ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] – 10❇ လွ်ိဳ႕ဝွက္စြာတိုင္းတာျခင္း
// qc

ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] - 10❇ လွ်ိဳ႕ဝွက္စြာတိုင္းတာျခင္း

Array
(
[text] =>

<Zawgyi>

လွ်ို႔ဝွက္စြာတိုင္းတာျခင္း

ဟုန္ခ်န္းမင္း ကဘယ္အခ်ိန္တြင္ ရပ္ရမလဲဆိုတာ သိသည္။ သူကိစၥၿပီးသြားၿပီလို႔ သိလိုက္ခ်ိန္တြင္ အေနာက္ကို ျပန္ဆုတ္လိုက္သည္။ သခင္ေလးနန္ ကအႀကိမ္အနည္းငယ္ေလာက္ ႐ုန္းကန္ေနၿပီး ေျမႀကီးကေန ျပန္ထ,လိုက္သည္။

ဒီဘက္ျခမ္းကို ျပန္ေတာင္ မၾကည့္ရဲေတာ့ပဲ ျမန္နိုင္သမွ် ျမန္ျမန္ လွည့္ကာ ေျပးသြားလိုက္သည္။ ဟုန္ခ်န္းမင္း ကသူ႕ဘက္ကို နက္ရွိုင္းစြာနဲ႕ ေတြးေတာၿပီး ၾကည့္လိုက္သည္။ သူျပန္လာၿပီး ေဇာင္ယုဟြမ္ ကိုစကားေျပာလိုက္ခ်ိန္တြင္ သူ႕ဆီက စိတ္ရႈပ္ေထြးမႈေတြ မရွိေတာ့ေပ။ သူက ႏူးညံ့စြာျဖင့္ ေျပာလိုက္သည္။

“မစိုးရိမ္ပါနဲ႕၊ သူဘာမွ မလုပ္နိုင္ပါဘူး။ သူ႕လိုလူက… သူ႕ပုံရိပ္ကိုပဲ ဆက္ထိန္းထားလိမ့္မယ္”

သူေလွ်ာက္သြားခ်ိန္တြင္ ေဇာင္ယုဟြမ္ ရဲ႕ထိတ္လန႔္၊ ေၾကာက္႐ြံ႕တဲ့ အမူအရာကို ျမင္ေတြ႕ရမွာ ေၾကာက္တာေၾကာင့္ ေဇာင္ယုဟြမ္ ကိုၾကည့္ဖို႔ကို ေရွာင္သြားခဲ့သည္။ ေဇာင္ယုဟြမ္ ကရယ္လိုက္ၿပီး ေျပာလိုက္သည္။

“အင္း၊ ငါသိပါတယ္။ သူက အရိုက္ခံခဲ့ရတာ။ ေသခ်ာေပါက္ကို တျခားသူေတြ သိသြားေအာင္ လုပ္မွာမဟုတ္ဘူး”

သခင္ေလးနန္ ကိုဆိုး႐ြားစြာ ရိုက္ႏွက္ခဲ့ၿပီး ေနာက္ဆက္တြဲ အက်ိဳးဆက္ေတြ ရွိလာမွာ မဟုတ္ေၾကာင္းကို သူယုံၾကည္သည္။

သူက အေမွာင္ထဲကေန ရိုက္ႏွက္ခဲ့ၿပီး သခင္ေလးနန္ ကသူ႕ကို ဘယ္သူ ရိုက္လိုက္လဲဆိုတာေတာင္ သိမွာမဟုတ္ဘူး?

နန္အိမ္ေတာ္က ဒါကသူတို႔ရဲ႕ ရန္သူဘက္ကလို႔ ထင္ၿပီး ဟိုက္ၿမိဳ႕ေတာ္မွာ တရားခံကို ရွာေဖြၾကမွာ ေသခ်ာသည္။ ဒုတိယမ်ိဳးဆက္က ခ်မ္းသာတဲ့ ကေလး တစ္ေယာက္က ေျပာလိုက္သည္။

“သူလိုခ်င္တဲ့ အရာတိုင္းကို သူေျပာနိုင္တယ္” သူက သူ႕ရင္ဘတ္ကို ရိုက္လိုက္ၿပီး ေျပာလိုက္သည္။ “ဘာမွမျဖစ္ခဲ့ဖူးလို႔ ငါသက္ေသျပေပးနိုင္တယ္”

“ေကာင္းၿပီ။ ငါတို႔ ဘာမွမျမင္ဘူး” တျခားကေလးေတြ အားလုံးကလည္း ေျပာလိုက္ၾကသည္။

သခင္ေလးနန္ ကငယ္ငယ္ကတည္းက တိုင္းျပည္ကေန ထြက္သြားခဲ့ၿပီး သူက ဒီကေလးေတြ အုပ္စုနဲ႕ လုံးဝကို ကြာျခားတာေၾကာင့္ သူ႕အေၾကာင္းကို သူတို႔ လုံးဝစိတ္ဝင္စားမည္ မဟုတ္ေပ။

သူအသက္ရွင္လ်က္နဲ႕ မီးရွို႔ခံလိုက္ရရင္ေတာင္ သူတို႔ ဂ႐ုစိုက္မွာ မဟုတ္ဘူး။ သခင္ေလးနန္ ရဲ႕လုပ္ရပ္တစ္ခုလုံးက အစကတည္းက ရွက္စရာပဲ။

သခင္ေလးနန္ ရဲ႕အသက္က ဘယ္ေလာက္ရွိၿပီလဲ?

ေနာက္ၿပီး ေဇာင္ယုဟြမ္ ကေကာ အသက္ဘယ္ေလာက္ရွိၿပီလဲ?

သူက လာၿပီးေတာ့ ဘယ္လိုေတာင္ ႏွောင့္ယွက္ရတာလဲ?

ေဇာင္ယုဟြမ္ က ဟုန္ခ်န္းမင္း ဘက္ကိုလွည့္လိုက္ၿပီး ၿပဳံးျပလိုက္သည္။ “ညီမေလးကို ကာကြယ္ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ ကိုကို”

ဟုန္ခ်န္းမင္း ဆီက ဝံပုေလြေလးလို အရွိန္အဝါေတြက မိနစ္အနည္းငယ္အတြင္း လုံးဝေပ်ာက္ကြယ္သြားသည္။ သူ႕ႏႈတ္ခမ္းကို ေစ့ထားရင္း ေျပာလိုက္သည္။

“ဒါက… ငါ့တာဝန္ပါ”

“သြားရေအာင္!” ေဇာင္ယုဟြမ္ ကေျပာလိုက္သည္။

“ဟုတ္တယ္၊ သြားရေအာင္!” တျခားသူေတြကလည္း ခ်က္ခ်င္း ေျပာလိုက္ၾကသည္။ ထို႔ေနာက္ သူတို႔က လ်င္ျမန္စြာ ထြက္သြားၾကေလသည္။

သူတို႔က အျပင္ဘက္ကို ေလွ်ာက္သြားရင္း ေဇာင္ယုဟြမ္ ကေခါင္းကို ေစာင္းလိုက္ၿပီး ဟုန္ခ်န္းမင္း ကိုၾကည့္လိုက္သည္။ ဟုန္ခ်န္းမင္း ကအဆင္မေျပသလို ေလွ်ာက္ေနခဲ့သည္။ ေဇာင္ယုဟြမ္ အံ့အားသင့္စြာျဖင့္ မ်က္ေတာင္ခတ္လိုက္သည္။

“ကိုကို”လို႔ ေခၚတာက သူ႕ကို ထိုးႏွက္ေစတာလား?

ဟုန္ခ်န္းမင္း ကဒါကေန မလြတ္ေျမာက္ေသးတာလား?

