ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] – 18❇ ေတာင္းပန္ျခင္း
// qc

ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] - 18❇ ေတာင္းပန္ျခင္း

Array
(
[text] =>

<Zawgyi>

ေတာင္းပန္ျခင္း

ေဇာင္ယုဟြမ္ ကအခ်ိန္အနည္းငယ္ တြန႔္ဆုတ္ေနၿပီး ေနာက္ဆုံးတြင္ သူ႕ေက်ာေပၚကို တက္လိုက္သည္။ လီဂ်င္းယြမ္ ကသူတို႔ကားမေရာက္ခင္အထိ ဒီလိုမ်ိဳး သယ္သြားခဲ့သည္။

ထို႔ေနာက္ သူတို႔ အိမ္ကို ျပန္ေရာက္ခ်ိန္တြင္ သူမကို အေပၚထပ္ကို ေခၚသြားၿပီး ဆိုဖာေပၚတြင္ ခ်ေပးလိုက္သည္။ ေဇာင္ယုဟြမ္ ကအစ္ကိုနဲ႕ ေမာင္ေလးရွိျခင္း အေတြ႕အႀကဳံေၾကာင့္ အေတာ္ေလး ေပ်ာ္႐ႊင္ေနသည္။ အခုေတာ့ သူမဗိုက္က မနာေတာ့ပဲ သူမေရသြားခ်ိဳးလိုက္သည္။
*****

ဟုန္ခ်န္းမင္း က ေဇာင္ယုဟြမ္ ဆီကို အရင္ဆုံး သြားခဲ့သည္။ ေဇာင္ယုဟြမ္ ကသူတို႔ဆီကို ပို႔လိုက္သည့္ စာရဲ႕ေနာက္ကြယ္က အေၾကာင္းကို သိသြားခဲ့သည္။ လီဂ်င္းယြမ္ က ေဇာင္ယုဟြမ္ ကိုထပ္ၿပီး မေမးခဲ့ေပ။

သူတို႔အိမ္ကို ျပန္ေရာက္ၿပီး ေဇာင္ယုဟြမ္ ကသူမအခန္းထဲကို ဝင္သြားၿပီး တံခါးပိတ္လိုက္ခ်ိန္တြင္ လီဂ်င္းယြမ္ က ဟုန္ခ်န္းမင္း ဘက္ကိုလွည့္လိုက္ၿပီး ၾကည့္လိုက္သည္။ လီဂ်င္းယြမ္ ေမးလိုက္သည္။

“ဒီေန႕ ဘာျဖစ္ခဲ့တာလဲ?” ဟုန္ခ်န္းမင္း ကသူ႕ႏႈတ္ခမ္းကို တင္းၾကပ္စြာ ေစ့ထားၿပီး ေနာက္ဆုံးတြင္ ေဇာင္ယုဟြမ္ သူ႕ကို ေျပာခဲ့သည့္ စကားေတြကို လီဂ်င္းယြမ္ ကိုထပ္ေျပာျပလိုက္သည္။

အခုေတာ့ သူတို႔ေတြက တစ္ဖက္တည္းတြင္ ရွိေနၾကသည္။ အခုေတာ့ သူတို႔ႏွစ္ေယာက္လုံးက သူမရဲ႕ခရီးေဆာင္အိတ္ေတြပဲ။ လီဂ်င္းယြမ္ ကျဖည္းျဖည္းခ်င္းနဲ႕ ႏူးညံ့မႈက ေပ်ာက္ကြယ္လာကာ ေအးစက္လာခဲ့သည္။ သူေျပာလိုက္သည္။

“ဟြမ္ဟြမ္ ကအရမ္း စိတ္မေကာင္းျဖစ္သြားပုံပဲ” ဟုန္ခ်န္းမင္း မ်က္ႏွာကလည္း တင္းမာေနသည္။ ေအးစက္စြာနဲ႕ ေျပာလိုက္သည္။

“ငါတို႔ အခ်ိန္အၾကာႀကီး ေစာင့္ေနလို႔ မရေတာ့ဘူး” လီဂ်င္းယြမ္ ကအခ်ိန္အနည္းငယ္ေလာက္ တိတ္ဆိတ္ေနၿပီး ျပန္ေျဖလိုက္သည္။

“မင္းမွန္တယ္၊ ငါတို႔ ေစာင့္လို႔မရဘူး”
*****

အဖိုးဒင္က ဒင္ေခြၽယြဲ႕ နဲ႕ ေဇာင္ယုဟြမ္ တို႔ၾကားက ေတြ႕ဆုံတဲ့ အေၾကာင္းကို မသိေပမဲ့ လန္ဂ်င္းဇီ ကဒါကို အခ်ိန္တိုအတြင္း ေတြ႕သြားခဲ့သည္။ သူက လ်င္ျမန္စြာပင္ ေဇာင္ယုဟြမ္ ဆီကို ဖုန္းေခၚလိုက္သည္။

“ဘယ္အခ်ိန္ ေက်ာင္းဆင္းမွာလဲ? ငါ မင္းကို လာေခၚရမလား?” လန္ဂ်င္းဇီ ေမးလိုက္သည္။ ေဇာင္ယုဟြမ္ ကသူ႕ကို ျပန္ေျဖလိုက္သည္။ လန္ဂ်င္းဇီ ကခ်က္ခ်င္းပင္ တုန႔္ျပန္လိုက္သည္။

“အိုေက၊ ေက်ာင္းေရွ႕မွာ ငါ့ကိုေစာင့္” ေဇာင္ယုဟြမ္ က လန္ဂ်င္းဇီ နဲ႕အတူ ညစာစားရတာက အဆုံးသတ္ေတာ့မယ္လို႔ ထင္ခဲ့တာေၾကာင့္ ဟုန္ခ်န္းမင္း နဲ႕ လီဂ်င္းယြမ္ တို႔ကို ႀကိဳေျပာလိုက္ၿပီး အရင္ဆုံး သူတို႔ကို ထြက္သြားေစသည္။

ေက်ာင္းဆင္းခ်ိန္တြင္ ေဇာင္ယုဟြမ္ က ခ်က္ခ်င္းပင္ လီဂ်င္းဇီ ရဲ႕ကားကို ေတြ႕လိုက္ၿပီး အျပင္ကို ထြက္လိုက္သည္။ ကားက အရမ္းကို နိမ့္က်ေပမဲ့ ဇိမ္ခံကားမ်ားထက္ပင္ ပိုၿပီးထင္ရွားသည္။ ေဇာင္ယုဟြမ္ ကေလွ်ာက္သြားလိုက္ၿပီး တံခါးကို ဖြင့္လိုက္ကာ ခရီးသည္တင္ခုံတြင္ ထိုင္လိုက္သည္။

“ဒီေန႕ အတြင္းေရးမႉးခ်န္း မလာဘူးလား?” ေဇာင္ယုဟြမ္ ကသံသယျဖစ္စြာ ေမးလိုက္သည္။

“အင္း….” လန္ဂ်င္းဇီ ကေခါင္းညိတ္လိုက္ေပမဲ့ အေၾကာင္းျပခ်က္ကို မေျပာေပ။ ေဇာင္ယုဟြမ္ နည္းနည္းေတာ့ ခန႔္မွန္းနိုင္သည္၊ ဒါက ဒင္ေခြၽယြဲ႕ နဲ႕ပတ္သက္တာ ျဖစ္နိုင္တယ္။

စားေသာက္ဆိုင္ကို ေရာက္သြားၿပီး လန္ဂ်င္းဇီ ကႀကိဳတင္မွာထားသည့္ သီးသန႔္ခန္းထဲကို ဝင္သြားၿပီးေနာက္ ဒင္ေခြၽယြဲ႕ ကသူမခုံကေန ထလာတာကို ေဇာင္ယုဟြမ္ ျမင္လိုက္သည္။ သူမက ေဇာင္ယုဟြမ္ ကိုျမင္လိုက္သည္ႏွင့္ ဒင္ေခြၽယြဲ႕ ကပိုပိုၿပီး ျဖဴေဖ်ာ့သြားသည္။

