ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓] – 13❇ မင်းကြိုက်ရင်ငါလည်းကြိုက်တယ်
// qc
ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓] - 13❇ မင်းကြိုက်ရင်ငါလည်းကြိုက်တယ်
Array
(
[text] =>
<Zawgyi>
“အို? ဘယ်သူဖြစ်နိုင်လဲ? အမ်၊ မကြာခင်က ရုတ်တရက်ကြီး သူမအဖိုးနဲ့ ရင်းနှီးသွားခဲ့တာ မဟုတ်လား? ဒါမှမဟုတ်… ဒါမှမဟုတ် လန်ဂျင်းဇီ?” လန်ဂျင်းဇီ ရဲ့အကြောင်းကို ပြောလိုက်ရင်း ရှုယုရှန်း ရဲ့အကြည့်က ပြောင်းလဲသွားသည်။
“ဒါဆို သူ့အတွက် ဘယ်သူက ပြည့်စုံမှာလဲ? ဇောင်ယုဟွမ်?” အကူအညီမဲ့စွာဖြင့် ရှုရန်ဟွေ့ ကပြောလိုက်သည်။
ရှုယုရှန်း ကသူမခေါင်းကို ငုံ့လိုက်ပြီး တိတ်ဆိတ်စွာ နေလိုက်သည်။ သူမအမေက ဒီအရာအားလုံးကို သည်းခံခဲ့တာ ၁၀ နှစ် အနှစ် ၂၀ ထက်မနည်းပေမဲ့ သူမကတော့ ဒီလိုမျိုး မလုပ်နိုင်ပေ။ နောက်ဆုံးတော့ သူမအမေက မစ္စဇောင် ဖြစ်လာခဲ့ပေမဲ့ သူမကကော?
*****
“အင်း၊ ငါကြိုက်တယ်”
ဟုန်ချန်းမင်း – “…….”
“အင်း၊ ဒါပေမဲ့ အားလုံးကို တစ်ချိန်တည်းတော့ သင်နိုင်မှာ မဟုတ်ဘူး။ တဖြည်းဖြည်းချင်း လုပ်လို့ရပါတယ်၊ ငါတို့ အစီစဉ် ဘာကြောင့် မချတာလဲ?” ဇောင်ယုဟွမ် ကပြောလိုက်ပြီး စာရွက်ကို ဆွဲထုတ်လိုက်သည်။
အားလုံးကတော့ သူမက သူ့ကုမ္ပဏီတွင် လာရောက်ပြုမူမည့် အရာတွေက ရပ်တန့်သွားတာကြောင့် ပျော်ရွှင်နေတာဖြစ်သည်။
*****
“ဟေ့! အဲ့ကိုကြည့်၊ ဒီအရာမှာ လီဂျင်းယွမ် ကအတော်လေး တော်တာပဲ!”
“ခွေးအမွှေးလိုမျိုး စုတ်ဖွာသွားရင်တောင် ကြည့်ကောင်းမှာပါ” ချက်ချင်းပဲ ထိုအုပ်စုထဲက တစ်ယောက်က ပြန်လာပြီး သူတို့ရဲ့ စကားကို ကြားလိုက်ကာ ပြောလိုက်သည်။
လီဂျင်းယွမ် ကထိုကောင်လေးကို တစ်ချက်ကြည့်လိုက်ပြီး ဇောင်ယုဟွမ် ဘက်ကို လှည့်လိုက်ကာ ပြောလိုက်သည်။
လီဂျင်းယွမ် – “….”
“အခွင့်အရေးတွေကို အလွယ်တကူ မရခဲ့လို့ တန်ဖိုးထားနေတာ ဖြစ်နိုင်တယ်” လူတိုင်းက သိသွားကြသည်။
“အို၊ ငါသိပြီ!”
ကောင်းတယ်! နောက်ဆုံးတော့ သူတို့က တစ်ယောက်နဲ့ တစ်ယောက် သူငယ်ချင်းကောင်းတွေ ဖြစ်လာကြပြီလို့ ဆိုလိုတာမဟုတ်လား?
ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓] - 13❇ မင်းကြိုက်ရင်ငါလည်းကြိုက်တယ်
#တိုက်ခိုက်ရေး = Free combat
ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓] - 13❇ မင်းကြိုက်ရင်ငါလည်းကြိုက်တယ်
#
ဓားသိုင်း = Fencing
10.06.2020 (Wed)
………………….
<Unicode>
မင်းကြိုက်ရင်ငါလည်းကြိုက်တယ်
ရှုယုရှန်း က ဇောင်ချီ ထြက္သြားတာကို စောင့်လိုက်ပြီး ပြောလိုက်သည်။ “ဇောင်ယုဟွမ် ကဒါကို ဖျက်လိုက်တဲ့ သူပဲ!”
