Array
(
[text] =>
<Zawgyi>
အနာဂတ္ အစီစဥ္မ်ား
ဘိလယက္ စားပြဲက ဧရိယာ တစ္ခုလုံးသည္ ေဇာင္ယုဟြမ္ ရဲ႕စာသင္ခန္းအျဖစ္ ေျပာင္းလဲသြားခဲ့သည္။ ပုံမွန္လူတစ္ေယာက္ဆိုရင္ ဘိလယက္ ထိုးတက္ဖို႔ကို တစ္ေန႕ေလာက္ ၾကာနိုင္ေပမဲ့ ဟုန္ခ်န္းမင္း နဲ႕ လီဂ်င္းယြမ္ တို႔ကေတာ့ နာရီပိုင္းပဲ ၾကာျမင့္သည္။
သခင္ေလး သုံးေယာက္က အနားတြင္ ရပ္ေနၿပီး ၾကည့္ေနတာကိုေတာင္ ေတြ႕လိုက္ရသည္။ အာ႐ုံစူးစိုက္ၿပီးေနာက္ လူတိုင္းက ပင္ပန္းလာၾကသည္။ တစ္ေယာက္က မထိန္းခ်ဳပ္နိုင္စြာျဖင့္ ေမးလိုက္သည္။
“ေဇာင္ယုဟြမ္ ဒီေနရာမွာ မင္းမလုပ္နိုင္တဲ့ တျခားဟာေကာ ရွိေသးရဲ႕လား?”
“အမ်ားႀကီးပဲ! ဘတ္စကတ္ေဘာ၊ ေဘာလုံးကန္တာ၊ ႏွင္းေလ်ာစီးတာ၊ ေရကူးတာ၊ ေလွေလွာ္တာေတြကို ဘယ္လိုကစားရလဲ ငါမသိဘူး….” ေဇာင္ယုဟြမ္ ကသူတို႔ကို ေျပာလိုက္သည္။
“ေနာက္ႏွစ္မွာ နယူးဇီလန္မွာ ႏွင္းေလွ်ာသြားစီးရေအာင္!”
“သူနဲ႕ မသြားနဲ႕၊ ေဇာင္ယုဟြမ္၊ ငါနဲ႕ အီဂ်စ္ကို သြားမယ္! အီဂ်စ္က ပစၥည္းေတြကို တူးလို႔ရတယ္!”
“မင္း႐ူးေနလား? အီဂ်စ္ပစၥည္းေတြကို တူးမယ္? အနီေရာင္ အလင္းထဲက နီယြန္အလင္းကို စစ္ေဆးသင့္တယ္”
သူတို႔သည္ မူလေခါင္းစဥ္ကေန ထြက္လာဖို႔ အခ်ိန္မၾကာခဲ့ေပ။ အလည္တြင္ ထိုင္ေနၿပီး ေဇာင္ယုဟြမ္ ကေဆြးႏြေးေနတာကို ၾကည့္လိုက္သည္။ ဟုန္ခ်န္းမင္း နဲ႕ လီဂ်င္းယြမ္ တို႔က ဒီစကားေျပာထဲကို မပါနိုင္မွာကို ေဇာင္ယုဟြမ္ စိုးရိမ္တာေၾကာင့္ သူမက ေၾကညာလိုက္သည္။
“ေကာင္းၿပီ၊ ေကာင္းၿပီ၊ ေနာက္က်ေနၿပီ။ ငါတို႔ အိမ္ျပန္ရေအာင္” လူတိုင္းက သူမကို အံ့အားသင့္စြာ ၾကည့္လိုက္ၾကသည္။
“ဘာေၾကာင့္ အိမ္ျပန္မွာလဲ? ဒီေနရာက ကိစၥေတာင္ မၿပီးေသးဘူး။ မင္းက ငါတို႔ကို မိုဘိုင္း လက္ကိုင္ဂိမ္းအသစ္ကို သင္ေပးမယ္လို႔ ေျပာခဲ့တယ္မလား?” ေဇာင္ယုဟြမ္ ကေခါင္းခါလိုက္သည္။
“အာ၊ ငါအိမ္စာ လုပ္ရဦးမယ္”
တျခားလူေတြက အခ်ိန္ခနေလာက္ တိတ္ဆိတ္သြားၾကၿပီးေနာက္ ရယ္ေမာလိုက္ၾကသည္။
“မင္း ေနာက္ေနတာလား? အိမ္ျပန္ၿပီး အိမ္စာလုပ္မယ္?” ေဇာင္ယုဟြမ္ ကေခါင္းညိတ္ၿပီး ျပန္ေျဖလိုက္သည္။
“ငါက ငယ္ေသးတယ္ေလ။ ေနာက္ပိုင္းက်ရင္ ရႈရန္ေဟြ႕ ကငါ့ကို ေထာင္ေခ်ာက္ဆင္ၿပီး ညစ္ပတ္တဲ့ လွည့္စားခ်က္နဲ႕ ပုံသြင္းရင္ ဘယ္လိုလုပ္မလဲ?”
“အမ္…. အဲ့ဒါက အိမ္စာလုပ္တာနဲ႕ ဘာဆိုင္လို႔လဲ?”
“ဘဝမွာ ေအာင္ျမင္တဲ့ လူတစ္ေယာက္ ျဖစ္လာဖို႔ ႀကိဳးႀကိဳးစားစား ေလ့လာရမယ္!”
“ေအာင္ျမင္ဖို႔အတြက္ ေလ့လာဖို႔ လိုအပ္လို႔လား?”
“ဒါမွမဟုတ္ တျခားက ဘာလဲ? ထိုင္ေနၿပီး တစ္ေန႕လုံး ဘာမွမလုပ္ပဲ မိဘေတြဆီကေန မုန႔္ဖိုးကို လက္ျဖန႔္ေတာင္းဖို႔ ေမွ်ာ္လင့္ထားတာလား? တစ္ေန႕မွာ အခုငါ့လိုမ်ိဳး မိေထြးရွိလာခဲ့ရင္ ဘယ္လိုလုပ္မလဲ? အဲ့ဒါဆို ဘာျဖစ္မလဲ?” လူတိုင္းက ဉာဏ္အလင္းရသြားပုံေပၚသည္။
“ဒါက အဓိပၸါယ္ရွှိတယ္”
“ဒါေပမဲ့ အိမ္စာလုပ္ရတာ အရမ္းပင္ပန္းတယ္။ ငါတို႔ နိုင္ငံျခားကို တိုက္ရိုက္သြားနိုင္တယ္။ နိုင္ငံျခားကေန ငါတို႔ ျပန္လာတာနဲ႕ ငါတို႔ မိသားစုက လုပ္ငန္းေတြကို ခ်က္ခ်င္း ဝင္လုပ္လို႔ရတယ္”
ဒုတိယမ်ိဳးဆက္ ခ်မ္းသာသည့္ ကေလးေတြက သူတို႔ရဲ႕ဘဝ အစီစဥ္က ရွိၿပီးသားျဖစ္သည္။ အားလုံးက သူတို႔ရဲ႕ အစီစဥ္အေၾကာင္း ေျပာၾကသည္။ ေဇာင္ယုဟြမ္ ကပတ္လည္က အုပ္စုကို ၾကည့္လိုက္ၿပီး ေျပာလိုက္သည္။
“မင္းက အရမ္း ႏုံအ,တာပဲ! မင္းကိုယ္တိုင္ ဘာမွမသိရင္ ကုမၸဏီကို ဝင္ေရာက္ခဲ့ရင္ေတာင္ မင္းရဲ႕လက္ေအာက္ငယ္သားေတြကို ထိန္းခ်ဳပ္နိုင္မွာ မဟုတ္ဘူး။ မင္းရဲ႕ စီမံကိန္း အားလုံးက ဒီလိုမ်ိဳးနဲ႕ ပ်က္စီးသြားလိမ့္မယ္!”
