Array
(
[text] =>
Unicode
ဟုန်ချန်းမင်း ကယွဲ့လန်ဗီလာဆီ သွားရတာကို ဘာဖိအားမှ မခံစားရပေ။ နောက်ပြီး ဇောင်ယုဟွမ် အပေါ်ထားတဲ့ သူ့သဘောထားတွေက တရားဝင်ထုတ်မပြခဲ့ပေ။
လီဂျင်းယွမ် ကတော့ ခြားနားသည်။
ကားထဲကနေ ထွက်လိုက်ပြီး တံခါးဆီရောက်သွားချိန်တွင် မထိန်းချုပ်နိုင်ပဲ အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။
လန်ဂျင်းဇီ ကလည်းတစ်ချိန်တည်း ရောက်လာခဲ့သည်။ သူက အနောက်ဘက်မှ လျှောက်လာခဲ့ပြီး လီဂျင်းယွမ် ရဲ့ပုခုံးကို ရုတ်လိုက်သည်။ လီဂျင်းယွမ် ကလန့်သွားခဲ့သည်။
“အစ်ကို” လီဂျင်းယွမ် ကလှည့်လိုက်ပြီး အလျင်စလို နှုတ်ဆက်လိုက်သည်။
သို့သော် လန်ဂျင်းဇီ ရဲ့အကြည့်ကတော့ အေးစက်နေပြီး လျှောက်သွားပြီး ဗီလာထဲကို ဝင်လိုက်သည်။
အထဲတွင် ဇောင်ယုဟွမ် ကအပြင်ဘက်မှ အသံတွေကို ကြားထားပြီးဖြစ်တာကြောင့် သူတို့ကြိုဆိုရန် တံခါးဝဆီ လျှောက်လာခဲ့သည်။
“အစ်ကိုလန်” ဇောင်ယုဟွမ် နဲ့ လန်ဂျင်းဇီ တို့က ဖက်လိုက်ကြသည်။
“ဝင်လာခဲ့” ဇောင်ယုဟွမ် ကထိုမှသာ လီဂျင်းယွမ် ကိုသတိပြုမိသွားခဲ့သည်။
သူတို့အားလုံး ထမင်းစားခန်းကို ရောက်ချိန်တွင် အဖိုးဒင် ကသူ့နေရာတွင် ထိုင်နေပြီးဖြစ်သည်။
အဖိုးဒင် ကစကားမပြောချိန်တွင် စည်းကမ်းတင်းကြပ်ပြီး ကြောက်စရာကောင်းသည်။ သူစကားမပြောရင် တခြားလူတွေလည်း စကားမပြောရဲကြပေ။
လူတိုင်းက တိတ်ဆိတ်စွာသာ စားသောက်ခဲ့ကြသည်။
အဖိုးဒင် ကအိမ်ဖော်တွေအား အသီးတွေနဲ့ အချိုပွဲအား ယူလာပေးဖို့ ညွှန်ကြားလိုက်သည်။ “လီဂျင်းယွမ် ရဲ့ပွဲက ဗီဒီယိုကို ငါတွေ့တယ်”
ဒါက ချက်ချင်းပင် လူတိုင်းရဲ့အာရုံကို ဖမ်းစားသွားပြီး ဒါက အဓိကအချက်မှန်း သိလိုက်ကြသည်။
အဖိုးဒင် ရဲ့အမူအရာက ပြောင်းလဲသွားပြီး ချက်ချင်းပင် ဒေါသတကြီး အော်လိုက်သည်။ “ဒူးထောက်!”
ထိုစကားကို လီဂျင်းယွမ် ကြားလိုက်ချိန်တွင် တွန့်ဆုတ်ခြင်းမရှိပဲ ဒူးထောက်ချလိုက်သည်။
အသီးဗန်းကိုင်ထားသည့် အိမ်ဖော်ရဲ့လက်က တုန်သွားပြီး အဖိုးဒင် အားကြောက်လန့်စွာ ကြည့်နေခဲ့သည်။
“မင်း ပြောချင်တာရှိလား?” အဖိုးဒင် ကအေးစက်စွာ မေးလိုက်သည်။
လီဂျင်းယွမ် ကမဖြေနိုင်ခင် ဟုန်ချန်းမင်း ကထ,ရပ်လိုက်ပြီး သူ့ဘေးတွင် ဒူးထောက်ချလိုက်သည်။ “အဖိုး၊ ဒူးထောက်ဖို့က သူ့အလှည့်မဟုတ်ဘူး”
ဇောင်ယုဟွမ် မျက်နှာပျက်သွားခဲ့သည်။
သူတို့က ပိုပြီးတော့တောင် ရူးလာကြပြီ!
အဖိုးဒင် ကသူ့ရင်ဘတ်ကိုဖိလိုက်ပြီး သူ့မျက်နှာတစ်ခုလုံးက ထိတ်လန့်မှုတွေနဲ့ ပြည့်နှက်နေသည်။ “မင်း.. မင်းနဲ့ လီဂျင်းယွမ်၊ မင်းတို့နှစ်ယောက်…”
“အဖိုး၊ အဲ့ဒါက ကျွန်တော်ပါပဲ၊ သူ မဟုတ်ဘူး” ဟုန်ချန်းမင်း ကရဲတင်းစွာ ပြောလိုက်သည်။ သူက ဒူးထောက်နေတာတောင် နောက်ဆုတ်ဖို့ ရည်ရွယ်ချက်မရှိပေ။
လီဂျင်းယွမ် ကလည်းအလျင်အမြန် ပြောလိုက်သည်။ “အဖိုး၊ ကျွန်တော်ပါ။ ကျွန်တော်က ဟွမ်ဟွမ့်အပေါ် စိတ်ရှိနေလို့ လူသိရှင်ကြား ဝန်ခံခဲ့တာပါ။ အခုတော့ ကျွန်တော်က သူမကို တိတ်တိတ်လေး ချစ်နေတာကို လူတိုင်းသိသွားကြပါပြီ”
ဟုန်ချန်းမင်း ကလှောင်ပြုံးပြုံးလိုက်သည်။ “ဟုတ်တယ်၊ တိတ်တိတ်လေး ချစ်နေတာ၊ ငါကတော့ မတူဘူး။ ငါ့ crush ကသိသိသာသာပဲ”
လီဂျင်းယွမ် : “…”
အဖိုးဒင် ကအသက်ရှူသွင်းလိုက်ပြီး ဒေါသထွက်စွာဖြင့် အော်လိုက်သည်။ “ရပ်!”
၁၉၀ စင်တီမီတာလောက် ရှည်လျားသည့် ယောင်္ကျားနှစ်ယောက်က အရိုက်ခံရသလို၊ အဆူခံလိုက်ရသလိုမျိုး တစ်ပြိုက်နက်တည်း ခေါင်းငုံ့လိုက်ကြသည်။
အဖိုးဒင် ရဲ့အမူအရာက အေးစက်နေသည်။ “ငါ့တုတ် ယူလာပေး”
အိမ်ဖော်က ထိုနေရာတွင်သာ ရပ်နေပြီး မလှုပ်ရဲပေ။
“မသွားသေးဘူးလား?” အဖိုးဒင် ကမျက်မှောင်ကြုတ်လိုက်သည်။
အိမ်ဖော်က အလျင်အမြန်ပင် အဖိုးဒင် အသုံးပြုသည့် အပြင်ဘက်ရှိ တုတ်ကို သွားယူလိုက်သည်။
လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့က ခေါင်းငုံ့ကာ ဆက်ပြီးဒူးထောက်နေကြပြီး ဖြစ်လာမည့်အရာကို ရှောင်လိုသည့် အသွင်အပြင်မရှိပေ။
ဟုန်ချန်းမင်း ကအလျင်စလို ပြောလိုက်သည်။ “အဖိုး… ဘာပဲဖြစ်ဖြစ် ကျွန်တော့်ကို ရိုက်နိုင်တယ်”
လီဂျင်းယွမ် ကလည်းပြောလိုက်သည်။ “ကျွန်တော်ကသာ ဟွမ်ဟွမ့်အပေါ် မစင်ကြယ်တဲ့ အတွေးတွေတွေးတဲ့သူပါ။ ကျွန်တော့်ကို အပြစ်ပေးနိုင်ပါတယ်”
“မင်းတို့တွေ ဒီကိုပထမဆုံး ရောက်လာတုန်းက မင်းတို့အရပ်က ဒီလောက်ပဲရှိသေးတယ်” အဖိုးဒင် ကပြောလိုက်ရင်း သူ့ခြေထောက်လောက်ကို ပြလိုက်သည်။ “အဲ့အချိန်တုန်းက ဟွမ်ဟွမ် လည်းအဲ့လောက်ပဲ ရှိသေးတယ်။ ကလေးသုံးယောက် လျှောက်ဝင်လာတော့ တစ်ယောက်က နောက်ဆုံးထက်တောင် ပိန်ပါးနေတယ်။ အဲ့အချိန်တုန်းက… ဟုန်ချန်းမင်း၊ မစ္စတာဟုန် မင်းဘာပြောခဲ့လဲ?”
