ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] – ≪ 107 ≫ – novelfull.online
// qc

ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] - ≪ 107 ≫

Array
(
[text] =>

Unicode

ဇောင်ယုဟွမ် ကသူမအကြောင်းကို လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့အားထုတ်ပြောပြီးနောက် သူတို့ယုံမယုံ စိတ်မဝင်စားတော့ပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ ကားထဲကိုဝင်လိုက်ပြီး သူတို့ဗီလာကို ပြန်သွားခဲ့သည်။ ထို့နောက် အဖိုးဒင် နဲ့ရက်အနည်းငယ်လောက် အတူတူနေဖို့အတွက် ယွဲ့လန်ဗီလာကို သွားခဲ့သည်။

ဟုန်ချန်းမင်း ကထိုအကြောင်းအား တကယ့်ကို မယုံကြည်ခဲ့ပေ။

ဒါက ဇောင်ယုဟွမ် ရဲ့အိပ်မက်ဖြစ်ပြီး အိပ်မက်က စစ်မှန်လွန်းတာကြောင့် သူမက အစစ်အမှန်လို့ ထင်နေတယ်လို့သာ သူတွေးနေခဲ့သည်။

သို့သော် ဟုန်ချန်းမင်း ကထိုအကြောင်းအား ပေါ့ပေါ့သေးသေး မတွေးပေ။ သူ့လက်ထောက်အား တစ္ဆေတွေနဲ့ သဘာဝလွန်ဖြစ်ရပ်တွေအား စုဆောင်းဖို့အတွက် ညွှန်ကြားခဲ့သည်။ ဇောင်ယုဟွမ် ကကူးပြောင်းလာတဲ့ တစ္ဆေဟုတ်လား၊ မဟုတ်လားဆိုတာ အတည်ပြုဖို့ သူ မကြိုးစားပေမဲ့ သူမပြောတဲ့အရာအားလုံးက စစ်မှန်နေသလိုမျိုး ဖြစ်နေတာကြောင့် သူမ တစ်နေ့မှာ ထွက်သွားမှာလား? ဒီကမ္ဘာကနေ ရုတ်တရက်ကြီး ပျောက်ကွယ်သွားမှာလား?

နှိုင်းယှဉ်ကြည့်ရင် လီဂျင်းယွမ် ရဲ့စိတ်ထဲပေါ်လာသည့် ဇာတ်ကြောင်းက ပိုပြီးတော့တောင် အရေးမပါပေ။

ဟုန်ချန်းမင်း ကဇာတ်လမ်းထဲမှ သူ့ကဏ္ဍပါဝင်မှု နည်းပါးနေတာကိုတောင် ဂရုစိုက်ခဲ့သည်။ သူက လူကောင်းဖြစ်ဖြစ်၊ လူဆိုးဖြစ်ဖြစ် ကိစ္စမရှိပေ။

သူနဲ့ လီဂျင်းယွမ် တို့က တစ်ယောက်နဲ့ တစ်ယောက် သဘောမကျကြသော်လည်း အတူတူ ကြီးပြင်းလာခဲ့ကြလို့ တစ်ဦးနဲ့တစ်ဦး အကျိုးဖြစ်စေမဲ့အရာတွေကို ကောင်းကောင်းနားလည်ကြသည်။ လီဂျင်းယွမ် ကဇာတ်ကြောင်းထဲကလို ပြုမူခဲ့ရင် သူက တကယ့်ကို လူဖျင်းပဲဖြစ်လိမ့်မည်။

“မစ္စတာဟုန်၊ မစ္စတာဟုန် တောင်းဆိုထားတဲ့ အချက်အလက်တွေပါ။ ဒီအကြောင်းတွေကို မစ္စတာဟုန် လိုအပ်တဲ့အထိ ပြည့်စုံအောင် ဆက်ပြီးဖြည့်ဆည်းခဲ့ပါတယ်” လက်ထောက်က သူ့ဆီ ဖိုင်တစ်တွဲအား ကမ်းပေးလိုက်သည်။

ဟုန်ချန်းမင်း ကလှမ်းယူလိုက်သည်။

လက်ထောက်က USB ကိုလည်းကမ်းပေးလိုက်သည်။ “ဒါက အကျဉ်းချုပ်ပါ”

“အင်း” ဟုန်ချန်းမင်း ကသူ့လက်ထဲတွင် ညှစ်လိုက်ပြီး အသံတိုးလေးနဲ့ ပြောလိုက်သည်။ “ကားပြင်ထားလိုက်။ ယွဲ့လန်ဗီလာကို သွားမယ်”

အဖိုးဒင် ကသူ့အား ညစာလာစားဖို့ သီးသန့်ဖုန်းခေါ်ပြီး ပြောခဲ့သည်။

သူက တခြားဘာမှမပြောတာတောင် ဟုန်ချန်းမင်း သွားလိမ့်မည်။ နောက်ပြီး ဇောင်ယုဟွမ် ကလည်း ယွဲ့လန်ဗီလာတွင် ရှိနေသည်။

လက်ထောက်က ကားထဲသို့ ဟုန်ချန်းမင်း ရဲ့ laptop ကိုထည့်လိုက်ပြီး ဟုန်ချန်းမင်း ကယွဲ့လန်ဗီလာ သွားရာလမ်းတွင် USB ကအချက်တွေကို ကြည့်နေခဲ့သည်။ သူက ဂရုတစိုက်နဲ့ အရာအားလုံးကို လေ့လာနေခဲ့ပြီး ကိစ္စသေးသေးလေးတောင် လွတ်မသွားပေ။

လက်ထောက်က မထိန်းချုပ်နိုင်ပဲ ဟုန်ချန်းမင်း အားအကြိမ်အနည်းငယ် ခိုးကြည့်လိုက်သည်။ ထိုအချိန် တခြားသူသာ မြင်လိုက်ရင် ဘီလီယမ်ပေါင်းများစွာ အကျိုးအမြတ်ရမဲ့ စာချုပ်ကိုကြည့်နေတာလို့ ထင်ကြလိမ့်မယ်!

သူတို့ ကားထဲက ထွက်လိုက်ချိန်တွင် ဟုန်ချန်းမင်း က USB ထဲမှတစ်ဝက်လောက် ဖတ်ပြီးသွားခဲ့သည်။ အချက်အလက်တွေ ဖတ်ပြီးနောက်တွင် ဟုန်ချန်းမင်း ပိုပြီးတော့ စိတ်ချသွားရသလို ခံစားလိုက်ရသည်။

Laptop ကိုပိတ်လိုက်ပြီး လက်ထောက်ဆီ ကမ်းပေးလိုက်ကာ ဗီလာထဲကို လျှောက်ဝင်လိုက်သည်။

ထိုအချိန်အတွင်း…

လီဂျင်းယွမ် ကပွဲတစ်ခု ပြီးသွားခဲ့သည်။ သူ ထွက်သွားတော့မယ်လို့ ကြေညာခဲ့သော်လည်း အရင်က လက်မှတ်ထိုးထားခဲ့သည့် အလုပ်တွေအား ပြီးပြတ်အောင် လုပ်ပေးခဲ့ဖို့လည်း ပြောခဲ့သည်။ ဖျော်ဖြေရေးလောကမှ ထွက်သွားဖို့လုပ်နေရင်း သူက သူ့စကားတွေအတိုင်း သည်းခံနိုင်သည့်လူမျိုး မဟုတ်တာကို သိလာခဲ့သည်။

လက်ထောက်က သူ့အား ပုဝါနဲ့ရေအား ကမ်းပေးလိုက်ပြီး အသံတိုးလေးနဲ့ ပြောလိုက်သည်။ “အကြီးအကဲ မစ္စတာဒင် က မစ္စတာလီ ကိုညစာစားဖို့ ဖိတ်ထားတယ်”

လီဂျင်းယွမ် ကအေးခဲသွားပြီးနောက် ခေါင်းညိတ်လိုက်ပြီး သူ့အပြုံးက ပိုစစ်မှန်လာခဲ့သည်။

လီရုံ က Wheelchair ပေါ်တွင်ထိုင်နေစဉ် လက်ထောက်ဒေါင် ကသူ့ wheelchair အားတွန်းလာခဲ့သည်။ သူတို့က လီဂျင်းယွမ် အားအနားတွင် စောင့်နေခဲ့သည်။ လီရုံ ကလက်ထောက်ရဲ့ စကားတွေကို ကြားလိုက်ချိန်တွင် မထိန်းချုပ်နိုင်ပဲ မေးလိုက်သည်။ “မင်း ငါ့ကို အပြစ်တင်နေလား? ငါတို့နှစ်ယောက်နဲ့ယှဉ်ရင် အဲ့လူအိုကြီး မစ္စတာဒင် ကမင်းနဲ့ပိုပြီးတော့ နီးကပ်နေပုံရတယ်”

“ဟွမ်ဟွမ် ရဲ့အဖိုးက ကျွန်တော့်ကို လက်ရေးလှ တစ်ခါသင်ပေးဖူးတယ်၊ ဇာတ်လမ်းတွေလည်း ပြောပြခဲ့ဖူးတယ်၊ ငါးမျှားဖို့လည်း ခေါ်သွားခဲ့ဖူးတယ်၊ နောက်ပြီး ကျွန်တော်နဲ့လည်း ချက်စ် ကစားခဲ့တယ်။ အဖေ နဲ့ကဘာလုပ်ခဲ့ဖူးလဲ?” လီဂျင်းယွမ် ကပေါ့ပါးစွာ ပြောလိုက်သည်။

လီရုံ ကစိတ်မဆိုးပဲ လေးလေးနက်နက်နဲ့ ခေါင်းညိတ်လိုက်သည်။ “မှန်တာပဲ။ ခံစားချက်တွေက ပျိုးထောင်နိုင်တယ်။ မင်းအပေါ် သူက ကြင်နာပေးတော့ ခံစားချက်တွေက တိုးတက်လာမှာပဲ။ မင်းတို့က သွေးသားမတော်စပ်ပေမဲ့ မင်းတို့ဆက်ဆံရေးက သွေးသားတော်စပ်တဲ့ ဆက်ဆံရေးထက် ပိုကောင်းနေတယ်။ အထူးသဖြင့် သူက မင်းအချစ်ဆုံးလူရဲ့ အဖိုးလည်းဖြစ်နေသေးတယ်လေ”

နောက်ဆုံးစကားကို လီဂျင်းယွမ် ကြားလိုက်ချိန်တွင် သူ့အမူအရာက နူးညံ့သွားခဲ့သည်။

လီဂျင်းယွမ် ကစင်နောက်ကို ဦးတည်သွားနေပြီး လီရုံ ကအနောက်မှ လိုက်နေခဲ့သည်။ သူက ပြောလိုက်သည်။ “အခုနောက်ပိုင်း မင်း နတ်ဘုရားတွေ၊ မှော်အစွမ်းတွေ၊ ပြန်ရှင်သန်နိုင်တဲ့ အကြောင်းတွေလို အရာမျိုးတွေ ရှာနေတယ်လို့ ရှောင်ဒေါင် ပြောတယ်။ ဘာဖြစ်ခဲ့လို့လဲ? တစ်ယောက်ယောက်က အဲ့နည်းလမ်းတွေသုံးပြီး မင်းကို အန္တရာယ်ပြုနေလို့လား?”