“ဂ်င္းဇီ၊ မင္းက ငါနဲ႕အတူ ညစာစားမယ္လို႔ ထင္ခဲ့တာ။ ေဇာင္ယုဟြမ္ ကိုမင္းနဲ႕အတူ ဘာလိုသြားေခၚလာတာလဲ?” လန္ဂ်င္းဇီ ကတည္ၿငိမ္ေနၿပီး ေဝးကြာေနသည့္ ပုံစံေတာင္ ေပၚေနသည္။ ဒီအတိုင္းပင္ သူကေျပာလိုက္သည္။

“အေမ ကအႀကီးတစ္ေယာက္ပဲ။ သူမကို အနိုင္က်င့္တယ္ဆိုတဲ့ စကားေတြ ထြက္လာခဲ့ရင္ ဒါက အေတာ္ေလး ဆိုး႐ြားနိုင္တယ္။ ညစာက ကြၽန္ေတာ့္ အေပၚမွာပဲ၊ အေမ ယုဟြမ္ ကိုဘာေၾကာင့္ မေတာင္းပန္တာလဲ?”

ဒင္ေခြၽယြဲ႕ ကခ်က္ခ်င္းပင္ ျဖဴေဖ်ာ့သြားသည္။ သူမလက္ေခ်ာင္းေတြက သူမပိုက္ဆံအိတ္ကို ကုတ္ျခစ္ေနၿပီး ေအးစက္စြာနဲ႕ ေမးလိုက္သည္။

“သူမကို ငါက ဘာေၾကာင့္ ေတာင္းပန္ရမွာလဲ? ငါလုပ္တာ ဘာမွားလို႔လဲ? ငါက သူမကို ညစာစားဖို႔ ေခၚထုတ္တာနဲ႕ ပတ္သက္ၿပီး ဘာမွားလို႔လဲ? သူမကို ငါက အေကာင္းဆုံး စိတ္ဝင္စားေပးတာနဲ႕ ပတ္သက္ၿပီး ဘာမွားလို႔လဲ?”

ဒီျမင္ကြင္းက မူလပိုင္ရွင္ရဲ႕ မွတ္ဉာဏ္ေတြကို ျပန္ယူေခၚလာခဲ့သည္။ မူလပိုင္ရွင္ရဲ႕ မွတ္ဉာဏ္ေတြမွ ဒင္ေခြၽယြဲ႕ နဲ႕လန္အေဖတို႔က ႏွစ္မ်ားစြာ ကြဲကြာခဲ့ၿပီး လန္ဂ်င္းဇီ ကလန္အိမ္ေတာ္ ေအာက္တြင္ ႀကီးျပင္းလာခဲ့သည္။

သူ႕အေဖဆီကို သူသြားလည္သည့္ အခ်ိန္တိုင္း ဒင္ေခြၽယြဲ႕ ကသြားတာ ရွားပါးတာေၾကာင့္ သူတို႔ႏွစ္ေယာက္က ေတြ႕ဆုံခ်ိန္က နည္းပါးသည္။ သူမအေရွ႕က ျမင္ကြင္းက အတည္ျပဳေျပာခဲ့သည္။

“ဒါက အဖိုးရဲ႕ အေမြေတြပဲ။ ဒါကို ဘယ္လိုခြဲမလဲဆိုတာကို သူႀကိဳက္သလို လုပ္လို႔ရတယ္။ အဖိုးက လုပ္ခဲ့ၿပီးၿပီ၊ အကုန္လုံးကို စီစဥ္ထားၿပီးၿပီ။ အေမ ဝင္စြက္ဖက္စရာ မလိုဘူး။ ၿပီးခဲ့တဲ့ လတုန္းက ကေလးႏွစ္ေယာက္က အဖိုးနဲ႕ ယြဲ႕လန္အိမ္ေတာ္မွာ ေတြ႕ၿပီးခဲ့ၿပီ၊ ဒါေၾကာင့္ သူတို႔က အခုေတာ့ ဒင္အိမ္ေတာ္ရဲ႕ အစိတ္အပိုင္း ျဖစ္လာၿပီ။ အေမ ေျပာခဲ့တာက ဘယ္လိုေျပာနိုင္တာလဲ? ေနာက္ၿပီး ဒါက ထိုက္တန္လားဆိုတာ မွတ္ခ်က္ေပးခဲ့တယ္။ ဒါက တကယ္ပဲ ယုဟြမ္ အေပၚမွာ စိတ္ဝင္စားေပးတာလား?”
လန္ဂ်င္းဇီ ရဲ႕အသံက တည္ၿငိမ္ၿပီး ႏူးညံ့ေနေပမဲ့ သူရဲ႕အျပဳအမူထဲတြင္ သံသယျဖစ္ဖို႔ ေကာင္းေနသည္။ ဒင္ေခြၽယြဲ႕ ကိုသူေျပာလိုက္သည့္ စကားလုံးတိုင္းက သူမႏွလုံးသားကို ဓားနဲ႕ထိုးေနသလို ျဖစ္ေနသည္။ ဒင္ေခြၽယြဲ႕ ကသူမအသံကို ျမႇင့္လိုက္ၿပီး ဆူပူလိုက္သည္။

“ဒါက မင္းအေမနဲ႕ စကားေျပာေနတဲ့ ပုံစံလား? မင္း ငယ္ငယ္ကတည္းက ငါဒီလိုမ်ိဳး ပ်ိဳးေထာင္ခဲ့တာလား?”

“ငါငယ္ငယ္တုန္းက မင္းရဲ႕ပညာေရးက ဘယ္လိုရွိတယ္ဆိုတာ ရွင္းရွင္းလင္းလင္း မွတ္မိေနတုန္းပဲ၊ ဒါေပမဲ့ ဒါနဲ႕ပတ္သက္ၿပီး ဘာမွမဆိုင္ဘူး။ ဒင္အိမ္ေတာ္အတြက္ အရႈပ္ေတြ ပိုမ်ားခ်င္ေနတာလား?”

ဒင္ေခြၽယြဲ႕ ရဲ႕မ်က္ႏွာက လုံးဝကို မဲေမွာင္ေနသည္။ သူမက အရမ္းကို ေဒါသထြက္ေနၿပီး အခုေတာ့ တုန္ခါေနသည္။

“ေကာင္းတယ္၊ ေကာင္းတယ္! ငါက ဘာလို႔ဒီလိုလုပ္တယ္လို႔ မင္းထင္လဲ? ဒါေတြ အားလုံးကို လုပ္ေနရတာ မင္းအတြက္ပဲ! မင္းက မင္းအဖိုးရဲ႕ အေမြေတြကို ေဝမွ်ရလိမ့္မယ္ဆိုတာကို ေမ့သြားၿပီလား? ထပ္ၿပီးမလိုခ်င္ေတာ့ဘူးလား?”

