Array
(
[text] =>
Unicode
#နောက်တစ်ပိုင်း တကယ်က အပျင်းတစ်နေတာကို အခုမှအကြွေးလာပြန်ဆပ်တာ 😁😁#
ကျင်းပသည့်နေရာက ၉၀ ဟက်တာကျော်ပြီး လုံးဝကို ထိတ်လန့်ဖို့ကောင်းနေသည်။
ဇောင်ယုဟွမ် ကဖြစ်နေတာကို နားလည်သွားခဲ့သည်။ “…ဖျော်ဖြေပွဲ? ဒီနေ့က ဂျင်းယွမ် ရဲ့ဖျော်ဖြေပွဲနေ့လား?”
လီဂျင်းယွမ် ကခေါင်းညိတ်လိုက်သည်။
ဇောင်ယုဟွမ် ကပျော်ရွှင်နေသည့် အမူအရာကို ထုတ်ပြလိုက်သည်။ “လီဂျင်းယွမ် ကအရမ်းမိုက်တာပဲ!” သို့သော် သူမအပြုံးက သိပ်မကြာလိုက်ပဲ မျက်မှောင်ကြုတ်လိုက်သည်။ “ဒါဆို ဒီအခွင့်အရေးကို အသုံးချပြီး ဘယ်သူက ရှုပ်ထွေးအောင် လုပ်ရတာလဲ?”
နောက်ကွယ်ကလူက အရမ်းကို မုန်းစရာကောင်းတယ်!
သို့သော် လီဂျင်းယွမ် ရဲ့အမူအရာက အရင်ကထက်တောင် ပိုပြီးတော့ သက်တောင့်သက်သာ ဖြစ်နေပြီး ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။ “အဆင်ပြေပါတယ်”
ဇောင်ယုဟွမ် ကဖျော်ဖြေပွဲနေရာကို ကြည့်လိုက်ပြီး မေးလိုက်သည်။ “ဂျင်းယွမ် အတွက် ရီဟာဇယ် အဝတ်တွေ လိုသေးတယ်မလား?”
“အင်း”
“ဒါဆို အဆင်သင့်ဖြစ်အောင် သွားပြင်သင့်တယ်။ ဟုန်ချန်းမင်း နဲ့ ဟွမ်ဟွမ် တို့က လိုင်းပေါ်က အခြေအနေကို ထိန်းလိုက်မယ်”
လီဂျင်းယွမ် က ဟုန်ချန်းမင်း ရ့နာမည်အား လျစ်လျူရှုလိုက်ပြီး သူ့အမူအရာက ပိုပြီးတော့တောင် နူးညံ့သွားခဲ့သည်။ “အိုကေ” သူ့နှလုံးသားတစ်ခုလုံးနဲ့ ဇောင်ယုဟွမ် အားယုံကြည်နေပုံပေါ်နေသည်။
လီဂျင်းယွမ် ကလှည့်လိုက်ပြီး စင်ပေါ်ကို လျှောက်သွားလိုက်သည်။
သူ အဝေးကို ရောက်ချိန်တွင် ရုတ်တရက် လှည့်လိုက်ပြီး ဇောင်ယုဟွမ် အားနွေးထွေးစွာ ပြုံးပြလိုက်ပြီး သူ့ပါးစပ်အား ဖွင့်လိုက်ပြီးနောက် ပြန်ပိတ်လိုက်သည်။ သူတို့ကြားက ဝေးနေသည့် အကွာအဝေးကြောင့် ဇောင်ယုဟွမ် ကသူပြောသည့်စကားကို ရှင်းရှင်းလင်းလင်း မကြားရပေမဲ့ သူ့နှုတ်ခမ်း လှုပ်တာကနေသာ ဖတ်လိုက်သည်။
“ဟွမ်ဟွမ်၊ ကိုယ် မင်းကို မြင်ခွင့်ပြုတယ်”
မြင်တယ်၊ ဘာကို?
ဇောင်ယုဟွမ် ရဲ့နှလုံးခုန်နှုန်းက မြန်လာခဲ့သည်။
သူမက လက်ကိုမြှောက်လိုက်ပြီး သူမရင်ဘတ်တွင် ဖိလိုက်ပြီးနောက် သူမခံစားချက်တွေအား ဖိနှိပ်လိုက်သည်။
သူမပြန်လာချိန်တွင် ဝေ့ကျဲ နဲ့ လင်းလန် တို့က မိတ်ကပ်ခန်းထဲတွင်သာ ရှိနေသေးသည်။
ဇောင်ယုဟွမ် ကထိတ်လန့်စွာဖြင့် လင်းလန် ကိုကြည့်လိုက်သည်။
လင်းလန် က ဇောင်ယုဟွမ် ဆီမှ အချိန်အတော်ကြာ ဖိနှိပ်ခံခဲ့ရပြီး ဒီနေ့လို အောင်မြင်မှု သေးသေးလေး ရလာဖို့အထိ အချိန်အများကြီး ဖြုန်းတီးခဲ့ရသည်။
ဒါပေမဲ့ လင်းလန် ကဘယ်လိုလုပ်ပြီး ပျော်နိုင်မှာလဲ?
မလိုလားခြင်းနဲ့ မနှစ်မြို့မှုတွေက သူမရင်ထဲ ကြမ်းတမ်းစွာ ပြေးဝင်လာခဲ့ပြီး ထိန်းချုပ်ဖို့ မတက်နိုင်တော့သည်အထိ ဖြစ်လာခဲ့ပြီး ပေါက်ကွဲထွက်လုနီးပါး ဖြစ်လာခဲ့သည်။
ဇောင်ယုဟွမ် ကသူမအား အာရုံမစိုက်ပေ။
ဒီအချိန်တွင် လင်းလန် နဲ့ လီဂျင်းယွမ် တို့က အတူရှိကြမည့် ဇာတ်ကြောင်း ဖြစ်နိုင်သည်။ နောက်ပြီး လင်းလန် ကဇာတ်လိုက်မဖြစ်ပြီး လက်ရှိအခြေအနေနဲ့ ဘာဆက်စပ်မှုမှ မရှိသင့်ပေ။ သူမက အာဏာအများကြီး မရှိသင့်ဘူး… မဟုတ်ဘူး၊ အဲ့ဒါမမှန်ဘူး။
ဇောင်ယုဟွမ် ကချက်ချင်းပင် ပုံသေအတွေးတွေကို ရပ်ပစ်လိုက်သည်။
လင်းလန် ဆီကပြန်ရလာမဲ့ အကျိုးဆက်တွေကို မမျှော်ကိုးပဲနဲ့ ချစ်နေတဲ့ ဇာတ်ပို့ရှိသေးတာကို သူမ မေ့ပစ်လို့မရဘူး!
သူမရဲ့ကြားဝင်မှုကြောင့် ဇာတ်လိုက်မဆိုသည့် လင်းလန် ရဲ့လမ်းကြောင်းက မူလဇာတ်ကြောင်းလို မချောမွေ့တော့ပေ။ လင်းလန် ကမူလဇာတ်ကြောင်းအတိုင်း ရှိနေပြီး လီဂျင်းယွမ် ကိုချစ်နေပေမဲ့ တုန့်ပြန်မှုမရရင်… ဒါက မသေချာတော့ဘူး။
ဇောင်ယုဟွမ် ကလှည့်လိုက်ပြီး လင်းလန် အားကြည့်လိုက်သည်။ “ဘာလို့ မစ္စလင်း ကဒီရောက်နေတာလဲ?”