လီဂျင်းယွမ် ကအနောက်ကိုလှည့်လိုက်ပြီး သူ့လက်ထောက်အား ကြည့်လိုက်သည်။

သူ့လက်ထောက်က ချက်ချင်းပင် ရှက်ရွံ့သွားသည့် အမူအရာကို ပြလာခဲ့သည်။

ဇောင်ယုဟွမ် ရဲ့စကားတွေကို အာရုံစိုက်နေခဲ့တာက ဟုန်ချန်းမင်း တစ်ယောက်တည်း မဟုတ်ပေ။

လီဂျင်းယွမ် က ဇောင်ယုဟွမ် လိုတခြားဘဝမှာနေခဲ့တဲ့ သူမျိုးကို ကြောက်တက်သည့်သူမျိုး မဟုတ်ပေ။ ဇောင်ယုဟွမ် ကထိုအကြောင်းအား သူတို့ကို ပြောပြနေချိန်တွင် ဇောင်ယုဟွမ် ရဲ့အမူအရာကို သူရှင်းရှင်းလင်းလင်း မှတ်မိနေတုန်းပင်။ သူမက တည်ငြိမ်နေပြီး သူမအကြည့်တွေက ကြည်လင်နေသည်။ ထို့ကြောင့် သူမ ဖန်တီးထားတဲ့ အရာဟုတ်ဟုတ်၊ မဟုတ်ဟုတ်၊ အိပ်မက်ဆိုးဟုတ်ဟုတ် မဟုတ်ဟုတ် သူစိတ်မဝင်စားပေ။

လီဂျင်းယွမ် ကသူမကို ယုံကြည်ပေးဖို့ တွန့်ဆုတ်နေရင်တောင် သူအခုလို လုပ်နေခဲ့သည်။

နောက်ပြီး ယုံကြည်ပြီးနောက် ဟွမ်ဟွမ် ရဲ့ခန္ဓာကိုယ် ကျန်းမာရေးအတွက် ပိုဂရုစိုက်ပေးဖို့ သူတွေးလာခဲ့ပြီး ဝိဉာဉ်ခွဲထုတ်ခြင်းလို အရာမျိုးက အနာဂတ်မှာ ဖြစ်လာနိုင်လားဆိုတာက သူ့နောက်အစီစဉ်ဖြစ်သည်။

လီဂျင်းယွမ် ကအရမ်းအလုပ်များနေတာကြောင့် သူ့လက်ထောက်အား ထိုအကြောင်းတွေ စုဆောင်းပေးဖို့ တောင်းဆိုခဲ့သည်။

သူ့လက်ထောက်က လက်ထောက်ဒေါင် ကိုအရာအားလုံး ပြောပြလိုက်မယ်လို့တော့ သူမထင်ထားခဲ့ပေ။

လီဂျင်းယွမ် ရဲ့အမူအရာက ပိုအေးစက်လာတာကို လီရုံ မြင်လိုက်ပြီး ချက်ချင်းပင် တုန့်ပြန်ကာ ပြုံးပြီးပြောလိုက်သည်။ “လက်ထောက်ဒေါင် ကဒီအကြောင်းကို သူ့ဘာသာ မေးလိုက်တာ။ အေးအေးဆေးဆေးနေ။ မင်းကိုယ်ပိုင်ကိစ္စတွေကို ငါဝင်မနှောက်ယှက်ဘူး။ မင်း ငါ့ကိုမပြောချင်ရင် နောက်ကျရင် ငါထပ်မမေးတော့ဘူး။ ဒီနေ့ အဲ့အကြောင်းကို ငါပြောရတာက လီမိသားစုနဲ့ ဂျင်းဟွာအုပ်စုက မင်းအကူအညီလိုလာရင် အမြဲတမ်း အသင့်ရှိတယ်လို့သာ ပြောချင်တာ။ မင်းအစ်ကိုကြီးက ထွက်သွားပြီးပြီ၊ ဒါကြောင့် ဒီအခွင့်အရေးကို အသုံးပြုဖို့အတွက် မင်းသင်ယူဖို့လိုအပ်တယ်။ ငါသေသွားရင် လီမိသားစုနဲ့ ဂျင်းဟွာအုပ်စုကို မင်း မထိန်းသိမ်းနိုင်မှာကို ငါမဖြစ်စေချင်ဘူး”

လီဂျင်းယွမ် ကတည်ငြိမ်စွာ ပြောလိုက်သည်။ “ကျွန်တော် အဲ့ဒါကို လိုအပ်တယ်”

လီရုံ ကလန့်သွားပြီးနောက် ပျော်ရွှင်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီ၊ မင်းကိစ္စတွေ ပြီးသွားတာနဲ့ မင်းယူသင့်တဲ့ အရာအားလုံးကို ငါလက်လွှဲပေးမယ်”

အရင်က လီဂျင်းယွမ် ရဲ့အတွေးတွေက အရမ်းကိုရိုးရှင်းသည်။ ဇောင်မိသားစုထက် ငွေအလုံအလောက်ရှာဖို့သာ သူတွေးခဲ့ပြီး သူအသက်ရှင်နေစဉ် ဇောင်ယုဟွမ် ရဲ့အဖေက သူမအား နာကျင်အောင် မလုပ်နိုင်စေဖို့သာ တွေးခဲ့သည်။ သူမကို အလိုလိုက်ပြီး သူမလိုချင်တာတွေကိုလည်း ဝယ်ပေးချင်ခဲ့သည်။

သို့သော် ဒါတွေက ထပ်ပြီးမလုံလောက်တော့ပေ။

သူစိမ်းဖြစ်လာဖို့ ပိုလိုအပ်လာပြီး ချမ်းသာရုံတင်မဟုတ်ပဲ ဒီကမ္ဘာတွင် ရပ်တည်နိုင်ဖို့အတွက် အာဏာလည်းရှိချင်လာခဲ့သည်။ တစ်နေ့တွင် သူမကျန်းမာရေး ပြဿနာရှိလာခဲ့ရင် အရှုပ်အထွေးကြားက ကာကွယ်ပေးပြီး သေခြင်းကနေ ဆွဲထုတ်ပေးချင်ခဲ့သည်။

လီဂျင်းယွမ် က လီရုံ အားတားဆီးနေတာကို ရပ်တန့်ခဲ့သည်။

ဒါတွေအားလုံးက သူ့တွက်ချက်မှုတွေပင်။ လီရုံ နဲ့ရင်းနှီးဖို့ကို စိတ်ထဲမထားခဲ့ပဲ ဟက်ဟက်ပက်ပက်မရှိသည့် စိတ်သဘောထားကိုသာ ထုတ်ပြခဲ့သည်။ ဒီနည်းလမ်းကသာ လီရုံ ဆီမှသူလိုချင်တာကို အမြန်ရနိုင်မည့် နည်းလမ်းဖြစ်သည်။

“ကျွန်တော် အခုသွားသင့်ပြီ” လီဂျင်းယွမ် ကပြောလိုက်သည်။

လီရုံ ကသူ့ကိုမတားပဲ ခေါင်းညိတ်ပြလိုက်သည်။ “သွား။ အလှလေးနဲ့ အတူပြန်လာနိုင်ဖို့ပဲ ငါမျှော်လင့်နေတယ်။ ဒီအဖေက စောင့်ရှောက်ပေးမယ်ဆိုတာကို မှတ်ထားပေး”

လီဂျင်းယွမ် ကပြန်မဖြေပဲ အဝေးကို ရောက်သွားခဲ့သည်။

လက်ထောက်ဒေါင် ကပြောလိုက်သည်။ “မစ္စတာလီ ကဘာကြောင့် ကျွန်တော်တို့ကို ဝင်ပါခွင့်မပြုရတာလဲ?”

လီရုံ ကအေးစက်စွာ ပြောလိုက်သည်။ “သူ လွယ်လွယ်ကူကူနဲ့ သဘောတူလိုက်ရင် သူက ငါတို့ကို အထင်သေးတာလို့ ပြောလို့ရတယ်။ ဒီလိုလုပ်လိုက်တာနဲ့ ဂျင်းဟွာအုပ်စုက သူ့အတွက် အဓိပ္ပါယ်ရှိတယ်လို့ ဆိုလိုနေတာပဲ” လီရုံ ကလက်ထောက်ဒေါင် ကိုစိုက်ကြည့်လိုက်သည်။ “သူ့အကြောင်းကို ဆက်မစုံစမ်းနဲ့တော့။ သူက သခင်လေးပဲ၊ မင်းရဲ့သခင်။ သူ့ကို လေးစားဖို့ သင်ယူသင့်တယ်။ မင်း မလေးစားနိုင်ရင် သူ့ကိုပဲ သူ့လက်အောက်ခံကို ဘယ်လိုကြည့်ရှုရမလဲဆိုတာကို ငါသင်ပေးလိုက်မယ်”

လက်ထောက်ဒေါင် ကတုန်သွားပြီး လီဂျင်းယွမ် ရဲ့အတွေးတွေကို ထပ်ပြောမနေတော့ပဲ အလျင်အမြန်တုန့်ပြန်လိုက်သည်။

လီဂျင်းယွမ် ကဒီစကားဝိုင်းကို ဂရုမစိုက်ခဲ့ပေ။

သူ့မိတ်ကပ်ကို ဖျက်ပြီး အပြင်ထွက်ပြီးနောက် သူ့ကားက ရောက်မလာသေးပေ။ သူ့ဘေးရှိ လက်ထောက်က တုန်သွားပြီး အသံတောင် မထွက်ရဲပေ။

လီဂျင်းယွမ် ကသူ့ကိုမကြည့်ပေ။ “မနက်ဖြန် မင်းကို ငွေပေးဖို့ အစ်ကိုဝေ့ ကိုသွားပြောလိုက်”

လက်ထောက်က တုန်သွားပြီး သူ့နှုတ်ခမ်းက ပိုဖြူဖျော့လာပေမဲ့ အဆုံးတွင်တော့ ဘာကိုမှမပြောခဲ့ပေ။

လီဂျင်းယွမ် ကခေါင်းငုံ့လိုက်ပြီး သူ့ဖုန်းကိုထုတ်ကာ လက်ထောက်စုပေးထားသည့် အချက်အလက်တွေကို အလျင်အမြန် ကြည့်လိုက်သည်။ ထို့နောက် ထိုအကြောင်းတွေအားလုံးကို ဖျက်ပစ်လိုက်သည်။

“မစ္စတာလီ” အသံတစ်ခုက သူ့ဘေးမှ ထွက်လာခဲ့သည်။

လီဂျင်းယွမ် ကသူ့ဖုန်းကိုပိတ်လိုက်ပြီး ဧည့်သည်အား မပျော်မရွှင်ဖြင့် ကြည့်လိုက်သည်။

လင်းလန် ကထိုနေရာတွင် ရပ်နေပြီး သူမပုခုံးက အောက်လျောနေခဲ့သည်။ သူမမျက်နှာပေါ်ရှိ မိတ်ကပ်က နည်းနည်းဖြူဖျော့နေကာ တစ်စုံတစ်ယောက်ဆီက အနိုင်ကျင့်ခံထားရသည့် ပုံစံမျိုးနဲ့တူနေသည်။

