ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓] – 14❇ ဒူးတုန်ခြင်း
// qc
ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓] - 14❇ ဒူးတုန်ခြင်း
Array
(
[text] =>
<Zawgyi>
ဒူးတုန်ခြင်း
ပထမကတော့ ဇောင်အိမ်တော်မှာ ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာကို လူတိုင်းက ကြားခဲ့တာကြောင့် ဖြစ်ပြီး ဒုတိယကတော့ ဇောင်ယုဟွမ် ကကျောင်းပြန်တက်ချိန်တွင် သူမနဲ့ မရင်းနှီးသည့် ကျောင်းသားတစ်စုက အခုတော့ သူမဘေးတွင် ဝိုင်းရံနေပြီး သူမအနောက်ကိုသာ လိုက်နေကြတာကြောင့် ကျောင်းတွင် သူမကို ထင်ပေါ်စေခဲ့သည်။
“သူမက တတိယထပ်ကို သွားတယ်လို့ ငါထင်တယ်”
“ဟုတ်တယ်၊ တတိယထပ်က Dongfeng Society လို့ခေါ်တဲ့ ဆိုင်မှာရှိတယ်လို့ ငါထင်တယ်”
လူတိုင်းက သူတို့ရဲ့ အမြင်တွေကို ပြောလိုက်ကြပြီး နောက်ဆုံးတော့ သူတို့က လိပ်စာတစ်ခုကို ပေးနိုင်ခဲ့သည်။
Dongfeng Society?
ဇောင်ယုဟွမ် က ဟုန်ချန်းမင်း နဲ့အတူ အတန်းတက်နေပြီး အခုတော့ Dongfeng Society ကိုလာနေကာ သူမကျွမ်းကျင်မှုရဖို့အတွက် တစ်ခု နှစ်ခုလောက်ကို ကြိုးစားသင်နေသည်။
“ခနလေး” ဟုန်ချန်းမင်း ပြောလိုက်သည်။
“အို… ဟုန်ချန်းမင်း လိုမျိုးအစ်ကိုကြီး လိုချင်တယ်! ဇောင်ယုဟွမ် နင့်အစ်ကိုကို ငါ့ကို ငှားပါ!” ဇောင်ယုဟွမ် ကလှည့်ပြီး ကြည့်လိုက်သည်။
“အိမ်မက် ဆက်မက်နေလိုက်!” ဇောင်ယုဟွမ် ကသူမလက်ကို ပြန်ဆွဲလိုက်ပြီး မေးလိုက်သည်။
“အို တကယ်လား?” ဇောင်ယုဟွမ် ကလှည့်ပတ်ကြည့်လိုက်ပြီး မေးလိုက်သည်။
“မင်း ဗိုက်ဆာနေပြီလား?”
“နည်းနည်း”
“ဒါဆို သွားစားရအောင်”
*****
“တစ်ခုခု မှားနေလို့လား?” လီဂျင်းယွမ် ကအနောက်ကနေ လိုက်နေရင်း သူ့အနောက် မိန်းကလေးတွေကို လုံးလုံးမေ့သွားပြီး မေးလိုက်သည်။
“ကောင်းပြီ၊ ဟင့်အင်း၊ ဘာမှ မမှားပါဘူး….” ဇောင်ယုဟွမ် သက်ပြင်းချလိုက်သည်။
*****
အပြင်တွင် ချမ်းသာသည့် လူငယ်များစွာ ရှိနေတာတောင် သူမနဲ့ ဆက်ဆံရေး မပြုလုပ်ချင်ကြပေ။ ဒါကတော့ သူမက သူတို့ထက် အသက်ကြီးနေပြီး သူတို့ရဲ့ ရူးသွပ်သည့် အချိန်တွေက ကုန်ဆုံးသွားပြီး သူတို့အတွက် ကျော်ကြားသည့် မိသားစုက သမီးတွေနဲ့ လက်ထပ်ဖို့ကိုသာ ဦးတည်နေကြသည်။
ရှုယုရှန်း ကအရင်ဆုံး ကျော်ကြားသည့် မိသားစုက ဒင်ရူရွယ် ဇောင်ချီ ရဲ့ပထမဇနီး ကိုတွေးမိသွားပြီး သူမအမေ ရှုရန်ဟွေ့ ကတော့ ရယ်စရာဖြစ်ခဲ့သည်။
အခုတော့ သူမရဲ့ အဆင့်အတန်းက ကျက်သရေ မဆောင်ကျဉ်းနိုင်တာကို နောက်ဆုံးတွင် နားလည်သွားပြီး သူမ တစ်ဘဝလုံး အနောက်တွင်သာ ရှိနေလိမ့်မယ်…..
ဇောင်ယုဟွမ် နဲ့ ဟုန်ချန်းမင်း တို့က အိမ်ကို ပြန်လာတာကို တွေ့လိုက်ချိန်တွင် သူမအပြုံးတွေကို ထပ်ပြီး မထိန်းထားနိုင်တော့ပေ။
11.06.2020 (Thur)
……………………
<Unicode>
ဒူးတုန်ခြင်း
သခင်လေးနန် ကကျောင်းကို ပြန်တက်ဖို့ ပြောပြီး သူတကယ်လုပ်ခဲ့ပေမဲ့ တစ်လတောင် မကြာခင်မှာပဲ လက်လျှော့သွားခဲ့သည်။ အချစ်အတွက် စွန့်လွှတ်ခြင်းက အရမ်းကြီးကို ခက်ခဲတယ်!