လန္ဂ်င္းဇီ ကအရင္ကထက္ပင္ ပိုတည္ၿငိမ္ေနၿပီး ေျပာလိုက္သည္။

“အခု ကြၽန္ေတာ္ရၿပီ။ အေမလုပ္ေနတဲ့ အရာအားလုံးက မွားေနတယ္လို႔ အေမ ဘယ္ေတာ့မွ ခံစားရမွာ မဟုတ္ဘူး” ေဇာင္ယုဟြမ္ ရဲ႕လက္ေကာက္ဝတ္ကို ကိုင္လိုက္ၿပီး ေျပာလိုက္သည္။

“တျခားေနရာ သြားရေအာင္” ထိုစကားကို ေျပာလိုက္ၿပီး ေဇာင္ယုဟြမ္ နဲ႕အတူ ထြက္လာခဲ့သည္။

ေဇာင္ယုဟြမ္ ကတစ္ခ်ိန္လုံး စကားတစ္လုံးမွ မေျပာခဲ့ေပမဲ့ ဒင္ေခြၽယြဲ႕ မ်က္ႏွာက အမူအရာကို ၾကည့္ေနရင္း ပိုေကာင္းလာသလို သူမ ခံစားလိုက္ရသည္။

သူတို႔ ထြက္သြားၿပီးေနာက္တြင္ ဒင္ေခြၽယြဲ႕ ကအရမ္းကို ေဒါသထြက္ကာ လက္ဖက္ရည္ခြက္ကို ဆြဲလိုက္ၿပီး ၾကမ္းျပင္ေပၚကို ပစ္ေပါက္လိုက္သည္။ စားေသာက္ဆိုင္ကေန ထြက္သြားၿပီးေနာက္ သူတို႔ ႏွစ္ေယာက္က လန္ဂ်င္းဇီ ရဲ႕ကားထဲကို ျပန္ေရာက္လာၾကသည္။ လန္ဂ်င္းဇီ ေမးလိုက္သည္။

“တိဗက္အစားအစာကို ႀကိဳက္လား?”

“အိုေက” ေဇာင္ယုဟြမ္ ေခါင္းညိတ္လိုက္သည္။

“ေဟြ႕ရင္လမ္းမွာ အရမ္းေကာင္းတဲ့ တိဗက္စားေသာက္ဆိုင္ တစ္ဆိုင္ရွိတယ္” လန္ဂ်င္းဇီ ကေျပာလိုက္ၿပီး ကားကို ေမာင္းလိုက္သည္။ သူတို႔ ကားေမာင္းေနခ်ိန္တြင္ လန္ဂ်င္းဇီ ေနာက္ဆုံးေတာ့ ေျပာလိုက္သည္။

“ငါေတာင္းပန္ပါတယ္”

“ေတာင္းပန္ဖို႔ မလိုပါဘူး။ ဒီစကားေတြက အန္တီ ေျပာခဲ့တာေတြေလ၊ အစ္ကို ေျပာခဲ့တာမွ မဟုတ္တာ”

ေဇာင္ယုဟြမ္ ေျပာလိုက္ရင္း လန္ဂ်င္းဇီ ကိုၾကည့္လိုက္သည္။ အခ်ိန္ခနအတြင္း လန္ဂ်င္းဇီ ရဲ႕မ်က္ႏွာေပၚတြင္ ေမွာင္မိုက္သည့္ ျမင္ကြင္းတစ္ခုကို ျမင္လိုက္ရတယ္လို႔ သူမ ထင္လိုက္သည္။

ဒါက လန္ဂ်င္းဇီ နဲ႕ ဒင္ေခြၽယြဲ႕ တို႔ၾကားက ဆက္ဆံေရးက ပိုပိုၿပီး ေအးစက္လာကာ အရင္ကထက္ပင္ အဆင္မေျပလာပုံ ေပၚသည္။ ေဇာင္ယုဟြမ္ ကဒီအေၾကာင္းကို အခ်ိန္ခနေလာက္ ေတြးေတာေနၿပီး ႏူးညံ့စြာနဲ႕ ေျပာလိုက္သည္။

“အခု တံတားေအာက္မွာ ေရေတြရွိတယ္။ အခုေတာ့ ငါပိုေကာင္းသလို ခံစားရၿပီး အစ္ကိုလည္း အမ်ားႀကီး သက္သာသင့္တယ္”

“အင္း” သူဘယ္ေလာက္ေတာင္ ပင္ပန္းေနလဲဆိုတာကို သတိထားမိရင္း ေဇာင္ယုဟြမ္ ေမးလိုက္သည္။

“ဒီေန႕ အလုပ္မ်ားလား၊ အစ္ကို?”

“ယြမ္ၿမိဳ႕ကေန ခုနကမွ ျပန္လာတာ၊ အဲ့မွာ အစည္းအေဝးရွိလို႔ သြားခဲ့တာ” လန္ဂ်င္းဇီ ကေျပာလိုက္ၿပီး သူ႕ဝမ္းကြဲကို နည္းနည္းေလးမွ စိတ္မရွည္ပုံ မေပၚေပ။

“ဒါဆို ညစာစားၿပီးရင္ အစ္ကို ေကာင္းေကာင္း အနားယူသင့္တယ္”

“အင္း” လန္ဂ်င္းဇီ မေပ်ာ္တာကို ေဇာင္ယုဟြမ္ ေျပာနိုင္ေပမဲ့ အေမနဲ႕ သားရဲ႕ သူတို႔ႏွစ္ေယာက္ၾကားက နက္ရွိုင္းစြာ ကြဲလြဲမႈေတြကို ျဖစ္ပ်က္ခဲ့တာေတြကို သူမ မသိေပ။

ဒီအေၾကာင္းကို နည္းနည္းေလာက္ ေတြးေတာလိုက္ၿပီး ေနာက္ဆုံးေတာ့ ေဇာင္ယုဟြမ္ ကသူ႕ကို ႏွစ္သိမ့္သည့္ စကားေတြ အားလုံးကို ျပန္ထိန္းလိုက္သည္။ လန္ဂ်င္းဇီ ကရင့္က်က္သည့္ လူျဖစ္သည္။

မူလပိုင္ရွင္ရဲ႕ မွတ္ဉာဏ္ေတြမွ လန္ဂ်င္းဇီ ကအၿမဲတမ္း တည္ၿငိမ္ၿပီး ရင့္က်က္သည့္ လူျဖစ္သည္။ သူ႕ခံစားခ်က္ေတြက သူမထက္ေတာင္ ပိုအားေကာင္းၿပီး သူ႕ကို ႏွစ္သိမ့္ေပးဖို႔လည္း မလိုအပ္ေပ။

တိဗက္စားေသာက္ဆိုင္ကို သူတို႔ေရာက္သြားၿပီးေနာက္ လန္ဂ်င္းဇီ ကသူ႕လက္ထဲတြင္ menu ကိုၾကည့္လိုက္ၿပီး ေဇာင္ယုဟြမ္ အတြက္ ေကာင္းမြန္သည့္ ဟင္းေတြကို မွာလိုက္သည္။

ဟင္းလ်ာေတြက လ်င္ျမန္စြာ ေရာက္လာခဲ့သည္။ ေဇာင္ယုဟြမ္ ကသူမေခါင္းကို ငုံ႕လိုက္ၿပီး စစားလိုက္သည္။ လန္ဂ်င္းဇီ ကသူမကို အခ်ိန္အနည္းငယ္ေလာက္ ၾကည့္ၿပီးေနာက္ တူကို ယူလိုက္ၿပီး သူမပန္းကန္ထဲကို ဟင္းတစ္ခ်ိဳ႕ ထည့္ေပးလိုက္သည္။

သူ႕အမူအရာက ေတာင့္တင္းေနၿပီး အရင္တုန္းက တစ္ခါမွ မလုပ္ခဲ့ဖူးတာ သိသာသည္။ ဒီအေၾကာင္းကို ေတြးလိုက္ၿပီး ဒီပုံစံက ျဖစ္နိုင္သည္။ သူ႕ပုံစံနဲ႕ လက္ရွိရာထူးေၾကာင့္ သူက တျခားသူေတြအတြက္ ေကြၽးေမြးဖို႔ လိုအပ္မွာ မဟုတ္ဘူး? ေဇာင္ယုဟြမ္ ကေမာ့ၾကည့္လိုက္ၿပီး လန္ဂ်င္းဇီ ကိုၿပဳံးျပလိုက္သည္။

“ေက်းဇူးတင္ပါတယ္ အစ္ကို” သူမအသံက ၾကည္လင္ၿပီး ခ်ိဳၿမိန္ေနသည္။ လန္ဂ်င္းဇီ က႐ုတ္တရက္ ပင္ပန္းတာေတြ ေလ်ာ့သြားသလို ခံစားလိုက္ရသည္။
*****