ရှုရန်ဟွေ့ ကတည်ငြိမ်စွာနဲ့ ပြောလိုက်သည်။ “အရင်တုန်းက ဒါကို ဘယ်လိုလုပ်ရမယ်ဆိုတာ သူမ မသိနိုင်ဘူး။ တစ်ယောက်ယောက်က သူမကို ညွှန်ပြနေတာ ဖြစ်နိုင်တယ်”
“အို? ဘယ်သူဖြစ်နိုင်လဲ? အမ်၊ မကြာခင်က ရုတ်တရက်ကြီး သူမအဖိုးနဲ့ ရင်းနှီးသွားခဲ့တာ မဟုတ္လား? ဒါမှမဟုတ်… ဒါမှမဟုတ် လန်ဂျင်းဇီ?” လန်ဂျင်းဇီ ရဲ့အကြောင်းကို ပြောလိုက်ရင်း ရှုယုရှန်း ရဲ့အကြည့်က ပြောင်းလဲသွားသည်။
သူမက ပြောလိုက်သည်။ “အခုတော့ သခင်လေးနန် ကမရှိတော့ဘူး၊ လန်ဂျင်းဇီ ဆိုရင်ကော?” ရှုရန်ဟွေ့ ကပိုပြီး တည်ငြိမ်သွားပြီး ခွဲခြမ်းစိတ်ဖြာနေပြီး ရှုယုရှန်း ကိုအေးစက်သည့် အကြည့်တစ်ချက် ပေးလိုက်ပြီး ပြောလိုက်သည်။
“ဒါက ဒင်အိမ်တော်ရဲ့ မြေးပဲ၊ ဇောင်ယုဟွမ် ရဲ့အစ်ကို၊ လန်အိမ်တော်ရဲ့ တစ်ဦးတည်းသောသား။ ဒင်အိမ်တော်နဲ့ ငါတို့ရဲ့ ပဋိပက္ခတွေနဲ့။ လန်ဂျင်းဇီ ကနင့်အတွက် အဝေးကြီးပဲ” ရှုယုရှန်း ကထိုစကားတွေက အနည်းငယ် ထိခိုက်သွားပြီး မထိန်းချုပ်နိုင်စွာဖြင့် ပြောလိုက်သည်။
“ဒါဆို သူ့အတွက် ဘယ္သူက ပြည့်စုံမှာလဲ? ဇောင်ယုဟွမ်?” အကူအညီမဲ့စွာဖြင့် ရှုရန်ဟွေ့ ကပြောလိုက်သည်။
“ကံမကောင်းစွာနဲ့၊ ဒါက အမွန္တရားပဲ။ သူမက မွေးဖွားလာကတည်းက သူမအေမက ဒင်အိမ်တော်ရဲ့ သမီပဲ၊ သူမအေဖက စီးပွားရေး လုပ်ငန်းရှင်ပဲ၊ နောက်ပြီး သူမဝမ်းကွဲကလည်း ထင်ပေါ်ကျော်ကြားတဲ့ သူတစ်ယောက်ပဲ။ သူမအဖေကလည်း ငါနဲ့ တရားဝင်ဖြစ်တာကြောင့် ငါက သခင်မဇောင် အသစ်ဖြစ်လာတယ်။ မင်းက သူမနဲ့ မတူဘူး။ သူမက အမေမရှိတော့ပေမဲ့ ကျော်ကြားတဲ့ မိသားစုက ကလေးတွေ၊ အစိုးရက ကလေးတွေနဲ့ ချစ်ခင်မှုကို ခံနေရတုန်းပဲ”
ရှုယုရှန်း ကသူမခေါင်းကို ငုံ့လိုက်ပြီး တိတ္ဆိတ္စြာ နေလိုက်သည်။ သူမအေမက ဒီအရာအားလုံးကို သည်းခံခဲ့တာ ၁၀ နှစ် အနှစ် ၂၀ ထက်မနည်းပေမဲ့ သူမကေတာ့ ဒီလိုမျိုး မလုပ်နိုင်ပေ။ နောက်ဆုံးတော့ သူမအေမက မစ္စဇောင် ဖြစ်လာခဲ့ပေမဲ့ သူမကေကာ?
