Array
(
[text] =>
Unicode
ဇောင်ယုဟွမ် သည်ဇောင်ကုမ္ပဏီကို လူကိုယ်တိုင် သွားစစ်ဆေးတာရှားသည်။ သူမ စစ်ဆေးပြီး လောဘီတွင် ရှိချိန်တွင် ဝန်ထမ်းတစ်ယောက်က ရောက်လာပြီး ဦးညွှတ်လိုက်သည်။ “ဥက္ကဌဇောင်၊ အပြင်မှာ ဥက္ကဌဇောင်ကို လူတစ်ယောက် စောင့်နေပါတယ်၊ သူမကိုယ်သူမလည်း ဥက္ကဌနဲ့ အမျိုးတော်တယ်လို့ ပြောနေပါတယ်”
ထိုအကြောင်းကို ဝန်ထမ်းက ပြောလိုက်ရင်း သူတို့က မျက်မှောင်ကြုတ်လိုက်သည်။
သူ့ကိုယ်သူ မစ္စဇောင် ရဲ့အမျိုးလို့ ဘယ်သူက ပြောနိုင်ရတာလဲ? လူအိုကြီး မစ္စတာဒင်၊ မစ္စတာလန်၊ မစ္စတာဟုန် နဲ့မစ္စတာလီ တို့ပဲ အဲ့လိုပြောနိုင်တယ်! တခြားဘယ်သူမှ မပြောနိုင်ဘူး! ဒီလူက တကယ့်ကို သတ္တိကောင်းလွန်းတယ်၊ သူမမိသားစုဝင်လို ဟန်ဆောင်ရဲတယ်!
ဇောင်ယုဟွမ် လည်းစွံအ,သွားခဲ့သည်။
ဆွေမျိုး?
သူမအမျိုးတွေတိုင်း အဲ့လိုပြောလို့ရသည်။
မဟုတ်ဘူး၊ သူတို့က သူမကိုခေါ်ဖို့ လိုမှာတောင် မဟုတ်ဘူး။ သူတို့က တိုက်ရိုက်ဝင်လာပြီး သူမကို ဧည့်ခန်းမှာပဲ စောင့်နေလိမ့်မယ်။
ဇောင်ယုဟွမ် ကအဆောက်အဦးထဲမှ ထွက်လိုက်ရုံပင်။ သူမက ထွက်လိုက်ရင်း ဝန်ထမ်းပြောခဲ့သည့် ‘သူမကိုတွေ့ဖို့ အမျိုးတစ်ယောက် စောင့်နေတယ်’ဆိုသည့် လူတစ်ယောက်အား အဝတွင် မြင်လိုက်ရသည်။
“မင်း၊ မင်းက ဇောင်ယုဟွမ်?” ခရမ်းရောင်ဝတ် သက်လတ်ပိုင်းအရွယ် အမျိုးသမီးက သူမရှေ့ကို ချက်ချင်း ရောက်လာခဲ့သည်။
အစောင့်တွေက ချက်ချင်း သူမကို တားလိုက်ကြသည်။
ဇောင်ယုဟွမ် ကသူမကို သံသယဝင်နေသော်လည်း အမျိုးသမီးအား ဘယ်သူဆိုတာကို ယဉ်ကျေးစွာ မေးလိုက်သည်။
“ကျွန်မက ဟုန်ချန်းမင်း ရဲ့အဒေါ်! အစစ်ပဲ!” သက်လတ်ပိုင်း အမျိုးသမီးက သူမရင်ဘတ်ကို ပုတ်လိုက်ပြီး ID ကဒ်ကိုတောင် ထုတ်လာခဲ့သည်။
ဇောင်ယုဟွမ် ကသူမ ID ကဒ်ကို ကြည်လိုက်သည်။ ဟုန်တမေ့။
ဇောင်ယုဟွမ် ကအော်ရယ်ချင်သွားခဲ့သည်။ ဟုန်ချန်းမင်း သာငယ်ငယ်တုန်းကဆိုရင် ဟုန်ရှောင်ဂွေ့ နာမည်ကိုသာ ကြားလိုက်မလားဆိုတာ သူမ သိချင်မိသွားသည်။
*ဟုန်တမေ့ က‘တမေ့’က ‘မက်မွန်သီးကြီး’နဲ့ ‘ရှောင်ဂွေ့’က ‘ခွေးလေး’။ နှစ်ခုလုံးက အရမ်းကိုခေတ်နောက်ကျပြီး လူတစ်ယောက်ကို မက်မွန်သီး/ ပါပီလို့ နာမည်အလွယ်ပေးထားတာမျိုးပင်*
(ကိုယ်က တရုတ်မရဘူးနော်၊ အသံထွက်လွဲနေရင် Gomen)
ဇောင်ယုဟွမ် က ဟုန်တမေ့ ကိုတည်ငြိမ်စွာကြည့်လိုက်ပြီး မေးလိုက်သည်။ “အန်တီ လိုအပ်တာတစ်ခုခုရှိလို့လား?”
ဟုန်တမေ့ ကလက်ဆန့်လိုက်ပြီး ဇောင်ယုဟွမ် ကိုဆွဲဖို့လုပ်လိုက်သည်။ “နင်နဲ့ ဟုန်ချန်းမင်း တို့က မောင်နှမတွေ မဟုတ်လား? နင်က သူ့ကို အစ်ကိုကြီးလို့ ခေါ်တယ်မလား? သူက နင့်အပေါ် အရမ်းကောင်းပြီး ဂရုစိုက်ပေးတယ်လို့ ငါကြားခဲ့တယ်။ ငါ တောင်းဆိုပါတယ်၊ ကျေးဇူးပြုပြီး ငါတို့ကို သွားခွင့်ပြုဖို့ သူ့ကို တောင်းဆိုပေးပါ၊ အ၊ ငါတို့ကို သွားခွင့်ပြုဖို့…”
“ဘာ?” ဇောင်ယုဟွမ် ကလန့်သွားခဲ့သည်။
“သူက ငါတို့ကို သတ်တော့မယ်! ငါတို့က သူ့မိသားစုဝင်လေ! သူက ဒီလိုမျိုး ဘယ်လိုလုပ်နိုင်ရတာလဲ? ကျေးဇူးပြုပြီး ငါတို့ကို လွှတ်ပေးဖို့ သူ့ကိုပြောပေးပါ…”
ဟုန်တမေ့ ရဲ့အော်သံနဲ့အတူ လူအနည်းစုက ရောက်လာကြသည်။
သူတို့က အရွယ်ရနေပေမဲ့ သူတို့အားလုံးက စိတ်ပျက်ပြီး နွမ်းလျနေပုံပေါ်သည်။ သူတို့က အဖာရာနဲ့အဝတ်တွေကိုတောင် ဝတ်ထားကြသည်။ ဒီနေရာမျိုးမှာ အဖာရာနဲ့အဝတ်တွေကို ဘယ်သူတွေက ဝတ်နေဦးမှာလဲ?
“ငါတို့တောင်းဆိုပါတယ်…” ဒီလူတွေက အတူတူ တောင်းဆိုလာကြသည်။ သူတို့ထဲက တချို့က ဒူးတောင်ထောက်နေကြသည်။
ထိုနေရာတွင်ရပ်နေပြီး ဇောင်ယုဟွမ် ကဖြည်းဖြည်းချင်း မျက်မှောင်ကြုတ်လိုက်ပြီး ရုတ်ချင်း ပျောက်ဆုံးသွားသလို ခံစားလိုက်ရသည်။
သူတို့က အရမ်းကိုသနားဖို့ကောင်းတယ်။
သို့သော် သူတို့ဘယ်လောက်ပဲ သနားဖို့ကောင်းနေပါစေ သူမနည်းနည်းလေးပဲ ဂရုစိုက်နိုင်သည်။
အထူးသဖြင့် ဟုန်ချန်းမင်း မိဘမဲ့ဂေဟာမရောက်ခင်က အတွေ့အကြုံတွေကို သူမသိခဲ့ပြီးတာကြောင့်ပင်။
မတော်တဆပင် လင်းလန် ကလည်း ကားထဲက ထွက်လာခဲ့သည်။ သူမက ဇောင်ယုဟွမ် ကိုလာကြည့်ခြင်းဖြစ်သည်။
အရမ်းမနီးလာခင် လူအုပ်ကြီးက သူမကိုဝိုင်းနေပြီး သနားညှာတာပေးဖို့ တောင်းဆိုနေတာကို မြင်လိုက်ရသည်။
သို့သော် ဇောင်ယုဟွမ် ကသူမကိုယ်ရံတော်တွေ အနောက်တွင် ခံစားချက်မဲ့စွာဖြင့်သာ ရပ်နေခဲ့သည်။
ဒါက လင်းလန် အားရေအေးနဲ့ လောင်းချလိုက်သလို ခံစားရစေပြီး သူမကို လန့်သွားစေကာ သူမစိတ်ကိုလည်း ရှင်းလင်းသွားစေခဲ့သည်။
ဇောင်ယုဟွမ် ကဒီလိုမျိုး အကြင်နာတရားမဲ့တာလား?