တိဗက္အစားအစာကို စားၿပီးေနာက္ ႏွစ္ေယာက္လုံး စားေသာက္ဆိုင္ကေန ထြက္လာခဲ့သည္။

“ငါမင္းကို ျပန္လိုက္ပို႔မယ္” လန္ဂ်င္းဇီ ေျပာလိုက္သည္။
“မလုပ္နဲ႕၊ အစ္ကို႔ရဲ႕ ယာဥ္ေမာင္းကို လာေခၚခိုင္းလိုက္ပါ။ ငါ့ဘာသာ အိမ္ကို ျပန္လို႔ရတယ္” ဒီအေၾကာင္းကို နည္းနည္း ထပ္ေတြးလိုက္ၿပီး ေျပာလိုက္သည္။

“အစ္ကို ပင္ပန္းေနတဲ့ အခ်ိန္မွာ ကားေမာင္းတာ အႏၱရာယ္မ်ားတယ္” လန္ဂ်င္းဇီ ကဒါကို လက္ခံလိုက္ၿပီး သူ႕ယာဥ္ေမာင္းကို ေခၚလိုက္သည္။

ယာဥ္ေမာင္းကို လ်င္ျမန္စြာ ေရာက္လာခဲ့ၿပီး လန္ဂ်င္းဇီ ရဲ႕ကားက ယာဥ္ေမာင္းခုံတြင္ ထိုင္လိုက္သည္။ ေဇာင္ယုဟြမ္ ကသူ႕ကို လက္ျပလိုက္ၿပီး ေျပာလိုက္သည္။

“ငါလည္း ယာဥ္ေမာင္းကို ေခၚလိုက္မယ္။ အစ္ကို ျမန္ျမန္သြား၊ အိမ္ျပန္ၿပီး နားလိုက္။ Bye Bye!” သူမက သူ႕ကို စကားအမ်ားႀကီး ေျပာတာက ရွားသည္။
လန္ဂ်င္းဇီ ကကေလးေတြကို သေဘာမက်ေပ၊ အေၾကာင္းကေတာ့ သူတို႔ေတြက စကားအရမ္းမ်ားတာေၾကာင့္ ျဖစ္သည္။ ဒါေပမဲ့ အခုေတာ့ ေဇာင္ယုဟြမ္ ကသူ႕ကို စကားအမ်ားႀကီး ေျပာလိုက္ခ်ိန္တြင္ သူ႕ကို စိတ္အႏွောင့္အယွက္ မျဖစ္ေစခဲ့ေပ။

ေဇာင္ယုဟြမ္ ရဲ႕ႏူးညံ့မႈေတြက စကားတိုင္းမွာ ပါဝင္ေနတာေၾကာင့္ ျဖစ္နိုင္သည္။ သူ႕ကို သူမက ဂ႐ုစိုက္သည္။ လန္ဂ်င္းဇီ ျပန္ေျပာလိုက္သည္။

“အိုေက၊ အခု ငါအိမ္ျပန္ေတာ့မယ္” ေဇာင္အိမ္ေတာ္ရဲ႕ ကားက လန္ဂ်င္းဇီ ကားထြက္သြားၿပီး ႏွစ္မိနစ္ေတာင္ မၾကာခင္မွာပဲ ေရာက္လာခဲ့သည္။ ေဇာင္ယုဟြမ္ ကကားထဲကို မဝင္ပဲ လမ္းတစ္ဖက္က မုန႔္ဆိုင္ကို ၾကည့္လိုက္သည္။

ဒါကို ျမင္လိုက္တာ ဟုတ္ရဲ႕လား?

ဟုန္ခ်န္းမင္း နဲ႕ လီဂ်င္းယြမ္ တို႔က မုန႔္ဆိုင္မွာ ထိုင္ေနၿပီး သူ႕တို႔မ်က္ႏွာေတြကို menu ေတြနဲ႕ ဖုံးဖို႔ႀကိဳးစားထားၿပီး သူတို႔ကို သူမ မမွတ္မိေအာင္ လုပ္ေနၾကသည္။

“ခနေလးေစာင့္” ေဇာင္ယုဟြမ္ ကယာဥ္ေမာင္းကို ေျပာလိုက္သည္။ ထို႔ေနာက္ သူမက လမ္းကို ျဖတ္ကူးလိုက္ၿပီး တစ္ဖက္က မုန႔္ဆိုင္ကို ေရာက္သြားသည္။

လ်င္ျမန္စြာ တံခါးအတြင္းကို ဝင္လိုက္ၿပီး သူတို႔စားပြဲ တည့္တည့္ကို ေလွ်ာက္သြားလိုက္သည္။ သူတို႔မ်က္ႏွာကို ကြယ္ထားသည့္ menu ကိုဆြဲယူလိုက္သည္။

“မင္းတို႔ႏွစ္ေယာက္ ဒီမွာဘာလုပ္ေနၾကတာလဲ?” ေဇာင္ယုဟြမ္ ကသူတို႔နားကို အနည္းငယ္ တိုးလိုက္သည္။ ေကာင္ေလး ႏွစ္ေယာက္လုံးက ေအးခဲသြားၾကသည္။

“မင္းကို စစ္ေဆးဖို႔၊ ငါတို႔ စိုးရိမ္ေနတာ” ဟုန္ခ်န္းမင္း ကေျပာလိုက္သည္။

“ဒီေန႕ ဗိုက္ေအာင့္ေသးလား?” လီဂ်င္းယြမ္ ကသူမ ေမးခြန္းကို ေမးခြန္းနဲ႕ ျပန္ေျဖဖို႔ ဆုံးျဖတ္လိုက္သည္။

“ဒီေန႕ မေအာင့္ဘူး” ေဇာင္ယုဟြမ္ ကသူတို႔ အကၤ်ီလက္ကို ကိုင္ၿပီး ဆြဲလိုက္သည္။

“လာ၊ အိမ္ျပန္ရေအာင္” သူတို႔က သူမေနာက္ကို ဘာေၾကာင့္ လိုက္ေနလဲဆိုတာကို မေမးတာကို ျမင္လိုက္ၿပီး ေကာင္ေလး ႏွစ္ေယာက္က သက္သာရာရသြားကာ ခ်က္ခ်င္းပင္ ေျပာလိုက္သည္။

“အင္း၊ အိမ္ျပန္ရေအာင္” မုန႔္ဆိုင္ကေန ထြက္လိုက္ၿပီး ေဇာင္ယုဟြမ္ ကသူတို႔ဘက္ကို လွည့္လိုက္ကာ ေမးလိုက္သည္။

“ငါက ထပ္အနိုင္က်င့္ခံရမွာကို စိုးရိမ္ေနတာလား?” ဟုန္ခ်န္းမင္း နဲ႕ လီဂ်င္းယြမ္ တို႔က အခ်ိန္အနည္းငယ္ေလာက္ တိတ္ဆိတ္ေနၾကၿပီး ထပ္တူညီစြာျဖင့္ ေျပာလိုက္ၾကသည္။

“အင္း”

“ငါအနိုင့္မက်င့္ခံရဘူး။ ဒီေန႕ အစ္ကိုက ငါ့ကို အျပင္ေခၚတာက အန္တီကို ငါ့ကို ေတာင္းပန္ခိုင္းတာ”

ေဇာင္ယုဟြမ္ က ဒင္ေခြၽယြဲ႕ ကေတာင္းပန္ဖို႔ ေဝးေၾကာင္းကိုေတာ့ မေျပာလိုက္ေပ။ သူတို႔ကို ပိုၿပီး မစိုးရိမ္ေစခ်င္ေပ။ ဟုန္ခ်န္းမင္း မ်က္ႏွာက တင္းမာေနၿပီး ေျပာလိုက္သည္။

