ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] – 17❇ ဒင္ေခြၽယြဲ႕နဲ႕ေတြ႕ဆုံျခင္း
// qc

ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] - 17❇ ဒင္ေခြၽယြဲ႕နဲ႕ေတြ႕ဆုံျခင္း

Array
(
[text] =>

<Zawgyi>

ဒင္ေခြၽယြဲ႕ နဲ႕ေတြ႕ဆုံျခင္း

ထိုအမ်ိဳးသမီးရဲ႕ နာမည္က ဒင္ေခြၽယြဲ႕ ျဖစ္သည္။ သူမက ေကာလိပ္ၿပီးသြားခ်ိန္တြင္ လန္အိမ္ေတာ္ရဲ႕ ဒုတိယသားနဲ႕ လက္ထပ္ခဲ့ၿပီး လန္ဂ်င္းဇီ ကိုေမြးဖြားခဲ့သည္။

ေဇာင္ယုဟြမ္ ကအဖိုးဒင္ ဆီမွ သူမအန္တီရဲ႕ အေၾကာင္းေတြကို တျဖည္းျဖည္း သိခဲ့ရသည္။ လွပေပမဲ့ ေသးငယ္သည့္ စားေသာက္ဆိုင္ရဲ႕ သီးသန႔္အခန္းတြင္ ထိုင္ေနရင္း သူတို႔ရဲ႕ အမွာကို အဆုံးသတ္လိုက္သည္။ ဝန္ထမ္းက ထြက္သြားၿပီးေနာက္ ဒင္ေခြၽယြဲ႕ ကစေျပာလိုက္သည္။

“မင္းအေမအတြက္ လူမႈဖူလုံေရး ကေန ေကာင္ေလး ႏွစ္ေယာက္ေမြးစားခဲ့တယ္လို႔ အေဖ့ဆီက ၾကားခဲ့တယ္” ေဇာင္ယုဟြမ္ ေခါင္းညိတ္လိုက္သည္။

“အင္း”

“သူတို႔ကို ဒင္အိမ္ေတာ္ ဒါမွမဟုတ္ ေဇာင္အိမ္ေတာ္မွာ စာရင္းသြင္းၿပီးၿပီလား? ဒါကို ေဇာင္ခ်ီ ကသေဘာတူလား?”

“ဒင္အိမ္ေတာ္ လက္ေအာက္မွာရွိေပမဲ့ သူတို႔က ေဇာင္အိမ္ေတာ္ရဲ႕ တစ္စိတ္တစ္ပိုင္းလို႔ သတ္မွတ္ထားတယ္” ေဇာင္ယုဟြမ္ ျပန္ေျဖလိုက္သည္။
“မင္းအေမက ဒီဆႏၵကို တကယ္ပဲ ထားခဲ့တာလား? သူမအတြက္ လူမႈဖူလုံေရး ေအဂ်င္စီကေန ေကာင္ေလး ႏွစ္ေယာက္ကို မင္းကို ေမြးစားေစခ်င္တာလား?”

“ဟုတ္တယ္” ေဇာင္ယုဟြမ္ ျပန္ေျဖလိုက္သည္။ ထို႔ေနာက္ အခ်ိန္အနည္းငယ္ တိတ္ဆိတ္သြားၿပီး သူမ ေမးလိုက္သည္။

“အန္တီ တစ္ခုခု ေျပာခ်င္တာရွိရင္ ဘာလို႔မေျပာတာလဲ?”

“မင္းနဲ႕ ေသြးသားမေတာ္စပ္တဲ့ ကေလးႏွစ္ေယာက္ကို မင္းေမြးစားခဲ့တယ္… အနာဂတ္အေၾကာင္းကို ေတြးခဲ့ဖူးလား?” ဒင္ေခြၽယြဲ႕ ကရပ္လိုက္ၿပီး သူမလက္ကေတြကို လက္သုတ္နဲ႕ သန႔္ရွင္းလိုက္ကာ ဆက္ေျပာလိုက္သည္။

“မင္းအဖိုးက ႏွစ္အနည္းငယ္ အတြင္းမွာ သူ႕ဆႏၵကို ၿပီးေအာင္လုပ္ခဲ့တယ္၊ သူ႕အေမြေတြကို မင္းအေမနဲ႕ ငါ့ကို လႊဲေပးခဲ့တယ္။ အခုေတာ့ မင္းက ဒင္အိမ္ေတာ္ရဲ႕ လက္ေအာက္မွာ ေကာင္ေလး ႏွစ္ေယာက္ကို ထားမယ္ဆိုရင္ သူတို႔က မင္းအေမရဲ႕ အေမြဆက္ခံသူလို႔ ယူဆနိုင္တယ္။ ဆိုလိုတာက သူတို႔လည္း အေမြတစ္စိတ္တစ္ပိုင္းကို ရလိမ့္မယ္”

ေဇာင္ယုဟြမ္ စိတ္ထဲဘာရွိလဲဆိုတာကို အတည္ျပဳလိုက္တာပဲ။ Yup! သူမ ဒီေနရာမွာ ရွိေနတာက ေငြအေၾကာင္းေျပာဖို႔ ျဖစ္သည္။

ဒင္ေခြၽယြဲ႕ ကေနာက္ထပ္ ကေလးႏွစ္ေယာက္က ဒင္အိမ္ေတာ္ရဲ႕ ေငြတစ္စိတ္တစ္ပိုင္းကို ခံစားခြင့္ရွိမွာကို စိုးရိမ္ေနခဲ့သည္။ ေဇာင္ယုဟြမ္ ကသူမ ေျပာခ်င္တာကို နားလည္ေပမဲ့ သူမက ရႈပ္ေထြးသည့္ အမူအရာကို ထားလိုက္ၿပီး ေမးလိုက္သည္။

“ဒါနဲ႕ပတ္သက္ၿပီး ဘာျပႆနာရွိလို႔လဲ?” ဒင္ေခြၽယြဲ႕ ကအခ်ိန္အနည္းငယ္ေလာက္ တိတ္ဆိတ္ေနၿပီး ဆက္ေျပာလိုက္သည္။

“ဒီလိုမ်ိဳး မသက္ဆိုင္တဲ့ လူေတြက ငါတို႔ေငြေတြကို လက္ဆင့္ကမ္းေပးဖို႔ ထိုက္တန္တယ္လို႔ မင္းထင္လား?”

“အန္တီ၊ သမီးမွာ အေမမရွိေတာ့ဘူး။ အေဖကလည္း မိသားစုအသစ္နဲ႕ ဖိုးဖိုးကလည္း အသက္မငယ္ေတာ့ဘူး။ ဘယ္မိသားစုကို မွသမီး မွီခိုလို႔မရေတာ့ဘူး။ သူတို႔က သမီးရဲ႕ မိသားစုဝင္ျဖစ္လာၿပီး အနာဂတ္မွာ သမီးေဘးမွာ ရွိေနေပးလိမ့္မယ္၊ ေသခ်ာေပါက္ ဒါက ထိုက္တန္တာေပါ့”

ဒင္ေခြၽယြဲ႕ ကရယ္စရာကို ေတြ႕သြားခဲ့သည္။ သူမက အသံနိမ့္ေလးနဲ႕ ေျပာလိုက္သည္။

“ဟြမ္ဟြမ္၊ မင္းက ေငြေၾကးေတြ ၾကားထဲမွာ ႀကီးျပင္းလာတာေၾကာင့္ ဒါရဲ႕အေရးပါမႈကို နားမလည္ဘူး။ အနာဂတ္မွာ မင္းေနာင္တရလိမ့္မယ္။ မင္းအစ္ကိုနဲ႕ ငါကေကာ ဘာလဲ? မင္းမိသားစု မဟုတ္ဘူးလား?”

“အန္တီနဲ႕ အစ္ကိုတို႔ ႏွစ္ေယာက္လုံးက အရမ္းကို အလုပ္မ်ားတဲ့ လူေတြပဲ”

“မင္းငါတို႔ကို ေခၚနိုင္တယ္။ မင္းအစ္ကိုနဲ႕ ငါက အလုပ္မ်ားေနရင္ ငါတို႔ မင္းကိုကူညီေပးဖို႔ လက္ေထာက္ပို႔ေပးမယ္”

“ဒါေပမဲ့ ဒါက မတူဘူး။ သူတို႔က သမီးေဘးမွာ အခ်ိန္တိုင္း ရွိေပးၾကလိမ့္မယ္၊ သမီး ဝမ္းနည္းခ်ိန္၊ ေပ်ာ္႐ႊင္ခ်ိန္ေတြမွာ သမီးရဲ႕ ေပ်ာ္႐ႊင္မႈေတြကို ေဝမွ်ေပးဖို႔လိုအပ္လာရင္ သူတို႔က ရွိေပးၾကလိမ့္မယ္…. ဒါမွမဟုတ္ ဒါေတြကို အန္တီရဲ႕ လက္ေထာက္ကို ေပ်ာ္ျပနိုင္မွာလဲ?”