တဖက္တြင္ သခင္ေလးနန္ ကစားေသာက္ပြဲ ခန္းမဆီကို ေဒါသထြက္စြာျဖင့္ ျပန္လာခဲ့သည္။ ေျခလွမ္း ဝင္လိုက္သည္ႏွင့္ ေခါင္းမူးလာၿပီး ၾကမ္းျပင္နဲ႕ ရိုက္ခတ္လုနီးပါး ျဖစ္သြားခဲ့သည္။

သူ႕လက္ကို ျမႇောက္လိုက္ၿပီး သူ႕နဖူးကို ပြတ္သက္ၿပီးေနာက္ သူ႕ႏွာေခါင္းက ေသြးထြက္လာတာကို ခံစားလိုက္ရသည္။ မစၥတာနဲ႕ မစၥနန္ တို႔က ေဇာင္ခ်ီ နဲ႕စကားေျပာေနၾကၿပီး သူ႕သားရဲ႕ လက္ရွိအေျခအေနကို ျမင္လိုက္ၾကသည္။ သူတို႔မ်က္ႏွာေတြက ပ်က္သြားၾကၿပီး ေမးလိုက္ၾကသည္။

“ဘာျဖစ္ခဲ့တာလဲ?!” သခင္ေလးနန္ ကသူ႕ပါးစပ္ကို ဖြင့္လိုက္ၿပီး ေျပာလိုက္သည္။

“ေဇာင္ယုဟြမ္ နဲ႕အတူပါလာတဲ့ မေကာင္းတဲ့ ေကာင္ေလးက ကြၽန္ေတာ့္ကို ရိုက္ခဲ့တာ….” ဒါေပမဲ့ အခ်ိန္ခနေလာက္ ရပ္တန႔္သြားခဲ့သည္။

ဘယ္လိုပဲျဖစ္ျဖစ္ သူက ေအာ္ဟစ္ေနတဲ့ နို႔စို႔ကေလးလိုပဲ။ ေနာက္ၿပီး အခု သူ႕အသက္ ဘယ္ေလာက္ရွိၿပီလဲ? တျခားကေလးရဲ႕ အရိုက္ခံခဲ့ရတယ္လို႔ သူေျပာနိုင္တာလား? ဒါက ဘယ္ေလာက္ေတာင္ ရွက္ဖို႔ေကာင္းလိုက္လဲ?

တျခားသူေတြက သူ႕ကို မယုံၾကည္ၾကေပ။ သခင္ေလးနန္ ကသူ႕လက္ကို ျမႇောက္လိုက္ၿပီး သူ႕မ်က္ႏွာက ဒဏ္ရာေတြကို ထိလိုက္သည္။

Tssssss….

သူ႕ဘာသာ အရွက္မရခ်င္ေပ။ ဒါေၾကာင့္ ဒါက ခက္ခဲေပမဲ့ စကားလုံးေတြကို သူ႕ဘာသာ ၿမိဳခ်လိဳက္သည္။

“ကြၽန္ေတာ္ ေဇာင္ယုဟြမ္ ဆီကို ေျပးသြားခဲ့တာ။ အခ်ိန္မျဖဳန္းခ်င္လို႔ သြားခဲ့တာ”

ဟုန္ခ်န္းမင္း ကသူ႕ကို ရိုက္ႏွက္ခ်ိန္တုန္းက တစ္ေနရာတည္းကို ထပ္ခါထပ္ခါ ထိုးခဲ့သည္။ ဒါေၾကာင့္ အဲ့ေနရာက အတြင္းေၾကေနခဲ့သည္။ သူလဲက်သြားခ်ိန္မွာ တိုက္ရိုက္ထိမွန္ခဲ့သည့္ ေနရာျဖစ္သည္။ ထိုစကားကို ၾကားလိုက္ခ်ိန္တြင္ မစၥနန္ ေခါင္းကိုက္သြားသည္။

သခင္ေလးနန္ ကိုေပြ႕ဖက္လိုက္ၿပီး ႏွစ္သိမ့္ေပးလိုက္သည္။ ဒီျမင္ကြင္းကို ေတြ႕လိုက္ခ်ိန္တြင္ ရႈယုရွန္း အံ့အားသင့္သြားသည္။ အရင္တုန္းက သူ႕ရဲ႕႐ူးသြပ္စရာ အေၾကာင္းေတြကို သူမ ေသခ်ာေပါက္ကို ၾကားခဲ့ရသည္။

ဒါေပမဲ့ ဒါက ခ်မ္းသာတဲ့ လူငယ္ေလးေတြရဲ႕ ပုံမွန္အျပဳအမူပဲဆိုၿပီး ဒီအေၾကာင္းကို သိပ္မေတြးခဲ့ေပ။ သူမ မေမွ်ာ္လင့္ထားတာက အ႐ြယ္ေရာက္ေနတဲ့ သခင္ေလးနန္ က ကေလးလိုမ်ိဳး ျပဳမူလိမ့္မယ္လို႔…. ဒါက မ်ိဳခ်ဖိဳ႕ခက္တဲ့ ေဆးလုံးလိုပဲ။

သခင္ေလးနန္က လဲက်ေနရာမွ ရွက္႐ြံ႕ေနပုံရသည္။ ျဖစ္ပ်က္ခဲ့တာကို သိၿပီးေနာက္တြင္ ေဇာင္ခ်ီ က မစၥတာနန္ နဲ႕စကားေျပာတာကို အဆုံးသတ္လိုက္ၿပီး ရႈရန္ေဟြ႕ နဲ႕အတူ အေဝးကို ေလွ်ာက္သြားလိုက္သည္။

ရႈရန္ေဟြ႕ ကသူမေခါင္းကို ငုံ႕ထားရင္း လိုက္သြားခဲ့သည္။ မစၥတာနန္ က ရႈရန္ေဟြ႕ ကိုၾကည့္လိုက္ၿပီး သက္ျပင္းခ်လိဳက္သည္။

“သူမက ေဇာင္ယုဟြမ္ နဲ႕မရင္းႏွီးဘူး”

“ဒါေပမဲ့ သူမက ငယ္ေသးတုန္းပဲ။ အဓိကက ဘာလဲ?” မစၥနန္ ကမ်က္ေမွာင္ၾကဳတ္လိုက္သည္။

“ဒါ့အျပင္ သူမရဲ႕ စိတ္အေျခအေနကိုလည္း ငါတို႔အားလုံး ၾကားခဲ့တယ္။ သူမအေဖက ရႈရန္ေဟြ႕ ကိုအိမ္ေခၚလာခ်ိန္တုန္းက သူမလုပ္ခဲ့တဲ့ အေၾကာင္းေတြကို မွတ္မိလား? သူမေၾကာင့္ေတာင္ စီးပြားေရး ညွိႏွိုင္းခ်က္ေတာင္ ဆုံးရႈံးလုနီးပါး ျဖစ္သြားခဲ့တယ္။ ယြမ္ယြမ္ သာသူမကို လက္ထပ္လိုက္ရင္ တစ္ေန႕လုံး တစ္ညလုံး ရန္ျဖစ္ေနၾကလိမ့္မယ္”

မစၥတာနန္ ကေလွာင္လိုက္ၿပီး “မင္းဘာသိလို႔လဲ။ မင္းက လန္ဂ်င္းဇီ ရဲ႕လက္ရွိအေျခအေနကို သတိထားမိလား?”

တဖက္တြင္ သခင္ေလးနန္ က ေဇာင္ယုဟြမ္ ကိုခ်က္ခ်င္းပင္ လိုခ်င္ေနတာကိုသာ ေတြးေနခဲ့သည္။

သူမက မယုံနိုင္ေလာက္ေအာင္ လွပလြန္းတယ္!

