ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] – ≪ 103 ≫
// qc

ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] - ≪ 103 ≫

Array
(
[text] =>

Unicode

လင်းလန် သည်သူမနှလုံးသားတွေအား ဆန္ဒမရှိစွာဖြင့် အခုန်မြန်လာစေသည့် စင်ပေါ်ရှိ တောက်ပနေသည့်လူအား မော့ကြည့်လိုက်သည်။

ငါ သူ့အတွက် ဇောင်ယုဟွမ် ကိုဆန့်ကျင်တိုက်ခိုက်မလား?

လင်းလန် သွားကြိတ်လိုက်သည်။

အင်း၊ အင်း၊ ငါလုပ်မယ်။

နောက်ပြီး ဇာတ်လမ်းတွင် ဇာတ်လိုက်မက တစ်ယောက်တည်းသာ ရှိသည်။

ထိုအချိန်အတွင်း ဟုန်ချန်းမင်း က လီဂျင်းယွမ် အားအေးစက်စွာ ကြည့်လိုက်ပြီးနောက် ဇောင်ယုဟွမ် ရဲ့လက်ကောက်ဝတ်အား ဆွဲလိုက်သည်။ “ဟွမ်ဟွမ်၊ အရင်ဆုံး အပြင်ထွက်နှင့်ရအောင်”

ဇောင်ယုဟွမ် ကနည်းနည်း ပြာယာခတ်သွားသည်။
သို့သော် ဟုန်ချန်းမင်း မှန်သည်။ သူတို့အရင်ဆုံး ထွက်သွားမှသာ မဟုတ်ရင် တခြားဖန်တွေနဲ့ သတင်းထောက်တွေက သူတို့လမ်းကို ပိတ်ထားလိမ့်မယ်!

နောက်ပြီး လီဂျင်းယွမ် နဲ့ဘယ်လို မျက်နှာချင်းဆိုင်ရမလဲဆိုတာ သူမ မတွေးတက်ပေ…

ဇောင်ယုဟွမ် ကချက်ချင်း ထ,ရပ်လိုက်သည်။

နောက်ဆုံးတော့ လီရုံ ကပြောလိုက်သည်။ “မစ္စဇောင် ကဒီလိုမျိုး ထွက်သွားတော့မလို့လား?”

ဇောင်ယုဟွမ် ကသူမနှုတ်ခမ်းကို စေ့လိုက်သည်။ “တောင်းပန်ပါတယ်၊ ကျွန်မ မစ္စတာလီနဲ့ ထပ်ရှိမနေနိုင်တော့ဘူး”

သို့သော် လီရုံ ကသူမကိုကြည့်လိုက်ပြီး မေးလိုက်သည်။ “လီဂျင်းယွမ် နဲ့ကောလား?”

ဇောင်ယုဟွမ် ရဲ့အမူအရာက အေးခဲသွားသည်။ လီရုံ ရဲ့အသံက သူမအပေါ် လီဂျင်းယွမ် ရဲ့ခံစားချက်တွေကို သိနေတာနဲ့ တူနေသည်။

ဒါဆို… သူမမှလွဲရင် လူတိုင်းက သူမအား လီဂျင်းယွမ် သဘောကျနေတာကို ထောက်ပံ့ပေးနေကြတာလား?

ဟုန်ချန်းမင်း ကရုတ်တရက် ထ,ပြောလိုက်ပြီး သူ့အသံတွင် ဒေါသတွေ ပါဝင်နေသည်။ “မစ္စတာလီ၊ လီဂျင်းယွမ် က ဟွမ်ဟွမ့် ကိုလိုက်ချင်နေရင် သူ့ဘာသာပဲ လုပ်သင့်တယ်၊ မစ္စတာလီ လုပ်ပေးလို့မရဘူး” ပြောပြီးနောက် ဟုန်ချန်းမင်း ကပြုံးလိုက်ပြီးနောက် ဇောင်ယုဟွမ် အားဦးဆောင်ခေါ်လိုက်သည်။ “ဟွမ်ဟွမ်၊ ကိုယ်တို့သွားမယ်”

လီရုံ ကသူ့အမူအရာအား ပြန်ထိန်းလိုက်ပြီး သူ့ဘာသာ ခေါင်းညိတ်လိုက်သည်။ “မစ္စတာဟုန် မှန်တယ်”

သူက ဟုန်ချန်းမင်း နဲ့ ဇောင်ယုဟွမ် တို့ရဲ့နောက်ကျောကို ကြည့်လိုက်ပြီး သက်ပြင်းချလိုက်သည်။ “ဒါကြောင့်ပဲ သူ့ပုံမှန်စတိုင်ကနေ ကွဲထွက်ပြီး ပိုရမ်းကားလာတာ”

ဒါကြောင့်ပဲ သူ့အတွေးတွေကို လေ့လာပြီးနောက် လီဂျင်းယွမ် ကိုမထောက်ခံပဲ သူ့အား ပြင်းပြင်းထန်ထန် ထောက်ခံခဲ့တာသာ ဖြစ်သည်။

လက်ထောက်ဒေါင် က လီရုံ ရဲ့စကားကို ကြားလိုက်ပြီး ခေါင်းညိတ်လိုက်သည်။ “ဥက္ကဌလီ မှန်တယ်။ မစ္စတာလီ ကအုပ်စုကို ပြန်လာတာနဲ့ သူ့မှာ တိကျတဲ့ထိုးစစ်တွေ ရှိနေလိမ့်မယ်”

ဇောင်ယုဟွမ် နဲ့ ဟုန်ချန်းမင်း တို့က ထွက်သွားတာကို သတင်းထောက်တွေက မြင်သွားချိန်တွင် သူတို့က သူတို့နောက်ကို လိုက်ချင်ပေမဲ့ ဝန်လေးနေသည့် အရာလည်းရှိနေသည်။ လီဂျင်းယွမ် ကတချို့အရာတွေအား ပိုပြီးတော့ ထုတ်ဖော်တော့မယ်လို့ ခံစားနေရတာကြောင့် ထွက်သွားရမလား၊ နေရမလားဆိုသည့်ကြားတွင် ဗျာများနေခဲ့သည်။

သူတို့က တွန့်ဆုတ်နေရင်း ဇောင်ယုဟွမ် က ဟုန်ချန်းမင်း ရဲ့ကားထဲကို ရောက်သွားခဲ့သည်။

ဟုန်ချန်းမင်း ကဂီယာကို နင်းလိုက်ပြီး အလျင်အမြန် မောင်းထွက်လိုက်သည်။

ဇောင်ယုဟွမ် ကသူ့အမူအရာကို မြင်လိုက်ပြီး သူ့အား အနှောက်အယှက် ဖြစ်စေမှာကို ကြောက်တာကြောင့် အသက်တောင် ရဲရဲမရှူရဲပေ။

သူတို့က ဗီလာကို ပြန်လာခဲ့ကြသည်။

ဟုန်ချန်းမင်း ကသူမအတွက် လက်ဆန့်ပေးလိုက်သည်။ “ဟွမ်ဟွမ်၊ ကိုယ့်ကို မင်းဖုန်းပေး”

“ဟမ်?”

“ဒီအရာကြောင့် ဟွမ်ဟွမ့်ဆီကို ဆက်သွယ်လာမဲ့ သတင်းထောက်တွေနဲ့ ကိုယ်ညှိနှိုင်းပေးမယ်”

ဇောင်ယုဟွမ် ကသူမဖုန်းအား သူ့ဆီကမ်းပေးလိုက်သည်။

ဟုန်ချန်းမင်း ကအကြိမ်အနည်းငယ် ဆွဲလိုက်ပြီးနောက် ဖုန်းစခရင်ရှိ တချို့ခလုတ်တွေကို နှိပ်လိုက်ပြီး သူ့အသံက တိုးလျနေသည်။ “…မင်းဖုန်းထဲကနေ လီဂျင်းယွမ် ရဲ့ဖုန်းနံပါတ်ကို ကိုယ်တကယ်ပဲ ဖျက်ပစ်လိုက်ချင်တယ်၊ မင်းဘဝထဲကနေတောင် လီဂျင်းယွမ် ကိုဖျက်ထုတ်ပစ်လိုက်ချင်တယ်”

ဇောင်ယုဟွမ် ကသူမပါးစပ်ကို ဟ,လိုက်ပြီး တစ်ခုခုကို ပြောချင်ပေမဲ့ ဟုန်ချန်းမင်း ကသူမအား အခွင့်အရေးတောင် မပေးပေ။ “ဒါပေမဲ့ ဒါက မဖြစ်နိုင်ဘူးဆိုတာကို ကိုယ်သိပါတယ်”