ေဇာင္ယုဟြမ္ ကသူမႏႈတ္ခမ္းကို ေစ့လိုက္သည္။ သူမအေရွ႕က အမ်ိဳးသမီးက ဒင္႐ူ႐ြယ္ ရဲ႕အစ္မသာ မဟုတ္ရင္ တျခားနည္းလမ္းနဲ႕ လုပ္လိမ့္မည္။ ဒင္ေခြၽယြဲ႕ ရဲ႕မ်က္ႏွာက ေအးစက္သြားၿပီး ေျပာလိုက္သည္။

“အိုေက၊ မင္းက ဒီလိုမ်ိဳး ခံစားရတယ္ဆိုရင္ တျခားေျပာစရာ ဘာမွမရွိေတာ့ဘူး။ ဒါေပမဲ့ အနာဂတ္မွာ ဒီအေၾကာင္းကို မင္းေနာင္တရလာရင္ မင္းကို ငါသတိမေပးခဲ့ဘူးလို႔ မေျပာနဲ႕” ေဇာင္ယုဟြမ္ ကၿပဳံးလိုက္ၿပီး ေျပာလိုက္သည္။

“မစိုးရိမ္ပါနဲ႕၊ ေနာက္တစ္ခါ သမီးအေမအေၾကာင္း အိမ္မက္မက္တဲ့အခါ အန္တီက သမီးအေပၚမွာ အရမ္းေကာင္းတယ္ဆိုတာ ေျပာျပေပးမွာပါ” ဒင္ေခြၽယြဲ႕ ထိုေနရာတြင္ အနည္းငယ္ ေအးခဲသြားသည္။

ထိုအခ်ိန္တြင္ ဝန္ထမ္းေတြက တံခါးကို ေခါက္လိုက္ၿပီး ဟင္းပြဲေတြနဲ႕အတူ ဝင္လာၾကသည္။ ေဇာင္ယုဟြမ္ ကစားခ်င္စိတ္မရွိေတာ့ေပ။ သူမက မတ္တပ္ရပ္လိုက္ၿပီး ေျပာလိုက္သည္။

“အန္တီ၊ သမီး ေနလို႔သိပ္အဆင္မေျပဘူး။ အရင္သြားခြင့္ျပဳပါ….”

“မင္းအရင္ မစားခ်င္ဘူးလား?”

“မစားေတာ့ဘူး၊ အဆင္ေျပပါတယ္” ေဇာင္ယုဟြမ္ ကေျပာလိုက္ရင္း သူမလက္ကို ဗိုက္တြင္ တင္လိုက္ၿပီး လ်င္ျမန္စြာနဲ႕ ေလွ်ာက္သြားလိုက္သည္။

သူမက ဒင္ေခြၽယြဲ႕ ကိုလွည့္ေတာင္ မၾကည့္ေပ။ သူမ စားေသာက္ဆိုင္ အျပင္ကို ေလွ်ာက္သြားသည္ႏွင့္ ဟုန္ခ်န္းမင္း နဲ႕ လီဂ်င္းယြမ္ တို႔ဆီကို စာပို႔လိုက္သည္။

“မင္းတို႔ အတန္းထဲမွာလား?”

သူတို႔ႏွစ္ေယာက္လုံးဆီကို စာပို႔လိုက္သည္။ ဟုန္ခ်န္းမင္း နဲ႕ လီဂ်င္းယြမ္ တို႔က အတန္းထဲတြင္ ရွိေနၾကသည္။ ဒီေန႕တြင္ အဂၤလိပ္ သင္ၾကားသည့္ အခ်ိန္ျဖစ္သည္။

သူတို႔ဖုန္းက ျမည္လာခ်ိန္တြင္ သူတို႔ဖုန္းကို တစ္ခ်ိန္တည္းနီးပါး ကိုင္လိုက္ၾကသည္။ သူတို႔ဖုန္းထဲတြင္ ေဇာင္ယုဟြမ္ နဲ႕အတန္းေဖာ္ အနည္းငယ္ရဲ႕ ဖုန္းနံပါတ္ေတြသာ ရွိၾကသည္။

ေဇာင္ယုဟြမ္ ဆီမွမည္သည့္ အရာကိုမွ လြဲေခ်ာ္ျခင္း မရွိေစရန္ သူတို႔က သူတို႔ဖုန္းကို ဘယ္ေတာ့မွ အသံမပိတ္ထားၾကေပ။ သူတို႔က သူတို႔ ၾကားနိုင္ေလာက္သည့္ အသံထိသာ တိုးထားသည္။

ေဇာင္ယုဟြမ္ ဆီမွ စာကို ႏွစ္ေယာက္သား ဖတ္ၿပီးၾကၿပီး ခ်က္ခ်င္းပင္ တစ္ခုခုက မမွန္ဘူးလို႔ ထင္လိုက္ၾကသည္။ ေဇာင္ယုဟြမ္ ကအစားစားေနခ်ိန္မွာ ဘယ္တုန္းကမွ ဖုန္းမသုံးဘူး၊ သူတို႔နဲ႕အတူ ညစာစားေနရင္ေတာင္ ဖုန္းမသုံးဘူး။

ဟုန္ခ်န္းမင္း ခ်က္ခ်င္းပင္ မတ္တပ္ရပ္လိုက္သည္။ နိုင္ငံျခားသား ဆရာက သူ႕ကို ၾကည့္လိုက္ၿပီး သူ႕ရဲ႕ နည္းပါးလွသည့္ တ႐ုတ္စကားျဖင့္ ေမးလိုက္သည္။

“ဘာျဖစ္လို႔လဲ၊ သင္တန္းသားဟုန္?”

“အေရးႀကီးလို႔ ကြၽန္ေတာ္ ေတာင္းပန္ပါတယ္” ဟုန္ခ်န္းမင္း ကေျပာလိုက္ၿပီး ေလွကားကေန ေျပးဆင္းသြားခဲ့သည္။

တဖက္တြင္ လီဂ်င္းယြမ္ ကသူမရဲ႕ စာကို ျပန္လိုက္ၿပီး “ကြၽန္ေတာ္ အတန္းထဲမွာ၊ အစားအေသာက္ေတြ မႀကိဳက္လို႔လား?”

ေဇာင္ယုဟြမ္ ကသူ႕ဆီက ျပန္ပို႔သည့္ စာကို ရလိုက္ၿပီး သူမေခါင္းကို ငုံ႕ကာ ဖတ္လိုက္သည္။ သူမက ခ်က္ခ်င္းပဲ စာျပန္ပို႔လိုက္သည္။

“ဘာလို႔အတန္းထဲမွာ အာ႐ုံမစိုက္တာလဲ? မင္းဖုန္းကို အေဝးမွာ ထားလိုက္” သူ႕ကို စာပို႔ၿပီးေနာက္ ဝင္စာထဲကို ၾကည့္လိုက္ၿပီး ဟုန္ခ်န္းမင္း ဆီက စာကို မေတြ႕ရေပ။

သူ မေတြ႕တာလား? သူ႕အတန္းထဲမွာ အာ႐ုံစိုက္ထားတာပဲ ျဖစ္လိမ့္မယ္၊ သူမ နည္းနည္းေတာ့ စိတ္ပ်က္သြားသည္။

သူမ ဒင္ေခြၽယြဲ႕ ကိုေျပာခဲ့တာက အလိမ္အညာ မဟုတ္ဘူး။ သူမက ဇာတ္လိုက္နဲ႕ ဗီလိန္ ကိုမူလပိုင္ရွင္ရဲ႕ ဘဝေျပာင္းလဲဖို႔ ရည္႐ြယ္ခ်က္နဲ႕ ေမြးစားခဲ့ေပမဲ့ ေကာင္ေလး ႏွစ္ေယာက္နဲ႕ ဒီအခ်ိန္ေတြကို အတူတူ ကုန္ဆုံးခဲ့ၿပီးေနာက္မွာ သူတို႔ႏွစ္ေယာက္လုံးက အရမ္းကို သေဘာေကာင္းၿပီး သူမကိုလည္း ေကာင္းေကာင္း ဆက္ဆံသည္။

အခ်ိန္ကုန္လာသည္ႏွင့္ ေကာင္ေလး ႏွစ္ေယာက္က စာအုပ္ထဲက ဇာတ္ေကာင္ေတြလို မဟုတ္ပဲ တကယ့္အစစ္လို႔ စတင္ၾကည့္ရႈခဲ့သည္။ သူတို႔နဲ႕အတူ ႀကီးျပင္းခ်င္တယ္လို႔ သူမေျပာခဲ့တာက ဒီေနရာမွာ သူတို႔ႏွစ္ေယာက္ကို မွီခိုအားထားခ်င္ေၾကာင္းကို ဆိုလိုသည္။

အို၊ သူမ ေငြေတြေပၚမွာလည္း မူတည္တယ္။ ေန႕ရက္ေတြက ေငြမရွိရင္ အဆင္မေျပနိုင္ဘူး။

ေဇာင္ယုဟြမ္ ကသူမဖုန္းကို အေဝးမွာထားလိုက္ၿပီး အေရွ႕ကို တျဖည္းျဖည္း ေလွ်ာက္လိုက္သည္။ သူတို႔

အတန္းၿပီးတဲ့အခ်ိန္ထိ ေစာင့္ေနသင့္လား?

