ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] – ≪ 105≫
// qc

ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] - ≪ 105≫

Array
(
[text] =>

Unicode

ဇောင်ယုဟွမ် သည်မျက်လုံးကို မှိတ်လိုက်ရင်း ဒီနှစ်တွေတစ်လျှောက် သူတို့ကြားက ဆက်ဆံရေးက သူမစိတ်ထဲ ရောက်လာခဲ့သည်။

ဟုန်ချန်းမင်း ကအပေါ်ပိုင်းဗလာဖြင့် သူမအား စိုက်ကြည့်နေပြီး သူ့ကြွက်သားတွေက ထိတ်လန့်စရာပင်။ လီဂျင်းယွမ် ကတော့ စင်ပေါ်တွင်ရှိနေပြီး မီလီယမ်ပေါင်းများစွာသော ဖန်တွေက သူ့ကိုအာရုံစိုက်နေကြပေမဲ့ သူ့အမြင်ကတော့ သူတို့အားလုံးကိုကျော်ပြီး ဇောင်ယုဟွမ် အပေါ်တွင်သာ ရှိနေသည်။

ဇောင်ယုဟွမ် ကသူမနှုတ်ခမ်းကို သပ်လိုက်ပြီး ရုတ်တရက် နှလုံးခုန်နှုန်းမြန်သွားသလို ခံစားလိုက်ရသည်။

စိတ်လှုပ်ရှားစွာဖြင့် သူမခေါင်းကို ကိုင်လိုက်သည်။

ဒါက တကယ့်အချစ်စစ်ဆိုရင် ပြန်လှည့်ဖို့အကြောင်းမရှိပေ။

နောက်ပိုင်း ဘယ်လိုပဲပြန်လှည့်ပြန်လှည့် ဒါတွေအားလုံးကို သူမလက်ခံရမည်…

ဇောင်ယုဟွမ် ကသူမနှုတ်ခမ်းကို ကိုက်လိုက်ပြီး သွေးထွက်အောင်လို့ အားနဲ့ကိုက်လိုကသ်ည်။

ဒီနေ့က တကယ့်ကို ရှည်လျားသည်။

လီဂျင်းယွမ် ရဲ့ဖန်တွေအတွက်တော့ ညှည်းပန်းမှုပင်။ လီဂျင်းယွမ် ကဖျော်ဖြေရေးလောကမှ ထွက်မယ်ဆိုတာကို မယုံကြည်ချင်ကြပေ။

ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့အတွက်လည်း ညှည်းပန်းခံနေရသည်။သူတို့နှစ်ယောက်လုံးက ဇောင်ယုဟွမ် ကိုရှာချင်ကြပေမဲ့ သူမဘယ်မှာရှိမှန်း မသိကြပေ။ သူတို့က လန်ဂျင်းဇီ ကိုမေးလိုက်ချိန်တွင် သူက ပြန်မဖြေပေ။ လန်ဂျင်းဇီ က ဇောင်ယုဟွမ် ရဲ့ဝမ်းကွဲဖြစ်တာကြောင့် သူတို့က သူ့အား အနှောက်အယှက်မပြုရဲကြပေ။ သူတို့က အံသာကြိတ်ပြီး သူတို့စိတ်ကို ထိန်းချုပ်ထားခဲ့ကြသည်။

ထိန်းချုပ်ထားရင်း တစ်ရက်တာက ကုန်သွားခဲ့သည်။

ဟုန်ချန်းမင်း ကဆိုဖာပေါ်တွင် ထိုင်နေပြီး သူ့ဖုန်းစခရင်ကို ရွှေ့နေကာ Weibo မှကွန့်မန့်တွေကို ဖတ်နေခဲ့သည်။

“ဒီကိစ္စတွေဖြစ်ပြီးတော့ ဇောင်ယုဟွမ် ကဘာမှမပြောသေးတာကို တစ်ယောက်ယောက် သတိပြုမိကြလား?”
“အို၊ ဟုတ်သား၊ ဟုန်လေး ကသူမကို အဲ့ညက ဖျော်ဖြေပွဲကနေ ခေါ်ထုတ်သွားပြီးနောက်တော့ ဘယ်သူမှ သူမကို မမြင်ကြတော့ဘူး။ သတင်းထောက်တွေတောင် သူမဆီ မရောက်နိုင်ကြဘူး”

“ဇောင်ယုဟွမ် ရဲ့ခံစားချက်တွေအပေါ် အရမ်းဖိအားများနေလိမ့်မယ်။ လူနှစ်ယောက်ရဲ့ နက်ရှိုင်းတဲ့ ခံစားချက်တွေ‌ကြောင့် သူမ ဘယ်သူ့ကိုရွေးရွေး မကောင်းနိုင်ဘူး… နောက်ပြီး သူတို့က မောင်နှမတွေလို နေခဲ့ကြပြီးတော့ ရုတ်တရက်ကြီး ချစ်သူဖြစ်ချင်လာကြတော့ သူမ သေချာပေါက်ကို သတိထားနေလိမ့်မယ်။ ဇောင်ယုဟွမ် ကတခြားတစ်ယောက်ကို ကြိုက်ရင်တောင် ကြိုက်နေနိုင်တယ်၊ သူမ သဘောကျတဲ့သူ ရှိနေရင် သူမအတွက်တော့ လက်ခံဖို့က ပိုပြီးတော့တောင် မဖြစ်နိုင်တော့ဘူး…”

ဟုန်ချန်းမင်း က “သူမအတွက် လက်ခံဖို့က ပိုပြီးတော့တောင် မဖြစ်နိုင်တော့ဘူး”ဆိုသည့် စာကြောင်းကို စိုက်ကြည့်နေပြီး သူ့မျက်ခုံးတွေက တွန့်ကြုတ်နေခဲ့သည်။

“ငါ ဟွမ်ဟွမ် ကိုသွားရှာမယ်” ဟုန်ချန်းမင်း ကအေးစက်စွာ ပြောလိုက်သည်။

လီဂျင်းယွမ် ကမျက်ခုံးကို ပင့်လိုက်သည်။ “မင်း ရှာနိုင်လို့လား?”

ဟုန်ချန်းမင်း ကသူ့ကိုယ်သူ ဖုံးကွယ်ထားဖို့ မလုပ်ပေ။ “အထူးအရာဆိုရင် အထူးနည်းလမ်းကို သုံးရမှာပဲလေ”

လီဂျင်းယွမ် ကသူ့ပါးစပ်ကို ဖွင့်လိုက်ပေမဲ့ အဆုံးတွင်တော့ သူ့အား ဘာမှမပြောတော့ပေ။ သူလည်း ဇောင်ယုဟွမ် ကိုမြင်ချင်သည်။ အထူးသဖြင့် အတွဲဖန်တွေရဲ့ စကားတွေကို မြင်ပြီးနောက်တွင် သူမကို အရမ်းတွေ့ချင်နေခဲ့သည်။ အရင်တုန်းက သူ့နှလုံးသားမှ ဖိနှိပ်ထားသည့် ခံစားချက်တွေက ရုတ်တရက်ကြီး အပြင်းအထန် ပေါက်ကွဲထွက်လာခဲ့ပြီး ဇောင်ယုဟွမ် ကိုချက်ချင်း တွေ့ချင်နေပြီး ရလဒ်က ဘာပဲဖြစ်နေပါစေ သူမအား ဖွင့်ပြောချင်နေသည်…

ဟုန်ချန်းမင်း ကလူနည်းနည်းကို ခေါ်လိုက်သည်။

တစ်နာရီလောက် ကြာပြီးချိန်တွင် ကားတစ်စီးက ဟုန်ချန်းမင်း ကိုလာခေါ်ခဲ့သည်။ လီဂျင်းယွမ် က“အရေထူတာ”ပဲဖြစ်ဖြစ် အာရုံမစိုက်ပဲ ယုံကြည်ချက်ရှိစွာဖြင့် ဟုန်ချန်းမင်း အနောက်မှ ကားထဲကို လိုက်ဝင်လိုကသ်ည်။

ဟုန်ချန်းမင်း ကကားထဲဝင်ပြီး လက်တစ်ဖက်က ကားတံခါးကို ဖိလိုက်သည်။

သူ့အေးစက်သည့် အကြည့်က လီဂျင်းယွမ် အပေါ်ရောက်သွားသည်။

လီဂျင်းယွမ် ကနောက်မဆုတ်ပေ။ “မင်းလက်မဖယ်ဘူးလား?”

ဟုန်ချန်းမင်း ကမဖယ်ပေးတာကို မြင်လိုက်ပြီး လီဂျင်းယွမ် ကမေးလိုက်သည်။ “ငါ ဟွမ်ဟွမ် ကိုခိုးသွားမှာ ကြောက်လို့လား?”