သူမကို အိမ္မွာထားျခင္းက သူ႕ကို ေပ်ာ္႐ႊင္ေစလိမ့္မယ္!
*****

စားေသာက္ပြဲတြင္ ေဇာင္ယုဟြမ္ ေပၚလာခဲ့သည့္ အေၾကာင္းအရင္းကေတာ့ ရႈရန္ေဟြ႕ နဲ႕သူမသမီးကို ထုတ္ျပဖို႔ျဖစ္သည္။ သူတို႔အား ေဇာင္ယုဟြမ္ ကအထက္တန္း လူမႈအသိုင္းအဝိုင္းတြင္ သိၾကသည့္ တစ္ဦးတည္းေသာ ေဇာင္က သမီးျဖစ္ေၾကာင္းကို သိေစခ်င္တာ ျဖစ္သည္။

သူမရဲ႕ အသြင္အျပင္နဲ႕ အဓိက အခ်က္ကို ျပသၿပီးသည္ႏွင့္ ဆက္ေနဖို႔အတြက္ စိတ္မဝင္စားေတာ့ေပ။ ဒါေၾကာင့္ ဒုတိယမ်ိဳးဆက္ ခ်မ္းသာသည့္ ကေလးေတြနဲ႕ ထြက္လာခဲ့တာျဖစ္သည္။ သဘာဝက်စြာပင္ သူတို႔မွာ သူတို႔ကိုယ္ပိုင္ ေဖ်ာ္ေျဖေရးရွိသည္။

စားေသာက္ပြဲကေန ထြက္သြားၿပီးေနာက္ အဆင့္ျမင့္ကလပ္ကို ဦးတည္သြားခဲ့သည္။ အဆင့္ျမင့္ ကလပ္က မန္ေနဂ်ာက သူ႕ရဲ႕ေဖာက္သည္ေတြကို ဘယ္လို ဆက္ဆံရမလဲဆိုတာ ေကာင္းေကာင္းသိသည္။

ဒီခ်မ္းသာသည့္ ကေလးငယ္ အုပ္စုကို ျမင္လိုက္ခ်ိန္တြင္ ပုံမွန္အစီအစဥ္အား မည္သို႔ ေျပာင္းလဲရမလဲဆိုတာကို သိသည္။

“ဘိလယက္ သြားထိုးရေအာင္!” တစ္ေယာက္က ေအာ္ဟစ္လိုက္သည္။

ထို႔ေနာက္ ေဇာင္ယုဟြမ္ ဘက္ကိုလွည့္လိုက္ၿပီး “ေဇာင္ယုဟြမ္ ဘိလယက္ ဘယ္လိုထိုးရလဲ သိလား?” ေဇာင္ယုဟြမ္ ကေခါင္းညိတ္လိုက္သည္။

“သိတာေပါ့!”

“ေကာင္းတယ္! ဒါဆို သြားရေအာင္။ ေနာက္ၿပီး ကစားဖို႔လည္း ဂိမ္းစက္တခ်ိဳ႕ ယူလာခဲ့ေပး!”

တျခားသူေတြက မန္ေနဂ်ာနဲ႕ စကားေျပာေနခ်ိန္ ေဇာင္ယုဟြမ္ က ဟုန္ခ်န္းမင္း နဲ႕ လီဂ်င္းယြမ္ တို႔ကို ေျပာလိုက္သည္။

“ဘိလယက္ ဘယ္လိုထိုးရလဲ သိလား?” ေကာင္ေလး ႏွစ္ေယာက္လုံးက ေခါင္းခါလိုက္ၾကသည္။

ဘိလယက္?

အရင္တုန္းက ဒါကို ၾကားပဲၾကားဖူးခဲ့ၾကသည္။ ေဇာင္ယုဟြမ္ ကသူတို႔လက္ေတြကို ကိုင္လိုက္ၿပီး ၿပဳံးလိုက္ကာ ႏွစ္သိမ့္လိုက္သည္။

“မစိုးရိမ္ပါနဲ႕၊ ငါသင္ေပးမယ္”

အလုပ္သမားေတြက အခ်ိန္တိုအတြက္း ျပင္ဆင္ခဲ့ၾကသည္။ ေဇာင္ယုဟြမ္ ကအရင္ဘဝတုန္းက ဒီေနရာတြင္ အခ်ိန္မ်ားစြာ ကုန္ဆုံးခဲ့သည္။ ဘိလယက္ထိုးတာ၊ ဂိမ္းကစားစက္၊ အျပင္ဘက္က လုပ္ေဆာင္ခ်က္ေတြ…. အားလုံးကို သူမ ကစားခဲ့ဖူးသည္။

ေဇာင္ယုဟြမ္ ကေကာင္ေလး ႏွစ္ေယာက္ဘက္ကို လွည့္လိုက္ၿပီး ဘိလယက္ ထိုးတံကို ကိုင္လိုက္ၿပီး ေျပာလိုက္သည္။

“ဘယ္သူ အရင္ဆုံး စမ္းၾကည့္ခ်င္လဲ?” လီဂ်င္းယြမ္ ကသူ႕ပါးစပ္ကို ဖြင့္လိုက္ၿပီး တခုခု ေျပာဖို႔လုပ္လိုက္သည္။ ဟုန္ခ်န္းမင္း ကအေရွ႕ကို ေလွ်ာက္သြားၿပီး လီဂ်င္းယြမ္ အေရွ႕ကို သြားလိုက္သည္။

“ငါစမ္းၾကည့္ခ်င္တယ္” ဟုန္ခ်န္းမင္း ေျပာလိုက္သည္။

“အိုေက!” ေဇာင္ယုဟြမ္ ကသူ႕ဆီကို လက္ဆန႔္လိုက္သည္။ ဒီအခ်ိန္တြင္ ဟုန္ခ်န္းမင္း ကမတြန႔္ဆုတ္ေတာ့ေပ။

သူမလက္ကို ကိုင္လိုက္ၿပီး ဘိလယက္ေဘာင္ဆီကို ေလွ်ာက္သြားလိုက္သည္။ သူမက ဘိလယက္ ထိုးတံကို ကိုင္ထားၿပီး သူမခႏၶာကိုယ္ကို ဘိလယက္ေဘာင္နားမွာ မွီထားၿပီး ဟုန္ခ်န္းမင္း ကိုဆက္လုပ္နိုင္ဖို႔ စည္းမ်ဥ္းေတြနဲ႕ နည္းလမ္းေတြကို ရွင္းျပလိုက္သည္။

“အဲ့လိုမ်ိဳး…” ေဇာင္ယုဟြမ္ ကေျပာလိုက္ရင္း ဟုန္ခ်န္းမင္း ကိုလွည့္ၾကည့္လိုက္သည္။

သူတို႔ေနာက္တြင္ လီဂ်င္းယြမ္ ရဲ႕မ်က္လုံးေတြက အနည္းငယ္ ေတာက္ပေနၿပီး ခ်က္ခ်င္းပင္ သူ႕အကၤ်ီကို ခြၽတ္လိုက္ၿပီး အေရွ႕ကို ေလွ်ာက္လာကာ ေဇာင္ယုဟြမ္ ရဲ႕ခါးကို ခ်ည္လိုက္သည္။ ေဇာင္ယုဟြမ္ ကအခ်ိန္အနည္းငယ္ တိတ္ဆိတ္သြားၿပီး မတ္တပ္ရပ္လိုက္ၿပီး လီဂ်င္းယြမ္ ကိုၾကည့္လိုက္သည္။

“အို၊ ေက်းဇူးတင္ပါတယ္ ေမာင္ေလး” ႐ုတ္တရက္ပဲ သူဘာလုပ္လိုက္လဲဆိုတာကို ေဇာင္ယုဟြမ္ နားလည္လိုက္သည္။

စားေသာက္ပြဲက တက္ေရာက္သည့္ ဝတ္စုံကိုပဲ သူမက ဝတ္ဆင္ထားဆဲျဖစ္သည္။ သူမမွီလိုက္ခ်ိန္တြင္ အဝတ္ေတြက အေပၚတက္ရန္ လြယ္ကူသြားသည္။ လီဂ်င္းယြမ္ ကသူ႕ႏႈတ္ခမ္းကို ေစ့ထားၿပီး ႏူးညံ့စြာ ေျပာလိုက္သည္။

“ကြၽန္ေတာ့္ကိုလည္း ကိုကို လို႔ေခၚလို႔ရတယ္!” ေဇာင္ယုဟြမ္ ကသူမေခါင္းကို ခါလိုက္သည္။

“Nope မင္းက ငါ့ထက္ တစ္ရက္ေတာင္ ငယ္တယ္ေလ”