အရင္အိမ္ျပန္သင့္လား? သူမ အိမ္ျပန္တာပဲ ျဖစ္နိုင္တယ္။ အနည္းဆုံးေတာ့ အိမ္မွာ အ႐ုပ္ေတြနဲ႕ ကစားလို႔ရေသးတယ္။

ၿပီးခဲ့တဲ့ လတုန္းက ေနာက္ထပ္ ေသတၱာတစ္ခု ဝယ္ခဲ့သည္။ ေဇာင္ယုဟြမ္ ကေျခလွမ္း အနည္းငယ္ လွမ္းၿပီးေနာက္တြင္ သူမဖုန္းက ျမည္လာခဲ့သည္။

ဟမ္? သူမကို ဘယ္သူေခၚေနတာလဲ? သူမဖုန္းကို ထုတ္လိုက္ၿပီး ဟုန္ခ်န္းမင္း ဆိုသည့္ စာလုံးသုံးလုံးကို ျမင္လိုက္ရသည္။

ဟုန္ခ်န္းမင္း ကသူမကို ေခၚေနတာလား? သူက အတန္းထဲမွာ မဟုတ္ဘူးလား?

အခ်ိန္အနည္းငယ္ေလာက္ တြန႔္ဆုတ္ေနၿပီး ဖုန္းကိုင္လိုက္သည္။ သူ႕ကို အတန္းထဲမွာ ရွိေနတာလား သူမ ေမးမည့္အခ်ိန္တြင္ပဲ ဟုန္ခ်န္းမင္း ကအရင္ဆုံး ေျပာလိုက္သည္။ သူ႕အသံက ဖုန္းထဲမွ ထြက္လာခဲ့သည္။

“ဟြမ္ဟြမ္ မင္းဘယ္မွာလဲ?”

“အင္း… ငါအခုေလးတင္ စားေသာက္ဆိုင္က ထြက္လာခဲ့တာ။ ဒါက ရွီေဝ့႐ႊမ္၊ အရင္တုန္းက ငါတို႔ေတြ ေရာက္ဖူးတယ္”

“ေက်ာင္းဆီကို ျပန္မေလွ်ာက္ခ်င္ရင္….. အဲ့ေနရာမွာပဲေန….” သူဘာလုပ္ေနလဲဆိုတာ ေဇာင္ယုဟြမ္ ႐ုတ္တရက္ နားလည္သြားသည္။

“ငါ့ကို လာရွာတာလား?”

“အင္း” ဟုန္ခ်န္းမင္း ကေျပာလိုက္ၿပီး ဖုန္းခ်လိဳက္သည္။

ေဇာင္ယုဟြမ္ ကလွည့္ပတ္ၾကည့္လိုက္ၿပီး အနီးက ေကာ္ဖီဆိုင္ကို ေတြ႕လိုက္သည္။ သူမ လမ္းအလယ္မွာ ရပ္ၿပီးေစာင့္ေနဖို႔က မျဖစ္နိုင္ဘူး။ ဒီအေၾကာင္းကို အခ်ိန္အနည္းငယ္ေလာက္ ေတြးလိုက္ၿပီး ေကာ္ဖီဆိုင္ထဲကို ေလွ်ာက္ဝင္လိုက္သည္။

ေဇာင္ယုဟြမ္ အခ်ိန္အၾကာႀကီး မေစာင့္လိုက္ရေပ။ ဒါက ၁၀ မိနစ္ေလာက္ပဲ ရွိၿပီး ဟုန္ခ်န္းမင္း ကိုေတြ႕လိုက္ရသည္။ သူမရဲ႕ေကာ္ဖီကိုေတာင္ နည္းနည္းေလးပဲ ေသာက္ရေသးသည္။ ေဇာင္ယုဟြမ္ ကညစာ မစားရေသးတာေၾကာင့္ သူမဗိုက္ကို ျဖည့္ဖို႔ ေကာ္ဖီကို ေသာက္လိုက္သည္။

သူမဗိုက္ကို ပြတ္လိုက္ၿပီး ေကာ္ဖီဆိုင္ အျပင္ဘက္ကို တျဖည္းျဖည္း ေလွ်ာက္သြားလိုက္သည္။ ဟုန္ခ်န္းမင္း ကသူမကို ဖုန္းေခၚေတာ့မဲ့အခ်ိန္တြင္ လွည့္လိုက္ၿပီး သူမကို ေတြ႕လိုက္သည္။

သူက အရင္ကထက္ အရပ္ရွည္လာခဲ့သည္။ သူက သူမအေရွ႕ကို ေျခလွမ္းအနည္းငယ္နဲ႕တင္ ေရာက္လာခဲ့သည္။ သူက အသံနိမ့္ေလးနဲ႕ ေမးလိုက္သည္။

“ညစာ မစားရေသးဘူးလား?”

သူမက ေခါင္းခါလိုက္ၿပီး “မစားရေသးဘူး”

“အစားအသာက္ေတြက ဆိုးလို႔လား?” ေဇာင္ယုဟြမ္ ေခါင္းခါလိုက္သည္။

ဟုန္ခ်န္းမင္း ကသူ႕ႏႈတ္ခမ္းကို ေစ့လိုက္သည္။ သူ႕ရဲ႕ရွည္လ်ားသည့္ ခႏၶာကိုယ္က သူမအတြက္ ႀကီးမားသည့္ သစ္ပင္ႀကီးနဲ႕ တူေနသည္။

“သူမက တခုခုဆိုး႐ြားတာ ေျပာခဲ့လို႔လား?” ဟုန္ခ်န္းမင္း ေမးလိုက္သည္။

ေဇာင္ယုဟြမ္ ကသူ႕အကၤ်ီလက္ကို ကိုင္လိုက္ၿပီး “ကိုကိုခ်န္းမင္း ဗိုက္နာတယ္” ဟုန္ခ်န္းမင္း ကခ်က္ခ်င္းပင္ စိုးရိမ္သြားခဲ့သည္။ သူက လွည့္လိုက္ၿပီး သူမကို ေက်ာေပးၿပီး ထိုင္လိုက္ကာ ေျပာလိုက္သည္။

“ငါမင္းကို သယ္သြားေပးမယ္။ ညစာအတြက္ တခုခု သြားစားရေအာင္” ေဇာင္ယုဟြမ္ ကသူ႕ေက်ာေပၚကို တျဖည္းျဖည္း တက္လိုက္ၿပီး သူမလက္ေတြနဲ႕ သူ႕လည္ပင္းကို ဖက္လိုက္ကာ တျဖည္းျဖည္း ေျပာလိုက္သည္။

“အန္တီက ငါေမြးစားခဲ့တဲ့ ကိုကိုနဲ႕ လီဂ်င္းယြမ္ တို႔အေၾကာင္းကို ေမးခဲ့တာ…” ဟုန္ခ်န္းမင္း ကသူနားေထာင္ေနေၾကာင္း ျပလိုက္သည္။ ေဇာင္ယုဟြမ္ ကသူ႕အတြက္ စကားဝိုင္းကို အက်ဥ္းခ်ဳပ္ ေျပာျပလိုက္သည္။

“ငါနည္းနည္းေတာ့ စိတ္ပ်က္သြားတယ္” ေဇာင္ယုဟြမ္ က ဟုန္ခ်န္းမင္း ရဲ႕အေရွ႕မွာ သူမလက္မေလးကို ေကြးလိုက္ၿပီး အမူအရာ လုပ္ျပလိုက္သည္။

“နည္းနည္းေလးပဲ” ဒင္႐ူ႐ြယ္ နဲ႕မူလပိုင္ရွင္အတြက္ စိတ္မေကာင္းသလို ခံစားရသည္။ အရင္တုန္းက သူမဘဝကို ခ်က္ခ်င္း ျပန္ေတြးမိသြားၿပီး သူတို႔က သူမအေပၚမွာ အရမ္းေကာင္းတာပဲ! ဒါေပမဲ့ အခုေတာ့ သူမက ထူးဆန္းတဲ့ ကမၻာကို ေရာက္ေနၿပီ။

ျပန္သြားဖို႔ နည္းလမ္းမရွိေတာ့ဘူး။ ဟုန္ခ်န္းမင္း ကသူမကို ေက်ာတြင္ပိုးသြားခဲ့သည္။ အေရွ႕ကို ျဖည္းျဖည္းခ်င္း လမ္းေလွ်ာက္ေနစဥ္ သူမကို ေျပာလိုက္သည္။

“ငါေတာင္းပန္ပါတယ္”

“ဘာလို႔ ေတာင္းပန္ေနတာလဲ?”