ဟုန်ချန်းမင်း ကအေးစက်စွာဖြင့် နှာမှုတ်လိုက်သည်။ “မင်းက?” ထို့နောက် အလျင်အမြန်ပင် ကားတံခါးကို ဖွင့်လိုက်သည်။ “ဝင်လာ”

လီဂျင်းယွမ် ကအနောက်တွင် ထိုင်လိုက်သည်။

ဟုန်ချန်းမင်း ကချက်ချင်းပင် အနောက်ကိုလှည့်ကြည့်လိုက်ပြီး ကြမ်းတမ်းစွာ ပြောလိုက်သည်။ “ငါ ဟွမ်ဟွမ့်ကို နမ်းပြီးသွားပြီ။ မင်းကကော?”

လီဂျင်းယွမ် ကအမူအရာ မပြောင်းလဲပေမဲ့ သူ့နှလုံးသားကတော့ နာကျင်သွားခဲ့သည်။

သူ့နှုတ်ခမ်းကို လှုပ်ရှားလိုက်သည်။ “အင်း၊ ဟုတ်တာပေါ့၊ ငါလဲနမ်းဖူးတယ်”

သူက သိသိသာသာကို ညာပြောလိုက်တာပင်။

သို့သော် ထိုအရာကို လီဂျင်းယွမ် ဝန်ခံမှာမဟုတ်ပေ။

ဟုန်ချန်းမင်း ရဲ့အမူအရာက ပြောင်းလဲသွားပြီး သူ့အသံက ရုတ်တရက် မြင့်သွားခဲ့သည်။ “နမ်းဖူးတယ်? ဘယ်အချိန်က?”

လီဂျင်းယွမ် ကခေါင်းမော့လိုက်ပြီး မပြုံးပဲ သူ့အား ကြည့်လိုက်သည်။ “အများကြီးပဲ…” လီဂျင်းယွမ် ကရပ်လိုက်ပြီးနောက် ပြောလိုက်သည်။ “ဟွမ်ဟွမ် ရဲ့နှုတ်ခမ်းက နူးညံ့နေတာပဲ”

ဒါက ယုတ္တိမရှိတာ ဖြစ်နေပေမဲ့ ဟုန်ချန်းမင်း ရဲ့မျက်ခုံးက တွန့်ချိုးသွားခဲ့သည်။ သူက အေးစက်စွာဖြင့် လီဂျင်းယွမ် ကိုစိုက်ကြည့်လိုက်ပြီး နှစ်ဖက်လုံးကတော့ တစ်ယောက်နဲ့ တစ်ယောက် သဘောမကျတာကို မဖုံးကွယ်ထားကြပေ။

လီဂျင်းယွမ် ကသွားကြိတ်လိုက်ပြီး ပြောလိုက်သည်။ “ဟွမ်ဟွမ် ကိုနမ်းနေတုန်းက သူမလည်ပင်းက နီလာတာက အရမ်းကို လှပြီးချစ်ဖို့ကောင်းတယ်”

ဒါက လုပ်ကြံဖန်တီးမှုသာ။

ဒါပေမဲ့ သူပျော်နေတုန်းပဲ!

ဒါက အမှန်မဟုတ်တာတောင် ဟုန်ချန်းမင်း ကသူမကို နမ်းချိန်တုန်းက ဟွမ်ဟွမ် ပုံစံက ဘယ်လိုပုံစံဖြစ်နေမလဲဆိုတာကို လီဂျင်းယွမ် သိချင်နေမိသည်… အားနည်းစွာနဲ့ လက်တွေ၊ ခြေတွေကို ကွေးထားမယ်၊ လည်ပင်းက နီရဲနေမယ်၊ အနမ်းကြောင့် အသက်မရှူနိုင်…

လီဂျင်းယွမ် ကသူ့မျက်လုံးကို မှိတ်ချလိုက်ပြီး ဆက်မတွေးရဲတော့ပေ။

သူဆက်တွေးလိုက်ရင် သူ့မျက်လုံးတွေ နီရဲလောက်သည်အထိ သဝန်တိုမိလိမ့်မည်။

ဟုန်ချန်းမင်း ကရုတ်တရက် သူ့လက်ကိုဆန့်လိုက်ပြီး ခလုတ်ကို ဖိချလိုက်သည်။

ရှေ့ခုံနဲ့နောက်ခုံက ကွာသည်။ ဒီပုံစံဆို ဘယ်ဘက်ကမှ ကြားမှာမဟုတ်ပေ။

ဟုန်ချန်းမင်း က လီဂျင်းယွမ် ကိုရိုက်ပစ်ချင်ပေမဲ့ လီဂျင်းယွမ် ကသူ့ကားထဲရှိနေပြီး သူတို့က ဟွမ်ဟွမ် ကိုတွေ့ဖို့ သွားနေကြတာ ဖြစ်သည်။ ဟွမ်ဟွမ် သာ လီဂျင်းယွမ် ကိုဒဏ်ရာအပြည့်နဲ့ တွေ့လိုက်ရင် လီဂျင်းယွမ် ကအရမ်းနာနေပြီး သနားစရာပုံ ဟန်ဆောင်လိုက်ရင် ဟွမ်ဟွမ် ရဲ့သနားတက်တဲ့ နှလုံးသားကို သူအနိုင်ရသွားနိုင်သည်။

မြင်ကွင်းကို မြင်နေသည့် လီဂျင်းယွမ် : “…”

အင်း၊ ဒါက အကောင်းဆုံးပဲ။ သူ့မကျေနပ်ချက်ကို မလျော့နိုင်ရင်တောင် ဟုန်ချန်းမင်း ကိုဒေါသထွက်အောင် ဆက်လိမ်နိုင်သည်။

အချိန်တချို့ကြာပြီးနောက် ဟုန်ချန်းမင်း ကနောက်ဆုတ်သွားခဲ့သည်။

သူက အေးစက်စွာနဲ့ ပြောလိုက်သည်။ “မင်းဖျော်ဖြေပွဲတုန်းက မင်းအပြုအမူတွေက ဟွမ်ဟွမ် ကိုလန့်အောင်လုပ်ခဲ့တယ်။ သူမ ကြောက်နေလိမ့်မယ်”

လီဂျင်းယွမ် ကမေးလိုက်သည်။ “ဒါဆို မင်းခံစားချက်တွေကို ဟွမ်ဟွမ့်ကို ပြောခဲ့လား?”

ဟုန်ချန်းမင်း ရဲ့မျက်တောင်က လှုပ်ရှားသွားခဲ့သည်။ “ပြောခဲ့တယ်”

“ဒါဆို ဘာကြောင့် ငါက လုပ်လို့မရလဲ?”

“ဒါက လုံးဝကို မတူဘူးလေ။ တစ်ယောက်က ထုတ်ပြောလို့ သူမစိတ်ကို မပြင်ဆင်ရသေးရင်တောင် သူမ မကြောက်နိုင်ဘူး။ ငါတို့နှစ်ယောက်လုံး ပြောလိုက်တော့ သူမက ရွေးဖို့အတွက် ဖိအားပေးခံလိုက်ရတယ်လေ။ သူမ ကြောက်သွားလိမ့်မယ်” ဟုန်ချန်းမင်း ကမျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“ဟွမ်ဟွမ် ကအရမ်းကြောက်ပြီး ငါတို့နှစ်ယောက်လုံးဆီကနေ အဝေးဆုံးကို ထွက်ပြေးသွားရင် ဘယ်လိုလုပ်မလဲ?”

ဟုန်ချန်းမင်း ကကားစတီယာရင်ကို ဆုပ်လိုက်သည်။ “အဲ့လိုနေ့ရှိလာရင် ငါ သူမကို ထွက်သွားခွင့်ပြုမှာ မဟုတ်ဘူး”

လီဂျင်းယွမ် ကတည်ငြိမ်စွာ ပြောလိုက်သည်။ “မင်းလုပ်ချင်တာတွေက ငါနဲ့အရမ်းကွာတယ်။ ငါရယ် ဟွမ်ဟွမ် ဉာဏ်ရည်ကို မင်းဉာဏ်ရည်နဲ့ယှဉ်ရင် မင်းက တစ်ခါတစ်လေ နိမ့်လွန်းတယ်။ အနည်းဆုံးတော့ ငါတို့တွေ ဒီအကြောင်းကို သဘောတူရလိမ့်မယ်လေ”

ဟုန်ချန်းမင်း : “…”

ကိုယ်ရံတော်တွေနဲ့ သူမအား သွားခေါ်ဖို့အတွက် ဘယ်သူ့မှ ထင်မထားကြပေ။

ဒီလိုရုပ်ဆိုးဆိုးကားထဲတွင် အရမ်းချမ်းသာသည့် လူနှစ်ယောက်လည်း ရှိနေကြမယ်လို့ ဘယ်သူ့မှ တွေးမိကြမှာ မဟုတ်ပေ။

“ငါတို့ ရောက်တော့မယ်” ဟုန်ချန်းမင်း ကသစ်ပင်တွေကြားမှ ပုန်းကွယ်နေသည့် အပန်းဖြေဗီလာလေးကို လှမ်းမြင်လိုက်သည်။

လီဂျင်းယွမ် ကမျက်မှောင်ကြုတ်လိုက်သည်။ “ပတ်ဝန်းကျင်က အရမ်းကြီးမကောင်းဘူး။ ဟွမ်ဟွမ် ကနေနိုင်လို့လား?”