နှစ်ယောက်သားက ဗီလာရှေ့တွင် ရပ်နေကြပြီး ဘယ်သူမှ အထဲကိုဝင်ခြင်း မလုပ်ကြပေ။

အိမ်ဖော်တချို့က သူတို့ကြားက လေထုကိုမြင်လိုက်ပြီး သူတို့အနားကို မကပ်ရဲကြပေ။

ဟုန်ချန်းမင်း ကသူ့လက်ထဲရှိ ဖုန်းကိုညှစ်လိုက်ပြီး သူ့တခြားလက်ကို မြှောက်လိုက်ကာ ဇောင်ယုဟွမ် ရဲ့ပါးကို ထိလိုက်သည်။ သူက တည်ကြည်စွာ ပြောလိုက်သည်။ “ဟွမ်ဟွမ်၊ ဒါက အလုပ်မဖြစ်ဘူး”

ဇောင်ယုဟွမ် ကသူ့အား ပြန်ကြည့်လိုက်သည်။

“ဟွမ်ဟွမ် လိုချင်တာကို ကိုယ်သိတယ်။ ဟွမ်ဟွမ် က လီဂျင်းယွမ် နဲ့ကိုယ့်ကို မင်းဘေးမှာ မိသားစုလိုမျိုးပဲ ရှိနေစေချင်တာ။ မိသားစုလိုနေတာက ဒုက္ခရောက်မှာကို ရှောင်လွှဲနိုင်ပေမဲ့ အလုပ်မဖြစ်ဘူး။ မကြာခင်မှာပဲ ဟွမ်ဟွမ် ဆုံးဖြတ်ချက်ချရလိမ့်မယ်။ အကောင်းဆုံး ကမ္ဘာနှစ်ခုဆိုတာ မရှိဘူး။ လီဂျင်းယွမ် နဲ့ကိုယ်က ယာယီသဘောတူခဲ့ကြရင်တောင် ကိုယ်တို့ဆက်ဆံရေး အခြေအနေကို ပြောင်းလဲနိုင်မဲ့ သက်ရောက်မှုတွေ ရှိလာမဲ့နေ့ ရောက်လာဦးမှာပဲ” ဟုန်ချန်းမင်း က လီဂျင်းယွမ် အကြောင်းကို မပြောချင်ပေမဲ့ သူ ဆက်ပြောလိုက်သည်။ “ဒီနေ့ လီဂျင်းယွမ် ရဲ့အပြုအမူက အကောင်းဆုံး ဥပမာပဲ။ အချစ်က ပိတ်သိမ်းထားလို့ မရနိုင်ဘူး။ ဘယ်လိုပဲ ကောင်းကောင်း ဖုံးကွယ်ထားပေမဲ့ အရာအားလုံး ထွက်ပေါ်လာမဲ့နေ့ဆိုတာ ရှိနေဦးမှာပဲ”

သူတို့ပတ်ဝန်းကျင်က ရုတ်တရက်ကြီး တိတ်ဆိတ်သွားခဲ့သည်။

အချိန်ဘယ်လောက်ကြာသွားမှန်း မသိလိုက်ရပဲ နောက်ဆုံးတွင် ဇောင်ယုဟွမ် ပြောလိုက်သည်။ “အိုကေ၊ ဟွမ်ဟွမ် သိပြီ”

သူမအမူအရာက ပြောင်းလဲသွားခဲ့သည်။

ဇောင်ယုဟွမ် ကလှည့်လိုက်ပြီး ဂိတ်ဆီကို လျှောက်သွားလိုက်သည်။

ဟုန်ချန်းမင်း ကလန့်သွားခဲ့သည်။ “ဟွမ်ဟွမ် ဘယ်သွားမလို့လဲ?”

“ဒီအကြောင်းကို သေသေချာချာ တွေးနိုင်ဖို့အတွက် အစ်ကိုချန်းမင်း ရဲ့လွှမ်းမိုးမှုအောက်ကနေ ဝေးဝေးမှာနေဖို့ လိုအပ်တယ်” ဇောင်ယုဟွမ် ကသူမနှုတ်ခမ်းကို ကိုက်လိုက်ပြီး အလေးအနက် တုန့်ပြန်လိုက်သည်။

သူတို့ခံစားချက်တွေက ရှိနေပြီးသားဖြစ်ကာ သူမနှလုံးသား အောက်ခြေတွင်လည်း သူတို့နှစ်ယောက်လုံးကို စိတ်မပျက်စေချင်ပေ။

သူမအရင်ဘဝက အကြောင်းတွေကြောင့် ဘာပဲဖြစ်ဖြစ် သူတို့ကို မနာကျင်စေချင်ပဲ သူမဘေးတွင်သာ ကောင်းကောင်း ရှိနေစေချင်သည်။ ဒီအရာပေါ်တွင် သူမအရမ်းကို စိတ်ထိခိုက်လွယ်သည်။

ထို့ကြောင့် ဒီအကြောင်းကို သေသေချာချာတွေးဖို့ လိုအပ်သည်။

သူ့ခြေထောက်ပေါ် ကျေက်တုံးတစ်တုံး ပြုတ်ကျလာသလိုမျိုး ဟုန်ချန်းမင်း ခံစားလိုက်ရသည်။

သူမခံစားချက်တွေပေါ် မူတည်ပြီးတော့သာ စိတ်လိုက်မာန်ပါ ဆုံးဖြတ်ချက်ချနိုင်ဖို့ သူမအား တွက်ပြချင်ခဲ့တာ!

ဒါပေမဲ့ သူမက ဘယ်လိုမှ စိတ်လိုက်မာန်ပါ မလုပ်ဘူး!

“တကယ်တော့၊ ဟွမ်ဟွမ် အလေးအနက်ကြီး တွေးဖို့မလိုပါဘူး။ အချစ်က တွက်ချက်ကြည့်လို့ မရဘူး…” ဟုန်ချန်းမင်း ကပြန်လှည့်လာစေဖို့ ကြိုးစားလိုက်သည်။

သို့သော် ဇောင်ယုဟွမ် ကအရမ်းကို ခေါင်းမာသည်။

သူမက ခေါင်းခါလိုက်ပြီး သူမဖုန်းကို ပြန်ယူလိုက်ပြီး လန်ဂျင်းဇီ ကိုခေါ်လိုက်သည်။

ဆယ်မိနစ် ကြာပြီးနောက် လန်ဂျင်းဇီ ကရောက်မလာပေမဲ့ သူ့နေရာဆီမှ အတွင်းရေးမှူးချန်း ကရောက်လာခဲ့သည်။ သူက ဇောင်ယုဟွမ် အားသူ့ကားပေါ် ဖိတ်ခေါ်လိုက်သည်။

အတွင်းရေးမှူးချန်း က လန်ဂျင်းဇီ ရဲ့လူဖြစ်သည်။ လန်ဂျင်းဇီ က ဇောင်ယုဟွမ် ရဲ့ဝမ်းကွဲဖြစ်သည်။ ဟုန်ချန်းမင်း ကအတွင်းရေးမှူးချန်းအား လန်ဂျင်းဇီ ရဲ့မျက်နှာကြောင့် ဆိုးဆိုးရွားရွား မပြောချင်ပေ။ ထို့ကြောင့် သူမကိုသာ လိုက်ပို့လိုက်ရသည်။

ကားထဲတွင် အတွင်းရေးမှူးချန်း ကအနောက်မှ ဟုန်ချန်းမင်း ဆီကိုလှမ်းကြည့်လိုက်ပြီးနောက် ပြုံးလိုက်သည်။ “မစ္စတာလန် နဲ့ကျွန်တော်တို့ ဒီနေ့သတင်းကို မြင်ခဲ့တယ်”

ဇောင်ယုဟွမ် ကသူမအသက်ငယ်ငယ် ဒိတ်လုပ်ချိန်မှာ မိဘတွေ မိသွားသလိုမျိုး ရှက်သွားခဲ့သည်။

“အစ်ကို ဘာပြောသေးလဲ?”

“သူကတော့ မစ္စဇောင် ပျော်နေသ၍ အဆင်ပြေတယ်တဲ့”

ဇောင်ယုဟွမ် ကစိတ်သက်သာစွာဖြင့် သက်ပြင်းချလိုက်ပြီး သတိလက်လွတ်ဖြင့် သူမလက်တွေက ကားထိုင်ခုံ ခါးပတ်အား ဆွဲလိုက်ပြီးနောက် အလျင်အမြန် ပြောလိုက်သည်။ “ဒါက ထူးဆန်းတယ်လို့ အတွင်းရေးမှူးချန်း မထင်ဘူးလား?”