သူမ တစ္ဘဝလုံးကို ကြွက်စုတ်လေးရဲ့ အရိပ်အောက်မှာပဲ မရှင်သန်နေချင်ဘူး။ ရှုယုရှန်း ကအတော်လေး တိတ်ဆိတ်နေတာကို မြင်လိုက်ပြီး ရှုရန်ဟွေ့ ကသူမသမီးက နောက်ဆုံးတော့ သူမစကားကို နားထောင်နေပြီလို့ ထင်လိုက်သည်။ သူမက သူမသမီးရဲ့ ပုခုံးကို ပုတ်လိုက်ပြီး ပြောလိုက်သည်။
“အေးဆေးပါ” ထိုစကားကို ပြောလိုက်ပြီး ရှုရန်ဟွေ့ ကအရင်ဆုံး လျှောက်သွားလိုက်သည်။
*****
ဇောင်ယုဟွမ် က ရှုယုရှန်း ရဲ့ခါးသီးမှုနဲ့ နာကျင်မှုတွေကို နားလည်ဖို့ အာရုံမရှိပေ။ ကောင်လေး နှစ်ယောက်က အတန်းကို လိုက်ပို့ရမယ် ပြောပြီး ချက်ချင်းပဲ သူတို့အတွက် လျှောက်လွှာကို ပြင်ဆင်လိုက်သည်။ ထို့နောက် ကောင်လေး နှစ်ယောက်က ဘာလေ့လာရတာ ကြိုက်လဲဆိုတာကို မေးလိုက်သည်။
ဟုန်ချန်းမင်း – “တိုက်ခိုက်ရေး”
လီဂျင်းယွမ် – “ဓားသိုင်း”
ဇောင်ယုဟွမ် မထိန်းချုပ်နိုင်စွာဖြင့် မေးလိုက်သည်။ “မင်းတို့က ပီယာနိုတွေ တယောတွေ ဘာတွေ စိတ်မဝင်စားဘူးလား?” လီဂျင်းယွမ် ကနူးညံ့စွာ မေးလိုက်သည်။
“ဒါက မမ ကြိုက်လား?” လီဂျင်းယွမ် က ဇောင်ယုဟွမ် မျက်နှာ အမူအရာကို သိသာစြာ အာရုံစိုက်နေခဲ့သည်။ ဇောင်ယုဟွမ် ကခေါင်းညိတ်ပြီး ပြောလိုက်သည်။
“အင်း၊ ငါကြိုက်တယ်”
လီဂျင်းယွမ် – “မမ တခြားဘာကြိုက်သေးလဲ?” ဇောင်ယုဟွမ် ကတခုခု မှားယွင်းနေတယ်လို့ မခံစားရေပ။ သူမက လက်ချောင်းတွေကို ကွေးလိုက်ပြီး စာရင်းထုတ်လိုက်သည်။
“ရေကူးတာ၊ ပန်းချီဆွဲတာ၊ မြင်းစီးတာ၊ နှင်းလျောစီးတာ၊ Cello လဲကောင်းတယ်။ နောက်ပြီး တခြားဘာတွေ ရှိသေးလဲ…..”
ဟုန်ချန်းမင်း ကဘာမွ မပြောပေမဲ့ အားလုံးကို သူ့မှတ်ဉာဏ်ထဲမှာ မှတ်ထားလိုက်သည်။ လီဂျင်းယွမ် ကထ,ပြောလိုက်သည်။
“ဒီအရာတွေ အားလုံးကို ကျွန်တော်လည်း ကြိုက်တယ်၊ ဒါတွေအားလုံးကို သင်လို့ရလား?”
ဟုန်ချန်းမင်း – “…….”
သူလှည့်လိုက်ပြီး လီဂျင်းယွမ် ကိုစိုက်ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင် ဆိုးရွားမှုတွေကို မြင်တွေ့ရသည်။ သို့သော် လီဂျင်းယွမ် ကသူဘာမွ သတိထားမိသလိုမျိုး ပြုမူလိုက်သည်။ သူက ဇောင်ယုဟွမ် ကိုနူးညံ့သည့် အပြုံးကိုတောင် ပြုံးပြလိုက်သည်။
“အင်း၊ ဒါပေမဲ့ အားလုံးကို တစ်ချိန်တည်းတော့ သင်နိုင်မှာ မဟုတ္ဘူး။ တဖြည်းဖြည်းချင်း လုပ်လို့ရပါတယ်၊ ငါတို့ အစီစဉ် ဘာကြောင့် မခ်တာလဲ?” ဇောင်ယုဟွမ် ကပြောလိုက်ပြီး စာရွက်ကို ဆွဲထုတ်လိုက်သည်။