လီဂ်င္းယြမ္ ကသူမ မ်က္လုံးထဲကို ၾကည့္လိုက္ၿပီး ေနာက္ဆုံးေတာ့ ျငင္းခုန္ဖို႔ကို စြန႔္လႊတ္လိုက္ၿပီး အေနာက္ဆုတ္သြားလိုက္သည္။ ဟုန္ခ်န္းမင္း ကသူမခါးတြင္ ပတ္ထားသည့္ အကၤ်ီကို ၾကည့္လိုက္ၿပီး သူ႕အမူအရာေတြက ရႈပ္ေထြးသြားခဲ့သည္။ သူက ႏူးညံ့စြာ ေျပာလိုက္သည္။

“ဟြမ္ဟြမ္၊ ငါ့ကို ဘိလယက္ ထိုးတံေပး။ ငါႀကိဳးစားၾကည့္ခ်င္တယ္” ဟုန္ခ်န္းမင္း ေျပာလိုက္ခ်ိန္တြင္ သူ႕မ်က္ႏွာက တင္းမာေနသည္။

တျခားသူေတြက သူမကို “ဟြမ္ဟြမ္” လို႔ေခၚတာကို သူၾကားခဲ့ေပမဲ့ သူ႕ဘာသာ ေခၚဖို႔ မစဥ္းစားခဲ့ေပ။ ဒါက သူမနဲ႕ ရင္းႏွီးမႈကို ျပသသည့္ ပထမဆုံး အႀကိမ္ျဖစ္သည္။ ေဇာင္ယုဟြမ္ ကအခ်ိန္အနည္းငယ္ တိတ္ဆိတ္သြားၿပီး ေတာက္ပသည့္ အၿပဳံးေလးျဖင့္

“အိုေက!” လို႔ေျပာလိုက္သည္။

ဘိလယက္ထိုးတံကို ဟုန္ခ်န္းမင္း ဆီကို ကမ္းေပးလိုက္သည္။ ဟုန္ခ်န္းမင္း ကမွီလိုက္ၿပီး သူမ ေျပာသလိုမ်ိဳး ဘိလယက္ထိုးတံကို ကိုင္ထားၿပီး ထိုးလိုက္သည္။

ေဘာလုံးက တျခားေဘာလုံးေတြကို ထိခတ္သြားၿပီး ေဘာင္ေတြကို ရိုက္ခတ္သြားသည္။ ေဇာင္ယုဟြမ္ ကေဘးကေန ၾကည့္ေနၿပီး လက္ခုပ္တီးကာ ေျပာလိုက္သည္။

“ကိုကိုက ေတာ္တာပဲ။ နည္းနည္းေလး ထပ္က်င့္လိုက္ရင္ ေဘာလုံးေတြကို က်င္းထဲက်တဲ့အထိ ထိုးနိုင္လိမ့္မယ္!” ႐ုတ္တရက္ သူတို႔အေနာက္က လီဂ်င္းယြမ္ ကေျပာလိုက္သည္။

“မမ ကြၽန္ေတာ့္ကိုလည္း သင္ေပးပါ!”

သူလည္း သူမကို “မမ”လို႔ ေခၚတာ ရွားသည္။ ဘာေၾကာင့္ဆိုေတာ့ သူက သူမဆီက ေတာင္းဆိုတာ ရွားပါးၿပီး သူ႕ကို ျပန္မတုန႔္ျပန္မွာကို ေၾကာက္တာေၾကာင့္ ျဖစ္သည္။

“အိုေက၊ ခနေလး” ေဇာင္ယုဟြမ္ ကမန္ေနဂ်ာကို ေနာက္ထပ္ ဘိလယက္ထိုးတံတစ္ခုကို ေတာင္းလိုက္ကာ လီဂ်င္းယြမ္ ကိုတျခား ဘိလယက္ခုံကို ေခၚသြားလိုက္သည္။

“ဒီကိုလာ”

“အိုေက” လီဂ်င္းယြမ္ ကျပန္ေျဖလိုက္သည္။

သူ႕ခႏၶာကိုယ္က တျဖည္းျဖည္း သက္ေတာင့္သက္သာ ျဖစ္သြားၿပီး ေဇာင္ယုဟြမ္ အနားကို ေျခလွမ္းအက်ဲႀကီးျဖင့္ ေလွ်ာက္သြားလိုက္သည္။ တျခားသူေတြက ေဇာင္ယုဟြမ္ တို႔ဘိလယက္ ကစားေနၾကတာကို စိတ္ဝင္စားေနတာေၾကာင့္ ဘယ္သူကမွ ဘာမွမေျပာၾကပဲ စိုက္ၾကည့္ေနၾကသည္။

တဖက္တြင္ ဟုန္ခ်န္းမင္း ကသူ႕ဘိလယက္ ထိုးတံကို ခ်လိဳက္ၿပီး လီဂ်င္းယြမ္ ကိုစိုက္ၾကည့္လိုက္သည္။ ေဇာင္ယုဟြမ္ က လီဂ်င္းယြမ္ ကိုသူ႕ကို သင္ေပးတဲ့အတိုင္း သင္ေပးေနတာကို ျမင္လိုက္ခ်ိန္တြင္ သူ႕ဘိလယက္ ထိုးတံကို ျပန္ေကာက္လိုက္ၿပီး ျပန္မွီလိုက္ကာ တျခားေဘာလုံးကို ထိုးလိုက္သည္။

အနည္းငယ္ ဆူညံသံကို ၾကားလိုက္ရသည္။ ေနာက္ဆုံးေတာ့ ေဘာလုံးတစ္လုံးက အေပါက္ထဲကို ဝင္သြားခဲ့သည္။ ဟုန္ခ်န္းမင္း က ေဇာင္ယုဟြမ္ ကိုၾကည့္လိုက္ၿပီး ႏူးညံ့စြာ ေျပာလိုက္သည္။

“ဟြမ္ဟြမ္၊ ငါတစ္လုံး ဝင္သြားၿပီ” အခုခ်ိန္တြင္ သူမနာမည္ကို အႀကိမ္မ်ားစြာ ေခၚၿပီးေနာက္တြင္ အလြယ္တကူ ထြက္လာခဲ့သည္။

ဟြမ္ဟြမ္၊ ဟြမ္ဟြမ္။

ေနာက္ထပ္ အႀကိမ္အနည္းငယ္ ၿပီးသြားခ်ိန္တြင္ ဒါကို စြဲလမ္းလုနီးပါး ျဖစ္သြားခဲ့သည္။ သူ႕လည္ေခ်ာင္းက ယားယံေနတာကို ခံစားလိုက္ရသည္။

ေဇာင္ယုဟြမ္ က ဟုန္ခ်န္းမင္း ရဲ႕အသံကို ၾကားလိုက္ခ်ိန္တြင္ ဘိလယက္ ထိုးတံကို လီဂ်င္းယြမ္ ဆီကို ေပးလိုက္ၿပီး ဟုန္ခ်န္းမင္း ကိုၾကည့္လိုက္သည္။

“ကိုကိုက တကယ္ေတာ္တာပဲ”

ဟုန္ခ်န္းမင္း ကႏူးညံ့စြာ ေျပာလိုက္သည္။ “ဘာလို႔ ကိုယ္တိုင္ လာမၾကည့္တာလဲ?”