“ဒါက ငါတို႔အမွားပဲ”

“မဟုတ္ပါဘူး!” သူ႕လည္ပင္းက သူမလက္ေတြကို ပိုတင္းတင္းၾကပ္ၾကပ္ ဆုပ္လိုက္ၿပီး သူ႕နားနားတြင္ ႏူးညံ့စြာ ေျပာလိုက္သည္။

“သူတို႔က လူေကာင္းေတြ မဟုတ္ရင္ ငါက မင္းတို႔ကို ေမြးစားတာ၊ မေမြးစားတာနဲ႕ ေျပာင္းလဲလို႔မရဘူး။ ေတာက္ပတဲ့ အျခမ္းကိုပဲ ၾကည့္သင့္တယ္။ အခု ငါ့မွာ ေငြေတြပိုရွိလာၿပီ”

ဟုန္ခ်န္းမင္း ရဲ႕မ်က္ႏွာက မဲေမွာင္သြားၿပီး သူ႕ပါးစပ္ကို တင္းၾကပ္စြာ ပိတ္ထားကာ သူ႕မ်က္လုံးေတြက စိုစြတ္လာခဲ့သည္။ စကားတစ္လုံးေတာင္ သူ မေျပာနိုင္ေပ။

သူလက္ေတြကို သူမေက်ာတြင္ ထားလိုက္ၿပီး သူ႕ေက်ာတြင္ ထိပ္တန္းရတနာ တစ္ခုကို သယ္လာသလိုမ်ိဳး တင္းၾကပ္စြာ ကိုင္ထားရင္း သယ္လာခဲ့သည္။

“ဒါက အရပ္ပိုရွည္လာတာကို တားဆီးဖို႔လား?” ေဇာင္ယုဟြမ္ ကသူ႕ေက်ာတြင္ မွီထားရင္း ေမးလိုက္သည္။

“မဟုတ္ဘူး”

“ဒါဆို ငါ့ကို ကိုကိုက မၾကာခန သယ္ေပးသင့္တယ္”

“အိုေက” ဟုန္ခ်န္းမင္း ကရပ္လိုက္ၿပီး ေျပာလိုက္သည္။
“ငါတို႔ ေရာက္ၿပီ”

ေဇာင္ယုဟြမ္ ကေမာ့ၾကည့္လိုက္ခ်ိန္တြင္ သူတို႔က ဂ်ဳံယာဂုဆိုင္ အေရွ႕တြင္ ေရာက္ေနတာကို ေတြ႕လိုက္ရသည္။ ဟုန္ခ်န္းမင္း ရဲ႕ေက်ာေပၚကေန ဆင္းဖို႔ ႀကိဳးစားလိုက္ေပမဲ့ သူက သူမကို တင္းၾကပ္စြာ ကိုင္ထားၿပီး စားေသာက္ဆိုင္ထဲကို သူမကို ေက်ာပိုးကာ ဝင္သြားလိုက္သည္။

ဝန္ထမ္းက သူတို႔ဆိုင္ထဲကို ဒီလိုမ်ိဳး ဝင္လာတာကို ပထမဆုံး အႀကိမ္ ေတြ႕ဖူးျခင္းျဖစ္သည္။ အခ်ိန္အနည္းငယ္ေလာက္ အံ့အားသင့္ေနၿပီးမွ သူ႕စိတ္ေတြကို ျပန္စုစည္းလိုက္ကာ ေမးလိုက္သည္။

“ဘယ္ႏွေယာက္စာလဲ?” ဟုန္ခ်န္းမင္း ရဲ႕ေက်ာေပၚကေန ေဇာင္ယုဟြမ္ ကလွည့္လိုက္ၿပီး ဝန္ထမ္းကို ေျပာလိုက္သည္။

“ငါတို႔ သီးသန႔္အခန္း တစ္ခုလိုခ်င္တယ္” ဝန္ထမ္းက ခ်က္ခ်င္းပင္ သူတို႔ကို သီးသန႔္ခန္းဆီကို ဦးေဆာင္ေခၚသြားလိုက္သည္။

ဟုန္ခ်န္းမင္း ကခုံေပၚတြင္ သူမကို ခ်ေပးလိုက္ကာ သူ႕ယူနီေဖာင္း အကၤ်ီကို ခြၽတ္လိုက္သည္။ ေဇာင္ယုဟြမ္ ကေမာ့ၾကည့္လိုက္ၿပီး ဟုန္ခ်န္းမင္း ရဲ႕လည္ပင္းနဲ႕ ရင္ဘတ္ေတြက ေခြၽးေတြနဲ႕ ႐ႊဲေနတာကို ေတြ႕လိုက္ရသည္။ သူမဖုန္းက ထပ္ျမည္လာခဲ့သည္။

ဒါက လီဂ်င္းယြမ္ ျဖစ္နိုင္လား?

ေဇာင္ယုဟြမ္ ကဖုန္းကို ထုတ္လိုက္ၿပီး ၾကည့္လိုက္သည္။ ဒါက တကယ့္ကို လီဂ်င္းယြမ္ ျဖစ္ေနသည္။

“ဟယ္လို?”

“ဟြမ္ဟြမ္ မင္းဘယ္မွာလဲ?” လီဂ်င္းယြမ္ ရဲ႕အသံက တဖက္မွ ထြက္လာခဲ့သည္။

“ဂ်ဳံယာဂုဆိုင္မွာ ဘာျဖစ္လို႔လဲ?”

“ငါတို႔ေက်ာင္းနားကလား?”

“အင္း”

“ဟြမ္ဟြမ္၊ ငါ က်န္တဲ့တစ္ညလုံး အနားယူလိုက္ၿပီ။ ငါလာခဲ့မယ္” လီဂ်င္းယြမ္ က ေဇာင္ယုဟြမ္ ဆီမွ စာကိုရၿပီး တစ္ခုခု ျဖစ္ေနတယ္လို႔ ခံစားလိုက္ရသည္။

ဒီအခ်ိန္အတြင္း သူမက သူတို႔ကို စာပို႔တာရွားသည္။ ေနာက္ဆုံးတြင္ သူထပ္မေစာင့္နိုင္ေတာ့ပဲ အတန္းအျပင္ကို ေလွ်ာက္သြားၿပီး သူမကို ဖုန္းေခၚခဲ့သည္။ ေဇာင္ယုဟြမ္ ေျပာလိုက္သည္။

“အိုေက၊ ဒီမွာေစာင့္ေနမယ္”

“ေကာင္းၿပီ” လီဂ်င္းယြမ္ ကေျပာလိုက္ၿပီး ဖုန္းခ်လိဳက္သည္။

“လီဂ်င္းယြမ္ လာေနၿပီ” ေဇာင္ယုဟြမ္ က ဟုန္ခ်န္းမင္း ကိုေျပာလိုက္သည္။ ဟုန္ခ်န္းမင္း ကေျပာလိုက္သည္။

“သူ႕ကိုထားလိုက္၊ စရေအာင္” ေဇာင္ယုဟြမ္ ကဗိုက္ဆာေနတာေၾကာင့္ ေခါင္းညိတ္လိုက္ၿပီး မွာလိုက္ကာ မၾကာခင္တြင္ပဲ ဝန္ထမ္းက အစားအစာေတြကို သယ္လာခဲ့သည္။

လီဂ်င္းယြမ္ ေရာက္လာခ်ိန္တြင္ ေဇာင္ယုဟြမ္ ကဂ်ဳံယာဂု ဇြန္းႏွစ္ခုစာေလာက္ ရွိေနခဲ့သည္။ လီဂ်င္းယြမ္ ကတဖက္က ေလာင္ယုဟြမ္ ဆီကို လ်င္ျမန္စြာ ေလွ်ာက္သြားလိုက္ၿပီး ထိုင္လိုက္ကာ ဟုန္ခ်န္းမင္း ကိုၾကည့္လိုက္ၿပီး ေမးလိုက္သည္။

“မင္းေရာက္ေနတာ ဘယ္ေလာက္ၾကာၿပီလဲ?” ေဇာင္ယုဟြမ္ ကအစားကို ၿမိဳခ်လိဳက္ၿပီး ေျပာလိုက္သည္။

“ကိုကိုခ်န္းမင္း ကရွီေဝ့ကေန ငါထြက္လာကတည္းက ေရာက္လာတာ။ အမ္၊ သူကပဲ ဒီေနရာကို ငါ့ကို သယ္လာခဲ့ေပးတာ”

“ဘာျဖစ္လို႔လဲ?” လီဂ်င္းယြမ္ ကအခ်ိန္အနည္းငယ္ေလာက္ ရပ္တန႔္သြားၿပီး စိုးရိမ္စြာနဲ႕ ေမးလိုက္သည္။

“မမ ေနမေကာင္းဘူးလား?”

