Array
(
[text] =>
Unicode
စားသောက်နေစဉ် ဇောင်ယုဟွမ် က ဟုန်တမေ့ နဲ့ဖြစ်ပျက်ခဲ့တာတွေကို သူတို့အား ပြောပြခဲ့သည်။ သူမက မျက်မှောင်ကြုတ်လိုက်သည်။ “တစ်ယောက်ယောက်က နောက်ကွယ်က ကြိုးကိုင်နေတာ ဖြစ်နိုင်လား?”
ဟုန်ချန်းမင်း ကပြောလိုက်သည်။ “သေချာတယ်” သူက ပြောလိုက်ရင်း ဇောင်ယုဟွမ် ရဲ့ပန်းကန်ထဲသို့ ငါးလုံးအား ထည့်ပေးလိုက်သည်။ သူဘယ်လောက်ပဲ ဒေါသထွက်နေပါစေ ဇောင်ယုဟွမ် အတွက် အစားအသောက်တွေ ထည့်ပေးဖို့ကို မမေ့ပေ။
လီဂျင်းယွမ် ကဘာမှမပြောပေမဲ့ စားသောက်ပြီးနောက် လူတစ်ယောက်ဆီ ဖုန်းခေါ်လိုက်သည်။
လီရုံ က လီဂျင်းယွမ် အားဂျင်းဟွာအုပ်စုနဲ့ ပတ်သက်သည့်အရာတွေကို စတင်မိတ်ဆက်ပေးခဲ့ပြီးဖြစ်သည်။ လီရုံ အမြင်တွင် လီဂျင်းယွမ် ကလီမိသားစုရဲ့ အင်အားကို အသုံးချတာက သူ့ပုံစံအသစ်ကို အလျင်အမြန် မွေးဖွားနိုင်တယ်လို့ တွေးသည်။ ထိုအကြောင်းက သူ့ကို ပျော်ရွှင်စေပြီး စိတ်ပျက်မှုနည်းနည်းလေးတောင် ထုတ်မပြခဲ့ပေ။
ထင်တဲ့အတိုင်းပင် လီရုံ ကသူဖုန်းခေါ်ပြီးနောက် သူ့အား ပိုများပြားသည့် အချက်အလက်တွေကို ပေးခဲ့သည်။
ရက်အနည်းငယ်အတွင်း လီရုံ က လီဂျင်းယွမ် အားသူ့စီးပွားရေးမိတ်ဘက် မိတ်ဆွေဟောင်းဆီ ခေါ်သွားပေးခဲ့သည်။ ထိုအချိန်တွင် လီဂျင်းယွမ် ကလီမိသားစုကို ပြန်လာပြီမှန်း လူအများအပြားက သိနေခဲ့ကြသည်။
ထို့နောက်တွင် နောက်ကွယ်ကလူက ဘယ်သူဆိုတာကို လီဂျင်းယွမ် ကိုရှာတွေ့ခဲ့သည်။
ဒါက တကယ့်ကို စိတ်ရှုပ်စရာပင်။
ဟုန်တမေ့ အားအဲ့လိုလုပ်ဖို့ ပြောခဲ့သူက လက်ရှိဥက္ကဌနင် ရဲ့တူဖြစ်သည်။ ပိုမိုတူးဆွပြီးနောက် ထိုတူက လင်းလန် နဲ့အဆက်အဆံရှိသည့် ဆက်ဆံရေးဖြစ်တာကို သူရှာတွေ့ခဲ့သည်။ လင်းလန် ကသူ့အား သူမရဲ့ဒုက္ခတွေကိုနဲ့ ဇောင်ယုဟွမ် ကသူမပိုင်တဲ့အရာတွေကို ယူသွားကြောင်းကို ပြောပြခဲ့သည်။ ထို့နောက် ထိုလူက သူ့အချစ်အတွက် လက်စားချေပေးဖို့ ဆုံးဖြတ်ခဲ့သည်။
လီဂျင်းယွမ် ရဲ့အမူအရာက ပိုအေးစက်သွားခဲ့သည်။
နင်မိသားစု။
ထိုမိသားစုကို တွေးလိုက်ရုံနဲ့ သူ့အား စိတ်အနှောက်အယှက် ဖြစ်စေသည်။
ဟွမ်ဟွမ့် အမေနဲ့မစ္စနင် တို့က သူတို့ကလေးတွေကို ဟိုးနှစ်တွေတည်းက စေ့စပ်ထားဖို့ကို ဘယ်သူက ခွင့်ပြုခဲ့လို့လဲ?
ဒီအကြောင်းကို သခင်လေးနင် ဆီကကြားခဲ့တာ နှစ်အများကြီး ကြာနေခဲ့သော်လည်း နင်မိသားစုနဲ့ ဇောင်မိသားစုတို့က ဇောင်ချီ သေဆုံးပြီးတည်းက အဆက်အဆံမရှိကြတော့ပေ။ သို့သော် ထိုအကြောင်းကို လီဂျင်းယွမ် တွေးလိုက်မိတိုင်း သူ့နှလုံးသားက နာကျင်လာရသည်။
လီဂျင်းယွမ် ကသူ့ဒရိုက်ဘာအား နင်မိသားစုဆီသွားဖို့ ပြောလိုက်သည်။
သူ့လက်အောက်တွင် ရှိနေသေးသည့် ဝေ့ကျဲ ကအေးဂျင့်ဆိုသည့် နေရာကနေ ကိုယ်ပိုင်လက်ထောက်ဆိုသည့် ရာထူးဆီကို အလျင်အမြန် ပြောင်းလဲသွားခဲ့သည်။
ဝေ့ကျဲ ရဲ့ကျွမ်းကျင်မှုက အရမ်းကိုကောင်းမွန်ပြီး သူလုပ်သည့် အရာတိုင်းကိုလည်း အကောင်းဆုံးကြိုးစားသည်။ သူက လီဂျင်းယွမ် နဲ့အတူ နှစ်ပေါင်းများစွာ အလုပ်အတူလုပ်ခဲ့ပြီး သူ့စတိုင်နဲ့လည်း အရမ်းရင်းနှီးသည်။ ထို့နောက် လီဂျင်းယွမ် နောက်လိုက်ပြီး စီးပွားရေးလောကတွင် နေထိုင်တာက ပိုအဆင်ပြေစေသည်။
နင်ဗီလာတွင်
တစ်စုံတစ်ယောက်က ရောက်နေပြီးဖြစ်သည်။
ဟုန်ချန်းမင်း ကဆိုဖာပေါ်တွင် ထိုင်နေခဲ့သည်။ သူက ဥက္ကဌနင် ထက်ခေါင်းတစ်လုံးစာ ပိုရှည်တာကြောင့် သူတို့ဘေးချင်းယှဉ်ထိုင်လိုက်ချိန်တွင် ဟုန်ချန်းမင်း ကဥက္ကဌနင် ထက်အိမ်ရှင်နဲ့ ပိုတူစေသည်။
လက်ရှိတွင် လူတစ်ယောက်က ရှိနေပြီး ဟုန်ချန်းမင်း ရှေ့တွင်လည်း laptop တစ်လုံးက ကြေမွနေသည်။
“မင်းက ပါးနပ်တာလား၊ နုံအ,တာလားဆိုတာ ငါမသိတော့ဘူး” ဟုန်ချန်းမင်း က laptop အားဒေါသအပြည့်ဖြင့် ကန်လိုက်သည်။ “အကောင့်အတုကို ဖန်တီးပြီး နေရာတိုင်းမှာ မင်းရဲ့နင်မိသားစုက ဇောင်မိသားစုနဲ့ စေ့စပ်ထားတယ်ဆိုတာကို တင်နေတယ်၊ မိန်းကလေးဖြစ်တဲ့ ဇောင်ယုဟွမ် ကသည်းခံနိုင်မယ်လို့ မင်းထင်နေတာလား? ဟား…. ရေတပ်ဆိုတာတောင် မင်းသိမှာမဟုတ်ဘူး? ဟမ်? ဒါမှမဟုတ် လင်းလန် အပေါ် မင်းရဲ့နှစ်ဝင်နေမှုကို ပြချင်လို့လား?”
ဥက္ကဌနင် ရဲ့အမူအရာက အရမ်းကိုရုပ်ဆိုးနေပြီး ပြောလိုက်သည်။ “မစ္စတာဟုန်၊ ကျွန်တော့်အိမ်ကို ချိုးဖျက်ဝင်လာပြီး ချက်ချင်းပဲ လူတွေကိုလည်း အန္တရာယ်ပြုခဲ့တယ်။ ပစ္စည်းတွေကိုလည်း ဖျက်ဆီးခဲ့တယ်။ ဒါက အရမ်းမများလွန်းဘူးလား?”
နင်မိသားစုက ဇောင်ချီ အသက်ရှင်တုန်းကနဲ့ မတူတော့ပေ။
နင်မိသားစုက တစ်နှစ်ပြီးတစ်နှစ် ငွေကြေးဆက်တိုက် ဆုံးရှုံးလာခဲ့သည်။ သေချာပေါက်ကို ဟုန်ချန်းမင်း ကဒီလိုနေရာသေးသေးလေးကို ဂရုစိုက်နေမှာ မဟုတ်ပေ။ သို့သော် ဟုန်ချန်းမင်း ကသူဆိုးရွားတဲ့အရာတွေလုပ်ပြီး ဇောင်ယုဟွမ် ရှာတွေ့သွားမှာကို စိုးရိမ်တာကြောင့် ဘယ်တုန်းကမှ သူကိုယ်တိုင်မလုပ်ခဲ့ပေ။
သို့သော် ဒီအချိန်တွင် ဥက္ကဌနင် ကမထိန်းချုပ်နိုင်ပဲ ဟုန်ချန်းမင်း ဆီစိတ်အနှောက်အယှက်ဖြစ်ကြောင်း နည်းနည်းထုတ်ပြလိုက်သည်။
သူစကားပြောပြီးသည်နှင့် အိမ်ဖော်တစ်ယောက်က အော်လိုက်တာကို သူကြားလိုက်သည်။ “မစ္စတာလီ၊ ဘ-ဘယ်လိုဖြစ်ပြီး ဒီလိုဝင်လာရတာလဲ?”
မစ္စတာလီ? ဘယ်မစ္စတာလီလဲ?
ဥက္ကဌနင် ကချက်ချင်း စိတ်ရှုပ်ထွေးနေချိန်တွင် လီဂျင်းယွမ် ကိုမြင်လိုက်ရသည်။
“မင်း ဘယ်လောက်တောင် ကံမကောင်းလိုက်လဲ? ဟုန်ချန်းမင်း ပဲမိနစ်ပိုင်းအတွင် ဖျက်ဆီးနိုင်တဲ့သူ မဟုတ်ဘူး” လီဂျင်းယွမ် ကပြောလိုက်သည်။
ဥက္ကဌနင် ရဲ့မျက်နှာက အနီနဲ့အဖြူကြား ပြောင်းလဲနေပြီး သူ့အမူအရာက အတော်လေး ဆိုးရွားနေသည်။
အရင်တုန်းကသာဆိုရင် စိုးရိမ်နေရမဲ့သူက လီဂျင်းယွမ် သာဖြစ်လိမ့်မည်။ သို့သော် အခုတော့ သူ့တွင် ဂျင်းဟွာအုပ်စုက ရှိနေပြီး သူ့အား ရိုက်ချနိုင်ဖို့ လုံလောက်သည့် အင်အားရှိနေသည်။
ဥက္ကဌနင် ကသူ့စိတ်ကို လျှော့ချလိုက်ပြီး ပြောလိုက်သည်။ “အစက မိသားစုနှစ်စုက မိတ်ဆွေတွေပါ။ အရင်က မစ္စဇောင် ကသူမသမီးကို လက်ထပ်စေချင်ခဲ့တာ မဟုတ်ဘူးလား? သူတို့အသက်ကွာနေလို့ ငါတို့ကောင်လေးကလည်း မျှော်လင့်နိုင်တဲ့အခြေအနေ နိမ့်ကျနေတာနဲ့ မစ္စဇောင် ကိုဒုက္ခမပေးစေချင်ခဲ့ဘူး၊ ဒါပေမဲ့ မိသားစုနှစ်စုကြားက မိတ်ဆွေဆက်ဆံရေးက ဆက်တည်ရှိနေတာ မဟုတ်ဘူးလား? မင်းတို့ဘာကြောင့် ဒီလိုမျိုး လုပ်ရတာလဲ?”
