ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] – ≪ 106 ≫
// qc

ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] - ≪ 106 ≫

Array
(
[text] =>

Unicode

ဝမ်ယောင်ချန်း ကသူ့ဖုန်းအား အချိန်အတော်ကြာ ကြည့်နေခဲ့သည်။

“သူ တကယ်ကြီး လုပ်ခဲ့တာပဲ။ တကယ်ကြီး သူ့ကိုယ်သူ ထုတ်ပြောလိုက်တာပဲ” ဝမ်ယောင်ချန်း ကဆိုးရွားသည့် အမူအရာဖြင့် ပြောလိုက်သည်။

လီဂျင်းယွမ် ကသူ့ပုခုံးကို ချိုးလုနီးပါးဖြစ်ခဲ့ပြီး ဟုန်ချန်းမင်း ကတော့ သူ့ခေါင်းကို သေနတ်နဲ့ ပစ်လုနီးပါး ဖြစ်ခဲ့သည့် အချိန်တွေကို သူမှတ်မိနေတုန်းပင်… ဇောင်ယုဟွမ် ပေးခဲ့သည့် စာချုပ်ကို လက်မှတ်ထိုးခဲ့ပြီးပေမဲ့ ဒါတွေက သူ့အား ပိုပြီးတော့သာ နောင်တရလာစေသည်။ လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့သာ မပါဝင်ခဲ့ရင် ဒီလိုအရာလေး တစ်ခုတည်း သူရနိုင်မှာလဲ? အခုတော့ ဖျော်ဖြေရေးလောကမှာ သူ့နောက်ပိုင်း လှုပ်ရှားမှုတွေကို စိုးရိမ်နေဖို့ မလိုတော့ဘူး!

သူ့အေးဂျင့်ကလည်း မခံမရပ်နိုင်ဖြစ်ကာ နောင်တရနေခဲ့သည်။ “လီဂျင်းယွမ် ကိုထပ်ပြီး ဆွပေးလို့မရတော့ဘူး… သူက လီရုံ ရဲ့သားဖြစ်နေမယ်လို့ ဘယ်သူက ထင်မိမှာလဲ? သူက မိဘမဲ့ဂေဟာကဆိုတဲ့ သတင်းထွက်လာတာနဲ့ လီရုံ ကသူ့ကို သတိပြုမိသွားပြီး သူ့နွေဦးကို ရသွားတယ်လေ။ ဒရမ်မာတွေတောင် ဒီလိုဇာတ်ကြောင်းမျိုး မရှိတော့ဘူး!”

“လီဂျင်းယွမ် ကမြန်မြန်လုပ်မှာ သေချာတယ်။ အသိပေးပြီးတာနဲ့ ချက်ချင်း ထွက်သွားလိမ့်မယ်၊ သက်ရောက်မှုကို နည်းနိုင်သမျှနည်းအောင် လုပ်မှာပဲ။ အခုတော့ အင်တာနက်မှာလည်း သူ့အကြောင်းတွေနဲ့ ပြည့်နေတယ်။ အရင်က ဒေါသဖြစ်စရာ သတင်းတွေကို ဘယ်သူက အမှတ်ရတော့မှာလဲ?” အေးဂျင့်က ခေါင်းခါလိုက်သည်။ “ဘာပဲဖြစ်ဖြစ်၊ ဒီအကြောင်းကို မေ့လိုက်သင့်တယ်။ ဒီလူက ညှိနှိုင်းဖို့လွယ်တဲ့လူမျိုး မဟုတ်ဘူး။ မင်း ကောင်းကောင်း မလုပ်နိုင်ရင် မင်းရေးခဲ့တဲ့ပို့စ်ကြောင့် သူထွက်သွားဖို့ ရေတပ်က ဖိအားပေးတာလို့ စတွေးကြလိမ့်မယ်”

ဝမ်ယောင်ချန်း ကနည်းနည်းတော့ ဒေါသထွက်သွားပြီး သူ့မျက်နှာထက်တွင် တည်ငြိမ်နေသည့် အမူအရာကို ဆက်ထိန်းမထားနိုင်တော့ပေ။ “ငါ မှားသွားခဲ့တာ။ သူမ သိသွားတာနဲ့ မစ္စဇောင် ကချက်ချင်း လှည့်ထွက်သွားပြီး သူ့ကိုလုံးဝငြင်းပစ်လိုက်မယ်၊ ဒါမှမဟုတ် လီဂျင်းယွမ် ကိုရှောင်နေမယ်လို့ ထင်ခဲ့တာ…”

အေးဂျင့်က ဝမ်ယောင်ချန်း ရဲ့အတွေးတွေကို ဆက်ပြောလိုက်သည်။ “သူတို့ခံစားချက်တွေက ထူးခြားနေမယ်လို့ ထင်မထားခဲ့ဘူး။ ဒီလိုပုံစံမျိုးဆိုရင်တောင် လီဂျင်းယွမ် က မစ္စဇောင် ကိုနူးညံ့သွားအောင် အားနည်းပြလိုက်ရုံပဲလိုတယ်”

အေးဂျင့်ရဲ့အသံက ရုတ်တရက် ရပ်သွားခဲ့ပြီးနောက် ရုတ်ချင်း ကျယ်လောင်စွာ ပြောလိုက်သည်။ “အပြင်ကဘယ်သူလဲ?”

သူ့ခုံမှထ,လိုက်ပြီး အလျင်အမြန် တံခါးကိုဖွင့်လိုက်ပေမဲ့ အပြင်ဘက်တွင် ဘယ်သူမှရှိမနေပေ။

အေးဂျင့်က မျက်မှောင်ကြုတ်လိုက်ပြီး ပြန်လျှောက်လာကာ ဝမ်ယောင်ချန်း ကိုဆက်ပြောလိုက်သည်။ “သူတို့တွေ မင်းဘက်လှည့်လာမှာကို စောင့်မနေသင့်ဘူး။ မင်းရည်ရွယ်ချက်ကို စတင်သင့်တယ်၊ မဟုတ်လို့ အချိန်ကျလာရင် သူတို့က မင်းစကားကို နားထောင်ကြတော့မှာ မဟုတ်ဘူး။ အဲ့လူတွေက ငါတို့ကိုသေစေဖို့ လက်ချောင်းလေးတွေ လှုပ်လိုက်ဖို့ပဲလိုတယ်…”

ဝမ်ယောင်ချန်း ကမကျေမနပ်ဖြစ်နေပေမဲ့ ဒီအချိန်ကို ရောက်လာပြီဖြစ်တာကြောင့် လိုက်လျောညီထွေဖြစ်အောင် လုပ်သင့်သည်။

သူခေါင်းညိတ်လိုက်သည်။ “ငါ့အတွေးနဲ့အတူတူပဲ”

ထို့နောက် လင်းလန် ကနံရံတွင် ကျောမှီထားကာ မီးတောက်ဆီမှ လွတ်မြောက်လာသည့်လူလိုမျိုး အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။

ဇောင်ယုဟွမ်… တကယ်ကြီးကို ရင်ဆိုင်ဖို့ အဲ့လောက်ခက်ရလား?

ဝမ်ယောင်ချန်း တောင်ကြောက်သွားတယ်?

ဖျော်ဖြေရေးမှာ ဝမ်ယောင်ချန်း ရဲ့နေရာက အရမ်းမြင့်တာ မဟုတ်ဘူးလား?

လင်းလန် ကအရမ်းစိတ်ပျက်သွားသည်။

အရင်က သူမအထင်ကြီးခဲ့သည့် ဝမ်ယောင်ချန်း ကဒီလောက်ပဲပေါ့! ဒါကိုသာ အရင်တည်းက သိခဲ့ရင် သူ့စတူဒီယိုမှာ သူမ လက်မှတ်မထိုးခဲ့ပါဘူး!

လင်းလန် ကသူမဖုန်းကို ထုတ်လိုက်ပြီး ခေါ်လိုက်သည်။

“အရင်က မစ္စဇောင် အမေ၊ မစ္စစ်ဒင် ကရှင့်မိသားစုနဲ့ တိုင်ပင်ပြီးတော့ ရှင်နဲ့ မစ္စဇောင် ကိုစီစဉ်ပေးဖို့ လုပ်ထားခဲ့တယ်လို့ ရှင်ပြောခဲ့တာကို ကျွန်မ မှတ်မိတယ်။ လီဂျင်းယွမ် က ဇောင်ယုဟွမ် ကိုလူသိရှင်ကြား ဝန်ခံလိုက်တဲ့အကြောင်း လိုင်းပေါ်မှာပြန့်သွားတော့ ဒါက မဖြစ်သင့်ဘူးလေ… ဟုတ်တယ်မလား? ဒီအကြောင်းကြောင့် ရှင့်မျက်နှာ အပျက်ခံမလို့လား?”

တစ်ဖက်က စကားတချို့ကို ပြောလိုက်သည်။

လင်းလန် ကပြုံးလိုက်ပြီး ချော့မြူသည့်အသံဖြင့် ပြောလိုက်သည်။ “အိုကေ၊ ကျွန်မ ရှင့်စကား နားထောင်မယ်”

လီဂျင်းယွမ် ရဲ့အေးစက်စက် ငြင်းပယ်မှုကြောင့် လင်းလန် ကသူမရဲ့အရှိန်အဝါကို စတင်သံသယဝင်လာခဲ့ပြီး ဒီပြန်လည်မွေးဖွားမှုကြောင့် ဇာတ်လိုက်မက သူမဖြစ်တယ်လို့တောင် တွေးနေခဲ့သည်။

ဒါပေမဲ့ ဒီလိုမျိုး မဖြစ်သင့်ဘူးလေ!

ဇောင်ယုဟွမ် ကဘယ်လိုလုပ်ပြီး သူမကို ယှဉ်နိုင်ရမှာလဲ? သူမက ဇာတ်လိုက်အရှိန်အဝါရှိနေတဲ့ လူပဲလေ!