မူလက ဇာတ်လိုက်မအဖြစ် ထိုက်တန်ခဲ့သည့် လင်းလန် ကတည်ငြိမ်နေဆဲဖြစ်ကာ ပြုံးလိုက်သည်။ “ကျွန်မ သတင်းတွေ တွေ့လိုက်လို့ မစ္စတာလီအတွက် ဒီနေရာကို သက်သက်လာခဲ့တာ”
သူမစကားတွေအရ သူမနဲ့ လီဂျင်းယွမ် တို့က ရင်းနှီးကြောင်းကို ထုတ်ပြနေခဲ့သည်။
“အို” ဇောင်ယုဟွမ် ကခေါင်းညိတ်လိုက်ပေမဲ့ ဘာမှဆက်မပြောပေ။
ဒါက လင်းလန် အားနည်းနည်းတော့ စိတ်ပျက်သွားစေသည်။
ဇောင်ယုဟွမ် ကမပျော်သင့်ဘူးလို့ သူမတွေးခဲ့သည်။
နောက်ပြီး မူလဇာတ်ကြောင်းထဲတွင် ဇောင်ယုဟွမ် ကအရမ်းကို မနာလိုတက်သည့် အမျိုးသမီးဖြစ်သည်။
သူမစကားတွေက သူမနဲ့ လီဂျင်းယွမ် တို့က သူစိမ်းတွေဖြစ်နေတုန်းလို့ ထုတ်ပြမိလားဆိုတာ နားမလည်တော့ပေ။
ဇောင်ယုဟွမ် နဲ့ ဟုန်ချန်းမင်း တို့က မိတ်ကပ်ခန်းထဲတွင် နေနေခဲ့သည်။ လင်းလန် ကသူမနောက်ကို ဘယ်သူမှ လိုက်မလာတာကို မြင်လိုက်တာကြောင့် အရှက်မဲ့စွာဖြင့် နေနေခဲ့သည်။
လီဂျင်းယွမ် ကနာရီဝက်လောက် ရီဟာဇယ်လုပ်နေခဲ့သည်။
မှောင်လာချိန်မှ ဖျော်ဖြေမှုက စတင်တာဖြစ်ပြီး တံခါးအပြင်မှ ဆူညံသည့်ခြေသံတွေက ထွက်လာခဲ့သည်။ အသံတွေက လူတွေအများကြီးဆီမှ ထွက်လာသည့် အသံတွေဖြစ်ကာ တိုးတိုးလုပ်နေပုံပေါ်သည်။
“သတိထား”
“ဒီမှာ၊ ဒီလမ်း…”
အသံတချို့က ရပ်သွားခဲ့ပြီး မိတ်ကပ်အခန်းတံခါးက ပွင့်လာခဲ့သည်။
လက်ထောက်ဒေါင် က လီရုံ ရဲ့ Wheelchair အားတွန်းဝင်လာခဲ့သည်။ ဖျော်ဖြေပွဲတွင် ပါဝင်သည့် လူတွေတွင် လီဂျင်းယွမ် ကသံတမန်အနေနဲ့ လက်မှတ်ထိုးထားသည့် ကုမ္ပဏီတွေက လီရုံ နောက်မှ ကုမ္ပဏီတွေ ဖြစ်သည်။
“မစ္စဇောင် နဲ့ မစ္စတာဟုန် တို့လည်း ရှိနေတာပဲ” လီရုံ ကမာနကြီးမှုကို မပြသပေမဲ့ အရမ်းယဉ်ကျေးမှုကိုသာ ထုတ်ပြနေခဲ့သည်။
လက်ထောက်ဒေါင် ကလည်း သူတို့ကို နှုတ်ဆက်လိုက်သည်။
ဇောင်ယုဟွမ် ကနည်းနည်း အံ့ဩသွားခဲ့သည်။
လီရုံ ကတကယ်ကြီး လာတာလား?
သူက လီဂျင်းယွမ် ကိုအသုံးချဖို့ ပြန်ခေါ်ချင်တာဆိုရင် သူကိုယ်တိုင် ဒီနေရာကို လာဖို့မလိုအပ်ပေ။ ဒီကိစ္စကိုကိုင်တွယ်ဖို့ လက်ထောက်ဒေါင် ကိုသာ ပို့ပေးလိမ့်မည်။
လီရုံ ကအွန်လိုင်းက အခြေအနေတွေတွင် မပါဝင်ပေ။
သူက ဇောင်ယုဟွမ် နဲ့ ဟုန်ချန်းမင်း တို့အား ရင်းနှီးစွာဖြင့် စကားပြောခဲ့သည်။ ဝေ့ကျဲ ကဖျော်ဖြေပွဲကြောင့် ထွက်သွားခဲ့လို့ အခန်းတွင် တခြားသူဖြစ်သည့် လင်းလန် အား လီရုံ ကလုံးဝလျစ်လျူရှုထားခဲ့သည်။
လင်းလန် ကသူလျှောက်ဝင်လာတည်းက ဘယ်သူဆိုတာကို သိနေခဲ့သည်။
လီဂျင်းယွမ် ရဲ့အဖေ!
ဂျင်းဟွာအုပ်စုရဲ့တည်ထောင်သူ!
သို့သော် သူမက ဇာတ်လိုက်မဖြစ်သော်လည်း အာရုံစိုက်မှုထဲ မပါဝင်တာကြောင့် စိတ်ပျက်နေခဲ့သည်။
ထိုအစား လီရုံ က ဇောင်ယုဟွမ် အားကြင်နာနေခဲ့သည်။
…စီးပွားရေးလောကမှာ အကျိုးအမြတ်ရှာဖို့ပဲ ဖြစ်မယ်။
ဇောင်ယုဟွမ် မှာနောက်ခံ ကောင်းကောင်းသာ မရှိရင် လီရုံ ကဒီလိုမျိုး ဆက်ဆံလိမ့်မလား?
လီရုံ နဲ့ လီဂျင်းယွမ် တို့က မရင်းနှီးကြဘူးဆိုတာကို လင်းလန် သိနေခဲ့သည်။ မူလဇာတ်ကြောင်းအရ လီဂျင်းယွမ် ကသူ့ဆီ ပြန်သွားတာတောင် သူတို့က မရင်းနှီးကြပေ။
ထို့ကြောင့် လီရုံ ကသူမအား သဘောကျအောင်လုပ်ဖို့ မလိုအပ်ပေ။
လင်းလန် ကသူမစိတ်ထဲမှ မကျေနပ်ချက်တွေကို ဖိနှိပ်လိုက်သည်။
“ဖျော်ဖြေပွဲက စတော့မယ်” ဇောင်ယုဟွမ် ကပြောလိုက်ပြီး သူတို့အရင်က စကားဝိုင်းအား အဆုံးသတ်လိုက်သည်။
လီရုံ ကခေါင်းညိတ်လိုက်ပြီး လက်ထောက်ဒေါင် အားသူ့အား အပြင်တွန်းထုတ်ပေးဖို့ အချက်ပြလိုက်သည်။ “ဒါဆို လီဂျင်းယွမ် ရဲ့ဖျော်ဖြေပွဲကို အတူတူ သွားနားထောင်ရအောင်”
သူတို့က နေရာတွေက အရင်ထဲက ပြင်ပြီးသားဖြစ်သည်။ သူတို့က ရှေ့ဆုံးအတန်းဖြစ်သည်။
လူတိုင်းက စင်အောက်ကို ရောက်ချိန်တွင် သူတို့ခုံတွေတွင် ထိုင်လိုက်ကြသည်။
ထိုအချိန်တွင် ဖျော်ဖြေပွဲက တရားဝင်မစသေးပဲ ပရိသတ်တွေရဲ့ စိတ်လှုပ်ရှားသည့် မျက်နှာတွေကသာ ရောင်ပြန်နေသည်။
ဇောင်ယုဟွမ် နဲ့တခြားသူတွေက ရှေ့ဆုံးတန်းဖြစ်တာကြောင့် သူတို့က အာရုံစိုက်မှုကို ရနိုင်ခဲ့သည်။ သူတို့အပြုအမူတွေက တခြားလူတွေရဲ့ မျက်စိရှေ့ကို ရောက်သွားခဲ့သည်။
တခြားဖန်တွေအပြင် ဖျော်ဖြေရေးနေရာတွင် သတင်းထောက်တွေလည်း ရှိနေခဲ့သည်။
ပွဲဆီမှ ပထမဆုံးရချင်သည့် ရည်ရွယ်ချက်ကတော့ အွန်လိုင်းပေါ်တွင် ထွက်နေသည့် ကောလဟာလတွေကြောင့် လီဂျင်းယွမ် အားအင်တာဗျူးဖို့ ဖြစ်သည်။
သို့သော် သူတို့မမျှော်လင့်တာက…
“အဲ့လူကြီးက လီရုံ ဟုတ်တယ်မလား?”
