ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] – ≪ 104 ≫
// qc

ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] - ≪ 104 ≫

Array
(
[text] =>

Unicode

#လီရုံ ကဖျော်ဖြေပွဲမှာ#

#လီဂျင်းယွမ် က Live မှာဝန်ခံသွားတယ်#

လီဂျင်းယွမ် ကထိပ်ဆုံးရှာဖွေမှုကို ရောက်ခဲ့ပေမဲ့ ဝေ့ကျဲ ကတော့ နည်းနည်းလေးတောင် မပျော်နိုင်ပေ။ လီဂျင်းယွမ် ရဲ့အကြောင်းအား လိုက်ကြည့်နေရင်း အသိစိတ်အား အနိုင်ကျင့်ခံနေရသလို ခံစားနေရသည်။

“ဖျော်ဖြေပွဲက သူ့လုပ်ဆောင်ချက်က ထိပ်ဆုံးပဲ၊ လုံးဝကို ပြောစရာကိုမရှိတာ! ဒါပေမဲ့ Live မှာရုတ်တရက်ကြီး ဝန်ခံလိမ့်မယ်လို့တော့ ထင်မထားဘူး! အိုင်ဒေါလ်တွေက သူတို့ဖန်တွေက အတွဲဖန်တွေကြီးပဲ မဟုတ်ဘူးဆိုတာ သိနေမယ်လို့ ငါထင်တယ်။ ငါတို့က ငွေတွေအကုန်ခံပြီး လီဂျင်းယွမ် ကိုပွဲဦးထွက်မှာ ထိပ်ဆုံးရောက်ဖို့ ထောက်ပံ့ပေးခဲ့တာကို အခုတော့ ရုတ်တရက်ကြီး လှည့်ထွက်သွားပြီး ဒိတ်တယ်။ အထူးသဖြင့် အဲ့လိုတော့ မလုပ်သင့်ဘူး… ဒါက လုံးဝကို ဘမ်းခံသင့်တယ်။ အဲ့အေးဂျင့်နဲ့ ကုမ္ပဏီက သေသွားကြပြီလား? ဒါကို ဂရုမစိုက်ကြဘူးလား?”

“အပေါ်က သတင်းတွေကို တွေ့ခဲ့လား? ဖျော်ဖြေပွဲမှာ နင်မမြင်ခဲ့ဘူးလား? လီရုံ ကိုလေ! ဒါကို ဘာကိုဆိုလိုလဲ? ဒါက လီဂျင်းယွမ် ကတကယ့်ကို လီမိသားစုက ဆိုတာပဲ! မကြာခင် သူပြန်ပြီး အမွေဆက်ခံရမှာ! ဒါဆို နင် သူ့ကို ဆက်ပြီးမထောက်ခံပေးရင်ကော?”

“+1+1+1! လီဂျင်းယွမ် ကခေါင်းအုန်းမှာပဲ အလှဆင်ထားတဲ့ ပစ္စည်းဆိုရင် သာမာန်ဖြစ်နိုင်ပေမဲ့ သူက သူ့အင်အားနဲ့ ပွဲဦးထွက်ခဲ့တာ။ သူ့ကို ပွဲဦးထွက်နိုင်အောင် နင်ငွေပေးခဲ့ရလို့လား? သူ့အယ်လ်ဘမ်နဲ့ ပိုစတာကို ငွေပေးပြီး ဝယ်ခဲ့ဖူးလား? တခြားအိုင်ဒေါလ်နဲ့ လီဂျင်းယွမ် ကိုလာမရောနဲ့!”

“အရင်က လီဂျင်းယွမ် ဘာလုပ်ခဲ့လဲဆိုတာ မမေ့နဲ့… သူအသက်ရှင်ဖို့ ဖန်တွေဆီက ငွေကိုမျှော်ကိုးနေဖို့ မလိုအပ်ဘူး။ သူက အရင်တည်းက ထိပ်ဆုံးမော်ဒယ်လ် ဖြစ်ပြီးသားပဲ၊ တွန့်ဆုတ်မှုမရှိပဲ ထွက်လို့ရတယ်။ ဒါက သူ့အသက်မွေးဝမ်းကြောင်းကို အတွေ့အကြုံအတွက်ပဲ လုပ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြလိုက်တာပဲ။ နင် သူ့ကို မြှင့်တင်ပေးနေဖို့က သူ့အတွက် မလိုအပ်တဲ့အရာပဲ။ ဒါက လူထု့အမြင်ဖြစ်လာမှာ”

ဝေ့ကျဲ သည်သက်ပြင်းရှည်ကြီးကို ချလိုက်သည်။
လီဂျင်းယွမ် ကဆူပူခံရသင့်တယ်၊ ဒါမှမဟုတ် လူထုကနေ သူ့အား ဖျော်ဖြေရေးလောကမှ ထွက်သွားဖို့တောင် တောင်းဆိုခံရသင့်တယ်လို့ သူတွေးလိုက်သည်။ သို့သော် ဖန်တွေက ဒေါသထွက်မှာထက် နည်းလမ်းကျကျသာ တွေးနေကြလို့ ဝမ်းသာမိသည်။

နောက်ပြီး သူတို့အသက်မွေးဝမ်းကြောင်းမှာ ထိပ်ဆုံးရောက်နေတဲ့ တစ်စုံတစ်ယောက်က ရုတ်တရက်ကြီး အချစ်ရေးကို စိတ်ဝင်စားနေကြောင်း ထုတ်ပြလိုက်ရင် သူတို့ဖန်အများစုက လုံးဝကို လက်ခံနိုင်ကြမှာ မဟုတ်ဘူး။

ဝေ့ကျဲ က Weibo ကကွန့်မန့်တွေအား ဆက်ဆွဲကြည့်လိုက်ပြီး နည်းနည်းလေး ထောက်ခံလိုက်သည်။

ဒါတော့ မဟုတ်သေးဘူးလေ?!

မော်ဒယ်လ်လုပ်တာကို တွန့်ဆုတ်ခြင်းမရှိပဲ ထွက်နိုင်တယ်! အခုဆယ်လီကလည်း တွန့်ဆုတ်မှုမရှိပဲ ထွက်မှာလေ!

ဝေ့ကျဲ ကနောက်ကို ပြန်ကြည့်လိုက်ပြီး လီဂျင်းယွမ် ကသူ့ဖုန်းတွင် စာရိုက်နေတာကို မြင်လိုက်ရသည်။ သူက တခြားပို့စ်အတွက် ရေးနေသည်။

ဝေ့ကျဲ ကမထိန်းနိုင်ပဲ မေးလိုက်သည်။ “မစ္စဇောင် ကဖျော်ဖြေရေးက ကိစ္စကို အခွင့်ကောင်းယူပြီး မစ္စတာလီ နဲ့ထွက်သွားမှာကို မစိုးရိမ်ဘူးလား?”

လီဂျင်းယွမ် ကသူ့ခေါင်းကို မော့လိုက်ပေမဲ့ သူ့မျက်နှာထက်တွင် စိုးရိမ်မှုနည်းနည်းလေးတောင် ပြမနေပေ။ ထိုအစား သူ့မျက်လုံးတွေက တောက်ပနေပုံပေါ်သည်။ သူ့နှုတ်ခမ်းက ကွေးတက်သွားပြီး ပြုံးသွားခဲ့သည်။ “ဒါက အတိတ်ကဆိုရင်တော့ ကျွန်တော် စိုးရိမ်မိလိမ့်မယ်။ ဒါပေမဲ့ ဒီအဆင့်ကို ရောက်နေမှတော့ ကျွန်တော် ထပ်ပြီးမစိုးရိမ်တော့ဘူး”

ဒီခြေလှမ်းကို လှမ်းပြီးနောက် ခံစားချက်တွေက လက်ရာမြောက်တာ လုံလောက်ပြီ!

ဆက်ငြိမ်နေဖို့ သူရွေးလိုက်ရင်တော့ ဆက်တိုက်ဖိအားတွေအောက်မှ ထိန်းချုပ်မှုမဲ့သွားပြီး ဇောင်ယုဟွမ် ထွက်သွားတာကို စိတ်ဆိုးမိလိမ့်မယ်။

လီဂျင်းယွမ် ကစကားပြောပြီးနောက် စာရိုက်နေတာကိုလည်း ရပ်လိုက်သည်။ “ကျွန်တော် ရေးလို့ပြီးပြီ”

တစ်ချိန်တည်းတွင် ဝေ့ကျဲ ကဒင်ဆိုသည့် အသံကို ကြားလိုက်ရသည်။ Weibo တွင် follow ထားသည့် မည်သူမဆို ပို့စ်တင်တာနဲ့ ထွက်လာတက်သည့် နိုတီ(noti)အသံပင်။

ဝေ့ကျဲ ကသက်ပြင်းချလိုက်ပေမဲ့ ပို့စ်ကို ကြည့်လိုက်သည်။

စစ်မှန်တဲ့ စစ်သည်တော်ကြီး၊ သူ့စိတ်ပျက်စရာ ဘဝကြီးကို တကယ်ပဲ ရင်ဆိုင်ရဲနေတယ်!

@လီဂျင်းယွမ် : ကျွန်တော် ဒီသီချင်းကို ရေးတည်းက တွေးထားပြီးသား။ တစ်နေ့မှာ ဒီသီချင်းကို မင်းတို့ကြားပြီး ကြိုက်လိမ့်မယ်လို့လည်း မျှော်လင့်ထားတယ်။ နောက်ပြီး ကျွန်တော့်ဆန္ဒက ကျွန်တော်လိုချင်တဲ့ ပျော်ရွှင်ခြင်းကို ပေးဖို့ပဲ။ [link video]

သူက ဘယ်သူ့ကိုမှ မန်းရှင်းမခေါ်ထားပေမဲ့ သူ့ပို့စ်က ဘယ်သူ့ကို ရည်ညွှန်းနေမှန်း လူတိုင်းက သိနေကြသည်။

လီဂျင်းယွမ် ရဲ့ပို့စ်က အလျင်အမြန်ပင် ထိပ်ဆုံးရှာဖွေမှုကို ရောက်သွားခဲ့သည်။

ကွန့်မန့်တွေနဲ့ ပြန်တင်မှုတွေက ကြီးထွားလာခဲ့သည်။
လီဂျင်းယွမ် ကပြုံးလိုက်ပြီး နောက်ထပ်ပို့စ်ကို တင်လိုက်သည်။

@လီဂျင်းယွမ် : တရုတ်ပြည်ကို ပြန်လာတည်းက ကျွန်တော့်ပန်းတိုင်က ဖျော်ဖြေရေးလောကကို ဝင်ဖို့ပဲ။ ပိုတော်လာပြီး သူမအာရုံကို ပိုဆွဲဆောင်နိုင်ဖို့ပဲ။ နောက်ပြီး အရာအားလုံးကနေ သူမကို ကာကွယ်ပေးနိုင်ဖို့အထိ ပိုသန်မာလာဖို့ပဲ။ ဒါက တစ်ဝက်တော့ ရောက်နေပြီ။ သူမရဲ့အသိအမှတ်ပြုမှုကတော့ လွဲနေတုန်းပဲ၊ ကျွန်တော် ဘယ်နေရာပဲရောက်ရောက် ကျေနပ်ပါတယ်၊ ကျွန်တော့်မှာ အကောင်းဆုံးဖန်တွေ အများကြီး ရှိနေတာပဲ။ ဒါပေမဲ့ အလုပ်ကြောင့် ပန်းတိုင်တစ်ဝက်တည်းနဲ့ ဒီနေရာကနေ ထွက်သွားရတယ်။ ကျွန်တော့်အစီအစဉ်ကို ပြောပြရင် အချစ်ကြောင့် အကင်ခံရနိုင်တယ်။ ဒါပေမဲ့ အချစ်က ဘာမှမမှားပါဘူး။ အချစ်က လူတစ်ယောက်ကို ပိုပြီးတော့ တော်လာ၊ သန်မာလာပြီး ဘဝမှာ ပျော်ရွှင်မှုလေးကို ဘယ်လိုရှာရမလဲဆိုတာကိုတောင် နားလည်လာနိုင်တယ်။ မင်းတို့အားလုံးမှာလည်း ဒီလိုအချစ်မျိုးရှိနိုင်ဖို့ မျှော်လင့်ပါတယ်။ @လီဂျင်းယွမ် ဂလိုဘယ် ဖန်ထောက်ပံ့ရေးကလပ်

ပို့စ်နှစ်ခုက သိပ်မကြာခင်မှာပဲ Weibo ရဲ့ရှာဖွေမှု ထိပ်ဆုံးကို ရောက်သွားခဲ့သည်။

အထူးသဖြင့် နောက်ဆုံးတစ်ခုက လူတိုင်းရဲ့အာရုံကို ဆွဲဆောင်သွားခဲ့သည်။

“ဘာ? လီဂျင်းယွမ် ကအနားယူတော့မယ်လို့ ပြောနေတာလား?”