လင်းလန် ကအံကြိတ်လိုက်ပြီး ကားဆီကို ပြန်လှည့်လိုက်သည်။
ဇောင်ယုဟွမ် ကအကြင်နာတရားမဲ့သည်ဖြစ်စေ၊ မမဲ့သည်ဖြစ်စေ၊ ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့က သူမဘေးတွင်ရှိနေတာက အဓိကအချက်ဖြစ်သည်။ သူတို့နှစ်ယောက်လုံးက မူလဇာတ်ကြောင်းမှာတည်းက သူမအတွက် သန်မာလွန်းသည့်လူတွေ ဖြစ်ကြသည်။
လင်းလန် သာသူတို့ကို ဆက်ပြီးဖက်တွယ်တားရင် အကျိုးဆက်က ဘာတွေဖြစ်လာနိုင်လဲ? သူမလိုချင်တာကို ရနိုင်လား… ဒါမှမဟုတ်… ဒါမှမဟုတ် အဲ့လူတွေလိုမျိုး ညှာတာပေးဖို့ တောင်းဆိုနေရမလား?
မဟုတ်ဘူး၊ အဲ့လိုအဆုံးသတ်မှာကို သူမငြင်းဆိုတယ်။
လင်းလန် ကသူမစိတ်ထဲတွင် ဇာတ်ကြောင်းကို ပြန်တွေးနေခဲ့သည်။
အခုချိန်က ဇာတ်ကြောင်းနဲ့ လုံးဝကွာခြားနေတာကို သူမဝန်ခံရလိမ့်မည်။
ထိုအချက်ကြောင့် မူလဇာတ်ကြောင်းအတိုင်း သူတို့နဲ့ညှိနှိုင်းဖို့ သူမဆက်ကြိုးစားနေရင် အလုပ်ဖြစ်မှာ မဟုတ်ဘူး… ဒါဆို သူမ ဘာလုပ်သင့်လဲ?
လင်းလန် ကကားပြတင်းပေါက်အပြင်ကို ကြည့်လိုက်သည်။
သူမအတွက် ပြန်လည်မွေးဖွားလာတာက ကျော်ကြားစေဖို့ မဟုတ်ဘူးလား?
ဇောင်ယုဟွမ် က လင်းလန် ရောက်လာပြီး ဟုန်တမေ့ နဲ့သူမမိသားစုရဲ့ သနားစရာကောင်းသည့် မြင်ကွင်းကို ကြောက်လန့်ပြီး ပြန်သွားတာကို သတိမပြုမိလိုက်ပေ။
ဇောင်ယုဟွမ် ကသူမရှေ့တွင် ဒူးထောက်နေသည့် လူအုပ်ကြီးကို စိုက်ကြည့်လိုက်ပြီး သူမစိတ်ထဲတွင် ဒေါသတွေက ပြင်းထန်လာခဲ့သည်။ သူမက စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။ “ဒါက ဟုန်ချန်းမင်း ကိစ္စပဲ။ ကျွန်မက ဘယ်လိုလုပ်ပြီး သူ့ကို ပြောလို့ရမှာလဲ? နောက်ပြီး ငွေအတွက်နဲ့ ကလေးတစ်ယောက်ကို နှင်ထုတ်လိုက်တာ ရှင်တို့ပဲ မဟုတ်ဘူးလား? ရှင်တို့တွေ ဒီလောက်နှစ်အများကြီး ပျော်ပျော်ရွှင်ရွှင် နေလာခဲ့ရတာက မလုံလောက်သေးဘူးလား? ကံကြမ္မာက ပြန်လည်လာမယ်ဆိုတဲ့ အကျိုးဆက်ကို ရှင်တို့ သတိမပြုမိဘူးလား?”
“ဘာငွေအတွက်လဲ?” ဟုန်တမေ့ ကခေါင်းခါလိုက်ပြီး မျက်ရည်တွေ ကျလာခဲ့သည်။ “နင် ဘာတွေပြောနေမှန်း ငါတကယ်ကို မသိဘူး…”
ဇောင်ယုဟွမ် က ဟုန်ချန်းမင်း လိမ်မှာမဟုတ်တာကို ယုံကြည်နေတာကြောင့် ဟုန်တမေ့ သာလိမ်နေတာ ဖြစ်လိမ့်မည်။
နောက်ပြီး မှားတဲ့လူက သူတို့အမှားတွေကို ဘယ်တော့မှ ဝန်ခံမှာမဟုတ်ဘူး။
“ဒါဆို ရှင်ဘာလိုချင်တာလဲ?” ဇောင်ယုဟွမ် ကစိတ်မရှည်စွာ မေးလိုက်သည်။
ဟုန်တမေ့ ကမျက်ရည်တွေကို သုတ်ပစ်လိုက်သည်။ “သူက ငါတို့ကြိုးနဲ့ အဆုံးသတ်သွားဖို့ ဖိအားပေးနေပြီ။ ငါ့မျက်လုံးက ခွဲစိတ်မှုနှောင့်နှေးလို့ ကွယ်တော့မယ်။ ငါ့သာကလည်း ဆေးရုံမှာ။ သူ့ဦးလေးကလည်း အလုပ်မရှိတော့ဘူး။ ငါတို့အားလုံးက သူ့မိသားစုပါ၊ ဒါပေမဲ့ အခုတော့ ငါတို့က ထမင်းတစ်နပ်လေး စားဖို့တောင် မတက်နိုင်တော့ဘူး၊ နေဖို့နေရာတောင် မရှိတော့ဘူး… ငါတို့အိမ်ကို ငါတို့ဆီပြန်ပေးဖို့ သူ့ကိုသွားပြောပေးပါ…”
ဇောင်ယုဟွမ် ကချက်ချင်းပင် စိတ်ရှည်မှုက ကုန်ဆုံးသွားခဲ့သည်။
သူမကလှည့်လိုက်ပြီး သူမကိုယ်ရံတော်တွေအား သူတို့နောက်လိုက်ဖို့ ညွှန်ကြားမဲ့အချိန်တွင် လမ်းဘေးတွင် ကားတစ်စီးက ရပ်လာခဲ့သည်။ ကားတံခါးက ဖွင့်လာပြီး ဟုန်ချန်းမင်း ကတည်ငြိမ်နေသည့် အမူအရာဖြင့် လျှောက်ထွက်လာခဲ့သည်။
“အိမ်လိုချင်တာလား? ဘာလို့ ငါ့ဆီတိုက်ရိုက် မလာရတာလဲ?” သူက ပြောလိုက်သည်။
သူက အနားကိုတောင် မရောက်သေးခင် ဟုန်တမေ့ ကရှော့ရိုက်ခံလိုက်ရသလို သူမခြေလက်တွေက တွန့်သွားပြီး သူမခန္ဓာကိုယ်က တုန်သွားကာ သူမမျက်နှာတစ်ခုလုံးက မျက်ရည်တွေ၊ နှာရည်တွေနဲ့ ပြည့်လာခဲ့သည်။ သူမလည်ချောင်းကလည်း တစ်ခုခုက တားဆီးထားသလိုမျိုး ဖြစ်နေပြီး အသံလေးတစ်သံတောင် ထွက်မလာနိုင်တော့ပေ။
ဟုန်ချန်းမင်း က ဇောင်ယုဟွမ် ဆီလျှောက်သွားပြီး လက်တစ်ဖက်နဲ့ သူမအား သူ့နောက်ပို့လိုက်ပြီး ကာကွယ်ပေးလိုက်ကာ မနှစ်မြို့စွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ “မင်းတို့က လိုချင်နေသေးတာလား?”