“Shit, ပေါ်လာပြီပဲ! Wheelchair တွန်းနေတဲ့လူက ဂျင်းဟွာအုပ်စုရဲ့ပွဲတွေမှာ ရှိတက်တဲ့ ဒေါင်ချင်းမင်! သူ့ပုံတွေက အင်တာနက်ပေါ်မှာ အများကြီးပဲ!”
“လီဂျင်းယွမ် ကတကယ့်ကို ဂျင်းဟွာအုပ်စုက သခင်လေးပဲ!”
“Shit, ဒါက တကယ့်ကို သတင်းဦးပဲ!”
သတင်းထောက်တွေနဲ့ ဆန့်ကျင်ဘက်အနေဖြင့် ဖန်တွေ သတိပြုမိသည့် ပထမဆုံးလူက ဇောင်ယုဟွမ် ပင်။
“သူ့ဖျော်ဖြေပွဲချိန် အတိအကျကြီးမှာ ရောက်လာတယ်၊ သူတို့ဆက်ဆံရေးက မသင်္ကာစရာပဲ၊ ဟုတ်တယ်မလား?”
“အသေအချာပဲ၊ ငါ့လီဂျင်းယွမ်လေးက ရိုးသားတယ်။ ဘာမှကြောက်စရာမလိုဘူး”
–
ဖျော်ဖြေပွဲက မကြာခင်မှာပဲ စတင်လာခဲ့သည်။
လီဂျင်းယွမ် ကစင်ပေါ်တွင် အရမ်းကို ထင်ပေါ်သည့်လူဖြစ်သည်။
ကြားချိန်က အရမ်းကိုတိုတောင်းသည်။ လူတိုင်းရဲ့အကြည့်က သူ့အပေါ်တွင်သာ ရှိနေကြပြီး တစ်ချက်လေးတောင် အကြည့်မလွှဲကြပေ။ ဖျော်ဖြေပွဲရှိလူတိုင်းနီးပါးက သူ့ဖျော်ဖြေမှုတွင် လုံးဝကို နစ်မြှုတ်နေခဲ့ကြသည်။
ရုတ်တရက် သူတို့နိုးလာချိန်တွင် ဖျော်ဖြေပွဲက ပြီးခါနီးဖြစ်သွားတာကို နားလည်လိုက်ကြပြီး လန့်သွားခဲ့ကြသည်။
လီရုံ ကသက်ပြင်းချလိုက်သည်။ “ရှက်စရာပဲ”
ဇောင်ယုဟွမ် ကသူ့အား ကြည့်လိုက်သည်။ “ဘာကိုလဲ?”
လီရုံ ကပြုံးလိုက်ပေမဲ့ မရှင်းပြပေ။
မကြာခင်မှာပဲ နောက်ဆုံးသီချင်းဖြစ်သည်။
လီဂျင်းယွမ် ကသူ့ခံနိုင်ရည်အများဆုံးကို အသုံးပြုခဲ့သည်။ ချွေးတွေကျနေပြီး အလင်းအောက်တွင် တောက်ပမှုကို ပြနေတုန်းပင်။
သူက စင်ထောင့်တွင် ထိုင်လိုက်ပြီး သူ့ခြေတံရှည်တွေက စင်ပေါ်မှ ကျနေတာကြောင့် ဖန်တွေဆီမှ အော်သံတွေက ထွက်လာခဲ့သည်။
“…နောက်ဆုံးသီချင်း” လီဂျင်းယွမ် ကပရိသတ်အား ကြည့်လိုက်တာကြောင့် အော်သံတွေက ပိုကျယ်လောင်စွာ ထွက်လာခဲ့သည်။
ထို့နောက် သူ့အကြည့်က ဇောင်ယုဟွမ် ပေါ်ကို ရောက်သွားခဲ့သည်။
တချို့အကြောင်းကြောင့် မကောင်းတဲ့ အငွေ့အသက်ကို ခံစားလိုက်ရသလို သူမမျက်တောင်တွေ လှုပ်ရှားသွားတာကို ဇောင်ယုဟွမ် ခံစားလိုက်ရသည်။
ဒီခံစားချက်က ဟုန်ချန်းမင်း ချိုးဖျက်ထွက်လာချိန်ကနဲ့ အတူတူဖြစ်နေသည်။
“နှစ်ဝက်လောက်က ကျွန်တော် သီချင်းတစ်ပုဒ်ရေးခဲ့တယ်” လီဂျင်းယွမ် ကသူ့အကြည့်ကို အောက်ငုံ့လိုက်ပြီး သူ့ခန့်ညားသည့် မျက်နှာအသွင်အပြင်က အလင်းရောက်တွင် တောက်ပနေသည်။
ဖန်တွေအားလုံးက အတူတူ အော်လိုက်ကြသည်။ “အားးးးး ‘Lift Off!’ ‘Lift Off!’”