ထို့ကြောင့် လင်းလန် ကမူလဇာတ်ကြောင်းမှ အမျိုးသားဇာတ်ပို့တွေကို သူမ စတွေးခဲ့သည်။

သူတို့ဆီ ချဉ်းကပ်နိုင်ဖို့လည်း အခွင့်အရေးတွေ ရခဲ့သည်။

ကံကောင်းတာက သူတို့က မူလဇာတ်ကြောင်းနဲ့ မဆန့်ကျင်ခဲ့ပဲ လင်းလန် ကိုသဘောကျကြတုန်းပင်။ ဒါက လင်းလန် အားယုံကြည်မှုကို ပြန်ရလာစေပြီး သူမတွင် ဆွဲဆောင်မှုညှို့ဓာတ်က ရှိနေတုန်းဆိုတာကို အတည်ပြုနိုင်ခဲ့သည်။

ဒီအချိန်တွင် ဇာတ်လိုက်ရဲ့ ထိန်းချုပ်ခြင်း၊ ဖိနှိပ်ခြင်းတွေမပါပဲ လူအများကြီးက သူမကို ပိုးပန်းကြပြီး ချိုမြိန်မှုတွေကိုလည်း ရခဲ့သည်။ ဒါက လင်းလန် ကိုအရသာတွေ့စေသည်။

လင်းလန် ကမူလဇာတ်ကြောင်းမှ အဝေးဆုံးကို လျှောက်လှမ်းနေမိတာကို နားမလည်သေးပေ။

မူလဇာတ်ကြောင်းတွင် သူမက ပြန်လည်မွေးဖွားလာပြီး အရင်ဘဝက မကျေနပ်ချက်တွေ၊ အနိုင်ကျင့်မှုတွေကြောင့် ဖျော်ဖြေရေးလောကတွင် တိုက်ခိုက်ခဲ့ရသည်။ တခြားလူတွေကို မှီခိုဖို့ကိုလည်း မတွေးခဲ့ပေ။ ဒါကပဲ မူလကဇာတ်လိုက်ဖြစ်တဲ့ လီဂျင်းယွမ် ကိုစိတ်ဝင်စားသွားစေသည့် အချက်ပင်ဖြစ်သည်။

သို့သော် အခုတော့ သူမက ဇာတ်ကြောင်းကို သိပြီးသားဖြစ်ကာ သူမကိုယ်သူမ အမှီခိုကင်းကင်းနဲ့ တိုးတက်အောင်လုပ်ဖို့ အတွေးနည်းနည်းသာ ရှိနေသည်။ သူမမူလကနှလုံးသားက သတိလက်လွတ် ဖယ်ကျဉ်နေခဲ့သည်။

သူမက ဇာတ်လိုက်မဖြစ်တည်းက သူမအတွက် အရာအားလုံး ထိုက်တန်တယ်လို့သာ တွေးနေခဲ့သည်။ သူမ ဘာကိုမှမရလာချိန်တွင် သံသယ၊ မနာလိုမှု၊ ဒေါသ၊ စိတ်ခြောက်ခြားမှုတွေ စတင်ဖြစ်လာခဲ့သည်။

အရာအားလုံးကို ပြောင်းလဲသွားခဲ့ပြီ။

သို့သော် လင်းလန် ကဒါကိုမသိပေ။

ဇောင်ယုဟွမ် လည်းမသိပေ။

ဇောင်ယုဟွမ် ကစားပွဲတွင် ထိုင်နေပြီး သူမရှေ့က လူနှစ်ယောက်အား တစ်ရှူးကို ကမ်းပေးလိုက်သည်။ “တစ်ခုခု ထပ်လိုသေးလား?”

“မလိုတော့ဘူး” ဟုန်ချန်းမင်း ကသူ့လက်ကို ဝေ့ယမ်းလိုက်သည်။ သူ့ခံစားချက်က ပိုကောင်းလာခဲ့သည်။ နောက်ပြီး သူက ဇောင်ယုဟွမ် ကိုနမ်းလည်းနမ်းပြီးတာကြောင့် ဒါထက် တခြားဘာကို ပိုထည့်တွက်နိုင်မှာလဲ?

သို့သော် လီဂျင်းယွမ် ကတော့မတူပေ။ သူ့အမူအရာက တည်ငြိမ်နေပြီး သူ့အကြည့်တွေက နူးညံ့နေပေမဲ့ သူ့နှာခေါင်းမှ သွေးလျှံနေတာက မရပ်သေးပေ။ သူ့အသွင်အပြင်က အရမ်းကို ရယ်စရာကောင်းနေသည်။

“ဟွမ်ဟွမ်… တောင်းပန်ပါတယ်…” လီဂျင်းယွမ် ကပြောလိုက်သည်။ သူ့မျက်နှာထက်တွင် နှာခေါင်းမှစီးကျနေသည့် စီးကြောင်းနှစ်ခုနဲ့ သူ့ပုံစံက အတော်လေး သနားစရာကောင်းနေပြီး ရယ်စရာလည်းကောင်းနေသည်။

“ဘာအတွက် တောင်းပန်နေတာလဲ?” ဇောင်ယုဟွမ် ကငုံ့ကြည့်လိုက်ပြီး သူတို့နှစ်ယောက်အတွက် ရေလောင်းထည့်ပေးလိုက်သည်။

ထိုအချိန်တွင် ဇောင်ယုဟွမ် ရဲ့ဖုန်းက မြည်လာခဲ့သည်။

ဖုန်းခေါ်သူကို သူမ မစစ်ကြည့်ရသေးခင် ဟုန်ချန်းမင်း ကလက်တစ်ဖက်ဖြင့် သူ့နှာခေါင်းကိုဖိထားကာ ကျန်လက်ဖြင့် သူမဆီမှ ဖုန်းကိုလှမ်းယူလိုက်သည်။

“ဝမ်ယောင်ချန်း? ဟမ်? သူက မင်းကို နှောက်ယှက်နေတုန်းပဲလား?” ဟုန်ချန်းမင်း က ဇောင်ယုဟွမ် အားကြည့်လိုက်သည်။

ဇောင်ယုဟွမ် ကအသက်ရှင်ဖို့အတွက် စိတ်အားထက်သန်စွာဖြင့် သူမခေါင်းအား အလျင်အမြန် ခါလိုက်သည်။ “မဟုတ်ပါဘူး၊ သူက ဒီနေ့မှခေါ်လာတာ…”

ဟုန်ချန်းမင်း ကစိတ်ဆိုးပြီး သူမကိုစားပွဲပေါ်ဖိပြီးကိုက်ရင် ဘယ်လိုလုပ်မလဲ?

ဒါဆို ကမ္ဘာကြီးက ဇောက်ထိုးမိုးမျှော်တွေ ဖြစ်ကုန်မှာပဲ!

ဟုန်ချန်းမင်း ကဖုန်းခေါ်ခြင်းကို လက်ခံလိုက်ပြီး စပီကာကို ချက်ချင်း ဖွင့်လိုက်သည်။

“မစ္စဇောင်၊ တောင်းပန်ပါတယ်။ မင်းကို နှောက်ယှက်မိလို့ တောင်းပန်ပါတယ်…”

“မစ္စတာလီ အကြောင်း လူထုရှေ့ရောက်အောင် ရေတပ်အဖွဲ့ကို ဝယ်ခဲ့တာ ကိုယ်မဟုတ်ပါဘူး။ ကိုယ့်ထက် ကိုယ့်အေးဂျင့်လည်း ဒီအကြောင်းကို သိပါတယ်။ တစ်ယောက်ယောက်က ကိုယ်တို့ဆွေးနွေးတာကို နားစွန်နားဖျား…”

“မစ္စတာဝမ်၊ မင်းလုံခြုံရေးအတွက် အာမခံချက်ရမဲ့နည်းလမ်းကို သိလား?” လီဂျင်းယွမ် ကအလျင်မလိုစွာဖြင့် ပြောလိုက်သည်။

တစ်ဖက်မှအသံက ချက်ချင်း တိတ်သွားခဲ့သည်။

အချိန်အတော်ကြာပြီးနောက် ဝမ်ယောင်ချန်း ကမေးလိုက်သည်။ “ဘာ?”

“မင်းဆီက ဒီဖုန်းနံပါတ်ကို ဖျက်ပစ်လိုက်၊ ဘယ်တော့မှ ဟွမ်ဟွမ် ကိုထပ်မခေါ်နဲ့တော့” လီဂျင်းယွမ် ကပြောလိုက်သည်။

ဇောင်ယုဟွမ် က လီဂျင်းယွမ် ကိုကြည့်လိုက်သည်။ ထိုစကားကို ပြောလိုက်ချိန်တွင် လီဂျင်းယွမ် ရဲ့အကြည့်တွေက အေးစက်နေတာကို သူမတွေ့လိုက်ရသည်။ လီဂျင်းယွမ် ရဲ့ဒီပုံစံက မူလဇာတ်လိုက်နဲ့ ပိုဆင်တူသည်။

ဟုန်ချန်းမင်း က လီဂျင်းယွမ် ပြောသည့်နောက်မှဆက်ကာ အေးစက်စွာနဲ့ ပြောလိုက်သည်။ “ဘာအတွက်ခေါ်နေသေးလဲ? ဝမ်ယောင်ချန်း၊ မင်းဘာပဲပြောပြော ငါတို့က လုံးဝစိတ်မဝင်စားဘူး။ နည်းနည်းလေးလောက်ပိုပြီး ပါးနပ်စမ်းပါ၊ ဒီလိုအတွေးတွေနဲ့ ဟွမ်ဟွမ့် ဆီလာမနေနဲ့။ ဒါဆို ငါတို့က မင်းကို အန္တရာယ်မပေးဘူး”

ဘေးမှ ဇောင်ယုဟွမ် ကကြည့်နေခဲ့သည်။

ထင်တဲ့အတိုင်းပင် ဒါက လူသိရှင်ကြားဖြစ်သွားပြီးနောက် သူတို့က အကြောက်အလန့်မရှိတော့တာပဲ။
သူမရှေ့မှနှစ်ယောက်က ဘာကိုမှမဖုံးကွယ်ထားကြဘူး!

“ငါ…” တစ်ဖက်မှလူက ပါးစပ်ဖွင့်ပြီး ပြန်ပိတ်လိုက်ကာ ပြောစရာစကားမဲ့နေသည်။

“ငါ့အတွင်းရေးမှူးက မင်းဆီကို ငါ့ဖုန်းနံပါတ် ပေးလိမ့်မယ်။ မင်း နောင်တရသလိုရှိလာရင် ငါ့ဆီသာခေါ်၊ ဟွမ်ဟွမ့် ဆီကိုလုံးဝမခေါ်နဲ့” သူ့စကားကို ပြောပြီးသည်နှင့် ဟုန်ချန်းမင်း ကဖုန်းချလိုက်ပြီး ဇောင်ယုဟွမ် ဆီကိုဖုန်းပြန်ပေးလိုက်သည်။

ထို့နောက် ဇောင်ယုဟွမ် စိတ်ဆိုးမှာကို မကြောက်ပဲ သတိပေးသည့်အကြည့်ဖြင့် ဇောင်ယုဟွမ် ကိုကြည့်လိုက်သည်။

ဇောင်ယုဟွမ် ကသူမဖုန်းကို ပြန်ယူလိုက်သည်။ “ရှင်တို့နှာခေါင်း သွေးလျှံနေသေးလား?”

ဟုန်ချန်းမင်း ကနှာခေါင်းသွေးလျှံတာ ရပ်သွားတာကြောင့် သူ့ခေါင်းကိုခါလိုက်သည်။

လီဂျင်းယွမ် ကဩရှနေသည့်အသံဖြင့် ပြန်ဖြေလိုကသ်ည်။ “နည်းနည်းတော့ လျှံနေသေးတယ်” ဩရှနေသည့်အသံတွင် ဆွဲဆောင်မှုရှိသည့်အသံက ပါဝင်နေသည်။

“ဟွမ်ဟွမ်…” ဟုန်ချန်းမင်း ကအသံတိုးလေးနဲ့ ပြောလိုက်သည်။ “မင်းအတွေးတွေက ဘယ်လိုလဲ?”