ဟုန်တမေ့ ကသူ့ကို အရမ်းကြောက်နေသည်။
သေလောက်အောင် ကြောက်နေသည်။
ဒါက နောက်ဆုံးနှစ်ဆိုရင် သူမတွင် ခေါင်းညိတ်ဖို့ သတ္တိရှိပြီး လိုချင်တယ်လို့ ပြောရဲမှာဖြစ်ပေမဲ့ အခုတော့ တစ်စုံတစ်ယောက်က သူမကို အားပေးလာရင်တောင် သူမ မပြောရဲပေ။
ဟုန်တမေ့ ကထပ်ပြီးရှုပ်ထွေးအောင် မလုပ်ရဲတော့ပဲ အဝေးကို ထွက်ပြေးသွားခဲ့သည်။
တခြား ဟုန်မိသားစုဝင်တွေကလည်း သရဲတွေ့လိုက်သလိုမျိုး သူမနောက်မှ အပြေးအလွှားလိုက်သွားကြသည်။ အမျိုးသမီးအိုကြီးရဲ့ တုတ်ကောက်က လဲကျသွားပြီး သူမက ထိုနေရာတွင်သာ အေးခဲနေကာ တုတ်ကောက်ကို ကောက်ရမလား၊ မကောက်ရဘူးလားဆိုတာ မသိတော့ပေ။
ဇောင်ယုဟွမ် ကဒေါသထွက်နေပြီး ထိုမြင်ကွင်းကြောင့် ရွှင်မြူးသွားခဲ့သည်။
ဒီလူတွေကဘာတွေလဲ?!
ဟုန်ချန်းမင်း ကကားတံခါးကို ဖွင့်လိုက်ပြီး ဇောင်ယုဟွမ် ကိုခါးမှကိုင်ကာ ကားထဲကို ဝင်စေလိုက်သည်။
သူမကိုယ်ရံတော်တွေက လန့်သွားပြီး သူတို့နောက်လိုက်ဝင်ဖို့ လုပ်လိုက်သည်။
ဇောင်ယုဟွမ် ကပြန်ကြည့်လိုက်ပြီး ပြောလိုက်သည်။ “ရှင်တို့တွေက ဇောင်ဗီလာပဲ ပြန်သွားလိုက်”
“ဟုတ်ကဲ့”
ဇောင်ယုဟွမ် ကသူမခေါင်းကို ငုံ့လိုက်ပြီး ထိုင်ခုံခါးပတ်ပတ်လိုက်ကာ ကားပြတင်းကို ပိတ်လိုက်သည်။
ဟုန်ချန်းမင်း ကလည်း မောင်းသူနေရာတွင် ဝင်ထိုင်လိုက်သည်။ သူ့အမူအရာက မကျေမနပ် ဖြစ်နေတုန်းဖြစ်ကာ သူ့လက်ချောင်းတွေက စတီယာရင်ကို ခေါက်လိုက်ရင်း ပြောလိုက်သည်။ “သူမပြောတာကို ဟွမ်ဟွမ် ကြားခဲ့တယ်” ဟုန်ချန်းမင်း ကတံတွေးမျိုချလိုက်သည်။ “ကိုယ်က အရမ်းရက်စက်တယ်လို့ ဟွမ်ဟွမ် ထင်လား?”
သူ လျှို့ဝှက်ပြီး လုပ်ခဲ့တာတွေကို သူမကို မသိစေချင်ခဲ့ပေ၊ သူ့အမှောင်ခြမ်းကိုလည်း သူမကို ထုတ်မပြချင်ခဲ့ပေ။ သို့သော် တူရကီ မှာတည်းက ဟုန်ချန်းမင်း ကမာတောင့်သည့်အရာနဲ့ တိုက်မိပြီး အိုးကွဲသွားရသလိုမျိုး သူမကို အရာအားလုံး ထုတ်ပြောခဲ့ရသည်။
အခုတော့ သူဘယ်လို ထူးဆန်းတာမျိုးပဲပြောပြော သူ့အသံက ‘မြန်မြန် ကိုယ့်ကို ပြန်ချေပပါ’နဲ့ ‘မြန်မြန်၊ မဟုတ်ဘူးလို့ ပြောလိုက်ပါ’လို့ ပြောနေသည့် အသံမျိုးဖြစ်နေသည်။
ဇောင်ယုဟွမ် ကမထိန်းချုပ်နိုင်ပဲ ရယ်လိုက်သည်။
ဟုန်ချန်းမင်း ရဲ့အမူအရာက ပိုဆိုးလာခဲ့သည်။ “…ဘာကြောင့် ရယ်နေတာလဲ?”
ဇောင်ယုဟွမ် ကအကူအညီမဲ့စွာဖြင့် သူ့ကို ကြည့်နေခဲ့သည်။ “ဒါက လက်စားချေတဲ့ အရမ်းသာမန်ကျတဲ့ အရာလေး မဟုတ်ဘူးလား? သူတို့အပေါ် အရမ်းကြမ်းတမ်းလို့ ဟွမ်ဟွမ် ကအစ်ကိုချန်းမင်း ကိုအပြစ်တင်ရမှာလား? အစ်ကိုချန်းမင်း မှာသူတို့ကို ခွင့်လွှတ်ပေးနိုင်တဲ့ အင်အားရှိတယ်။ တခြားလူတွေက အစ်ကိုချန်းမင်း လုပ်တာတွေကို ပြောပိုင်ခွင့်မရှိဘူး”
ဟုန်ချန်းမင်း ရဲ့အမူအရာက ချက်ချင်း ပိုကောင်းလာပြီး သူက ဩရှသည့်အသံဖြင့် ပြောလိုက်သည်။ “လုပ်နိုင်တဲ့သူရှိတယ်။ ဟွမ်ဟွမ်ပဲ။ ဟွမ်ဟွမ် ဘာပဲပြောပြော ကိုယ်လုပ်မယ်”
ဇောင်ယုဟွမ် ရဲ့မျက်နှာက ချက်ချင်း နီရဲသွားခဲ့သည်။
သူမက ခေါင်းကိုလှည့်လိုက်ပြီး ပြတင်းပေါက် အပြင်ဘက်ကို ကြည့်လိုက်သည်။
ဘာဖြစ်နေတာလဲ? ဟုန်ချန်းမင်း က လီဂျင်းယွမ် ဆီက သင်ခဲ့တာလား? သူ့စကားတွေက လျစ်လျူရှုဖို့ ပိုပိုပြီးခက်လာပြီ။
ဟုန်ချန်းမင်း ကကားစက်နှိုးလိုက်ပြီး အေးစက်စွာဖြင့် ပြောလိုက်သည်။ “သူတို့က ပါးနပ်မယ်လို့ ထင်ထားခဲ့တာ။ ဟွမ်ဟွမ့်ဆီ ရောက်လာရဲမယ်လို့တော့ မထင်ထားခဲ့ဘူး”
“ဟွမ်ဟွမ် ကမိန်းကလေးဆိုတော့ အနိုင်ကျင့်နိုင်တယ်လို့ ထင်နေတာ”
ဟုန်ချန်းမင်း ကအေးစက်စွာဖြင့် ပြုံးလိုက်သည်။ “တစ်ယောက်ယောက်က သေချာပေါက်ကို နောက်ကွယ်က လုပ်နေတာ၊ မဟုတ်ရင် သူတို့ နားလည်နိုင်မှာမဟုတ်ဘူး… ကိုယ်တို့ဆက်ဆံရေးက အနီးကပ်ဆုံးဆိုတာသိပြီး ဟွမ်ဟွမ့် ဆီရောက်လာခဲ့တာပဲ” ဟုန်ချန်းမင်း ကသူတို့ရဲ့ရင်းနှီးမှုကို ပြောလာချိန်တွင် သူ့အသံက မရေရာသလိုမျိုးဖြစ်အောင် သိသိသာသာ ဖန်တီးလိုက်ပြီး သူတို့တွင် ထူးခြားသည့်ဆက်ဆံရေး ရှိသလိုမျိုး ဖြစ်သွားစေသည်။
ဇောင်ယုဟွမ် ကမျက်မှောင်ကြုတ်လိုက်သည်။
ဒါက လင်းလန် များလား?