“မန္ေနဂ်ာ ငွားလို႔ရတယ္!”
“မင္းက ထုံတာလား? မင္းက လ်စ္လ်ဴရႈလိုက္ရင္ မင္းမန္ေနဂ်ာေတြက မင္းကို လွည့္စားေနတာကိုေတာင္ သိမွာမဟုတ္ဘူး!”
“ေဇာင္ယုဟြမ္ ကအရမ္းကို လိမၼာပါးနပ္တယ္!”
“ဒါက သဘာဝက်တယ္။ ဒါေပမဲ့ ငါတို႔ အိမ္စာေတြကို ဘယ္လိုလုပ္ရမလဲဆိုတာ မသိဘူး…. အရင္တုန္းက တခါမွ မလုပ္ခဲ့ဖူးဘူး…”
“ေဇာင္ယုဟြမ္ မင္းအိမ္မွာ ငါတို႔ အတူတူ စာလုပ္ၾကရင္ ဘယ္လိုလဲ?” လူတိုင္းက စိတ္အားထက္သန္စြာျဖင့္ သူမကို ၾကည့္လိုက္ၾကသည္။ လွပၿပီး ေကာင္းမြန္တဲ့ အရာေတြနဲ႕ ရင္းႏွီးခ်င္တာက လူ႕သဘာဝျဖစ္သည္။
ေဇာင္ယုဟြမ္ ကလွပၿပီး ေတာ္ေတာ္ေလးကို သန္မာတာေၾကာင့္ လူတိုင္းက သူမနဲ႕ ရင္းႏွီးခ်င္ၾကသည္။ ေဇာင္ယုဟြမ္ ကသူတို႔ဘက္ကို လွည့္လိုက္ၿပီး ရက္စက္စြာျဖင့္ ျငင္းပယ္လိုက္သည္။
“မရဘူး၊ လုပ္လို႔မရဘူး”
သူမ အိမ္ျပန္ခ်ိန္မွာ သူမက ဇာတ္လိုက္နဲ႕ ဗီလိန္တို႔အတြက္ ေကာင္းေကာင္း ဆက္ဆံေပးခ်င္သည္။
အမ္… ဒါက ထူးဆန္းေနသလိုပဲ။
ေဇာင္ယုဟြမ္ ကမတ္တပ္ရပ္လိုက္ၿပီး ဟုန္ခ်န္းမင္း ကိုသူမ ဘယ္ဘက္လက္နဲ႕ ဆြဲလိုက္ၿပီး လီဂ်င္းယြမ္ ကိုညာဘက္ေန ဆြဲလိုက္ကာ ေျပာလိုက္သည္။
“လာ၊ သြားရေအာင္။ ငါတို႔ အိမ္ျပန္မယ္!” ဟုန္ခ်န္းမင္း ကသူ႕လက္ကို ျပန္ထုတ္လိုက္ၿပီး သူမလက္ကို ျပန္ကိုင္လိုက္ကာ ႏူးညံ့စြာ ျပန္ေျဖလိုက္သည္။
“အင္း”
ဒီေျပာင္းလဲမႈ ေသးေသးေလးက လီဂ်င္းယြမ္ ရဲ႕မ်က္လုံးထဲက မလြတ္ေပ။ သူ႕မ်က္လုံးေတြက ေတာက္ပသြားၿပီး ေဇာင္ယုဟြမ္ ကိုၿပဳံးျပလိုက္ကာ သူ႕လက္ကိုလည္း ထုတ္လိုက္ၿပီး သူမလက္ကို ျပန္ကိုင္လိုက္သည္။
႐ုတ္တရက္ ေကာင္ေလး ႏွစ္ေယာက္က ေဇာင္ယုဟြမ္ ရဲ႕လက္ကို ကိုင္ထားၾကသည္။ သူတို႔က အေဝးကို ေလွ်ာက္သြားၾကတာေၾကာင့္ လူအုပ္ႀကီး တစ္ခုလုံးက သူတို႔ရဲ႕ ေက်ာကိုပဲ ျမင္လိုက္ၾကသည္။ အိမ္ေတာ္ကို သူတို႔ ျပန္ေရာက္ခ်ိန္တြင္ ေဇာင္ခ်ီ ကျပန္မေရာက္ေသးေပ။
ရႈရန္ေဟြ႕ ရဲ႕သားနာမည္က ရႈခ်င္း ျဖစ္သည္။ သူက အခုေတာ့ အထက္တန္း ပထမတန္း ေက်ာင္းသား ျဖစ္သည္။ ရႈရန္ေဟြ႕ က ေဇာင္ခ်ီ နဲ႕လက္မထပ္ခင္ သူက Dongling’s 13th အထက္တန္းေက်ာင္းတြင္ တက္ေရာက္ခဲ့သည္။ ဒီေက်ာင္းက ဆိုးဝါးျပင္းထန္သည့္ ပုံစံျဖင့္ အရမ္းကို တင္းၾကပ္သည့္ ေက်ာင္းျဖစ္သည္။
ဒါေၾကာင့္ ရႈခ်င္း ရဲ႕အခ်ိန္အမ်ားစုက အိမ္ေတာ္မွာအစား ေက်ာင္းတြင္သာ ေနခဲ့ရသည္။ သူ႕ကို အိမ္ေတာ္ရဲ႕ ပတ္ဝန္းက်င္မွာေတာင္ မျမင္နိုင္ေပ။ ေဇာင္ယုဟြမ္ ကေကာင္ေလး ႏွစ္ေယာက္နဲ႕အတူ ေလွကားကေန လ်င္ျမန္စြာ တက္သြားလိုက္သည္။
လီဂ်င္းယြမ္ ရဲ႕အကၤ်ီက ေဇာင္ယုဟြမ္ ရဲ႕ခါးတြင္ ရွိေနဆဲျဖစ္ၿပီး ခုံေပၚတြင္ ထိုင္ခ်လိဳက္သည္။ ေဇာင္ယုဟြမ္ ကသူမရဲ႕ ေက်ာပိုးအိတ္ကို ဆြဲယူလိုက္ၿပီး သူမရဲ႕ ပုံႏွိပ္စာအုပ္ေတြကို ဆြဲထုတ္လိုက္သည္။ ေကာင္ေလး ႏွစ္ေယာက္က သူမကို အံ့အားသင့္စြာျဖင့္ ၾကည့္ေနၾကသည္။
“ငါ့ကို ဘာလို႔ၾကည့္ေနတာလဲ? အိမ္စာလုပ္မယ္ေလ!”