သီချင်းနာမည်က ‘Lift Off’ ဖြစ်သည်။
လီဂျင်းယွမ် ရဲ့တရားဝင် ပွဲဦးထွက်ပြီးနောက် ပထမဆုံးရေးခဲ့သည့် အချစ်သီချင်းဖြစ်သည်။ ဒီသီချင်း ထွက်လာချိန်တွင် ချက်ချင်းပင် အဓိကအဆင့်ကို တက်သွားခဲ့သည်။ ထိုအချိန်တွင် လူအများစုက သူ့ကို သဘောမကျသေးကြပဲ သူ့ဖန်တွေက သူ့အား စိတ်အားထက်သန်စွာ ထောက်ပံ့ပေးတာကြောင့် အောင်မြင်မှုတွေ တိုးမြင့်လာခဲ့သည်။ သို့သော် ဖျော်ဖြေရေးလောကမှ လူတွေက နာမည်ကြီးဖို့ တစ်လမ်းတည်း လျှောက်ကြသည်။ ထို့ကြောင့် လီဂျင်းယွမ် ကတခြားအိုင်ဒေါတွေနဲ့ မတူစွာပဲ သူကိုယ်တိုင် ခွဲထွက်ခဲ့သည်။
ထိုအချိန်က ဂူယူလင်း ဖန်တွေက လီဂျင်းယွမ် ရေးသည့်သီချင်းက သူမအတွက်လားဆိုပြီး သိချင်နေကြသည်။ ဒါက ဖန်ဘေ့စ်ကြီးနှစ်ခုအား ကြီးမားသည့်တိုက်ပွဲကို ဦးတည်သွားစေခဲ့သည်။
ဇောင်ယုဟွမ် ကထိုအဖြစ်တွေကို အာရုံသိပ်မစိုက်ခဲ့ပေ။
သို့သော် ဒီသီချင်းအား အရင်က သူမကြားဖူးသည်။
သူမက ရိုမန့်ဆန်တဲ့အပိုင်း တစ်ပိုင်း၊ နှစ်ပိုင်းလောက်လွဲပြီး မွေးဖွားလာတာကြောင့် သီချင်းထဲတွင် ထူးခြားမှုတွေအား မခံစားရပေ။ လီဂျင်းယွမ် ရဲ့အသံက နတ်ဘုရားက ချီးမြင့်ထားပြီး သူ့သီချင်းဆိုသံက အရမ်းကောင်းတယ်လို့သာ သူမက တွေးခဲ့သည်။
ထိုအချိန်တွင် လီဂျင်းယွမ် ကသူ့အား ဝန်ထမ်းတစ်ယောက်က ကမ်းပေးလာသည့် ဂီတာကို ယူလိုက်ပြီး စည်းချက်သံက သူတို့ရဲ့အသံတွေကို ရပ်သွားစေသည်။
လီဂျင်းယွမ် ကခေါင်းငုံ့လိုက်ပြီး ဂီတာကြိုးအား ညှိလိုက်ကာ အသံတိုးလေးနဲ့ ပြောလိုက်သည်။ “တကယ်တော့ ဒီသီချင်းမှာ တခြားနာမည်ရှိသေးတယ်”
မကြာခင်မှာပဲ သူ့အသံက တိုးလျသွားပြီး သီချင်းက စတင်လာခဲ့သည်။
လီဂျင်းယွမ် ကသူ့နှုတ်ခမ်းကို ဖွင့်လိုက်ပြီး ဇောင်ယုဟွမ် အားထပ်ကြည့်လိုက်သည်။
ဇောင်ယုဟွမ် တစ်ယောက်တည်း ခံစားချက်မကောင်းတာ မဟုတ်ပဲ ဝေ့ကျဲ လည်းခံစားမိနေသည်။
ဝေ့ကျဲ ကသူ့အောက်မျက်ခမ်းလှုပ်တာကို ဖိချလိုက်ပြီး မထိန်းချုပ်နိုင်ပဲ ရယ်လိုက်သည်။ “ငါ့အသက်မွေးဝမ်းကြောင်းလေးက ဒီနေ့ပဲ အဆုံးသတ်တော့မယ်…”
တစ်ဖက်မှ လက်ထောက်ကတော့ ဘာမှနားမလည်ပေ။
သူမမျက်နှာက စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နှက်နေပြီး ပျော်ရွှင်စွာဖြင့် ဝေ့ကျဲ ကိုပြောလိုက်သည်။ “အစ်ကိုဝေ့၊ ကြည့်! အစ်ကိုလီ ကအရမ်းကို လွှမ်းမိုးနိုင်တာပဲ! သေချာပေါက် မနက်ဖြန်ကို ထိပ်စည်းပိုင်း ရောက်ဦးမှာပဲ! အရင်အတိုင်းပင် ကောလဟာလတွေက လူထုရဲ့မျက်စိရှေ့ကနေ ပျောက်သွားလိမ့်မယ်…”
လီဂျင်းယွမ် ရဲ့ live ဆိုတာက တရားဝင်ထုတ်ခဲ့သည့် သီချင်းထက် ပိုနားထောင်ကောင်းနေသည်။
ဒါက တစ်စုံတစ်ယောက်ရဲ့ အရိုးထဲရှိ ချစ်ခြင်းတရားတွေကို ခံစားမိစေသည်။
ဖန်တွေက စိတ်လှုပ်ရှားစွာဖြင့် သူတို့လက်ထဲမှ Light stick ကိုဝေ့ယမ်းလိုက်ကြသည်။
ဇောင်ယုဟွမ် ကစင်ပေါ်ရှိ လူငယ်လေးအား ကြည့်နေခဲ့သည်။ မဟုတ်ဘူး၊ သူက လူငယ်လေး မဟုတ်တော့ဘူး။ သူ့အရပ်အမောင်းကရှည်ပြီး ရင့်ကျက်သည့် ယောင်္ကျားတစ်ယောက် ဖြစ်နေခဲ့သည်။
Live ဖျော်ဖြေမှုက လျှပ်စစ်ပစ္စည်းတွေနဲ့ ဖန်တီးထားတာထက် ပိုနားထောင်ကောင်းနေတာကို သိခဲ့သည်။ ခံစားချက်တွေလည်း ပါဝင်နေသည်။ သီချင်းထဲမှ ပါဝင်နေသည့် ခံစားချက်တွေကို သူမ ခံစားမိနေသည်။
လီဂျင်းယွမ် ကခေါင်းကို မော့လိုက်ပြီး ဇောင်ယုဟွမ် ရဲ့မျက်လုံးကို စိုက်ကြည့်လိုက်သည်။
သူက နောက်ဆုံးစာကြောင်းကို ဆိုလိုက်သည်။
သူမနှလုံးက ပြင်းထန်စွာခုန်နေတာကို ဇောင်ယုဟွမ် ခံစားလိုက်ရသည်။
ထို့နောက်တွင် လီဂျင်းယွမ် ကပေါ့ပါးစွာ ပြောလိုက်ပေမဲ့ များပြားလှသည့် ခံစားချက်တွေ ပါဝင်နေသည့် အသံကို သူမကြားလိုက်ရသည်။ “တခြားနာမည်က ‘ပျော်ရွှင်ခွင့်ပေးပါ..’”
သူမစိတ်ထင့်ေနက မှန်နေခဲ့သည်။
ဝေ့ကျဲ လည်းလဲပြိုသွားခဲ့သည်။
သူက သက်ပြင်းချလိုက်သည်။ “သူက တကယ့်ကို ခေါင်းစည်းပိုင်းရောက်အောင် လုပ်နေတာပဲ”
ပျော်ရွှင်ခွင့်ပေးပါ၊ Yu Wo Huan Xi
ယုဟွမ်
ဇောင်ယုဟွမ်*
*ဇောင်ယုဟွမ် ဆိုတဲ့စာလုံးမှာ ယုဟွမ် နဲ့စာလုံးတူ။
3.10.2021(Sun)
………………………
#ေနာက္တစ္ပိုင္း တကယ္က အပ်င္းတစ္ေနတာကို အခုမွအေႂကြးလာျပန္ဆပ္တာ 😁😁#
က်င္းပသည့္ေနရာက ၉၀ ဟက္တာေက်ာ္ၿပီး လုံးဝကို ထိတ္လန္႔ဖို႔ေကာင္းေနသည္။
ေဇာင္ယုဟြမ္ ကျဖစ္ေနတာကို နားလည္သြားခဲ့သည္။ “…ေဖ်ာ္ေျဖပြဲ? ဒီေန႔က ဂ်င္းယြမ္ ရဲ႕ေဖ်ာ္ေျဖပြဲေန႔လား?”
လီဂ်င္းယြမ္ ကေခါင္းညိတ္လိုက္သည္။
ေဇာင္ယုဟြမ္ ကေပ်ာ္႐ႊင္ေနသည့္ အမူအရာကို ထုတ္ျပလိုက္သည္။ “လီဂ်င္းယြမ္ ကအရမ္းမိုက္တာပဲ!” သို႔ေသာ္ သူမအျပဳံးက သိပ္မၾကာလိုက္ပဲ မ်က္ေမွာင္ၾကဳတ္လိုက္သည္။ “ဒါဆို ဒီအခြင့္အေရးကို အသုံးခ်ၿပီး ဘယ္သူက ႐ႈပ္ေထြးေအာင္ လုပ္ရတာလဲ?”
ေနာက္ကြယ္ကလူက အရမ္းကို မုန္းစရာေကာင္းတယ္!