“သူမကို ခြင့္မလႊတ္နဲ႕” ထိုစကားကို ေျပာလိုက္ရင္း သူ႕အသံမာသြားတာကို ခံစားမိၿပီး ေဇာင္ယုဟြမ္ မႀကိဳက္မွာ စိုးတာေၾကာင့္ ထပ္ေျပာလိုက္သည္။

“မင္းအေပၚမွာ မွားခဲ့တဲ့ ဒီလိုလူမ်ိဳးေတြကို ေပါ့ေပါ့တန္တန္ ခြင့္မလႊတ္နဲ႕” လီဂ်င္းယြမ္ ကလည္း ေျပာလိုက္သည္။

“သူမက ဟုန္ခ်န္းမင္း နဲ႕ကြၽန္ေတာ့္ကို မုန္းတီးနိုင္တယ္” ေဇာင္ယုဟြမ္ ကိုေတာ့ ဘာမွမနာက်င္ေစခ်င္ဘူး။

ဒီအခ်က္ကေနစၿပီး သူတို႔က သူမကို အႏၱရာယ္ျဖစ္ေစနိုင္သည့္ ဘယ္အရာမဆို၊ ဘယ္သူကို မဆို ကာကြယ္ေပးဖို႔ ႀကိဳးစားခဲ့ၾကသည္။ ေဇာင္ယုဟြမ္ ကၿပဳံးလိုက္ၿပီး ေျပာလိုက္သည္။

“အင္း၊ ငါမွတ္ထားမယ္၊ လြယ္လြယ္နဲ႕ ခြင့္မလႊတ္ဘူး”

15.06.2020 (Mon)
………………………

<Unicode>

တောင်းပန်ခြင်း

ဇောင်ယုဟွမ် ကအချိန်အနည်းငယ် တွန့်ဆုတ်နေပြီး နောက်ဆုံးတွင် သူ့ကျောပေါ်ကို တက်လိုက်သည်။ လီဂျင်းယွမ် ကသူတို့ကားမရောက်ခင်အထိ ဒီလိုမျိုး သယ်သွားခဲ့သည်။

ထို့နောက် သူတို့ အိမ္ကို ပြန်ရောက်ချိန်တွင် သူမကို အပေါ်ထပ်ကို ခေါ်သွားပြီး ဆိုဖာပေါ်တွင် ချပေးလိုက်သည်။ ဇောင်ယုဟွမ် ကအစ်ကိုနဲ့ မောင်လေးရှိခြင်း အတွေ့အကြုံကြောင့် အတော်လေး ပျော်ရွှင်နေသည်။ အခုတော့ သူမဗိုက္က မနာတော့ပဲ သူမရေသွားချိုးလိုက်သည်။
*****

ဟုန်ချန်းမင်း က ဇောင်ယုဟွမ် ဆီကို အရင်ဆုံး သွားခဲ့သည်။ ဇောင်ယုဟွမ် ကသူတို့ဆီကို ပို့လိုက်သည့် စာရဲ့နောက်ကွယ်က အကြောင်းကို သိသွားခဲ့သည်။ လီဂျင်းယွမ် က ဇောင်ယုဟွမ် ကိုထပ်ပြီး မမေးခဲ့ပေ။

သူတို့အိမ်ကို ပြန်ရောက်ပြီး ဇောင်ယုဟွမ် ကသူမအခန်းထဲကို ဝင်သွားပြီး တံခါးပိတ်လိုက်ချိန်တွင် လီဂျင်းယွမ် က ဟုန်ချန်းမင်း ဘက်ကိုလှည့်လိုက်ပြီး ကြည့်လိုက်သည်။ လီဂျင်းယွမ် မေးလိုက်သည်။

“ဒီနေ့ ဘာဖြစ်ခဲ့တာလဲ?” ဟုန်ချန်းမင်း ကသူ့နှုတ်ခမ်းကို တင်းကြပ်စွာ စေ့ထားပြီး နောက်ဆုံးတွင် ဇောင်ယုဟွမ် သူ့ကို ပြောခဲ့သည့် စကားတွေကို လီဂျင်းယွမ် ကိုထပ်ပြောပြလိုက်သည်။

အခုတော့ သူတို့တွေက တစ်ဖက်တည်းတွင် ရှိနေကြသည်။ အခုတော့ သူတို့နှစ်ယောက်လုံးက သူမရဲ့ခရီးဆောင်အိတ်တွေပဲ။ လီဂျင်းယွမ် ကဖြည်းဖြည်းချင်းနဲ့ နူးညံ့မှုက ပျောက်ကွယ်လာကာ အေးစက်လာခဲ့သည်။ သူပြောလိုက်သည်။

“ဟွမ်ဟွမ် ကအရမ်း စိတ်မကောင်းဖြစ်သွားပုံပဲ” ဟုန်ချန်းမင်း မျက်နှာကလည်း တင်းမာနေသည်။ အေးစက်စွာနဲ့ ပြောလိုက်သည်။

“ငါတို့ အချိန်အကြာကြီး စောင့်နေလို့ မရေတာ့ဘူး” လီဂျင်းယွမ် ကအချိန်အနည်းငယ်လောက် တိတ်ဆိတ်နေပြီး ပြန်ဖြေလိုက်သည်။

“မင်းမှန်တယ်၊ ငါတို့ စောင့်လို့မရဘူး”
*****

အဖိုးဒင်က ဒင်ချွေယွဲ့ နဲ့ ဇောင်ယုဟွမ် တို့ကြားက တွေ့ဆုံတဲ့ အကြောင်းကို မသိပေမဲ့ လန်ဂျင်းဇီ ကဒါကို အချိန်တိုအတွင်း တွေ့သွားခဲ့သည်။ သူက လျင်မြန်စွာပင် ဇောင်ယုဟွမ် ဆီကို ဖုန်းခေါ်လိုက်သည်။

“ဘယ်အချိန် ကျောင်းဆင်းမှာလဲ? ငါ မင်းကို လာခေါ်ရမလား?” လန်ဂျင်းဇီ မေးလိုက်သည်။ ဇောင်ယုဟွမ် ကသူ့ကို ပြန်ဖြေလိုက်သည်။ လန်ဂျင်းဇီ ကချက်ချင်းပင် တုန့်ပြန်လိုက်သည်။

“အိုကေ၊ ကျောင်းရှေ့မှာ ငါ့ကိုစောင့်” ဇောင်ယုဟွမ် က လန်ဂျင်းဇီ နဲ့အတူ ညစာစားရတာက အဆုံးသတ်တော့မယ်လို့ ထင်ခဲ့တာကြောင့် ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့ကို ကြိုပြောလိုက်ပြီး အရင်ဆုံး သူတို့ကို ထွက်သွားစေသည်။

ကျောင်းဆင်းချိန်တွင် ဇောင်ယုဟွမ် က ချက်ချင်းပင် လီဂျင်းဇီ ရဲ့ကားကို တွေ့လိုက်ပြီး အပြင်ကို ထွက်လိုက်သည်။ ကားက အရမ်းကို နိမ့်ကျပေမဲ့ ဇိမ်ခံကားများထက်ပင် ပိုပြီးထင်ရှားသည်။ ဇောင်ယုဟွမ် ကလျှောက်သွားလိုက်ပြီး တံခါးကို ဖွင့်လိုက်ကာ ခရီးသည်တင်ခုံတွင် ထိုင်လိုက်သည်။

“ဒီနေ့ အတွင်းရေးမှူးချန်း မလာဘူးလား?” ဇောင်ယုဟွမ် ကသံသယျဖစ္စြာ မေးလိုက်သည်။

“အင်း….” လန်ဂျင်းဇီ ကခေါင်းညိတ်လိုက်ပေမဲ့ အကြောင်းပြချက်ကို မပြောပေ။ ဇောင်ယုဟွမ် နည်းနည်းတော့ ခန့်မှန်းနိုင်သည်၊ ဒါက ဒင်ချွေယွဲ့ နဲ့ပတ်သက်တာ ဖြစ်နိုင်တယ်။