လီဂျင်းယွမ် ကချက်ချင်းပင် သူ့ရပ်တည်ချက်ကို ဖော်ပြလိုက်သည်။ “ဟွမ်ဟွမ်၊ ကိုယ့်ဖျော်ဖြေပွဲမှာတုန်းက ပြောခဲ့သလိုပဲ ကိုယ် မင်းကို ဖိအားပေးမှာ မဟုတ်ဘူး။ မင်း ဖြည်းဖြည်းချင်း စဉ်းစားလို့ရတယ်။ ဟုန်ချန်းမင်း ရဲ့စိတ်က ကိုယ်နဲ့လုံးဝမတူဘူး”

ဟုန်ချန်းမင်း ကသူ့ဆီ အကြည့်တစ်ချက် ပို့လိုက်သည်။
သို့သော် လီဂျင်းယွမ် က ဇောင်ယုဟွမ် ကိုသာ ပြုံးပြနေခဲ့သည်။

ဇောင်ယုဟွမ် ကသူ့ဆီ တစ်ရှူးကို ကမ်းပေးလိုက်သည်။ “သွေးတွေကိုသုတ်ပြီးမှ ပြုံးပြ”

“…အို” လီဂျင်းယွမ် ကတစ်ရှူးကို လှမ်းယူလိုက်ပြီး သူ့မျက်နှာအား သန့်ရှင်းသွားအောင် တဖြည်းဖြည်း သုတ်လိုက်သည်။

“တချို့အရာတွေကို တည့်တိုးပဲလုပ်ချင်တယ်” ဇောင်ယုဟွမ် ကရပ်လိုက်ပြီး ပြောလိုက်သည်။ “လူသားတွေမှာ အရင်ဘဝရှိတာကို ယုံကြလား?”

ယောင်္ကျားနှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် ကြည့်လိုက်ကြပြီး ချက်ချင်းပဲ သူတို့အတွေးတွေကို ထပ်တူညီလိုက်ကြပြီး ခေါင်းညိတ်လိုက်ကြသည်။ “အင်း!”

ဟွမ်ဟွမ် ကရုတ်တရက်ကြီး ဒီအကြောင်းကို မေးလာတည်းက ဒီအထဲတွင် အကြောင်းပြချက် ရှိရလိမ့်မည်။ အတိတ်ဘဝကို သူတို့မယုံကြရင်တောင် ယုံတယ်လို့ ပြောဦးမှာပဲ။

“ဟွမ်ဟွမ့် မှာအရင်ဘဝရှိတယ်။ အတိတ်တုန်းက ချမ်းသာတဲ့ဘဝမှာ နေခဲ့ပြီး ဒီမျက်နှာနဲ့ပဲ။ ဟွမ်ဟွမ့် မိသားစုတွေအားလုံးက ဟွမ်ဟွမ့်ကို ချစ်ကြတယ်”

လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့နှစ်ယောက်လုံးက စိတ်ဝင်တစားဖြင့် နားထောင်နေကြပြီး သူမစကားက ထူးဆန်းတယ်လို့ ထင်စေရသည့် အမူအရာလေး တစ်ခုတောင် ပေါ်မနေပေ။

သူတို့စိတ်တွေကတော့ တခြားကမ္ဘာရှိနေရင် အဲ့ကမ္ဘာမှာ ဟွမ်ဟွမ့် ရဲ့ပုံစံက ဘယ်လိုဖြစ်မလဲဆိုတာကိုသာ သိချင်နေကြသည်။

“ဒါပေမဲ့ ဝမ်းနည်းစွာပဲ ဟွမ်ဟွမ် ကအားနည်းပြီး အရမ်းဖျားနေခဲ့တယ်။ ဟွမ်ဟွမ့် တစ်ဘဝလုံးကို ဆေးရုံမှာပဲ ကုန်ဆုံးခဲ့ပြီး ဆေးအမျိုးမျိုးနဲ့ ကုသမှုကိုပဲ ခံယူခဲ့ရတယ်။ အသက် ၂၅ နှစ်အထိ ရှင်နေဖို့ဆိုတာက ဟွမ်ဟွမ် အတွက် ခက်ခဲတယ်လို့ ဒေါက်တာတွေက ပြောကြတယ်။ အို၊ တကယ်တော့ ဟွမ်ဟွမ် ကအသက် ၂၅ နှစ်ထိတောင် မနေခဲ့ရပါဘူး။ ဒေါက်တာက ဟွမ်ဟွမ့် အကြောင်းကို ပြောချိန်မှာ ဟွမ်ဟွမ် တစ်ခုသင်ယူခဲ့တယ်”

“ဘာလဲ?” ဟုန်ချန်းမင်း ကမျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

သူမရဲ့အတိတ်ဘဝတုန်းက အသက် ၂၅ နှစ်ထိ မနေရဘူးဆိုတဲ့ စကားလုံးကို ကြားလိုက်ချိန်တွင် သူ့ရင်ဘတ်မှ နှလုံးက ခုန်ထွက်လာတော့မလို ခံစားလိုက်ရသည်။

သူ့ခေါင်းကလည်း နာကျင်ကိုက်ခဲလာခဲ့ပြီး သူ့တွေးနိုင်စွမ်းတွေတောင် ပျောက်ရှလုနီးပါး ဖြစ်လာခဲ့သည်။

“အဲ့ဒါက ဂရုမစိုက်ဖို့ပဲ။ ဟွမ်ဟွမ် ဂရုစိုက်မိတဲ့ အရာတွေကို ဂရုမစိုက်မိဖို့ပဲ။ အို၊ အဲ့ဒါက ရှေ့နောက်နည်းနည်း မညီသလိုပဲ။ ပုံမှန်ဆို ဟွမ်ဟွမ် ကငါးကြိုက်ရင် မစားမိအောင် ကြိုးစားရတယ်၊ ကိုယ့်ကိုယ်ကို ထိန်းချုပ်ရတယ်၊ ဟွမ်ဟွမ် ကြိုက်တဲ့အရာတိုင်းကို လောဘကြီးလို့ မရဘူး။ ဟွမ်ဟွမ် တစ်စုံတစ်ယောက်ကို သဘောကျခဲ့ရင်လည်း ကိုယ့်ဘာသာ ထိန်းချုပ်ရမယ်။ အစားအသောက်က အဆင်ပြေပေမဲ့ ဟွမ်ဟွမ့်ဘဝထဲက လူတွေဆိုရင်တော့ ခက်ခဲတယ်။ လွဲချော်သွားတာတွေ ပိုမြင်လာတာနဲ့ ဟွမ်ဟွမ့်မိသားစုကို လက်လွှတ်မခံနိုင်ဘူး၊ နောက်ပြီး သေလည်းမသေချင်ခဲ့ဘူး။ ဟွမ်ဟွမ့်ရောဂါ နောက်ဆုံးအဆင့်အချိန်မှာ ဟွမ်ဟွမ် ကစိတ်ခြောက်ခြားလာတယ်၊ ရူးသွပ်လာတယ်၊ ဟွမ်ဟွမ် ဆုံးရှုံးရတော့မဲ့ အရာတွေကြောင့် ကိုယ့်ဘာသာ နှိပ်စက်လာမိတယ်၊ နောက်ပြီး ဟွမ်ဟွမ့် ပတ်ဝန်းကျင်က လူတွေကိုတောင် နှိပ်စက်မိခဲ့တယ်။ ဟွမ်ဟွမ် အသက်ရှင်နေချိန်မှာ မစစ်မှန်တဲ့အတွေးတွေ ရှိလာခဲ့တယ်…”

“တစ်စုံတစ်ခုကို ဆုံးရှုံးရတဲ့နာကျင်မှုကို မခံစားဖူးရင် ပထမဆုံးအနေနဲ့ နှလုံးသားကို ဖွင့်ပေးနိုင်မှာ မဟုတ်ဘူး။ ဒီလိုခံစားချက်ကို ဟွမ်ဟွမ် စိတ်ထဲစွဲနေခဲ့တာ ၁၀ နှစ်ကျော်ပြီ”

ဇောင်ယုဟွမ် ကဆက်ပြောလိုက်သည်။ “ဟွမ်ဟွမ် သေသွားပြီးတော့ ဒီကမ္ဘာမှာ ဇောင်ယုဟွမ် ဆိုတဲ့သူဆီမှာ သတိပြန်ရလာခဲ့တယ်။ ဟွမ်ဟွမ့် မှာဝမ်းနည်းမှုတွေ၊ သနားမှုတွေ၊ ပျော်ရွှင်မှုတွေ ဘာကိုမှမခံစားခဲ့ရဘူး။ ဟွမ်ဟွမ့်ကို ချစ်ပေး၊ အလိုလိုက်ပေးတဲ့ မိသားစုတွေကို ကောင်းမွန်တဲ့ မှတ်ဉာဏ်တွေပဲ ချန်ထားပေးခဲ့တယ်။ ဟွမ်ဟွမ် စိတ်မကျေနပ်သလို မခံစားရဘူး”

ဇောင်ယုဟွမ် ကမျက်တောင်ခတ်လိုက်သည်။ “ဒါပေမဲ့ အခုလက်ရှိဟွမ်ဟွမ် ကကျန်းမာနေတာကို မေ့သွားခဲ့တယ်။ ဒါပေမဲ့ အရင်ဘဝက ကြုံတွေ့ခဲ့ရတာတွေကြောင့် ဟွမ်ဟွမ့်ဆီ ရောက်လာတဲ့အရာတွေကို ဆုံးရှုံးရမှာကို တွေးကြောက်လာခဲ့တယ်၊ နောက်ပြီး ပထမဆုံးအနေနဲ့ ဘာကိုမှမစွန့်စားရဲဘူး”

“အစတည်းက ရှင်တို့အတွေးတွေကို ဟွမ်ဟွမ် နားလည်ခဲ့သင့်တာ။ ဒါပေမဲ့ ဟွမ်ဟွမ် ကသတိမမူမိခဲ့ဘူး…” ဇောင်ယုဟွမ် ကဆက်ပြောလိုက်သည်။ “ဟွမ်ဟွမ် တောင်းပန်ပါတယ်”

ဟုန်ချန်းမင်း ကသူမလက်ကို ဆွဲလိုက်ပြီး လှည့်လိုက်သည်။

သူ့လက်တွေနဲ့ သူမမျက်လုံးထောင့်ကို သုတ်ပေးလိုက်သည်။

သူမမျက်လုံးက နည်းနည်းနီနေသည်။ သူမမျက်နှာတွင် ဝမ်းနည်းနေသည့် အမူအရာကရှိနေပြီး မျက်လုံးထောင့်တွင် မျက်ရည်တွေက ရှိနေပေမဲ့ ကျမနေပေ။

ဒါက မျက်ရည်စက် တစ်စက်တည်းသာ ဖြစ်ပေမဲ့ ဟုန်ချန်းမင်း ရဲ့နှလုံးသားအပေါ် ပြင်းထန်စွာ ကျဆင်းလာခဲ့သည်။

“ဟွမ်ဟွမ် ကဘာကြောင့် တောင်းပန်ရတာလဲ? ဒါက ဟွမ်ဟွမ့် အမှားမဟုတ်ပါဘူး” ဟုန်ချန်းမင်း ကသူမအား တင်းကြပ်စွာ ပွေ့ဖက်လိုက်သည်။ “မငိုပါနဲ့၊ ဟွမ်ဟွမ်၊ မငိုပါနဲ့…”

လီဂျင်းယွမ် ကမပျော်မရွှင် ဖြစ်သွားသည်။ “…ဟုန်ချန်းမင်း၊ လွှတ်လိုက်”

“…” လွှတ်ပေးရအောင် ငကြောက်မို့လို့လား?