“အစာအိမ္ နာတာ၊ ဒါေပမဲ့ အခုအစားစားၿပီးေတာ့ ပိုေကာင္းလာၿပီ” လီဂ်င္းယြမ္ ကစိတ္သက္သာစြာျဖင့္ သက္ျပင္းခ်လိဳက္ၿပီး ေျပာလိုက္သည္။

“ဒါဆို ထပ္စားလိုက္ဦး” ေဇာင္ယုဟြမ္ ေခါင္းညိတ္လိုက္သည္။ ေဇာင္ယုဟြမ္ ကဗိုက္ဆာေနၿပီး ေကာင္ေလး ႏွစ္ေယာက္ကလည္း ဗိုက္ဆာေနၾကသည္။
သူတို႔ရဲ႕ အစားအားလုံးက ခ်က္ခ်င္းပင္ ကုန္သြားၾကသည္။ သူတို႔ ေငြေပးေခ်ၿပီးေနာက္တြင္ စားေသာက္ဆိုင္ အျပင္ကို အတူတူ ထြက္လာခဲ့ၾကသည္။ ေဇာင္ယုဟြမ္ ကေျခလွမ္းအနည္းငယ္ ေလွ်ာက္လိုက္သည္ႏွင့္ လီဂ်င္းယြမ္ က႐ုတ္တရက္ သူမအေရွ႕တြင္ ထိုင္ခ်လိဳက္ၿပီး ေျပာလိုက္သည္။

“ဟြမ္ဟြမ့္ ကိုသယ္သြားေပးမယ္” ထိုစကားကို ေျပာလိုက္ၿပီး လွည့္လိုက္ကာ ေဇာင္ယုဟြမ္ ကိုၾကည့္လိုက္ၿပီး သူ႕မ်က္လုံးေတြက ႏူးညံ့သိမ္ေမြ႕ေနၿပီး ေမွ်ာ္လင့္ခ်က္ေတြနဲ႕ ေတာက္ပေနသည္။

14.06.2020 (Sun)
……………………..

<Unicode>

ဒင်ချွေယွဲ့ နဲ့တွေ့ဆုံခြင်း

ထိုအမျိုးသမီးရဲ့ နာမည်က ဒင်ချွေယွဲ့ ဖြစ်သည်။ သူမက ကောလိပ်ပြီးသွားချိန်တွင် လန်အိမ်တော်ရဲ့ ဒုတိယသားနဲ့ လက်ထပ်ခဲ့ပြီး လန်ဂျင်းဇီ ကိုမွေးဖွားခဲ့သည်။

ဇောင်ယုဟွမ် ကအဖိုးဒင် ဆီမွ သူမအန်တီရဲ့ အကြောင်းတွေကို တဖြည်းဖြည်း သိခဲ့ရသည်။ လွပေပမဲ့ သေးငယ်သည့် စားသောက်ဆိုင်ရဲ့ သီးသန့်အခန်းတွင် ထိုင်နေရင်း သူတို့ရဲ့ အမွာကို အဆုံးသတ်လိုက်သည်။ ဝန်ထမ်းက ထွက်သွားပြီးနောက် ဒင်ချွေယွဲ့ ကစပြောလိုက်သည်။

“မင်းအမေအတွက် လူမှုဖူလုံရေး ကေန ကောင်လေး နှစ်ယောက်မွေးစားခဲ့တယ်လို့ အေဖ့ဆီက ကြားခဲ့တယ်” ဇောင်ယုဟွမ် ခေါင်းညိတ်လိုက်သည်။

“အင်း”

“သူတို့ကို ဒင်အိမ်တော် ဒါမှမဟုတ် ဇောင်အိမ်တော်မှာ စာရင်းသွင်းပြီးပြီလား? ဒါကို ဇောင်ချီ ကသေဘာတူလား?”

“ဒင်အိမ်တော် လက်အောက်မှာရှိပေမဲ့ သူတို့က ဇောင်အိမ်တော်ရဲ့ တစ်စိတ်တစ်ပိုင်းလို့ သတ်မှတ်ထားတယ်” ဇောင်ယုဟွမ် ပြန်ဖြေလိုက်သည်။
“မင်းအမေက ဒီဆန္ဒကို တကယ်ပဲ ထားခဲ့တာလား? သူမအတွက် လူမှုဖူလုံရေး အေဂျင်စီကနေ ကောင်လေး နှစ်ယောက်ကို မင်းကို မွေးစားစေချင်တာလား?”

“ဟုတ်တယ်” ဇောင်ယုဟွမ် ပြန်ဖြေလိုက်သည်။ ထို့နောက် အချိန်အနည်းငယ် တိတ်ဆိတ်သွားပြီး သူမ မေးလိုက်သည်။

“အန္တီ တစ္ခုခု ပြောချင်တာရှိရင် ဘာလို့မပြောတာလဲ?”

“မင်းနဲ့ သွေးသားမတော်စပ်တဲ့ ကလေးနှစ်ယောက်ကို မင်းမွေးစားခဲ့တယ်… အနာဂတ်အကြောင်းကို တွေးခဲ့ဖူးလား?” ဒင်ချွေယွဲ့ ကရပ်လိုက်ပြီး သူမလက္ကေတြကို လက်သုတ်နဲ့ သန့်ရှင်းလိုက်ကာ ဆက်ပြောလိုက်သည်။

“မင်းအဖိုးက နှစ်အနည်းငယ် အတွင်းမှာ သူ့ဆန္ဒကို ပြီးအောင်လုပ်ခဲ့တယ်၊ သူ့အမွေတွေကို မင်းအမေနဲ့ ငါ့ကို လွှဲပေးခဲ့တယ်။ အခုတော့ မင်းက ဒင်အိမ်တော်ရဲ့ လက်အောက်မှာ ကောင်လေး နှစ်ယောက်ကို ထားမယ်ဆိုရင် သူတို့က မင်းအမေရဲ့ အမွေဆက်ခံသူလို့ ယူဆနိုင်တယ်။ ဆိုလိုတာက သူတို့လည်း အမွေတစ်စိတ်တစ်ပိုင်းကို ရလိမ့်မယ်”

ဇောင်ယုဟွမ် စိတ်ထဲဘာရှိလဲဆိုတာကို အတည်ပြုလိုက်တာပဲ။ Yup! သူမ ဒီနေရာမှာ ရှိနေတာက ငွေအကြောင်းပြောဖို့ ဖြစ်သည်။

ဒင်ချွေယွဲ့ ကနောက်ထပ် ကလေးနှစ်ယောက်က ဒင်အိမ်တော်ရဲ့ ငွေတစ်စိတ်တစ်ပိုင်းကို ခံစားခွင့်ရှိမှာကို စိုးရိမ်နေခဲ့သည်။ ဇောင်ယုဟွမ် ကသူမ ပြောချင်တာကို နားလည်ပေမဲ့ သူမက ရှုပ်ထွေးသည့် အမူအရာကို ထားလိုက်ပြီး မေးလိုက်သည်။

“ဒါနဲ့ပတ်သက်ပြီး ဘာပြဿနာရှိလို့လဲ?” ဒင်ချွေယွဲ့ ကအချိန်အနည်းငယ်လောက် တိတ်ဆိတ်နေပြီး ဆက်ပြောလိုက်သည်။

“ဒီလိုမျိုး မသက်ဆိုင်တဲ့ လူတွေက ငါတို့ငွေတွေကို လက်ဆင့်ကမ်းပေးဖို့ ထိုက်တန်တယ်လို့ မင်းထင်လား?”

“အန္တီ၊ သမီးမွာ အမေမရှိတော့ဘူး။ အဖေကလည်း မိသားစုအသစ်နဲ့ ဖိုးဖိုးကလည်း အသက်မငယ်တော့ဘူး။ ဘယ္မိသားစုကို မွသမီး မှီခိုလို့မရတော့ဘူး။ သူတို့က သမီးရဲ့ မိသားစုဝင်ဖြစ်လာပြီး အနာဂတ်မှာ သမီးဘေးမှာ ရှိနေပေးလိမ့်မယ်၊ သေချာပေါက် ဒါက ထိုက်တန်တာပေါ့”

ဒင်ချွေယွဲ့ ကရယ္စရာကို တွေ့သွားခဲ့သည်။ သူမက အသံနိမ့်လေးနဲ့ ပြောလိုက်သည်။

“ဟွမ်ဟွမ်၊ မင်းက ငွေကြေးတွေ ကြားထဲမှာ ကြီးပြင်းလာတာကြောင့် ဒါရဲ့အရေးပါမှုကို နားမလည်ဘူး။ အနာဂတ်မှာ မင်းနောင်တရလိမ့်မယ်။ မင်းအစ်ကိုနဲ့ ငါကေကာ ဘာလဲ? မင်းမိသားစု မဟုတ္ဘူးလား?”