‘အချိန်ခရီးသွားခြင်း’က သူမပုံစံနဲ့ယှဉ်ရင် ဒီနေ့ သူမအသွင်အပြင်က လုံးဝကို ကွာခြားနေသည်။

လီဂျင်းယွမ် ကသူမ သရုပ်မဆောင်နိုင်ခင် တစ်ချက်သာကြည့်လိုက်သည်။

လီဂျင်းယွမ် က ဇောင်ယုဟွမ် အားသူ့ခေါင်းထဲတွင် ဇာတ်ကြောင်းပေါ်လာတယ်လို့ ထုတ်ပြောခဲ့တာက အလိမ်အညာမဟုတ်ပေ။ သူ့ဖျော်ဖြေပွဲနေ့က တကယ်ကြီး သူ့ခေါင်းထဲ ပေါ်လာခဲ့တာ ဖြစ်သည်။

ဒီအရာက ဇာတ်လမ်းလိုမျိုး တကယ် တည်ရှိနေတာသာဆိုရင် သူတို့က ထိုဇာတ်လမ်းထဲက ဇာတ်ကောင်တွေဖြစ်ပြီး နောက်နေ့ သူဝန်ခံလိုက်ချိန်တွင် မူလဇာတ်ကြောင်းနဲ့ လုံးဝကွဲထွက်နေတာကို စာရေးဆရာက သေချာပေါက် သိသွားလိမ့်မည်… ဒါကြောင့် သူ့ခေါင်းထဲ ဇာတ်ကြောင်းက ရုတ်တရက်ကြီး ပေါ်လာခဲ့တာက သူက ဇာတ်လမ်းထဲက ဇာတ်ကောင်ဖြစ်တာကို အသိပေးတာဖြစ်ပြီး မူလဇာတ်ကြောင်းအတိုင်း ပြုမူသင့်ကြောင်း သူ့ကို သတိပေးချင်တာ ဖြစ်နိုင်သည်။

တခြားတစ်ယောက်သာ ဒီအကြောင်းကို ရုတ်တရက်ကြီး သိသွားခဲ့ရင် သူတို့ ရူးသွားတာမျိုး၊ သူတို့ဘဝက တကယ်တည်ရှိမနေပဲ စာရေးဆရာရဲ့ ဘောပင်အောက်တွင် ချရေးထားသည့် ဇာတ်လမ်းသာဖြစ်ပြီး သူတို့ကံကြမ္မာကို အစကတည်းက တခြားတစ်ယောက်က ထိန်းချုပ်နေတာကို သိသွားခဲ့ရင် လက်ခံနိုင်ကြမှာ မဟုတ်ပေ။

ဒါပေမဲ့ ဒီအကြောင်းက လီဂျင်းယွမ် အားနည်းနည်းလေး တုန်လှုပ်သွားအောင်တောင် မလုပ်နိုင်ပေ။

တစ်ခုတည်းသောအရာက ဇောင်ယုဟွမ် လိုအမည်ရသည့် ဇာတ်ကောင်ပဲဖြစ်သည်။

သို့သော်လည်း သူမ မသေခင်က ဘာအကြောင်းမှ အများကြီးမရှိခဲ့ပဲ သူမသေဆုံးခြင်းက သူနဲ့ပတ်သက်နေပြီး သူမက ဇာတ်ပို့လေး ဖြစ်နေခဲ့သည်။

ဒါက အရမ်းကိုရယ်စရာကောင်းတယ်!

သူ့ဘဝကို သူလက်မလျော့ရင်တောင် ဇောင်ယုဟွမ် ကိုသူဘယ်တော့မှ အန္တရာယ်ပြုမှာ မဟုတ်ပေ။

ဇာတ်ကြောင်းတစ်ခုလုံးကို သိထားခဲ့သည့် လီဂျင်းယွမ် က လင်းလန် ကိုမြင်လိုက်ချိန်တွင် အေးစက်နေရုံသာမက မနှစ်မြို့မှုပါ ဖြစ်လာခဲ့သည်။

မူလစာရေးဆရာရဲ့ စကေးက မလုံလောက်တာကြောင့် ဖြစ်နိုင်ပေမဲ့ စာအုပ်ထဲမှ သူချစ်ခဲ့သည့် မူလဇာတ်လိုက်မကို သူကြည့်လိုက်ချိန်တွင် အူမြူးလာသလိုသာ ခံစားလိုက်ရသည်။ ဒီဇာတ်ပို့က ဟွမ်ဟွမ် ရဲ့အမှုန်အမွှားလေးလောက်တောင် လိုက်မမှီပေ။ စာရေးဆရာက မျက်လုံးကန်းနေတာလား? တွေးကြည့်ဦး၊ သူက သူမကို ချစ်နိုင်မှာလား?

စာအုပ်ထဲတွင် ဖော်ပြထားခဲ့သည့် ဇောင်ယုဟွမ် ရဲ့သေခြင်းတရားကို တွေးမိလိုက်ချိန်တွင် လီဂျင်းယွမ် ပိုပြီးတော့ အနှောက်အယှက်ဖြစ်သွားခဲ့သည်။

အဲ့လိုနေ့မျိုး ရောက်လာဖို့ကို သူတွေးတောင် မတွေးရဲပေ။

သွေးကြောတွေက လီဂျင်းယွမ် ရဲ့မျက်လုံးထဲတွင် တဖြည်းဖြည်း ပေါ်လာခဲ့ပြီး ထိုမျက်လုံးတွေက ပိုပြီးတော့တောင် တင်းမာနေပုံပေါ်သည်။

လင်းလန် ကသူမအား ဘာလို့ဒီလိုပုံစံမျိုး ပြင်ထားလဲဆိုတာ လီဂျင်းယွမ် မေးလာမှာကို စောင့်နေခဲ့သည်။

နောက်ပြီး မူလဇာတ်ကြောင်းက လုံးဝကို တစ်ဖက်သတ်ပဲဖြစ်သည်။

နွေးထွေးပြီး လူကြီးလူကောင်းဆန်သည့် လီဂျင်းယွမ် ရဲ့အရိုးထဲတွင် ဝမ်းတွင်းမဲပြီး အနိုင်ယူလိုမှုတွေက များပြားလွန်းကာ ဇာတ်လိုက်မအပေါ် များပြားလွန်းလှသည့် ပိုင်ဆိုင်လိုမှုတွေက တည်ရှိနေတယ်လို့သာ ဖော်ပြထားခဲ့သည်။

ထို့နောက် လင်းလန် ကဒီလှည့်စားချက်ကိုသာ မြင်ခဲ့သည်။

သို့သော် လီဂျင်းယွမ် ရဲ့ဝမ်းတွင်းမဲမှုကို မဖြတ်ကျော်နိုင်တာကိုတော့ မရေးထားခဲ့ပေ။ သူ့အနက်ရောင်ခြမ်းက အရမ်းကိုမဲနက်ပြီး ဘယ်သေမျိုးမဆို ဂရုမမူတက်သည့် အသွင်အပြင်မျိုးဖြစ်သည်။

လင်းလန် က လီဂျင်းယွမ် ရဲ့အေးစက်သည့် အကြည့်ဖြင့် ဆုံလိုက်မှုရလဒ်ကြောင့် သူစကားပြောလာမှာကို မစောင့်နိုင်တော့ပေ။

လင်းလန် ရဲ့နှလုံးက ခုန်သွားခဲ့သည်။ “မ-မစ္စတာလီ?”

နောက်ဆုံးတော့ လီဂျင်းယွမ် ကပြောလိုက်သည်။ “မင်းက ငါ့နောက်ကို တိတ်တိတ်လေးလိုက်ပြီး ငါ့ဖုန်းကိုကြည့်တယ်၊ ဒီအပြုအမူ နှစ်ခုလုံးက မနှစ်မြို့စရာ အပြုအမူတွေပဲ။ မင်းအေးဂျင့်က စီနီယာတွေအပေါ် ဘယ်လိုအပြုအမူတွေ မပြုလုပ်သင့်ဘူးဆိုတာကို မသင်ပေးထားဘူးလား?”

လင်းလန် ကထိတ်လန့်သွားပေမဲ့ သူမအပြုအမူကတော့ မနှေးကွေးပဲ အလျင်အမြန် စတင်တောင်းပန်လိုက်သည်။ “ကျွန်မ တောင်းပန်ပါတယ်၊ ရှင့်ဖုန်းကိုကြည့်မိဖို့ မရည်ရွယ်ပါဘူး။ ကျွန်မက…”

“မင်း ငါ့ကို ဘာပြောချင်နေတာလဲ?” လီဂျင်းယွမ် ကဖြတ်ပြောလိုက်သည်။

လင်းလန် ကတံတွေးကို မြိုချလိုက်ပြီး ထူးဆန်းမှုကို ခံစားနေရသည်။ ဒီကမ္ဘာက ဇာတ်ကြောင်းထဲကနဲ့ လုံးဝကိုတူမနေဘူး…

သို့သော် သူမက ပြောလိုက်သည်။ “ရှောင်မင်မင် လုပ်တဲ့အရာတွေက ကျွန်မကို ခက်ခဲစေတယ်။ ကျွန်မ- ကျွန်မလည်း မလုပ်တက်ဘူး… မစ္စတာလီ၊ ရှင်…”

ဒါက မူလဇာတ်ကြောင်းက အစိတ်အပိုင်းတစ်ခုပင်။

ဝမ်ယောင်ချန်း ရဲ့ရည်းစားဟောင်း ရှောင်မင်မင် က လင်းလန် အားနောက်နေ့ပွဲအတွက် သူမအဝတ်တွေနဲ့ ဖိနပ်တွေကို ပျက်စီးအောင်လုပ်ပြီး လင်းလန် ကိုဒုက္ခရောက်စေခဲ့သည်။ အဆုံးတွင်တော့ သူမက လီဂျင်းယွမ် အပေါ်မှီခိုပြီး နာမည်ကြီး အဝတ်အစားတွေနဲ့ ဖိနပ်တွေကိုရခဲ့ပြီး ချက်ချင်းပင် ရှောင်မင်မင် ရဲ့မျက်နှာကို ရိုက်ချနိုင်ခဲ့သည်။

သို့သော် လီဂျင်းယွမ် ကထိုအရာတွေက အရမ်းရယ်စရာကောင်းတယ်လို့သာ ထင်နေသည်။

လင်းလန် ကဇာတ်ကြောင်းကို သိနေတာ၊ ဒါမှမဟုတ် သူတို့နှစ်ယောက်ကြားက ဘာဆက်ဆံရေးမှမရှိတာကို ဖိအားပေးပြီး ထုတ်မပြသင့်ပေ။

သူမက ဇာတ်ကြောင်းကို သိနေတည်းက အဲ့အစွမ်းကိုအသုံးချပြီး အနှောက်အယှက်တွေကို ဖယ်ရှားပြီး သူမသရုပ်ဆောင် စွမ်းရည်တွေ ပိုတိုးတက်အောင်လုပ်ပြီး ကောင်းတဲ့ဇာတ်လမ်းတွေ၊ ရိုက်ကူးရေးတွေကို အရယူဖို့ မလုပ်ရတာလဲ? နောက်ပြီး သူမက မူလဇာတ်ကြောင်းက နေရာမြင့်မြင့်ကို ရခဲ့တာပဲလေ၊ ဘာလို့အကျိုးရှိရှိ အသုံးမချရတာလဲ?
ဘာကြောင့် သူ့ဆီ လာခဲ့တာလဲ?