သို႔ေသာ္ လီဂ်င္းယြမ္ ရဲ႕အမူအရာက အရင္ကထက္ေတာင္ ပိုၿပီးေတာ့ သက္ေတာင့္သက္သာ ျဖစ္ေနၿပီး ျပဳံး႐ႊင္စြာျဖင့္ ေျပာလိုက္သည္။ “အဆင္ေျပပါတယ္”
ေဇာင္ယုဟြမ္ ကေဖ်ာ္ေျဖပြဲေနရာကို ၾကည့္လိုက္ၿပီး ေမးလိုက္သည္။ “ဂ်င္းယြမ္ အတြက္ ရီဟာဇယ္ အဝတ္ေတြ လိုေသးတယ္မလား?”
“အင္း”
“ဒါဆို အဆင္သင့္ျဖစ္ေအာင္ သြားျပင္သင့္တယ္။ ဟုန္ခ်န္းမင္း နဲ႔ ဟြမ္ဟြမ္ တို႔က လိုင္းေပၚက အေျခအေနကို ထိန္းလိုက္မယ္”
လီဂ်င္းယြမ္ က ဟုန္ခ်န္းမင္း ရ႕နာမည္အား လ်စ္လ်ဴ႐ႈလိုက္ၿပီး သူ႕အမူအရာက ပိုၿပီးေတာ့ေတာင္ ႏူးညံ့သြားခဲ့သည္။ “အိုေက” သူ႕ႏွလုံးသားတစ္ခုလုံးနဲ႔ ေဇာင္ယုဟြမ္ အားယုံၾကည္ေနပုံေပၚေနသည္။
လီဂ်င္းယြမ္ ကလွည့္လိုက္ၿပီး စင္ေပၚကို ေလွ်ာက္သြားလိုက္သည္။
သူ အေဝးကို ေရာက္ခ်ိန္တြင္ ႐ုတ္တရက္ လွည့္လိုက္ၿပီး ေဇာင္ယုဟြမ္ အားေႏြးေထြးစြာ ျပဳံးျပလိုက္ၿပီး သူ႕ပါးစပ္အား ဖြင့္လိုက္ၿပီးေနာက္ ျပန္ပိတ္လိုက္သည္။ သူတို႔ၾကားက ေဝးေနသည့္ အကြာအေဝးေၾကာင့္ ေဇာင္ယုဟြမ္ ကသူေျပာသည့္စကားကို ႐ွင္း႐ွင္းလင္းလင္း မၾကားရေပမဲ့ သူ႕ႏႈတ္ခမ္း လႈပ္တာကေနသာ ဖတ္လိုက္သည္။
“ဟြမ္ဟြမ္၊ ကိုယ္ မင္းကို ျမင္ခြင့္ျပဳတယ္”
ျမင္တယ္၊ ဘာကို?
ေဇာင္ယုဟြမ္ ရဲ႕ႏွလုံးခုန္ႏႈန္းက ျမန္လာခဲ့သည္။
သူမက လက္ကိုေျမႇာက္လိုက္ၿပီး သူမရင္ဘတ္တြင္ ဖိလိုက္ၿပီးေနာက္ သူမခံစားခ်က္ေတြအား ဖိႏွိပ္လိုက္သည္။
သူမျပန္လာခ်ိန္တြင္ ေဝ့က်ဲ နဲ႔ လင္းလန္ တို႔က မိတ္ကပ္ခန္းထဲတြင္သာ ႐ွိေနေသးသည္။
ေဇာင္ယုဟြမ္ ကထိတ္လန္႔စြာျဖင့္ လင္းလန္ ကိုၾကည့္လိုက္သည္။
လင္းလန္ က ေဇာင္ယုဟြမ္ ဆီမွ အခ်ိန္အေတာ္ၾကာ ဖိႏွိပ္ခံခဲ့ရၿပီး ဒီေန႔လို ေအာင္ျမင္မႈ ေသးေသးေလး ရလာဖို႔အထိ အခ်ိန္အမ်ားႀကီး ျဖဳန္းတီးခဲ့ရသည္။
ဒါေပမဲ့ လင္းလန္ ကဘယ္လိုလုပ္ၿပီး ေပ်ာ္ႏိုင္မွာလဲ?
မလိုလားျခင္းနဲ႔ မႏွစ္ၿမိဳ႕မႈေတြက သူမရင္ထဲ ၾကမ္းတမ္းစြာ ေျပးဝင္လာခဲ့ၿပီး ထိန္းခ်ဳပ္ဖို႔ မတက္ႏိုင္ေတာ့သည္အထိ ျဖစ္လာခဲ့ၿပီး ေပါက္ကြဲထြက္လုနီးပါး ျဖစ္လာခဲ့သည္။
ေဇာင္ယုဟြမ္ ကသူမအား အာ႐ုံမစိုက္ေပ။
ဒီအခ်ိန္တြင္ လင္းလန္ နဲ႔ လီဂ်င္းယြမ္ တို႔က အတူ႐ွိၾကမည့္ ဇာတ္ေၾကာင္း ျဖစ္ႏိုင္သည္။ ေနာက္ၿပီး လင္းလန္ ကဇာတ္လိုက္မျဖစ္ၿပီး လက္႐ွိအေျခအေနနဲ႔ ဘာဆက္စပ္မႈမွ မ႐ွိသင့္ေပ။ သူမက အာဏာအမ်ားႀကီး မ႐ွိသင့္ဘူး… မဟုတ္ဘူး၊ အဲ့ဒါမမွန္ဘူး။
ေဇာင္ယုဟြမ္ ကခ်က္ခ်င္းပင္ ပုံေသအေတြးေတြကို ရပ္ပစ္လိုက္သည္။
လင္းလန္ ဆီကျပန္ရလာမဲ့ အက်ိဳးဆက္ေတြကို မေမွ်ာ္ကိုးပဲနဲ႔ ခ်စ္ေနတဲ့ ဇာတ္ပို႔႐ွိေသးတာကို သူမ ေမ့ပစ္လို႔မရဘူး!
သူမရဲ႕ၾကားဝင္မႈေၾကာင့္ ဇာတ္လိုက္မဆိုသည့္ လင္းလန္ ရဲ႕လမ္းေၾကာင္းက မူလဇာတ္ေၾကာင္းလို မေခ်ာေမြ႕ေတာ့ေပ။ လင္းလန္ ကမူလဇာတ္ေၾကာင္းအတိုင္း ႐ွိေနၿပီး လီဂ်င္းယြမ္ ကိုခ်စ္ေနေပမဲ့ တုန္႔ျပန္မႈမရရင္… ဒါက မေသခ်ာေတာ့ဘူး။
ေဇာင္ယုဟြမ္ ကလွည့္လိုက္ၿပီး လင္းလန္ အားၾကည့္လိုက္သည္။ “ဘာလို႔ မစၥလင္း ကဒီေရာက္ေနတာလဲ?”