ဒါက သခင်လေးနန် သူ့ဘာသာ တွေးလိုက်သည့် အရာဖြစ်သည်။ သူ့အရင်က ဆုံးဖြတ်ချက်ကို လက်လျော့ဖို့ ဆုံးဖြတ်လိုက်ပြီး သူ့ပစ္စည်းတွေကို ထုတ္ပိုးကာ ကျောင်းကနေ ခိုးထွက်လာခဲ့သည်။
ဟိုက်မြို့တော်ရဲ့ အထက်တန်း ကလေးတွေ အားလုံးနီးပါးက ထိုနေရာတွင်ပဲ တက်ရောက်ကြတာကြောင့် ဇောင်ယုဟွမ် ဘယ်မှာတက်နေလဲဆိုတာ သူသိခဲ့သည်။ Murphy အထက်တန်းကျောင်းကို မောင်းသွားခဲ့ပြီး ကျောင်းအပြင်ဘက်တွင် ရပ်နေခဲ့သည်။
ကျောင်းသားအများစုက သူ့ကို မှတ်မိကြသည်။ သခင်လေးနန် ကသူတို့ထဲက တစ်ယောက်ကို ဆွဲလိုက်ပြီး မေးလိုက်သည်။
“ဇောင်ယုဟွမ် ကအတန်းတက်နေတုန်းလား?” မကြာခင်က ဇောင်ယုဟွမ် ကကျောင်းတွင် အတော်လေး လူသိများလာခဲ့သည်။
ပထမကေတာ့ ဇောင်အိမ်တော်မှာ ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာကို လူတိုင်းက ကြားခဲ့တာကြောင့် ဖြစ်ပြီး ဒုတိယကေတာ့ ဇောင်ယုဟွမ် ကကျောင်းပြန်တက်ချိန်တွင် သူမနဲ့ မရင်းနှီးသည့် ကျောင်းသားတစ်စုက အခုတော့ သူမဘေးတွင် ဝိုင်းရံနေပြီး သူမအေနာက္ကိုသာ လိုက်နေကြတာကြောင့် ကျောင်းတွင် သူမကို ထင်ပေါ်စေခဲ့သည်။
သခင်လေးနန် က ဇောင်ယုဟွမ် ကိုရှာနေကြောင်း ကြားလိုက်ချိန်တွင် သူတို့က ချက်ချင်း သူ့ကို ပြောလိုက်သည်။
“သူမက ယွဲ့လန်ပလာဇာ ကိုသွားတယ်”
“သူမက တတိယထပ္ကို သွားတယ်လို့ ငါထင်တယ်”
“ဟုတ်တယ်၊ တတိယထပ္က Dongfeng Society လို့ခေါ်တဲ့ ဆိုင်မှာရှိတယ်လို့ ငါထင်တယ်”
လူတိုင်းက သူတို့ရဲ့ အမြင်တွေကို ပြောလိုက်ကြပြီး နောက်ဆုံးတော့ သူတို့က လိပ္စာတစ္ခုကို ပေးနိုင်ခဲ့သည်။
Dongfeng Society?
ဘယ္လို ထူးဆန်းတဲ့ နာမည်လဲ သခင်လေးနန် ကသူ့ဘာသာ တွေးလိုက်သည်။ ထို့နောက် လှည့်သွားပြီး ကားထဲပြန်ဝင်ကာ လန်ယွဲ့ပလာဇာကို မောင်းသွားလိုက်သည်။
ပလာဇာက ကျောင်းနဲ့ သိပ်မဝေးတာကြောင့် သခင်လေးနန် ကလျင်မြန်စွာ ရောက်သွားခဲ့သည်။ ကားကေန ထွက်လိုက်ပြီး လျင်မြန်စွာဖြင့် အပေါ်ကို တက်လိုက်သည်။
တတိယထပ်….. ဆိုင်တစ်ဆိုင်ချင်းကို စစ်ဆေးရင်း လျှောက်သွားကာ နောက်ဆုံးတော့ “Dongfeng Society” ကိုရောက်သွားခဲ့သည်။ ဆိုင်အပြင်တွင် ရပ်နေရင်း သူ့ကျောက အေးစက်လာတာကို သခင်လေးနန် ခံစားမိလိုက်သည်။
ကြီးမားသည့် ပိုစတာကိုသာ ဆိုင်အပြင်ဘက်တွင် တွေ့လိုက်ရသည်။
ပိုစတာတွင် – ကျောင်းသားအသစ်တွေအတွက် ဒစ်စကောင့်ပေးသည်။ လက်ဝှေ့၊ တိုက်ခိုက်ခြင်း၊ တိုက္ကြမ္ဒို …..
ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် အထဲသွားရမည်။ အထဲတွင် လူအများကြီး မရှိပေ။ ချက်ချင်းပင် လွတ်နေသည့် အခန်းအနည်းငယ်ကို ဖြတ်လျှောက်သွားလိုက်သည်။ စာရင်းသွင်းသည့် စားပွဲတွင် ထိုင်နေသည့် မိန်းကလေးက သူ့နောက်ကို လိုက်လာပြီး သူ့ကို အသံနိမ့်လေးနဲ့ မေးလိုက်သည်။
“ဟိုင်း၊ ကျွန်မတို့ ကမ်းလှမ်းထားတဲ့ ပရိုဂရမ်တွေနဲ့ ဆက်သွယ်ချင်လား?” သခင်လေးနန် ကသူမကို စိတ်မရှည်စွာဖြင့် ဘေးကို တွန်းလိုက်ပြီး ကြီးမားသည့် အခန်းကျယ်ကြီးရှေ့တွင် ရပ်လိုက်သည်။
သင်တန်းတံခါးက ကျယ်ကျယ်ဖွင့်ထားပြီး အထဲတွင် မတ်တပ်ရပ်နေတာ ထိုင်နေကြသည့် လူမ်ားကို တွေ့လိုက်ရသည်။ သခင်လေးနန် ကလှည့်ပတ်ကြည့်လိုက်သည်။
ဟမ်? နောက်ဆုံးအကြိမ် နန်အိမ်တော် စားသောက်ပွဲမှာ တွေ့ခဲ့ရတဲ့ ဇောင်ယုဟွမ် ဘေးက ကလေးတွေက ဒီနေရာမှာ ဘာလို့ရှိနေကြတာလဲ?
ချက်ချင်းပင် အခန်းကျယ်ဘေးက တံခါးလေးကို ပွင့်သွားပြီး ဆံပင်ကို မြှင့်စည်းထားပြီး အဖြူရောင် ယူနီဖောင်းနဲ့ မိန်းကလေးက ထွက်လာခဲ့သည်။ သူမက သူမခေါင်းကို အနည်းငယ် မော့ထားသည်။ သူမက တောက်ပသည့် အပြုံးနှင့် လှပပြီး ကြည့်ကောင်းသည်။
ကျော်ကြားသည့် မိသားစုက မိန်းကလေးက ဒီလိုဖြစ်သင့်တာလို့ သခင်လေးနန် ကသူ့ဘာသာ တွေးလိုက်သည်။ လျင်မြန်စွာဖြင့် ဇောင်ယုဟွမ် ကပလက်ဖောင်းပေါ်ကို လျှောက်သွားလိုက်သည်။ ပလက်ဖောင်းရဲ့ တခြားဘက်တွင် တခြားကောင်လေးကို သခင်လေးနန် ကသတိထားမိသွားသည်။
နောက်ဆုံးအကြိမ် သူတွေ့ခဲ့တုန်းကထက် သူ့အရပ်က ပိုရှည်လာခဲ့သည်။ သူ့နဖူးတွင် နဖူးစည်းနှင့် သူ့ပုံစံက မျှော်စင် တစ်ခုနဲ့ ပိုတူနေသည်။ သူလှည့်လိုက်ချိန်တွင် ချွေးတွေနဲ့ စိုရွှဲနေတာကို တွေ့နိုင်သည်။
ချွေးတွေက သူ့အသွင်အပြင်ကို ပိုပြီး တောက်ပစေကာ ပိုပြီးတော့ ထင်ရှားစေသည်။ ဒါက လေကြီးတဲ့ ဟုန်ချန်းမင်း ပဲ။ သခင်လေးနန် ကအံ့ကြိတ်လိုက်သည်။ သင်တန်းနည်းပြက ကြေညာလိုက်သည်။
“အိုကေ၊ စတင်ပါ!” ဇောင်ယုဟွမ် ကချက်ချင်းပင် ဟုန်ချန်းမင်း ကိုအားပေးလိုက်သည်။ သူတို့နှစ်ယောက်က ပြိုင်ဆိုင်နေတာကို သခင်လေးနန် နားလည်သွားသည်။
ဇောင်ယုဟွမ် က ဟုန်ချန်းမင်း နဲ့အတူ အတန်းတက်နေပြီး အခုတော့ Dongfeng Society ကိုလာနေကာ သူမကျွမ်းကျင်မှုရဖို့အတွက် တစ္ခု နှစ်ခုလောက်ကို ကြိုးစားသင်နေသည်။
အစကေတာ့ သူမက တခြားဒုတိယမျိုးဆက် ချမ်းသာသည့် ကလေးတွေနဲ့ လေ့ကျင့်ဖို့ လုပ်ခဲ့ပေမဲ့ ဟုန်ချန်းမင်း ရဲ့ပြင်းထန်သည့် စည်းမျဉ်းတစ်ချို့ကြောင့် ပြောင်းလဲသွားခဲ့သည်။ ဇောင်ယုဟွမ် ကသူမ ဘယ်သူနဲ့ပဲ တိုက်ခိုက်ရပါစေ တကယ်ပဲ ဘာမှခြားနားခြင်း မရှိတာကြောင့် အဆုံးတွင်တော့ ဟုန်ချန်းမင်း နဲ့ယှဉ်ပြိုင်လိုက်ရဿည်။