“ဘယ်လိုထူးဆန်းတာလဲ?” အတွင်းရေးမှူးချန်း ကဆက်ပြုံးနေခဲ့သည်။ “ကျွန်တော် အရင်ထဲက မြင်ခဲ့ပြီးသားပဲ။ မစ္စတာဟုန် နဲ့ မစ္စတာလီ တို့က မစ္စဇောင် အပေါ်ကို အရမ်းကောင်းတာ။ အို၊ နောက်ပြီး ဒါကြောင့်ပဲ မစ္စတာလန် ကအရင်က မပျော်မရွှင် ဖြစ်ခဲ့သေးတယ်”

အတွင်းရေးမှူးချန်း ကထိုအကြောင်းကို ပြောလိုက်ချိန်တွင် စိတ်အားထက်သန်နေခဲ့သည်။ သူ့ကိုယ်သူ ရပ်တန့်ခြင်းမရှိပဲ သူ့ဘော့စ်အကြောင်းကိုတောင် ထုတ်ပြောနေခဲ့သည်။

ထိုစကားကို ဇောင်ယုဟွမ် ကြားလိုက်ချိန်တွင် သူမက အံ့ဩသွားခဲ့သည်။ “အစ်ကိုက မပျော်ဘူးလား? ဘာကြောင့်လဲ?”

အတွင်းရေးမှူးချန်းက သူ့ပါးစပ်ကနေ စကားအများကြီး ထုတ်ပြောနေမိတာကို နားလည်လိုက်ပေမဲ့ အရမ်းနောက်ကျသွားခဲ့သည်။ သူထိန်းပြီးတော့သာ ပြောနိုင်တော့သည်။ “အင်း၊ မစ္စတာလန် ကအရင်တုန်းက မစ္စဇောင် အပေါ်အကြွေးတင်နေပြီး ကောင်းကောင်းဂရုမစိုက်ခဲ့ရဘူးလို့ ခံစားခဲ့ရတာ။ နောက်ပိုင်းတော့ မစ္စတာလန် ကဒါတွေအတွက် ပြန်ပြင်ခဲ့ပြီး အစ်ကိုကောင်းတစ်ယောက် ဖြစ်လာအောင် ကြိုစားခဲ့တယ်၊ အဲ့နောက်မှာတော့ မစ္စဇောင် မှာ မစ္စတာဟုန် နဲ့မစ္စတာလီ တို့ရှိနေခဲ့ပြီးတာကို သူတွေ့ခဲ့တယ်။ သူတို့က မစ္စဇောင် ကိုနည်းလမ်းမျိုးစုံနဲ့ ဂရုစိုက်ပေးခဲ့လို့ သူကြားဝင်လို့ မရနိုင်ခဲ့ဘူး”

ဇောင်ယုဟွမ် ကထိုအရာကြောင့် ငိုရမလား၊ ရယ်ရမလား မသိတော့ပေမဲ့ အတော်လေး ထိရှိသွားသလို ခံစားလိုက်ရသည်။

လန်ဂျင်းဇီ တွင်ဒီလိုဘက်အခြမ်း ရှိနေလိမ့်မယ်လို့ သူမ ထင်မထားခဲ့ပေ။

“ဒါဆို သတင်းတွေကို အစ်ကိုမြင်လိုက်တုန်းက သူ့ပထမဆုံးအတွေးက အဲ့ဒါက… ညီအစ်ကိုတွေလို တိုက်ခိုက်နေကြတာ မဟုတ်ဘူးလို့၊ အဲ့လိုမလား?”

အတွင်းရေးမှူးချန်း ကခေါင်းခါလိုက်သည်။ “မစ္စတာလန် ကဘာမှမပြောဘူး၊ ဒါကြောင့် သူ့အတွေးတွေကို ကျွန်တော် မခန့်မှန်းနိုင်ဘူး”

ဇောင်ယုဟွမ် ရဲ့ခံစားချက်တွေက တဖြည်းဖြည်း တည်ငြိမ်သွားခဲ့သည်။ သူက ပြတင်းပေါက်အပြင်ရှိ အလုပ်များနေသည့် မီးပွိုင့်ကို ကြည့်လိုက်ပြီး သူမအတွေးတွေထဲတွင် ဟုန်ချန်းမင်း စကားတွေက စတင်ဝင်ရောက်လာခဲ့သည်။

အရာအားလုံးက အေးချမ်းနေတယ်လို့ ကြိုးစားဟန်ဆောင်နေတာက အလုပ်မဖြစ်ပေ။

သူမက သူတို့နဲ့အတူ မိသားစုဝင်တွေလို နေချင်နေပေမဲ့ သူတို့ကတော့ မလိုချင်ကြပေ။

သူတို့အခြေခံအတွေးတွေက ကွာခြားနေပြီး သူတို့အတွက်တော့ သူမအတွေးတွေကို ဆက်လိုက်နာဖို့ဆိုတာက မဖြစ်နိုင်ပေ။

သို့သော် အခုချိန်တွင်တော့ သူမတွင် ကြောက်လန့်နေတာမျိုး မရှိပေ။ ဇောင်ယုဟွမ် ကအသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ သူမတွင် အဖိုးဒင်နဲ့ အစ်ကိုလန် ရှိသေးတယ်!

အတွင်းရေးမှူးချန်း ကသူမအား လန်ဂျင်းဇီ ရဲ့အလုပ်နေရာဆီ ခေါ်သွားခဲ့သည်။

ဇောင်ယုဟွမ် ကဒေါက်ဖိနပ်နဲ့ များပြားလှသည့် အကြည့်အောက်တွင် လျှောက်သွားလိုက်သည်။

သူမက မေးလိုက်သည်။ “ဘာလို့ လူတိုင်းက အဲ့လိုမျက်လုံးတွေနဲ့ ကျွန်မကို ကြည့်နေရတာလဲ?”

အတွင်းရေးမှူးချန်း ကပြုံးလိုက်သည်။ “သူတို့အားလုံးက မစ္စဇောင် ကိုမှတ်မိကြတယ်။ အရင်ကဆို မစ္စတာလန် ကသူ့ moments မှမစ္စဇောင် ရဲ့ရှိုးပွဲအကြောင်းကို ပြောခဲ့တယ်”

ဇောင်ယုဟွမ် ကထပ်ပြီး လန့်သွားခဲ့သည်။

သူမနောက်မှာ ဘယ်လောက်တောင် ချစ်လဲဆိုတာကို လူတွေ ဘယ်လိုတွေးနေကြမလဲ?

ဇောင်ယုဟွမ် က လန်ဂျင်းဇီ သူမအကြောင်း ပြောခဲ့မယ်လို့ စိတ်ကူးတောင် မယဉ်နိုင်ခဲ့ပေ။

အတွင်းရေးမှူးချန်း ကသူမအား အပေါ်ထပ်ကို ခေါ်သွားခဲ့သည်။ ဇောင်ယုဟွမ် ကတံခါးကို တွန်းဖွင့်လိုက်ပြီး လန်ဂျင်းဇီ ရဲ့ရုံးခန်းထဲကို ဝင်လိုက်သည်။ သူမဝင်လိုက်သည်နှင့် လန်ဂျင်းဇီ ကသူ့ခုံတွင်ထိုင်နေပြီး မျက်မှောင်ကြုတ်ကာ ဖုန်းထဲမှတစ်ဖက်လူအား စကားပြောနေတာကို မြင်လိုက်ရသည်။

ဇောင်ယုဟွမ် ကသူ့ဖုန်းချသည်အထိ စိတ်ရှည်ရှည်နဲ့ စောင့်နေခဲ့သည်။

လန်ဂျင်းဇီ အလုပ်ချိန်တွင် သူက သူ့ကိုယ်သူ အလုပ်ထဲ နစ်မြုတ်ထားခဲ့ပြီး တခြားဘာကိုမှ သတိမပြုမိပေ။ ဖုန်းပြောပြီးမှသာ ဇောင်ယုဟွမ် ကိုမြင်လိုက်ပြီး ချက်ချင်း ထ,ရပ်လိုက်သည်။

ထို့နောက် ဇောင်ယုဟွမ် ကသူ့ဆီ သွားလိုက်ပြီး လန်ဂျင်းဇီ ရဲ့ခါးကို ဖက်လိုက်သည်။

လန်ဂျင်းဇီ ကလန့်သွားပြီးနောက် သူ့လက်ကိုမြှောက်ကာ သူမခေါင်းကို ပုတ်ပေးလိုက်ပြီး အသံတိုးလေးနဲ့ မေးလိုက်သည်။ “ဟွမ်ဟွမ် အနိုင်ကျင့်ခံခဲ့ရလို့လား?”

