကရိုးရှင်းစွာ ပြောလိုက်သည်။
လီဂျင်းယွမ် – “……”
ဇောင်ယုဟွမ် က ဟုန်ချန်းမင်း ရဲ့ကျောကို ကန်လိုက်ပြီး ပြောလိုက်သည်။
“KIA!”
ဟုန်ချန်းမင်း နားတွေက နီရဲသွားသည်။ နာခံစွာဖြင့် လီဂျင်းယွမ် ကိုအနောက်တွင် ထားခဲ့ပြီး ပြေးလိုက်သည်။
18.06.2020 (Thur)
………………………
[text_hash] => 3b83ccfa
)