“Fuck! အင်တာဗျူးမှာ သူတကယ်ကြီး အမှန်ပြောခဲ့တာပေါ့။ သူမော်ဒယ်လ်ဖြစ်လာတာက ဇောင်ယုဟွမ် ကြိုက်တဲ့အရာတိုင်း ဝယ်နိုင်ဖို့ပေါ့… သူ့လစာကို ဇောင်ယုဟွမ် အတွက်ပဲ ဖြုန်းတယ်၊ ဒါဆို သူမအတွက် အိုင်ဒေါလ် လုပ်တာလား? Holy shit! ငါယုံတယ်! သူ့ထက် ပိုချစ်နိုင်တဲ့သူ ဘယ်သူမှမရှိတော့ဘူး။ ငါ့မှာ ပြောစရာတောင် မရှိတော့ဘူး…”

“မသွားပါနဲ့…. အစ်ကို ဒိတ်ချင်ရင် ဒိတ်လိုက်ပါ! ဘာလို့ထွက်သွားမှာလဲ? ကျွန်မက မိန်းကလေးဖန်ပါ၊ ဒါကို လုံးဝလက်မခံနိုင်ဘူး! ကျွန်မက အဆိုတော်တွေ၊ မော်ဒယ်လ်တွေ၊ ဖျော်ဖြေသူတွေကို မကြိုက်ဘူး၊ ဒါပေမဲ့ လီဂျင်းယွမ် ကိုတော့ ကြိုက်တယ်! ရှင့်သီချင်းတွေ၊ ရှိုးပွဲတွေ၊ မဂ္ဂဇင်းတွေ၊ အားလုံးကို ကျွန်မကြိုက်တယ်! မသွားပါနဲ့၊ ကျွန်မ ငိုနေပြီ၊ QwQ”

“Shit, အစ်ကိုလေးလီ ကတကယ့်ကို အမြင်ရှိတယ်… အချစ်က လူတစ်ယောက်ကို ပိုတော်လာစေတယ်။ QwQ အစ်ကိုလေးလီ ရဲ့ကလေးဘဝကို မိဘမဲ့ဂေဟာမှာပဲ ကုန်ဆုံးခဲ့ရတော့ အချစ်ကို အများကြီး မရခဲ့ဘူး။ ဒါကြောင့် ‘ဘဝမှာ ပျော်ရွှင်ခြင်းနည်းနည်းလေးကို ဘယ်လိုရှာနိုင်မလဲဆိုတာကို ပိုနားလည်လာလိမ့်မယ်’လို့ သူပြောနိုင်တာ၊ အခုတော့ မိဘမဲ့ဂေဟာက ထွက်လာပြီးတော့ သူ့ပျော်ရွှင်မှုကို ခံစားရပြီ။ (ရှိုက်သံ)”

“တခြားအချစ်တွေကလည်း တိုးတက်စေနိုင်တဲ့ နည်းလမ်းတွေပဲ။ လီဂျင်းယွမ် ပြောတာ ဘာမှမမှားဘူး၊ ဒါပေမဲ့ ရှင် ထွက်မသွားရဘူး! တခြားသရုပ်မဆောင်နိုင်တဲ့သူတွေ ဆေးသုံးတာ ထွက်လာတာတောင် ထွက်မသွားကြတာကို လီဂျင်းယွမ် ကဘာလို့ထွက်ရမှာလဲ? ရှင့်ကိုယ်ပိုင်စွမ်းရည်တွေကြောင့် ဒီနေရာကို ရခဲ့တာ၊ အိုကေ? ဒါကြောင့် နေပေးပါ! နှစ်နည်းနည်းကြာသွားရင် ရှင်ဘယ်သူနဲ့ဒိတ်ဒိတ် ဘယ်သူမှ ဂရုစိုက်ကြတော့မှာ မဟုတ်တော့ဘူး…”

“ခွေးစာတွေ! ငါတို့အတွဲဖန်တွေ စားခဲ့ရတယ်! ဒါက တကယ်ကြီးပဲ!”

ကွန့်မန့်တွင်တော့ ဆူပူနေကြသည်။

သို့သော် အများစုကတော့ လီဂျင်းယွမ် အားထွက်မသွားဖို့ တောင်းဆိုမှုများဖြစ်သည်။

တစ်ဖက်တွင် လက်ထောက်ဒေါင် ကလည်းထိပ်ဆုံးရှာဖွေမှုကို ရှာလိုက်ကာ လီရုံ အားပြလိုက်သည်။

လီရုံ ကလက်တစ်ဖက်နှင့် tablet ကိုကိုင်လိုက်သည်။ သူ့မျက်မှန်နောက်မှ မျက်လုံးတွေက ကျဉ်းမြောင်းလိုက်ပြီး စခရင်အား ကြည့်နေခဲ့သည်။ သူဖတ်လိုက်ရင်း အပြုံးက မြင့်တက်လာခဲ့သည်။

“ဂျင်းယွမ်၊ ဒီကလေးက ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်တဲ့ ယောင်္ကျားဖြစ်လာပြီပဲ။ သူက ဘယ်လိုဇာတ်လမ်းရေးပြီး ဘယ်လိုကောင်းအောင် လုပ်ရမလဲဆိုတာကို သိနေတယ်။ ဒါပေမဲ့ မမြင်နိုင်တဲ့အစီစဉ်တွေက ကောင်းတဲ့အရာတွေ မဟုတ်ဘူး… အင်း၊ အခုတော့ သူက အချိန်ကောင်းကိုစောင့်ပြီး ဘယ်အချိန်မှာ လုပ်ရမလဲဆိုတာကို သိနေတယ်။ ဒါမှ ငါ့သားဖြစ်သင့်တာ”

လက်ထောက်ဒေါင် ကတစ်ဖက်မှ ပြောလိုက်သည်။ “ဥက္ကဌလီ ပြောတာမှန်တယ်”

လီရုံ ကသက်ပြင်းချလိုက်သည်။ “ကံမကောင်းတာက သူ့အစ်ကိုက သူ့ညီပြန်လာတဲ့အထိစောင့်ပြီး ကူညီပေးနိုင်မှာ မဟုတ်တော့ဘူး”

လက်ထောက်ဒေါင် ကခေါင်းငုံ့လိုက်ပြီး ဘာမှမပြောပေ။

လီရုံ ကအကြီးဆုံးသားရဲ့ ဦးနှောက်သေမှုကြောင့် အရမ်းဝမ်းနည်းနေပုံ မပေါ်ပေ။။ သူက ရပ်လိုက်ကာ မေးလိုက်သည်။ “ဂျင်းဟွာအုပ်စုမှာ တရားဝင် Weibo အကောင့်ရှိတယ်မလား?”

လက်ထောက်ဒေါင် ကခေါင်းညိတ်လိုက်သည်။ “ရှိပါတယ်”

“ဒါဆို ပို့စ်တင်လိုက်”

လက်ထောက်ဒေါင် က လီရုံ အားထိတ်လန့်စွာ မော့ကြည့်လိုက်ပေမဲ့ သူ့မျက်နှာ အမူအရာအား အလျင်အမြန် ထိန်းချုပ်လိုက်ပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ဟုတ်ကဲ့၊ ကျွန်တော် လုပ်လိုက်ပါမယ်”

ဒီနေ့တွင် သတင်းတွေနဲ့ အတင်းအဖျင်းတွေ အများကြီးကို အင်တာနက်သုံးသူတွေက တွေ့ခဲ့ကြသည်။ ဒီအချိန်တွင် သူတို့က အရမ်းသေးငယ်ပြီး အကူအညီမဲ့နေတယ်လို့ ပထမဆုံးအကြိမ် ခံစားလိုက်ရသည်။

မီဒီယာကလည်း ဘာမှမလုပ်နိုင်ပေ။ သူတို့က အချိန်ပိုဆင်းကာ သူတို့ဝဘ်ဆိုဒ်တွေ ပျက်သွားမှာ ကြောက်တာကြောင့် ဆာဗာတွေကိုသာ ဝယ်နေကြသည်။

ဒါတွေအားလုံးက ဂျင်းဟွာအုပ်စုမှ တင်လိုက်သည့် ပို့စ်ကြောင့်ပင်။

ဂျင်းဟွာအုပ်စု တရားဝင် Weibo အကောင့်ဘေးတွင် သူတို့နာမည်ကိုနဲ့အတူ

@လီဂျင်းယွမ်၊ ကြိုဆိုပါတယ်။

ဒီပို့စ်က လူအများစုရဲ့ အာရုံကို ဆွဲဆောင်သွားခဲ့သည်။

“ကြည့်၊ သူတကယ်ပဲ စီးပွားရေးကို အမွေဆက်ခံတော့မှာ။ ဟူး၊ နောက်တစ်ခါ ငါအိုင်ဒေါလ်ကို အားပေးတော့မယ်ဆိုရင် သေချာအာရုံစိုက်ရတော့မယ်။ အရမ်းကြီးချမ်းသာနေတဲ့သူတွေကို ရှောင်တာပိုကောင်းမယ်။ သူတို့က ချက်ချင်းကြီး ဖျော်ဖြေရေးကနေ ထွက်သွားနိုင်တယ်!”

“အပေါ်က၊ မှားနေပြီ။ ကုမ္ပဏီတွေ၊ အေးဂျင့်တွေရဲ့ ထောက်ပံ့မှုမရှိတဲ့ သနားစရာကောင်းတဲ့ အိုင်ဒေါလ်တွေကို အားမပေးသင့်ဘူး။ အဲ့လိုအိုင်ဒေါလ်တွေက တိုးတက်ချင်စိတ် မရှိကြဘူး။ အဲ့အကြောင်း ဖန်တွေပိုသိရင် ဒေါသထွက်လို့ သေလိမ့်မယ်”

“အရင်က လီရုံ ရဲ့ချစ်ခြင်းဘဝအကြောင်းကို တစ်ယောက်ယောက်များ ကြားဖူးကြလား? သူက တကယ်ကြီး နောက်မိန်းမတွေ အများကြီးကို လက်ထပ်ခဲ့တာ။ ဇနီးက ဖျားလို့သေသွားခဲ့တယ်။ ပထမနဲ့ ဒုတိယဇနီးလည်း သေသွားခဲ့တယ်။ အခုတော့ တတိယတစ်ယောက်ပဲ ကျန်တော့တယ်။ အကြီးဆုံးသားက ဦးနှောက်သေတယ်လို့ ကြေညာထားပေမဲ့ လီရုံ မှာသားနှစ်ယောက်နဲ့ သမီး သုံးယောက်ရှိသေးတယ်… လီဂျင်းယွမ် ကမိသားစုထဲ တရားဝင်ပြန်ဝင်တာက ကောင်းတဲ့အရာမဟုတ်ဘူးလို့ ငါထင်နေတယ်။ သူပြန်သွားတာနဲ့ အာဏာတွေကြောင့် ရုန်းကန်နေရလိမ့်မယ် ‘¯\_(ツ)_/¯’”

