ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] – 101❇️ ကိုယ် မင်းကိုမြင်‌ေစချင်တယ်။
// qc

ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] - 101❇️ ကိုယ် မင်းကိုမြင်‌ေစချင်တယ်။

Array
(
[text] =>

Unicode

‘အရှိန်မြင့်’ ပထမပိုင်းကို ထုတ်လွှင့်ပြီးသည်နှင့် အင်တာနက်တွင် လီဂျင်းယွမ် ကဂျင်းဟွာအုပ်စုမှ သခင်လေးဖြစ်ကြောင်း သတင်းက ပေါက်ကွဲထွက်လာခဲ့သည်။

ရုတ်တရက် တစ်စုံတစ်ယောက်က ပုံများစွာဖြင့် ‘လီဂျင်းယွမ် က ဇောင်ယုဟွမ် အပေါ်ထုတ်မပြောနိုင်တဲ့ ရည်ရွယ်ချက်တွေ အများကြီးရှိတယ်။ တကယ့်မောင်နှမရင်း ရိုမန့်အချစ်၊ ဒီအတွဲကို တကယ်ရှစ်ရဲကြလား’ ဆိုသည့် ခေါင်းစဉ်ရှည်ကြီးကို ရေးခဲ့သည်။

ပုံတွေကတော့ ‘အချိန်ခရီးသွားခြင်း’တည်းက လီဂျင်းယွမ် က ဇောင်ယုဟွမ် အားရင်းနှီးမှုပြသည့် အသေးစိတ်အချက်ကို ထုတ်ပြထားခဲ့သည်။

“…အတွဲဖန်တွေက ဒါကို ချိုမြိန်တယ်လို့ ထင်ကြပေမဲ့ ဒါက တကယ့်အရာပဲ။ ဒါပေမဲ့ သေချာစဉ်းစားကြည့်ရအောင်။ သူတို့က အတူတူကြီးပြင်းလာပြီး တကယ့်မောင်လေး၊ အစ်မဆက်ဆံရေးဆို ဖယ်ထုတ်ပစ်လို့ မရဘူး။ အို၊ ဒါက ပိုပြီးတော့တောင် စိတ်ဝင်စားဖို့ ကောင်းလာသေးတယ်။ လီဂျင်းယွမ် က ဇောင်ယုဟွမ် အကြောင်း NSFW ကိုတိတ်တဆိတ် ချုပ်ကိုင်ထားပြီး သူမနားချည်းကပ်တဲ့ လူတိုင်းကို တားဆီးဖို့ အရာအားလုံးကို လုပ်ခဲ့တယ်။ အဲ့အထဲမှာ ဝမ်ယောင်ချန်း လည်းပါတယ်… လီဂျင်းယွမ် ထွက်မသွားခင် သူက ဝမ်ယောင်ချန်း ကိုခက်ခဲအောင် မကြာခဏ လုပ်ခဲ့တယ်။ တစ်ချို့လူတွေက ပြောလိမ့်မယ်။ ‘ဖျော်ဖြေရေးလောကက ဝမ်ယောင်ချန်း ရဲ့နေရာက ဘာလိုမျိုးလဲ? နောက်ပြီး လီဂျင်းယွမ် ကကော? လီဂျင်းယွမ် ကသူ့ကို ခက်ခဲအောင်လုပ်တာ ဘယ်လိုဖြစ်နိုင်မှာလဲ? ဝမ်ယောင်ချန်း ကသူ့ကို မကြောက်ရင်တောင် ဒင်မိသားစုကိုတော့ ကြောက်ရလိမ့်မယ်၊ မဟုတ်ဘူးလား? နောက်ပြီး ဇောင်မိသားစု? ဟုန်ချန်းမင်း?… သူတို့နိုင်ငံခြားမှာတုန်းက ဝမ်ယောင်ချန်း ကဆူပူနေချိန်မှာ သေအောင်အရိုက်ခံရလုနီးပါးပဲ။ အခုတော့ အစ်ကိုလေးလီက သူ့အစ်မကို ကာကွယ်ပေးနေတာက ဒီမောင်နှမအချစ်၊ ကောင်းကောင်းမွန်မွန် ရှစ်ပေးနိုင်တဲ့ အတွဲလို့ထင်သေးလား? မနှစ်မြို့သလို ခံစားရဘူးလား…?”

ထိုလူက နောက်ထပ်မေးခွန်းနဲ့ အဆုံးသတ်ထားခဲ့သည်။ “ဒီလိုလူတစ်ယောက်က နိုင်ငံတကာ TV နဲ့ရေဒီဌာနက မဘမ်းဘူးဆိုတည်းက သူတို့က ဘာတွေစောင့်နေကြတာလဲ?”

ဇောင်ယုဟွမ် ကခေါင်းစဉ်တစ်ခုလုံးကို အမြန်ဆုံးအောင် ဖတ်လိုက်သည်။

သူမရင်ဘတ်က ရုတ်တရက် တစ်ခုခုနဲ့ တားဆီးခံလိုက်ရသလို ဖြစ်သွားခဲ့သည်။

သူမဦးနှောက်က ဒေါသတွေနဲ့ လောင်ကျွမ်းလာခဲ့သည်။

နှိုင်းယှဉ်ရရင် လီဂျင်းယွ် ရဲ့အပြုအမူတွေက သူမအား ဒေါသမထွက်စေပေ။

သူမ စိတ်ဆိုးနေတာက နောက်ကွယ်ကနေ စိတ်ဝမ်းကွဲစေဖို့ မျိုးစေ့ကြဲနေသည့်လူ၊ လီဂျင်းယွမ် ကိုအရှက်ရအောင် လုပ်နေတဲ့လူကိုပဲ!

ခဏအကြာ…

မိတ်ကပ်ခန်းမှတံခါးက တင်းကြပ်စွာ ပိတ်သွားခဲ့သည်။
ဝန်ထမ်းတွေက တံခါးကို ဖြတ်သွားခဲ့ကြသည်။ သူတို့က အချိန်တိုင်း တစ်ယောက်နဲ့ တစ်ယောက် တီးတိုးပြောနေကြပြီး တံခါးကနေ ချောင်းကြည့်လိုက်ကြကာ အထဲကဖြစ်နေတာကို သိချင်နေကြသည်။

အထဲတွင်

လီဂျင်းယွမ် ကထိုင်နေပြီး အနားယူနိုင်ရန် ရေနွေးငွေ့မျက်လုံးကာကို ဝတ်ထားခဲ့သည်။

ဝေ့ကျဲ ကအနားတွင် ထိုင်နေပြီး မေးလိုက်သည်။ “… အရာအားလုံးက တကယ်ပဲ အဆင်ပြေရဲ့လား?”

“အဆင်ပြေတယ်” လီဂျင်းယွမ် ရဲ့အသံက တည်ငြိမ်နေသည်။

အချိန်ကြာပြီးနောက် ဝေ့ကျဲ က လီဂျင်းယွမ် ရဲ့သက်ပြင်းချသံကို ကြားလိုက်ရသည်။

“အဲ့ဒါကို ဟွမ်ဟွမ် မြင်သွားရင် ကျွန်တော် ဘာလုပ်သင့်လဲ?”

ဝေ့ကျဲ ကမျက်လုံးပြူးသွားခဲ့သည်။ “ဘာလုပ်မှာ?”

လီဂျင်းယွမ် ကတိတ်နေပြီး သူ့အတွေးထဲ နစ်သွားပြီးနောက် ပြန်ဖြေလိုက်သည်။ “ဖြစ်ပျက်သွားတာက အရမ်းမြန်လွန်းတယ်။ ဒါက ကျွန်တော့်အစီစဉ်ကို အနှောက်အယှက်ဖြစ်စေတယ်”

ဝေ့ကျဲ ကသိချင်စိတ်ပြင်းပြသွားခဲ့သည်။ လီဂျင်းယွမ် ရဲ့စိတ်ထဲတွင် ဘာတွေတွေးနေလဲဆိုတာ သူတကယ်ပဲ သိချင်နေတာကြောင့် မေးလိုက်သည်။ “ဒါဆို မစ္စတာလီ ရဲ့အစက အစီစဉ်က ဘာများလဲ?”

“တဖြည်းဖြည်း တစ်လှမ်းချင်းလှမ်းပြီး အကုန်လုံးကို ကျွန်တော် ထိန်းချုပ်နိုင်တဲ့အထိ။ ပြီးမှ ဟွမ်ဟွမ် သိအောင်လို့ ရိုးသားမှုကို ထုတ်ပြမယ်။ ဒါပေမဲ့ အခုတော့… ဒါက အရမ်းအန္တရာယ်များလွန်းတယ်” လီဂျင်းယွမ် ကသူ့မျက်လုံးကာကို ချွတ်လိုက်သည်။ သူ့မျက်လုံးအောက်တွင် အနက်ရောင်အဝိုင်းက ရှိနေပြီး ကောင်းကောင်း အနားမယူရတာက သိသာနေသည်။

ဝေ့ကျဲ ကသူ့အား ထိုအကြောင်းနဲ့ ပတ်သက်ပြီး အပြစ်တင်တာမျိုး၊ နှစ်သိမ့်ပေးတာမျိုးတွေ ပြောနိုင်ဖို့အတွက် ဘာစကားလုံးမှ ရှာမတွေ့နိုင်ပေ။

သူက အကူအညီမဲ့စွာဖြင့်သာ ပြောနိုင်သည်။ “မစ္စတာလီ ကတကယ်ပဲ မစ္စဇောင် ကိုသဘောကျတာလား? သူမနဲ့ အတူရှိချင်တာလား?”