လီဂျင်းယွမ် ကပြုံးပြီး ပြောလိုက်သည်။ “အိုကေ”
သူက ဇောင်ယုဟွမ် ရဲ့ညာဘက်ကို သွားလိုက်ပြီး သူမရဲ့ အစီစဉ်ကို ကြည့်လိုက်သည်။ ဟုန်ချန်းမင်း ကသူ့ကို ရိုက်လိုက်ပြီး သူမအေနာက္က ပိုကောင်းမွန်သည့် နေရာကို ယူလိုက်သည်။ ဟုန်ချန်းမင်း ကအနည်းငယ် ကွေးလိုက်ပြီး ဇောင်ယုဟွမ် ဆီမွ ဘောပင်ကို ပုံမှန်လိုမျိုး ယူလိုက်ပြီး ပြောလိုက်သည်။
“ဟွမ်ဟွမ်၊ မင်းပြောလိုက်၊ ငါရေးပေးမယ်”
“အိုကေ၊ ဒါဆို ကိုကို ရေး” ဇောင်ယုဟွမ် ကဘောပင်ကို ပေါ့ပါးစွာ လွှတ်လိုက်ပြီး ပြောလိုက်သည်။
လီဂျင်းယွမ် ရဲ့မျက်လုံးထဲတွင် နောင်တရမှုက ဖြတ်ပြေးသွားခဲ့သည်။ ဇောင်ယုဟွမ် ကကောင်လေး နှစ်ယောက်ရဲ့ ပြောင်းလဲမှုများကို လုံးဝသတိမထားမိပေ။ သူမခေါင်းကို စောင်းလိုက်ပြီး သူမလက်ပေါ် မေးကိုတင်လိုက်ကာ တဖြည်းဖြည်း ပြောလိုက်သည်။
“ဒါဆို မင်းတို့နှစ်ယောက်က ဓားသိုင်းနဲ့ တိုက်ခိုက်ရေးကို စမလုပ္တာလဲ? မင်းတို့ကို ငါခေါ်သွားပေးမယ်…. ကိုကို ချန်းမင်း က တိုက်ခိုက်ရေး အတန်းကို တက်ချိန်မှာ ဂျင်းယွမ် ကကျူတာအပိုင်းကို သွားလိုက်ပေါ့။ ကိုကို ချန်းမင်း ကကျူတာအပိုင်းကို သွားချိန်မှာ ဂျင်းယွမ် ကဓားသိုင်း သင်တန်းကို တက်ပေါ့”
ဇောင်ယုဟွမ် ကဒီအကြောင်းကို အနည်းငယ် တွေးတောလိုက်ပြီး သူမဘာသာ ပါရမီရှင်လို ထင်လိုက်သည်။ ဒီနည်းက သူတို့နဲ့အတူ အတန်းအားလုံးကို ငါတက်နိုင်ပြီ! တခြားသင်တန်းထက် ကျူတာပိုင်းတော့ သေချာတာပေါ့!
“အိုကေ!” ကောင်လေး နှစ်ယောက်က သူမအစီစဉ်ကို သဘောတူလိုက်ကြသည်။
ဇောင်ယုဟွမ် ကကုန်ကျစရိတ် အကြောင်းကို လုံးဝဂရုမစိုက်ပဲ ဘယ်လိုပဲဖြစ်ဖြစ် ငွေတွေအားလုံးကို ဇောင်ချီ ဆီက ရမွာပဲ။ ပျော်ရွှင်စွာဖြင့် ကောင်လေး နှစ်ယောက်အတွက် လျှောက်လွှာကို အပြီးသတ်လိုက်သည်။ မကြာခင်တွင် ကျောင်းပြန်တက်ဖို့ အချိန်ရောက်လာခဲ့သည်။
အတန်းပိုတွေအတွက် လက်မှတ်ထိုးပြီးနောက်တွင် သူတို့ရဲ့ နေ့စဉ်အချိန်ဇယားက ပိုပိုပြီး ကျပ်လာခဲ့သည်။ ကောင်လေး နှစ်ယောက်က အတန်းကို သွားတိုင်း ဇောင်ယုဟွမ် ကအေးဆေးစွာ နေလေ့ရှိသည်။
ကောင်လေး နှစ်ယောက်က သူတို့ရဲ့ လေ့လာမှုတွေကို လေးလေးနက်နက် ပြုလုပ်နေစဉ် ဇောင်ယုဟွမ် ကေတာ့ ပိုပြီးပုံမှန်ဖြစ်နေခဲ့သည်။ သူမက အဓိကအားဖြင့် မတူညီသည့် တခြားအရာများရဲ့ အတွေ့အကြုံတွေကို ခံစားလိုက်ပြီး သူတို့ကို ကျွမ်းကျွမ်းကျင်ကျင် ဖြစ်လာဖို့အတွက် ဘယ်တုန်းကမှ မရည်ရွယ်ထားပေ။