စားသောက်ဆိုင်ကို ရောက်သွားပြီး လန်ဂျင်းဇီ ကကြိုတင်မှာထားသည့် သီးသန့်ခန်းထဲကို ဝင်သွားပြီးနောက် ဒင်ချွေယွဲ့ ကသူမခုံကေန ထလာတာကို ဇောင်ယုဟွမ် မြင်လိုက်သည်။ သူမက ဇောင်ယုဟွမ် ကိုမြင်လိုက်သည်နှင့် ဒင်ချွေယွဲ့ ကပိုပိုပြီး ဖြူဖျော့သွားသည်။

“ဂျင်းဇီ၊ မင်းက ငါနဲ့အတူ ညစာစားမယ်လို့ ထင်ခဲ့တာ။ ဇောင်ယုဟွမ် ကိုမင်းနဲ့အတူ ဘာလိုသွားခေါ်လာတာလဲ?” လန်ဂျင်းဇီ ကတည်ငြိမ်နေပြီး ဝေးကွာနေသည့် ပုံစံတောင် ပေါ်နေသည်။ ဒီအတိုင်းပင် သူကပြောလိုက်သည်။

“အေမ ကအကြီးတစ်ယောက်ပဲ။ သူမကို အနိုင်ကျင့်တယ်ဆိုတဲ့ စကားတွေ ထွက်လာခဲ့ရင် ဒါက အတော်လေး ဆိုးရွားနိုင်တယ်။ ညစာက ကျွန်တော့် အပေါ်မှာပဲ၊ အေမ ယုဟွမ် ကိုဘာကြောင့် မတောင်းပန်တာလဲ?”

ဒင်ချွေယွဲ့ ကချက်ချင်းပင် ဖြူဖျော့သွားသည်။ သူမလက်ချောင်းတွေက သူမပိုက္ဆံအိတ္ကို ကုတ်ခြစ်နေပြီး အေးစက်စွာနဲ့ မေးလိုက်သည်။

“သူမကို ငါက ဘာကြောင့် တောင်းပန်ရမှာလဲ? ငါလုပ္တာ ဘာမှားလို့လဲ? ငါက သူမကို ညစာစားဖို့ ခေါ်ထုတ်တာနဲ့ ပတ်သက်ပြီး ဘာမှားလို့လဲ? သူမကို ငါက အကောင်းဆုံး စိတ်ဝင်စားပေးတာနဲ့ ပတ်သက်ပြီး ဘာမှားလို့လဲ?”

ဒီမြင်ကွင်းက မူလပိုင်ရှင်ရဲ့ မှတ်ဉာဏ်တွေကို ပြန်ယူခေါ်လာခဲ့သည်။ မူလပိုင်ရှင်ရဲ့ မှတ်ဉာဏ်တွေမှ ဒင်ချွေယွဲ့ နဲ့လန်အဖေတို့က နှစ်များစွာ ကွဲကွာခဲ့ပြီး လန်ဂျင်းဇီ ကလန်အိမ်တော် အောက်တွင် ကြီးပြင်းလာခဲ့သည်။

သူ့အဖေဆီကို သူသွားလည်သည့် အချိန်တိုင်း ဒင်ချွေယွဲ့ ကသြားတာ ရှားပါးတာကြောင့် သူတို့နှစ်ယောက်က တွေ့ဆုံချိန်က နည်းပါးသည်။ သူမအရှေ့က မြင်ကွင်းက အတည်ပြုပြောခဲ့သည်။

“ဒါက အဖိုးရဲ့ အေမြေတြပဲ။ ဒါကို ဘယ္လိုခြဲမလဲဆိုတာကို သူကြိုက်သလို လုပ်လို့ရတယ်။ အဖိုးက လုပ်ခဲ့ပြီးပြီ၊ အကုန္လုံးကို စီစဉ်ထားပြီးပြီ။ အေမ ဝင်စွက်ဖက်စရာ မလိုဘူး။ ပြီးခဲ့တဲ့ လတုန်းက ကလေးနှစ်ယောက်က အဖိုးနဲ့ ယွဲ့လန်အိမ်တော်မှာ တွေ့ပြီးခဲ့ပြီ၊ ဒါကြောင့် သူတို့က အခုတော့ ဒင်အိမ်တော်ရဲ့ အစိတ်အပိုင်း ဖြစ်လာပြီ။ အေမ ပြောခဲ့တာက ဘယ်လိုပြောနိုင်တာလဲ? နောက်ပြီး ဒါက ထိုက္တန္လားဆိုတာ မှတ်ချက်ပေးခဲ့တယ်။ ဒါက တကယ်ပဲ ယုဟွမ် အပေါ်မှာ စိတ်ဝင်စားပေးတာလား?”
လန်ဂျင်းဇီ ရဲ့အသံက တည်ငြိမ်ပြီး နူးညံ့နေပေမဲ့ သူရဲ့အပြုအမူထဲတွင် သံသယဖြစ်ဖို့ ကောင်းနေသည်။ ဒင်ချွေယွဲ့ ကိုသူပြောလိုက်သည့် စကားလုံးတိုင်းက သူမနှလုံးသားကို ဓားနဲ့ထိုးနေသလို ဖြစ်နေသည်။ ဒင်ချွေယွဲ့ ကသူမအသံကို မြှင့်လိုက်ပြီး ဆူပူလိုက်သည်။

“ဒါက မင်းအမေနဲ့ စကားပြောနေတဲ့ ပုံစံလား? မင်း ငယ်ငယ်ကတည်းက ငါဒီလိုမျိုး ပျိုးထောင်ခဲ့တာလား?”

“ငါငယ်ငယ်တုန်းက မင်းရဲ့ပညာရေးက ဘယ္လိုရွိတယ္ဆိုတာ ရှင်းရှင်းလင်းလင်း မှတ်မိနေတုန်းပဲ၊ ဒါပေမဲ့ ဒါနဲ့ပတ်သက်ပြီး ဘာမှမဆိုင်ဘူး။ ဒင်အိမ်တော်အတွက် အရှုပ်တွေ ပိုများချင်နေတာလား?”

ဒင်ချွေယွဲ့ ရဲ့မျက်နှာက လုံးဝကို မဲမှောင်နေသည်။ သူမက အရမ်းကို ဒေါသထွက်နေပြီး အခုတော့ တုန်ခါနေသည်။

“ကောင်းတယ်၊ ကောင်းတယ်! ငါက ဘာလို့ဒီလိုလုပ်တယ်လို့ မင်းထင်လဲ? ဒါတွေ အားလုံးကို လုပ်နေရတာ မင်းအတွက်ပဲ! မင်းက မင်းအဖိုးရဲ့ အေမြေတြကို ဝေမျှရလိမ့်မယ်ဆိုတာကို မေ့သွားပြီလား? ထပ်ပြီးမလိုချင်တော့ဘူးလား?”