လီဂျင်းယွမ် ကသူ့အား ပြန်ကြည့်လိုက်သည်။ “အစ်ကိုဝေ့ ကဘယ်လိုထင်လို့လဲ?”

ဝေ့ကျဲ ကသူ့ပါးစပ်ကို ဟ,လိုက်ပေမဲ့ ဘာစကားမှ ထွက်မလာခဲ့ပေ။

လီဂျင်းယွမ် ကရယ်လိုက်ပြီးနောက် ဝေ့ကျဲ ရဲ့မေးခွန်းအား ပြန်ဖြေလိုက်သည်။ “ကျွန်တော့်မှာ ဒီအတွေးတွေ ရှိနေခဲ့တာ အင်္ဂလန်မှာ ရှိချိန်တည်းကပဲ။ ကျွန်တော့်စိတ်ထဲမှာ သူမနဲ့ဒိတ်ချင်တဲ့ အတွေးတွေနဲ့ ပြည့်နေတာ၊ ဟုန်ချန်းမင်း ထက်တောင် ပိုစောသေးတယ်! အဲ့ခံစားချက်တွေကို ကျွန်တော် ကောင်းကောင်း ဖုန်းကွယ်ထားနိုင်လို့ ဘယ်သူ့မှ ရှာမတွေ့ခဲ့တာ။ ကျွန်တော် အလျင်စလို လုပ်လို့မရဘူးဆိုတာလည်း ကျွန်တော်သိတယ်။ ကျွန်တော် ဘာကိုမှ အလျင်စလို လုပ်လို့မရနိုင်ဘူး။ ဒါ့ကြောင့် ကျွန်တော် စောင့်နေခဲ့တာ။ ဝမ်ယောင်ချန်း သာပေါ်မလာခဲ့ရင်…” လီဂျင်းယွမ် ကခဏရပ်လိုက်သည်။ “ဝမ်ယောင်ချန်း သာပေါ်မလာခဲ့ရင် ကျွန်တော့်ခံစားချက်တွေကို နည်းနည်းလောက် ပိုပြီးထိန်းချုပ်နိုင်နိုင်ဦးမှာ”

ဝေ့ကျဲ ကပြောစရာမဲ့သွားခဲ့သည်။

သူ အခု ဘာကြားလိုက်တာလဲ?

နောက်ပြီး ရုတ်တရက် ဘာကြောင့် မစ္စတာဟုန် ကပါလာရတာလဲ?

“ကျွန်တော် သူမကို ဖမ်းမိချင်တယ်” လီဂျင်းယွမ် ကအသံတိုးလေးနဲ့ ပြောလိုက်သည်။ သူပြောလိုက်ရင်း မထိန်းချုပ်နိုင်ပဲ ရယ်လိုက်သည်။ “ဒါပေမဲ့ တကယ်ပဲ ခက်ခဲတယ်”

မိဘမဲ့ဂေဟာမှာတုန်းက သူ့နေ့ရက်တွေက ဟုန်ချန်းမင်း ထက်စာရင် နည်းနည်းတော့ ပိုကောင်းသည်။

သူလိုချင်တာရဖို့အတွက် ဘယ်လိုယူရမလဲဆိုတာကို သူကျွမ်းကျင်သည်။ ထိုအရာကို ဘယ်သူ့မှမသင်ပေးပဲ နားလည်နေသလိုမျိုးပင်။ သို့သော် သူ လီရုံ နဲ့တွေ့ချိန်တွင် လီမိသားစုလို သူ့သွေးတွေက စီးဆင်းနေတာလို့ ခံစားရစေသည်။ လီရုံ ကိုသူသဘောမကျသော်လည်း သူ့ဆီမှရရှိသည့် အမွေတွေကတော့ အတော်လေးကို အသုံးဝင်သည်။

ဝေ့ကျဲ ကတုံ့ဆိုင်းဆိုင်းနဲ့သာ ပြောလိုက်သည်။ “ဒါ…ဒါဆို မစ္စတာလီ အကောင်းဆုံး လုပ်နိုင်ဖို့သာ ဆုတောင်းပေးပါတယ်”

ထို့နောက်တွင် ဒီစကားတွေက လိုအပ်နေသေးသလို ခံစားလိုက်ရပြီး ထပ်ပေါင်းပြောလိုက်သည်။ “နောက်ပြီး မစ္စတာလီရဲ့ဆန္ဒတွေ လုံးဝပြည့်မှာပါ”

ထိုစကားကို ပြောလိုက်ရင်း တစ်ယောက်ယောက်က တံခါးခေါက်လာခဲ့သည်။

ဝေ့ကျဲ ကထ,လိုက်သည်။ “မိတ်ကပ်ပညာရှင် ဖြစ်လိမ့်မယ်။ သူတို့ဘာပဲပြောပြော အာရုံမစိုက်နဲ့”

“အင်း”

ဝေ့ကျဲ က လီဂျင်းယွမ် ကိုပြန်လှည့်ကြည့်လိုက်ပြီး စဉ်စားလိုက်သည်။ ‘ငါ့အသိပေးချက်ကို သူလိုလို့လား? အခက်အခဲတွေနဲ့ ရင်ဆိုင်ချိန်မှာ သူက အတည်ငြိမ်ဆုံးလူပဲကို’

ဝေ့ကျဲ ကတံခါးဖွင့်လိုက်ချိန်တွင် နည်းနည်းရင်းနှီးနေသည့် အမျိုးသမီးငယ်လေးကို မြင်လိုက်ရသည်။

အမျိုးသမီးက ဝေ့ကျဲ သူမကို နှုတ်ဆက်လာမယ်လို့ မထင်ထားပဲ ခဏရပ်ပြီးနောက် ပြောလိုက်သည်။ “ကျွန်မ အစ်ကိုလီ ကိုလာရှာတာ”

“သူနဲ့ဆွေးနွေးဖို့ တစ်ခုခုရှိလို့လား?”

“ကျွန်မ… ကျွန်မ ဝဘ်ဆိုဒ်က သတင်းတွေကို မြင်လိုက်လို့…” အမျိုးသမီးက ရပ်လိုက်ပြီး နူးညံ့စွာပြောလိုက်သည်။ “ကျွန်မ သူ့ကိုများ တစ်ခုခု ကူညီပေးနိုင်မလားလို့ အစ်ကိုလီ ကိုလာမေးတာ”

ဝေ့ကျဲ ရဲ့အမူအရာက ချက်ချင်းပင် နွေးထွေးသွားသည်။

ရေတွင်းထဲကို ကျောက်တုံးတွေ ပစ်ချမဲ့လူတွေ ရောက်မလာသေးဘူးလို့ တွေးလိုက်သည်။

သူ့ခံစားချက်က ပိုကောင်းသွားတာကြောင့် သူမကို ဝင်ခွင့်ပြုလိုက်သည်။

လီဂျင်းယွမ် ကလှည့်ကြည့်လိုက်ပေမဲ့ ချက်ချင်း မျက်မှောင်ကြုတ်သွားသည်။

သူ့မှတ်ဉာဏ်က ကောင်းတာကြောင့် ဒါက လင်းလန် ဆိုတာကို သူမှတ်မိသည်။

“အစ်ကိုလီ၊ အဆင်ပြေလား?” လင်းလန် ကမေးလိုက်သည်။ သူမအမူအရာမှ လီဂျင်းယွမ် အတွက် စိုးရိမ်နေတာကို မြင်နိုင်သည်။

လီဂျင်းယွမ် ကအေးစက်စွာဖြင့် သူမကို ကြည့်လိုက်သည်။

ထိုအချိန်တွင် ဝေ့ကျဲ ရဲ့ဖုန်းက ရုတ်တရက် မြည်လာခဲ့သည်။ သူက ချက်ချင်းပင် ကိုင်လိုက်ကာ ကျေနပ်အံ့ဩနေသည့် အမူအရာက ပေါ်လာခဲ့သည်။ “အင်း၊ အင်း၊ လာကြိုဖို့ ကျွန်တော် လက်ထောက်ကို ပို့ပေးလိုက်မယ်။ အိုကေ၊ အလျင်လိုဖို့ မလိုပါဘူး…”

ဝေ့ကျဲ ကဖုန်းချလိုက်ပြီးနောက် လီဂျင်းယွမ် ဘက်ကိုလှည့်လိုက်သည်။ “မစ္စဇောင် လာနေပြီ”

ဒီမစ္စဇောင် ကတခြားဘယ်သူ ရှိဦးမှာလဲ?