ဇောင်ယုဟွမ် ကသူမလက်ကို မြှောက်လိုက်ပြီး ဟုန်ချန်းမင်း အားခက်ခက်ခဲခဲ တွန်းထုတ်လိုက်ပြီးနောက် ဟုန်ချန်းမင်း ကသူမကို လွှတ်ပေးလိုက်သည်။ “အစ်ကိုချန်းမင်း ဟွမ်ဟွမ့်ကို ဖိထားတယ်။ မသက်မသာဖြစ်နေတယ်”

ဟုန်ချန်းမင်း ကသူမကို လွှတ်ပေးလိုက်သည်။ “အိုကေ၊ အိုကေ၊ ကိုယ် မှားသွားတယ်။ ကိုယ် နောက်တစ်ခါကျရင် ဟွမ်ဟွမ့်ကို အရမ်းကြီးမဖက်တော့ဘူး”

လီဂျင်းယွမ် ကလှောင်လိုက်သည်။ “နောက်တစ်ခါရှိဦးမှာလား? ဟမ့်”

ဇောင်ယုဟွမ် ကအသက်ရှူထုတ်လိုက်သည်။ “ရှင်တို့တွေ ဟွမ်ဟွမ့်ကိုယုံလား?”

“အင်း၊ ကိုယ်တို့ လုံးဝယုံတာပေါ့!”

ထိုအချိန်တွင် ဇောင်ယုဟွမ် ထုတ်ပြသည့် ခံစားချက်တွေက လုံးဝကို အတုအယောင်တွေ မဟုတ်ပေ။

ထိုအစား သူမဝိဉာဉ်က အချိန်အတော်ကြာ နေထိုင်ခဲ့ရပြီး ဒီနေ့တွင် သူမအကြောင်း ပထမဆုံး ထုတ်ပြောလိုက်ရသလို အမူအရာပြနေခဲ့သည်။

ဇောင်ယုဟွမ် ကမျက်တောင်ခတ်လိုက်သည်။ “အိုကေ၊ ဒါဆို ရှင်တို့ကို ဟွမ်ဟွမ့် ရဲ့အရင်ဘဝအကြောင်းကို ပြောပြမယ်”

“အိုကေ” နှစ်ယောက်သားက လိမ်လိမ်မာမာဖြင့် နားထောင်နေခဲ့သည်။

သူတို့က သူမကို ပိုနားလည်ပေးချင်ပြီး သူမရဲ့လက်ရှိကိုပဲ မဟုတ်ပဲ သူမပြောသည့် အတိတ်ကိုပါ နားလည်ပေးချင်နေကြသည်။ ဒါက သူမနဲ့ပတ်သက်နေသမျှ ကိစ္စသေးသေးလေးတောင် လွဲမသွားချင်ပေ။

ဇောင်ယုဟွမ် ကသူမအတိတ်အကြောင်းအား သုံးနာရီလောက်ကြာအောင် သူတို့ကို ပြောပြခဲ့သည်။

သူတို့ကို ပြောပြပြီးနောက် ဇောင်ယုဟွမ် ရဲ့တစ်ကိုယ်လုံးက သက်တောင့်သက်သာ ဖြစ်သွားခဲ့သည်။

သူမက ပျင်းရိစွာဖြင့် ဆိုဖာပေါ်တွင် မှီလိုက်ပြီး သူမမျက်နှာပေါ်တွင် ဝမ်းနည်းခြင်း၊ ဆုံးရှုံးခြင်း၊ ဘာအမူအရာမှ ရှိမနေပေ။

သူမက ခေါင်းကိုစောင်းလိုက်ပြီး မေးလိုက်သည်။ “ရှင့်တို့ ကျွန်မကို ကြောက်ကြလား? ကျွန်မကို နတ်ဆိုးတို့၊ စုန်းမတို့ အဲ့လိုထင်ကြလား? ဘဝအသစ်ရတဲ့လူကိုလေ”

“လုံးဝမထင်ပါဘူး” ဟုန်ချန်းမင်း ကပြောလိုက်သည်။ မင်းက ပြန်မွေးဖွားလာရုံပဲ၊ ဒါပေမဲ့ ငါက ငါက ပိုတောင်ဆိုးသေးတယ်။ ငါဆိုတဲ့လူကို မင်းရှာမတွေ့ခဲ့မှာကို အကြောက်ဆုံးပဲ။

လီဂျင်းယွမ် ကအကူအညီမဲ့စွာဖြင့် ပြုံးလိုက်သည်။ “နတ်ဆိုးတွေအကြောင်းပြောမှ ကိုယ်ကမှ နတ်ဆိုးနဲ့ ပိုတူသေးတယ်”

“ဟမ်?”

သူက ဆက်ပြောလိုက်သည်။ “အရင်ဖျော်ဖြေပွဲညက ကိုယ့်စိတ်ထဲ ကိစ္စအများကြီး ပေါ်လာခဲ့တယ်”

ဇောင်ယုဟွမ် ကထိတ်လန့်စွာဖြင့် သူ့အား ကြည့်နေခဲ့သည်။

“ဒါက ဇာတ်လမ်းတစ်ခုပဲ”

“ပိုအံ့ဩဖို့ကောင်းတာက ဇာတ်လမ်းထဲက ဇာတ်လိုက်က ကိုယ်နဲ့နာမည်ကော နောက်ခံကော တူနေတယ်။ သူကလည်း ဖျော်ဖြေရေးလောကကပဲ။ ဇာတ်လမ်းမှာ ကိုယ်တစ်ယောက်တည်း မဟုတ်ဘူး၊ ဟွမ်ဟွမ်ကော ဟုန်ချန်းမင်း ကောပါတယ်။ ဟုန်ချန်းမင်း ကဗီလိန်ကြီးပုံစံမျိုးပဲ၊ နောက်ဆုံးကျတော့ ကိုယ်က သူ့ကို သေတဲ့အထိ ရိုက်သတ်ခဲ့တာ” ထိုအချက်ကြောင့် လီဂျင်းယွမ် ကရယ်လိုက်သည်။

ဟုန်ချန်းမင်း ကမနှစ်မြို့စွာဖြင့် ရယ်လိုက်သည်။

“ဒါက တကယ့်ကို ထူးဆန်းတယ်။ ဇာတ်လိုက်မက လင်းလန်၊ တစ်ယောက်ယောက်ပဲ။ နောက်ပြီး လင်းလန် ကလည်း အရင်ရက်ပိုင်းက ကိုယ့်ကို လာရှာခဲ့သေးတယ်၊ သူမဘာသာတောင် သစ္စာအရှိဆုံးဖန်လို့ ပြောခဲ့တာ…”

ဇောင်ယုဟွမ် ကအံ့ဩမှုမှ ပျော်မြူးသွားပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။

လီဂျင်းယွမ် ကဇာတ်လမ်းကို သိနေခဲ့ရင် လင်းလန် ကကော?

ဒါက မူလဇာတ်ကြောင်းရဲ့ပါဝါဆိုရင် ဇာတ်ကြောင်းက လမ်းကြောင်းအတိုင်း ဆက်သွားမယ်ဆိုရင် ဒီလိုခက်ခဲတဲ့ နည်းလမ်းတွေနဲ့ ပြန်ဖြစ်လာမှာလား?

လီဂျင်းယွမ် က ဇောင်ယုဟွမ် အားနူးညံ့စွာပြုံးပြနေခဲ့သည်။ “ကိုယ်က နတ်ဆိုးဆိုရင် ဟွမ်ဟွမ် ကကိုယ့်ကို မကြိုက်တော့ဘူးလား?”

ဇောင်ယုဟွမ် ကမတွေးပဲ ခေါင်းခါလိုက်သည်။

မူလဇာတ်ကြောင်းကို သူသိနေခဲ့သည်၊ သူ့ခေါင်းထိပ်က အရှိန်အဝါကိုလည်း သိနေခဲ့သည်၊ အရာအားလုံးကို သိနေခဲ့သည်… ဒါပေမဲ့ သူက မူလဇာတ်ကြောင်းအတိုင်း ဆက်မလုပ်ရင် လင်းလန် ရဲ့လွှမ်းမိုးမှုအောက် ရောက်မှာမဟုတ်တော့ဘူး။

ဒါက သူ့နှလုံးသားကို သက်သေပြဖို့ လုံလောက်မနေဘူးလား?

ဇောင်ယုဟွမ် ကသက်ပြင်းချလိုက်သည်။

သူမ အတွေးလွန်သွားပုံပဲ။

သူတို့က မူလဇာတ်ကြောင်းအတိုင်းလိုက်ပြီး ဇာတ်လိုက်မနောက်ကို ပါသွားကြမယ်လို့ သူမ ဆက်တိုက်တွေးနေခဲ့သည်။

လီဂျင်းယွမ် က လင်းလန် နဲ့ပေါင်းစည်းသင့်သည်။

သို့သော် လက်တွေ့တွင်တော့ သူတို့စိတ်တွေက သူမအစက တွေးထားတာထက်တောင် ပိုခိုင်မာနေသည်။

26.10.2021 (Tue)
…………………………

Zawgyi

ဝမ္ေယာင္ခ်န္း ကသူ႕ဖုန္းအား အခ်ိန္အေတာ္ၾကာ ၾကည့္ေနခဲ့သည္။

“သူ တကယ္ႀကီး လုပ္ခဲ့တာပဲ။ တကယ္ႀကီး သူ႕ကိုယ္သူ ထုတ္ေျပာလိုက္တာပဲ” ဝမ္ေယာင္ခ်န္း ကဆိုး႐ြားသည့္ အမူအရာျဖင့္ ေျပာလိုက္သည္။

လီဂ်င္းယြမ္ ကသူ႕ပုခုံးကို ခ်ိဳးလုနီးပါးျဖစ္ခဲ့ၿပီး ဟုန္ခ်န္းမင္း ကေတာ့ သူ႕ေခါင္းကို ေသနတ္နဲ႔ ပစ္လုနီးပါး ျဖစ္ခဲ့သည့္ အခ်ိန္ေတြကို သူမွတ္မိေနတုန္းပင္… ေဇာင္ယုဟြမ္ ေပးခဲ့သည့္ စာခ်ဳပ္ကို လက္မွတ္ထိုးခဲ့ၿပီးေပမဲ့ ဒါေတြက သူ႕အား ပိုၿပီးေတာ့သာ ေနာင္တရလာေစသည္။ လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔သာ မပါဝင္ခဲ့ရင္ ဒီလိုအရာေလး တစ္ခုတည္း သူရႏိုင္မွာလဲ? အခုေတာ့ ေဖ်ာ္ေျဖေရးေလာကမွာ သူ႕ေနာက္ပိုင္း လႈပ္႐ွားမႈေတြကို စိုးရိမ္ေနဖို႔ မလိုေတာ့ဘူး!

သူ႕ေအးဂ်င့္ကလည္း မခံမရပ္ႏိုင္ျဖစ္ကာ ေနာင္တရေနခဲ့သည္။ “လီဂ်င္းယြမ္ ကိုထပ္ၿပီး ဆြေပးလို႔မရေတာ့ဘူး… သူက လီ႐ုံ ရဲ႕သားျဖစ္ေနမယ္လို႔ ဘယ္သူက ထင္မိမွာလဲ? သူက မိဘမဲ့ေဂဟာကဆိုတဲ့ သတင္းထြက္လာတာနဲ႔ လီ႐ုံ ကသူ႕ကို သတိျပဳမိသြားၿပီး သူ႕ေႏြဦးကို ရသြားတယ္ေလ။ ဒရမ္မာေတြေတာင္ ဒီလိုဇာတ္ေၾကာင္းမ်ိဳး မ႐ွိေတာ့ဘူး!”