ဟုန်ချန်းမင်း ကအဖိုးဒင် ရဲ့အမူအရာတွေကို ကြည့်လိုက်သည်။ ထိုမြင်ကွင်းက သူ့စိတ်ထဲ ပြန်ပေါ်လာခဲ့သည်။
သူက အသံတိုးလေးနဲ့ ပြောလိုက်သည်။ “အဲ့အချိန်က ကျွန်တော် ကောင်းမွန်တဲ့ အစ်ကိုတစ်ယောက် ဖြစ်ပေးပြီး ကျွန်တော် အရွယ်ရောက်လာချိန်မှာ ကာကွယ်ပေးမယ်လို့ အဖိုးကို ပြောခဲ့တယ်”
“ဒါဆို မင်း အခုဘာလုပ်နေကြတာလဲ?”
“အခု၊ ကျွန်တော် ဟွမ်ဟွမ့် ကိုကာကွယ်ပေးပြီး အစ်ကိုကြီးအဖြစ် ရှိနေတုန်းပါပဲ။ ဒါပေမဲ့ အစ်ကိုကြီးက ချစ်သူ မဖြစ်နိုင်ဘူးဆိုတဲ့ စည်းမျည်းမရှိဘူး” ထိုအချိန်တွင် ဟုန်ချန်းမင်း ကသူ့ပုံမှန်အပြုအမူနဲ့ မတူစွာပဲ သူ့နှလုံးသားအား အဖိုးဒင် မြင်တွေ့အောင် ထုတ်ပြလိုက်သည်။
“သောက်ငရဲပဲ!” ပထမဆုံးအကြိမ် အဖိုးဒင် ကထိုအတိုင်း ကျိန်ဆဲလိုက်သည်။ သူက လီဂျင်းယွမ် ဘက်ကိုလှည့်လိုက်ပြီး မေးလိုက်သည်။ “မင်းကကော?”
လီဂျင်းယွမ် ကပြုံးလိုက်သည်။ “အဖိုး၊ အဲ့အချိန်တုန်းက ကျွန်တော် အရွယ်ရောက်လာချိန်မှာ ဟွမ်ဟွမ့်အပေါ် အရမ်းကောင်းပေးမယ်လိုပဲ ပြောခဲ့တယ်။ ကျွန်တော်က ဟွမ်ဟွမ့်ရဲ့ မောင်လေးအဖြစ် တစ်သက်လုံး နေပေးမယ်လို့ ဘယ်တုန်းကမှ မပြောခဲ့ပါဘူး။ တကယ်တော့ အဲ့အချိန်တည်းက ကျွန်တော် အရွယ်ရောက်လာပြီး ဟွမ်ဟွမ့်ကို လက်ထပ်နိုင်ဖို့ပဲ စောင့်နေခဲ့တာပါ”
သူက ပိုပြီးတော့တောင် အရှက်မရှိဖြစ်နိုင်တာကို အဖိုးဒင် တွေးတောင်မတွေးခဲ့ပေ။
ဟုန်ချန်းမင်း လည်းအတူတူပဲ။
ဇောင်ယုဟွမ် : “…”
သူတို့ သေတဲ့အထိ အရိုက်ခံရမှာကို မကြောက်ကြဘူးလား?
“ကောင်းပြီ၊ ကောင်းပြီ၊ မင်းတို့ အရွယ်ရောက်လာကြပြီ၊ အခုတော့ မင်းတို့မှာ ကိုယ်ပိုင်အတွေးတွေ ရှိနေပြီဆိုတော့ အရင်က မင်းတို့စကားတွေကို မေ့ပစ်လိုက်ပြီပေါ့။ အခု မင်းတို့ ဘာလုပ်ချင်ကြလဲ? ငါတို့မိသားစုက ဟွမ်ဟွမ် ကိုလက်ထပ်ချင်တာ၊ ဟုတ်တယ်မလား? မင်းတို့ကျောကို ဖြောင့်ထား!” အဖိုးဒင် စကားသံ ရပ်သွားသည်နှင့် တစ်ခုခုကို ရိုက်လိုက်သည့် အသံနှစ်သံက ထွက်လာခဲ့သည်။ သူ့လက်မှ တုတ်ဖြင့် ဟုန်ချန်းမင်း ကိုရိုက်လိုက်ပြီးနောက် လီဂျင်းယွမ် ကိုရိုက်လိုက်သည်။
ဇောင်ယုဟွမ် ကလန့်သွားခဲ့သည်။ “အဖိုး?”
အဖိုးဒင် ကသူမကို လှည့်ကြည့်လိုက်သည်။ “ဟွမ်ဟွမ် ဝင်ပါဖို့ ခွင့်မပြုထားဘူး။ အဲ့မှာပဲထိုင်နေ! မလှုပ်နဲ့!”
လီဂျင်းယွမ် ကပြုံးနေတုန်းဖြစ်ကာ အဖိုးဒင် ရဲ့စကားအတိုင်း လိုက်ပြောလိုက်သည်။ “ဟုတ်တယ်၊ ဟွမ်ဟွမ်၊ ခုံမှာပဲထိုင်နေ။ မလှုပ်နဲ့။ လိမ္မာနော်”
သူ့အသံကို ကြားလိုက်ပြီး အဖိုးဒင် ကသူ့အား ထပ်ရိုက်လိုက်သည်။
လီဂျင်းယွမ် ကယိမ်းထိုးသွားခြင်းတောင် မရှိပေ။
ဟုန်ချန်းမင်း ကတည်ကြည်စွာဖြင့် ပြောလိုက်သည်။ “ကျွန်တော်နားလည်ပါတယ်၊ ကျွန်တော်က အဖိုး ဖွက်ထားတဲ့ ရတနာလေးကို အဝေးယူထုတ်သွားချင်နေလို့ပဲ။ တစ်ကြိမ်လောက် ရိုက်လိုက်ရုံနဲ့ ထုတ်ပေးမယ်ဆိုရင် ဒါက လုံးဝကို ထိုက်တန်ပါတယ်”
အဖိုးဒင် ကရယ်လိုက်သည်။ “ဟ၊ ကလေးတွေက အခုခေတ်မှာ လှပတဲ့စကားလုံးတွေကို ဘယ်လိုပြောရမလဲဆိုတာ သိနေကြပြီလား? မှန်တယ်၊ မင်းတို့နှစ်ကောင်က ငါဖွက်ထားချင်တဲ့ ရတနာလေးကို အဝေးယူသွားချင်နေတာပဲ! မင်းတို့ဆီ သူမကိုပေးပစ်လိုက်ဖို့ ငါဘယ်လိုလုပ် ခွင့်ပြုပေးနိုင်မှာလဲ?”
ထို့နောက် ရိုက်ချက်တစ်ခုက ဟုန်ချန်းမင်း အပေါ်ရောက်လာခဲ့သည်။
ထိုအသံကို ဇောင်ယုဟွမ် ကြားလိုက်ချိန်တွင် သူမခန္ဓာကိုယ် တစ်ခုလုံးက တောင့်တင်းသွားခဲ့သည်။ သူမလက်တွေက တင်းတင်းကြပ်ကြပ် ဆုပ်ထားခဲ့ပြီး သူမလက်သည်းတွေက သူမအသားကို ထိုးနေခဲ့သည်။
“အဖိုး…” ဇောင်ယုဟွမ် ကနူးညံ့စွာ ခေါ်လိုက်သည်။
အဖိုးဒင် ကသူတို့ကို ရိုက်နေတာကို ရပ်လိုက်ပြီး လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့အား မေးလိုက်သည်။ “ကောင်းပြီ၊ ဟွမ်ဟွမ် ကသူတို့အတွက် တောင်းဆိုချင်တာလား?”
ဇောင်ယုဟွမ် ကသနားစရာကောင်းသည့် မျက်နှာထားကို လုပ်လိုက်ပြီး အဖိုးဒင် ကိုခေါင်းညိတ်ပြလိုက်သည်။
“မင်း တစ်ယောက်ပဲ ကယ်နိုင်တယ်”
ဇောင်ယုဟွမ် ရဲ့မျက်လုံးက ပြူးကျယ်သွားခဲ့သည်။
ငါ ဘယ်လိုလုပ်ပြီး ရွေးနိုင်မှာလဲ?!
သူတို့ထဲက တစ်ယောက်က ထည့်စဉ်းစားမခံရပဲ သေသွားလိမ့်မယ်။
နောက်ပြီး တစ်ယောက် အရိုက်ခံနေရတာကို တခြားတစ်ယောက်က ဘေးဘက်ကနေ ကြည့်နေရရင် မိသားစုစည်းချက်ကို ဖျက်ဆီးလိုက်တာပဲ!