ဇောင်ယုဟွမ် ကခေါင်းခါလိုက်သည်။ “ဟင့်အင်း”

“ဟွမ်ဟွမ့်အတွက် အစ်ကို နေရာပြင်ပေးထားပြီးပြီ။ အဲ့နေရာကို ဘယ်သူမှ ရှိတွေ့မှာ မဟုတ်ဘူး” လန်ဂျင်းဇီ ကပြောလိုက်သည်။

ဒါက ဇောင်ယုဟွမ် ရဲ့တောင်းဆိုချက် ဖြစ်သည်။ အပြင်ဘက်မှ အနှောက်အယှက်ကို မခံချင်တာကြောင့် သီးသန့်နေရာကို သူမ လိုချင်ခဲ့သည်။

ဇောင်ယုဟွမ် က လန်ဂျင်းဇီ မှခွာလိုက်ပြီး သူမအပြုံးက ပန်းလေးလို ဖြစ်နေခဲ့သည်။ “အစ်ကို့ကို ပြဿနာဖြစ်စေပြီ”

လန်ဂျင်းဇီ ကလည်း သတိလက်လွတ် ပြုံးလိုက်သည်။ “ပြဿနာမဖြစ်ပါဘူး”

လန်ဂျင်းဇီ ကအလုပ်များတာကို ဇောင်ယုဟွမ် သိနေတာကြောင့် သူ့အား အကြာကြီး အနှောက်အယှက် မပေးပေ။ သူ့အတွက် လက်ဆောင်ပေးပြီး သူ့မျက်လုံးထဲမှ ပျော်ရွှင်မှုကို မြင်လိုက်ပြီးနောက် ဇောင်ယုဟွမ် ထွက်သွားခဲ့သည်။

ထိုအချိန်တွင်

လီဂျင်းယွမ် ကစင်အောက်ကို လျှောက်သွားခဲ့သည်။

“ဟွမ်ဟွမ်ကော?” လီဂျင်းယွမ် ကမေးလိုက်သည်။

“မစ္စဇောင် ကထွက်သွားပါပြီ”

လီဂျင်းယွမ် ရဲ့မျက်နှာထက်တွင် စိတ်ပျက်နေမှု အရိပ်အယောင် မရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ့ပုံစံက ပိုပြီးတော့တောင် တက်ကြွနေသည်။ သူ့မျက်နှာက တောက်ပနေသည်။

သူက ပြုံးကာပြောလိုက်သည်။ “အိုကေ၊ ကျွန်တော်သိပြီ”

ဝေ့ကျဲ ကမေးချင်တာကို မရပ်တန့်နိုင်ပေ။ “မစ္စတာလီ မစိုးရိမ်ဘူးလား?”

“မစိုးရိမ်ပါဘူး”

“ဖျော်ဖြေနေချိန် ပေါက်ကွဲထွက်သွားရင် မစ္စတာလီ ရဲ့အလုပ်အပေါ် ထိခိုက်လာမှာကို မစိုးရိမ်ဘူးလား?”

လီဂျင်းယွမ် ရဲ့အသံက အရင်ကထက် ပိုပြီးတော့တောင် သက်တောင့်သက်သာ ဖြစ်နေသည်။ “မစိုးရိမ်ပါဘူး၊ ကျွန်တော်အကြာကြီးလည်း နေမှာမှမဟုတ်တာ”

“ဘာပြောချင်တာလဲ?” ဝေ့ကျဲ ကလန့်သွားခဲ့သည်။

“ဂျင်းဟွမ်အုပ်စုရဲ့ သခင်လေး၊ လီရုံ ရဲ့အကြီးဆုံးသားက ပြီးခဲ့တဲ့အပတ်က ဦးနှောက်သေသွားတယ်လို့ ဆေးရုံက ကြေညာခဲ့တယ်” လီဂျင်းယွမ် ကရပ်လိုက်သည်။ “ကျွန်တော် ပြန်သွားရမယ်၊ အာဏာကြောင့် လူတွေရဲ့ အမျိုးမျိုး ကန့်ကွက်ချက်တွေကြောင့် ဟွမ်ဟွမ် ကိုမလိုက်နိုင်မှာကိုပဲ ပိုကြောက်မိတယ်။ ဒါက ပြီးမြောက်ဖို့အတွက် လုပ်နေတာပဲ”

ဝေ့ကျဲ ကနစ်မြုတ်သွားသလို ခံစားလိုက်ရသည်။

မင်းက မော်ဒယ်လ်ပိုင်း ထိပ်ဆုံးရောက်တော့မှ အနားယူပြီး နာမည်ကြီးအနေနဲ့ တရုတ်ပြည်ကို ပြန်မယ်ပေါ့။

အခုတော့ မင်းက ထိပ်ဆုံးနာမည်ကြီးဖြစ်နေပြီး မင်းအယ်လ်ဘမ်ကလည်း အမြင့်ဆုံး ရောင်းရတယ်၊ ဖျော်ဖြေပွဲမှာ လူအပြည့်၊ များပြားလှတဲ့ ကြော်ညာနဲ့ ဇာတ်ညွှန်းတွေ မင်းဆီ ရောက်လာတယ်၊ အခုတော့ မင်းက ထပ်နားမယ်။

လီဂျင်းယွမ် ကသူ့အချုပ်အနှောင်အား လုံးဝဖယ်ထုတ်ပစ်လိုက်သည်။

ထိုအကြောင်းကို တွေးလိုက်ပြီး မလုံလောက်သေးဘူးလို့ ခံစားလိုက်ရတာကြောင့် သူ့ဖုန်းကို ထုတ်လိုက်သည်။

ဝေ့ကျဲ ကဒီနေ့ လီဂျင်းယွမ် ရဲ့အပြုအမူတွေကြောင့် ထိတ်လန့်ပြီး ရူးသွပ်နေပြီးဖြစ်တာကြောင့် ဗလာဖြစ်စွာ မေးလိုက်သည်။ “မစ္စတာလီ ဘာလုပ်နေတာလဲ?”

“ကျွန်တော် ပို့စ်တစ်ခုတင်နေတာ၊ ဒါမှ ဒီနေ့ဖျော်ဖြေပွဲမလာတဲ့ လူတွေလည်း သိသွားကြမှာ”

ဝေ့ကျဲ : “…”

အတွင်းလူတွေအတွက် ဘာကိုမှတောင် မတွေးပေးတော့ဘူးလား?

#နောက်တစ်ပိုင်း ကျန်သေးတယ်၊ တိုတိုလေးမို့ မတင်ပေးသေးဘူးနော် တခြားအပိုင်းတွေ စောင့်လိုက်ဦးမယ်

8.10.2021(Fri)
…………………….

Zawgyi

လင္းလန္ သည္သူမႏွလုံးသားေတြအား ဆႏၵမ႐ွိစြာျဖင့္ အခုန္ျမန္လာေစသည့္ စင္ေပၚ႐ွိ ေတာက္ပေနသည့္လူအား ေမာ့ၾကည့္လိုက္သည္။

ငါ သူ႕အတြက္ ေဇာင္ယုဟြမ္ ကိုဆန္႔က်င္တိုက္ခိုက္မလား?

လင္းလန္ သြားႀကိတ္လိုက္သည္။

အင္း၊ အင္း၊ ငါလုပ္မယ္။

ေနာက္ၿပီး ဇာတ္လမ္းတြင္ ဇာတ္လိုက္မက တစ္ေယာက္တည္းသာ ႐ွိသည္။

ထိုအခ်ိန္အတြင္း ဟုန္ခ်န္းမင္း က လီဂ်င္းယြမ္ အားေအးစက္စြာ ၾကည့္လိုက္ၿပီးေနာက္ ေဇာင္ယုဟြမ္ ရဲ႕လက္ေကာက္ဝတ္အား ဆြဲလိုက္သည္။ “ဟြမ္ဟြမ္၊ အရင္ဆုံး အျပင္ထြက္ႏွင့္ရေအာင္”

ေဇာင္ယုဟြမ္ ကနည္းနည္း ျပာယာခတ္သြားသည္။
သို႔ေသာ္ ဟုန္ခ်န္းမင္း မွန္သည္။ သူတို႔အရင္ဆုံး ထြက္သြားမွသာ မဟုတ္ရင္ တျခားဖန္ေတြနဲ႔ သတင္းေထာက္ေတြက သူတို႔လမ္းကို ပိတ္ထားလိမ့္မယ္!