သခင်လေးနန် ရောက်နေတာကို သူမ လုံးဝသတိမထားမိပေ။ သူမအာရုံတွေ အားလုံးကို ဟုန်ချန်းမင်း ဆီတွင်သာ စူးစိုက်ထားခဲ့သည်။ သူမက ဘယ်ဘက်လက်သီးနဲ့ ထိုးလိုက်ပြီး ချက်ချင်း ညာလက်နဲ့ ထိုးလိုက္ကာ အရှေ့တစ်လှမ်း တိုးလိုက်ပြီး သူမရဲ့ ခြေထောက်နဲ့ ကန်လိုက်သည်…
ဒါပေမဲ့ ဒီအရာကို ဟုန်ချန်းမင်း ကကောင်းမွန်စွာ ရှောင်တိမ်းခဲ့သည်။ ဇောင်ယုဟွမ် ကသူ့ကို တစ်ခါမှ ထိဖို့ကို မတက်နိုင်ပဲ အတော်လေး မောပန်းလာခဲ့သည်။
“မေ့လိုက်တော့! ဒါကြီးက ပျော်ဖို့မကောင်းဘူး!” ဇောင်ယုဟွမ် ကပြောလိုက်ပြီး မတ်တပ်ရပ်လိုက်သည်။ ချမ်းသာသည့် ဒုတိယမျိုးဆက်က ကလေးတစ်ယောက်က ချက်ချင်း ပြေးလာခဲ့ပြီး သူမအတွက် ရေကို ကမ်းပေးလိုက်သည်။
“ခနေလး” ဟုန်ချန်းမင်း ပြောလိုက်သည်။
“အမ်?” ဇောင်ယုဟွမ် ကေရကို မယူလိုက်ပဲ သူ့ကို အရင်ကြည့်လိုက်သည်။ ဟုန်ချန်းမင်း ကအရှေ့ကို မြန်မြန် လျှောက်လာပြီး သူ့ခေါင်းကို ငုံ့လိုက်ကာ သူမ ခါးက ခါးစည်းကြိုးကို ပြန်ချည်ပေးလိုက်သည်။
အစောတုန်းက သူ့ကို ကန်လိုက်ချိန်တုန်းက သူမရဲ့ခါးစည်းကြိုးက လျော့သွားတာကို သူသတိထားမိလိုက်ပြီး သူမအောက်ခံဝတ်ထားသည့် အဖြူရောင် အင်္ကျီကိုတောင် မြင်လုနီးပါး ဖြစ်သွားသည်။ ခါးပတ္ကို ချည်နှောင်ပြီးသွားပြီးနောက် ဟုန်ချန်းမင်း ကတည့်တည့် ပြန်ရပ်လိုက်ပြီး သူမကို ပြောလိုက်သည်။
“အိုကေ၊ အခု ငါ့ကို ထိုး” ဇောင်ယုဟွမ် ကမျက်တောင်ခတ်လိုက်သည်။ နည်းနည်း သံသယရှိစွာဖြင့် သူမလက္ကို မြှောက်လိုက်ပြီး လက္သီးဆုပ္ကာ သူ့ပုခုံးကို ထိုးလိုက်သည်။ ဟုန်ချန်းမင်း ကထိုနေရာတွင်ပဲ ရပ်နေပြီး သူ့ပုခုံးကို လက်သီးနဲ့ ထိုးတာကို ငြိမ်ခံနေလိုက်သည်။
“အိုကေ၊ မင်းနိုင်တယ်” သူ ပြောလိုက်သည်။ ဇောင်ယုဟွမ် ကမထိန်းချုပ်နိုင်စွာဖြင့် ရယ်မောလိုက်ပြီး ပြောလိုက်သည်။
“ငါက ကလေးလို့ ထင်နေတာလား?” ဟုန်ချန်းမင်း ကပြောလိုက်သည်။
“ဟွမ်ဟွမ် ကိုပျော်စေချင်လို့” ဇောင်ယုဟွမ် မထိန်းချုပ်နိုင်ပဲ ထပ်ပြီး ရယ်လိုက်သည်။ ဇာတ်လိုက်နဲ့ ဗီလိန်တွေက စာရေးဆရာဆီကနေ ထူးခြားတဲ့ စွမ်းရည်တွေက ရခဲ့တာလား?
နှစ်ယောက်စလုံးက သူတို့ရဲ့ ဒီအသက်အရွယ်မှာတင် မိန်းကလေး တစ်ယောက်ကို အလိုလိုက်ဖို့ လုပ်နေကြတယ်။ ဇောင်ယုဟွမ် ကလက္သီးကို ဖြေလိုက်ပြီး ဟုန်ချန်းမင်း ကိုပြောလိုက်သည်။
“ကိုကို ချန်းမင်း ကအရမ်းကို ပိန်ပါးနေတုန်းပဲ။ ပုခုံးက အရိုးတွေကြောင့် လက်တွေတောင် နာသွားတယ်” ဟုန်ချန်းမင်း ကသူမလက္ကို ဆွဲယူလိုက်ပြီး နူးညံ့စွာ ပွတ်ပေးလိုက်ကာ ပြောလိုက်သည်။
“ငါတောင်ပန်းပါတယ်” သူတို့ဘေးက မိန်းကလေး တစ်ယောက်က အသံကျယ်ကျယ်နဲ့ ပြောလိုက်သည်။
“အို… ဟုန်ချန်းမင်း လိုမျိုးအစ်ကိုကြီး လိုချင်တယ်! ဇောင်ယုဟွမ် နင့်အစ်ကိုကို ငါ့ကို ငွားပါ!” ဇောင်ယုဟွမ် ကလှည့်ပြီး ကြည့်လိုက်သည်။
“အိမ်မက် ဆက်မက်နေလိုက်!” ဇောင်ယုဟွမ် ကသူမလက္ကို ပြန်ဆွဲလိုက်ပြီး မေးလိုက်သည်။