မူလက ဇာတ္လိုက္မအျဖစ္ ထိုက္တန္ခဲ့သည့္ လင္းလန္ ကတည္ၿငိမ္ေနဆဲျဖစ္ကာ ျပဳံးလိုက္သည္။ “ကြၽန္မ သတင္းေတြ ေတြ႕လိုက္လို႔ မစၥတာလီအတြက္ ဒီေနရာကို သက္သက္လာခဲ့တာ”
သူမစကားေတြအရ သူမနဲ႔ လီဂ်င္းယြမ္ တို႔က ရင္းႏွီးေၾကာင္းကို ထုတ္ျပေနခဲ့သည္။
“အို” ေဇာင္ယုဟြမ္ ကေခါင္းညိတ္လိုက္ေပမဲ့ ဘာမွဆက္မေျပာေပ။
ဒါက လင္းလန္ အားနည္းနည္းေတာ့ စိတ္ပ်က္သြားေစသည္။
ေဇာင္ယုဟြမ္ ကမေပ်ာ္သင့္ဘူးလို႔ သူမေတြးခဲ့သည္။
ေနာက္ၿပီး မူလဇာတ္ေၾကာင္းထဲတြင္ ေဇာင္ယုဟြမ္ ကအရမ္းကို မနာလိုတက္သည့္ အမ်ိဳးသမီးျဖစ္သည္။
သူမစကားေတြက သူမနဲ႔ လီဂ်င္းယြမ္ တို႔က သူစိမ္းေတြျဖစ္ေနတုန္းလို႔ ထုတ္ျပမိလားဆိုတာ နားမလည္ေတာ့ေပ။
ေဇာင္ယုဟြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔က မိတ္ကပ္ခန္းထဲတြင္ ေနေနခဲ့သည္။ လင္းလန္ ကသူမေနာက္ကို ဘယ္သူမွ လိုက္မလာတာကို ျမင္လိုက္တာေၾကာင့္ အ႐ွက္မဲ့စြာျဖင့္ ေနေနခဲ့သည္။
လီဂ်င္းယြမ္ ကနာရီဝက္ေလာက္ ရီဟာဇယ္လုပ္ေနခဲ့သည္။
ေမွာင္လာခ်ိန္မွ ေဖ်ာ္ေျဖမႈက စတင္တာျဖစ္ၿပီး တံခါးအျပင္မွ ဆူညံသည့္ေျခသံေတြက ထြက္လာခဲ့သည္။ အသံေတြက လူေတြအမ်ားႀကီးဆီမွ ထြက္လာသည့္ အသံေတြျဖစ္ကာ တိုးတိုးလုပ္ေနပုံေပၚသည္။
“သတိထား”
“ဒီမွာ၊ ဒီလမ္း…”
အသံတခ်ိဳ႕က ရပ္သြားခဲ့ၿပီး မိတ္ကပ္အခန္းတံခါးက ပြင့္လာခဲ့သည္။
လက္ေထာက္ေဒါင္ က လီ႐ုံ ရဲ႕ Wheelchair အားတြန္းဝင္လာခဲ့သည္။ ေဖ်ာ္ေျဖပြဲတြင္ ပါဝင္သည့္ လူေတြတြင္ လီဂ်င္းယြမ္ ကသံတမန္အေနနဲ႔ လက္မွတ္ထိုးထားသည့္ ကုမၸဏီေတြက လီ႐ုံ ေနာက္မွ ကုမၸဏီေတြ ျဖစ္သည္။
“မစၥေဇာင္ နဲ႔ မစၥတာဟုန္ တို႔လည္း ႐ွိေနတာပဲ” လီ႐ုံ ကမာနႀကီးမႈကို မျပသေပမဲ့ အရမ္းယဥ္ေက်းမႈကိုသာ ထုတ္ျပေနခဲ့သည္။
လက္ေထာက္ေဒါင္ ကလည္း သူတို႔ကို ႏႈတ္ဆက္လိုက္သည္။
ေဇာင္ယုဟြမ္ ကနည္းနည္း အံ့ဩသြားခဲ့သည္။
လီ႐ုံ ကတကယ္ႀကီး လာတာလား?
သူက လီဂ်င္းယြမ္ ကိုအသုံးခ်ဖို႔ ျပန္ေခၚခ်င္တာဆိုရင္ သူကိုယ္တိုင္ ဒီေနရာကို လာဖို႔မလိုအပ္ေပ။ ဒီကိစၥကိုကိုင္တြယ္ဖို႔ လက္ေထာက္ေဒါင္ ကိုသာ ပို႔ေပးလိမ့္မည္။
လီ႐ုံ ကအြန္လိုင္းက အေျခအေနေတြတြင္ မပါဝင္ေပ။
သူက ေဇာင္ယုဟြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔အား ရင္းႏွီးစြာျဖင့္ စကားေျပာခဲ့သည္။ ေဝ့က်ဲ ကေဖ်ာ္ေျဖပြဲေၾကာင့္ ထြက္သြားခဲ့လို႔ အခန္းတြင္ တျခားသူျဖစ္သည့္ လင္းလန္ အား လီ႐ုံ ကလုံးဝလ်စ္လ်ဴ႐ႈထားခဲ့သည္။
လင္းလန္ ကသူေလွ်ာက္ဝင္လာတည္းက ဘယ္သူဆိုတာကို သိေနခဲ့သည္။
လီဂ်င္းယြမ္ ရဲ႕အေဖ!
ဂ်င္းဟြာအုပ္စုရဲ႕တည္ေထာင္သူ!
သို႔ေသာ္ သူမက ဇာတ္လိုက္မျဖစ္ေသာ္လည္း အာ႐ုံစိုက္မႈထဲ မပါဝင္တာေၾကာင့္ စိတ္ပ်က္ေနခဲ့သည္။
ထိုအစား လီ႐ုံ က ေဇာင္ယုဟြမ္ အားၾကင္နာေနခဲ့သည္။
…စီးပြားေရးေလာကမွာ အက်ိဳးအျမတ္႐ွာဖို႔ပဲ ျဖစ္မယ္။
ေဇာင္ယုဟြမ္ မွာေနာက္ခံ ေကာင္းေကာင္းသာ မ႐ွိရင္ လီ႐ုံ ကဒီလိုမ်ိဳး ဆက္ဆံလိမ့္မလား?
လီ႐ုံ နဲ႔ လီဂ်င္းယြမ္ တို႔က မရင္းႏွီးၾကဘူးဆိုတာကို လင္းလန္ သိေနခဲ့သည္။ မူလဇာတ္ေၾကာင္းအရ လီဂ်င္းယြမ္ ကသူ႕ဆီ ျပန္သြားတာေတာင္ သူတို႔က မရင္းႏွီးၾကေပ။
ထို႔ေၾကာင့္ လီ႐ုံ ကသူမအား သေဘာက်ေအာင္လုပ္ဖို႔ မလိုအပ္ေပ။
လင္းလန္ ကသူမစိတ္ထဲမွ မေက်နပ္ခ်က္ေတြကို ဖိႏွိပ္လိုက္သည္။
“ေဖ်ာ္ေျဖပြဲက စေတာ့မယ္” ေဇာင္ယုဟြမ္ ကေျပာလိုက္ၿပီး သူတို႔အရင္က စကားဝိုင္းအား အဆုံးသတ္လိုက္သည္။
လီ႐ုံ ကေခါင္းညိတ္လိုက္ၿပီး လက္ေထာက္ေဒါင္ အားသူ႕အား အျပင္တြန္းထုတ္ေပးဖို႔ အခ်က္ျပလိုက္သည္။ “ဒါဆို လီဂ်င္းယြမ္ ရဲ႕ေဖ်ာ္ေျဖပြဲကို အတူတူ သြားနားေထာင္ရေအာင္”
သူတို႔က ေနရာေတြက အရင္ထဲက ျပင္ၿပီးသားျဖစ္သည္။ သူတို႔က ေ႐ွ႕ဆုံးအတန္းျဖစ္သည္။
လူတိုင္းက စင္ေအာက္ကို ေရာက္ခ်ိန္တြင္ သူတို႔ခုံေတြတြင္ ထိုင္လိုက္ၾကသည္။
ထိုအခ်ိန္တြင္ ေဖ်ာ္ေျဖပြဲက တရားဝင္မစေသးပဲ ပရိသတ္ေတြရဲ႕ စိတ္လႈပ္႐ွားသည့္ မ်က္ႏွာေတြကသာ ေရာင္ျပန္ေနသည္။
ေဇာင္ယုဟြမ္ နဲ႔တျခားသူေတြက ေ႐ွ႕ဆုံးတန္းျဖစ္တာေၾကာင့္ သူတို႔က အာ႐ုံစိုက္မႈကို ရႏိုင္ခဲ့သည္။ သူတို႔အျပဳအမူေတြက တျခားလူေတြရဲ႕ မ်က္စိေ႐ွ႕ကို ေရာက္သြားခဲ့သည္။
တျခားဖန္ေတြအျပင္ ေဖ်ာ္ေျဖေရးေနရာတြင္ သတင္းေထာက္ေတြလည္း ႐ွိေနခဲ့သည္။
ပြဲဆီမွ ပထမဆုံးရခ်င္သည့္ ရည္႐ြယ္ခ်က္ကေတာ့ အြန္လိုင္းေပၚတြင္ ထြက္ေနသည့္ ေကာလဟာလေတြေၾကာင့္ လီဂ်င္းယြမ္ အားအင္တာဗ်ဴးဖို႔ ျဖစ္သည္။
သို႔ေသာ္ သူတို႔မေမွ်ာ္လင့္တာက…
“အဲ့လူႀကီးက လီ႐ုံ ဟုတ္တယ္မလား?”