“လီဂ်င္းယြမ္ ကျမန္ျမန္လုပ္မွာ ေသခ်ာတယ္။ အသိေပးၿပီးတာနဲ႔ ခ်က္ခ်င္း ထြက္သြားလိမ့္မယ္၊ သက္ေရာက္မႈကို နည္းႏိုင္သမွ်နည္းေအာင္ လုပ္မွာပဲ။ အခုေတာ့ အင္တာနက္မွာလည္း သူ႕အေၾကာင္းေတြနဲ႔ ျပည့္ေနတယ္။ အရင္က ေဒါသျဖစ္စရာ သတင္းေတြကို ဘယ္သူက အမွတ္ရေတာ့မွာလဲ?” ေအးဂ်င့္က ေခါင္းခါလိုက္သည္။ “ဘာပဲျဖစ္ျဖစ္၊ ဒီအေၾကာင္းကို ေမ့လိုက္သင့္တယ္။ ဒီလူက ညႇိႏိႈင္းဖို႔လြယ္တဲ့လူမ်ိဳး မဟုတ္ဘူး။ မင္း ေကာင္းေကာင္း မလုပ္ႏိုင္ရင္ မင္းေရးခဲ့တဲ့ပို႔စ္ေၾကာင့္ သူထြက္သြားဖို႔ ေရတပ္က ဖိအားေပးတာလို႔ စေတြးၾကလိမ့္မယ္”

ဝမ္ေယာင္ခ်န္း ကနည္းနည္းေတာ့ ေဒါသထြက္သြားၿပီး သူ႕မ်က္ႏွာထက္တြင္ တည္ၿငိမ္ေနသည့္ အမူအရာကို ဆက္ထိန္းမထားႏိုင္ေတာ့ေပ။ “ငါ မွားသြားခဲ့တာ။ သူမ သိသြားတာနဲ႔ မစၥေဇာင္ ကခ်က္ခ်င္း လွည့္ထြက္သြားၿပီး သူ႕ကိုလုံးဝျငင္းပစ္လိုက္မယ္၊ ဒါမွမဟုတ္ လီဂ်င္းယြမ္ ကိုေ႐ွာင္ေနမယ္လို႔ ထင္ခဲ့တာ…”

ေအးဂ်င့္က ဝမ္ေယာင္ခ်န္း ရဲ႕အေတြးေတြကို ဆက္ေျပာလိုက္သည္။ “သူတို႔ခံစားခ်က္ေတြက ထူးျခားေနမယ္လို႔ ထင္မထားခဲ့ဘူး။ ဒီလိုပုံစံမ်ိဳးဆိုရင္ေတာင္ လီဂ်င္းယြမ္ က မစၥေဇာင္ ကိုႏူးညံ့သြားေအာင္ အားနည္းျပလိုက္႐ုံပဲလိုတယ္”

ေအးဂ်င့္ရဲ႕အသံက ႐ုတ္တရက္ ရပ္သြားခဲ့ၿပီးေနာက္ ႐ုတ္ခ်င္း က်ယ္ေလာင္စြာ ေျပာလိုက္သည္။ “အျပင္ကဘယ္သူလဲ?”

သူ႕ခုံမွထ,လိုက္ၿပီး အလ်င္အျမန္ တံခါးကိုဖြင့္လိုက္ေပမဲ့ အျပင္ဘက္တြင္ ဘယ္သူမွ႐ွိမေနေပ။

ေအးဂ်င့္က မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး ျပန္ေလွ်ာက္လာကာ ဝမ္ေယာင္ခ်န္း ကိုဆက္ေျပာလိုက္သည္။ “သူတို႔ေတြ မင္းဘက္လွည့္လာမွာကို ေစာင့္မေနသင့္ဘူး။ မင္းရည္႐ြယ္ခ်က္ကို စတင္သင့္တယ္၊ မဟုတ္လို႔ အခ်ိန္က်လာရင္ သူတို႔က မင္းစကားကို နားေထာင္ၾကေတာ့မွာ မဟုတ္ဘူး။ အဲ့လူေတြက ငါတို႔ကိုေသေစဖို႔ လက္ေခ်ာင္းေလးေတြ လႈပ္လိုက္ဖို႔ပဲလိုတယ္…”

ဝမ္ေယာင္ခ်န္း ကမေက်မနပ္ျဖစ္ေနေပမဲ့ ဒီအခ်ိန္ကို ေရာက္လာၿပီျဖစ္တာေၾကာင့္ လိုက္ေလ်ာညီေထြျဖစ္ေအာင္ လုပ္သင့္သည္။

သူေခါင္းညိတ္လိုက္သည္။ “ငါ့အေတြးနဲ႔အတူတူပဲ”

ထို႔ေနာက္ လင္းလန္ ကနံရံတြင္ ေက်ာမွီထားကာ မီးေတာက္ဆီမွ လြတ္ေျမာက္လာသည့္လူလိုမ်ိဳး အသက္ျပင္းျပင္း ႐ွဴသြင္းလိုက္သည္။

ေဇာင္ယုဟြမ္… တကယ္ႀကီးကို ရင္ဆိုင္ဖို႔ အဲ့ေလာက္ခက္ရလား?

ဝမ္ေယာင္ခ်န္း ေတာင္ေၾကာက္သြားတယ္?

ေဖ်ာ္ေျဖေရးမွာ ဝမ္ေယာင္ခ်န္း ရဲ႕ေနရာက အရမ္းျမင့္တာ မဟုတ္ဘူးလား?

လင္းလန္ ကအရမ္းစိတ္ပ်က္သြားသည္။

အရင္က သူမအထင္ႀကီးခဲ့သည့္ ဝမ္ေယာင္ခ်န္း ကဒီေလာက္ပဲေပါ့! ဒါကိုသာ အရင္တည္းက သိခဲ့ရင္ သူ႕စတူဒီယိုမွာ သူမ လက္မွတ္မထိုးခဲ့ပါဘူး!

လင္းလန္ ကသူမဖုန္းကို ထုတ္လိုက္ၿပီး ေခၚလိုက္သည္။

“အရင္က မစၥေဇာင္ အေမ၊ မစၥစ္ဒင္ က႐ွင့္မိသားစုနဲ႔ တိုင္ပင္ၿပီးေတာ့ ႐ွင္နဲ႔ မစၥေဇာင္ ကိုစီစဥ္ေပးဖို႔ လုပ္ထားခဲ့တယ္လို႔ ႐ွင္ေျပာခဲ့တာကို ကြၽန္မ မွတ္မိတယ္။ လီဂ်င္းယြမ္ က ေဇာင္ယုဟြမ္ ကိုလူသိ႐ွင္ၾကား ဝန္ခံလိုက္တဲ့အေၾကာင္း လိုင္းေပၚမွာျပန္႔သြားေတာ့ ဒါက မျဖစ္သင့္ဘူးေလ… ဟုတ္တယ္မလား? ဒီအေၾကာင္းေၾကာင့္ ႐ွင့္မ်က္ႏွာ အပ်က္ခံမလို႔လား?”

တစ္ဖက္က စကားတခ်ိဳ႕ကို ေျပာလိုက္သည္။

လင္းလန္ ကျပဳံးလိုက္ၿပီး ေခ်ာ့ျမဴသည့္အသံျဖင့္ ေျပာလိုက္သည္။ “အိုေက၊ ကြၽန္မ ႐ွင့္စကား နားေထာင္မယ္”

လီဂ်င္းယြမ္ ရဲ႕ေအးစက္စက္ ျငင္းပယ္မႈေၾကာင့္ လင္းလန္ ကသူမရဲ႕အ႐ွိန္အဝါကို စတင္သံသယဝင္လာခဲ့ၿပီး ဒီျပန္လည္ေမြးဖြားမႈေၾကာင့္ ဇာတ္လိုက္မက သူမျဖစ္တယ္လို႔ေတာင္ ေတြးေနခဲ့သည္။

ဒါေပမဲ့ ဒီလိုမ်ိဳး မျဖစ္သင့္ဘူးေလ!

ေဇာင္ယုဟြမ္ ကဘယ္လိုလုပ္ၿပီး သူမကို ယွဥ္ႏိုင္ရမွာလဲ? သူမက ဇာတ္လိုက္အ႐ွိန္အဝါ႐ွိေနတဲ့ လူပဲေလ!

ထို႔ေၾကာင့္ လင္းလန္ ကမူလဇာတ္ေၾကာင္းမွ အမ်ိဳးသားဇာတ္ပို႔ေတြကို သူမ စေတြးခဲ့သည္။

သူတို႔ဆီ ခ်ဥ္းကပ္ႏိုင္ဖို႔လည္း အခြင့္အေရးေတြ ရခဲ့သည္။

ကံေကာင္းတာက သူတို႔က မူလဇာတ္ေၾကာင္းနဲ႔ မဆန္႔က်င္ခဲ့ပဲ လင္းလန္ ကိုသေဘာက်ၾကတုန္းပင္။ ဒါက လင္းလန္ အားယုံၾကည္မႈကို ျပန္ရလာေစၿပီး သူမတြင္ ဆြဲေဆာင္မႈညိႇဳ႕ဓာတ္က ႐ွိေနတုန္းဆိုတာကို အတည္ျပဳႏိုင္ခဲ့သည္။

ဒီအခ်ိန္တြင္ ဇာတ္လိုက္ရဲ႕ ထိန္းခ်ဳပ္ျခင္း၊ ဖိႏွိပ္ျခင္းေတြမပါပဲ လူအမ်ားႀကီးက သူမကို ပိုးပန္းၾကၿပီး ခ်ိဳၿမိန္မႈေတြကိုလည္း ရခဲ့သည္။ ဒါက လင္းလန္ ကိုအရသာေတြ႕ေစသည္။

လင္းလန္ ကမူလဇာတ္ေၾကာင္းမွ အေဝးဆုံးကို ေလွ်ာက္လွမ္းေနမိတာကို နားမလည္ေသးေပ။

မူလဇာတ္ေၾကာင္းတြင္ သူမက ျပန္လည္ေမြးဖြားလာၿပီး အရင္ဘဝက မေက်နပ္ခ်က္ေတြ၊ အႏိုင္က်င့္မႈေတြေၾကာင့္ ေဖ်ာ္ေျဖေရးေလာကတြင္ တိုက္ခိုက္ခဲ့ရသည္။ တျခားလူေတြကို မွီခိုဖို႔ကိုလည္း မေတြးခဲ့ေပ။ ဒါကပဲ မူလကဇာတ္လိုက္ျဖစ္တဲ့ လီဂ်င္းယြမ္ ကိုစိတ္ဝင္စားသြားေစသည့္ အခ်က္ပင္ျဖစ္သည္။

သို႔ေသာ္ အခုေတာ့ သူမက ဇာတ္ေၾကာင္းကို သိၿပီးသားျဖစ္ကာ သူမကိုယ္သူမ အမွီခိုကင္းကင္းနဲ႔ တိုးတက္ေအာင္လုပ္ဖို႔ အေတြးနည္းနည္းသာ ႐ွိေနသည္။ သူမမူလကႏွလုံးသားက သတိလက္လြတ္ ဖယ္က်ဥ္ေနခဲ့သည္။

သူမက ဇာတ္လိုက္မျဖစ္တည္းက သူမအတြက္ အရာအားလုံး ထိုက္တန္တယ္လို႔သာ ေတြးေနခဲ့သည္။ သူမ ဘာကိုမွမရလာခ်ိန္တြင္ သံသယ၊ မနာလိုမႈ၊ ေဒါသ၊ စိတ္ေျခာက္ျခားမႈေတြ စတင္ျဖစ္လာခဲ့သည္။

အရာအားလုံးကို ေျပာင္းလဲသြားခဲ့ၿပီ။

သို႔ေသာ္ လင္းလန္ ကဒါကိုမသိေပ။

ေဇာင္ယုဟြမ္ လည္းမသိေပ။

ေဇာင္ယုဟြမ္ ကစားပြဲတြင္ ထိုင္ေနၿပီး သူမေ႐ွ႕က လူႏွစ္ေယာက္အား တစ္႐ွဴးကို ကမ္းေပးလိုက္သည္။ “တစ္ခုခု ထပ္လိုေသးလား?”