“နည်းနည်းထပ်ပြီး လေ့ကျင့်ချင်သေးလား?” ဟုန်ချန်းမင်း ခေါင်းညိတ်လိုက်သည်။ ဇောင်ယုဟွမ် ကပလက်ဖောင်းကနေ ခုန်ဆင်းလိုက်ပြီး ကောင်လေး တစ်ယောက်ကို ပြောလိုက်သည်။
“ရန်ဆန်း မင်းကော ဘယ္လိုလဲ?” ရန်ဆန်းက အရင်တုန်းက သူ့ပြိုင်ကားနဲ့ ပြိုင်ဖို့တောင် မတက်နိုင်ဖူးလို့ ဇောင်ယုဟွမ် ပြောခဲ့သည့် သူဖြစ်သည်။ သူက ချက်ချင်း ခုန်တက်လိုက်ပြီး သူ့လက်သီးကို လက်ဖဝါးဖြင့် ပွတ်လိုက်ပြီး ပြောလိုက်သည်။
“အင်း၊ ငါလုပ်မယ်!” သူက ပြောလိုက်ရင်း ပလက်ဖောင်း ဆီကို တက်သွားလိုက်သည်။ ဇောင်ယုဟွမ် ကတစ္ဖက္က ခုံပေါ်တွင် ထိုင်လိုက်သည်။
တဖက်တွင် ရန်ဆန်း ကတိုက်ခိုက်ရေး ဇာတ်လမ်းထဲကလို အော်ဟစ်လိုက်ပြီး ဟုန်ချန်းမင်း ဆီကို ပြေးဝင်သွားခဲ့သည်။ ဟုန်ချန်းမင်း ကချက်ချင်းပင် ခြားနားသည့် လူတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့သည်။
ရိုက်တယ်၊ ခြေနဲ့ကန်တယ်၊ သူ့လှုပ်ရှားမှုတိုင်းက လျင်မြန်နေသည်။
“THUD!” အသံနဲ့အတူ ဟုန်ချန်းမင်း ရဲ့လက်သီးက တဖက္က ရန်ဆန်း ကိုသဲအိတ္လို ထိုးချလိုက်ပေမဲ့ ရန်ဆန်း မလဲသွားခင် ပြန်ဆွဲထားလိုက်သည်။ သူ့ထိုးချက်တွေမှ မြှင့်တက်လာတဲ့ ဖုန်မှုန့်တွေက သခင်လေးနန် ကိုထိတ်လန့်သွားစေသည်။
သူ့ကို ရိုက်နှက်တုန်းကထက် ပိုတောင် တော်လာသေးတယ်။ နောက်တစ်ခါဆိုရင်ကော? နောက်ဆုံးအကြိမ်တုန်းက သူ့ဒဏ်ရာပျောက်ဖို့ လဝက်လောက် ကြာခဲ့တယ်။ နောက်တစ်ခါဆို ဆေးရုံတက်ရဖို့ သေချာတယ်!
ရုတ်တရက် သခင်လေးနန် ရဲ့ဒူးတွေက မခိုင်တော့ပေ။ တဖက်တွင် ရန်ဆန်း ကသူ့ပုဝါအဖြူကို ထောင်လိုက်သည်။
“Aiya, aiya၊ ရပ်၊ ရပ်၊ ရပ်… ဇောင်ယုဟွမ် မင်းအစ်ကိုကို ရပ်ခိုင်း မြန်မြန်!” ရန်ဆန်း ကသူ့စကားကို အဆုံးသတ်ပြီးနောက် ပလက်ဖောင်းပေါ်ကို ကျသွားသည်။
“အခု ဓားသိုင်းဆီကို သွားသင့်ပြီလို့ ထင်တယ်” ရန်ဆန်း ပြောလိုက်သည်။ သခင်လေးနန် ရဲ့ဒူးတွေက ပိုပြီး တုန်ခါလာကာ သူ့ကျောတွင်လည်း အေးစက်မှုကို ခံစားနေရသည်။
“ကိုကို မပြီးသေးဘူးလား?” ဇောင်ယုဟွမ် ကပလက်ဖောင်းအောက်ကနေ ပြောလိုက်သည်။ ဟုန်ချန်းမင်း ကချက်ချင်းပဲ လှည့်လိုက်ပြီး တဖက္ကို ကြည့်လိုက်သည်။ ချက်ချင်းပင် သခင်လေးနန် ကထွက်ပြေးသွားခဲ့သည်။ ဧည့်ကြိုက ရေရွတ်လိုက်သည်။
“ဟိုင်း၊ လျှောက်လွှာဖြည့်ချင်လား?”
“..ဟင့်အင်း လျှောက်လွှာ မလိုဘူး….” သခင်လေးနန် ကပြောလိုက်ပြီး လျင်မြန်စွာ ထွက်သွားလိုက်သည်။
သူ ကျောင်းကို ပြန်သွားသင့်တယ်။ ဟုတ်တယ်၊ အချစ်အတွက် ကျောင်းကို နည်းနည်းလောက် ထပ္တက္တာ ပိုကောင်းတယ်။
ဇောင်ယုဟွမ် အတွက် ၆ နှစ် ၇ နှစ် စောင့်မယ်လို့ သူမပြောခဲ့ဘူးလား? ဒါဆို သူစောင့်သင့်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ထပ် ၆ နှစ် ၇ နှစ်ပဲကို?