စေ့စပ်ပွဲအကြောင်းကို သူထုတ်မပြောလိုက်ရင် အဆင်ပြေနိုင်ပေမဲ့ အခုတော့ သူက ထုတ်ပြောလိုက်ပြီး မီးတောက်အား ရေနံဆီလောင်းလိုက်သလို ဖြစ်သွားခဲ့သည်။
ဟုန်ချန်းမင်း မပြောနဲ့ လီဂျင်းယွမ် ရဲ့အမူအရာတောင် ကြောက်စရာကောင်းသွားခဲ့သည်။
ဥက္ကဌနင် ကချက်ချင်း သတိပြုမိသွားခဲ့သည်။ နောက်ပိုင်း အွန်လိုင်းမှာ ကိစ္စအများကြီး ရှိခဲ့တာမဟုတ်ဘူးလား? ဒင်မိသားစုက မွေးစားခဲ့တဲ့ ကလေးနှစ်ယောက်က ဇောင်ယုဟွမ် အပေါ်ဘယ်လို သဘောထားလဲဆိုတာ…
သူ့အမူအရာက ချက်ချင်း ပြောင်းလဲသွားခဲ့သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် လူတစ်ယောက်က အောက်ထပ်ကို ဆင်းလာခဲ့သည်။
ထိုလူက နှစ်ဆယ်ဝန်းကျင်လောက်ရှိပြီး ကိုယ်နဲ့အတိကျသည့် အနောက်တိုင်းဝတ်စုံကို ဝတ်ထားခဲ့သည်။ သူ့ဆီက အရှိန်အဝါက အရင်က အရမ်းကိုကွာခြားနေသော်လည်း သူ့အသွင်အပြင်က အများကြီး မပြောင်းလဲသွားပေ။
သူက ဇောင်ယုဟွမ် နဲ့စေ့စပ်ထားခဲ့သည့် သခင်လေးနင် ဖြစ်သည်။
ဟုန်ချန်းမင်း ရဲ့အမူအရာက မဲမှောင်သွားခဲ့ပြီး လီဂျင်းယွမ် ရဲ့မျက်လုံးတွေက အနက်ရောင်အလင်းကို ထုတ်ပြလာခဲ့သည်။
သခင်လေးနင် ကလည်း သူတို့ကို မြင်လိုက်သည်။ သူတို့စကားပြောနေတာ မြင်လိုကပြီး လှည့်ထွက်သွားဖို့ လုပ်လိုက်ပေမဲ့ နှစ်လှမ်းလှမ်းပြီးနောက် ဒါက အရမ်းရှက်ဖို့ကောင်းတယ်လို့ သူခံစားလိုက်ရတာကြောင့် ရပ်လိုက်ပြီး စက်ရုပ်လိုမျိုး လှည့်လိုက်ကာ ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့ကို မျက်နှာချင်းဆိုင်လိုက်သည်။
“မစ္စတာဟုန်၊ မစ္စတာလီ…”
အဲ့နှစ်က သခင်လေးနင် ဘယ်လောက်တောင် အရိုက်ခံခဲ့ရလဲ? ဒီအချက်ကြောင့် သူ ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့ကို မြင်လိုက်ချိန်တိုင်း သူ့အရိုးတွေ နာလာသလိုတောင် ခံစားရသည်။
အရင်က သူတို့ထက် အရပ်ပိုရှည်ပေမဲ့ သူတို့ကို မရိုက်နိုင်ခဲ့တာကြောင့် အခုလက်ရှိ သူ့အခွင့်အရေးက ထုတ်ပြောဖို့တောင် မဖြစ်နိုင်ပေ။ နောက်ပြီး အခုလက်ရှိတွင် သူတို့က အရမ်းသန်မာနေပြီး သူ့မိသားစုတောင် သူတို့လုပ်သမျှကို ကြည့်နေရုံသာ တက်နိုင်သည်။ ထိုအကြောင်းကို တွေးလိုက်ပြီး သခင်လေးနင် ရဲ့မျက်နှာက နည်းနည်းမှုန်မှိုင်းသွားသည်။
သူ့မိသားစုရဲ့ စီးပွားရေးက တစ်နေ့ထက်တစ်နေ့ ကျဆင်းလာတာကြောင့် သူလည်း ပြောင်းလဲလာခဲ့သည်။
ဟုန်ချန်းမင်း ကနင်မိသားစုက မာနထောင်လွှားသည့် သခင်လေးနင် ကအခုလိုမျိုး နှုတ်ဆက်လာခဲ့မယ်လို့ မျှော်လင့်မထားခဲ့ပေ။ သူက မျက်မှောင်ကြုတ်လိုက်သည်။ ဒါက ရလဒ်ဖြစ်လာနိုင်တာကို သူသိခဲ့ရင် အစတည်းက သူတို့ကို လျစ်လျူရှုထားခဲ့တာက ပိုကောင်းလိမ့်မည်။ အခုတော့ သခင်လေးနင် ကပြောင်းလဲသွားပြီးတော့ သူက ဟွမ်ဟွမ့်ဆီ သွားရင်ဘယ်လိုလုပ်မလဲ?
ဟုန်ချန်းမင်း ရဲ့မျက်မှောင်ကြုတ်မှုက ပိုပိုတင်းမာလာခဲ့သည်။
သူက ကိုယ်ရံတော်တစ်ယောက်ကို အနားခေါ်လိုက်သည်။ “အဲ့လူကို အဝေးမောင်းထုတ်လိုက်”
လီဂျင်းယွမ် ကသူ့ကို စိုက်ကြည့်လိုက်သည်။ “လင်းလန် ဆီပဲ တိုက်ရိုက်သွားမလား?”
“အင်း” ဟုန်ချန်းမင်း ကအေးစက်စွာ ပြောလိုက်သည်။ “သူမက အရင်တည်းက မင်းနောက်ကွယ်ကနေ လုပ်ခဲ့တာ ဖြစ်နိုင်တယ်”
လီဂျင်းယွမ် ကခေါင်းညိတ်လိုက်သည်။ ဒီအရာကို အရင်တည်းက သူခန့်မှန်းပြီးသားပင်။ ဝမ်ယောင်ချန်း ကဒီလိုအရာတွေကို လုပ်ရဲသည့် ပုံစံမျိုးမဟုတ်ပေ။ သူက ဇောင်ယုဟွမ် ရှေ့ကသူ့တည်ရှိမှုကို ပျောက်ကွယ်သွားဖို့သာ လုပ်လိမ့်မည်။
ကြမ်းပြင်ပေါ်ကလူက လင်းလန် အကြောင်းပြောလိုက်တာကို ကြားလိုက်ပြီး ချက်ချင်းပင်ပဲ အော်လိုက်သည်။ “မင်းတို့ ဘာလုပ်နေတာလဲ? ဘာလင်းလန်လဲ? ငါ သူမကို လုံးဝမသိဘူး…”
ဟုန်ချန်းမင်း ကရယ်လိုက်သည်။ “သူ့ချစ်သူကို သစ္စာမဖောက်နိုင်တဲ့အထိ အရူးအမူး စွဲလမ်းနေမယ်လို့ ငါမထင်ထားခဲ့ဘူး”
ထိုလူရဲ့အော်သံက ပိုပြီးတော့တောင် ဒေါသသံပါလာခဲ့သည်။ “အစတည်းက သူလုပ်သင့်တာကို ငါ့အစ်ကိုက ကူညီပေးရုံပဲ။ မင်းတို့ ဘာကြောင့် ဒီကိစ္စကို စိတ်ဝင်စားနေတာလဲ? စေ့စပ်ပွဲပျက်လို့ ဇောင်အိမ်တော်ကို အပြစ်မတင်သင့်ဘူးလား?”
ဟုန်ချန်းမင်း ကထိုလူရဲ့မျက်နှာကို တက်နင်းလိုက်သည်။ သူ့ခြေထောက်ကို ဖယ်လိုက်ပြီးနောက် ထိုလူရဲ့လည်ပင်းက ဆန့်သွားပြီး သွေးတွေနဲ့အတူ သွားတစ်ချောင်းကို ထွေးထုတ်လိုက်သည်။
“သူ့ကို အဝေးခေါ်ထုတ်သွား” ဟုန်ချန်းမင်း ကအေးစက်စွာ ပြောလိုက်သည်။
ဥက္ကဌနင် လည်းသူ့စိတ်တွင်း ထိန်းချုပ်နေကာ တိတ်ဆိတ်နေခဲ့သည်။
သူ့တူက နင် ကဆိုပေမဲ့ အပြင်လူကိုလည်း အာရုံစိုက်ရမည်။ ပထမဆုံး မိန်းမတစ်ယောက်အတွက် ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့ကို သူရန်စမိသွားခဲ့ပြီး သူတို့ သူ့တံခါးဝဆီ ရောက်လာချိန်တွင် သူ့သားကို အပြစ်တင်ဖို့အတွက် အပြစ်ခံလိုက်ရတယ်! ဘယ်လိုကောင်းလိုက်တဲ့ တွက်ချက်မှုလဲ!
ထိုလူက တိတ်ဆိတ်စွာသာ တွေးနေခဲ့သည်။
ဟုန်ချန်းမင်း ကသခင်လေးနင် ကိုနက်ရှိုင်းစွာ စိုက်ကြည့်လိုက်သည်။ လီဂျင်းယွမ် ကပေါ့ပါးစွာ ပြောလိုက်သည်။ “သခင်လေးနင် လည်းငါတို့ဟွမ်ဟွမ် နဲ့တွေ့ဆုံမဲ့ အကြိမ်အရေအတွက်ကို လျော့ချနိုင်မယ်လို့ မျှော်လင့်ပါတယ်”
ဥက္ကဌနင် ကထိုစကားကို ကြားလိုက်ချိန်တွင် အရမ်းကိုဒေါသထွက်သွားပြီး ချက်ချင်းပင် ငြင်းဆန်လိုက်သည်။ “လမ်းက မှန်ကန်တဲ့လမ်းပဲ။ ငါ့သားက ဘယ်လမ်းသွားလဲဆိုတာ မင်းတို့က စိတ်ဝင်စားနေတာလား?”
ဟုန်ချန်းမင်း ကသခင်လေးနင် ကိုစိုက်ကြည့်လိုက်သည်။ “ဒါဆို ခင်ဗျားသားက အဲ့လမ်းကို ရွေးချယ်ရဲလားဆိုတာ ဘာကြောင့် မမေးကြည့်ရတာလဲ?”
သခင်လေးနင် ကအံကြိတ်လိုက်သည်။ “ငါသိပြီ”
နင်အိမ်တော်ရဲ့ အခြေအနေက ပိုပိုဆိုးရွားလာပြီး သူက ပိုပိုပြီး ရင့်ကျက်လာခဲ့သည်။
သို့သော်လည်း သူအရင်က ရှင်သန်ခဲ့တဲ့ဘဝနဲ့ယှဉ်ရင် ဘယ်လောက်တောင် ရှက်ဖို့ကောင်းနေလဲဆိုတာ သူနားလည်နေသည်။ ပျော်ပါးပြီး ပြိုင်ပွဲတွေနဲ့အတူ သခင်ငယ်လေး အသွင်အပြင်အတိုင်း ကစားလာခဲ့ပြီး သူ့ကိုယ်ပိုင်ဘဝက လုံးဝကိုရှုပ်ထွေးခဲ့သည်။
ဇောင်ယုဟွမ် ကိုရှာဖို့အတွက် တစ်စုံတစ်ယောက်က သူ့ကိုဖိအားပေးရင်တောင် အရင်တည်းက သူမနဲ့မျက်နှာချင်းဆိုင်ဖို့ သူအရမ်းကို ရှက်ခဲ့တာ!