ဒါေၾကာင့္ ေကာင္ေလး ႏွစ္ေယာက္က သူမ “အိမ္စာလုပ္မယ္” ဆိုတာကို ၾကားလိုက္ၿပီး သူမက တကယ္ပဲ “အိမ္စာလုပ္မယ္” ဆိုတာ နားလည္သြားၾကသည္။
ေဇာင္ယုဟြမ္ ကသူမဒီကမၻာကို ပထမဆုံး ေရာက္လာတဲ့ အခ်ိန္ကတည္းက အနာဂတ္အတြက္ အခ်ိန္အေတာ္ၾကာ စီစဥ္ထားခဲ့သည္။ တစ္ေန႕တြင္ ေဇာင္ခ်ီ ကသူ႕လမ္းေၾကာင္းကို ေျပာင္းလဲရန္ မျဖစ္နိုင္ေပ။
အဖိုးဒင္ကလည္း အသက္ႀကီးၿပီ၊ သူမဝမ္းကြဲ လန္ဂ်င္းဇီ ဆီကေနလည္း အကူအညီ ခနခန ေတာင္းဖို႔ဆိုတာ မျဖစ္နိုင္ေပ။ ဒီအေၾကာင္းကို စဥ္းစားလိုက္ၿပီး သူမေဘးတြင္ ဘယ္သူမွ မရွိနိုင္ေပ။
ဒါေၾကာင့္ ပုံမွန္အားျဖင့္ ဒီလိုမ်ိဳး လုပ္ဖို႔အတြက္ ဦးတည္ထားခဲ့သည္။ ေဇာင္ယုဟြမ္ ကလွည့္လိုက္ၿပီး သူ႕ကို ေျပာလိုက္သည္။
“မင္းတို႔က ဂ်ဴနီယာ အထက္တန္းက ပထမႏွစ္ေတြပဲ၊ အထူးသျဖင့္ အဂၤလိပ္ကို လုပ္ရမယ္။ ဒါေပမဲ့ ငါက နိုင္ငံျခားမွာ စီနီယာ အထက္တန္းကို တက္ေတာ့မယ္….”
စီနီယာ အထက္တန္းနဲ႕ တကၠသိုလ္က အေရးႀကီးသည့္ အဆင့္ျဖစ္ၿပီး သူမဘဝကို ရႈပ္ေထြးၿပီး အခ်ိန္ျဖဳန္းမေနခ်င္ေပ။ ေဇာင္အိမ္ေတာ္တြင္ ကာလရွည္ၾကာစြာ ေနထိုင္ျခင္းက ဆိုး႐ြားသည့္ ေ႐ြးခ်ယ္မႈ ျဖစ္တာေၾကာင့္ ေဇာင္ခ်ီ ဆီက ေနာက္ထပ္ ေငြအမ်ားအျပားကို ယူၿပီး ပညာေရးကို ဆက္လက္သင္ယူရန္ နိုင္ငံျခားကို သြားရမည္။
ရႈခ်င္း ကသူမျပန္လာခ်ိန္မွာ ေက်ာင္းတတ္တုန္းပဲ ရွိေနနိုင္ေသးသည္။ ရႈယုရွန္း အတြက္ကေတာ့ အၿမဲတမ္း ကာကြယ္ထားဖို႔ ကံတရားပဲ။ ႏွစ္အနည္းငယ္ေလာက္နဲ႕ သူမက ေျပာင္းလဲမွာ မဟုတ္ဘူး။
ထိုအခ်ိန္မွာ ေဇာင္ခ်ီ ကအခုထက္ အသက္ႀကီးလာၿပီး သူမက ေဇာင္ရဲ႕ စီးပြားေရးကို ယူဖို႔တစ္ခ်က္ပဲ ရွိလိမ့္မည္။ ေဇာင္ယုဟြမ္ ကအားလုံးကို စီစဥ္လိုက္ေပမဲ့ ဟုန္ခ်န္းမင္း၊ လီဂ်င္းယြမ္ တို႔ရဲ႕ တုန႔္ျပန္သံကို မၾကားခဲ့ေပ။ ေနာက္ဆုံးတြင္ သူမလက္ထဲက ခဲတံကို ခ်လိဳက္ၿပီး သူတို႔ကို ၾကည့္လိုက္သည္။
ေကာင္ေလး ႏွစ္ေယာက္ရဲ႕ မ်က္လုံးေတြက နီရဲေနၾကသည္။ သူတို႔ရဲ႕ ခံစားခ်က္ေတြကို ထိန္းခ်ဳပ္ထားဖို႔ လက္သီးေတြကို ေဘာလုံးလိုမ်ိဳး တင္းၾကပ္စြာ ဆုပ္ထားၾကသည္။
“ဘာျဖစ္လို႔လဲ?”
“မမ ကနိုင္ငံျခားကို သြားရင္…. ကြၽန္ေတာ္တို႔ကေကာ?” လီဂ်င္းယြမ္ ကဝမ္းနည္းေနသည့္ အသံျဖင့္ ေမးလိုက္သည္။
“ေသခ်ာေပါက္ ငါနဲ႕လိုက္ခဲ့ရမွာေပါ့!”
ေကာင္ေလး ႏွစ္ေယာက္က ခ်က္ခ်င္းပင္ စိတ္သက္သာရာ ရသြားၾကသည္။ တၿပိဳင္နက္တည္း သူတို႔က ေဇာင္ယုဟြမ္ ကိုၾကည့္လိုက္ၾကသည္။
“တကယ္လား? အတူတူလား?” လီဂ်င္းယြမ္ ကေမးလိုက္သည္။
“အင္း” ေဇာင္ယုဟြမ္ ေခါင္းညိတ္လိုက္သည္။
“အရင္တုန္းက ငါေျပာခဲ့တဲ့အတိုင္း ငါတို႔ သုံးေယာက္ပဲ ေရွ႕ဆက္သြားမယ္” သူတို႔ႏွစ္ေယာက္က ေဇာင္ယုဟြမ္ ကိုအဓိပၸါယ္မ်ားစြာပါသည့္ အၾကည့္ျဖင့္ ၾကည့္လိုက္ၾကၿပီး ႏူးညံ့စြာ ေျပာလိုက္ၾကသည္။
“အင္း၊ ကြၽန္ေတာ္တို႔ သုံးေယာက္ပဲ ေရွ႕ဆက္ၾကမယ္”
“ကြၽန္ေတာ္တို႔ သုံးေယာက္တည္း” အသံက အရမ္းဝမ္းနည္းပုံ ရေပမဲ့ အခုခ်ိန္တြင္ေတာ့ အဓိပ္ပါယ်က ျခားနားေနသည္။ စကားလုံးေတြက သူတို႔ပါးစပ္က ထြက္လာခ်ိန္တြင္ ၿငိမ္းခ်မ္းျခင္း၊ ႏြေးေထြးျခင္း… နဲ႕ခ်ိဳၿမိန္ျခင္းေတြကို ခံစားေနရသည္။
“ငါတို႔ ဘယ္အခ်ိန္ သြားမွာလဲ?” ဟုန္ခ်န္းမင္း ကေမးလိုက္သည္။
“မင္းတို႔ကို ေစာင့္ရဦးမယ္။ မင္းတို႔က ဂ်ဴနီယာအတန္းကို ေရာက္လာရင္… မဟုတ္ရင္၊ အတန္းက မၾကာခင္ ၿပီးရင္ ငါတို႔ မၾကာခင္ သြားၾကမယ္” ေဇာင္ယုဟြမ္ ကသူမလက္ထဲက ခဲတံကို လွည့္လိုက္ၿပီး ေျပာလိုက္သည္။
ဟုန္ခ်န္းမင္း နဲ႕ လီဂ်င္းယြမ္ တို႔က သူမစကားေတြကို တိတ္ဆိတ္စြာ မွတ္သားလိုက္ၾကသည္။ သူတို႔ အတန္းမၾကာခင္ လုံးဝၿပီးနိုင္ရင္….