လေ့ကျင့်ခန်းတွေက ပိုမိုများပြားလာသည်နှင့် ကောင်လေး နှစ်ယောက်ရဲ့ ဖွံ့ဖြိုးမှုနှုန်းလည်း တိုးတက်လာခဲ့သည်။ သူတို့က လျင်မြန်စွာပင် ဇောင်ယုဟွမ် ရဲ့အရပ်ကို ကျော်သွားခဲ့ကြသည်။
အခုတော့ သူတို့က တခြားသူတို့ထက် အသက်ကြီးသည့် ကောင်လေးတွေထက်တောင် အရပ်ရှည်ပြီး ခန့်ညားနေသည်။ ဇောင်ယုဟွမ် ကဇာတ်လိုက်နဲ့ ဗီလိန်တို့ရဲ့ ဖွံ့ဖြိုးနှုန်းကို ကြည့်နေခဲ့ပြီး ဇောင်မိသားစုရဲ့ ကျန်ရှိနေသည့် အရာအားလုံးကို မေ့လုနီးပါး ဖြစ်သွားခဲ့သည်။
သူမက ဇောင်ချီ နဲ့ရန်ဖြစ်မှုက လျော့ပါးလာပြီး ဇောင်ချီ ကပိုပျော်ရွှင်လာခဲ့သည်။ နောက်ဆုံးတော့ သူမက ရင့်ကျက်လာပြီး သူက ပျော်ရွှင်စွာဖြင့် သူမအတွက် မုန့်ဖိုးတွေကိုတောင် ထပ်တိုးပေးခဲ့သည်။
အားလုံးကေတာ့ သူမက သူ့ကုမ္ပဏီတွင် လာရောက်ပြုမူမည့် အရာတွေက ရပ်တန့်သွားတာကြောင့် ပျော်ရွှင်နေတာဖြစ်သည်။
*****
ဓားသိုင်းခန်းမအတွင်း ချမ်းသာသည့် ဒုတိယမျိုးဆက် ကေလးအုပ္စုက ဇောင်ယုဟွမ် အနားတွင် ဝိုင်းနေခဲ့ကြသည်။ သူတို့အားလုံးက ခန်းမရဲ့ အပြင်ဘက် ပတ်လည်တွင် ထိုင်နေကြသည်။
သူတို့ထဲက တော်တော်များများ ရှိနေကြပြီး သူတို့က ပြဿနာရှာဖို့ ရောက်နေကြသလိုပင် ဖြစ်နေကြသည်။ သူတို့အားလုံးက ဇောင်ယုဟွမ် ပတ်လည်တွင် ရပ်နေကြပြီး ပြောနေကြသည်။
“ဟေ့! အဲ့ကိုကြည့်၊ ဒီအရာမွာ လီဂျင်းယွမ် ကအတော်လေး တော်တာပဲ!”
“ဟုတ်တယ်၊ အရင်တုန်းက သူတို့ကို ဘာကြောင့် မတွေ့ရတာလဲလို့ သိချင်နေခဲ့တာ….”
“ဒါကို ငါလည်း သင်ချင်တယ်၊ အရမ်းကို ကြည့်ကောင်းတာပဲ!”
လီဂျင်းယွမ် ကအဖြူရောင် ဓားသိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး ရပ်နေကာ သူ့ခန္ဓာကိုယ်က တောင့်တင်းနေပြီး သူ့လက်ထဲတွင် ဓားကို ကိုင်ထားကာ သူ့ရဲ့ပုံမှန် နူးညံ့သည့် အသွင်အပြင်က ပျောက်ဆုံးနေပြီး ထိုနေရာတွင် ရက်စက်သည့် အသွင်အပြင်က အစားထိုးဝင်ရောက်နေသည်။
ဇောင်ယုဟွမ် လည်းထိုဆွဲဆောင်မှုကို တွေ့ခဲ့ရသည်။ ဒါကြောင့် သူမက လှည့်လိုက်ပြီး သူမေဘးက အုပ္စုကို ပြုံးပြလိုက်ကာ ပြောလိုက်သည်။
“ဟုတ်တယ်၊ ဒါကို မင်းတို့လည်း တက်သင့်တယ်”
လူတိုင်းက ချမ်းသာပြီး အခုတော့ သူတို့ခေါင်းထဲတွင် အကြံဉာဏ်တွေရှိလာကာ ချက်ချင်းပင် သွားကြပြီး သူတို့အတန်းအတွက် ပေးချေကြလေသည်။ ဇောင်ယုဟွမ် ကေဘးဘက္က ခုံတွင်ထိုင်နေပြီး လီဂျင်းယွမ် ကတိုက်ခိုက်မှုတွင် ကာကွယ်နေတာကို ကြည့်နေလိုက်သည်။