အခုတော့ သူမအပေါ် အထင်ကြီးမှုသာ သူ့တွင်ရှိတော့သည်။ အဲ့နှစ်တွေတုန်းက ဒီလှပတဲ့မိန်းကလေးကို လိုချင်တက်မက်သည့် ဆန္ဒသာရှိမနေခဲ့ရင် ဒီလောက်အများကြီး လေ့လာနိုင်ခဲ့ရမှာ မဟုတ်ပေ။
သူမလေ့လာခဲ့ရင် မျက်ကန်းဖြစ်နေပြီး ဘယ်လိုပြဿနာတွေ ဖြစ်လာလဲဆိုတာသာ သိလိမ့်မည်။
ဟုန်ချန်းမင်း ကစိတ်ကျေနပ်သွားပြီးနောက် လှည့်ထွက်လိုက်သည်။
တခြားအချစ်ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရဖို့ဖြစ်လာချိန်တွင် ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့က အမြဲတမ်း တွဲဖက်ညီသည်။
ဥက္ကဌနင် ရဲ့အမူအရာက အတော်လေးကို ဆိုးရွားနေပေမဲ့ သူတို့ထွက်သွားတာကိုသာ ကြည့်နေနိုင်ခဲ့သည်။
ထို့နောက် သူ့သားဘက်ကို လှည့်လိုက်သည်။ သက်ပြင်းချလိုက်ပြီး အစောပိုင်းတည်းက စေ့စပ်ပွဲကိုသာ အတည်ပြုနိုင်ခဲ့ရင် ဇောင်ယုဟွမ် ဘွဲ့ရပြီးတာနဲ့ လက်ထပ်လိုက်ရင် နင်အိမ်တော်က ငွေဘယ်လောက် ဆုံးရှုံးနိုင်မလဲ? ဇောင်မိသားစုမှာ ငွေဘယ်လောက်အထိ ရှိလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ…
သခင်လေးနင် ကဘာကိုမှ သတိမပြုမိပဲ အလျင်အမြန်ပင် အပေါ်ထပ်ကို တက်သွားခဲ့သည်။
ထိုအချိန်တွင် မမြင်နိုင်သည့်ဖိအားတွေ ပျောက်သွားတာကိုသာ သူခံစားမိသည်။
“လင်းလန် ဘယ်မှာလဲဆိုတာ ငါသိတယ်” လီဂျင်းယွမ် ကကားတံခါးကို ဖွင့်လိုက်သည်။ “ငါလမ်းပြပေးမယ်”
ဟုန်ချန်းမင်း ကခေါင်းညိတ်လိုက်ပြီး သူ့နောက်ကို အမြန်လိုက်လိုက်သည်။
စာအုပ်ထဲက လီဂျင်းယွမ် က လင်းလန် ကိုအဓိကဇာတ်ကောင်အနေနဲ့ မြင်တယ်ဆိုတာကို ဟုန်ချန်းမင်း မှတ်မိသည်။
ဒီကမ္ဘာကြီးက အဲ့မိန်းမအတွက် ရေးခဲ့တာလား?
ဒါဆို နောက်ကျရင် သူမက ဟွမ်ဟွမ် ရဲ့တည်ရှိမှုကို အန္တရာယ်ဖြစ်လာစေမှာလား?
ကိစ္စမရှိပါဘူး။ အရာအားလုံးက ထိန်းချုပ်နိုင်တဲ့ အခြေအနေမှာပဲ။
သူတို့က လင်းလန် ရိုက်ကူးနေသည့် တည်နေရာဆီ ရောက်သွားကြသည်။
ဟုန်မိသားစု ရဲ့သနားစဖွယ် အခြေအနေကို လင်းလန် ကမျက်မြင်တွေ့ခဲ့ရပြီး အရမ်းကြောက်လန့်ကာ ရိုက်ကူးရေးဆီ ပြန်ပြေးလာခဲ့သည်။ ကံကောင်းတာက ရိုက်ကူးရေးကို ရောက်သွားသည်နှင့် သူမရဲ့စိုးရိမ်နေမှုတွေက ပျောက်ကွယ်သွားခဲ့သည်။
ဇောင်ယုဟွမ် ကိုအရှက်ရစေဖို့နဲ့ ဇောင်ယုဟွမ် နဲ့ ဟုန်ချန်းမင်း တို့သဘောထားကွဲလွဲစေဖို့ ဟုန်မိသားစု ကိုလမ်းညွှန်ခဲ့သည့် သူမရဲ့အထင်ကြီးဖွယ် အစီအစဉ်က ဘယ်လိုဖြစ်သွားလဲဆိုတာ လုံးဝသတိမပြုမိခဲ့ပေ။ သူမကောင်းမွန်လှသည့် အစီအစဉ်က ကျရှုံးသွားခဲ့ပြီး ဖမ်းမိသွားကာ သွားတွေမရှိလောက်သည်အထိ ရိုက်နှက်ခံရလိမ့်မယ်လို့လည်း မသိခဲ့ပေ။
လက်ထောက်က ဇာတ်ညွှန်းကိုလာပေးသည်နှင့် လက်ထောက်က လင်းလန် အားစိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ “အစ်မလန်၊ မစ္စတာဟုန် နဲ့ မစ္စတာလီ တို့လာပါတယ်။ သူတို့ရောက်နေပြီ… အစ်မလန် ကိုတွေ့ဖို့…”
သို့သော် ထိုအချက်ကြောင့် လင်းလန် ကလုံးဝမပျော်ပေ။ သူမ လုပ်ခဲ့တာတွေကို ပြန်တွေးမိသွားပြီး သူမနှလုံးသားက အခုန်မြန်လာခဲ့သည်။ သူမ လုပ်ခဲ့သည့် တစ်ခုတည်းသောအရာက ဇာတ်လိုက်က အရံဇာတ်ကောင်လေးဖြစ်တဲ့ ဇောင်ယုဟွမ် ကိုသဘောကျနေတာကြောင့် သူတို့ကြားက ဆက်ဆံရေးအား ဒေါသကြောင့် ပျက်ဆီးသွားစေချင်တာကြောင့် သတင်းတွေ ထွက်ပေါ်စေခဲ့တာပင် ဖြစ်သည်။
ဒါထက်… သူမ တခြားဘာမှ မလုပ်ခဲ့ပေ။
သို့သော် ဒီအချက်လေးကတင် သူတို့ကို ဒေါသထွက်စေဖို့အထိ ဖြစ်စေခဲ့သည်။ သူတို့က ဇောင်ယုဟွမ် အားဘယ်လောက်ထိ ဂရုစိုက်ကြောင်းကို လင်းလန် မြင်တွေ့ခဲ့ပြီးဖြစ်သည်။
“အစ်မလန်၊ မြန်မြန်။ သူတို့ ဧည့်တွေ့ခန်းမှာ စောင့်နေတယ်” သူမလက်ထောက်က အလောတကြီး ပြောလိုက်သည်။
လင်းလန် ကသူမ မလွတ်နိုင်တာကို သိနေခဲ့တာကြောင့် အသက်ရှူသွင်းလိုက်ပြီး အားနည်းပြီး တုန်ရီနေသည့် ခြေလှမ်းတွေဖြင့် ဧည့်တွေ့ခန်းဘက်ကို လျှောက်လိုက်သည်။
ဧည့်တွေ့ခန်းတွင် ခန့်ညားပြီးသန်မာသည့် ယောင်္ကျားနှစ်ယောက်က ဘေးချင်းယှဉ်ထိုင်နေခဲ့သည်။
သူတို့နှစ်ယောက်လုံးက စာအုပ်ထဲတွင် အသန်မာဆုံးဇာတ်ကောင်တွေ ဖြစ်ကြပေမဲ့ သူတို့နှစ်ယောက်လုံးက ဇောင်ယုဟွမ် ကိုသဘောကျနေခဲ့ကြသည်။
လင်းလန် ကနည်းနည်းမနာလို ဖြစ်သွားပေမဲ့ ထုတ်မပြရဲပေ။
ဟုန်ချန်းမင်း ကသူ့ပါးစပ်ကို ဖွင့်လိုက်ပြီး ကိုယ်ရံတော်တွေကို သူမအား အနားခေါ်လာဖို့ ပြောလိုက်သည်။
လင်းလန် ကဗလာဖြစ်စွာဖြင့် အရင်က သူမအား စိတ်အားထက်သန်စွာ ဆွဲဆောင်ခဲ့သည့် တူညီသောလူအား မယုံကြည်နိုင်စွာဖြင့် ကြည့်နေခဲ့သည်။
ဇာတ်ကြောင်းထဲတွင် သူက အရံဇာတ်လိုက်ဖြစ်ပြီး သစ္စာရှိသည့်ခွေးလို ပုံစံမျိုးရှိသည့်လူစားမျိုး ဖြစ်သည်။ ထို့ကြောင့် စိတ်အခြေအနေ နည်းနည်းလေးနဲ့တောင် သူက ချက်ချင်းကို သူမအား စွဲလမ်းသွားခဲ့သည်။ သို့သော်လည်း အဲ့လိုအရံဇာတ်ကောင်လေး၊ ဗီလိန်က ဇာတ်လိုက်နဲ့ ယှဉ်နိုင်ဖို့က မဖြစ်နိုင်ပေ။ အခုတော့ ဗီလိန်ကော ဇာတ်လိုက်ကပါ လက်တွဲနေကြတာက ကြောက်စရာကောင်းသည့် ကံကြမ္မာနဲ့အဆုံးသတ်ရမှာ သိသာနေသည်။
လင်းလန် ကဖြူဖွေးလာပြီး သူမနှုတ်ခမ်းတွေက သတိလက်လွတ် တုန်လာခဲ့သည်။
ငါက ဇာတ်လိုက်မပဲ။ ငါက ဇာတ်လိုက်မ… လင်းလန် ကထိုအကြောင်းအား အကြိမ်ကြိမ် ရေရွတ်နေပေမဲ့ ဒီလိုစိတ်အင်အားက သူမကြောက်လန့်မှုအား မလျော့ပါးသွားနိုင်စေပေ။
သူမက ပြန်မွေးဖွားလာသော်လည်း သူမအမြင်က အကန့်အသတ်ရှိသည်။ ဇာတ်လိုက်မ အရှိန်အဝါမပါပဲ သူမက နောက်ခံမရှိသည့် သာမာန်မိန်းကလေးသာ ဖြစ်သည်။ သူမတွင် သန်မာလှသည့် စိတ်ပိုင်းဆိုင်ရာ မရှိသလို ခက်ခဲလှသည့် အခြေအနေကို ကိုင်တွယ်နိုင်သည့် စွမ်းရည်မျိုးလည်း မရှိပေ။
ဗီလိန်နဲ့ ဇာတ်လိုက်တို့က လက်တွဲလိုက်ချိန်တွင် ဇာတ်ကြောင်းက လုံးဝကိုပြောင်းလဲသွားခဲ့ပြီး ဖြစ်သည်။
လင်းလန် ကထိုအချက်နဲ့ ရင်ဆိုင်နေခဲ့ရသည်။
သူတို့လက်တွဲထားချိန်မှာ ဇာတ်လိုက်မနဲ့ ညှိနှိုင်းဖို့က ပိုလွယ်ကူသင့်တယ်မလား?
လင်းလန် ကသူမနှုတ်ခမ်းကို စေ့လိုက်ပြီး ဘာကိုမှမထိန်းချုပ်နိုင်ပဲ သူမလုပ်ခဲ့တာအားလုံးကို ဝန်ခံလိုက်သည်။
“သူလုပ်ခဲ့တာကို ကျွန်မ မသိဘူး။ ဇောင်ယုဟွမ် ကိုအန္တရာယ်ပြုဖို့ ကျွန်မ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ဖူးဘူး…” လင်းလန် ရဲ့အသားအရည်က ဖြူဖွေးနေပြီး သူမနှုတ်ခမ်းက ပိုပြီးတော့တောင် တုန်ရီလာခဲ့သည်။ အရင်က အမှန်တရားကိုပါ သူမက ဝန်ခံခဲ့သည်။ “ဇောင်ယုဟွမ် နဲ့ကျွန်မ မယှဉ်နိုင်တာကို သိပါတယ်၊ နောက်ပြီး သူမကို ဘာမှမလုပ်နိုင်တာကိုလည်း သိခဲ့တယ်”
လီဂျင်းယွမ် ကပေါ့ပါးစွာ ပြောလိုက်သည်။ “မင်း အစောတည်းက ပါးနပ်ခဲ့ရင် ပိုကောင်းမယ်မလား?”