သူတို႔ႏွစ္ေယာက္အတြက္ နိုင္ငံျခားဆိုတဲ့ စကားလုံးက အကြၽမ္းတဝင္မရွိေပ။
ဒါေပမဲ့ နိုင္ငံျခားသြားရဖို႔ ေန႕ရက္ေတြကို ေမွ်ာ္လင့္လာမိၾကသည္…. သူတို႔ နိုင္ငံကေန ထြက္သြားတာနဲ႕ သူတို႔ သုံးေယာက္ပဲ ရွိေတာ့မွာ ဟုတ္တယ္မလား?
“C’mon အိမ္စာစ,လုပ္ရေအာင္” ေဇာင္ယုဟြမ္ ေျပာလိုက္သည္။
“အိုေက” ဟုန္ခ်န္းမင္း ကခ်က္ခ်င္း ေျပာလိုက္သည္။
လီဂ်င္းယြမ္ ကတစ္လွမ္း ေနာက္က်သြားေပမဲ့ “အိုေက” ဆိုၿပီး ျပန္ေျဖလိုက္သည္။ ထိုညတြင္ ေဇာင္ခ်ီ ကေနာက္က်မွ အိမ္ကို ျပန္လာခဲ့ၾကသည္။ ေဇာင္ယုဟြမ္ ကေလွကားလက္ရန္းကို ကိုင္ထားရင္း ေလွကားကေန ဆင္းလာခဲ့သည္။
ရႈယုရွန္း ကသူမကို ေမာ့ၾကည့္လိုက္ၿပီး သူမမ်က္လုံးထဲက မနာလိုမႈေတြက မျမင္ေလာက္လုနီးပါး ျဖစ္ေနသည္။ ေဇာင္ယုဟြမ္ ကသူမကို အာ႐ုံမထားပဲ ေဇာင္ခ်ီ ကိုၾကည့္လိုက္ၿပီး ေျပာလိုက္သည္။
“အေဖ၊ သမီး ေျပာစရာရွိတယ္”
“ဆက္ေျပာ” တဖက္တြင္ ေဇာင္ခ်ီ ကေပ်ာ္႐ႊင္ေနသည့္ ခံစားခ်က္က ရွိေနၿပီး ေတာင္းဆိုခ်က္ေတြကို ျပဳလုပ္ဖို႔ အခ်ိန္ေကာင္းျဖစ္သည္။ ေဇာင္ယုဟြမ္ ကေျခလွမ္း အနည္းငယ္ သြားလိုက္ၿပီး သူ႕ဆီကို ေလွ်ာက္သြားကာ ေျပာလိုက္သည္။
“သမီး နိုင္ငံျခားမွာ ေက်ာင္းသြားတတ္ခ်င္တယ္”
“အို၊ မင္းေျပာခ်င္တာ ဒါလား? မင္း ဘယ္အခ်ိန္ သြားမွာလဲ?” ဒါက ေဇာင္ခ်ီ ကို အံ့အားမသင့္သြားေစေပ။
သူတို႔ရဲ႕ ပတ္ဝန္းက်င္တြင္ ကေလးေတြက နိုင္ငံျခားမွာ ေက်ာင္းသြားတက္တာက ပုံမွန္ျဖစ္ေနသည္။ ဒါက သဘာဝလိုေတာင္ ျဖစ္ေနသည္။
တဖက္တြင္ ရႈရန္ေဟြ႕ နဲ႕ ရႈယုရွန္း တို႔ႏွစ္ေယာက္လုံးက ဒီအခ်က္ကို အရမ္းသေဘာက်ၾကသည္။ ဒါေပမဲ့ အရမ္း မေပ်ာ္ခင္မွာပဲ ေဇာင္ယုဟြမ္ ကဆက္ေျပာလိုက္သည္။
“အခုခ်က္ခ်င္းေတာ့ မထြက္သြားနိုင္ေသးဘူး။ ဟုန္ခ်န္းမင္း နဲ႕ လီဂ်င္းယြမ္ တို႔က အဂၤလိပ္ စကားကို ေကာင္းေကာင္းေျပာနိုင္ၿပီး သူတို႔ လိုက္နိုင္တဲ့အထိ သမီးေစာင့္ဦးမွာ။ သူတို႔အတြက္ အခ်ိန္နဲ႕ ပိုေကာင္းတဲ့ က်ဴတာေတြ လိုအပ္တယ္။ အခုလူေတြက အစ္ကို ငွားေပးထားတဲ့ လူေတြပဲ၊ ဒါေပမဲ့ သူ႕ကို ဆက္ၿပီး ဒုကၡမေပးခ်င္ေတာ့ဘူး၊ အေဖ သေဘာတူလား? ဟုန္ခ်န္းမင္း နဲ႕ လီဂ်င္းယြမ္ တို႔က သမီးတို႔ရဲ႕ မိသားစုဝင္ေတြ ျဖစ္ေနၾကၿပီေလ”
ပုံမွန္ဆိုရင္ လူမႈဖူလုံေရး ေအဂ်င္စီက ကေလးေတြကို ေဇာင္ခ်ီ ကသူ႕အိမ္ေတာ္မွာေတာင္ မထားခ်င္ေပ၊ ဒါေၾကာင့္ သူတို႔ကို သူမနဲ႕ နိုင္ငံျခားကို ထည့္လိုက္ဖို႔ကို ပိုသေဘာက်သည္။ သူက လြတ္ေနသည့္ အခ်က္ကို ေမးလိုက္သည္။
“ေကာင္းၿပီ၊ မင္းစိတ္ထဲမွာ ဘာရွိေနလဲ?” ေဇာင္ယုဟြမ္ ကသူမလက္ကို ထုတ္လိုက္ၿပီး ေျပာလိုက္သည္။
“သမီးကို ေငြမ်ားမ်ားနဲ႕ ကူညီေပးပါ၊ ဒါမွ သူတို႔အတြက္ ပိုေကာင္းတဲ့ က်ဴတာေတြကို ငွားေပးနိုင္မွာ” ရႈယုရွန္း ကထိတ္လန႔္မႈေၾကာင့္ ေသခ်င္သြားခဲ့သည္။
သူက တကယ္ႀကီးကို ေငြထပ္ေတာင္းေနတာပဲ?!