“အတင်းအဖျင်းတချို့ : အရင်က လီရုံ နဲ့ပတ်သက်ဖူးတဲ့ အမျိုးသမီးတွေ… [Link]”

လီဂျင်းယွမ် ကထိပ်ဆုံးရှာဖွေမှုကို ရောက်သွားပြီးနောက် လီရုံ ရဲ့ချစ်ခြင်းဘဝကလည်း လိုက်ပါလာခဲ့သည်။

ထိုအကြောင်းကို လက်ထောက်ဒေါင် မြင်လိုက်ချိန်တွင် သူ့ကျောမှ ချွေးအေးတွေ ထွက်လာခဲ့သည်။ အလျင်အမြန် သွားလိုက်ကာ လီရုံ အားမေးလိုက်သည်။ “ဥက္ကဌလီ၊ ဒါကို ဘယ်လိုလုပ်သင့်လဲ…”

လီရုံ ကမထင်မှတ်လောက်အောင် တည်ငြိမ်နေသည်။ သူက သူ့လက်ကို ဝေ့ယမ်းပြလိုက်သည်။ “ထားလိုက်”

ထို့နောက် လီရုံ ကမျက်မှောင်ကြုတ်လိုက်သည်။ “ငါဘယ်နှကြိမ် လက်ထပ်လက်ထပ်, လီဂျင်းယွမ် ကဒါနဲ့ ပတ်သက်မှာ မဟုတ်ဘူး၊ သူက တခြားသူအစား အမျိုးသမီးတစ်ယောက်ကိုပဲ လက်ထပ်လိမ့်မယ်”

လက်ထောက်ဒေါင် ကအံ့ဩသည့် အမူအရာကို ထုတ်ပြလိုက်သည်။ “ဥက္ကဌလီ ပြောချင်တာက…”

လီရုံ ကWheelchair လက်တန်းအား ခေါက်လိုက်သည်။ “ဟုန်ရဲ့ ဥက္ကဌလေးက မစ္စဇောင် ကိုစိတ်ဝင်စားနေတာ ရှင်းလင်းနေတာပဲ၊ သူက လွယ်လွယ်နဲ့ လက်လျော့မှာ မဟုတ်ဘူး။ တစ်ကမ္ဘာလုံးက သူ့လက်ထဲကရှိတဲ့ ပရောဂျက်တွေကို အာရုံစိုက်နေကြလို့ သူ့ကို အလွယ်တကူ မထိနိုင်ဘူး”

လက်ထောက်ဒေါင် ကဆက်သာမေးလိုက်သည်။ “ဒါဆို ကျွန်တော်တို့ သူ့ကို ဘာလုပ်သင့်လဲ?”

လီရုံ ကသူ့လက်ကို ခါလိုက်သည်။ “ငါ သူ့ကို အကြံပဲပေးနိုင်မယ်၊ သူမကို လိုက်ဖို့အတွက်တော့ တကယ်ကြီး မကူညီပေးနိုင်ဘူး။ သူသာ အသုံးမကျဘူးဆိုရင် ငါလည်း ဘာမှလုပ်မပေးနိုင်ဘူး” လီရုံ ကလေးလံစွာဖြင့် သက်ပြင်းချလိုက်သည်။ “ငါ့သားကို ခေါ်မလာခင် ဇနီးအများကြီး လက်ထပ်ခဲ့တဲ့ ငါ့ကံကြမ္မာကိုပဲ နောင်တရမိတယ်”

လီဂျင်းယွမ် ကသူ့တန်ဖိုးမရှိလှသည့် အဖေက သူ့အချစ်ရေးအကြောင်းကို စိုးရိမ်နေမှန်း မသိပေ။

လီဂျင်းယွမ် ကသူ့ဖုန်းကို စိုက်ကြည့်နေခဲ့သည်။

ဝေ့ကျဲ ကသူ့အား အလျင်စလို ပြောလိုက်သည်။ “မစ္စဇောင် နောက်ကိုလိုက်မသွားဘူးလား?”

လီဂျင်းယွမ် ကပြုံးလိုက်သည်။ “သူမကို တွေးနိုင်အောင် အချိန်နည်းနည်း ပေးရမယ်။ သူမက အလျင်စလို လုပ်တက်တဲ့သူမဟုတ်လို့ သူမထိတ်လန့်နေချိန်မှာ အဖြေရလာဖို့ မမျှော်လင့်ထားဘူး။ ကျွန်တော် သေခါနီးလောက်မှ သူမအဲ့လိုဖြစ်လိမ့်မယ်၊ ဒါပေမဲ့ ကျွန်တော် အဲ့လိုမျိုး မလိမ်နိုင်ဘူး။ သူမက ကျွန်တော့်အိပ်ရာဘေးမှာ ဝမ်းနည်းနေတဲ့ မျက်နှာထားနဲ့ ရောက်လာရင် ကျွန်တော် ပိုကြောက်မိမှာ”

ဝေ့ကျဲ ကသူ့ပါးစပ်ကို ဖွင့်လိုက်ပေမဲ့ ဘာမှမပြောပေ။
သေလိုက်၊ ဖျော်ဖြေပွဲမှာ သူ့ကိုယ်သူ ထုတ်ပြလိုက်တည်းက ချိုမြိန်တဲ့စကားတွေ အများကြီးပြောနေတာပဲ။ ဝက်မက အောက်ခံအဝတ်တွေ တစ်ထပ်ပြီးတစ်ထပ် ဝတ်ထားသလိုပဲ! သူ ဒေါသဖြစ်စွာ တွေးလိုက်သည်။

လီဂျင်းယွမ် ကစကားပြောပြီးနောက် သူ့ဖုန်းကို ဆက်ကြည့်နေခဲ့သည်။

နောက်ဆုံးတော့ သူလွတ်လပ်သွားပြီး သူနဲ့ ဇောင်ယုဟွမ် တို့ရဲ့အတွဲဖန်နေရာတွေကို ကြည့်ရဲသည်။ ဇောင်ယုဟွမ် အားချီးကျူးထားသည့် များပြားလှသည့်ပို့စ်တွေကို ဆွဲချလိုက်ပြီး သူနဲ့ ဇောင်ယုဟွမ် တို့ရဲ့ထပ်တိုး ဗီဒီယိုကို ကြည့်လိုက်သည်။

အရင်တုန်းက တခြားလူတွေ သူ့ခံစားချက်ကို သိသွားမှာနဲ့ သူ့ကိုယ်သူ မထိန်းချုပ်နိုင်မှာ ကြောက်တာကြောင့် မကြည့်ရဲခဲ့ပေမဲ့ အခုတော့ ခြားနားသွားခဲ့ပြီ…

လီဂျင်းယွမ် ကဗီဒီယိုတွေကို ပျော်ပျော်ရွှင်ရွှင် ကြည့်နေခဲ့ပြီး ဝေ့ကျဲ ကိုတောင် ဝိုင်သွားဝယ်ခိုင်းလိုက်သည်။
ဝေ့ကျဲ ကဘာလုပ်နိုင်မှာလဲ? သူက အပြင်ထွက်ပြီးတော့သာ ဝယ်ပေးနိုင်သည်။

လီဂျင်းယွမ် ပဲသူ့ဖုန်းကို ကြည့်နေတာ မဟုတ်ပေ။ ဟုန်ချန်းမင်း လည်းကြည့်နေခဲ့သည်။

ဟုန်ချန်းမင်း ကဗီလာရှိဆိုဖာပေါ်တွင် ထိုင်နေခဲ့သည်။ သူက ပြန်ရောက်တည်းက ထိုပုံစံအတိုင်း ထိုင်နေခဲ့သည်။

Weibo ကိုသူဝင်ကြည့်မိတိုင်း ပိုစိတ်ပျက်နေခဲ့သည်။

ဒီအချိန်တွင် လီဂျင်းယွမ် ကိုချက်ချင်းကြီး သေတဲ့အထိ ရိုက်ပစ်ချင်လောက်အောင် ဒေါသထွက်နေတာကြောင့် Weibo ကိုဆက်မကြည့်ဖို့သာ တွေးလိုက်သည်။

သို့သော် Weibo ကိုပိတ်ပြီးတာတောင် မီဒီယာဆီမှ သတင်းတွေက လူတွေကို အာရုံစိုက်နိုင်တဲ့အထိ ထိပ်ဆုံးတွင် ရှိနေတုန်းပင်။

‘လီဂျင်းယွမ် ကအချစ်ကို ထုတ်ဖော်လိုက်ပြီ၊ ဒီမသေမျိုးအချစ်က တကယ်ကြီး ဖြစ်လာတော့မှာလား?’
ဟုန်ချန်းမင်း ကထိုအရာကို ကြည့်လိုက်ပြီးနောက် အရမ်းကိုဒေါသထွက်သွားသည်။

သူ့မျက်လုံးကို မှိတ်လိုက်သည်။

လီဂျင်းယွမ် တောင်မကြောက်ရင် သူက ဘာလို့ကြောက်နေရမှာလဲ?

သူတို့က ဟွမ်ဟွမ် နဲ့သွေးသားတော်စပ်နေတာ မရှိတဲ့အပြင် မွေးစားခြင်းက ဒင်မိသားစု လက်အောက်က ဖြစ်သည်။ အပြင်ပိုင်းက ဘယ်လိုပဲဖြစ်ဖြစ် သူတို့အတွက် ဒိတ်တာ၊ လက်ထပ်တာတွေက အကျိုးအကြောင်းသင့်သည်။ ရေဒီယိုတွေ၊ ရိုက်ကူးရေးနဲ့ ရုပ်မြင်သံကြားတွေက ဒါတွေကို မထိန်းချုပ်နိုင်ဘူး!

ဟုန်ချန်းမင်း ကသူ့အကောင့်ကို ဖွင့်လိုက်ပြီး လီဂျင်းယွမ် ရဲ့ပို့စ်ကို ပြန်တင်လိုက်သည်။

@ဟုန်ချန်းမင်း : မင်းအလှည့်မဟုတ်ဘူး။ @လီဂျင်းယွမ် : ကျွန်တော် ဒီသီချင်းကို ရေးတည်းက တွေးထားပြီးသား။ တစ်နေ့မှာ ဒီသီချင်းကို မင်းတို့ကြားပြီး ကြိုက်လိမ့်မယ်…

သူတင်ပြီးနောက် ဒါက မလုံလောက်သေးဘူးလို့ ထင်နေတုန်းပင်။

ဒီစာတိုလေးက သူ့မပျော်ရွှင်မှုကို ဘယ်လိုလုပ် ဖျောက်ပေးနိုင်မှာလဲ?

ထို့ကြောင့် ဟုန်ချန်းမင်း ကသူ့အကောင့် အဟက်ခ်ခံရသလိုမျိုး Weibo တွင်ပို့စ်တွေကို ထပ်တင်လိုက်သည်။

@ဟုန်ချန်းမင်း : သူမက မင်းကို ပျော်ခွင့်ပေးမှာ မဟုတ်ဘူး

@ဟုန်ချန်းမင်း : သီချင်း ဘယ်လိုရေးရလဲဆိုတာ ငါမသိဘူး၊ ဒါပေမဲ့ @ယုဟွမ်* ကိုတော့ ကောင်းကောင်းသိတယ်

*@ယုဟွမ် ကိုပျော်ရွှင်မှုစေဖို့

ကွန့်မန့်နေရာတွင် ထိတ်လန့်မှုနဲ့ ရယ်သံတွေက ပေါက်ကွဲထွက်သွားသည်။

“ကင်မရာအောက်မှာ မဟုတ်တာတောင် ဟုန်လေးနဲ့ အစ်ကိုလေးလီတို့က တိုက်ခိုက်နေကြဦးမယ်လို့ ငါထင်မထားခဲ့ဘူး။ ဒါတွေအားလုံးက အယောင်ဆောင်တွေလို့ ထင်ထားခဲ့တာ…”

“အရမ်းကို သဝန်တိုနေတာပဲ။ အခုချိန် ဇောင်ယုဟွမ် ဘယ်လိုခံစားနေရမလဲဆိုတာ ငါတကယ်ပဲ သိချင်မိတယ်”

“ဟဟဟဟဟဟဟဟ ဟုန်လေး ကဒီလိုစိတ်တိုတက်တဲ့ လူမျိုးပဲ၊ သူ့ပါးစပ်ဖွင့်တာနဲ့ အကုန်ထွက်လာတော့တာပဲ။ သီချင်း ဘယ်လိုရေးရလဲဆိုတာ ငါမသိဘူး၊ ဒါပေမဲ့ ဇောင်ယုဟွမ် ကိုပျော်ရွှင်အောင် ဘယ်လိုလုပ်ပေးရမလဲဆိုတာတော့ ငါသိတယ်၊ ဟဟဟဟဟ!”