လင်းလန် ကအံကြိတ်လိုက်သည်။

ဇောင်ယုဟွမ် ပဲ။

တူရကီတွင် အန္တရာယ်ကြုံတွေ့ချိန်က ဇောင်ယုဟွမ် အားသူတို့ဘယ်လို ဂရုစိုက်ပေးခဲ့ကြလဲဆိုတာကို သူမ ချက်ချင်း အမှတ်ရသွားသည်။

ဒါဆို လင်းလန် ကဘယ်လိုဇာတ်လိုက်မမျိုးလဲ?

သူမရဲ့ဇာတ်လိုက် အရှိန်အဝါတွေကို ဇောင်ယုဟွမ် ကခိုးသွားခဲ့တာ!

မကြာခင်တွင် ဇောင်ယုဟွမ် နဲ့ ဟုန်ချန်းမင်း တို့က မိတ်ကပ်ခန်းရှေ့ကို ရောက်လာခဲ့ကြသည်။ သူတို့လမ်းတွင် ဝန်ထမ်းအများစုက သူတို့ကိုမြင်လိုက်ပြီး လီဂျင်းယွမ် အကြောင်းကို သူ့မိသားစုရှေ့တွင် ပြောရမှာကြောက်တာကြောင့် အတင်းပြောနေတာကို ရပ်လိုက်ကြသည်။

ဇောင်ယုဟွမ် ကတံခါးကို တွန်းဖွင့်လိုက်ပြီး ဝင်ဖို့လုပ်လိုက်ပေမဲ့ ပထမဆုံး သူမ မြင်လိုက်သည့်အရာက လင်းလန် ပင်။ ဇောင်ယုဟွမ် ကချက်ချင်းပင် အေးခဲသွားသည်။

သို့သော် လင်းလန် ကသူမကို ပြုံးပြပြီး သူတို့ကြားမှ ထူးဆန်းနေမှုအား လျစ်လျူရှုကာ နှုတ်ဆက်လိုကသ်ည်။ “ဟယ်လို၊ မစ္စဇောင်”

အဆင်မပြေမှုအား ဇောင်ယုဟွမ် ခံစားလိုက်ရသည်။

တစ်နေ့မှာ လူတွေရဲ့နှလုံးသားက ဘယ်လိုပြောင်းလဲသွားမယ်ဆိုတာကို ဟုန်ချန်းမင်း အားပြောရုံရှိသေး၊ အခုကြည့်လေ! ဒီမှာ! မူလဇာတ်လိုက်မက ဒီမှာလေ! သူမက လီဂျင်းယွမ် ရဲ့နောက်တစ်ခြမ်းလေ။ မူလဇာတ်ကြောင်းက ဘယ်လောက်အထိ သန်မာနေသေးလဲဆိုတာကို ဇောင်ယုဟွမ် မသိပေ…

မူလဇာတ်ကြောင်းရဲ့ ထိန်းချုပ်မှုအောက်တွင် ဇာတ်ကောင်တွေက ဘယ်လိုရှိနေဦးမလဲဆိုတာကို တွေးလိုက်ပြီး ဇောင်ယုဟွမ် မပျော်မရွှင် ဖြစ်သွားခဲ့သည်။

ထို့ကြောင့် ဇောင်ယုဟွမ် ကသူမကိုယ်သူမ မှားယွင်းသွားအောင် မလုပ်ပဲနဲ့ လင်းလန် ကိုလျစ်လျူရှုလိုက်ပြီး လီဂျင်းယွမ် ကိုသာ တိုက်ရိုက်စကားပြောလိုက်သည်။

“ဂျင်းယွမ် အဆင်ပြေရဲ့လား?” ဇောင်ယုဟွမ် ကမေးလိုက်သည်။

လီဂျင်းယွမ် ကခေါင်းမော့လိုက်ပြီး သူမအား ကြည့်လိုက်ပြီးနောက် သူမနောက်မှ ဟုန်ချန်းမင်း ကိုကြည့်လိုက်သည်။ လီဂျင်းယွမ် ရဲ့အမူအရာက ချက်ချင်း ပြောင်းလဲသွားခဲ့သည်။

သူက အရမ်းကို စိတ်ထိခိုက်လွယ်သည်။ သူ ဇောင်ယုဟွမ် ကိုမြင်လိုက်ချိန်တွင် တစ်ခုခုအား ချက်ချင်း သတိပြုမိသွားခဲ့သည်…

တစ်စုံတစ်ယောက်က သူ့နှုတ်ခမ်းနဲ့ သူမနှုတ်ခမ်းအား ပြင်းပြင်းထန်ထန် အလွှတ်မပေးထားသလိုမျိုး သူမနှုတ်ခမ်းက နီရဲနေကာ ဖောင်းနေသည်။ ဒါက ဖျော့တော့ပေမဲ့ သူမအသားအရည်က ဖြူလွန်းတာကြောင့် ပိုပြီးတော့ သိသာနေသည်။ တခြားလူတွေက ချက်ချင်း သတိမပြုမိနိုင်ပေမဲ့ သူက သေချာပေါက်သတိပြုမိတယ်!

သူမကို တခြားတစ်ယောက်က နမ်းလိုက်တာ မဖြစ်နိုင်ဘူး။

ဒါက တခြားသူဆိုရင် ဟုန်ချန်းမင်း ရဲ့လက်ရှိ မျက်နှာပေါ်က အမူအရာမျိုး သူ့ဆီမှာ ရှိနေမှာ မဟုတ်ဘူး။

ထို့ကြောင့် အဖြေက အရမ်းကိုရှင်းလင်းနေသည်…

လီဂျင်းယွမ် က ဟုန်ချန်းမင်း ကိုကြည့်လိုက်သည်။ သူတို့က အကြည့်ချင်းဆုံသွားကြပြီးနောက် အလျင်အမြန်ပင် အကြည့်လွှဲလိုက်ကြသည်။

လီဂျင်းယွမ် ရဲ့နှလုံးသားက နာကျင်သွားခဲ့သည်။

ဘာတွေမှားခဲ့လဲဆိုတာ သူမသိဘူး…

ဒါက ရုတ်တရက်ထွက်လာတဲ့ သတင်းတွေကြောင့်လား?

လီဂျင်းယွမ် ကသူ့မျက်လုံးကို မှိတ်လိုက်ပြီး စိတ်ဓာတ်ကျနေသည့် အမူအရာက ပြလိုက်သည်။ “သိပ်အဆင်မပြေဘူး” ထိုစကားကို ပြောပြီးနောက် ခဏလောက် ရပ်လိုက်ပြီးနောက် ထပ်ပြောလိုက်သည်။ “ဟွမ်ဟွမ်၊ ကိုယ် အဆင်မပြေဘူး” ဒါက သူ့အား အရင်ကထက် ပိုပြီးတော့တောင် သနားဖို့ကောင်းသွားစေသည်။

“ဂျင်းယွမ် ကိုမကျေနပ်တဲ့သူတွေရှိလား?” ဇောင်ယုဟွမ် ကမေးလိုက်သည်။

လီဂျင်းယွမ် ကခေါင်းခါလိုက်သည်။

ဇောင်ယုဟွမ် ကမျက်မှောင်ကြုတ်လိုက်ပြီး “ဝမ်ယောင်ချန်း ကပါးနပ်တဲ့သူပဲ။ တွေးကြည့်ရင် ဒီလိုမျိုးတွေကို သူလုပ်မှာမဟုတ်လောက်ဘူး”

လီဂျင်းယွမ် ကပြောလိုက်သည်။ “ဘယ်သူသိမှာလဲ၊ ကိုယ်တို့က သူ့အပြင်ပိုင်းကိုပဲ သိကြတာလေ၊ သူ့စိတ်ကို သိတာမှမဟုတ်တာ” ထိုအရာဖြင့် သူက သက်ပြင်းထပ်ချလိုက်ပြီး သူ့မျက်ခုံးကြားက အကွာအဝေးက နည်းနည်းပိုစိုးရိမ်နေတာကို ထုတ်ပြနေခဲ့သည်။ သူ့တွင် ခန့်ညားသည့် မျက်နှာရှိနေကာ စိုးရိမ်မှုကို ထုတ်ပြနေတာတောင် သူ့အား ပိုပြီးတော့ ဆွဲဆောင်မှုရှိသွားစေသည်။

သူ့နောက်မှ လင်းလန် ကရုတ်တရက် ခေါင်းမော့လိုက်ပြီး သူမအကြည့်တွေနဲ့ ဇောင်ယုဟွမ် အားအပေါက်ထဲ ရိုက်ချနေခဲ့သည်။

သို့သော် ဘယ်သူမှ သတိမပြုမိကြပေ။

လင်းလန် ကမထိန်းချုပ်နိုင်စွာဖြင့် လီဂျင်းယွမ် အားသူမက သူ့ဖန်ဖြစ်ကြောင်း အကြိမ်ကြိမ် ထုတ်ပြောခဲ့ပြီး သူ့ဝါသနာအားလုံးကို သိနေကြောင်း ဝန်ခံချိန်ကို ပြန်တွေးလိုက်သည်။