“ေကာင္းၿပီ” ေဇာင္ယုဟြမ္ ကဒုတိယ အႀကိမ္ေတာင္ ေတြးေတာျခင္း မရွိပဲ ဟုန္ခ်န္းမင္း ဆီကို ေလွ်ာက္သြားလိုက္သည္။

လီဂ်င္းယြမ္ ကသူ႕ေခါင္းကို ငုံ႕ထားၿပီး ေဘာလုံးကို ထိဖို႔ကိုသာ တိတ္ဆိတ္စြာ ႀကိဳးစားေနသည္။ တျခားလူေတြက ဟုန္ခ်န္းမင္း ကိုၾကည့္လိုက္ၿပီး ရႈပ္ေထြးသြားၾကသည္။ ထို႔ေနာက္ သူတို႔က လီဂ်င္းယြမ္ ကိုၾကည့္လိုက္ၿပီး ထပ္ရႈပ္ေထြးသြားၾကသည္။

ဒါက ျမင္ေနရတယ္… တခုခု ျဖစ္လာေတာ့မယ္။

တဖက္တြင္ ေဇာင္ယုဟြမ္ ကအေတာ္ေလး ေပ်ာ္႐ႊင္ေနသည္။

သူတို႔က ဘိလယက္ ဘယ္လိုထိုးရလဲဆိုတာ သင္ယူၿပီး ဇာတ္လိုက္နဲ႕ ဗီလိန္တို႔ ႏွစ္ဦးလုံးက ႀကီးျပင္းလာခ်ိန္မွာ သူတို႔က ဝတ္စုံအျပည့္ကို ဝတ္ဆင္ထားၿပီး ပုခုံးက်ယ္က်ယ္၊ ခါးက်ဥ္းက်ဥ္းနဲ႕ ေျခတံအရွည္ႀကီးေတြနဲ႕ သူ႕တို႔ အကၤ်ီလက္ကို ေခါက္တင္ထားၿပီး ဘိလယက္ ထိုးတံကို ကိုင္ၿပီး ကစားေနရင္ အေတာ္ေလးကို ဆြဲေဆာင္မႈရွိမဲ့ ျမင္ကြင္းပဲ။

ေဇာင္ယုဟြမ္ ကသူမ ႏႈတ္ခမ္းေတြကို ေကြးလိုက္ၿပီး ေနာက္ဆုံးေတာ့ ကေလးေတြကို ပ်ိဳးေထာင္ေပးျခင္းမွာ ေအာင္ျမင္မႈကို ခံစားလိုက္ရသည္။

07.06.2020 (Sun)
……………………….

<Unicode>

လျှို့ဝှက်စွာတိုင်းတာခြင်း

ဟုန်ချန်းမင်း ကဘယ်အချိန်တွင် ရပ်ရမလဲဆိုတာ သိသည်။ သူကိစ္စပြီးသွားပြီလို့ သိလိုက်ချိန်တွင် အေနာက္ကို ပြန်ဆုတ်လိုက်သည်။ သခင်လေးနန် ကအကြိမ်အနည်းငယ်လောက် ရုန်းကန်နေပြီး မြေကြီးကနေ ပြန်ထ,လိုက်သည်။

ဒီဘက်ခြမ်းကို ပြန်တောင် မကြည့်ရဲတော့ပဲ မြန်နိုင်သမျှ မြန်မြန် လှည့်ကာ ပြေးသွားလိုက်သည်။ ဟုန်ချန်းမင်း ကသူ့ဘက်ကို နက်ရှိုင်းစွာနဲ့ တွေးတောပြီး ကြည့်လိုက်သည်။ သူပြန်လာပြီး ဇောင်ယုဟွမ် ကိုစကားပြောလိုက်ချိန်တွင် သူ့ဆီက စိတ်ရှုပ်ထွေးမှုတွေ မရှိတော့ပေ။ သူက နူးညံ့စွာဖြင့် ပြောလိုက်သည်။

“မစိုးရိမ်ပါနဲ့၊ သူဘာမွ မလုပ်နိုင်ပါဘူး။ သူ့လိုလူက… သူ့ပုံရိပ်ကိုပဲ ဆက်ထိန်းထားလိမ့်မယ်”

သူလျှောက်သွားချိန်တွင် ဇောင်ယုဟွမ် ရဲ့ထိတ်လန့်၊ ကြောက်ရွံ့တဲ့ အမူအရာကို မြင်တွေ့ရမှာ ကြောက်တာကြောင့် ဇောင်ယုဟွမ် ကိုကြည့်ဖို့ကို ရှောင်သွားခဲ့သည်။ ဇောင်ယုဟွမ် ကရယ်လိုက်ပြီး ပြောလိုက်သည်။

“အင်း၊ ငါသိပါတယ်။ သူက အရိုက်ခံခဲ့ရတာ။ သေချာပေါက်ကို တခြားသူတွေ သိသွားအောင် လုပ်မှာမဟုတ်ဘူး”

သခင်လေးနန် ကိုဆိုးရွားစွာ ရိုက်နှက်ခဲ့ပြီး နောက်ဆက်တွဲ အကျိုးဆက်တွေ ရွိလာမွာ မဟုတ်ကြောင်းကို သူယုံကြည်သည်။

သူက အမှောင်ထဲကနေ ရိုက်နှက်ခဲ့ပြီး သခင်လေးနန် ကသူ့ကို ဘယ္သူ ရိုက်လိုက်လဲဆိုတာတောင် သိမွာမဟုတ္ဘူး?

နန်အိမ်တော်က ဒါကသူတို့ရဲ့ ရန်သူဘက်ကလို့ ထင်ပြီး ဟိုက်မြို့တော်မှာ တရားခံကို ရှာဖွေကြမှာ သေချာသည်။ ဒုတိယမျိုးဆက်က ချမ်းသာတဲ့ ကေလး တစ်ယောက်က ပြောလိုက်သည်။

“သူလိုချင်တဲ့ အရာတိုင်းကို သူပြောနိုင်တယ်” သူက သူ့ရင်ဘတ်ကို ရိုက်လိုက်ပြီး ပြောလိုက်သည်။ “ဘာမှမဖြစ်ခဲ့ဖူးလို့ ငါသက်သေပြပေးနိုင်တယ်”

“ကောင်းပြီ။ ငါတို့ ဘာမှမမြင်ဘူး” တခြားကလေးတွေ အားလုံးကလည်း ပြောလိုက်ကြသည်။

သခင်လေးနန် ကငယ်ငယ်ကတည်းက တိုင်းပြည်ကနေ ထွက်သွားခဲ့ပြီး သူက ဒီကလေးတွေ အုပ်စုနဲ့ လုံးဝကို ကွာခြားတာကြောင့် သူ့အကြောင်းကို သူတို့ လုံးဝစိတ်ဝင်စားမည် မဟုတ်ပေ။

သူအသက်ရှင်လျက်နဲ့ မီးရှို့ခံလိုက်ရရင်တောင် သူတို့ ဂရုစိုက်မှာ မဟုတ္ဘူး။ သခင်လေးနန် ရဲ့လုပ်ရပ်တစ်ခုလုံးက အစကတည်းက ရွက္စရာပဲ။

သခင်လေးနန် ရဲ့အသက်က ဘယ်လောက်ရှိပြီလဲ?

နောက်ပြီး ဇောင်ယုဟွမ် ကေကာ အသက်ဘယ်လောက်ရှိပြီလဲ?

သူက လာပြီးတော့ ဘယ်လိုတောင် နှောင့်ယှက်ရတာလဲ?

ဇောင်ယုဟွမ် က ဟုန်ချန်းမင်း ဘက်ကိုလှည့်လိုက်ပြီး ပြုံးပြလိုက်သည်။ “ညီမေလးကို ကာကွယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကိုကို”

ဟုန်ချန်းမင်း ဆီက ဝံပုလွေလေးလို အရှိန်အဝါတွေက မိနစ်အနည်းငယ်အတွင်း လုံးဝပျောက်ကွယ်သွားသည်။ သူ့နှုတ်ခမ်းကို စေ့ထားရင်း ပြောလိုက်သည်။

“ဒါက… ငါ့တာဝန်ပါ”

“သွားရအောင်!” ဇောင်ယုဟွမ် ကပြောလိုက်သည်။

“ဟုတ်တယ်၊ သွားရအောင်!” တခြားသူတွေကလည်း ချက်ချင်း ပြောလိုက်ကြသည်။ ထို့နောက် သူတို့က လျင်မြန်စွာ ထွက်သွားကြလေသည်။

သူတို့က အပြင်ဘက်ကို လျှောက်သွားရင်း ဇောင်ယုဟွမ် ကခေါင်းကို စောင်းလိုက်ပြီး ဟုန်ချန်းမင်း ကိုကြည့်လိုက်သည်။ ဟုန်ချန်းမင်း ကအဆင်မပြေသလို လျှောက်နေခဲ့သည်။ ဇောင်ယုဟွမ် အံ့အားသင့်စွာဖြင့် မျက်တောင်ခတ်လိုက်သည်။

“ကိုကို”လို့ ခေါ်တာက သူ့ကို ထိုးနှက်စေတာလား?