သူမမှာ ဒီလိုစွမ်းရည်ရှိလား?
“ဟွမ်ဟွမ် ဒီကိစ္စကို အာရုံစိုက်ဖို့ မလိုဘူး။ ကိုယ်ကြည့်လုပ်လိုက်မယ်” ဟုန်ချန်းမင်း ကပြောလိုက်သည်။
ဇောင်ယုဟွမ် ကခေါင်းညိတ်လိုက်သည်။
ဟုန်ချန်းမင်း ကအလျင်အမြန်ပင် မေးလိုက်သည်။ “ဒါဆို ဟွမ်ဟွမ် ဆုံးဖြတ်ပြီးပြီလား?”
ဒီမေးခွန်းက အရင်ကစကားလမ်းကြောင်းနဲ့ လုံးဝကိုခြားနားနေသည်။
ဇောင်ယုဟွမ် ကချက်ချင်းပင် တံတွေးသီးသွားခဲ့သည်။ “…ဘ-ဘာ?”
ဟုန်ချန်းမင်း ကတည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ “ဟွမ်ဟွမ် မဆုံးဖြတ်ရသေးလည်း အဆင်ပြေပါတယ်”
ဇောင်ယုဟွမ် ကသတိလက်လွတ် လက်ချောင်းကို ဆိတ်လိုက်ပြီး သူမအသက်ရှူနှုန်းက မမှန်ဖြစ်လာခဲ့သည်။
ဟုန်ချန်းမင်း ကနောက်မေးခွန်းကို မေးလိုက်သည်။ “ဒါဆို နောက်ဆုံးအကြိမ်ကလိုမျိုး…”
“ဟမ်”
“နမ်းလို့ရလား?”
ဇောင်ယုဟွမ် ရဲ့မျက်နှာက ချက်ချင်းကို ခရမ်းချည်သီးလို ဖြစ်သွားခဲ့သည်။
မရဘူး…
နမ်းချင်ရင် နမ်းလိုက်လေ!
ဘာလို့ခွင့်တောင်းနေရတာလဲ?
ဇောင်ယုဟွမ် ကသူမလက်နဲ့ သူမနဖူးကို ထိလိုက်ပြီး သူမသွေးခုန်နှုန်းက မြန်နေပြီး စကားတောင် မပြောနိုင်ပေ။
ဟုန်ချန်းမင်း ကရုတ်တရက် ဘရိတ်ကို နင်းလိုက်သည်။ လက်တစ်ဖက်က ဇောင်ယုဟွမ် ရဲ့ခုံကိုထောက်လိုက်ပြီး အနားကပ်လာကာ သူမကို နမ်းလိုက်သည်။
နောက်ဆုံးအကြိမ်က သူ့အနမ်းက ဒေါသကြောင့် ကြမ်းတမ်းနေတာကြောင့် သူ့အပြုအမူတွေက နည်းနည်းပြင်းထန်သွားခဲ့သည်။
ဒီတစ်ကြိမ်တော့ ဟုန်ချန်းမင်း ကသိသိသာသာကို နူးညံ့နေပြီး ဇောင်ယုဟွမ် ဆီတွင် ကောင်းမွန်သည့်အရာတွေ ချန်ထားချင်နေသည်။
သို့သော် သူမရဲ့နူးညံ့သည့်နှုတ်ခမ်းကို သူခံစားမိလိုက်ချိန်တွင် သတိလက်လွတ် သူမအား တင်းကြပ်စွာဖက်လိုက်ပြီး သူမနှုတ်ခမ်းကို ခပ်ပြင်းပြင်းစုတ်လိုက်သည်။
ထို့နောက် တစ်ယောက်က ကားတံခါးကို ခေါက်လာခဲ့သည်။
ဟုန်ချန်းမင်း ကမျက်မှောင်ကြုတ်လိုက်ပြီး ဇောင်ယုဟွမ် ကိုလွှတ်ပေးလိုက်ကာ ပြတင်းမှန်အား နှိမ့်လိုက်သည်။
ယာဉ်ထိန်းရဲက အပြင်ဘက်တွင် ရပ်နေခဲ့သည်။ “ဟယ်လို၊ တရားမဝင်ပါကင်အတွက် 150 RMB”
ဟုန်ချန်းမင်း ကပျော်ပျော်ရွှင်ရွှင်နဲ့ ငွေထုတ်ပေးလိုက်သည်။
ဇောင်ယုဟွမ် ကတော့ ခုံအောက်တွင် သူမဘာသာ ပုန်းကွယ်နေချင်ခဲ့သည်။
သူမက မျက်နှာကို အုပ်ထားပြီး ဟုန်ချန်းမင်း အားစကားတစ်လုံးတောင် မပြောတော့ပေ။
သို့သော် ဟုန်ချန်းမင်း ရဲ့ခံစားချက်က အရမ်းကိုကောင်းနေပြီး သူမအား အကြိမ်ကြိမ် စကားပြောလာခဲ့သည်။
ကားက ဗီလာဆီ ရောက်လုနီးနေတာကို မြင်လိုက်ပြီး ဇောင်ယုဟွမ် ကသူမမျက်လုံးကို လှိမ့်လိုက်ကာ မေးလိုက်သည်။ “အစ်ကိုချန်းမင်းရဲ့အဒေါ်က ဟုန်တမေ့ မို့လို အစ်ကိုချန်းမင်း ငယ်ငယ်တုန်းက ဟုန်ရှောင်ဂွေ့ လိုခေါ်ခဲ့လား?”
ဟုန်ချန်းမင်း ကအရမ်းကိုပျော်မြူးနေခဲ့သည်။ သူက ကားကိုရပ်လိုက်ပြီး ပြန်ဖြေလိုက်သည်။ “… ကိုယ်ခေါ်ခဲ့ရင်တောင် အဲ့ခွေးလေး*က ဟွမ်ဟွမ့်ခွေးလေး ဖြစ်နေတုန်းပဲ”
*ရှောင်ဂွေ့=ခွေးလေး*
ဇောင်ယုဟွမ် ကသူမမျက်နှာအား လက်နဲ့အုပ်လိုက်သည်။
လီဂျင်းယွမ် ကဗီလာအပြင်ကို လျှောက်ထွက်လာပြီး ပြတင်းအား ခေါက်လိုက်ကာ ကားထဲမှလူနှစ်ယောက်ရဲ့ စကားဝိုင်းကို နှောက်ယှက်လိုက်သည်။
———————
Zawgyi
ေဇာင္ယုဟြမ္ သည္ေဇာင္ကုမၸဏီကို လူကိုယ္တိုင္ သြားစစ္ေဆးတာ႐ွားသည္။ သူမ စစ္ေဆးၿပီး ေလာဘီတြင္ ႐ွိခ်ိန္တြင္ ဝန္ထမ္းတစ္ေယာက္က ေရာက္လာၿပီး ဦးၫႊတ္လိုက္သည္။ “ဥကၠဌေဇာင္၊ အျပင္မွာ ဥကၠဌေဇာင္ကို လူတစ္ေယာက္ ေစာင့္ေနပါတယ္၊ သူမကိုယ္သူမလည္း ဥကၠဌနဲ႔ အမ်ိဳးေတာ္တယ္လို႔ ေျပာေနပါတယ္”
ထိုအေၾကာင္းကို ဝန္ထမ္းက ေျပာလိုက္ရင္း သူတို႔က မ်က္ေမွာင္ၾကဳတ္လိုက္သည္။
သူ႕ကိုယ္သူ မစၥေဇာင္ ရဲ႕အမ်ိဳးလို႔ ဘယ္သူက ေျပာႏိုင္ရတာလဲ? လူအိုႀကီး မစၥတာဒင္၊ မစၥတာလန္၊ မစၥတာဟုန္ နဲ႔မစၥတာလီ တို႔ပဲ အဲ့လိုေျပာႏိုင္တယ္! တျခားဘယ္သူမွ မေျပာႏိုင္ဘူး! ဒီလူက တကယ့္ကို သတၱိေကာင္းလြန္းတယ္၊ သူမမိသားစုဝင္လို ဟန္ေဆာင္ရဲတယ္!