“အစ်ကိုလီ နိုင်ငံခြားမှာတုန်းက catwalk လျှောက်တာကို ကျွန်မမြင်ခဲ့တယ်၊ ရှင်က တယောလည်း တီးတက်တယ်၊ fence လည်းရတယ်၊ လက်ဖက်ရည်လည်း သဘောကျတယ်။ ရှင့်သီချင်းတွေ အကုန်လုံးကို ကျွန်မ နားထောင်ခဲ့တယ်၊ ကျွန်မတို့ အတူတူ ရိုက်ကူးချိန်တုန်းက နေဝင်ချိန်မှာ ရှင်မြင်းစီးနေတဲ့ နောက်ကျောကိုပဲ ကြည့်နေခဲ့တာ”

သို့သော် သူက ဂရုမစိုက်စွာဖြင့် တိတ်ဆိတ်နေခဲ့သည်။

သူက သူမစကားပြောလို့ ပြီးမဲ့အချိန်ကိုသာ တိတ်ဆိတ်စွာ စောင့်နေပြီးနောက် မျက်ခုံးပင့်ကာ TV ပေါ်ရှိ အမူအရာနဲ့ ဆန့်ကျင်သည့် အမူအရာကို ထုတ်ပြနေပြီး သူက ပိုပြီးမာနထောင်လွှားနေကာ အေးစက်စွာဖြင့် ပြောလိုက်သည်။ “အို တကယ်လား? ဒါပေမဲ့ ဒါတွေက… ဇောင်ယုဟွမ် အတွက်ကြီးပဲ”

မှားနေတယ်!

ဒါတွေအားလုံးက မှားနေတယ်!

လင်းလန် ကအရမ်းဒေါသထွက်နေတာကြောင့် သူမဆံပင်ကိုတောင် ဆွဲပစ်လိုက်ချင်နေသည်။

မူလဇာတ်ကြောင်းတွင် ဇာတ်လိုက်က ဇောင်ယုဟွမ် ဆီမှာ အကြွေးတင်နေတာမျိုး လုံးဝမရှိဘူး!

လင်းလန် ကလဲကျလုနီးပါး ဖြစ်သွားခဲ့သည်။ မူလဇာတ်ကြောင်းလို ဖြစ်နေရင်တောင် သူမ စတင်သံသယဝင်လာပြီး သူမ ပြန်မမွေးဖွားလာရင် ဒါတွေအားလုံးက အိပ်မက်ပဲ ဖြစ်နေလိမ့်မယ်…

ထိုအချိန်တွင် သူက သူမအား မေးခဲ့သည်။ “မင်း ငါ့အင်တာဗျူးကို မမြင်ခဲ့ဘူးလား?”

လင်းလျန် ကချက်ချင်း မှတ်မိသွားခဲ့သည်။

အခုချိန်တွင် ဇောင်ယုဟွမ် ကြောင့်ပဲ သူ့တွင် အရာအားလုံး ရှိလာတယ်ဆိုတာကို တွန့်ဆုတ်ခြင်းမရှိပဲ လူထု့ရှေ့ ထုတ်ပြောခဲ့သည်။ သူက သူ့နှလုံးသားကို တိုက်ရိုက်ဖွင့်ပြလိုက်ပြီး မသဲကွဲပေမဲ့ သတ္တိရှိရှိဖြင့် သူ့အချစ်နဲ့ သူမနဲ့ခွဲမနေချင်တာကို လူတိုင်းကို သိအောင်လုပ်ခဲ့သည်။

လင်းလန် ကသူမနှုတ်ခမ်းတွေကို တင်းကြပ်စွာ စေ့လိုက်သည်။

လူတိုင်းကို မသိစေချင်ဘူးလား?

ဒါဆို သူတို့ကို သိခွင့်ပြုလိုက်!

သူတို့အားလုံးကို သိခွင့်ပြုလိုက်!

ဇောင်ယုဟွမ် ကဆက်ပြောလိုက်သည်။ “အဆင်မပြေရင် ဂျင်းယွမ် အခုချက်ချင်း အိမ်ပြန်လို့ရတယ်။
အစ်ကိုဝေ့ က ဂျင်းယွမ် ရဲ့အလုပ်တွေအားလုံးကို နောက်ဆုတ်ပေးထားလိမ့်မယ်”

လီဂျင်းယွမ် ကခေါင်းခါလိုက်သည်။ “ထွက်ပြေးနေတာက အသုံးမဝင်ဘူး”

အွန်လိုင်းပေါ်က အခြေအနေကို ရည်ညွှန်းနေတာတင် မဟုတ်ပဲ သူ့နှလုံးသားထဲက အတွေးတွေကိုပါ ပြောနေခြင်း ဖြစ်သည်။

သူ့တွင် လုံးဝထိန်းချုပ်နိုင်တဲ့ အခြေအနေကို ရောက်ချိန်မှာ သူမကို အရာအားလုံး ထုတ်ပြောလိုက်မယ်လို့ ဝေ့ကျဲ ကိုသူပြောခဲ့သည်။

သို့သော် အခုတော့ ထိုစကားကို ပြန်စားသုံးလိုက်ဖို့ကိုသာ ဆန္ဒရှိနေခဲ့သည်။

အခုတော့ သူ့အစီစဉ်က လုံးဝပြည့်စုံတဲ့အထိ စောင့်နေခဲ့တဲ့ သူ့ကိုယ်သူ ပြန်ထုတ်ပယ်ချင်နေသည်။

သူ ထပ်ပြီးမစောင့်နိုင်တော့ဘူး!

အဆုံးဆိုးအရာက အကောင်းဆုံး အခွင့်အရေး ဖြစ်လာနိုင်တာပဲ!

ဟုန်ချန်းမင်း ကသူ့ကိုယ်သူ ထုတ်ပြခဲ့လို သူလည်း ဆက်ပြီးဖုံးကွယ် မထားနိုင်တော့ဘူး။

ရလဒ်က ဘာပဲဖြစ်ဖြစ်… သူသေရင်တောင် နောင်တမရပဲနဲ့ သေချင်မိသည်။

လီဂျင်းယွမ် ကထ,ရပ်လိုက်ပြီး ဇောင်ယုဟွမ် ရဲ့လက်ကို ကိုင်လိုက်သည်။

ဇောင်ယုဟွမ် ကလန့်သွားပြီး သူ့လက်ကို ရှောင်ဖို့လုပ်လိုက်သည်။

သို့သော် လီဂျင်းယွမ် ကထူးဆန်းစွာဖြင့် ဇောင်ယုဟွမ် ရဲ့လက်ကို ဆွဲလိုက်ပြီး အသံတိုးလေးနဲ့ ပြောလိုက်သည်။ “ကိုယ် မင်းကို မြင်‌ေစချင်တယ်”

မြင်‌ေစချင်တယ်၊ ဘာကို?

ဇောင်ယုဟွမ် ကစိတ်ရှုပ်ထွေးသွားပြီး ရုန်းကန်ဖို့ လုပ်လိုက်ပေမဲ့ လီဂျင်းယွမ် ဆီမှမလွတ်မြောက်နိုင်ပေ။

3.10.2021(Sun)
……………………..

Zawgyi

‘အ႐ွိန္ျမင့္’ ပထမပိုင္းကို ထုတ္လႊင့္ၿပီးသည္ႏွင့္ အင္တာနက္တြင္ လီဂ်င္းယြမ္ ကဂ်င္းဟြာအုပ္စုမွ သခင္ေလးျဖစ္ေၾကာင္း သတင္းက ေပါက္ကြဲထြက္လာခဲ့သည္။

႐ုတ္တရက္ တစ္စုံတစ္ေယာက္က ပုံမ်ားစြာျဖင့္ ‘လီဂ်င္းယြမ္ က ေဇာင္ယုဟြမ္ အေပၚထုတ္မေျပာႏိုင္တဲ့ ရည္႐ြယ္ခ်က္ေတြ အမ်ားႀကီး႐ွိတယ္။ တကယ့္ေမာင္ႏွမရင္း ႐ိုမန္႔အခ်စ္၊ ဒီအတြဲကို တကယ္႐ွစ္ရဲၾကလား’ ဆိုသည့္ ေခါင္းစဥ္႐ွည္ႀကီးကို ေရးခဲ့သည္။

ပုံေတြကေတာ့ ‘အခ်ိန္ခရီးသြားျခင္း’တည္းက လီဂ်င္းယြမ္ က ေဇာင္ယုဟြမ္ အားရင္းႏွီးမႈျပသည့္ အေသးစိတ္အခ်က္ကို ထုတ္ျပထားခဲ့သည္။