ဇောင်ယုဟွမ် ကတိတ်တိတ်ဆိတ်ဖြင့် ရုတ်သိမ်းလိုက်သည်။ “အင်း၊ ဒါဆို အဖိုး သူတို့ကို ဆက်ရိုက်လို့ရတယ်”
ဒီရိုက်နှက်ခြင်းက နာရီဝက်လောက် ကြာသွားခဲ့သည်။ အဆုံးတွင် အဖိုးဒင် ကအရမ်းအသက်ကြီးနေပြီး ရုပ်ပိုင်းဆိုင်ရာက အားနည်းနေတာကြောင့် ရပ်သွားခဲ့သည်။ သူက ဘာမှဝင်မပြောသည့် လန်ဂျင်းဇီ ရဲ့အကူအညီဖြင့် ဆိုဖာတွင် ထိုင်ချလိုက်သည်။
“အခု မင်းတို့ကို ငါမေးမယ်၊ မင်းတို့နှစ်ယောက် ဟွမ်ဟွမ့်အပေါ် ဘယ်လိုတွေးလဲ?” အဖိုးဒင် ကသူ့လက်ထဲက တုတ်ဖြင့် စားပွဲခြေကို ရိုက်လိုက်သည်။
“သူမကို လက်ထပ်မယ်!” ဟုန်ချန်းမင်း ကထုတ်ပြောလိုက်သည်။
လီဂျင်းယွမ် ကရပ်လိုက်ပြီး အသံတိုးလေးနဲ့ ပြောလိုက်သည်။ “ကျွန်တော် ဟွမ်ဟွမ့်ကို ချစ်တယ်။ သူမရဲ့ဉာဏ်ကောင်းတာကို ချစ်တယ်၊ သူမ ပျော်ပျော်ရွှင်ရွှင်နဲ့ ရယ်မောနေတာကိုလည်း ချစ်တယ်၊ သူမရဲ့အလိုလိုက်တဲ့ အချစ်ကို ထုတ်ပြချိန်ကိုလည်း ချစ်တယ်… အဖိုး၊ ကျွန်တော် ဟွမ်ဟွမ့် အကြောင်းတွေးလိုက်ချိန်တိုင်း ပျော်တယ်။ သူမနဲ့ မျက်နှာချင်းဆိုင် ထိုင်နေရရုံနဲ့ သူမနဲ့အတူ ညစာစားနေရရုံနဲ့တင် ကျွန်တော့်တစ်ကိုယ်လုံး အားအင်တွေပြည့်သွားသလို ခံစားရပြီး အနာဂတ်အတွက် ရှေ့ဆက်နိုင်ဖို့ ခွန်အားတွေ ရလာတယ်”
ဟုန်ချန်းမင်း : “…”
Fuck!
သူက ငါ့ထက် ပိုကောင်းအောင် ပြောနေတာပဲ!
ဇောင်ယုဟွမ် က လီဂျင်းယွမ် ရဲ့စကားကို နားထောင်နေရင်း ရှက်သွားပြီး ဆိုဖာထဲ မြုတ်ဝင်သွားချင်နေခဲ့သည်။
လူသိရှင်ကြား ဝန်ခံခြင်းက ပျော်ရွှင်စေနိုင်သည့် ပုံစံမျိုးဖြစ်သည်။ သို့သော် မင်းနဲ့အနီးကပ်ဆုံး တစ်စုံတစ်ယောက်က တခြားရင်းနှီးနေတဲ့ တစ်စုံတစ်ယောက်ရှေ့မှာ ဝန်ခံလိုက်ချိန်မှာတော့ ဒါက လုံးဝကို မယုံနိုင်လောက်အောင် ရှက်ရွံ့သွားစေသည်။
ဇောင်ယုဟွမ် ရဲ့နှလုံးက ပြင်းထန်စွာခုန်နေပြီး သူမလည်ချောင်းကနေ ခုန်ထွက်လာတော့မလို ခံစားလိုက်ရတာ ပထမဆုံးအကြိမ် ဖြစ်သည်။
သူမ မူးဝေလာသလိုတောင် ခံစားနေရသည်။
“ဒါဆို မင်း သူမကို မေးခဲ့လား? သူမက မင်းကို ပြန်ချစ်ရဲ့လား?” အဖိုးဒင် ကတည်ငြိမ်စွာနဲ့ မေးလိုက်သည်။
“သူမ ချစ်တယ်” ဟုန်ချန်းမင်း ကမတွေးပဲ ပြန်ဖြေလိုက်သည်။
လီဂျင်းယွမ် ကနည်းနည်း တွန့်ဆုတ်နေခဲ့သည်။ သူတို့တွေ နှစ်ယောက်တည်း ရှိနေချိန်တုန်းက ဇောင်ယုဟွမ် ကိုဝန်မခံဖူးတာကြောင့် သူမအတွေးတွေကို သူမသိပေ။ တစ်ခါတစ်လေ သူမအတွေးတွေကို သိသွားမှာကို ကြောက်နေမိခဲ့သလို သူမက သူ့ကို မလိုချင်တော့မှာကိုလည်း ကြောက်နေခဲ့သည်။
လီဂျင်းယွမ် ရဲ့အမူအရာက တဖြည်းဖြည်းနဲ့ မှေးမှိန်လာခဲ့သည်။
အဖိုးဒင် က လီဂျင်းယွမ် ကိုကြည့်လိုက်သည်။ “ဒါဆို ဟွမ်ဟွမ် ကမင်းကို မချစ်ဘူးလား?”
ဇောင်ယုဟွမ် ကဆိုဖာတွင်မှီလိုက်ပြီး အသက်ရှူသွင်းလိုက်သည်။
လီဂျင်းယွမ် ရဲ့အမူအရာက ပိုမှေးမှိန်လာခဲ့သည်။ သူက သူ့ဘာသာ ပြုံးလိုက်ပြီး “အဖိုး၊ အဲ့လိုဆိုရင်တောင် ကျွန်တော် လက်မလျော့ဘူး”
“ဒါဆို သူမက လက်ထပ်တော့မယ်ဆိုရင်ကော? မင်း လက်မလျော့ပဲ နေဦးမှာလား?”
လီဂျင်းယွမ် ကသူ့အမူအရာကို ထိန်းသိမ်းလိုက်ပေမဲ့ သူ့မျက်ခုံးတွေက ကြုတ်နေခဲ့သည်။ “မဟုတ်ဘူး၊ သေချာပေါက်ကို လက်လျော့မှာ မဟုတ်ဘူး”
သူ့ပန်းတိုင်ကို မရောက်ခင်အထိ ရပ်မှာမဟုတ်ပေ။
ဒါက သူ့အသက်ငယ်ငယ်တည်းက အရိုးစွဲနေသည့် အရာဖြစ်သည်။
ဟုန်ချန်းမင်း ကပေါ့ပါးစွာဖြင့် သူ့သဘောတူညီချက်ကို ပြောလိုက်သည်။ “တိုက်ဆိုင်လိုက်တာ၊ ကျွန်တော်လည်း အတူတူပဲ”
အဖိုးဒင် ရဲ့အကြည့်က သူတို့နှစ်ယောက်ကြား စူးစမ်းနေခဲ့ပြီးနောက် အေးစက်စွာဖြင့် နှာမှုတ်လိုက်သည်။ “ဒူးဆက်ထောက်ထား။ ဟွမ်ဟွမ်၊ အဖိုးနောက်လိုက်ခဲ့”
ဇောင်ယုဟွမ် ကဆိုဖာမှထ,လိုက်ပြီး အဖိုးဒင် နောက်မှအပေါ်ထပ်ကို လိုက်သွားခဲ့သည်။ လမ်းလျှောက်နေစဉ် သူမက သိုးမွှေးပွကို နင်းမိသလိုမျိုး သူမခြေထောက်တွေက ကြမ်းခင်းနဲ့မထိသလိုမျိုး ဇောင်ယုဟွမ် ခံစားလိုက်ရသည်။
အခန်းထဲကို ဝင်လိုက်ပြီးတာတောင် သူမနှလုံးက ဆက်တိုက်ခုန်နေတုန်းပင်။
အဖိုးဒင် ကမျက်မှောင်ကြုတ်လိုက်သည်။ “ဖြစ်လာမှာကို အဖိုးသိခဲ့ရင် မိဘမဲ့ဂေဟာကို မသွားခင်တည်းက မင်းကို တားခဲ့မိမှာ”
“အမေ့နာမည်နဲ့ သူတို့ကိုမွေးစားဖို့ တားဖို့ကိုလား?” ဇောင်ယုဟွမ် ကမေးလိုက်သည်။
လေအေးက ပြတင်းကနေ ဝင်ရောက်လာပြီး ဇောင်ယုဟွမ် ရဲ့မူးနောက်နေမှုအား ရှင်းလင်းသွားစေခဲ့သည်။
“မဟုတ်ဘူး၊ မင်းကို တစ်ယောက်ပဲ မွေးစားခိုင်းခဲ့မိမှာ” အဖိုးဒင် ကခေါင်းခါလိုက်ပြီးနောက် သက်ပြင်းချလိုက်သည်။ “နဂါးနဲ့ ဖီးနစ်လိုမျိုး ဒီကလေးနှစ်ယောက်က တစ်ယောက်ကတော့ အစတည်းက ရေးခြစ်နေပြီး တခြားတစ်ယောက်က နာမည်ကျော်ကြားလာပြီး ဂျင်းဟွာအုပ်စုရဲ့ ဆက်ခံသူဖြစ်နေမယ်လို့ ဘယ်သူထင်မှာလဲ? သူတို့က သူတို့လောကမှာ လေးစားရတဲ့နေရာကို ရနေခဲ့ပြီ၊ နှစ်ယောက်လုံးက ခေါင်းမာပြီး အနိုင်လိုချင်ကြတယ်။ သူတို့သာ လက်လျော့ဖို့ ဆန္ဒရှိမနေရင် ငါဘာလုပ်နိုင်မှာလဲ? အဖိုး ဘာလုပ်သင့်လဲ?”
ဇောင်ယုဟွမ် ရဲ့မျက်လုံးတွေက တွေဝေသွားခဲ့သည်။
သူတို့သုံးယောက် အတူရှိနေခဲ့တာ အချိန်အရမ်းကြာနေခဲ့ပြီ။
သူမရဲ့မတွေးတက်မှုက သူတို့ကို ကွဲကွာသွားစေနိုင်သည်။
မနက်စာစားပွဲမှာ လူတစ်ယောက် ပျောက်သွားပြီး… သူမဘဝမှာလည်း တစ်ခုခု ပျောက်ဆုံးသွားမှာလား?