ေဇာင္ယုဟြမ္ လည္းစြံအ,သြားခဲ့သည္။
ေဆြမ်ိဳး?
သူမအမ်ိဳးေတြတိုင္း အဲ့လိုေျပာလို႔ရသည္။
မဟုတ္ဘူး၊ သူတို႔က သူမကိုေခၚဖို႔ လိုမွာေတာင္ မဟုတ္ဘူး။ သူတို႔က တိုက္႐ိုက္ဝင္လာၿပီး သူမကို ဧည့္ခန္းမွာပဲ ေစာင့္ေနလိမ့္မယ္။
ေဇာင္ယုဟြမ္ ကအေဆာက္အဦးထဲမွ ထြက္လိုက္႐ုံပင္။ သူမက ထြက္လိုက္ရင္း ဝန္ထမ္းေျပာခဲ့သည့္ ‘သူမကိုေတြ႕ဖို႔ အမ်ိဳးတစ္ေယာက္ ေစာင့္ေနတယ္’ဆိုသည့္ လူတစ္ေယာက္အား အဝတြင္ ျမင္လိုက္ရသည္။
“မင္း၊ မင္းက ေဇာင္ယုဟြမ္?” ခရမ္းေရာင္ဝတ္ သက္လတ္ပိုင္းအ႐ြယ္ အမ်ိဳးသမီးက သူမေ႐ွ႕ကို ခ်က္ခ်င္း ေရာက္လာခဲ့သည္။
အေစာင့္ေတြက ခ်က္ခ်င္း သူမကို တားလိုက္ၾကသည္။
ေဇာင္ယုဟြမ္ ကသူမကို သံသယဝင္ေနေသာ္လည္း အမ်ိဳးသမီးအား ဘယ္သူဆိုတာကို ယဥ္ေက်းစြာ ေမးလိုက္သည္။
“ကြၽန္မက ဟုန္ခ်န္းမင္း ရဲ႕အေဒၚ! အစစ္ပဲ!” သက္လတ္ပိုင္း အမ်ိဳးသမီးက သူမရင္ဘတ္ကို ပုတ္လိုက္ၿပီး ID ကဒ္ကိုေတာင္ ထုတ္လာခဲ့သည္။
ေဇာင္ယုဟြမ္ ကသူမ ID ကဒ္ကို ၾကည္လိုက္သည္။ ဟုန္တေမ့။
ေဇာင္ယုဟြမ္ ကေအာ္ရယ္ခ်င္သြားခဲ့သည္။ ဟုန္ခ်န္းမင္း သာငယ္ငယ္တုန္းကဆိုရင္ ဟုန္ေ႐ွာင္ေဂြ႕ နာမည္ကိုသာ ၾကားလိုက္မလားဆိုတာ သူမ သိခ်င္မိသြားသည္။
*ဟုန္တေမ့ က‘တေမ့’က ‘မက္မြန္သီးႀကီး’နဲ႔ ‘ေ႐ွာင္ေဂြ႕’က ‘ေခြးေလး’။ ႏွစ္ခုလုံးက အရမ္းကိုေခတ္ေနာက္က်ၿပီး လူတစ္ေယာက္ကို မက္မြန္သီး/ ပါပီလို႔ နာမည္အလြယ္ေပးထားတာမ်ိဳးပင္*
(ကိုယ္က တ႐ုတ္မရဘူးေနာ္၊ အသံထြက္လြဲေနရင္ Gomen)
ေဇာင္ယုဟြမ္ က ဟုန္တေမ့ ကိုတည္ၿငိမ္စြာၾကည့္လိုက္ၿပီး ေမးလိုက္သည္။ “အန္တီ လိုအပ္တာတစ္ခုခု႐ွိလို႔လား?”
ဟုန္တေမ့ ကလက္ဆန္႔လိုက္ၿပီး ေဇာင္ယုဟြမ္ ကိုဆြဲဖို႔လုပ္လိုက္သည္။ “နင္နဲ႔ ဟုန္ခ်န္းမင္း တို႔က ေမာင္ႏွမေတြ မဟုတ္လား? နင္က သူ႕ကို အစ္ကိုႀကီးလို႔ ေခၚတယ္မလား? သူက နင့္အေပၚ အရမ္းေကာင္းၿပီး ဂ႐ုစိုက္ေပးတယ္လို႔ ငါၾကားခဲ့တယ္။ ငါ ေတာင္းဆိုပါတယ္၊ ေက်းဇူးျပဳၿပီး ငါတို႔ကို သြားခြင့္ျပဳဖို႔ သူ႕ကို ေတာင္းဆိုေပးပါ၊ အ၊ ငါတို႔ကို သြားခြင့္ျပဳဖို႔…”
“ဘာ?” ေဇာင္ယုဟြမ္ ကလန္႔သြားခဲ့သည္။
“သူက ငါတို႔ကို သတ္ေတာ့မယ္! ငါတို႔က သူ႕မိသားစုဝင္ေလ! သူက ဒီလိုမ်ိဳး ဘယ္လိုလုပ္ႏိုင္ရတာလဲ? ေက်းဇူးျပဳၿပီး ငါတို႔ကို လႊတ္ေပးဖို႔ သူ႕ကိုေျပာေပးပါ…”
ဟုန္တေမ့ ရဲ႕ေအာ္သံနဲ႔အတူ လူအနည္းစုက ေရာက္လာၾကသည္။
သူတို႔က အ႐ြယ္ရေနေပမဲ့ သူတို႔အားလုံးက စိတ္ပ်က္ၿပီး ႏြမ္းလ်ေနပုံေပၚသည္။ သူတို႔က အဖာရာနဲ႔အဝတ္ေတြကိုေတာင္ ဝတ္ထားၾကသည္။ ဒီေနရာမ်ိဳးမွာ အဖာရာနဲ႔အဝတ္ေတြကို ဘယ္သူေတြက ဝတ္ေနဦးမွာလဲ?
“ငါတို႔ေတာင္းဆိုပါတယ္…” ဒီလူေတြက အတူတူ ေတာင္းဆိုလာၾကသည္။ သူတို႔ထဲက တခ်ိဳ႕က ဒူးေတာင္ေထာက္ေနၾကသည္။
ထိုေနရာတြင္ရပ္ေနၿပီး ေဇာင္ယုဟြမ္ ကျဖည္းျဖည္းခ်င္း မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး ႐ုတ္ခ်င္း ေပ်ာက္ဆုံးသြားသလို ခံစားလိုက္ရသည္။
သူတို႔က အရမ္းကိုသနားဖို႔ေကာင္းတယ္။
သို႔ေသာ္ သူတို႔ဘယ္ေလာက္ပဲ သနားဖို႔ေကာင္းေနပါေစ သူမနည္းနည္းေလးပဲ ဂ႐ုစိုက္ႏိုင္သည္။
အထူးသျဖင့္ ဟုန္ခ်န္းမင္း မိဘမဲ့ေဂဟာမေရာက္ခင္က အေတြ႕အၾကဳံေတြကို သူမသိခဲ့ၿပီးတာေၾကာင့္ပင္။
မေတာ္တဆပင္ လင္းလန္ ကလည္း ကားထဲက ထြက္လာခဲ့သည္။ သူမက ေဇာင္ယုဟြမ္ ကိုလာၾကည့္ျခင္းျဖစ္သည္။
အရမ္းမနီးလာခင္ လူအုပ္ႀကီးက သူမကိုဝိုင္းေနၿပီး သနားညႇာတာေပးဖို႔ ေတာင္းဆိုေနတာကို ျမင္လိုက္ရသည္။
သို႔ေသာ္ ေဇာင္ယုဟြမ္ ကသူမကိုယ္ရံေတာ္ေတြ အေနာက္တြင္ ခံစားခ်က္မဲ့စြာျဖင့္သာ ရပ္ေနခဲ့သည္။
ဒါက လင္းလန္ အားေရေအးနဲ႔ ေလာင္းခ်လိုက္သလို ခံစားရေစၿပီး သူမကို လန္႔သြားေစကာ သူမစိတ္ကိုလည္း ႐ွင္းလင္းသြားေစခဲ့သည္။
ေဇာင္ယုဟြမ္ ကဒီလိုမ်ိဳး အၾကင္နာတရားမဲ့တာလား?