“…အတြဲဖန္ေတြက ဒါကို ခ်ိဳၿမိန္တယ္လို႔ ထင္ၾကေပမဲ့ ဒါက တကယ့္အရာပဲ။ ဒါေပမဲ့ ေသခ်ာစဥ္းစားၾကည့္ရေအာင္။ သူတို႔က အတူတူႀကီးျပင္းလာၿပီး တကယ့္ေမာင္ေလး၊ အစ္မဆက္ဆံေရးဆို ဖယ္ထုတ္ပစ္လို႔ မရဘူး။ အို၊ ဒါက ပိုၿပီးေတာ့ေတာင္ စိတ္ဝင္စားဖို႔ ေကာင္းလာေသးတယ္။ လီဂ်င္းယြမ္ က ေဇာင္ယုဟြမ္ အေၾကာင္း NSFW ကိုတိတ္တဆိတ္ ခ်ဳပ္ကိုင္ထားၿပီး သူမနားခ်ည္းကပ္တဲ့ လူတိုင္းကို တားဆီးဖို႔ အရာအားလုံးကို လုပ္ခဲ့တယ္။ အဲ့အထဲမွာ ဝမ္ေယာင္ခ်န္း လည္းပါတယ္… လီဂ်င္းယြမ္ ထြက္မသြားခင္ သူက ဝမ္ေယာင္ခ်န္း ကိုခက္ခဲေအာင္ မၾကာခဏ လုပ္ခဲ့တယ္။ တစ္ခ်ိဳ႕လူေတြက ေျပာလိမ့္မယ္။ ‘ေဖ်ာ္ေျဖေရးေလာကက ဝမ္ေယာင္ခ်န္း ရဲ႕ေနရာက ဘာလိုမ်ိဳးလဲ? ေနာက္ၿပီး လီဂ်င္းယြမ္ ကေကာ? လီဂ်င္းယြမ္ ကသူ႕ကို ခက္ခဲေအာင္လုပ္တာ ဘယ္လိုျဖစ္ႏိုင္မွာလဲ? ဝမ္ေယာင္ခ်န္း ကသူ႕ကို မေၾကာက္ရင္ေတာင္ ဒင္မိသားစုကိုေတာ့ ေၾကာက္ရလိမ့္မယ္၊ မဟုတ္ဘူးလား? ေနာက္ၿပီး ေဇာင္မိသားစု? ဟုန္ခ်န္းမင္း?… သူတို႔ႏိုင္ငံျခားမွာတုန္းက ဝမ္ေယာင္ခ်န္း ကဆူပူေနခ်ိန္မွာ ေသေအာင္အ႐ိုက္ခံရလုနီးပါးပဲ။ အခုေတာ့ အစ္ကိုေလးလီက သူ႕အစ္မကို ကာကြယ္ေပးေနတာက ဒီေမာင္ႏွမအခ်စ္၊ ေကာင္းေကာင္းမြန္မြန္ ႐ွစ္ေပးႏိုင္တဲ့ အတြဲလို႔ထင္ေသးလား? မႏွစ္ၿမိဳ႕သလို ခံစားရဘူးလား…?”

ထိုလူက ေနာက္ထပ္ေမးခြန္းနဲ႔ အဆုံးသတ္ထားခဲ့သည္။ “ဒီလိုလူတစ္ေယာက္က ႏိုင္ငံတကာ TV နဲ႔ေရဒီဌာနက မဘမ္းဘူးဆိုတည္းက သူတို႔က ဘာေတြေစာင့္ေနၾကတာလဲ?”

ေဇာင္ယုဟြမ္ ကေခါင္းစဥ္တစ္ခုလုံးကို အျမန္ဆုံးေအာင္ ဖတ္လိုက္သည္။

သူမရင္ဘတ္က ႐ုတ္တရက္ တစ္ခုခုနဲ႔ တားဆီးခံလိုက္ရသလို ျဖစ္သြားခဲ့သည္။

သူမဦးေႏွာက္က ေဒါသေတြနဲ႔ ေလာင္ကြၽမ္းလာခဲ့သည္။

ႏိႈင္းယွဥ္ရရင္ လီဂ်င္းယြ္ ရဲ႕အျပဳအမူေတြက သူမအား ေဒါသမထြက္ေစေပ။

သူမ စိတ္ဆိုးေနတာက ေနာက္ကြယ္ကေန စိတ္ဝမ္းကြဲေစဖို႔ မ်ိဳးေစ့ႀကဲေနသည့္လူ၊ လီဂ်င္းယြမ္ ကိုအ႐ွက္ရေအာင္ လုပ္ေနတဲ့လူကိုပဲ!

ခဏအၾကာ…

မိတ္ကပ္ခန္းမွတံခါးက တင္းၾကပ္စြာ ပိတ္သြားခဲ့သည္။
ဝန္ထမ္းေတြက တံခါးကို ျဖတ္သြားခဲ့ၾကသည္။ သူတို႔က အခ်ိန္တိုင္း တစ္ေယာက္နဲ႔ တစ္ေယာက္ တီးတိုးေျပာေနၾကၿပီး တံခါးကေန ေခ်ာင္းၾကည့္လိုက္ၾကကာ အထဲကျဖစ္ေနတာကို သိခ်င္ေနၾကသည္။

အထဲတြင္

လီဂ်င္းယြမ္ ကထိုင္ေနၿပီး အနားယူႏိုင္ရန္ ေရေႏြးေငြ႕မ်က္လုံးကာကို ဝတ္ထားခဲ့သည္။

ေဝ့က်ဲ ကအနားတြင္ ထိုင္ေနၿပီး ေမးလိုက္သည္။ “… အရာအားလုံးက တကယ္ပဲ အဆင္ေျပရဲ႕လား?”

“အဆင္ေျပတယ္” လီဂ်င္းယြမ္ ရဲ႕အသံက တည္ၿငိမ္ေနသည္။

အခ်ိန္ၾကာၿပီးေနာက္ ေဝ့က်ဲ က လီဂ်င္းယြမ္ ရဲ႕သက္ျပင္းခ်သံကို ၾကားလိုက္ရသည္။

“အဲ့ဒါကို ဟြမ္ဟြမ္ ျမင္သြားရင္ ကြၽန္ေတာ္ ဘာလုပ္သင့္လဲ?”

ေဝ့က်ဲ ကမ်က္လုံးျပဴးသြားခဲ့သည္။ “ဘာလုပ္မွာ?”

လီဂ်င္းယြမ္ ကတိတ္ေနၿပီး သူ႕အေတြးထဲ နစ္သြားၿပီးေနာက္ ျပန္ေျဖလိုက္သည္။ “ျဖစ္ပ်က္သြားတာက အရမ္းျမန္လြန္းတယ္။ ဒါက ကြၽန္ေတာ့္အစီစဥ္ကို အေႏွာက္အယွက္ျဖစ္ေစတယ္”

ေဝ့က်ဲ ကသိခ်င္စိတ္ျပင္းျပသြားခဲ့သည္။ လီဂ်င္းယြမ္ ရဲ႕စိတ္ထဲတြင္ ဘာေတြေတြးေနလဲဆိုတာ သူတကယ္ပဲ သိခ်င္ေနတာေၾကာင့္ ေမးလိုက္သည္။ “ဒါဆို မစၥတာလီ ရဲ႕အစက အစီစဥ္က ဘာမ်ားလဲ?”

“တျဖည္းျဖည္း တစ္လွမ္းခ်င္းလွမ္းၿပီး အကုန္လုံးကို ကြၽန္ေတာ္ ထိန္းခ်ဳပ္ႏိုင္တဲ့အထိ။ ၿပီးမွ ဟြမ္ဟြမ္ သိေအာင္လို႔ ႐ိုးသားမႈကို ထုတ္ျပမယ္။ ဒါေပမဲ့ အခုေတာ့… ဒါက အရမ္းအႏၲရာယ္မ်ားလြန္းတယ္” လီဂ်င္းယြမ္ ကသူ႕မ်က္လုံးကာကို ခြၽတ္လိုက္သည္။ သူ႕မ်က္လုံးေအာက္တြင္ အနက္ေရာင္အဝိုင္းက ႐ွိေနၿပီး ေကာင္းေကာင္း အနားမယူရတာက သိသာေနသည္။

ေဝ့က်ဲ ကသူ႕အား ထိုအေၾကာင္းနဲ႔ ပတ္သက္ၿပီး အျပစ္တင္တာမ်ိဳး၊ ႏွစ္သိမ့္ေပးတာမ်ိဳးေတြ ေျပာႏိုင္ဖို႔အတြက္ ဘာစကားလုံးမွ ႐ွာမေတြ႕ႏိုင္ေပ။

သူက အကူအညီမဲ့စြာျဖင့္သာ ေျပာႏိုင္သည္။ “မစၥတာလီ ကတကယ္ပဲ မစၥေဇာင္ ကိုသေဘာက်တာလား? သူမနဲ႔ အတူ႐ွိခ်င္တာလား?”

လီဂ်င္းယြမ္ ကသူ႕အား ျပန္ၾကည့္လိုက္သည္။ “အစ္ကိုေဝ့ ကဘယ္လိုထင္လို႔လဲ?”