ဟုန်ချန်းမင်း ကဒါကေန မလွတ်မြောက်သေးတာလား?

တဖက်တွင် သခင်လေးနန် ကစားသောက်ပွဲ ခန်းမဆီကို ဒေါသထွက်စွာဖြင့် ပြန်လာခဲ့သည်။ ခြေလှမ်း ဝင်လိုက်သည်နှင့် ခေါင်းမူးလာပြီး ကြမ်းပြင်နဲ့ ရိုက္ခတ္လုနီးပါး ဖြစ်သွားခဲ့သည်။

သူ့လက်ကို မြှောက်လိုက်ပြီး သူ့နဖူးကို ပွတ်သက်ပြီးနောက် သူ့နှာခေါင်းက သွေးထွက်လာတာကို ခံစားလိုက်ရသည်။ မစ္စတာနဲ့ မစ္စနန် တို့က ဇောင်ချီ နဲ့စကားပြောနေကြပြီး သူ့သားရဲ့ လက်ရှိအခြေအနေကို မြင်လိုက်ကြသည်။ သူတို့မျက်နှာတွေက ပျက်သွားကြပြီး မေးလိုက်ကြသည်။

“ဘာဖြစ်ခဲ့တာလဲ?!” သခင်လေးနန် ကသူ့ပါးစပ်ကို ဖွင့်လိုက်ပြီး ပြောလိုက်သည်။

“ဇောင်ယုဟွမ် နဲ့အတူပါလာတဲ့ မကောင်းတဲ့ ကောင်လေးက ကျွန်တော့်ကို ရိုက်ခဲ့တာ….” ဒါပေမဲ့ အချိန်ခနလောက် ရပ်တန့်သွားခဲ့သည်။

ဘယ်လိုပဲဖြစ်ဖြစ် သူက အော်ဟစ်နေတဲ့ နို့စို့ကလေးလိုပဲ။ နောက်ပြီး အခု သူ့အသက် ဘယ်လောက်ရှိပြီလဲ? တခြားကလေးရဲ့ အရိုက်ခံခဲ့ရတယ်လို့ သူပြောနိုင်တာလား? ဒါက ဘယ်လောက်တောင် ရှက်ဖို့ကောင်းလိုက်လဲ?

တခြားသူတွေက သူ့ကို မယုံကြည်ကြပေ။ သခင်လေးနန် ကသူ့လက်ကို မြှောက်လိုက်ပြီး သူ့မျက်နှာက ဒဏ်ရာတွေကို ထိလိုက်သည်။

Tssssss….

သူ့ဘာသာ အရှက်မရချင်ပေ။ ဒါကြောင့် ဒါက ခက်ခဲပေမဲ့ စကားလုံးတွေကို သူ့ဘာသာ မြိုချလိုက်သည်။

“ကျွန်တော် ဇောင်ယုဟွမ် ဆီကို ပြေးသွားခဲ့တာ။ အချိန်မဖြုန်းချင်လို့ သြားခဲ့တာ”

ဟုန်ချန်းမင်း ကသူ့ကို ရိုက်နှက်ချိန်တုန်းက တစ်နေရာတည်းကို ထပ်ခါထပ်ခါ ထိုးခဲ့သည်။ ဒါကြောင့် အဲ့နေရာက အတွင်းကြေနေခဲ့သည်။ သူလဲကျသွားချိန်မှာ တိုက်ရိုက်ထိမှန်ခဲ့သည့် နေရာဖြစ်သည်။ ထိုစကားကို ကြားလိုက်ချိန်တွင် မစ္စနန် ခေါင်းကိုက်သွားသည်။

သခင်လေးနန် ကိုပွေ့ဖက်လိုက်ပြီး နှစ်သိမ့်ပေးလိုက်သည်။ ဒီမြင်ကွင်းကို တွေ့လိုက်ချိန်တွင် ရှုယုရှန်း အံ့အားသင့်သွားသည်။ အရင်တုန်းက သူ့ရဲ့ရူးသွပ်စရာ အကြောင်းတွေကို သူမ သေချာပေါက်ကို ကြားခဲ့ရသည်။

ဒါပေမဲ့ ဒါက ချမ်းသာတဲ့ လူငယ်လေးတွေရဲ့ ပုံမှန်အပြုအမူပဲဆိုပြီး ဒီအကြောင်းကို သိပ်မတွေးခဲ့ပေ။ သူမ မမျှော်လင့်ထားတာက အရွယ်ရောက်နေတဲ့ သခင်လေးနန် က ကလေးလိုမျိုး ပြုမူလိမ့်မယ်လို့…. ဒါက မျိုချဖို့ခက်တဲ့ ဆေးလုံးလိုပဲ။

သခင်လေးနန်က လဲကျနေရာမှ ရှက်ရွံ့နေပုံရသည်။ ဖြစ်ပျက်ခဲ့တာကို သိပြီးနောက်တွင် ဇောင်ချီ က မစ္စတာနန် နဲ့စကားပြောတာကို အဆုံးသတ်လိုက်ပြီး ရှုရန်ဟွေ့ နဲ့အတူ အေဝးကို လျှောက်သွားလိုက်သည်။

ရှုရန်ဟွေ့ ကသူမခေါင်းကို ငုံ့ထားရင်း လိုက်သွားခဲ့သည်။ မစ္စတာနန် က ရှုရန်ဟွေ့ ကိုကြည့်လိုက်ပြီး သက်ပြင်းချလိုက်သည်။

“သူမက ဇောင်ယုဟွမ် နဲ့မရင်းနှီးဘူး”

“ဒါပေမဲ့ သူမက ငယ်သေးတုန်းပဲ။ အဓိကက ဘာလဲ?” မစ္စနန် ကမျက်မှောင်ကြုတ်လိုက်သည်။

“ဒါ့အပြင် သူမရဲ့ စိတ်အခြေအနေကိုလည်း ငါတို့အားလုံး ကြားခဲ့တယ်။ သူမအေဖက ရှုရန်ဟွေ့ ကိုအိမ်ခေါ်လာချိန်တုန်းက သူမလုပ်ခဲ့တဲ့ အကြောင်းတွေကို မှတ်မိလား? သူမကြောင့်တောင် စီးပွားရေး ညှိနှိုင်းချက်တောင် ဆုံးရှုံးလုနီးပါး ဖြစ်သွားခဲ့တယ်။ ယွမ်ယွမ် သာသူမကို လက်ထပ်လိုက်ရင် တစ်နေ့လုံး တစ္ညလုံး ရန်ဖြစ်နေကြလိမ့်မယ်”

မစ္စတာနန် ကလှောင်လိုက်ပြီး “မင်းဘာသိလို့လဲ။ မင်းက လန်ဂျင်းဇီ ရဲ့လက်ရှိအခြေအနေကို သတိထားမိလား?”

တဖက်တွင် သခင်လေးနန် က ဇောင်ယုဟွမ် ကိုချက်ချင်းပင် လိုချင်နေတာကိုသာ တွေးနေခဲ့သည်။

သူမက မယုံနိုင်လောက်အောင် လှပလွန်းတယ်!