“အန်တီနဲ့ အစ်ကိုတို့ နှစ်ယောက်လုံးက အရမ်းကို အလုပ္မ်ားတဲ့ လူတွေပဲ”

“မင်းငါတို့ကို ခေါ်နိုင်တယ်။ မင်းအစ်ကိုနဲ့ ငါက အလုပ်များနေရင် ငါတို့ မင်းကိုကူညီပေးဖို့ လက်ထောက်ပို့ပေးမယ်”

“ဒါပေမဲ့ ဒါက မတူဘူး။ သူတို့က သမီးဘေးမှာ အချိန်တိုင်း ရှိပေးကြလိမ့်မယ်၊ သမီး ဝမ်းနည်းချိန်၊ ပျော်ရွှင်ချိန်တွေမှာ သမီးရဲ့ ပျော်ရွှင်မှုတွေကို ဝေမျှပေးဖို့လိုအပ်လာရင် သူတို့က ရှိပေးကြလိမ့်မယ်…. ဒါမှမဟုတ် ဒါတွေကို အန်တီရဲ့ လက်ထောက်ကို ပျော်ပြနိုင်မှာလဲ?”

ဇောင်ယုဟွမ် ကသူမနှုတ်ခမ်းကို စေ့လိုက်သည်။ သူမအရှေ့က အမျိုးသမီးက ဒင်ရူရွယ် ရဲ့အစ်မသာ မဟုတ်ရင် တခြားနည်းလမ်းနဲ့ လုပ်လိမ့်မည်။ ဒင်ချွေယွဲ့ ရဲ့မျက်နှာက အေးစက်သွားပြီး ပြောလိုက်သည်။

“အိုကေ၊ မင်းက ဒီလိုမျိုး ခံစားရတယ်ဆိုရင် တခြားပြောစရာ ဘာမှမရှိတော့ဘူး။ ဒါပေမဲ့ အနာဂတ်မှာ ဒီအကြောင်းကို မင်းနောင်တရလာရင် မင်းကို ငါသတိမပေးခဲ့ဘူးလို့ မပြောနဲ့” ဇောင်ယုဟွမ် ကပြုံးလိုက်ပြီး ပြောလိုက်သည်။

“မစိုးရိမ်ပါနဲ့၊ နောက်တစ်ခါ သမီးအမေအကြောင်း အိမ်မက်မက်တဲ့အခါ အန္တီက သမီးအပေါ်မှာ အရမ်းကောင်းတယ်ဆိုတာ ပြောပြပေးမှာပါ” ဒင်ချွေယွဲ့ ထိုနေရာတွင် အနည်းငယ် အေးခဲသွားသည်။

ထိုအချိန်တွင် ဝန်ထမ်းတွေက တံခါးကို ခေါက်လိုက်ပြီး ဟင်းပွဲတွေနဲ့အတူ ဝင်လာကြသည်။ ဇောင်ယုဟွမ် ကစားချင်စိတ်မရှိတော့ပေ။ သူမက မတ်တပ်ရပ်လိုက်ပြီး ပြောလိုက်သည်။

“အန္တီ၊ သမီး နေလို့သိပ်အဆင်မပြေဘူး။ အရင်သွားခွင့်ပြုပါ….”

“မင်းအရင် မစားချင်ဘူးလား?”

“မစားတော့ဘူး၊ အဆင်ပြေပါတယ်” ဇောင်ယုဟွမ် ကပြောလိုက်ရင်း သူမလက္ကို ဗိုက်တွင် တင်လိုက်ပြီး လျင်မြန်စွာနဲ့ လျှောက်သွားလိုက်သည်။

သူမက ဒင်ချွေယွဲ့ ကိုလှည့်တောင် မကြည့်ပေ။ သူမ စားသောက်ဆိုင် အပြင်ကို လျှောက်သွားသည်နှင့် ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့ဆီကို စာပို့လိုက်သည်။

“မင်းတို့ အတန်းထဲမှာလား?”

သူတို့နှစ်ယောက်လုံးဆီကို စာပို့လိုက်သည်။ ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့က အတန်းထဲတွင် ရှိနေကြသည်။ ဒီနေ့တွင် အင်္ဂလိပ် သင်ကြားသည့် အချိန်ဖြစ်သည်။

သူတို့ဖုန်းက မြည်လာချိန်တွင် သူတို့ဖုန်းကို တစ်ချိန်တည်းနီးပါး ကိုင်လိုက်ကြသည်။ သူတို့ဖုန်းထဲတွင် ဇောင်ယုဟွမ် နဲ့အတန်းဖော် အနည်းငယ်ရဲ့ ဖုန်းနံပါတ်တွေသာ ရှိကြသည်။

ဇောင်ယုဟွမ် ဆီမှမည်သည့် အရာကိုမွ လွဲချော်ခြင်း မရှိစေရန် သူတို့က သူတို့ဖုန်းကို ဘယ်တော့မှ အသံမပိတ်ထားကြပေ။ သူတို့က သူတို့ ကြားနိုင်လောက်သည့် အသံထိသာ တိုးထားသည်။

ဇောင်ယုဟွမ် ဆီမွ စာကို နှစ်ယောက်သား ဖတ်ပြီးကြပြီး ချက်ချင်းပင် တစ္ခုခုက မမှန်ဘူးလို့ ထင်လိုက်ကြသည်။ ဇောင်ယုဟွမ် ကအစားစားနေချိန်မှာ ဘယ်တုန်းကမှ ဖုန်းမသုံးဘူး၊ သူတို့နဲ့အတူ ညစာစားနေရင်တောင် ဖုန်းမသုံးဘူး။

ဟုန်ချန်းမင်း ချက်ချင်းပင် မတ်တပ်ရပ်လိုက်သည်။ နိုင်ငံခြားသား ဆရာက သူ့ကို ကြည့်လိုက်ပြီး သူ့ရဲ့ နည်းပါးလှသည့် တရုတ်စကားဖြင့် မေးလိုက်သည်။

“ဘာဖြစ်လို့လဲ၊ သင်တန်းသားဟုန်?”

“အရေးကြီးလို့ ကျွန်တော် တောင်းပန်ပါတယ်” ဟုန်ချန်းမင်း ကပြောလိုက်ပြီး လှေကားကနေ ပြေးဆင်းသွားခဲ့သည်။

တဖက်တွင် လီဂျင်းယွမ် ကသူမရဲ့ စာကို ပြန်လိုက်ပြီး “ကျွန်တော် အတန်းထဲမှာ၊ အစားအသောက်တွေ မကြိုက်လို့လား?”

ဇောင်ယုဟွမ် ကသူ့ဆီက ပြန်ပို့သည့် စာကို ရလိုက်ပြီး သူမခေါင်းကို ငုံ့ကာ ဖတ်လိုက်သည်။ သူမက ချက်ချင်းပဲ စာပြန်ပို့လိုက်သည်။

“ဘာလို့အတန်းထဲမှာ အာရုံမစိုက်တာလဲ? မင်းဖုန်းကို အေဝးမွာ ထားလိုက်” သူ့ကို စာပို့ပြီးနောက် ဝင်စာထဲကို ကြည့်လိုက်ပြီး ဟုန်ချန်းမင်း ဆီက စာကို မတွေ့ရပေ။

သူ မတွေ့တာလား? သူ့အတန်းထဲမှာ အာရုံစိုက်ထားတာပဲ ဖြစ်လိမ့်မယ်၊ သူမ နည်းနည်းတော့ စိတ်ပျက်သွားသည်။

သူမ ဒင်ချွေယွဲ့ ကိုပြောခဲ့တာက အလိမ်အညာ မဟုတ္ဘူး။ သူမက ဇာတ်လိုက်နဲ့ ဗီလိန် ကိုမူလပိုင်ရှင်ရဲ့ ဘဝပြောင်းလဲဖို့ ရည်ရွယ်ချက်နဲ့ မွေးစားခဲ့ပေမဲ့ ကောင်လေး နှစ်ယောက်နဲ့ ဒီအချိန်တွေကို အတူတူ ကုန်ဆုံးခဲ့ပြီးနောက်မှာ သူတို့နှစ်ယောက်လုံးက အရမ်းကို သဘောကောင်းပြီး သူမကိုလည်း ကောင်းကောင်း ဆက်ဆံသည်။

အချိန်ကုန်လာသည်နှင့် ကောင်လေး နှစ်ယောက်က စာအုပ်ထဲက ဇာတ်ကောင်တွေလို မဟုတ်ပဲ တကယ့်အစစ်လို့ စတင်ကြည့်ရှုခဲ့သည်။ သူတို့နဲ့အတူ ကြီးပြင်းချင်တယ်လို့ သူမပြောခဲ့တာက ဒီနေရာမှာ သူတို့နှစ်ယောက်ကို မှီခိုအားထားချင်ကြောင်းကို ဆိုလိုသည်။

အို၊ သူမ ငွေတွေပေါ်မှာလည်း မူတည်တယ်။ နေ့ရက်တွေက ငွေမရှိရင် အဆင်မပြေနိုင်ဘူး။

ဇောင်ယုဟွမ် ကသူမဖုန်းကို အဝေးမှာထားလိုက်ပြီး အရှေ့ကို တဖြည်းဖြည်း လျှောက်လိုက်သည်။ သူတို့

အတန်းပြီးတဲ့အချိန်ထိ စောင့်နေသင့်လား?