“ဇောင်ယုဟွမ် ဆီမှာ ဘယ်လိုကျက်သရေမျိုးတွေ ရှိနေတာလဲ? ယောင်္ကျားနှစ်ယောက်က သူမကို သဘောကျနေကြတယ်? တကယ်ကြီးလား?”

“အပေါ်က ဇောင်ယုဟွမ် ပါတဲ့ရှိုးပွဲတွေကို သေချာကြည့်ဖို့ အကြံပြုတယ်။ လူတိုင်း သူမကိုချစ်လာအောင် လုပ်နိုင်တယ်။ ငါ သူမကို လက်ထပ်ချင်ရင်တောင် ထုတ်မပြောရဲဘူး။ အို၊ ငါက မိန်းကလေးပါ”

“အပေါ်က ငါတော့ မတူဘူး။ ဟွမ်ဟွမ် မြင်းစီးတာကိုမြင်လိုက်ပြီး သူမကို လက်ထပ်ချင်သွားတယ်။ *မျက်နှာအုပ်ထား*”

“သူတို့အပြင်မှာ တိုက်ခိုက်နေတာကို ငါမြင်ချင်တယ်။ ငါအရမ်းကိုဆိုးနေလား? _( :3 <)_”

“ကင်မရာမရှိတော့ ဟုန်လေးနဲ့ အစ်ကိုလေးလီတို့က စတင်တိုက်ခိုက်ကြပြီလား? ရှိုးပွဲကိုပြန်တွေးကြည့်ရင် ငါ့နှာခေါင်းတောင် သွေးလျှံတယ်။ ဟူး၊ ငါတို့အတွက် မစ္စဇောင် ဗီဒီယိုတင်ပေးဖို့ မျှော်လင့်မိတယ်…”

ထိပ်ဆုံးရှာဖွေမှုက အင်တာနက်သုံးသူတွေရဲ့ ပါးစပ်ဖျားတွင် ရောက်နေခဲ့သည်။

အစပိုင်းတွင် ဖန်တွေက ကွန်မန့်အများကြီး ပေးကြပြီးနောက် အပြင်ဘက်ကလူတွေပါ ပါဝင်လာကြသည်။

မပျော်နေသည့် ဟုန်ချန်းမင်း ကတော့ သူနဲ့ ဇောင်ယုဟွမ် တို့ရဲ့ဗီဒီယိုတွေကို ပြန်ရှာလိုက်ပြီး အကြိမ်ပေါင်းများစွာ ကြည့်ပြီးမှသာ ခံစားချက်ပိုကောင်းလာခဲ့သည်။

အွန်လိုင်းပေါ်တွင် ယောင်္ကျားနှစ်ယောက်က မူကြိုကလေးတွေလို စကားလုံးတွေနဲ့ အပြန်အလှန် တိုက်ခိုက်နေကြသည်။

ထိုအချိန်တွင် ဇောင်ယုဟွမ် ကသူမဘဝကို အထီးကျန်စွာ ဖြတ်ကျော်နေခဲ့သည်။

သူမက ကိုယ်ရံတော်တွေ၊ လက်ထောက်တွေနဲ့ အိမ်ဖော်တွေကို အပြင်တွင်ချန်ထားခဲ့ပြီး ဗီလာထဲတွင် တစ်ယောက်တည်းသာ တံခါးပိတ်နေနေခဲ့သည်။

ဗီလာအတွင်းရှိ အပြင်အဆင်ပိုင်းက အရမ်းကောင်းပြီး ကိုယ်ပိုင်အိမ်ဖော်တွေလည်း ရှိကြသည်။

ဗီလာထဲနေရချိန်တွင် သူမလက်ချောင်းတောင် ဇိမ်ရှိနေပြီး ချမ်းသာငြိမ်ချမ်းသည့်ဘဝကို ခံစားနေရသည်။

သို့သော် နေ့တစ်ဝက်ကုန်ပြီးနောက် ဇောင်ယုဟွမ် ကမတည်မငြိမ်ဖြစ်လာခဲ့သည်။

အရင်က ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့အလုပ်များနေချိန် သူမကလည်း သူမကိုယ်ပိုင် အရာတွေနဲ့ အလုပ်များနေခဲ့ပြီး အတူတူ မစားနိုင်ခဲ့ကြပေ။

သို့သော် အခုတော့ မတူပေ။

ထိုအချိန်တွင် သူတို့တွေက ဘယ်လိုပဲဖြစ်ဖြစ် သူတို့နှလုံးသားတွေက အရမ်းနီးကပ်နေကြသည်။ ဒါက ချစ်တဲ့သူက ပြန်လာမဲ့အချိန်ကို စောင့်နေတဲ့သူနဲ့ တူသည်။

သို့သော် အခုတော့ သူမက သူတို့ကို လုံးဝအဆက်အသွယ်ဖြတ်ခဲ့ပြီး သူတို့ကိုလည်း ဖုန်းမခေါ်နိုင်ပေ။ သူတို့က အလုပ်ကိစ္စနဲ့ ခရီးသွားစရာရှိချိန်တွင် သူမဆီဖုန်းခေါ်ကာ ပြောတက်ကြသည်။ အခုတော့ အဲ့လိုမရှိပေ။

ပျားရည်ရဲ့ချိုသည့်အရသာကို ခံစားပြီးနောက် ရိုးရိုးရေကို သောက်ဖို့က အရမ်းခက်သည်။

ဇောင်ယုဟွမ် ကဒီလိုဖြစ်နေမှန်း သူမကိုယ်သူမ နားလည်လိုက်သည်။

ဇောင်ယုဟွမ် ကကော်ဇော်ပေါ်တွင် လှဲနေပြီး သူမဖုန်းအား အသံပိတ်ကာ ဘေးတွင်ချထားခဲ့သည်။

သူမအဝေးတွင် မုန့်တွေ အသီးပန်းကန်တွေတောင် မရှိပေ။ အဝေးတွင်တော့ ကြီးမားသည့် TV ကဇာတ်လမ်းတစ်ပုဒ် လာနေခဲ့သည်။

သို့သော် ဇောင်ယုဟွမ် ကစိတ်မဝင်စားပေ။

အခုချိန် သူမဘာကိုမှ စိတ်မဝင်စားပေ။

ဈေးဝယ်ထွက်တာ?

ဒါပေမဲ့ အရင်က သူမ အဲ့လိုမထွက်ခဲ့ဘူးလေ?

ဒီဘဝတွင် သုံးမကုန်လောက်သည့် ချမ်းသာမှုတွေ သူမထံတွင်ရှိနေသည်။

သူမပညာရေးက တခြားသူတွေ မနာလိုလောက်သည်အထိ မြင့်မားပြီး ဝါသနာတိုင်းကို အကောင်အထည်ဖော်ခဲ့ပေမဲ့ လှပတဲ့မျက်နှာ၊ အသွင်အပြင်ကောင်းတွေ၊ ဘယ်တော့မှ သဘောမကျခဲ့ပေပေ။ ဒါတွေက ဇောင်ယုဟွမ် အားပျော်စေဖို့အတွက် မလုံလောက်ပေ။

ဒါတွေက အလွယ်တကူ ရနိုင်နေလို့များလား?

ဇောင်ယုဟွမ် ကသူမခေါင်းကို စောင်းလိုက်သည်။

သူမတွင်ငွေရှိတယ်၊ မိသားစုချစ်ခြင်း၊ ကျန်းမာတဲ့ခန္ဓာကိုယ်။

သူမတွင်မရှိတဲ့ တစ်ခုတည်းသောအရာက ဟုန်ချန်းမင်း ပြောခဲ့သည့် ရိုမန့်ဆန်သည့်အချစ်ပင်။

သူမ တကယ်မချစ်ခဲ့ဖူးတာကြောင့် ဘယ်လိုခံစားရပြီး ဘယ်လောက်ချိုမြိန်လဲဆိုတာ မသိပေ။

ဇောင်ယုဟွမ် ကလှည့်လိုက်ပြီး ရုတ်တရက် သူတို့ဆီ ဖုန်းခေါ်ချင်လာသည်။

သို့သော် သူမဘာသာ ထိန်းချုပ်လိုက်သည်။

နောက်နေ့အတွက် သေသေချာချာ တွေးရမယ်။

နောက်နေ့အတွက် တည်တည်ငြိမ်ငြိမ်နဲ့ တွေးရမယ်။ နင့်ကိုယ်နင် မထိန်းချုပ်နဲ့၊ သူတို့ကို ချုပ်ထားလို့မရဘူး။

14.10.2021(Thu)
………………………..

Zawgyi

#လီ႐ုံ ကေဖ်ာ္ေျဖပြဲမွာ#

#လီဂ်င္းယြမ္ က Live မွာဝန္ခံသြားတယ္#

လီဂ်င္းယြမ္ ကထိပ္ဆုံး႐ွာေဖြမႈကို ေရာက္ခဲ့ေပမဲ့ ေဝ့က်ဲ ကေတာ့ နည္းနည္းေလးေတာင္ မေပ်ာ္ႏိုင္ေပ။ လီဂ်င္းယြမ္ ရဲ႕အေၾကာင္းအား လိုက္ၾကည့္ေနရင္း အသိစိတ္အား အႏိုင္က်င့္ခံေနရသလို ခံစားေနရသည္။

“ေဖ်ာ္ေျဖပြဲက သူ႕လုပ္ေဆာင္ခ်က္က ထိပ္ဆုံးပဲ၊ လုံးဝကို ေျပာစရာကိုမ႐ွိတာ! ဒါေပမဲ့ Live မွာ႐ုတ္တရက္ႀကီး ဝန္ခံလိမ့္မယ္လို႔ေတာ့ ထင္မထားဘူး! အိုင္ေဒါလ္ေတြက သူတို႔ဖန္ေတြက အတြဲဖန္ေတြႀကီးပဲ မဟုတ္ဘူးဆိုတာ သိေနမယ္လို႔ ငါထင္တယ္။ ငါတို႔က ေငြေတြအကုန္ခံၿပီး လီဂ်င္းယြမ္ ကိုပြဲဦးထြက္မွာ ထိပ္ဆုံးေရာက္ဖို႔ ေထာက္ပံ့ေပးခဲ့တာကို အခုေတာ့ ႐ုတ္တရက္ႀကီး လွည့္ထြက္သြားၿပီး ဒိတ္တယ္။ အထူးသျဖင့္ အဲ့လိုေတာ့ မလုပ္သင့္ဘူး… ဒါက လုံးဝကို ဘမ္းခံသင့္တယ္။ အဲ့ေအးဂ်င့္နဲ႔ ကုမၸဏီက ေသသြားၾကၿပီလား? ဒါကို ဂ႐ုမစိုက္ၾကဘူးလား?”

“အေပၚက သတင္းေတြကို ေတြ႕ခဲ့လား? ေဖ်ာ္ေျဖပြဲမွာ နင္မျမင္ခဲ့ဘူးလား? လီ႐ုံ ကိုေလ! ဒါကို ဘာကိုဆိုလိုလဲ? ဒါက လီဂ်င္းယြမ္ ကတကယ့္ကို လီမိသားစုက ဆိုတာပဲ! မၾကာခင္ သူျပန္ၿပီး အေမြဆက္ခံရမွာ! ဒါဆို နင္ သူ႕ကို ဆက္ၿပီးမေထာက္ခံေပးရင္ေကာ?”