လင္းလန္ ကအံႀကိတ္လိုက္ၿပီး ကားဆီကို ျပန္လွည့္လိုက္သည္။
ေဇာင္ယုဟြမ္ ကအၾကင္နာတရားမဲ့သည္ျဖစ္ေစ၊ မမဲ့သည္ျဖစ္ေစ၊ ဟုန္ခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ တို႔က သူမေဘးတြင္႐ွိေနတာက အဓိကအခ်က္ျဖစ္သည္။ သူတို႔ႏွစ္ေယာက္လုံးက မူလဇာတ္ေၾကာင္းမွာတည္းက သူမအတြက္ သန္မာလြန္းသည့္လူေတြ ျဖစ္ၾကသည္။
လင္းလန္ သာသူတို႔ကို ဆက္ၿပီးဖက္တြယ္တားရင္ အက်ိဳးဆက္က ဘာေတြျဖစ္လာႏိုင္လဲ? သူမလိုခ်င္တာကို ရႏိုင္လား… ဒါမွမဟုတ္… ဒါမွမဟုတ္ အဲ့လူေတြလိုမ်ိဳး ညႇာတာေပးဖို႔ ေတာင္းဆိုေနရမလား?
မဟုတ္ဘူး၊ အဲ့လိုအဆုံးသတ္မွာကို သူမျငင္းဆိုတယ္။
လင္းလန္ ကသူမစိတ္ထဲတြင္ ဇာတ္ေၾကာင္းကို ျပန္ေတြးေနခဲ့သည္။
အခုခ်ိန္က ဇာတ္ေၾကာင္းနဲ႔ လုံးဝကြာျခားေနတာကို သူမဝန္ခံရလိမ့္မည္။
ထိုအခ်က္ေၾကာင့္ မူလဇာတ္ေၾကာင္းအတိုင္း သူတို႔နဲ႔ညႇိႏိႈင္းဖို႔ သူမဆက္ႀကိဳးစားေနရင္ အလုပ္ျဖစ္မွာ မဟုတ္ဘူး… ဒါဆို သူမ ဘာလုပ္သင့္လဲ?
လင္းလန္ ကကားျပတင္းေပါက္အျပင္ကို ၾကည့္လိုက္သည္။
သူမအတြက္ ျပန္လည္ေမြးဖြားလာတာက ေက်ာ္ၾကားေစဖို႔ မဟုတ္ဘူးလား?
ေဇာင္ယုဟြမ္ က လင္းလန္ ေရာက္လာၿပီး ဟုန္တေမ့ နဲ႔သူမမိသားစုရဲ႕ သနားစရာေကာင္းသည့္ ျမင္ကြင္းကို ေၾကာက္လန္႔ၿပီး ျပန္သြားတာကို သတိမျပဳမိလိုက္ေပ။
ေဇာင္ယုဟြမ္ ကသူမေ႐ွ႕တြင္ ဒူးေထာက္ေနသည့္ လူအုပ္ႀကီးကို စိုက္ၾကည့္လိုက္ၿပီး သူမစိတ္ထဲတြင္ ေဒါသေတြက ျပင္းထန္လာခဲ့သည္။ သူမက စိတ္မ႐ွည္စြာျဖင့္ ေျပာလိုက္သည္။ “ဒါက ဟုန္ခ်န္းမင္း ကိစၥပဲ။ ကြၽန္မက ဘယ္လိုလုပ္ၿပီး သူ႕ကို ေျပာလို႔ရမွာလဲ? ေနာက္ၿပီး ေငြအတြက္နဲ႔ ကေလးတစ္ေယာက္ကို ႏွင္ထုတ္လိုက္တာ ႐ွင္တို႔ပဲ မဟုတ္ဘူးလား? ႐ွင္တို႔ေတြ ဒီေလာက္ႏွစ္အမ်ားႀကီး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေနလာခဲ့ရတာက မလုံေလာက္ေသးဘူးလား? ကံၾကမၼာက ျပန္လည္လာမယ္ဆိုတဲ့ အက်ိဳးဆက္ကို ႐ွင္တို႔ သတိမျပဳမိဘူးလား?”
“ဘာေငြအတြက္လဲ?” ဟုန္တေမ့ ကေခါင္းခါလိုက္ၿပီး မ်က္ရည္ေတြ က်လာခဲ့သည္။ “နင္ ဘာေတြေျပာေနမွန္း ငါတကယ္ကို မသိဘူး…”
ေဇာင္ယုဟြမ္ က ဟုန္ခ်န္းမင္း လိမ္မွာမဟုတ္တာကို ယုံၾကည္ေနတာေၾကာင့္ ဟုန္တေမ့ သာလိမ္ေနတာ ျဖစ္လိမ့္မည္။
ေနာက္ၿပီး မွားတဲ့လူက သူတို႔အမွားေတြကို ဘယ္ေတာ့မွ ဝန္ခံမွာမဟုတ္ဘူး။
“ဒါဆို ႐ွင္ဘာလိုခ်င္တာလဲ?” ေဇာင္ယုဟြမ္ ကစိတ္မ႐ွည္စြာ ေမးလိုက္သည္။
ဟုန္တေမ့ ကမ်က္ရည္ေတြကို သုတ္ပစ္လိုက္သည္။ “သူက ငါတို႔ႀကိဳးနဲ႔ အဆုံးသတ္သြားဖို႔ ဖိအားေပးေနၿပီ။ ငါ့မ်က္လုံးက ခြဲစိတ္မႈေႏွာင့္ေႏွးလို႔ ကြယ္ေတာ့မယ္။ ငါ့သာကလည္း ေဆး႐ုံမွာ။ သူ႕ဦးေလးကလည္း အလုပ္မ႐ွိေတာ့ဘူး။ ငါတို႔အားလုံးက သူ႕မိသားစုပါ၊ ဒါေပမဲ့ အခုေတာ့ ငါတို႔က ထမင္းတစ္နပ္ေလး စားဖို႔ေတာင္ မတက္ႏိုင္ေတာ့ဘူး၊ ေနဖို႔ေနရာေတာင္ မ႐ွိေတာ့ဘူး… ငါတို႔အိမ္ကို ငါတို႔ဆီျပန္ေပးဖို႔ သူ႕ကိုသြားေျပာေပးပါ…”
ေဇာင္ယုဟြမ္ ကခ်က္ခ်င္းပင္ စိတ္႐ွည္မႈက ကုန္ဆုံးသြားခဲ့သည္။
သူမကလွည့္လိုက္ၿပီး သူမကိုယ္ရံေတာ္ေတြအား သူတို႔ေနာက္လိုက္ဖို႔ ၫႊန္ၾကားမဲ့အခ်ိန္တြင္ လမ္းေဘးတြင္ ကားတစ္စီးက ရပ္လာခဲ့သည္။ ကားတံခါးက ဖြင့္လာၿပီး ဟုန္ခ်န္းမင္း ကတည္ၿငိမ္ေနသည့္ အမူအရာျဖင့္ ေလွ်ာက္ထြက္လာခဲ့သည္။
“အိမ္လိုခ်င္တာလား? ဘာလို႔ ငါ့ဆီတိုက္႐ိုက္ မလာရတာလဲ?” သူက ေျပာလိုက္သည္။
သူက အနားကိုေတာင္ မေရာက္ေသးခင္ ဟုန္တေမ့ ကေ႐ွာ့႐ိုက္ခံလိုက္ရသလို သူမေျခလက္ေတြက တြန္႔သြားၿပီး သူမခႏၶာကိုယ္က တုန္သြားကာ သူမမ်က္ႏွာတစ္ခုလုံးက မ်က္ရည္ေတြ၊ ႏွာရည္ေတြနဲ႔ ျပည့္လာခဲ့သည္။ သူမလည္ေခ်ာင္းကလည္း တစ္ခုခုက တားဆီးထားသလိုမ်ိဳး ျဖစ္ေနၿပီး အသံေလးတစ္သံေတာင္ ထြက္မလာႏိုင္ေတာ့ေပ။
ဟုန္ခ်န္းမင္း က ေဇာင္ယုဟြမ္ ဆီေလွ်ာက္သြားၿပီး လက္တစ္ဖက္နဲ႔ သူမအား သူ႕ေနာက္ပို႔လိုက္ၿပီး ကာကြယ္ေပးလိုက္ကာ မႏွစ္ၿမိဳ႕စြာျဖင့္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။ “မင္းတို႔က လိုခ်င္ေနေသးတာလား?”