ဟုန်ချန်းမင်း ကမျက်မှောင်ကြုတ်နေတုန်းဖြစ်ကာ အချိန်ကြာမှ စကားထ,ပြောလိုက်သည်။ “ငါ ဇာတ်လမ်းတစ်ခုကို ကြားခဲ့တယ်”
လီဂျင်းယွမ် ကသူ့ဇာတ်လမ်း ပြောခဲ့ပြီး ဟုန်ချန်းမင်း ကထုတ်မပြောပဲ ရိုးရိုးရှင်းရှင်းနဲ့သာ အနှစ်ချုပ်လိုက်သည်။
လင်းလန် ကပိုပိုပြီးဖြူဖျော့လာခဲ့သည်။ သူတို့သိသွားပြီ… ဇာတ်ကောင်တိုင်းက သူတို့ကိုယ်သူတို့ သိသွားကြပြီလား? ဒါဆို လီဂျင်းယွမ် ကိုအရူးလုပ်မဲ့ ငါ့ဂရုစိုက်တဲ့စိတ်က အလုပ်မဖြစ်တော့ဘူးလား?
လင်းလန် ကဇာတ်လမ်း အသွားအလာကို ပြန်တွေးလိုက်ပြီး ချက်ချင်းပင် အရမ်းကိုရှက်သွားခဲ့သည်။
အခု ဒီအကြောင်းတွေးရင် ငါက ဇာတ်လမ်းထဲက ဇာတ်လိုက်မဖြစ်လို့ မူလဇာတ်ကြောင်းထဲကအတိုင်း အရာအားလုံး လွတ်ထွက်မသွားချင်ခဲ့ဘူး။
ဒါပေမဲ့ တခြားလူတွေကကော?
အထူးသဖြင့် သနားစရာကောင်းတဲ့ အဆုံးသတ်နဲ့ ကြုံတွေ့ရတဲ့ ဗီလိန် ဟုန်ချန်းမင်း နဲ့ရှက်စရာကိစ္စကို ကြုံတွေ့ခဲ့ရတဲ့ အရံဇာတ်ကောင်လေး ဇောင်ယုဟွမ် လိုလူမျိုးတွေကကော?
သူတို့ဆိုရင် ဇာတ်လမ်းထဲကလို လုံးဝဖြစ်ချင်ကြမှာ မဟုတ်ဘူး! သူတို့အတွေးကို တခြားသူတွေက အလွယ်တကူ တွေးနိုင်တယ်…
လင်းလန် ကပိုကြောက်လန့်လာပြီး မထိန်းချုပ်နိုင်ပဲ စတင်ငိုကြွေးလိုက်သည်။ သူမက အလျင်စလို ပြောလိုက်သည်။ “ကျွန်မ မှားမှန်းသိပါပြီ။ ကျွန်မ မှားသွားမှန်း တကယ်သိပါပြီ။ ခွင့်လွှတ်ပေးပါ၊ ကျွန်မ ရှင်တို့ရှေ့ကို နောက်ထပ်လုံးဝ ပေါ်မလာစေရပါဘူး…”
သူမက မူလဇာတ်ကြောင်းကို သိနေတယ်လို့ ထုတ်ပြောရမှာတောင် အရမ်းကြောက်နေခဲ့သည်။
သူတို့က သူမကို ဒီနေရာတွင် သတ်ပစ်လိုက်မှာကိုလည်း ကြောက်နေခဲ့သည်။
ဟုန်ချန်းမင်း ရဲ့စိတ်ကို သူမ ထိုးစွခဲ့သည်။ သူက သူမအား သေချာပေါက် သတ်ပစ်လိမ့်မည်။
ဟုန်ချန်းမင်း က လင်းလန် ကြောက်လန့်နေတာကနေ လျော့ပါးသွားချိန်အထိ အချိန်အတော်ကြာ မတုန့်ပြန်ခဲ့ပေ။ နောက်ဆုံးတော့ သူက ပြောလိုက်သည်။ “မင်းစကားတွေကို သေချာမှတ်ထား။ ဘာပြဿနာမှ လုပ်ဖို့မစဉ်းစားနဲ့။ အဲ့အပိုင်းထဲ မင်းပါနေသ၍ လီဂျင်းယွမ် နဲ့ငါက ရှာတွေ့မှာပဲ”
လင်းလန် ကသူမမျက်ရည်တွေကို ထိန်းထားခဲ့သည်။ “ဟုတ်ကဲ့၊ ဟုတ်ကဲ့…”
ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့က ထ,ရပ်လိုက်ကြပြီး ထွက်သွားကြသည်။
ထိုလူက သဘာဝကျစွာ ထွက်သွားခဲ့ကြသည်။
လင်းလန် ကဧည့်တွေ့ခန်းတွင်သာ နေနေတုန်းဖြစ်ပြီး အသက်ရှူသွင်းလိုက်သည်။
ဇာတ်ကြောင်းကို သူမ မေ့လိုက်သင့်တယ်၊ လုံးဝကို မေ့လိုက်သင့်တယ်… အဲ့အကြောင်းကို ဘယ်တော့မှ ထပ်ပြီးမတွေးသင့်ဘူး။
သူမအတွက်တော့ အဲ့စာအုပ်က အခွင့်အရေးရနိုင်သည့် အရာမဟုတ်ပေ။ အဆိပ်ပဲ! အဲ့ဒါက သူမကို အသတ်ခံရစေနိုင်တယ်! လင်းလန် ကတုန်သွားပြီး သူမမျက်နှာသစ်ဖို့အတွက် ရေချိုးခန်းဘက်ကို ပြေးသွားလိုက်ကာ ရိုက်ကူးရေးဘက်ကို ပြန်သွားလိုက်သည်။
ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့က သူမအား လာရှာတာကို ရိုက်ကူးရေးအဖွဲ့သားတွေက တွေ့ခဲ့သည်။ သူတို့က တကယ့်အကြောင်းပြချက်ကို မသိတာကြောင့် ‘အချိန်ခရီးသွားခြင်း’ ရိုက်ကူးရေးအတွင်း သူမအပေါ် ကောင်းမွန်သည့်စိတ်ခံစားချက်တွေ ရှိကြတယ်လို့သာ သူတို့တွေးလိုက်ကြသည်။
ထို့နောက်တွင် ရိုက်ကူးရေးအတွင်း အရာအားလုံးက လင်းလန် အတွက်တော့ ပိုကောင်းမွန်လာခဲ့သည်။
ထို့နောက်တွင် သူမက အမြဲတမ်း သတိထားနေခဲ့ပြီး တစ်စုံတစ်ယောက်က ဇာတ်ကြောင်းသိသွားမှာကို ကြောက်လန့်နေခဲ့သည်။ ဇောင်ယုဟွမ် ကိုမနာလိုဖြစ်ဖို့တောင် သူမ အရမ်းကြောက်နေခဲ့သည်။
ဟုန်ချန်းမင်း ကအိမ်အပြန်လမ်းတွင် သူ့လက်ထောက်ဆီမှ ဖုန်းလက်ခံရခဲ့ပြီး အရေးကြီးသည့် ကိစ္စကြောင့် သူ့ရုံးခန်းဆီလာဖို့လိုကြောင်း ပြောခဲ့သည်။
ဟုန်ချန်းမင်း ကမျက်မှောင်ကြုတ်လိုက်ပြီး ဇောင်ယုဟွမ် ဆီဖုန်းခေါ်လိုက်သည်။
“ဟွမ်ဟွမ်၊ ကိုယ့်အခန်းကိုသွားပြီး ကိုယ့် laptop ကိုကုမ္ပဏီဆီ ယူလာပေးလို့ ရမလား?”
“အို၊ အိုကေ”
သူတို့က မနက်အစောတည်းက ပျောက်သွားကြပြီး သူတို့ဘာလုပ်နေကြလဲဆိုတာကို ဇောင်ယုဟွမ် သိချင်နေခဲ့သည်။ အခုတော့ ဟုန်ချန်းမင်း ဆီကဖုန်းရခဲ့ပြီး သူတို့က တစ်ခုခုကြောင့် နှောင့်နှေးနေတာကို သူမ သိခဲ့ရသည်။ သူမက အလျင်အမြန်ပင် ဟုန်ချန်းမင်း ရဲ့အခန်းဆီ သွားလိုက်သည်။
သူတို့အခန်းက သူမအတွက်တော့ ဘယ်တုန်းကမှ သော့မခတ်ထားပုံပင်။
#Nov 18 ကတင်ထားတာ အခုက Dec 5 ဆိုတော့ သိပ်မကြာပါဘူး 😂😂 C~E tran ကလဲကြာ E~M tran ကလဲကြာဆိုတော့ ဒီနိုဗယ်လ်ကတော့ ပြီးဦးမယ် 🤭
…………………
Zawgyi
စားေသာက္ေနစဥ္ ေဇာင္ယုဟြမ္ က ဟုန္တေမ့ နဲ႔ျဖစ္ပ်က္ခဲ့တာေတြကို သူတို႔အား ေျပာျပခဲ့သည္။ သူမက မ်က္ေမွာင္ၾကဳတ္လိုက္သည္။ “တစ္ေယာက္ေယာက္က ေနာက္ကြယ္က ႀကိဳးကိုင္ေနတာ ျဖစ္ႏိုင္လား?”