ေနာက္ၿပီး လီဂ်င္းယြမ္ နဲ႔ဘယ္လို မ်က္ႏွာခ်င္းဆိုင္ရမလဲဆိုတာ သူမ မေတြးတက္ေပ…

ေဇာင္ယုဟြမ္ ကခ်က္ခ်င္း ထ,ရပ္လိုက္သည္။

ေနာက္ဆုံးေတာ့ လီ႐ုံ ကေျပာလိုက္သည္။ “မစၥေဇာင္ ကဒီလိုမ်ိဳး ထြက္သြားေတာ့မလို႔လား?”

ေဇာင္ယုဟြမ္ ကသူမႏႈတ္ခမ္းကို ေစ့လိုက္သည္။ “ေတာင္းပန္ပါတယ္၊ ကြၽန္မ မစၥတာလီနဲ႔ ထပ္႐ွိမေနႏိုင္ေတာ့ဘူး”

သို႔ေသာ္ လီ႐ုံ ကသူမကိုၾကည့္လိုက္ၿပီး ေမးလိုက္သည္။ “လီဂ်င္းယြမ္ နဲ႔ေကာလား?”

ေဇာင္ယုဟြမ္ ရဲ႕အမူအရာက ေအးခဲသြားသည္။ လီ႐ုံ ရဲ႕အသံက သူမအေပၚ လီဂ်င္းယြမ္ ရဲ႕ခံစားခ်က္ေတြကို သိေနတာနဲ႔ တူေနသည္။

ဒါဆို… သူမမွလြဲရင္ လူတိုင္းက သူမအား လီဂ်င္းယြမ္ သေဘာက်ေနတာကို ေထာက္ပံ့ေပးေနၾကတာလား?

ဟုန္ခ်န္းမင္း က႐ုတ္တရက္ ထ,ေျပာလိုက္ၿပီး သူ႕အသံတြင္ ေဒါသေတြ ပါဝင္ေနသည္။ “မစၥတာလီ၊ လီဂ်င္းယြမ္ က ဟြမ္ဟြမ့္ ကိုလိုက္ခ်င္ေနရင္ သူ႕ဘာသာပဲ လုပ္သင့္တယ္၊ မစၥတာလီ လုပ္ေပးလို႔မရဘူး” ေျပာၿပီးေနာက္ ဟုန္ခ်န္းမင္း ကျပဳံးလိုက္ၿပီးေနာက္ ေဇာင္ယုဟြမ္ အားဦးေဆာင္ေခၚလိုက္သည္။ “ဟြမ္ဟြမ္၊ ကိုယ္တို႔သြားမယ္”

လီ႐ုံ ကသူ႕အမူအရာအား ျပန္ထိန္းလိုက္ၿပီး သူ႕ဘာသာ ေခါင္းညိတ္လိုက္သည္။ “မစၥတာဟုန္ မွန္တယ္”

သူက ဟုန္ခ်န္းမင္း နဲ႔ ေဇာင္ယုဟြမ္ တို႔ရဲ႕ေနာက္ေက်ာကို ၾကည့္လိုက္ၿပီး သက္ျပင္းခ်လိုက္သည္။ “ဒါေၾကာင့္ပဲ သူ႕ပုံမွန္စတိုင္ကေန ကြဲထြက္ၿပီး ပိုရမ္းကားလာတာ”

ဒါေၾကာင့္ပဲ သူ႕အေတြးေတြကို ေလ့လာၿပီးေနာက္ လီဂ်င္းယြမ္ ကိုမေထာက္ခံပဲ သူ႕အား ျပင္းျပင္းထန္ထန္ ေထာက္ခံခဲ့တာသာ ျဖစ္သည္။

လက္ေထာက္ေဒါင္ က လီ႐ုံ ရဲ႕စကားကို ၾကားလိုက္ၿပီး ေခါင္းညိတ္လိုက္သည္။ “ဥကၠဌလီ မွန္တယ္။ မစၥတာလီ ကအုပ္စုကို ျပန္လာတာနဲ႔ သူ႕မွာ တိက်တဲ့ထိုးစစ္ေတြ ႐ွိေနလိမ့္မယ္”

ေဇာင္ယုဟြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔က ထြက္သြားတာကို သတင္းေထာက္ေတြက ျမင္သြားခ်ိန္တြင္ သူတို႔က သူတို႔ေနာက္ကို လိုက္ခ်င္ေပမဲ့ ဝန္ေလးေနသည့္ အရာလည္း႐ွိေနသည္။ လီဂ်င္းယြမ္ ကတခ်ိဳ႕အရာေတြအား ပိုၿပီးေတာ့ ထုတ္ေဖာ္ေတာ့မယ္လို႔ ခံစားေနရတာေၾကာင့္ ထြက္သြားရမလား၊ ေနရမလားဆိုသည့္ၾကားတြင္ ဗ်ာမ်ားေနခဲ့သည္။

သူတို႔က တြန္႔ဆုတ္ေနရင္း ေဇာင္ယုဟြမ္ က ဟုန္ခ်န္းမင္း ရဲ႕ကားထဲကို ေရာက္သြားခဲ့သည္။

ဟုန္ခ်န္းမင္း ကဂီယာကို နင္းလိုက္ၿပီး အလ်င္အျမန္ ေမာင္းထြက္လိုက္သည္။

ေဇာင္ယုဟြမ္ ကသူ႕အမူအရာကို ျမင္လိုက္ၿပီး သူ႕အား အေႏွာက္အယွက္ ျဖစ္ေစမွာကို ေၾကာက္တာေၾကာင့္ အသက္ေတာင္ ရဲရဲမ႐ွဴရဲေပ။

သူတို႔က ဗီလာကို ျပန္လာခဲ့ၾကသည္။

ဟုန္ခ်န္းမင္း ကသူမအတြက္ လက္ဆန္႔ေပးလိုက္သည္။ “ဟြမ္ဟြမ္၊ ကိုယ့္ကို မင္းဖုန္းေပး”

“ဟမ္?”

“ဒီအရာေၾကာင့္ ဟြမ္ဟြမ့္ဆီကို ဆက္သြယ္လာမဲ့ သတင္းေထာက္ေတြနဲ႔ ကိုယ္ညႇိႏိႈင္းေပးမယ္”

ေဇာင္ယုဟြမ္ ကသူမဖုန္းအား သူ႕ဆီကမ္းေပးလိုက္သည္။

ဟုန္ခ်န္းမင္း ကအႀကိမ္အနည္းငယ္ ဆြဲလိုက္ၿပီးေနာက္ ဖုန္းစခရင္႐ွိ တခ်ိဳ႕ခလုတ္ေတြကို ႏွိပ္လိုက္ၿပီး သူ႕အသံက တိုးလ်ေနသည္။ “…မင္းဖုန္းထဲကေန လီဂ်င္းယြမ္ ရဲ႕ဖုန္းနံပါတ္ကို ကိုယ္တကယ္ပဲ ဖ်က္ပစ္လိုက္ခ်င္တယ္၊ မင္းဘဝထဲကေနေတာင္ လီဂ်င္းယြမ္ ကိုဖ်က္ထုတ္ပစ္လိုက္ခ်င္တယ္”

ေဇာင္ယုဟြမ္ ကသူမပါးစပ္ကို ဟ,လိုက္ၿပီး တစ္ခုခုကို ေျပာခ်င္ေပမဲ့ ဟုန္ခ်န္းမင္း ကသူမအား အခြင့္အေရးေတာင္ မေပးေပ။ “ဒါေပမဲ့ ဒါက မျဖစ္ႏိုင္ဘူးဆိုတာကို ကိုယ္သိပါတယ္”

ႏွစ္ေယာက္သားက ဗီလာေ႐ွ႕တြင္ ရပ္ေနၾကၿပီး ဘယ္သူမွ အထဲကိုဝင္ျခင္း မလုပ္ၾကေပ။

အိမ္ေဖာ္တခ်ိဳ႕က သူတို႔ၾကားက ေလထုကိုျမင္လိုက္ၿပီး သူတို႔အနားကို မကပ္ရဲၾကေပ။

ဟုန္ခ်န္းမင္း ကသူ႕လက္ထဲ႐ွိ ဖုန္းကိုညႇစ္လိုက္ၿပီး သူ႕တျခားလက္ကို ေျမႇာက္လိုက္ကာ ေဇာင္ယုဟြမ္ ရဲ႕ပါးကို ထိလိုက္သည္။ သူက တည္ၾကည္စြာ ေျပာလိုက္သည္။ “ဟြမ္ဟြမ္၊ ဒါက အလုပ္မျဖစ္ဘူး”