“ဒါကြောင့်ပဲ ငါတို့ သူမကို မြန်မြန်ပြန်ခေါ်သွားရမယ်။ သူမ သဘောတူတူ၊ မတူတူ အဆင်ပြေတယ်” ဟုန်ချန်းမင်း ကပြောလိုက်ပြီးနောက် သူ့နက်ကတိုင်ကို ဆွဲချလိုက်ပြီး အပေါ်ကြယ်သီးကို ဖြုတ်လိုက်ကာ ရင်ဘတ်တချို့က ပေါ်လာခဲ့သည်။ သူ့သန်မာသည့် ကြွက်သားတွေက အထင်းသား ပေါ်လာခဲ့သည်။

ဟုန်ချန်းမင်း ရဲ့လက်က သူ့နှလုံးသားလို ယားယံနေသည်။

သူမကို တကယ်ကြီး ချည်ထားပြီး သူ့အနားတွင်သာ ထားချင်နေသည်။

ယောင်္ကျားနှစ်ယောက်က ဘာအမူအရာမှမပြပဲ အတူတူ အဝင်ဝကို လျှောက်သွားကြပြီး သူတို့ကြားက အကွာအဝေးကိုလည်း ထိန်းထားခဲ့သည်။

အဝင်ဝမှ တံခါးစောင့်က သာမန်တံခါးစောင့် မဟုတ်ပဲ အစောင့်ပင်။

သူတို့ရောက်လာတာကို မြင်လိုက်ချိန်တွင် သူ့တို့အား ဝင်ပေါက်တွင် တားလိုက်သည်။

ဟုန်ချန်းမင်း ကသူ့ခန္ဓာကိုယ်အား တင်းမာထားပြီး အသံဩဩဖြင့် ပြောလိုက်သည်။ “ဒါက လန်ဂျင်းဇီ အမိန့်ပေးထားတာလား? သူက ဟွမ်ဟွမ့်အပေါ် အရမ်းကောင်းတာပဲ”

လီဂျင်းယွမ် ကတည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ “မင်းမှာ အဲ့လိုအတွေးတွေ ရှိနေလို့လေ၊ လူတိုင်းမှာ အထောက်အပံ့တွေရှိတယ်လို့ မင်းမတွေးသင့်ဘူး”

ဟုန်ချန်းမင်း ကသူအရမ်းကို အထိမခံနိုင်ဖြစ်နေတာကို နားလည်သွားတာကြောင့် စကားပြောနေတာကို ရပ်လိုကသ်ည်။ သို့သော် သူ့စိတ်ထဲတွင် ဟွမ်ဟွမ် ကကမ္ဘာပေါ်တွင် အကောင်းဆုံးသူဖြစ်တာကြောင့် လူတိုင်းက သူမကို ဆန့်ကျင်ဖို့လုပ်နေတယ်လို့သာ သူခံစားနေရသည်။

အစောင့်က သူတို့ကို တားပြီးနောက်တွင် ဖုန်းလက်ခံရလိုက်သည်။

ဖုန်းပြောပြီးနောက် အစောင့်က သူတို့ကို ဝင်ခွင့်ပြုလိုက်သည်။ “ဝင်ပါ။ မစ္စတာလန် ကမစ္စတာတို့ ဝင်လို့ရတယ်လို့ ပြောပါတယ်”

မစ္စတာလန် က လန်ဂျင်းဇီ ကိုပြောချင်တာပင်။

ဟုန်ချန်းမင်း ကပြုံးလိုက်သည်။ နောက်ကျရင် ကျေနပ်စရာကောင်းတဲ့ ဝမ်းကွဲလန် ကနေ ကျေနပ်ဖွယ်ကောင်းတဲ့ ယောက်ဖဖြစ်လာမဲ့ပုံပဲ။

နှစ်ယောက်သားက ဝင်သွားကြပြီး အိမ်ဖော်တစ်ယောက်က သူတို့အား ဇောင်ယုဟွမ် အနားယူနေသည့် နေရာဆီကို လမ်းညွှန်ခဲ့သည်။ အိမ်ဖော်က ပြောလိုက်သည်။ “မစ္စဇောင် ကအိပ်နေတုန်းဖြစ်လိမ့်မယ်”

ဟုန်ချန်းမင်း ကလန့်သွားခဲ့သည်။ “ဒီအချိန်ထိ?”

အိမ်ဖော်က ခေါင်းညိတ်လိုက်သည်။ “ဟုတ်ပါတယ်။ အခုနောက်ပိုင်း မစ္စဇောင် ကနေ့ကောညပါ အိပ်နေပုံပဲ”

လီဂျင်းယွမ် ကဘာမှမပြောနိုင်ခင် ဟုန်ချန်းမင်း ကသူ့မျက်ခုံးကို ပင့်လိုက်ပြီး ထုတ်ပြောလိုက်သည်။ “မင်း ဒေါက်တာ မခေါ်ဘူးလား?”

အိမ်ဖော်က အလျင်အမြန် ရှင်းပြလိုက်သည်။ “ကျွန်မတို့ ခေါ်ခဲ့ပါတယ်။ မစ္စဇောင် ကရုပ်ပိုင်းဆိုရာ အားနည်းနေလို့ အချိန်ပိုပြီး အနားယူရမယ်လို့ပဲ ဒေါက်တာ ကပြောခဲ့ပါတယ်။ တခြားဘာပြဿနာမှ မရှိပါဘူး”

ဟုန်ချန်းမင်း ရဲ့မျက်ခုံးက နည်းနည်းလျော့သွားခဲ့သည်။

လီဂျင်းယွမ် ရဲ့နှလုံးသားကတော့ သူ့လည်ပင်းတွင် ရှိနေတုန်းဖြစ်ပေမဲ့ ဘာကိုမှထုတ်မပြပေ။ “ဒါဆို ဟွမ်ဟွမ် နိုးမဲ့အချိန်ထိပဲ ငါတို့စောင့်ရအောင်”

ဟုန်ချန်းမင်း ကခေါင်းညိတ်လိုက်ပြီး လှေကားတွင် ထိုင်ချလိုက်သည်။ အိမ်ဖော်က လန့်သွားခဲ့သည်။ အရင်က ဟုန်ချန်းမင်း ရဲ့မျက်နှာကို သူမ အနည်းငယ်သာ မြင်ခဲ့ဖူးသည်။ ရုပ်မြင်သံကြားနဲ့ စီးပွားရေမဂ္ဂဇင်းတိုင်းတွင် သူ့မျက်နှာက အမြဲတမ်းပါသည်။ ဒါကြောင့်ပဲ ဒီလိုလူမျိုးက တွန့်ဆုတ်မှုမရှိပဲ ကြမ်းပြင်ပေါ် ထိုင်ချလိုက်တာက ထိတ်လန့်စရာပဲလေ!

ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့က တခြားသူတွေရဲ့ အတွေးကို ဂရုမစိုက်ပဲ ထိုင်ချလိုက်သည်။ ထို့နောက် သူတို့နှစ်ယောက်လုံးက ဘာမှမပြောကြတော့ပေ။

သူတို့ကြားတွင် တံခါးတစ်ချက်က ခြားနေသော်လည်း ဇောင်ယုဟွမ် ကထိုအနောက်တွင် ရှိနေတာကြောင့် သူတို့အား စိတ်သက်သာရာရစေသည်။ ဒီလိုထိုင်နေရတာကိုပင် သူတို့အတွက်က အတော်လေးကို စိတ်ဝင်စားဖို့ကောင်းနေပြီး ပျင်းရိသလို၊ ညှည်းပန်းနှိပ်စက်ခံနေရသလိုမျိုး ဘာကိုမှ မခံစားရပေ။

ဇောင်ယုဟွမ် ကနေဝင်ချိန်လောက်အထိ အိပ်နေခဲ့သည်။

သူမအိပ်ရာပေါ်မှ ထ,လိုက်ပြီး နူးညံ့သည့် ညဝတ်အင်္ကျီကို ဝတ်ထားခဲ့သည်။

သူမက အေးချမ်းသည့်နေရာတွင် အနားယူချင်တယ်လို့ လန်ဂျင်းဇီ ကိုပြောခဲ့တာကြောင့် အပန်းဖြေဗီလာက သန့်ရှင်းနေပြီး ဧည့်သည်ကလည်း သူမပဲရှိသည်။ သူမအတွက် အလုပ်လုပ်ပေးနေကြသည့် အိမ်ဖော်တွေကလည်း မိန်းကလေးတွေဖြစ်လို့ ဇောင်ယုဟွမ် ကသူမအသွင်အပြင်ကို ဂရုမစိုက်ပေ။

သူမက ပြတင်းပေါက်ဆီ လျှောက်သွားလိုက်ပြီး ကန့်လန့်ကာကို ဖွင့်လိုက်သည်။ သူမက အဝေးက မြင်ကွင်းကို ကြည့်လိုက်ပြီးနောက် ကြွက်သားတွေကို ဆွဲဆန့်လိုက်ပြီး တံခါးဆီ လျှောက်သွားလိုက်သည်။

တံခါးက တန်ဖိုးကြီးသည့် သစ်သားနဲ့ လုပ်ထားတာကြောင့် တစ်စုံတစ်ယောက်က ဖွင့်လာချိန်တိုင်း အသံမြည်တက်သည်။

ဇောင်ယုဟွမ် ကတော့ ထိုအသံကို စိတ်ဝင်စားဖို့ကောင်းတယ်လို့ ခံစားရတာကြောင့် တံခါးအား အားပိုထည့်ပြီးတော့ ဖွင့်လိုက်သည်။

တစ်ကျွိကျွိမြည်သံကြောင့် ခြေလှမ်းအနည်းငယ် အကွာအဝေးလောက်က ထိုင်နေကြသည့် လူနှစ်ယောက်က ချက်ချင်း လှည့်ကြည့်လာကြသည်။

သူတို့က တံခါးဆီကို တစ်ပြိုင်နက်တည်း လှည့်ကြည့်လာကြပြီး သူတို့ရဲ့စိတ်လှုပ်ရှားမှုအား ဖိနှိပ်ဖို့အကောင်းဆုံး ကြိုးစားနေပြီး သူတို့ရဲ့စိတ်အားထက်သန်မှုက သူမကို ကြောက်သွားစေမှာကို စိုးထိတ်နေကြသည်။

သို့သော် သူမက လန့်မသွားပေ။

ထိုအစား သူတို့ကသာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် လန့်သွားကြသည်။

အဝတ်အစားက သူမရဲ့လှပသည့် ညှက်ရိုးကို ထုတ်ပြနေပြီး သူမရဲ့သေးသွယ်ပြီး ဖြူဖွေးနေသည့် လည်ပင်းက ပေါ်နေခဲ့သည်။ တစ်ယောက်ယောက်က ငုံ့ကြည့်လိုက်ရင် သူမရင်ဘတ်ကိုတောင် မြင်ရနိုင်သည်။

ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့က ချက်ချင်းပင် အသက်ရှူသွင်းလိုက်ကြပြီးနောက် သူတို့ခေါင်းက မူးနောက်သွားခဲ့သည်။

ဇောင်ယုဟွမ် ကလန့်သွားခဲ့သည်။ သူမရဲ့အိပ်ချင်မူးတူးဖြစ်နေသည့် မျက်လုံးတွေကို ဖွင့်လိုက်ပြီး သူတို့အား ဗလာဖြစ်စွာနဲ့ စိုက်ကြည့်လိုက်သည်။ “ဟမ်… ရှင်တို့… နှာခေါင်းသွေးလျှံနေတာလား?”

ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့ထိတ်လန့်သွားတာက ဒါပထမဆုံးအကြိမ်ဖြစ်သည်။

ဟုန်ချန်းမင်း ကလက်တစ်ဖက်နဲ့ သူ့နှာခေါင်းကို ဖိလိုက်ပြီး တခြားတစ်ဖက်က အင်္ကျီစကို နှာခေါင်းနား ကပ်လိုက်သည်။

သို့သော် ဇောင်ယုဟွမ် ကအသေးစိတ်ကို သတိမပြုမိပေ။ ဘာမှမတွေးပဲ သူမက လက်မြှောက်လိုက်ပြီး သူတို့နှာခေါင်းကို ဖိပေးလိုက်ကာ ကျယ်လောင်စွာ အော်လိုက်သည်။ “အစ်မရန်၊ တစ်ရှူးနည်းနည်းလောက် ယူလာပေးပါဦး!”

“မ-မလိုဘူး” ဟုန်ချန်းမင်း ကပြောလိုက်သည်။ အစ်မရန် ကအမျိုးသမီးဖြစ်ရင်တောင် ဒီကိုရောက်လာပြီး ဇောင်ယုဟွမ် ရဲ့လက်ရှိပုံစံကို မမြင်စေချင်ပေ။

ဟုန်ချန်မင်း ရဲ့အကြည့်က နည်းနည်းအောက်ကျသွားကာ ရုတ်တရက် မွန်းကြပ်သလို ခံစားလိုက်ရသည်။ ဒီအချိန်က သေဖို့တောင် ထိုက်တန်တယ်လို့ သူတွေးလိုက်မိသည်။

မဟုတ်ဘူး၊ အခု မသေနိုင်သေးဘူး။

ဒီလိုမြင်ကွင်းကို အချိန်အကြာကြီး မြင်ချင်သေးတယ်။

ဇောင်ယုဟွမ် ကသူတို့နဲ့ ဒီလိုထပ်တွေ့ရမယ်လို့ ထင်မထားခဲ့ပေ။

သူမက ပြောလိုက်သည်။ “လီဂျင်းယွမ်၊ ဘာလို့ ဒီလောက်အများကြီး သွေးထွက်နေရတာလဲ? ခေါင်းထိသွားလို့လား?”

#နဲနဲကြာသွားတယ်၊ ဒီရက်ပိုင်း အလုပ်ရှုပ်နေတာနဲ့ Broswer ကော Wp ကောသိပ်မဝင်ဖြစ်ဘူး၊ laptop ဆိုဝေးကော၊ အဲ့ဒါနဲ့ပိုကြာသွားတာ၊ နောက်တစ်ပိုင်းတော့ ကျန်သေးတယ်၊ အဲ့ဒါကတော့ မပြန်ရသေးဘူး၊ မနက်ဖြန်/သဘက်ခါလောက်တော့ တင်ပေးပါမယ်၊ အဲ့ထက်တော့ နောက်မကျလောက်ဘူး 😁

24.10.2021(Sun)
……………………….

Zawgyi

ေဇာင္ယုဟြမ္ သည္မ်က္လုံးကို မွိတ္လိုက္ရင္း ဒီႏွစ္ေတြတစ္ေလွ်ာက္ သူတို႔ၾကားက ဆက္ဆံေရးက သူမစိတ္ထဲ ေရာက္လာခဲ့သည္။

ဟုန္ခ်န္းမင္း ကအေပၚပိုင္းဗလာျဖင့္ သူမအား စိုက္ၾကည့္ေနၿပီး သူ႕ႂကြက္သားေတြက ထိတ္လန္႔စရာပင္။ လီဂ်င္းယြမ္ ကေတာ့ စင္ေပၚတြင္႐ွိေနၿပီး မီလီယမ္ေပါင္းမ်ားစြာေသာ ဖန္ေတြက သူ႕ကိုအာ႐ုံစိုက္ေနၾကေပမဲ့ သူ႕အျမင္ကေတာ့ သူတို႔အားလုံးကိုေက်ာ္ၿပီး ေဇာင္ယုဟြမ္ အေပၚတြင္သာ ႐ွိေနသည္။

ေဇာင္ယုဟြမ္ ကသူမႏႈတ္ခမ္းကို သပ္လိုက္ၿပီး ႐ုတ္တရက္ ႏွလုံးခုန္ႏႈန္းျမန္သြားသလို ခံစားလိုက္ရသည္။

စိတ္လႈပ္႐ွားစြာျဖင့္ သူမေခါင္းကို ကိုင္လိုက္သည္။

ဒါက တကယ့္အခ်စ္စစ္ဆိုရင္ ျပန္လွည့္ဖို႔အေၾကာင္းမ႐ွိေပ။

ေနာက္ပိုင္း ဘယ္လိုပဲျပန္လွည့္ျပန္လွည့္ ဒါေတြအားလုံးကို သူမလက္ခံရမည္…

ေဇာင္ယုဟြမ္ ကသူမႏႈတ္ခမ္းကို ကိုက္လိုက္ၿပီး ေသြးထြက္ေအာင္လို႔ အားနဲ႔ကိုက္လိုကသ္ည္။