“Shit, ေပၚလာၿပီပဲ! Wheelchair တြန္းေနတဲ့လူက ဂ်င္းဟြာအုပ္စုရဲ႕ပြဲေတြမွာ ႐ွိတက္တဲ့ ေဒါင္ခ်င္းမင္! သူ႕ပုံေတြက အင္တာနက္ေပၚမွာ အမ်ားႀကီးပဲ!”
“လီဂ်င္းယြမ္ ကတကယ့္ကို ဂ်င္းဟြာအုပ္စုက သခင္ေလးပဲ!”
“Shit, ဒါက တကယ့္ကို သတင္းဦးပဲ!”
သတင္းေထာက္ေတြနဲ႔ ဆန္႔က်င္ဘက္အေနျဖင့္ ဖန္ေတြ သတိျပဳမိသည့္ ပထမဆုံးလူက ေဇာင္ယုဟြမ္ ပင္။
“သူ႕ေဖ်ာ္ေျဖပြဲခ်ိန္ အတိအက်ႀကီးမွာ ေရာက္လာတယ္၊ သူတို႔ဆက္ဆံေရးက မသကၤာစရာပဲ၊ ဟုတ္တယ္မလား?”
“အေသအခ်ာပဲ၊ ငါ့လီဂ်င္းယြမ္ေလးက ႐ိုးသားတယ္။ ဘာမွေၾကာက္စရာမလိုဘူး”
–
ေဖ်ာ္ေျဖပြဲက မၾကာခင္မွာပဲ စတင္လာခဲ့သည္။
လီဂ်င္းယြမ္ ကစင္ေပၚတြင္ အရမ္းကို ထင္ေပၚသည့္လူျဖစ္သည္။
ၾကားခ်ိန္က အရမ္းကိုတိုေတာင္းသည္။ လူတိုင္းရဲ႕အၾကည့္က သူ႕အေပၚတြင္သာ ႐ွိေနၾကၿပီး တစ္ခ်က္ေလးေတာင္ အၾကည့္မလႊဲၾကေပ။ ေဖ်ာ္ေျဖပြဲ႐ွိလူတိုင္းနီးပါးက သူ႕ေဖ်ာ္ေျဖမႈတြင္ လုံးဝကို နစ္ျမႇဳတ္ေနခဲ့ၾကသည္။
႐ုတ္တရက္ သူတို႔ႏိုးလာခ်ိန္တြင္ ေဖ်ာ္ေျဖပြဲက ၿပီးခါနီးျဖစ္သြားတာကို နားလည္လိုက္ၾကၿပီး လန္႔သြားခဲ့ၾကသည္။
လီ႐ုံ ကသက္ျပင္းခ်လိုက္သည္။ “႐ွက္စရာပဲ”
ေဇာင္ယုဟြမ္ ကသူ႕အား ၾကည့္လိုက္သည္။ “ဘာကိုလဲ?”
လီ႐ုံ ကျပဳံးလိုက္ေပမဲ့ မ႐ွင္းျပေပ။
မၾကာခင္မွာပဲ ေနာက္ဆုံးသီခ်င္းျဖစ္သည္။
လီဂ်င္းယြမ္ ကသူ႕ခံႏိုင္ရည္အမ်ားဆုံးကို အသုံးျပဳခဲ့သည္။ ေခြၽးေတြက်ေနၿပီး အလင္းေအာက္တြင္ ေတာက္ပမႈကို ျပေနတုန္းပင္။
သူက စင္ေထာင့္တြင္ ထိုင္လိုက္ၿပီး သူ႕ေျခတံ႐ွည္ေတြက စင္ေပၚမွ က်ေနတာေၾကာင့္ ဖန္ေတြဆီမွ ေအာ္သံေတြက ထြက္လာခဲ့သည္။
“…ေနာက္ဆုံးသီခ်င္း” လီဂ်င္းယြမ္ ကပရိသတ္အား ၾကည့္လိုက္တာေၾကာင့္ ေအာ္သံေတြက ပိုက်ယ္ေလာင္စြာ ထြက္လာခဲ့သည္။
ထို႔ေနာက္ သူ႕အၾကည့္က ေဇာင္ယုဟြမ္ ေပၚကို ေရာက္သြားခဲ့သည္။
တခ်ိဳ႕အေၾကာင္းေၾကာင့္ မေကာင္းတဲ့ အေငြ႕အသက္ကို ခံစားလိုက္ရသလို သူမမ်က္ေတာင္ေတြ လႈပ္႐ွားသြားတာကို ေဇာင္ယုဟြမ္ ခံစားလိုက္ရသည္။
ဒီခံစားခ်က္က ဟုန္ခ်န္းမင္း ခ်ိဳးဖ်က္ထြက္လာခ်ိန္ကနဲ႔ အတူတူျဖစ္ေနသည္။
“ႏွစ္ဝက္ေလာက္က ကြၽန္ေတာ္ သီခ်င္းတစ္ပုဒ္ေရးခဲ့တယ္” လီဂ်င္းယြမ္ ကသူ႕အၾကည့္ကို ေအာက္ငုံ႔လိုက္ၿပီး သူ႕ခန္႔ညားသည့္ မ်က္ႏွာအသြင္အျပင္က အလင္းေရာက္တြင္ ေတာက္ပေနသည္။
ဖန္ေတြအားလုံးက အတူတူ ေအာ္လိုက္ၾကသည္။ “အားးးးး ‘Lift Off!’ ‘Lift Off!’”