ေနာက္ၿပီး ဒါက သူမကို ပိုၿပီးေတာင္ ေဒါသထြက္ေစသည္။ ေဇာင္ခ်ီ ကတြန႔္ဆုတ္ျခင္းမရွိပဲ ေခါင္းညိတ္လိုက္သည္။
“ေကာင္းၿပီ၊ ငါတို႔ လန္ဂ်င္းဇီ ကိုဒုကၡဆက္မေပးသင့္ဘူး”
ေဇာင္ခ်ီ က ဒင္အိမ္ေတာ္ကို သေဘာက်သည့္သူ မဟုတ္တာေၾကာင့္ ပုံမွန္အားျဖင့္ ေဇာင္ယုဟြမ္ ကို လန္ဂ်င္းဇီ အေပၚတြင္ မွီခိုမေနေစခ်င္ေပ။ စကားေတြသာ ထြက္သြားခဲ့ရင္ သူ႕အေပၚ မေကာင္းမႈက ေရာင္ျပန္လာလိမ့္မည္။
သူက သူ႕သမီးကိုေတာင္ ဂ႐ုမစိုက္ပဲ သူ႕သမီးက အရာရာတိုင္း သူမအစ္ကို လန္ဂ်င္းဇီ ဆီကေန ေတာင္းဆိုေနရတယ္လို႔ လူေတြက ေျပာၾကလိမ့္မည္။ ထို႔ေနာက္ ေဇာင္ယုဟြမ္ ကေငြအမ်ားအျပားကို ထပ္ရသြားခဲ့သည္။ သူမက ေပ်ာ္႐ႊင္စြာျဖင့္ အေပၚကို တက္သြားခဲ့သည္။
Awesome!
ဇာတ္လိုက္နဲ႕ ဗီလိန္တို႔အတြက္ ပညာေရး ေထာက္ပံ့ေပးဖို႔ ေနာက္ထပ္ ေငြေတြရၿပီ!
သူတို႔အတြက္ ပီယာနို သင္ေပးဖို႔ ေငြအခ်ိဳ႕ကို သုံးသင့္လား?
အဝတ္အစား ေကာင္းေကာင္း ဝတ္ဆင္ထားၿပီး သူတို႔ရဲ႕ ေသးသြယ္တဲ့ လက္ေတြက စႏၵရားေပၚမွာ ေျပးလႊားေနရင္ အေတာ္ေလး ဆြဲေဆာင္မႈရွိမွာ!
08.06.20202 (Mon)
…………………………
<Unicode>
အနာဂတ် အစီစဉ်များ
ဘိလယက် စားပြဲက ဧရိယာ တစ်ခုလုံးသည် ဇောင်ယုဟွမ် ရဲ့စာသင်ခန်းအဖြစ် ပြောင်းလဲသွားခဲ့သည်။ ပုံမှန်လူတစ်ယောက်ဆိုရင် ဘိလယက် ထိုးတက်ဖို့ကို တစ်နေ့လောက် ကြာနိုင်ပေမဲ့ ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့ကတော့ နာရီပိုင်းပဲ ကြာမြင့်သည်။
သခင်လေး သုံးယောက်က အနားတွင် ရပ်နေပြီး ကြည့်နေတာကိုတောင် တွေ့လိုက်ရသည်။ အာရုံစူးစိုက်ပြီးနောက် လူတိုင်းက ပင်ပန်းလာကြသည်။ တစ်ယောက်က မထိန်းချုပ်နိုင်စွာဖြင့် မေးလိုက်သည်။
“ဇောင်ယုဟွမ် ဒီနေရာမှာ မင်းမလုပ်နိုင်တဲ့ တခြားဟာကော ရှိသေးရဲ့လား?”
“အများကြီးပဲ! ဘတ်စကတ်ဘော၊ ဘောလုံးကန်တာ၊ နှင်းလျောစီးတာ၊ ရေကူးတာ၊ လှေလှော်တာတွေကို ဘယ္လိုကစားရလဲ ငါမသိဘူး….” ဇောင်ယုဟွမ် ကသူတို့ကို ပြောလိုက်သည်။
“နောက်နှစ်မှာ နယူးဇီလန်မှာ နှင်းလျှောသွားစီးရအောင်!”
“သူနဲ့ မသွားနဲ့၊ ဇောင်ယုဟွမ်၊ ငါနဲ့ အီဂ်စ္ကို သွားမယ်! အီဂ်စ္က ပစ္စည်းတွေကို တူးလို့ရတယ်!”
“မင်းရူးနေလား? အီဂျစ်ပစ္စည်းတွေကို တူးမယ်? အနီရောင် အလင်းထဲက နီယွန်အလင်းကို စစ်ဆေးသင့်တယ်”
သူတို့သည် မူလခေါင်းစဉ်ကနေ ထွက်လာဖို့ အချိန်မကြာခဲ့ပေ။ အလည်တွင် ထိုင်နေပြီး ဇောင်ယုဟွမ် ကဆွေးနွေးနေတာကို ကြည့်လိုက်သည်။ ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့က ဒီစကားပြောထဲကို မပါနိုင်မှာကို ဇောင်ယုဟွမ် စိုးရိမ်တာကြောင့် သူမက ကြေညာလိုက်သည်။
“ကောင်းပြီ၊ ကောင်းပြီ၊ နောက်ကျနေပြီ။ ငါတို့ အိမ်ပြန်ရအောင်” လူတိုင်းက သူမကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။
“ဘာကြောင့် အိမ်ပြန်မှာလဲ? ဒီနေရာက ကိစ္စတောင် မပြီးသေးဘူး။ မင်းက ငါတို့ကို မိုဘိုင်း လက်ကိုင်ဂိမ်းအသစ်ကို သင်ပေးမယ်လို့ ပြောခဲ့တယ်မလား?” ဇောင်ယုဟွမ် ကခေါင်းခါလိုက်သည်။
“အာ၊ ငါအိမ္စာ လုပ်ရဦးမယ်”
တခြားလူတွေက အချိန်ခနလောက် တိတ်ဆိတ်သွားကြပြီးနောက် ရယ်မောလိုက်ကြသည်။
“မင်း နောက်နေတာလား? အိမ်ပြန်ပြီး အိမ်စာလုပ်မယ်?” ဇောင်ယုဟွမ် ကခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။
“ငါက ငယ်သေးတယ်လေ။ နောက်ပိုင်းကျရင် ရှုရန်ဟွေ့ ကငါ့ကို ထောင်ချောက်ဆင်ပြီး ညစ်ပတ်တဲ့ လှည့်စားချက်နဲ့ ပုံသွင်းရင် ဘယ္လိုလုပ္မလဲ?”
“အမ်…. အဲ့ဒါက အိမ်စာလုပ်တာနဲ့ ဘာဆိုင်လို့လဲ?”
“ဘဝမွာ အောင်မြင်တဲ့ လူတစ်ယောက် ဖြစ်လာဖို့ ကြိုးကြိုးစားစား လေ့လာရမယ်!”
“အောင်မြင်ဖို့အတွက် လေ့လာဖို့ လိုအပ်လို့လား?”