ဒါက တစ်မိနစ်လောက်တောင် မရှိသေးပဲ လီဂျင်းယွမ် ကအနိုင်ရသွားခဲ့သည်။ သူက ပြိုင်ဘက်ကို ဦးညွှတ်လိုက်ပြီး သူ့လက်ထဲတွင် ဓားကိုင်ထားလျက်နှင့် ဇောင်ယုဟွမ် ဆီကို လျှောက်သွားလိုက်သည်။
သူလျှောက်လာရင်း သူ့မျက်နှာဖုံးကို ချွတ်လိုက်ပြီး သူ့ဆံပင်တွေက အခုတော့ ချွေးတွေကြောင့် စိုရွှဲနေတာကို လူတိုင်းက မြင်တွေရသည်။ လီဂျင်းယွမ် က ဇောင်ယုဟွမ် ဆီကို လျှောက်သွားလိုက်သည်။ ရုတ်တရက် သူမကို ငုံ့ကြည့်လိုက်ပြီး သူ့ဆံပင်ကို ဆြဲလိုက္ကာ နူးညံ့စွာ ပြောလိုက်သည်။
“ငါ့ဆံပင်တွေ ထပ်ရှည်လာပြန်ပြီ” ချွေးတွေက ကျနေတာကြောင့် လီဂျင်းယွမ် ကပုံမှန်ထက်ပင် ဆွဲဆောင်မှုရှိနေသည်။ ဒီအချိန်တွင် သူ့ပုံစံက ပိုပြီး ပြည့်စုံနေသည်။ ဇောင်ယုဟွမ် ကသူ့ကို ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။
“အိုကေ၊ အတန်းပြီးသွားရင် ငါတို့အိမ်ပြန်ချိန်မှာ ဆံပင်ညှပ်ဆိုင်ကို သွားကြမယ်”
“ဟွမ်ဟွမ် ကိုညှပ်ပေးစေချင်တာ” ဇောင်ယုဟွမ် ကသူ့လက်နှစ်ဖက်ကို ပွတ်လိုက်ပြီး နောက်ဆုံးတော့ ခေါင်းခါလိုက်သည်။
“အမ်၊ ငါညှပ်လိုက်ရင် မောင်လေးဆံပင်က ခွေးအမွှေးလိုမျိုး စုတ်ဖွာသွားလိမ့်မယ်” ရုတ်တရက် လီဂျင်းယွမ် ကပြုံးလိုက်ပြီး သူ့မျက်လုံးတွေက တောက်ပသွားသည်။
“ခွေးအမွှေးလိုမျိုး စုတ်ဖွာသွားရင်တောင် ကြည့်ကောင်းမှာပါ” ချက်ချင်းပဲ ထိုအုပ္စုထဲက တစ်ယောက်က ပြန်လာပြီး သူတို့ရဲ့ စကားကို ကြားလိုက်ကာ ပြောလိုက်သည်။
“ငါ့အေမက ငါ့ကို အလှပြင်ဆိုင် တစ္ခုဆီကို ခေါ်သွားပေးခဲ့တယ်၊ ဒါက မှန်တယ်လို့ ငါမထင်ဘူး။ Tony ကအရမ်းဆိုးတာ၊ ငါ့ဆံပင်တွေက ခွေးအမွှေးဖွာတာထက်တောင် ဆိုးရွားသွားသေးတယ်”
လီဂျင်းယွမ် ကထိုကောင်လေးကို တစ်ချက်ကြည့်လိုက်ပြီး ဇောင်ယုဟွမ် ဘက္ကို လှည့်လိုက်ကာ ပြောလိုက်သည်။
“အမှန်ပဲ” ဇောင်ယုဟွမ် ကသူမလက်တွေကို မြှောက်လိုက်ပြီး သူ့နဖူးကို အနည်းငယ် တိုင်းတာလိုက်ပြီး ပြောလိုက်သည်။
“အင်း၊ နောက်ပုံစံတစ်ခုက မောင်လေးရဲ့ ဆံပင်တွေကို ချည်ထားလို့ရတယ်” လီဂျင်းယွမ် ကသူ့စိုနေတဲ့ ခေါင်းကို ဇောင်ယုဟွမ် အနားကို တိုးလိုက်ပြီး ပြောလိုက်သည်။
“ဒါဆို ဟွမ်ဟွမ် ကချည်ပေးလေ” သူတို့ရဲ့ တီးတိုးပြောနေစဉ် တခြားလူတွေလည်း ဖြည်းဖြည်းချင်း ပြန်ရောက်လာခဲ့ကြသည်။
“အိုကေ၊ ငါတို့အားလုံး အပ်ပြီးသွားပြီ!”
“ဇောင်ယုဟွမ် မနက်ဖြန်ကျရင် ဒီနေရာကို အတူတူ လာရအောင်!”