“အစောတုန်းက သခင်လေးနန် ကိုမင်းတွေ့လိုက်လား?” ဟုန်ချန်းမင်း ကမျက်မှောင်ကြုတ်ထားရင်း မေးလိုက်ကာ ဇောင်ယုဟွမ် နားကို လျှောက်သွားလိုက်သည်။
“အို တကယ္လား?” ဇောင်ယုဟွမ် ကလှည့်ပတ်ကြည့်လိုက်ပြီး မေးလိုက်သည်။
“သူထွက်ပြေးသွားပြီ” ဟုန်ချန်းမင်း ပြောလိုက်သည်။ ဇောင်ယုဟွမ် ပြုံးလိုက်သည်။
“သူ့အတွက် ကောင်းတာပေါ့။ မဟုတ်ရင် ငါတို့တွေ သူ့ကို ထပ်ပြီး ရိုက်နှက်ရလိမ့်မယ်”
ဒီလူကို သူမက တကယ္ကို မကြိုက်ဘူး။ သခင်လေးနန် ကသူမရှေ့မှာ ထပ်ပေါ်လာပြီး တွယ်ကပ်နေခဲ့ရင် အချိန်တိုင်း သူ့ကို ရိုက်နှက်ဖို့က ပြဿနာမရှိဘူး။ ဟုန်ချန်းမင်း ကလက္သီးကို အနည်းငယ် ဆုပ်လိုက်ပေမဲ့ ဘာအမူအရာမွ မျပေပ။ သူက ဇောင်ယုဟွမ် ကိုမေးလိုက်သည်။
“မင်း ဗိုက်ဆာနေပြီလား?”
“နည်းနည်း”
“ဒါဆို သွားစားရအောင်”
“လီဂျင်းယွမ် ကအတန်းထဲမှာပဲ ရှိနေတုန်းပဲ” ဇောင်ယုဟွမ် ကအချိန်ကို ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ငါတို့ သူ့အတွက် ယူလာပေးလိုက်မယ်” ဇောင်ယုဟွမ် ကဗိုက်ဆာနေတာကို မလိုချင်တာကြောင့် ခေါင်းညိတ်လိုက်သည်။
“အိုကေ၊ သွားရအောင်” ဟုန်ချန်းမင်း ကပြောလိုက်သည်။
“ကောင်းပြီ၊ ဒီယူနီဖောင်းတွေကို အရင်ဆုံး သွားလဲရအောင်” ဇောင်ယုဟွမ် ကခေါင်းညိတ်လိုက်ပြီး လှည့်လိုက်ကာ အဝတ်လဲခန်းကို ဦးတည်လိုက်သည်။
တဖက်တွင် ဟုန်ချန်းမင်း ကဒုတိယမျိုးဆက် ချမ်းသာသည့် ကလေးတွေဆီကို လျှောက်သွားလိုက်ပြီး သူတို့ကို ပြောလိုက်သည်။
“ဟွမ်ဟွမ် နဲငါတို့ လီဂျင်းယွမ် ကိုသွားခေါ်လိုက်ဦးမယ်”
(သိနေတယ်နော် ဟွင်းဟွင်း)
“Okie dokie မင်းတို့သွားလေ” ထိုကေလး အုပ္စုက ပြောလိုက်ကြသည်။ ထို့နောက် ဟုန်ချန်းမင်း ကအဝတ်လဲဖို့ သွားလိုက်သည်။
ဇောင်ယုဟွမ် ကသူမ အဝတ်လဲပြီး ထွက်လာချိန်တွင် ဟုန်ချန်းမင်း ကသူမကို တံခါးနားတွင်တောင် စောင့်နေခဲ့သည်။ သူ့လက်ထဲတွင် ဇောင်ယုဟွမ် ရဲ့ကျောပိုးအိတ်ကိုတောင် ကိုင်ထားခဲ့သည်။ ဇောင်ယုဟွမ် ကသူ့ဆီကို လျှောက်သွားလိုက်ပြီး မေးလိုက်သည်။
“သူတို့အတူတူ ထွက်မလာဘူးလား?” ဟုန်ချန်းမင်း ကသူမမျက်နှာကို တည့်တည့်ကြည့်ပြီး လိမ်လိုက်သည်။
“သူတို့က ထပ်ပြီး လေ့ကျင့်ချင်တယ်လို့ ငါထင်တယ်” ဇောင်ယုဟွမ် ကခေါင်းညိတ်လိုက်ပြီး တျခားဘာမွ မပြောပေ။ နှစ်ယောက်က အတူတူ သွားကြပြီး ညစာစားလိုက်ကြသည်။
နောက်ဆုံးတွင် ပြင်သစ်စားသောက်ဆိုင်ကို ရွေးလိုက်ကြသည်။ သေချာပေါက်ပင် သူတို့က လီဂျင်းယွမ် အတွက် မှာလို့မရနိုင်ခဲ့ပေ။
*****
သူတို့ ညစာစားပြီးနောက်တွင် ဇောင်ယုဟွမ် ကတျခား စားသောက်ဆိုင်ကို သွားလိုက်ပြီး လီဂျင်းယွမ် အတွက် မှာလိုက်သည်။ လီဂျင်းယွမ် ရှိသည့် သင်တန်းက သူတို့နဲ့ သိပ်မဝေးပေ။ နှစ်ယောက်က ထိုနေရာကို လျှောက်သွားပြီး သူ့ကို စောင့်နေလိုက်ကြသည်။
၁၀ မိနစ်လောက် ကြာချိန်တွင် အသက်တူလောက် ရှိသည့် မိန်းကလေးတွေ ဝိုင်းနေသည့် လီဂျင်းယွမ် ကိုတွေ့လိုက်ရသည်။ မိန်းကလေးတွေက အော်ဟစ်ကြရင်း သူ့အနောက်ကနေ လိုက်နေကြရင်းနဲ့ သူ့လက်ထဲကို အစားအသောက်တွေ ထည့်ပေးဖို့ ကြိုးစားနေကြသည်။
“ငါ့ကိုစောင့် လီဂျင်းယွမ်၊ နင်နဲ့ စကားပြောချင်တယ်…..”