“+1+1+1! လီဂ်င္းယြမ္ ကေခါင္းအုန္းမွာပဲ အလွဆင္ထားတဲ့ ပစၥည္းဆိုရင္ သာမာန္ျဖစ္ႏိုင္ေပမဲ့ သူက သူ႕အင္အားနဲ႔ ပြဲဦးထြက္ခဲ့တာ။ သူ႕ကို ပြဲဦးထြက္ႏိုင္ေအာင္ နင္ေငြေပးခဲ့ရလို႔လား? သူ႕အယ္လ္ဘမ္နဲ႔ ပိုစတာကို ေငြေပးၿပီး ဝယ္ခဲ့ဖူးလား? တျခားအိုင္ေဒါလ္နဲ႔ လီဂ်င္းယြမ္ ကိုလာမေရာနဲ႔!”

“အရင္က လီဂ်င္းယြမ္ ဘာလုပ္ခဲ့လဲဆိုတာ မေမ့နဲ႔… သူအသက္႐ွင္ဖို႔ ဖန္ေတြဆီက ေငြကိုေမွ်ာ္ကိုးေနဖို႔ မလိုအပ္ဘူး။ သူက အရင္တည္းက ထိပ္ဆုံးေမာ္ဒယ္လ္ ျဖစ္ၿပီးသားပဲ၊ တြန္႔ဆုတ္မႈမ႐ွိပဲ ထြက္လို႔ရတယ္။ ဒါက သူ႕အသက္ေမြးဝမ္းေၾကာင္းကို အေတြ႕အၾကဳံအတြက္ပဲ လုပ္တယ္ဆိုတာ ႐ွင္း႐ွင္းလင္းလင္း ျပလိုက္တာပဲ။ နင္ သူ႕ကို ျမႇင့္တင္ေပးေနဖို႔က သူ႕အတြက္ မလိုအပ္တဲ့အရာပဲ။ ဒါက လူထု႔အျမင္ျဖစ္လာမွာ”

ေဝ့က်ဲ သည္သက္ျပင္း႐ွည္ႀကီးကို ခ်လိုက္သည္။
လီဂ်င္းယြမ္ ကဆူပူခံရသင့္တယ္၊ ဒါမွမဟုတ္ လူထုကေန သူ႕အား ေဖ်ာ္ေျဖေရးေလာကမွ ထြက္သြားဖို႔ေတာင္ ေတာင္းဆိုခံရသင့္တယ္လို႔ သူေတြးလိုက္သည္။ သို႔ေသာ္ ဖန္ေတြက ေဒါသထြက္မွာထက္ နည္းလမ္းက်က်သာ ေတြးေနၾကလို႔ ဝမ္းသာမိသည္။

ေနာက္ၿပီး သူတို႔အသက္ေမြးဝမ္းေၾကာင္းမွာ ထိပ္ဆုံးေရာက္ေနတဲ့ တစ္စုံတစ္ေယာက္က ႐ုတ္တရက္ႀကီး အခ်စ္ေရးကို စိတ္ဝင္စားေနေၾကာင္း ထုတ္ျပလိုက္ရင္ သူတို႔ဖန္အမ်ားစုက လုံးဝကို လက္ခံႏိုင္ၾကမွာ မဟုတ္ဘူး။

ေဝ့က်ဲ က Weibo ကကြန္႔မန္႔ေတြအား ဆက္ဆြဲၾကည့္လိုက္ၿပီး နည္းနည္းေလး ေထာက္ခံလိုက္သည္။

ဒါေတာ့ မဟုတ္ေသးဘူးေလ?!

ေမာ္ဒယ္လ္လုပ္တာကို တြန္႔ဆုတ္ျခင္းမ႐ွိပဲ ထြက္ႏိုင္တယ္! အခုဆယ္လီကလည္း တြန္႔ဆုတ္မႈမ႐ွိပဲ ထြက္မွာေလ!

ေဝ့က်ဲ ကေနာက္ကို ျပန္ၾကည့္လိုက္ၿပီး လီဂ်င္းယြမ္ ကသူ႕ဖုန္းတြင္ စာ႐ိုက္ေနတာကို ျမင္လိုက္ရသည္။ သူက တျခားပို႔စ္အတြက္ ေရးေနသည္။

ေဝ့က်ဲ ကမထိန္းႏိုင္ပဲ ေမးလိုက္သည္။ “မစၥေဇာင္ ကေဖ်ာ္ေျဖေရးက ကိစၥကို အခြင့္ေကာင္းယူၿပီး မစၥတာလီ နဲ႔ထြက္သြားမွာကို မစိုးရိမ္ဘူးလား?”

လီဂ်င္းယြမ္ ကသူ႕ေခါင္းကို ေမာ့လိုက္ေပမဲ့ သူ႕မ်က္ႏွာထက္တြင္ စိုးရိမ္မႈနည္းနည္းေလးေတာင္ ျပမေနေပ။ ထိုအစား သူ႕မ်က္လုံးေတြက ေတာက္ပေနပုံေပၚသည္။ သူ႕ႏႈတ္ခမ္းက ေကြးတက္သြားၿပီး ျပဳံးသြားခဲ့သည္။ “ဒါက အတိတ္ကဆိုရင္ေတာ့ ကြၽန္ေတာ္ စိုးရိမ္မိလိမ့္မယ္။ ဒါေပမဲ့ ဒီအဆင့္ကို ေရာက္ေနမွေတာ့ ကြၽန္ေတာ္ ထပ္ၿပီးမစိုးရိမ္ေတာ့ဘူး”

ဒီေျခလွမ္းကို လွမ္းၿပီးေနာက္ ခံစားခ်က္ေတြက လက္ရာေျမာက္တာ လုံေလာက္ၿပီ!

ဆက္ၿငိမ္ေနဖို႔ သူေ႐ြးလိုက္ရင္ေတာ့ ဆက္တိုက္ဖိအားေတြေအာက္မွ ထိန္းခ်ဳပ္မႈမဲ့သြားၿပီး ေဇာင္ယုဟြမ္ ထြက္သြားတာကို စိတ္ဆိုးမိလိမ့္မယ္။

လီဂ်င္းယြမ္ ကစကားေျပာၿပီးေနာက္ စာ႐ိုက္ေနတာကိုလည္း ရပ္လိုက္သည္။ “ကြၽန္ေတာ္ ေရးလို႔ၿပီးၿပီ”

တစ္ခ်ိန္တည္းတြင္ ေဝ့က်ဲ ကဒင္ဆိုသည့္ အသံကို ၾကားလိုက္ရသည္။ Weibo တြင္ follow ထားသည့္ မည္သူမဆို ပို႔စ္တင္တာနဲ႔ ထြက္လာတက္သည့္ ႏိုတီ(noti)အသံပင္။

ေဝ့က်ဲ ကသက္ျပင္းခ်လိုက္ေပမဲ့ ပို႔စ္ကို ၾကည့္လိုက္သည္။

စစ္မွန္တဲ့ စစ္သည္ေတာ္ႀကီး၊ သူ႕စိတ္ပ်က္စရာ ဘဝႀကီးကို တကယ္ပဲ ရင္ဆိုင္ရဲေနတယ္!

@လီဂ်င္းယြမ္ : ကြၽန္ေတာ္ ဒီသီခ်င္းကို ေရးတည္းက ေတြးထားၿပီးသား။ တစ္ေန႔မွာ ဒီသီခ်င္းကို မင္းတို႔ၾကားၿပီး ႀကိဳက္လိမ့္မယ္လို႔လည္း ေမွ်ာ္လင့္ထားတယ္။ ေနာက္ၿပီး ကြၽန္ေတာ့္ဆႏၵက ကြၽန္ေတာ္လိုခ်င္တဲ့ ေပ်ာ္႐ႊင္ျခင္းကို ေပးဖို႔ပဲ။ [link video]

သူက ဘယ္သူ႕ကိုမွ မန္း႐ွင္းမေခၚထားေပမဲ့ သူ႕ပို႔စ္က ဘယ္သူ႕ကို ရည္ၫႊန္းေနမွန္း လူတိုင္းက သိေနၾကသည္။

လီဂ်င္းယြမ္ ရဲ႕ပို႔စ္က အလ်င္အျမန္ပင္ ထိပ္ဆုံး႐ွာေဖြမႈကို ေရာက္သြားခဲ့သည္။

ကြန္႔မန္႔ေတြနဲ႔ ျပန္တင္မႈေတြက ႀကီးထြားလာခဲ့သည္။
လီဂ်င္းယြမ္ ကျပဳံးလိုက္ၿပီး ေနာက္ထပ္ပို႔စ္ကို တင္လိုက္သည္။

@လီဂ်င္းယြမ္ : တ႐ုတ္ျပည္ကို ျပန္လာတည္းက ကြၽန္ေတာ့္ပန္းတိုင္က ေဖ်ာ္ေျဖေရးေလာကကို ဝင္ဖို႔ပဲ။ ပိုေတာ္လာၿပီး သူမအာ႐ုံကို ပိုဆြဲေဆာင္ႏိုင္ဖို႔ပဲ။ ေနာက္ၿပီး အရာအားလုံးကေန သူမကို ကာကြယ္ေပးႏိုင္ဖို႔အထိ ပိုသန္မာလာဖို႔ပဲ။ ဒါက တစ္ဝက္ေတာ့ ေရာက္ေနၿပီ။ သူမရဲ႕အသိအမွတ္ျပဳမႈကေတာ့ လြဲေနတုန္းပဲ၊ ကြၽန္ေတာ္ ဘယ္ေနရာပဲေရာက္ေရာက္ ေက်နပ္ပါတယ္၊ ကြၽန္ေတာ့္မွာ အေကာင္းဆုံးဖန္ေတြ အမ်ားႀကီး ႐ွိေနတာပဲ။ ဒါေပမဲ့ အလုပ္ေၾကာင့္ ပန္းတိုင္တစ္ဝက္တည္းနဲ႔ ဒီေနရာကေန ထြက္သြားရတယ္။ ကြၽန္ေတာ့္အစီအစဥ္ကို ေျပာျပရင္ အခ်စ္ေၾကာင့္ အကင္ခံရႏိုင္တယ္။ ဒါေပမဲ့ အခ်စ္က ဘာမွမမွားပါဘူး။ အခ်စ္က လူတစ္ေယာက္ကို ပိုၿပီးေတာ့ ေတာ္လာ၊ သန္မာလာၿပီး ဘဝမွာ ေပ်ာ္႐ႊင္မႈေလးကို ဘယ္လို႐ွာရမလဲဆိုတာကိုေတာင္ နားလည္လာႏိုင္တယ္။ မင္းတို႔အားလုံးမွာလည္း ဒီလိုအခ်စ္မ်ိဳး႐ွိႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္။ @လီဂ်င္းယြမ္ ဂလိုဘယ္ ဖန္ေထာက္ပံ့ေရးကလပ္

ပို႔စ္ႏွစ္ခုက သိပ္မၾကာခင္မွာပဲ Weibo ရဲ႕႐ွာေဖြမႈ ထိပ္ဆုံးကို ေရာက္သြားခဲ့သည္။

အထူးသျဖင့္ ေနာက္ဆုံးတစ္ခုက လူတိုင္းရဲ႕အာ႐ုံကို ဆြဲေဆာင္သြားခဲ့သည္။

“ဘာ? လီဂ်င္းယြမ္ ကအနားယူေတာ့မယ္လို႔ ေျပာေနတာလား?”