“အင်း၊ အတူတူ လာကြမယ်!” ရုတ်တရက် သူတို့ စကားပြောနေကြစဉ် လီဂျင်းယွမ် ကလှည့်လိုက်ပြီး မေးလိုက်သည်။
“အစောတုန်းက မင်းတို့အားလုံး ဘာလုပ်နေကြတာလဲ?”
“အတန်းအပ်နေတာ! မင်းလိုမျိုး! ဒါကိုသာ ငါလုပ်ရင် ငါလည်း အတော်လေး မိုက်နေမှာပဲ!”
လီဂျင်းယွမ် – “….”
သူ့မျက်နှာပေါ်တွင် ပြုံးဖို့ကို ခက်ခဲသွားတာကို လီဂျင်းယွမ် တွေ့လိုက်ရပြီး သူ့မျက်လုံးတွေက ချက်ချင်းပင် မဲမှောင်သွားသည်။ ဒါဆို သူက ပြိုင်ဘက်ကင်း မဟုတ်တော့ဘူးလား?
လူတိုင်းကလည်း ဒါကို သင်ယူကြရင် ဟွမ်ဟွမ် ရဲ့အာရုံကို ဘယ်လိုလုပ်ပြီး ဆွဲဆောင်ဖို့ ဖြစ်နိုင်တော့မှာလဲ?
သူမနဲ့ ပတ်သက်ပြီး သူ့ရဲ့အားသာချက်တွေက ဆုံးရှုံးသွားပြီး ဇောင်ယုဟွမ် ရဲ့အာရုံကို ထပ်ပြီး ဆွဲဆောင်လို့ မရနိုင်တော့ဘူးလား?
လီဂျင်းယွမ် ကပြန်မတ်လိုက်ပြီး သူ့မျက်နှာဖုံးကို ပြန်တပ်လိုက်သည်။ ဇောင်ယုဟွမ် ကိုပြုံးပြလိုက်ပြီး ပြောလိုက်သည်။
“ဟွမ်ဟွမ် ငါထပ်ပြီး လေ့ကျင့်လိုက်ဦးမယ်”
“အင်း အိုကေ!” ဇောင်ယုဟွမ် ခေါင်းညိတ်လိုက်သည်။ သူမေဘးက တခြားသူတွေက သူမလက္ကို ဆွဲလိုက်ပြီး အသံနိမ့်လေးဖြင့် မေးလိုက်သည်။
“ဇောင်ယုဟွမ် မင်းအစ်ကိုတွေက အမြဲတမ်း အရမ်းကို စိတ်လှုပ်ရှားဖို့ ကောင်းနေတာလား? သူတို့ကြားမှာ မင်း မပင်ပန်းဘူးလား?”
ဇောင်ယုဟွမ် ကဒါက ထူးဆန်းသလို ခံစားလိုက်ရပေမဲ့ ရှင်းပြနိုင်သည့် အကြောင်းပြချက်ကို မြန်မြန် ရှာတွေ့သွားသည်။ ဒီအကြောင်းကို အချိန်အနည်းငယ် စဉ်းစားလိုက်ပြီး ပြောလိုက်သည်။
“အခွင့်အရေးတွေကို အလြယ္တကူ မရခဲ့လို့ တန်ဖိုးထားနေတာ ဖြစ်နိုင်တယ်” လူတိုင်းက သိသွားကြသည်။
“အို၊ ငါသိပြီ!”
လီဂျင်းယွမ် ကနောက်ထပ် နှစ်နာရီကြာ ထပ်လေ့ကျင့်နေခဲ့သည်။ အားကစားခန်းမရဲ့ ဘေးဘက်ကို ပြန်လာပြီး သူ့မျက်နှာဖုံးကို ထပ်ချွတ်လိုက်ချိန်တွင် သူ့မျက်နှာ တစ္ခုလုံးက ချွေးတွေရွှဲနေသည်။
သူ့ဆံပင်တွေတောင် ချွေးတွေကျနေသည်။ သူက နူးညံ့စွာ ပြုံးလိုက်ပြီး အပြစ်ကင်းသည့် အကြည့်လေးဖြင့် ပြောလိုက်သည်။
“တိုက်ခိုက်ရေးလည်း အရမ်းမိုက်တာ၊ ငါတို့တွေ ဟုန်ချန်းမင်း ကိုလည်း သွားကြည့်ရအောင်” (အကျင့်ပုတ်တာကိုက)
“တိုက်ခိုက်ရေးက မိုက်တယ်?” တစ်ယောက်က သူတို့ရဲ့ သံသယေတြကို ထုတ်ပြောလိုက်သည်။ လီဂျင်းယွမ် ကယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်သည်။
“သေချာပေါက်ကို အရမ်းမိုက်တာ။ မင်းတို့ခါးက ခါးပတ်တွေက မင်းတို့ရဲ့ ခြေထောက်တွေကို ပိုပြီးရှည်သွားပုံပေါ်တယ်။ နောက်ပြီး မင်းက ဒါကို ဝတ်လိုက်တာနဲ့ မင်းရဲ့တစ်ချက်တည်းနဲ့ တစ်ယောက်ယောက်ကို ပျံသန်းသွားစေနိုင်တယ်”
ထိုအရွယ်ရှိ လူတိုင်းက စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အရာတွေကို အမြဲတမ်း ရှာဖွေနေကြသည်။ လီဂျင်းယွမ် ရဲ့စကားတွေက လူတိုင်းရဲ့ အာရုံကို သေချာပေါက် ဆွဲဆောင်နိုင်သွားသည်။
“ဟုန်ချန်းမင်း ကတိုက်ခိုက်ရေးကို တက်နေတာလား? သူ့အတန်းက ဘယ်အချိန်လဲ?”