“ဒါမှမဟုတ် တျခားက ဘာလဲ? ထိုင်နေပြီး တစ်နေ့လုံး ဘာမှမလုပ်ပဲ မိဘေတြဆီကေန မုန့်ဖိုးကို လက်ဖြန့်တောင်းဖို့ မျှော်လင့်ထားတာလား? တစ်နေ့မှာ အခုငါ့လိုမျိုး မိထွေးရှိလာခဲ့ရင် ဘယ္လိုလုပ္မလဲ? အဲ့ဒါဆို ဘာဖြစ်မလဲ?” လူတိုင်းက ဉာဏ်အလင်းရသွားပုံပေါ်သည်။
“ဒါက အဓိပ္ပါယ်ရှှိတယ်”
“ဒါပေမဲ့ အိမ်စာလုပ်ရတာ အရမ်းပင်ပန်းတယ်။ ငါတို့ နိုင်ငံခြားကို တိုက်ရိုက်သွားနိုင်တယ်။ နိုင်ငံခြားကနေ ငါတို့ ပြန်လာတာနဲ့ ငါတို့ မိသားစုက လုပ်ငန်းတွေကို ချက်ချင်း ဝင်လုပ်လို့ရတယ်”
ဒုတိယမျိုးဆက် ချမ်းသာသည့် ကလေးတွေက သူတို့ရဲ့ဘဝ အစီစဉ်က ရှိပြီးသားဖြစ်သည်။ အားလုံးက သူတို့ရဲ့ အစီစဉ်အကြောင်း ပြောကြသည်။ ဇောင်ယုဟွမ် ကပတ်လည်က အုပ္စုကို ကြည့်လိုက်ပြီး ပြောလိုက်သည်။
“မင်းက အရမ်း နုံအ,တာပဲ! မင်းကိုယ်တိုင် ဘာမှမသိရင် ကုမ္ပဏီကို ဝင်ရောက်ခဲ့ရင်တောင် မင်းရဲ့လက်အောက်ငယ်သားတွေကို ထိန်းချုပ်နိုင်မှာ မဟုတ္ဘူး။ မင်းရဲ့ စီမံကိန်း အားလုံးက ဒီလိုမျိုးနဲ့ ပျက်စီးသွားလိမ့်မယ်!”
“မန်နေဂျာ ငှားလို့ရတယ်!”
“မင်းက ထုံတာလား? မင်းက လျစ်လျူရှုလိုက်ရင် မင်းမန်နေဂျာတွေက မင်းကို လှည့်စားနေတာကိုတောင် သိမွာမဟုတ္ဘူး!”
“ဇောင်ယုဟွမ် ကအရမ်းကို လိမ္မာပါးနပ်တယ်!”
“ဒါက သဘာဝကျတယ်။ ဒါပေမဲ့ ငါတို့ အိမ်စာတွေကို ဘယ်လိုလုပ်ရမလဲဆိုတာ မသိဘူး…. အရင်တုန်းက တခါမွ မလုပ်ခဲ့ဖူးဘူး…”
“ဇောင်ယုဟွမ် မင်းအိမ်မှာ ငါတို့ အတူတူ စာလုပ်ကြရင် ဘယ္လိုလဲ?” လူတိုင်းက စိတ်အားထက်သန်စွာဖြင့် သူမကို ကြည့်လိုက်ကြသည်။ လှပပြီး ကောင်းမွန်တဲ့ အရာတွေနဲ့ ရင်းနှီးချင်တာက လူ့သဘာဝဖြစ်သည်။
ဇောင်ယုဟွမ် ကလှပပြီး တော်တော်လေးကို သန်မာတာကြောင့် လူတိုင်းက သူမနဲ့ ရင်းနှီးချင်ကြသည်။ ဇောင်ယုဟွမ် ကသူတို့ဘက်ကို လှည့်လိုက်ပြီး ရက်စက်စွာဖြင့် ငြင်းပယ်လိုက်သည်။
“မရဘူး၊ လုပ်လို့မရဘူး”
သူမ အိမ်ပြန်ချိန်မှာ သူမက ဇာတ်လိုက်နဲ့ ဗီလိန်တို့အတွက် ကောင်းကောင်း ဆက်ဆံပေးချင်သည်။
အမ်… ဒါက ထူးဆန်းနေသလိုပဲ။
ဇောင်ယုဟွမ် ကမတ်တပ်ရပ်လိုက်ပြီး ဟုန်ချန်းမင်း ကိုသူမ ဘယ်ဘက်လက်နဲ့ ဆွဲလိုက်ပြီး လီဂျင်းယွမ် ကိုညာဘက်နေ ဆြဲလိုက္ကာ ပြောလိုက်သည်။
“လာ၊ သွားရအောင်။ ငါတို့ အိမ်ပြန်မယ်!” ဟုန်ချန်းမင်း ကသူ့လက်ကို ပြန်ထုတ်လိုက်ပြီး သူမလက္ကို ပြန်ကိုင်လိုက်ကာ နူးညံ့စွာ ပြန်ဖြေလိုက်သည်။
“အင်း”
ဒီပြောင်းလဲမှု သေးသေးလေးက လီဂျင်းယွမ် ရဲ့မျက်လုံးထဲက မလွတ်ပေ။ သူ့မျက်လုံးတွေက တောက်ပသွားပြီး ဇောင်ယုဟွမ် ကိုပြုံးပြလိုက်ကာ သူ့လက်ကိုလည်း ထုတ်လိုက်ပြီး သူမလက္ကို ပြန်ကိုင်လိုက်သည်။
ရုတ်တရက် ကောင်လေး နှစ်ယောက်က ဇောင်ယုဟွမ် ရဲ့လက်ကို ကိုင်ထားကြသည်။ သူတို့က အေဝးကို လျှောက်သွားကြတာကြောင့် လူအုပ်ကြီး တစ္ခုလုံးက သူတို့ရဲ့ ကျောကိုပဲ မြင်လိုက်ကြသည်။ အိမ်တော်ကို သူတို့ ပြန်ရောက်ချိန်တွင် ဇောင်ချီ ကပြန်မရောက်သေးပေ။
ရှုရန်ဟွေ့ ရဲ့သားနာမည်က ရှုချင်း ဖြစ်သည်။ သူက အခုတော့ အထက်တန်း ပထမတန်း ကျောင်းသား ဖြစ်သည်။ ရှုရန်ဟွေ့ က ဇောင်ချီ နဲ့လက်မထပ်ခင် သူက Dongling’s 13th အထက်တန်းကျောင်းတွင် တက်ရောက်ခဲ့သည်။ ဒီကျောင်းက ဆိုးဝါးပြင်းထန်သည့် ပုံစံဖြင့် အရမ်းကို တင်းကြပ်သည့် ကျောင်းဖြစ်သည်။
ဒါကြောင့် ရှုချင်း ရဲ့အချိန်အများစုက အိမ်တော်မှာအစား ကျောင်းတွင်သာ နေခဲ့ရသည်။ သူ့ကို အိမ်တော်ရဲ့ ပတ်ဝန်းကျင်မှာတောင် မမြင်နိုင်ပေ။ ဇောင်ယုဟွမ် ကကောင်လေး နှစ်ယောက်နဲ့အတူ လှေကားကနေ လျင်မြန်စွာ တက်သွားလိုက်သည်။
လီဂျင်းယွမ် ရဲ့အင်္ကျီက ဇောင်ယုဟွမ် ရဲ့ခါးတွင် ရှိနေဆဲဖြစ်ပြီး ခုံပေါ်တွင် ထိုင်ချလိုက်သည်။ ဇောင်ယုဟွမ် ကသူမရဲ့ ကျောပိုးအိတ်ကို ဆွဲယူလိုက်ပြီး သူမရဲ့ ပုံနှိပ်စာအုပ်တွေကို ဆွဲထုတ်လိုက်သည်။ ကောင်လေး နှစ်ယောက်က သူမကို အံ့အားသင့်စွာဖြင့် ကြည့်နေကြသည်။
“ငါ့ကို ဘာလို့ကြည့်နေတာလဲ? အိမ်စာလုပ်မယ်လေ!”