ဒီေန႔က တကယ့္ကို ႐ွည္လ်ားသည္။

လီဂ်င္းယြမ္ ရဲ႕ဖန္ေတြအတြက္ေတာ့ ညႇည္းပန္းမႈပင္။ လီဂ်င္းယြမ္ ကေဖ်ာ္ေျဖေရးေလာကမွ ထြက္မယ္ဆိုတာကို မယုံၾကည္ခ်င္ၾကေပ။

ဟုန္ခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ တို႔အတြက္လည္း ညႇည္းပန္းခံေနရသည္။သူတို႔ႏွစ္ေယာက္လုံးက ေဇာင္ယုဟြမ္ ကို႐ွာခ်င္ၾကေပမဲ့ သူမဘယ္မွာ႐ွိမွန္း မသိၾကေပ။ သူတို႔က လန္ဂ်င္းဇီ ကိုေမးလိုက္ခ်ိန္တြင္ သူက ျပန္မေျဖေပ။ လန္ဂ်င္းဇီ က ေဇာင္ယုဟြမ္ ရဲ႕ဝမ္းကြဲျဖစ္တာေၾကာင့္ သူတို႔က သူ႕အား အေႏွာက္အယွက္မျပဳရဲၾကေပ။ သူတို႔က အံသာႀကိတ္ၿပီး သူတို႔စိတ္ကို ထိန္းခ်ဳပ္ထားခဲ့ၾကသည္။

ထိန္းခ်ဳပ္ထားရင္း တစ္ရက္တာက ကုန္သြားခဲ့သည္။

ဟုန္ခ်န္းမင္း ကဆိုဖာေပၚတြင္ ထိုင္ေနၿပီး သူ႕ဖုန္းစခရင္ကို ေ႐ႊ႕ေနကာ Weibo မွကြန္႔မန္႔ေတြကို ဖတ္ေနခဲ့သည္။

“ဒီကိစၥေတြျဖစ္ၿပီးေတာ့ ေဇာင္ယုဟြမ္ ကဘာမွမေျပာေသးတာကို တစ္ေယာက္ေယာက္ သတိျပဳမိၾကလား?”
“အို၊ ဟုတ္သား၊ ဟုန္ေလး ကသူမကို အဲ့ညက ေဖ်ာ္ေျဖပြဲကေန ေခၚထုတ္သြားၿပီးေနာက္ေတာ့ ဘယ္သူမွ သူမကို မျမင္ၾကေတာ့ဘူး။ သတင္းေထာက္ေတြေတာင္ သူမဆီ မေရာက္ႏိုင္ၾကဘူး”

“ေဇာင္ယုဟြမ္ ရဲ႕ခံစားခ်က္ေတြအေပၚ အရမ္းဖိအားမ်ားေနလိမ့္မယ္။ လူႏွစ္ေယာက္ရဲ႕ နက္႐ိႈင္းတဲ့ ခံစားခ်က္ေတြ‌ေၾကာင့္ သူမ ဘယ္သူ႕ကိုေ႐ြးေ႐ြး မေကာင္းႏိုင္ဘူး… ေနာက္ၿပီး သူတို႔က ေမာင္ႏွမေတြလို ေနခဲ့ၾကၿပီးေတာ့ ႐ုတ္တရက္ႀကီး ခ်စ္သူျဖစ္ခ်င္လာၾကေတာ့ သူမ ေသခ်ာေပါက္ကို သတိထားေနလိမ့္မယ္။ ေဇာင္ယုဟြမ္ ကတျခားတစ္ေယာက္ကို ႀကိဳက္ရင္ေတာင္ ႀကိဳက္ေနႏိုင္တယ္၊ သူမ သေဘာက်တဲ့သူ ႐ွိေနရင္ သူမအတြက္ေတာ့ လက္ခံဖို႔က ပိုၿပီးေတာ့ေတာင္ မျဖစ္ႏိုင္ေတာ့ဘူး…”

ဟုန္ခ်န္းမင္း က “သူမအတြက္ လက္ခံဖို႔က ပိုၿပီးေတာ့ေတာင္ မျဖစ္ႏိုင္ေတာ့ဘူး”ဆိုသည့္ စာေၾကာင္းကို စိုက္ၾကည့္ေနၿပီး သူ႕မ်က္ခုံးေတြက တြန္႔ၾကဳတ္ေနခဲ့သည္။

“ငါ ဟြမ္ဟြမ္ ကိုသြား႐ွာမယ္” ဟုန္ခ်န္းမင္း ကေအးစက္စြာ ေျပာလိုက္သည္။

လီဂ်င္းယြမ္ ကမ်က္ခုံးကို ပင့္လိုက္သည္။ “မင္း ႐ွာႏိုင္လို႔လား?”

ဟုန္ခ်န္းမင္း ကသူ႕ကိုယ္သူ ဖုံးကြယ္ထားဖို႔ မလုပ္ေပ။ “အထူးအရာဆိုရင္ အထူးနည္းလမ္းကို သုံးရမွာပဲေလ”

လီဂ်င္းယြမ္ ကသူ႕ပါးစပ္ကို ဖြင့္လိုက္ေပမဲ့ အဆုံးတြင္ေတာ့ သူ႕အား ဘာမွမေျပာေတာ့ေပ။ သူလည္း ေဇာင္ယုဟြမ္ ကိုျမင္ခ်င္သည္။ အထူးသျဖင့္ အတြဲဖန္ေတြရဲ႕ စကားေတြကို ျမင္ၿပီးေနာက္တြင္ သူမကို အရမ္းေတြ႕ခ်င္ေနခဲ့သည္။ အရင္တုန္းက သူ႕ႏွလုံးသားမွ ဖိႏွိပ္ထားသည့္ ခံစားခ်က္ေတြက ႐ုတ္တရက္ႀကီး အျပင္းအထန္ ေပါက္ကြဲထြက္လာခဲ့ၿပီး ေဇာင္ယုဟြမ္ ကိုခ်က္ခ်င္း ေတြ႕ခ်င္ေနၿပီး ရလဒ္က ဘာပဲျဖစ္ေနပါေစ သူမအား ဖြင့္ေျပာခ်င္ေနသည္…

ဟုန္ခ်န္းမင္း ကလူနည္းနည္းကို ေခၚလိုက္သည္။

တစ္နာရီေလာက္ ၾကာၿပီးခ်ိန္တြင္ ကားတစ္စီးက ဟုန္ခ်န္းမင္း ကိုလာေခၚခဲ့သည္။ လီဂ်င္းယြမ္ က“အေရထူတာ”ပဲျဖစ္ျဖစ္ အာ႐ုံမစိုက္ပဲ ယုံၾကည္ခ်က္႐ွိစြာျဖင့္ ဟုန္ခ်န္းမင္း အေနာက္မွ ကားထဲကို လိုက္ဝင္လိုကသ္ည္။

ဟုန္ခ်န္းမင္း ကကားထဲဝင္ၿပီး လက္တစ္ဖက္က ကားတံခါးကို ဖိလိုက္သည္။

သူ႕ေအးစက္သည့္ အၾကည့္က လီဂ်င္းယြမ္ အေပၚေရာက္သြားသည္။

လီဂ်င္းယြမ္ ကေနာက္မဆုတ္ေပ။ “မင္းလက္မဖယ္ဘူးလား?”

ဟုန္ခ်န္းမင္း ကမဖယ္ေပးတာကို ျမင္လိုက္ၿပီး လီဂ်င္းယြမ္ ကေမးလိုက္သည္။ “ငါ ဟြမ္ဟြမ္ ကိုခိုးသြားမွာ ေၾကာက္လို႔လား?”

ဟုန္ခ်န္းမင္း ကေအးစက္စြာျဖင့္ ႏွာမႈတ္လိုက္သည္။ “မင္းက?” ထို႔ေနာက္ အလ်င္အျမန္ပင္ ကားတံခါးကို ဖြင့္လိုက္သည္။ “ဝင္လာ”

လီဂ်င္းယြမ္ ကအေနာက္တြင္ ထိုင္လိုက္သည္။

ဟုန္ခ်န္းမင္း ကခ်က္ခ်င္းပင္ အေနာက္ကိုလွည့္ၾကည့္လိုက္ၿပီး ၾကမ္းတမ္းစြာ ေျပာလိုက္သည္။ “ငါ ဟြမ္ဟြမ့္ကို နမ္းၿပီးသြားၿပီ။ မင္းကေကာ?”