ဇာတ်လိုက်မရှိပဲ သူမက မရှင်သန်နိုင်ဘူးလား?

လီဂျင်းယွမ် ကသူ့အသိပညာတွေကို ဖုံးကွယ်ထားဖို့မလုပ်ပဲ အေးစက်စွာ ပြောလိုက်သည်။ “မင်းကို စာနာထောက်ထားပြီး သနားစေချင်တာလား? ဒါဆို မင်းအဝတ်တွေ၊ ဖိနပ်တွေရဖို့ တခြားတစ်ယောက်ကို ရှာလိုက်ပါလား?… မူလဇာတ်ကြောင်းက အရာအားလုံးက ပြီးဆုံးသွားပြီ။ လူသားတွေပဲ အသက်ရှင်နိုင်တယ်။ လူသားတွေက ဖိအားပေးပြီး ထိန်းချုပ်ဖို့မတက်နိုင်ဘူး။ မင်း မူလဇာတ်ကြောင်းအတိုင်း ဆက်ပြီးသရုပ်ဆောင်နေဖို့ တွေးနေတယ်ဆိုရင် ငါကကော အဲ့အတိုင်း လိုက်သရုပ်ဆောင်ပေးနိုင်မယ်လို့ ထင်နေလား?”

လင်းလန် ကလုံးဝကိုလန့်သွားခဲ့သည်။ “…ရှင်… ရှင်လည်း… ရှင်လည်း ဇာတ်ကြောင်းကို သိနေတာလား…?”

“ငါသိတယ်” လီဂျင်းယွမ် ရဲ့အကြည့်က သူ့ဆီရောက်လာနေသည့် ကားဆီကိုကြည့်လိုက်ပြီးနောက် လင်းလန် ကိုတောင် အာရုံမစိုက်တော့ပေ။

“ဒါဆို ရှင်ဘာကြောင့်…”

လီဂျင်းယွမ် ကကားတံခါးကို ဖွင့်လိုက်ပြီးနောက် သူမကို တစ်ချက်ကြည့်လိုက်ပြီး အသံနိမ့်ကာ ပြောလိုက်သည်။ “မင်းကြိုးကိုင်ပြီး မူလလမ်းကြောင်းအတိုင်း လိုက်ချင်နေတာလား? ဒါမျိုးကို မင်းသဘောကျရင်ကျလိမ့်မယ်၊ ဒါပေမဲ့ ငါတော့ သဘောမကျဘူး။ တစ်ယောက်ယောက်က သူတို့အရှိန်အဝါနဲ့ ဇာတ်ကြောင်းကို အသုံးချပြီးမှ ထိပ်ဆုံးကို တက်နိုင်တဲ့သူက လုံးဝကိုအရူးပဲ”

လီဂျင်းယွမ် ကစကားပြောပြီးနောက် ကားထဲကိုဝင်လိုက်သည်။

ဒါက သူပြောဖူးသမျှ စကားထဲတွင် အကြမ်းတမ်းဆုံး စကားဖြစ်လိမ့်မည်။

ဟွမ်ဟွမ် သာသူပြောခဲ့တာကို သိခဲ့ရင် သူက လူကြီးလူကောင်းမဟုတ်ပေမဲ့ လုံးဝကို ဖြောင့်မှန်တဲ့လူလို့သာ တွေးလိမ့်မယ်လို့ လီဂျင်းယွမ် တိတ်တိတ်လေး တွေးလိုက်သည်။

ဒရိုက်ဘာက ကားကိုစမောင်းလိုက်ပေမဲ့ လင်းလန် ကတော့အပြင်ဘက်မှ ကားပြတင်းကို ဆွဲထားခဲ့သည်။

သူမမျက်နှာက အနီနဲ့အဖြူကြား ပြောင်းလဲနေပြီး အက်ရှသည့်အသံဖြင့် မေးလိုက်သည်။ “ဘာကြောင့်လဲ?”

“မူလဇာတ်ကြောင်းမှာ၊ လီဂျင်းယွမ် ကမိဘမဲ့ဂေဟာကလာပြီး သူအရွယ်ရောက်လာချိန်မှာ ခန့်ညားတဲ့အသွင်အပြင်၊ ချမ်းသာမှု၊ အဆင့်အတန်းနဲ့ လူကြိုက်များမှုတွေ ရှိလာတယ်လို့ပဲ စာရေးဆရာက ရေးခဲ့တယ်။ သူက အရာအများကြီးသိပြီး လူကြီးလူကောင်းဆန်ပြီး နွေးထွေးတဲ့လူပဲ။ သူ့တခြားအတွေ့အကြုံတွေနဲ့ အတွေးတွေက အရမ်းကိုမရေရာဘူး။ ဒါတွေကိုကြည့်ရင် ငါမနှစ်မြို့သလိုပဲ ခံစားရတယ်” လီဂျင်းယွမ် ရဲ့နှုတ်ခမ်းက ကွေးသွားခဲ့သည်။ “ဒါပေမဲ့ ဇောင်ယုဟွမ် အိမ်ကိုခေါ်သွားချိန်မှ ငါ့အစစ်အမှန်အတိုင်း ဖြစ်လာခဲ့တယ်လို့ ငါတွေးမိတယ်။ သူမ ငါ့ကိုခေါ်သွားတော့မှ ဘဝရဲ့ပြောင်းလဲမှုတွေကို တွေ့ကြုံနိုင်ခဲ့တယ်။ ဒါကမှ ငါ့ကို စစ်မှန်တဲ့လူတစ်ယောက်လို့ ခံစားရစေတယ်။ အစတည်းက ငါက စာအုပ်ထဲက လီဂျင်းယွမ် မဟုတ်ဘူး။ ငါက ဇောင်ယုဟွမ် ရဲ့လီဂျင်းယွမ် ပဲ”

လင်းလန် ကနေရာတွင်သာ တုန်လှုပ်နေခဲ့သည်။

လီဂျင်းယွမ် ကခလုတ်ကို နှိပ်လိုက်ပြီး ကားပြတင်းက အပေါ်ကို အလျင်အမြန် တက်သွားခဲ့သည်။

လင်းလန် ကထိတ်လန့်သွားပြီး သူမလက်ကို အမြန်ပြန်ရုတ်လိုက်သည်။

သူက စာအုပ်ထဲက လီဂျင်းယွမ် မဟုတ်ဘူး…

သူက ဇောင်ယုဟွမ် ရဲ့လီဂျင်းယွမ် ပဲ…

လင်းလန် ကသူမမျက်နှာအား အုပ်လိုက်ပြီး ထိုင်ချလိုက်သည်။ ဒါဆို သူမကကော? သူမက ဘယ်သူလဲ? သူမ အရင်ဘဝက လင်းလန် လိုမျိုးနောင်တတွေအပြည့်နဲ့ သေဆုံးရမဲ့ ကံကြမ္မာမျိုးလား? ဒါမှမဟုတ် အရာအားလုံးရခဲ့တဲ့ ဇာတ်လမ်းထဲက လင်းလန် လိုမျိုးလား? မဟုတ်ဘူး၊ မဟုတ်ဘူး၊ သူမက အရင်ဘဝက လင်းလန် လိုမျိုးမဖြစ်ရဘူး။ သူမက အဲ့လင်းလန် လိုမျိုး ထပ်ပြီးမဖြစ်ရဘူး!

ကားထဲတွင်

လီဂျင်းယွမ် ကသူ့ဖုန်းကို ထုတ်လိုက်ပြီး ဇောင်ယုဟွမ် ကိုခေါ်လိုက်သည်။ “ဟွမ်ဟွမ့် အတွက် လာဗာချိစ်ကိတ် ဝယ်လာပေးရမလား?”

“အင်း!” သူမက ပြန်ဖြေလိုက်သည်။ အနောက်တွင် ဂိမ်းအသံမျိုး သူကြားနေရသည်။

လီဂျင်းယွမ် ကပျော်ရွှင်စွာဖြင့် ပြုံးလိုက်သည်။ “အိုကေ၊ အိမ်မှာစောင့်နေ”

#နောက်နှစ်ပိုင်းကျန်သေးတယ် 😊 ပျော်သွားကြလား 😁 ကိုယ်အလုပ်ရှုပ်နေတာ နှစ်‌လလောက် အလုပ်များမယ်ထင်တယ်၊ အားတဲ့အချိန်လေး ပြေးပြီး ဘာသာပြန်ရတာဆိုတော့ ကြာနေတာ#

—————

Zawgyi

ေဇာင္ယုဟြမ္ ကသူမအေၾကာင္းကို လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔အားထုတ္ေျပာၿပီးေနာက္ သူတို႔ယုံမယုံ စိတ္မဝင္စားေတာ့ပဲ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ ကားထဲကိုဝင္လိုက္ၿပီး သူတို႔ဗီလာကို ျပန္သြားခဲ့သည္။ ထို႔ေနာက္ အဖိုးဒင္ နဲ႔ရက္အနည္းငယ္ေလာက္ အတူတူေနဖို႔အတြက္ ယြဲ႕လန္ဗီလာကို သြားခဲ့သည္။

ဟုန္ခ်န္းမင္း ကထိုအေၾကာင္းအား တကယ့္ကို မယုံၾကည္ခဲ့ေပ။

ဒါက ေဇာင္ယုဟြမ္ ရဲ႕အိပ္မက္ျဖစ္ၿပီး အိပ္မက္က စစ္မွန္လြန္းတာေၾကာင့္ သူမက အစစ္အမွန္လို႔ ထင္ေနတယ္လို႔သာ သူေတြးေနခဲ့သည္။

သို႔ေသာ္ ဟုန္ခ်န္းမင္း ကထိုအေၾကာင္းအား ေပါ့ေပါ့ေသးေသး မေတြးေပ။ သူ႕လက္ေထာက္အား တေစၧေတြနဲ႔ သဘာဝလြန္ျဖစ္ရပ္ေတြအား စုေဆာင္းဖို႔အတြက္ ၫႊန္ၾကားခဲ့သည္။ ေဇာင္ယုဟြမ္ ကကူးေျပာင္းလာတဲ့ တေစၧဟုတ္လား၊ မဟုတ္လားဆိုတာ အတည္ျပဳဖို႔ သူ မႀကိဳးစားေပမဲ့ သူမေျပာတဲ့အရာအားလုံးက စစ္မွန္ေနသလိုမ်ိဳး ျဖစ္ေနတာေၾကာင့္ သူမ တစ္ေန႔မွာ ထြက္သြားမွာလား? ဒီကမ႓ာကေန ႐ုတ္တရက္ႀကီး ေပ်ာက္ကြယ္သြားမွာလား?