ဟုန္တေမ့ ကသူ႕ကို အရမ္းေၾကာက္ေနသည္။
ေသေလာက္ေအာင္ ေၾကာက္ေနသည္။
ဒါက ေနာက္ဆုံးႏွစ္ဆိုရင္ သူမတြင္ ေခါင္းညိတ္ဖို႔ သတၱိ႐ွိၿပီး လိုခ်င္တယ္လို႔ ေျပာရဲမွာျဖစ္ေပမဲ့ အခုေတာ့ တစ္စုံတစ္ေယာက္က သူမကို အားေပးလာရင္ေတာင္ သူမ မေျပာရဲေပ။
ဟုန္တေမ့ ကထပ္ၿပီး႐ႈပ္ေထြးေအာင္ မလုပ္ရဲေတာ့ပဲ အေဝးကို ထြက္ေျပးသြားခဲ့သည္။
တျခား ဟုန္မိသားစုဝင္ေတြကလည္း သရဲေတြ႕လိုက္သလိုမ်ိဳး သူမေနာက္မွ အေျပးအလႊားလိုက္သြားၾကသည္။ အမ်ိဳးသမီးအိုႀကီးရဲ႕ တုတ္ေကာက္က လဲက်သြားၿပီး သူမက ထိုေနရာတြင္သာ ေအးခဲေနကာ တုတ္ေကာက္ကို ေကာက္ရမလား၊ မေကာက္ရဘူးလားဆိုတာ မသိေတာ့ေပ။
ေဇာင္ယုဟြမ္ ကေဒါသထြက္ေနၿပီး ထိုျမင္ကြင္းေၾကာင့္ ႐ႊင္ျမဴးသြားခဲ့သည္။
ဒီလူေတြကဘာေတြလဲ?!
ဟုန္ခ်န္းမင္း ကကားတံခါးကို ဖြင့္လိုက္ၿပီး ေဇာင္ယုဟြမ္ ကိုခါးမွကိုင္ကာ ကားထဲကို ဝင္ေစလိုက္သည္။
သူမကိုယ္ရံေတာ္ေတြက လန္႔သြားၿပီး သူတို႔ေနာက္လိုက္ဝင္ဖို႔ လုပ္လိုက္သည္။
ေဇာင္ယုဟြမ္ ကျပန္ၾကည့္လိုက္ၿပီး ေျပာလိုက္သည္။ “႐ွင္တို႔ေတြက ေဇာင္ဗီလာပဲ ျပန္သြားလိုက္”
“ဟုတ္ကဲ့”
ေဇာင္ယုဟြမ္ ကသူမေခါင္းကို ငုံ႔လိုက္ၿပီး ထိုင္ခုံခါးပတ္ပတ္လိုက္ကာ ကားျပတင္းကို ပိတ္လိုက္သည္။
ဟုန္ခ်န္းမင္း ကလည္း ေမာင္းသူေနရာတြင္ ဝင္ထိုင္လိုက္သည္။ သူ႕အမူအရာက မေက်မနပ္ ျဖစ္ေနတုန္းျဖစ္ကာ သူ႕လက္ေခ်ာင္းေတြက စတီယာရင္ကို ေခါက္လိုက္ရင္း ေျပာလိုက္သည္။ “သူမေျပာတာကို ဟြမ္ဟြမ္ ၾကားခဲ့တယ္” ဟုန္ခ်န္းမင္း ကတံေတြးမ်ိဳခ်လိုက္သည္။ “ကိုယ္က အရမ္းရက္စက္တယ္လို႔ ဟြမ္ဟြမ္ ထင္လား?”
သူ လွ်ိဳ႕ဝွက္ၿပီး လုပ္ခဲ့တာေတြကို သူမကို မသိေစခ်င္ခဲ့ေပ၊ သူ႕အေမွာင္ျခမ္းကိုလည္း သူမကို ထုတ္မျပခ်င္ခဲ့ေပ။ သို႔ေသာ္ တူရကီ မွာတည္းက ဟုန္ခ်န္းမင္း ကမာေတာင့္သည့္အရာနဲ႔ တိုက္မိၿပီး အိုးကြဲသြားရသလိုမ်ိဳး သူမကို အရာအားလုံး ထုတ္ေျပာခဲ့ရသည္။
အခုေတာ့ သူဘယ္လို ထူးဆန္းတာမ်ိဳးပဲေျပာေျပာ သူ႕အသံက ‘ျမန္ျမန္ ကိုယ့္ကို ျပန္ေခ်ပပါ’နဲ႔ ‘ျမန္ျမန္၊ မဟုတ္ဘူးလို႔ ေျပာလိုက္ပါ’လို႔ ေျပာေနသည့္ အသံမ်ိဳးျဖစ္ေနသည္။
ေဇာင္ယုဟြမ္ ကမထိန္းခ်ဳပ္ႏိုင္ပဲ ရယ္လိုက္သည္။
ဟုန္ခ်န္းမင္း ရဲ႕အမူအရာက ပိုဆိုးလာခဲ့သည္။ “…ဘာေၾကာင့္ ရယ္ေနတာလဲ?”
ေဇာင္ယုဟြမ္ ကအကူအညီမဲ့စြာျဖင့္ သူ႕ကို ၾကည့္ေနခဲ့သည္။ “ဒါက လက္စားေခ်တဲ့ အရမ္းသာမန္က်တဲ့ အရာေလး မဟုတ္ဘူးလား? သူတို႔အေပၚ အရမ္းၾကမ္းတမ္းလို႔ ဟြမ္ဟြမ္ ကအစ္ကိုခ်န္းမင္း ကိုအျပစ္တင္ရမွာလား? အစ္ကိုခ်န္းမင္း မွာသူတို႔ကို ခြင့္လႊတ္ေပးႏိုင္တဲ့ အင္အား႐ွိတယ္။ တျခားလူေတြက အစ္ကိုခ်န္းမင္း လုပ္တာေတြကို ေျပာပိုင္ခြင့္မ႐ွိဘူး”
ဟုန္ခ်န္းမင္း ရဲ႕အမူအရာက ခ်က္ခ်င္း ပိုေကာင္းလာၿပီး သူက ဩ႐ွသည့္အသံျဖင့္ ေျပာလိုက္သည္။ “လုပ္ႏိုင္တဲ့သူ႐ွိတယ္။ ဟြမ္ဟြမ္ပဲ။ ဟြမ္ဟြမ္ ဘာပဲေျပာေျပာ ကိုယ္လုပ္မယ္”
ေဇာင္ယုဟြမ္ ရဲ႕မ်က္ႏွာက ခ်က္ခ်င္း နီရဲသြားခဲ့သည္။
သူမက ေခါင္းကိုလွည့္လိုက္ၿပီး ျပတင္းေပါက္ အျပင္ဘက္ကို ၾကည့္လိုက္သည္။
ဘာျဖစ္ေနတာလဲ? ဟုန္ခ်န္းမင္း က လီဂ်င္းယြမ္ ဆီက သင္ခဲ့တာလား? သူ႕စကားေတြက လ်စ္လ်ဴ႐ႈဖို႔ ပိုပိုၿပီးခက္လာၿပီ။
ဟုန္ခ်န္းမင္း ကကားစက္ႏိႈးလိုက္ၿပီး ေအးစက္စြာျဖင့္ ေျပာလိုက္သည္။ “သူတို႔က ပါးနပ္မယ္လို႔ ထင္ထားခဲ့တာ။ ဟြမ္ဟြမ့္ဆီ ေရာက္လာရဲမယ္လို႔ေတာ့ မထင္ထားခဲ့ဘူး”
“ဟြမ္ဟြမ္ ကမိန္းကေလးဆိုေတာ့ အႏိုင္က်င့္ႏိုင္တယ္လို႔ ထင္ေနတာ”
ဟုန္ခ်န္းမင္း ကေအးစက္စြာျဖင့္ ျပဳံးလိုက္သည္။ “တစ္ေယာက္ေယာက္က ေသခ်ာေပါက္ကို ေနာက္ကြယ္က လုပ္ေနတာ၊ မဟုတ္ရင္ သူတို႔ နားလည္ႏိုင္မွာမဟုတ္ဘူး… ကိုယ္တို႔ဆက္ဆံေရးက အနီးကပ္ဆုံးဆိုတာသိၿပီး ဟြမ္ဟြမ့္ ဆီေရာက္လာခဲ့တာပဲ” ဟုန္ခ်န္းမင္း ကသူတို႔ရဲ႕ရင္းႏွီးမႈကို ေျပာလာခ်ိန္တြင္ သူ႕အသံက မေရရာသလိုမ်ိဳးျဖစ္ေအာင္ သိသိသာသာ ဖန္တီးလိုက္ၿပီး သူတို႔တြင္ ထူးျခားသည့္ဆက္ဆံေရး ႐ွိသလိုမ်ိဳး ျဖစ္သြားေစသည္။
ေဇာင္ယုဟြမ္ ကမ်က္ေမွာင္ၾကဳတ္လိုက္သည္။
ဒါက လင္းလန္ မ်ားလား?