ဇောင်ယုဟွမ် ကသူမ တွေ့လိုက်သည့်အရာကြောင့် အံ့အားသင့်သွားသည်။ သူမ အသက်အရွယ်လောက်ရှိသည့် ကလေးတွေက ဒီလိုရိုမန်တစ်ဆန်တဲ့ အတွေးတွေရှိနေတာကို သူမ နားမလည်ပေ။
ဇောင်ယုဟွမ် အတိတ်တုန်းက သူမဘဝကို ပြန်သတိရသွားသည်။ ဂျူနီယာ အထက်တန်းကနေ ကောလိပ်အထိ ဒီလိုရိုမန်တစ်ဆန်တဲ့ ဆက်ဆံရေး တစ်ခါမှ မရွိခဲ့ဖူးဘူး။ ဒီလိုမျိုး တစ်စုံတစ်ယောက်ကိုတောင် စိတ်ဝင်စားခဲ့ခြင်း မရွိဘူး။ ဟုန်ချန်းမင်း ပြောလိုက်သည်။
“ကောင်းပြီ၊ ကြည့်ရတာ သူအလုပ်များနေပုံပဲ။ ငါတို့ အရင်ဆုံး ထွက်သွားသင့်တယ်”
“နည်းနည်းလောက် စောင့်ရအောင်၊ ဒါက မကြာလောက်ပါဘူး” ဇောင်ယုဟွမ် က လီဂျင်းယွမ် ဆီကို ကြည့်လိုက်ချိန်တွင် လီဂျင်းယွမ် ကလည်း သူမကို ကြည့်လိုက်သည်။ တည်ငြိမ်စွာဖြင့် သူမဆီကို လျှောက်လာခဲ့သည်။ အဆုံးတွင် ဇောင်ယုဟွမ် ရှေ့တွင် မတ်တပ်ရပ်လိုက်သည်။
“ဒီမွာ!” ဇောင်ယုဟွမ် ကပြောလိုက်ပြီး သူမလက်ထဲက အစားအေသာက္ကို သူ့လက်ထဲ ထည့်လိုက်သည်။ လီဂျင်းယွမ် ကယူလိုက်ပြီး သူ့လက်ထဲတွင် တင်းကြပ်စွာ ဆုတ်ကိုင်လိုက်သည်။ ရှက်ရွံ့သည့် အကြည့်ဖြင့် သူမကို ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဟွမ်ဟွမ်” ဇောင်ယုဟွမ် ကလှည့်လိုက်ပြီး အပြင်ကို လျှောက်လိုက်သည်။ သူမ လျှောက်နေရင်း မထိန်းချုပ်နိုင်စွာဖြင့် မေးလိုက်သည်။
“မင်းတို့နှစ်ယောက်က ဘာကြောင့် ငါ့ကို ဒီလိုမျိုး ပြုမူနေကြတာလဲ?”
“တစ္ခုခု မှားနေလို့လား?” လီဂျင်းယွမ် ကအေနာက္ကေန လိုက်နေရင်း သူ့အနောက် မိန်းကလေးတွေကို လုံးလုံးမေ့သွားပြီး မေးလိုက်သည်။
“ကောင်းပြီ၊ ဟင့်အင်း၊ ဘာမွ မမွားပါဘူး….” ဇောင်ယုဟွမ် သက်ပြင်းချလိုက်သည်။
ဒါက… သူမ အစ်မကြီး ဖြစ်ချင်တယ်။
သူတို့သုံးယောက်က တဖြည်းဖြည်း လျှောက်သွားကြပြီး ကားက သူတို့ကို လာခေါ်ဖို့အတွက် လမ်းတွင် စောင့်နေလိုက်ကြသည်။
မကြာခင် သူတို့အိမ်ကို ပြန်ရောက်ကြပြီး ဇောင်ယုဟွမ် ကအရင်ဆုံး လုပ်တာတော့ လီဂျင်းယွမ် ကိုအပေါ်ထပ်တွင် သူ့ညစာကို စားသောက်ဖို့နဲ့ ဟုန်ချန်းမင်း ကိုလည်း သူ့အိမ်စာလုပ်ဖို့ လိုက်ပို့လိုက်သည်။
*****
ရှုယုရှန်း ကပင်ပန်းပုံပေါ်စွာဖြင့် ဆိုဖာပေါ်တွင် ထိုင်နေခဲ့သည်။ သခင်လေးနန် နဲ့ဘယ်နေရာကိုမှ ဆက္သြားစရာ မရှိတာကြောင့် ဇောင်ချီ ကိုသူမအတွက် ချမ်းသာသည့် လူငယ်လေးနဲ့ တွေ့ဆုံရန် တောင်းဆိုခဲ့သည်။