အရင်အိမ်ပြန်သင့်လား? သူမ အိမ်ပြန်တာပဲ ဖြစ်နိုင်တယ်။ အနည်းဆုံးတော့ အိမ်မှာ အရုပ်တွေနဲ့ ကစားလို့ရသေးတယ်။

ပြီးခဲ့တဲ့ လတုန်းက နောက်ထပ် သေတ္တာတစ်ခု ဝယ်ခဲ့သည်။ ဇောင်ယုဟွမ် ကခြေလှမ်း အနည်းငယ် လှမ်းပြီးနောက်တွင် သူမဖုန်းက မြည်လာခဲ့သည်။

ဟမ်? သူမကို ဘယ်သူခေါ်နေတာလဲ? သူမဖုန်းကို ထုတ်လိုက်ပြီး ဟုန်ချန်းမင်း ဆိုသည့် စာလုံးသုံးလုံးကို မြင်လိုက်ရသည်။

ဟုန်ချန်းမင်း ကသူမကို ခေါ်နေတာလား? သူက အတန်းထဲမှာ မဟုတ္ဘူးလား?

အချိန်အနည်းငယ်လောက် တွန့်ဆုတ်နေပြီး ဖုန်းကိုင်လိုက်သည်။ သူ့ကို အတန်းထဲမှာ ရှိနေတာလား သူမ မေးမည့်အချိန်တွင်ပဲ ဟုန်ချန်းမင်း ကအရင်ဆုံး ပြောလိုက်သည်။ သူ့အသံက ဖုန်းထဲမှ ထွက်လာခဲ့သည်။

“ဟွမ်ဟွမ် မင်းဘယ်မှာလဲ?”

“အင်း… ငါအခုလေးတင် စားသောက်ဆိုင်က ထြက္လာခဲ့တာ။ ဒါက ရှီဝေ့ရွှမ်၊ အရင်တုန်းက ငါတို့တွေ ရောက်ဖူးတယ်”

“ကျောင်းဆီကို ပြန်မလျှောက်ချင်ရင်….. အဲ့နေရာမှာပဲနေ….” သူဘာလုပ်နေလဲဆိုတာ ဇောင်ယုဟွမ် ရုတ်တရက် နားလည်သွားသည်။

“ငါ့ကို လာရွာတာလား?”

“အင်း” ဟုန်ချန်းမင်း ကပြောလိုက်ပြီး ဖုန်းချလိုက်သည်။

ဇောင်ယုဟွမ် ကလှည့်ပတ်ကြည့်လိုက်ပြီး အနီးက ကော်ဖီဆိုင်ကို တွေ့လိုက်သည်။ သူမ လမ်းအလယ်မှာ ရပ်ပြီးစောင့်နေဖို့က မဖြစ်နိုင်ဘူး။ ဒီအကြောင်းကို အချိန်အနည်းငယ်လောက် တွေးလိုက်ပြီး ကော်ဖီဆိုင်ထဲကို လျှောက်ဝင်လိုက်သည်။

ဇောင်ယုဟွမ် အချိန်အကြာကြီး မစောင့်လိုက်ရပေ။ ဒါက ၁၀ မိနစ်လောက်ပဲ ရှိပြီး ဟုန်ချန်းမင်း ကိုတွေ့လိုက်ရသည်။ သူမရဲ့ကော်ဖီကိုတောင် နည်းနည်းလေးပဲ သောက်ရသေးသည်။ ဇောင်ယုဟွမ် ကညစာ မစားရသေးတာကြောင့် သူမဗိုက္ကို ဖြည့်ဖို့ ကော်ဖီကို သောက်လိုက်သည်။

သူမဗိုက္ကို ပွတ်လိုက်ပြီး ကော်ဖီဆိုင် အပြင်ဘက်ကို တဖြည်းဖြည်း လျှောက်သွားလိုက်သည်။ ဟုန်ချန်းမင်း ကသူမကို ဖုန်းခေါ်တော့မဲ့အချိန်တွင် လှည့်လိုက်ပြီး သူမကို တွေ့လိုက်သည်။

သူက အရင်ကထက် အရပ်ရှည်လာခဲ့သည်။ သူက သူမအရှေ့ကို ခြေလှမ်းအနည်းငယ်နဲ့တင် ရောက်လာခဲ့သည်။ သူက အသံနိမ့်လေးနဲ့ မေးလိုက်သည်။

“ညစာ မစားရေသးဘူးလား?”

သူမက ခေါင်းခါလိုက်ပြီး “မစားရေသးဘူး”

“အစားအသာက်တွေက ဆိုးလို့လား?” ဇောင်ယုဟွမ် ခေါင်းခါလိုက်သည်။

ဟုန်ချန်းမင်း ကသူ့နှုတ်ခမ်းကို စေ့လိုက်သည်။ သူ့ရဲ့ရှည်လျားသည့် ခန္ဓာကိုယ်က သူမအတွက် ကြီးမားသည့် သစ်ပင်ကြီးနဲ့ တူနေသည်။

“သူမက တခုခုဆိုးရွားတာ ပြောခဲ့လို့လား?” ဟုန်ချန်းမင်း မေးလိုက်သည်။

ဇောင်ယုဟွမ် ကသူ့အင်္ကျီလက်ကို ကိုင်လိုက်ပြီး “ကိုကိုချန်းမင်း ဗိုက်နာတယ်” ဟုန်ချန်းမင်း ကချက်ချင်းပင် စိုးရိမ်သွားခဲ့သည်။ သူက လှည့်လိုက်ပြီး သူမကို ကျောပေးပြီး ထိုင်လိုက်ကာ ပြောလိုက်သည်။

“ငါမင်းကို သယ်သွားပေးမယ်။ ညစာအတွက် တခုခု သွားစားရအောင်” ဇောင်ယုဟွမ် ကသူ့ကျောပေါ်ကို တဖြည်းဖြည်း တက်လိုက်ပြီး သူမလက်တွေနဲ့ သူ့လည်ပင်းကို ဖက္လိုက္ကာ တဖြည်းဖြည်း ပြောလိုက်သည်။

“အန္တီက ငါမွေးစားခဲ့တဲ့ ကိုကိုနဲ့ လီဂျင်းယွမ် တို့အကြောင်းကို မေးခဲ့တာ…” ဟုန်ချန်းမင်း ကသူနားထောင်နေကြောင်း ပြလိုက်သည်။ ဇောင်ယုဟွမ် ကသူ့အတွက် စကားဝိုင်းကို အကျဉ်းချုပ် ပြောပြလိုက်သည်။

“ငါနည်းနည်းတော့ စိတ်ပျက်သွားတယ်” ဇောင်ယုဟွမ် က ဟုန်ချန်းမင်း ရဲ့အရှေ့မှာ သူမလက်မလေးကို ကွေးလိုက်ပြီး အမူအရာ လုပ်ပြလိုက်သည်။

“နည်းနည်းလေးပဲ” ဒင်ရူရွယ် နဲ့မူလပိုင်ရှင်အတွက် စိတ်မကောင်းသလို ခံစားရသည်။ အရင်တုန်းက သူမဘဝကို ချက်ချင်း ပြန်တွေးမိသွားပြီး သူတို့က သူမအပေါ်မှာ အရမ်းကောင်းတာပဲ! ဒါပေမဲ့ အခုတော့ သူမက ထူးဆန်းတဲ့ ကမ်ဘာကို ရောက်နေပြီ။

ပြန်သွားဖို့ နည်းလမ်းမရှိတော့ဘူး။ ဟုန်ချန်းမင်း ကသူမကို ကျောတွင်ပိုးသွားခဲ့သည်။ အရှေ့ကို ဖြည်းဖြည်းချင်း လမ်းလျှောက်နေစဉ် သူမကို ပြောလိုက်သည်။

“ငါတောင်းပန်ပါတယ်”

“ဘာလို့ တောင်းပန်နေတာလဲ?”