“မလိုေတာ့ဘူး” ဟုန္ခ်န္းမင္း ကသူ႕လက္ကို ေဝ့ယမ္းလိုက္သည္။ သူ႕ခံစားခ်က္က ပိုေကာင္းလာခဲ့သည္။ ေနာက္ၿပီး သူက ေဇာင္ယုဟြမ္ ကိုနမ္းလည္းနမ္းၿပီးတာေၾကာင့္ ဒါထက္ တျခားဘာကို ပိုထည့္တြက္ႏိုင္မွာလဲ?

သို႔ေသာ္ လီဂ်င္းယြမ္ ကေတာ့မတူေပ။ သူ႕အမူအရာက တည္ၿငိမ္ေနၿပီး သူ႕အၾကည့္ေတြက ႏူးညံ့ေနေပမဲ့ သူ႕ႏွာေခါင္းမွ ေသြးလွ်ံေနတာက မရပ္ေသးေပ။ သူ႕အသြင္အျပင္က အရမ္းကို ရယ္စရာေကာင္းေနသည္။

“ဟြမ္ဟြမ္… ေတာင္းပန္ပါတယ္…” လီဂ်င္းယြမ္ ကေျပာလိုက္သည္။ သူ႕မ်က္ႏွာထက္တြင္ ႏွာေခါင္းမွစီးက်ေနသည့္ စီးေၾကာင္းႏွစ္ခုနဲ႔ သူ႕ပုံစံက အေတာ္ေလး သနားစရာေကာင္းေနၿပီး ရယ္စရာလည္းေကာင္းေနသည္။

“ဘာအတြက္ ေတာင္းပန္ေနတာလဲ?” ေဇာင္ယုဟြမ္ ကငုံ႔ၾကည့္လိုက္ၿပီး သူတို႔ႏွစ္ေယာက္အတြက္ ေရေလာင္းထည့္ေပးလိုက္သည္။

ထိုအခ်ိန္တြင္ ေဇာင္ယုဟြမ္ ရဲ႕ဖုန္းက ျမည္လာခဲ့သည္။

ဖုန္းေခၚသူကို သူမ မစစ္ၾကည့္ရေသးခင္ ဟုန္ခ်န္းမင္း ကလက္တစ္ဖက္ျဖင့္ သူ႕ႏွာေခါင္းကိုဖိထားကာ က်န္လက္ျဖင့္ သူမဆီမွ ဖုန္းကိုလွမ္းယူလိုက္သည္။

“ဝမ္ေယာင္ခ်န္း? ဟမ္? သူက မင္းကို ေႏွာက္ယွက္ေနတုန္းပဲလား?” ဟုန္ခ်န္းမင္း က ေဇာင္ယုဟြမ္ အားၾကည့္လိုက္သည္။

ေဇာင္ယုဟြမ္ ကအသက္႐ွင္ဖို႔အတြက္ စိတ္အားထက္သန္စြာျဖင့္ သူမေခါင္းအား အလ်င္အျမန္ ခါလိုက္သည္။ “မဟုတ္ပါဘူး၊ သူက ဒီေန႔မွေခၚလာတာ…”

ဟုန္ခ်န္းမင္း ကစိတ္ဆိုးၿပီး သူမကိုစားပြဲေပၚဖိၿပီးကိုက္ရင္ ဘယ္လိုလုပ္မလဲ?

ဒါဆို ကမ႓ာႀကီးက ေဇာက္ထိုးမိုးေမွ်ာ္ေတြ ျဖစ္ကုန္မွာပဲ!

ဟုန္ခ်န္းမင္း ကဖုန္းေခၚျခင္းကို လက္ခံလိုက္ၿပီး စပီကာကို ခ်က္ခ်င္း ဖြင့္လိုက္သည္။

“မစၥေဇာင္၊ ေတာင္းပန္ပါတယ္။ မင္းကို ေႏွာက္ယွက္မိလို႔ ေတာင္းပန္ပါတယ္…”

“မစၥတာလီ အေၾကာင္း လူထုေ႐ွ႕ေရာက္ေအာင္ ေရတပ္အဖြဲ႕ကို ဝယ္ခဲ့တာ ကိုယ္မဟုတ္ပါဘူး။ ကိုယ့္ထက္ ကိုယ့္ေအးဂ်င့္လည္း ဒီအေၾကာင္းကို သိပါတယ္။ တစ္ေယာက္ေယာက္က ကိုယ္တို႔ေဆြးေႏြးတာကို နားစြန္နားဖ်ား…”

“မစၥတာဝမ္၊ မင္းလုံျခဳံေရးအတြက္ အာမခံခ်က္ရမဲ့နည္းလမ္းကို သိလား?” လီဂ်င္းယြမ္ ကအလ်င္မလိုစြာျဖင့္ ေျပာလိုက္သည္။

တစ္ဖက္မွအသံက ခ်က္ခ်င္း တိတ္သြားခဲ့သည္။

အခ်ိန္အေတာ္ၾကာၿပီးေနာက္ ဝမ္ေယာင္ခ်န္း ကေမးလိုက္သည္။ “ဘာ?”

“မင္းဆီက ဒီဖုန္းနံပါတ္ကို ဖ်က္ပစ္လိုက္၊ ဘယ္ေတာ့မွ ဟြမ္ဟြမ္ ကိုထပ္မေခၚနဲ႔ေတာ့” လီဂ်င္းယြမ္ ကေျပာလိုက္သည္။

ေဇာင္ယုဟြမ္ က လီဂ်င္းယြမ္ ကိုၾကည့္လိုက္သည္။ ထိုစကားကို ေျပာလိုက္ခ်ိန္တြင္ လီဂ်င္းယြမ္ ရဲ႕အၾကည့္ေတြက ေအးစက္ေနတာကို သူမေတြ႕လိုက္ရသည္။ လီဂ်င္းယြမ္ ရဲ႕ဒီပုံစံက မူလဇာတ္လိုက္နဲ႔ ပိုဆင္တူသည္။

ဟုန္ခ်န္းမင္း က လီဂ်င္းယြမ္ ေျပာသည့္ေနာက္မွဆက္ကာ ေအးစက္စြာနဲ႔ ေျပာလိုက္သည္။ “ဘာအတြက္ေခၚေနေသးလဲ? ဝမ္ေယာင္ခ်န္း၊ မင္းဘာပဲေျပာေျပာ ငါတို႔က လုံးဝစိတ္မဝင္စားဘူး။ နည္းနည္းေလးေလာက္ပိုၿပီး ပါးနပ္စမ္းပါ၊ ဒီလိုအေတြးေတြနဲ႔ ဟြမ္ဟြမ့္ ဆီလာမေနနဲ႔။ ဒါဆို ငါတို႔က မင္းကို အႏၲရာယ္မေပးဘူး”

ေဘးမွ ေဇာင္ယုဟြမ္ ကၾကည့္ေနခဲ့သည္။

ထင္တဲ့အတိုင္းပင္ ဒါက လူသိ႐ွင္ၾကားျဖစ္သြားၿပီးေနာက္ သူတို႔က အေၾကာက္အလန္႔မ႐ွိေတာ့တာပဲ။
သူမေ႐ွ႕မွႏွစ္ေယာက္က ဘာကိုမွမဖုံးကြယ္ထားၾကဘူး!

“ငါ…” တစ္ဖက္မွလူက ပါးစပ္ဖြင့္ၿပီး ျပန္ပိတ္လိုက္ကာ ေျပာစရာစကားမဲ့ေနသည္။

“ငါ့အတြင္းေရးမႉးက မင္းဆီကို ငါ့ဖုန္းနံပါတ္ ေပးလိမ့္မယ္။ မင္း ေနာင္တရသလို႐ွိလာရင္ ငါ့ဆီသာေခၚ၊ ဟြမ္ဟြမ့္ ဆီကိုလုံးဝမေခၚနဲ႔” သူ႕စကားကို ေျပာၿပီးသည္ႏွင့္ ဟုန္ခ်န္းမင္း ကဖုန္းခ်လိုက္ၿပီး ေဇာင္ယုဟြမ္ ဆီကိုဖုန္းျပန္ေပးလိုက္သည္။

ထို႔ေနာက္ ေဇာင္ယုဟြမ္ စိတ္ဆိုးမွာကို မေၾကာက္ပဲ သတိေပးသည့္အၾကည့္ျဖင့္ ေဇာင္ယုဟြမ္ ကိုၾကည့္လိုက္သည္။

ေဇာင္ယုဟြမ္ ကသူမဖုန္းကို ျပန္ယူလိုက္သည္။ “႐ွင္တို႔ႏွာေခါင္း ေသြးလွ်ံေနေသးလား?”

ဟုန္ခ်န္းမင္း ကႏွာေခါင္းေသြးလွ်ံတာ ရပ္သြားတာေၾကာင့္ သူ႕ေခါင္းကိုခါလိုက္သည္။

လီဂ်င္းယြမ္ ကဩ႐ွေနသည့္အသံျဖင့္ ျပန္ေျဖလိုကသ္ည္။ “နည္းနည္းေတာ့ လွ်ံေနေသးတယ္” ဩ႐ွေနသည့္အသံတြင္ ဆြဲေဆာင္မႈ႐ွိသည့္အသံက ပါဝင္ေနသည္။

“ဟြမ္ဟြမ္…” ဟုန္ခ်န္းမင္း ကအသံတိုးေလးနဲ႔ ေျပာလိုက္သည္။ “မင္းအေတြးေတြက ဘယ္လိုလဲ?”