“Fuck! အင္တာဗ်ဴးမွာ သူတကယ္ႀကီး အမွန္ေျပာခဲ့တာေပါ့။ သူေမာ္ဒယ္လ္ျဖစ္လာတာက ေဇာင္ယုဟြမ္ ႀကိဳက္တဲ့အရာတိုင္း ဝယ္ႏိုင္ဖို႔ေပါ့… သူ႕လစာကို ေဇာင္ယုဟြမ္ အတြက္ပဲ ျဖဳန္းတယ္၊ ဒါဆို သူမအတြက္ အိုင္ေဒါလ္ လုပ္တာလား? Holy shit! ငါယုံတယ္! သူ႕ထက္ ပိုခ်စ္ႏိုင္တဲ့သူ ဘယ္သူမွမ႐ွိေတာ့ဘူး။ ငါ့မွာ ေျပာစရာေတာင္ မ႐ွိေတာ့ဘူး…”

“မသြားပါနဲ႔…. အစ္ကို ဒိတ္ခ်င္ရင္ ဒိတ္လိုက္ပါ! ဘာလို႔ထြက္သြားမွာလဲ? ကြၽန္မက မိန္းကေလးဖန္ပါ၊ ဒါကို လုံးဝလက္မခံႏိုင္ဘူး! ကြၽန္မက အဆိုေတာ္ေတြ၊ ေမာ္ဒယ္လ္ေတြ၊ ေဖ်ာ္ေျဖသူေတြကို မႀကိဳက္ဘူး၊ ဒါေပမဲ့ လီဂ်င္းယြမ္ ကိုေတာ့ ႀကိဳက္တယ္! ႐ွင့္သီခ်င္းေတြ၊ ႐ိႈးပြဲေတြ၊ မဂၢဇင္းေတြ၊ အားလုံးကို ကြၽန္မႀကိဳက္တယ္! မသြားပါနဲ႔၊ ကြၽန္မ ငိုေနၿပီ၊ QwQ”

“Shit, အစ္ကိုေလးလီ ကတကယ့္ကို အျမင္႐ွိတယ္… အခ်စ္က လူတစ္ေယာက္ကို ပိုေတာ္လာေစတယ္။ QwQ အစ္ကိုေလးလီ ရဲ႕ကေလးဘဝကို မိဘမဲ့ေဂဟာမွာပဲ ကုန္ဆုံးခဲ့ရေတာ့ အခ်စ္ကို အမ်ားႀကီး မရခဲ့ဘူး။ ဒါေၾကာင့္ ‘ဘဝမွာ ေပ်ာ္႐ႊင္ျခင္းနည္းနည္းေလးကို ဘယ္လို႐ွာႏိုင္မလဲဆိုတာကို ပိုနားလည္လာလိမ့္မယ္’လို႔ သူေျပာႏိုင္တာ၊ အခုေတာ့ မိဘမဲ့ေဂဟာက ထြက္လာၿပီးေတာ့ သူ႕ေပ်ာ္႐ႊင္မႈကို ခံစားရၿပီ။ (႐ိႈက္သံ)”

“တျခားအခ်စ္ေတြကလည္း တိုးတက္ေစႏိုင္တဲ့ နည္းလမ္းေတြပဲ။ လီဂ်င္းယြမ္ ေျပာတာ ဘာမွမမွားဘူး၊ ဒါေပမဲ့ ႐ွင္ ထြက္မသြားရဘူး! တျခားသ႐ုပ္မေဆာင္ႏိုင္တဲ့သူေတြ ေဆးသုံးတာ ထြက္လာတာေတာင္ ထြက္မသြားၾကတာကို လီဂ်င္းယြမ္ ကဘာလို႔ထြက္ရမွာလဲ? ႐ွင့္ကိုယ္ပိုင္စြမ္းရည္ေတြေၾကာင့္ ဒီေနရာကို ရခဲ့တာ၊ အိုေက? ဒါေၾကာင့္ ေနေပးပါ! ႏွစ္နည္းနည္းၾကာသြားရင္ ႐ွင္ဘယ္သူနဲ႔ဒိတ္ဒိတ္ ဘယ္သူမွ ဂ႐ုစိုက္ၾကေတာ့မွာ မဟုတ္ေတာ့ဘူး…”

“ေခြးစာေတြ! ငါတို႔အတြဲဖန္ေတြ စားခဲ့ရတယ္! ဒါက တကယ္ႀကီးပဲ!”

ကြန္႔မန္႔တြင္ေတာ့ ဆူပူေနၾကသည္။

သို႔ေသာ္ အမ်ားစုကေတာ့ လီဂ်င္းယြမ္ အားထြက္မသြားဖို႔ ေတာင္းဆိုမႈမ်ားျဖစ္သည္။

တစ္ဖက္တြင္ လက္ေထာက္ေဒါင္ ကလည္းထိပ္ဆုံး႐ွာေဖြမႈကို ႐ွာလိုက္ကာ လီ႐ုံ အားျပလိုက္သည္။

လီ႐ုံ ကလက္တစ္ဖက္ႏွင့္ tablet ကိုကိုင္လိုက္သည္။ သူ႕မ်က္မွန္ေနာက္မွ မ်က္လုံးေတြက က်ဥ္းေျမာင္းလိုက္ၿပီး စခရင္အား ၾကည့္ေနခဲ့သည္။ သူဖတ္လိုက္ရင္း အျပဳံးက ျမင့္တက္လာခဲ့သည္။

“ဂ်င္းယြမ္၊ ဒီကေလးက ကိုယ္ပိုင္ဆုံးျဖတ္ခ်က္ခ်ႏိုင္တဲ့ ေယာက်ၤားျဖစ္လာၿပီပဲ။ သူက ဘယ္လိုဇာတ္လမ္းေရးၿပီး ဘယ္လိုေကာင္းေအာင္ လုပ္ရမလဲဆိုတာကို သိေနတယ္။ ဒါေပမဲ့ မျမင္ႏိုင္တဲ့အစီစဥ္ေတြက ေကာင္းတဲ့အရာေတြ မဟုတ္ဘူး… အင္း၊ အခုေတာ့ သူက အခ်ိန္ေကာင္းကိုေစာင့္ၿပီး ဘယ္အခ်ိန္မွာ လုပ္ရမလဲဆိုတာကို သိေနတယ္။ ဒါမွ ငါ့သားျဖစ္သင့္တာ”

လက္ေထာက္ေဒါင္ ကတစ္ဖက္မွ ေျပာလိုက္သည္။ “ဥကၠဌလီ ေျပာတာမွန္တယ္”

လီ႐ုံ ကသက္ျပင္းခ်လိုက္သည္။ “ကံမေကာင္းတာက သူ႕အစ္ကိုက သူ႕ညီျပန္လာတဲ့အထိေစာင့္ၿပီး ကူညီေပးႏိုင္မွာ မဟုတ္ေတာ့ဘူး”

လက္ေထာက္ေဒါင္ ကေခါင္းငုံ႔လိုက္ၿပီး ဘာမွမေျပာေပ။

လီ႐ုံ ကအႀကီးဆုံးသားရဲ႕ ဦးေႏွာက္ေသမႈေၾကာင့္ အရမ္းဝမ္းနည္းေနပုံ မေပၚေပ။။ သူက ရပ္လိုက္ကာ ေမးလိုက္သည္။ “ဂ်င္းဟြာအုပ္စုမွာ တရားဝင္ Weibo အေကာင့္႐ွိတယ္မလား?”

လက္ေထာက္ေဒါင္ ကေခါင္းညိတ္လိုက္သည္။ “႐ွိပါတယ္”

“ဒါဆို ပို႔စ္တင္လိုက္”

လက္ေထာက္ေဒါင္ က လီ႐ုံ အားထိတ္လန္႔စြာ ေမာ့ၾကည့္လိုက္ေပမဲ့ သူ႕မ်က္ႏွာ အမူအရာအား အလ်င္အျမန္ ထိန္းခ်ဳပ္လိုက္ၿပီး ေခါင္းညိတ္ကာ ေျပာလိုက္သည္။ “ဟုတ္ကဲ့၊ ကြၽန္ေတာ္ လုပ္လိုက္ပါမယ္”

ဒီေန႔တြင္ သတင္းေတြနဲ႔ အတင္းအဖ်င္းေတြ အမ်ားႀကီးကို အင္တာနက္သုံးသူေတြက ေတြ႕ခဲ့ၾကသည္။ ဒီအခ်ိန္တြင္ သူတို႔က အရမ္းေသးငယ္ၿပီး အကူအညီမဲ့ေနတယ္လို႔ ပထမဆုံးအႀကိမ္ ခံစားလိုက္ရသည္။

မီဒီယာကလည္း ဘာမွမလုပ္ႏိုင္ေပ။ သူတို႔က အခ်ိန္ပိုဆင္းကာ သူတို႔ဝဘ္ဆိုဒ္ေတြ ပ်က္သြားမွာ ေၾကာက္တာေၾကာင့္ ဆာဗာေတြကိုသာ ဝယ္ေနၾကသည္။

ဒါေတြအားလုံးက ဂ်င္းဟြာအုပ္စုမွ တင္လိုက္သည့္ ပို႔စ္ေၾကာင့္ပင္။

ဂ်င္းဟြာအုပ္စု တရားဝင္ Weibo အေကာင့္ေဘးတြင္ သူတို႔နာမည္ကိုနဲ႔အတူ

@လီဂ်င္းယြမ္၊ ႀကိဳဆိုပါတယ္။

ဒီပို႔စ္က လူအမ်ားစုရဲ႕ အာ႐ုံကို ဆြဲေဆာင္သြားခဲ့သည္။

“ၾကည့္၊ သူတကယ္ပဲ စီးပြားေရးကို အေမြဆက္ခံေတာ့မွာ။ ဟူး၊ ေနာက္တစ္ခါ ငါအိုင္ေဒါလ္ကို အားေပးေတာ့မယ္ဆိုရင္ ေသခ်ာအာ႐ုံစိုက္ရေတာ့မယ္။ အရမ္းႀကီးခ်မ္းသာေနတဲ့သူေတြကို ေ႐ွာင္တာပိုေကာင္းမယ္။ သူတို႔က ခ်က္ခ်င္းႀကီး ေဖ်ာ္ေျဖေရးကေန ထြက္သြားႏိုင္တယ္!”

“အေပၚက၊ မွားေနၿပီ။ ကုမၸဏီေတြ၊ ေအးဂ်င့္ေတြရဲ႕ ေထာက္ပံ့မႈမ႐ွိတဲ့ သနားစရာေကာင္းတဲ့ အိုင္ေဒါလ္ေတြကို အားမေပးသင့္ဘူး။ အဲ့လိုအိုင္ေဒါလ္ေတြက တိုးတက္ခ်င္စိတ္ မ႐ွိၾကဘူး။ အဲ့အေၾကာင္း ဖန္ေတြပိုသိရင္ ေဒါသထြက္လို႔ ေသလိမ့္မယ္”

“အရင္က လီ႐ုံ ရဲ႕ခ်စ္ျခင္းဘဝအေၾကာင္းကို တစ္ေယာက္ေယာက္မ်ား ၾကားဖူးၾကလား? သူက တကယ္ႀကီး ေနာက္မိန္းမေတြ အမ်ားႀကီးကို လက္ထပ္ခဲ့တာ။ ဇနီးက ဖ်ားလို႔ေသသြားခဲ့တယ္။ ပထမနဲ႔ ဒုတိယဇနီးလည္း ေသသြားခဲ့တယ္။ အခုေတာ့ တတိယတစ္ေယာက္ပဲ က်န္ေတာ့တယ္။ အႀကီးဆုံးသားက ဦးေႏွာက္ေသတယ္လို႔ ေၾကညာထားေပမဲ့ လီ႐ုံ မွာသားႏွစ္ေယာက္နဲ႔ သမီး သုံးေယာက္႐ွိေသးတယ္… လီဂ်င္းယြမ္ ကမိသားစုထဲ တရားဝင္ျပန္ဝင္တာက ေကာင္းတဲ့အရာမဟုတ္ဘူးလို႔ ငါထင္ေနတယ္။ သူျပန္သြားတာနဲ႔ အာဏာေတြေၾကာင့္ ႐ုန္းကန္ေနရလိမ့္မယ္ ‘¯\_(ツ)_/¯’”