ဟုန္ခ်န္းမင္း ကေျပာလိုက္သည္။ “ေသခ်ာတယ္” သူက ေျပာလိုက္ရင္း ေဇာင္ယုဟြမ္ ရဲ႕ပန္းကန္ထဲသို႔ ငါးလုံးအား ထည့္ေပးလိုက္သည္။ သူဘယ္ေလာက္ပဲ ေဒါသထြက္ေနပါေစ ေဇာင္ယုဟြမ္ အတြက္ အစားအေသာက္ေတြ ထည့္ေပးဖို႔ကို မေမ့ေပ။
လီဂ်င္းယြမ္ ကဘာမွမေျပာေပမဲ့ စားေသာက္ၿပီးေနာက္ လူတစ္ေယာက္ဆီ ဖုန္းေခၚလိုက္သည္။
လီ႐ုံ က လီဂ်င္းယြမ္ အားဂ်င္းဟြာအုပ္စုနဲ႔ ပတ္သက္သည့္အရာေတြကို စတင္မိတ္ဆက္ေပးခဲ့ၿပီးျဖစ္သည္။ လီ႐ုံ အျမင္တြင္ လီဂ်င္းယြမ္ ကလီမိသားစုရဲ႕ အင္အားကို အသုံးခ်တာက သူ႕ပုံစံအသစ္ကို အလ်င္အျမန္ ေမြးဖြားႏိုင္တယ္လို႔ ေတြးသည္။ ထိုအေၾကာင္းက သူ႕ကို ေပ်ာ္႐ႊင္ေစၿပီး စိတ္ပ်က္မႈနည္းနည္းေလးေတာင္ ထုတ္မျပခဲ့ေပ။
ထင္တဲ့အတိုင္းပင္ လီ႐ုံ ကသူဖုန္းေခၚၿပီးေနာက္ သူ႕အား ပိုမ်ားျပားသည့္ အခ်က္အလက္ေတြကို ေပးခဲ့သည္။
ရက္အနည္းငယ္အတြင္း လီ႐ုံ က လီဂ်င္းယြမ္ အားသူ႕စီးပြားေရးမိတ္ဘက္ မိတ္ေဆြေဟာင္းဆီ ေခၚသြားေပးခဲ့သည္။ ထိုအခ်ိန္တြင္ လီဂ်င္းယြမ္ ကလီမိသားစုကို ျပန္လာၿပီမွန္း လူအမ်ားအျပားက သိေနခဲ့ၾကသည္။
ထို႔ေနာက္တြင္ ေနာက္ကြယ္ကလူက ဘယ္သူဆိုတာကို လီဂ်င္းယြမ္ ကို႐ွာေတြ႕ခဲ့သည္။
ဒါက တကယ့္ကို စိတ္႐ႈပ္စရာပင္။
ဟုန္တေမ့ အားအဲ့လိုလုပ္ဖို႔ ေျပာခဲ့သူက လက္႐ွိဥကၠဌနင္ ရဲ႕တူျဖစ္သည္။ ပိုမိုတူးဆြၿပီးေနာက္ ထိုတူက လင္းလန္ နဲ႔အဆက္အဆံ႐ွိသည့္ ဆက္ဆံေရးျဖစ္တာကို သူ႐ွာေတြ႕ခဲ့သည္။ လင္းလန္ ကသူ႕အား သူမရဲ႕ဒုကၡေတြကိုနဲ႔ ေဇာင္ယုဟြမ္ ကသူမပိုင္တဲ့အရာေတြကို ယူသြားေၾကာင္းကို ေျပာျပခဲ့သည္။ ထို႔ေနာက္ ထိုလူက သူ႕အခ်စ္အတြက္ လက္စားေခ်ေပးဖို႔ ဆုံးျဖတ္ခဲ့သည္။
လီဂ်င္းယြမ္ ရဲ႕အမူအရာက ပိုေအးစက္သြားခဲ့သည္။
နင္မိသားစု။
ထိုမိသားစုကို ေတြးလိုက္႐ုံနဲ႔ သူ႕အား စိတ္အေႏွာက္အယွက္ ျဖစ္ေစသည္။
ဟြမ္ဟြမ့္ အေမနဲ႔မစၥနင္ တို႔က သူတို႔ကေလးေတြကို ဟိုးႏွစ္ေတြတည္းက ေစ့စပ္ထားဖို႔ကို ဘယ္သူက ခြင့္ျပဳခဲ့လို႔လဲ?
ဒီအေၾကာင္းကို သခင္ေလးနင္ ဆီကၾကားခဲ့တာ ႏွစ္အမ်ားႀကီး ၾကာေနခဲ့ေသာ္လည္း နင္မိသားစုနဲ႔ ေဇာင္မိသားစုတို႔က ေဇာင္ခ်ီ ေသဆုံးၿပီးတည္းက အဆက္အဆံမ႐ွိၾကေတာ့ေပ။ သို႔ေသာ္ ထိုအေၾကာင္းကို လီဂ်င္းယြမ္ ေတြးလိုက္မိတိုင္း သူ႕ႏွလုံးသားက နာက်င္လာရသည္။
လီဂ်င္းယြမ္ ကသူ႕ဒ႐ိုက္ဘာအား နင္မိသားစုဆီသြားဖို႔ ေျပာလိုက္သည္။
သူ႕လက္ေအာက္တြင္ ႐ွိေနေသးသည့္ ေဝ့က်ဲ ကေအးဂ်င့္ဆိုသည့္ ေနရာကေန ကိုယ္ပိုင္လက္ေထာက္ဆိုသည့္ ရာထူးဆီကို အလ်င္အျမန္ ေျပာင္းလဲသြားခဲ့သည္။
ေဝ့က်ဲ ရဲ႕ကြၽမ္းက်င္မႈက အရမ္းကိုေကာင္းမြန္ၿပီး သူလုပ္သည့္ အရာတိုင္းကိုလည္း အေကာင္းဆုံးႀကိဳးစားသည္။ သူက လီဂ်င္းယြမ္ နဲ႔အတူ ႏွစ္ေပါင္းမ်ားစြာ အလုပ္အတူလုပ္ခဲ့ၿပီး သူ႕စတိုင္နဲ႔လည္း အရမ္းရင္းႏွီးသည္။ ထို႔ေနာက္ လီဂ်င္းယြမ္ ေနာက္လိုက္ၿပီး စီးပြားေရးေလာကတြင္ ေနထိုင္တာက ပိုအဆင္ေျပေစသည္။
နင္ဗီလာတြင္
တစ္စုံတစ္ေယာက္က ေရာက္ေနၿပီးျဖစ္သည္။
ဟုန္ခ်န္းမင္း ကဆိုဖာေပၚတြင္ ထိုင္ေနခဲ့သည္။ သူက ဥကၠဌနင္ ထက္ေခါင္းတစ္လုံးစာ ပို႐ွည္တာေၾကာင့္ သူတို႔ေဘးခ်င္းယွဥ္ထိုင္လိုက္ခ်ိန္တြင္ ဟုန္ခ်န္းမင္း ကဥကၠဌနင္ ထက္အိမ္႐ွင္နဲ႔ ပိုတူေစသည္။
လက္႐ွိတြင္ လူတစ္ေယာက္က ႐ွိေနၿပီး ဟုန္ခ်န္းမင္း ေ႐ွ႕တြင္လည္း laptop တစ္လုံးက ေၾကမြေနသည္။
“မင္းက ပါးနပ္တာလား၊ ႏုံအ,တာလားဆိုတာ ငါမသိေတာ့ဘူး” ဟုန္ခ်န္းမင္း က laptop အားေဒါသအျပည့္ျဖင့္ ကန္လိုက္သည္။ “အေကာင့္အတုကို ဖန္တီးၿပီး ေနရာတိုင္းမွာ မင္းရဲ႕နင္မိသားစုက ေဇာင္မိသားစုနဲ႔ ေစ့စပ္ထားတယ္ဆိုတာကို တင္ေနတယ္၊ မိန္းကေလးျဖစ္တဲ့ ေဇာင္ယုဟြမ္ ကသည္းခံႏိုင္မယ္လို႔ မင္းထင္ေနတာလား? ဟား…. ေရတပ္ဆိုတာေတာင္ မင္းသိမွာမဟုတ္ဘူး? ဟမ္? ဒါမွမဟုတ္ လင္းလန္ အေပၚ မင္းရဲ႕ႏွစ္ဝင္ေနမႈကို ျပခ်င္လို႔လား?”
ဥကၠဌနင္ ရဲ႕အမူအရာက အရမ္းကို႐ုပ္ဆိုးေနၿပီး ေျပာလိုက္သည္။ “မစၥတာဟုန္၊ ကြၽန္ေတာ့္အိမ္ကို ခ်ိဳးဖ်က္ဝင္လာၿပီး ခ်က္ခ်င္းပဲ လူေတြကိုလည္း အႏၲရာယ္ျပဳခဲ့တယ္။ ပစၥည္းေတြကိုလည္း ဖ်က္ဆီးခဲ့တယ္။ ဒါက အရမ္းမမ်ားလြန္းဘူးလား?”
နင္မိသားစုက ေဇာင္ခ်ီ အသက္႐ွင္တုန္းကနဲ႔ မတူေတာ့ေပ။
နင္မိသားစုက တစ္ႏွစ္ၿပီးတစ္ႏွစ္ ေငြေၾကးဆက္တိုက္ ဆုံး႐ႈံးလာခဲ့သည္။ ေသခ်ာေပါက္ကို ဟုန္ခ်န္းမင္း ကဒီလိုေနရာေသးေသးေလးကို ဂ႐ုစိုက္ေနမွာ မဟုတ္ေပ။ သို႔ေသာ္ ဟုန္ခ်န္းမင္း ကသူဆိုး႐ြားတဲ့အရာေတြလုပ္ၿပီး ေဇာင္ယုဟြမ္ ႐ွာေတြ႕သြားမွာကို စိုးရိမ္တာေၾကာင့္ ဘယ္တုန္းကမွ သူကိုယ္တိုင္မလုပ္ခဲ့ေပ။
သို႔ေသာ္ ဒီအခ်ိန္တြင္ ဥကၠဌနင္ ကမထိန္းခ်ဳပ္ႏိုင္ပဲ ဟုန္ခ်န္းမင္း ဆီစိတ္အေႏွာက္အယွက္ျဖစ္ေၾကာင္း နည္းနည္းထုတ္ျပလိုက္သည္။
သူစကားေျပာၿပီးသည္ႏွင့္ အိမ္ေဖာ္တစ္ေယာက္က ေအာ္လိုက္တာကို သူၾကားလိုက္သည္။ “မစၥတာလီ၊ ဘ-ဘယ္လိုျဖစ္ၿပီး ဒီလိုဝင္လာရတာလဲ?”
မစၥတာလီ? ဘယ္မစၥတာလီလဲ?
ဥကၠဌနင္ ကခ်က္ခ်င္း စိတ္႐ႈပ္ေထြးေနခ်ိန္တြင္ လီဂ်င္းယြမ္ ကိုျမင္လိုက္ရသည္။
“မင္း ဘယ္ေလာက္ေတာင္ ကံမေကာင္းလိုက္လဲ? ဟုန္ခ်န္းမင္း ပဲမိနစ္ပိုင္းအတြင္ ဖ်က္ဆီးႏိုင္တဲ့သူ မဟုတ္ဘူး” လီဂ်င္းယြမ္ ကေျပာလိုက္သည္။
ဥကၠဌနင္ ရဲ႕မ်က္ႏွာက အနီနဲ႔အျဖဴၾကား ေျပာင္းလဲေနၿပီး သူ႕အမူအရာက အေတာ္ေလး ဆိုး႐ြားေနသည္။
အရင္တုန္းကသာဆိုရင္ စိုးရိမ္ေနရမဲ့သူက လီဂ်င္းယြမ္ သာျဖစ္လိမ့္မည္။ သို႔ေသာ္ အခုေတာ့ သူ႕တြင္ ဂ်င္းဟြာအုပ္စုက ႐ွိေနၿပီး သူ႕အား ႐ိုက္ခ်ႏိုင္ဖို႔ လုံေလာက္သည့္ အင္အား႐ွိေနသည္။
ဥကၠဌနင္ ကသူ႕စိတ္ကို ေလွ်ာ့ခ်လိုက္ၿပီး ေျပာလိုက္သည္။ “အစက မိသားစုႏွစ္စုက မိတ္ေဆြေတြပါ။ အရင္က မစၥေဇာင္ ကသူမသမီးကို လက္ထပ္ေစခ်င္ခဲ့တာ မဟုတ္ဘူးလား? သူတို႔အသက္ကြာေနလို႔ ငါတို႔ေကာင္ေလးကလည္း ေမွ်ာ္လင့္ႏိုင္တဲ့အေျခအေန နိမ့္က်ေနတာနဲ႔ မစၥေဇာင္ ကိုဒုကၡမေပးေစခ်င္ခဲ့ဘူး၊ ဒါေပမဲ့ မိသားစုႏွစ္စုၾကားက မိတ္ေဆြဆက္ဆံေရးက ဆက္တည္႐ွိေနတာ မဟုတ္ဘူးလား? မင္းတို႔ဘာေၾကာင့္ ဒီလိုမ်ိဳး လုပ္ရတာလဲ?”