ေဝ့က်ဲ ကသူ႕ပါးစပ္ကို ဟ,လိုက္ေပမဲ့ ဘာစကားမွ ထြက္မလာခဲ့ေပ။

လီဂ်င္းယြမ္ ကရယ္လိုက္ၿပီးေနာက္ ေဝ့က်ဲ ရဲ႕ေမးခြန္းအား ျပန္ေျဖလိုက္သည္။ “ကြၽန္ေတာ့္မွာ ဒီအေတြးေတြ ႐ွိေနခဲ့တာ အဂၤလန္မွာ ႐ွိခ်ိန္တည္းကပဲ။ ကြၽန္ေတာ့္စိတ္ထဲမွာ သူမနဲ႔ဒိတ္ခ်င္တဲ့ အေတြးေတြနဲ႔ ျပည့္ေနတာ၊ ဟုန္ခ်န္းမင္း ထက္ေတာင္ ပိုေစာေသးတယ္! အဲ့ခံစားခ်က္ေတြကို ကြၽန္ေတာ္ ေကာင္းေကာင္း ဖုန္းကြယ္ထားႏိုင္လို႔ ဘယ္သူ႕မွ ႐ွာမေတြ႕ခဲ့တာ။ ကြၽန္ေတာ္ အလ်င္စလို လုပ္လို႔မရဘူးဆိုတာလည္း ကြၽန္ေတာ္သိတယ္။ ကြၽန္ေတာ္ ဘာကိုမွ အလ်င္စလို လုပ္လို႔မရႏိုင္ဘူး။ ဒါ့ေၾကာင့္ ကြၽန္ေတာ္ ေစာင့္ေနခဲ့တာ။ ဝမ္ေယာင္ခ်န္း သာေပၚမလာခဲ့ရင္…” လီဂ်င္းယြမ္ ကခဏရပ္လိုက္သည္။ “ဝမ္ေယာင္ခ်န္း သာေပၚမလာခဲ့ရင္ ကြၽန္ေတာ့္ခံစားခ်က္ေတြကို နည္းနည္းေလာက္ ပိုၿပီးထိန္းခ်ဳပ္ႏိုင္ႏိုင္ဦးမွာ”

ေဝ့က်ဲ ကေျပာစရာမဲ့သြားခဲ့သည္။

သူ အခု ဘာၾကားလိုက္တာလဲ?

ေနာက္ၿပီး ႐ုတ္တရက္ ဘာေၾကာင့္ မစၥတာဟုန္ ကပါလာရတာလဲ?

“ကြၽန္ေတာ္ သူမကို ဖမ္းမိခ်င္တယ္” လီဂ်င္းယြမ္ ကအသံတိုးေလးနဲ႔ ေျပာလိုက္သည္။ သူေျပာလိုက္ရင္း မထိန္းခ်ဳပ္ႏိုင္ပဲ ရယ္လိုက္သည္။ “ဒါေပမဲ့ တကယ္ပဲ ခက္ခဲတယ္”

မိဘမဲ့ေဂဟာမွာတုန္းက သူ႕ေန႔ရက္ေတြက ဟုန္ခ်န္းမင္း ထက္စာရင္ နည္းနည္းေတာ့ ပိုေကာင္းသည္။

သူလိုခ်င္တာရဖို႔အတြက္ ဘယ္လိုယူရမလဲဆိုတာကို သူကြၽမ္းက်င္သည္။ ထိုအရာကို ဘယ္သူ႕မွမသင္ေပးပဲ နားလည္ေနသလိုမ်ိဳးပင္။ သို႔ေသာ္ သူ လီ႐ုံ နဲ႔ေတြ႕ခ်ိန္တြင္ လီမိသားစုလို သူ႕ေသြးေတြက စီးဆင္းေနတာလို႔ ခံစားရေစသည္။ လီ႐ုံ ကိုသူသေဘာမက်ေသာ္လည္း သူ႕ဆီမွရ႐ွိသည့္ အေမြေတြကေတာ့ အေတာ္ေလးကို အသုံးဝင္သည္။

ေဝ့က်ဲ ကတုံ႔ဆိုင္းဆိုင္းနဲ႔သာ ေျပာလိုက္သည္။ “ဒါ…ဒါဆို မစၥတာလီ အေကာင္းဆုံး လုပ္ႏိုင္ဖို႔သာ ဆုေတာင္းေပးပါတယ္”

ထို႔ေနာက္တြင္ ဒီစကားေတြက လိုအပ္ေနေသးသလို ခံစားလိုက္ရၿပီး ထပ္ေပါင္းေျပာလိုက္သည္။ “ေနာက္ၿပီး မစၥတာလီရဲ႕ဆႏၵေတြ လုံးဝျပည့္မွာပါ”

ထိုစကားကို ေျပာလိုက္ရင္း တစ္ေယာက္ေယာက္က တံခါးေခါက္လာခဲ့သည္။

ေဝ့က်ဲ ကထ,လိုက္သည္။ “မိတ္ကပ္ပညာ႐ွင္ ျဖစ္လိမ့္မယ္။ သူတို႔ဘာပဲေျပာေျပာ အာ႐ုံမစိုက္နဲ႔”

“အင္း”

ေဝ့က်ဲ က လီဂ်င္းယြမ္ ကိုျပန္လွည့္ၾကည့္လိုက္ၿပီး စဥ္စားလိုက္သည္။ ‘ငါ့အသိေပးခ်က္ကို သူလိုလို႔လား? အခက္အခဲေတြနဲ႔ ရင္ဆိုင္ခ်ိန္မွာ သူက အတည္ၿငိမ္ဆုံးလူပဲကို’

ေဝ့က်ဲ ကတံခါးဖြင့္လိုက္ခ်ိန္တြင္ နည္းနည္းရင္းႏွီးေနသည့္ အမ်ိဳးသမီးငယ္ေလးကို ျမင္လိုက္ရသည္။

အမ်ိဳးသမီးက ေဝ့က်ဲ သူမကို ႏႈတ္ဆက္လာမယ္လို႔ မထင္ထားပဲ ခဏရပ္ၿပီးေနာက္ ေျပာလိုက္သည္။ “ကြၽန္မ အစ္ကိုလီ ကိုလာ႐ွာတာ”

“သူနဲ႔ေဆြးေႏြးဖို႔ တစ္ခုခု႐ွိလို႔လား?”

“ကြၽန္မ… ကြၽန္မ ဝဘ္ဆိုဒ္က သတင္းေတြကို ျမင္လိုက္လို႔…” အမ်ိဳးသမီးက ရပ္လိုက္ၿပီး ႏူးညံ့စြာေျပာလိုက္သည္။ “ကြၽန္မ သူ႕ကိုမ်ား တစ္ခုခု ကူညီေပးႏိုင္မလားလို႔ အစ္ကိုလီ ကိုလာေမးတာ”

ေဝ့က်ဲ ရဲ႕အမူအရာက ခ်က္ခ်င္းပင္ ေႏြးေထြးသြားသည္။

ေရတြင္းထဲကို ေက်ာက္တုံးေတြ ပစ္ခ်မဲ့လူေတြ ေရာက္မလာေသးဘူးလို႔ ေတြးလိုက္သည္။

သူ႕ခံစားခ်က္က ပိုေကာင္းသြားတာေၾကာင့္ သူမကို ဝင္ခြင့္ျပဳလိုက္သည္။

လီဂ်င္းယြမ္ ကလွည့္ၾကည့္လိုက္ေပမဲ့ ခ်က္ခ်င္း မ်က္ေမွာင္ၾကဳတ္သြားသည္။

သူ႕မွတ္ဉာဏ္က ေကာင္းတာေၾကာင့္ ဒါက လင္းလန္ ဆိုတာကို သူမွတ္မိသည္။

“အစ္ကိုလီ၊ အဆင္ေျပလား?” လင္းလန္ ကေမးလိုက္သည္။ သူမအမူအရာမွ လီဂ်င္းယြမ္ အတြက္ စိုးရိမ္ေနတာကို ျမင္ႏိုင္သည္။

လီဂ်င္းယြမ္ ကေအးစက္စြာျဖင့္ သူမကို ၾကည့္လိုက္သည္။

ထိုအခ်ိန္တြင္ ေဝ့က်ဲ ရဲ႕ဖုန္းက ႐ုတ္တရက္ ျမည္လာခဲ့သည္။ သူက ခ်က္ခ်င္းပင္ ကိုင္လိုက္ကာ ေက်နပ္အံ့ဩေနသည့္ အမူအရာက ေပၚလာခဲ့သည္။ “အင္း၊ အင္း၊ လာႀကိဳဖို႔ ကြၽန္ေတာ္ လက္ေထာက္ကို ပို႔ေပးလိုက္မယ္။ အိုေက၊ အလ်င္လိုဖို႔ မလိုပါဘူး…”

ေဝ့က်ဲ ကဖုန္းခ်လိုက္ၿပီးေနာက္ လီဂ်င္းယြမ္ ဘက္ကိုလွည့္လိုက္သည္။ “မစၥေဇာင္ လာေနၿပီ”

ဒီမစၥေဇာင္ ကတျခားဘယ္သူ ႐ွိဦးမွာလဲ?