“အတင္းအဖ်င္းတခ်ိဳ႕ : အရင္က လီ႐ုံ နဲ႔ပတ္သက္ဖူးတဲ့ အမ်ိဳးသမီးေတြ… [Link]”

လီဂ်င္းယြမ္ ကထိပ္ဆုံး႐ွာေဖြမႈကို ေရာက္သြားၿပီးေနာက္ လီ႐ုံ ရဲ႕ခ်စ္ျခင္းဘဝကလည္း လိုက္ပါလာခဲ့သည္။

ထိုအေၾကာင္းကို လက္ေထာက္ေဒါင္ ျမင္လိုက္ခ်ိန္တြင္ သူ႕ေက်ာမွ ေခြၽးေအးေတြ ထြက္လာခဲ့သည္။ အလ်င္အျမန္ သြားလိုက္ကာ လီ႐ုံ အားေမးလိုက္သည္။ “ဥကၠဌလီ၊ ဒါကို ဘယ္လိုလုပ္သင့္လဲ…”

လီ႐ုံ ကမထင္မွတ္ေလာက္ေအာင္ တည္ၿငိမ္ေနသည္။ သူက သူ႕လက္ကို ေဝ့ယမ္းျပလိုက္သည္။ “ထားလိုက္”

ထို႔ေနာက္ လီ႐ုံ ကမ်က္ေမွာင္ၾကဳတ္လိုက္သည္။ “ငါဘယ္ႏွႀကိမ္ လက္ထပ္လက္ထပ္, လီဂ်င္းယြမ္ ကဒါနဲ႔ ပတ္သက္မွာ မဟုတ္ဘူး၊ သူက တျခားသူအစား အမ်ိဳးသမီးတစ္ေယာက္ကိုပဲ လက္ထပ္လိမ့္မယ္”

လက္ေထာက္ေဒါင္ ကအံ့ဩသည့္ အမူအရာကို ထုတ္ျပလိုက္သည္။ “ဥကၠဌလီ ေျပာခ်င္တာက…”

လီ႐ုံ ကWheelchair လက္တန္းအား ေခါက္လိုက္သည္။ “ဟုန္ရဲ႕ ဥကၠဌေလးက မစၥေဇာင္ ကိုစိတ္ဝင္စားေနတာ ႐ွင္းလင္းေနတာပဲ၊ သူက လြယ္လြယ္နဲ႔ လက္ေလ်ာ့မွာ မဟုတ္ဘူး။ တစ္ကမ႓ာလုံးက သူ႕လက္ထဲက႐ွိတဲ့ ပေရာဂ်က္ေတြကို အာ႐ုံစိုက္ေနၾကလို႔ သူ႕ကို အလြယ္တကူ မထိႏိုင္ဘူး”

လက္ေထာက္ေဒါင္ ကဆက္သာေမးလိုက္သည္။ “ဒါဆို ကြၽန္ေတာ္တို႔ သူ႕ကို ဘာလုပ္သင့္လဲ?”

လီ႐ုံ ကသူ႕လက္ကို ခါလိုက္သည္။ “ငါ သူ႕ကို အၾကံပဲေပးႏိုင္မယ္၊ သူမကို လိုက္ဖို႔အတြက္ေတာ့ တကယ္ႀကီး မကူညီေပးႏိုင္ဘူး။ သူသာ အသုံးမက်ဘူးဆိုရင္ ငါလည္း ဘာမွလုပ္မေပးႏိုင္ဘူး” လီ႐ုံ ကေလးလံစြာျဖင့္ သက္ျပင္းခ်လိုက္သည္။ “ငါ့သားကို ေခၚမလာခင္ ဇနီးအမ်ားႀကီး လက္ထပ္ခဲ့တဲ့ ငါ့ကံၾကမၼာကိုပဲ ေနာင္တရမိတယ္”

လီဂ်င္းယြမ္ ကသူ႕တန္ဖိုးမ႐ွိလွသည့္ အေဖက သူ႕အခ်စ္ေရးအေၾကာင္းကို စိုးရိမ္ေနမွန္း မသိေပ။

လီဂ်င္းယြမ္ ကသူ႕ဖုန္းကို စိုက္ၾကည့္ေနခဲ့သည္။

ေဝ့က်ဲ ကသူ႕အား အလ်င္စလို ေျပာလိုက္သည္။ “မစၥေဇာင္ ေနာက္ကိုလိုက္မသြားဘူးလား?”

လီဂ်င္းယြမ္ ကျပဳံးလိုက္သည္။ “သူမကို ေတြးႏိုင္ေအာင္ အခ်ိန္နည္းနည္း ေပးရမယ္။ သူမက အလ်င္စလို လုပ္တက္တဲ့သူမဟုတ္လို႔ သူမထိတ္လန္႔ေနခ်ိန္မွာ အေျဖရလာဖို႔ မေမွ်ာ္လင့္ထားဘူး။ ကြၽန္ေတာ္ ေသခါနီးေလာက္မွ သူမအဲ့လိုျဖစ္လိမ့္မယ္၊ ဒါေပမဲ့ ကြၽန္ေတာ္ အဲ့လိုမ်ိဳး မလိမ္ႏိုင္ဘူး။ သူမက ကြၽန္ေတာ့္အိပ္ရာေဘးမွာ ဝမ္းနည္းေနတဲ့ မ်က္ႏွာထားနဲ႔ ေရာက္လာရင္ ကြၽန္ေတာ္ ပိုေၾကာက္မိမွာ”

ေဝ့က်ဲ ကသူ႕ပါးစပ္ကို ဖြင့္လိုက္ေပမဲ့ ဘာမွမေျပာေပ။
ေသလိုက္၊ ေဖ်ာ္ေျဖပြဲမွာ သူ႕ကိုယ္သူ ထုတ္ျပလိုက္တည္းက ခ်ိဳၿမိန္တဲ့စကားေတြ အမ်ားႀကီးေျပာေနတာပဲ။ ဝက္မက ေအာက္ခံအဝတ္ေတြ တစ္ထပ္ၿပီးတစ္ထပ္ ဝတ္ထားသလိုပဲ! သူ ေဒါသျဖစ္စြာ ေတြးလိုက္သည္။

လီဂ်င္းယြမ္ ကစကားေျပာၿပီးေနာက္ သူ႕ဖုန္းကို ဆက္ၾကည့္ေနခဲ့သည္။

ေနာက္ဆုံးေတာ့ သူလြတ္လပ္သြားၿပီး သူနဲ႔ ေဇာင္ယုဟြမ္ တို႔ရဲ႕အတြဲဖန္ေနရာေတြကို ၾကည့္ရဲသည္။ ေဇာင္ယုဟြမ္ အားခ်ီးက်ဴးထားသည့္ မ်ားျပားလွသည့္ပို႔စ္ေတြကို ဆြဲခ်လိုက္ၿပီး သူနဲ႔ ေဇာင္ယုဟြမ္ တို႔ရဲ႕ထပ္တိုး ဗီဒီယိုကို ၾကည့္လိုက္သည္။

အရင္တုန္းက တျခားလူေတြ သူ႕ခံစားခ်က္ကို သိသြားမွာနဲ႔ သူ႕ကိုယ္သူ မထိန္းခ်ဳပ္ႏိုင္မွာ ေၾကာက္တာေၾကာင့္ မၾကည့္ရဲခဲ့ေပမဲ့ အခုေတာ့ ျခားနားသြားခဲ့ၿပီ…

လီဂ်င္းယြမ္ ကဗီဒီယိုေတြကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ၾကည့္ေနခဲ့ၿပီး ေဝ့က်ဲ ကိုေတာင္ ဝိုင္သြားဝယ္ခိုင္းလိုက္သည္။
ေဝ့က်ဲ ကဘာလုပ္ႏိုင္မွာလဲ? သူက အျပင္ထြက္ၿပီးေတာ့သာ ဝယ္ေပးႏိုင္သည္။

လီဂ်င္းယြမ္ ပဲသူ႕ဖုန္းကို ၾကည့္ေနတာ မဟုတ္ေပ။ ဟုန္ခ်န္းမင္း လည္းၾကည့္ေနခဲ့သည္။

ဟုန္ခ်န္းမင္း ကဗီလာ႐ွိဆိုဖာေပၚတြင္ ထိုင္ေနခဲ့သည္။ သူက ျပန္ေရာက္တည္းက ထိုပုံစံအတိုင္း ထိုင္ေနခဲ့သည္။

Weibo ကိုသူဝင္ၾကည့္မိတိုင္း ပိုစိတ္ပ်က္ေနခဲ့သည္။

ဒီအခ်ိန္တြင္ လီဂ်င္းယြမ္ ကိုခ်က္ခ်င္းႀကီး ေသတဲ့အထိ ႐ိုက္ပစ္ခ်င္ေလာက္ေအာင္ ေဒါသထြက္ေနတာေၾကာင့္ Weibo ကိုဆက္မၾကည့္ဖို႔သာ ေတြးလိုက္သည္။

သို႔ေသာ္ Weibo ကိုပိတ္ၿပီးတာေတာင္ မီဒီယာဆီမွ သတင္းေတြက လူေတြကို အာ႐ုံစိုက္ႏိုင္တဲ့အထိ ထိပ္ဆုံးတြင္ ႐ွိေနတုန္းပင္။

‘လီဂ်င္းယြမ္ ကအခ်စ္ကို ထုတ္ေဖာ္လိုက္ၿပီ၊ ဒီမေသမ်ိဳးအခ်စ္က တကယ္ႀကီး ျဖစ္လာေတာ့မွာလား?’
ဟုန္ခ်န္းမင္း ကထိုအရာကို ၾကည့္လိုက္ၿပီးေနာက္ အရမ္းကိုေဒါသထြက္သြားသည္။

သူ႕မ်က္လုံးကို မွိတ္လိုက္သည္။

လီဂ်င္းယြမ္ ေတာင္မေၾကာက္ရင္ သူက ဘာလို႔ေၾကာက္ေနရမွာလဲ?

သူတို႔က ဟြမ္ဟြမ္ နဲ႔ေသြးသားေတာ္စပ္ေနတာ မ႐ွိတဲ့အျပင္ ေမြးစားျခင္းက ဒင္မိသားစု လက္ေအာက္က ျဖစ္သည္။ အျပင္ပိုင္းက ဘယ္လိုပဲျဖစ္ျဖစ္ သူတို႔အတြက္ ဒိတ္တာ၊ လက္ထပ္တာေတြက အက်ိဳးအေၾကာင္းသင့္သည္။ ေရဒီယိုေတြ၊ ႐ိုက္ကူးေရးနဲ႔ ႐ုပ္ျမင္သံၾကားေတြက ဒါေတြကို မထိန္းခ်ဳပ္ႏိုင္ဘူး!

ဟုန္ခ်န္းမင္း ကသူ႕အေကာင့္ကို ဖြင့္လိုက္ၿပီး လီဂ်င္းယြမ္ ရဲ႕ပို႔စ္ကို ျပန္တင္လိုက္သည္။

@ဟုန္ခ်န္းမင္း : မင္းအလွည့္မဟုတ္ဘူး။ @လီဂ်င္းယြမ္ : ကြၽန္ေတာ္ ဒီသီခ်င္းကို ေရးတည္းက ေတြးထားၿပီးသား။ တစ္ေန႔မွာ ဒီသီခ်င္းကို မင္းတို႔ၾကားၿပီး ႀကိဳက္လိမ့္မယ္…

သူတင္ၿပီးေနာက္ ဒါက မလုံေလာက္ေသးဘူးလို႔ ထင္ေနတုန္းပင္။

ဒီစာတိုေလးက သူ႕မေပ်ာ္႐ႊင္မႈကို ဘယ္လိုလုပ္ ေဖ်ာက္ေပးႏိုင္မွာလဲ?