ဒါကြောင့် ကောင်လေး နှစ်ယောက်က သူမ “အိမ်စာလုပ်မယ်” ဆိုတာကို ကြားလိုက်ပြီး သူမက တကယ်ပဲ “အိမ်စာလုပ်မယ်” ဆိုတာ နားလည်သွားကြသည်။
ဇောင်ယုဟွမ် ကသူမဒီကမ်ဘာကို ပထမဆုံး ရောက်လာတဲ့ အချိန်ကတည်းက အနာဂတ်အတွက် အချိန်အတော်ကြာ စီစဉ်ထားခဲ့သည်။ တစ်နေ့တွင် ဇောင်ချီ ကသူ့လမ်းကြောင်းကို ပြောင်းလဲရန် မဖြစ်နိုင်ပေ။
အဖိုးဒင်ကလည်း အသက်ကြီးပြီ၊ သူမဝမ်းကွဲ လန်ဂျင်းဇီ ဆီကနေလည်း အကူအညီ ခနခန တောင်းဖို့ဆိုတာ မဖြစ်နိုင်ပေ။ ဒီအကြောင်းကို စဉ်းစားလိုက်ပြီး သူမဘေးတွင် ဘယ္သူမွ မရှိနိုင်ပေ။
ဒါကြောင့် ပုံမှန်အားဖြင့် ဒီလိုမျိုး လုပ်ဖို့အတွက် ဦးတည်ထားခဲ့သည်။ ဇောင်ယုဟွမ် ကလှည့်လိုက်ပြီး သူ့ကို ပြောလိုက်သည်။
“မင်းတို့က ဂျူနီယာ အထက်တန်းက ပထမနှစ်တွေပဲ၊ အထူးသဖြင့် အင်္ဂလိပ်ကို လုပ်ရမယ်။ ဒါပေမဲ့ ငါက နိုင်ငံခြားမှာ စီနီယာ အထက်တန်းကို တက်တော့မယ်….”
စီနီယာ အထက်တန်းနဲ့ တက္ကသိုလ်က အရေးကြီးသည့် အဆင့်ဖြစ်ပြီး သူမဘဝကို ရှုပ်ထွေးပြီး အချိန်ဖြုန်းမနေချင်ပေ။ ဇောင်အိမ်တော်တွင် ကာလရှည်ကြာစွာ နေထိုင်ခြင်းက ဆိုးရွားသည့် ရွေးချယ်မှု ဖြစ်တာကြောင့် ဇောင်ချီ ဆီက နောက်ထပ် ငွေအများအပြားကို ယူပြီး ပညာရေးကို ဆက်လက်သင်ယူရန် နိုင်ငံခြားကို သွားရမည်။
ရှုချင်း ကသူမပြန်လာချိန်မှာ ကျောင်းတတ်တုန်းပဲ ရှိနေနိုင်သေးသည်။ ရှုယုရှန်း အတြက္ကေတာ့ အမြဲတမ်း ကာကွယ်ထားဖို့ ကံတရားပဲ။ နှစ်အနည်းငယ်လောက်နဲ့ သူမက ပြောင်းလဲမှာ မဟုတ္ဘူး။
ထိုအချိန်မှာ ဇောင်ချီ ကအခုထက် အသက်ကြီးလာပြီး သူမက ဇောင်ရဲ့ စီးပွားရေးကို ယူဖို့တစ်ချက်ပဲ ရှိလိမ့်မည်။ ဇောင်ယုဟွမ် ကအားလုံးကို စီစဉ်လိုက်ပေမဲ့ ဟုန်ချန်းမင်း၊ လီဂျင်းယွမ် တို့ရဲ့ တုန့်ပြန်သံကို မကြားခဲ့ပေ။ နောက်ဆုံးတွင် သူမလက်ထဲက ခဲတံကို ချလိုက်ပြီး သူတို့ကို ကြည့်လိုက်သည်။
ကောင်လေး နှစ်ယောက်ရဲ့ မျက်လုံးတွေက နီရဲနေကြသည်။ သူတို့ရဲ့ ခံစားချက်တွေကို ထိန်းချုပ်ထားဖို့ လက်သီးတွေကို ဘောလုံးလိုမျိုး တင်းကြပ်စွာ ဆုပ်ထားကြသည်။
“ဘာဖြစ်လို့လဲ?”
“မမ ကနိုင်ငံခြားကို သွားရင်…. ကျွန်တော်တို့ကကော?” လီဂျင်းယွမ် ကဝမ်းနည်းနေသည့် အသံဖြင့် မေးလိုက်သည်။
“သေချာပေါက် ငါနဲ့လိုက်ခဲ့ရမှာပေါ့!”
ကောင်လေး နှစ်ယောက်က ချက်ချင်းပင် စိတ္သက္သာရာ ရသွားကြသည်။ တပြိုင်နက်တည်း သူတို့က ဇောင်ယုဟွမ် ကိုကြည့်လိုက်ကြသည်။
“တကယ္လား? အတူတူလား?” လီဂျင်းယွမ် ကမေးလိုက်သည်။
“အင်း” ဇောင်ယုဟွမ် ခေါင်းညိတ်လိုက်သည်။
“အရင်တုန်းက ငါပြောခဲ့တဲ့အတိုင်း ငါတို့ သုံးယောက်ပဲ ရှေ့ဆက်သွားမယ်” သူတို့နှစ်ယောက်က ဇောင်ယုဟွမ် ကိုအဓိပ္ပါယ်များစွာပါသည့် အကြည့်ဖြင့် ကြည့်လိုက်ကြပြီး နူးညံ့စွာ ပြောလိုက်ကြသည်။
“အင်း၊ ကျွန်တော်တို့ သုံးယောက်ပဲ ရှေ့ဆက်ကြမယ်”
“ကျွန်တော်တို့ သုံးယောက်တည်း” အသံက အရမ်းဝမ်းနည်းပုံ ရေပမဲ့ အခုချိန်တွင်တော့ အဓိပ်ပါယျက ခြားနားနေသည်။ စကားလုံးတွေက သူတို့ပါးစပ်က ထွက်လာချိန်တွင် ငြိမ်းချမ်းခြင်း၊ နွေးထွေးခြင်း… နဲ့ချိုမြိန်ခြင်းတွေကို ခံစားနေရသည်။
“ငါတို့ ဘယ်အချိန် သြားမွာလဲ?” ဟုန်ချန်းမင်း ကမေးလိုက်သည်။
“မင်းတို့ကို စောင့်ရဦးမယ်။ မင်းတို့က ဂျူနီယာအတန်းကို ရောက်လာရင်… မဟုတ်ရင်၊ အတန်းက မကြာခင် ပြီးရင် ငါတို့ မကြာခင် သွားကြမယ်” ဇောင်ယုဟွမ် ကသူမလက်ထဲက ခဲတံကို လှည့်လိုက်ပြီး ပြောလိုက်သည်။
ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့က သူမစကားတွေကို တိတ္ဆိတ္စြာ မှတ်သားလိုက်ကြသည်။ သူတို့ အတန်းမကြာခင် လုံးဝပြီးနိုင်ရင်….
သူတို့နှစ်ယောက်အတွက် နိုင်ငံခြားဆိုတဲ့ စကားလုံးက အကျွမ်းတဝင်မရှိပေ။
ဒါပေမဲ့ နိုင်ငံခြားသွားရဖို့ နေ့ရက်တွေကို မျှော်လင့်လာမိကြသည်…. သူတို့ နိုင်ငံကနေ ထွက်သွားတာနဲ့ သူတို့ သုံးယောက်ပဲ ရှိတော့မှာ ဟုတ္တယ္မလား?