ႏိႈင္းယွဥ္ၾကည့္ရင္ လီဂ်င္းယြမ္ ရဲ႕စိတ္ထဲေပၚလာသည့္ ဇာတ္ေၾကာင္းက ပိုၿပီးေတာ့ေတာင္ အေရးမပါေပ။

ဟုန္ခ်န္းမင္း ကဇာတ္လမ္းထဲမွ သူ႕က႑ပါဝင္မႈ နည္းပါးေနတာကိုေတာင္ ဂ႐ုစိုက္ခဲ့သည္။ သူက လူေကာင္းျဖစ္ျဖစ္၊ လူဆိုးျဖစ္ျဖစ္ ကိစၥမ႐ွိေပ။

သူနဲ႔ လီဂ်င္းယြမ္ တို႔က တစ္ေယာက္နဲ႔ တစ္ေယာက္ သေဘာမက်ၾကေသာ္လည္း အတူတူ ႀကီးျပင္းလာခဲ့ၾကလို႔ တစ္ဦးနဲ႔တစ္ဦး အက်ိဳးျဖစ္ေစမဲ့အရာေတြကို ေကာင္းေကာင္းနားလည္ၾကသည္။ လီဂ်င္းယြမ္ ကဇာတ္ေၾကာင္းထဲကလို ျပဳမူခဲ့ရင္ သူက တကယ့္ကို လူဖ်င္းပဲျဖစ္လိမ့္မည္။

“မစၥတာဟုန္၊ မစၥတာဟုန္ ေတာင္းဆိုထားတဲ့ အခ်က္အလက္ေတြပါ။ ဒီအေၾကာင္းေတြကို မစၥတာဟုန္ လိုအပ္တဲ့အထိ ျပည့္စုံေအာင္ ဆက္ၿပီးျဖည့္ဆည္းခဲ့ပါတယ္” လက္ေထာက္က သူ႕ဆီ ဖိုင္တစ္တြဲအား ကမ္းေပးလိုက္သည္။

ဟုန္ခ်န္းမင္း ကလွမ္းယူလိုက္သည္။

လက္ေထာက္က USB ကိုလည္းကမ္းေပးလိုက္သည္။ “ဒါက အက်ဥ္းခ်ဳပ္ပါ”

“အင္း” ဟုန္ခ်န္းမင္း ကသူ႕လက္ထဲတြင္ ညႇစ္လိုက္ၿပီး အသံတိုးေလးနဲ႔ ေျပာလိုက္သည္။ “ကားျပင္ထားလိုက္။ ယြဲ႕လန္ဗီလာကို သြားမယ္”

အဖိုးဒင္ ကသူ႕အား ညစာလာစားဖို႔ သီးသန္႔ဖုန္းေခၚၿပီး ေျပာခဲ့သည္။

သူက တျခားဘာမွမေျပာတာေတာင္ ဟုန္ခ်န္းမင္း သြားလိမ့္မည္။ ေနာက္ၿပီး ေဇာင္ယုဟြမ္ ကလည္း ယြဲ႕လန္ဗီလာတြင္ ႐ွိေနသည္။

လက္ေထာက္က ကားထဲသို႔ ဟုန္ခ်န္းမင္း ရဲ႕ laptop ကိုထည့္လိုက္ၿပီး ဟုန္ခ်န္းမင္း ကယြဲ႕လန္ဗီလာ သြားရာလမ္းတြင္ USB ကအခ်က္ေတြကို ၾကည့္ေနခဲ့သည္။ သူက ဂ႐ုတစိုက္နဲ႔ အရာအားလုံးကို ေလ့လာေနခဲ့ၿပီး ကိစၥေသးေသးေလးေတာင္ လြတ္မသြားေပ။

လက္ေထာက္က မထိန္းခ်ဳပ္ႏိုင္ပဲ ဟုန္ခ်န္းမင္း အားအႀကိမ္အနည္းငယ္ ခိုးၾကည့္လိုက္သည္။ ထိုအခ်ိန္ တျခားသူသာ ျမင္လိုက္ရင္ ဘီလီယမ္ေပါင္းမ်ားစြာ အက်ိဳးအျမတ္ရမဲ့ စာခ်ဳပ္ကိုၾကည့္ေနတာလို႔ ထင္ၾကလိမ့္မယ္!

သူတို႔ ကားထဲက ထြက္လိုက္ခ်ိန္တြင္ ဟုန္ခ်န္းမင္း က USB ထဲမွတစ္ဝက္ေလာက္ ဖတ္ၿပီးသြားခဲ့သည္။ အခ်က္အလက္ေတြ ဖတ္ၿပီးေနာက္တြင္ ဟုန္ခ်န္းမင္း ပိုၿပီးေတာ့ စိတ္ခ်သြားရသလို ခံစားလိုက္ရသည္။

Laptop ကိုပိတ္လိုက္ၿပီး လက္ေထာက္ဆီ ကမ္းေပးလိုက္ကာ ဗီလာထဲကို ေလွ်ာက္ဝင္လိုက္သည္။

ထိုအခ်ိန္အတြင္း…

လီဂ်င္းယြမ္ ကပြဲတစ္ခု ၿပီးသြားခဲ့သည္။ သူ ထြက္သြားေတာ့မယ္လို႔ ေၾကညာခဲ့ေသာ္လည္း အရင္က လက္မွတ္ထိုးထားခဲ့သည့္ အလုပ္ေတြအား ၿပီးျပတ္ေအာင္ လုပ္ေပးခဲ့ဖို႔လည္း ေျပာခဲ့သည္။ ေဖ်ာ္ေျဖေရးေလာကမွ ထြက္သြားဖို႔လုပ္ေနရင္း သူက သူ႕စကားေတြအတိုင္း သည္းခံႏိုင္သည့္လူမ်ိဳး မဟုတ္တာကို သိလာခဲ့သည္။

လက္ေထာက္က သူ႕အား ပုဝါနဲ႔ေရအား ကမ္းေပးလိုက္ၿပီး အသံတိုးေလးနဲ႔ ေျပာလိုက္သည္။ “အႀကီးအကဲ မစၥတာဒင္ က မစၥတာလီ ကိုညစာစားဖို႔ ဖိတ္ထားတယ္”

လီဂ်င္းယြမ္ ကေအးခဲသြားၿပီးေနာက္ ေခါင္းညိတ္လိုက္ၿပီး သူ႕အျပဳံးက ပိုစစ္မွန္လာခဲ့သည္။

လီ႐ုံ က Wheelchair ေပၚတြင္ထိုင္ေနစဥ္ လက္ေထာက္ေဒါင္ ကသူ႕ wheelchair အားတြန္းလာခဲ့သည္။ သူတို႔က လီဂ်င္းယြမ္ အားအနားတြင္ ေစာင့္ေနခဲ့သည္။ လီ႐ုံ ကလက္ေထာက္ရဲ႕ စကားေတြကို ၾကားလိုက္ခ်ိန္တြင္ မထိန္းခ်ဳပ္ႏိုင္ပဲ ေမးလိုက္သည္။ “မင္း ငါ့ကို အျပစ္တင္ေနလား? ငါတို႔ႏွစ္ေယာက္နဲ႔ယွဥ္ရင္ အဲ့လူအိုႀကီး မစၥတာဒင္ ကမင္းနဲ႔ပိုၿပီးေတာ့ နီးကပ္ေနပုံရတယ္”

“ဟြမ္ဟြမ္ ရဲ႕အဖိုးက ကြၽန္ေတာ့္ကို လက္ေရးလွ တစ္ခါသင္ေပးဖူးတယ္၊ ဇာတ္လမ္းေတြလည္း ေျပာျပခဲ့ဖူးတယ္၊ ငါးမွ်ားဖို႔လည္း ေခၚသြားခဲ့ဖူးတယ္၊ ေနာက္ၿပီး ကြၽန္ေတာ္နဲ႔လည္း ခ်က္စ္ ကစားခဲ့တယ္။ အေဖ နဲ႔ကဘာလုပ္ခဲ့ဖူးလဲ?” လီဂ်င္းယြမ္ ကေပါ့ပါးစြာ ေျပာလိုက္သည္။

လီ႐ုံ ကစိတ္မဆိုးပဲ ေလးေလးနက္နက္နဲ႔ ေခါင္းညိတ္လိုက္သည္။ “မွန္တာပဲ။ ခံစားခ်က္ေတြက ပ်ိဳးေထာင္ႏိုင္တယ္။ မင္းအေပၚ သူက ၾကင္နာေပးေတာ့ ခံစားခ်က္ေတြက တိုးတက္လာမွာပဲ။ မင္းတို႔က ေသြးသားမေတာ္စပ္ေပမဲ့ မင္းတို႔ဆက္ဆံေရးက ေသြးသားေတာ္စပ္တဲ့ ဆက္ဆံေရးထက္ ပိုေကာင္းေနတယ္။ အထူးသျဖင့္ သူက မင္းအခ်စ္ဆုံးလူရဲ႕ အဖိုးလည္းျဖစ္ေနေသးတယ္ေလ”

ေနာက္ဆုံးစကားကို လီဂ်င္းယြမ္ ၾကားလိုက္ခ်ိန္တြင္ သူ႕အမူအရာက ႏူးညံ့သြားခဲ့သည္။

လီဂ်င္းယြမ္ ကစင္ေနာက္ကို ဦးတည္သြားေနၿပီး လီ႐ုံ ကအေနာက္မွ လိုက္ေနခဲ့သည္။ သူက ေျပာလိုက္သည္။ “အခုေနာက္ပိုင္း မင္း နတ္ဘုရားေတြ၊ ေမွာ္အစြမ္းေတြ၊ ျပန္႐ွင္သန္ႏိုင္တဲ့ အေၾကာင္းေတြလို အရာမ်ိဳးေတြ ႐ွာေနတယ္လို႔ ေ႐ွာင္ေဒါင္ ေျပာတယ္။ ဘာျဖစ္ခဲ့လို႔လဲ? တစ္ေယာက္ေယာက္က အဲ့နည္းလမ္းေတြသုံးၿပီး မင္းကို အႏၲရာယ္ျပဳေနလို႔လား?”