လီဂ်င္းယြမ္ ကအမူအရာ မေျပာင္းလဲေပမဲ့ သူ႕ႏွလုံးသားကေတာ့ နာက်င္သြားခဲ့သည္။

သူ႕ႏႈတ္ခမ္းကို လႈပ္႐ွားလိုက္သည္။ “အင္း၊ ဟုတ္တာေပါ့၊ ငါလဲနမ္းဖူးတယ္”

သူက သိသိသာသာကို ညာေျပာလိုက္တာပင္။

သို႔ေသာ္ ထိုအရာကို လီဂ်င္းယြမ္ ဝန္ခံမွာမဟုတ္ေပ။

ဟုန္ခ်န္းမင္း ရဲ႕အမူအရာက ေျပာင္းလဲသြားၿပီး သူ႕အသံက ႐ုတ္တရက္ ျမင့္သြားခဲ့သည္။ “နမ္းဖူးတယ္? ဘယ္အခ်ိန္က?”

လီဂ်င္းယြမ္ ကေခါင္းေမာ့လိုက္ၿပီး မျပဳံးပဲ သူ႕အား ၾကည့္လိုက္သည္။ “အမ်ားႀကီးပဲ…” လီဂ်င္းယြမ္ ကရပ္လိုက္ၿပီးေနာက္ ေျပာလိုက္သည္။ “ဟြမ္ဟြမ္ ရဲ႕ႏႈတ္ခမ္းက ႏူးညံ့ေနတာပဲ”

ဒါက ယုတၱိမ႐ွိတာ ျဖစ္ေနေပမဲ့ ဟုန္ခ်န္းမင္း ရဲ႕မ်က္ခုံးက တြန္႔ခ်ိဳးသြားခဲ့သည္။ သူက ေအးစက္စြာျဖင့္ လီဂ်င္းယြမ္ ကိုစိုက္ၾကည့္လိုက္ၿပီး ႏွစ္ဖက္လုံးကေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္ သေဘာမက်တာကို မဖုံးကြယ္ထားၾကေပ။

လီဂ်င္းယြမ္ ကသြားႀကိတ္လိုက္ၿပီး ေျပာလိုက္သည္။ “ဟြမ္ဟြမ္ ကိုနမ္းေနတုန္းက သူမလည္ပင္းက နီလာတာက အရမ္းကို လွၿပီးခ်စ္ဖို႔ေကာင္းတယ္”

ဒါက လုပ္ၾကံဖန္တီးမႈသာ။

ဒါေပမဲ့ သူေပ်ာ္ေနတုန္းပဲ!

ဒါက အမွန္မဟုတ္တာေတာင္ ဟုန္ခ်န္းမင္း ကသူမကို နမ္းခ်ိန္တုန္းက ဟြမ္ဟြမ္ ပုံစံက ဘယ္လိုပုံစံျဖစ္ေနမလဲဆိုတာကို လီဂ်င္းယြမ္ သိခ်င္ေနမိသည္… အားနည္းစြာနဲ႔ လက္ေတြ၊ ေျခေတြကို ေကြးထားမယ္၊ လည္ပင္းက နီရဲေနမယ္၊ အနမ္းေၾကာင့္ အသက္မ႐ွဴႏိုင္…

လီဂ်င္းယြမ္ ကသူ႕မ်က္လုံးကို မွိတ္ခ်လိုက္ၿပီး ဆက္မေတြးရဲေတာ့ေပ။

သူဆက္ေတြးလိုက္ရင္ သူ႕မ်က္လုံးေတြ နီရဲေလာက္သည္အထိ သဝန္တိုမိလိမ့္မည္။

ဟုန္ခ်န္းမင္း က႐ုတ္တရက္ သူ႕လက္ကိုဆန္႔လိုက္ၿပီး ခလုတ္ကို ဖိခ်လိုက္သည္။

ေ႐ွ႕ခုံနဲ႔ေနာက္ခုံက ကြာသည္။ ဒီပုံစံဆို ဘယ္ဘက္ကမွ ၾကားမွာမဟုတ္ေပ။

ဟုန္ခ်န္းမင္း က လီဂ်င္းယြမ္ ကို႐ိုက္ပစ္ခ်င္ေပမဲ့ လီဂ်င္းယြမ္ ကသူ႕ကားထဲ႐ွိေနၿပီး သူတို႔က ဟြမ္ဟြမ္ ကိုေတြ႕ဖို႔ သြားေနၾကတာ ျဖစ္သည္။ ဟြမ္ဟြမ္ သာ လီဂ်င္းယြမ္ ကိုဒဏ္ရာအျပည့္နဲ႔ ေတြ႕လိုက္ရင္ လီဂ်င္းယြမ္ ကအရမ္းနာေနၿပီး သနားစရာပုံ ဟန္ေဆာင္လိုက္ရင္ ဟြမ္ဟြမ္ ရဲ႕သနားတက္တဲ့ ႏွလုံးသားကို သူအႏိုင္ရသြားႏိုင္သည္။

ျမင္ကြင္းကို ျမင္ေနသည့္ လီဂ်င္းယြမ္ : “…”

အင္း၊ ဒါက အေကာင္းဆုံးပဲ။ သူ႕မေက်နပ္ခ်က္ကို မေလ်ာ့ႏိုင္ရင္ေတာင္ ဟုန္ခ်န္းမင္း ကိုေဒါသထြက္ေအာင္ ဆက္လိမ္ႏိုင္သည္။

အခ်ိန္တခ်ိဳ႕ၾကာၿပီးေနာက္ ဟုန္ခ်န္းမင္း ကေနာက္ဆုတ္သြားခဲ့သည္။

သူက ေအးစက္စြာနဲ႔ ေျပာလိုက္သည္။ “မင္းေဖ်ာ္ေျဖပြဲတုန္းက မင္းအျပဳအမူေတြက ဟြမ္ဟြမ္ ကိုလန္႔ေအာင္လုပ္ခဲ့တယ္။ သူမ ေၾကာက္ေနလိမ့္မယ္”

လီဂ်င္းယြမ္ ကေမးလိုက္သည္။ “ဒါဆို မင္းခံစားခ်က္ေတြကို ဟြမ္ဟြမ့္ကို ေျပာခဲ့လား?”

ဟုန္ခ်န္းမင္း ရဲ႕မ်က္ေတာင္က လႈပ္႐ွားသြားခဲ့သည္။ “ေျပာခဲ့တယ္”

“ဒါဆို ဘာေၾကာင့္ ငါက လုပ္လို႔မရလဲ?”

“ဒါက လုံးဝကို မတူဘူးေလ။ တစ္ေယာက္က ထုတ္ေျပာလို႔ သူမစိတ္ကို မျပင္ဆင္ရေသးရင္ေတာင္ သူမ မေၾကာက္ႏိုင္ဘူး။ ငါတို႔ႏွစ္ေယာက္လုံး ေျပာလိုက္ေတာ့ သူမက ေ႐ြးဖို႔အတြက္ ဖိအားေပးခံလိုက္ရတယ္ေလ။ သူမ ေၾကာက္သြားလိမ့္မယ္” ဟုန္ခ်န္းမင္း ကမ်က္ေမွာင္ၾကဳတ္ကာ ေျပာလိုက္သည္။

“ဟြမ္ဟြမ္ ကအရမ္းေၾကာက္ၿပီး ငါတို႔ႏွစ္ေယာက္လုံးဆီကေန အေဝးဆုံးကို ထြက္ေျပးသြားရင္ ဘယ္လိုလုပ္မလဲ?”

ဟုန္ခ်န္းမင္း ကကားစတီယာရင္ကို ဆုပ္လိုက္သည္။ “အဲ့လိုေန႔႐ွိလာရင္ ငါ သူမကို ထြက္သြားခြင့္ျပဳမွာ မဟုတ္ဘူး”

လီဂ်င္းယြမ္ ကတည္ၿငိမ္စြာ ေျပာလိုက္သည္။ “မင္းလုပ္ခ်င္တာေတြက ငါနဲ႔အရမ္းကြာတယ္။ ငါရယ္ ဟြမ္ဟြမ္ ဉာဏ္ရည္ကို မင္းဉာဏ္ရည္နဲ႔ယွဥ္ရင္ မင္းက တစ္ခါတစ္ေလ နိမ့္လြန္းတယ္။ အနည္းဆုံးေတာ့ ငါတို႔ေတြ ဒီအေၾကာင္းကို သေဘာတူရလိမ့္မယ္ေလ”

ဟုန္ခ်န္းမင္း : “…”

ကိုယ္ရံေတာ္ေတြနဲ႔ သူမအား သြားေခၚဖို႔အတြက္ ဘယ္သူ႕မွ ထင္မထားၾကေပ။

ဒီလို႐ုပ္ဆိုးဆိုးကားထဲတြင္ အရမ္းခ်မ္းသာသည့္ လူႏွစ္ေယာက္လည္း ႐ွိေနၾကမယ္လို႔ ဘယ္သူ႕မွ ေတြးမိၾကမွာ မဟုတ္ေပ။

“ငါတို႔ ေရာက္ေတာ့မယ္” ဟုန္ခ်န္းမင္း ကသစ္ပင္ေတြၾကားမွ ပုန္းကြယ္ေနသည့္ အပန္းေျဖဗီလာေလးကို လွမ္းျမင္လိုက္သည္။

လီဂ်င္းယြမ္ ကမ်က္ေမွာင္ၾကဳတ္လိုက္သည္။ “ပတ္ဝန္းက်င္က အရမ္းႀကီးမေကာင္းဘူး။ ဟြမ္ဟြမ္ ကေနႏိုင္လို႔လား?”