ေဇာင္ယုဟြမ္ ကသူ႕အား ျပန္ၾကည့္လိုက္သည္။

“ဟြမ္ဟြမ္ လိုခ်င္တာကို ကိုယ္သိတယ္။ ဟြမ္ဟြမ္ က လီဂ်င္းယြမ္ နဲ႔ကိုယ့္ကို မင္းေဘးမွာ မိသားစုလိုမ်ိဳးပဲ ႐ွိေနေစခ်င္တာ။ မိသားစုလိုေနတာက ဒုကၡေရာက္မွာကို ေ႐ွာင္လႊဲႏိုင္ေပမဲ့ အလုပ္မျဖစ္ဘူး။ မၾကာခင္မွာပဲ ဟြမ္ဟြမ္ ဆုံးျဖတ္ခ်က္ခ်ရလိမ့္မယ္။ အေကာင္းဆုံး ကမ႓ာႏွစ္ခုဆိုတာ မ႐ွိဘူး။ လီဂ်င္းယြမ္ နဲ႔ကိုယ္က ယာယီသေဘာတူခဲ့ၾကရင္ေတာင္ ကိုယ္တို႔ဆက္ဆံေရး အေျခအေနကို ေျပာင္းလဲႏိုင္မဲ့ သက္ေရာက္မႈေတြ ႐ွိလာမဲ့ေန႔ ေရာက္လာဦးမွာပဲ” ဟုန္ခ်န္းမင္း က လီဂ်င္းယြမ္ အေၾကာင္းကို မေျပာခ်င္ေပမဲ့ သူ ဆက္ေျပာလိုက္သည္။ “ဒီေန႔ လီဂ်င္းယြမ္ ရဲ႕အျပဳအမူက အေကာင္းဆုံး ဥပမာပဲ။ အခ်စ္က ပိတ္သိမ္းထားလို႔ မရႏိုင္ဘူး။ ဘယ္လိုပဲ ေကာင္းေကာင္း ဖုံးကြယ္ထားေပမဲ့ အရာအားလုံး ထြက္ေပၚလာမဲ့ေန႔ဆိုတာ ႐ွိေနဦးမွာပဲ”

သူတို႔ပတ္ဝန္းက်င္က ႐ုတ္တရက္ႀကီး တိတ္ဆိတ္သြားခဲ့သည္။

အခ်ိန္ဘယ္ေလာက္ၾကာသြားမွန္း မသိလိုက္ရပဲ ေနာက္ဆုံးတြင္ ေဇာင္ယုဟြမ္ ေျပာလိုက္သည္။ “အိုေက၊ ဟြမ္ဟြမ္ သိၿပီ”

သူမအမူအရာက ေျပာင္းလဲသြားခဲ့သည္။

ေဇာင္ယုဟြမ္ ကလွည့္လိုက္ၿပီး ဂိတ္ဆီကို ေလွ်ာက္သြားလိုက္သည္။

ဟုန္ခ်န္းမင္း ကလန္႔သြားခဲ့သည္။ “ဟြမ္ဟြမ္ ဘယ္သြားမလို႔လဲ?”

“ဒီအေၾကာင္းကို ေသေသခ်ာခ်ာ ေတြးႏိုင္ဖို႔အတြက္ အစ္ကိုခ်န္းမင္း ရဲ႕လႊမ္းမိုးမႈေအာက္ကေန ေဝးေဝးမွာေနဖို႔ လိုအပ္တယ္” ေဇာင္ယုဟြမ္ ကသူမႏႈတ္ခမ္းကို ကိုက္လိုက္ၿပီး အေလးအနက္ တုန္႔ျပန္လိုက္သည္။

သူတို႔ခံစားခ်က္ေတြက ႐ွိေနၿပီးသားျဖစ္ကာ သူမႏွလုံးသား ေအာက္ေျခတြင္လည္း သူတို႔ႏွစ္ေယာက္လုံးကို စိတ္မပ်က္ေစခ်င္ေပ။

သူမအရင္ဘဝက အေၾကာင္းေတြေၾကာင့္ ဘာပဲျဖစ္ျဖစ္ သူတို႔ကို မနာက်င္ေစခ်င္ပဲ သူမေဘးတြင္သာ ေကာင္းေကာင္း ႐ွိေနေစခ်င္သည္။ ဒီအရာေပၚတြင္ သူမအရမ္းကို စိတ္ထိခိုက္လြယ္သည္။

ထို႔ေၾကာင့္ ဒီအေၾကာင္းကို ေသေသခ်ာခ်ာေတြးဖို႔ လိုအပ္သည္။

သူ႕ေျခေထာက္ေပၚ ေက်က္တုံးတစ္တုံး ျပဳတ္က်လာသလိုမ်ိဳး ဟုန္ခ်န္းမင္း ခံစားလိုက္ရသည္။

သူမခံစားခ်က္ေတြေပၚ မူတည္ၿပီးေတာ့သာ စိတ္လိုက္မာန္ပါ ဆုံးျဖတ္ခ်က္ခ်ႏိုင္ဖို႔ သူမအား တြက္ျပခ်င္ခဲ့တာ!

ဒါေပမဲ့ သူမက ဘယ္လိုမွ စိတ္လိုက္မာန္ပါ မလုပ္ဘူး!

“တကယ္ေတာ့၊ ဟြမ္ဟြမ္ အေလးအနက္ႀကီး ေတြးဖို႔မလိုပါဘူး။ အခ်စ္က တြက္ခ်က္ၾကည့္လို႔ မရဘူး…” ဟုန္ခ်န္းမင္း ကျပန္လွည့္လာေစဖို႔ ႀကိဳးစားလိုက္သည္။

သို႔ေသာ္ ေဇာင္ယုဟြမ္ ကအရမ္းကို ေခါင္းမာသည္။

သူမက ေခါင္းခါလိုက္ၿပီး သူမဖုန္းကို ျပန္ယူလိုက္ၿပီး လန္ဂ်င္းဇီ ကိုေခၚလိုက္သည္။

ဆယ္မိနစ္ ၾကာၿပီးေနာက္ လန္ဂ်င္းဇီ ကေရာက္မလာေပမဲ့ သူ႕ေနရာဆီမွ အတြင္းေရးမႉးခ်န္း ကေရာက္လာခဲ့သည္။ သူက ေဇာင္ယုဟြမ္ အားသူ႕ကားေပၚ ဖိတ္ေခၚလိုက္သည္။

အတြင္းေရးမႉးခ်န္း က လန္ဂ်င္းဇီ ရဲ႕လူျဖစ္သည္။ လန္ဂ်င္းဇီ က ေဇာင္ယုဟြမ္ ရဲ႕ဝမ္းကြဲျဖစ္သည္။ ဟုန္ခ်န္းမင္း ကအတြင္းေရးမႉးခ်န္းအား လန္ဂ်င္းဇီ ရဲ႕မ်က္ႏွာေၾကာင့္ ဆိုးဆိုး႐ြား႐ြား မေျပာခ်င္ေပ။ ထို႔ေၾကာင့္ သူမကိုသာ လိုက္ပို႔လိုက္ရသည္။

ကားထဲတြင္ အတြင္းေရးမႉးခ်န္း ကအေနာက္မွ ဟုန္ခ်န္းမင္း ဆီကိုလွမ္းၾကည့္လိုက္ၿပီးေနာက္ ျပဳံးလိုက္သည္။ “မစၥတာလန္ နဲ႔ကြၽန္ေတာ္တို႔ ဒီေန႔သတင္းကို ျမင္ခဲ့တယ္”

ေဇာင္ယုဟြမ္ ကသူမအသက္ငယ္ငယ္ ဒိတ္လုပ္ခ်ိန္မွာ မိဘေတြ မိသြားသလိုမ်ိဳး ႐ွက္သြားခဲ့သည္။

“အစ္ကို ဘာေျပာေသးလဲ?”

“သူကေတာ့ မစၥေဇာင္ ေပ်ာ္ေနသ၍ အဆင္ေျပတယ္တဲ့”

ေဇာင္ယုဟြမ္ ကစိတ္သက္သာစြာျဖင့္ သက္ျပင္းခ်လိုက္ၿပီး သတိလက္လြတ္ျဖင့္ သူမလက္ေတြက ကားထိုင္ခုံ ခါးပတ္အား ဆြဲလိုက္ၿပီးေနာက္ အလ်င္အျမန္ ေျပာလိုက္သည္။ “ဒါက ထူးဆန္းတယ္လို႔ အတြင္းေရးမႉးခ်န္း မထင္ဘူးလား?”