သူမမွာ ဒီလိုစြမ္းရည္႐ွိလား?
“ဟြမ္ဟြမ္ ဒီကိစၥကို အာ႐ုံစိုက္ဖို႔ မလိုဘူး။ ကိုယ္ၾကည့္လုပ္လိုက္မယ္” ဟုန္ခ်န္းမင္း ကေျပာလိုက္သည္။
ေဇာင္ယုဟြမ္ ကေခါင္းညိတ္လိုက္သည္။
ဟုန္ခ်န္းမင္း ကအလ်င္အျမန္ပင္ ေမးလိုက္သည္။ “ဒါဆို ဟြမ္ဟြမ္ ဆုံးျဖတ္ၿပီးၿပီလား?”
ဒီေမးခြန္းက အရင္ကစကားလမ္းေၾကာင္းနဲ႔ လုံးဝကိုျခားနားေနသည္။
ေဇာင္ယုဟြမ္ ကခ်က္ခ်င္းပင္ တံေတြးသီးသြားခဲ့သည္။ “…ဘ-ဘာ?”
ဟုန္ခ်န္းမင္း ကတည္ၿငိမ္စြာျဖင့္ ေျပာလိုက္သည္။ “ဟြမ္ဟြမ္ မဆုံးျဖတ္ရေသးလည္း အဆင္ေျပပါတယ္”
ေဇာင္ယုဟြမ္ ကသတိလက္လြတ္ လက္ေခ်ာင္းကို ဆိတ္လိုက္ၿပီး သူမအသက္႐ွဴႏႈန္းက မမွန္ျဖစ္လာခဲ့သည္။
ဟုန္ခ်န္းမင္း ကေနာက္ေမးခြန္းကို ေမးလိုက္သည္။ “ဒါဆို ေနာက္ဆုံးအႀကိမ္ကလိုမ်ိဳး…”
“ဟမ္”
“နမ္းလို႔ရလား?”
ေဇာင္ယုဟြမ္ ရဲ႕မ်က္ႏွာက ခ်က္ခ်င္းကို ခရမ္းခ်ည္သီးလို ျဖစ္သြားခဲ့သည္။
မရဘူး…
နမ္းခ်င္ရင္ နမ္းလိုက္ေလ!
ဘာလို႔ခြင့္ေတာင္းေနရတာလဲ?
ေဇာင္ယုဟြမ္ ကသူမလက္နဲ႔ သူမနဖူးကို ထိလိုက္ၿပီး သူမေသြးခုန္ႏႈန္းက ျမန္ေနၿပီး စကားေတာင္ မေျပာႏိုင္ေပ။
ဟုန္ခ်န္းမင္း က႐ုတ္တရက္ ဘရိတ္ကို နင္းလိုက္သည္။ လက္တစ္ဖက္က ေဇာင္ယုဟြမ္ ရဲ႕ခုံကိုေထာက္လိုက္ၿပီး အနားကပ္လာကာ သူမကို နမ္းလိုက္သည္။
ေနာက္ဆုံးအႀကိမ္က သူ႕အနမ္းက ေဒါသေၾကာင့္ ၾကမ္းတမ္းေနတာေၾကာင့္ သူ႕အျပဳအမူေတြက နည္းနည္းျပင္းထန္သြားခဲ့သည္။
ဒီတစ္ႀကိမ္ေတာ့ ဟုန္ခ်န္းမင္း ကသိသိသာသာကို ႏူးညံ့ေနၿပီး ေဇာင္ယုဟြမ္ ဆီတြင္ ေကာင္းမြန္သည့္အရာေတြ ခ်န္ထားခ်င္ေနသည္။
သို႔ေသာ္ သူမရဲ႕ႏူးညံ့သည့္ႏႈတ္ခမ္းကို သူခံစားမိလိုက္ခ်ိန္တြင္ သတိလက္လြတ္ သူမအား တင္းၾကပ္စြာဖက္လိုက္ၿပီး သူမႏႈတ္ခမ္းကို ခပ္ျပင္းျပင္းစုတ္လိုက္သည္။
ထို႔ေနာက္ တစ္ေယာက္က ကားတံခါးကို ေခါက္လာခဲ့သည္။
ဟုန္ခ်န္းမင္း ကမ်က္ေမွာင္ၾကဳတ္လိုက္ၿပီး ေဇာင္ယုဟြမ္ ကိုလႊတ္ေပးလိုက္ကာ ျပတင္းမွန္အား ႏွိမ့္လိုက္သည္။
ယာဥ္ထိန္းရဲက အျပင္ဘက္တြင္ ရပ္ေနခဲ့သည္။ “ဟယ္လို၊ တရားမဝင္ပါကင္အတြက္ 150 RMB”
ဟုန္ခ်န္းမင္း ကေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ ေငြထုတ္ေပးလိုက္သည္။
ေဇာင္ယုဟြမ္ ကေတာ့ ခုံေအာက္တြင္ သူမဘာသာ ပုန္းကြယ္ေနခ်င္ခဲ့သည္။
သူမက မ်က္ႏွာကို အုပ္ထားၿပီး ဟုန္ခ်န္းမင္း အားစကားတစ္လုံးေတာင္ မေျပာေတာ့ေပ။
သို႔ေသာ္ ဟုန္ခ်န္းမင္း ရဲ႕ခံစားခ်က္က အရမ္းကိုေကာင္းေနၿပီး သူမအား အႀကိမ္ႀကိမ္ စကားေျပာလာခဲ့သည္။
ကားက ဗီလာဆီ ေရာက္လုနီးေနတာကို ျမင္လိုက္ၿပီး ေဇာင္ယုဟြမ္ ကသူမမ်က္လုံးကို လွိမ့္လိုက္ကာ ေမးလိုက္သည္။ “အစ္ကိုခ်န္းမင္းရဲ႕အေဒၚက ဟုန္တေမ့ မို႔လို အစ္ကိုခ်န္းမင္း ငယ္ငယ္တုန္းက ဟုန္ေ႐ွာင္ေဂြ႕ လိုေခၚခဲ့လား?”
ဟုန္ခ်န္းမင္း ကအရမ္းကိုေပ်ာ္ျမဴးေနခဲ့သည္။ သူက ကားကိုရပ္လိုက္ၿပီး ျပန္ေျဖလိုက္သည္။ “… ကိုယ္ေခၚခဲ့ရင္ေတာင္ အဲ့ေခြးေလး*က ဟြမ္ဟြမ့္ေခြးေလး ျဖစ္ေနတုန္းပဲ”
*ေ႐ွာင္ေဂြ႕=ေခြးေလး*
ေဇာင္ယုဟြမ္ ကသူမမ်က္ႏွာအား လက္နဲ႔အုပ္လိုက္သည္။
လီဂ်င္းယြမ္ ကဗီလာအျပင္ကို ေလွ်ာက္ထြက္လာၿပီး ျပတင္းအား ေခါက္လိုက္ကာ ကားထဲမွလူႏွစ္ေယာက္ရဲ႕ စကားဝိုင္းကို ေႏွာက္ယွက္လိုက္သည္။
———————
[text_hash] => af1afdd6
)