“အဖိုးက ဟွမ်ဟွမ့်အတွက် မရွေးပေးနိုင်ဘူး၊ ဒါပေမဲ့ သူတို့က မြေးအပေါ် ရိုးသားပြလာအောင်လို့တော့ အဖိုးလုပ်ပေးနိုင်တယ်”
ဇောင်ယုဟွမ် ရဲ့နှလုံးခုန်သံက ထပ်မြန်လာခဲ့ပြီး တွန့်ဆုတ်နေသည့်အသံဖြင့် မေးလိုက်သည်။ “…ဒါဆို အဖိုး ဘာလုပ်မှာလဲ?”
“သူတို့သာ မရိုးသားရင် သူတို့ထဲက တစ်ယောက်ကို မြေးလေးရွေးချယ်ဖို့ အဖိုးပြောမှာမဟုတ်ဘူး”
ဇောင်ယုဟွမ် ကပြုံးလိုက်သည်။ အဖိုးဒင် က လီဂျင်းယွမ် ကော ဟုန်ချန်းမင်း ကိုပါ ချီးကျူးနေတာမျိုး မဟုတ်ပဲ သူမကို ချီးကျူးနေပုံပင်။
“အရင်က မြေးလေးအမေ ဇောင်ချီ ကိုလက်ထပ်တုန်းက သူက ချောမောပြီး လိုက်လျောညီထွေအောင် စကားပြောတက်တယ်၊ နောက်ပြီး သူ့မျက်လုံးတွေကလည်း မြေးလေးအမေကို ချစ်နေတယ်လို့ ပြနေလို့ အဖိုး မစုံစမ်းခဲ့ဘူး။ ဒီဆုံးဖြတ်ချက်က အဖိုးတစ်ဘဝလုံး နောင်တရနေမယ်လို့ ဘယ်သူက သိမှာလဲ။ အခုတော့ မြေးလေးက အရွယ်ရောက်လာပြီ၊ မြေးလေးကို လူမှားပြီး လက်ထပ်ခွင့် မပြုနိုင်ဘူး။ သူတို့ကို ရိုက်နှက်ပြီး မြေးလေးက အဖိုးရဲ့ရတနာဖြစ်ပြီး သူတို့အလွယ်တကူ မရနိုင်တဲ့အရာလို့ သိသွားအောင် လုပ်ပေးမယ်”
အဖိုးဒင် ကထ,ရပ်လိုက်ပြီး ဇောင်ယုဟွမ် ရဲ့ခေါင်းကိုပုတ်လိုက်သည်။ “မြေးလေး ဘယ်သူ့ကိုပဲရွေးရွေး သူတို့ကို စောစောပြောနိုင်မှာ မဟုတ်ဘူး။ အလျင်စလိုလုပ်တာက မြေးလေးကိုပဲ ပိုနာကျင်စေလိမ့်မယ်။ ကမ္ဘာကြီးက အမျိုးသမီးတွေအတွက် ကြမ်းတမ်းပြီး ယောင်္ကျားတွေအတွက်တော့ ညှာတာတယ်။ မြေးလေးက ကိုယ့်ဘာသာ ကာကွယ်နိုင်လိမ့်မယ်။ တစ်နေ့မှာ အဖိုးမရှိတော့ရင်… မြေးလေးရဲ့ အစ်ကိုက မြေးလေးကို ကာကွယ်ပေးလိမ့်မယ်”
ဇောင်ယုဟွမ် ရဲ့မျက်ရည်တွေက ချက်ချင်း ကျလာခဲ့သည်။
သူမပါးစပ်ကို ဖွင့်လိုက်ပေမဲ့ ဘာမှမပြောနိုင်ပေ။ သူမက ခေါင်းကိုသာ ညိတ်ပြနိုင်သည်။
နောက်ပြီး နှစ်တွေအများကြီး ကြာခဲ့ပြီ။ အဖိုးဒင် ရဲ့အသက်က တဖြည်းဖြည်း ကြီးလာခဲ့ပြီ။
“သွား” အဖိုးဒင် ကပါးရေတွန့်နေသည့် မျက်နှာထက်တွင် ကြင်နာသည့် အပြုံးလေးကို ပြုံးကာပြောလိုက်သည်။ “အဖိုး တကယ်ပဲပျော်တယ်။ ကလေးအချိန်တည်းက မြေးလေးက မြေးသမက်ကို ခေါ်လာခဲ့တယ်။ ကိုယ့်မျက်စိရှေ့အောက်မှာ အရွယ်ရောက်လာတဲ့လူက ဘာနောက်ခံမှန်းမသိတဲ့လူထက် အများကြီး ပိုကောငး်တယ်။ ဒါပေမဲ့ ဒီအကြောင်းကို သူတို့ကို မပြောရဘူး… သူတို့ကို စိုးရိမ်ဆက်ပြီးကြောက်လန့်စေလိုက်၊ ဒါမှ သူတို့က ဟွမ်ဟွမ့် ကိုတန်ဖိုးထားတက်လာမှာ။ ဒါမှ သူတို့လိုတဲ့အတိုင်း မြေးလေးကို အနိုင်မကျင့်နိုင်မှာ”
နောက်ဆုံးတော့ ဇောင်ယုဟွမ် ကစကားတစ်လုံးကို ထုတ်ပြောလိုက်သည်။ “…ကောင်းပါပြီ”
သူမက လျှောက်ထွက်သွားပြီး သူမမျက်လုံးတွေက နီရဲနေကာ ငိုထားမှန်း သိသာနေသည်။
သူမက ငိုခဲသည်။
ထို့ကြောင့် မျက်ရည်တွေက လူတွေကို သနားစေနိုင်သည်။
ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့က ဒူးထောက်နေတုန်းဖြစ်ပေမဲ့ သူတို့က သူမကို မြင်လိုက်ချိန်တွင် ချက်ချင်း ထ,ရပ်လိုက်ကြပြီး သူမဘေးကို ပြေးသွားလိုက်ကြသည်။
“ဟွမ်ဟွမ်” သူတို့က သူတို့လက်တွေနဲ့ သူမမျက်ရည်တွေကို သုတ်ပေးလိုက်ကြသည်။
“အဖိုးက ဟွမ်ဟွမ့်ကို ဆူလိုက်လို့လား?”
“ကိုယ်တောင်းပန်ပါတယ်၊ ဟွမ်ဟွမ်”
“မငိုပါနဲ့”
ဇောင်ယုဟွမ် ကဘာမှမပြောပဲ ခေါင်းခါလိုက်သည်။
မျက်ရည်တွေက သူမပါးစပ်ထဲဝင်သွားပြီး မငန်ပဲ ချိုနေသလိုပင်။
လန်ဂျင်းဇီ ကဆိုဖာပေါ်တွင် တည်တည်ငြိမ်ငြိမ်နဲ့ ထိုင်နေတုန်းပင်။ သူက ထိုမြင်ကွင်းအား အမူအရာမဲ့စွာ စိုက်ကြည့်နေရင်း တွေးလိုက်သည်။
ဒီနေ့ အဖိုးက အကွက်ရွေ့လိုက်တာပဲ။
မနက်ဖြန်က ငါ့နေ့ပဲ။
—————
Zawgyi
ဟုန္ခ်န္းမင္း ကယြဲ႕လန္ဗီလာဆီ သြားရတာကို ဘာဖိအားမွ မခံစားရေပ။ ေနာက္ၿပီး ေဇာင္ယုဟြမ္ အေပၚထားတဲ့ သူ႕သေဘာထားေတြက တရားဝင္ထုတ္မျပခဲ့ေပ။
လီဂ်င္းယြမ္ ကေတာ့ ျခားနားသည္။
ကားထဲကေန ထြက္လိုက္ၿပီး တံခါးဆီေရာက္သြားခ်ိန္တြင္ မထိန္းခ်ဳပ္ႏိုင္ပဲ အသက္ျပင္းျပင္း ႐ွဴသြင္းလိုက္သည္။
လန္ဂ်င္းဇီ ကလည္းတစ္ခ်ိန္တည္း ေရာက္လာခဲ့သည္။ သူက အေနာက္ဘက္မွ ေလွ်ာက္လာခဲ့ၿပီး လီဂ်င္းယြမ္ ရဲ႕ပုခုံးကို ႐ုတ္လိုက္သည္။ လီဂ်င္းယြမ္ ကလန္႔သြားခဲ့သည္။
“အစ္ကို” လီဂ်င္းယြမ္ ကလွည့္လိုက္ၿပီး အလ်င္စလို ႏႈတ္ဆက္လိုက္သည္။
သို႔ေသာ္ လန္ဂ်င္းဇီ ရဲ႕အၾကည့္ကေတာ့ ေအးစက္ေနၿပီး ေလွ်ာက္သြားၿပီး ဗီလာထဲကို ဝင္လိုက္သည္။
အထဲတြင္ ေဇာင္ယုဟြမ္ ကအျပင္ဘက္မွ အသံေတြကို ၾကားထားၿပီးျဖစ္တာေၾကာင့္ သူတို႔ႀကိဳဆိုရန္ တံခါးဝဆီ ေလွ်ာက္လာခဲ့သည္။
“အစ္ကိုလန္” ေဇာင္ယုဟြမ္ နဲ႔ လန္ဂ်င္းဇီ တို႔က ဖက္လိုက္ၾကသည္။
“ဝင္လာခဲ့” ေဇာင္ယုဟြမ္ ကထိုမွသာ လီဂ်င္းယြမ္ ကိုသတိျပဳမိသြားခဲ့သည္။
သူတို႔အားလုံး ထမင္းစားခန္းကို ေရာက္ခ်ိန္တြင္ အဖိုးဒင္ ကသူ႕ေနရာတြင္ ထိုင္ေနၿပီးျဖစ္သည္။
အဖိုးဒင္ ကစကားမေျပာခ်ိန္တြင္ စည္းကမ္းတင္းၾကပ္ၿပီး ေၾကာက္စရာေကာင္းသည္။ သူစကားမေျပာရင္ တျခားလူေတြလည္း စကားမေျပာရဲၾကေပ။
လူတိုင္းက တိတ္ဆိတ္စြာသာ စားေသာက္ခဲ့ၾကသည္။
အဖိုးဒင္ ကအိမ္ေဖာ္ေတြအား အသီးေတြနဲ႔ အခ်ိဳပြဲအား ယူလာေပးဖို႔ ၫႊန္ၾကားလိုက္သည္။ “လီဂ်င္းယြမ္ ရဲ႕ပြဲက ဗီဒီယိုကို ငါေတြ႕တယ္”
ဒါက ခ်က္ခ်င္းပင္ လူတိုင္းရဲ႕အာ႐ုံကို ဖမ္းစားသြားၿပီး ဒါက အဓိကအခ်က္မွန္း သိလိုက္ၾကသည္။
အဖိုးဒင္ ရဲ႕အမူအရာက ေျပာင္းလဲသြားၿပီး ခ်က္ခ်င္းပင္ ေဒါသတႀကီး ေအာ္လိုက္သည္။ “ဒူးေထာက္!”