လီဂ်င္းယြမ္ ကအေနာက္ကိုလွည့္လိုက္ၿပီး သူ႕လက္ေထာက္အား ၾကည့္လိုက္သည္။

သူ႕လက္ေထာက္က ခ်က္ခ်င္းပင္ ႐ွက္႐ြံ႕သြားသည့္ အမူအရာကို ျပလာခဲ့သည္။

ေဇာင္ယုဟြမ္ ရဲ႕စကားေတြကို အာ႐ုံစိုက္ေနခဲ့တာက ဟုန္ခ်န္းမင္း တစ္ေယာက္တည္း မဟုတ္ေပ။

လီဂ်င္းယြမ္ က ေဇာင္ယုဟြမ္ လိုတျခားဘဝမွာေနခဲ့တဲ့ သူမ်ိဳးကို ေၾကာက္တက္သည့္သူမ်ိဳး မဟုတ္ေပ။ ေဇာင္ယုဟြမ္ ကထိုအေၾကာင္းအား သူတို႔ကို ေျပာျပေနခ်ိန္တြင္ ေဇာင္ယုဟြမ္ ရဲ႕အမူအရာကို သူ႐ွင္း႐ွင္းလင္းလင္း မွတ္မိေနတုန္းပင္။ သူမက တည္ၿငိမ္ေနၿပီး သူမအၾကည့္ေတြက ၾကည္လင္ေနသည္။ ထို႔ေၾကာင့္ သူမ ဖန္တီးထားတဲ့ အရာဟုတ္ဟုတ္၊ မဟုတ္ဟုတ္၊ အိပ္မက္ဆိုးဟုတ္ဟုတ္ မဟုတ္ဟုတ္ သူစိတ္မဝင္စားေပ။

လီဂ်င္းယြမ္ ကသူမကို ယုံၾကည္ေပးဖို႔ တြန္႔ဆုတ္ေနရင္ေတာင္ သူအခုလို လုပ္ေနခဲ့သည္။

ေနာက္ၿပီး ယုံၾကည္ၿပီးေနာက္ ဟြမ္ဟြမ္ ရဲ႕ခႏၶာကိုယ္ က်န္းမာေရးအတြက္ ပိုဂ႐ုစိုက္ေပးဖို႔ သူေတြးလာခဲ့ၿပီး ဝိဉာဥ္ခြဲထုတ္ျခင္းလို အရာမ်ိဳးက အနာဂတ္မွာ ျဖစ္လာႏိုင္လားဆိုတာက သူ႕ေနာက္အစီစဥ္ျဖစ္သည္။

လီဂ်င္းယြမ္ ကအရမ္းအလုပ္မ်ားေနတာေၾကာင့္ သူ႕လက္ေထာက္အား ထိုအေၾကာင္းေတြ စုေဆာင္းေပးဖို႔ ေတာင္းဆိုခဲ့သည္။

သူ႕လက္ေထာက္က လက္ေထာက္ေဒါင္ ကိုအရာအားလုံး ေျပာျပလိုက္မယ္လို႔ေတာ့ သူမထင္ထားခဲ့ေပ။

လီဂ်င္းယြမ္ ရဲ႕အမူအရာက ပိုေအးစက္လာတာကို လီ႐ုံ ျမင္လိုက္ၿပီး ခ်က္ခ်င္းပင္ တုန္႔ျပန္ကာ ျပဳံးၿပီးေျပာလိုက္သည္။ “လက္ေထာက္ေဒါင္ ကဒီအေၾကာင္းကို သူ႕ဘာသာ ေမးလိုက္တာ။ ေအးေအးေဆးေဆးေန။ မင္းကိုယ္ပိုင္ကိစၥေတြကို ငါဝင္မေႏွာက္ယွက္ဘူး။ မင္း ငါ့ကိုမေျပာခ်င္ရင္ ေနာက္က်ရင္ ငါထပ္မေမးေတာ့ဘူး။ ဒီေန႔ အဲ့အေၾကာင္းကို ငါေျပာရတာက လီမိသားစုနဲ႔ ဂ်င္းဟြာအုပ္စုက မင္းအကူအညီလိုလာရင္ အၿမဲတမ္း အသင့္႐ွိတယ္လို႔သာ ေျပာခ်င္တာ။ မင္းအစ္ကိုႀကီးက ထြက္သြားၿပီးၿပီ၊ ဒါေၾကာင့္ ဒီအခြင့္အေရးကို အသုံးျပဳဖို႔အတြက္ မင္းသင္ယူဖို႔လိုအပ္တယ္။ ငါေသသြားရင္ လီမိသားစုနဲ႔ ဂ်င္းဟြာအုပ္စုကို မင္း မထိန္းသိမ္းႏိုင္မွာကို ငါမျဖစ္ေစခ်င္ဘူး”

လီဂ်င္းယြမ္ ကတည္ၿငိမ္စြာ ေျပာလိုက္သည္။ “ကြၽန္ေတာ္ အဲ့ဒါကို လိုအပ္တယ္”

လီ႐ုံ ကလန္႔သြားၿပီးေနာက္ ေပ်ာ္႐ႊင္စြာျဖင့္ ေခါင္းညိတ္လိုက္သည္။ “ေကာင္းၿပီ၊ မင္းကိစၥေတြ ၿပီးသြားတာနဲ႔ မင္းယူသင့္တဲ့ အရာအားလုံးကို ငါလက္လႊဲေပးမယ္”

အရင္က လီဂ်င္းယြမ္ ရဲ႕အေတြးေတြက အရမ္းကို႐ိုး႐ွင္းသည္။ ေဇာင္မိသားစုထက္ ေငြအလုံအေလာက္႐ွာဖို႔သာ သူေတြးခဲ့ၿပီး သူအသက္႐ွင္ေနစဥ္ ေဇာင္ယုဟြမ္ ရဲ႕အေဖက သူမအား နာက်င္ေအာင္ မလုပ္ႏိုင္ေစဖို႔သာ ေတြးခဲ့သည္။ သူမကို အလိုလိုက္ၿပီး သူမလိုခ်င္တာေတြကိုလည္း ဝယ္ေပးခ်င္ခဲ့သည္။

သို႔ေသာ္ ဒါေတြက ထပ္ၿပီးမလုံေလာက္ေတာ့ေပ။

သူစိမ္းျဖစ္လာဖို႔ ပိုလိုအပ္လာၿပီး ခ်မ္းသာ႐ုံတင္မဟုတ္ပဲ ဒီကမ႓ာတြင္ ရပ္တည္ႏိုင္ဖို႔အတြက္ အာဏာလည္း႐ွိခ်င္လာခဲ့သည္။ တစ္ေန႔တြင္ သူမက်န္းမာေရး ျပႆနာ႐ွိလာခဲ့ရင္ အ႐ႈပ္အေထြးၾကားက ကာကြယ္ေပးၿပီး ေသျခင္းကေန ဆြဲထုတ္ေပးခ်င္ခဲ့သည္။

လီဂ်င္းယြမ္ က လီ႐ုံ အားတားဆီးေနတာကို ရပ္တန္႔ခဲ့သည္။

ဒါေတြအားလုံးက သူ႕တြက္ခ်က္မႈေတြပင္။ လီ႐ုံ နဲ႔ရင္းႏွီးဖို႔ကို စိတ္ထဲမထားခဲ့ပဲ ဟက္ဟက္ပက္ပက္မ႐ွိသည့္ စိတ္သေဘာထားကိုသာ ထုတ္ျပခဲ့သည္။ ဒီနည္းလမ္းကသာ လီ႐ုံ ဆီမွသူလိုခ်င္တာကို အျမန္ရႏိုင္မည့္ နည္းလမ္းျဖစ္သည္။

“ကြၽန္ေတာ္ အခုသြားသင့္ၿပီ” လီဂ်င္းယြမ္ ကေျပာလိုက္သည္။

လီ႐ုံ ကသူ႕ကိုမတားပဲ ေခါင္းညိတ္ျပလိုက္သည္။ “သြား။ အလွေလးနဲ႔ အတူျပန္လာႏိုင္ဖို႔ပဲ ငါေမွ်ာ္လင့္ေနတယ္။ ဒီအေဖက ေစာင့္ေ႐ွာက္ေပးမယ္ဆိုတာကို မွတ္ထားေပး”

လီဂ်င္းယြမ္ ကျပန္မေျဖပဲ အေဝးကို ေရာက္သြားခဲ့သည္။

လက္ေထာက္ေဒါင္ ကေျပာလိုက္သည္။ “မစၥတာလီ ကဘာေၾကာင့္ ကြၽန္ေတာ္တို႔ကို ဝင္ပါခြင့္မျပဳရတာလဲ?”

လီ႐ုံ ကေအးစက္စြာ ေျပာလိုက္သည္။ “သူ လြယ္လြယ္ကူကူနဲ႔ သေဘာတူလိုက္ရင္ သူက ငါတို႔ကို အထင္ေသးတာလို႔ ေျပာလို႔ရတယ္။ ဒီလိုလုပ္လိုက္တာနဲ႔ ဂ်င္းဟြာအုပ္စုက သူ႕အတြက္ အဓိပၸါယ္႐ွိတယ္လို႔ ဆိုလိုေနတာပဲ” လီ႐ုံ ကလက္ေထာက္ေဒါင္ ကိုစိုက္ၾကည့္လိုက္သည္။ “သူ႕အေၾကာင္းကို ဆက္မစုံစမ္းနဲ႔ေတာ့။ သူက သခင္ေလးပဲ၊ မင္းရဲ႕သခင္။ သူ႕ကို ေလးစားဖို႔ သင္ယူသင့္တယ္။ မင္း မေလးစားႏိုင္ရင္ သူ႕ကိုပဲ သူ႕လက္ေအာက္ခံကို ဘယ္လိုၾကည့္႐ႈရမလဲဆိုတာကို ငါသင္ေပးလိုက္မယ္”

လက္ေထာက္ေဒါင္ ကတုန္သြားၿပီး လီဂ်င္းယြမ္ ရဲ႕အေတြးေတြကို ထပ္ေျပာမေနေတာ့ပဲ အလ်င္အျမန္တုန္႔ျပန္လိုက္သည္။

လီဂ်င္းယြမ္ ကဒီစကားဝိုင္းကို ဂ႐ုမစိုက္ခဲ့ေပ။

သူ႕မိတ္ကပ္ကို ဖ်က္ၿပီး အျပင္ထြက္ၿပီးေနာက္ သူ႕ကားက ေရာက္မလာေသးေပ။ သူ႕ေဘး႐ွိ လက္ေထာက္က တုန္သြားၿပီး အသံေတာင္ မထြက္ရဲေပ။

လီဂ်င္းယြမ္ ကသူ႕ကိုမၾကည့္ေပ။ “မနက္ျဖန္ မင္းကို ေငြေပးဖို႔ အစ္ကိုေဝ့ ကိုသြားေျပာလိုက္”

လက္ေထာက္က တုန္သြားၿပီး သူ႕ႏႈတ္ခမ္းက ပိုျဖဴေဖ်ာ့လာေပမဲ့ အဆုံးတြင္ေတာ့ ဘာကိုမွမေျပာခဲ့ေပ။

လီဂ်င္းယြမ္ ကေခါင္းငုံ႔လိုက္ၿပီး သူ႕ဖုန္းကိုထုတ္ကာ လက္ေထာက္စုေပးထားသည့္ အခ်က္အလက္ေတြကို အလ်င္အျမန္ ၾကည့္လိုက္သည္။ ထို႔ေနာက္ ထိုအေၾကာင္းေတြအားလုံးကို ဖ်က္ပစ္လိုက္သည္။

“မစၥတာလီ” အသံတစ္ခုက သူ႕ေဘးမွ ထြက္လာခဲ့သည္။

လီဂ်င္းယြမ္ ကသူ႕ဖုန္းကိုပိတ္လိုက္ၿပီး ဧည့္သည္အား မေပ်ာ္မ႐ႊင္ျဖင့္ ၾကည့္လိုက္သည္။

လင္းလန္ ကထိုေနရာတြင္ ရပ္ေနၿပီး သူမပုခုံးက ေအာက္ေလ်ာေနခဲ့သည္။ သူမမ်က္ႏွာေပၚ႐ွိ မိတ္ကပ္က နည္းနည္းျဖဴေဖ်ာ့ေနကာ တစ္စုံတစ္ေယာက္ဆီက အႏိုင္က်င့္ခံထားရသည့္ ပုံစံမ်ိဳးနဲ႔တူေနသည္။