လီဂ်င္းယြမ္ ကခ်က္ခ်င္းပင္ သူ႕ရပ္တည္ခ်က္ကို ေဖာ္ျပလိုက္သည္။ “ဟြမ္ဟြမ္၊ ကိုယ့္ေဖ်ာ္ေျဖပြဲမွာတုန္းက ေျပာခဲ့သလိုပဲ ကိုယ္ မင္းကို ဖိအားေပးမွာ မဟုတ္ဘူး။ မင္း ျဖည္းျဖည္းခ်င္း စဥ္းစားလို႔ရတယ္။ ဟုန္ခ်န္းမင္း ရဲ႕စိတ္က ကိုယ္နဲ႔လုံးဝမတူဘူး”

ဟုန္ခ်န္းမင္း ကသူ႕ဆီ အၾကည့္တစ္ခ်က္ ပို႔လိုက္သည္။
သို႔ေသာ္ လီဂ်င္းယြမ္ က ေဇာင္ယုဟြမ္ ကိုသာ ျပဳံးျပေနခဲ့သည္။

ေဇာင္ယုဟြမ္ ကသူ႕ဆီ တစ္႐ွဴးကို ကမ္းေပးလိုက္သည္။ “ေသြးေတြကိုသုတ္ၿပီးမွ ျပဳံးျပ”

“…အို” လီဂ်င္းယြမ္ ကတစ္႐ွဴးကို လွမ္းယူလိုက္ၿပီး သူ႕မ်က္ႏွာအား သန္႔႐ွင္းသြားေအာင္ တျဖည္းျဖည္း သုတ္လိုက္သည္။

“တခ်ိဳ႕အရာေတြကို တည့္တိုးပဲလုပ္ခ်င္တယ္” ေဇာင္ယုဟြမ္ ကရပ္လိုက္ၿပီး ေျပာလိုက္သည္။ “လူသားေတြမွာ အရင္ဘဝ႐ွိတာကို ယုံၾကလား?”

ေယာက်ၤားႏွစ္ေယာက္က တစ္ေယာက္နဲ႔ တစ္ေယာက္ ၾကည့္လိုက္ၾကၿပီး ခ်က္ခ်င္းပဲ သူတို႔အေတြးေတြကို ထပ္တူညီလိုက္ၾကၿပီး ေခါင္းညိတ္လိုက္ၾကသည္။ “အင္း!”

ဟြမ္ဟြမ္ က႐ုတ္တရက္ႀကီး ဒီအေၾကာင္းကို ေမးလာတည္းက ဒီအထဲတြင္ အေၾကာင္းျပခ်က္ ႐ွိရလိမ့္မည္။ အတိတ္ဘဝကို သူတို႔မယုံၾကရင္ေတာင္ ယုံတယ္လို႔ ေျပာဦးမွာပဲ။

“ဟြမ္ဟြမ့္ မွာအရင္ဘဝ႐ွိတယ္။ အတိတ္တုန္းက ခ်မ္းသာတဲ့ဘဝမွာ ေနခဲ့ၿပီး ဒီမ်က္ႏွာနဲ႔ပဲ။ ဟြမ္ဟြမ့္ မိသားစုေတြအားလုံးက ဟြမ္ဟြမ့္ကို ခ်စ္ၾကတယ္”

လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ႏွစ္ေယာက္လုံးက စိတ္ဝင္တစားျဖင့္ နားေထာင္ေနၾကၿပီး သူမစကားက ထူးဆန္းတယ္လို႔ ထင္ေစရသည့္ အမူအရာေလး တစ္ခုေတာင္ ေပၚမေနေပ။

သူတို႔စိတ္ေတြကေတာ့ တျခားကမ႓ာ႐ွိေနရင္ အဲ့ကမ႓ာမွာ ဟြမ္ဟြမ့္ ရဲ႕ပုံစံက ဘယ္လိုျဖစ္မလဲဆိုတာကိုသာ သိခ်င္ေနၾကသည္။

“ဒါေပမဲ့ ဝမ္းနည္းစြာပဲ ဟြမ္ဟြမ္ ကအားနည္းၿပီး အရမ္းဖ်ားေနခဲ့တယ္။ ဟြမ္ဟြမ့္ တစ္ဘဝလုံးကို ေဆး႐ုံမွာပဲ ကုန္ဆုံးခဲ့ၿပီး ေဆးအမ်ိဳးမ်ိဳးနဲ႔ ကုသမႈကိုပဲ ခံယူခဲ့ရတယ္။ အသက္ ၂၅ ႏွစ္အထိ ႐ွင္ေနဖို႔ဆိုတာက ဟြမ္ဟြမ္ အတြက္ ခက္ခဲတယ္လို႔ ေဒါက္တာေတြက ေျပာၾကတယ္။ အို၊ တကယ္ေတာ့ ဟြမ္ဟြမ္ ကအသက္ ၂၅ ႏွစ္ထိေတာင္ မေနခဲ့ရပါဘူး။ ေဒါက္တာက ဟြမ္ဟြမ့္ အေၾကာင္းကို ေျပာခ်ိန္မွာ ဟြမ္ဟြမ္ တစ္ခုသင္ယူခဲ့တယ္”

“ဘာလဲ?” ဟုန္ခ်န္းမင္း ကမ်က္ေမွာင္ၾကဳတ္ကာ ေမးလိုက္သည္။

သူမရဲ႕အတိတ္ဘဝတုန္းက အသက္ ၂၅ ႏွစ္ထိ မေနရဘူးဆိုတဲ့ စကားလုံးကို ၾကားလိုက္ခ်ိန္တြင္ သူ႕ရင္ဘတ္မွ ႏွလုံးက ခုန္ထြက္လာေတာ့မလို ခံစားလိုက္ရသည္။

သူ႕ေခါင္းကလည္း နာက်င္ကိုက္ခဲလာခဲ့ၿပီး သူ႕ေတြးႏိုင္စြမ္းေတြေတာင္ ေပ်ာက္႐ွလုနီးပါး ျဖစ္လာခဲ့သည္။

“အဲ့ဒါက ဂ႐ုမစိုက္ဖို႔ပဲ။ ဟြမ္ဟြမ္ ဂ႐ုစိုက္မိတဲ့ အရာေတြကို ဂ႐ုမစိုက္မိဖို႔ပဲ။ အို၊ အဲ့ဒါက ေ႐ွ႕ေနာက္နည္းနည္း မညီသလိုပဲ။ ပုံမွန္ဆို ဟြမ္ဟြမ္ ကငါးႀကိဳက္ရင္ မစားမိေအာင္ ႀကိဳးစားရတယ္၊ ကိုယ့္ကိုယ္ကို ထိန္းခ်ဳပ္ရတယ္၊ ဟြမ္ဟြမ္ ႀကိဳက္တဲ့အရာတိုင္းကို ေလာဘႀကီးလို႔ မရဘူး။ ဟြမ္ဟြမ္ တစ္စုံတစ္ေယာက္ကို သေဘာက်ခဲ့ရင္လည္း ကိုယ့္ဘာသာ ထိန္းခ်ဳပ္ရမယ္။ အစားအေသာက္က အဆင္ေျပေပမဲ့ ဟြမ္ဟြမ့္ဘဝထဲက လူေတြဆိုရင္ေတာ့ ခက္ခဲတယ္။ လြဲေခ်ာ္သြားတာေတြ ပိုျမင္လာတာနဲ႔ ဟြမ္ဟြမ့္မိသားစုကို လက္လႊတ္မခံႏိုင္ဘူး၊ ေနာက္ၿပီး ေသလည္းမေသခ်င္ခဲ့ဘူး။ ဟြမ္ဟြမ့္ေရာဂါ ေနာက္ဆုံးအဆင့္အခ်ိန္မွာ ဟြမ္ဟြမ္ ကစိတ္ေျခာက္ျခားလာတယ္၊ ႐ူးသြပ္လာတယ္၊ ဟြမ္ဟြမ္ ဆုံး႐ႈံးရေတာ့မဲ့ အရာေတြေၾကာင့္ ကိုယ့္ဘာသာ ႏွိပ္စက္လာမိတယ္၊ ေနာက္ၿပီး ဟြမ္ဟြမ့္ ပတ္ဝန္းက်င္က လူေတြကိုေတာင္ ႏွိပ္စက္မိခဲ့တယ္။ ဟြမ္ဟြမ္ အသက္႐ွင္ေနခ်ိန္မွာ မစစ္မွန္တဲ့အေတြးေတြ ႐ွိလာခဲ့တယ္…”

“တစ္စုံတစ္ခုကို ဆုံး႐ႈံးရတဲ့နာက်င္မႈကို မခံစားဖူးရင္ ပထမဆုံးအေနနဲ႔ ႏွလုံးသားကို ဖြင့္ေပးႏိုင္မွာ မဟုတ္ဘူး။ ဒီလိုခံစားခ်က္ကို ဟြမ္ဟြမ္ စိတ္ထဲစြဲေနခဲ့တာ ၁၀ ႏွစ္ေက်ာ္ၿပီ”

ေဇာင္ယုဟြမ္ ကဆက္ေျပာလိုက္သည္။ “ဟြမ္ဟြမ္ ေသသြားၿပီးေတာ့ ဒီကမ႓ာမွာ ေဇာင္ယုဟြမ္ ဆိုတဲ့သူဆီမွာ သတိျပန္ရလာခဲ့တယ္။ ဟြမ္ဟြမ့္ မွာဝမ္းနည္းမႈေတြ၊ သနားမႈေတြ၊ ေပ်ာ္႐ႊင္မႈေတြ ဘာကိုမွမခံစားခဲ့ရဘူး။ ဟြမ္ဟြမ့္ကို ခ်စ္ေပး၊ အလိုလိုက္ေပးတဲ့ မိသားစုေတြကို ေကာင္းမြန္တဲ့ မွတ္ဉာဏ္ေတြပဲ ခ်န္ထားေပးခဲ့တယ္။ ဟြမ္ဟြမ္ စိတ္မေက်နပ္သလို မခံစားရဘူး”

ေဇာင္ယုဟြမ္ ကမ်က္ေတာင္ခတ္လိုက္သည္။ “ဒါေပမဲ့ အခုလက္႐ွိဟြမ္ဟြမ္ ကက်န္းမာေနတာကို ေမ့သြားခဲ့တယ္။ ဒါေပမဲ့ အရင္ဘဝက ၾကဳံေတြ႕ခဲ့ရတာေတြေၾကာင့္ ဟြမ္ဟြမ့္ဆီ ေရာက္လာတဲ့အရာေတြကို ဆုံး႐ႈံးရမွာကို ေတြးေၾကာက္လာခဲ့တယ္၊ ေနာက္ၿပီး ပထမဆုံးအေနနဲ႔ ဘာကိုမွမစြန္႔စားရဲဘူး”

“အစတည္းက ႐ွင္တို႔အေတြးေတြကို ဟြမ္ဟြမ္ နားလည္ခဲ့သင့္တာ။ ဒါေပမဲ့ ဟြမ္ဟြမ္ ကသတိမမူမိခဲ့ဘူး…” ေဇာင္ယုဟြမ္ ကဆက္ေျပာလိုက္သည္။ “ဟြမ္ဟြမ္ ေတာင္းပန္ပါတယ္”

ဟုန္ခ်န္းမင္း ကသူမလက္ကို ဆြဲလိုက္ၿပီး လွည့္လိုက္သည္။

သူ႕လက္ေတြနဲ႔ သူမမ်က္လုံးေထာင့္ကို သုတ္ေပးလိုက္သည္။

သူမမ်က္လုံးက နည္းနည္းနီေနသည္။ သူမမ်က္ႏွာတြင္ ဝမ္းနည္းေနသည့္ အမူအရာက႐ွိေနၿပီး မ်က္လုံးေထာင့္တြင္ မ်က္ရည္ေတြက ႐ွိေနေပမဲ့ က်မေနေပ။

ဒါက မ်က္ရည္စက္ တစ္စက္တည္းသာ ျဖစ္ေပမဲ့ ဟုန္ခ်န္းမင္း ရဲ႕ႏွလုံးသားအေပၚ ျပင္းထန္စြာ က်ဆင္းလာခဲ့သည္။

“ဟြမ္ဟြမ္ ကဘာေၾကာင့္ ေတာင္းပန္ရတာလဲ? ဒါက ဟြမ္ဟြမ့္ အမွားမဟုတ္ပါဘူး” ဟုန္ခ်န္းမင္း ကသူမအား တင္းၾကပ္စြာ ေပြ႕ဖက္လိုက္သည္။ “မငိုပါနဲ႔၊ ဟြမ္ဟြမ္၊ မငိုပါနဲ႔…”

လီဂ်င္းယြမ္ ကမေပ်ာ္မ႐ႊင္ ျဖစ္သြားသည္။ “…ဟုန္ခ်န္းမင္း၊ လႊတ္လိုက္”

“…” လႊတ္ေပးရေအာင္ ငေၾကာက္မို႔လို႔လား?