“ဘယ္လိုထူးဆန္းတာလဲ?” အတြင္းေရးမႉးခ်န္း ကဆက္ျပဳံးေနခဲ့သည္။ “ကြၽန္ေတာ္ အရင္ထဲက ျမင္ခဲ့ၿပီးသားပဲ။ မစၥတာဟုန္ နဲ႔ မစၥတာလီ တို႔က မစၥေဇာင္ အေပၚကို အရမ္းေကာင္းတာ။ အို၊ ေနာက္ၿပီး ဒါေၾကာင့္ပဲ မစၥတာလန္ ကအရင္က မေပ်ာ္မ႐ႊင္ ျဖစ္ခဲ့ေသးတယ္”

အတြင္းေရးမႉးခ်န္း ကထိုအေၾကာင္းကို ေျပာလိုက္ခ်ိန္တြင္ စိတ္အားထက္သန္ေနခဲ့သည္။ သူ႕ကိုယ္သူ ရပ္တန္႔ျခင္းမ႐ွိပဲ သူ႕ေဘာ့စ္အေၾကာင္းကိုေတာင္ ထုတ္ေျပာေနခဲ့သည္။

ထိုစကားကို ေဇာင္ယုဟြမ္ ၾကားလိုက္ခ်ိန္တြင္ သူမက အံ့ဩသြားခဲ့သည္။ “အစ္ကိုက မေပ်ာ္ဘူးလား? ဘာေၾကာင့္လဲ?”

အတြင္းေရးမႉးခ်န္းက သူ႕ပါးစပ္ကေန စကားအမ်ားႀကီး ထုတ္ေျပာေနမိတာကို နားလည္လိုက္ေပမဲ့ အရမ္းေနာက္က်သြားခဲ့သည္။ သူထိန္းၿပီးေတာ့သာ ေျပာႏိုင္ေတာ့သည္။ “အင္း၊ မစၥတာလန္ ကအရင္တုန္းက မစၥေဇာင္ အေပၚအေႂကြးတင္ေနၿပီး ေကာင္းေကာင္းဂ႐ုမစိုက္ခဲ့ရဘူးလို႔ ခံစားခဲ့ရတာ။ ေနာက္ပိုင္းေတာ့ မစၥတာလန္ ကဒါေတြအတြက္ ျပန္ျပင္ခဲ့ၿပီး အစ္ကိုေကာင္းတစ္ေယာက္ ျဖစ္လာေအာင္ ႀကိဳစားခဲ့တယ္၊ အဲ့ေနာက္မွာေတာ့ မစၥေဇာင္ မွာ မစၥတာဟုန္ နဲ႔မစၥတာလီ တို႔႐ွိေနခဲ့ၿပီးတာကို သူေတြ႕ခဲ့တယ္။ သူတို႔က မစၥေဇာင္ ကိုနည္းလမ္းမ်ိဳးစုံနဲ႔ ဂ႐ုစိုက္ေပးခဲ့လို႔ သူၾကားဝင္လို႔ မရႏိုင္ခဲ့ဘူး”

ေဇာင္ယုဟြမ္ ကထိုအရာေၾကာင့္ ငိုရမလား၊ ရယ္ရမလား မသိေတာ့ေပမဲ့ အေတာ္ေလး ထိ႐ွိသြားသလို ခံစားလိုက္ရသည္။

လန္ဂ်င္းဇီ တြင္ဒီလိုဘက္အျခမ္း ႐ွိေနလိမ့္မယ္လို႔ သူမ ထင္မထားခဲ့ေပ။

“ဒါဆို သတင္းေတြကို အစ္ကိုျမင္လိုက္တုန္းက သူ႕ပထမဆုံးအေတြးက အဲ့ဒါက… ညီအစ္ကိုေတြလို တိုက္ခိုက္ေနၾကတာ မဟုတ္ဘူးလို႔၊ အဲ့လိုမလား?”

အတြင္းေရးမႉးခ်န္း ကေခါင္းခါလိုက္သည္။ “မစၥတာလန္ ကဘာမွမေျပာဘူး၊ ဒါေၾကာင့္ သူ႕အေတြးေတြကို ကြၽန္ေတာ္ မခန္႔မွန္းႏိုင္ဘူး”

ေဇာင္ယုဟြမ္ ရဲ႕ခံစားခ်က္ေတြက တျဖည္းျဖည္း တည္ၿငိမ္သြားခဲ့သည္။ သူက ျပတင္းေပါက္အျပင္႐ွိ အလုပ္မ်ားေနသည့္ မီးပြိဳင့္ကို ၾကည့္လိုက္ၿပီး သူမအေတြးေတြထဲတြင္ ဟုန္ခ်န္းမင္း စကားေတြက စတင္ဝင္ေရာက္လာခဲ့သည္။

အရာအားလုံးက ေအးခ်မ္းေနတယ္လို႔ ႀကိဳးစားဟန္ေဆာင္ေနတာက အလုပ္မျဖစ္ေပ။

သူမက သူတို႔နဲ႔အတူ မိသားစုဝင္ေတြလို ေနခ်င္ေနေပမဲ့ သူတို႔ကေတာ့ မလိုခ်င္ၾကေပ။

သူတို႔အေျခခံအေတြးေတြက ကြာျခားေနၿပီး သူတို႔အတြက္ေတာ့ သူမအေတြးေတြကို ဆက္လိုက္နာဖို႔ဆိုတာက မျဖစ္ႏိုင္ေပ။

သို႔ေသာ္ အခုခ်ိန္တြင္ေတာ့ သူမတြင္ ေၾကာက္လန္႔ေနတာမ်ိဳး မ႐ွိေပ။ ေဇာင္ယုဟြမ္ ကအသက္ျပင္းျပင္း ႐ွဴသြင္းလိုက္သည္။ သူမတြင္ အဖိုးဒင္နဲ႔ အစ္ကိုလန္ ႐ွိေသးတယ္!

အတြင္းေရးမႉးခ်န္း ကသူမအား လန္ဂ်င္းဇီ ရဲ႕အလုပ္ေနရာဆီ ေခၚသြားခဲ့သည္။

ေဇာင္ယုဟြမ္ ကေဒါက္ဖိနပ္နဲ႔ မ်ားျပားလွသည့္ အၾကည့္ေအာက္တြင္ ေလွ်ာက္သြားလိုက္သည္။

သူမက ေမးလိုက္သည္။ “ဘာလို႔ လူတိုင္းက အဲ့လိုမ်က္လုံးေတြနဲ႔ ကြၽန္မကို ၾကည့္ေနရတာလဲ?”

အတြင္းေရးမႉးခ်န္း ကျပဳံးလိုက္သည္။ “သူတို႔အားလုံးက မစၥေဇာင္ ကိုမွတ္မိၾကတယ္။ အရင္ကဆို မစၥတာလန္ ကသူ႕ moments မွမစၥေဇာင္ ရဲ႕႐ိႈးပြဲအေၾကာင္းကို ေျပာခဲ့တယ္”

ေဇာင္ယုဟြမ္ ကထပ္ၿပီး လန္႔သြားခဲ့သည္။

သူမေနာက္မွာ ဘယ္ေလာက္ေတာင္ ခ်စ္လဲဆိုတာကို လူေတြ ဘယ္လိုေတြးေနၾကမလဲ?

ေဇာင္ယုဟြမ္ က လန္ဂ်င္းဇီ သူမအေၾကာင္း ေျပာခဲ့မယ္လို႔ စိတ္ကူးေတာင္ မယဥ္ႏိုင္ခဲ့ေပ။

အတြင္းေရးမႉးခ်န္း ကသူမအား အေပၚထပ္ကို ေခၚသြားခဲ့သည္။ ေဇာင္ယုဟြမ္ ကတံခါးကို တြန္းဖြင့္လိုက္ၿပီး လန္ဂ်င္းဇီ ရဲ႕႐ုံးခန္းထဲကို ဝင္လိုက္သည္။ သူမဝင္လိုက္သည္ႏွင့္ လန္ဂ်င္းဇီ ကသူ႕ခုံတြင္ထိုင္ေနၿပီး မ်က္ေမွာင္ၾကဳတ္ကာ ဖုန္းထဲမွတစ္ဖက္လူအား စကားေျပာေနတာကို ျမင္လိုက္ရသည္။

ေဇာင္ယုဟြမ္ ကသူ႕ဖုန္းခ်သည္အထိ စိတ္႐ွည္႐ွည္နဲ႔ ေစာင့္ေနခဲ့သည္။

လန္ဂ်င္းဇီ အလုပ္ခ်ိန္တြင္ သူက သူ႕ကိုယ္သူ အလုပ္ထဲ နစ္ျမဳတ္ထားခဲ့ၿပီး တျခားဘာကိုမွ သတိမျပဳမိေပ။ ဖုန္းေျပာၿပီးမွသာ ေဇာင္ယုဟြမ္ ကိုျမင္လိုက္ၿပီး ခ်က္ခ်င္း ထ,ရပ္လိုက္သည္။

ထို႔ေနာက္ ေဇာင္ယုဟြမ္ ကသူ႕ဆီ သြားလိုက္ၿပီး လန္ဂ်င္းဇီ ရဲ႕ခါးကို ဖက္လိုက္သည္။

လန္ဂ်င္းဇီ ကလန္႔သြားၿပီးေနာက္ သူ႕လက္ကိုေျမႇာက္ကာ သူမေခါင္းကို ပုတ္ေပးလိုက္ၿပီး အသံတိုးေလးနဲ႔ ေမးလိုက္သည္။ “ဟြမ္ဟြမ္ အႏိုင္က်င့္ခံခဲ့ရလို႔လား?”