အပြင်တွင် ချမ်းသာသည့် လူငယ္မ်ားစြာ ရှိနေတာတောင် သူမနဲ့ ဆက်ဆံရေး မပြုလုပ်ချင်ကြပေ။ ဒါကေတာ့ သူမက သူတို့ထက် အသက်ကြီးနေပြီး သူတို့ရဲ့ ရူးသွပ်သည့် အချိန်တွေက ကုန်ဆုံးသွားပြီး သူတို့အတွက် ကျော်ကြားသည့် မိသားစုက သမီးတွေနဲ့ လက်ထပ်ဖို့ကိုသာ ဦးတည်နေကြသည်။
သူမထက် ငယ်ရွယ်ပြီး သူမနဲ့အတူ အိပ်ရာပေါ်ရှိနေမှာကို စိတ်မဝင်စားပဲ သူတို့က သူမကို လက်ထပ်ရေး ပစ္စည်းလိုသာ မြင်နေကြသည်။ ဒီနေ့က ရှုယုရှန်း အတွက် ဆိုးရွားတဲ့ နေ့တစ်နေ့ပဲ။ ဒီနေ့ တွေ့ဆုံပြီးနောက် ထိုလူက Weibo တွင်စာတစ်ကြောင်း ချန်ထားခဲ့သည်။
“မင်းက မင်းအမေလို တူညီတဲ့ အဝတ်အစားကနေ ဖြတ်ထားတာပဲ။ ငါတို့ အတူတူ ပျော်နိုင်တယ်၊ ဒါပေမဲ့ လက်ထပ်ဖို့လား? မင်း နောက်နေတာပဲ”
ရှုယုရှန်း ကအရင်ဆုံး ကျော်ကြားသည့် မိသားစုက ဒင်ရူရွယ် ဇောင်ချီ ရဲ့ပထမဇနီး ကိုတွေးမိသွားပြီး သူမအေမ ရှုရန်ဟွေ့ ကေတာ့ ရယ်စရာဖြစ်ခဲ့သည်။
ဒင်ရူရွယ် ကကျော်ကြားသည့် မိသားစုက မွေးဖွားလာပြီး လှပပြီး အမူအကျင့် သေးသေးလေးတောင် မကောင်းတာမရှိတာကို ပြသနေခဲ့သည်။ ထိုစဉ် ရှုယုရှန်း ကပြိုင်ဘက်ဖြစ်တာက ပိုတောင် ဂုဏ်ယူစရာပဲ။
အခုတော့ သူမရဲ့ အဆင့်အတန်းက က်က္သေရ မဆောင်ကျဉ်းနိုင်တာကို နောက်ဆုံးတွင် နားလည်သွားပြီး သူမ တစ္ဘဝလုံး အနောက်တွင်သာ ရှိနေလိမ့်မယ်…..
ဇောင်ယုဟွမ် နဲ့ ဟုန်ချန်းမင်း တို့က အိမ္ကို ပြန်လာတာကို တွေ့လိုက်ချိန်တွင် သူမအပြုံးတွေကို ထပ်ပြီး မထိန်းထားနိုင်တော့ပေ။
ဇောင်ယုဟွမ် ကသူမကို တစ်ချက်ကြည့်လိုက်ပြီး ရှုယုရှန်း ရဲ့အရှေ့တွင်ပဲ လန်ဂျင်းဇီ ကိုဖုန်းခေါ်လိုက်သည်။ လန်ဂျင်းဇီ ကအစည်းအဝေးကနေ ထွက်လာရုံရှိသေးတာကြောင့် အတွင်းရေးမှူးချန်း ကသူ့ဖုန်းကို ကိုင်လိုက်ပြီး စကားလုံးတချို့ကို ပြောလိုက်သည်။
“မိန်းကလေးဇောင်” လန်ဂျင်းဇီ အချိန်အနည်းငယ်လောက် ရပ်တန့်သွားသည်။
ဇောင်ယုဟွမ် နဲ့စကားပြောခဲ့တာ အချိန်အနည်းငယ်တောင် ကြာသွားခဲ့သည်။ လန်ဂျင်းဇီ မထိန်းချုပ်နိုင်စွာဖြင့် မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
ထူးဆန်းတာတော့ ဇောင်ယုဟွမ် ကဘယ္ညာ အားလုံးကို အကြီးအကျယ်ဖျက်စီးနေချိန်တောင် သူအများကြီး မခံစားရေပ။ အခုတော့ သူမက ကောင်းကောင်းပြုမူနေပြီး သူမအကြောင်းတွေကို မကြားခဲ့ရပဲ ထူးဆန်းသလို ခံစားခဲ့ရသည်။
အထူးသဖြင့် သူ့ကို ပေးခဲ့တဲ့ ဘောပင်နဲ့ စာရွက်စာတမ်းတွေကို လက်မှတ်ထိုးနေချိန်မှာ။ ဘာမွမရွိသလို ခံစားရသည်။ လန်ဂျင်းဇီ ဖုန်းကို တင်းကြပ်စွာ ကိုင်လိုက်သည်။ ဆရာဝန်နဲ့ ချိန်းဆိုဖို့ ထပ်လိုအပ်လို့လား?
11.06.2020 (Thur)
……………………
[text_hash] => 2b253f67
)
//qc
//QC2