ထိုစကားကို လီဂ်င္းယြမ္ ၾကားလိုက္ခ်ိန္တြင္ တြန္႔ဆုတ္ျခင္းမ႐ွိပဲ ဒူးေထာက္ခ်လိုက္သည္။
အသီးဗန္းကိုင္ထားသည့္ အိမ္ေဖာ္ရဲ႕လက္က တုန္သြားၿပီး အဖိုးဒင္ အားေၾကာက္လန္႔စြာ ၾကည့္ေနခဲ့သည္။
“မင္း ေျပာခ်င္တာ႐ွိလား?” အဖိုးဒင္ ကေအးစက္စြာ ေမးလိုက္သည္။
လီဂ်င္းယြမ္ ကမေျဖႏိုင္ခင္ ဟုန္ခ်န္းမင္း ကထ,ရပ္လိုက္ၿပီး သူ႕ေဘးတြင္ ဒူးေထာက္ခ်လိုက္သည္။ “အဖိုး၊ ဒူးေထာက္ဖို႔က သူ႕အလွည့္မဟုတ္ဘူး”
ေဇာင္ယုဟြမ္ မ်က္ႏွာပ်က္သြားခဲ့သည္။
သူတို႔က ပိုၿပီးေတာ့ေတာင္ ႐ူးလာၾကၿပီ!
အဖိုးဒင္ ကသူ႕ရင္ဘတ္ကိုဖိလိုက္ၿပီး သူ႕မ်က္ႏွာတစ္ခုလုံးက ထိတ္လန္႔မႈေတြနဲ႔ ျပည့္ႏွက္ေနသည္။ “မင္း.. မင္းနဲ႔ လီဂ်င္းယြမ္၊ မင္းတို႔ႏွစ္ေယာက္…”
“အဖိုး၊ အဲ့ဒါက ကြၽန္ေတာ္ပါပဲ၊ သူ မဟုတ္ဘူး” ဟုန္ခ်န္းမင္း ကရဲတင္းစြာ ေျပာလိုက္သည္။ သူက ဒူးေထာက္ေနတာေတာင္ ေနာက္ဆုတ္ဖို႔ ရည္႐ြယ္ခ်က္မ႐ွိေပ။
လီဂ်င္းယြမ္ ကလည္းအလ်င္အျမန္ ေျပာလိုက္သည္။ “အဖိုး၊ ကြၽန္ေတာ္ပါ။ ကြၽန္ေတာ္က ဟြမ္ဟြမ့္အေပၚ စိတ္႐ွိေနလို႔ လူသိ႐ွင္ၾကား ဝန္ခံခဲ့တာပါ။ အခုေတာ့ ကြၽန္ေတာ္က သူမကို တိတ္တိတ္ေလး ခ်စ္ေနတာကို လူတိုင္းသိသြားၾကပါၿပီ”
ဟုန္ခ်န္းမင္း ကေလွာင္ျပဳံးျပဳံးလိုက္သည္။ “ဟုတ္တယ္၊ တိတ္တိတ္ေလး ခ်စ္ေနတာ၊ ငါကေတာ့ မတူဘူး။ ငါ့ crush ကသိသိသာသာပဲ”
လီဂ်င္းယြမ္ : “…”
အဖိုးဒင္ ကအသက္႐ွဴသြင္းလိုက္ၿပီး ေဒါသထြက္စြာျဖင့္ ေအာ္လိုက္သည္။ “ရပ္!”
၁၉၀ စင္တီမီတာေလာက္ ႐ွည္လ်ားသည့္ ေယာက်ၤားႏွစ္ေယာက္က အ႐ိုက္ခံရသလို၊ အဆူခံလိုက္ရသလိုမ်ိဳး တစ္ၿပိဳက္နက္တည္း ေခါင္းငုံ႔လိုက္ၾကသည္။
အဖိုးဒင္ ရဲ႕အမူအရာက ေအးစက္ေနသည္။ “ငါ့တုတ္ ယူလာေပး”
အိမ္ေဖာ္က ထိုေနရာတြင္သာ ရပ္ေနၿပီး မလႈပ္ရဲေပ။
“မသြားေသးဘူးလား?” အဖိုးဒင္ ကမ်က္ေမွာင္ၾကဳတ္လိုက္သည္။
အိမ္ေဖာ္က အလ်င္အျမန္ပင္ အဖိုးဒင္ အသုံးျပဳသည့္ အျပင္ဘက္႐ွိ တုတ္ကို သြားယူလိုက္သည္။
လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔က ေခါင္းငုံ႔ကာ ဆက္ၿပီးဒူးေထာက္ေနၾကၿပီး ျဖစ္လာမည့္အရာကို ေ႐ွာင္လိုသည့္ အသြင္အျပင္မ႐ွိေပ။
ဟုန္ခ်န္းမင္း ကအလ်င္စလို ေျပာလိုက္သည္။ “အဖိုး… ဘာပဲျဖစ္ျဖစ္ ကြၽန္ေတာ့္ကို ႐ိုက္ႏိုင္တယ္”
လီဂ်င္းယြမ္ ကလည္းေျပာလိုက္သည္။ “ကြၽန္ေတာ္ကသာ ဟြမ္ဟြမ့္အေပၚ မစင္ၾကယ္တဲ့ အေတြးေတြေတြးတဲ့သူပါ။ ကြၽန္ေတာ့္ကို အျပစ္ေပးႏိုင္ပါတယ္”
“မင္းတို႔ေတြ ဒီကိုပထမဆုံး ေရာက္လာတုန္းက မင္းတို႔အရပ္က ဒီေလာက္ပဲ႐ွိေသးတယ္” အဖိုးဒင္ ကေျပာလိုက္ရင္း သူ႕ေျခေထာက္ေလာက္ကို ျပလိုက္သည္။ “အဲ့အခ်ိန္တုန္းက ဟြမ္ဟြမ္ လည္းအဲ့ေလာက္ပဲ ႐ွိေသးတယ္။ ကေလးသုံးေယာက္ ေလွ်ာက္ဝင္လာေတာ့ တစ္ေယာက္က ေနာက္ဆုံးထက္ေတာင္ ပိန္ပါးေနတယ္။ အဲ့အခ်ိန္တုန္းက… ဟုန္ခ်န္းမင္း၊ မစၥတာဟုန္ မင္းဘာေျပာခဲ့လဲ?”
ဟုန္ခ်န္းမင္း ကအဖိုးဒင္ ရဲ႕အမူအရာေတြကို ၾကည့္လိုက္သည္။ ထိုျမင္ကြင္းက သူ႕စိတ္ထဲ ျပန္ေပၚလာခဲ့သည္။
သူက အသံတိုးေလးနဲ႔ ေျပာလိုက္သည္။ “အဲ့အခ်ိန္က ကြၽန္ေတာ္ ေကာင္းမြန္တဲ့ အစ္ကိုတစ္ေယာက္ ျဖစ္ေပးၿပီး ကြၽန္ေတာ္ အ႐ြယ္ေရာက္လာခ်ိန္မွာ ကာကြယ္ေပးမယ္လို႔ အဖိုးကို ေျပာခဲ့တယ္”
“ဒါဆို မင္း အခုဘာလုပ္ေနၾကတာလဲ?”