ေစ့စပ္ပြဲအေၾကာင္းကို သူထုတ္မေျပာလိုက္ရင္ အဆင္ေျပႏိုင္ေပမဲ့ အခုေတာ့ သူက ထုတ္ေျပာလိုက္ၿပီး မီးေတာက္အား ေရနံဆီေလာင္းလိုက္သလို ျဖစ္သြားခဲ့သည္။
ဟုန္ခ်န္းမင္း မေျပာနဲ႔ လီဂ်င္းယြမ္ ရဲ႕အမူအရာေတာင္ ေၾကာက္စရာေကာင္းသြားခဲ့သည္။
ဥကၠဌနင္ ကခ်က္ခ်င္း သတိျပဳမိသြားခဲ့သည္။ ေနာက္ပိုင္း အြန္လိုင္းမွာ ကိစၥအမ်ားႀကီး ႐ွိခဲ့တာမဟုတ္ဘူးလား? ဒင္မိသားစုက ေမြးစားခဲ့တဲ့ ကေလးႏွစ္ေယာက္က ေဇာင္ယုဟြမ္ အေပၚဘယ္လို သေဘာထားလဲဆိုတာ…
သူ႕အမူအရာက ခ်က္ခ်င္း ေျပာင္းလဲသြားခဲ့သည္။
တိုက္တိုက္ဆိုင္ဆိုင္ပင္ လူတစ္ေယာက္က ေအာက္ထပ္ကို ဆင္းလာခဲ့သည္။
ထိုလူက ႏွစ္ဆယ္ဝန္းက်င္ေလာက္႐ွိၿပီး ကိုယ္နဲ႔အတိက်သည့္ အေနာက္တိုင္းဝတ္စုံကို ဝတ္ထားခဲ့သည္။ သူ႕ဆီက အ႐ွိန္အဝါက အရင္က အရမ္းကိုကြာျခားေနေသာ္လည္း သူ႕အသြင္အျပင္က အမ်ားႀကီး မေျပာင္းလဲသြားေပ။
သူက ေဇာင္ယုဟြမ္ နဲ႔ေစ့စပ္ထားခဲ့သည့္ သခင္ေလးနင္ ျဖစ္သည္။
ဟုန္ခ်န္းမင္း ရဲ႕အမူအရာက မဲေမွာင္သြားခဲ့ၿပီး လီဂ်င္းယြမ္ ရဲ႕မ်က္လုံးေတြက အနက္ေရာင္အလင္းကို ထုတ္ျပလာခဲ့သည္။
သခင္ေလးနင္ ကလည္း သူတို႔ကို ျမင္လိုက္သည္။ သူတို႔စကားေျပာေနတာ ျမင္လိုကၿပီး လွည့္ထြက္သြားဖို႔ လုပ္လိုက္ေပမဲ့ ႏွစ္လွမ္းလွမ္းၿပီးေနာက္ ဒါက အရမ္း႐ွက္ဖို႔ေကာင္းတယ္လို႔ သူခံစားလိုက္ရတာေၾကာင့္ ရပ္လိုက္ၿပီး စက္႐ုပ္လိုမ်ိဳး လွည့္လိုက္ကာ ဟုန္ခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ တို႔ကို မ်က္ႏွာခ်င္းဆိုင္လိုက္သည္။
“မစၥတာဟုန္၊ မစၥတာလီ…”
အဲ့ႏွစ္က သခင္ေလးနင္ ဘယ္ေလာက္ေတာင္ အ႐ိုက္ခံခဲ့ရလဲ? ဒီအခ်က္ေၾကာင့္ သူ ဟုန္ခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ တို႔ကို ျမင္လိုက္ခ်ိန္တိုင္း သူ႕အ႐ိုးေတြ နာလာသလိုေတာင္ ခံစားရသည္။
အရင္က သူတို႔ထက္ အရပ္ပို႐ွည္ေပမဲ့ သူတို႔ကို မ႐ိုက္ႏိုင္ခဲ့တာေၾကာင့္ အခုလက္႐ွိ သူ႕အခြင့္အေရးက ထုတ္ေျပာဖို႔ေတာင္ မျဖစ္ႏိုင္ေပ။ ေနာက္ၿပီး အခုလက္႐ွိတြင္ သူတို႔က အရမ္းသန္မာေနၿပီး သူ႕မိသားစုေတာင္ သူတို႔လုပ္သမွ်ကို ၾကည့္ေန႐ုံသာ တက္ႏိုင္သည္။ ထိုအေၾကာင္းကို ေတြးလိုက္ၿပီး သခင္ေလးနင္ ရဲ႕မ်က္ႏွာက နည္းနည္းမႈန္မိႈင္းသြားသည္။
သူ႕မိသားစုရဲ႕ စီးပြားေရးက တစ္ေန႔ထက္တစ္ေန႔ က်ဆင္းလာတာေၾကာင့္ သူလည္း ေျပာင္းလဲလာခဲ့သည္။
ဟုန္ခ်န္းမင္း ကနင္မိသားစုက မာနေထာင္လႊားသည့္ သခင္ေလးနင္ ကအခုလိုမ်ိဳး ႏႈတ္ဆက္လာခဲ့မယ္လို႔ ေမွ်ာ္လင့္မထားခဲ့ေပ။ သူက မ်က္ေမွာင္ၾကဳတ္လိုက္သည္။ ဒါက ရလဒ္ျဖစ္လာႏိုင္တာကို သူသိခဲ့ရင္ အစတည္းက သူတို႔ကို လ်စ္လ်ဴ႐ႈထားခဲ့တာက ပိုေကာင္းလိမ့္မည္။ အခုေတာ့ သခင္ေလးနင္ ကေျပာင္းလဲသြားၿပီးေတာ့ သူက ဟြမ္ဟြမ့္ဆီ သြားရင္ဘယ္လိုလုပ္မလဲ?
ဟုန္ခ်န္းမင္း ရဲ႕မ်က္ေမွာင္ၾကဳတ္မႈက ပိုပိုတင္းမာလာခဲ့သည္။
သူက ကိုယ္ရံေတာ္တစ္ေယာက္ကို အနားေခၚလိုက္သည္။ “အဲ့လူကို အေဝးေမာင္းထုတ္လိုက္”
လီဂ်င္းယြမ္ ကသူ႕ကို စိုက္ၾကည့္လိုက္သည္။ “လင္းလန္ ဆီပဲ တိုက္႐ိုက္သြားမလား?”
“အင္း” ဟုန္ခ်န္းမင္း ကေအးစက္စြာ ေျပာလိုက္သည္။ “သူမက အရင္တည္းက မင္းေနာက္ကြယ္ကေန လုပ္ခဲ့တာ ျဖစ္ႏိုင္တယ္”
လီဂ်င္းယြမ္ ကေခါင္းညိတ္လိုက္သည္။ ဒီအရာကို အရင္တည္းက သူခန္႔မွန္းၿပီးသားပင္။ ဝမ္ေယာင္ခ်န္း ကဒီလိုအရာေတြကို လုပ္ရဲသည့္ ပုံစံမ်ိဳးမဟုတ္ေပ။ သူက ေဇာင္ယုဟြမ္ ေ႐ွ႕ကသူ႕တည္႐ွိမႈကို ေပ်ာက္ကြယ္သြားဖို႔သာ လုပ္လိမ့္မည္။
ၾကမ္းျပင္ေပၚကလူက လင္းလန္ အေၾကာင္းေျပာလိုက္တာကို ၾကားလိုက္ၿပီး ခ်က္ခ်င္းပင္ပဲ ေအာ္လိုက္သည္။ “မင္းတို႔ ဘာလုပ္ေနတာလဲ? ဘာလင္းလန္လဲ? ငါ သူမကို လုံးဝမသိဘူး…”
ဟုန္ခ်န္းမင္း ကရယ္လိုက္သည္။ “သူ႕ခ်စ္သူကို သစၥာမေဖာက္ႏိုင္တဲ့အထိ အ႐ူးအမူး စြဲလမ္းေနမယ္လို႔ ငါမထင္ထားခဲ့ဘူး”
ထိုလူရဲ႕ေအာ္သံက ပိုၿပီးေတာ့ေတာင္ ေဒါသသံပါလာခဲ့သည္။ “အစတည္းက သူလုပ္သင့္တာကို ငါ့အစ္ကိုက ကူညီေပး႐ုံပဲ။ မင္းတို႔ ဘာေၾကာင့္ ဒီကိစၥကို စိတ္ဝင္စားေနတာလဲ? ေစ့စပ္ပြဲပ်က္လို႔ ေဇာင္အိမ္ေတာ္ကို အျပစ္မတင္သင့္ဘူးလား?”
ဟုန္ခ်န္းမင္း ကထိုလူရဲ႕မ်က္ႏွာကို တက္နင္းလိုက္သည္။ သူ႕ေျခေထာက္ကို ဖယ္လိုက္ၿပီးေနာက္ ထိုလူရဲ႕လည္ပင္းက ဆန္႔သြားၿပီး ေသြးေတြနဲ႔အတူ သြားတစ္ေခ်ာင္းကို ေထြးထုတ္လိုက္သည္။
“သူ႕ကို အေဝးေခၚထုတ္သြား” ဟုန္ခ်န္းမင္း ကေအးစက္စြာ ေျပာလိုက္သည္။
ဥကၠဌနင္ လည္းသူ႕စိတ္တြင္း ထိန္းခ်ဳပ္ေနကာ တိတ္ဆိတ္ေနခဲ့သည္။
သူ႕တူက နင္ ကဆိုေပမဲ့ အျပင္လူကိုလည္း အာ႐ုံစိုက္ရမည္။ ပထမဆုံး မိန္းမတစ္ေယာက္အတြက္ ဟုန္ခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ တို႔ကို သူရန္စမိသြားခဲ့ၿပီး သူတို႔ သူ႕တံခါးဝဆီ ေရာက္လာခ်ိန္တြင္ သူ႕သားကို အျပစ္တင္ဖို႔အတြက္ အျပစ္ခံလိုက္ရတယ္! ဘယ္လိုေကာင္းလိုက္တဲ့ တြက္ခ်က္မႈလဲ!
ထိုလူက တိတ္ဆိတ္စြာသာ ေတြးေနခဲ့သည္။
ဟုန္ခ်န္းမင္း ကသခင္ေလးနင္ ကိုနက္႐ိႈင္းစြာ စိုက္ၾကည့္လိုက္သည္။ လီဂ်င္းယြမ္ ကေပါ့ပါးစြာ ေျပာလိုက္သည္။ “သခင္ေလးနင္ လည္းငါတို႔ဟြမ္ဟြမ္ နဲ႔ေတြ႕ဆုံမဲ့ အႀကိမ္အေရအတြက္ကို ေလ်ာ့ခ်ႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္”
ဥကၠဌနင္ ကထိုစကားကို ၾကားလိုက္ခ်ိန္တြင္ အရမ္းကိုေဒါသထြက္သြားၿပီး ခ်က္ခ်င္းပင္ ျငင္းဆန္လိုက္သည္။ “လမ္းက မွန္ကန္တဲ့လမ္းပဲ။ ငါ့သားက ဘယ္လမ္းသြားလဲဆိုတာ မင္းတို႔က စိတ္ဝင္စားေနတာလား?”
ဟုန္ခ်န္းမင္း ကသခင္ေလးနင္ ကိုစိုက္ၾကည့္လိုက္သည္။ “ဒါဆို ခင္ဗ်ားသားက အဲ့လမ္းကို ေ႐ြးခ်ယ္ရဲလားဆိုတာ ဘာေၾကာင့္ မေမးၾကည့္ရတာလဲ?”
သခင္ေလးနင္ ကအံႀကိတ္လိုက္သည္။ “ငါသိၿပီ”
နင္အိမ္ေတာ္ရဲ႕ အေျခအေနက ပိုပိုဆိုး႐ြားလာၿပီး သူက ပိုပိုၿပီး ရင့္က်က္လာခဲ့သည္။
သို႔ေသာ္လည္း သူအရင္က ႐ွင္သန္ခဲ့တဲ့ဘဝနဲ႔ယွဥ္ရင္ ဘယ္ေလာက္ေတာင္ ႐ွက္ဖို႔ေကာင္းေနလဲဆိုတာ သူနားလည္ေနသည္။ ေပ်ာ္ပါးၿပီး ၿပိဳင္ပြဲေတြနဲ႔အတူ သခင္ငယ္ေလး အသြင္အျပင္အတိုင္း ကစားလာခဲ့ၿပီး သူ႕ကိုယ္ပိုင္ဘဝက လုံးဝကို႐ႈပ္ေထြးခဲ့သည္။
ေဇာင္ယုဟြမ္ ကို႐ွာဖို႔အတြက္ တစ္စုံတစ္ေယာက္က သူ႕ကိုဖိအားေပးရင္ေတာင္ အရင္တည္းက သူမနဲ႔မ်က္ႏွာခ်င္းဆိုင္ဖို႔ သူအရမ္းကို ႐ွက္ခဲ့တာ!