လင္းလန္ ကအံႀကိတ္လိုက္သည္။

ေဇာင္ယုဟြမ္ ပဲ။

တူရကီတြင္ အႏၲရာယ္ၾကဳံေတြ႕ခ်ိန္က ေဇာင္ယုဟြမ္ အားသူတို႔ဘယ္လို ဂ႐ုစိုက္ေပးခဲ့ၾကလဲဆိုတာကို သူမ ခ်က္ခ်င္း အမွတ္ရသြားသည္။

ဒါဆို လင္းလန္ ကဘယ္လိုဇာတ္လိုက္မမ်ိဳးလဲ?

သူမရဲ႕ဇာတ္လိုက္ အ႐ွိန္အဝါေတြကို ေဇာင္ယုဟြမ္ ကခိုးသြားခဲ့တာ!

မၾကာခင္တြင္ ေဇာင္ယုဟြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔က မိတ္ကပ္ခန္းေ႐ွ႕ကို ေရာက္လာခဲ့ၾကသည္။ သူတို႔လမ္းတြင္ ဝန္ထမ္းအမ်ားစုက သူတို႔ကိုျမင္လိုက္ၿပီး လီဂ်င္းယြမ္ အေၾကာင္းကို သူ႕မိသားစုေ႐ွ႕တြင္ ေျပာရမွာေၾကာက္တာေၾကာင့္ အတင္းေျပာေနတာကို ရပ္လိုက္ၾကသည္။

ေဇာင္ယုဟြမ္ ကတံခါးကို တြန္းဖြင့္လိုက္ၿပီး ဝင္ဖို႔လုပ္လိုက္ေပမဲ့ ပထမဆုံး သူမ ျမင္လိုက္သည့္အရာက လင္းလန္ ပင္။ ေဇာင္ယုဟြမ္ ကခ်က္ခ်င္းပင္ ေအးခဲသြားသည္။

သို႔ေသာ္ လင္းလန္ ကသူမကို ျပဳံးျပၿပီး သူတို႔ၾကားမွ ထူးဆန္းေနမႈအား လ်စ္လ်ဴ႐ႈကာ ႏႈတ္ဆက္လိုကသ္ည္။ “ဟယ္လို၊ မစၥေဇာင္”

အဆင္မေျပမႈအား ေဇာင္ယုဟြမ္ ခံစားလိုက္ရသည္။

တစ္ေန႔မွာ လူေတြရဲ႕ႏွလုံးသားက ဘယ္လိုေျပာင္းလဲသြားမယ္ဆိုတာကို ဟုန္ခ်န္းမင္း အားေျပာ႐ုံ႐ွိေသး၊ အခုၾကည့္ေလ! ဒီမွာ! မူလဇာတ္လိုက္မက ဒီမွာေလ! သူမက လီဂ်င္းယြမ္ ရဲ႕ေနာက္တစ္ျခမ္းေလ။ မူလဇာတ္ေၾကာင္းက ဘယ္ေလာက္အထိ သန္မာေနေသးလဲဆိုတာကို ေဇာင္ယုဟြမ္ မသိေပ…

မူလဇာတ္ေၾကာင္းရဲ႕ ထိန္းခ်ဳပ္မႈေအာက္တြင္ ဇာတ္ေကာင္ေတြက ဘယ္လို႐ွိေနဦးမလဲဆိုတာကို ေတြးလိုက္ၿပီး ေဇာင္ယုဟြမ္ မေပ်ာ္မ႐ႊင္ ျဖစ္သြားခဲ့သည္။

ထို႔ေၾကာင့္ ေဇာင္ယုဟြမ္ ကသူမကိုယ္သူမ မွားယြင္းသြားေအာင္ မလုပ္ပဲနဲ႔ လင္းလန္ ကိုလ်စ္လ်ဴ႐ႈလိုက္ၿပီး လီဂ်င္းယြမ္ ကိုသာ တိုက္႐ိုက္စကားေျပာလိုက္သည္။

“ဂ်င္းယြမ္ အဆင္ေျပရဲ႕လား?” ေဇာင္ယုဟြမ္ ကေမးလိုက္သည္။

လီဂ်င္းယြမ္ ကေခါင္းေမာ့လိုက္ၿပီး သူမအား ၾကည့္လိုက္ၿပီးေနာက္ သူမေနာက္မွ ဟုန္ခ်န္းမင္း ကိုၾကည့္လိုက္သည္။ လီဂ်င္းယြမ္ ရဲ႕အမူအရာက ခ်က္ခ်င္း ေျပာင္းလဲသြားခဲ့သည္။

သူက အရမ္းကို စိတ္ထိခိုက္လြယ္သည္။ သူ ေဇာင္ယုဟြမ္ ကိုျမင္လိုက္ခ်ိန္တြင္ တစ္ခုခုအား ခ်က္ခ်င္း သတိျပဳမိသြားခဲ့သည္…

တစ္စုံတစ္ေယာက္က သူ႕ႏႈတ္ခမ္းနဲ႔ သူမႏႈတ္ခမ္းအား ျပင္းျပင္းထန္ထန္ အလႊတ္မေပးထားသလိုမ်ိဳး သူမႏႈတ္ခမ္းက နီရဲေနကာ ေဖာင္းေနသည္။ ဒါက ေဖ်ာ့ေတာ့ေပမဲ့ သူမအသားအရည္က ျဖဴလြန္းတာေၾကာင့္ ပိုၿပီးေတာ့ သိသာေနသည္။ တျခားလူေတြက ခ်က္ခ်င္း သတိမျပဳမိႏိုင္ေပမဲ့ သူက ေသခ်ာေပါက္သတိျပဳမိတယ္!

သူမကို တျခားတစ္ေယာက္က နမ္းလိုက္တာ မျဖစ္ႏိုင္ဘူး။

ဒါက တျခားသူဆိုရင္ ဟုန္ခ်န္းမင္း ရဲ႕လက္႐ွိ မ်က္ႏွာေပၚက အမူအရာမ်ိဳး သူ႕ဆီမွာ ႐ွိေနမွာ မဟုတ္ဘူး။

ထို႔ေၾကာင့္ အေျဖက အရမ္းကို႐ွင္းလင္းေနသည္…

လီဂ်င္းယြမ္ က ဟုန္ခ်န္းမင္း ကိုၾကည့္လိုက္သည္။ သူတို႔က အၾကည့္ခ်င္းဆုံသြားၾကၿပီးေနာက္ အလ်င္အျမန္ပင္ အၾကည့္လႊဲလိုက္ၾကသည္။

လီဂ်င္းယြမ္ ရဲ႕ႏွလုံးသားက နာက်င္သြားခဲ့သည္။

ဘာေတြမွားခဲ့လဲဆိုတာ သူမသိဘူး…

ဒါက ႐ုတ္တရက္ထြက္လာတဲ့ သတင္းေတြေၾကာင့္လား?

လီဂ်င္းယြမ္ ကသူ႕မ်က္လုံးကို မွိတ္လိုက္ၿပီး စိတ္ဓာတ္က်ေနသည့္ အမူအရာက ျပလိုက္သည္။ “သိပ္အဆင္မေျပဘူး” ထိုစကားကို ေျပာၿပီးေနာက္ ခဏေလာက္ ရပ္လိုက္ၿပီးေနာက္ ထပ္ေျပာလိုက္သည္။ “ဟြမ္ဟြမ္၊ ကိုယ္ အဆင္မေျပဘူး” ဒါက သူ႕အား အရင္ကထက္ ပိုၿပီးေတာ့ေတာင္ သနားဖို႔ေကာင္းသြားေစသည္။

“ဂ်င္းယြမ္ ကိုမေက်နပ္တဲ့သူေတြ႐ွိလား?” ေဇာင္ယုဟြမ္ ကေမးလိုက္သည္။

လီဂ်င္းယြမ္ ကေခါင္းခါလိုက္သည္။

ေဇာင္ယုဟြမ္ ကမ်က္ေမွာင္ၾကဳတ္လိုက္ၿပီး “ဝမ္ေယာင္ခ်န္း ကပါးနပ္တဲ့သူပဲ။ ေတြးၾကည့္ရင္ ဒီလိုမ်ိဳးေတြကို သူလုပ္မွာမဟုတ္ေလာက္ဘူး”

လီဂ်င္းယြမ္ ကေျပာလိုက္သည္။ “ဘယ္သူသိမွာလဲ၊ ကိုယ္တို႔က သူ႕အျပင္ပိုင္းကိုပဲ သိၾကတာေလ၊ သူ႕စိတ္ကို သိတာမွမဟုတ္တာ” ထိုအရာျဖင့္ သူက သက္ျပင္းထပ္ခ်လိုက္ၿပီး သူ႕မ်က္ခုံးၾကားက အကြာအေဝးက နည္းနည္းပိုစိုးရိမ္ေနတာကို ထုတ္ျပေနခဲ့သည္။ သူ႕တြင္ ခန္႔ညားသည့္ မ်က္ႏွာ႐ွိေနကာ စိုးရိမ္မႈကို ထုတ္ျပေနတာေတာင္ သူ႕အား ပိုၿပီးေတာ့ ဆြဲေဆာင္မႈ႐ွိသြားေစသည္။