“ဒါေၾကာင့္ပဲ ငါတို႔ သူမကို ျမန္ျမန္ျပန္ေခၚသြားရမယ္။ သူမ သေဘာတူတူ၊ မတူတူ အဆင္ေျပတယ္” ဟုန္ခ်န္းမင္း ကေျပာလိုက္ၿပီးေနာက္ သူ႕နက္ကတိုင္ကို ဆြဲခ်လိုက္ၿပီး အေပၚၾကယ္သီးကို ျဖဳတ္လိုက္ကာ ရင္ဘတ္တခ်ိဳ႕က ေပၚလာခဲ့သည္။ သူ႕သန္မာသည့္ ႂကြက္သားေတြက အထင္းသား ေပၚလာခဲ့သည္။

ဟုန္ခ်န္းမင္း ရဲ႕လက္က သူ႕ႏွလုံးသားလို ယားယံေနသည္။

သူမကို တကယ္ႀကီး ခ်ည္ထားၿပီး သူ႕အနားတြင္သာ ထားခ်င္ေနသည္။

ေယာက်ၤားႏွစ္ေယာက္က ဘာအမူအရာမွမျပပဲ အတူတူ အဝင္ဝကို ေလွ်ာက္သြားၾကၿပီး သူတို႔ၾကားက အကြာအေဝးကိုလည္း ထိန္းထားခဲ့သည္။

အဝင္ဝမွ တံခါးေစာင့္က သာမန္တံခါးေစာင့္ မဟုတ္ပဲ အေစာင့္ပင္။

သူတို႔ေရာက္လာတာကို ျမင္လိုက္ခ်ိန္တြင္ သူ႕တို႔အား ဝင္ေပါက္တြင္ တားလိုက္သည္။

ဟုန္ခ်န္းမင္း ကသူ႕ခႏၶာကိုယ္အား တင္းမာထားၿပီး အသံဩဩျဖင့္ ေျပာလိုက္သည္။ “ဒါက လန္ဂ်င္းဇီ အမိန္႔ေပးထားတာလား? သူက ဟြမ္ဟြမ့္အေပၚ အရမ္းေကာင္းတာပဲ”

လီဂ်င္းယြမ္ ကတည္ၿငိမ္စြာျဖင့္ ေျပာလိုက္သည္။ “မင္းမွာ အဲ့လိုအေတြးေတြ ႐ွိေနလို႔ေလ၊ လူတိုင္းမွာ အေထာက္အပံ့ေတြ႐ွိတယ္လို႔ မင္းမေတြးသင့္ဘူး”

ဟုန္ခ်န္းမင္း ကသူအရမ္းကို အထိမခံႏိုင္ျဖစ္ေနတာကို နားလည္သြားတာေၾကာင့္ စကားေျပာေနတာကို ရပ္လိုကသ္ည္။ သို႔ေသာ္ သူ႕စိတ္ထဲတြင္ ဟြမ္ဟြမ္ ကကမ႓ာေပၚတြင္ အေကာင္းဆုံးသူျဖစ္တာေၾကာင့္ လူတိုင္းက သူမကို ဆန္႔က်င္ဖို႔လုပ္ေနတယ္လို႔သာ သူခံစားေနရသည္။

အေစာင့္က သူတို႔ကို တားၿပီးေနာက္တြင္ ဖုန္းလက္ခံရလိုက္သည္။

ဖုန္းေျပာၿပီးေနာက္ အေစာင့္က သူတို႔ကို ဝင္ခြင့္ျပဳလိုက္သည္။ “ဝင္ပါ။ မစၥတာလန္ ကမစၥတာတို႔ ဝင္လို႔ရတယ္လို႔ ေျပာပါတယ္”

မစၥတာလန္ က လန္ဂ်င္းဇီ ကိုေျပာခ်င္တာပင္။

ဟုန္ခ်န္းမင္း ကျပဳံးလိုက္သည္။ ေနာက္က်ရင္ ေက်နပ္စရာေကာင္းတဲ့ ဝမ္းကြဲလန္ ကေန ေက်နပ္ဖြယ္ေကာင္းတဲ့ ေယာက္ဖျဖစ္လာမဲ့ပုံပဲ။

ႏွစ္ေယာက္သားက ဝင္သြားၾကၿပီး အိမ္ေဖာ္တစ္ေယာက္က သူတို႔အား ေဇာင္ယုဟြမ္ အနားယူေနသည့္ ေနရာဆီကို လမ္းၫႊန္ခဲ့သည္။ အိမ္ေဖာ္က ေျပာလိုက္သည္။ “မစၥေဇာင္ ကအိပ္ေနတုန္းျဖစ္လိမ့္မယ္”

ဟုန္ခ်န္းမင္း ကလန္႔သြားခဲ့သည္။ “ဒီအခ်ိန္ထိ?”

အိမ္ေဖာ္က ေခါင္းညိတ္လိုက္သည္။ “ဟုတ္ပါတယ္။ အခုေနာက္ပိုင္း မစၥေဇာင္ ကေန႔ေကာညပါ အိပ္ေနပုံပဲ”

လီဂ်င္းယြမ္ ကဘာမွမေျပာႏိုင္ခင္ ဟုန္ခ်န္းမင္း ကသူ႕မ်က္ခုံးကို ပင့္လိုက္ၿပီး ထုတ္ေျပာလိုက္သည္။ “မင္း ေဒါက္တာ မေခၚဘူးလား?”

အိမ္ေဖာ္က အလ်င္အျမန္ ႐ွင္းျပလိုက္သည္။ “ကြၽန္မတို႔ ေခၚခဲ့ပါတယ္။ မစၥေဇာင္ က႐ုပ္ပိုင္းဆိုရာ အားနည္းေနလို႔ အခ်ိန္ပိုၿပီး အနားယူရမယ္လို႔ပဲ ေဒါက္တာ ကေျပာခဲ့ပါတယ္။ တျခားဘာျပႆနာမွ မ႐ွိပါဘူး”

ဟုန္ခ်န္းမင္း ရဲ႕မ်က္ခုံးက နည္းနည္းေလ်ာ့သြားခဲ့သည္။

လီဂ်င္းယြမ္ ရဲ႕ႏွလုံးသားကေတာ့ သူ႕လည္ပင္းတြင္ ႐ွိေနတုန္းျဖစ္ေပမဲ့ ဘာကိုမွထုတ္မျပေပ။ “ဒါဆို ဟြမ္ဟြမ္ ႏိုးမဲ့အခ်ိန္ထိပဲ ငါတို႔ေစာင့္ရေအာင္”

ဟုန္ခ်န္းမင္း ကေခါင္းညိတ္လိုက္ၿပီး ေလွကားတြင္ ထိုင္ခ်လိုက္သည္။ အိမ္ေဖာ္က လန္႔သြားခဲ့သည္။ အရင္က ဟုန္ခ်န္းမင္း ရဲ႕မ်က္ႏွာကို သူမ အနည္းငယ္သာ ျမင္ခဲ့ဖူးသည္။ ႐ုပ္ျမင္သံၾကားနဲ႔ စီးပြားေရမဂၢဇင္းတိုင္းတြင္ သူ႕မ်က္ႏွာက အၿမဲတမ္းပါသည္။ ဒါေၾကာင့္ပဲ ဒီလိုလူမ်ိဳးက တြန္႔ဆုတ္မႈမ႐ွိပဲ ၾကမ္းျပင္ေပၚ ထိုင္ခ်လိုက္တာက ထိတ္လန္႔စရာပဲေလ!