အခုေတာ့ သူမအေပၚ အထင္ႀကီးမႈသာ သူ႕တြင္႐ွိေတာ့သည္။ အဲ့ႏွစ္ေတြတုန္းက ဒီလွပတဲ့မိန္းကေလးကို လိုခ်င္တက္မက္သည့္ ဆႏၵသာ႐ွိမေနခဲ့ရင္ ဒီေလာက္အမ်ားႀကီး ေလ့လာႏိုင္ခဲ့ရမွာ မဟုတ္ေပ။
သူမေလ့လာခဲ့ရင္ မ်က္ကန္းျဖစ္ေနၿပီး ဘယ္လိုျပႆနာေတြ ျဖစ္လာလဲဆိုတာသာ သိလိမ့္မည္။
ဟုန္ခ်န္းမင္း ကစိတ္ေက်နပ္သြားၿပီးေနာက္ လွည့္ထြက္လိုက္သည္။
တျခားအခ်စ္ၿပိဳင္ဘက္ေတြနဲ႔ ရင္ဆိုင္ရဖို႔ျဖစ္လာခ်ိန္တြင္ ဟုန္ခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ တို႔က အၿမဲတမ္း တြဲဖက္ညီသည္။
ဥကၠဌနင္ ရဲ႕အမူအရာက အေတာ္ေလးကို ဆိုး႐ြားေနေပမဲ့ သူတို႔ထြက္သြားတာကိုသာ ၾကည့္ေနႏိုင္ခဲ့သည္။
ထို႔ေနာက္ သူ႕သားဘက္ကို လွည့္လိုက္သည္။ သက္ျပင္းခ်လိုက္ၿပီး အေစာပိုင္းတည္းက ေစ့စပ္ပြဲကိုသာ အတည္ျပဳႏိုင္ခဲ့ရင္ ေဇာင္ယုဟြမ္ ဘြဲ႕ရၿပီးတာနဲ႔ လက္ထပ္လိုက္ရင္ နင္အိမ္ေတာ္က ေငြဘယ္ေလာက္ ဆုံး႐ႈံးႏိုင္မလဲ? ေဇာင္မိသားစုမွာ ေငြဘယ္ေလာက္အထိ ႐ွိလဲဆိုတာ ဘယ္သူသိႏိုင္မွာလဲ…
သခင္ေလးနင္ ကဘာကိုမွ သတိမျပဳမိပဲ အလ်င္အျမန္ပင္ အေပၚထပ္ကို တက္သြားခဲ့သည္။
ထိုအခ်ိန္တြင္ မျမင္ႏိုင္သည့္ဖိအားေတြ ေပ်ာက္သြားတာကိုသာ သူခံစားမိသည္။
“လင္းလန္ ဘယ္မွာလဲဆိုတာ ငါသိတယ္” လီဂ်င္းယြမ္ ကကားတံခါးကို ဖြင့္လိုက္သည္။ “ငါလမ္းျပေပးမယ္”
ဟုန္ခ်န္းမင္း ကေခါင္းညိတ္လိုက္ၿပီး သူ႕ေနာက္ကို အျမန္လိုက္လိုက္သည္။
စာအုပ္ထဲက လီဂ်င္းယြမ္ က လင္းလန္ ကိုအဓိကဇာတ္ေကာင္အေနနဲ႔ ျမင္တယ္ဆိုတာကို ဟုန္ခ်န္းမင္း မွတ္မိသည္။
ဒီကမ႓ာႀကီးက အဲ့မိန္းမအတြက္ ေရးခဲ့တာလား?
ဒါဆို ေနာက္က်ရင္ သူမက ဟြမ္ဟြမ္ ရဲ႕တည္႐ွိမႈကို အႏၲရာယ္ျဖစ္လာေစမွာလား?
ကိစၥမ႐ွိပါဘူး။ အရာအားလုံးက ထိန္းခ်ဳပ္ႏိုင္တဲ့ အေျခအေနမွာပဲ။
သူတို႔က လင္းလန္ ႐ိုက္ကူးေနသည့္ တည္ေနရာဆီ ေရာက္သြားၾကသည္။
ဟုန္မိသားစု ရဲ႕သနားစဖြယ္ အေျခအေနကို လင္းလန္ ကမ်က္ျမင္ေတြ႕ခဲ့ရၿပီး အရမ္းေၾကာက္လန္႔ကာ ႐ိုက္ကူးေရးဆီ ျပန္ေျပးလာခဲ့သည္။ ကံေကာင္းတာက ႐ိုက္ကူးေရးကို ေရာက္သြားသည္ႏွင့္ သူမရဲ႕စိုးရိမ္ေနမႈေတြက ေပ်ာက္ကြယ္သြားခဲ့သည္။
ေဇာင္ယုဟြမ္ ကိုအ႐ွက္ရေစဖို႔နဲ႔ ေဇာင္ယုဟြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔သေဘာထားကြဲလြဲေစဖို႔ ဟုန္မိသားစု ကိုလမ္းၫႊန္ခဲ့သည့္ သူမရဲ႕အထင္ႀကီးဖြယ္ အစီအစဥ္က ဘယ္လိုျဖစ္သြားလဲဆိုတာ လုံးဝသတိမျပဳမိခဲ့ေပ။ သူမေကာင္းမြန္လွသည့္ အစီအစဥ္က က်႐ႈံးသြားခဲ့ၿပီး ဖမ္းမိသြားကာ သြားေတြမ႐ွိေလာက္သည္အထိ ႐ိုက္ႏွက္ခံရလိမ့္မယ္လို႔လည္း မသိခဲ့ေပ။
လက္ေထာက္က ဇာတ္ၫႊန္းကိုလာေပးသည္ႏွင့္ လက္ေထာက္က လင္းလန္ အားစိတ္လႈပ္႐ွားစြာျဖင့္ ေျပာလိုက္သည္။ “အစ္မလန္၊ မစၥတာဟုန္ နဲ႔ မစၥတာလီ တို႔လာပါတယ္။ သူတို႔ေရာက္ေနၿပီ… အစ္မလန္ ကိုေတြ႕ဖို႔…”
သို႔ေသာ္ ထိုအခ်က္ေၾကာင့္ လင္းလန္ ကလုံးဝမေပ်ာ္ေပ။ သူမ လုပ္ခဲ့တာေတြကို ျပန္ေတြးမိသြားၿပီး သူမႏွလုံးသားက အခုန္ျမန္လာခဲ့သည္။ သူမ လုပ္ခဲ့သည့္ တစ္ခုတည္းေသာအရာက ဇာတ္လိုက္က အရံဇာတ္ေကာင္ေလးျဖစ္တဲ့ ေဇာင္ယုဟြမ္ ကိုသေဘာက်ေနတာေၾကာင့္ သူတို႔ၾကားက ဆက္ဆံေရးအား ေဒါသေၾကာင့္ ပ်က္ဆီးသြားေစခ်င္တာေၾကာင့္ သတင္းေတြ ထြက္ေပၚေစခဲ့တာပင္ ျဖစ္သည္။
ဒါထက္… သူမ တျခားဘာမွ မလုပ္ခဲ့ေပ။
သို႔ေသာ္ ဒီအခ်က္ေလးကတင္ သူတို႔ကို ေဒါသထြက္ေစဖို႔အထိ ျဖစ္ေစခဲ့သည္။ သူတို႔က ေဇာင္ယုဟြမ္ အားဘယ္ေလာက္ထိ ဂ႐ုစိုက္ေၾကာင္းကို လင္းလန္ ျမင္ေတြ႕ခဲ့ၿပီးျဖစ္သည္။
“အစ္မလန္၊ ျမန္ျမန္။ သူတို႔ ဧည့္ေတြ႕ခန္းမွာ ေစာင့္ေနတယ္” သူမလက္ေထာက္က အေလာတႀကီး ေျပာလိုက္သည္။
လင္းလန္ ကသူမ မလြတ္ႏိုင္တာကို သိေနခဲ့တာေၾကာင့္ အသက္႐ွဴသြင္းလိုက္ၿပီး အားနည္းၿပီး တုန္ရီေနသည့္ ေျခလွမ္းေတြျဖင့္ ဧည့္ေတြ႕ခန္းဘက္ကို ေလွ်ာက္လိုက္သည္။
ဧည့္ေတြ႕ခန္းတြင္ ခန္႔ညားၿပီးသန္မာသည့္ ေယာက်ၤားႏွစ္ေယာက္က ေဘးခ်င္းယွဥ္ထိုင္ေနခဲ့သည္။
သူတို႔ႏွစ္ေယာက္လုံးက စာအုပ္ထဲတြင္ အသန္မာဆုံးဇာတ္ေကာင္ေတြ ျဖစ္ၾကေပမဲ့ သူတို႔ႏွစ္ေယာက္လုံးက ေဇာင္ယုဟြမ္ ကိုသေဘာက်ေနခဲ့ၾကသည္။
လင္းလန္ ကနည္းနည္းမနာလို ျဖစ္သြားေပမဲ့ ထုတ္မျပရဲေပ။
ဟုန္ခ်န္းမင္း ကသူ႕ပါးစပ္ကို ဖြင့္လိုက္ၿပီး ကိုယ္ရံေတာ္ေတြကို သူမအား အနားေခၚလာဖို႔ ေျပာလိုက္သည္။
လင္းလန္ ကဗလာျဖစ္စြာျဖင့္ အရင္က သူမအား စိတ္အားထက္သန္စြာ ဆြဲေဆာင္ခဲ့သည့္ တူညီေသာလူအား မယုံၾကည္ႏိုင္စြာျဖင့္ ၾကည့္ေနခဲ့သည္။
ဇာတ္ေၾကာင္းထဲတြင္ သူက အရံဇာတ္လိုက္ျဖစ္ၿပီး သစၥာ႐ွိသည့္ေခြးလို ပုံစံမ်ိဳး႐ွိသည့္လူစားမ်ိဳး ျဖစ္သည္။ ထို႔ေၾကာင့္ စိတ္အေျခအေန နည္းနည္းေလးနဲ႔ေတာင္ သူက ခ်က္ခ်င္းကို သူမအား စြဲလမ္းသြားခဲ့သည္။ သို႔ေသာ္လည္း အဲ့လိုအရံဇာတ္ေကာင္ေလး၊ ဗီလိန္က ဇာတ္လိုက္နဲ႔ ယွဥ္ႏိုင္ဖို႔က မျဖစ္ႏိုင္ေပ။ အခုေတာ့ ဗီလိန္ေကာ ဇာတ္လိုက္ကပါ လက္တြဲေနၾကတာက ေၾကာက္စရာေကာင္းသည့္ ကံၾကမၼာနဲ႔အဆုံးသတ္ရမွာ သိသာေနသည္။
လင္းလန္ ကျဖဴေဖြးလာၿပီး သူမႏႈတ္ခမ္းေတြက သတိလက္လြတ္ တုန္လာခဲ့သည္။
ငါက ဇာတ္လိုက္မပဲ။ ငါက ဇာတ္လိုက္မ… လင္းလန္ ကထိုအေၾကာင္းအား အႀကိမ္ႀကိမ္ ေရ႐ြတ္ေနေပမဲ့ ဒီလိုစိတ္အင္အားက သူမေၾကာက္လန္႔မႈအား မေလ်ာ့ပါးသြားႏိုင္ေစေပ။
သူမက ျပန္ေမြးဖြားလာေသာ္လည္း သူမအျမင္က အကန္႔အသတ္႐ွိသည္။ ဇာတ္လိုက္မ အ႐ွိန္အဝါမပါပဲ သူမက ေနာက္ခံမ႐ွိသည့္ သာမာန္မိန္းကေလးသာ ျဖစ္သည္။ သူမတြင္ သန္မာလွသည့္ စိတ္ပိုင္းဆိုင္ရာ မ႐ွိသလို ခက္ခဲလွသည့္ အေျခအေနကို ကိုင္တြယ္ႏိုင္သည့္ စြမ္းရည္မ်ိဳးလည္း မ႐ွိေပ။
ဗီလိန္နဲ႔ ဇာတ္လိုက္တို႔က လက္တြဲလိုက္ခ်ိန္တြင္ ဇာတ္ေၾကာင္းက လုံးဝကိုေျပာင္းလဲသြားခဲ့ၿပီး ျဖစ္သည္။
လင္းလန္ ကထိုအခ်က္နဲ႔ ရင္ဆိုင္ေနခဲ့ရသည္။
သူတို႔လက္တြဲထားခ်ိန္မွာ ဇာတ္လိုက္မနဲ႔ ညႇိႏိႈင္းဖို႔က ပိုလြယ္ကူသင့္တယ္မလား?