သူ႕ေနာက္မွ လင္းလန္ က႐ုတ္တရက္ ေခါင္းေမာ့လိုက္ၿပီး သူမအၾကည့္ေတြနဲ႔ ေဇာင္ယုဟြမ္ အားအေပါက္ထဲ ႐ိုက္ခ်ေနခဲ့သည္။

သို႔ေသာ္ ဘယ္သူမွ သတိမျပဳမိၾကေပ။

လင္းလန္ ကမထိန္းခ်ဳပ္ႏိုင္စြာျဖင့္ လီဂ်င္းယြမ္ အားသူမက သူ႕ဖန္ျဖစ္ေၾကာင္း အႀကိမ္ႀကိမ္ ထုတ္ေျပာခဲ့ၿပီး သူ႕ဝါသနာအားလုံးကို သိေနေၾကာင္း ဝန္ခံခ်ိန္ကို ျပန္ေတြးလိုက္သည္။

“အစ္ကိုလီ ႏိုင္ငံျခားမွာတုန္းက catwalk ေလွ်ာက္တာကို ကြၽန္မျမင္ခဲ့တယ္၊ ႐ွင္က တေယာလည္း တီးတက္တယ္၊ fence လည္းရတယ္၊ လက္ဖက္ရည္လည္း သေဘာက်တယ္။ ႐ွင့္သီခ်င္းေတြ အကုန္လုံးကို ကြၽန္မ နားေထာင္ခဲ့တယ္၊ ကြၽန္မတို႔ အတူတူ ႐ိုက္ကူးခ်ိန္တုန္းက ေနဝင္ခ်ိန္မွာ ႐ွင္ျမင္းစီးေနတဲ့ ေနာက္ေက်ာကိုပဲ ၾကည့္ေနခဲ့တာ”

သို႔ေသာ္ သူက ဂ႐ုမစိုက္စြာျဖင့္ တိတ္ဆိတ္ေနခဲ့သည္။

သူက သူမစကားေျပာလို႔ ၿပီးမဲ့အခ်ိန္ကိုသာ တိတ္ဆိတ္စြာ ေစာင့္ေနၿပီးေနာက္ မ်က္ခုံးပင့္ကာ TV ေပၚ႐ွိ အမူအရာနဲ႔ ဆန္႔က်င္သည့္ အမူအရာကို ထုတ္ျပေနၿပီး သူက ပိုၿပီးမာနေထာင္လႊားေနကာ ေအးစက္စြာျဖင့္ ေျပာလိုက္သည္။ “အို တကယ္လား? ဒါေပမဲ့ ဒါေတြက… ေဇာင္ယုဟြမ္ အတြက္ႀကီးပဲ”

မွားေနတယ္!

ဒါေတြအားလုံးက မွားေနတယ္!

လင္းလန္ ကအရမ္းေဒါသထြက္ေနတာေၾကာင့္ သူမဆံပင္ကိုေတာင္ ဆြဲပစ္လိုက္ခ်င္ေနသည္။

မူလဇာတ္ေၾကာင္းတြင္ ဇာတ္လိုက္က ေဇာင္ယုဟြမ္ ဆီမွာ အေႂကြးတင္ေနတာမ်ိဳး လုံးဝမ႐ွိဘူး!

လင္းလန္ ကလဲက်လုနီးပါး ျဖစ္သြားခဲ့သည္။ မူလဇာတ္ေၾကာင္းလို ျဖစ္ေနရင္ေတာင္ သူမ စတင္သံသယဝင္လာၿပီး သူမ ျပန္မေမြးဖြားလာရင္ ဒါေတြအားလုံးက အိပ္မက္ပဲ ျဖစ္ေနလိမ့္မယ္…

ထိုအခ်ိန္တြင္ သူက သူမအား ေမးခဲ့သည္။ “မင္း ငါ့အင္တာဗ်ဴးကို မျမင္ခဲ့ဘူးလား?”

လင္းလ်န္ ကခ်က္ခ်င္း မွတ္မိသြားခဲ့သည္။

အခုခ်ိန္တြင္ ေဇာင္ယုဟြမ္ ေၾကာင့္ပဲ သူ႕တြင္ အရာအားလုံး ႐ွိလာတယ္ဆိုတာကို တြန္႔ဆုတ္ျခင္းမ႐ွိပဲ လူထု႔ေ႐ွ႕ ထုတ္ေျပာခဲ့သည္။ သူက သူ႕ႏွလုံးသားကို တိုက္႐ိုက္ဖြင့္ျပလိုက္ၿပီး မသဲကြဲေပမဲ့ သတၱိ႐ွိ႐ွိျဖင့္ သူ႕အခ်စ္နဲ႔ သူမနဲ႔ခြဲမေနခ်င္တာကို လူတိုင္းကို သိေအာင္လုပ္ခဲ့သည္။

လင္းလန္ ကသူမႏႈတ္ခမ္းေတြကို တင္းၾကပ္စြာ ေစ့လိုက္သည္။

လူတိုင္းကို မသိေစခ်င္ဘူးလား?

ဒါဆို သူတို႔ကို သိခြင့္ျပဳလိုက္!

သူတို႔အားလုံးကို သိခြင့္ျပဳလိုက္!

ေဇာင္ယုဟြမ္ ကဆက္ေျပာလိုက္သည္။ “အဆင္မေျပရင္ ဂ်င္းယြမ္ အခုခ်က္ခ်င္း အိမ္ျပန္လို႔ရတယ္။
အစ္ကိုေဝ့ က ဂ်င္းယြမ္ ရဲ႕အလုပ္ေတြအားလုံးကို ေနာက္ဆုတ္ေပးထားလိမ့္မယ္”

လီဂ်င္းယြမ္ ကေခါင္းခါလိုက္သည္။ “ထြက္ေျပးေနတာက အသုံးမဝင္ဘူး”

အြန္လိုင္းေပၚက အေျခအေနကို ရည္ၫႊန္းေနတာတင္ မဟုတ္ပဲ သူ႕ႏွလုံးသားထဲက အေတြးေတြကိုပါ ေျပာေနျခင္း ျဖစ္သည္။

သူ႕တြင္ လုံးဝထိန္းခ်ဳပ္ႏိုင္တဲ့ အေျခအေနကို ေရာက္ခ်ိန္မွာ သူမကို အရာအားလုံး ထုတ္ေျပာလိုက္မယ္လို႔ ေဝ့က်ဲ ကိုသူေျပာခဲ့သည္။

သို႔ေသာ္ အခုေတာ့ ထိုစကားကို ျပန္စားသုံးလိုက္ဖို႔ကိုသာ ဆႏၵ႐ွိေနခဲ့သည္။

အခုေတာ့ သူ႕အစီစဥ္က လုံးဝျပည့္စုံတဲ့အထိ ေစာင့္ေနခဲ့တဲ့ သူ႕ကိုယ္သူ ျပန္ထုတ္ပယ္ခ်င္ေနသည္။

သူ ထပ္ၿပီးမေစာင့္ႏိုင္ေတာ့ဘူး!

အဆုံးဆိုးအရာက အေကာင္းဆုံး အခြင့္အေရး ျဖစ္လာႏိုင္တာပဲ!

ဟုန္ခ်န္းမင္း ကသူ႕ကိုယ္သူ ထုတ္ျပခဲ့လို သူလည္း ဆက္ၿပီးဖုံးကြယ္ မထားႏိုင္ေတာ့ဘူး။

ရလဒ္က ဘာပဲျဖစ္ျဖစ္… သူေသရင္ေတာင္ ေနာင္တမရပဲနဲ႔ ေသခ်င္မိသည္။

လီဂ်င္းယြမ္ ကထ,ရပ္လိုက္ၿပီး ေဇာင္ယုဟြမ္ ရဲ႕လက္ကို ကိုင္လိုက္သည္။

ေဇာင္ယုဟြမ္ ကလန္႔သြားၿပီး သူ႕လက္ကို ေ႐ွာင္ဖို႔လုပ္လိုက္သည္။

သို႔ေသာ္ လီဂ်င္းယြမ္ ကထူးဆန္းစြာျဖင့္ ေဇာင္ယုဟြမ္ ရဲ႕လက္ကို ဆြဲလိုက္ၿပီး အသံတိုးေလးနဲ႔ ေျပာလိုက္သည္။ “ကိုယ္ မင္းကို ျမင္‌ေစခ်င္တယ္”

ျမင္‌ေစခ်င္တယ္၊ ဘာကို?

ေဇာင္ယုဟြမ္ ကစိတ္႐ႈပ္ေထြးသြားၿပီး ႐ုန္းကန္ဖို႔ လုပ္လိုက္ေပမဲ့ လီဂ်င္းယြမ္ ဆီမွမလြတ္ေျမာက္ႏိုင္ေပ။

3.10.2021(Sun)
……………………..

[text_hash] => 9bfa62d4
)

//qc
//QC2