“အခု၊ ကြၽန္ေတာ္ ဟြမ္ဟြမ့္ ကိုကာကြယ္ေပးၿပီး အစ္ကိုႀကီးအျဖစ္ ႐ွိေနတုန္းပါပဲ။ ဒါေပမဲ့ အစ္ကိုႀကီးက ခ်စ္သူ မျဖစ္ႏိုင္ဘူးဆိုတဲ့ စည္းမ်ည္းမ႐ွိဘူး” ထိုအခ်ိန္တြင္ ဟုန္ခ်န္းမင္း ကသူ႕ပုံမွန္အျပဳအမူနဲ႔ မတူစြာပဲ သူ႕ႏွလုံးသားအား အဖိုးဒင္ ျမင္ေတြ႕ေအာင္ ထုတ္ျပလိုက္သည္။
“ေသာက္ငရဲပဲ!” ပထမဆုံးအႀကိမ္ အဖိုးဒင္ ကထိုအတိုင္း က်ိန္ဆဲလိုက္သည္။ သူက လီဂ်င္းယြမ္ ဘက္ကိုလွည့္လိုက္ၿပီး ေမးလိုက္သည္။ “မင္းကေကာ?”
လီဂ်င္းယြမ္ ကျပဳံးလိုက္သည္။ “အဖိုး၊ အဲ့အခ်ိန္တုန္းက ကြၽန္ေတာ္ အ႐ြယ္ေရာက္လာခ်ိန္မွာ ဟြမ္ဟြမ့္အေပၚ အရမ္းေကာင္းေပးမယ္လိုပဲ ေျပာခဲ့တယ္။ ကြၽန္ေတာ္က ဟြမ္ဟြမ့္ရဲ႕ ေမာင္ေလးအျဖစ္ တစ္သက္လုံး ေနေပးမယ္လို႔ ဘယ္တုန္းကမွ မေျပာခဲ့ပါဘူး။ တကယ္ေတာ့ အဲ့အခ်ိန္တည္းက ကြၽန္ေတာ္ အ႐ြယ္ေရာက္လာၿပီး ဟြမ္ဟြမ့္ကို လက္ထပ္ႏိုင္ဖို႔ပဲ ေစာင့္ေနခဲ့တာပါ”
သူက ပိုၿပီးေတာ့ေတာင္ အ႐ွက္မ႐ွိျဖစ္ႏိုင္တာကို အဖိုးဒင္ ေတြးေတာင္မေတြးခဲ့ေပ။
ဟုန္ခ်န္းမင္း လည္းအတူတူပဲ။
ေဇာင္ယုဟြမ္ : “…”
သူတို႔ ေသတဲ့အထိ အ႐ိုက္ခံရမွာကို မေၾကာက္ၾကဘူးလား?
“ေကာင္းၿပီ၊ ေကာင္းၿပီ၊ မင္းတို႔ အ႐ြယ္ေရာက္လာၾကၿပီ၊ အခုေတာ့ မင္းတို႔မွာ ကိုယ္ပိုင္အေတြးေတြ ႐ွိေနၿပီဆိုေတာ့ အရင္က မင္းတို႔စကားေတြကို ေမ့ပစ္လိုက္ၿပီေပါ့။ အခု မင္းတို႔ ဘာလုပ္ခ်င္ၾကလဲ? ငါတို႔မိသားစုက ဟြမ္ဟြမ္ ကိုလက္ထပ္ခ်င္တာ၊ ဟုတ္တယ္မလား? မင္းတို႔ေက်ာကို ေျဖာင့္ထား!” အဖိုးဒင္ စကားသံ ရပ္သြားသည္ႏွင့္ တစ္ခုခုကို ႐ိုက္လိုက္သည့္ အသံႏွစ္သံက ထြက္လာခဲ့သည္။ သူ႕လက္မွ တုတ္ျဖင့္ ဟုန္ခ်န္းမင္း ကို႐ိုက္လိုက္ၿပီးေနာက္ လီဂ်င္းယြမ္ ကို႐ိုက္လိုက္သည္။
ေဇာင္ယုဟြမ္ ကလန္႔သြားခဲ့သည္။ “အဖိုး?”
အဖိုးဒင္ ကသူမကို လွည့္ၾကည့္လိုက္သည္။ “ဟြမ္ဟြမ္ ဝင္ပါဖို႔ ခြင့္မျပဳထားဘူး။ အဲ့မွာပဲထိုင္ေန! မလႈပ္နဲ႔!”
လီဂ်င္းယြမ္ ကျပဳံးေနတုန္းျဖစ္ကာ အဖိုးဒင္ ရဲ႕စကားအတိုင္း လိုက္ေျပာလိုက္သည္။ “ဟုတ္တယ္၊ ဟြမ္ဟြမ္၊ ခုံမွာပဲထိုင္ေန။ မလႈပ္နဲ႔။ လိမၼာေနာ္”
သူ႕အသံကို ၾကားလိုက္ၿပီး အဖိုးဒင္ ကသူ႕အား ထပ္႐ိုက္လိုက္သည္။
လီဂ်င္းယြမ္ ကယိမ္းထိုးသြားျခင္းေတာင္ မ႐ွိေပ။
ဟုန္ခ်န္းမင္း ကတည္ၾကည္စြာျဖင့္ ေျပာလိုက္သည္။ “ကြၽန္ေတာ္နားလည္ပါတယ္၊ ကြၽန္ေတာ္က အဖိုး ဖြက္ထားတဲ့ ရတနာေလးကို အေဝးယူထုတ္သြားခ်င္ေနလို႔ပဲ။ တစ္ႀကိမ္ေလာက္ ႐ိုက္လိုက္႐ုံနဲ႔ ထုတ္ေပးမယ္ဆိုရင္ ဒါက လုံးဝကို ထိုက္တန္ပါတယ္”
အဖိုးဒင္ ကရယ္လိုက္သည္။ “ဟ၊ ကေလးေတြက အခုေခတ္မွာ လွပတဲ့စကားလုံးေတြကို ဘယ္လိုေျပာရမလဲဆိုတာ သိေနၾကၿပီလား? မွန္တယ္၊ မင္းတို႔ႏွစ္ေကာင္က ငါဖြက္ထားခ်င္တဲ့ ရတနာေလးကို အေဝးယူသြားခ်င္ေနတာပဲ! မင္းတို႔ဆီ သူမကိုေပးပစ္လိုက္ဖို႔ ငါဘယ္လိုလုပ္ ခြင့္ျပဳေပးႏိုင္မွာလဲ?”
ထို႔ေနာက္ ႐ိုက္ခ်က္တစ္ခုက ဟုန္ခ်န္းမင္း အေပၚေရာက္လာခဲ့သည္။
ထိုအသံကို ေဇာင္ယုဟြမ္ ၾကားလိုက္ခ်ိန္တြင္ သူမခႏၶာကိုယ္ တစ္ခုလုံးက ေတာင့္တင္းသြားခဲ့သည္။ သူမလက္ေတြက တင္းတင္းၾကပ္ၾကပ္ ဆုပ္ထားခဲ့ၿပီး သူမလက္သည္းေတြက သူမအသားကို ထိုးေနခဲ့သည္။
“အဖိုး…” ေဇာင္ယုဟြမ္ ကႏူးညံ့စြာ ေခၚလိုက္သည္။
အဖိုးဒင္ ကသူတို႔ကို ႐ိုက္ေနတာကို ရပ္လိုက္ၿပီး လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔အား ေမးလိုက္သည္။ “ေကာင္းၿပီ၊ ဟြမ္ဟြမ္ ကသူတို႔အတြက္ ေတာင္းဆိုခ်င္တာလား?”
ေဇာင္ယုဟြမ္ ကသနားစရာေကာင္းသည့္ မ်က္ႏွာထားကို လုပ္လိုက္ၿပီး အဖိုးဒင္ ကိုေခါင္းညိတ္ျပလိုက္သည္။
“မင္း တစ္ေယာက္ပဲ ကယ္ႏိုင္တယ္”
ေဇာင္ယုဟြမ္ ရဲ႕မ်က္လုံးက ျပဴးက်ယ္သြားခဲ့သည္။
ငါ ဘယ္လိုလုပ္ၿပီး ေ႐ြးႏိုင္မွာလဲ?!
သူတို႔ထဲက တစ္ေယာက္က ထည့္စဥ္းစားမခံရပဲ ေသသြားလိမ့္မယ္။
ေနာက္ၿပီး တစ္ေယာက္ အ႐ိုက္ခံေနရတာကို တျခားတစ္ေယာက္က ေဘးဘက္ကေန ၾကည့္ေနရရင္ မိသားစုစည္းခ်က္ကို ဖ်က္ဆီးလိုက္တာပဲ!