“ငါတို့ ဘာလို့ တစ်ခါလောက် သွားမကြည့်တာလဲ ဇောင်ယုဟွမ်?”
“တိုက်ခိုက်ရေးကလည်း အတော်လေး ပျော်ဖို့ကောင်းမှာပဲ…” ဇောင်ယုဟွမ် ကလှည့်လိုက်ပြီး လီဂျင်းယွမ် ကိုကြည့်လိုက်သည်။
လီဂျင်းယွမ် ကသူ့လက်ကို မြှောက်လိုက်ပြီး သူ့ချွေးတစ်ချို့ကို သုတ်လိုက်ပြီး ဇောင်ယုဟွမ် ကိုအရမ်းတောက်ပသည့် အပြုံးတွေကို ပေးလိုက်သည်။ အားကစားခန်းမက မီးက သူ့အပေါ်ကို ထိုးပြထားပြီး သူ့ချွေးတွေက သူ့ကို ပိုပြီး တောက်ပသွားပုံပေါ်စေသည်။
ဟမ် လီဂျင်းယွမ် ကတိုက်ခိုက်ရေး အတန်းမှာ ဟုန်ချန်းမင်း ကမိုက်တယ်လို့ တကယ်ကြီး ပြောလိုက်တာပဲ။
ကောင်းတယ်! နောက်ဆုံးတော့ သူတို့က တစ်ယောက်နဲ့ တစ်ယောက် သူငယ်ချင်းကောင်းတွေ ဖြစ်လာကြပြီလို့ ဆိုလိုတာမဟုတ္လား?
အရမ်းကောင်းတယ်၊ မူလစာအုပ်ထဲကလို ဇာတ်လိုက်နဲ့ ဗီလိန် ကအချင်းချင်း တိုက်ခိုက်နေမဲ့အစား ရင်းနှီးလာကြပြီ။ ဒါဆို သူမလည်း မူလစာအုပ်ထဲကလို ကြေကွဲစရာ သေဆုံးခြင်းကလည်း မဖြစ်နိုင်တော့မှာ သေချာလောက်တယ်။ ဇောင်ယုဟွမ် ကပျော်ရွှင်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
“အိုကေ၊ မနက်ဖြန် ဟုန်ချန်းမင်း ကိုသွားကြည့်ကြမယ်!”
ဟုန်ချန်းမင်း ကသူ့အတန်းဘက်က အဝေးတွင် ထိုင်နေရင်း ရုတ်တရက် နှာချေသွားခဲ့သည်။ သူ့ဘေးက ကောင်မလေးတွေက ချက်ချင်းပဲ သူ့ကို တစ်ရှူးထုတ်ပေးလိုက်ကြသည်။ ဟုန်ချန်းမင်း ကတစ်ချက် ကြည့်လိုက်ပေမဲ့ သူမဆီက မယူပေ။
ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓] - 13❇ မင်းကြိုက်ရင်ငါလည်းကြိုက်တယ်
#တိုကျခိုကျရေး = Free combat
ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓] - 13❇ မင်းကြိုက်ရင်ငါလည်းကြိုက်တယ်
#ဓားသိုင်း = Fencing
#Free combat, Fencing အဲ့ဒါရဲ့ အဓိပ္ပါယ်ကို သိရင် ပြောပြပေးကြပါလား? ဘာသာဘယ်လိုပြန်ရမှန်းမသိလို့ တိုက်ခိုက်ရေးနဲ့ ဓားသိုင်း လို့ပဲ ရေးလိုက်တာ
10.06.2020 (Wed)
………………….
[text_hash] => 0df65e19
)
//qc
//QC2