ေဇာင္ယုဟြမ္ ကေခါင္းခါလိုက္သည္။ “ဟင့္အင္း”

“ဟြမ္ဟြမ့္အတြက္ အစ္ကို ေနရာျပင္ေပးထားၿပီးၿပီ။ အဲ့ေနရာကို ဘယ္သူမွ ႐ွိေတြ႕မွာ မဟုတ္ဘူး” လန္ဂ်င္းဇီ ကေျပာလိုက္သည္။

ဒါက ေဇာင္ယုဟြမ္ ရဲ႕ေတာင္းဆိုခ်က္ ျဖစ္သည္။ အျပင္ဘက္မွ အေႏွာက္အယွက္ကို မခံခ်င္တာေၾကာင့္ သီးသန္႔ေနရာကို သူမ လိုခ်င္ခဲ့သည္။

ေဇာင္ယုဟြမ္ က လန္ဂ်င္းဇီ မွခြာလိုက္ၿပီး သူမအျပဳံးက ပန္းေလးလို ျဖစ္ေနခဲ့သည္။ “အစ္ကို႔ကို ျပႆနာျဖစ္ေစၿပီ”

လန္ဂ်င္းဇီ ကလည္း သတိလက္လြတ္ ျပဳံးလိုက္သည္။ “ျပႆနာမျဖစ္ပါဘူး”

လန္ဂ်င္းဇီ ကအလုပ္မ်ားတာကို ေဇာင္ယုဟြမ္ သိေနတာေၾကာင့္ သူ႕အား အၾကာႀကီး အေႏွာက္အယွက္ မေပးေပ။ သူ႕အတြက္ လက္ေဆာင္ေပးၿပီး သူ႕မ်က္လုံးထဲမွ ေပ်ာ္႐ႊင္မႈကို ျမင္လိုက္ၿပီးေနာက္ ေဇာင္ယုဟြမ္ ထြက္သြားခဲ့သည္။

ထိုအခ်ိန္တြင္

လီဂ်င္းယြမ္ ကစင္ေအာက္ကို ေလွ်ာက္သြားခဲ့သည္။

“ဟြမ္ဟြမ္ေကာ?” လီဂ်င္းယြမ္ ကေမးလိုက္သည္။

“မစၥေဇာင္ ကထြက္သြားပါၿပီ”

လီဂ်င္းယြမ္ ရဲ႕မ်က္ႏွာထက္တြင္ စိတ္ပ်က္ေနမႈ အရိပ္အေယာင္ မ႐ွိေပ။ ဆန္႔က်င္ဘက္အေနျဖင့္ သူ႕ပုံစံက ပိုၿပီးေတာ့ေတာင္ တက္ႂကြေနသည္။ သူ႕မ်က္ႏွာက ေတာက္ပေနသည္။

သူက ျပဳံးကာေျပာလိုက္သည္။ “အိုေက၊ ကြၽန္ေတာ္သိၿပီ”

ေဝ့က်ဲ ကေမးခ်င္တာကို မရပ္တန္႔ႏိုင္ေပ။ “မစၥတာလီ မစိုးရိမ္ဘူးလား?”

“မစိုးရိမ္ပါဘူး”

“ေဖ်ာ္ေျဖေနခ်ိန္ ေပါက္ကြဲထြက္သြားရင္ မစၥတာလီ ရဲ႕အလုပ္အေပၚ ထိခိုက္လာမွာကို မစိုးရိမ္ဘူးလား?”

လီဂ်င္းယြမ္ ရဲ႕အသံက အရင္ကထက္ ပိုၿပီးေတာ့ေတာင္ သက္ေတာင့္သက္သာ ျဖစ္ေနသည္။ “မစိုးရိမ္ပါဘူး၊ ကြၽန္ေတာ္အၾကာႀကီးလည္း ေနမွာမွမဟုတ္တာ”

“ဘာေျပာခ်င္တာလဲ?” ေဝ့က်ဲ ကလန္႔သြားခဲ့သည္။

“ဂ်င္းဟြမ္အုပ္စုရဲ႕ သခင္ေလး၊ လီ႐ုံ ရဲ႕အႀကီးဆုံးသားက ၿပီးခဲ့တဲ့အပတ္က ဦးေႏွာက္ေသသြားတယ္လို႔ ေဆး႐ုံက ေၾကညာခဲ့တယ္” လီဂ်င္းယြမ္ ကရပ္လိုက္သည္။ “ကြၽန္ေတာ္ ျပန္သြားရမယ္၊ အာဏာေၾကာင့္ လူေတြရဲ႕ အမ်ိဳးမ်ိဳး ကန္႔ကြက္ခ်က္ေတြေၾကာင့္ ဟြမ္ဟြမ္ ကိုမလိုက္ႏိုင္မွာကိုပဲ ပိုေၾကာက္မိတယ္။ ဒါက ၿပီးေျမာက္ဖို႔အတြက္ လုပ္ေနတာပဲ”

ေဝ့က်ဲ ကနစ္ျမဳတ္သြားသလို ခံစားလိုက္ရသည္။

မင္းက ေမာ္ဒယ္လ္ပိုင္း ထိပ္ဆုံးေရာက္ေတာ့မွ အနားယူၿပီး နာမည္ႀကီးအေနနဲ႔ တ႐ုတ္ျပည္ကို ျပန္မယ္ေပါ့။

အခုေတာ့ မင္းက ထိပ္ဆုံးနာမည္ႀကီးျဖစ္ေနၿပီး မင္းအယ္လ္ဘမ္ကလည္း အျမင့္ဆုံး ေရာင္းရတယ္၊ ေဖ်ာ္ေျဖပြဲမွာ လူအျပည့္၊ မ်ားျပားလွတဲ့ ေၾကာ္ညာနဲ႔ ဇာတ္ၫႊန္းေတြ မင္းဆီ ေရာက္လာတယ္၊ အခုေတာ့ မင္းက ထပ္နားမယ္။

လီဂ်င္းယြမ္ ကသူ႕အခ်ဳပ္အေႏွာင္အား လုံးဝဖယ္ထုတ္ပစ္လိုက္သည္။

ထိုအေၾကာင္းကို ေတြးလိုက္ၿပီး မလုံေလာက္ေသးဘူးလို႔ ခံစားလိုက္ရတာေၾကာင့္ သူ႕ဖုန္းကို ထုတ္လိုက္သည္။

ေဝ့က်ဲ ကဒီေန႔ လီဂ်င္းယြမ္ ရဲ႕အျပဳအမူေတြေၾကာင့္ ထိတ္လန္႔ၿပီး ႐ူးသြပ္ေနၿပီးျဖစ္တာေၾကာင့္ ဗလာျဖစ္စြာ ေမးလိုက္သည္။ “မစၥတာလီ ဘာလုပ္ေနတာလဲ?”

“ကြၽန္ေတာ္ ပို႔စ္တစ္ခုတင္ေနတာ၊ ဒါမွ ဒီေန႔ေဖ်ာ္ေျဖပြဲမလာတဲ့ လူေတြလည္း သိသြားၾကမွာ”

ေဝ့က်ဲ : “…”

အတြင္းလူေတြအတြက္ ဘာကိုမွေတာင္ မေတြးေပးေတာ့ဘူးလား?

#ေနာက္တစ္ပိုင္း က်န္ေသးတယ္၊ တိုတိုေလးမို႔ မတင္ေပးေသးဘူးေနာ္ တျခားအပိုင္းေတြ ေစာင့္လိုက္ဦးမယ္

8.10.2021(Fri)
…………………….

[text_hash] => 47d1e786
)

//qc
//QC2