လင္းလန္ ကသူမႏႈတ္ခမ္းကို ေစ့လိုက္ၿပီး ဘာကိုမွမထိန္းခ်ဳပ္ႏိုင္ပဲ သူမလုပ္ခဲ့တာအားလုံးကို ဝန္ခံလိုက္သည္။
“သူလုပ္ခဲ့တာကို ကြၽန္မ မသိဘူး။ ေဇာင္ယုဟြမ္ ကိုအႏၲရာယ္ျပဳဖို႔ ကြၽန္မ ဘယ္တုန္းကမွ မရည္႐ြယ္ခဲ့ဖူးဘူး…” လင္းလန္ ရဲ႕အသားအရည္က ျဖဴေဖြးေနၿပီး သူမႏႈတ္ခမ္းက ပိုၿပီးေတာ့ေတာင္ တုန္ရီလာခဲ့သည္။ အရင္က အမွန္တရားကိုပါ သူမက ဝန္ခံခဲ့သည္။ “ေဇာင္ယုဟြမ္ နဲ႔ကြၽန္မ မယွဥ္ႏိုင္တာကို သိပါတယ္၊ ေနာက္ၿပီး သူမကို ဘာမွမလုပ္ႏိုင္တာကိုလည္း သိခဲ့တယ္”
လီဂ်င္းယြမ္ ကေပါ့ပါးစြာ ေျပာလိုက္သည္။ “မင္း အေစာတည္းက ပါးနပ္ခဲ့ရင္ ပိုေကာင္းမယ္မလား?”
ဟုန္ခ်န္းမင္း ကမ်က္ေမွာင္ၾကဳတ္ေနတုန္းျဖစ္ကာ အခ်ိန္ၾကာမွ စကားထ,ေျပာလိုက္သည္။ “ငါ ဇာတ္လမ္းတစ္ခုကို ၾကားခဲ့တယ္”
လီဂ်င္းယြမ္ ကသူ႕ဇာတ္လမ္း ေျပာခဲ့ၿပီး ဟုန္ခ်န္းမင္း ကထုတ္မေျပာပဲ ႐ိုး႐ိုး႐ွင္း႐ွင္းနဲ႔သာ အႏွစ္ခ်ဳပ္လိုက္သည္။
လင္းလန္ ကပိုပိုၿပီးျဖဴေဖ်ာ့လာခဲ့သည္။ သူတို႔သိသြားၿပီ… ဇာတ္ေကာင္တိုင္းက သူတို႔ကိုယ္သူတို႔ သိသြားၾကၿပီလား? ဒါဆို လီဂ်င္းယြမ္ ကိုအ႐ူးလုပ္မဲ့ ငါ့ဂ႐ုစိုက္တဲ့စိတ္က အလုပ္မျဖစ္ေတာ့ဘူးလား?
လင္းလန္ ကဇာတ္လမ္း အသြားအလာကို ျပန္ေတြးလိုက္ၿပီး ခ်က္ခ်င္းပင္ အရမ္းကို႐ွက္သြားခဲ့သည္။
အခု ဒီအေၾကာင္းေတြးရင္ ငါက ဇာတ္လမ္းထဲက ဇာတ္လိုက္မျဖစ္လို႔ မူလဇာတ္ေၾကာင္းထဲကအတိုင္း အရာအားလုံး လြတ္ထြက္မသြားခ်င္ခဲ့ဘူး။
ဒါေပမဲ့ တျခားလူေတြကေကာ?
အထူးသျဖင့္ သနားစရာေကာင္းတဲ့ အဆုံးသတ္နဲ႔ ၾကဳံေတြ႕ရတဲ့ ဗီလိန္ ဟုန္ခ်န္းမင္း နဲ႔႐ွက္စရာကိစၥကို ၾကဳံေတြ႕ခဲ့ရတဲ့ အရံဇာတ္ေကာင္ေလး ေဇာင္ယုဟြမ္ လိုလူမ်ိဳးေတြကေကာ?
သူတို႔ဆိုရင္ ဇာတ္လမ္းထဲကလို လုံးဝျဖစ္ခ်င္ၾကမွာ မဟုတ္ဘူး! သူတို႔အေတြးကို တျခားသူေတြက အလြယ္တကူ ေတြးႏိုင္တယ္…
လင္းလန္ ကပိုေၾကာက္လန္႔လာၿပီး မထိန္းခ်ဳပ္ႏိုင္ပဲ စတင္ငိုေႂကြးလိုက္သည္။ သူမက အလ်င္စလို ေျပာလိုက္သည္။ “ကြၽန္မ မွားမွန္းသိပါၿပီ။ ကြၽန္မ မွားသြားမွန္း တကယ္သိပါၿပီ။ ခြင့္လႊတ္ေပးပါ၊ ကြၽန္မ ႐ွင္တို႔ေ႐ွ႕ကို ေနာက္ထပ္လုံးဝ ေပၚမလာေစရပါဘူး…”
သူမက မူလဇာတ္ေၾကာင္းကို သိေနတယ္လို႔ ထုတ္ေျပာရမွာေတာင္ အရမ္းေၾကာက္ေနခဲ့သည္။
သူတို႔က သူမကို ဒီေနရာတြင္ သတ္ပစ္လိုက္မွာကိုလည္း ေၾကာက္ေနခဲ့သည္။
ဟုန္ခ်န္းမင္း ရဲ႕စိတ္ကို သူမ ထိုးစြခဲ့သည္။ သူက သူမအား ေသခ်ာေပါက္ သတ္ပစ္လိမ့္မည္။
ဟုန္ခ်န္းမင္း က လင္းလန္ ေၾကာက္လန္႔ေနတာကေန ေလ်ာ့ပါးသြားခ်ိန္အထိ အခ်ိန္အေတာ္ၾကာ မတုန္႔ျပန္ခဲ့ေပ။ ေနာက္ဆုံးေတာ့ သူက ေျပာလိုက္သည္။ “မင္းစကားေတြကို ေသခ်ာမွတ္ထား။ ဘာျပႆနာမွ လုပ္ဖို႔မစဥ္းစားနဲ႔။ အဲ့အပိုင္းထဲ မင္းပါေနသ၍ လီဂ်င္းယြမ္ နဲ႔ငါက ႐ွာေတြ႕မွာပဲ”
လင္းလန္ ကသူမမ်က္ရည္ေတြကို ထိန္းထားခဲ့သည္။ “ဟုတ္ကဲ့၊ ဟုတ္ကဲ့…”
ဟုန္ခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ တို႔က ထ,ရပ္လိုက္ၾကၿပီး ထြက္သြားၾကသည္။
ထိုလူက သဘာဝက်စြာ ထြက္သြားခဲ့ၾကသည္။
လင္းလန္ ကဧည့္ေတြ႕ခန္းတြင္သာ ေနေနတုန္းျဖစ္ၿပီး အသက္႐ွဴသြင္းလိုက္သည္။
ဇာတ္ေၾကာင္းကို သူမ ေမ့လိုက္သင့္တယ္၊ လုံးဝကို ေမ့လိုက္သင့္တယ္… အဲ့အေၾကာင္းကို ဘယ္ေတာ့မွ ထပ္ၿပီးမေတြးသင့္ဘူး။
သူမအတြက္ေတာ့ အဲ့စာအုပ္က အခြင့္အေရးရႏိုင္သည့္ အရာမဟုတ္ေပ။ အဆိပ္ပဲ! အဲ့ဒါက သူမကို အသတ္ခံရေစႏိုင္တယ္! လင္းလန္ ကတုန္သြားၿပီး သူမမ်က္ႏွာသစ္ဖို႔အတြက္ ေရခ်ိဳးခန္းဘက္ကို ေျပးသြားလိုက္ကာ ႐ိုက္ကူးေရးဘက္ကို ျပန္သြားလိုက္သည္။
ဟုန္ခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ တို႔က သူမအား လာ႐ွာတာကို ႐ိုက္ကူးေရးအဖြဲ႕သားေတြက ေတြ႕ခဲ့သည္။ သူတို႔က တကယ့္အေၾကာင္းျပခ်က္ကို မသိတာေၾကာင့္ ‘အခ်ိန္ခရီးသြားျခင္း’ ႐ိုက္ကူးေရးအတြင္း သူမအေပၚ ေကာင္းမြန္သည့္စိတ္ခံစားခ်က္ေတြ ႐ွိၾကတယ္လို႔သာ သူတို႔ေတြးလိုက္ၾကသည္။
ထို႔ေနာက္တြင္ ႐ိုက္ကူးေရးအတြင္း အရာအားလုံးက လင္းလန္ အတြက္ေတာ့ ပိုေကာင္းမြန္လာခဲ့သည္။
ထို႔ေနာက္တြင္ သူမက အၿမဲတမ္း သတိထားေနခဲ့ၿပီး တစ္စုံတစ္ေယာက္က ဇာတ္ေၾကာင္းသိသြားမွာကို ေၾကာက္လန္႔ေနခဲ့သည္။ ေဇာင္ယုဟြမ္ ကိုမနာလိုျဖစ္ဖို႔ေတာင္ သူမ အရမ္းေၾကာက္ေနခဲ့သည္။
ဟုန္ခ်န္းမင္း ကအိမ္အျပန္လမ္းတြင္ သူ႕လက္ေထာက္ဆီမွ ဖုန္းလက္ခံရခဲ့ၿပီး အေရးႀကီးသည့္ ကိစၥေၾကာင့္ သူ႕႐ုံးခန္းဆီလာဖို႔လိုေၾကာင္း ေျပာခဲ့သည္။
ဟုန္ခ်န္းမင္း ကမ်က္ေမွာင္ၾကဳတ္လိုက္ၿပီး ေဇာင္ယုဟြမ္ ဆီဖုန္းေခၚလိုက္သည္။
“ဟြမ္ဟြမ္၊ ကိုယ့္အခန္းကိုသြားၿပီး ကိုယ့္ laptop ကိုကုမၸဏီဆီ ယူလာေပးလို႔ ရမလား?”
“အို၊ အိုေက”
သူတို႔က မနက္အေစာတည္းက ေပ်ာက္သြားၾကၿပီး သူတို႔ဘာလုပ္ေနၾကလဲဆိုတာကို ေဇာင္ယုဟြမ္ သိခ်င္ေနခဲ့သည္။ အခုေတာ့ ဟုန္ခ်န္းမင္း ဆီကဖုန္းရခဲ့ၿပီး သူတို႔က တစ္ခုခုေၾကာင့္ ေႏွာင့္ေႏွးေနတာကို သူမ သိခဲ့ရသည္။ သူမက အလ်င္အျမန္ပင္ ဟုန္ခ်န္းမင္း ရဲ႕အခန္းဆီ သြားလိုက္သည္။
သူတို႔အခန္းက သူမအတြက္ေတာ့ ဘယ္တုန္းကမွ ေသာ့မခတ္ထားပုံပင္။
#Nov 18 ကတင္ထားတာ အခုက Dec 5 ဆိုေတာ့ သိပ္မၾကာပါဘူး 😂😂 C~E tran ကလဲၾကာ E~M tran ကလဲၾကာဆိုေတာ့ ဒီႏိုဗယ္လ္ကေတာ့ ၿပီးဦးမယ္ 🤭
…………………
[text_hash] => c1940333
)