လန်ဂျင်းဇီ ကအရင်ကထက်ပင် ပိုတည်ငြိမ်နေပြီး ပြောလိုက်သည်။

“အခု ကျွန်တော်ရပြီ။ အမေလုပ်နေတဲ့ အရာအားလုံးက မှားနေတယ်လို့ အေမ ဘယ်တော့မှ ခံစားရမွာ မဟုတ္ဘူး” ဇောင်ယုဟွမ် ရဲ့လက်ကောက်ဝတ်ကို ကိုင်လိုက်ပြီး ပြောလိုက်သည်။

“တခြားနေရာ သွားရအောင်” ထိုစကားကို ပြောလိုက်ပြီး ဇောင်ယုဟွမ် နဲ့အတူ ထွက်လာခဲ့သည်။

ဇောင်ယုဟွမ် ကတစ်ချိန်လုံး စကားတစ္လုံးမွ မပြောခဲ့ပေမဲ့ ဒင်ချွေယွဲ့ မျက်နှာက အမူအရာကို ကြည့်နေရင်း ပိုကောင်းလာသလို သူမ ခံစားလိုက်ရသည်။

သူတို့ ထွက်သွားပြီးနောက်တွင် ဒင်ချွေယွဲ့ ကအရမ်းကို ဒေါသထွက်ကာ လက်ဖက်ရည်ခွက်ကို ဆွဲလိုက်ပြီး ကြမ်းပြင်ပေါ်ကို ပစ်ပေါက်လိုက်သည်။ စားသောက်ဆိုင်ကနေ ထွက်သွားပြီးနောက် သူတို့ နှစ်ယောက်က လန်ဂျင်းဇီ ရဲ့ကားထဲကို ပြန်ရောက်လာကြသည်။ လန်ဂျင်းဇီ မေးလိုက်သည်။

“တိဗက်အစားအစာကို ကြိုက်လား?”

“အိုကေ” ဇောင်ယုဟွမ် ခေါင်းညိတ်လိုက်သည်။

“ဟွေ့ရင်လမ်းမှာ အရမ်းကောင်းတဲ့ တိဗက်စားသောက်ဆိုင် တစ်ဆိုင်ရှိတယ်” လန်ဂျင်းဇီ ကပြောလိုက်ပြီး ကားကို မောင်းလိုက်သည်။ သူတို့ ကားမောင်းနေချိန်တွင် လန်ဂျင်းဇီ နောက်ဆုံးတော့ ပြောလိုက်သည်။

“ငါတောင်းပန်ပါတယ်”

“တောင်းပန်ဖို့ မလိုပါဘူး။ ဒီစကားတွေက အန္တီ ပြောခဲ့တာတွေလေ၊ အစ္ကို ပြောခဲ့တာမှ မဟုတ္တာ”

ဇောင်ယုဟွမ် ပြောလိုက်ရင်း လန်ဂျင်းဇီ ကိုကြည့်လိုက်သည်။ အချိန်ခနအတွင်း လန်ဂျင်းဇီ ရဲ့မျက်နှာပေါ်တွင် မှောင်မိုက်သည့် မြင်ကွင်းတစ်ခုကို မြင်လိုက်ရတယ်လို့ သူမ ထင်လိုက်သည်။

ဒါက လန်ဂျင်းဇီ နဲ့ ဒင်ချွေယွဲ့ တို့ကြားက ဆက်ဆံရေးက ပိုပိုပြီး အေးစက်လာကာ အရင်ကထက်ပင် အဆင်မပြေလာပုံ ပေါ်သည်။ ဇောင်ယုဟွမ် ကဒီအကြောင်းကို အချိန်ခနလောက် တွေးတောနေပြီး နူးညံ့စွာနဲ့ ပြောလိုက်သည်။

“အခု တံတားအောက်မှာ ရေတွေရှိတယ်။ အခုတော့ ငါပိုကောင်းသလို ခံစားရပြီး အစ်ကိုလည်း အများကြီး သက်သာသင့်တယ်”

“အင်း” သူဘယ်လောက်တောင် ပင်ပန်းနေလဲဆိုတာကို သတိထားမိရင်း ဇောင်ယုဟွမ် မေးလိုက်သည်။

“ဒီနေ့ အလုပ္မ်ားလား၊ အစ္ကို?”

“ယွမ်မြို့ကနေ ခုနကမွ ပြန်လာတာ၊ အဲ့မွာ အစည်းအဝေးရှိလို့ သြားခဲ့တာ” လန်ဂျင်းဇီ ကပြောလိုက်ပြီး သူ့ဝမ်းကွဲကို နည်းနည်းလေးမှ စိတ်မရှည်ပုံ မပေါ်ပေ။

“ဒါဆို ညစာစားပြီးရင် အစ္ကို ကောင်းကောင်း အနားယူသင့်တယ်”

“အင်း” လန်ဂျင်းဇီ မေပ်ာ္တာကို ဇောင်ယုဟွမ် ပြောနိုင်ပေမဲ့ အမေနဲ့ သားရဲ့ သူတို့နှစ်ယောက်ကြားက နက်ရှိုင်းစွာ ကွဲလွဲမှုတွေကို ဖြစ်ပျက်ခဲ့တာတွေကို သူမ မသိပေ။

ဒီအကြောင်းကို နည်းနည်းလောက် တွေးတောလိုက်ပြီး နောက်ဆုံးတော့ ဇောင်ယုဟွမ် ကသူ့ကို နှစ်သိမ့်သည့် စကားတွေ အားလုံးကို ပြန်ထိန်းလိုက်သည်။ လန်ဂျင်းဇီ ကရင့်ကျက်သည့် လူဖြစ်သည်။

မူလပိုင်ရှင်ရဲ့ မှတ်ဉာဏ်တွေမှ လန်ဂျင်းဇီ ကအမြဲတမ်း တည်ငြိမ်ပြီး ရင့်ကျက်သည့် လူဖြစ်သည်။ သူ့ခံစားချက်တွေက သူမထက်တောင် ပိုအားကောင်းပြီး သူ့ကို နှစ်သိမ့်ပေးဖို့လည်း မလိုအပ်ပေ။

တိဗက်စားသောက်ဆိုင်ကို သူတို့ရောက်သွားပြီးနောက် လန်ဂျင်းဇီ ကသူ့လက်ထဲတွင် menu ကိုကြည့်လိုက်ပြီး ဇောင်ယုဟွမ် အတွက် ကောင်းမွန်သည့် ဟင်းတွေကို မှာလိုက်သည်။

ဟင်းလျာတွေက လျင်မြန်စွာ ရောက်လာခဲ့သည်။ ဇောင်ယုဟွမ် ကသူမခေါင်းကို ငုံ့လိုက်ပြီး စစားလိုက်သည်။ လန်ဂျင်းဇီ ကသူမကို အချိန်အနည်းငယ်လောက် ကြည့်ပြီးနောက် တူကို ယူလိုက်ပြီး သူမပန်းကန်ထဲကို ဟင်းတစ်ချို့ ထည့်ပေးလိုက်သည်။

သူ့အမူအရာက တောင့်တင်းနေပြီး အရင်တုန်းက တစ်ခါမှ မလုပ်ခဲ့ဖူးတာ သိသာသည်။ ဒီအကြောင်းကို တွေးလိုက်ပြီး ဒီပုံစံက ဖြစ်နိုင်သည်။ သူ့ပုံစံနဲ့ လက်ရှိရာထူးကြောင့် သူက တခြားသူတွေအတွက် ကျွေးမွေးဖို့ လိုအပ်မှာ မဟုတ္ဘူး? ဇောင်ယုဟွမ် ကမော့ကြည့်လိုက်ပြီး လန်ဂျင်းဇီ ကိုပြုံးပြလိုက်သည်။

“ကျေးဇူးတင်ပါတယ် အစ္ကို” သူမအသံက ကြည်လင်ပြီး ချိုမြိန်နေသည်။ လန်ဂျင်းဇီ ကရုတ်တရက် ပင်ပန်းတာတွေ လျော့သွားသလို ခံစားလိုက်ရသည်။
*****

တိဗက်အစားအစာကို စားပြီးနောက် နှစ်ယောက်လုံး စားသောက်ဆိုင်ကနေ ထွက်လာခဲ့သည်။

“ငါမင်းကို ပြန်လိုက်ပို့မယ်” လန်ဂျင်းဇီ ပြောလိုက်သည်။
“မလုပ်နဲ့၊ အစ်ကို့ရဲ့ ယာဉ်မောင်းကို လာခေါ်ခိုင်းလိုက်ပါ။ ငါ့ဘာသာ အိမ္ကို ပြန်လို့ရတယ်” ဒီအကြောင်းကို နည်းနည်း ထပ်တွေးလိုက်ပြီး ပြောလိုက်သည်။