‘အခ်ိန္ခရီးသြားျခင္း’က သူမပုံစံနဲ႔ယွဥ္ရင္ ဒီေန႔ သူမအသြင္အျပင္က လုံးဝကို ကြာျခားေနသည္။

လီဂ်င္းယြမ္ ကသူမ သ႐ုပ္မေဆာင္ႏိုင္ခင္ တစ္ခ်က္သာၾကည့္လိုက္သည္။

လီဂ်င္းယြမ္ က ေဇာင္ယုဟြမ္ အားသူ႕ေခါင္းထဲတြင္ ဇာတ္ေၾကာင္းေပၚလာတယ္လို႔ ထုတ္ေျပာခဲ့တာက အလိမ္အညာမဟုတ္ေပ။ သူ႕ေဖ်ာ္ေျဖပြဲေန႔က တကယ္ႀကီး သူ႕ေခါင္းထဲ ေပၚလာခဲ့တာ ျဖစ္သည္။

ဒီအရာက ဇာတ္လမ္းလိုမ်ိဳး တကယ္ တည္႐ွိေနတာသာဆိုရင္ သူတို႔က ထိုဇာတ္လမ္းထဲက ဇာတ္ေကာင္ေတြျဖစ္ၿပီး ေနာက္ေန႔ သူဝန္ခံလိုက္ခ်ိန္တြင္ မူလဇာတ္ေၾကာင္းနဲ႔ လုံးဝကြဲထြက္ေနတာကို စာေရးဆရာက ေသခ်ာေပါက္ သိသြားလိမ့္မည္… ဒါေၾကာင့္ သူ႕ေခါင္းထဲ ဇာတ္ေၾကာင္းက ႐ုတ္တရက္ႀကီး ေပၚလာခဲ့တာက သူက ဇာတ္လမ္းထဲက ဇာတ္ေကာင္ျဖစ္တာကို အသိေပးတာျဖစ္ၿပီး မူလဇာတ္ေၾကာင္းအတိုင္း ျပဳမူသင့္ေၾကာင္း သူ႕ကို သတိေပးခ်င္တာ ျဖစ္ႏိုင္သည္။

တျခားတစ္ေယာက္သာ ဒီအေၾကာင္းကို ႐ုတ္တရက္ႀကီး သိသြားခဲ့ရင္ သူတို႔ ႐ူးသြားတာမ်ိဳး၊ သူတို႔ဘဝက တကယ္တည္႐ွိမေနပဲ စာေရးဆရာရဲ႕ ေဘာပင္ေအာက္တြင္ ခ်ေရးထားသည့္ ဇာတ္လမ္းသာျဖစ္ၿပီး သူတို႔ကံၾကမၼာကို အစကတည္းက တျခားတစ္ေယာက္က ထိန္းခ်ဳပ္ေနတာကို သိသြားခဲ့ရင္ လက္ခံႏိုင္ၾကမွာ မဟုတ္ေပ။

ဒါေပမဲ့ ဒီအေၾကာင္းက လီဂ်င္းယြမ္ အားနည္းနည္းေလး တုန္လႈပ္သြားေအာင္ေတာင္ မလုပ္ႏိုင္ေပ။

တစ္ခုတည္းေသာအရာက ေဇာင္ယုဟြမ္ လိုအမည္ရသည့္ ဇာတ္ေကာင္ပဲျဖစ္သည္။

သို႔ေသာ္လည္း သူမ မေသခင္က ဘာအေၾကာင္းမွ အမ်ားႀကီးမ႐ွိခဲ့ပဲ သူမေသဆုံးျခင္းက သူနဲ႔ပတ္သက္ေနၿပီး သူမက ဇာတ္ပို႔ေလး ျဖစ္ေနခဲ့သည္။

ဒါက အရမ္းကိုရယ္စရာေကာင္းတယ္!

သူ႕ဘဝကို သူလက္မေလ်ာ့ရင္ေတာင္ ေဇာင္ယုဟြမ္ ကိုသူဘယ္ေတာ့မွ အႏၲရာယ္ျပဳမွာ မဟုတ္ေပ။

ဇာတ္ေၾကာင္းတစ္ခုလုံးကို သိထားခဲ့သည့္ လီဂ်င္းယြမ္ က လင္းလန္ ကိုျမင္လိုက္ခ်ိန္တြင္ ေအးစက္ေန႐ုံသာမက မႏွစ္ၿမိဳ႕မႈပါ ျဖစ္လာခဲ့သည္။

မူလစာေရးဆရာရဲ႕ စေကးက မလုံေလာက္တာေၾကာင့္ ျဖစ္ႏိုင္ေပမဲ့ စာအုပ္ထဲမွ သူခ်စ္ခဲ့သည့္ မူလဇာတ္လိုက္မကို သူၾကည့္လိုက္ခ်ိန္တြင္ အူျမဴးလာသလိုသာ ခံစားလိုက္ရသည္။ ဒီဇာတ္ပို႔က ဟြမ္ဟြမ္ ရဲ႕အမႈန္အမႊားေလးေလာက္ေတာင္ လိုက္မမွီေပ။ စာေရးဆရာက မ်က္လုံးကန္းေနတာလား? ေတြးၾကည့္ဦး၊ သူက သူမကို ခ်စ္ႏိုင္မွာလား?

စာအုပ္ထဲတြင္ ေဖာ္ျပထားခဲ့သည့္ ေဇာင္ယုဟြမ္ ရဲ႕ေသျခင္းတရားကို ေတြးမိလိုက္ခ်ိန္တြင္ လီဂ်င္းယြမ္ ပိုၿပီးေတာ့ အေႏွာက္အယွက္ျဖစ္သြားခဲ့သည္။

အဲ့လိုေန႔မ်ိဳး ေရာက္လာဖို႔ကို သူေတြးေတာင္ မေတြးရဲေပ။

ေသြးေၾကာေတြက လီဂ်င္းယြမ္ ရဲ႕မ်က္လုံးထဲတြင္ တျဖည္းျဖည္း ေပၚလာခဲ့ၿပီး ထိုမ်က္လုံးေတြက ပိုၿပီးေတာ့ေတာင္ တင္းမာေနပုံေပၚသည္။

လင္းလန္ ကသူမအား ဘာလို႔ဒီလိုပုံစံမ်ိဳး ျပင္ထားလဲဆိုတာ လီဂ်င္းယြမ္ ေမးလာမွာကို ေစာင့္ေနခဲ့သည္။

ေနာက္ၿပီး မူလဇာတ္ေၾကာင္းက လုံးဝကို တစ္ဖက္သတ္ပဲျဖစ္သည္။

ေႏြးေထြးၿပီး လူႀကီးလူေကာင္းဆန္သည့္ လီဂ်င္းယြမ္ ရဲ႕အ႐ိုးထဲတြင္ ဝမ္းတြင္းမဲၿပီး အႏိုင္ယူလိုမႈေတြက မ်ားျပားလြန္းကာ ဇာတ္လိုက္မအေပၚ မ်ားျပားလြန္းလွသည့္ ပိုင္ဆိုင္လိုမႈေတြက တည္႐ွိေနတယ္လို႔သာ ေဖာ္ျပထားခဲ့သည္။

ထို႔ေနာက္ လင္းလန္ ကဒီလွည့္စားခ်က္ကိုသာ ျမင္ခဲ့သည္။

သို႔ေသာ္ လီဂ်င္းယြမ္ ရဲ႕ဝမ္းတြင္းမဲမႈကို မျဖတ္ေက်ာ္ႏိုင္တာကိုေတာ့ မေရးထားခဲ့ေပ။ သူ႕အနက္ေရာင္ျခမ္းက အရမ္းကိုမဲနက္ၿပီး ဘယ္ေသမ်ိဳးမဆို ဂ႐ုမမူတက္သည့္ အသြင္အျပင္မ်ိဳးျဖစ္သည္။

လင္းလန္ က လီဂ်င္းယြမ္ ရဲ႕ေအးစက္သည့္ အၾကည့္ျဖင့္ ဆုံလိုက္မႈရလဒ္ေၾကာင့္ သူစကားေျပာလာမွာကို မေစာင့္ႏိုင္ေတာ့ေပ။

လင္းလန္ ရဲ႕ႏွလုံးက ခုန္သြားခဲ့သည္။ “မ-မစၥတာလီ?”

ေနာက္ဆုံးေတာ့ လီဂ်င္းယြမ္ ကေျပာလိုက္သည္။ “မင္းက ငါ့ေနာက္ကို တိတ္တိတ္ေလးလိုက္ၿပီး ငါ့ဖုန္းကိုၾကည့္တယ္၊ ဒီအျပဳအမူ ႏွစ္ခုလုံးက မႏွစ္ၿမိဳ႕စရာ အျပဳအမူေတြပဲ။ မင္းေအးဂ်င့္က စီနီယာေတြအေပၚ ဘယ္လိုအျပဳအမူေတြ မျပဳလုပ္သင့္ဘူးဆိုတာကို မသင္ေပးထားဘူးလား?”

လင္းလန္ ကထိတ္လန္႔သြားေပမဲ့ သူမအျပဳအမူကေတာ့ မေႏွးေကြးပဲ အလ်င္အျမန္ စတင္ေတာင္းပန္လိုက္သည္။ “ကြၽန္မ ေတာင္းပန္ပါတယ္၊ ႐ွင့္ဖုန္းကိုၾကည့္မိဖို႔ မရည္႐ြယ္ပါဘူး။ ကြၽန္မက…”

“မင္း ငါ့ကို ဘာေျပာခ်င္ေနတာလဲ?” လီဂ်င္းယြမ္ ကျဖတ္ေျပာလိုက္သည္။

လင္းလန္ ကတံေတြးကို ၿမိဳခ်လိုက္ၿပီး ထူးဆန္းမႈကို ခံစားေနရသည္။ ဒီကမ႓ာက ဇာတ္ေၾကာင္းထဲကနဲ႔ လုံးဝကိုတူမေနဘူး…

သို႔ေသာ္ သူမက ေျပာလိုက္သည္။ “ေ႐ွာင္မင္မင္ လုပ္တဲ့အရာေတြက ကြၽန္မကို ခက္ခဲေစတယ္။ ကြၽန္မ- ကြၽန္မလည္း မလုပ္တက္ဘူး… မစၥတာလီ၊ ႐ွင္…”

ဒါက မူလဇာတ္ေၾကာင္းက အစိတ္အပိုင္းတစ္ခုပင္။

ဝမ္ေယာင္ခ်န္း ရဲ႕ရည္းစားေဟာင္း ေ႐ွာင္မင္မင္ က လင္းလန္ အားေနာက္ေန႔ပြဲအတြက္ သူမအဝတ္ေတြနဲ႔ ဖိနပ္ေတြကို ပ်က္စီးေအာင္လုပ္ၿပီး လင္းလန္ ကိုဒုကၡေရာက္ေစခဲ့သည္။ အဆုံးတြင္ေတာ့ သူမက လီဂ်င္းယြမ္ အေပၚမွီခိုၿပီး နာမည္ႀကီး အဝတ္အစားေတြနဲ႔ ဖိနပ္ေတြကိုရခဲ့ၿပီး ခ်က္ခ်င္းပင္ ေ႐ွာင္မင္မင္ ရဲ႕မ်က္ႏွာကို ႐ိုက္ခ်ႏိုင္ခဲ့သည္။