သူမကို အိမ်မှာထားခြင်းက သူ့ကို ပျော်ရွှင်စေလိမ့်မယ်!
*****

စားသောက်ပွဲတွင် ဇောင်ယုဟွမ် ပေါ်လာခဲ့သည့် အကြောင်းအရင်းကတော့ ရှုရန်ဟွေ့ နဲ့သူမသမီးကို ထုတ်ပြဖို့ဖြစ်သည်။ သူတို့အား ဇောင်ယုဟွမ် ကအထက်တန်း လူမှုအသိုင်းအဝိုင်းတွင် သိကြသည့် တစ်ဦးတည်းသော ဇောင်က သမီးဖြစ်ကြောင်းကို သိစေချင်တာ ဖြစ်သည်။

သူမရဲ့ အသွင်အပြင်နဲ့ အဓိက အခ်က္ကို ပြသပြီးသည်နှင့် ဆက်နေဖို့အတွက် စိတ်မဝင်စားတော့ပေ။ ဒါကြောင့် ဒုတိယမျိုးဆက် ချမ်းသာသည့် ကလေးတွေနဲ့ ထွက်လာခဲ့တာဖြစ်သည်။ သဘာဝကျစွာပင် သူတို့မှာ သူတို့ကိုယ်ပိုင် ဖျော်ဖြေရေးရှိသည်။

စားသောက်ပွဲကနေ ထွက်သွားပြီးနောက် အဆင့်မြင့်ကလပ်ကို ဦးတည်သွားခဲ့သည်။ အဆင့်မြင့် ကလပ္က မန်နေဂျာက သူ့ရဲ့ဖောက်သည်တွေကို ဘယ္လို ဆက္ဆံရမလဲဆိုတာ ကောင်းကောင်းသိသည်။

ဒီချမ်းသာသည့် ကလေးငယ် အုပ္စုကို မြင်လိုက်ချိန်တွင် ပုံမှန်အစီအစဉ်အား မည်သို့ ပြောင်းလဲရမလဲဆိုတာကို သိသည်။

“ဘိလယက် သွားထိုးရအောင်!” တစ်ယောက်က အော်ဟစ်လိုက်သည်။

ထို့နောက် ဇောင်ယုဟွမ် ဘက်ကိုလှည့်လိုက်ပြီး “ဇောင်ယုဟွမ် ဘိလယက် ဘယ္လိုထိုးရလဲ သိလား?” ဇောင်ယုဟွမ် ကခေါင်းညိတ်လိုက်သည်။

“သိတာပေါ့!”

“ကောင်းတယ်! ဒါဆို သွားရအောင်။ နောက်ပြီး ကစားဖို့လည်း ဂိမ်းစက်တချို့ ယူလာခဲ့ပေး!”

တခြားသူတွေက မန်နေဂျာနဲ့ စကားပြောနေချိန် ဇောင်ယုဟွမ် က ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့ကို ပြောလိုက်သည်။

“ဘိလယက် ဘယ္လိုထိုးရလဲ သိလား?” ကောင်လေး နှစ်ယောက်လုံးက ခေါင်းခါလိုက်ကြသည်။

ဘိလယက်?

အရင်တုန်းက ဒါကို ကြားပဲကြားဖူးခဲ့ကြသည်။ ဇောင်ယုဟွမ် ကသူတို့လက်တွေကို ကိုင်လိုက်ပြီး ပြုံးလိုက်ကာ နှစ်သိမ့်လိုက်သည်။

“မစိုးရိမ်ပါနဲ့၊ ငါသင်ပေးမယ်”

အလုပ်သမားတွေက အချိန်တိုအတွက်း ပြင်ဆင်ခဲ့ကြသည်။ ဇောင်ယုဟွမ် ကအရင်ဘဝတုန်းက ဒီနေရာတွင် အချိန်များစွာ ကုန်ဆုံးခဲ့သည်။ ဘိလယက္ထိုးတာ၊ ဂိမ်းကစားစက်၊ အပြင်ဘက်က လုပ်ဆောင်ချက်တွေ…. အားလုံးကို သူမ ကစားခဲ့ဖူးသည်။

ဇောင်ယုဟွမ် ကကောင်လေး နှစ်ယောက်ဘက်ကို လှည့်လိုက်ပြီး ဘိလယက် ထိုးတံကို ကိုင်လိုက်ပြီး ပြောလိုက်သည်။

“ဘယ္သူ အရင်ဆုံး စမ်းကြည့်ချင်လဲ?” လီဂျင်းယွမ် ကသူ့ပါးစပ်ကို ဖွင့်လိုက်ပြီး တခုခု ပြောဖို့လုပ်လိုက်သည်။ ဟုန်ချန်းမင်း ကအရှေ့ကို လျှောက်သွားပြီး လီဂျင်းယွမ် အရှေ့ကို သွားလိုက်သည်။

“ငါစမ်းကြည့်ချင်တယ်” ဟုန်ချန်းမင်း ပြောလိုက်သည်။

“အိုကေ!” ဇောင်ယုဟွမ် ကသူ့ဆီကို လက်ဆန့်လိုက်သည်။ ဒီအချိန်တွင် ဟုန်ချန်းမင်း ကမတွန့်ဆုတ်တော့ပေ။

သူမလက္ကို ကိုင်လိုက်ပြီး ဘိလယက်ဘောင်ဆီကို လျှောက်သွားလိုက်သည်။ သူမက ဘိလယက် ထိုးတံကို ကိုင်ထားပြီး သူမခန္ဓာကိုယ်ကို ဘိလယက်ဘောင်နားမှာ မှီထားပြီး ဟုန်ချန်းမင်း ကိုဆက်လုပ်နိုင်ဖို့ စည်းမျဉ်းတွေနဲ့ နည်းလမ်းတွေကို ရှင်းပြလိုက်သည်။

“အဲ့လိုမျိုး…” ဇောင်ယုဟွမ် ကပြောလိုက်ရင်း ဟုန်ချန်းမင်း ကိုလှည့်ကြည့်လိုက်သည်။

သူတို့နောက်တွင် လီဂျင်းယွမ် ရဲ့မျက်လုံးတွေက အနည်းငယ် တောက်ပနေပြီး ချက်ချင်းပင် သူ့အင်္ကျီကို ချွတ်လိုက်ပြီး အရှေ့ကို လျှောက်လာကာ ဇောင်ယုဟွမ် ရဲ့ခါးကို ချည်လိုက်သည်။ ဇောင်ယုဟွမ် ကအချိန်အနည်းငယ် တိတ်ဆိတ်သွားပြီး မတ်တပ်ရပ်လိုက်ပြီး လီဂျင်းယွမ် ကိုကြည့်လိုက်သည်။

“အို၊ ကျေးဇူးတင်ပါတယ် မောင်လေး” ရုတ်တရက်ပဲ သူဘာလုပ်လိုက်လဲဆိုတာကို ဇောင်ယုဟွမ် နားလည်လိုက်သည်။

စားသောက်ပွဲက တက်ရောက်သည့် ဝတ္စုံကိုပဲ သူမက ဝတ်ဆင်ထားဆဲဖြစ်သည်။ သူမမှီလိုက်ချိန်တွင် အဝတ်တွေက အပေါ်တက်ရန် လွယ်ကူသွားသည်။ လီဂျင်းယွမ် ကသူ့နှုတ်ခမ်းကို စေ့ထားပြီး နူးညံ့စွာ ပြောလိုက်သည်။

“ကျွန်တော့်ကိုလည်း ကိုကို လို့ခေါ်လို့ရတယ်!” ဇောင်ယုဟွမ် ကသူမခေါင်းကို ခါလိုက်သည်။

“Nope မင်းက ငါ့ထက် တစ်ရက်တောင် ငယ်တယ်လေ”

လီဂျင်းယွမ် ကသူမ မ်က္လုံးထဲကို ကြည့်လိုက်ပြီး နောက်ဆုံးတော့ ငြင်းခုန်ဖို့ကို စွန့်လွှတ်လိုက်ပြီး အနောက်ဆုတ်သွားလိုက်သည်။ ဟုန်ချန်းမင်း ကသူမခါးတွင် ပတ်ထားသည့် အင်္ကျီကို ကြည့်လိုက်ပြီး သူ့အမူအရာတွေက ရှုပ်ထွေးသွားခဲ့သည်။ သူက နူးညံ့စွာ ပြောလိုက်သည်။

“ဟွမ်ဟွမ်၊ ငါ့ကို ဘိလယက် ထိုးတံပေး။ ငါကြိုးစားကြည့်ချင်တယ်” ဟုန်ချန်းမင်း ပြောလိုက်ချိန်တွင် သူ့မျက်နှာက တင်းမာနေသည်။