“အစ္ကို ပင်ပန်းနေတဲ့ အချိန်မှာ ကားမောင်းတာ အန္တရာယ်များတယ်” လန်ဂျင်းဇီ ကဒါကို လက်ခံလိုက်ပြီး သူ့ယာဉ်မောင်းကို ခေါ်လိုက်သည်။

ယာဉ်မောင်းကို လျင်မြန်စွာ ရောက်လာခဲ့ပြီး လန်ဂျင်းဇီ ရဲ့ကားက ယာဉ်မောင်းခုံတွင် ထိုင်လိုက်သည်။ ဇောင်ယုဟွမ် ကသူ့ကို လက်ပြလိုက်ပြီး ပြောလိုက်သည်။

“ငါလည်း ယာဉ်မောင်းကို ခေါ်လိုက်မယ်။ အစ္ကို မြန်မြန်သွား၊ အိမ်ပြန်ပြီး နားလိုက်။ Bye Bye!” သူမက သူ့ကို စကားအများကြီး ပြောတာက ရှားသည်။
လန်ဂျင်းဇီ ကကလေးတွေကို သဘောမကျပေ၊ အကြောင်းကတော့ သူတို့တွေက စကားအရမ်းများတာကြောင့် ဖြစ်သည်။ ဒါပေမဲ့ အခုတော့ ဇောင်ယုဟွမ် ကသူ့ကို စကားအများကြီး ပြောလိုက်ချိန်တွင် သူ့ကို စိတ်အနှောင့်အယှက် မဖြစ်စေခဲ့ပေ။

ဇောင်ယုဟွမ် ရဲ့နူးညံ့မှုတွေက စကားတိုင်းမှာ ပါဝင်နေတာကြောင့် ဖြစ်နိုင်သည်။ သူ့ကို သူမက ဂရုစိုက်သည်။ လန်ဂျင်းဇီ ပြန်ပြောလိုက်သည်။

“အိုကေ၊ အခု ငါအိမ်ပြန်တော့မယ်” ဇောင်အိမ်တော်ရဲ့ ကားက လန်ဂျင်းဇီ ကားထွက်သွားပြီး နှစ်မိနစ်တောင် မကြာခင်မှာပဲ ရောက်လာခဲ့သည်။ ဇောင်ယုဟွမ် ကကားထဲကို မဝင်ပဲ လမ်းတစ်ဖက်က မုန့်ဆိုင်ကို ကြည့်လိုက်သည်။

ဒါကို မြင်လိုက်တာ ဟုတ်ရဲ့လား?

ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့က မုန့်ဆိုင်မှာ ထိုင်နေပြီး သူ့တို့မျက်နှာတွေကို menu တွေနဲ့ ဖုံးဖို့ကြိုးစားထားပြီး သူတို့ကို သူမ မမှတ်မိအောင် လုပ်နေကြသည်။

“ခနလေးစောင့်” ဇောင်ယုဟွမ် ကယာဉ်မောင်းကို ပြောလိုက်သည်။ ထို့နောက် သူမက လမ်းကို ဖြတ်ကူးလိုက်ပြီး တစ္ဖက္က မုန့်ဆိုင်ကို ရောက်သွားသည်။

လျင်မြန်စွာ တံခါးအတွင်းကို ဝင်လိုက်ပြီး သူတို့စားပွဲ တည့်တည့်ကို လျှောက်သွားလိုက်သည်။ သူတို့မျက်နှာကို ကွယ်ထားသည့် menu ကိုဆွဲယူလိုက်သည်။

“မင်းတို့နှစ်ယောက် ဒီမှာဘာလုပ်နေကြတာလဲ?” ဇောင်ယုဟွမ် ကသူတို့နားကို အနည်းငယ် တိုးလိုက်သည်။ ကောင်လေး နှစ်ယောက်လုံးက အေးခဲသွားကြသည်။

“မင်းကို စစ်ဆေးဖို့၊ ငါတို့ စိုးရိမ်နေတာ” ဟုန်ချန်းမင်း ကပြောလိုက်သည်။

“ဒီနေ့ ဗိုက်အောင့်သေးလား?” လီဂျင်းယွမ် ကသူမ မေးခွန်းကို မေးခွန်းနဲ့ ပြန်ဖြေဖို့ ဆုံးဖြတ်လိုက်သည်။

“ဒီနေ့ မအောင့်ဘူး” ဇောင်ယုဟွမ် ကသူတို့ အင်္ကျီလက်ကို ကိုင်ပြီး ဆွဲလိုက်သည်။

“လာ၊ အိမ်ပြန်ရအောင်” သူတို့က သူမေနာက္ကို ဘာကြောင့် လိုက်နေလဲဆိုတာကို မေမးတာကို မြင်လိုက်ပြီး ကောင်လေး နှစ်ယောက်က သက္သာရာရသြားကာ ချက်ချင်းပင် ပြောလိုက်သည်။

“အင်း၊ အိမ်ပြန်ရအောင်” မုန့်ဆိုင်ကနေ ထွက်လိုက်ပြီး ဇောင်ယုဟွမ် ကသူတို့ဘက်ကို လှည့်လိုက်ကာ မေးလိုက်သည်။

“ငါက ထပ်အနိုင်ကျင့်ခံရမှာကို စိုးရိမ်နေတာလား?” ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့က အချိန်အနည်းငယ်လောက် တိတ်ဆိတ်နေကြပြီး ထပ်တူညီစွာဖြင့် ပြောလိုက်ကြသည်။

“အင်း”

“ငါအနိုင့်မကျင့်ခံရဘူး။ ဒီနေ့ အစ္ကိုက ငါ့ကို အပြင်ခေါ်တာက အန္တီကို ငါ့ကို တောင်းပန်ခိုင်းတာ”

ဇောင်ယုဟွမ် က ဒင်ချွေယွဲ့ ကတောင်းပန်ဖို့ ဝေးကြောင်းကိုတော့ မပြောလိုက်ပေ။ သူတို့ကို ပိုပြီး မစိုးရိမ်စေချင်ပေ။ ဟုန်ချန်းမင်း မျက်နှာက တင်းမာနေပြီး ပြောလိုက်သည်။

“သူမကို ခွင့်မလွှတ်နဲ့” ထိုစကားကို ပြောလိုက်ရင်း သူ့အသံမာသွားတာကို ခံစားမိပြီး ဇောင်ယုဟွမ် မကြိုက်မှာ စိုးတာကြောင့် ထပ်ပြောလိုက်သည်။

“မင်းအပေါ်မှာ မွားခဲ့တဲ့ ဒီလိုလူမျိုးတွေကို ပေါ့ပေါ့တန်တန် ခွင့်မလွှတ်နဲ့” လီဂျင်းယွမ် ကလည်း ပြောလိုက်သည်။

“သူမက ဟုန်ချန်းမင်း နဲ့ကျွန်တော့်ကို မုန်းတီးနိုင်တယ်” ဇောင်ယုဟွမ် ကိုတော့ ဘာမှမနာကျင်စေချင်ဘူး။

ဒီအချက်ကနေစပြီး သူတို့က သူမကို အန္တရာယ်ဖြစ်စေနိုင်သည့် ဘယ်အရာမဆို၊ ဘယ္သူကို မဆို ကာကွယ်ပေးဖို့ ကြိုးစားခဲ့ကြသည်။ ဇောင်ယုဟွမ် ကပြုံးလိုက်ပြီး ပြောလိုက်သည်။

“အင်း၊ ငါမှတ်ထားမယ်၊ လွယ်လွယ်နဲ့ ခွင့်မလွှတ်ဘူး”

15.06.2020 (Mon)
………………………

[text_hash] => f1279b86
)

//qc
//QC2