သီခ်င္းနာမည္က ‘Lift Off’ ျဖစ္သည္။
လီဂ်င္းယြမ္ ရဲ႕တရားဝင္ ပြဲဦးထြက္ၿပီးေနာက္ ပထမဆုံးေရးခဲ့သည့္ အခ်စ္သီခ်င္းျဖစ္သည္။ ဒီသီခ်င္း ထြက္လာခ်ိန္တြင္ ခ်က္ခ်င္းပင္ အဓိကအဆင့္ကို တက္သြားခဲ့သည္။ ထိုအခ်ိန္တြင္ လူအမ်ားစုက သူ႕ကို သေဘာမက်ေသးၾကပဲ သူ႕ဖန္ေတြက သူ႕အား စိတ္အားထက္သန္စြာ ေထာက္ပံ့ေပးတာေၾကာင့္ ေအာင္ျမင္မႈေတြ တိုးျမင့္လာခဲ့သည္။ သို႔ေသာ္ ေဖ်ာ္ေျဖေရးေလာကမွ လူေတြက နာမည္ႀကီးဖို႔ တစ္လမ္းတည္း ေလွ်ာက္ၾကသည္။ ထို႔ေၾကာင့္ လီဂ်င္းယြမ္ ကတျခားအိုင္ေဒါေတြနဲ႔ မတူစြာပဲ သူကိုယ္တိုင္ ခြဲထြက္ခဲ့သည္။
ထိုအခ်ိန္က ဂူယူလင္း ဖန္ေတြက လီဂ်င္းယြမ္ ေရးသည့္သီခ်င္းက သူမအတြက္လားဆိုၿပီး သိခ်င္ေနၾကသည္။ ဒါက ဖန္ေဘ့စ္ႀကီးႏွစ္ခုအား ႀကီးမားသည့္တိုက္ပြဲကို ဦးတည္သြားေစခဲ့သည္။
ေဇာင္ယုဟြမ္ ကထိုအျဖစ္ေတြကို အာ႐ုံသိပ္မစိုက္ခဲ့ေပ။
သို႔ေသာ္ ဒီသီခ်င္းအား အရင္က သူမၾကားဖူးသည္။
သူမက ႐ိုမန္႔ဆန္တဲ့အပိုင္း တစ္ပိုင္း၊ ႏွစ္ပိုင္းေလာက္လြဲၿပီး ေမြးဖြားလာတာေၾကာင့္ သီခ်င္းထဲတြင္ ထူးျခားမႈေတြအား မခံစားရေပ။ လီဂ်င္းယြမ္ ရဲ႕အသံက နတ္ဘုရားက ခ်ီးျမင့္ထားၿပီး သူ႕သီခ်င္းဆိုသံက အရမ္းေကာင္းတယ္လို႔သာ သူမက ေတြးခဲ့သည္။
ထိုအခ်ိန္တြင္ လီဂ်င္းယြမ္ ကသူ႕အား ဝန္ထမ္းတစ္ေယာက္က ကမ္းေပးလာသည့္ ဂီတာကို ယူလိုက္ၿပီး စည္းခ်က္သံက သူတို႔ရဲ႕အသံေတြကို ရပ္သြားေစသည္။
လီဂ်င္းယြမ္ ကေခါင္းငုံ႔လိုက္ၿပီး ဂီတာႀကိဳးအား ညႇိလိုက္ကာ အသံတိုးေလးနဲ႔ ေျပာလိုက္သည္။ “တကယ္ေတာ့ ဒီသီခ်င္းမွာ တျခားနာမည္႐ွိေသးတယ္”
မၾကာခင္မွာပဲ သူ႕အသံက တိုးလ်သြားၿပီး သီခ်င္းက စတင္လာခဲ့သည္။
လီဂ်င္းယြမ္ ကသူ႕ႏႈတ္ခမ္းကို ဖြင့္လိုက္ၿပီး ေဇာင္ယုဟြမ္ အားထပ္ၾကည့္လိုက္သည္။
ေဇာင္ယုဟြမ္ တစ္ေယာက္တည္း ခံစားခ်က္မေကာင္းတာ မဟုတ္ပဲ ေဝ့က်ဲ လည္းခံစားမိေနသည္။
ေဝ့က်ဲ ကသူ႕ေအာက္မ်က္ခမ္းလႈပ္တာကို ဖိခ်လိုက္ၿပီး မထိန္းခ်ဳပ္ႏိုင္ပဲ ရယ္လိုက္သည္။ “ငါ့အသက္ေမြးဝမ္းေၾကာင္းေလးက ဒီေန႔ပဲ အဆုံးသတ္ေတာ့မယ္…”
တစ္ဖက္မွ လက္ေထာက္ကေတာ့ ဘာမွနားမလည္ေပ။
သူမမ်က္ႏွာက စိတ္လႈပ္႐ွားမႈေတြနဲ႔ ျပည့္ႏွက္ေနၿပီး ေပ်ာ္႐ႊင္စြာျဖင့္ ေဝ့က်ဲ ကိုေျပာလိုက္သည္။ “အစ္ကိုေဝ့၊ ၾကည့္! အစ္ကိုလီ ကအရမ္းကို လႊမ္းမိုးႏိုင္တာပဲ! ေသခ်ာေပါက္ မနက္ျဖန္ကို ထိပ္စည္းပိုင္း ေရာက္ဦးမွာပဲ! အရင္အတိုင္းပင္ ေကာလဟာလေတြက လူထုရဲ႕မ်က္စိေ႐ွ႕ကေန ေပ်ာက္သြားလိမ့္မယ္…”
လီဂ်င္းယြမ္ ရဲ႕ live ဆိုတာက တရားဝင္ထုတ္ခဲ့သည့္ သီခ်င္းထက္ ပိုနားေထာင္ေကာင္းေနသည္။
ဒါက တစ္စုံတစ္ေယာက္ရဲ႕ အ႐ိုးထဲ႐ွိ ခ်စ္ျခင္းတရားေတြကို ခံစားမိေစသည္။
ဖန္ေတြက စိတ္လႈပ္႐ွားစြာျဖင့္ သူတို႔လက္ထဲမွ Light stick ကိုေဝ့ယမ္းလိုက္ၾကသည္။
ေဇာင္ယုဟြမ္ ကစင္ေပၚ႐ွိ လူငယ္ေလးအား ၾကည့္ေနခဲ့သည္။ မဟုတ္ဘူး၊ သူက လူငယ္ေလး မဟုတ္ေတာ့ဘူး။ သူ႕အရပ္အေမာင္းက႐ွည္ၿပီး ရင့္က်က္သည့္ ေယာက်ၤားတစ္ေယာက္ ျဖစ္ေနခဲ့သည္။
Live ေဖ်ာ္ေျဖမႈက လွ်ပ္စစ္ပစၥည္းေတြနဲ႔ ဖန္တီးထားတာထက္ ပိုနားေထာင္ေကာင္းေနတာကို သိခဲ့သည္။ ခံစားခ်က္ေတြလည္း ပါဝင္ေနသည္။ သီခ်င္းထဲမွ ပါဝင္ေနသည့္ ခံစားခ်က္ေတြကို သူမ ခံစားမိေနသည္။
လီဂ်င္းယြမ္ ကေခါင္းကို ေမာ့လိုက္ၿပီး ေဇာင္ယုဟြမ္ ရဲ႕မ်က္လုံးကို စိုက္ၾကည့္လိုက္သည္။
သူက ေနာက္ဆုံးစာေၾကာင္းကို ဆိုလိုက္သည္။
သူမႏွလုံးက ျပင္းထန္စြာခုန္ေနတာကို ေဇာင္ယုဟြမ္ ခံစားလိုက္ရသည္။
ထို႔ေနာက္တြင္ လီဂ်င္းယြမ္ ကေပါ့ပါးစြာ ေျပာလိုက္ေပမဲ့ မ်ားျပားလွသည့္ ခံစားခ်က္ေတြ ပါဝင္ေနသည့္ အသံကို သူမၾကားလိုက္ရသည္။ “တျခားနာမည္က ‘ေပ်ာ္႐ႊင္ခြင့္ေပးပါ..’”
သူမစိတ္ထင့္ေနက မွန္ေနခဲ့သည္။
ေဝ့က်ဲ လည္းလဲၿပိဳသြားခဲ့သည္။
သူက သက္ျပင္းခ်လိုက္သည္။ “သူက တကယ့္ကို ေခါင္းစည္းပိုင္းေရာက္ေအာင္ လုပ္ေနတာပဲ”
ေပ်ာ္႐ႊင္ခြင့္ေပးပါ၊ Yu Wo Huan Xi
ယုဟြမ္
ေဇာင္ယုဟြမ္*
*ေဇာင္ယုဟြမ္ ဆိုတဲ့စာလုံးမွာ ယုဟြမ္ နဲ႔စာလုံးတူ။
3.10.2021(Sun)
………………………
[text_hash] => 91ece1e8
)