ေဇာင္ယုဟြမ္ ကတိတ္တိတ္ဆိတ္ျဖင့္ ႐ုတ္သိမ္းလိုက္သည္။ “အင္း၊ ဒါဆို အဖိုး သူတို႔ကို ဆက္႐ိုက္လို႔ရတယ္”
ဒီ႐ိုက္ႏွက္ျခင္းက နာရီဝက္ေလာက္ ၾကာသြားခဲ့သည္။ အဆုံးတြင္ အဖိုးဒင္ ကအရမ္းအသက္ႀကီးေနၿပီး ႐ုပ္ပိုင္းဆိုင္ရာက အားနည္းေနတာေၾကာင့္ ရပ္သြားခဲ့သည္။ သူက ဘာမွဝင္မေျပာသည့္ လန္ဂ်င္းဇီ ရဲ႕အကူအညီျဖင့္ ဆိုဖာတြင္ ထိုင္ခ်လိုက္သည္။
“အခု မင္းတို႔ကို ငါေမးမယ္၊ မင္းတို႔ႏွစ္ေယာက္ ဟြမ္ဟြမ့္အေပၚ ဘယ္လိုေတြးလဲ?” အဖိုးဒင္ ကသူ႕လက္ထဲက တုတ္ျဖင့္ စားပြဲေျခကို ႐ိုက္လိုက္သည္။
“သူမကို လက္ထပ္မယ္!” ဟုန္ခ်န္းမင္း ကထုတ္ေျပာလိုက္သည္။
လီဂ်င္းယြမ္ ကရပ္လိုက္ၿပီး အသံတိုးေလးနဲ႔ ေျပာလိုက္သည္။ “ကြၽန္ေတာ္ ဟြမ္ဟြမ့္ကို ခ်စ္တယ္။ သူမရဲ႕ဉာဏ္ေကာင္းတာကို ခ်စ္တယ္၊ သူမ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ ရယ္ေမာေနတာကိုလည္း ခ်စ္တယ္၊ သူမရဲ႕အလိုလိုက္တဲ့ အခ်စ္ကို ထုတ္ျပခ်ိန္ကိုလည္း ခ်စ္တယ္… အဖိုး၊ ကြၽန္ေတာ္ ဟြမ္ဟြမ့္ အေၾကာင္းေတြးလိုက္ခ်ိန္တိုင္း ေပ်ာ္တယ္။ သူမနဲ႔ မ်က္ႏွာခ်င္းဆိုင္ ထိုင္ေနရ႐ုံနဲ႔ သူမနဲ႔အတူ ညစာစားေနရ႐ုံနဲ႔တင္ ကြၽန္ေတာ့္တစ္ကိုယ္လုံး အားအင္ေတြျပည့္သြားသလို ခံစားရၿပီး အနာဂတ္အတြက္ ေ႐ွ႕ဆက္ႏိုင္ဖို႔ ခြန္အားေတြ ရလာတယ္”
ဟုန္ခ်န္းမင္း : “…”
Fuck!
သူက ငါ့ထက္ ပိုေကာင္းေအာင္ ေျပာေနတာပဲ!
ေဇာင္ယုဟြမ္ က လီဂ်င္းယြမ္ ရဲ႕စကားကို နားေထာင္ေနရင္း ႐ွက္သြားၿပီး ဆိုဖာထဲ ျမဳတ္ဝင္သြားခ်င္ေနခဲ့သည္။
လူသိ႐ွင္ၾကား ဝန္ခံျခင္းက ေပ်ာ္႐ႊင္ေစႏိုင္သည့္ ပုံစံမ်ိဳးျဖစ္သည္။ သို႔ေသာ္ မင္းနဲ႔အနီးကပ္ဆုံး တစ္စုံတစ္ေယာက္က တျခားရင္းႏွီးေနတဲ့ တစ္စုံတစ္ေယာက္ေ႐ွ႕မွာ ဝန္ခံလိုက္ခ်ိန္မွာေတာ့ ဒါက လုံးဝကို မယုံႏိုင္ေလာက္ေအာင္ ႐ွက္႐ြံ႕သြားေစသည္။
ေဇာင္ယုဟြမ္ ရဲ႕ႏွလုံးက ျပင္းထန္စြာခုန္ေနၿပီး သူမလည္ေခ်ာင္းကေန ခုန္ထြက္လာေတာ့မလို ခံစားလိုက္ရတာ ပထမဆုံးအႀကိမ္ ျဖစ္သည္။
သူမ မူးေဝလာသလိုေတာင္ ခံစားေနရသည္။
“ဒါဆို မင္း သူမကို ေမးခဲ့လား? သူမက မင္းကို ျပန္ခ်စ္ရဲ႕လား?” အဖိုးဒင္ ကတည္ၿငိမ္စြာနဲ႔ ေမးလိုက္သည္။
“သူမ ခ်စ္တယ္” ဟုန္ခ်န္းမင္း ကမေတြးပဲ ျပန္ေျဖလိုက္သည္။
လီဂ်င္းယြမ္ ကနည္းနည္း တြန္႔ဆုတ္ေနခဲ့သည္။ သူတို႔ေတြ ႏွစ္ေယာက္တည္း ႐ွိေနခ်ိန္တုန္းက ေဇာင္ယုဟြမ္ ကိုဝန္မခံဖူးတာေၾကာင့္ သူမအေတြးေတြကို သူမသိေပ။ တစ္ခါတစ္ေလ သူမအေတြးေတြကို သိသြားမွာကို ေၾကာက္ေနမိခဲ့သလို သူမက သူ႕ကို မလိုခ်င္ေတာ့မွာကိုလည္း ေၾကာက္ေနခဲ့သည္။
လီဂ်င္းယြမ္ ရဲ႕အမူအရာက တျဖည္းျဖည္းနဲ႔ ေမွးမွိန္လာခဲ့သည္။
အဖိုးဒင္ က လီဂ်င္းယြမ္ ကိုၾကည့္လိုက္သည္။ “ဒါဆို ဟြမ္ဟြမ္ ကမင္းကို မခ်စ္ဘူးလား?”
ေဇာင္ယုဟြမ္ ကဆိုဖာတြင္မွီလိုက္ၿပီး အသက္႐ွဴသြင္းလိုက္သည္။
လီဂ်င္းယြမ္ ရဲ႕အမူအရာက ပိုေမွးမွိန္လာခဲ့သည္။ သူက သူ႕ဘာသာ ျပဳံးလိုက္ၿပီး “အဖိုး၊ အဲ့လိုဆိုရင္ေတာင္ ကြၽန္ေတာ္ လက္မေလ်ာ့ဘူး”
“ဒါဆို သူမက လက္ထပ္ေတာ့မယ္ဆိုရင္ေကာ? မင္း လက္မေလ်ာ့ပဲ ေနဦးမွာလား?”
လီဂ်င္းယြမ္ ကသူ႕အမူအရာကို ထိန္းသိမ္းလိုက္ေပမဲ့ သူ႕မ်က္ခုံးေတြက ၾကဳတ္ေနခဲ့သည္။ “မဟုတ္ဘူး၊ ေသခ်ာေပါက္ကို လက္ေလ်ာ့မွာ မဟုတ္ဘူး”
သူ႕ပန္းတိုင္ကို မေရာက္ခင္အထိ ရပ္မွာမဟုတ္ေပ။
ဒါက သူ႕အသက္ငယ္ငယ္တည္းက အ႐ိုးစြဲေနသည့္ အရာျဖစ္သည္။
ဟုန္ခ်န္းမင္း ကေပါ့ပါးစြာျဖင့္ သူ႕သေဘာတူညီခ်က္ကို ေျပာလိုက္သည္။ “တိုက္ဆိုင္လိုက္တာ၊ ကြၽန္ေတာ္လည္း အတူတူပဲ”
အဖိုးဒင္ ရဲ႕အၾကည့္က သူတို႔ႏွစ္ေယာက္ၾကား စူးစမ္းေနခဲ့ၿပီးေနာက္ ေအးစက္စြာျဖင့္ ႏွာမႈတ္လိုက္သည္။ “ဒူးဆက္ေထာက္ထား။ ဟြမ္ဟြမ္၊ အဖိုးေနာက္လိုက္ခဲ့”
ေဇာင္ယုဟြမ္ ကဆိုဖာမွထ,လိုက္ၿပီး အဖိုးဒင္ ေနာက္မွအေပၚထပ္ကို လိုက္သြားခဲ့သည္။ လမ္းေလွ်ာက္ေနစဥ္ သူမက သိုးေမႊးပြကို နင္းမိသလိုမ်ိဳး သူမေျခေထာက္ေတြက ၾကမ္းခင္းနဲ႔မထိသလိုမ်ိဳး ေဇာင္ယုဟြမ္ ခံစားလိုက္ရသည္။
အခန္းထဲကို ဝင္လိုက္ၿပီးတာေတာင္ သူမႏွလုံးက ဆက္တိုက္ခုန္ေနတုန္းပင္။
အဖိုးဒင္ ကမ်က္ေမွာင္ၾကဳတ္လိုက္သည္။ “ျဖစ္လာမွာကို အဖိုးသိခဲ့ရင္ မိဘမဲ့ေဂဟာကို မသြားခင္တည္းက မင္းကို တားခဲ့မိမွာ”
“အေမ့နာမည္နဲ႔ သူတို႔ကိုေမြးစားဖို႔ တားဖို႔ကိုလား?” ေဇာင္ယုဟြမ္ ကေမးလိုက္သည္။
ေလေအးက ျပတင္းကေန ဝင္ေရာက္လာၿပီး ေဇာင္ယုဟြမ္ ရဲ႕မူးေနာက္ေနမႈအား ႐ွင္းလင္းသြားေစခဲ့သည္။
“မဟုတ္ဘူး၊ မင္းကို တစ္ေယာက္ပဲ ေမြးစားခိုင္းခဲ့မိမွာ” အဖိုးဒင္ ကေခါင္းခါလိုက္ၿပီးေနာက္ သက္ျပင္းခ်လိုက္သည္။ “နဂါးနဲ႔ ဖီးနစ္လိုမ်ိဳး ဒီကေလးႏွစ္ေယာက္က တစ္ေယာက္ကေတာ့ အစတည္းက ေရးျခစ္ေနၿပီး တျခားတစ္ေယာက္က နာမည္ေက်ာ္ၾကားလာၿပီး ဂ်င္းဟြာအုပ္စုရဲ႕ ဆက္ခံသူျဖစ္ေနမယ္လို႔ ဘယ္သူထင္မွာလဲ? သူတို႔က သူတို႔ေလာကမွာ ေလးစားရတဲ့ေနရာကို ရေနခဲ့ၿပီ၊ ႏွစ္ေယာက္လုံးက ေခါင္းမာၿပီး အႏိုင္လိုခ်င္ၾကတယ္။ သူတို႔သာ လက္ေလ်ာ့ဖို႔ ဆႏၵ႐ွိမေနရင္ ငါဘာလုပ္ႏိုင္မွာလဲ? အဖိုး ဘာလုပ္သင့္လဲ?”