ထို႔ေၾကာင့္ ဟုန္ခ်န္းမင္း ကသူ႕အေကာင့္ အဟက္ခ္ခံရသလိုမ်ိဳး Weibo တြင္ပို႔စ္ေတြကို ထပ္တင္လိုက္သည္။

@ဟုန္ခ်န္းမင္း : သူမက မင္းကို ေပ်ာ္ခြင့္ေပးမွာ မဟုတ္ဘူး

@ဟုန္ခ်န္းမင္း : သီခ်င္း ဘယ္လိုေရးရလဲဆိုတာ ငါမသိဘူး၊ ဒါေပမဲ့ @ယုဟြမ္* ကိုေတာ့ ေကာင္းေကာင္းသိတယ္

*@ယုဟြမ္ ကိုေပ်ာ္႐ႊင္မႈေစဖို႔

ကြန္႔မန္႔ေနရာတြင္ ထိတ္လန္႔မႈနဲ႔ ရယ္သံေတြက ေပါက္ကြဲထြက္သြားသည္။

“ကင္မရာေအာက္မွာ မဟုတ္တာေတာင္ ဟုန္ေလးနဲ႔ အစ္ကိုေလးလီတို႔က တိုက္ခိုက္ေနၾကဦးမယ္လို႔ ငါထင္မထားခဲ့ဘူး။ ဒါေတြအားလုံးက အေယာင္ေဆာင္ေတြလို႔ ထင္ထားခဲ့တာ…”

“အရမ္းကို သဝန္တိုေနတာပဲ။ အခုခ်ိန္ ေဇာင္ယုဟြမ္ ဘယ္လိုခံစားေနရမလဲဆိုတာ ငါတကယ္ပဲ သိခ်င္မိတယ္”

“ဟဟဟဟဟဟဟဟ ဟုန္ေလး ကဒီလိုစိတ္တိုတက္တဲ့ လူမ်ိဳးပဲ၊ သူ႕ပါးစပ္ဖြင့္တာနဲ႔ အကုန္ထြက္လာေတာ့တာပဲ။ သီခ်င္း ဘယ္လိုေရးရလဲဆိုတာ ငါမသိဘူး၊ ဒါေပမဲ့ ေဇာင္ယုဟြမ္ ကိုေပ်ာ္႐ႊင္ေအာင္ ဘယ္လိုလုပ္ေပးရမလဲဆိုတာေတာ့ ငါသိတယ္၊ ဟဟဟဟဟ!”

“ေဇာင္ယုဟြမ္ ဆီမွာ ဘယ္လိုက်က္သေရမ်ိဳးေတြ ႐ွိေနတာလဲ? ေယာက်ၤားႏွစ္ေယာက္က သူမကို သေဘာက်ေနၾကတယ္? တကယ္ႀကီးလား?”

“အေပၚက ေဇာင္ယုဟြမ္ ပါတဲ့႐ိႈးပြဲေတြကို ေသခ်ာၾကည့္ဖို႔ အၾကံျပဳတယ္။ လူတိုင္း သူမကိုခ်စ္လာေအာင္ လုပ္ႏိုင္တယ္။ ငါ သူမကို လက္ထပ္ခ်င္ရင္ေတာင္ ထုတ္မေျပာရဲဘူး။ အို၊ ငါက မိန္းကေလးပါ”

“အေပၚက ငါေတာ့ မတူဘူး။ ဟြမ္ဟြမ္ ျမင္းစီးတာကိုျမင္လိုက္ၿပီး သူမကို လက္ထပ္ခ်င္သြားတယ္။ *မ်က္ႏွာအုပ္ထား*”

“သူတို႔အျပင္မွာ တိုက္ခိုက္ေနတာကို ငါျမင္ခ်င္တယ္။ ငါအရမ္းကိုဆိုးေနလား? _( :3 <)_”

“ကင္မရာမ႐ွိေတာ့ ဟုန္ေလးနဲ႔ အစ္ကိုေလးလီတို႔က စတင္တိုက္ခိုက္ၾကၿပီလား? ႐ိႈးပြဲကိုျပန္ေတြးၾကည့္ရင္ ငါ့ႏွာေခါင္းေတာင္ ေသြးလွ်ံတယ္။ ဟူး၊ ငါတို႔အတြက္ မစၥေဇာင္ ဗီဒီယိုတင္ေပးဖို႔ ေမွ်ာ္လင့္မိတယ္…”

ထိပ္ဆုံး႐ွာေဖြမႈက အင္တာနက္သုံးသူေတြရဲ႕ ပါးစပ္ဖ်ားတြင္ ေရာက္ေနခဲ့သည္။

အစပိုင္းတြင္ ဖန္ေတြက ကြန္မန္႔အမ်ားႀကီး ေပးၾကၿပီးေနာက္ အျပင္ဘက္ကလူေတြပါ ပါဝင္လာၾကသည္။

မေပ်ာ္ေနသည့္ ဟုန္ခ်န္းမင္း ကေတာ့ သူနဲ႔ ေဇာင္ယုဟြမ္ တို႔ရဲ႕ဗီဒီယိုေတြကို ျပန္႐ွာလိုက္ၿပီး အႀကိမ္ေပါင္းမ်ားစြာ ၾကည့္ၿပီးမွသာ ခံစားခ်က္ပိုေကာင္းလာခဲ့သည္။

အြန္လိုင္းေပၚတြင္ ေယာက်ၤားႏွစ္ေယာက္က မူႀကိဳကေလးေတြလို စကားလုံးေတြနဲ႔ အျပန္အလွန္ တိုက္ခိုက္ေနၾကသည္။

ထိုအခ်ိန္တြင္ ေဇာင္ယုဟြမ္ ကသူမဘဝကို အထီးက်န္စြာ ျဖတ္ေက်ာ္ေနခဲ့သည္။

သူမက ကိုယ္ရံေတာ္ေတြ၊ လက္ေထာက္ေတြနဲ႔ အိမ္ေဖာ္ေတြကို အျပင္တြင္ခ်န္ထားခဲ့ၿပီး ဗီလာထဲတြင္ တစ္ေယာက္တည္းသာ တံခါးပိတ္ေနေနခဲ့သည္။

ဗီလာအတြင္း႐ွိ အျပင္အဆင္ပိုင္းက အရမ္းေကာင္းၿပီး ကိုယ္ပိုင္အိမ္ေဖာ္ေတြလည္း ႐ွိၾကသည္။

ဗီလာထဲေနရခ်ိန္တြင္ သူမလက္ေခ်ာင္းေတာင္ ဇိမ္႐ွိေနၿပီး ခ်မ္းသာၿငိမ္ခ်မ္းသည့္ဘဝကို ခံစားေနရသည္။

သို႔ေသာ္ ေန႔တစ္ဝက္ကုန္ၿပီးေနာက္ ေဇာင္ယုဟြမ္ ကမတည္မၿငိမ္ျဖစ္လာခဲ့သည္။

အရင္က ဟုန္ခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ တို႔အလုပ္မ်ားေနခ်ိန္ သူမကလည္း သူမကိုယ္ပိုင္ အရာေတြနဲ႔ အလုပ္မ်ားေနခဲ့ၿပီး အတူတူ မစားႏိုင္ခဲ့ၾကေပ။

သို႔ေသာ္ အခုေတာ့ မတူေပ။

ထိုအခ်ိန္တြင္ သူတို႔ေတြက ဘယ္လိုပဲျဖစ္ျဖစ္ သူတို႔ႏွလုံးသားေတြက အရမ္းနီးကပ္ေနၾကသည္။ ဒါက ခ်စ္တဲ့သူက ျပန္လာမဲ့အခ်ိန္ကို ေစာင့္ေနတဲ့သူနဲ႔ တူသည္။

သို႔ေသာ္ အခုေတာ့ သူမက သူတို႔ကို လုံးဝအဆက္အသြယ္ျဖတ္ခဲ့ၿပီး သူတို႔ကိုလည္း ဖုန္းမေခၚႏိုင္ေပ။ သူတို႔က အလုပ္ကိစၥနဲ႔ ခရီးသြားစရာ႐ွိခ်ိန္တြင္ သူမဆီဖုန္းေခၚကာ ေျပာတက္ၾကသည္။ အခုေတာ့ အဲ့လိုမ႐ွိေပ။

ပ်ားရည္ရဲ႕ခ်ိဳသည့္အရသာကို ခံစားၿပီးေနာက္ ႐ိုး႐ိုးေရကို ေသာက္ဖို႔က အရမ္းခက္သည္။

ေဇာင္ယုဟြမ္ ကဒီလိုျဖစ္ေနမွန္း သူမကိုယ္သူမ နားလည္လိုက္သည္။

ေဇာင္ယုဟြမ္ ကေကာ္ေဇာ္ေပၚတြင္ လွဲေနၿပီး သူမဖုန္းအား အသံပိတ္ကာ ေဘးတြင္ခ်ထားခဲ့သည္။

သူမအေဝးတြင္ မုန္႔ေတြ အသီးပန္းကန္ေတြေတာင္ မ႐ွိေပ။ အေဝးတြင္ေတာ့ ႀကီးမားသည့္ TV ကဇာတ္လမ္းတစ္ပုဒ္ လာေနခဲ့သည္။

သို႔ေသာ္ ေဇာင္ယုဟြမ္ ကစိတ္မဝင္စားေပ။

အခုခ်ိန္ သူမဘာကိုမွ စိတ္မဝင္စားေပ။

ေဈးဝယ္ထြက္တာ?

ဒါေပမဲ့ အရင္က သူမ အဲ့လိုမထြက္ခဲ့ဘူးေလ?

ဒီဘဝတြင္ သုံးမကုန္ေလာက္သည့္ ခ်မ္းသာမႈေတြ သူမထံတြင္႐ွိေနသည္။

သူမပညာေရးက တျခားသူေတြ မနာလိုေလာက္သည္အထိ ျမင့္မားၿပီး ဝါသနာတိုင္းကို အေကာင္အထည္ေဖာ္ခဲ့ေပမဲ့ လွပတဲ့မ်က္ႏွာ၊ အသြင္အျပင္ေကာင္းေတြ၊ ဘယ္ေတာ့မွ သေဘာမက်ခဲ့ေပေပ။ ဒါေတြက ေဇာင္ယုဟြမ္ အားေပ်ာ္ေစဖို႔အတြက္ မလုံေလာက္ေပ။

ဒါေတြက အလြယ္တကူ ရႏိုင္ေနလို႔မ်ားလား?

ေဇာင္ယုဟြမ္ ကသူမေခါင္းကို ေစာင္းလိုက္သည္။

သူမတြင္ေငြ႐ွိတယ္၊ မိသားစုခ်စ္ျခင္း၊ က်န္းမာတဲ့ခႏၶာကိုယ္။

သူမတြင္မ႐ွိတဲ့ တစ္ခုတည္းေသာအရာက ဟုန္ခ်န္းမင္း ေျပာခဲ့သည့္ ႐ိုမန္႔ဆန္သည့္အခ်စ္ပင္။

သူမ တကယ္မခ်စ္ခဲ့ဖူးတာေၾကာင့္ ဘယ္လိုခံစားရၿပီး ဘယ္ေလာက္ခ်ိဳၿမိန္လဲဆိုတာ မသိေပ။

ေဇာင္ယုဟြမ္ ကလွည့္လိုက္ၿပီး ႐ုတ္တရက္ သူတို႔ဆီ ဖုန္းေခၚခ်င္လာသည္။

သို႔ေသာ္ သူမဘာသာ ထိန္းခ်ဳပ္လိုက္သည္။

ေနာက္ေန႔အတြက္ ေသေသခ်ာခ်ာ ေတြးရမယ္။

ေနာက္ေန႔အတြက္ တည္တည္ၿငိမ္ၿငိမ္နဲ႔ ေတြးရမယ္။ နင့္ကိုယ္နင္ မထိန္းခ်ဳပ္နဲ႔၊ သူတို႔ကို ခ်ဳပ္ထားလို႔မရဘူး။

14.10.2021(Thu)
………………………..

[text_hash] => fc624091
)

//qc
//QC2