သို႔ေသာ္ လီဂ်င္းယြမ္ ကထိုအရာေတြက အရမ္းရယ္စရာေကာင္းတယ္လို႔သာ ထင္ေနသည္။

လင္းလန္ ကဇာတ္ေၾကာင္းကို သိေနတာ၊ ဒါမွမဟုတ္ သူတို႔ႏွစ္ေယာက္ၾကားက ဘာဆက္ဆံေရးမွမ႐ွိတာကို ဖိအားေပးၿပီး ထုတ္မျပသင့္ေပ။

သူမက ဇာတ္ေၾကာင္းကို သိေနတည္းက အဲ့အစြမ္းကိုအသုံးခ်ၿပီး အေႏွာက္အယွက္ေတြကို ဖယ္႐ွားၿပီး သူမသ႐ုပ္ေဆာင္ စြမ္းရည္ေတြ ပိုတိုးတက္ေအာင္လုပ္ၿပီး ေကာင္းတဲ့ဇာတ္လမ္းေတြ၊ ႐ိုက္ကူးေရးေတြကို အရယူဖို႔ မလုပ္ရတာလဲ? ေနာက္ၿပီး သူမက မူလဇာတ္ေၾကာင္းက ေနရာျမင့္ျမင့္ကို ရခဲ့တာပဲေလ၊ ဘာလို႔အက်ိဳး႐ွိ႐ွိ အသုံးမခ်ရတာလဲ?
ဘာေၾကာင့္ သူ႕ဆီ လာခဲ့တာလဲ?

ဇာတ္လိုက္မ႐ွိပဲ သူမက မ႐ွင္သန္ႏိုင္ဘူးလား?

လီဂ်င္းယြမ္ ကသူ႕အသိပညာေတြကို ဖုံးကြယ္ထားဖို႔မလုပ္ပဲ ေအးစက္စြာ ေျပာလိုက္သည္။ “မင္းကို စာနာေထာက္ထားၿပီး သနားေစခ်င္တာလား? ဒါဆို မင္းအဝတ္ေတြ၊ ဖိနပ္ေတြရဖို႔ တျခားတစ္ေယာက္ကို ႐ွာလိုက္ပါလား?… မူလဇာတ္ေၾကာင္းက အရာအားလုံးက ၿပီးဆုံးသြားၿပီ။ လူသားေတြပဲ အသက္႐ွင္ႏိုင္တယ္။ လူသားေတြက ဖိအားေပးၿပီး ထိန္းခ်ဳပ္ဖို႔မတက္ႏိုင္ဘူး။ မင္း မူလဇာတ္ေၾကာင္းအတိုင္း ဆက္ၿပီးသ႐ုပ္ေဆာင္ေနဖို႔ ေတြးေနတယ္ဆိုရင္ ငါကေကာ အဲ့အတိုင္း လိုက္သ႐ုပ္ေဆာင္ေပးႏိုင္မယ္လို႔ ထင္ေနလား?”

လင္းလန္ ကလုံးဝကိုလန္႔သြားခဲ့သည္။ “…႐ွင္… ႐ွင္လည္း… ႐ွင္လည္း ဇာတ္ေၾကာင္းကို သိေနတာလား…?”

“ငါသိတယ္” လီဂ်င္းယြမ္ ရဲ႕အၾကည့္က သူ႕ဆီေရာက္လာေနသည့္ ကားဆီကိုၾကည့္လိုက္ၿပီးေနာက္ လင္းလန္ ကိုေတာင္ အာ႐ုံမစိုက္ေတာ့ေပ။

“ဒါဆို ႐ွင္ဘာေၾကာင့္…”

လီဂ်င္းယြမ္ ကကားတံခါးကို ဖြင့္လိုက္ၿပီးေနာက္ သူမကို တစ္ခ်က္ၾကည့္လိုက္ၿပီး အသံနိမ့္ကာ ေျပာလိုက္သည္။ “မင္းႀကိဳးကိုင္ၿပီး မူလလမ္းေၾကာင္းအတိုင္း လိုက္ခ်င္ေနတာလား? ဒါမ်ိဳးကို မင္းသေဘာက်ရင္က်လိမ့္မယ္၊ ဒါေပမဲ့ ငါေတာ့ သေဘာမက်ဘူး။ တစ္ေယာက္ေယာက္က သူတို႔အ႐ွိန္အဝါနဲ႔ ဇာတ္ေၾကာင္းကို အသုံးခ်ၿပီးမွ ထိပ္ဆုံးကို တက္ႏိုင္တဲ့သူက လုံးဝကိုအ႐ူးပဲ”

လီဂ်င္းယြမ္ ကစကားေျပာၿပီးေနာက္ ကားထဲကိုဝင္လိုက္သည္။

ဒါက သူေျပာဖူးသမွ် စကားထဲတြင္ အၾကမ္းတမ္းဆုံး စကားျဖစ္လိမ့္မည္။

ဟြမ္ဟြမ္ သာသူေျပာခဲ့တာကို သိခဲ့ရင္ သူက လူႀကီးလူေကာင္းမဟုတ္ေပမဲ့ လုံးဝကို ေျဖာင့္မွန္တဲ့လူလို႔သာ ေတြးလိမ့္မယ္လို႔ လီဂ်င္းယြမ္ တိတ္တိတ္ေလး ေတြးလိုက္သည္။

ဒ႐ိုက္ဘာက ကားကိုစေမာင္းလိုက္ေပမဲ့ လင္းလန္ ကေတာ့အျပင္ဘက္မွ ကားျပတင္းကို ဆြဲထားခဲ့သည္။

သူမမ်က္ႏွာက အနီနဲ႔အျဖဴၾကား ေျပာင္းလဲေနၿပီး အက္႐ွသည့္အသံျဖင့္ ေမးလိုက္သည္။ “ဘာေၾကာင့္လဲ?”

“မူလဇာတ္ေၾကာင္းမွာ၊ လီဂ်င္းယြမ္ ကမိဘမဲ့ေဂဟာကလာၿပီး သူအ႐ြယ္ေရာက္လာခ်ိန္မွာ ခန္႔ညားတဲ့အသြင္အျပင္၊ ခ်မ္းသာမႈ၊ အဆင့္အတန္းနဲ႔ လူႀကိဳက္မ်ားမႈေတြ ႐ွိလာတယ္လို႔ပဲ စာေရးဆရာက ေရးခဲ့တယ္။ သူက အရာအမ်ားႀကီးသိၿပီး လူႀကီးလူေကာင္းဆန္ၿပီး ေႏြးေထြးတဲ့လူပဲ။ သူ႕တျခားအေတြ႕အၾကဳံေတြနဲ႔ အေတြးေတြက အရမ္းကိုမေရရာဘူး။ ဒါေတြကိုၾကည့္ရင္ ငါမႏွစ္ၿမိဳ႕သလိုပဲ ခံစားရတယ္” လီဂ်င္းယြမ္ ရဲ႕ႏႈတ္ခမ္းက ေကြးသြားခဲ့သည္။ “ဒါေပမဲ့ ေဇာင္ယုဟြမ္ အိမ္ကိုေခၚသြားခ်ိန္မွ ငါ့အစစ္အမွန္အတိုင္း ျဖစ္လာခဲ့တယ္လို႔ ငါေတြးမိတယ္။ သူမ ငါ့ကိုေခၚသြားေတာ့မွ ဘဝရဲ႕ေျပာင္းလဲမႈေတြကို ေတြ႕ၾကဳံႏိုင္ခဲ့တယ္။ ဒါကမွ ငါ့ကို စစ္မွန္တဲ့လူတစ္ေယာက္လို႔ ခံစားရေစတယ္။ အစတည္းက ငါက စာအုပ္ထဲက လီဂ်င္းယြမ္ မဟုတ္ဘူး။ ငါက ေဇာင္ယုဟြမ္ ရဲ႕လီဂ်င္းယြမ္ ပဲ”

လင္းလန္ ကေနရာတြင္သာ တုန္လႈပ္ေနခဲ့သည္။

လီဂ်င္းယြမ္ ကခလုတ္ကို ႏွိပ္လိုက္ၿပီး ကားျပတင္းက အေပၚကို အလ်င္အျမန္ တက္သြားခဲ့သည္။

လင္းလန္ ကထိတ္လန္႔သြားၿပီး သူမလက္ကို အျမန္ျပန္႐ုတ္လိုက္သည္။

သူက စာအုပ္ထဲက လီဂ်င္းယြမ္ မဟုတ္ဘူး…

သူက ေဇာင္ယုဟြမ္ ရဲ႕လီဂ်င္းယြမ္ ပဲ…

လင္းလန္ ကသူမမ်က္ႏွာအား အုပ္လိုက္ၿပီး ထိုင္ခ်လိုက္သည္။ ဒါဆို သူမကေကာ? သူမက ဘယ္သူလဲ? သူမ အရင္ဘဝက လင္းလန္ လိုမ်ိဳးေနာင္တေတြအျပည့္နဲ႔ ေသဆုံးရမဲ့ ကံၾကမၼာမ်ိဳးလား? ဒါမွမဟုတ္ အရာအားလုံးရခဲ့တဲ့ ဇာတ္လမ္းထဲက လင္းလန္ လိုမ်ိဳးလား? မဟုတ္ဘူး၊ မဟုတ္ဘူး၊ သူမက အရင္ဘဝက လင္းလန္ လိုမ်ိဳးမျဖစ္ရဘူး။ သူမက အဲ့လင္းလန္ လိုမ်ိဳး ထပ္ၿပီးမျဖစ္ရဘူး!

ကားထဲတြင္

လီဂ်င္းယြမ္ ကသူ႕ဖုန္းကို ထုတ္လိုက္ၿပီး ေဇာင္ယုဟြမ္ ကိုေခၚလိုက္သည္။ “ဟြမ္ဟြမ့္ အတြက္ လာဗာခ်ိစ္ကိတ္ ဝယ္လာေပးရမလား?”

“အင္း!” သူမက ျပန္ေျဖလိုက္သည္။ အေနာက္တြင္ ဂိမ္းအသံမ်ိဳး သူၾကားေနရသည္။

လီဂ်င္းယြမ္ ကေပ်ာ္႐ႊင္စြာျဖင့္ ျပဳံးလိုက္သည္။ “အိုေက၊ အိမ္မွာေစာင့္ေန”

#ေနာက္ႏွစ္ပိုင္းက်န္ေသးတယ္ 😊 ေပ်ာ္သြားၾကလား 😁 ကိုယ္အလုပ္႐ႈပ္ေနတာ ႏွစ္‌လေလာက္ အလုပ္မ်ားမယ္ထင္တယ္၊ အားတဲ့အခ်ိန္ေလး ေျပးၿပီး ဘာသာျပန္ရတာဆိုေတာ့ ၾကာေနတာ#

—————

[text_hash] => 2418cfa1
)

//qc
//QC2