ေဇာင္ယုဟြမ္ ကသူမလက္ကို ေျမႇာက္လိုက္ၿပီး ဟုန္ခ်န္းမင္း အားခက္ခက္ခဲခဲ တြန္းထုတ္လိုက္ၿပီးေနာက္ ဟုန္ခ်န္းမင္း ကသူမကို လႊတ္ေပးလိုက္သည္။ “အစ္ကိုခ်န္းမင္း ဟြမ္ဟြမ့္ကို ဖိထားတယ္။ မသက္မသာျဖစ္ေနတယ္”

ဟုန္ခ်န္းမင္း ကသူမကို လႊတ္ေပးလိုက္သည္။ “အိုေက၊ အိုေက၊ ကိုယ္ မွားသြားတယ္။ ကိုယ္ ေနာက္တစ္ခါက်ရင္ ဟြမ္ဟြမ့္ကို အရမ္းႀကီးမဖက္ေတာ့ဘူး”

လီဂ်င္းယြမ္ ကေလွာင္လိုက္သည္။ “ေနာက္တစ္ခါ႐ွိဦးမွာလား? ဟမ့္”

ေဇာင္ယုဟြမ္ ကအသက္႐ွဴထုတ္လိုက္သည္။ “႐ွင္တို႔ေတြ ဟြမ္ဟြမ့္ကိုယုံလား?”

“အင္း၊ ကိုယ္တို႔ လုံးဝယုံတာေပါ့!”

ထိုအခ်ိန္တြင္ ေဇာင္ယုဟြမ္ ထုတ္ျပသည့္ ခံစားခ်က္ေတြက လုံးဝကို အတုအေယာင္ေတြ မဟုတ္ေပ။

ထိုအစား သူမဝိဉာဥ္က အခ်ိန္အေတာ္ၾကာ ေနထိုင္ခဲ့ရၿပီး ဒီေန႔တြင္ သူမအေၾကာင္း ပထမဆုံး ထုတ္ေျပာလိုက္ရသလို အမူအရာျပေနခဲ့သည္။

ေဇာင္ယုဟြမ္ ကမ်က္ေတာင္ခတ္လိုက္သည္။ “အိုေက၊ ဒါဆို ႐ွင္တို႔ကို ဟြမ္ဟြမ့္ ရဲ႕အရင္ဘဝအေၾကာင္းကို ေျပာျပမယ္”

“အိုေက” ႏွစ္ေယာက္သားက လိမ္လိမ္မာမာျဖင့္ နားေထာင္ေနခဲ့သည္။

သူတို႔က သူမကို ပိုနားလည္ေပးခ်င္ၿပီး သူမရဲ႕လက္႐ွိကိုပဲ မဟုတ္ပဲ သူမေျပာသည့္ အတိတ္ကိုပါ နားလည္ေပးခ်င္ေနၾကသည္။ ဒါက သူမနဲ႔ပတ္သက္ေနသမွ် ကိစၥေသးေသးေလးေတာင္ လြဲမသြားခ်င္ေပ။

ေဇာင္ယုဟြမ္ ကသူမအတိတ္အေၾကာင္းအား သုံးနာရီေလာက္ၾကာေအာင္ သူတို႔ကို ေျပာျပခဲ့သည္။

သူတို႔ကို ေျပာျပၿပီးေနာက္ ေဇာင္ယုဟြမ္ ရဲ႕တစ္ကိုယ္လုံးက သက္ေတာင့္သက္သာ ျဖစ္သြားခဲ့သည္။

သူမက ပ်င္းရိစြာျဖင့္ ဆိုဖာေပၚတြင္ မွီလိုက္ၿပီး သူမမ်က္ႏွာေပၚတြင္ ဝမ္းနည္းျခင္း၊ ဆုံး႐ႈံးျခင္း၊ ဘာအမူအရာမွ ႐ွိမေနေပ။

သူမက ေခါင္းကိုေစာင္းလိုက္ၿပီး ေမးလိုက္သည္။ “႐ွင့္တို႔ ကြၽန္မကို ေၾကာက္ၾကလား? ကြၽန္မကို နတ္ဆိုးတို႔၊ စုန္းမတို႔ အဲ့လိုထင္ၾကလား? ဘဝအသစ္ရတဲ့လူကိုေလ”

“လုံးဝမထင္ပါဘူး” ဟုန္ခ်န္းမင္း ကေျပာလိုက္သည္။ မင္းက ျပန္ေမြးဖြားလာ႐ုံပဲ၊ ဒါေပမဲ့ ငါက ငါက ပိုေတာင္ဆိုးေသးတယ္။ ငါဆိုတဲ့လူကို မင္း႐ွာမေတြ႕ခဲ့မွာကို အေၾကာက္ဆုံးပဲ။

လီဂ်င္းယြမ္ ကအကူအညီမဲ့စြာျဖင့္ ျပဳံးလိုက္သည္။ “နတ္ဆိုးေတြအေၾကာင္းေျပာမွ ကိုယ္ကမွ နတ္ဆိုးနဲ႔ ပိုတူေသးတယ္”

“ဟမ္?”

သူက ဆက္ေျပာလိုက္သည္။ “အရင္ေဖ်ာ္ေျဖပြဲညက ကိုယ့္စိတ္ထဲ ကိစၥအမ်ားႀကီး ေပၚလာခဲ့တယ္”

ေဇာင္ယုဟြမ္ ကထိတ္လန္႔စြာျဖင့္ သူ႕အား ၾကည့္ေနခဲ့သည္။

“ဒါက ဇာတ္လမ္းတစ္ခုပဲ”

“ပိုအံ့ဩဖို႔ေကာင္းတာက ဇာတ္လမ္းထဲက ဇာတ္လိုက္က ကိုယ္နဲ႔နာမည္ေကာ ေနာက္ခံေကာ တူေနတယ္။ သူကလည္း ေဖ်ာ္ေျဖေရးေလာကကပဲ။ ဇာတ္လမ္းမွာ ကိုယ္တစ္ေယာက္တည္း မဟုတ္ဘူး၊ ဟြမ္ဟြမ္ေကာ ဟုန္ခ်န္းမင္း ေကာပါတယ္။ ဟုန္ခ်န္းမင္း ကဗီလိန္ႀကီးပုံစံမ်ိဳးပဲ၊ ေနာက္ဆုံးက်ေတာ့ ကိုယ္က သူ႕ကို ေသတဲ့အထိ ႐ိုက္သတ္ခဲ့တာ” ထိုအခ်က္ေၾကာင့္ လီဂ်င္းယြမ္ ကရယ္လိုက္သည္။

ဟုန္ခ်န္းမင္း ကမႏွစ္ၿမိဳ႕စြာျဖင့္ ရယ္လိုက္သည္။

“ဒါက တကယ့္ကို ထူးဆန္းတယ္။ ဇာတ္လိုက္မက လင္းလန္၊ တစ္ေယာက္ေယာက္ပဲ။ ေနာက္ၿပီး လင္းလန္ ကလည္း အရင္ရက္ပိုင္းက ကိုယ့္ကို လာ႐ွာခဲ့ေသးတယ္၊ သူမဘာသာေတာင္ သစၥာအ႐ွိဆုံးဖန္လို႔ ေျပာခဲ့တာ…”

ေဇာင္ယုဟြမ္ ကအံ့ဩမႈမွ ေပ်ာ္ျမဴးသြားၿပီးေနာက္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။

လီဂ်င္းယြမ္ ကဇာတ္လမ္းကို သိေနခဲ့ရင္ လင္းလန္ ကေကာ?

ဒါက မူလဇာတ္ေၾကာင္းရဲ႕ပါဝါဆိုရင္ ဇာတ္ေၾကာင္းက လမ္းေၾကာင္းအတိုင္း ဆက္သြားမယ္ဆိုရင္ ဒီလိုခက္ခဲတဲ့ နည္းလမ္းေတြနဲ႔ ျပန္ျဖစ္လာမွာလား?

လီဂ်င္းယြမ္ က ေဇာင္ယုဟြမ္ အားႏူးညံ့စြာျပဳံးျပေနခဲ့သည္။ “ကိုယ္က နတ္ဆိုးဆိုရင္ ဟြမ္ဟြမ္ ကကိုယ့္ကို မႀကိဳက္ေတာ့ဘူးလား?”

ေဇာင္ယုဟြမ္ ကမေတြးပဲ ေခါင္းခါလိုက္သည္။

မူလဇာတ္ေၾကာင္းကို သူသိေနခဲ့သည္၊ သူ႕ေခါင္းထိပ္က အ႐ွိန္အဝါကိုလည္း သိေနခဲ့သည္၊ အရာအားလုံးကို သိေနခဲ့သည္… ဒါေပမဲ့ သူက မူလဇာတ္ေၾကာင္းအတိုင္း ဆက္မလုပ္ရင္ လင္းလန္ ရဲ႕လႊမ္းမိုးမႈေအာက္ ေရာက္မွာမဟုတ္ေတာ့ဘူး။

ဒါက သူ႕ႏွလုံးသားကို သက္ေသျပဖို႔ လုံေလာက္မေနဘူးလား?

ေဇာင္ယုဟြမ္ ကသက္ျပင္းခ်လိုက္သည္။

သူမ အေတြးလြန္သြားပုံပဲ။

သူတို႔က မူလဇာတ္ေၾကာင္းအတိုင္းလိုက္ၿပီး ဇာတ္လိုက္မေနာက္ကို ပါသြားၾကမယ္လို႔ သူမ ဆက္တိုက္ေတြးေနခဲ့သည္။

လီဂ်င္းယြမ္ က လင္းလန္ နဲ႔ေပါင္းစည္းသင့္သည္။

သို႔ေသာ္ လက္ေတြ႕တြင္ေတာ့ သူတို႔စိတ္ေတြက သူမအစက ေတြးထားတာထက္ေတာင္ ပိုခိုင္မာေနသည္။

26.10.2021 (Tue)
…………………………

[text_hash] => e26c67d9
)

//qc
//QC2