“ဒါက ငါတို့အမှားပဲ”

“မဟုတ်ပါဘူး!” သူ့လည်ပင်းက သူမလက်တွေကို ပိုတင်းတင်းကြပ်ကြပ် ဆုပ်လိုက်ပြီး သူ့နားနားတွင် နူးညံ့စွာ ပြောလိုက်သည်။

“သူတို့က လူကောင်းတွေ မဟုတ်ရင် ငါက မင်းတို့ကို မွေးစားတာ၊ မမွေးစားတာနဲ့ ပြောင်းလဲလို့မရဘူး။ တောက်ပတဲ့ အခြမ်းကိုပဲ ကြည့်သင့်တယ်။ အခု ငါ့မွာ ငွေတွေပိုရှိလာပြီ”

ဟုန်ချန်းမင်း ရဲ့မျက်နှာက မဲမှောင်သွားပြီး သူ့ပါးစပ်ကို တင်းကြပ်စွာ ပိတ္ထားကာ သူ့မျက်လုံးတွေက စိုစွတ်လာခဲ့သည်။ စကားတစ်လုံးတောင် သူ မပြောနိုင်ပေ။

သူလက်တွေကို သူမကျောတွင် ထားလိုက်ပြီး သူ့ကျောတွင် ထိပ်တန်းရတနာ တစ္ခုကို သယ်လာသလိုမျိုး တင်းကြပ်စွာ ကိုင်ထားရင်း သယ်လာခဲ့သည်။

“ဒါက အရပ်ပိုရှည်လာတာကို တားဆီးဖို့လား?” ဇောင်ယုဟွမ် ကသူ့ကျောတွင် မှီထားရင်း မေးလိုက်သည်။

“မဟုတ္ဘူး”

“ဒါဆို ငါ့ကို ကိုကိုက မကြာခန သယ်ပေးသင့်တယ်”

“အိုကေ” ဟုန်ချန်းမင်း ကရပ်လိုက်ပြီး ပြောလိုက်သည်။
“ငါတို့ ရောက်ပြီ”

ဇောင်ယုဟွမ် ကမော့ကြည့်လိုက်ချိန်တွင် သူတို့က ဂျုံယာဂုဆိုင် အရှေ့တွင် ရောက်နေတာကို တွေ့လိုက်ရသည်။ ဟုန်ချန်းမင်း ရဲ့ကျောပေါ်ကနေ ဆင်းဖို့ ကြိုးစားလိုက်ပေမဲ့ သူက သူမကို တင်းကြပ်စွာ ကိုင်ထားပြီး စားသောက်ဆိုင်ထဲကို သူမကို ကျောပိုးကာ ဝင်သွားလိုက်သည်။

ဝန်ထမ်းက သူတို့ဆိုင်ထဲကို ဒီလိုမျိုး ဝင်လာတာကို ပထမဆုံး အကြိမ် တွေ့ဖူးခြင်းဖြစ်သည်။ အချိန်အနည်းငယ်လောက် အံ့အားသင့်နေပြီးမှ သူ့စိတ်တွေကို ပြန်စုစည်းလိုက်ကာ မေးလိုက်သည်။

“ဘယ်နှယောက်စာလဲ?” ဟုန်ချန်းမင်း ရဲ့ကျောပေါ်ကနေ ဇောင်ယုဟွမ် ကလှည့်လိုက်ပြီး ဝန်ထမ်းကို ပြောလိုက်သည်။

“ငါတို့ သီးသန့်အခန်း တစ်ခုလိုချင်တယ်” ဝန်ထမ်းက ချက်ချင်းပင် သူတို့ကို သီးသန့်ခန်းဆီကို ဦးဆောင်ခေါ်သွားလိုက်သည်။

ဟုန်ချန်းမင်း ကခုံပေါ်တွင် သူမကို ချပေးလိုက်ကာ သူ့ယူနီဖောင်း အင်္ကျီကို ချွတ်လိုက်သည်။ ဇောင်ယုဟွမ် ကမော့ကြည့်လိုက်ပြီး ဟုန်ချန်းမင်း ရဲ့လည်ပင်းနဲ့ ရင်ဘတ်တွေက ချွေးတွေနဲ့ ရွှဲနေတာကို တွေ့လိုက်ရသည်။ သူမဖုန်းက ထပ်မြည်လာခဲ့သည်။

ဒါက လီဂျင်းယွမ် ဖြစ်နိုင်လား?

ဇောင်ယုဟွမ် ကဖုန်းကို ထုတ်လိုက်ပြီး ကြည့်လိုက်သည်။ ဒါက တကယ့်ကို လီဂျင်းယွမ် ဖြစ်နေသည်။

“ဟယ္လို?”

“ဟွမ်ဟွမ် မင်းဘယ်မှာလဲ?” လီဂျင်းယွမ် ရဲ့အသံက တဖက်မှ ထွက်လာခဲ့သည်။

“ဂျုံယာဂုဆိုင်မှာ ဘာဖြစ်လို့လဲ?”

“ငါတို့ကျောင်းနားကလား?”

“အင်း”

“ဟွမ်ဟွမ်၊ ငါ ကျန်တဲ့တစ်ညလုံး အနားယူလိုက်ပြီ။ ငါလာခဲ့မယ်” လီဂျင်းယွမ် က ဇောင်ယုဟွမ် ဆီမွ စာကိုရပြီး တစ္ခုခု ဖြစ်နေတယ်လို့ ခံစားလိုက်ရသည်။

ဒီအချိန်အတွင်း သူမက သူတို့ကို စာပို့တာရှားသည်။ နောက်ဆုံးတွင် သူထပ်မစောင့်နိုင်တော့ပဲ အတန်းအပြင်ကို လျှောက်သွားပြီး သူမကို ဖုန်းခေါ်ခဲ့သည်။ ဇောင်ယုဟွမ် ပြောလိုက်သည်။

“အိုကေ၊ ဒီမှာစောင့်နေမယ်”

“ကောင်းပြီ” လီဂျင်းယွမ် ကပြောလိုက်ပြီး ဖုန်းချလိုက်သည်။

“လီဂျင်းယွမ် လာနေပြီ” ဇောင်ယုဟွမ် က ဟုန်ချန်းမင်း ကိုပြောလိုက်သည်။ ဟုန်ချန်းမင်း ကပြောလိုက်သည်။

“သူ့ကိုထားလိုက်၊ စရအောင်” ဇောင်ယုဟွမ် ကဗိုက်ဆာနေတာကြောင့် ခေါင်းညိတ်လိုက်ပြီး မွာလိုက္ကာ မကြာခင်တွင်ပဲ ဝန်ထမ်းက အစားအစာတွေကို သယ်လာခဲ့သည်။

လီဂျင်းယွမ် ရောက်လာချိန်တွင် ဇောင်ယုဟွမ် ကဂျုံယာဂု ဇွန်းနှစ်ခုစာလောက် ရှိနေခဲ့သည်။ လီဂျင်းယွမ် ကတဖက္က လောင်ယုဟွမ် ဆီကို လျင်မြန်စွာ လျှောက်သွားလိုက်ပြီး ထိုင်လိုက်ကာ ဟုန်ချန်းမင်း ကိုကြည့်လိုက်ပြီး မေးလိုက်သည်။

“မင်းရောက်နေတာ ဘယ်လောက်ကြာပြီလဲ?” ဇောင်ယုဟွမ် ကအစားကို မြိုချလိုက်ပြီး ပြောလိုက်သည်။

“ကိုကိုချန်းမင်း ကရှီဝေ့ကနေ ငါထွက်လာကတည်းက ရောက်လာတာ။ အမ်၊ သူကပဲ ဒီနေရာကို ငါ့ကို သယ်လာခဲ့ပေးတာ”

“ဘာဖြစ်လို့လဲ?” လီဂျင်းယွမ် ကအချိန်အနည်းငယ်လောက် ရပ်တန့်သွားပြီး စိုးရိမ်စွာနဲ့ မေးလိုက်သည်။

“မမ နေမကောင်းဘူးလား?”

“အစာအိမ် နာတာ၊ ဒါပေမဲ့ အခုအစားစားပြီးတော့ ပိုကောင်းလာပြီ” လီဂျင်းယွမ် ကစိတ်သက်သာစွာဖြင့် သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။

“ဒါဆို ထပ်စားလိုက်ဦး” ဇောင်ယုဟွမ် ခေါင်းညိတ်လိုက်သည်။ ဇောင်ယုဟွမ် ကဗိုက်ဆာနေပြီး ကောင်လေး နှစ်ယောက်ကလည်း ဗိုက်ဆာနေကြသည်။
သူတို့ရဲ့ အစားအားလုံးက ချက်ချင်းပင် ကုန်သွားကြသည်။ သူတို့ ငွေပေးချေပြီးနောက်တွင် စားသောက်ဆိုင် အပြင်ကို အတူတူ ထွက်လာခဲ့ကြသည်။ ဇောင်ယုဟွမ် ကခြေလှမ်းအနည်းငယ် လျှောက်လိုက်သည်နှင့် လီဂျင်းယွမ် ကရုတ်တရက် သူမအရှေ့တွင် ထိုင်ချလိုက်ပြီး ပြောလိုက်သည်။

“ဟွမ်ဟွမ့် ကိုသယ်သွားပေးမယ်” ထိုစကားကို ပြောလိုက်ပြီး လှည့်လိုက်ကာ ဇောင်ယုဟွမ် ကိုကြည့်လိုက်ပြီး သူ့မျက်လုံးတွေက နူးညံ့သိမ်မွေ့နေပြီး မျှော်လင့်ချက်တွေနဲ့ တောက်ပနေသည်။

14.06.2020 (Sun)
……………………..

[text_hash] => c4c5b986
)

//qc
//QC2