ဟုန္ခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ တို႔က တျခားသူေတြရဲ႕ အေတြးကို ဂ႐ုမစိုက္ပဲ ထိုင္ခ်လိုက္သည္။ ထို႔ေနာက္ သူတို႔ႏွစ္ေယာက္လုံးက ဘာမွမေျပာၾကေတာ့ေပ။

သူတို႔ၾကားတြင္ တံခါးတစ္ခ်က္က ျခားေနေသာ္လည္း ေဇာင္ယုဟြမ္ ကထိုအေနာက္တြင္ ႐ွိေနတာေၾကာင့္ သူတို႔အား စိတ္သက္သာရာရေစသည္။ ဒီလိုထိုင္ေနရတာကိုပင္ သူတို႔အတြက္က အေတာ္ေလးကို စိတ္ဝင္စားဖို႔ေကာင္းေနၿပီး ပ်င္းရိသလို၊ ညႇည္းပန္းႏွိပ္စက္ခံေနရသလိုမ်ိဳး ဘာကိုမွ မခံစားရေပ။

ေဇာင္ယုဟြမ္ ကေနဝင္ခ်ိန္ေလာက္အထိ အိပ္ေနခဲ့သည္။

သူမအိပ္ရာေပၚမွ ထ,လိုက္ၿပီး ႏူးညံ့သည့္ ညဝတ္အက်ႌကို ဝတ္ထားခဲ့သည္။

သူမက ေအးခ်မ္းသည့္ေနရာတြင္ အနားယူခ်င္တယ္လို႔ လန္ဂ်င္းဇီ ကိုေျပာခဲ့တာေၾကာင့္ အပန္းေျဖဗီလာက သန္႔႐ွင္းေနၿပီး ဧည့္သည္ကလည္း သူမပဲ႐ွိသည္။ သူမအတြက္ အလုပ္လုပ္ေပးေနၾကသည့္ အိမ္ေဖာ္ေတြကလည္း မိန္းကေလးေတြျဖစ္လို႔ ေဇာင္ယုဟြမ္ ကသူမအသြင္အျပင္ကို ဂ႐ုမစိုက္ေပ။

သူမက ျပတင္းေပါက္ဆီ ေလွ်ာက္သြားလိုက္ၿပီး ကန္႔လန္႔ကာကို ဖြင့္လိုက္သည္။ သူမက အေဝးက ျမင္ကြင္းကို ၾကည့္လိုက္ၿပီးေနာက္ ႂကြက္သားေတြကို ဆြဲဆန္႔လိုက္ၿပီး တံခါးဆီ ေလွ်ာက္သြားလိုက္သည္။

တံခါးက တန္ဖိုးႀကီးသည့္ သစ္သားနဲ႔ လုပ္ထားတာေၾကာင့္ တစ္စုံတစ္ေယာက္က ဖြင့္လာခ်ိန္တိုင္း အသံျမည္တက္သည္။

ေဇာင္ယုဟြမ္ ကေတာ့ ထိုအသံကို စိတ္ဝင္စားဖို႔ေကာင္းတယ္လို႔ ခံစားရတာေၾကာင့္ တံခါးအား အားပိုထည့္ၿပီးေတာ့ ဖြင့္လိုက္သည္။

တစ္ကြၽိကြၽိျမည္သံေၾကာင့္ ေျခလွမ္းအနည္းငယ္ အကြာအေဝးေလာက္က ထိုင္ေနၾကသည့္ လူႏွစ္ေယာက္က ခ်က္ခ်င္း လွည့္ၾကည့္လာၾကသည္။

သူတို႔က တံခါးဆီကို တစ္ၿပိဳင္နက္တည္း လွည့္ၾကည့္လာၾကၿပီး သူတို႔ရဲ႕စိတ္လႈပ္႐ွားမႈအား ဖိႏွိပ္ဖို႔အေကာင္းဆုံး ႀကိဳးစားေနၿပီး သူတို႔ရဲ႕စိတ္အားထက္သန္မႈက သူမကို ေၾကာက္သြားေစမွာကို စိုးထိတ္ေနၾကသည္။

သို႔ေသာ္ သူမက လန္႔မသြားေပ။

ထိုအစား သူတို႔ကသာ ျမင္လိုက္ရသည့္ ျမင္ကြင္းေၾကာင့္ လန္႔သြားၾကသည္။

အဝတ္အစားက သူမရဲ႕လွပသည့္ ညႇက္႐ိုးကို ထုတ္ျပေနၿပီး သူမရဲ႕ေသးသြယ္ၿပီး ျဖဴေဖြးေနသည့္ လည္ပင္းက ေပၚေနခဲ့သည္။ တစ္ေယာက္ေယာက္က ငုံ႔ၾကည့္လိုက္ရင္ သူမရင္ဘတ္ကိုေတာင္ ျမင္ရႏိုင္သည္။

ဟုန္ခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ တို႔က ခ်က္ခ်င္းပင္ အသက္႐ွဴသြင္းလိုက္ၾကၿပီးေနာက္ သူတို႔ေခါင္းက မူးေနာက္သြားခဲ့သည္။

ေဇာင္ယုဟြမ္ ကလန္႔သြားခဲ့သည္။ သူမရဲ႕အိပ္ခ်င္မူးတူးျဖစ္ေနသည့္ မ်က္လုံးေတြကို ဖြင့္လိုက္ၿပီး သူတို႔အား ဗလာျဖစ္စြာနဲ႔ စိုက္ၾကည့္လိုက္သည္။ “ဟမ္… ႐ွင္တို႔… ႏွာေခါင္းေသြးလွ်ံေနတာလား?”

ဟုန္ခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ တို႔ထိတ္လန္႔သြားတာက ဒါပထမဆုံးအႀကိမ္ျဖစ္သည္။

ဟုန္ခ်န္းမင္း ကလက္တစ္ဖက္နဲ႔ သူ႕ႏွာေခါင္းကို ဖိလိုက္ၿပီး တျခားတစ္ဖက္က အက်ႌစကို ႏွာေခါင္းနား ကပ္လိုက္သည္။

သို႔ေသာ္ ေဇာင္ယုဟြမ္ ကအေသးစိတ္ကို သတိမျပဳမိေပ။ ဘာမွမေတြးပဲ သူမက လက္ေျမႇာက္လိုက္ၿပီး သူတို႔ႏွာေခါင္းကို ဖိေပးလိုက္ကာ က်ယ္ေလာင္စြာ ေအာ္လိုက္သည္။ “အစ္မရန္၊ တစ္႐ွဴးနည္းနည္းေလာက္ ယူလာေပးပါဦး!”

“မ-မလိုဘူး” ဟုန္ခ်န္းမင္း ကေျပာလိုက္သည္။ အစ္မရန္ ကအမ်ိဳးသမီးျဖစ္ရင္ေတာင္ ဒီကိုေရာက္လာၿပီး ေဇာင္ယုဟြမ္ ရဲ႕လက္႐ွိပုံစံကို မျမင္ေစခ်င္ေပ။

ဟုန္ခ်န္မင္း ရဲ႕အၾကည့္က နည္းနည္းေအာက္က်သြားကာ ႐ုတ္တရက္ မြန္းၾကပ္သလို ခံစားလိုက္ရသည္။ ဒီအခ်ိန္က ေသဖို႔ေတာင္ ထိုက္တန္တယ္လို႔ သူေတြးလိုက္မိသည္။

မဟုတ္ဘူး၊ အခု မေသႏိုင္ေသးဘူး။

ဒီလိုျမင္ကြင္းကို အခ်ိန္အၾကာႀကီး ျမင္ခ်င္ေသးတယ္။

ေဇာင္ယုဟြမ္ ကသူတို႔နဲ႔ ဒီလိုထပ္ေတြ႕ရမယ္လို႔ ထင္မထားခဲ့ေပ။

သူမက ေျပာလိုက္သည္။ “လီဂ်င္းယြမ္၊ ဘာလို႔ ဒီေလာက္အမ်ားႀကီး ေသြးထြက္ေနရတာလဲ? ေခါင္းထိသြားလို႔လား?”

#နဲနဲၾကာသြားတယ္၊ ဒီရက္ပိုင္း အလုပ္႐ႈပ္ေနတာနဲ႔ Broswer ေကာ Wp ေကာသိပ္မဝင္ျဖစ္ဘူး၊ laptop ဆိုေဝးေကာ၊ အဲ့ဒါနဲ႔ပိုၾကာသြားတာ၊ ေနာက္တစ္ပိုင္းေတာ့ က်န္ေသးတယ္၊ အဲ့ဒါကေတာ့ မျပန္ရေသးဘူး၊ မနက္ျဖန္/သဘက္ခါေလာက္ေတာ့ တင္ေပးပါမယ္၊ အဲ့ထက္ေတာ့ ေနာက္မက်ေလာက္ဘူး 😁

24.10.2021(Sun)
……………………….

[text_hash] => 170bf27b
)

//qc
//QC2