တခြားသူတွေက သူမကို “ဟွမ်ဟွမ်” လို့ခေါ်တာကို သူကြားခဲ့ပေမဲ့ သူ့ဘာသာ ခေါ်ဖို့ မစဉ်းစားခဲ့ပေ။ ဒါက သူမနဲ့ ရင်းနှီးမှုကို ပြသသည့် ပထမဆုံး အကြိမ်ဖြစ်သည်။ ဇောင်ယုဟွမ် ကအချိန်အနည်းငယ် တိတ်ဆိတ်သွားပြီး တောက်ပသည့် အပြုံးလေးဖြင့်

“အိုကေ!” လို့ပြောလိုက်သည်။

ဘိလယက္ထိုးတံကို ဟုန်ချန်းမင်း ဆီကို ကမ်းပေးလိုက်သည်။ ဟုန်ချန်းမင်း ကမှီလိုက်ပြီး သူမ ပြောသလိုမျိုး ဘိလယက္ထိုးတံကို ကိုင်ထားပြီး ထိုးလိုက်သည်။

ဘောလုံးက တခြားဘောလုံးတွေကို ထိခတ်သွားပြီး ဘောင်တွေကို ရိုက်ခတ်သွားသည်။ ဇောင်ယုဟွမ် ကေဘးကေန ကြည့်နေပြီး လက္ခုပ္တီးကာ ပြောလိုက်သည်။

“ကိုကိုက တော်တာပဲ။ နည်းနည်းလေး ထပ်ကျင့်လိုက်ရင် ဘောလုံးတွေကို ကျင်းထဲကျတဲ့အထိ ထိုးနိုင်လိမ့်မယ်!” ရုတ်တရက် သူတို့အနောက်က လီဂျင်းယွမ် ကပြောလိုက်သည်။

“မမ ကျွန်တော့်ကိုလည်း သင်ပေးပါ!”

သူလည်း သူမကို “မမ”လို့ ခေါ်တာ ရှားသည်။ ဘာကြောင့်ဆိုတော့ သူက သူမဆီက တောင်းဆိုတာ ရှားပါးပြီး သူ့ကို ပြန်မတုန့်ပြန်မှာကို ကြောက်တာကြောင့် ဖြစ်သည်။

“အိုကေ၊ ခနေလး” ဇောင်ယုဟွမ် ကမန်နေဂျာကို နောက်ထပ် ဘိလယက္ထိုးတံတစ္ခုကို တောင်းလိုက်ကာ လီဂျင်းယွမ် ကိုတျခား ဘိလယက္ခုံကို ခေါ်သွားလိုက်သည်။

“ဒီကိုလာ”

“အိုကေ” လီဂျင်းယွမ် ကပြန်ဖြေလိုက်သည်။

သူ့ခန္ဓာကိုယ်က တဖြည်းဖြည်း သက်တောင့်သက်သာ ဖြစ်သွားပြီး ဇောင်ယုဟွမ် အနားကို ခြေလှမ်းအကျဲကြီးဖြင့် လျှောက်သွားလိုက်သည်။ တခြားသူတွေက ဇောင်ယုဟွမ် တို့ဘိလယက် ကစားနေကြတာကို စိတ်ဝင်စားနေတာကြောင့် ဘယ္သူကမွ ဘာမှမပြောကြပဲ စိုက်ကြည့်နေကြသည်။

တဖက်တွင် ဟုန်ချန်းမင်း ကသူ့ဘိလယက် ထိုးတံကို ချလိုက်ပြီး လီဂျင်းယွမ် ကိုစိုက်ကြည့်လိုက်သည်။ ဇောင်ယုဟွမ် က လီဂျင်းယွမ် ကိုသူ့ကို သင်ပေးတဲ့အတိုင်း သင်ပေးနေတာကို မြင်လိုက်ချိန်တွင် သူ့ဘိလယက် ထိုးတံကို ပြန်ကောက်လိုက်ပြီး ပြန်မှီလိုက်ကာ တခြားဘောလုံးကို ထိုးလိုက်သည်။

အနည်းငယ် ဆူညံသံကို ကြားလိုက်ရသည်။ နောက်ဆုံးတော့ ဘောလုံးတစ်လုံးက အပေါက်ထဲကို ဝင်သွားခဲ့သည်။ ဟုန်ချန်းမင်း က ဇောင်ယုဟွမ် ကိုကြည့်လိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။

“ဟွမ်ဟွမ်၊ ငါတစ္လုံး ဝင်သွားပြီ” အခုချိန်တွင် သူမနာမည်ကို အကြိမ်များစွာ ခေါ်ပြီးနောက်တွင် အလြယ္တကူ ထွက်လာခဲ့သည်။

ဟွမ်ဟွမ်၊ ဟွမ်ဟွမ်။

နောက်ထပ် အကြိမ်အနည်းငယ် ပြီးသွားချိန်တွင် ဒါကို စွဲလမ်းလုနီးပါး ဖြစ်သွားခဲ့သည်။ သူ့လည်ချောင်းက ယားယံနေတာကို ခံစားလိုက်ရသည်။

ဇောင်ယုဟွမ် က ဟုန်ချန်းမင်း ရဲ့အသံကို ကြားလိုက်ချိန်တွင် ဘိလယက် ထိုးတံကို လီဂျင်းယွမ် ဆီကို ပေးလိုက်ပြီး ဟုန်ချန်းမင်း ကိုကြည့်လိုက်သည်။

“ကိုကိုက တကယ်တော်တာပဲ”

ဟုန်ချန်းမင်း ကနူးညံ့စွာ ပြောလိုက်သည်။ “ဘာလို့ ကိုယ်တိုင် လာမကြည့်တာလဲ?”

“ကောင်းပြီ” ဇောင်ယုဟွမ် ကဒုတိယ အကြိမ်တောင် တွေးတောခြင်း မရွိပဲ ဟုန်ချန်းမင်း ဆီကို လျှောက်သွားလိုက်သည်။

လီဂျင်းယွမ် ကသူ့ခေါင်းကို ငုံ့ထားပြီး ဘောလုံးကို ထိဖို့ကိုသာ တိတ္ဆိတ္စြာ ကြိုးစားနေသည်။ တခြားလူတွေက ဟုန်ချန်းမင်း ကိုကြည့်လိုက်ပြီး ရှုပ်ထွေးသွားကြသည်။ ထို့နောက် သူတို့က လီဂျင်းယွမ် ကိုကြည့်လိုက်ပြီး ထပ်ရှုပ်ထွေးသွားကြသည်။

ဒါက မြင်နေရတယ်… တခုခု ဖြစ်လာတော့မယ်။

တဖက်တွင် ဇောင်ယုဟွမ် ကအတော်လေး ပျော်ရွှင်နေသည်။

သူတို့က ဘိလယက် ဘယ္လိုထိုးရလဲဆိုတာ သင်ယူပြီး ဇာတ်လိုက်နဲ့ ဗီလိန်တို့ နှစ်ဦးလုံးက ကြီးပြင်းလာချိန်မှာ သူတို့က ဝတ်စုံအပြည့်ကို ဝတ်ဆင်ထားပြီး ပုခုံးကျယ်ကျယ်၊ ခါးကျဉ်းကျဉ်းနဲ့ ခြေတံအရှည်ကြီးတွေနဲ့ သူ့တို့ အင်္ကျီလက်ကို ခေါက်တင်ထားပြီး ဘိလယက် ထိုးတံကို ကိုင်ပြီး ကစားနေရင် အတော်လေးကို ဆွဲဆောင်မှုရှိမဲ့ မြင်ကွင်းပဲ။

ဇောင်ယုဟွမ် ကသူမ နှုတ်ခမ်းတွေကို ကွေးလိုက်ပြီး နောက်ဆုံးတော့ ကလေးတွေကို ပျိုးထောင်ပေးခြင်းမှာ အောင်မြင်မှုကို ခံစားလိုက်ရသည်။

07.06.2020 (Sun)
……………………….

[text_hash] => 9637c4a0
)

//qc
//QC2