“C’mon အိမ္စာစ,လုပ်ရအောင်” ဇောင်ယုဟွမ် ပြောလိုက်သည်။
“အိုကေ” ဟုန်ချန်းမင်း ကချက်ချင်း ပြောလိုက်သည်။
လီဂျင်းယွမ် ကတစ်လှမ်း နောက်ကျသွားပေမဲ့ “အိုကေ” ဆိုပြီး ပြန်ဖြေလိုက်သည်။ ထိုညတွင် ဇောင်ချီ ကေနာက္က်မွ အိမ္ကို ပြန်လာခဲ့ကြသည်။ ဇောင်ယုဟွမ် ကလှေကားလက်ရန်းကို ကိုင်ထားရင်း လှေကားကနေ ဆင်းလာခဲ့သည်။
ရှုယုရှန်း ကသူမကို မော့ကြည့်လိုက်ပြီး သူမမ်က္လုံးထဲက မနာလိုမှုတွေက မမြင်လောက်လုနီးပါး ဖြစ်နေသည်။ ဇောင်ယုဟွမ် ကသူမကို အာရုံမထားပဲ ဇောင်ချီ ကိုကြည့်လိုက်ပြီး ပြောလိုက်သည်။
“အေဖ၊ သမီး ပြောစရာရှိတယ်”
“ဆက်ပြော” တဖက်တွင် ဇောင်ချီ ကပျော်ရွှင်နေသည့် ခံစားခ်က္က ရှိနေပြီး တောင်းဆိုချက်တွေကို ပြုလုပ်ဖို့ အချိန်ကောင်းဖြစ်သည်။ ဇောင်ယုဟွမ် ကခြေလှမ်း အနည်းငယ် သွားလိုက်ပြီး သူ့ဆီကို လျှောက်သွားကာ ပြောလိုက်သည်။
“သမီး နိုင်ငံခြားမှာ ကျောင်းသွားတတ်ချင်တယ်”
“အို၊ မင်းပြောချင်တာ ဒါလား? မင်း ဘယ်အချိန် သြားမွာလဲ?” ဒါက ဇောင်ချီ ကို အံ့အားမသင့်သွားစေပေ။
သူတို့ရဲ့ ပတ်ဝန်းကျင်တွင် ကလေးတွေက နိုင်ငံခြားမှာ ကျောင်းသွားတက်တာက ပုံမှန်ဖြစ်နေသည်။ ဒါက သဘာဝလိုတောင် ဖြစ်နေသည်။
တဖက်တွင် ရှုရန်ဟွေ့ နဲ့ ရှုယုရှန်း တို့နှစ်ယောက်လုံးက ဒီအခ်က္ကို အရမ်းသဘောကျကြသည်။ ဒါပေမဲ့ အရမ်း မပျော်ခင်မှာပဲ ဇောင်ယုဟွမ် ကဆက်ပြောလိုက်သည်။
“အခုချက်ချင်းတော့ မထွက်သွားနိုင်သေးဘူး။ ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့က အင်္ဂလိပ် စကားကို ကောင်းကောင်းပြောနိုင်ပြီး သူတို့ လိုက်နိုင်တဲ့အထိ သမီးစောင့်ဦးမှာ။ သူတို့အတွက် အချိန်နဲ့ ပိုကောင်းတဲ့ ကျူတာတွေ လိုအပ်တယ်။ အခုလူတွေက အစ္ကို ငှားပေးထားတဲ့ လူတွေပဲ၊ ဒါပေမဲ့ သူ့ကို ဆက်ပြီး ဒုက္ခမပေးချင်တော့ဘူး၊ အေဖ သေဘာတူလား? ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့က သမီးတို့ရဲ့ မိသားစုဝင်တွေ ဖြစ်နေကြပြီလေ”
ပုံမှန်ဆိုရင် လူမှုဖူလုံရေး အေဂျင်စီက ကလေးတွေကို ဇောင်ချီ ကသူ့အိမ်တော်မှာတောင် မထားချင်ပေ၊ ဒါကြောင့် သူတို့ကို သူမနဲ့ နိုင်ငံခြားကို ထည့်လိုက်ဖို့ကို ပိုသဘောကျသည်။ သူက လွတ်နေသည့် အခ်က္ကို မေးလိုက်သည်။
“ကောင်းပြီ၊ မင်းစိတ်ထဲမှာ ဘာရှိနေလဲ?” ဇောင်ယုဟွမ် ကသူမလက္ကို ထုတ်လိုက်ပြီး ပြောလိုက်သည်။
“သမီးကို ငွေများများနဲ့ ကူညီပေးပါ၊ ဒါမွ သူတို့အတွက် ပိုကောင်းတဲ့ ကျူတာတွေကို ငှားပေးနိုင်မှာ” ရှုယုရှန်း ကထိတ်လန့်မှုကြောင့် သေချင်သွားခဲ့သည်။
သူက တကယ်ကြီးကို ငွေထပ်တောင်းနေတာပဲ?!
နောက်ပြီး ဒါက သူမကို ပိုပြီးတောင် ဒေါသထွက်စေသည်။ ဇောင်ချီ ကတွန့်ဆုတ်ခြင်းမရှိပဲ ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ၊ ငါတို့ လန်ဂျင်းဇီ ကိုဒုက္ခဆက်မပေးသင့်ဘူး”
ဇောင်ချီ က ဒင်အိမ်တော်ကို သဘောကျသည့်သူ မဟုတ်တာကြောင့် ပုံမှန်အားဖြင့် ဇောင်ယုဟွမ် ကို လန်ဂျင်းဇီ အပေါ်တွင် မှီခိုမနေစေချင်ပေ။ စကားတွေသာ ထွက်သွားခဲ့ရင် သူ့အပေါ် မကောင်းမှုက ရောင်ပြန်လာလိမ့်မည်။
သူက သူ့သမီးကိုတောင် ဂရုမစိုက်ပဲ သူ့သမီးက အရာရာတိုင်း သူမအစ္ကို လန်ဂျင်းဇီ ဆီကေန တောင်းဆိုနေရတယ်လို့ လူတွေက ပြောကြလိမ့်မည်။ ထို့နောက် ဇောင်ယုဟွမ် ကေငြအမ်ားအျပားကို ထပ်ရသွားခဲ့သည်။ သူမက ပျော်ရွှင်စွာဖြင့် အပေါ်ကို တက်သွားခဲ့သည်။
Awesome!
ဇာတ်လိုက်နဲ့ ဗီလိန်တို့အတွက် ပညာရေး ထောက်ပံ့ပေးဖို့ နောက်ထပ် ငွေတွေရပြီ!
သူတို့အတွက် ပီယာနို သင်ပေးဖို့ ငွေအချို့ကို သုံးသင့်လား?
အဝတ်အစား ကောင်းကောင်း ဝတ်ဆင်ထားပြီး သူတို့ရဲ့ သေးသွယ်တဲ့ လက်တွေက စန္ဒရားပေါ်မှာ ပြေးလွှားနေရင် အတော်လေး ဆွဲဆောင်မှုရှိမှာ!
08.06.20202 (Mon)
…………………………
[text_hash] => b6c8711f
)