ေဇာင္ယုဟြမ္ ရဲ႕မ်က္လုံးေတြက ေတြေဝသြားခဲ့သည္။
သူတို႔သုံးေယာက္ အတူ႐ွိေနခဲ့တာ အခ်ိန္အရမ္းၾကာေနခဲ့ၿပီ။
သူမရဲ႕မေတြးတက္မႈက သူတို႔ကို ကြဲကြာသြားေစႏိုင္သည္။
မနက္စာစားပြဲမွာ လူတစ္ေယာက္ ေပ်ာက္သြားၿပီး… သူမဘဝမွာလည္း တစ္ခုခု ေပ်ာက္ဆုံးသြားမွာလား?
“အဖိုးက ဟြမ္ဟြမ့္အတြက္ မေ႐ြးေပးႏိုင္ဘူး၊ ဒါေပမဲ့ သူတို႔က ေျမးအေပၚ ႐ိုးသားျပလာေအာင္လို႔ေတာ့ အဖိုးလုပ္ေပးႏိုင္တယ္”
ေဇာင္ယုဟြမ္ ရဲ႕ႏွလုံးခုန္သံက ထပ္ျမန္လာခဲ့ၿပီး တြန္႔ဆုတ္ေနသည့္အသံျဖင့္ ေမးလိုက္သည္။ “…ဒါဆို အဖိုး ဘာလုပ္မွာလဲ?”
“သူတို႔သာ မ႐ိုးသားရင္ သူတို႔ထဲက တစ္ေယာက္ကို ေျမးေလးေ႐ြးခ်ယ္ဖို႔ အဖိုးေျပာမွာမဟုတ္ဘူး”
ေဇာင္ယုဟြမ္ ကျပဳံးလိုက္သည္။ အဖိုးဒင္ က လီဂ်င္းယြမ္ ေကာ ဟုန္ခ်န္းမင္း ကိုပါ ခ်ီးက်ဴးေနတာမ်ိဳး မဟုတ္ပဲ သူမကို ခ်ီးက်ဴးေနပုံပင္။
“အရင္က ေျမးေလးအေမ ေဇာင္ခ်ီ ကိုလက္ထပ္တုန္းက သူက ေခ်ာေမာၿပီး လိုက္ေလ်ာညီေထြေအာင္ စကားေျပာတက္တယ္၊ ေနာက္ၿပီး သူ႕မ်က္လုံးေတြကလည္း ေျမးေလးအေမကို ခ်စ္ေနတယ္လို႔ ျပေနလို႔ အဖိုး မစုံစမ္းခဲ့ဘူး။ ဒီဆုံးျဖတ္ခ်က္က အဖိုးတစ္ဘဝလုံး ေနာင္တရေနမယ္လို႔ ဘယ္သူက သိမွာလဲ။ အခုေတာ့ ေျမးေလးက အ႐ြယ္ေရာက္လာၿပီ၊ ေျမးေလးကို လူမွားၿပီး လက္ထပ္ခြင့္ မျပဳႏိုင္ဘူး။ သူတို႔ကို ႐ိုက္ႏွက္ၿပီး ေျမးေလးက အဖိုးရဲ႕ရတနာျဖစ္ၿပီး သူတို႔အလြယ္တကူ မရႏိုင္တဲ့အရာလို႔ သိသြားေအာင္ လုပ္ေပးမယ္”
အဖိုးဒင္ ကထ,ရပ္လိုက္ၿပီး ေဇာင္ယုဟြမ္ ရဲ႕ေခါင္းကိုပုတ္လိုက္သည္။ “ေျမးေလး ဘယ္သူ႕ကိုပဲေ႐ြးေ႐ြး သူတို႔ကို ေစာေစာေျပာႏိုင္မွာ မဟုတ္ဘူး။ အလ်င္စလိုလုပ္တာက ေျမးေလးကိုပဲ ပိုနာက်င္ေစလိမ့္မယ္။ ကမ႓ာႀကီးက အမ်ိဳးသမီးေတြအတြက္ ၾကမ္းတမ္းၿပီး ေယာက်ၤားေတြအတြက္ေတာ့ ညႇာတာတယ္။ ေျမးေလးက ကိုယ့္ဘာသာ ကာကြယ္ႏိုင္လိမ့္မယ္။ တစ္ေန႔မွာ အဖိုးမ႐ွိေတာ့ရင္… ေျမးေလးရဲ႕ အစ္ကိုက ေျမးေလးကို ကာကြယ္ေပးလိမ့္မယ္”
ေဇာင္ယုဟြမ္ ရဲ႕မ်က္ရည္ေတြက ခ်က္ခ်င္း က်လာခဲ့သည္။
သူမပါးစပ္ကို ဖြင့္လိုက္ေပမဲ့ ဘာမွမေျပာႏိုင္ေပ။ သူမက ေခါင္းကိုသာ ညိတ္ျပႏိုင္သည္။
ေနာက္ၿပီး ႏွစ္ေတြအမ်ားႀကီး ၾကာခဲ့ၿပီ။ အဖိုးဒင္ ရဲ႕အသက္က တျဖည္းျဖည္း ႀကီးလာခဲ့ၿပီ။
“သြား” အဖိုးဒင္ ကပါးေရတြန္႔ေနသည့္ မ်က္ႏွာထက္တြင္ ၾကင္နာသည့္ အျပဳံးေလးကို ျပဳံးကာေျပာလိုက္သည္။ “အဖိုး တကယ္ပဲေပ်ာ္တယ္။ ကေလးအခ်ိန္တည္းက ေျမးေလးက ေျမးသမက္ကို ေခၚလာခဲ့တယ္။ ကိုယ့္မ်က္စိေ႐ွ႕ေအာက္မွာ အ႐ြယ္ေရာက္လာတဲ့လူက ဘာေနာက္ခံမွန္းမသိတဲ့လူထက္ အမ်ားႀကီး ပိုေကာငး္တယ္။ ဒါေပမဲ့ ဒီအေၾကာင္းကို သူတို႔ကို မေျပာရဘူး… သူတို႔ကို စိုးရိမ္ဆက္ၿပီးေၾကာက္လန္႔ေစလိုက္၊ ဒါမွ သူတို႔က ဟြမ္ဟြမ့္ ကိုတန္ဖိုးထားတက္လာမွာ။ ဒါမွ သူတို႔လိုတဲ့အတိုင္း ေျမးေလးကို အႏိုင္မက်င့္ႏိုင္မွာ”
ေနာက္ဆုံးေတာ့ ေဇာင္ယုဟြမ္ ကစကားတစ္လုံးကို ထုတ္ေျပာလိုက္သည္။ “…ေကာင္းပါၿပီ”
သူမက ေလွ်ာက္ထြက္သြားၿပီး သူမမ်က္လုံးေတြက နီရဲေနကာ ငိုထားမွန္း သိသာေနသည္။
သူမက ငိုခဲသည္။
ထို႔ေၾကာင့္ မ်က္ရည္ေတြက လူေတြကို သနားေစႏိုင္သည္။
ဟုန္ခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ တို႔က ဒူးေထာက္ေနတုန္းျဖစ္ေပမဲ့ သူတို႔က သူမကို ျမင္လိုက္ခ်ိန္တြင္ ခ်က္ခ်င္း ထ,ရပ္လိုက္ၾကၿပီး သူမေဘးကို ေျပးသြားလိုက္ၾကသည္။
“ဟြမ္ဟြမ္” သူတို႔က သူတို႔လက္ေတြနဲ႔ သူမမ်က္ရည္ေတြကို သုတ္ေပးလိုက္ၾကသည္။
“အဖိုးက ဟြမ္ဟြမ့္ကို ဆူလိုက္လို႔လား?”
“ကိုယ္ေတာင္းပန္ပါတယ္၊ ဟြမ္ဟြမ္”
“မငိုပါနဲ႔”
ေဇာင္ယုဟြမ္ ကဘာမွမေျပာပဲ ေခါင္းခါလိုက္သည္။
မ်က္ရည္ေတြက သူမပါးစပ္ထဲဝင္သြားၿပီး မငန္ပဲ ခ်ိဳေနသလိုပင္။
လန္ဂ်င္းဇီ ကဆိုဖာေပၚတြင္ တည္တည္ၿငိမ္ၿငိမ္နဲ႔ ထိုင္ေနတုန္းပင္။ သူက ထိုျမင္ကြင္းအား အမူအရာမဲ့စြာ စိုက္ၾကည့္ေနရင္း ေတြးလိုက္သည္။
ဒီေန႔ အဖိုးက အကြက္ေ႐ြ႕လိုက္တာပဲ။
မနက္ျဖန္က ငါ့ေန႔ပဲ။
—————
[text_hash] => 4097850c
)